← Chapters

တပည့်ဆိုးများ၏ စိတ်ဓာတ်

Vol. 2 Ch. 16

တပည့်ဆိုးများ၏ စိတ်ဓာတ်

Vol. 2 Ch. 16

အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်

“ တင်း … လူ ၃၅ ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကို လက်ခံရရှိတဲ့အတွက် ကုသိုလ်အမှတ် ၃၅၀ ရရှိပါတယ် ”

လုကျိုးက ခေါင်းအသာညိတ်ကာ တီးတိုးရေရွတ်လိုက်သည်  “ သူတို့ကို လုံးလုံး သင်မရတာတော့ မဟုတ်ဘူးပဲ ”

……………

သွေးသားဆန္ဒကို ရှာဖွေမည့်အစား မင်ရှစ်ရှင်က အနောက်ဘက်သို့ ဆက်လက် ပျံသန်းသွားလိုက်သည်။ ထို့နောက် ယီစီရင်စု၏ မြို့အပြင်ဘက် သစ်တောထဲ ရောက်ရှိလာသည်။

“ ဒါက ကျားတောင်ရိုးပဲ နေမယ်” သူက မြေပုံကို ထုတ်ကာ ဂရုတစိုက် သေချာကြည့်လိုက်ပြီးနောက် ပြန်သိမ်းထားလိုက်သည်။

ဤနေရာက လှပကာ တိတ်ဆိတ်ငြိမ်သက်သော်လည်း နောက်ကွယ်ရှိ အန္တရာယ်များသောအရာကို မြူများဖြင့် ဖုံးလွှမ်းပေးထားသည်။ ထောင့်တစ်နေရာမှ သားရဲတစ်ကောင် ခုန်ထွက်လာတော့မည့်ဟန် ပေါ်နေသည်။ သို့သော်လည်း နတ်ဒေဝါ ဦးတည် နယ်ပယ်အနေနှင့် ကြောက်ရမည့် အရာတော့ မဟုတ်ပေ။ အကြောင်းမှာ မည်သည့်သားရဲကမှ သူတို့နှင့် ပြိုင်ဖက် ဖြစ်နိုင်မည် မဟုတ်ပေ။

“ လောင်ပါ့ … မင်းရဲ့ ရှစ်ရှိုး လာတွေ့တယ် ”

သူက ပြောလိုက်ရင်း တောအုပ်ထဲ တစ္ဆေတစ်ကောင်အလား လှုပ်ရှားဝင်ရောက်လိုက်သည်။ သူ့ခြေလှမ်းတစ်လှမ်းစီက ပေတစ်ရာလောက် ကျယ်၏။

ကျားတောင်ရိုးဂိုဏ်း ထဲ၌

အဖွဲ့ခေါင်းဆောင် ကျူးဟုန်ကုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေ၏။

“ ခေါင်းဆောင် .. ကျင့်ကြံသူတစ်ယောက်က လာတွေ့ဖို့ တောင်းဆိုနေပါတယ် ”

“ ဝေးဝေးနှင်လွှတ်လိုက် … ငါ အိပ်တာကို လာနှောင့်ယှက်နေတာပဲ ”

“ ဒါပေမဲ့ အဲဒီလူ ပြောတာက …. ”

“ သူ ထပ်ပြောရင် သင်းကွပ်ပြီးတော့ ငါတို့အခြေစိုက်စခန်းက သားရဲတွေကို ကျွေးပစ်လိုက် ”

“…”

ထိုစဉ် အပြင်ဘက်မှ ဟက်ဟက်ပက်ပက် ရယ်မောသံကြီးတစ်ခု ပျံ့လွှင့်လာလေ၏။ ထိုအသံက အခြေစိုက်စခန်းတစ်ခုလုံး တုန်ခါသွားစေကာ အားကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်မှန်း သိသာစေလှသည်။

ကျုးဟုန်ကုန်း၏ မျက်လုံးများ ပြူးထွက်လာကာ နှုတ်ခမ်းပင် တုန်တုန်ယင်ယင် ဖြစ်လာလေသည်

‘ ရှစ်စွင်းက ငါ့ကို သတ်ဖို့ ရောက်လာပြီလား … ’

