အခန်း (၄၅၆-၄၆၀)
Vol. 31 Ch. 456-460
အခန်း(၄၅၆) ထူးထူးခြားခြား အတွေးများ။
"မဟုတ်ပါဘူး၊ ကျွန်တော်မှာ ကန့်ကွက်စရာ မရှိပါဘူး။" တပ်မှူးဂေါ့ရှန်းသည် ကပျာကယာ ဦးညွှတ်လိုက်သည်။
သူ၏ရှေ့တွင်ရှိနေသော အကြီးအကဲဇီရှန်သည် အစွမ်းထက်ရုံသာမက နဂါး ကောင်းကင်နန်းတော်ရှိ သူမ၏အဆင့်အတန်းမှာလည်း ထူးထူးခြားခြား ဖြစ်နေပုံရ သည်။ သူသည် သူမစကားကို မည်သို့ ကန့်ကွက်ဝံ့မည်နည်း။
"ဟမ့်၊ မင်းက ကြောက်လို့ ယုံကြည်လက်ခံလိုက်ရတာလား” အကြီးအကဲ ဇီရှန်သည် တပ်မှူးဂေါ့ရှန်းကို စိုက်ကြည့်ရင်း သူမ၏ အေးစက်သော ခရမ်းရောင် မျက်လုံးများက ဝင်းလက်တောက်ပနေသည်။
တပ်မှူးဂေါ့ရှန်း၏ စိတ်နှလုံးသည် ချက်ချင်းပင် အေးခဲသွားပြန်သည်။ သူက အံတင်းတင်း ကြိတ်ကာ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် ယုံကြည်ပါတယ်။ တပ်မှူးလင်းယွင်က ပလက်တီနမ်လှိုဏ်ဂူကို ထိန်းချုပ်ဖို့ ခွန်အားရှိမှာ သေချာပါတယ်”ဟုသာ ပြောလိုက်ရပါသည်။
ဂေါ့ရှန်းသည် ထိုကဲ့သို့ ပြောလိုက်ရသော်လည်း လွန်စွာမှ စိတ်မပါလှပေ။ သူ၏ အမြင်အရဆိုလျှင်၊ အကယ်၍ အကြီးအကဲဇီရှန်သာ ပေါ်မလာခဲ့ဘူးဆိုလျှင် ဤကောင် လင်းယွင်သည် သူ၏မသာကောင် ဖြစ်သွားလိမ့်မည်။ အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲလေးတစ်ကောင်သည် အစွမ်းထက်နိုင်သော် လည်း၊ သူသည် အစောပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင် သူတစ်ဦး အတွက် မည်ကဲ့သို့ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။
"ဟမ့်၊ ငါ့ကိုစောင့်နေဦး၊ မင်းကို အခုလိုမျိုး ကာကွယ်ပေးဖို့အတွက် မင်းနေနဲ့ အကြီးအကဲဇီကို ဘယ်လိုလုပ်ထားလဲ ငါ မသိဘူး၊ ဒါပေမယ့် နောက်တကြိမ်ဆို ငါ့ကို စော်ကားတဲ့ အကျိုးဆက်တွေကို မင်းကို သေချာပြောပြပေးမယ်" ဂေါ့ရှန်းက သူ၏ စိတ်ထဲမှာ ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခုက သူ့မျက်လုံးများ၏ နက်ရှိုင်းသည့်နေရာမှ ဖြတ်သန်းပြီး ထွက်ပေါ်လာလေသည်။
သူဂေါ့ရှန်းသည် အမြဲတမ်း လက်စားချေတတ်သူ ဖြစ်သည်။ သူ့ကို အနှောင့်ယှက် ပေးသည့်လူတိုင်းသည် ဆိုးရွားသော အဆုံးသတ်ဖြင့် ကြုံတွေ့ရလိမ့်မည်။ ယနေ့တွင် လင်းယွင်သည် လူအများရှေ့မှာ သူ့ကို လူသိရှင်ကြား ရန်စခဲ့သည်။ ယင်းအတွက် ကလဲ့စားမချေဖို့ဆိုတာ သူအနေဖြင့် လုံးဝ မဖြစ်နိုင်ပါဘူး။ သို့သော် အကြီးအကဲဇီက သူ့ကို ကာကွယ်ပေးထားသဖြင့်၊ သူသည် အချိန်အတိုင်းတာတစ်ခုအထိ သည်းခံရဦး မည်။
ဇီရှန်သည် ဂေါ့ရှန်း၏ပြောစကားကို သဘာဝအတိုင်း မယုံကြည်သော်လည်း သူမသည် သူ့ကို ပြင်းပြင်းထန်ထန် အတင်းအကြပ် မလုပ်ဝံ့ပေ။
"တပ်မှူးလင်းယွင်၊ တပ်မှူးဂေါ့ရှန်းက သူ့အမှားကို ဝန်ခံပြီဆိုမှတော့ ဒီကိစ္စကို ကျေအေးပေးသင့်တယ်လို့ မင်း မထင်ဘူးလား" ဇီရှန်က ချင်ယွင်ကို ကြည့်ပြီး မေးသည်။
ချင်ယွင်၏ အေးစက်သော အကြည့်ကို သူမမြင်လိုက်ရသည့်အခါ သူမ၏နှလုံးသား သည် မနေနိုင်ဘဲ တုန်လှုပ်ချောက်ချားသွားမိသည်။ ချင်ယွင်သည် ဒေါသထွက်နေပြီ ဆိုသည်ကို သူမသိသည်။
ချင်ယွင်သည် သူ၏ညီနှစ်ယောက်အပေါ် ယခုလောက် လေးလေးနက်နက် ဆက်ဆံလိမ့်မည်ဟု သူမလည်း မမျှော်လင့်ထားခဲ့ပေ။ သူ၏နှစ်ယောက် ဒဏ်ရာရ သွားသည်ကို မြင်လိုက်ရလျှင် သူသည် အစောပိုင်းအဆင့် အမှန်တရားသို့ပြန်လည် ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်နှင့်ပင် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
ဇီရှန်သည် သူမ၏ နှလုံးသားထဲတွင် ဗြုန်းခနဲဝင်ရောက်လာသည့် ခိုကိုးရာမဲ့မူကို ခံစားလိုက်ရပါသည်။ ကျိုးကြောင်းဆီလျော်စွာပြောရလျှင်၊ ချင်ယွင်၏ လုပ်ရပ်များ သည် ဆင်ခြင်တုံတရား ကင်းမဲ့နေသည်မှာ သံသယဖြစ်စရာပင် မလိုချေ။ ချင်ယွင် သည် ဤဂေါ့ရှန်းအတွက် ပြိုင်ဘက်ဖြစ်မည်ဟု သူမ မထင်ပေ။ အဆုံးတွင်၊ သူသည် ဂေါ့ရှန်း၏လှံချက်အောက်တွင် တစ္ဆေသရဲအဖြစ်သို့ ကျရောက်သွားနိုင်သည်။
သို့သော်လည်း ချင်ယွင်၏ ညီရင်းအစ်ကိုသဖွယ် ချစ်ခင်ရင်းနှီးမှုသည် ဇီရှန်၏ နှလုံးသားကို လှုံ့ဆော်ပေးခဲ့ပါသည်။ နတ်ဆိုးသားရဲကမ္ဘာတွင် အလိုအပ်ဆုံးအရာမှာ ၎င်းတို့အချင်းချင်းကြားတွင် ဤကဲ့သို့သော ခင်မင်ရင်းနှီးမှုမျိုး ဖြစ်ပါသည်။ ပြန်တွေးကြည့်လျှင် ကျားအဆိပ်ကိုဝါးမျိုးမိသည့် ကလေးငယ်တစ်ဦးကဲ့သို့ အရာများ ဖြစ်ပေါ်လာနိုင်ပြီး သန်မာသူများသည် အားနည်းသူများအပေါ် ဖမ်းဆီးသတ်ဖြတ် စားသောက်ခြင်းသည် နတ်ဆိုးသားရဲကမ္ဘာတွင် ပို၍ပင် ထင်ရှားပါသည်။
မူလက ချင်ယွင်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ဒဏ်ရာများကြောင့် ဒေါသနှင့် ပြည့်နှက်နေခဲ့ပြီး သူသည် အရာအားလုံးကို မခွဲခြားနိုင်ခဲ့ဘဲ ဤတပ်မှူးဂေါ့ရှန်းနှင့် အသေခံ တိုက်ခိုက်ခဲ့သည်။ ယခု ဇီရှန်၏စကားကိုကြားလိုက်ရစဉ်မှာ သူသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
ဇီရှန်မေးရသည့် အကြောင်းရင်းကတော့ ချင်ယွင်က သူမကို မျက်နှာသာပေးပြီး တိုက်ပွဲကို ရပ်တန့်စေလိုခြင်းကြောင့် ဖြစ်ပါသည်။ တစ်ဖက်တွင်၊ ၎င်းသည် ချင်ယွင်၏ ကောင်းကျိုးအတွက်လည်း ဖြစ်ပေသည်။ ချင်ယွင်၏ လက်ရှိအင်အားဖြင့် တပ်မှူး ဂေါ့ရှန်းကိုသတ်ရန် အလွန်ခက်ခဲပါသည်။
"အစ်ကိုကြီး၊ မေ့လိုက်ပါ၊ အစ်မဇီကိုယ်တိုင် ပြောပြီဆိုမှတော့ ဒီကိစ္စကို မေ့ထားလိုက် ရအောင်။ နောက်ပြီး ငါတို့ဒဏ်ရာတွေကလည်း မပြင်းထန်ပါဘူး”။ ရှောင်ဘိုင်၏ အသံ က ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဟုတ်တယ် အစ်ကိုကြီး၊ အစ်ကိုကြီးက ဒီဂေါ့ရှန်းနဲ့ မယှဉ်နိုင်သေးဘူး။ အစ်ကိုကြီးရဲ့ ကျင့်ကြံမူ အဆင့် တိုးတက်လာတဲ့အခါကျမှ သူ့ကိုသတ်ပစ်မယ်ဆိုရင်လည်း သိပ်ပြီး နောက်မကျသေးပါဘူး” ရှောင်ကျင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ပြီး ပေးပို့လိုက်သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ စကားများကို ကြားသောအခါ ချင်ယွင်လည်း လှုပ်လှုပ် ရှားရှား ဖြစ်သွားသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ဤစကားများကို သူ စိတ်လိုက်မာန်ပါ လုပ်ဆောင်သွားမည်ကို စိုးရိမ်သောကြောင့် ပြောဆိုနေခြင်း ဖြစ်သည်ကို သူ သိပါသည်။ အကယ်၍ ချင်ယွင်သည် ဤကိစ္စကို ရှေ့ဆက်လုပ်ဆောင် ချင်သည်ဆိုလျှင် သူသည် ရှင်ခြင်းသေခြင်းဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်ရုံသာ ရှိပါတော့ သည်။ ထိုအချိန်ရောက်လျှင် ဇီရှန်တောင်မှ ချင်ယွင်ကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။ ချင်ယွင်သည်လည်း ဂေါ့ရှန်း၏ ပြိုင်ဘက် မဖြစ်နိုင်လောက်သေးပေ။
