← Chapters

အလုပ်တာဝန် ပြီးမြောက်ခြင်း

Vol. 1 Ch. 14

အလုပ်တာဝန် ပြီးမြောက်ခြင်း

Vol. 1 Ch. 14

အခန်း (၁၄)  အလုပ်တာဝန် ပြီးမြောက်ခြင်း

နောက်တစ်ရက်၌ …

ရွှေနန်းဉယျာဉ်တောင်က ရှစ်လပိုင်းအတွင်း အလွန်ပူပြင်းလှသည်။ ထို့ကြောင့် လုကျိုးက အေးအေးလူလူ ခံစားရန် လသာဆောင်ဆီ ရောက်ရှိလာသည်။

သူက ကျင့်ကြံဖို့ မလိုသည့်အတွက် သူ့နေရက်များက ပျင်းရိစရာ ကောင်းလွန်းနေသည်။ သူ့အနေနှင့် ယခင်ဘဝက ရွာအဝင်ဝ အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်ထိုင်နေသည့် လူအိုကြီးတစ်ယောက်နှယ် တူနေသည်။

သူ့တတိယနှင့် နဝမမြောက်တပည့်တို့က တံခါးစောင့်ကဲ့သို့ ရပ်စောင့်နေကြသည်။ ကျိုးကျစ်ဖုန်း၏ လုပ်ကြံမှု ကြုံတွေ့ပြီးကတည်းက သူတို့နှစ်ယောက်က သတိလက်လွတ် မနေရဲကြတော့ပေ။

သူတို့က လုကျိုးသည် မည်သည့်လုပ်ကြံမှုကိုမဆို ကာကွယ်နိုင်လောက်သည့်အထိ အားကောင်းသော်လည်း ရွှေနန်းဥယျာဉ်တောင်အတွင်း ထိုငမိုက်သားများကို ဝင်ခွင့်ပြုလိုက်ပါက သူတို့ တာဝန်ပျက်ကွက်ခြင်းသာ ဖြစ်ပေမည်။

“ရှစ်စွင်း ….စစ်ရှစ်ရှိုး က သူတို့ကို တကယ် ကူညီနိုင်ပါ့မလား ” ရှောင်ယွမ်အာက မနေနိုင်ဘဲ ထုတ်မေးလိုက်သည်။

လုကျိုးက ခပ်ယဲ့ယဲ့ ပြုံးကာ  “ စိတ်မပူပါနဲ့ ”

“ရှစ်မေ့ … ငါတို့လောင်စစ်က စိတ်ပျော်လက်ပျော် နေတတ်ပြီး တစ်ခါတစ်ခါ စိတ်မချရပေမဲ့ အလုပ်ကိုတော့ ပြီးမြောက်အောင် အကောင်းဆုံး လုပ်ပါတယ်။ စိုးရိမ်မနေနဲ့တော့ ….” တွမ့်မူရှန်းက ပြောလိုက်သည်။

“ စစ်ရှစ်ရှိုး က ကစားလွန်ပြီး အလုပ်ကို မေ့နေမှာ စိုးလို့ပါ ”

“ တကယ်လို့ သူ အလုပ်ကို မေ့နေရဲရင် ရှစ်စွင်း ဘာမှမလုပ်ခင် သူ့ရှစ်ရှိုးအနေနဲ့ အရင်သင်ခန်းစာ ပေးလိုက်မယ် ” တွမ့်မူရှန်းက အရိုးသားဆုံး ပြောလိုက်သည်။

“ ချီရှစ်ရှိုးသာ ရှိနေရင် …. ” ရှောင်ယွမ်အာက တီးတိုးရေရွတ်လိုက်သည်။

“ ရှစ်မေ့ စကားကို ကြည့်ပြော ”

ဂိုဏ်းကို သစ္စာဖောက်သွားသူများက ပုန်ကုန်လိုပြီး ဆိုဆုံးမခက်လှသည်။

‘သူမက သူတို့ရှစ်စွင်း ရှိနေရက်နှင့် သစ္စာဖောက်အကြောင်း ထုတ်ပြောနေလေရာ အပြစ်ခံယူချင်နေသည်လား ….’

