← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 8 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 8 Ch. 109-110

အခန်း (၁၀၉)- သက်ရှိအားလုံး စိတ်ပျက်အားငယ်ခြင်း၊ ဧကရာဇ်မဟာမိတ်အဖွဲ့မှ ယာယီဆုတ်ခွာရန် အမိန့်ပေးခြင်း

‎

‎

‎

‎သူ မသေဆုံးမီတွင်... နဂါးရင်းမြစ်မဟာဧကရာဇ်၏ မျက်ဝန်းများမှာ... မကျေနပ်မှုနှင့် နောင်တတရားတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။

‎

‎

‎သူ၏ မကျေနပ်မှုမှာ... သူ့၌ ရှည်လျားသော သက်တမ်းတစ်ခု ကျန်ရှိနေသေးသော်လည်း... ယနေ့ ဤနေရာတွင် ပျက်စီးသေဆုံးရမည် ဖြစ်သောကြောင့်ပင်။

‎

‎

‎သူ၏ နောင်တတရားမှာမူ... အကယ်၍ ထိုစဉ်က ဧကရာဇ်မဟာမိတ်အဖွဲ့သည် ကုချန်အား အမျက်မထွက်စေခဲ့ဘဲ... သူ့အား ဧကရာဇ်ဂိတ်ကို စောင့်ကြပ်စေကာ နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုအား ခုခံတွန်းလှန်ခွင့် ပေးခဲ့ပါလျှင်... သူသည် ယနေ့ကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် အဆုံးသတ်မျိုးအား ရှောင်ရှားနိုင်ခဲ့မည် မဟုတ်လောဟူ၍ ဖြစ်သည်။

‎

‎

‎သို့သော် ယခုမူကား... အရာအားလုံး နောက်ကျသွားခဲ့လေပြီ။

‎

‎

‎မိုယွဲ့အရှင်၏ လက်ဝါးသည် ရက်စက်စွာ ရိုက်ခတ်လိုက်သည့် ထိုအခိုက်တွင်... နဂါးရင်းမြစ်မဟာဧကရာဇ်၏ အမြင်အာရုံမှာ အမှောင်ကျသွားခဲ့ပြီး... သူသည် ထာဝရတိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားခဲ့တော့သည်။

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ်... ပျက်စီးကျဆုံးသွားလေပြီ!

‎

‎

‎" ဧကရာဇ်အဆင့်ရဲ့သွေးက... တကယ်ကို မူးယစ်စရာပဲ "

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားခဲ့ပြီး... မိုယွဲ့အရှင်သည် ဧကရာဇ်၏ သွေးများဖြင့် ရေချိုးလိုက်လေသည်။ သူ၏မျက်နှာပေါ်တွင် ကျေနပ်ဝမ်း‌သာသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့၏။

‎

‎

‎သူ၏လက်ဝါးထဲရှိ လှံနက်ကြီးပင်လျှင်... သွေးကြောင့် ရူးသွပ်နေသကဲ့သို့ တုန်ခါလျက်... ဟိန်းသံပြုနေလေသည်။

‎

‎

‎သူ၏ ခြေဖဝါးအောက်ရှိ နဂါးရင်းမြစ်ရှေးဟောင်းကြယ်ကြီးမှာမူ ယခုအခါ သေမလောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေပြီ။

‎

‎

‎" ဘိုးဘေး... ကျဆုံးသွားပြီ! "

‎

‎

‎" မဟုတ်ဘူး... ဒါ တကယ်မဟုတ်ဘူး... ဘိုးဘေးက ဘယ်လိုလုပ် သေနိုင်မှာလဲ?! "

‎

‎

‎" ဘုရားရေ! "

‎

‎

‎နဂါးရင်းမြစ်မိသားစုဝင်များသည် နဂါးရင်းမြစ်မဟာဧကရာဇ်အား မိုယွဲ့အရှင်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ကြည့်ရင်း... သူတို့၏ မျက်နှာအမူအရာများမှာ ခဏမျှ ကြောင်ငေးသွားကြပြီး... အိပ်မက်မက်နေသကဲ့သို့ ဖြစ်သွားကြသည်။

‎

‎

‎လွန်ခဲ့သော ခဏလေးကပင် သူတို့သည် စိတ်လှုပ်ရှားနေကြဆဲ... အားပေးအော်ဟစ်၍ ဝမ်းမြောက်နေကြဆဲ ဖြစ်သည်။

‎

‎

‎သူတို့သည် နဂါးရင်းမြစ်မဟာဧကရာဇ် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်... နတ်ဆိုးနယ်မြေအရှင်သခင်အား ဧကန်မုချ တွန်းလှန်နိုင်ပြီး... နဂါးရင်းမြစ်ကြယ်တစ်ခုလုံးကို ကယ်တင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

‎

‎

‎သို့သော် ရက်စက်လှသော ရလဒ်သည် လူတိုင်းအား မယုံကြည်နိုင်ဖြစ်စေခဲ့သည်။

‎

‎

‎နဂါးရင်းမြစ်မဟာဧကရာဇ် သေဆုံးသွားခဲ့ပြီ... ထို့အပြင် သူသည် မမျှော်လင့်ထားဘဲ လျင်မြန်လွန်းစွာ ပျက်စီးကျဆုံးသွားခဲ့လေသည်။

‎

‎

‎သို့သော် နဂါးရင်းမြစ်မဟာဧကရာဇ် သေဆုံးသွားပါက... နဂါးရင်းမြစ်ကြယ်၏ အခြေအနေ မည်သို့ဖြစ်မည်နည်း။ သူတို့၏ အခြေအနေ မည်သို့ဖြစ်မည်နည်း?!

‎

‎

‎မိုးကောင်းကင်ကို ဖုံးလွှမ်းနေသော အနက်ရောင်မိုးတိမ်တိုက်ကြီးတစ်ခုကဲ့သို့... ထူထပ်လှသည့် နတ်ဆိုးနယ်မြေတပ်မတော်ကြီးသည် နဂါးရင်းမြစ်ကြယ်အား ကျူးကျော်ဝင်ရောက်လာသည်ကို ကြည့်ရင်း... ၎င်းပေါ်ရှိ သက်ရှိသတ္တဝါအားလုံး၏ မျက်နှာများတွင်... စိတ်ပျက်အားငယ်သော အမူအရာများ ထင်ဟပ်လာကြသည်။

‎

‎

‎နဂါးရင်းမြစ်ကြယ်၏ ကံကြမ္မာသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

‎

‎

‎သူတို့သည်လည်း အဆုံးသတ်သို့ ရောက်ကြရလေပြီ!

‎

‎

‎....................