ထိုအတွေးဖြင့် သူ့ခြေထောက်များပင် မခိုင်တော့ဘဲ ခုတင်ပေါ်မှ ပြုတ်ကျလာသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရင်တမမ ဖြစ်ကာ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ ယခုလေးမှ ကောင်းကောင်း အိပ်ပျော်တော့မလို ဖြစ်ခဲ့သော်လည်း ဤကိစ္စ ဖြစ်လာခဲ့သည်။

“ဟားဟား  လောင်ပါ့ … ဘာတွေများ ကြောက်နေတာတုန်း ” မင်ရှစ်ရင်က အပြင်ဘက်မှ ဝင်လာလေသည်။ ကျားတောင်ရိုးဂိုဏ်းရှိ ဓားပြများက ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူ့လို အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်အား ရပ်တန့်ဖို့ မဖြစ်နိုင်ပေ။

“ရှစ်ရှိုး ….” ကျူးဟုန်ကုန်းက ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်တော့သည်။

“ ရှစ်ရှိုးက လာခြောက်နေတာပဲ။ ရှစ်စွင်း ရောက်လာတယ် ထင်သွားတာ ”

“ ငါ့ကို ရှစ်ရှိုးလို့ ခေါ်ရဲသေးတယ်ပေါ့ ” မင်ရှစ်ရင်က ပြောလိုက်သည်။

ကျုးဟုန်ကုန်းက ဟွန်းခနဲ အသံပြုကာ ထပ်ပြောလိုက်သည်

“ရှစ်ရှိုးက ဒီကို ဘာလို့ ရောက်လာတာလဲ။ ကျွန်တော်နဲ့ ပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီလား။ ကျွန်တော် ပြောပါတယ် ရွှေနန်းဥယျာဉ်တောင်က ကျွန်တော်တို့အတွက် မဟုတ်ပါဘူးလို့ …. ကျွန်တော်နဲ့ ပေါင်းရင် ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ် နေရာထားပေးမှာပါ ”

“ လာမပေးနဲ့ ”

“ ဘာလို့လဲ ”

“မင်းဆီ ပေါင်းပြီးတော့ ဒီလို စုတ်တီးစုတ်ပြတ်နေရာမှာ လာနေရမယ်ပေါ့လေ … မဖြစ်နိုင်တာ”

မင်ရှစ်ရင်က လျှောက်လာရင်း ပြောလိုက်သည်။ ဂိုဏ်းသားတော်တော်များများက သူ့အား တားဆီးလိုသော်လည်း သူ့အကြည့်တစ်ချက်ဖြင့် နောက်ဆုတ်ကုန်ကြသည်။

သိပ်မကြာခင် သူက ကျူးဟုန်ကုန်းဘေးနား ရောက်လာကာ  “ ထစမ်း ”

“ဟီးဟီး  ရှစ်ရှိုး ထိုင်ပါဦး ”

“ ငါက ဒီကို တာဝန်နဲ့ ရောက်လာတာ … ”

“တာဝန် … ဘာတာဝန်လဲ ” ကျုးဟုန်ကုန်းက အလန့်တကြား ဖြစ်သွားလေသည်။

“အန်းယန်းရဲ့ စီမိသားစုဝင်တွေကို ပြန်ပေးဆွဲတဲ့နောက်ကွယ်မှာ မင်း ရှိနေတာလား”

မင်ရှစ်ရင်က ထိုင်ခုံပေါ် ထိုင်ကာ ကျုးဟုန်ကုန်းအား စိုက်ကြည့်လိုက်သည်။

“ ဘယ်လို … မဟုတ်တာ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ”

“ တကယ်လား ”

“ကျွန်တော်နဲ့ မပတ်သက်တာ ကျိန်ဆိုရဲတယ်။ စီမိသားစုက ရှစ်မေ့ရဲ့ မိသားစုလေ။ ကျွန်တော် ဘယ်လောက်ဆိုးဆိုး သူမရဲ့ မိသားစုဝင်ကိုတော့ မထိပါဘူး”