"အဖြူလေး၊ ရွှေလေးတို့၊ ငါက မင်းတို့ရဲ့ မတရားခံစားရမူအပေါ် လက်စားချေပေးဖို့ ပျက်ကွက်ခဲ့တဲ့ အကိုကြီးတစ်ယောက်ပါ။ ဒါပေမယ့် အစ်ကိုကြီးကို အချိန်တစ်ခုပေးပါ။ ငါ ဒီဂေါ့ရှန်းကိုသတ်ပစ်ပြီး မင်းတို့အတွက် တရားမျှတမှုကို သေချာပေါက် ပြန်ရယူ ပေးမယ်။ ငါချင်ယွင်ရဲ့ လူတွေကို အနိုင်ကျင့်ဖို့ သူ့အလှည့် မရောက်သေးဘူးဆိုတာကို ငါ သူ့ကို သိစေချင်တယ်” ချင်ယွင်သည် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ ပေးပို့လိုက်ပြီး သူ၏မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခုက ဝင်းလက်သွားခဲ့ သည်။
“အခြားလူတွေက ကျုပ်ကို ခြေတလှမ်းလောက် လေးစားရင် ကျုပ်က ဆယ်ပေ လောက် ပြန်လေးစားပြမယ်။ ဒါပေမယ့် အခြားလူတွေက ကျုပ်ကို ခြေတလှမ်း လှည့်စားခဲ့မယ်ဆိုရင်တော့ ကျုပ်ကလည်း အဆတရာ ပြန်ပေးဆပ်ခိုင်းမယ်” ဤသည်မှာ အခြားလူများအပေါ် ချင်ယွင်၏သဘောထား ဖြစ်ပေသည်။
"ကောင်းပြီ။ ငါတို့က အစ်ကိုကြီးကို ယုံပါတယ်။ ဒီတစ်ခါ ငါတို့ရဲ့ ကျင့်ကြံမူအဆင့်က မလုံလောက်ဘူး။ ရှောင်ကျင်းနဲ့ငါ ငါတို့ရဲ့ ကျင့်ကြံမူအဆင့် မြင့်တက်လာတဲ့အခါ ငါတို့ ဘယ်လောက် အစွမ်းထက်လဲဆိုတာကို ဒီဂေါ့ရှန်းကို ကိုယ်တိုင် ပြောပြရမယ်" ရှောင်ဘိုင်က တင်းမာပြတ်သားသည့် လေသံဖြင့် ပြောလိုက်ပါသည်။
"မှန်တယ်။ သူက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အစောဆုံးအဆင့်မှာပဲ မဟုတ်လား။ ငါ့ကျင့်ကြံမူအဆင့် မြင့်တက်လာတဲ့အခါ သူ့အမေတောင် သူ့ကို မမှတ်မိနိုင်လောက်တဲ့အထိ ရိုက်နှက်ဆုံးမဦးမယ်” ရှောင်ကျင်း၏ နှလုံးသားသည် စိတ်အားထက်သန်မူနှင့် ပြည့်နေ၏။
ချင်ယွင်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ စကားကို ကြားလိုက်ရသည့်အခါတွင် သူ၏နှလုံးသားထဲတွင် ဖြစ်ပေါ်နေသော ဒေါသများလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပြီး စိတ်ပိုင်းဖြတ်လိုက်သည့် အရိပ်အယောင်များက သူ၏မျက်လုံးထဲသို့ တိုးဝင်လာသည်။
"ကောင်းပြီလေ၊ အစ်မဇီကို မျက်နှာသာအချို့ ပေးလိုက်ပါမယ်။ ဒီကိစ္စကို မေ့ထား လိုက်ရအောင်။ ဒါပေမယ့် တပ်မှူးဂေါ့ရှန်းက ကျွန်တော့် ညီနှစ်ယောက်ကို တောင်းပန်ရမယ်။" ချင်ယွင်က ပြောသည်။
"လခွမ်းပေါ့ကွာ၊ အဲဒါ မဖြစ်နိုင်ဘူး။" တပ်မှူးဂေါ့ရှန်းသည် သူ၏ဒေါသကို ထိန်းထားရုံ ရှိသေး ချင်ယွင်၏ နောက်ဆုံးစကားကြောင့် သူသည် ချက်ခြင်း ဒေါသထွက်သွားခဲ့ သည်။ ကာကွယ်သူလေး နှစ်ယောက်ကို သူလိုတပ်မှူးတစ်ယောက်က တောင်းပန်ရ မည်တဲ့။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် သူ၏မျက်နှာ မည်သည့် နေရာမှာ သွားထားရမည်နည်း။
သို့သော်လည်း ဇီချန်းက တပ်မှူးဂေါ့ရှန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူမ၏ အကြည့်တွေက အနှိုင်းမဲ့ အေးစက်နေသည်။
တပ်မှူးဂေါ့ရှန်းသည် သူ၏ကျောရိုးမှ အေးစိမ့်မူကို ခံစားလိုက်ရပြီး သူ့မျက်နှာပေါ်တွင် မလိုလားသည့် ခံစားချက်က ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံးတော့ သူသည် သူ၏သွားကြားထဲက စကားလုံးသုံးလုံးကို ညှစ်ထုတ်လိုက်ရသည် “ငါ မင်းတို့ကို တောင်းပန်တယ်”။
သို့သော်လည်း ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် တပ်မှူးဂေါ့ရှန်း၏ စကားကို မကြားလိုက်သလို ဟန်ဆောင်နေကြပြီး မထီမဲ့မြင်ဟန်ဖြင့် ဘေးတစ်ဖက်ကို စိုက်ကြည့်နေကြသည်။
တပ်မှူးဂေါ့ရှန်း၏စိတ်ထဲတွင် ဒေါသအကြီးအကျယ် ထွက်နေသည်။ သူသည် ဤကာကွယ်သူနှစ်ဦးအား တောင်းပန်ခဲ့သည်အထိ ခေါင်းငုံ့ပေးခဲ့သည်။ ဤကာကွယ်သူ နှစ်ဦးသည် အမှန်ပင် ကျေးဇူးကန်းခဲ့သည်။ ဤအရာက သူ၏ နှလုံးသားကို ကုတ်ခြစ်ခံရသကဲ့သို့ သူ့ကို ဒေါသပိုထွက်စေသော်လည်း သူ့မှာ ပြန်လည် ခြစ်ထုတ်ရန် နေရာမရှိခဲ့ပေ။
ချင်ယွင်သည် တပ်မှူးဂေါ့ရှန်း၏ ပေါက်ကွဲစရာနေရာမရှိ အချည်းနှီး ဒေါသပေါက်ကွဲ နေသည်ကို မြင်လိုက်ရလျှင် သူ၏ပါးစပ်ထောင့်စွန့်မှ အေးစက်သော အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားခဲ့သည်။ တပ်မှူးဂေါ့ရှန်းကို ဤအတိုင်းတာအထိ တွန်းပို့ခြင်း သည်ပင် ကန့်သတ်ချက်ဖြစ်နေပြီဟု သူသိသည်။ အကယ်၍ သူ့ကို ထပ်ပြီး အတင်း အကြပ် တွန်းအားပေးမည်ဆိုလျှင် သူသည် အရာအားလုံးကို လျစ်လျူရူပြီး ရူးသွပ်ကောင်း ရူးသွပ်သွားနိုင်ပါသည်။
ဟုတ်ပါသည်။ ချင်ယွင်သည် ဟောင်ကူကိုလည်း မမေ့ခဲ့ပါဘူး။ တပ်မှူးဂေါ့ရှန်းသည် သူနှင့် တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိသလို အကြောင်းပြချက်မရှိဘဲ သူ့ကို မည်သည့် အခါမှ ရန်စမည်မဟုတ်ဟု သူ ယုံကြည်ပါသည်။ ဤကိစ္စ၏ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေရမည်။ သံသယရှိစရာပင် မလိုချေ။ ဤလူမှာ ဟောင်ကူ ဖြစ်ပါသည်။
ချင်ယွင်က လှည့်ကြည့်လိုက်စဉ်မှာ ဟောင်ကူသည်လည်း သူ့ကို အမှန်တကယ် ပြန်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။ ထို့အပြင်၊ ချင်ယွင်ကို အံ့အားသင့်စေသည် မှာ ဟောင်ကူ၏ ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးတစ်ခု ယှဉ်တွဲရှိနေခြင်း ပင် ဖြစ်ပါသည်။
ဤအရာက ချင်ယွင်ကို ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်ပေါ်စေခဲ့ပါ သည်။ ဟောင်ကူသည် ဂေါ့ရှန်းကို သူနှင့် ရင်ဆိုင်ခိုင်းရာမှာ မအောင်မမြင် ဖြစ်သွား ရသည့်အတွက် သူ့အနေဖြင့် မလိုလားမူနှင့်အတူ ဒေါသ မထွက်သင့်ဘူးလား။ သူက ယခုလို အမူအရာမျိုး မည်သို့ ပြနိုင်ရသနည်း။
"အစ်ကိုကြီး၊ တစ်ခုခုတော့မှားနေပြီ။ ဟောင်ကူရဲ့ မျက်နှာအမူအယာအရ ကြံစည်မူ တစ်ခုခုတော့ ရှိနေပုံရတယ်” ရှောင်ကျင်း၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ရှောင်ကျင်းသည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး မိုက်မဲဆိုးသွမ်းသည့်ပုံပေါက်သော်လည်း သူ၏စိတ်သည် အလွန် သိမ်မွေ့သည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ လူသားအသွင်အပြင်ကို သူ ရှာတွေ့သွားပြီလို့ ထင်လား" ရှောင်ဘိုင်ကလည်း စိတ်ပိုင်းဆိုင်ရာဆက်သွယ်ပြီး ပေးပို့လိုက်တယ်။
ထိုစကားကိုကြားရလျှင် ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်း သွားခ့သည်။ အကယ်၍ ဤဟောင်ကူသာ သူ၏ လူသားတစ်ယောက်ဆိုသော ကိုယ်ရေးအချက်အလက်ကို အမှန်တကယ် သိရှိသွားခဲ့မည်ဆိုရင် ဤလူကို သေချာပေါက် ဒီအတိုင်းထားလို့ မရတော့ပါချေ။ ထိုသို့မဟုတ်လျှင် ကပ်ဘေးဒုက္ခကြီး တစ်ခု ကြီးကြီးမားမား ဖြစ်ပေါ်လာမည်မှာ သေချာပါသည်။
"ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ ၊ ငါ အစ်မဇီနဲ့အတူ ခဏလောက် ဂူကနေ ထွက်ခွာရ မယ်။ မင်းတို့က ငါ့အတွက် ဟောင်ကူကို စောင့်ကြည့်နေကြ။ မင်းတို့ အခွင့်အရေးရရင် သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်ပါ၊ ဒါပေမယ့် သဲလွန်စတော့ မကျန်စေနဲ့” ချင်ယွင်က ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး” ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် တစ်ချိန်တည်းတွင် အတူတူ ဖြေလိုက်ကြသည်၊ အထူးသဖြင့် ရှောင်ကျင်း၏လေသံက စိတ်လှုပ်ရှားမှု အပြည့်ရှိနေသည်။