‎

‎

‎အဆုံးမဲ့တိုက်ကြီး၏ အထက်၌.....

‎

‎

‎နယ်မြေကြီးငါးခုတွင် သက်ရှိသတ္တဝါအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြပြီး... သူတို့၏စိတ်ထဲတွင် ပုံရိပ်ယောင်မိုးကောင်းကင်မျက်နှာပြင်ပေါ်၌... သူတို့ မြင်တွေ့ခဲ့ရသမျှကိုသာ ပြန်လည်မြင်ယောင်နေကြသည်။

‎

‎

‎ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်သည် အလွန်တရာ အားနည်းပျော့ညံ့လှပြီး... နတ်ဆိုးနယ်မြေအရှင်သခင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

‎

‎

‎ယနေ့တွင် နဂါးရင်းမြစ်ကြယ်သည် ဒုက္ခခံစားနေရပြီ... နောက်တစ်ကြိမ်တွင် မည်သည့်ကြယ်သို့‌ ရောက်ရှိလာမည်နည်း။

‎

‎

‎မကြာမီ အဆုံးမဲ့တိုက်ကြီး၏ အလှည့် ဖြစ်လာမည်လော။

‎

‎

‎တစ်ခဏတွင်းမှာပင် နယ်မြေကြီးငါးခုအတွင်းရှိ သက်ရှိသတ္တဝါအားလုံးသည် ထိတ်လန့်တုန်လှုပ်နေကြပြီး... ပျက်စီးခြင်းတရားကြီး နီးကပ်လာနေသည်ကို ခံစားနေကြရသည်။

‎

‎

‎" နတ်ဆိုးနယ်မြေ ကျူးကျော်လာတာကြာပြီ... ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေ ဘယ်မှာလဲ? ဘာလို့ မဟာဧကရာဇ် တစ်ယောက်တည်းပဲ ပေါ်လာရတာလဲ? "

‎

‎

‎" ဟုတ်တယ်! ယွမ်ကျွင်းမဟာဧကရာဇ်က ဧကရာဇ်မဟာမိတ်အဖွဲ့က နတ်ဆိုးနယ်မြေကို နှစ်ပေါင်း ကိုးသောင်းလုံးလုံး ပိတ်ဆို့ထားခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား! ဘာလို့ အခု မဟာဧကရာဇ် တစ်ယောက်တည်းပဲ ပေါ်လာရတာလဲ? "

‎

‎

‎" ပြီးတော့ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်တွေ... သူတို့က ဘာလို့ လှုပ်ရှားမှုမလုပ်ဘဲ... အဆုံးမဲ့ကမ္ဘာကို ကာကွယ်ဖို့ သူတို့ရဲ့ အန္တိမအမွေအနှစ်တွေကို ထုတ်မသုံးကြတာလဲ! "

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများသည် ထိတ်လန့်နေကြသလို... သံသယများလည်း ဝင်နေကြသည်။

‎

‎

‎ယခု နတ်ဆိုးနယ်မြေသည် ကျူးကျော်ဝင်ရောက်လာနေပြီ... ဧကရာဇ်မျိုးနွယ်များ အဘယ်မှာနည်း... ဧကရာဇ်မဟာမိတ်အဖွဲ့မှ ထိုမဟာဧကရာဇ်များ အဘယ်မှာနည်း။

‎

‎

‎အဘယ်ကြောင့် သူတို့သည် အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများကို ကာကွယ်ရန် လှုပ်ရှားမှု မပြုလုပ်ကြသနည်း။

‎

‎

‎နတ်ဆိုးနယ်မြေတပ်မတော်သည် အဆုံးမဲ့တိုက်ကြီးသို့ ရောက်လာတော့မည်။

‎

‎

‎သက်ရှိသတ္တဝါများသည် ထိတ်လန့်၍ ရှုပ်ထွေးနေကြပြီး... ဤအခိုက်အတန့်တွင် အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ်အသီးသီးသည်လည်း... အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများထက် အခြေအနေမထူးခြားလှပေ။

‎

‎

‎" ဧကရာဇ်မဟာမိတ်အဖွဲ့ကို မြန်မြန် သတင်းပို့! "

‎

‎

‎" ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုကြီး ဖြစ်နေတာ... ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေ ဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ? ဒါ့အပြင်... ငါတို့ သတင်းပို့ပြီးသွားပြီလေ... ဒါပေမယ့် ဧကရာဇ်မဟာမိတ်အဖွဲ့က ဘာအကြောင်းပြန်ကြားချက်မှ မပို့သေးဘူး! "

‎

‎

‎" မဟာဧကရာဇ်တွေက ဘာသဘောလဲ? သူတို့က ငါတို့ကို စွန့်ပစ်တော့မလို့လား? "

‎

‎

‎" မဖြစ်နိုင်ဘူး... ငါတို့အားလုံးက ဧကရာဇ်မဟာမိတ်အဖွဲ့ရဲ့ မျိုးဆက်တွေလေ... မဟာဧကရာဇ်က ငါတို့ကို ဘယ်လိုလုပ် စွန့်ပစ်နိုင်မှာလဲ..... "

‎

‎

‎ဧကရာဇ်မျိုးနွယ်အသီးသီးသည် ထိတ်လန့်တုန်လှုပ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုအကြောင်း သတင်းပို့ပြီးချိန်မှစ၍... ဧကရာဇ်မဟာမိတ်အဖွဲ့သည် တိတ်ဆိတ်နေခဲ့ပြီး... မည်သည့်တုံ့ပြန်မှုမျှ မရှိသောကြောင့်ဖြစ်သည်။

‎

‎

‎နတ်ဆိုးနယ်မြေတပ်မတော်သည် အဆုံးမဲ့တိုက်ကြီးသို့ ရောက်ရှိလာတော့မည်ကို မြင်တွေ့နေရသဖြင့်... ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များသည် မည်သို့လျှင် စိုးရိမ်ပူပန်ခြင်း မရှိဘဲ နေနိုင်မည်နည်း။

‎

‎

‎စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းမှု ကာလတစ်ခုအပြီးတွင်... မတည်မငြိမ်ဖြစ်နေသော ဧကရာဇ်မျိုးနွယ်များသည် နောက်ဆုံးတွင်... ဧကရာဇ်မဟာမိတ်အဖွဲ့ထံမှ အကြောင်းပြန်ကြားချက်တစ်ခုကို လက်ခံရရှိခဲ့သည်။

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော မဟာဧကရာဇ်တစ်ပါး၏ ပုံရိပ်ယောင်သည် ဧကရာဇ်မျိုးနွယ်တစ်ခုစီသို့ ဆင်းသက်လာခဲ့ပြီး... သူတို့အား စစ်သင်္ဘောများပေါ်သို့ တက်ရောက်ရန်နှင့် ထိခိုက်မှုမရှိစေရန် အဆုံးမဲ့တိုက်ကြီးမှ... ယာယီ ထွက်ခွာသွားရန် ညွှန်ကြားခဲ့သည်!

