← Chapters

သေစေနိုင်သော တိုက်ခိုက်မှု  

Vol. 1 Ch. 10

သေစေနိုင်သော တိုက်ခိုက်မှု  

Vol. 1 Ch. 10

အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု  

လုကျိုးက ခဏကြောင်ရပ်သွားပြီးနောက် ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

တပည့်များလည်း တာဝန်များပြီးမြောက်အောင် လုပ်နိုင်ကာ ဆရာက တပည့်များဆီကနေ ကုသိုလ်အမှတ်များ ရနိုင်သည်။ အတော်လေးကို ကျိုးကြောင်းဆီလျော်သည်၊ အင်မတန် ကောင်းမွန်ပေ၏။

တစ်နာရီအတွင်း ရှောင်ယွမ်အာက ကျင့်ကြံသူဒါဇင်ချီကို တကယ်သတ်ဖြတ်ခဲ့သည်။ ထိုအခိုက်တွင် လုကျိုးက စာရင်းဇယားကို တစ်ချက်ကြည့်လိုက်သည်။

ကုသိုလ်အမှတ်က စုစုပေါင်း ၃၀၀ထိ စုဆောင်းမိသွားပြီ။

"ဈေးတန်း"

"အလုပ်သင်အဆင့် ထိုက်ကျိ စိတ်ဝိညာဉ်သဏ္ဌာန်ကတ် တစ်ကတ်ဝယ်မယ်"

"ထင်း... အလုပ်သင်အဆင့် ထိုက်ကျိ စိတ်ဝိညာဉ်သဏ္ဌာန်ကတ်ဝယ်ယူပြီးပါပြီ"

သူ စိတ်ဝိညာဉ်သဏ္ဌာန်ကိုရသည်နှင့် လုကျိုးတစ်ယောက်သည် သူ့ခြောက်သွေ့နေသော သွေးကြောများမှတစ်ဆင့် နွေဦးစမ်းရေများစီးဆင်းလာသည့်ပမာ ခန္ဓကိုယ်တစ်ခုလုံး အစွမ်းများ အဆက်မပြတ် စီးဆင်းနေလေသည်။

သူ နောက်တစ်ဆင့် ရောက်ရှိသွားခဲ့လေပြီ။

သူ ခန္ဓာတည်ဖွဲ့ခြင်းအဆင့်မှ စိတ်တန်ခိုးဉာဏ်အလင်းပွင့်ခြင်း အဆင့်သို့ခြေချနိုင်သွားပြီ။

ခန္ဓာတည်ဖွဲ့ခြင်းအဆင့်က သွေးကြောများ၊ အရိုးများနှင့် အရေပြားကိုသာ လေ့ကျင့်ပေး၍ ဒီအဆင့်တွင် ကျင့်ကြံသူများကဲ့သို့ စွမ်းအားသုံးစွဲ၍မရပေ။ သို့သော်ငြား လူတစ်ယောက်က ကျင့်ကြံသူ ဖြစ်လာချိန်တွင် အစွမ်းကလည်း ဆတိုးမြင့်သွားသည်။

"သေချာပေါက် တစ်ဆို့နေတာမျိုးမရှိဘူးပဲ"

လုကျိုး သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို ခံစားမိသွားသည်။ အချိန်ခဏအပြီးတွင် သူ့ကိုယ်ထဲက လုပ်ဆောင်မှုတွေလည်း ငြိမ်သက်သွားလေ၏။

အမည်။ ။ လုကျိုး

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ စိတ်တန်ခိုး ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်၊ နှလုံးအပေါက်

ကုသိုလ်အမှတ်။ ။ သုည

ကျန်ရှိသက်တမ်း။ ။ ခြောက်ရာတစ်ဆယ့်သုံးရက်

အသုံးပစ္စည်း။ ။ ကျိထျန်းတောက် အထွတ်အထိပ်သဏ္ဌာန် နှစ်ကတ်၊ အတိုက်ခိုက်ဒဏ်ပြင်း ကာကွယ်ကတ် ငါးကတ်(အလိုအလျောက်သုံး)

