လောကတစ်ခွင် အဖြစ်အပျက်များ
Vol. 2 Ch. 19
အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
“မင်း လာတာကောင်းတယ် လောင်စန်း၊ မင်းရဲ့ ဆရာတူညီလေးက သူ့လက်သီးသိုင်းအကြောင်း မေးခွန်းတချို့ ရှိနေတာ၊ မင်းက သူ့ကို ပြဿနာ ရှာတွေ့အောင် ကူညီပေးလို့ရတယ်”
လုကျိုးက ပြောလိုက်၏။
“တင်း အရံတာဝန် ပွင့်သွားပါပြီ၊ တပည့်မင်ရှစ်ရင်က တွမ့်မူရှန်း စီမံ့တာ ခံရမှာပါ”
တွမ့်မူရှန်းက ခေါင်းညိတ်ပြီး သူ့လက်သီးကို ဆုပ်မိုးလျက် “ဟုတ်ကဲ့ ရှစ်စွင်း၊ စစ်ရှစ်တိကို ပြဿနာအချက် ရှာတွေ့အောင် သေချာပေါက် ကူညီလိုက်ပါ့မယ်”
သူက မတ်တတ်ထရပ်ပြီး သူ့ဘေးရှိ ဒုက္ခဆင်းရဲရောက်နေသော မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက ငိုကြွေးနေသလို ခံစားရသော်ငြား သူ့တွင် မျက်ရည်မရှိပေ။
‘ဘာကြောင့်များ ဒါတွေက ငါ့ဆီ လာဖြစ်ရတာလဲ’
သူ ငြင်းနိုင်မလား။ ငြင်းလို့ရော ရအုံးမလား။ ပြောရရင် သူက တွမ့်မူရှန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။
‘ဆရာက ပိုပို ကလိမ်ကျလာတာပဲ။ အရင်တုန်းကတော့ ငါတို့ကို သူ ကိုယ်တိုင် ရိုက်တာ၊ ဒါပေမဲ့ အခုတော့ ရှစ်ရှိုးကို ငါ့ ရိုက်ခိုင်းနေပြီ’
“လောင်စန်း စရအောင်”
“အာ... ရှစ်ရှိုး ညင်သာပေးပါ”
ငြိမ်းချမ်းမှု ပြန်ရောက်လာကာ လူနှစ်ယောက်က ရှုမျှော်ဆောင်မှာ ထွက်သွားပြီး လုကျိုးကမူ တင်ပျဉ်ခွေချိတ်ထိုင်လျက် ဆက် အနားယူနေသည်။
‘မင်ရှစ်ရင်က နောက်ဆုံးတော့ ငါ့ကို သံသယဖြစ်လာပြီ၊ ဒီနှုန်းနဲ့ဆို သူက အနှေးနဲ့အမြန် ငါ့ကို တိုက်ခိုက်ဖို့ ဆင်ခြေရှာတော့မှာ၊ ပြီးရင် ငါက အထွတ်အထိပ် သဏ္ဌာန်ကတ်သုံးဖို့ ဖိအားပေးခံရအုံးမှာ’
ပထမအကြိမ် ရှိခဲ့လျှင် ဒုတိယအကြိမ် ရှိလာမှာပင်။
ကျိထျန်းတောက်က ကျန်သည့်သူများ မရောက်နိုင်သည့် နေရာကို ရောက်ခဲ့ခြင်းမှာ သူ၏ နက်နဲသော ကျင့်ကြံဆင့်အပြင် စနစ်မှ လျှို့ဝှက်ကတ်များစွာကိုလည်း ရထားသောကြောင့် ဖြစ်လောက်ပေသည်။ ထို့ကြောင့် သူ၏ တပည့်ကျော် ကိုးဦးနှင့် တစ်လောကလုံးရှိ သမာသမတ်ဂိုဏ်းသားများက သူ့ကို ကြောက်နေတာပင်။
ကံဆိုးသည်မှာ ယခုအချိန်တွင် လုကျိုး၌ လျှို့ဝှက်ကတ်ဟူရင် အထွတ်အထိပ် သဏ္ဌာန်ကတ်နှစ်ကတ်အပြင် ကျန်တာ မရှိတော့ပေ။
‘ပိုဆိုးမလာခင် ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာရမယ်’
မွန်းတည့်ချိန်တွင်...