‎

‎

‎အဆုံးမဲ့ကမ္ဘာမှ ယာယီထွက်ခွာ၍ ထိခိုက်မှုမရှိစေရန် ရှောင်ရှားရမည်လော။

‎

‎

‎ဧကရာဇ်မျိုးနွယ်အသီးသီးသည် အတန်ငယ် ကြောင်ငေးသွားကြသည်။

‎

‎

‎ဤသည်မှာ ဘာအဓိပ္ပာယ်နည်း။ ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်များသည် အဆုံးမဲ့တိုက်ကြီးကို စွန့်လွှတ်ရန် ရည်ရွယ်နေကြသလော။ ဤသည်မှာ နတ်ဆိုးနယ်မြေတပ်မတော်၏ သတ်ဖြတ်ခြင်းကို မခံရစေရန် သူတို့အား ကြိုတင်ထွက်ပြေးခိုင်းခြင်းလော။

‎

‎

‎သို့သော် အဆုံးမဲ့တိုက်ကြီးသည် အဆုံးမဲ့ကမ္ဘာ၏ အဓိကအချက်အချာ ဖြစ်သည်။

‎

‎

‎အကယ်၍ ဤနေရာကိုပင် စွန့်လွှတ်လိုက်ရပါက... အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို စွန့်လွှတ်လိုက်ခြင်း မဟုတ်ပေလော။

‎

‎

‎တစ်ခဏတွင်းမှာပင် ဧကရာဇ်မျိုးနွယ်များထဲမှ အချို့သောလူများသည် ဤရလဒ်အား လက်ခံရန် ခက်ခဲနေသည်ကို တွေ့ရှိရသည်။

‎

‎

‎မည်သို့ပင်ဖြစ်စေ... သူတို့သည် သူတို့ကိုယ်သူတို့ အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများကို ကာကွယ်စောင့်ရှောက်သူများအဖြစ် သတ်မှတ်လေ့ရှိကြသည်။ ယခုအခါတွင်... အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများကို စွန့်ပစ်၍ ထွက်ပြေးရမည်ဆိုသော ဤလုပ်ရပ်သည်ကား... အမှန်တကယ်ပင် အလွန်တရာ ဂုဏ်သိက္ခာမဲ့လှပေသည်။

‎

‎

‎သို့ရာတွင် လျင်မြန်လွန်းစွာပင် ဧကရာဇ်မျိုးနွယ်အသီးသီး၏ မိသားစုခေါင်းဆောင်များနှင့် ဘိုးဘေးများက လူတိုင်းကို နားချစည်းရုံးလိုက်ကြသည်။

‎

‎

‎" မင်းတို့ ဘာနားလည်လို့လဲ? နတ်ဆိုးနယ်မြေက စစ်သည်တော်တွေရဲ့ အဓိကခွန်အားက ဟိုနတ်ဆိုးနယ်မြေအရှင်သခင်‌တွေပဲ! အဲ့ဒီနတ်ဆိုးနယ်မြေအရှင်သခင်တွေကို ဖြေရှင်းပြီးရင်... သူတို့ရဲ့ လက်အောက်ခံ နတ်ဆိုးနယ်မြေတပ်မတော်က တိုက်ပွဲမတိုင်ခင်မှာတင် သူ့ဘာသာ ပြိုလဲသွားမှာပဲ! "

‎

‎

‎" ဧကရာဇ်မဟာမိတ်အဖွဲ့က ဧကရာဇ်တွေရဲ့ အမိန့်က အပြစ်မဲ့သူတွေ မထိခိုက်အောင် ရှောင်ရှားခိုင်းတာသက်သက်ပဲ။ သူတို့က ဒီအဆုံးမဲ့တိုက်ကြီးပေါ်မှာ... ဟိုနတ်ဆိုးနယ်မြေအရှင်သခင်တွေနဲ့ အသေအကြေ တိုက်ခိုက်ကြတော့မှာ! "

‎

‎

‎"ဟုတ်တယ်! ငါတို့အားလုံး ဆုတ်ခွာသွားမှသာ ငါတို့ ဧကရာဇ်မဟာမိတ်အဖွဲ့က မဟာဧကရာဇ်တွေက စိတ်ကို အပြည့်အဝနှစ်ပြီး ဟိုနတ်ဆိုးနယ်မြေအရှင်သခင်တွေနဲ့ အသေအကြေ တိုက်ခိုက်နိုင်မှာ! "

‎

‎

‎" ဒါပဲ... ဒါပဲ... ယာယီဆုတ်ခွာခြင်းက အနာဂတ်မှာ ပိုကောင်းတဲ့ တန်ပြန်တိုက်ခိုက်မှုတစ်ခုအတွက်ပဲ။ ဧကရာဇ်အဆင့်တိုက်ပွဲကြီး ပြီးဆုံးသွားတဲ့အခါမှ ငါတို့ ထွက်ပေါ်လာပြီး... နတ်ဆိုးနယ်မြေတပ်မတော်ကို ရှင်းလင်းပြီး... အဆုံးမဲ့ကမ္ဘာက သက်ရှိအားလုံးကို ကာကွယ်ရမယ့်အချိန်ပဲ! "

‎

‎

‎ဧကရာဇ်မျိုးနွယ်အသီးသီး၏ မိသားစုခေါင်းဆောင်များနှင့် ဘိုးဘေးများ၏ နားချစည်းရုံးမှုအောက်တွင်... ဧကရာဇ်မျိုးနွယ်များအတွင်းရှိ သဘောထားကွဲလွဲမှုငယ်လေးများအားလုံးသည် အဆုံးသတ်သွားကြသည်။

‎

‎

‎ဧကရာဇ်မျိုးနွယ်ဝင် အများစုအတွက်မူကား... သူတို့သည် အစကတည်းကပင် ဧကရာဇ်မဟာမိတ်အဖွဲ့၏ အမိန့်အား လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံး မြှောက်၍ သဘောတူချင်နေခဲ့ကြသည်။

‎

‎

‎နှစ်ပေါင်းများစွာ အခွင့်ထူးခံဘဝဖြင့် နေထိုင်ခဲ့ရခြင်းသည်... ဤဧကရာဇ်မျိုးနွယ်ဝင်များအား သူတို့၏ တာဝန်ဝတ္တရားများကို မေ့လျော့သွားစေခဲ့ပြီး... ဧကရာဇ်မျိုးနွယ်တစ်စုအနေဖြင့် မိမိတို့၏ အခွင့်ထူးများကို မည်သို့ ခံစားရမည်ကိုသာ သိရှိစေကြတော့သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာက သက်ရှိသတ္တဝါတွေရဲ့ အသက်အန္တရာယ်အတွက်လား...?