အခန်း (၄၅၇) အဆုံးမဲ့ချောက်နက်ကြီးဆီသို့။
ချင်ယွင်သည် သူ၏ဒုတိယညီနှင့် တတိယမြောက်ညီတို့ကို သတ်ဖြတ်ခဲ့သော လူသား ဖြစ်ကြောင်း ဟောင်ကူတစ်ယောက် တွေ့ရှိသွားခဲ့ပါပြီ။
ချင်ယွင်သည် လူသားတစ်ယောက်ဖြစ်သည်ဟု သူ သံသယရှိကတည်းက သူသည် အလဟဿ အချိန်ဖြုန်းနေခြင်း မရှိခဲ့ပါဘူး။ ဤပင်လယ်ကြီးသည် အလွန်ကြီးမားပြီး ဆိတ်သုဉ်းခြင်းသားရဲ များစွာရှိကြောင်း သူသိပါသည်။ သေဆုံးသွားကြသည့် သူ၏ ဒုတိယညီနှင့် တတိယညီတို့သာ သူတို့ကိုသတ်ဖြတ်သွားသည့် လူသားကို မြင်ဖူးကြသူ များ မဟုတ်ကြပါဘူး။
ထို့ကြောင့် သူသည် သူ၏ဒုတိယနှင့် တတိယမြောက်ညီများ သေဆုံးရာအရပ်သို့ သွားခဲ့ပြီး အနီးနားရှိ ဆိတ်သုဉ်းခြင်းသားရဲငယ်လေးများအား ထိုလူသား၏ အသေးစိတ် အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းစုံစမ်းခဲ့သည်။
နောက်ဆုံး နိဂုံးချုပ်နိုင်သည်မှာ ထိုလူသားသည် အနက်ရောင်ဆံပင်နှင့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ဓားပျော့တစ်လက်ကိုလည်း ပိုင်ဆိုင်ထားပြီး သူအသုံးပြုခဲ့သော ဓားသိုင်းပညာရပ်မှာလည်း လေစွမ်းရည်သဘောတရားများ ပါဝင်နေသည်။
ထို့ကြောင့် ချင်ယွင်သည် သူနှင့် ဂေါ့ရှန်းတို့၏ တိုက်ပွဲတွင် သူ၏ခါးတွင်ရှိသော ဓားပျော့ကို ဆွဲထုတ်သည်ကိုမြင်သောအခါ၊ ချင်ယွင်သည် သူ၏ညီနှစ်ယောက်ကို သတ်ဖြတ်ခဲ့သော လူသားဖြစ်ကြောင်း သူ အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။
"ဟမ့်၊ လင်းယွင်၊ မင်းက လူသားတစ်ယောက်အနေနဲ့ နတ်ဆိုးသားရဲကမ္ဘာထဲကို လာရဲတယ်ပေါ့။ စိတ်မပူနဲ့၊ မင်းကို ခဏလောက် ဂုဏ်ယူခွင့် ပေးထားဦးမယ်။ ရေအောက်နတ်ဆိုးသားရဲကမ္ဘာတစ်ခုလုံး မင်းလူသားတစ်ဦးဖြစ်ကြောင်း သိသွားတဲ့ အခါ မင်းဘာလုပ်မလဲ ငါ ကြည့်ဦးမယ်။" ဟောင်ကူသည် သူ၏စိတ်နှလုံးထဲမှာ လှောင်ရယ် ရယ်နေမိသည်။
အစကတည်းက သူသည် ဂေါ့ရှန်းကို ချင်ယွင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် လှုံ့ဆော်ပေးခဲ့သည်။ ဂေါ့ရှန်းက ချင်ယွင်ကို တိုက်ရိုက် သတ်နိုင်ရန်အတွက် သူ မမျှော်လင့်ခဲ့ပေ။ သူသည် ချင်ယွင်နှင့်ပတ်သက်သည့်သဲလွန်စကို ထုတ်ပြလာရန် အတွက် ဂေါ့ရှန်း၏ စွမ်းအားကို ငှားရမ်းလိုခြင်းသာ ဖြစ်သည်။ ယခုတော့ သူ၏ ပန်းတိုင်သည် ရောက်ရှိလာခဲ့ပါပြီ။
ထို့နောက် လင်းယွင်သည် လူသားတစ်ဦးဖြစ်သည်ဟူသော သတင်းကို ဖြန့်ရန် အခွင့်အလမ်း ရှာနိုင်သည်နှင့် သူ့ကို သူကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်တော့ပေ။ ထုံးစံအတိုင်း၊ တစ်ယောက်ယောက်က ဤလင်းယွင်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လုပ်ဆောင်ပါလိမ့်မည်။ ထိုအချိန်တွင် ဇီရှန်သည် သူ့ကို ကာကွယ်ချင်သည်ဆိုလျှင်ပင် အသုံးမဝင်တော့ပေ။
ယခု ဤအကြောင်းကို သူ အဘယ့်ကြောင့် ထုတ်ဖော်မပြောဆိုရလဲဆိုလျှင် ဟောင်ကူ သည် ဒီလောက် တုံးအသူ မဟုတ်ပါဘူး။ ယခုအချိန်တွင် ချင်ယွင်၏ ကျင့်ကြံမူ အခြေခံသည် သူ့ထက်သာလွန်နေပြီ ဖြစ်သည်။ အကယ်၍ ဟောင်ကူသည် ယခုအချိန် ပြောလိုက်မည်ဆိုလျှင် ချင်ယွင်သည် ဆင်ခြေတစ်ခုခုကို အသုံးပြုပြီး ဟောင်ကူကို တိုက်ရိုက် သတ်ပစ်နိုင်သည်။ ထိုအချိန်တွင် သူသည် ချင်ယွင်ကို မကိုင်တွယ်နိုင်ရုံ သာမက သူ၏အသက်လေးပါ ဆုံးရှုံးသွားနိုင်သည်။
"ကောင်းပြီ၊ အားလုံးလည်း ပြေလည်သွားပြီဆိုတော့ တပ်မှူးဂေါ့ရှန်း၊ တပ်မှူး လင်းယွင်၊ မင်းတို့နှစ်ယောက် အဆုံးမဲ့ချောက်နက်ကြီးဆီ ငါ့နောက်ကနေ လိုက်ခဲ့နိုင်ပြီ" ဇီရှန်က ရုတ်တရက် ပြောလိုက်သည်။
"အခု ထွက်ခွာတော့မှာလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။ ဇီရှန်သည် ဤတစ်ကြိမ်တွင် ပြန်လာလျှင် အဆုံးမဲ့ချောက်နက်ကြီးဆီသို့ သွားမည်ကို သေချာပေါက် သူသိထားသော်လည်း ထိုမျှမြန်ဆန်မည်ဟု သူ မမျှော်လင့်ထားပေ။
"မှန်တယ်။ အခု ငါတို့က အတော်လေး နောက်ကျနေပြီ။ ဧရာမဝေလငါးနန်းတော်နဲ့ လိပ်နက်နန်းတော်တို့က ငါ ဒီကို ပြန်မလာခင်ကတည်းက အဲဒီလှိုဏ်ဂူဆီကို ထွက်သွားကြပြီ။" ဇီရှန်းက လေးလေးနက်နက် ပြန်ဖြေသည်။
"ကောင်းပါပြီ၊ ကျွန်တော် အစ်မဇီနဲ့အတူ လိုက်ခဲ့ပါမယ်" ချင်ယွင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ သူသည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို စိတ်ဝိညာဉ်ဆက်သွယ်ပြီး ညွှန်ကြားထားပြီး ဖြစ်သည်။
"အင်း ဒါဆိုလည်း သွားကြရအောင်။" ဇီရှန်လည်း ခေါင်းညိတ်ပြီး အရင်ဆုံး ထွက်သွားမည့်ဟန်ဖြင့် ပြောသည်။
"ခဏလေး” သို့သော် ယခုအချိန်တွင်၊ သူမဘေးနားရှိ တပ်မှူးဂေါ့ရှန်းက ရုတ်တရက် ပြောလိုက်၏။
"တပ်မှူးဂေါ့ရှန်း၊ မင်းလိုအပ်တာ တစ်ခုခုရှိသေးလို့လား" ဇီရှန်သည် တပ်မှူးဂေါ့ရှန်းကို လှည့်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဂေါ့ရှန်းသည်လည်း ဇီရှန်ကိုပြန်ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည် “အကြီးအကဲဇီ၊ အကြီးအကဲဇီက တကယ်ပဲ တပ်မှူးလင်းယွင်ကို ခေါ်လာမှာလား?။ သူက တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အစောင်ပိုင်းအဆင့်မှာပဲဆိုတော့ သူက ငါတို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာနိုင်တယ်။ အိုး၊ ဒါကလည်း တပ်မှူးလင်းယွင်အတွက် ကျွန်တော် ပြောတာပါ။ နောက်ဆုံး တကယ်လို့ သူ လိုက်ပါလာမယ်ဆိုရင် သူ့အသက်ပါ ဆုံးရှုံးသွား နိုင်တယ်လေ။ ဒါက ကျွန်တော်တို့ နဂါးကောင်းကင်နန်းတော် ပါရမီရှင်တစ်ဦးကို ဆုံးရှုံးသွားရတာပဲ မဟုတ်လား"။
ဂေါ့ရှန်းသည် ထိုစကားကိုပြောသည့်အခါ သူ၏ပါးစပ်ထောင့်စွန်းမှ အေးစက်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။ ဟုတ်ပါသည်၊ သူသည် ချင်ယွင်နှင့်ပတ်သက်ပြီး အမှန်တကယ် တွေးပေးခြင်း မဟုတ်ပါဘူး။ ယခုတစ်ကြိမ်မှာ သူတို့သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏လှိုဏ်ဂူသို့ သွားကြမည် ဖြစ်ပါသည်။
အန္တရာယ်အချို့ရှိနိုင်သော်လည်း လှိုဏ်ဂူအတွင်းမှာ မရေမတွက်နိုင်သော ရတနာများ ရှိနေသည်မှာ သေချာသည်။ ယခုခရီးစဉ်သည် အခွင့်အလမ်းကောင်းတစ်ခုဟုပင် ပြောလို့ရပါသည်။
အကယ်၍ သူတစ်ယောက်တည်းသာ လိုက်ပါသွားမည်ဆိုလျှင် ရတနာတွေကို ခွဲဝေရာမှာ သဘာဝအတိုင်း အခွင့်အရေး အနည်းငယ် ပိုရလာနိုင်ပါသည်။
ထို့အပြင်၊ သူ၏အမြင်အရဆို ချင်ယွင်၏ ကျင့်ကြံမူအဆင့် အနည်းငယ်လေးဖြင့် သူသည် မည်သည့်ကူညီမှ ပေးနိုင်မည် မဟုတ်ပေ။ ဇီရှန်သည် ချင်ယွင်ကို အခွင့်အရေး ပေးချင်သည့်အတွက် သူ့ကို အတင်းအကြပ် ခေါ်လာခဲ့ခြင်း ဖြစ်လိမ့်မည်။
