← Chapters

ဖျက်ဆီးပြီးသွားပြီ

Vol. 14 Ch. 136

ဖျက်ဆီးပြီးသွားပြီ

Vol. 14 Ch. 136

လန်ယီသည် အင်မော်တယ်တစ်ဦးကို တစ်ခါမျှမမြင်ဖူးခဲ့သလို အင်မော်တယ်ဝိညာဉ်ဆိုသည်မှာလည်း မည်ကဲ့သို့ဖြစ်သည်ကိုမသိရှိပေ။ သို့သော် သူမသည် အနည်းဆုံးတော့ သူတော်စင်အဆင့် ၉ ၏ စိတ်ဝိညာဉ်အဆင့်ကို မြင်တွေ့ဖူး၏။

မိုချန်၏အင်မော်တယ်ဝိညာဉ်သည် အစိတ်စိတ်အမွှာမွှာပျက်စီးနေသဖြင့် အားနည်းနေသယောင်ရှိသော်လည်း ၎င်းမှထွက်ပေါ်နေသော သန့်စင်ကျယ်ပြောသည့် အရှိန်အဝါမှာမူ သူတော်စင်အဆင့်ပညာရှင်များ မည်သို့မျှမယှဉ်နိုင်သောအရာဖြစ်သည်။ ထိုအရှိန်အဝါသည် လန်ယီ၏ နှလုံးသားထဲအထိ ကြောက်ရွံ့မှုကိုဖြစ်စေပြီး သူမရှေ့မှအဖိုးအိုအား သာမန်လူတစ်ဦးဟု မထင်မှတ်တော့ဘဲ ရှေးဦးနတ်ဘုရားတစ်ပါးအလားခံစားမိစေသည်။

"ရှင်က... တကယ်ပဲအင်မော်တယ်လား"

"မှန်တာပေါ့"

မိုချန်သည် စိတ်ထဲ၌ ကျေနပ်မှုကိုခံစားလိုက်ရသည်။ ကျန်းချန်၏ရှေ့တွင် အင်မော်တယ်တစ်ဦး၏ဂုဏ်သိက္ခာကို မပြသနိုင်သော်လည်း အခြားသူများရှေ့တွင်မူ ခန့်ညားစွာနေထိုင်နိုင်သေးသည်။

လန်ယီသည် စိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက် နားမလည်နိုင်စွာဖြင့် မေးမြန်းသည်။

"ဒါဆိုရင် ရှင်ကဘာလို့ ကျန်းချန်ကိုကူညီပြီး ပုယွီမြင့်မြတ်နယ်မြေကို မတိုက်ခိုက်တာလဲ"

မိုချန်က လက်နှစ်ဖက်ကို အားမလိုအားမရဖြန့်ပြကာ

"ငါက ဝိညာဉ်အကြွင်းအကျန်အဆင့်မှာပဲ ရှိနေတာလေ၊ ငါ့ရဲ့ခွန်အားက အရင်အထွတ်အထိပ်တုန်းကရဲ့ တစ်သောင်းပုံတစ်ပုံတောင် မရှိတော့ဘူး"

ထိုသို့ဖြင့် သူသည် အဆင့်ကျသွားသောအင်မော်တယ်တစ်ဦးဖြစ်ကြောင်း လန်ယီက ယုံကြည်သွားသည်။

"သူ တကယ်ပဲအဆင်ပြေပါ့မလား"

"အဆင်ပြေမှာပေါ့"

အမှန်စင်စစ်မိုချန်သည် ဗေဒင်တွက်နည်းကိုမတတ်မြောက်သော်လည်း အခြေအနေကိုကြည့်၍ ခန့်မှန်းနိုင်သည်။

"ငါ့ရဲ့ တွက်ချက်မှုသာမှန်မယ်ဆိုရင် ဂိုဏ်းချုပ်ဟာ ဒီတစ်ခေါက်ဘေးကင်းရုံတင်မကဘဲ ဆုလာဘ်တွေတောင်ရလာဦးမှာပါ"

ကောင်းကင်သားတော်များသည် အခက်အခဲနှင့်ကြုံတွေ့ရလေလေ ရတနာများရရှိလေလေဖြစ်သည်ဟု သူကယူဆထား၏။

ခေတ္တမျှကြာပြီးနောက် ကျန်းချန်ပြန်လည်ရောက်ရှိလာသည်။

"တွေ့လား... ငါ့ရဲ့တွက်ချက်မှု မမှားပါဘူး"