‎

‎

‎စိတ်မကောင်းပေမဲ့... ဧကရာဇ်မျိုးနွယ်ကိုယ်တိုင်တောင် အခုအချိန်မှာ သူတို့ကိုယ်ကို ကာကွယ်ဖို့ မနည်းကြိုးစားနေရတာ... အဲ့ဒီ သက်ရှိသတ္တဝါတွေအကြောင်း ဂရုစိုက်ဖို့ ဘယ်လို အတွေးမျိုး ရှိနိုင်ပါ့မလဲ!

‎

‎

‎ဤသည်ကား အဆုံးမဲ့ဧကရာဇ်မျိုးနွယ်များအတွင်းရှိ... မျိုးနွယ်ဝင်အများစု၏ စစ်မှန်သော စိတ်နေသဘောထားပင် ဖြစ်သည်။

‎

‎

‎သူတို့ကိုယ်တိုင် လုံခြုံနေသမျှ ကာလပတ်လုံး... သက်ရှိသတ္တဝါတို့၏ ကမ္ဘာလောကကြီး မည်သို့ပင်ဖြစ်သွားစေကာမူ... အနည်းငယ်မျှ အရေးကြီးမည်မသုတ်ချေ။

‎

‎

‎ယခုအခါ... အဆုံးမဲ့တိုက်ကြီးမှ ထွက်ပြေးရန် တရားဝင်ဆင်ခြေတစ်ခု ရှိလာပြီဖြစ်သောကြောင့်... ဧကရာဇ်မျိုးနွယ်အသီးသီးသည် လျင်မြန်စွာ ထွက်ခွာသွားလိုကြပြီး... လွတ်မြောက်ရန်... မဟုတ်သေး... တတ်နိုင်သမျှ အဝေးဆုံးသို့ သွားရန် ဖြစ်သည်။

‎

‎

‎လက်ရှိ ရွှေ့ပြောင်းဆုတ်ခွာခြင်းသည် အနာဂတ်တွင် ပိုမိုကောင်းမွန်သော တန်ပြန်တိုက်ခိုက်မှုတစ်ခု ပြုလုပ်နိုင်ရန်အတွက်သာ ဖြစ်သည်။

‎

‎

‎ဤသည်မှာ မဟာဗျူဟာမြောက် ဆုတ်ခွာခြင်းတစ်ခုမျှသာဖြစ်ပြီး... ထိတ်လန့်တကြား ထွက်ပြေးခြင်း မဟုတ်သည်မှာ သေချာ၏။

‎

‎

‎တစ်ခဏတွင်းမှာပင် ဧကရာဇ်မျိုးနွယ်အသီးသီးသည် လျင်မြန်စွာ လှုပ်ရှားလာကြပြီး... သူတို့၏ ခံတပ်စခန်းများမှ အဖိုးတန်ရတနာများကို စုဆောင်းကြကာ... မျိုးနွယ်ဝင်များကို စုစည်းကြပြီး အချိန်မရွေး ရွှေ့ပြောင်းထွက်ခွာရန် ပြင်ဆင်နေကြတော့သည်။

‎

‎

‎....................

‎

‎

‎ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌.....

‎

‎

‎ကုချန်သည် အထက်ကောင်းကင်ပင်မခန်းမဆောင်တွင် နေထိုင်နေခဲ့ပြီး အပြင်သို့ မထွက်ခဲ့သော်ငြား.....

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ နယ်မြေကြီးငါးခုရှိ လှုပ်ရှားမှုအားလုံးသည် သူ၏ မျက်စိထဲသို့ ကျရောက်နေခဲ့၏။

‎

‎

‎ကုချန်သည် အဆုံးမဲ့ဧကရာဇ်မျိုးနွယ်များသည် 'အဖိုးတန်ပစ္စည်းများ' ကို ထုပ်ပိုးနေကြပြီး... အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာရန် ပြင်ဆင်နေဟန်ရှိသည်ကို မြင်သောအခါ... မပြုံးဘဲ မနေနိုင်ခဲ့ပေ။

‎

‎

‎" ထွက်သွားချင်လို့လား? ငါကိုယ်တော့်ကိုရော ခွင့်တောင်းပြီးပြီလား? "

‎

‎

‎ကုချန်သည် ညင်သာစွာ ရေရွတ်လိုက်သည်။

‎

‎

‎အတိတ်ကာလတွင်... သူသည် ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များအားလုံး၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။ အဆုံးမဲ့တိုက်ကြီးသို့ ပြန်လည်ရောက်ရှိပြီးနောက်... အဘယ်ကြောင့် သူသည် ဤသစ္စာဖောက် ဧကရာဇ်မျိုးနွယ်များအားလုံးကို ချက်ချင်း မျိုးဖြုတ်ပစ်ခြင်း မပြုခဲ့သနည်း။

‎

‎

‎ဤသည်မှာ ကုချန်က ကြင်နာတတ်သောကြောင့် သို့မဟုတ် စိတ်နှလုံး နူးညံ့သောကြောင့် မဟုတ်ပေ။

‎

‎

‎အကြောင်းမှာ... ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များကို ရိုးရှင်းစွာ ရှင်းလင်းလိုက်ခြင်းသည်... သူတို့အတွက် အလွန်တရာ လွယ်ကူလွန်းသွားမည်ဟု သူခံစားမိသောကြောင့် ဖြစ်သည်။

‎

‎

‎ယခု... နတ်ဆိုးနယ်မြေသည် တိုက်ခိုက်လာလေပြီ.....