ရှောင်ယွမ်အာက ရွှေနန်းဥယျာဉ်တောင်ကို ပြန်ရောက်လာကာ သတင်းပို့ရန်အတွက် ရှုမျှော်ဆောင်သို့ ရောက်လာသည်။
“ရှစ်စွင်း”
လုကျိုးက ခေါင်းညိတ်ပြီးနောက် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ရန် သူမကို လက်ဟန် ပြလိုက်၏။ ရှောင်ယွမ်အာက ထိုင်ချပြီး သူမ၏ လက်သီးကို ဆုပ်မိုးလျက် “ ရှစ်စွင်း ထန်းကျစ်နယ်ပြေမှာ နေ့ဝက်လောက် အချိန် ကုန်ခဲ့ပြီး တပည့် သတင်းတချို့ ရခဲ့ပါတယ်”
“ငါ့ကို ပြော”
“ရှစ်စွင်းက ထိပ်သီးဆယ်ယောက်ကို တိုက်ခိုက်ခဲ့ပြီးနောက် ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းက သူတို့ဘာသာ ချိန်ညှိနေကြတယ်။ သူတို့က ဘယ်တပည့်သစ်မှာ မခေါ်ရဲတော့ဘူးလို့ ပြောကြတယ်၊ ပြီးနောက် လော့ချန်းဖုန်း သေပြီးနောက် ကောင်းကင်ဓားဂိုဏ်းက ဂိုဏ်းတွင်း မတည်မငြိမ်ဖြစ်နေပြီး သူတို့ရဲ့ တပည့်ကြီး ကျိုးကျစ်ဖုန်းက ဂိုဏ်းထဲကနေ ထွက်သွားတယ်”
အားလုံးက လုကျိုး ထင်ထားသည့်အတိုင်းပင်။
“ကျန်တာရော”
“တခြားဂိုဏ်းတွေကတော့ ကောင်းကောင်းမွန်မွန် ရှိနေတာ၊ အဲဒါ အဲဒါက.... တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးက... ဖွီး... ငရဲဂိုဏ်းခေါင်းဆောင်က ရွှေနန်းဥယျာဉ်တောင်အကြောင်း စုံစမ်းဖို့ လူတွေ ဆက်လွှတ်နေတာ”
ရှောင်ယွမ်အာက လျှာတစ်လစ်ထုတ်လျက် “ငရဲဂိုဏ်းခေါင်းဆောင်က ရှစ်စွင်းကို အင်မတန် သတိထားနေပုံပဲ”
လုကျိုးက နှာခေါင်းရှုံ့ကာ ပြုံးလျက် ပြောလိုက်၏။
“ငါ သူ့ကို အများကြီး သင်ပေးခဲ့တယ်၊ ငရဲဂိုဏ်းရဲ့ ကြောက်ရွံ့ဖွယ်ကောင်းတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်စေခဲ့ပြီး သူ့ကို အထွတ်အထိပ်အဆင့်၊ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ရဲ့ ပြီးပြည့်စုံတဲ့ ကျင့်ကြံဆင့်ကို ပေးခဲ့တာ၊ ဒါတောင် သူ ငါ့ကို မထိနိုင်ဘူး”
“ဆရာက အစွမ်းထက်ပါပေတယ်”
ရှောင်ယွမ်အာက ခေါင်းတညိတ်ညိတ် ဖြစ်နေကာ သူမ၏ ရှစ်စွင်း ရန်သူများကို အနိုင်ယူခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိသောအခါ သူမ ကြောက်လန့်နေဆဲ ဖြစ်သည်။