ကျူးဟုန်ကုန်းက လက်သုံးချောင်းထောင်ကာ ကျိန်ဆိုပြောလိုက်သည်။

“ငါ ဓားပြအုပ်စုတစ်ခုလုံးကို သတ်ပြီးပြီ။ သူတို့ကို အာရုံဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်က နောက်ခံပေးထားတာ။ သူ မသေခင် မင်းရဲ့ ကျားတောင်ရိုးဂိုဏ်းအကြောင်း ပြောသွားခဲ့တယ်။ ငါက ဟာသလုပ်ရအောင် မင်းကို လာစွပ်စွဲတယ်များ ထင်နေလား ”

ဤသည်က ကျူးဟုန်ကုန်းကို မျက်မှောင်ကြုတ်သွားစေသည်။

“ ကျွန်တော် ဒီအဖွဲ့ကို တည်ထောင်ခဲ့တဲ့နှစ်တွေမှာ ခြေကုပ် တစ်နေရာစာရအောင် သမာသမတ်ဂိုဏ်း ကျင့်ကြံသူ တော်တော်များများကို ရန်စမိခဲ့တယ်။ တစ်ယောက်ယောက် ကျွန်တော်ကို ချောက်ချလိုက်တာ နေမယ် ”

“ ဒါက ငါ့ကိစ္စ မဟုတ်ဘူး။  ငါနဲ့အတူတူ ရှစ်စွင်းနဲ့ လိုက်တွေ့လှည့် ”

သူတို့ရှစ်စွင်းအကြောင်း ပြောလိုက်ပြီးနောက် ကျူးဟုန်ကုန်း၏ ခပ်ဝဝ မျက်နှာရှိ အဆီများ လှုပ်ရှားသွားကာ ဖင်ထိုင်လျက်သား လဲကျသွားသည်။ ထို့နောက် သူက ငိုမဲ့မဲ့ဖြင့် မင်ရှစ်ရင် လက်မောင်းကို ဆွဲကိုင်ကာ

“ ရှစ်ရှိုး ကျွန်တော်ကို ဒီလို မလုပ်ပါနဲ့။ စစ်ရှစ်ရှိုး …. ရှစ်စွင်းက ဒဏ်ရာရနေတာ မဟုတ်ဘူးလား။ ရှစ်ရှိုး မသိချင်ယောင်ဆောင်ပေးလိုက်ပါနော်။  ဘာလို့ အလေးအနက်ကြီး လုပ်နေရတာလဲ။ ဘယ်လိုဖြစ်ဖြစ် ရှစ်ရှိုးလည်း ရွှေနန်းဥယျာဉ်တောင်ကနေ ထွက်လာမှာပဲလေ ”

“ ပါးစပ်ပိတ်ထား ” မင်ရှစ်ရင်က သူ့အား စိုက်ကြည့်ကာ ဖြတ်ပြောလိုက်သည်။

“ငါ့ရှေ့မှာ သစ္စာဖောက်တစ်ယောက်က သစ္စာဖောက်ဖို့ ဘယ်လိုလုပ် လာပြောရဲတာလဲ။  ဒူးထောက်စမ်း”

ဝုန်း

ကျူးဟုန်ကုန်းက နာနာခံခံ ဒူးထောက်လိုက်သည်။

………………

“ တင်း .. ကျူးဟုန်ကုန်းကို ပြုပြင်ထိန်းကျောင်းနိုင်တဲ့အတွက် ကုသိုလ်အမှတ် ၂၀၀ ရရှိပါတယ်။ ဆက်ပြီး ပြုပြင်ထိန်းကျောင်းပေးလိုက်ပါ … ”

လုကျိုးက ခေါင်းအနည်းငယ် မော့ကာ  အနောက်စူးစူးသို့ ကြည့်လိုက်ပြီး မုတ်ဆိတ်မွေးကို သပ်ရင်း ပြောလိုက်သည်  “ လောင်စစ်က စိတ်ဝင်စားစရာပဲ ”

