← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 8 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 8 Ch. 105-106

‎အခန်း (၁၀၅)- ပုရွက်ဆိတ်တစ်ကောင်မျှသာ၊ အရှင်သခင်၏ ဖြောင့်မတ်မှု၊ မိုက်မဲလွန်းလှခြင်း

‎

‎

‎

‎“ ငါ့ရဲ့ ထျန်းချိုကြယ်ကို မကယ်တင်နိုင်တော့ဘူးပဲ ”

‎

‎

‎သူ၏ဘေးတွင်... ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည်လည်း မျှော်လင့်ချက်မဲ့သော မျက်နှာအမူအရာဖြင့် ရှိနေခဲ့သည်။

‎

‎

‎ထျန်းချိုကြယ်ပေါ်ရှိ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီးများသည် ဤသန်းနှင့်ချီသော နတ်ဆိုးနယ်မြေစစ်တပ်၏ ရှေ့မှောက်တွင် စက္ကူကဲ့သို့ ကြေမွလွယ်ခဲ့ပြီး... သူတို့သည် တစ်ယောက်

‎ပြီးတစ်ယောက် ကျဆုံးခဲ့ရကာ... သူတို့၏ ဂိုဏ်းတံခါးများအတွင်းရှိ တပည့်များနှင့် အကြီးအကဲများအားလုံး ကြေကွဲဖွယ် အဆုံးသတ်များနှင့် တွေ့ကြုံခဲ့ရသည်။

‎

‎

‎ယခုအခါတွင်မူ... ဂိုဏ်းချုပ်ကြီးအချို့နှင့် ဟိုတစ်စဒီတစ်စ ကျန်ရှိတော့သော ဂိုဏ်းအကြီးအကဲများသာ... အသက်ရှင် ကျန်ရစ်တော့သည်။

‎

‎

‎“ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်တွေ ဘယ်မှာလဲ... ဘာလို့ သူတို့က ငါတို့ကို အားဖြည့်ဖို့ အခုထိ မလာကြသေးတာလဲ ”

‎

‎

‎သွေးပင်လယ်ထဲတွင် တိုက်ပွဲဝင်နေရင်း... အခြားဂိုဏ်းချုပ်ကြီးတစ်ဦးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

‎

‎

‎“ သူတို့ လာကြတော့မှာ မဟုတ်ဘူး..... ”

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်၏ မျက်နှာသည် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎နတ်ဆိုးနယ်မြေစစ်တပ်သည် ထျန်းချိုကြယ်ပေါ်သို့ ဆင်းသက်လာခဲ့သည်မှာ... နေ့တစ်ဝက်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

‎

‎

‎အကယ်၍ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်များက သူတို့ကို အားဖြည့်ရန် အမှန်တကယ် ရည်ရွယ်ခဲ့ပါက... သူတို့သည် စကြဝဠာတစ်ခုလုံးကို ဖြတ်ကျော်ခဲ့ရလျှင်ပင်... ယခုအချိန်တွင် ရောက်ရှိလာနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြမည် ဖြစ်သည်။

‎

‎

‎ဤအခိုက်အတန့်အထိ မည်သည့်ဧကရာဇ်မျိုးနွယ်မျှ ရောက်ရှိမလာခြင်းသည်... ဖြစ်နိုင်ခြေတစ်ခုတည်းကိုသာ ညွှန်ပြနေ၏... သူတို့သည် လုံးဝ လာ‌ရောက်ကယ်တင်ရန် ရည်ရွယ်ချက် မရှိခဲ့ခြင်းပင်။

‎

‎

‎“ သေစမ်းကွာ... ခုနက ကောင်းကင်ပြင်ပေါ်မှာ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေ အများကြီး မဟုတ်ဘူးလား... ဘာလို့ အခုထိ တစ်ယောက်တောင် ဆင်းမလာသေးတာလဲ ”

‎

‎

‎ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။

‎

‎

‎အစောပိုင်းတွင် ကုချန်အား ပြစ်တင်ရှုတ်ချနေစဉ်က... ထင်ယောင်ထင်မှားဖြစ်စေသော ကောင်းကင်ပြင်ပေါ်တွင် မဟာဧကရာဇ် ပုံရိပ် လေးခုထက်မနည်း... ထင်ရှားပေါ်ပေါက်ခဲ့သည်။

‎

‎

‎ယခုအခါတွင်မူ... ဧကရာဇ်မဟာမိတ် မဟာဧကရာဇ် တစ်ဦးတစ်ယောက်မျှပင် အကူအညီပေးရန်... ထျန်းချိုကြယ်သို့ ဆင်းသက်လာခြင်း မရှိသည်မှာ မည်သို့ ဖြစ်ရသနည်း။

‎

‎

‎“ ကုချန်က သူတို့ကို ပိတ်ဆို့ထားတာများ ဖြစ်မလား... သူက အဆုံးမဲ့ကမ္ဘာရဲ့ သစ္စာဖောက်ပဲ ”

‎

‎

‎ဂိုဏ်းချုပ်ကြီးတစ်ဦးက မထိန်းနိုင်ဘဲ ပြောလိုက်သည်။

‎

‎

‎ကုချန်ကြောင့် ဖြစ်နိုင်ပါ့မလား။

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်သည် သူ၏သွားများကို ကြိတ်လိုက်မိသည်။

‎

‎

‎အကယ်၍ ဤသည်မှာ အမှန်တကယ်သာ ဖြစ်ခဲ့ပါလျှင်... သူသည် တစ္ဆေသရဲတစ်ကောင် ဖြစ်သွားသည့်တိုင်... ကုချန်အား မျိုးဆက်ပေါင်းများစွာ ကျိန်ဆဲမည်ဖြစ်ပြီး... သူ့အား ဆိုးရွားသော အဆုံးသတ်နှင့် တွေ့ကြုံစေရန် ဆုတောင်းမည် ဖြစ်သည်။

‎

‎

‎“ ဟက် ”

‎

‎

‎ဤကျန်ရှိနေသေးသော ထျန်းချိုကြယ်၏ စွမ်းအားကြီး ကျင့်ကြံသူအနည်းငယ်တို့ ခုခံရန် ရုန်းကန်နေကြစဉ်မှာပင်... အနည်းငယ် အေးစက်စက် နိုင်သော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