သူမက တစ်ခုခု မှားပြောလိုက်ကြောင်း ချက်ချင်း သတိထားမိလိုက်ပြီး လျှာလေး ထုတ်ကာ အသာကိုက်ထားလိုက်မိသည်။

သို့သော် လုကျိုးက ခေါင်းအသာခါကာ

“ ကိစ္စမရှိပါဘူး။ လောင်ချီက တကယ့်ကို ရှားရှားပါးပါး ပါရမီရှင်လေ။ သူက ဉာဏ်များရုံတင်မကဘူး။ လူတွေရဲ့ စိတ်ကို ကစားရတာလဲ နှစ်သက်တယ်။ ပြီးတော့ ဘာမှမဟုတ်တဲ့ ပြဿနာတစ်ခုကို လေ့လာဖို့အတွက် မလိုလားအပ်တဲ့ နာကျင်မှုတွေ အမြဲဖြစ်လာစေတယ် ”

လူတော်များက အမြဲတမ်း ဉာဏ်များတတ်သည်။ ဤသို့လူမျိုးက ထိန်းချုပ်ဖို့ရာ ခက်ခဲလှပေသည်။

“ရှစ်ကျဲရဲ့ စာ ရောက်လာပြီ ” ရှောင်ယွမ်အာက  ကောင်းကင်မှ စာပို့ငှက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

စာပို့ငှက်က သာမာန် စာပို့ငှက် မဟုတ်ပေ။ ရွှေနန်းဥယျာဉ်တောင်ရှိ ဝိညာဉ်စွမ်းအားများနှင့် ကြီးပျင်းလာသောကြောင့် မျိုးရိုးဗီဇပြောင်းသွားလေပြီ။ တချို့အားကောင်းသည့် စာပို့ငှက်များက တာ့ယန်၏ သားရဲသောင်းချီထဲမှ တစ်ကောင် ဖြစ်သွားပြီ ဖြစ်၏။ ထိုသားရဲရိုင်းများကြား စာပို့ငှက်ထက် ပိုမြန်သည့် သားရဲများပင် ရှိသေးပြီး နမူနာအနေနှင့် ငန်းနှင့် စာပို့ငါးတို့ ဖြစ်ကြသည်။

စာပို့ငှက်က စာကို ခါချလိုက်သည့်အခါ ယွမ်အာဆီ ကျရောက်လာသည်။

“ရှစ်စွင်း ”

“ ဖတ်လိုက် ”

“ ဟုတ် ရှစ်စွင်း ”

ရှောင်ယွမ်အာက စာကို ဖောက်ဖတ်လိုက်တော့သည်

“ ရှစ်စွင်း … ရွှေနန်းဥယျာဉ်တောင်ကို ထိပ်သီးဂိုဏ်း ဆယ်ဂိုဏ်း လာကျုးကျော်တုန်းက လော့ချန်းဖုန်း သေသွားခဲ့တော့ ကောင်းကင်ဓားဂိုဏ်းမှာ အရှုပ်အထွေးတွေ ဖြစ်နေတယ်။ အားလုံးက နောက်တက်မဲ့ ခေါင်းဆောင်နေရာအတွက် တိုက်ခိုက်နေကြပါတယ်။ ကျိုးကျစ်ဖုန်းက ကောင်းကင်ဓားဂိုဏ်းကို ပြန်လာပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်အဖြစ် မရရှိခဲ့ဘူး။ သူတို့ရဲ့ အရင်ဂိုဏ်းချုပ် လော့ရှင်းကုံက သီးသန့်လေ့ကျင့်ရေး စသွားခဲ့တယ်။ ကြည့်ရတာ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ရဲ့ တာအိုပေါင်းစပ်ရေးအဆင့်ပဲ ရှိသေးတယ်.။ တပည့် သူတို့ကို စောင့်ကြည့်နေတုန်း ကျိုးကျစ်ဖုန်းက သူ့ဂိုဏ်းအပေါ် သစ္စာရှိမှု လျော့နည်းလာတာကို သိလိုက်ရတယ်။ ”

ရှောင်ယွမ်အာက အဆုံးအထိ ဖတ်လိုက်ပြီးနောက်  စာကို လုကျိုးဆီ ပေးလိုက်သည်။ ထို့နောက် လုကျိုးက ခေါင်းတခါခါဖြင့်  “ နှေးကွေးလွန်းတယ်။ လိုအပ်လာရင် ဖိအားပေးဖို့ ကျောင်းယွဲ့ကို လှမ်းအကြောင်းကြားလိုက် ”

