← Chapters

ဆက်လက် ဖျော်ဖြေ

Vol. 1 Ch. 11

ဆက်လက် ဖျော်ဖြေ

Vol. 1 Ch. 11

အခန်း (၁၁) ဆက်လက် ဖျော်ဖြေ

‘ဒီစနစ်မှာ မထင်ထားတဲ့ ထူးခြားချက်တွေ အတော်ရှိတာပဲ’ လုကျိုးက သူ့ဘာသာ တွေးလိုက်သည်။ ကံကောင်းသည်မှာ သူက ယခုဆို အိုမင်းနေပြီဖြစ်ကာ အသားအရေ​က ပျင်းတွဲတွဲဖြင့် ရင့်ရော်နေပြီဖြစ်သည်။ ထို့ကြောင့် သိသာသည့် အမူအရာ မဟုတ်သရွေ့ သူ့အမူအရာ ပြောင်းလဲသွားတာကို မည်သူမျှ သတိမပြုမိချေ။

ကျိုးကျစ်ဖုန်းက ထိုစကားကို ကြားသောအခါ သူက ဒေါသတကြီး အော်ဟစ်လျက် “သောက်အဓိပ္ပာယ် မရှိတာ၊ ခင်ဗျား စိတ်ဝမ်းကွဲအောင် လုပ်ဖို့ မကြိုးစားနဲ့ လူဆိုးကြီး၊ ရွှေနန်းဥယျာဉ်တောင်ရဲ့ခုနစ်ယောက်မြောက်တပည့် စီး၀ူယာ့က တွက်ချက်တာ တော်တဲ့ကောက်ကျစ်တဲ့သူဆိုတာ တစ်လောကလုံးကလူတွေ သိကြတယ်၊ နှမြောစရာက အဲဒီလှည့်ကွက်က ကျုပ်အပေါ်မှာ အသုံးမဝင်ဘူး”

လုကျိုးက ခေါင်းခါပြီး ပြောလိုက်၏။ ဖျတ်လတ်ပေမဲ့ ဉာဏ်နည်းတဲ့ သူငယ်ပါလား၊ ဒီလိုဆိုမှတော့ မင်းကို အားလုံးပြောပြတာပေါ့၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက ယီခရိုင်ကို ငါ သွားလည်တဲ့အချိန် ကျန်းမိသားစုမှာ ဝင်နားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီမိသားစုရဲ့ သခင်မလေးက ကလေးမွေးတယ်လေ၊ မွေးလာတဲ့သားလေးက အတိုင်းထက်အလွန် အရိုးတည်ဆောက်ပုံ ရှိပြီး အံ့ဩဖွယ် ပါရမီနဲ့ မွေးဖွားလာတာ၊ သူ့ကို တပည့်တော်ဖို့ ရည်ရွယ်ခဲ့တယ်၊ ဒါကြောင့် သူ့မိဘတွေကို သုံးရက် စဉ်းစားခွင့်ပေးခဲ့တယ်၊ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ဂရုမစိုက်ဘဲ ကလေးကို ငါနဲ့ ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာ၊ ဒါပေမဲ့ နောက်နေ့ကျတော့ ကျန်းမိသားစု တစ်စုလုံး အသတ်ခံလိုက်ရတယ်လေ”

“ငါရောက်သွားတဲ့အချိန် သိပ်နောက်ကျသွားပြီ၊ နောက်ပိုင်းကျ ကျင့်ကြံခြင်းလောက တစ်ခုလုံးက ကျန်းမိသားစုကို သတ်သူဟာ ငါပါဆိုပြီး ထင်ကုန်ကြတာ၊ ငါ့ဘ၀မှာ မရေမတွက်နိုင်လောက်အောင် လူတွေ သတ်ခဲ့ဖူးတယ်၊ တစ်ယောက်ပိုသတ်သည်ဖြစ်စော လျော့သတ်သည်ဖြစ်စော အဲဒီအချက်က ပြောင်းမှာ မဟုတ်ဘူး၊ တစ်လောကလုံးက သမာသမတ်ကျင့်ကြံသူတွေ အားလုံးက ငါသတ်တယ်လို့ ထင်ခဲ့ကြပေမဲ့ တကယ်တမ်း သတ်ခဲ့တာက လော့ချန်ဖုန်းဆိုတာ ဘယ်သူမှ မသိကြဘူး”