‎

‎

‎နောက်ဆုံးတွင် ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များကို အစစ်အမှန် အပြစ်ပေးရမည့် အချိန်ကို ကျရောက်လာခဲ့ပြီ... ထို့ကြောင့် ကုချန်သည် သူတို့အား... ဤမျှ လွယ်ကူစွာ ထွက်ခွာသွားခွင့် မပေးနိုင်ချေ။

‎

‎အခန်း (၁၁၀) - ဧကရာဇ်မျိုးနွယ်စု ထွက်ပြေးလွတ်မြောက်ခြင်း၊ ကုချန် လှုပ်ရှားလာခြင်း၊ အရာအားလုံး သေခြင်းတရားဖြင့် အဆုံးသတ်သွားခြင်း

‎

‎

‎

‎" မြန်မြန်လုပ်ကြ... မြန်မြန်...လောလောဆယ် အသုံးမဝင်တဲ့အရာတွေကို ဂရုမစိုက်ကြနဲ့ဦး... အရေးကြီးတဲ့ ပစ္စည်းတွေကို အရင်ဆုံး ယူကြ "

‎

‎

‎ဧကရာဇ်မျိုးနွယ် ယွမ်မိသားစု၌... မိသားစုခေါင်းဆောင် ယွမ်ဝူကျီသည် သူ၏မျိုးနွယ်ဝင်များအား... အဆက်မပြတ် တိုက်တွန်းလျက် ရှိလေသည်။

‎

‎

‎" မိသားစုခေါင်းဆောင်...လက်အောက်က မျိုးနွယ်ဝင်တွေအားလုံး အဆင်သင့်ဖြစ်နေပါပြီ "

‎

‎

‎မကြာမီပင် ယွမ်မိသားစု အကြီးအကဲတစ်ဦးသည် သတင်းပို့ရန် အလျင်အမြန် ပြေးလာခဲ့လေသည်။

‎

‎

‎" ကောင်းပြီ...ဒါဆိုရင် ချက်ချင်း ထွက်ခွာကြစို့ "

‎

‎

‎ယွမ်ဝူကျီသည် သူ၏နဖူးပြင်မှ ချွေးစက်များကို သုတ်လိုက်ပြီးနောက်... လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ယွမ်မိသားစုအား ချက်ချင်းထွက်ခွာရန် အမိန့်ပေးလိုက်လေသည်။

‎

‎

‎ယွမ်မိသားစု မျိုးနွယ်ဝင်များစွာ စစ်သင်္ဘောပေါ်သို့ တက်ရောက်နေသည်ကို ကြည့်ရင်း... ယွမ်ဝူကျီ၏ နှုတ်ခမ်းထက်တွင် ကျေနပ်သော အပြုံးတစ်ချက် အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။ သူသည် ဤတစ်ကြိမ် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုမှာ ပြင်းထန်လှပြီး... လွယ်ကူစွာ ငြိမ်သက်သွားမည်မဟုတ်သည်ကို အစောကတည်းက မြင်တွေ့ထားခဲ့ပြီး ဖြစ်လေသည်။

‎

‎

‎ထို့ကြောင့်... နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုအကြောင်း သူသိရှိလိုက်သည့် ထိုအခိုက်အတန့်တွင်ပင်... သူသည် အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး... ယွမ်မိသားစု မျိုးနွယ်ဝင်အားလုံးကို ဆင့်ခေါ်ရန်နှင့် မိသားစုအတွင်းရှိ အဖိုးတန်ရတနာအားလုံးကို စုဆောင်းထားရန် တိတ်တဆိတ် အမိန့်ပေးခဲ့လေသည်။

‎

‎

‎ ယခုအခါ ဧကရာဇ်မဟာမိတ်အဖွဲ့မှ ဆုတ်ခွာရန် အမိန့်ထုတ်ပြန်လိုက်ပြီးနောက်... အခြားဧကရာဇ်မျိုးနွယ်များ ကမောက်ကမ ဖြစ်နေကြဆဲအချိန်၌... ယွမ်မိသားစုသည် ရွှေ့ပြောင်းထွက်ခွာရန် အသင့်ပြင်ဆင်ပြီး ဖြစ်နေလေသည်။

‎

‎

‎ဤအဆုံးမဲ့နယ်မြေကြီးငါးခုရှိ သက်ရှိသတ္တဝါများအတွက်မူကား... အနာဂတ်တွင် လုံခြုံမှု သေချာသွားသည့်အခါ... ယွမ်မိသားစုသည် သူတို့အား ကာကွယ်ရန် ပြန်လာပေလိမ့်မည်။ ယခုအချိန်အတွက်မူကား... သူတို့၏ ကံကောင်းခြင်းအတွက် သူတို့ဘာသာ ဆုတောင်းနေကြရုံသာ ရှိတော့သည်။

‎

‎

‎" လူမိုက်တစ်သိုက်... ငါ့ ယွမ်မိသားစုက အရင်ဆုံး ထွက်ခွာသွားတော့မယ် "

‎

‎

‎ယွမ်မိသားစု မျိုးနွယ်ဝင်အားလုံး ရတနာလှေများနှင့် စစ်သင်္ဘောများပေါ်သို့ တက်ရောက်သွားကြသည်ကို မြင်သောအခါ... ယွမ်ဝူကျီသည် ကျေနပ်စွာ ပြုံးလိုက်ပြီးနောက်... အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာရန် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

‎

‎

‎ သို့သော်လည်း မထွက်ခွာမီတွင်... အချိန်မတိုင်မီ ယွမ်မိသားစု၏ ထွက်ပြေးသွားသည့် အမှန်တရားအား အဆုံးမဲ့ကမ္ဘာ၏ သက်ရှိသတ္တဝါများမှ ရှာဖွေတွေ့ရှိမသွားစေရန်... ယွမ်ဝူကျီသည် ယွမ်မိသားစု အကြီးအကဲများအား ကျင့်စဉ်တံတိုင်းတစ်ခုကို အသုံးပြု၍ ရတနာလှေများနှင့် စစ်သင်္ဘောများ၏ ခြေရာများကို လုံးဝ ဖုံးကွယ်ထားရန် အမိန့်ပေးခဲ့သည်။ သို့မှသာ မည်သူတစ်ဦးတစ်ယောက်ကမျှ တွေ့မြင်နိုင်မည် မဟုတ်ပေ။

‎

‎

‎စစ်သင်္ဘောများသည် ကောင်းကင်ယံသို့ တက်သွားခဲ့ပြီး... အဆုံးမဲ့တိုက်ကြီး၏ အပြင်ဘက် အာကာသနယ်မြေသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ လက်ဖက်ရည်တစ်ခွက် သောက်သုံးစာ အချိန်ကာလမျှအတွင်းမှာပင်... ယွမ်မိသားစု၏ ရတနာလှေများနှင့် စစ်သင်္ဘောများသည် အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာသွားခဲ့ပြီး... အပြင်ဘက် အာကာသနယ်မြေသို့ ဝင်ရောက်သွားခဲ့ပြီး ဖြစ်လေသည်။

‎

‎

‎" မိသားစုခေါင်းဆောင်...ကျွန်တော်တို့ နောက်ထပ် ဘယ်နေရာကို သွားကြမှာလဲ "