‎

‎

‎နောက်တစ်ခဏတွင်... ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ် အပါအဝင်... အသက်ရှင်ကျန်ရစ်သူ ထျန်းချိုကြယ်၏ စွမ်းအားရှင်များအားလုံးသည် စိတ်ကူးမယဉ်နိုင်သော... ခုခံနိုင်စွမ်းမရှိသော... ကြောက်မက်ဖွယ် ဖိအားတစ်ခု ဆင်းသက်လာသည်ကို ခံစားလိုက်ရပြီး... ချက်ချင်းပင် သူတို့ကို ဒူးထောက်စေကာ... မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေသည်။

‎

‎

‎အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး... ရှေးဟောင်းနတ်ဆိုးတောင်ထွတ်တစ်ခုကဲ့သို့ ကျယ်ပြန့်ပြီး... အဆုံးအစမရှိသော ပုံရိပ်တစ်ခုသည် တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့၏။

‎

‎

‎ဧကရာဇ်အဆင့် တည်ရှိမှုပင်.....

‎

‎

‎ဆင်းသက်လာသော ပုံရိပ်ကို ကြည့်ရင်း... ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်၏ မျက်လုံးများသည် နီရဲနေ၏။

‎

‎

‎မဟာဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော နတ်ဆိုးနယ်မြေ အရှင်သခင်တစ်ပါး ရောက်ရှိလာခဲ့ပြီ။ သူတို့ မည်သို့ ခုခံနိုင်မည်နည်း။ သူတို့သည် လက်ချောင်းတစ်ချောင်းပင် မလှုပ်ရှားနိုင်ကြဘဲ... မိမိကိုယ်ကို သတ်သေလိုသော ဆန္ဒသည်ပင်လျှင် အချည်းနှီးသော စိတ်ကူးယဉ်မှုတစ်ခုမျှသာ ဖြစ်နေသည်။

‎

‎

‎“ တိရစ္ဆာန်ကောင် ”

‎

‎

‎နတ်ဆိုးနယ်မြေ အရှင်သခင် ဆင်းသက်လာသည်ကို မြင်သောအခါ... ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် အလိုအလျောက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

‎

‎

‎“ ပုရွက်ဆိတ်လေးတွေက ကောင်းကင်ကို စကားစပြောရဲကြသေးတာလား ”

‎

‎

‎မိုယွဲ့အရှင်သည် ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအား အေးစက်စက် ကြည့်လိုက်ပြီး... မည်သည့် လှုပ်ရှားမှု တစ်ခုမျှ ပြုလုပ်ဟန်မတွေရဘဲ... ငရဲဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားကာ... ကောင်းကင်နှင့်မြေကြီးအနှံ့ သွေးစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး... အရိုးတစ်ချောင်းမျှပင် ကျန်ရစ်ခြင်း မရှိခဲ့ပေ။

‎

‎

‎“ ပုရွက်ဆိတ်တွေ..... ”

‎

‎

‎မိုယွဲ့အရှင်သည် သူ၏ဖိအားအောက်တွင် ဒူးထောက်နေရသော ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်နှင့် အခြားသူများကို မထီမဲ့မြင် ကြည့်လိုက်ရာ... သူ၏မျက်လုံးများထဲတွင် အေးစက်မှုနှင့် မထီမဲ့မြင်ပြုမှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

‎

‎

‎အမှန်စင်စစ်... အကယ်၍ သူသာ ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်နှင့် အခြားသူများ၏ နောက်ဆုံး အသက်လု၍ ရုန်းကန်မှုကြောင့်... မိမိ၏ နတ်ဆိုးနယ်မြေ စစ်သားများ အလွန်အကျွံ သေဆုံးမှု မဖြစ်စေလိုခြင်း မဟုတ်ပါက... သသည် ဤနေရာသို့ ဆင်းသက်လာမည်ပင် မဟုတ်ချေ။

‎

‎

‎“ နတ်ဆိုးနယ်မြေ အရှင်သခင်... မင်းက ငါတို့ အဆုံးမဲ့ကမ္ဘာကို ဗြောင်ကျကျ ကျူးကျော်ပြီး မခွဲခြားဘဲ သတ်ဖြတ်နေတာ... ငါတို့ အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေရဲ့ လက်တုံ့ပြန်တာကို မကြောက်ဘူးလား ”

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်သည် သူ၏အဆုံးသတ် နီးကပ်လာပြီဖြစ်ကြောင်း သဘောပေါက်သွားဟန်တူ၏။ ထို့ကြောင့် မည်သည့် ချုပ်တည်းမှုမျှ မရှိတော့ဘဲ ဟိန်းဟောက်လိုက်တော့သည်။

‎

‎

‎အမှန်စင်စစ်... သူသည် သေးငယ်သော စိတ်ကူးယဉ်ဆန်သည့် မျှော်လင့်ချက်လေးတစ်ခုကို ဆက်လက် ပိုက်ထွေးထားဆဲ ဖြစ်သည်။

‎

‎

‎အကယ်၍များ.....

‎

‎

‎အကယ်၍များ ဤနတ်ဆိုးနယ်မြေ စွမ်းအားရှင်များသည် ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်၏ အမည်နာမကြောင့် ကြောက်လန့်သွားပြီး ဆုတ်ခွာသွားခဲ့လျှင်.....

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... ဧကရာဇ်မဟာမိတ်အတွင်းရှိ မဟာဧကရာဇ်များသည်... နတ်ဆိုးနယ်မြေကို နှစ်ကိုးသောင်းတိတိ တားဆီးထားနိုင်ခဲ့သည်။

‎

‎

‎နတ်ဆိုးနယ်မြေကို ဤမျှကြာအောင် ခုခံနိုင်ခဲ့သဖြင့်... ဤနတ်ဆိုးနယ်မြေ အရှင်သခင်များသည် ဧကရာဇ်မဟာမိတ် မဟာဧကရာဇ်များ၏ တန်ခိုးစွမ်းအားကို တွေ့ကြုံခံစားခဲ့ဖူးကြရမည် မဟုတ်ပါလော။

‎

‎

‎သို့သော်... ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ် မျှော်လင့်မထားခဲ့သည်မှာ.....