နာကျင်မှုကို တင်းခံလျက် ကျိုးကျစ်ဖုန်းက လှောင်လိုက်သည်။ “ခင်ဗျားဇာတ်ကြောင်းကို ဆက်ပြင်နေလို့ရတယ်”

၎င်းကို တစ်ဖက်လူ ယုံမှာမဟုတ်မှန်း သူသိသည်။ ထို့ကြောင့် သူ့ကို ဆေးပြင်းပြင်း ပေးချလိုက်၏။ “မင်းရဲ့ ပခုံးပေါ်မှာ မွေးရာပါအမှတ်တစ်ခုရှိတယ်၊ မင်းမွေးတုန်းက မင်းရဲ့ခန္ဓာတွင်းမှာ စိုစွတ်ပြီး အေးနေတာ၊ အဲဒါကို ဖယ်ရှားဖို့ ကူခဲ့တာက ငါပဲ၊ ပြီးတော့ ဒါကြောင့် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစွမ်းအင်စီးကြောင်းတစ်ခု အမြဲတမ်း ရှိနေတာပဲ။ မင်းရဲ့ မျိုးရိုးက ကျန်း၊ ပြီးတော့ မင်းက ကျန်းမိသားစုရဲ့ သားပဲ”

ကျိုးကျစ်ဖုန်းက ထိတ်လန့် အံ့အားသင့်သွားသည်။ သူ့ပခုံးပေါ်၌ မွေးရာပါအမှတ်တစ်ခုရှိကြောင်း လူအချို့သာ သိကြသည်။ ထိုသို့ဆိုလျှင် ထိုလူဆိုးကြီးက မည်ကဲ့သို့ သိနေသနည်း။

“မင်း ငယ်လွန်းတာကို တွေးမိတော့ မင်းကို အမှန်တရား တစ်ခုလုံး ပြောပြခဲ့ရင် မင်း ရိုက်ခတ်မှုကို မခံစားနိုင်မှာ စိုးလို့... အင်း မင်း အခု ထွက်သွားလို့ရပြီ”

တစ်ခါတရံတွင် ထိုးမည့်ဆင် နောက်တစ်လှမ်း ဆုတ်ရပေသည်။ ၎င်းက မှန်ကန်ကြောင်း နောက်ထပ် ဖြစ်လာသည့်အရာက သက်သေပြသွားသည်။

ကျိုးကျစ်ဖုန်းက ၎င်းကို မယုံနိုင်သော်လည်း သူက ပြောသေးသည်။ “ခင်ဗျားပြောတာ ကျုပ်မယုံဘူး၊ လူဆိုးကြီး အဲဒီ ယုတ်မာကောက်ကျစ်တဲ့ လှည့်ကွက်က ကျုပ်အတွက် အလုပ်ဖြစ်မယ် မထင်နဲ့”

“နင် ငါ့ဆရာကို ထပ်စော်ကားရဲရင် နင့်ကို အခုပဲ အပိုင်းပိုင်း ခုတ်ပစ်မယ်၊ နင်ယုံလား” ရှောင်ယွမ်အာက လက်မြှောက်လိုက်၏။

ကျိုးကျစ်ဖုန်း “…”

လူဆိုးကြီးက သူထင်သလောက် သိပ်ကြောက်ဖို့ မကောင်းတော့ဘဲ ထိုမိန်းမငယ်လေးက ပိုလန့်စရာကောင်းနေသည်ဟု ရုတ်တရက် ခံစားမိလာသည်။

ဆိုရိုးစကားရှိသည့်အတိုင်း ‘လူကောင်းတွေက အနိုင်ကျင့်ခံရပြီး ကျိုးနွံတဲ့မြင်းတွေက အစီးခံရတဲ့’ လုကျိုးက လူငယ်ကို ထိုနည်းဖြင့် ဖြေရှင်းနေချိန် သူ သိပ်နူးညံ့၍ မရကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ထို့ကြောင့် သူက ရယ်မောပြီး ပြောလိုက်၏။

“မင်းရဲ့ဆရာ လော့ချန်ဖုန်းက ကျန်းမိသားစု တစ်စုလုံးကို သတ်၊ မင်းအမေကို အဓမ္မကျင့်ပြီး မင်းကို ခိုးသွားတာ၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ကို အဆင့် တက်ခဲ့တာ၊ နယ်ပယ်ကို အဓိကအားဖြင့် အဆင့်ကြီး သုံးဆင့် ခွဲလို့ရတယ်၊ တောက်မူလဗီဇ၊ သောင်းပြောင်းမူလဗီဇနဲ့ တောက်ပေါင်းစပ်ခြင်းဆိုပြီး ရှိတယ်၊ တောက်ပေါင်းစပ်ခြင်း အဆင့်မှာ တိုးတက်ဖို့ နည်းတစ်ခု ရှိ...”