လုကျိုးက ထိုစကားများကို ပြောလိုက်ချိန်တွင် တွမ့်မူရှန်းနှင့် မင်ရှစ်ရင် ကြားစေရန် တမင်တကာ အသံမြှင့်ခဲ့တာ ဖြစ်သည်။ ဆိုရလျှင် ထိုတပည့်နှစ်ဦးက သူ့ကို သံသယဖြစ်နေတရာပင်။ လိုအပ်လျှင် သူတို့ကို သူ ကြပ်မတ်ပေးရမည်။
“မင်းရဲ့ ရှစ်ရှိုးတွေလို မျက်နှာချို သွေးနေတာ တော်လိုက်တော့” လုကျိုးက ပြောလိုက်၏။
“အို”
“မင်း ဘာထပ်ကြားခဲ့လဲ”
ရှောင်ယွမ်အာက သူမ ကြားခဲ့သည့် သတင်းများကို အသေးစိတ် စပြောလိုက်သည်။ ဥပမာအနေဖြင့် မည်သူ့ အိမ် မီးလောင်သွားကြောင်း၊ မည်ဝါ့ခွေး ပျောက်သွားကြောင်း စသဖြင့် ဖြစ်သည်။
လုကျိုးက နားထောင်နေစဉ် မျက်မှောင်ကြုတ်သွား၏။
“ယွမ်အာ”
“ဟုတ် ရှစ်စွင်း”
“မင်း ငါ့ကို အရေးကြီးတဲ့ အဖြစ်အပျက်တွေ၊ ကျင့်ကြံခြင်းလောကနဲ့ ဆိုင်တာတွေပဲ ပြောပြဖို့လိုတယ်”
“ဪ”
ရှောင်ယွမ်အာက ခဏတာ စဉ်းစားလိုက်၏။ ပြီးနောက် သူမက စပြောပြန်သည်။ ယခုအခေါက်တွင် လတ်တလော ဖြစ်ပွားသည့် ကိစ္စရပ်များ ဖြစ်သည့် ကျင့်ကြံခြင်းလောကတွင် ဂိုဏ်းတစ်ဂိုဏ်းသုတ်သင်ခံရကြောင်း၊ တိုင်းပြည်တစ်ခုက အားနည်းလွန်းသောကြောင့် ကျန်သည့်တိုင်းပြည်များ သိမ်းပိုက်တာ ခံရကြောင်း၊ ပညာရှင်တချို့ လုယက် သတ်ဖြတ်ခံရကြောင်းတို့ ဖြစ်သည်။
အားလုံးကို တင်ပြရန် မိနစ်နှစ်ဆယ်ခန့် အချိန်ယူလိုက်ရသည်။
လုကျိုးက သူမ၏ မှတ်ဉာဏ်ကို မအံ့ဩဘဲ မနေနိုင်ပေ။ သူမက ငယ်သေးသော်လည်း မယုံနိုင်ဖွယ်ရာ မှတ်ဉာဏ်နှင့် အလားအလာကောင်း ရှိပေသည်။ ကံကောင်းသည်မှာ သူမက မိစ္ဆာဘက်သို့ အပြည့်အ၀ မပြောင်းသွားသေးပေ။ မဟုတ်လျှင် လုကျိုးက သူ့ကို ကူညီရန် ယုံရမည့်သူ ရှိတော့မှာ မဟုတ်ပေ။
သူမ ပြောပြတာ နားထောင်ပြီးနောက် လုကျိုးက “မင်းရဲ့ ရှစ်ရှိုးတွေကို ဒီခေါ်လာခဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း”
ရှောင်ယွမ်အာက ဆင်းသွားသည်။ “တင်း...မင်ရှစ်ရင်ကို ကြပ်မတ်ခြင်း အရံတာဝန်တစ်ခု ပြီးမြောက်ပါပြီ၊ သင်က ကုသိုလ်အမှတ် နှစ်ရာ ဆုချီးမြှင့်ခံရပါတယ်”