‎

‎

‎သူ၏ရှေ့မှောက်ရှိ အဆုံးအစမရှိ ခန့်ညားထည်ဝါသော နတ်ဆိုးနယ်မြေ အရှင်သခင်သည်... ဧကရာဇ်မဟာမိတ် မဟာဧကရာဇ်၏ အမည်ကို ကြားသောအခါ... ခဏမျှ ရပ်တန့်သွားပြီးနောက်... မထီမဲ့မြင် လှောင်ရယ်လိုက်သည်။

‎

‎

‎“ ဟက်... မင်း ဆိုလိုတာက လွန်ခဲ့တဲ့အချိန်တုန်းက ဧကရာဇ်ဂိတ်ကို လာခဲ့ပြီး... ငါတို့တွေကို ရှုံးနိမ့်ပြီး... အသေအကြေ ထွက်ပြေးခဲ့ရတဲ့ အဲ့ဒီ အရူးမကို ပြောတာလား ”

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်၏ စကားများကို ကြားသောအခါ... မိုယွဲ့အရှင်သည် လွန်ခဲ့သော ရက်အနည်းငယ်က ဧကရာဇ်ဂိတ်တွင်... သူမြင်တွေ့ခဲ့သော ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီကို တွေးမြင်မိလိုက်သည်။

‎

‎

‎သူသည် ထိုအမျိုးသမီးကဲ့သို့ မိုက်မဲသော ဧကရာဇ်အဆင့်တစ်ဦးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့်... ထိုဧကရီ၏ ပုံရိပ်သည် အတော်လေး စွဲကျန်နေခဲ့သည်။

‎

‎

‎“ ဟွန်း... အခု ငါတို့ မဟာဧကရာဇ်တွေကို လျှော့တွက်ပြီး ပြောနေတော့ ဘာထူးမှာလဲ။ ဒါက မင်းတို့ရဲ့ အဆင့်အတန်းကိုပဲ ပိုကျဆင်းစေလိမ့်မယ် ”

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်သည် စိတ်ကို လုံးဝ လွှတ်ချလိုက်ပြီး... သေခြင်းကို မကြောက်တော့ဘဲ ပြောလိုက်သည်။

‎

‎

‎“ တကယ်လို့ ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေက မင်းပြောသလို တကယ်ပဲ အရည်အချင်းမရှိခဲ့ဘူးဆိုရင်... သူတို့က မင်းတို့ နတ်ဆိုးနယ်မြေကို နှစ်ကိုးသောင်းတိတိ ဘယ်လိုလုပ် တားဆီးထားနိုင်ခဲ့မှာလဲ... ဒါက မင်းတို့က ငါတို့ ဧကရာဇ်မဟာမိတ် မဟာဧကရာဇ်တွေထက်တောင် ပိုပြီး နိမ့်ကျတယ်ဆိုတာကို... သက်သေပြနေတာ မဟုတ်ဘူးလား ”

‎

‎

‎မည်သို့ပင်ဖြစ်စေ သေရမည်ဖြစ်ရာ... ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်သည် အလွန်အမင်း အရှက်ရဖွယ် သေဆုံးခြင်းမျိုး မဖြစ်လိုခဲ့ပေ။

‎

‎

‎သူ မသေဆုံးမီတွင်... ဤနတ်ဆိုးနယ်မြေ အရှင်သခင်အား ပြန်လည်ချေပနိုင်ခဲ့ပြီး... သူ့အား မျက်နှာပျက်စေခဲ့မည်ဆိုလျှင်... အနည်းဆုံးတော့ သူသည် အချည်းနှီး အသက်‌ဆုံးခဲ့ရခြင်း မဟုတ်ပေ။

‎

‎

‎“ ဟုတ်တယ်လေ... မင်းတို့ တကယ်သာ တော်နေရင်... ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က ဧကရာဇ်တွေက မင်းတို့ကို နှစ်ကိုးသောင်းကြာအောင်... ဘယ်လိုလုပ် တားထားနိုင်ခဲ့မှာလဲ ”

‎

‎

‎“ ဟားဟား... မင်းတို့က ငါတို့ ဧကရာဇ်တွေကို လျှော့တွက်ချင်နေတုန်းပဲ... ဒါက မင်းတို့ နတ်ဆိုးနယ်မြေ အရှင်သခင်တွေကို... ပိုပြီးတောင် သနားစရာ ကောင်းသွားစေမှန်း မသိဘဲနဲ့ ”

‎

‎

‎အခြား အင်မော်တယ်ဂိုဏ်းချုပ် အနည်းငယ်သည်လည်း သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ကြဟန်တူပြီး... သူ၏စကားများကို ထောက်ခံ ပြောဆိုကြသည်။

‎

‎

‎သို့သော်... သူတို့၏ စကားများသည် မိုယွဲ့အရှင်အား ခဏမျှ ရပ်တန့်သွားစေပြီး... သူသည် ရယ်စရာတစ်ခုခု ကြားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

‎

‎

‎“ ဧကရာဇ်မဟာမိတ်အဖွဲ့က ငါတို့ကို နှစ်ကိုးသောင်း တားဆီးထားခဲ့တယ် ဟုတ်လား... ဟားဟား... ဟားဟားဟားဟား... ဒါက တကယ်ပဲ ငါ နှစ်သောင်းပေါင်းများစွာအတွင်း ကြားခဲ့ရသမျှထဲမှာ အရယ်ရဆုံး ဟာသပဲ ”

‎

‎

‎မိုယွဲ့အရှင်သည် ရယ်မောခြင်းဖြင့် ပေါက်ကွဲထွက်သွားပြီး... သူ၏ တုန်ခါနေသော ရယ်သံကြီးသည် ကမ္ဘာလောကတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။

‎

‎

‎“ ငါပြောတာ မမှန်လို့လား ”

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်က သူ၏လည်ပင်းကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။