သူသည် ချင်ယွင်ကို အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း ချင်ယွင်ကို မည်သို့မျှ မလုပ်နိုင်ခဲ့ဘဲ ကျေနပ်လိုက်ရသည်။ သူသည် ဤကိစ္စကို မည်ကဲ့သို့ ကျေကျေနပ်နပ် လက်ခံနိုင်မည်နည်း။
ချင်ယွင်သည် ဂေါ့ရှန်း၏ရည်ရွယ်ချက်တွေကို မည်သို့ မမြင်နိုင်ဘဲ ရှိမည်နည်း။ သူ၏ ပါးစပ်ထောင့်စွန်းက တွန့်ကွေးသွားခဲ့ပြီး "တပ်မှူးဂေါ့ရှန်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ကျုပ်ကို စိုးရိမ်စရာ မလိုပါဘူး။ ငါလင်းယွင်က အလွယ်တကူ သေမှာ မဟုတ်ပါဘူး " ဟု ပြောလိုက်ပါသည်။
"ဟမ့်၊ မင်းရဲ့ နိမ့်ကျတဲ့ ကျင့်ကြံမူအဆင့်လေးနဲ့ဆို မင်းနဲ့အတူတူသွားရင် ငါတို့ကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေလိမ့်မယ်။ တကယ်လို့ မင်းမှာသာ စဉ်းစားဉာဏ်ရှိတယ်ဆိုရင် မင်း ဘေးထွက်သွားတာ ပိုကောင်းလိမ့်မယ်" ဂေါ့ရှန်းက မထင်သေးစွာ ပြောလိုက် သည်။
"တော်လောက်ပြီ၊ တပ်မှူးလင်းယွင်ကို ငါ ဖိတ်ခေါ်ထာတော။ တပ်မှူးဂေါ့ရှန်းအနေနဲ့ သူက မင်းအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာကြောက်ရင် မသွားဖို့ မင်း ရွေးချယ်နိုင်တယ်။ ငါ့အနေနဲ့ ဘာမှ ကန့်ကွက်စရာ မရှိဘူး" ဇီရှန်းက အေးစက်စွာ ပြောလိုက်သည်။
ဇီရှန်၏စကားကိုကြားလျှင် ဂေါ့ရှန်းသည် ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ရသည်။ သူသည် ယခုလို အခွင့်ကောင်းမျိုးကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။ သူသည် ကူကယ်ရာမဲ့စွာဖြင့် ချင်ယွင်ကို စိုက်ကြည့်လိုက်ပြီး တိတ်တိတ်နေရုံသာ တတ်နိုင်တော့သည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရယ်ချင်စိတ်က ဗြုန်းခနဲ ဝင်ရောက်လာသလို ခံစားလိုက်ရသည်။ ဤဂေါ့ရှန်းသည် အမှန်တကယ် နုံအသူတစ်ယောက် ဖြစ်သည်။ ဇီရှန်သည် သူ့အပေါ် ဘက်လိုက်ကြောင်း သူသိထားသော်လည်း သူသည် သူ့ကို ထပ်ခါထပ်ခါ ရန်စနေခဲ့သည်။ ယခုလိုစကားတွေနှင့် သူ့ကို ရန်စလို့မရမှန်း သူ မသိဘူးလား။ ဇီရှန်အတွက် အခက်အခဲဖြစ်အောင် ဖန်တီးရန် ကြိုးစားနေသလား။
သို့သော်လည်း ဇီရှန်သည် သူ့အပေါ် မျက်နှာသာပေးမှုကြောင့် ချင်ယွင်ကိုယ်တိုင် လည်း အံ့သြသွားခဲ့ရသည်။ လေးယောက်မြောက်ညီအစ်ကို ခရမ်းရောင်မျက်လုံးစွမ်နီ အကြောင်းကို သူမကြားပြီးကတည်းက ဇီရှန်၏ သူ့အပေါ်ထားသည့် သဘောထားတွေ ပြောင်းလဲသွားသည်ဟု သူ ခံစားလိုက်ရသည်။
သူမသည် အရင်တုန်းက သူ့ကို အရမ်းတန်ဖိုးထားခဲ့သော်လည်း ချင်ယွင်၏ ပါရမီကို တန်ဖိုးထားသည့် အတွက်ကြောင့် ဖြစ်သည်။
ယင်းအစား၊ ယခုမူကား စိုးရိမ်သည့် အရိပ်အယောင်များပင် ရှိလာခဲ့သည်။ ဇီရှန်သည် ချင်ယွင်ခေါ်ခဲ့သည့်အတိုင်း ချင်ယွင်၏အစ်မပင် တကယ် ဖြစ်လာပုံရသည်။
ချင်ယွင်သည် သူ၏ရှေ့မှာရှိနေသည့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးနှင့် ခရမ်းလေး သည် ဆက်ဆံရေးတစ်ခုခုရှိရမည်ဟု အမြဲလိုလို ခံစားမိသည်၊ ဇီရှန်သည် သူ့အပေါ် အလွန်ဂရုစိုက်ရသည့် အကြောင်းရင်းက ခရမ်းလေးကြောင့် ဖြစ်နိုင်သည်။
"ကြည့်ရတာ နောက်တစ်ခါ ငါ ရှောင်ဇီနဲ့ တွေ့ရင် သူ့မှာ အစ်မရှိလားလို့ မေးကြည့်ရ မယ့်ပုံပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။ ဇီရှန် နှင့် ရှောင်ဇီတို့ နှစ်ယောက် စလုံးသည် ခရမ်းရောင်ဆံပင်နှင့် ခရမ်းရောင်မျက်လုံးများကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူမသည် ရှောင်ဇီ၏အစ်မ ဖြစ်ကောင်းဖြစ်နိုင်သည်။
"အခု ကန့်ကွက်စရာရှိသေးလား၊ ကန့်ကွက်စရာမရှိရင် ငါတို့ ထွက်ကြမယ်။" ဇီချန်းက အေးစက်စွာ ပြောသည်။
ချင်ယွင် နှင့် ဂေါ့ရှန်း တို့၏ အဖြေကိုပင် မစောင့်တော့ဘဲ သူမသည် အရင် ထွက်သွား ခဲ့သည်။
"မျိုးမစစ်ကောင်၊ မင်းကိုယ်မင်း ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ ငါတို့ကို ဝန်ထုတ် ဝန်ပိုး မဖြစ်စေနဲ့။" ဂေါ့ရှန်းသည် ချင်ယွင်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက် သည်။
ချင်ယွင်က မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ သူသည် ဂေါ့ရှန်း၏ စကားကို မကြားချင် ယောင်ဆောင်ကာ ဇီရှန်နောက်သို့ လိုက်ပါသွားလေသည်။
"ငါ့ကို စောင့်ဦး။" ချင်ယွင်က သူ့ကို အမှန်တကယ် လျစ်လျူရှုခဲ့သည်ကို မြင်လိုက် ရလျှင် ဂေါ့ရှန်း၏မျက်နှာသည် ချက်ချင်းပင် ဒေါသတရားက ပျံ့နှံ့ထွက်လာသည်။ သို့သော် သူသည် ကူရာမဲ့စွာဖြင့် ချင်ယွင်၏နောက်သို့ လိုက်ရန်မှတပါး ရွေးချယ် စရာမရှိပေ။
ဟောင်ကူသည် ဘေးနားမှာရပ်ပြီး အေးစက်စက် မျက်လုံးတွေနှင့် ကြည့်နေလေသည်။ ချင်ယွင် ထွက်သွားသည်ကို မြင်သောအခါ ရက်စက်ယုတ်မာသည့် အပြုံးတစ်ခု သူ၏ ပါးစပ်ထောင့်စွန်းတွင် ပေါ်လာသည်။
"လင်းယွင် မင်းသွားလို့ရပြီ။ မင်း အသက်ရှင်လျှက် ပြန်လာနိုင်ရင်တောင် ဒီပင်လယ်ကြီးထဲမှာ မင်းအတွက် နေရာမရှိတော့ဘူး။" ဟောင်ကူသည် သူ၏စိတ်ထဲမှာ လှောင်ရယ်ရယ်နေပါသည်။
သို့သော် သူ၏နှုတ်ခမ်းပေါ်ရှိ အေးစက်သော အပြုံးကို ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့က မြင်သွားခဲ့သည်ကို သူ သတိမထားမိလိုက်ပေ။
"မြွေငတုံးကြီး၊ ဒီဟောင်ကူက တစ်ခုခုတော့ မှားနေပြီ" ရှောင်ကျင်းက စိတ်ပိုင်းဆိုင်ရာ ပေးပို့ရင်း ဆက်သွယ်ပြောလိုက်သည်။
"တကယ်ကို ပြဿနာ ရှိနေတယ်။" ရှောင်ဘိုင်၏ မျက်လုံးများသည် အေးစက်စွာ တောက်ပသွားသည် ။
"ဟမ့်၊ သူ့အပြုံးက ငါ့ကို အလွန်စိတ်မချမ်းမသာ ဖြစ်စေတယ်။ ငါတို့အစ်ကိုကြီးနဲ့ ရင်ဆိုင်ဖို့ သူ မကောင်းတဲ့အကြံအစည် တစ်ခုခုကို တွေးနေတာ ဖြစ်နိုင်တယ်။ သူ့ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ကို ငါတို့ သေချာပေါက် အောင်မြင်အောင် လုပ်ခွင့်ပြုလို့ မရဘူး။" ရှောင်ကျင်းသည် စိတ်ပိုင်းဆိုင်ရာဆက်သွယ်ပြီး ဆက်လက် ပေးပို့လိုက် သည်။
"ငါတို့ ဘာလုပ်သင့်သလဲ?" ရှောင်ဘိုင် အေးစက်စွာ မေးလိုက်သည်။
"ဟမ့်၊ သူက သူ့လှိုဏ်ဂူကို အရင်ပြန်မှာ သေချာတယ်။ ငါ သူ့နောက်က လိုက်သွား မယ်။ အချိန်တန်ရင် မင်းက ငါ့နောက်ကနေ လိုက်ခဲ့ပါ။ ငါ မင်းကို အသံပေးတာနဲ့ မင်းက ထွက်လာခဲ့လိုက်။ ပြီးတော့ သူ့ကိုသတ်ဖို့ ငါတို့ အတူတူ လုပ်ရအောင် ." ရှောင်ကျင်းက စိတ်ပိုင်းဆိုင်ရာ ပေးပို့ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ သတိထားပါ။" ရှောင်ဘိုင်က ပြောသည်။
"စိတ်မပူပါနဲ့၊ ကောင်းကင်နဲ့ မြေကြီးဆီရောက်အောင် ဘယ်လိုသွားရမလဲဆိုတာ ငါသိပါတယ်" ရှောင်ကျင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပါသည်။