သူ ပြောနေစဉ် ရှောင်ယွမ်အာက ဖြတ်ပြောတော့သည်။ “ရှစ်စွင်း... တပည့် အဲဒီအကြောင်းကို သိတယ်၊ အားကောင်းတဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ဆို တောက်ပေါင်းစပ်ခြင်းက ကျန်တဲ့လူရဲ့ စွမ်းအင် အဆီအနှစ်နဲ့ ကျင့်ကြံခြင်းအခြေခံကို ဝါးမျိုနိုင်ပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်တယ်၊ ဒါကြောင့် တောက်ပေါင်းစပ်ခြင်းလို့ ခေါ်တာ၊ တပည့်မှန်တယ်မလား ရှစ်စွင်း”

လုကျိုးက သူမပြောတာကို နားမထောင်ပေ။ ထို့ကြောင့် ရှောင်ယွမ်အာက ခေါင်းငုံ့ပြီး စကား ထပ်မပြောရဲ ဖြစ်သွား၏။ ထိုစဉ် ကျိုးကျစ်ဖုန်းက မျက်မှောင်ကြုတ်လျက် ခေါင်းခါလိုက်သည်။

လုကျိုးက “ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးမှာ မင်းရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကပဲ လော့ချန်းဖုန်းရဲ့ လမ်းကြောင်းနဲ့ တစ်ထပ်တည်း တူနေတာ၊ သူ မှားတာ မရှိဘူးလို့ မင်း ထင်နေသေးတုန်းလား”

ကျန်တာကို ဆက်ပြောရန် မလိုတော့ချေ။

ထိုစကားများက ကျိုးကျစ်ဖုန်းကို ချက်ချင်းပြောင်းလဲအောင်၊ သူ့ကို ယုံကြည်လာအောင် မလုပ်နိုင်သော်ငြား အနည်းဆုံးတော့ သူ့ကို သံသယဖြစ်စေမှာပင်။ ထို့အပြင်က ၎င်းက လုံလောက်တာထက် ပိုနေပြီဖြစ်၏။ ကျန်တာကို သူ့ဘာသာ အတည်ပြုပေလိမ့်မည်။

“ဒါကို မင်းယုံမှာ မဟုတ်မှန်း ငါသိတယ်၊ မင်း ပြန်သွားတဲ့အချိန်ကျရင် မင်းဆရာရဲ့ ဆရာကို သွားမေးလိုက်၊ ရှောင်ယွမ်အာ သူ့ကို ပို့လိုက်တော့” လုကျိုးက ခပ်ယဲ့ယဲ့ ပြောလိုက်၏။

“ရှစ်စွင်း သူ့ကို ဒီတိုင်း လွှတ်လိုက်မှာ သေချာလား၊ သူက ရှစ်စွင်းကို တိုက်ခိုက်ခဲ့တာနော်” ရှောင်ယွမ်အာက နှုတ်ခမ်း တင်းတင်းစေ့ထား၏။

“ယုံကြည်မှု မလွန်ကဲနဲ့”

ထိုစကားကို ကြားသောအခါ ရှောင်ယွမ်အာက ဘာမှမပြောသော်ငြား ခြေဆောင့်လိုက်၏။ ပြီးနောက် သူမက ကျိုးကျစ်ဖုန်းဘက်လှည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “နင်က တုံးအတဲ့ဝက်တစ်ကောင်ပဲ၊ ငါ့ရှစ်စွင်းက နင့်ကို လိမ်ဖို့ လိုလို့လား၊ သူ့အတွက် နင့်ကို သတ်လိုက်တာ ပိုမကောင်းဘူးလား အရူးရဲ့”

ကျိုးကျစ်ဖုန်း “…”