‎

‎

‎“ တကယ်လို့သာ ကုချန်က ငါတို့နယ်မြေကို သစ္စာဖောက်ပြီး... ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က ဧကရာဇ်တွေကို ထိခိုက်စေဖို့... မင်းတို့ မိစ္ဆာဆိုးတွေနဲ့ ပူးပေါင်းခဲ့တာ မဟုတ်ဘူးဆိုရင်... မင်းတို့က ငါတို့နယ်မြေကို ကျူးကျော်တယ်ဆိုတာကို အိပ်မက်သာ မက်နေရမှာပဲ ”

‎

‎

‎“ ကုကောင်းကင်ဘုံဧကရာဇ်က မင်းတို့ကို သစ္စာဖောက်တယ် ဟုတ်လား...? ဟားဟားဟားဟား... မင်းတို့ ဘာတွေပြောနေမှန်းရော ကိုယ့်ကိုယ်ကိုယ် သိကြရဲ့လား ”

‎

‎

‎ဤအခိုက်အတန့်တွင်... မိုယွဲ့အရှင်သည် အခြား နတ်ဆိုးနယ်မြေ အရှင်သခင်များအားလုံးကိုပင် ခေါ်ယူပြီး... ဤ 'ပြက်လုံး' ဆန်သော မြင်ကွင်းကို သူနှင့်အတူ လာရောက်ကြည့်ရှုစေချင်နေမိသည်။

‎

‎

‎“ ဒီနှစ်ကိုးသောင်းအတွင်းမှာ... မင်းတို့ရဲ့ ကုကောင်းကင်ဘုံဧကရာဇ်က ဧကရာဇ်ဂိတ်ကို တည်ထောင်ပြီး... ဧကရာဇ်ဂိတ်မှာ ငါတို့တွေကို တားဆီးထားခဲ့တာ မဟုတ်ဘူးဆိုရင်... အဆုံးမဲ့ကမ္ဘာလေးတစ်ခုလောက်က ငါတို့ နတ်ဆိုးနယ်မြေ စစ်သည်တော်တွေရဲ့ အောက်မှာ ဟိုးအရင်ကတည်းက ပြားပြားဝပ်နေလောက်ပြီ... မင်းတို့က ဘယ်လိုလုပ် ဒီလောက်ကြာအောင် လွတ်လပ်မှုကို ခံစားနေနိုင်မှာလဲ ”

‎

‎

‎မိုယွဲ့အရှင်က လှောင်ရယ်လိုက်သည်။

‎

‎

‎“ မင်းတို့ပြောနေတဲ့ အဲ့ဒီ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေ ဆိုတာကတော့... ငါ နယ်စပ်ကို စောင့်ရှောက်ပြီး မင်းတို့ ကုကောင်းကင်ဘုံဧကရာဇ်နဲ့ နှစ်သောင်းပေါင်းများစွာကြာအောင် ရင်ဆိုင်ခဲ့ရပေမယ့်... အရိပ်တစ်ခုတောင် မမြင်ဖူးခဲ့ဘူး ”

‎

‎

‎“ မင်းတို့တွေက... မင်းတို့ကို နှစ်ကိုးသောင်းကြာအောင် ကာကွယ်ပေးခဲ့တဲ့ ကုကောင်းကင်ဘုံဧကရာဇ်ကိုတော့ သစ္စာဖောက်လို့ သတ်မှတ်တယ်... ဒါပေမဲ့ ငါတို့နယ်မြေနဲ့ တစ်ခါမှ မယှဉ်ပြိုင်ရဲ... မတိုက်ခိုက်ရဲခဲ့တဲ့ အဲ့ဒီ ကြောက်မွှေးပါတဲ့ ဧကရာဇ်တွေကျတော့... သူရဲကောင်းတွေ၊ အားကိုးရာကြီးတွေအဖြစ် မှတ်ယူကြတယ်။ ဒီလို အဖြူအမည်း ပြောင်းပြန် မှတ်ထားတာက တကယ်ကို ရယ်စရာပဲ... တကယ် ရယ်စရာကောင်းတယ် ”

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်နှင့် အခြားသူများ၏ ကုချန်အား အသရေဖျက်နေသော လုပ်ရပ်များသည် အလွန်ဆိုးရွားလွန်းသဖြင့်... မိုယွဲ့အရှင်ပင်လျှင် သည်းမခံနိုင်တော့ဘဲ... ကုချန်အတွက် 'မှတ်တမ်းကို ပြန်လည်ပြင်ဆင်' ပြောဆိုပေးလိုက်သည်။

‎

‎

‎ကုကောင်းကင်ဧကရာဇ်က မင်းတို့ အဆုံးမဲ့ကမ္ဘာကို ဒီလောက်ကြာအောင် ရှင်းရှင်းလင်းလင်း ကာကွယ်ပေးခဲ့တာတောင်... မင်းတို့က အခု သူ့ကို သစ္စာဖောက်လို့ သတ်မှတ်နေကြတယ် ဟုတ်လား။

‎

‎

‎ဒီအဆုံးမဲ့ကမ္ဘာက သတ္တဝါတွေကတော့ တကယ်ကို မိုက်မဲလွန်းလှတာပဲ.....

‎

‎အခန်း (၁၀၆)- ခံစားထိုက်သော ဒုက္ခ၊ ထျန်းကျောင်းကြယ် ပျက်စီးခြင်း၊ နဂါးရင်းမြစ်အရှင် ငါးမျှားချိတ်ကို ဟပ်မိခြင်း

‎

‎

‎

‎" မင်း ဘာတွေပြောနေတာလဲ "

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး... မယုံကြည်နိုင်စွာ ဟိန်းဟောက်လိုက်၏။

‎

‎

‎" မင်းပြောတာက ဧကရာဇ်မဟာမိတ်က ဧကရာဇ်တွေက ဧကရာဇ်ဂိတ်ကို ဘယ်တုန်းကမှ မစောင့်ရှောက်ခဲ့ဘဲ... ကုချန်ကသာ ငါတို့ကို နှစ်ကိုးသောင်းလုံးလုံး စောင့်ရှောက်ပေးခဲ့တယ် ဟုတ်လား... မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ငါ့ရဲ့ တာအိုနှလုံးသားကို လာပြီး မနှောင့်ယှက်နဲ့ "