အမှန်ပင်၊ ချင်ယွင်နှင့် အခြားသူများ ထွက်သွားပြီးနောက် မကြာမီတွင်၊ ဟောင်ကူ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ ရှောင်ကျင်းသည်လည်း သူ၏အငွေ့အသက် ကို ထိန်းချုပ်ပြီး သူ၏ခန္ဓာကိုယ်သည် လက်မအရွယ်အစားအထိ ကျုံ့သွားကာ သူ၏ နောက်မှ လိုက်ပါသွားခဲ့ပါသည်။
အခန်း (၄၅၈) ပလက်တီနမ်နှစ်ဖော် အတူတူတိုက်ခိုက်ကြခြင်း။
ဟောင်ကူသည် ပလက်တီနမ်လှိုဏ်ဂူမှ ထွက်သွားပြီးနောက်၊ သူသည် ဆူးသုံးချောင်း လှိုဏ်ဂူသို့ မပြန်ဘဲ အနီးနားရှိ ကြက်သွေးရောင်လှိုဏ်ဂူဆီသို့ ဦးတည်သွားခဲ့သည်။
ကြက်သွေးရောင်လှိုဏ်ဂူ ကာကွယ်သူ၏ ပင်မခန္ဓာကိုယ်မှာ ကြက်သွေးရောင် မျက်လုံး သုံးလုံးငါး ဖြစ်သည်။ သူသည် အနီးနားရှိ မျက်လုံးသုံးလုံးငါး အများအပြားကို ဦးဆောင်သူ ဖြစ်သည်။
ဤပင်လယ်ဒေသတွင် မျက်လုံးသုံးလုံးငါးသည် အလွန်ပေါများလှသည်။ ၎င်းတို့သည် သတင်းအချက်အလက်များကို စုဆောင်းရာတွင် အထူးလေ့ကျင့်ပေးထားသော ငါးများ ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် သတင်းဖြန့်ဝေရာမှာ အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်သည်။ ထို့ကြောင့် ဟောင်ကူ၏လက်ရှိ ရည်မှန်းချက်မှာ ကြက် သွေးရောင်လှိုဏ်ဂူသို့ သွားရန်ဖြစ်ပြီး ကြက်သွေးရောင်လှိုဏ်ဂူ၏ကာကွယ်သူအထံမှ အကူအညီ ရယူကာ လင်းယွင်သည် လူသားဖြစ်ကြောင်း သတင်းများ ဖြန့်ကျက်ရန် ဖြစ်သည်။
ဟောင်ကူသည် ရှေ့သို့ အပြေးအလွှားရင်း သူ၏စိတ်နှလုံးထဲတွင် ရယ်မောလိုက်သည်။ ကြက်သွေးရောင်လှိုဏ်ဂူ၏ကာကွယ်သူသည် သူနှင့်ရင်းနှီးမှု အချို့လည်း ရှိခဲ့သည်။ ကြက်သွေးရောင်လှိုဏ်ဂူ ကာကွယ်သူ၏ အကူအညီဖြင့်ဆို၊ ချင်ယွင် ပြန်မလာခင်မှာ ပင်လယ်ပြင်ဧရိယာရှိ နတ်ဆိုးသားရဲများသည် လင်းယွင်သည် လူသားတစ်ဦး ဖြစ်ကြောင်း သိသွားလိမ့်မည်ဟု သူယုံကြည်ထားသည်။
သို့သော် ဟောင်ကူသည် သူ၏နောက်တွင် လက်မအရွယ်ရှိ တစ်စုံတစ်ဦး ရှိနေသည်ကို သတိမထားမိခဲ့ပေ။
"ငတုံးမြွေကြီး၊ တစ်ခုခုတော့ မှားနေပြီဟ ။ ဒီဟောင်ကူက သူ့ရဲ့ ဆူးသုံးချောင်း လှိုဏ်ဂူကို ပြန်မသွားဘူး။ သူက ကြက်သွေးရောင်လှိုဏ်ဂူဆီကို ဦးတည်နေပုံရတယ်။" ရှောင်ကျင်းသည် ရှောင်ဘိုင်ထံသို့ စိတ်ပိုင်းဆိုင်ရာပေးပို့ပြီး ဆက်သွယ်လိုက်သည်။ သူတို့အားလုံးသည် ချင်ယွင်၏ နတ်ဆိုးသားရဲများ ဖြစ်သည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကြောင့် သူတို့သည် အချင်းချင်း စိတ်ပိုင်းဆိုင်ရာ အပြန်အလှန် ဆက်သွယ် နိုင်ကြသည်။
ရှောင်ကျင်းသည် ပလက်တီနမ်လှိုဏ်ဂူကို သုံးရက်ကြာ တာဝန်ယူထားပြီးပြီ ဖြစ်သည်။ ဘေကျန်းသည် ပတ်ဝန်းကျင်ရှိ အင်အားစုများ၏ ဌာနခွဲများအကြောင်း ပြောပြထား ဖြင့် ထုံးစံအတိုင်း သူသည် ကြားဖူးနားဝရှိထားပြီး ဟောင်ကူသည် ကြက်သွေးရောင် လှိုဏ်ဂူဆီသို့ ဦးတည်သွားကြောင်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ရှောင်ဘိုင်သည် ကီလိုမီတာအနည်းငယ်အကွာမှ ရှောင်ကျင်း၏နောက်သို့ လိုက်ပါနေ ခြင်း ဖြစ်သည်။ ရှောင်ကျင်း၏ အသံကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားသည်။
" ကြက်သွေးရောင်လှိုဏ်ဂူလား၊၊ ကြက်သွေးရောင်လှိုဏ်ဂူကို သူက ဘာသွားလုပ်မှာ လဲ" ရှောင်ဘိုင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
"ငါလည်းမသိဘူး၊ ဒါပေမယ့် ဘေကျန်းဆီက ကြားရသလောက်ဆို ကြက်သွေးရောင် လှိုဏ်ဂူရဲ့ ကာကွယ်သူ နဲ့ ဟောင်ကူတို့ကြားက ဆက်ဆံရေးက ပေါ့ပေါ့တန်တန် မဟုတ်ဘူးတဲ့”။ ရှောင်ကျင်းက ပြောသည်။
သို့သော်လည်း ရှောင်ဘိုင်သည် ဟောင်ကူ၏မျက်နှာပေါ်ရှိ အပြုံးသည် အေးစက်လွန်း သည်ဟု မထင်ခဲ့ပေ။ တစ်ခုခုမှားနေသည်မှာ သေချာပါသည်။
"နံဆော်နေတဲ့မျောက်ကြီး၊ အဲဒီကြက်သွေးရောင်လှိုဏ်ဂူ ကာကွယ်သူရဲ့ ပင်မခန္ဓာ ကိုယ် အစစ်အမှန်က ဘာလဲ" ရှောင်ဘိုင်က ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ကမန်းကတန်း မေးလိုက်သည်။
ရှောင်ကျင်းသည် မူလက ရှောင်ဘိုင်ကို အလွန်တုံးအသည်ဟု ပြောလိုက်ချင်သော် လည်း ကြက်သွေးရောင်လှိုဏ်ဂူဟူသောစကားကို ကြားလိုက်ရသည့်အခါ သူသည် ကြက်သွေးရောင်လှိုဏ်ဂူ ကာကွယ်သူ၏ အစစ်အမှန်ပုံစံကို ခန့်မှန်းနိုင်ပါသည်။ သို့သော်လည်း ရှောင်ဘိုင်က ကြက်သွေးရောင်လှိုဏ်ဂူ ကာကွယ်သူ၏ အစစ်အမှန် ပုံစံအကြောင်း ပြောလာသောအခါ သူ အံ့အားသင့်သွားခဲ့သည်။ "ဟုတ်ပါသည်၊ ကြက်သွေးရောင်လှိုဏ်ဂူ ကာကွယ်သူ၏ တကယ့်အစစ်အမှန်ပုံစံက ကြက်သွေးရောင် မျက်လုံးသုံးလုံးငါးဖြစ်ပါသည်”။
"ကြက်သွေးရောင်မျက်လုံးသုံးလုံးငါးလား၊ ဒီဟောင်ကူက အစ်ကိုအကြီးဆုံးရဲ့ လူသား တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကိုယ်ရေးအချက်အလက်ကို သိပြီးသား ဖြစ်ရမယ်။ သူက ဒီသတင်းကိုဖြန့်ဖို့အတွက် ကြက်သွေးရောင်မျက်လုံးသုံးလုံးငါးကို အသုံးချချင်နေခဲ့ တာ။" ရှောင်ဘိုင်က စိတ်ပိုင်းဆိုင်ရာဖြင့် အလျင်အမြန် ဆက်သွယ်ပြီး ပြောလိုက်သည်။
"ငါသိတယ်။ ဒီဟောင်ကူက ဒီလောက်ယုတ်ညံ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ အစ်ကိုကြီးက လူသားတစ်ဦးဖြစ်ကြောင်း ပင်လယ်ထဲက နတ်ဆိုးသားရဲတွေ အားလုံး သိစေဖို့အတွက် ကြိုးစားနေတယ်။ ဒါက အစ်ကိုကြီးကို လုံးလုံး သတ်ပစ်ဖို့ပဲ!" ရှောင်ကျင်း၏ ရွှေရောင်မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုနှင့်အတူ ချက်ချင်းပင် တောက်ပလာသည်။
"နံဆော်နေတဲ့မျောက်ကြီး၊ သူ့ကို တားလိုက်ပါ။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ဟောင်ကူ ကြက်သွေးရောင်လှိုဏ်ဂူကို မရောက်ခင် သူ့ကို တားရမယ်။ ငါ အခု အပြေးအလွှာ လာခဲ့မယ်။" ရှောင်ဘိုင်သည် စိတ်ပိုင်းဆိုင်ရာဆက်သွယ်မူကို အလျင်အမြန် ပေးပို့လိုက်ရင်း သူ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင် ပေါ်လာသည်။ သူ၏ပုံရိပ်သည် ချက်ချင်း အရှိန်မြင့်တက်လာခဲ့ပြီး ရှောင်ကျင်း နောက်ကို အလျင်အမြန် လိုက်လာခဲ့သည်။
"စိတ်မပူပါနဲ့၊ ငါရှောင်ကျင်းရှိနေမှတော့ ငါက သူ့ကို အောင်မြင်အောင်လုပ်ဆောင်ခွင့် ဘယ်လိုလုပ် ပေးနိုင်မှာလဲ" ရှောင်ကျင်း၏ ပါးစပ်ထောင့်စွန်းသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး ဟောင်ကူကို မှီသည်နှင့် သူ၏ရုပ်အသွင်အပြင် သည် မူလအခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားသည်။
ချင်ယွင်သည် ပင်လယ်ကြမ်းပြင်အောက်မှ နတ်ဆိုးသားရဲကမ္ဘာတဝှမ်းရှိ နတ်ဆိုး သားရဲများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော ချင်ယွင်၏အကြောင်းကို ဟောင်ကူ တစ်ယောက် တွေးတောနေဆဲ ဖြစ်သည်။ သို့သော် ရုတ်တရက် သူ၏ရှေ့တွင် ရှောင်ကျင်းပေါ်လာသည်ကို မြင်သောအခါ သူသည် အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။
