← Chapters

ပိုးစုန်းကြူးတစ်သိန်း၏ပေါင်းစည်းမှု

Vol. 14 Ch. 132

ပိုးစုန်းကြူးတစ်သိန်း၏ပေါင်းစည်းမှု

Vol. 14 Ch. 132

သေဆုံးသွားသော လူနှစ်သောင်းထဲတွင် အချို့မှာ အလောင်းအစိတ်အပိုင်းများ ကျန်ရှိနေသေးသည်။ တိုက်ပွဲပြီးဆုံးသွားသော်လည်း အမျက်ဒေါသ မပြေနိုင်သေးသော အကြီးအကဲများသည် ထိုသူများ၏ ရုပ်ဖျက်မှုကိုခွာချရန် ပြေးသွားကြသည်။

မကြာမီမှာပင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူတို့သတိပြုမိလိုက်၏။ သေဆုံးသူတိုင်းသည် သူတို့၏မူလမျက်နှာများအတိုင်းရှိနေကြပြီး မည်သည့်ရုပ်ဖျက်မှုမျှရှိမနေပေ။

ရုပ်ဖျက်ထားခြင်းဖြစ်လျှင် သေဆုံးပြီးနောက်တွင် ထိုအတတ်မှာ ပျယ်ပြယ်သွားရမည်။ သို့သော် မည်သို့ပင်စစ်ဆေးစေကာမူ သေဆုံးသူများသည် သူတို့၏မူလရုပ်သွင်အတိုင်းရှိနေကြသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတို့က မင်ရှင်းမြင့်မြတ်နယ်မြေကလူတွေ မဟုတ်ဘူးလား... ဘာလို့ ငါတို့ဂိုဏ်းသားတွေ ဖြစ်နေရတာလဲ... ငါတို့ အချင်းချင်းပြန်သတ်မိလိုက်တာလား...

မဖြစ်နိုင်ဘူး။

သူတို့စိတ်ထဲတွင် ဤအမှန်တရားကိုလက်မခံလိုကြပေ။ သို့သော် အချက်အလက်များက သူတို့ရှေ့တွင်ရှိနေသည်။

ထိုသူများအသုံးပြုသော ဝိညာဉ်လက်နက်များ၊ လက်စွပ်များထဲရှိ ကျင့်စဉ်များနှင့် လျှို့ဝှက်အတတ်များမှာ ပုယွီမြင့်မြတ်နယ်မြေ၏ပစ္စည်းများသာ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားလက္ခဏာများကလည်း မြင့်မြတ်နယ်မြေ၏ ကျင့်စဉ်များဖြစ်ကြောင်း သက်သေပြနေသည်။

အမှန်တရားက တစ်ခုတည်းသာရှိသည်... ယခုလေးတင် သူတို့ကိုယ်တိုင်သတ်ဖြတ်လိုက်သော လူနှစ်သောင်းမှာ မိမိတို့၏ဂိုဏ်းသားများဖြစ်၏။ အရှင်မြတ်ကျင့်ယွမ်သည် အလောင်းတစ်ခုကိုပွေ့ချီလိုက်ရာ ၎င်းမှာ သူ၏မြေးတပည့်ဖြစ်လေသည်။

"အား... ဒါတွေက ဘယ်လိုဖြစ်ကုန်တာလဲ"

ပြန်စဉ်းစားကြည့်လျှင် သံသယဖြစ်ဖွယ်ရာများစွာရှိ၏။ နှလုံးသားဌာန၏ လူဦးရေမှာ တစ်သောင်းကျော်သာရှိသော်လည်း ရန်သူမှာနှစ်သောင်းဖြစ်နေသည်။

ရန်သူတွေက ဘယ်လိုလုပ်ပြီး ဂိုဏ်းထဲကို ဒီလောက်အေးအေးဆေးဆေး ဝင်လာနိုင်မှာလဲ။ အကယ်၍ မင်ရှင်းမြင့်မြတ်နယ်မြေက တကယ်တိုက်ခိုက်တာဆိုရင် ဒီလောက်အလွယ်တကူအသေခံပါ့မလား။

သူတို့ ထောင်ချောက်ထဲရောက်သွားခြင်းဖြစ်သည်။ ပထမဆုံးတွင် မိမိတို့လူအချင်းချင်းတိုက်ခိုက်အောင် လှည့်စားခံရပြီး နောက်ဆုံးတွင် မိမိတို့လက်ဖြင့်ပင် ကျန်သူများကိုသတ်လိုက်ကြသည်။