…

အသွင်ပြောင်းလဲထားသော အစွမ်း စိတ်ဝိညာဉ်သဏ္ဌာန်ကတ်က ကုသိုလ်အမှတ် တစ်ထောင်တောင် ကုန်သွားခဲ့၏။ ကြီးမားလှသော အမြတ်ကြီးထုတ်မှုပင်။

ကြည့်ရတာတော့ သူ ကျိထျန်းတောက်ကဲ့သို့ မြင့်မားသည့်အမြင့်ရောက်ဖို့ ဆန္ဒမှာ ထင်ထားသလောက် မလွယ်ခဲ့ပေ။ ထို့အပြင် သူ အခုလက်ရှိကျင့်ကြံနိုင်သည့် သင့်တော်သော ကျင့်စဉ် နည်းလမ်းလည်း မရှိသေး။

"ငါ ကျင့်စဉ်နည်းလမ်းဟောင်းတွေ လေ့ကျင့်သင့်လား"

လုကျိုးစိတ်ထဲတွင် ကျိထျန်းတောက်နှင့်ပတ်သက်သော ကျင့်စဉ်နည်းလမ်းများနှင့် အတွေ့အကြုံများ၊ သူ့တပည့်ကိုးယောက်၏ ကျင့်စဉ်နည်းလမ်းများနှင့် ကောင်းကျိုးဆိုးကျိုးများ ပါရှိသည်။ သို့သော်ငြား ထိုကျင့်စဉ်နည်းလမ်းများမှာ သူတို့အတွက် ပြုလုပ်ထားသည်ဖြစ်ကာ သူ့အတွက်မသင့်တော်လှပေ။

ကျိထျန်းတောက်၏ ကိုယ်ပိုင်ကျင့်စဉ်နည်းလမ်းကတော့ သူ့အိုမင်းလာသည့်ခန္ဓာကိုယ်ကြောင့် လေ့ကျင့်ပြီးနောက်တန့်သွားခဲ့သည့်ပုံစံပင်။ ဆိုလိုသည်က သူဆက်မလေ့ကျင့်ခင် သူ့ဘဝသက်တမ်းကို ရှည်လျားအောင် ပိုဆွဲဆန့်ရမည်။

ထိုမတိုင်ခင် သူ ဆိုးရွားသည့်ကျင့်စဉ်ကို ကျင့်မည့်အစား ဘာမှမလေ့ကျင့်သေးပေ။ သူ ဘယ်လိုပဲဖြစ်ဖြစ် စောင့်စားနိုင်၏။

ယခု သူ့ကုသိုလ်ရမှတ်က တိုးလာတာရပ်သွားသည့်ဟန် ဖြစ်ချေသည်။

"ရှောင်ယွမ်အာရဲ့ ကျင့်ကြံဆင့်ကတောင် နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်ဆိုတော့ ငါးလေးတွေ၊ ပုစွန်လေးတွေကို ဖြေရှင်းဖို့က အရမ်းလွယ်မှာပါ၊ ငါသူတို့ကို အလုပ်များများထပ်ပေးရမယ်"

သူ့တပည့်တွေက သူ့ကိုကုသိုလ်ရမှတ်စုဆောင်းပေးနိုင်မှတော့ ကောင်းကောင်းကြီးအသုံးချရမည်ပေါ့။

လုကျိုးက ဖြည်းဖြည်းချင်းမတ်တတ်ရပ်ကာ ခန္ဓာကိုယ်ကို အကြောလျှော့လိုက်သည်။ သူ တံခါးအပြင်ထွက်ထွက်ချင်းမှာပင် အရိပ်တစ်ခုက သူ့ဆီတစ်ဟုန်ထိုးပြေးလာ၏။

ရွှစ်...