သို့သော်လည်း ရှောင်ကျင်းတစ်ဦးတည်းသာ ဖြစ်ကြောင်း သူမြင်သောအခါတွင် သူ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာသည်။
"လင်းယွင်က ငါ့ကို ကြားဖြတ်နှောင့်ယှက်ဖို့အတွက် မင်းကို လွှတ်လိုက်ရတဲ့အထိ ဒီလောက် မိုက်မဲလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ လင်းယွင်က လူသား တစ်ယောက် ဖြစ်ကြောင်း သတင်းမဖြန့်နိုင်အောင်လို့ မင်းက ငါ့ကို တားချင်တာလား" ဟောင်ကူက ရှောင်ကျင်းကို ကြည့်ကာ ရယ်မောလိုက်သည်။
"ဟမ့်၊ မင်းက ငါ့အစ်ကိုကြီးကို အခုလိုပြောရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။ မင်းကမှ ငတုံးငအတစ်ယောက်လို့ ငါထင်တယ်၊ မင်းနောက်ကို ငါလိုက်လို့ လိုက်နေ မှန်းတောင် မင်း မသိလိုက်ဘူး မဟုတ်လား။ ငါရှောင်ကျင်း ဒီမှာရှိနေမှတော့ မင်းအနေနဲ့ ဒီနေ့ သတင်းဖြန့်ဖို့ မစဉ်းစားနဲ့တော့”။ ရှောင်ကျင်းကလည်း ရယ်မော လိုက်သည်။
"ဟား၊ ဟား၊ မင်း နောက်နေတာလား။ မင်းလို တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့် နတ်ဆိုးသားရဲလေးတစ်ကောင်က ငါ့ကို တားချင်နေတာလား" ဟောင်ကူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်သည် အလွန်အစွမ်းထက်ပြီး သူ၏အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ် ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုပြီး နှောင်းပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူများကို သတ်နိုင်ကြောင်းကိုတော့ သူ ဝန်ခံရလိမ့် မည်။ သို့သော် ၎င်းသည် သူ၏ညီအစ်ကိုနှစ်ယောက်ကလည်း အလားတူ လုပ်ဆောင် နိုင်သည်ဟု မဆိုလိုပါ။
"ငါတစ်ယောက်တည်းလို့ မင်းထင်နေလား" ရှောင်ကျင်းက ရယ်မောလိုက်သည်။
ဟောင်ကူသည် သူ၏နောက်ကို လှည့်ကြည့်လိုက်တော့ သူ၏အမူအရာက ပြောင်းသွား ခဲ့သည်။
ဟောင်ကူ၏ နောက်တွင် ငွေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး ရှောင်ကျင်းနှင့် အလားတူ နှစ်ဖက်ညှပ်တိုက်ခိုက်မှုကို ဖန်တီးကာ ဟောင်ကူ၏ ဆုတ်ခွာလမ်းကြောင်း ကို ပိတ်ဆို့ထားသည်။
ဟောင်ကူသည် မူလက လင်းယွင်လာသည်ဟု ထင်မှတ်ပြီး အနည်းငယ် ကြောက်ရွံ့ နေသေးသော်လည်း ရောက်လာသူမှာ ရှောင်ဘိုင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ကြောက်ရွံ့မှုက ချက်ချင်းပင် အထင်အမြင်သေးပြီး သရော်လှောင်ပြောင်မှု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဟား၊ ဟား၊ ငါက လင်းယွင်လို့ ထင်နေခဲ့တာ၊ ဒါပေမယ့် မင်းဖြစ်မယ်လို့ ငါ မမျှော်လင့် ထားဘူး။ မင်းတို့လို အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင် ပညာရှင်လေး နှစ်ယောက်က ငါဟောင်ကူကို သတ်နိုင်တယ်လို့ ထင်နေတာလား။ ငါ ဟောင်ကူကို မစင်စားပြီး ကြီးလာတယ်လို့ တကယ်ထင်နေကြာလား?" ဟောင်ကူ၏ မျက်နှာသည် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။
"ဟမ့်၊ မင်းကရော တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်လေး တစ်ယောက်ပဲလေ။ မင်းကို ငါတို့အစ်ကိုကြီးကိုယ်တိုင် လှုပ်ရှားဖို့ မလိုပါဘူး။ ရှောင်ဘိုင်နဲ့ ငါနဲ့တင် လုံလောက်ပြီ။" ရှောင်ကျင်းက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ဟောင်ကူသည်လည်း ပြန်လည်လှောင်ပြောင်လိုက်သည်။ သူသည် ရှောင်ကျင်း၏ အထင်သေးသည်မှာ သေချာပါသည်။
" ရှောင်ကျင်း ၊ သူ့ကို အဓိပ္ပာယ်မရှိတဲ့စကားတွေေ ပြောမနေနဲ့တော့၊ ငါတို့ သူ့ကို သတ်ပြီးမှ စကားပြောရအောင်" ရှောင်ဘိုင်သည် အေးစက်စွာ အော်ပြောလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဟောင်ကူဆီသို့ အပြေးအလွှား ပြေးဝင်သွားလေသည်။
ရှောင်ကျင်းသည် ရှောင်ဘိုင်က တိုက်ခိုက်လိုက်သည်ကိုမြင်သောအခါ၊ ပြင်းထန်သော ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ခန္ဓာကိုယ်မှ လင်းလက်တောက်ပလာခဲ့ပြီး ဟောင်ကူဆီသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။
"ဟမ့်၊ မင်းတို့လို နတ်ဆိုးသားရဲလေးတွေက မောက်မာပြီး မသိနားမလည် ပြုမူနေကြ တယ်။ ဒီနေ့ ငါဟောင်ကူက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မင်းတို့ကို ငါပြောပြပေးမယ်။" ဟောင်ကူက ရယ်မောလိုက်သည်။ သူ့ရှေ့ကရော နောက်ကပါ တိုက်ခိုက်နေသည့် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲမှာ မထီမဲ့မြင်ပြုသည့် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။
ရှောင်ကျင်း၏ရုပ်အသွင်အပြင်သည် လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်သည်။ သူ၏ လက်သီးများက အဖွင့်ရော အပိတ်ပါ ကျယ်ကျယ်ပြန့်ပြန့် ကျရောက်လာနေသည်။ ဟောင်ကူသည် တိုက်ရိုက်ဆိုသလို တရစပ်တိုက်ခိုက်ခံနေရသောကြောင့် သူ့ကိုယ်သူ ခုခံကာကွယ်ရန်မှလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
ဟောင်ကူ၏ တိုက်ခိုက်မှုများသည် ရှောင်ကျင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့ သော်လည်း သူသည် တွန်းလှန်နိုင်ခဲ့ပြီး အမှန်တကယ် ဒဏ်ရာရခြင်း မရှိခဲ့ပေ။
ရှောင်ဘိုင်၏ပုံရိပ်သည် ရံဖန်ရံခါ ပေါ်လာတတ်သည်။ သူ၏လက်ကို ငွေဖြူရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ဟောင်ကူ၏ အရေးကြီးသော သေကွင်းသေကွက် အချက်ချာနေရာများဆီသို့ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေသည်။
ဟောင်ကူသည် ရှောင်ကျင်း၏ တိုက်ရိုက်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်အပြင် ရှောင်ဘိုင်ထံမှ ရံဖန်ရံခါ တိုက်ခိုက်လာသည့် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများကို လည်း ခွင့်ပြုပေးနေရပြီး ယင်းက သူ့ကို ခေါင်းကိုက်စေခဲ့သည်။
အထူးသဖြင့် ရှောင်ဘိုင်၏ ခိုးကြောက်ခိုးဝှက် တိုက်ခိုက်မှုတွေ ဖြစ်သည်။ ထိုတိုက်ခိုက်များသည် ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်လွန်း၏ တိုက်ခိုက်မှု တိုင်းသည် ဟောင်ကူ၏အရေးကြီးသော သေကွင်းသေကွက် အချက်အချာနေရာများ ဆီသို့ ဦးတည်နေခဲ့သည်။ ဟောင်ကူသည် ဤနေရာတွင် အကြိမ်ပေါင်းများစွာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်လည်း ရှောင်ဘိုင်၏တိုက်ခိုက်မှုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အစက်အပြောက်များစွာအဖြစ် ကျန်ရစ်နေသေးသည်။
သူလိုနှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲကြီး တစ်ကောင်သည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုး သားရဲလေးနှစ်ကောင်၏ ထိုသို့သော အခြေအနေမျိုး ရောက်သည်အထိ အမှန်တကယ် ရိုက်နှက်ခြင်း ခံခဲ့ရသည်။ နောင်တချိန်မှာ သူသည် ဤပင်လယ်ကြီးတွင် မည်သည့် မျက်နှာမျိုးဖြင့် ကျင်လည်ရတော့မည်နည်း။
"တော်လောက်ပြီ၊ မင်းတို့အားလုံး ငရဲကိုသွားကြတော့!"