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်သည် သူ၏ရှေ့မှ နတ်ဆိုးနယ်မြေအရှင်သခင်က သူ့အား လှည့်ဖြားနေသည်ဟု ခံစားလိုက်မိသည်။

‎

‎

‎ကုချန်က လူသားမျိုးနွယ်နှင့် အဆုံးမဲ့ကမ္ဘာကို သစ္စာဖောက်ခဲ့ခြင်းမှာ သေချာပြီးသား ကိစ္စဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ... ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်၏ စွပ်စွဲချက်များကို ရင်ဆိုင်ရသည့်အခါ... ကုချန်ကိုယ်တိုင်ပင်လျှင် တစ်ခါမျှ ငြင်းဆန်ခဲ့ခြင်း မရှိခဲ့ပေ။

‎

‎

‎သို့သော် ယခုအခါ... ဤနတ်ဆိုးနယ်မြေအရှင်သခင်က အဆုံးမဲ့ကမ္ဘာ၏ နှစ်ကိုးသောင်းကြာ ငြိမ်းချမ်းရေးမှာ... ကုချန်၏ ကာကွယ်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုနေသည်။

‎

‎

‎၎င်းမှာ လုံးဝ မဖြစ်နိုင်ပေ။

‎

‎

‎" ဟက်! မင်းက နတ်ဆိုးနယ်မြေ အရှင်သခင် ဖြစ်နေရင်တောင်... ဒီလို နုံချာတဲ့ ဆင်ခြေတစ်ခုနဲ့ ငါတို့ကို လာလှည့်စားဖို့ မကြိုးစားနဲ့ "

‎

‎

‎" ဟုတ်တယ်... ဟုတ်တယ်။ တကယ့်ယောက်ျားဆိုတာ သေချိန်တန်ရင် သေရမှာပဲ... မသေခင်မှာ ငါတို့ရဲ့ တာအိုနှလုံးသားထဲ လာပြီး သပ်လျှိုသွေးခွဲဖို့ ကြိုးစားနေတာလား။ တကယ်ကို နတ်ဆိုးလမ်းစဉ်ရဲ့ ပရိယာယ်ပဲ။ ကံမကောင်းစွာနဲ့ပဲ... ငါတို့က အဲ့ဒီအထဲ ကျရှုံးသွားမှာ မဟုတ်ဘူး "

‎

‎

‎" မင်း သတ်ချင်ရင် သတ်လိုက်စမ်း။ ငါတို့က မင်းရဲ့ လှည့်ဖြားတာကို ခံရမှာ မဟုတ်ဘူး "

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်နှင့် အခြားသူများက သေခြင်းတရားကို လက်ခံကြိုဆိုသည့်ဟန် ပြုမူနေကြသော်လည်း... သူ၏စကားများကို လုံးဝ မယုံကြည်ကြသည်ကို မြင်သောအခါ... မိုယွဲ့အရှင်သည် ဒေါသထွက်လွန်း၍ ရယ်မောမိမတတ် ဖြစ်သွားသည်။

‎

‎

‎" ဟားဟား... စိတ်ဝင်စားဖို့ကောင်းတယ်... တကယ် စိတ်ဝင်စားဖို့ကောင်းတယ် "

‎

‎

‎" ကောင်းပြီ... မင်းတို့က အဲ့ဒီ ကုကောင်းကင်ဘုံဧကရာဇ်ကို ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း အထင်လွဲနေတာဆိုတော့... ဘာတွေဖြစ်ခဲ့လဲဆိုတာ ဒီအရှင်သခင် ကြည့်ခွင့်ပေးပါဦး "

‎

‎

‎မိုယွဲ့အရှင်သည် လှောင်ရယ်လိုက်ပြီး... အင်မော်တယ်တာအိုဂိုဏ်းချုပ်တစ်ဦးကို လှမ်းဆွဲလိုက်ကာ... သူ၏လက်ဖဝါးကို ထိုသူ၏ ဦးခေါင်းထိပ်ပေါ်သို့ ဖိတင်လိုက်ပြီး... ချက်ချင်းပင် သူ့အား အရည်ကျိုကာ သူ၏ ဝိညာဉ်ကို ရှာဖွေလိုက်သည်။

‎

‎

‎ရှုပ်ထွေးနေသော မှတ်ဉာဏ်များ ဆက်တိုက် တိုးထွက်လာသည်။

‎

‎

‎မိုယွဲ့အရှင်သည် လွန်ခဲ့သော ခဏက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လျင်မြန်စွာ မြင်တွေ့လိုက်ရသည်။

‎

‎

‎ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်က ကုချန်အား မှားယွင်းစွာ စွပ်စွဲကာ... အဆုံးမဲ့ကမ္ဘာ၏ သစ္စာဖောက်အဖြစ် တံဆိပ်ကပ်ခဲ့ပြီး... အဆုံးမဲ့ကမ္ဘာတစ်ခုလုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ သံသယမဝင်ခဲ့ရုံသာမက... ဆန့်ကျင်ဘက်အနေဖြင့်... အသံအားလုံးက ကုချန်အား ပြစ်တင်ရှုတ်ချနေကြသည်ကို သူမြင်တွေ့လိုက်ရသောအခါ... မိုယွဲ့အရှင်သည် အမှန်တကယ်ပင် အသိဉာဏ်ပွင့်လင်းသွားခဲ့သည်။

‎

‎

‎" ကုကောင်းကင်ဘုံဧကရာဇ်... အဲ့ဒီအရှင်သခင်က မင်းတို့အတွက် တကယ်ကို မထိုက်တန်ဘူးလို့ ခံစားမိတယ် "

‎

‎

‎မိုယွဲ့အရှင်သည် လှောင်ရယ်လိုက်သည်။

‎

‎

‎ဤသည်မှာ ကုကောင်းကင်ဘုံဧကရာဇ်က နှစ်ကိုးသောင်းတိတိ ကာကွယ်ပေးခဲ့သော အဆုံးမဲ့ကမ္ဘာ၏ လူထုလော။