ဂိုဏ်းသားတစ်သိန်းရှိသော ပုယွီမြင့်မြတ်နယ်မြေတွင် ယခုအခါ လူသုံးထောင်ကျော်သာ အသက်ရှင်ကျန်ရစ်တော့သည်။ တာအိုနန်းတော်အဆင့် ပါရမီရှင်အကြီးအကဲ ၅၀ အနက် နှစ်ဦးသာအသက်ရှင်တော့သည်။ ပုယွီမြင့်မြတ်နယ်မြေမှာ လုံးဝပြိုလဲသွားချေပြီ။

"လက်စားချေရမယ်... သွေးကြွေးကို သွေးနဲ့ဆပ်ရမယ်"

အဆင့်မြင့်အကြီးအကဲ အရှင်မြတ်ယွီချူသည် ဒေါသကြောင့် အရှိန်အဝါများ ကစဉ့်ကလျား ဖြစ်နေသည်။

"ရန်သူကိုသတ်ကြစမ်း... ဒီရန်ငြိုးကိုမဆပ်ရရင် ငါလူမဟုတ်တော့ဘူး"

အသက်ရှင်ကျန်သူတိုင်း ဒေါသအဟုန်ပြင်းထန်နေသော်လည်း ပြဿနာတစ်ခုရှိနေသည်။ မည်သူ့ကို လက်စားချေရမည်နည်း...

နှလုံးသားဌာနလား...

အမှန်တကယ်တော့ သူတို့စိတ်ထဲတွင် ထိုဖြစ်နိုင်ခြေကို ပယ်ဖျက်ပြီးသားဖြစ်သည်။ နှလုံးသားဌာနတွင် ထိုကဲ့သို့ ယုတ်မာသောအစီအစဉ်မျိုးမရှိသလို ရက်စက်မှုမျိုးလည်းမရှိပေ။

ယခုလက်ရှိ သိနိုင်သောရန်သူမှာ အရှင်မြတ်ကျင့်ဟွမ်းအသွင်ဖမ်းထားသော ကျန်းချန်သာဖြစ်သည်။ သို့သော် ကျန်းချန်မှာလည်း ပြာအဖြစ်ပြောင်းလဲသွားပြီဖြစ်ရာ သူတို့၏ဒေါသကို မည်သည့်နေရာတွင် ဖောက်ထုတ်ရမှန်းမသိဘဲ ရူးမတတ်ဖြစ်ကုန်ကြ၏။

"မင်ရှင်းမြင့်မြတ်နယ်မြေ... ငါတို့က သူတို့ကိုတိုက်ဖို့ပြင်နေတာဆိုတော့ သူတို့နဲ့ပတ်သက်နေတာ သေချာတယ်။ သူတို့ဆီက ရှင်းလင်းချက်တောင်းရမယ်"

ဝိညာဉ်အခြေအနေဖြင့် ဘေးမှနားထောင်နေသော အစ်ကိုကြီးချန်မှာ ရယ်ချင်နေမိသည်။ ဤလူတွေက အမှန်ကို ရယ်စရာကောင်းလှသည်။ သူတို့၏စိတ်နှလုံးမှာ အလွန်မည်းမှောင်လွန်း၏။

"ဒင်... လက်ခံသူ သေဆုံးသွားသည်။ ရန်သူ၏အစွမ်းကိုတိုင်းတာ၍ ပြန်လည်ရှင်သန်ခြင်း အစီအစဉ်ကို ရေးဆွဲနေသည်"

ကျန်းချန် စိတ်ထဲမှဆုတောင်းနေမိသည်။

စနစ်ကြီးရေ... ငါ့ကို တစ်မိနစ်စာစမ်းသပ်ဗားရှင်းတွေမပေးဘဲ အမြဲတမ်းသုံးလို့ရမယ့် အဆင့်မြှင့်တင်မှုမျိုးပဲပေးစမ်းပါ...