'ဟမ်'

လျှပ်စီးကြောင်းတစ်ခုပမာ အရိပ်က မြိုင်နန်း၏ အနောက်ဘက်အခြမ်းရှိပြတင်းပေါက်မှ ဝင်ရောက်လာပြီး လက်ထဲတွင်လည်း ဓားမြှောင်တစ်ချောင်းနှင့်ဖြစ်သည်။ လုကျိုး၏ အခုလက်ရှိ ခွန်အားအရ တိုက်ခိုက်သူမှာ ကျွမ်းကျင်သူဖြစ်ကြောင်း တစ်ချက်တည်းနှင့်ပြောနိုင်၏။

ဓားထိပ်တွင် အားအပြည့်ဖြင့် သူ့နှလုံးသားတည့်တည့်ဆီ ဝင်လာလေသည်။

'ငါအကူအညီလှမ်းအော်တောင်းသင့်လား'

ဘန်း...

ဓားက လုကျိုးရင်ဘတ်ဆီ စိုက်သွားသည်။ သို့သော်ငြား သူမနာပေ။

အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ်က နောက်ဆုံးတော့ လက်တွေ့ပေါ်လာခဲ့သည်။

ထိုအချိန် လုကျိူး တိုက်ခိုက်သူ၏ရုပ်သွင်ကို မြင်သွားခဲ့သည်။

"ကောင်းကင်ဓားဂိုဏ်းက အကြီးဆုံးတပည့်လား"

လုကျိုး အံ့သြမှုဖြင့် ရေရွတ်လိုက်သည်။

ကျိုးကျစ်ဖုန်းမှာ တစ်ချက်တည်းဖြင့် လူသိသွားမည် မထင်ခဲ့ပေ။ သွေးပျက်ကာ ဓားကို ပြန်ဆွဲယူပြီးနောက်ဆုတ်ရင်း နောက်တစ်ချက်ဓားနှင့် ထပ်ထိုးလိုက်ပြန်သည်။

"သေစမ်း"

လုကျိုး မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ တကယ်ကို စိတ်တန်ခိုးဉာဏ်အ လင်းပွင့်ခြင်းနယ်ပယ်က ကျင့်ကြံခြင်းလောကထဲ သုံးစားမရဆုံးနယ်ပယ်ဖြစ်သည်သာပင်။ နတ်ဒေဝါဦးတည်နယ်ပယ်ထဲ ဝင်ရောက်နေပြီဖြစ်သော ကျိုးကျစ်ဖုန်းကို ယှဉ်ဖို့ရာက နည်းလမ်း မရှိခဲ့ပေ။

သူက လူတစ်ယောက်၏ စဉ်းနှီတုံးပေါ်က အသားပြားနှင့်သာ တူတော့သည်။

ဤကျိုးကျစ်ဖုန်းက ဒီကို လက်စားချေရန် ရောက်လာတာ ထင်ရှားသည်။ သူက သူ့အသက်ကိုတောင် ဂရုမစိုက်သည့် ဗြောင်သမားပင်။

ဘန်း

နောက်ထပ်သေစေနိုင်သော တိုက်ခိုက်မှုဖြစ်၏။

သို့သော်ငြား လုကျိုး၏ ထူးခြားဆန်းကြယ်သော ကာကွယ်မှုဖြင့် တစ်ဖန်တွန်းထုတ်ခံလိုက်ရပြန်သည်။ ကျိုးကျစ်ဖုန်း နောက်ပြန်လိမ့်သွားကာ လက်မောင်းထဲ၌ ထုံထိုင်းမှုဖြစ်လာခဲ့သည်။

အဲဒါ... ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။

မိစ္ဆာဝေဟင်မျှော်နန်းမှာ တိတ်ဆိတ်သွားခဲ့သည်။

ကျိုးကျစ်ဖုန်း တံတွေးကို ခဲခဲယဉ်းယဉ်းမျိုချလိုက်ပြီး မျက်လုံးများက ပြူးကျယ်ကာ ရဲရဲနီနေသည်။ သူ့လက်ထဲမှ ဓားမှာ အနည်းငယ်တုန်ယင်သွားကာ သူ ဆက်တိုက်ခိုက်သင့် မတိုက်ခိုက်သင့် မသိတော့ပေ။

"မင်း ဆက်ပြီးတိုက်ချင်လား" လုကျိုး၏ မျက်လုံးများက မီးတောက်ပမာ ရဲရဲနီနေသည်။

"..."