‎

‎

‎ဤသို့ အသိဉာဏ်မဲ့ပြီး မိုက်မဲသော သတ္တဝါများ ဖြစ်နေ၏။ မိုယွဲ့အရှင်သည် ကုချန်အတွက် တန်ဖိုးမရှိဟုပင် ခံစားမိသည်။

‎

‎

‎ဖြစ်နိုင်သည်မှာ... ထိုကုကောင်းကင်ဘုံဧကရာဇ် ကိုယ်တိုင်ပင်လျှင်... ယခုအချိန်တွင် စိတ်ပျက်အားငယ်နေလောက်ပြီ ဖြစ်မည်။

‎

‎

‎မဟုတ်လျှင်... ဧကရာဇ်မဟာမိတ် မဟာဧကရာဇ်၏ စွပ်စွဲချက်များကို ရင်ဆိုင်ရသည့်အခါ... သူသည် မိမိကိုယ်ကို ကာကွယ် ခုခံမည့် အရိပ်အယောင် တစ်စုံတစ်ရာ မပြခဲ့ခြင်း ဖြစ်သည်။

‎

‎

‎နှလုံးသား သေဆုံးသွားခြင်းထက် ပိုကြီးမားသော ဝမ်းနည်းပူဆွေးမှု မရှိပေ။

‎

‎

‎ဖြစ်နိုင်သည်မှာ... ထိုကုကောင်းကင်ဘုံဧကရာဇ်သည် ဤအသိဉာဏ်မဲ့သော အဆုံးမဲ့ကမ္ဘာ သတ္တဝါများကို ကာကွယ်ပေးရန်... အမှန်တကယ်ပင် ရည်ရွယ်ချက် မရှိတော့ခြင်း ဖြစ်မည်။

‎

‎

‎ဤသို့တွေးမိသောအခါ... မိုယွဲ့အရှင်၏ စိတ်အခြေအနေမှာ... မထိန်းနိုင်ဘဲ ပျော်ရွှင်လာ၏။

‎

‎

‎သေခြင်းတရားကို လက်ခံကြိုဆိုနေသော ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်နှင့် အခြားသူများကို ကြည့်ရင်း... မိုယွဲ့အရှင်သည် နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

‎

‎

‎" ဒီအရှင်သခင်က နတ်ဆိုးနယ်မြေ အရှင်သခင်ပဲ... မင်းတို့လို ပုရွက်ဆိတ်လေးတွေကို လိမ်ညာဖို့ ဘာလိုအပ်လို့လဲ "

‎

‎

‎" ဧကရာဇ်မဟာမိတ်...? ဟက်! ကြောက်မွှေးပါတဲ့တစ်သိုက်... သူတို့က ငါတို့ရဲ့ ရန်သူဖြစ်ဖို့... ဒါမှမဟုတ် မင်းတို့ကမ္ဘာရဲ့ ကုကောင်းကင်ဘုံဧကရာဇ်နဲ့ နှိုင်းယှဉ်ခံရဖို့တောင် ထိုက်တန်လို့လား "

‎

‎

‎ကုချန်အပေါ်၌... မိုယွဲ့အရှင်ကဲ့သို့သော နတ်ဆိုးနယ်မြေ အရှင်သခင်များသည် အမုန်းတရားနှင့် ကြောက်ရွံ့မှု ရှိကြသော်လည်း... လေးစားမှုလည်း ရှိကြ၏။

‎

‎

‎ယခု... ဤအဆုံးမဲ့ကမ္ဘာအတွင်းရှိ ဧကရာဇ်မဟာမိတ်၏ ကြွက်သဖွယ် ပုံရိပ်များသည် ဂုဏ်ယူရန် ကြိုးစားနေကြပြီး... သူတို့ကိုယ်ကို နတ်ဆိုးနယ်မြေအား ခုခံခဲ့သော သူရဲကောင်းများအဖြစ်... လှပအောင် ပုံဖော်နေကြသည်။ ဤသို့သော လုပ်ရပ်များက မိုယွဲ့အရှင်အား မထီမဲ့မြင်ပြုနေသလို ခံစားရစေသည်။

‎

‎

‎ဟုတ်ပါသည်။ မိုယွဲ့အရှင်သည် ကုချန်အတွက် အဖြစ်မှန်ကို ရှင်းလင်းပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

‎

‎

‎အကယ်၍ ဤအဆုံးမဲ့ကမ္ဘာ၏ သတ္တဝါများက ရုတ်တရက် အမှန်တရားကို သိရှိသွားပြီး... ထိုကုကောင်းကင်ဘုံဧကရာဇ်က သူတို့ကို ကာကွယ်ပေးလိုသော အတွေး တစ်ဖန် ပြန်လည် ရရှိသွားလျှင်... မည်သို့လုပ်မည်နည်း။

‎

‎

‎ဤအသိဉာဏ်မဲ့သော သတ္တဝါများကို အသိဉာဏ်မဲ့စွာ ဆက်လက် နေထိုင်ခွင့် ပေးထားခြင်းက ပိုကောင်းသည်။

‎

‎

‎

‎ဤအဆုံးမဲ့ကမ္ဘာ သတ္တဝါများ၏ အသိဉာဏ်မဲ့သော အတွေးများသည် သူတို့ ခံစားနေရသော ဒုက္ခဆင်းရဲနှင့် အမှန်တကယ် ထိုက်တန်လှသည်။

‎

‎

‎" မဖြစ်နိုင်ဘူး..... "

‎

‎

‎မိုယွဲ့အရှင်၏ အေးစက်သော အကြည့်နှင့် စကားသံများကို မြင်ရ ကြားရသောအခါ... ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်နှင့် အခြားသူများသည် မထိန်းနိုင်ဘဲ စတင် ယိမ်းယိုင်လာကြသည်။

‎

‎

‎ဟုတ်ပေသည်... မိုယွဲ့အရှင်သည် ဤအခိုက်အတန့်တွင် သူတို့ကို လှည့်ဖြားစရာ အကြောင်းအရင်း မရှိပေ။