ဟောင်ကူသည် လုံးဝကို ဒေါသတကြီး ဖြစ်နေလေပြီ။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ တောက်လောင်နေသော မီးတောက်မီးလျှံ တစ်ခု ထွက်ပေါ်လာသည်။
မီးတောက်မီးလျှံများ ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ အပူချိန်သည် ချက်ချင်း မြင့်တက်လာခဲ့သည်။ ၎င်းမီးတောက်မီးလျှံများသည် ပတ်ဝန်းကျင်မှ ပင်လယ်ရေများကို လျစ်လျူရှပြီး ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို တိုက်ရိုက်ဆိုသလို တရစပ် တန်ပြန်တိုက်ခိုက်သည့် ဧရာမစပါးအုံးမြွေကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည့် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ကို ယခုမှ ဖြတ်ကျော်ဝင်ရောက်စ ဖြစ်ပါသည်။ သူတို့သည် အများဆုံး အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ ကိုသာ ဆန့်ကျင်တိုက်ခိုက်နိုင်ကြသည်။ သူတို့သည် ဟောင်ကူ၏ အစစ်မှန် မီးတောက်မီးလျှံ ထွက်ပေါ်လာမူကြောင့် ခုခံရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှောင်ဘိုင်နှင့်ရှောင်ကျင်း နှစ်ဦးစလုံးသည် မီးတောက်မီးလျှံကြောင့် လွင့်စင်သွားခဲ့ပြီး ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။
"ဟား၊ ဟား၊ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင် ပညာရှင်လေး နှစ်ယောက်က ငါဟောင်ကူကို သတ်ဖို့ကြိုးစားရဲတယ်။ မင်းတို့က သေခြင်းတရားကို တောင်းခံနေတာပဲ။" ဟောင်ကူသည် လွင့်ထွက်သွားခဲ့သော ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို ကြည့်လိုက်သည်၊ သူ၏မျက်နှာက အထင်အမြင်သေး ပြီး သရော်လှောင်ပြောင်သည့် အမူအယာ ချက်ချင်း ပေါ်လာပါသည်။
အခန်း (၄၅၉) ဟောင်ကူကို သတ်ဖြတ်ခြင်း။
ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် ဧရာမမီးလျှံစပါးအုံးမြွေကြီး၏ ရိုက်နှက်ချက်ကြောင့် သူတို့၏ခန္ဓာကိုယ်များသည် ချက်ချင်း နောက်ပြန်လွင့်ပျံသွားကာ အဝေးမှာရှိနေသည့် သန္တာကျောက်တန်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ကျောက်တုံးများသည် ကြေမွပျက်ဆီးသွားခဲ့ပြီး ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် လည်း အပျက်အစီးများကြားထဲသို့ ပြုတ်ကျသွားသည်။ သူတို့၏ ရင်ဘတ်များသည် အလွန်နာကျင်နေပြီး ပါးစပ်မှသွေးများလည်း စီးကျလာသည်။
"ငတုံးမြွေကြီး၊ ဒီကောင်က နည်းနည်းတော့ သန်မာပုံရတယ်။ သူ့မီးတောက်က ကြောက်စရာ ကောင်းလွန်းတယ်။ သူ့ခန္ဓာကိုယ်အနီးတောင် ကပ်လို့မရဘူး။" ရှောင်ကျင်းသည် အပျက်အစီးများမှထကာ စိတ်ပိုင်းဆိုင်ရာဆက်သွယ်ပြီး ပြောဆို လိုက်သည်။
"အပူချိန်က နည်းနည်းကြောက်စရာကောင်းပေမယ့် နည်းလမ်းမရှိတာတော့ မဟုတ်ပါ ဘူး။" ရှောင်ဘိုင်လည်း မတ်တတ်ရပ်ပြီး ပြောသည် ။ သူ့မျက်လုံးတွေ ပို၍ပင် အေးစက်လာသည်။ သူ၏ရင်ဘတ်မှာ မည်းမှောင်နေပြီ။ ဟောင်ကူ၏ မီးတောက် မီးလျှံတွေက သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည် ထင်ရှားပါသည်။
"ဘာနည်းလမ်းလဲ?" ရှောင်ကျင်းက မေးသည်။
"သူတိုက်ခိုက်လာချိန်မှာ၊ ငါက ချက်ချင်း ငါ့ခန္ဓာကိုယ် အစစ်အမှန်အဖြစ် ပြောင်းလဲ လိုက်ပြီး သူ့ရဲ့အစစ်အမှန်မီးလျှံအားလုံးကို ဝါးမြိုဖို့အတွက် ငါ့ရဲ့မွေးရာပါ နတ်ဘုရား စွမ်းရည်ကို အသုံးပြုလိုက်မယ်။ အချိန်ရောက်တာနဲ့ မင်းက မင်းရဲ့မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းပြီး အဲဒီရွှေလှံနှစ်ချောင်းကို အသုံးပြုကာ သူ့ကို သတ်ပစ်လိုက်ပါ။ မှတ်ထားပါ။ မင်း မြန်မြန်လုပ်ရမယ်။" ရှောင်ဘိုင်က ပြောသည်။
"သူ့ရဲ့ အစစ်အမှန်မီးလျှံတွေကို ဝါးမြိုမယ်။ မင်း အသက်မရှင်ချင်တော့ဘူးလား" ရှောင်ကျင်းက အံ့သြစွာ ပြောသည်။
ဟောင်ကူ၏ အစစ်အမှန်မီးလျှံသည် အလွန် ကြောက်စရာကောင်းသည်။ ထို ကြောက်စရာကောင်းသော အစစ်အမှန်မီးလျှံသည် ပင်လယ်ရေပင်ကို လျစ်လျူရှု ထားနိုင်သည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အလယ်အလတ်အဆင့်ရှိ သာမန် နတ်ဆိုးသားရဲများပင် ၎င်းမီးလျှံဖြင့် ထိမိပါက သေဆုံးသွားမည် ဖြစ်သည်။ ယခင်က သူတို့သည် မီးလျှံမြွေများကို ခုခံကာကွယ်နိုင်ခြင်း သူတို့၏ ပုံမှန်မဟုတ်သော ကာကွယ်ရေးစွမ်းရည်များကို လုံးလုံးလျားလျား မှီခိုထား၍ဖြစ်ပါသည်။
ရှောင်ဘိုင်သည် ဟောင်ကူ၏ အသက်သွေးမီးလျှံများကို ဝါးမြိုချင်နေခဲ့သည်။ ဤသည်မှာ အလွန်အန္တရာယ်များသော လုပ်ရပ်ဖြစ်ပြီး သူသည် မတော်တဆ အသက်ဆုံးရှုံးသွားနိုင်သည်။
"စိတ်မပူပါနဲ့၊ ငါက လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး။ အနည်းဆုံး ငါ အားနည်းတဲ့ အချိန်ကာလတစ်ခုကို ရောက်သွားရုံပဲ ရှိလိမ့်မယ်။" ရှောင်ဘိုင်က ပြောသည်။
ဟောင်ကူသည် ပင်လယ်ရေထဲတွင် ရပ်နေပြီး မီးမြွေလေးကောင်သည် သူ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။ တောက်လောင်နေသော မီးတောက်မီးလျံ များသည် ပင်လယ်ရေထဲတွင် ငြှိမ်းသတ်မည့်အရိပ်အယောင် အနည်းငယ်မျှ မပြခဲ့ပါ။ ယင်းအစား ပင်လယ်ရေကို ပွက်ပွက်ဆူလာသည်အထိ လောင်ကျွမ်းနေကြသည်။
"မင်းတို့ ငါ့ကိုတားလို့မရဘူး။ လင်းယွင်က လူသားဖြစ်ကြောင်း ပင်လယ်ထဲက နတ်ဆိုးသားရဲတွေအားလုံးကို ငါ သေချာပေါက် သိစေမယ်။ ဟမ့်၊ လင်းယွင်က ငါ့ဒုတိယညီနဲ့ တတိယညီတို့ကို သတ်ပစ်လိုက်တယ်။ ငါကလည်း သူ့ကို ချစ်ရသူတွေ ဆုံးရှုံးရတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်စေချင်တယ်။ " ဟောင်ကူ၏ မျက်လုံးများ သည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ချင်ယွင်က သူ့ညီ နှစ်ယောက်ကို သတ်ပစ်ခဲ့သည့်အကြောင်း ပြန်တွေးလိုက်သည့်အခါ သူ့မျက်လုံးထဲမှာ ပြင်းထန်သော သတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့ကိုကြည့်သည့် သူ၏အကြည့်များကလည်း ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။
"သေလိုက်ကြတော့။ မင်းတို့ ငါ့ကို အပြစ်တင်ချင်ရင် လူသားတစ်ယောက်ကို မင်းတို့ရဲ့ အစ်ကိုအကြီးဆုံးအဖြစ် အသိအမှတ်ပြုခဲ့တဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ကြတော့။ ဟောင်ကူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ပုံရိပ်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ ထိုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသော ရှေးဟောင်းအစစ်အမှန်မီးလျှံသည် ပါးစပ်ကိုဖွင့်၍ မျိုချတော့မည့် ဧရာမမီးနဂါးကြီး အသွင်အပြင်နှင့် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ ဦးတည်ရာ အရပ်ဆီ သို့ ပြေးဝင်သွားတော့သည်။
"အခုပဲ ရှောင်ကျင်း၊ လုပ်ဖို့ပြင်ထား" ရှောင်ဘိုင်က သူ၏စိတ်ထဲမှ အော်ပြော လိုက်ပါသည်။
မူလက ချောမောခန့်ညားသော ရုပ်အသွင်အပြင်သည် ငွေစပါးအုံးမြွေကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ရှောင်ကျင်းသည်လည်း ရွှေရောင်မျက်လုံး နှင့် ဧရာမအဖြူရောင် မျောက်ဝံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒါက အသုံးမဝင်ပါဘူး။ မင်းတို့ရဲ့အစစ်အမှနန်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲ သွားရင် တောင် ငါ့ရဲ့ အသက်သွေးမီးလျှံတွေကို မင်းတို့အနေနဲ့ ခုခံနိုင်မှာ မဟုတ်ဘူး။" ဟောင်ကူသည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ သူတို့၏ အစစ်အမှနန်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
အဖြူလေး၏ အေးစက်သော မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ဝင်းလက် တောက်ပလာသည်။
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဝါးမျိုးခြင်း!"