မိုချန်က သူ၏မေးစေ့ကိုပွတ်သပ်ရင်း ပြုံးလျက်ပြောဆိုသည်။ ကောင်းကင်သားတော်ကို ယုံကြည်ခြင်းမှာ မည်သည့်အခါမျှမမှားနိုင်ကြောင်း သူသိနေသည်။

လန်ယီသည် ကျန်းချန်ထံသို့ အပြေးအလွှား သွားရောက်တွေ့ဆုံသည်။

"ကျန်းချန်... ရှင် ဘာမှမဖြစ်ဘဲပြန်ရောက်လာတာ ဝမ်းသာစရာပဲ"

သမီးဖြစ်သူကလည်း သူမ၏ကျောက်ခဲများကိုပစ်ချကာ ပြေးလာပြီး

"ဖေဖေ... သမီးတို့အိမ်အသစ်က ဘယ်မှာလဲ၊ သမီး ဝိညာဉ်သွေးကြောထဲကို ပြန်ဝင်ချင်လှပြီ"

ဟုဆိုကာ ကျန်းချန်၏ပခုံးပေါ်သို့ တက်ခွလိုက်သည်။

"အိမ်အသစ်ရှာတွေ့ပြီ၊ အခုပဲသွားကြမယ်"

မိုချန်က သူထိန်းသိမ်းထားသော သိုလှောင်လက်စွပ်များကိုပြန်ပေးရင်း မေးမြန်းသည်။

"ဂိုဏ်းချုပ်... မျက်စိသုံးလုံးကျားကို မစောင့်တော့ဘူးလား"

"ဘာလို့ သူ့ကိုစောင့်နေရမှာလဲ"

ကျန်းချန်က နှာခေါင်းရှုံ့ကာ သမီးဖြစ်သူကိုပခုံးပေါ်တင်လျက် ပျံသန်းထွက်ခွာသည်။ လန်ယီက စိုးရိမ်တကြီးဖြင့် အနောက်မှလိုက်လာသည်။

"ရှင် ဘယ်ကိုသွားနေတာလဲ၊ ရှေ့ဆက်သွားရင် ပုယွီမြင့်မြတ်နယ်မြေရဲ့ နယ်နိမိတ်ထဲကို ရောက်တော့မှာလေ"

"ငါသိပါတယ်"

"စီနီယာမျက်စိသုံးလုံးကျားကိုစောင့်ဖို့ ကျွန်မအကြံပေးချင်တယ်၊ ဒီလောက်လူအင်အားနဲ့ ရှေ့ဆက်သွားရင် သူတို့သိသွားလိမ့်မယ်"

လန်ယီက စိုးရိမ်တကြီးတားမြစ်သည်။

"သူတို့... သူတို့ဆိုတာ မရှိတော့ဘူး"

"ရှင် ဘာကိုဆိုလိုတာလဲ"

လန်ယီ မှင်သက်သွားသည်။

ကျန်းချန်သည် ဤမေးခွန်းကိုစောင့်နေခြင်းဖြစ်၏။ သူက လက်တစ်ဖက်ကိုနောက်ပစ်ကာ ကောင်းကင်ကိုမော့ကြည့်ရင်း ခပ်တည်တည်ဖြင့်ပြောလိုက်သည်။

"ငါ အခုလေးတင် ပုယွီမြင့်မြတ်နယ်မြေကို ဖျက်ဆီးပစ်လိုက်ပြီ"

"ဘာ"

"ရှင် ဘာပြောလိုက်တာလဲ"

မိုချန်နှင့် လန်ယီတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်မိကြသည်။

အင်မော်တယ်မိုချန်ပင်လျှင် ဆွံ့အသွား၏။ ကျန်းချန်သည် အန္တရာယ်မှလွတ်မြောက်လာရုံသာမကဘဲ မြင့်မြတ်နယ်မြေတစ်ခုလုံးကိုပါ ဖျက်ဆီးနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ကျန်းချန်သည် တာအိုနန်းတော်အဆင့် ၄ သာ ရှိနေသေးသည်မဟုတ်ပါလား။

ထို့နောက် မိုချန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဂိုဏ်းချုပ်ရဲ့ စိတ်ဝိညာဉ်က..."