‎

‎

‎စစ်သင်္ဘောအား မောင်းနှင်နေသော ယွမ်မိသားစု တပည့်တစ်ဦးက မေးမြန်းလိုက်သည်။

‎

‎

‎" ဟို...နတ်ဆိုးနယ်မြေက ကောင်တွေရဲ့ ဆန့်ကျင်ဘက် လားရာအတိုင်း ဝေးနိုင်သမျှ ဝေးဝေး သွား "

‎

‎

‎ယွမ်ဝူကျီသည် တွန့်ဆုတ်မှု တစ်စုံတစ်ရာမရှိဘဲ အမိန့်ပေးလိုက်လေသည်။

‎

‎

‎ထိုတစ်ချိန်တည်းမှာပင် သူသည် ဖုံးကွယ်ခြင်း ကျင့်စဉ်တံတိုင်းအား ထိန်းသိမ်းရန် တာဝန်ရှိသော အကြီးအကဲများအား ၎င်း၏လုပ်ဆောင်ချက်ကို ရပ်တန့်ရန် ပြောကြားလိုက်သည်။

‎

‎

‎ယခုအခါ သူတို့သည် အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာလာခဲ့ပြီး နယ်မြေကြီးငါးခု၏ သက်ရှိသတ္တဝါများ မမြင်တွေ့နိုင်တော့သော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်... ဖုံးကွယ်ခြင်း ကျင့်စဉ်တံတိုင်းအား ဆက်လက် ဖွင့်လှစ်ထားရန် သဘာဝအတိုင်း လိုအပ်တော့မည် မဟုတ်ပေ။ မကြာမီပင် ယွမ်မိသားစု၏ စစ်သင်္ဘောများအားလုံးသည် စကြာဝဠာ၏ ကြယ်တာရာမိုးကောင်းကင်ထက်၌ ပုံရိပ်ပေါ်ထွက်လာကြလေသည်။

‎

‎

‎ယွမ်ဝူကျီ မျှော်လင့်မထားခဲ့သည်မှာ ယွမ်မိသားစု၏ သင်္ဘောအုပ်စုနှင့် မလှမ်းမကမ်းတွင်... အခြားသော သင်္ဘောအုပ်စုတစ်စုသည်လည်း လေဟာနယ်မြေထဲ၌ ပုံရိပ်ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

‎

‎

‎" ဒါက..... "

‎

‎

‎ယွမ်ဝူကျီသည် အံ့အားသင့်စွာဖြင့် ထိုသင်္ဘောအုပ်စု၏ လားရာဘက်သို့ ကြည့်လိုက်ရာ... ၎င်းသည် အမှန်စင်စစ် ဧကရာဇ်မျိုးနွယ် ထို့ပါမိသားစု၏ သင်္ဘောအုပ်စု ဖြစ်နေသည်ကို ရှာဖွေတွေ့ရှိသွားလေသည်။

‎

‎

‎" ယွမ်မိသားစုခေါင်းဆောင် နေကောင်းရဲ့လား "

‎

‎

‎ထို့ပါမိသားစု၏ ပင်မသင်္ဘောကြီးထံမှ ဝိညာဉ်အသိဖြင့် ဆက်သွယ်မှုတစ်ခု ရောက်ရှိလာပြီး... တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ယွမ်ဝူကျီထံသို့ ချက်ချင်း သိရှိစေလိုက်သည်... ၎င်းမှာ ထို့ပါမိသားစု၏ ခေါင်းဆောင် ထို့ပါယဲ့ ပင် ဖြစ်သည်။

‎

‎

‎" ထို့ပါမိသားစုက အရမ်းလျင်တာပဲ "

‎

‎

‎ယွမ်ဝူကျီက မပြုံးချင်ပြုံးချင်သော အပြုံးဖြင့် ပြောလိုက်သည်။

‎

‎

‎သူသည် မိမိကိုယ်မိမိ လုံလောက်အောင် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်ဟု မျှော်လင့်မထားခဲ့သော်လည်း... ထို့ပါမိသားစု၏ တုံ့ပြန်မှုသည်လည်း နှေးကွေးခြင်း မရှိခဲ့ပေ။

‎

‎

‎" ဟားဟား...ယွမ်မိသားစုခေါင်းဆောင်ရဲ့ တုံ့ပြန်မှုကလည်း မနှေးပါဘူး "

‎

‎

‎ထို့ပါယဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

‎

‎

‎" ငါတို့ မိသားစုနှစ်စုလုံး အဆုံးမဲ့တိုက်ကြီးကနေ အရင်ဆုံး ထွက်ခွာလာခဲ့ကြပြီးပြီလေ... အတူတကွ ခရီးဆက်ကြရင် မကောင်းဘူးလား... မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခု ကြုံလာခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကြည့်ရှုစောင့်ရှောက်နိုင်တာပေါ့ "

‎

‎

‎" အဲ့ဒီလိုဖြစ်ရင်....."

‎

‎

‎ယွမ်ဝူကျီသည် ခဏမျှ စဉ်းစားလိုက်ပြီး... ထို့ပါယဲ့၏ အကြံပြုချက်မှာ ကောင်းမွန်သည်ဟု တွေးလိုက်မိသည်။

‎

‎

‎ယခုအခါ နတ်ဆိုးနယ်မြေသည် ကျူးကျော်ဝင်ရောက်လာပြီဖြစ်ရာ... ဤသည်မှာ ဒုက္ခများသော အချိန်အခါဖြစ်ပြီး... မမျှော်လင့်ထားသော အရာများ ဖြစ်မလာဟု အာမခံချက် မရှိပေ။ ဧကရာဇ်မျိုးနွယ်နှစ်စု အတူတကွ ခရီးသွားခြင်းသည် သူတို့၏ အင်အားကို ပိုမို အားကောင်းစေမည်ဖြစ်ပြီး... အချို့သော အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် ပိုမို လွယ်ကူစေပေလိမ့်မည်။ ဤသို့ တွေးမိသောအခါ ယွမ်ဝူကျီသည် လင်းလက်တောက်ပစွာ ပြုံးလိုက်လေသည်။

‎

‎

‎" ဟားဟား... ညီတော် ထို့ပါရဲ့ အကြံပြုချက်က အရမ်းပဲ ကောင်းမွန်တယ်... ကိုယ်တော်လဲ မငြင်းပယ်တော့ပါဘူး... ကိုယ်တော်တို့ မိသားစုနှစ်စု အတူတကွ ခရီးဆက်ကြပါစို့ "

‎

‎

‎သဘောတူညီချက် ရရှိပြီးနောက်... ယွမ်မိသားစုနှင့် ထို့ပါမိသားစုတို့၏ သင်္ဘောအုပ်စုများသည် ပေါင်းစည်းလိုက်ကြသည်။