ကျိုးကျစ်ဖုန်း၏ ခြေထောက်များ အားမရှိတော့ပေ။ သူက နောက်ပြန်ထိုင်ကျသွားခဲ့သည်။ သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းလှ၍ တိုက်ခိုက်ရန် အတွေးကို လက်လျှော့လိုက်ချေပြီ။

"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာကိုး"

လုကျိုးက နှာမှုတ်ကာဖြည်းဖြည်းချင်း လှည့်သွားခဲ့သည်။

'စိတ်ငြိမ်ငြိမ်ထား၊ သူ့ကိုငါ့အားနည်းချက် ပေးမြင်လို့မဖြစ်ဘူး'

"ခင်ဗျား ကျုပ်ဆရာကို သတ်ခဲ့တာ... ကျုပ်အသက်ဆုံးရှံရရင်တောင် သူ့အစားလက်စားချေမယ်" ကျိုးကျစ်ဖုန်းက ဓားကို ခပ်တင်းတင်းဆုပ်ကိုင်လေ၏။

"မင်းကအချိန်ဖြုန်းနေတာပဲ"

ကျိုးကျစ်ဖုန်း ဓားဖြင့် အရှေ့ကိုတစ်ရှိန်ထိုးပြေးလာပြန်ကာ လေအဟုန်ပမာလျင်မြန်လှသည်။ နတ်ဒေဝါဦးတည်နယ်ပယ်က ပညာရှင်က အမှန်တကယ်ကို တခြားသာမန်ကျင့်ကြံသူများနှင့် ကွာခြားသည်သာပင်။

ထို အရေးပေါ်အခိုက်အတန့်တွင်...

"ရှစ်စွင်း.."

အပြာရောင်သဏ္ဌာန်တစ်ခုက အပြင်ကနေ လှစ်ခနဲဝင်လာလေသည်။ ထိုစဉ် ကျိုးကျစ်ဖုန်း ရင်တုန်သွားကာ လှုပ်ရှားမှုများကလည်း နှေးကွေးသွားခဲ့သည်။

ဘန်း

အပြာရောင်သဏ္ဌာန်က စွမ်းအားအရှိန်တစ်ခုပစ်ထုတ်လိုက်ကာ သူ့ကိုလွင့်ထွက်သွားစေသည်။ ရလဒ်အနေဖြင့် ကျိုးကျစ်ဖုန်းမှာ သွေးအန်ကာ မြေကြီးပေါ်လဲကျသွားခဲ့သည်။

"နင် ငါ့ရှစ်စွင်းကို ချောင်းမြောင်းတိုက်ရဲတယ်ပေါ့၊ ကန်းနေလား" ရှောင်ယွမ်အာက မြေပေါ်ဆင်းလာကာ သတ်ဖြတ်လိုသော အပြုံးဖြင့် သွားလေးတွေပေါ်သည်အထိပြုံးလေသည်။

"စိတ်လျှော့၊ ယွမ်အာ"

"ရှစ်စွင်း၊ သူက ရှစ်စွင်းကို တိုက်ခိုက်ခဲ့တာ၊ ရှစ်စွင်း ဒေါသပြေအောင် သူ့ကို အပိုင်းပိုင်း ကူဖြတ်ပေးချင်တယ်..."

ကျိုးကျစ်ဖုန်းမှာ ထိုစကားကြားပြီး မျက်နှာက စက္ကူပမာ ဖြူဖျော့သွားသည်။ အမှန်တကယ်ကို မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကိုးယောက်က အင်မတန်ကြမ်းကြုတ်လွန်းလေသည်။

သူတို့အကြောင်း သူသိရသည်များက ကောလဟာလအပြည့်များမှာ ချဲ့ကားခြင်းနှင့်အလိမ်အညာများဟု ထင်နေခဲ့သည်။ သို့သော် ဒီနေ့ သူကိုယ်တိုင်မြင်လိုက်ရချိန်တွင် ကောလဟာလများက အတော်လေး မှန်ကြောင်းသိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒီချစ်ဖို့ကောင်းသည့် မိန်းကလေးကတောင် ကြောက်ဖို့ကောင်းလွန်းလှသည်။