‎

‎

‎မည်သို့ပင်ဖြစ်စေ... သူတို့အားလုံး သေရမည် ဖြစ်ရာ... သူတို့ကို ထပ်မံ လှည့်ဖြားနေခြင်းတွင် မည်သည့် အဓိပ္ပာယ် ရှိမည်နည်း။

‎

‎

‎ဤနတ်ဆိုးနယ်မြေ အရှင်သခင် ပြောခဲ့သည်မှာ အမှန်တရားများ ဖြစ်နိုင်ပါမည်လော။

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နေ၏။

‎

‎

‎အကယ်၍ ဤသည်မှာ အမှန်တကယ်သာ ဖြစ်ခဲ့ပါလျှင်... ဧကရာဇ်မဟာမိတ်၏ ဧကရာဇ်များက အဆုံးမဲ့ကမ္ဘာ သတ္တဝါများကို လှည့်ဖြားခဲ့သည်ဟု ဆိုလိုခြင်းပင်။

‎

‎

‎ကုကောင်းကင်ဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာအတွက်... အမြဲတမ်း တိတ်တဆိတ် ပေးဆပ်ခဲ့သူ ဖြစ်သည်။

‎

‎

‎ထို ဧကရာဇ်မဟာမိတ် ဧကရာဇ်များမှာမူ လုံးဝ ဘာမျှ မလုပ်ခဲ့ကြပေ။

‎

‎

‎အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါလျှင်... ဤအဆုံးမဲ့ကမ္ဘာ သတ္တဝါများအားလုံးသည် ထို ကုချန်မဟာဧကရာဇ်အား အထင်လွဲခဲ့ကြသည်ဟု အဓိပ္ပာယ်ရမည်.....

‎

‎

‎" ဒီလို မဖြစ်နိုင်ဘူး... ဒီလို မဖြစ်နိုင်ဘူး..... "

‎

‎

‎ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်သည် မိမိကိုယ်ကို ညည်းညူရင်း... ဤသည်မှာ အမှန်တရားဖြစ်သည်ကို မယုံကြည်လို... မယုံကြည်ဝံ့ ဖြစ်နေသည်။

‎

‎

‎ထို့အတူ... အခြားသူများ၏ စိတ်များမှာလည်း... သူ့ကဲ့သို့ပင် ပြောင်းလဲ စပြုလာခဲ့သည်။

‎

‎

‎ငါတို့ အမှန်တကယ်ပဲ... ကုကောင်းကင်ဘုံဧကရာဇ်ကို အထင်လွဲခဲ့ကြလေသလား။

‎

‎

‎သို့သော်... ပေါင်းစည်းခြင်းလမ်းစဉ်ဂိုဏ်းချုပ်နှင့် အခြားသူများ နောင်တရစပြုလာလျှင်ပင်... အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎အကြောင်းမှာ မိုယွဲ့အရှင်သည် ရက်စက်စွာ လှုပ်ရှားခဲ့ပြီး ဖြစ်သောကြောင့်... သူ၏ စွမ်းအား အမျှင်တန်းတစ်ခု တိုက်ခတ်သွားခဲ့ရာ... လူတိုင်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး... ပျက်စီးကာ ပျောက်ကွယ်သွားကြသည်။

‎

‎

‎" နောက် ရှင်သန်ခြင်းရှေးဟောင်းကြယ် တစ်ခုဆီ သွားကြတာပေါ့ "

‎

‎

‎ဤထျန်းချိုကြယ်ပေါ်ရှိ နောက်ဆုံး ကျန်ရှိနေသော သက်ရှိများကို ပေါ့ပေါ့ပါးပါး ချေမှုန်းပြီးနောက်... မိုယွဲ့အရှင်သည် အေးစက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

‎

‎

‎" ဟုတ်ကဲ့! "

‎

‎

‎သူ၏နောက်မှ နတ်ဆိုးနယ်မြေ စစ်သည်တော်များစွာက ပြင်းပြသော အကြည့်များဖြင့် တုံ့ပြန်ကြပြီးနောက်... သူတို့၏ စစ်သင်္ဘောများပေါ်သို့ တက်ကာ... နောက်ထပ် စစ်မြေပြင်တစ်ခုဆီသို့ ဦးတည် ထွက်ခွာသွားကြသည်။

‎

‎

‎နတ်ဆိုးနယ်မြေစစ်တပ် ထွက်ခွာသွားလေပြီ။

‎

‎

‎စစ်မီးများ၏ မီးခိုးငွေ့များဖြင့် ပြည့်နေသော... အဆုံးစွန် တိတ်ဆိတ်ငြိမ်သက်နေသည့် ကြယ်တစ်လုံးကိုသာ ထားရစ်ခဲ့သည်။

‎

‎

‎ထျန်းချိုကြယ်... ပျက်စီးသွားလေပြီ။

‎

‎

‎" သေစမ်းကွာ... အဲ့ဒီ တားမြစ်နယ်မြေအရှင်သခင်တွေက ဘာလို့ အခုထိ... မလှုပ်ရှားကြသေးတာလဲ "

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ နက်ရှိုင်းသော နေရာတစ်နေရာတွင်... နဂါးရင်းမြစ်မဟာဧကရာဇ်သည် အဝေးသို့ စူးစိုက်ကြည့်နေကာ... နတ်ဆိုးနယ်မြေစစ်တပ်က အဆုံးမဲ့ကမ္ဘာအတွင်းသို့ အနက်ရောင်ဒီရေအလား ချီတက်လာသည်ကို မြင်တွေ့နေရဟန်တူပြီး... သူ၏မျက်နှာမှာ အလွန်အမင်း တင်းမာနေ၏။

‎

‎

‎မို့တိက ထိုတားမြစ်နယ်မြေအရှင်သခင်များကို ဤနတ်ဆိုးနယ်မြေစစ်တပ်များကို တားဆီးရန်... လှုပ်ရှားလာအောင် ဖျားယောင်းမည်ဟု ပြောခဲ့သည် မဟုတ်လော။