…………..…

“စစ်ရှစ်ရှိုး  … ကျွန်တော် မှားပါတယ် ” ကျူးဟုန်ကုန်းက မြန်မြန် ဦးညွတ်ကာ ဘာမှဆက်မပြောရဲတော့ပေ။

“သိပ်မကြာသေးခင်က ရှစ်စွင်းက ကျင့်ကြံရေးလောကရဲ့ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ပညာရှင်ဆယ်ယောက်ကို အနိုင်ယူခဲ့တယ်။ မင်းလည်း ဒီအကြောင်းကို ကြားမှာပါ … ဒါတောင် သူ့ကို မရိုမသေ လာလုပ်ရဲသေးတယ်ပေါ့ ” သူ့စကား၌ ကျူးဟုန်ကုန်ကို ဆူရုံအပြင် နောက်ထပ် ပေးချင်သည့် အကြောင်းအရာတစ်ခု ပါဝင်ပေသည်။ သူက သူတို့ရှစ်စွင်း၏ ကျင့်ကြံဆင့်မှာ လျော့ကျလာမည့်အစား ထပ်တိုးမြင့်လာကာ သူတို့နေ့ရက်များ အဆုံးသတ်တော့မည် ဖြစ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်၏။

ကျူးဟုန်ကုန်းက စာတစ်စောင် ထုတ်ကာ မင်ရှစ်ရင်အား ပေးလိုက်ပြီး  “ စစ်ရှစ်ရှိုး … ဒါက ချီရှစ်ရှိုးဆီက စာပါ။ သူ ပြောတာတော့ ဒီစာကနေ သဲလွန်စ ပေးလိမ့်မယ်တဲ့ ”

မင်ရှစ်ရင်က စာကို သတိထားယူကာ ဖတ်ကြည့်လိုက်သည်။ တစ်ဝက်တပျက် ဖတ်လိုက်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်မိသွားလေ၏။

ကျူးဟုန်ကုန်းက ဆက်ပြောလိုက်သည်

“ ချီရှစ်ရှိုးက ရှစ်စွင်းရဲ့ ကျင့်ကြံဆင့်က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ရဲ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေတာလို့ ပြောတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က ရှစ်စွင်းတစ်ယောက် ပိုမြင့်မားတဲ့နယ်ပယ်အဆင့်ဆီ ချိုးဖောက်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့တယ်။ ရှစ်စွင်း ထိပ်တန်းပညာရှင် ဆယ်ယောက်ရဲ့ လုပ်ကြံမှုကို ခံခဲ့ရတုန်းက ဒဏ်ရာအပြင်းအထန် ရသွားတာကို တစ်ယောက်က မြင်လိုက်ရတယ်တဲ့ … ရှစ်စွင်းက သူ့ကျင့်ကြံဆင့် ပြန်ကောင်းလာတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

“လောင်ချီက  ရှစ်စွင်း တခြားဆေးဝါးတွေ သုံးစွဲထားတယ်လို့ ပြောချင်တာလား ”

မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။

“ အတိအကျပဲ ”

ကျူးဟုန်ကုန်က ဖြည်းဖြည်းချင်း ထရပ်ကာ လည်ချောင်းရှင်းရင်း ထပ်ပြောလိုက်သည်

“ စစ်ရှစ်ရှိုး … ကျွန်တော်နဲ့ ရှစ်ရှိုးက တာ့ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်ကို‌ ကောင်းကောင်း သိပါတယ်။ သူက ရှစ်စွင်းထက် အားမနည်းဘူး။ ဒါပေမဲ့ သူက ရှစ်စွင်းကို ဒီလောက်နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာတောင် ဘာလို့ ဘာမှမလုပ်ရဲသေးတာလဲ ”

မင်ရှစ်ရင်က စာကို လွှင့်ပစ်လိုက်ပြီး

“ ရှစ်စွင်းဆီမှာ ဘယ်လိုဝှက်ဖဲတွေ ရှိနေဦးမယ်ဆိုတာကို ဘယ်သူမှ မသိဘူး ”