ကျိုးကျစ်ဖုန်း လက်စားချေဖို့ဒီကိုလာမိခဲ့တာ အနည်းငယ် နောင်တရသွားခဲ့သည်။

ထိုစဉ် လုကျိုးကတော့ အပြင်ပိုင်းတွင် ဟန်ဆောင်နေသော်ငြား စိတ်ထဲတွင် သက်ပြင်း ဆက်တိုက်ချနေရှာ၏။

'ဒီအိုမင်းတဲ့ ခန္ဓာကိုယ်က တကယ်ကိုအားနည်းတာပဲ'

သူ အထွတ်အထိပ်သဏ္ဌာန် ရောက်တုန်းက ကျိုးကျစ်ဖုန်းကဲ့သို့သူမျိုးကို အာရုံတောင်မစိုက်ခဲ့ပေ။ သို့သော်ငြား အခုတော့ ဒီကောင်သတ်တာခံခဲ့ရလုနီးပါးပင်။ ကံကောင်း၍ တပည့်လေးက အချိန်မီရောက်လာခဲ့၏။ မဟုတ်ပါက သူ့အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ် ငါးကတ်မှာ အချိန်သိပ်မကြာဘဲ ကုန်သွားမည်ဖြစ်ပြီး အထွတ်အထိပ်သဏ္ဌာန်ကတ်ကို အလဟဿ အသုံးပြုရလိမ့်မည်။

ကျိုးကျစ်ဖုန်းက သူ့နတ်ဒေဝါဦးတည်နယ်ပယ် အဆင့်နှင့် တောင်ထဲခိုးဝင်လာနိုင်တာ လုကျိုးမအံ့သြတော့ပေ။ အကာအရံက မပြင်ဆင်ရသေးသလို သူ့တပည့်များ၏ အာရုံကလည်း တခြားတစ်နေရာတွင်ဖြစ်နေ၏။ တစ်ဖက်သူက သူ့ကိုခိုးကြောင်ခိုးဝှက်လာတိုက်ရဲလောက်သည်အထိ သတ္တိရှိမည်ဟု မထင်ခဲ့ရုံပင်။

သူ့အကြည့်များက ကျိုးကျစ်ဖုန်းပေါ်သို့ကျရောက်သွားသည်။

အမည်။ ။ ကျိုးကျစ်ဖုန်း

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ နတ်ဒေဝါဦးတည်နယ်ပယ်၏ တောက်သဏ္ဌာန်ဖော် အစောပိုင်းကာလအဆင့်

အခြေအနေ။ ။ ရန်သူ၊ ရန်လိုမှုအဆင့် ရှစ်ဆယ့်ငါးရာခိုင်နှုန်း

…

"ငါက မင်းဆရာကို သတ်ခဲ့တာဆိုတော့ လက်စားလာချေတာက သင့်တော်ပါတယ်၊ ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ၊ ဒါက သတ်သေတာနဲ့ မခြားဘူး၊ လုပ်လည်း အကျိုးမရှိတာမို့"

လုကျိုးက ဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး ဒီကောင်လေးနှင့်ပတ်သက်သော မှတ်ဉာဏ်များကို ရှာဖွေတော့သည်။ အမှန်တကယ်ပင် ကျိထျန်းတောက်နှင့် ပတ်သက်မှုများရှိခဲ့သည်။

"မင်း အသက်ရှစ်နှစ်မှာ ခန္ဓာတည်ဖွဲ့စပြုတယ်၊ ကိုးနှစ်မှာ စိတ်တန်ခိုး ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ် ရောက်တယ်၊ ဆယ့်သုံုးနှစ်မှာက အသိအာရုံစုစည်းခြင်းနယ်ပယ်၊ ဆယ့်ရှစ်နှစ်မှာ ဗြဟ္မာပင်လယ်အဆင့် ၊ အသက်နှစ်ဆယ်မှာကျ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်ရောက်ခဲ့တယ်၊ ဒါတွေက မင်းကို ကျင့်ကြံခြင်းလောကမှတောင် ရှားပါးတဲ့ ဉာဏ်ကြီးရှင်ဆိုပြီး ဖြစ်တည်စေခဲ့တာပဲ၊ မင်း ငါ့ကို လက်စားမချေခင် နှစ်နည်းနည်းထပ်စောင့်လို့ရတယ်၊ ဘာလို့ အခု မင်းကိုယ်မင်း အသေခံဖို့ ရောက်လာရတာလဲ"