"ဒင်... ကျင့်ကြံသူတစ်သိန်း သေဆုံးသွားသည်။ သူတို့၏ဝိညာဉ်များတွင် လက်စားချေလိုသော အစွဲအလမ်းတစ်ခုသာကျန်ရှိပြီး ၎င်းတို့ကိုလက်စားချေပေးနိုင်မည့် အစွမ်းအထက်ဆုံးတည်ရှိမှုကို ရှာဖွေနေကြသည်"

" လက်ခံသူ၏အဆိပ်သူရဲကောင်းဝိညာဉ်မှာ လက်ရှိတွင် အမြင့်ဆုံးအဆင့်ဝိညာဉ်ခန္ဓာဖြစ်သည်။ သေဆုံးသူတစ်သိန်း၏ဝိညာဉ်များသည် ၎င်းသို့ဦးတည်ပေါင်းစည်းလာပြီး လက်ခံသူကို သူတို့အတွက် လက်စားချေပေးစေလိုသည်"

ကျန်းချန်မှာ စနစ်၏ဟာသဉာဏ်ကိုသိသော်လည်း ဤအစီအစဉ်က သူ့ကိုကြောင်အသွားစေသည်။ ဤဝိညာဉ်တစ်သိန်းကိုသတ်ခဲ့သူမှာ သူကိုယ်တိုင်မဟုတ်ပါလား။

အခုတော့ သူ့ကို လက်စားချေပေးဖို့လာရှာနေကြသည်တဲ့လား။ စနစ်က တကယ့်ကိုခွေးပဲ။

သို့သော် စနစ်၏အစီအစဉ်ကို သူမတားနိုင်ပေ။ အောက်ကလူများမှာ ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

သေဆုံးသွားသောအလောင်းများဆီမှ ပိုးစုန်းကြူးများကဲ့သို့ အလင်းစက်လေးများ တဖြည်းဖြည်း မြင့်တက်လာ၏။ အစိမ်းနုရောင်၊ ခရမ်းရောင်၊ အပြာရောင် အစရှိသဖြင့် အရောင်စုံလင်လှသည်။

စုစုပေါင်း ပိုးစုန်းကြူးတစ်သိန်းခန့် ကောင်းကင်ယံသို့ တက်လှမ်းသွားသည်။ ၎င်းမှာ အလွန်ခမ်းနားလှသဖြင့် အကြီးအကဲများမှင်သက်ကုန်၏။

"ဒါ... ဒါ ငါတို့တပည့်တွေရဲ့ ဝိညာဉ်တွေလား"

"ဟုတ်တယ်... သေချာတယ်... ငါ့တပည့်ရဲ့အရှိန်အဝါကို ခံစားမိတယ်..."

"သူတို့ ဘယ်သွားနေကြတာလဲ"

သာမန်အားဖြင့် သူတော်စင်အဆင့်အောက်ရှိလူများသေဆုံးပါက ဝိညာဉ်မှာ ပျက်စီးသွားရမည်ဖြစ်သည်။ ယခုကဲ့သို့ မြင်သာသော ပိုးစုန်းကြူးအဆင့်သို့ မရောက်နိုင်ပေ။

၎င်းသည် စနစ်၏လက်ချက်ဖြစ်ကြောင်း ကျန်းချန်သိလိုက်သည်။ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ထိုဝိညာဉ်များသည် ကျန်းချန်၏ဝိညာဉ်ရှိရာသို့ စုပြုံတိုးဝင်လာ၏။

ပိုးစုန်းကြူးတစ်သိန်းသည် ကောင်းကင်မှကြယ်တာရာများအလား ကျန်းချန်၏ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခုဝင်ရောက်သွားကြသည်။ ကံကောင်းသည်မှာ ထိုဝိညာဉ်များတွင် အသိစိတ်မရှိတော့ဘဲ လက်စားချေလိုသည့်အစွဲအလမ်းသာ ကျန်ရှိတော့သည်။ မဟုတ်လျှင် သူတို့သည် ကျန်းချန်ကို ဝိုင်းဝန်းတိုက်ခိုက်ကြပေမည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏စိတ်ဝိညာဉ်အဆင့်မှာ အရှိန်အဟုန်ဖြင့်မြင့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုနန်းတော်အဆင့် ၅ သို့ ရောက်ရှိသွားပြီး စက္ကန့်အနည်းငယ်အကြာတွင် အဆင့် ၆ သို့ ထပ်မံရောက်ရှိသွားသည်။ ၎င်းမှာရပ်တန့်မည့်ပုံမပေါ်ဘဲ များပြားလှသော မှတ်ဉာဏ်အပိုင်းအစများမှာ သူ၏စိတ်ဝိညာဉ်ထဲသို့တိုးဝင်လာသဖြင့် မူးဝေသွား၏။

All Chapters