လန်ယီသည် ကျန်းချန်၏စိတ်ဝိညာဉ်အဆင့်ကို မမြင်နိုင်သော်လည်း မိုချန်ကမူမြင်နိုင်သည်။ တစ်ခေါက်မျှသွားလိုက်ရုံဖြင့် ဂိုဏ်းချုပ်၏စိတ်ဝိညာဉ်သည် သူတော်စင်အဆင့်သို့ ရောက်ရှိသွားခြင်းမှာ မယုံနိုင်စရာပင်။

ဤကံတရားသည် ကမ္ဘာ့နိယာမများကိုပင်လျစ်လျူရှုနိုင်စွမ်းရှိနေပြီလားဟု သူကတွေးတောမိသည်။

ကျန်းချန်သည် အင်မော်တယ်တစ်ဦးပင် အံ့သြနေသည်ကိုမြင်ရသဖြင့် အလွန်ကျေနပ်သွားကာ

"အင်း... မြင်တဲ့အတိုင်းပဲ"

ဟုဆိုကာ ခေါင်းညိတ်ပြလိုက်၏။

မိုချန်သည် ယခုအခါ ကျန်းချန်ကို လုံးဝအထင်ကြီးသွားလေပြီ။ ဤလူ၏ကံတရားမှာ အင်မော်တယ်နယ်မြေရှိ အင်မော်တယ်ဧကရာဇ်များထက်ပင်သာလွန်နိုင်ကြောင်း သူခန့်မှန်းမိသည်။

လန်ယီကမူ သံသယများဖြင့်သာကျန်ရစ်နေသည်။

"ကျန်းချန်... နောက်မနေပါနဲ့၊ မြင့်မြတ်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ"

ကျန်းချန်က ပြုံးလျက်

"ဟုတ်မဟုတ်ဆိုတာ သွားကြည့်ရင်သိမှာပေါ့"

ဟုပြောဆိုကာ အလင်းတန်းတစ်ခုအလား ပျံသန်းသွား၏။

"မိန်းကလေးလန်... ဂိုဏ်းချုပ်ရဲ့စကားကို ယုံကြည်လိုက်ပါ၊ အချို့သူတွေက အံ့ဖွယ်အမှုတွေ ဖန်တီးဖို့အတွက်ပဲ မွေးဖွားလာကြတာ"

မိုချန်က ထိုသို့ပြောကာ အနောက်မှလိုက်ပါသွား၏။

မကြာမီ သူတို့လေးဦးသည် လျှို့ဝှက်နယ်မြေ၏အဝင်ဝသို့ ရောက်ရှိလာကြသည်။

"ဟင်... ဘာလို့ ဒီမှာကင်းစောင့်မရှိတာလဲ"

လန်ယီသည် ယခင်က ဤနေရာသို့ လျှို့ဝှက်စွာဖြင့် မကြာခဏလာရောက်ဖူးသော်လည်း တစ်ခါမျှ အထဲသို့မဝင်နိုင်ခဲ့ပေ။ အထဲသို့ဝင်ရန်မှာ ဂိုဏ်းသားများ၏ သီးသန့်စိတ်ဝိညာဉ်လှိုင်းများ လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော် ကျန်းချန်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အစီအရင်တံခါးပွင့်သွား၏။

"ရှင်... ဒါကိုဘယ်လိုလုပ်လိုက်တာလဲ"

"ငါပြောပြီးပြီလေ၊ ဒီနေရာကို ငါဖျက်ဆီးပြီးပြီ၊ အခု ငါကပိုင်ရှင်ပဲ"

သူတို့လေးဦး အထဲသို့ဝင်ကြသည်။ လန်ယီက တိုက်ပွဲအတွက်ပြင်ဆင်ထားသော်လည်း မည်သည့်ရန်သူကိုမျှမတွေ့ရပေ။

ကောင်းကင်တွင်ပျံသန်းနေသောငှက်များမှလွဲ၍ အခြားသက်ရှိ တစ်ဦးတစ်ယောက်မျှမရှိတော့ချေ။ သူတို့သည် အလယ်ဗဟိုသို့ ရောက်ရှိသွားသောအခါမှ တိုက်ပွဲ၏အကြွင်းအကျန်များနှင့် အလောင်းများကိုမြင်တွေ့ရပြီး ပုယွီမြင့်မြတ်နယ်မြေမှာ အမှန်တကယ်ပင်ပျက်စီးသွားပြီဖြစ်ကြောင်း သူမသိရှိသွားတော့သည်။ သူမ၏လက်စားချေမှုမှာလည်း အောင်မြင်သွားလေပြီ။

All Chapters