သူ၏ စိတ်က ယခု ရှုပ်ထွေးနေပြီဖြစ်ကာ သူက ငါမယုံဘူးဟု ဆက်တိုက် ရွတ်နေမိသည်။

…

ရှောင်ယွမ်အာက ကျိုးကျစ်ဖုန်းကို လိုက်ပို့ပေးပြီးနောက် လုကျိုးက တာဝန်စာရင်းကို တစ်ချက် ကြည့်လိုက်သည်။ သူက အရံတာဝန်သည် ချက်ချင်းပြီးမှာ မဟုတ်မှန်း သိနေ၏။ သို့သော် ၎င်းက အချိန်အတိုင်းအတာတစ်ခုသာ ကြာမှာပင်။

ကျိုးကျစ်ဖုန်းက လိမ္မာပါးနပ်လျှင် သူပြောတာကို စစ်ဆေးပေလိမ့်မည်။ မဟုတ်ပါက သူ့စိတ်ထဲ ထင့်နေမှာပင်။

“ရှစ်စွင်း သူ့ကို ဘာကြောင့် မသတ်လိုက်တာလဲ” ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာပြီးနောက် မေးလာသည်။

သို့သော် လုကျိုးက ခေါင်းသာ ခါလိုက်၏။

ထိုမိန်းကလေး၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်က သန်မာလွန်းသည်။ သူမ၏ ဆရာတူအစ်ကိုများနှင့် အစ်မကဲ့သို့ပင် သူမသည် ကျီထျန်းတောက်၏ လွှမ်းမိုးမှုကို ခံနေရသည်။

လုကျိုးက မတ်တတ်ထရပ်ပြီး လက်နောက်ပစ်ကာ ပြောလိုက်၏။ “လူသတ်တာက ပြဿနာကို တစ်ခုကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်း မဟုတ်ဘူး”

“ဒါပေမဲ့ ရှစ်စွင်း ခုနကပဲ သမာသမတ်ဂိုဏ်းသားတွေကို သတ်ဖို့ တပည့်ကို တောင်အောင် ပို့ခဲ့တာလေ၊ သူတို့က ရွှေနန်းဥယျဉ်တောင်ကို ခိုးဝင်လာကြတာ၊ သူတို့ အသတ်ခံရသင့်တယ်” ရှောင်ယွမ်အာက ဒေါသတကြီး ပြောလိုက်သည်။

လုကျိုးက ဆွံ့အသွားကာ သူမကို ခေါင်းခေါက်ပြီး ပြောလိုက်၏။ “ငါနဲ့ မငြင်းနဲ့”

“အို့”

“လူသတ်လို့မရဘူးလို့ မင်းကို ပြောခဲ့တာ၊ လူသတ်တာက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းမဟုတ်ဘူး၊ နည်းလမ်းတွေထဲက တစ်ခုပဲ”

“ဪ” ရှောင်ယွမ်အာက ၎င်းကို နားမလည်သေးပေ။

ထိုစဉ် စနစ်အသိပေးသံတစ်သံကို လုကျိုး ကြားလိုက်ရသည်။ “တင်း... သင့် တပည့်များက မကောင်းတာများ ပြုလုပ်နေပြီး သင့်ကုသိုလ်အမှတ်များ မကြာခင် နုတ်ယူခံရတော့မှာပါ”

‘သေစမ်း၊ ကုသိုလ်အမှတ်တွေက အနုတ်ခံရနိုင်တယ်’

သူက တည်ငြိမ်အောင်ကြိုးစားပြီး ဟန်ဖို့နေသော်ငြား ယခုအချိန်တွင် ပြိုလဲလုနီးပါး ဖြစ်သွားကာ ကျိန်ဆဲမိတော့သည်။

“မင်းရဲ့ ဆရာတူ အစ်ကိုတွေရယ် အစ်မရယ်ကို ဒီခေါ်လာခဲ့”

“ဟုတ်ကဲ့ ရှစ်စွင်း”

လုကျိုးက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ ‘စနစ် ကျုပ်မှာ ကုသိုလ်အမှတ်က ဒီလောက် နည်းနည်းလေးပဲ ရှိတာ၊ ဘာကြောင့် နုတ်ချင်နေရသေးတာလဲ”

စနစ်က ပြန်မပြောသေးပေ။ သူ့တပည့်များထံမှ ကုသိုလ်အမှတ်များ ရနိုင်သလို သူ့တပည့်များ မကောင်းမှုပြုလုပ်လျှင် ကုသိုလ်အမှတ်များလည်း အနုတ်ခံရနိုင်ပုံ ပေါ်၏။