‎

‎

‎" ထွက်ခွာကြ..... "

‎

‎

‎မိသားစုနှစ်စု၏ စစ်သင်္ဘောများသည် ခန့်ညားထည်ဝါစွာ ရှေ့သို့တိုးလျက်... အဆုံးမဲ့တိုက်ကြီးအား နောက်ကွယ်တွင် ထားခဲ့ရန် ဦးတည်လိုက်ကြတော့သည်။

‎

‎

‎သို့သော်လည်း ဤအခိုက်အတန့်လေးမှာပင် ကြီးမားလှသော စွမ်းအားတစ်ခုသည် အဆုံးမဲ့တိုက်ကြီးမှ ထွက်ပေါ်လာခဲ့ပြီး... အဆုံးမဲ့နယ်မြေကြီးငါးခုတစ်ခွင်သို့ ပျံ့နှံ့သွားကာ ဧကရာဇ်မျိုးနွယ်အသီးသီး၏ ခံတပ်စခန်းများကို ထိုးဖောက်ဝင်ရောက်လျက်... တစ်ချိန်တည်းမှာပင် ယွမ်မိသားစုနှင့် ထို့ပါမိသားစုတို့၏ သင်္ဘောအုပ်စုများကိုပါ ဝန်းရံပိတ်ဆို့လိုက်လေသည်။

‎

‎

‎" ထွက်သွားဖို့ ကြိုးစားနေတာလား...ငါကိုယ်‌တော်က မင်းတို့ကို ခွင့်ပြုချက် ပေးခဲ့ပြီးပြီလား... "

‎

‎

‎ခံစားချက်ကင်းမဲ့သော အသံတစ်ခုသည် ယွမ်မိသားစုနှင့် ထို့ပါမိသားစု မျိုးနွယ်ဝင်များ၏ နားများထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ သူတို့သာမကဘဲ အဆုံးမဲ့တိုက်ကြီးပေါ်တွင် ကျန်ရှိနေသေးသော အခြားဧကရာဇ်မျိုးနွယ်များအားလုံးသည်လည်း ဤခံစားချက်ကင်းမဲ့သော အသံကို ကြားလိုက်ကြရသည်။၎င်းမှာ ကောင်းကင်ဘုံအရှင်သခင် ပင်တည်း။

‎

‎

‎ဤအသံကို ကြားလိုက်ရသည်နှင့် ဧကရာဇ်မျိုးနွယ်ဝင်အားလုံး၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားကြသည်။ အကြောင်းမှာ... ဤအသံသည် သူတို့အတွက် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသောကြောင့်ပင်။ ၎င်းမှာ အခြားမည်သူမျှ မဟုတ်ဘဲ ယခင် ကုမိသားစု မဟာဧကရာဇ်... ယခု ကောင်းကင်ဘုံအရှင်သခင် ပင် ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်... သူ ဘာလုပ်ရန် ကြံရွယ်နေသနည်း။

‎

‎

‎ယွမ်ဝူကျီ၏ မျက်နှာပေါ်တွင် ရုန်းကန်နေရသော အမူအရာများ ထင်ဟပ်လာသည်။ ယွမ်မိသားစုသည် အန္တရာယ်များလှသော အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာသွားတော့မည် ဖြစ်သော်လည်း... ယခု ကောင်းကင်ဘုံအရှင်သခင်က သူ့အား နေခဲ့ရန် ပြောကြားနေသည်လော။ တကယ့်ကို ရယ်ဖွယ်ရာပင်။

‎

‎

‎သူတို့၏ ရုန်းကန်မှုနှင့် တွန့်ဆုတ်မှုများကြားတွင်... ယွမ်ဝူကျီနှင့် ထို့ပါယဲ့ နှစ်ဦးစလုံးသည် ရပ်တန့်ရန် အမိန့်အား... အချိန်မီ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

‎

‎

‎ထို့နောက် နောက်တစ်ခဏ၌ ဓားအလင်းတန်းတစ်ခုသည် ထာဝရကို ထိုးဖောက်လျက် လက်ခနဲ ဖြတ်သန်းသွားပြီး... ယွမ်မိသားစုနှင့် ထို့ပါမိသားစု သင်္ဘောအုပ်စုများ၏ ရှေ့ဆုံးမှ စစ်သင်္ဘောအချို့အား... ချက်ချင်းပင် ချေမှုန်းဖျက်ဆီးကာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

‎

‎

‎" ရပ်ကြ... မြန်မြန်... ရပ်လိုက်ကြ "

‎

‎

‎ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ... ယွမ်ဝူကျီနှင့် ထို့ပါယဲ့တို့သည် အိပ်မက်မှ နိုးထလာသကဲ့သို့... ရုတ်တရက် သတိဝင်လာခဲ့ပြီး အလျင်အမြန် အမိန့်များ ထုတ်ပြန်လိုက်ကြတော့သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... ခင်ဗျား ဘာလုပ်ချင်နေတာလဲ "

‎

‎

‎ယွမ်ဝူကျီသည် ဒေါသတကြီး ပြောလိုက်သည်။ ဤ ကောင်းကင်ဘုံအရှင်သခင်သည် ယခုမှ ပေါ်ထွက်လာပြီး ဘာလုပ်လိုနေသနည်း။

‎

‎

‎" ငါကိုယ်တော်က ဘာလုပ်ချင်တာလဲ ဟုတ်လား..... "

‎

‎

‎ကုချန်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး... ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်သည်။

‎

‎

‎" အဆုံးမဲ့ဧကရာဇ်မျိုးနွယ်တွေက ဒီသက်ရှိသတ္တဝါတွေကို အကာအကွယ်ပေးရမဲ့သူတွေ မဟုတ်ဘူးလား... အခု နတ်ဆိုးနယ်မြေက ကြီးမားတဲ့ ရန်သူကြီးတွေ ငါတို့ ရှေ့မှောက်ကို ရောက်ရှိနေပြီ... မင်းတို့ အဆုံးမဲ့ဧကရာဇ်မျိုးနွယ်တွေက မင်းတို့ရဲ့ တာဝန်တွေကို ဘယ်လိုများ စွန့်ပစ်ပြီး... ထွက်ပြေးနိုင်ရတာလဲ "

‎

‎

‎" မင်းတို့အားလုံး နေခဲ့ကြပြီး... နတ်ဆိုးနယ်မြေတပ်မတော်နဲ့ သေတဲ့အထိ တိုက်ခိုက်ကြရမယ် "

‎

‎

‎" မင်း..... "