‎

‎

‎တစ်နေ့တစ်ဝက်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး... အဆုံးမဲ့နယ်စပ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှင်သန်ခြင်းရှေးဟောင်းကြယ် အများအပြား နတ်ဆိုးနယ်မြေစစ်တပ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်... သို့ဖြစ်ပါလျက် အဘယ်ကြောင့် ထိုရှင်သန်ခြင်းတားမြစ်နယ်မြေများက ယခုတိုင် မည်သည့် လှုပ်ရှားမှုမျှ မပြသသေးသနည်း။

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ်သည် အလွန်ပင် စိုးရိမ်ပူပန်နေ၏။

‎

‎

‎အကြောင်းမှာ... သူ၏ မျိုးဆက်များသည် စကြဝဠာ၏ နက်ရှိုင်းရာရှိ နဂါးရင်းမြစ်ကြယ်ပေါ်တွင် နေထိုင်ကြပြီး... ၎င်းသည်လည်း နတ်ဆိုးနယ်မြေစစ်တပ်၏ ချီတက်ရာလမ်းကြောင်းပေါ်တွင် မလွဲမသွေ ရှိနေသောကြောင့် ဖြစ်သည်။

‎

‎

‎ဤအတိုင်း ဆက်သွားပါက... နောက်ထပ် ပျက်စီးမည့်ကြယ်မှာ နဂါးရင်းမြစ်ကြယ် ဖြစ်လာမည်ကို သူ စိုးရိမ်နေသည်။

‎

‎

‎" သေစမ်း! သေစမ်းကွာ "

‎

‎

‎နောက်ထပ် ခဏမျှ စောင့်ဆိုင်းပြီးနောက်... နဂါးရင်းမြစ်မဟာဧကရာဇ်သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ... မတ်တပ်ရပ်လိုက်ကာ... အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး... စကြဝဠာ၏ နက်ရှိုင်းရာထဲသို့ ပျောက်ကွယ်သွားသည်။

‎

‎

‎အကယ်၍ တားမြစ်နယ်မြေများရှိ ထိုအဖိုးကြီးများ မလှုပ်ရှားခဲ့ပါက... သူသည် စွန့်စား၍ နဂါးရင်းမြစ်ကြယ်ပေါ်ရှိ သူ၏ မျိုးဆက်များကို ကယ်တင်ရန် ကြိုးစားရုံသာ တတ်နိုင်တော့မည်။

‎

‎

‎အချိန်မီ ကယ်တင်နိုင်မလား ဆိုတာကတော့... ကံကြမ္မာအပေါ်မှာပဲ မူတည်တော့တယ်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ စကြဝဠာ နက်ရှိုင်းရာတွင်.....

‎

‎

‎နတ်ဆိုးနယ်မြေ အရှင်သခင်အချို့သည် သန်းနှင့်ချီသော နတ်ဆိုးနယ်မြေစစ်တပ်ကို ဦးဆောင်လျက်... အလျင်မလိုဘဲ ချီတက်နေကြသည်။

‎

‎

‎ရုတ်တရက်... ရှေ့ဆုံးတွင် ရပ်နေသော ထျန်းကျွင်းအဆင့်အရှင်၏ မျက်လုံးများမှ ထက်မြက်သော အလင်းရောင်နှစ်ချက် ထွက်ပေါ်လာပြီး... သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

‎

‎

‎" ဒီအဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်အဆင့်က နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူးလား။ ဒီကမ္ဘာရဲ့ ဧကရာဇ်အဆင့် ကျင့်ကြံသူတွေ အားလုံး သေကုန်ပြီလို့တောင် ဒီဧကရာဇ်က ထင်နေတာ "

‎

‎

‎ဤစကားများ ထွက်ပေါ်လာသည်နှင့်... အခြား နတ်ဆိုးနယ်မြေ အရှင်သခင်များအားလုံး တက်ကြွလာကြပြီး... သူတို့၏ မျက်နှာများပေါ်တွင် ရက်စက်သော အမူအရာတစ်ခု ပေါ်လာသည်။

‎

‎

‎" နောက်ဆုံးတော့ ငါးတစ်ကောင်က ငါးမျှားချိတ်ကို ဟပ်လိုက်ပြီလား။ ဟားဟား... ခဏနေရင် ဒီအရှင်သခင်ကို သူ့ကို သွားပြီး တိုက်ခိုက်ခွင့်ပေး.... ဒီကမ္ဘာရဲ့ ဧကရာဇ်အဆင့်လို့ ခေါ်တဲ့သူတွေရဲ့ အစွမ်းကို စမ်းသပ်ကြည့်ရအောင် "

‎

‎

‎နတ်ဆိုးနယ်မြေ အရှင်သခင်အချို့ အလွန် စိတ်လှုပ်ရှားနေကြ၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ဝင်ရောက်ပြီးနောက်... အဘယ်ကြောင့် သူတို့သည် အလျင်မလိုဘဲ ချီတက်ခဲ့ကြပြီး... များများစားစား မလှုပ်ရှားဘဲ... သူတို့၏ နတ်ဆိုးနယ်မြေစစ်တပ်ကို ဖြည်းဖြည်းချင်း ရှေ့တိုးစေခဲ့သနည်း။

‎

‎

‎သူတို့၏ ရည်ရွယ်ချက်မှာ... ဤအဆုံးမဲ့ကမ္ဘာ သတ္တဝါများကို ငါးစာအဖြစ် အသုံးပြု၍... ဤကမ္ဘာ၏ ဧကရာဇ်အဆင့် ကျင့်ကြံသူများကို ဆွဲဆောင် လှည့်ဖြားရန် ဖြစ်သည်။

‎

‎

‎သူတို့သည် ဤအဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်အဆင့် ကျင့်ကြံသူများက ဤမျှ သည်းခံနိုင်စွမ်း ရှိကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ ရှင်သန်ခြင်းရှေးဟောင်းကြယ် အများအပြား ပျက်စီးသွားပြီးနောက်မှာပင်... ထိုသူတို့ကို ဆွဲဆောင် လှည့်ဖြား၍ မရခဲ့ပေ။

‎

‎

‎ဒါပေမဲ့... အခုတော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ... နောက်ဆုံးတော့... ဒီအဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးက ငါးမျှားချိတ်ကို ဟပ်လိုက်ပြီ......

All Chapters