ဒါပေမဲ့ မကောင်းတာအဖြစ် သတ်မှတ်ခံရအောင် သူတို့ ဘာလုပ်ခဲ့တာလဲ။

သိပ်မကြာခင် ရှောင်ယွမ်အာ ဦးဆောင်ခေါ်လာသည့် တပည့်ဆိုးသုံးယောက်ဖြစ်သည့် တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့တို့က ခေါင်းငုံလျက် မိစ္ဆာဝေဟင် မျှော်နန်းထဲ ဝင်လာကြသည်မှာ ဘာမှမဖြစ်ခဲ့သလိုပင်။

“နှုတ်ဆက်ပါတယ် ရှစ်စွင်း” သုံးယောက်သားက တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြ၏။

“မင်းတို့ ခုနက ဘာလုပ်ခဲ့လဲဆိုတာ ပြော” လုကျိုးက မျက်နှာသေဖြင့် မေးလိုက်သည်။

“အာ ရှစ်စွင်း... ကျွန်တော်တို့က ရှစ်စွင်း ခိုင်းတဲ့အတိုင်း ရွှေနန်းဥယျာဉ်တောင်တစ်ဝိုက် ကင်းလှည့်ခဲ့တာပါ၊ တခြားဟာ ဘာမှမလုပ်ခဲ့ဘူး” မင်ရှစ်ရင်က အပြစ်ကင်းသည့် အကြည့်ဖြင့် ဖြေသည်။

လုကျိုးက ဖျော့တော့စွာ ပြောလိုက်၏။ “မင်း ငါ့ဒေါသကို သိမှာပါ၊ ငါ့ကို လိမ်တာ မကြိုက်ဘူး”

သုံးယောက်သားက ထိုစကားကို ကြားသောခါ သူတို့၏ အမူအရာများ အနည်းငယ် ပြောင်းသွား၏။

စတုတ္ထတပည့် မင်ရှစ်ရင်က အလျင်စလို ပြောလိုက်သည်။

“တောင်ပိုင်း တောင်ပူစာနားမှာ မုဆိုးတချို့ကို ကျွန်တော်တို့ တွေ့ခဲ့တယ်၊ ရွှေနန်းဥယျာဉ်တောင်က သူတို့ အမဲလိုက်ဖို့နေရာ မဟုတ်ဘူးလေ”

“ဒီတော့ သူတို့ကို မင်းတိုက်ခိုက်ခဲ့တာလား”

“ကျွန်... ကျွန်တော် တောင်းပန်ပါတယ် ရှစ်စွင်း၊ သူတို့အားလုံးကို ကျွန်တော် သတ်ခဲ့သင့်တာ” မင်ရှစ်ရင်က ပြောသည်။

လုကျိုး “…”

“​ေ်ျိ်

ရွှေနန်းဥယျာဉ်တောင်က ကျင့်ကြံခြင်းလောကမှာ နာမည်ကျော်ကြားတာ၊ ဒါကြောင့် အဲဒီ မုဆိုးတွေ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ၊ သမာသမတ်ဂိုဏ်းကဟာတွေ ပို့လိုက်တဲ့ သူလျှိုတွေပဲ နေမှာ၊ ရှစ်စွင်း ကျွန်တော် သူတို့ကို အခု သွားသတ်လိုက်မယ်”

မင်ရှစ်ရင်က လှည့်ထွက်သွားဟန်ပြင်သောအခါ လုကျိုးက အတော်လေး ဆွံ့အသွားသည်။ သူက

“နေဦး”

“အမ်”

“အရံအတားက အပြည့်အ၀ ပြန်မပြင်ရသေးဘူး၊ ဒီတော့ ငါတို့မြေပေါ် မတော်တဆ ကျူးကျော်မိတာ ပုံမှန်ပဲ၊ မင်းက သူတို့ကို မောင်းထုတ်ရုံပဲ မောင်းထုတ်၊ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူကို ရှာတွေ့မှပဲ တိုက်ခိုက်” လုကျိုးက ပြောလိုက်၏။

“အမ်”

တပည့်ဆိုးသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး တွေးလိုက်၏။ ‘နေပါအုံး၊ ဒါက ရှစ်စွင်းရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် မဟုတ်ဘူးနော်၊ ငါတို့တွေက အဲဒီကျူးကျော်သူတွေရယ် သူတို့မိသားစုတွေရယ်ကို သတ်သင့်တာ မဟုတ်ဘူးလား’