‎

‎

‎ယွမ်ဝူကျီနှင့် ထို့ပါယဲ့တို့သည် ကြောင်ငေးသွားကြပြီး... အဆုံးမဲ့တိုက်ကြီးပေါ်တွင် ကျန်ရှိနေသေးသော... ထွက်ပြေးရန် ပြင်ဆင်နေကြသည့် အခြားအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များသည်လည်း... အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

‎

‎

‎ဤ ကောင်းကင်ဘုံအရှင်သခင်သည် ဤဧကရာဇ်မျိုးနွယ်များကို ထွက်ခွာခွင့် မပေးရုံသာမက... သူတို့အား ဟိုနတ်ဆိုးနယ်မြေက ကောင်များနှင့် တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေလိုသည်လော။ ဤနည်းလမ်းသည် အလွန်တရာ ရက်စက်လွန်းလှသည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... ခင်ဗျား... ဒီလို ရက်စက်ယုတ်မာနေတာ... ဝဋ်လည်မှာကို မကြောက်ဘူးလား "

‎

‎

‎ ဧကရာဇ်မျိုးနွယ်ဝင်တစ်ဦးက ဒေါသတကြီး ဆိုလိုက်သည်။

‎

‎

‎သို့သော်... ကုချန်သည် တုံ့ပြန်ခြင်း မပြုခဲ့ပေ။ သူသည် ဤဧကရာဇ်မျိုးနွယ်များအား... ယခု ထွက်ပြေးခြင်း၏ အကျိုးဆက်ကိုသာ ပြောကြားလိုက်ခြင်း ဖြစ်သည်။

‎

‎

‎ လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းက သူတစ်ဦးတည်းကသာ အဆုံးအစမရှိသော နတ်ဆိုးနယ်မြေက နတ်ဆိုးများကို တွန်းလှန်ခဲ့ပြီး... ထိုအချိန်တွင် ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များမှာမူ ဘာတစ်ခုမျှ မလုပ်ဆောင်ဘဲ... နောက်ကွယ်မှနေ၍ အကျိုးအမြတ်များကို ခံစားနေခဲ့ကြသည်။

‎

‎

‎ယခုအခါ သူတို့ နေရာချင်း လဲလှယ်ရမည့် အချိန်တန်ပြီ ဖြစ်သည်... ဤအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များသည် နတ်ဆိုးနယ်မြေမှ နတ်ဆိုးများကို သွားရောက် တိုက်ခိုက်ရမည့် အချိန်ပင်တည်း။

‎

‎

‎" ပြန်ကြ...အဆုံးမဲ့တိုက်ကြီးဆီကို ပြန်ကြ..... "

‎

‎

‎ယွမ်ဝူကျီသည် သွားများကို ကြိတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

‎

‎

‎ယခုအချိန်တွင် ကောင်းကင်ဘုံအရှင်သခင်၏ အလိုဆန္ဒအား ဆန့်ကျင်ခြင်းသည်... သေခြင်းတရားဆီသို့သာ ဦးတည်သွားမည်ဖြစ်ကြောင်း သူ သိရှိနေသည်။ အဆုံးမဲ့တိုက်ကြီးသို့ ပြန်သွားပါက... မျှော်လင့်ချက် အလင်းတန်း သေးသေးလေးတစ်ခု ရှိနေနိုင်သေးသည်။

‎

‎

‎မည်သို့ပင်ဖြစ်စေ သူတို့သည် အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်ဒေသတွင် ဆက်လက် နေထိုင်၍ မဖြစ်ပေ။ သို့မဟုတ်ပါက နတ်ဆိုးနယ်မြေတပ်မတော်ကြီး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ယွမ်မိသားစုနှင့် ထို့ပါမိသားစုတို့သည် ရှေ့ဆုံးမှ ပစ်မှတ်များ ဖြစ်လာကြပေလိမ့်မည်။

‎

‎

‎ယွမ်မိသားစုနှင့် ထို့ပါမိသားစုတို့၏ စစ်သင်္ဘောများသည် ဖြည်းညင်းစွာ လှည့်ပတ်လိုက်ကြပြီး... အဆုံးမဲ့တိုက်ကြီးသို့ ပြန်သွားရန် ရည်ရွယ်လိုက်ကြသည်။ သို့သော်လည်း သူတို့သည် ဤကြယ်တာရာမိုးကောင်းကင်မှ ထွက်ခွာရန် အပြုမှာပင်... နောက်ထပ် ဓားအလင်းတန်းတစ်ခုသည် တိုက်ခိုက်လာခဲ့ပြီး... အဆုံးမဲ့တိုက်ကြီး၏ လားရာဘက်နှင့် ကပ်လျက်ရှိသော စစ်သင်္ဘောအချို့ကို ဖျက်ဆီးပစ်လိုက်ပြန်သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်...ကျွန်‌တော်တို့ မထွက်ခွာတော့ဖို့ ဆုံးဖြတ်ပြီးပြီ... ဘာကြောင့် ခင်ဗျားက ဆက်ပြီး တိုက်ခိုက်နေရသေးတာလဲ "

‎

‎

‎ထို့ပါယဲ့၏ မျက်လုံးများမှာ သွေးနီရောင်တမျှ နီရဲလျက် ရှိသည်။

‎

‎

‎" ငါကိုယ်တော်က မင်းတို့အားလုံးကို ထွက်မသွားဖို့ အမိန့်ပေးခဲ့ပေမဲ့ အဆုံးမဲ့ကမ္ဘာဆီကို ပြန်လာခွင့်ပြုတယ်လို့ မပြောခဲ့ဘူး "

‎

‎

‎ကုချန်က ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်သည်။

‎

‎

‎" မင်း..... "

‎

‎

‎ထို့ပါယဲ့နှင့် ယွမ်ဝူကျီတို့သည် လက်တွေ့တွင် ရူးသွပ်သွားကြတော့မည် ဖြစ်သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာသွားခြင်းသည် သေခြင်းတရားကို ဆိုလိုသည်။ အဆုံးမဲ့ကမ္ဘာသို့ ပြန်သွားခြင်းသည်လည်း သေခြင်းတရားကို ဆိုလိုသည်။ ဤနေရာတွင် နေထိုင်ရင်း နတ်ဆိုးနယ်မြေတပ်မတော်ကြီး ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေခြင်းသည်လည်း သေခြင်းတရားပင် ဖြစ်သည်။

‎

‎

‎ မည်သည့် ရွေးချယ်မှုပင် ဖြစ်စေကာမူ... ယွမ်မိသားစုနှင့် ထို့ပါမိသားစုအား စောင့်ကြိုနေသောအရာမှာ... သေလမ်းမှလွဲ၍ အခြား မည်သည့်အရာမျှ မရှိတော့ပေ။

All Chapters