“ ဟုတ် ရှစ်စွင်း ”

တွမ့်မူရှန်းက နားမလည်ဖြစ်နေမိသောကြောင့် လက်နှစ်ဖက်ယှက်ကာ “ ရှစ်စွင်း … တပည့်တို့ ကျိုးကျစ်ဖုန်းကို ဘာလို့ ကူညီပေးနေတာလဲ။ သူက တပည့်တို့ ရန်သူလည်း ဖြစ်နေတာကို မပြောရင်တောင် သူက နတ်ဒေဝါ ဦးတည် နယ်ပယ် ရောက်ခါစ ကျင့်ကြံသူအဆင့်ပဲ ရှိသေးတယ်လေ ”

လုကျိုးက ထိုမေးခွန်းကို ပြန်မဖြေပေ။ သူတို့သစ္စာရှိမှု ၈၀ ရာခိုင်နှုန်း မကျော်မချင်း သူ့ ပြောစကားများကို သတိထားရမည် ဖြစ်၏။

သူ့ရှစ်စွင်းက ဘာမှမပြောသည်ကို မြင်သောအခါ တွမ့်မူရှန်းက ရှက်ရွံ့စွာဖြင့် မျက်နှာလွဲလိုက်ပြီး ဘာမှထပ်မမေးရဲတော့ပေ။

“ တင်း … မင်ရှစ်ရင်က ချမှတ်ပေးထားတဲ့ တာဝန်ကို ပြီးမြောက်သွားပါပြီ ”

“ တင်း … ဒီတာဝန်က စီမိသားစုရဲ့ မိသားစုဝင် ၁၀၅ ယောက်ကို ကယ်တင်ပေးလိုက်တာကြောင့် ကုသိုလ်အမှတ် ၁၀၅၀ ရရှိပါမယ် ”

“ တင်း … လူ ၁၀၅ ယောက်ရဲ့ ယုံကြည်အားကိုးမှုကို ရရှိတာကြောင့် ကုသိုလ်အမှတ် ၁၀၅၀ ရရှိပါမယ် ”

“ တင်း … ဒီတာဝန်က တောပုန်းဓားပြ ၈၂ ယောက်ကို နှိမ်နင်းခဲ့တဲ့အတွက် ကုသိုလ်အမှတ် ၈၂၀ ရရှိပါမယ် ”

……………

လုကျိုးက ထိုအကြောင်း ကြားလိုက်ရသည့်အခါ တအံ့တဩ ဖြစ်မိသွားသည်။

ဒါက စနစ်ကို မှန်မှန်ကန်ကန် သုံးတဲ့ နည်းလမ်းများလား

ဤတာဝန်တစ်ခုတည်းဖြင့် သူ့အား ကုသိုလ်အမှတ်များစွာ ရရှိသွားစေသည်။ ကျန်ရှိနေသည့် အမှတ်များနှင့် ယခု သူ့တွင် စုစုပေါင်း ၂၉၀၄ မှတ် ရရှိသွားလေပြီ။

“ရှစ်စွင်း …စစ်ရှစ်ရှိုးရဲ့စာလည်း ရောက်လာပါပြီ ” ရှောင်ယွမ်အာက လျှပ်စီးအလား ကောင်းကင်ယံထက် ပျံသန်းသွားသည်။

“ ဖတ်လိုက် ”

“ရှစ်စွင်း … တပည့် စီမိသားစုရဲ့ ပြန်ပေးဆွဲခံရတဲ့ မိသားစုဝင်အားလုံးကို ကယ်ပြီးတော့ တောပုန်းဓားပြတွေကိုလည်း ရှင်းပစ်ခဲ့ပါပြီ။ ပြီးတော့ အဲဒီဓားပြနောက်က ကျင့်ကြံသူတွေက လောင်ပါ့ရဲ့ ကျားတောင်ရိုးဂိုဏ်းနဲ့ ဆက်စပ်နေတာကို သိလိုက်ရပါတယ်။ တပည့် ဒီကိစ္စ ဆက်စုံစမ်းလိုက်ပါဦးမယ် ”