“ဒီတပည့်က ရှစ်စွင်းရဲ့ အမိန့်ကို နာခံပါ့မယ်”

သူတို့၏ သစ္စာရှိမှုက ၆၈ ရာခိုင်နှုန်း၊ ၆၂ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်း အသီးသီး တိုးသွားကြ၏။

ပြီးနောက် သူတို့က တောင်ခြေသို့ အတူတကွ ထွက်သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှ သူတို့ ထွက်လာသည်နှင့် သူတို့ရင်ထဲရှိ ဖိအားက ပျောက်ကွယ်သွားတော့သည်။ ပဉ္စမတပည့်ကျောင်းရှင်းယွဲ့က ပြုံးပြီး သူမ၏ ဆံပင်ကို ဆော့ကစားလျက် ပြောလိုက်သည်။

“ရှစ်စွင်းက ရုတ်တရက်ကြီး ကြင်နာလာတော့ ညီမ အသားသိပ်မကျဘူး၊ ဆရာတူအစ်ကိုတို့ရော ဆရာ အရင်နဲ့ ကွဲပြားလာတယ်လို့ ခံစားမိလား”

စိစစ်ရာတွင် တော်သည်ဟု ကြွားလုံးထုတ်နေကျ မင်ရှစ်ရင်က သူ့မေးစေ့ကို ပွတ်လျက် ပြောလိုက်သည်။

“မကြောက်နဲ့၊ စွတ်ဝေဖန်မနေကြနဲ့၊ မင်းတို့ရဲ့ အမှားတွေကနေ သင်ယူအုံး၊ ရှစ်စွင်းက လမ်းစဉ်အသစ်တစ်ခု ကြိုးစားနေတာ ဖြစ်နိုင်တာပဲ”

“ဟုတ်တယ်၊ ငါတို့က သူ့အမိန့်ကို လိုက်နာရုံပဲ၊ သိပ်မမေးကြနဲ့” တွမ့်မူရှန်းက များများစားစား ဂရုမစိုက်တော့ဘဲ တောင်အောက်သို့ ဆင်းသွားသည်။

…

မကြာခင်၌ မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် အနားယူနေသည့် လုကျိုးက အသိပေးသံတစ်သံ ကြားလိုက်ရသည်။

“သင်က အပြစ်ကင်းတဲ့ အသက် ဆယ့်ငါးချောင်းကို ကယ်တင်ခဲ့ပါတယ်၊ ကုသိုလ်အမှတ် ၁၅၀ ဆုရရှိပါတယ်”

“သင်က လူ ၁၄ ယောက်ရဲ့ ကြည်ညိုမှုကို ရရှိပါတယ်၊ ကုသိုလ်အမှတ် ၁၄ မှတ် ဆုရရှိပါတယ်၊ သင်က လူတစ်ယောက်ရဲ့ စိတ်ရင်းမှန် ရိုသေကိုင်းရှိုင်းမှုကို ရရှိပါတယ်၊ ကုသိုလ်အမှတ် ဆယ်မှတ် ရရှိပါတယ်”

“သဲလွန်စ ၁။ လေးနက်စွာ ရိုသေကိုင်းရှိုင်းမှုက ဘော့နပ်စ် ဆယ်ဆ ရမှာ ဖြစ်ပြီး သာမန်ကြည်ညိုမှုက ဘော့နပ်စ် မရရှိပါ”

“သဲလွန်စ ၂။ သင်က တူညီတဲ့ ကြည်ညိုမှုမှ ကုသိုလ်အမှတ် ထပ်ရရှိမှာ မဟုတ်”

“သဲလွန်စ ၃။ တမင်စီစဉ်ထားတဲ့ ကြည်ညိုမှုမှ ကုသိုလ်အမှတ် ဆုကြေးရမှာ မဟုတ်”

လုကျိုးက မျက်လုံးများ ချက်ချင်း ပွင့်သွားသည်။

‘ဘာ... ကြည်ညိုမှုကနေ ကုသိုလ်မှတ်တွေ ရနိုင်တယ်ပေါ့၊ ငါ့ကို ဘာကြောင့် စောစောက မပြောတာလဲ’

တစ်စုံတစ်ယောက်က သူ့ကို ဒူးထောက် အရိုအသေပေးတိုင်း သူက ကုသိုလ်အမှတ်များ အမှန်တကယ် ရမှာ ဖြစ်သည်။

All Chapters