ကျိုးကျစ်ဖုန်း အမှန်တကယ်နောင်တရသွားခဲ့သည်။

သူက ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးတွင် ပါရမီရှင်အဖြစ် လူသိများသည်။

ထိုအခိုက် ရှောင်ယွမ်အာက တတွတ်တွတ်ပြောရှာသည်။

"ရှစ်စွင်း၊ ဒါကို ရှားပါးတဲ့ ဉာဏ်ကြီးရှင်လို့ခေါ်တာလား၊ ကျွန်မ အသက်ဆယ်နှစ်မှာ ရှစ်စွင်းကို ဆရာအဖြစ် အသိအမှတ်ပြုပြီးတော့ အခုဆယ်ငါ့းနှစ်မှာ နယ်ဒေဝါဦးတည်နယ်ပယ်အဆင့်ထဲ ခြေချပြီးပြီလေ..."

လုကျိုး။ ။ "..."

ကျိုးကျစ်ဖုန်း ထိုအရာကိုကြားတော့ သူ့တွင်ရှိခဲ့သည့် မာနလက်ကျန်လေးက တစ်မုမဟုတ်ချင်း ငြိမ်းသက်သွားခဲ့တော့၏။

"မနှောင့်ယှက်နဲ့စမ်း" လုကျိုးက သူမအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ရှောင်ယွမ်အာမှာ လျှာလေးထုတ်ပြီး ဘေးသို့ဆုတ်သွားသည်။ ထို့နောက်တွင်တော့ လုကျိုး စကားဆက်တော့သည်။

"ကျိုးကျစ်ဖုန်း၊ ငါမင်းကို  ဘာလို့မသတ်လဲသိလား"

"မိစ္ဆာအိုကြီး၊ ခင်ဗျား ကြောင်သူတော်ကောင်းယောင် ဆောင်ဖို့မလိုဘူး၊ ခင်ဗျား ကျုပ်ကို သတ်ချင်တာပဲဖြစ်ဖြစ် နှိပ်စက်ချင်တာပဲဖြစ်ဖြစ် အခုချက်ချင်းလုပ်စမ်း"

ကျိုးကျစ်ဖုန်းက ရဲဝံ့သော မျက်နှာထားဟန်ပင်နှင့်ပင်။

လုကျိုးက ခေါင်းယမ်းလိုက်သည်။

"မင်းတကယ်ပဲ လော့ချန်းဖုန်းက လူကြီးလူကောင်းလို့ ထင်နေတာလား"

"ခင်ဗျား ဘာဆိုလိုတာလဲ"

ကျိုးကျစ်ဖုန်းက ဒေါသတကြီး စိန်းဝါးစွာကြည့်လိုက်သည်။

"အတော်လေး မသိမိုက်မဲတဲ့လူငယ်ပဲ၊ ငါ လော့ချန်းဖုန်းကို တွေ့တုန်းက မင်းတောင် မမွေးသေးဘူး"

"ခင်ဗျား ဘာပြောဖို့ကြိုးစားနေတာလဲ"

"မင်းအဖေကို သတ်တဲ့သူက လော့ချန်းဖုန်းလို့ပြောရင် မင်းယုံကြည်လောက်လား"

"ထင်း... လျှို့ဝှက်အရံတာဝန်တစ်ခု စနက်မီးပျိုးသွားပါသည်၊ ကျိုးကျစ်ဖုန်း၏ ဘက်ပြောင်းမှုကို လှုံ့ဆော်ပါ"

"သဲလွန်စ: သင်လုပ်သမျှကိစ္စရပ်တိုင်းတွင် လျှို့ဝှက်တာဝန်များအား စနက်မီးပျိုးပေးနိုင်သည့် အလားအလာ ရှိပါသည်"

All Chapters