စာရှေ့ပိုင်း တစ်ဝက်လောက်က လုကျိုးအား သူ့တာဝန် ပြီးစီးသွားကြောင်း အကြောင်းကြားထားခြင်း ဖြစ်ရာ နောက်ပိုင်းကား သူ့အား နှစ်ရက် ကစားခွင့်ရရန် အကြောင်းပြချက်သပ်သပ် ပေးထားခြင်းသာ ဖြစ်၏။

လုကျိုးက စိတ်အခြေအနေကောင်းနေသည့်အတွက် တခြားသူများနှင့် ကပ်သီးကပ်သတ် ပြောမနေတော့ပေ။

“ မြင်းတွေကိုတောင် အစာမကျွေးဘဲ မြန်မြန် ပြေးခိုင်းလို့ မဖြစ်ဘူး” ဆိုသည့်  ဆိုရိုး ရှိသည် မဟုတ်ပါလော။

“ ရှစ်စွင်း … စစ်ရှစ်ရှိုးက ဒီကိစ္စဟာ ပါ့ရှစ်ရှိုးနဲ့ ပတ်သက်နေတယ် ပြောတယ်။ ပါ့ရှစ်ရှိုးက ဘယ်လိုလုပ် လုပ်နိုင်တာလဲ ” ရှောင်ယွမ်အာက အလွန်ဒေါသထွက်လာသည်။

“ လောင်ပါ့က နတ်ဒေဝါ ဦးတည်နယ်ပယ် အဆင့် ဆိုတော့ ဒီကိစ္စထဲ ဝင်ပါမယ်တော့ မထင်ဘူး။ ကြည့်ရတာ အဲဒီကျင့်ကြံသူအုပ်စုက သူ့နာမည်သုံးပြီးတော့ မကောင်းမှုတွေ ကျူးလွန်နေကြတာပဲ ဖြစ်ရမယ် ” လုကျိုးက ခေါင်းညိတ်ကာ   “ သူ ပါပါ  မပါပါ လောင်စစ်ကို စုံစမ်းခိုင်းလိုက်ကြတာပေါ့ ”

ရှစ်စွင်းက ဆုံးဖြတ်ထားပြီးပြီ ဖြစ်၍ တပည့်များက ဘာမှဝင်မပြောကြတော့ပေ။

………………

နေ့လယ်၌ …

လုကျိုးက ကျိုးကျစ်ဖုန်း၏ တာဝန် ပြီးဆုံးကြောင်း ဘာဆုလာဘ်မှ ရမလာသေးသောကြောင့် မိစ္ဆာဝေဟင် မျှော်နန်းဆီ ပြန်လာလိုက်သည်။ သူက ကုသိုလ်အမှတ်ကို တဖန်ကြည့်ကာ ထပ်မံ အတည်ပြုလိုက်ပြန်သည်။ သူ့ဆီတွင် ၂၉၀၄ မှတ် ရှိနေဆဲ ဖြစ်၏။

“ ဈေးဆိုင် ”

“ သဏ္ဌာန်ပြောင်း စိတ်ဝိညာဉ် သဏ္ဌာန် နှစ်ခု ဝယ်ချင်တယ် ”

“ တင်း … ကုသိုလ်အမှတ် တစ်ထောင် လျော့လိုက်ပါပြီ။ စိတ်ဝိညာဉ် သဏ္ဌာန် ရရှိပါပြီ ”

သူ စိတ်ဝိညာဉ် သဏ္ဌာန် ရရှိလိုက်သည်နှင့် လုကျိုးက သူ့ကျင့်ကြံဆင့်မှာ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ရှိ မနောဒွါရအဆင့် မှ  ဇိဝှာဒွါရအဆင့်သို့ မြန်မြန်ဆန်ဆန် ရောက်သွားလေ၏။

စိတ်ဝိညာဉ် သဏ္ဌာန် ယူဆောင်လာသော အကျိုးကျေးဇူးက ပိုများပေသည်။ သူက သူ့အတွင်းအား ဗဟိုချက်နှင့် ချီသွေးကြောများထဲသို့ စွမ်းအားများက မြစ်တစ်စင်းအလား စီးဝင်လာသည်ကို ခံစားမိလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက ဇိဝှာဒွါရအဆင့် မှ ဃာနဒွါရအဆင့်သို့ တက်လှမ်းသွားပြီး စက္ခုဒွါရအဆင့်သို့ နီးကပ်လာလေသည်။

စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်၏ အဆင့်ငါးဆင့် ဖြစ်သော မနော၊ ဇိဝှာ၊ ဃာန၊ စက္ခုနှင့် သောတအဆင့်ငယ်များ၌ သူက လေးဆင့် ပြီးမြောက်သွားလေပြီ။

လုကျိုးက သူ့ကိုယ်မှ စွမ်းအားကို ခံစားမိကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်တော့သည်။ သူ တိုးတက်လာသည့် အမြန်နှုန်းက မကြုံစဖူး ဖြစ်သည့်အတွက် လက်ခံထားလိုက်တော့သည်။

“ ငါ အကြောင်းပြန်လှန်ကတ် နှစ်ကတ် ဝယ်ချင်တယ် ”

“ တင်း …. အမှတ် တစ်ထောင် လျှော့ပြီးပါပြီ။ အကြောင်းပြန်လှန် ကတ် နှစ်ကတ် ရရှိပါပြီ ”

“ အခု သုံးလိုက်တော့ ”

မိစ္ဆာဝေဟင် မျှော်နန်းမှ ဝဲကတော့တစ်ခု ဖြစ်တည်လာကာ ဘေးပတ်ဝန်းကျင်မှ အသက်ဓာတ်များကို ဆုပ်ယူပြီး လုကျိုး ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်သည်။ သူက တဖန် ပြန်လည် နုပျိုလာကာ ဆံပင်များလည်း ပို၍ နက်မှောင်လာသည်။

ကတ်နှစ်ကတ်က သူ့အား ရက် ၆၀၀ စာလောက် ပို၍ နုပျိုသွားစေသည်။

သူက ဤခန္ဓာကိုယ်အိုကြီး၏ စည်းချက်ကို နေသားကျသွားသည့်အလား ရက် ၆၀၀ စာ ပိုငယ်သွားသည့်အခါ လန်းဆန်းလာရသည်။ မသိသာလွန်းသော်လည်း သက်သောင့်သက်သာ ခံစားနေရသည်။

ကမ္ဘာပေါ်ရှိ မည်သူကမှ လုကျိုး ယခု ခံစားနေရသကဲ့သို့  ပြန်လည် နုပျိုလာသည့် ခံစားချက်မျိုးကို တွေ့ကြုုံခံစားနိုင်မည် မဟုတ်ပေ။

“ အမှတ် နှစ်ထောင်တော့ ဖြုတ်ခနဲ ကုန်သွားတာပဲ … ဒီအမှတ်တွေနဲ့ ဘာမှသိပ်ဝယ်လို့ မရဘူးပဲ ”

“ ကံစမ်းမဲ ”

“ တင်း … ဒီကံစမ်းမဲက အမှတ် ၅၀ ကုန်ကျပါမယ်။ ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် တစ်မှတ် ရရှိပါတယ် ”

“ ကံစမ်းမဲ ”

“ တင်း… ဒီကံစမ်းမဲက အမှတ် ၅၀ ကုန်ကျပါမယ်။ ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် တစ်မှတ် ရရှိပါတယ် ”

………………..

သူက ငါးကြိမ်ဆက်တိုက် “ ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရပေသည်။ ထို့ကြောင့် လုကျိုးက ကံစမ်းမှုကို ရပ်လိုက်ပြီး သူ့ကိုယ်ပိုင်စာရင်းကွက်ကို တစ်ချက် ကြည့်လိုက်သည်။

နာမည်။  ။ လုကျိုး

မျိုးနွယ်။   ။ လူသား

ကျင့်ကြံဆင့်။  ။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ် စက္ခုဒွါရအဆင့်

စိတ်ဝိညာဉ် သဏ္ဌာန်။ ။ အသွင်ပြောင်းစွမ်းအားနှစ်မျိုး

ကုသိုလ်အမှတ်။  ။ ၆၅၄ မှတ်

ကျန်ရှိသက်တမ်း။  ။ ၁၂၀၉ ရက်

အသုံးပစ္စည်း။  ။ ကျိထျန်းတောက် အထွတ်အထိပ်အသွင် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ် (အလိုအလျောက်သုံး) ငါးကတ်

“ ကြည့်ရတာ တာဝန်ပြီးလို့ ရလာတဲ့ အမှတ်တွေက ငါ ထင်ထားသလောက် မများဘူးပဲ ” လုကျိုးက ရေရွတ်လိုက်သည်။

All Chapters