“ အဲလိုဆိုတော့လည်း ဘာဖြစ်လဲ … သူ့ဆီမှာ ဘယ်လိုဝှက်ဖဲတွေရှိရှိ သက်တမ်းက တစ်ရက်တော့ ကုန်ဆုံးရမှာပဲ … သိပ်မကြာခင် သေရမှာပဲ ”ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“လောင်ပါ့ … မင်း ပြောတာ လောင်ချီရဲ့စာထဲက မဟုတ်ဘူး။ မင်းကို ဘယ်သူ ပြောတာလဲ။ မင်းရဲ့ ဝက်ဦးနှောက်နဲ့ သိလာတာရော ဟုတ်ရဲ့လား ”မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို တအံ့တဩ ကြည့်ကာ ပြောလိုက်သည်။

“ စစ်ရှစ်ရှိုး ကျွန်တော်ကို  ဒီလိုစော်ကားရင် မှားသွားပြီ။ ကျွန်တော်မှာ ဦးနှောက် ရှိတာပေါ့ ”

“ ထားလိုက်ပါတေ့ာ … မင်းကို ဝက်ဦးနှောက်ရှိတယ် ပြောရင် ဝက်တွေကို စော်ကားသလို ဖြစ်နေဦးမယ်”

မင်ရှစ်ရင်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။ “ ဘယ်သူ ပြောတာလဲ။ လျိုရှစ်တိ လား ဒါမှမဟုတ် အာ့ရှစ်ရှိုးလား””

“ကျွန်တော်ဘာသာ ကောက်ချက်ချလိုက်တာပါဆို ” ကျူးဟုန်ကုန်းက အပြစ်ကင်းသည့်ဟန်ဖြင့် ဆက်ပြောလိုက်သည်။

“ မင်း မပြောချင်လဲ ထားလိုက်တော့ … မင်း ဘယ်လောက်ကြောက်နေတာသာ ကြည့်တော့ ”

မင်ရှစ်ရင်က ပြုံးရင်း ဆက်ပြောလိုက်သည်။ “ ငါလည်း စာထဲကအတိုင်း တွေးမိသေးတယ်။ ဒါပေမဲ့ ငါက မင်းနဲ့ မတူဘူး … ငါက ရှစ်စွင်းကို အရမ်းလေးစားတာ ”

ကျူးဟုန်ကုန်း  “ … ”

“ လတ်တလော ရှစ်စွင်းက တောင်ပေါ်မှာပဲ ကျင့်ကြံနေတယ်။ အဲကြောင့် တောင်ပေါ်ကနေ ထွက်လာဦးမှာ မဟုတ်ဘူး။ မင်းလည်း ဒီမှာပဲ နေနေ … ပြဿနာ လိုက်ရှာမနေနဲ့ဦး။ ရှစ်စွင်းက မင်းကို သတ်ဖို့ အမိန့်မပေးခဲ့တာ ကံကောင်းသွားတယ် မှတ် ”

ကျူးဟုန်ကုန်းက စိတ်ပေါ့သွားကာ ဦးညွတ်လိုက်ပြီး  “ စစ်ရှစ်ရှိုးကို ကျေးဇူးတင်ပါတယ် ”

“ ပြီးတော့ အဲဒီတောပုန်းဓားပြတွေအကြောင်း ရှာဦး .. အဲဒါမှ ရှစ်စွင်းကို ပြန်တင်ပြလို့ ရမှာ ”

“ ရှစ်ရှိုး ပြောတာ ဟုတ်တယ်။ ကျွန်တော် သေချာစုံစမ်းလိုက်မယ် ”

မင်ရှစ်ရင်၏ ခြေတစ်လှမ်းစာက ပေတစ်ရာကျော် ရှိလေရာ ထွက်သွားပြီးနောက် ပုံရိပ်များသာ ချန်ထားရစ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူက ပျောက်ကွယ်သွားပြီး ရှာလို့ပင် မတွေ့တော့ပေ။

“ ရှစ်ရှိုးရေ ကောင်းကောင်းသွားပါ .. နှုတ်ဆက်ပါတယ် ”

All Chapters