ရှောင်ဘိုင်က ကျယ်လောင်စွာ ဟောက်လိုက်သည်။ စပါးအုံးမြွေကြီးသည် ချက်ချင်းပင် ခေါင်းမော့လိုက်ပြီး ဧရာမတွင်းနက်ကြီးကဲ့သို့ သူ၏ပါးစပ်ကြီးကို ဖွင့်လိုက်သည်။ သူသည် ဝင်ရောက်လာသော ဧရာမမီးလျှံနဂါးကြီးကို ချက်ချင်းပင် မျိုချလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှောင်ကျင်း၏ ရွှေရောင်သူငယ်အိမ်များထဲမှာ ပြင်းထန်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အလင်းတန်းနှစ်ခုသည် ချက်ချင်းပင် ကြီးမားသောလှံများအဖြစ်သို့ ပြောင်းလဲသွားပြီး ပစ်လွင့်သွားသည်။
ရှောင်ဘိုင်သည် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲအဖြစ် ရှိနေစဉ်ကတည်းက သူသည် ချင်ယွင်ကို ဒဏ်ရာရစေရန်အတွက် ဤမွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့ဖူး သည်။ ယခု သူသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်လာ သည့်အခါ၊ ဤစွမ်းရည်၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာ ကောင်းလာခဲ့သည်။
ရွှေလှံနှစ်ချောင်းသည် ပင်လယ်ရေပြင်ကိုဖြတ်၍ ရွှေရောင်လျှပ်စီးကြောင်းနှစ်ခုကဲ့သို့ ထိုးဖောက်သွားသည်။ ၎င်းတွင်ပါရှိသော စွမ်းအင်အတက်အကျလှိုင်းများသည် မြင်ရသူလူတစ်ယောက်၏နှလုံးသားကို ရင်တုန်စေသည်။
ဟောင်ကူသည် မူလက ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို သူ၏မီးနဂါးကြီး ဝါးမျိုနေ သည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူ၏မီးနဂါးကြီး ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း အဖြစ်ပျက် တွေကို သူမသိလိုက်ခင်မှာ ကြောက်စရာကောင်းသည့် ရွှေရောင် အလင်းတန်းနှစ်ခုက အလွန်မြန်ဆန်သည့် အရှိန်အဟုန်ဖြင့် သူ့ဆီ ဝင်ရောက်လာသည်ကို သူတွေ့လိုက် ရသည်။
ရွှေရောင်အလင်းတန်းနှစ်ခုသည် သူ၏မြင်ကွင်းမျက်လုံးရှေ့တွင် တဖြည်းဖြည်း ကျယ်လာသည်။ ဟောင်ကူသည် ဤအခိုက်အတန့်တွင် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ၎င်းသည် သေခြင်း၏ ရနံ့ဖြစ်သည်။
ဟောင်ကူ၏အမူအရာသည် ချက်ချင်းဖျော့တော့သွားပြီး ရွှေရောင်အလင်းတန်းနှစ်ခုကို ပိတ်ဆို့တားဆီးရန်အတွက် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်ကို အရှိန်အဟုန်ဖြင့် စုပ်စည်းလိုက်သည်။
သို့သော် ဤရွှေရောင်အလင်းတန်းနှစ်ခုသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူဖန်တီးခဲ့သော နတ်ဆိုးအငွေ့အသက်အကာကွယ်သည် ရွှေရောင်အလင်းတန်းများ ရှေ့တွင် စက္ကူများကဲ့သို့ တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
ဟောင်ကူသည် လုံးဝကို အံ့သြသွားခဲ့သည်။ အစောပိုင်းအဆင့် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို အမှန်တကယ် ပြုလုပ်လိမ့်မည်ဟု သူ မယုံနိုင်ပေ။
သို့သော်၊ ဟောင်ကူသည် ရွှေရောင်အလင်းတန်းကို ပိတ်ဆို့တားဆီရန် သူ၏ နတ်ဆိုး စွမ်းအင်ကို ထပ်မံအသုံးမပြုနိုင်တွင် သူ၏ရင်ဘတ်မှ စူးရှသောနာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းနှစ်ခုသည် သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ပြင်းထန်သော နာကျင်မှုက သူ၏ဦးနှောက်အထိပင် ချက်ခြင်း ပျံ့နှံ့သွားစေသည်။
"ဒါ" ဟောင်ကူ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ ထိတ်လန့် တုန်လှုပ်ခြင်းအပြင် သူ၏မျက်လုံးထဲတွင် တုန်လှုပ်ချောက်ချားမှုများလည်း ရှိနေသည်။
သို့သော်လည်း ယခုအချိန်တွင် စပါးအုံးမြွေကြီးသည် ကောင်းကင်မှ ဆင်းသက်ကာ သွေးသံရဲရဲ ဧရာမပါးစပ်ကြီးကိုဖွင့်ပြီး ဟောင်ကူကို တစ်ကိုက်တည်းဖြင့် ဝါးမျိုး ကိုက်စားလိုက်လေသည်။
သူအလေးမထားခဲ့သည့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့် နတ်ဆိုးသားရဲနှစ်ကောင်က သူ့ကို အနိုင်ယူသွားလိမ့်မည်ဟု ဟောင်ကူ မယုံကြည် ပါခဲ့ဘူး။
ရှောင်ဘိုင်သည် ဟောင်ကူကို ပါးစပ်ထဲ မျိုချလိုက်ပြီး လူသားအသွင်သို့ ပြောင်းလဲသွား သည်။ သူသည် ပျော့ခွေပြီး လဲကျသွားသည်။ ယခုလေးတင် ဟောင်ကူ လောင်ကျွမ်း ထားသော အစစ်အမှန်မီးလျှံသည် သူ၏ အခန်းငါးခန်းနှင့် အင်္ဂါအစိတ်ပိုင်းခြောက်ခုကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
"ရှောင်ဘိုင်၊ ရှောင်ဘိုင် " ရှောင်ကျင်းသည် ချက်ချင်းပင် လူသားအသွင်ပြောင်းသွားပြီး ရှောင်ဘိုင် အနားတွင် ပေါ်လာသည်။ ရှောင်ဘိုင်၏ သွေးစွန်းနေသော ရင်ဘတ်ကို မြင်လိုက်ရသောအခါ သူ၏အမူအရာမှာ တုန်လှုပ်ချောက်ချားသွားသည် ။
"စိတ်လျော့ထားပါ... စိတ်မပူပါနဲ့၊ ငါ မသေနိုင်ပါဘူး။ ငါ့ကို လှိုဏ်ဂူဆီ ပြန်ခေါ်သွားပါ။ အခု ငါ ဒဏ်ရာတွေကို ကုသဖို့ လိုနေပြီ" ရှောင်ဘိုင်သည် ပြင်းထန်သော နာကျင်မှုကို တောင့်ခံပြီး ပြောလိုက်သည်။
ရှောင်ကျင်းသည် ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး ရှောင်ဘိုင်ကို ခေါ်ယူကာ ပလက်တီနမ် လှိုဏ်ဂူဆီသို့ ဦးတည်သွားလိုက်သည်။
ဟုတ်ပါသည်။ သူတို့နှစ်ယောက်နှင့် ဟောင်ကူတို့၏ တိုက်ပွဲကို ပတ်ဝန်းကျင်မှ မျက်လုံးသုံးလုံးငါးတွေက သဘာဝအတိုင်း မြင်တွေ့သွားကြပြီး၊ သူတို့ဆီကို မမြင်ရသည့် အန္တရာယ်ကြီးတွေကို ယူဆောင်လာနိုင်ပါသည်။
သို့သော်လည်း သူတို့သည့် ထိုကိစ္စနှင့်ပတ်သက်ကြီံး ဘာမှ မလုပ်နိုင်ခဲ့ပါ။ ဤဟောင်ကူသည် သေကိုသေရလိမ့်မည်။ ထိုသို့မဟုတ်လျှင် ချင်ယွင်သည် လူသားတစ်ယောက်ဖြစ်သည်ဆိုသည့် သတင်းက ပျံ့နှံ့သွားလိမ့်မည်။ ထိုအချိန်ရောက် လျှင် ချင်ယွင်သည် အမှန်တကယ်ပင် အန္တရာယ်ရှိပေလိမ့်မည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ဟောင်ကူကိုသတ်ဖြတ်ရန် အတူလက်တွဲ လုပ်ဆောင်နေကြချိန်မှာ ချင်ယွင်နှင့်ဂေါ့ရှန်းတို့သည် ဇီရှန်၏နောက်မှ အဆုံးမဲ့ ချောက်နက်ကြီး၏ အလယ်ဗဟိုဆီသို့ လိုက်ပါသွားခဲ့ကြသည်။
ချင်ယွင်သည် မီတာတစ်သောင်း ရှည်လျားပြီး မီတာတစ်ထောင်ကျယ်သော အက်ကြောင်းကြီးကို တွေ့လိုက်ရသောအခါ သူ လုံးဝ ထိတ်လန့်သွားသည်။
"ဒါ…….ဒါက ဓားအမှတ်သားတစ်ခုလား?"
ချင်ယွင်သည် အေးစက်သောလေကို ရှုရှိုက်ရင်း ကူရာမဲ့ဖြစ်မိသည်။
မှန်ပါသည်။ သူ၏ရှေ့မှာရှိနေသည့် ကြီးမားလှသော ဤအက်ကြောင်းကြီးသည် ကြီးမားသော ဓားအမှတ်အသားတစ်ခု ဖြစ်နေပါသည်။
ချင်ယွင်၏ စိတ်ထဲတွင် အစွမ်းထက်သော အင်မော်တယ်ဘုရင်တစ်ပါး၏ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုအင်မော်တယ်ဘုရင်သည် သူ၏လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး မီတာတစ်သောင်း ရှည်လျားသော ဤဓားအမှတ်အသားကို ပေါ့ပေါ့ဆဆ ပိုင်းဖြတ်လိုက်သည်။ သူ၏ နှလုံးခုန်သံသည် မထိန်းနိုင်ဘဲ ပြင်းထန်စွာ အရှိန်တက်ပြီး တဒိန်းဒိန်း ခုန်လာလေ သည်။
မီတာတစ်သောင်းရှည်ပြီး မီတာတစ်သောင်း နက်သော ဓားအမှတ်အသားကြီးကို အသာထား။ အကယ်၍ ကြယ်တစ်စင်း ပိုင်းဖြတ်ခံရလျှင်ပင် ဤမျှလောက် စိုးရိမ်စရာ မလိုပေ။ အဘယ့်ကြောင့်ဆို ဤဓားချက်အပေါ် ထိန်းချုပ်ခြင်းစွမ်းအားသည် ပြီးပြည့်စုံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။
ဟုတ်ပါသည်၊ ချင်ယွင်က ယခုထက်ပိုပြီး ထိတ်လန့်သွားစေသည့် အရာလည်း ရှိနေပါသည်။ သူ ချောက်နက်ကြီးအနီးသို့ ရောက်သောအခါ၊ ချောက်နက်ကြီးထဲမှ ထွက်ပေါ်လာသော အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်ကို သူ ရှင်းရှင်း လင်းလင်း ခံစားနိုင်ပါသည်။ ထိုအငွေ့အသက်သည် မှောင်မှိုက်ပြီး ကြောက်စရာ ကောင်းသည်။ ချောက်နက်ကြီး၏ထိပ်မှာ သူရပ်နေရုံဖြင့် သူ၏နှလုံးသားကို တုန်လှုပ် သွားစေနိုင်ပါသည်။
"ဖြစ်နိုင်တာက ဒီအငွေ့အသက်ကို ထုတ်လွှတ်နိုင်သူက အဲဒီနတ်ဆိုးလို့ခေါ်တဲ့ အရာများ ဖြစ်နေမလား" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏မျက်လုံးတွေက ချောက်ခြားမူတွေဖြင့် ပြည့်နှက်နေသည်။
အခန်း (၄၆၀) ဂုဏ်မောက်သောမင်းသမီးလေး။
ချင်ယွင်သည် အဆုံးမဲ့ချောက်ကြီး ကမ်းပါးစွန်းတွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက် သည်။ အောက်တွင် အနက်ရောင်ချည်း ဖြစ်နေသည်။ ကြီးမားလှသော အက်ကွဲ ကြောင်းမှ ပြင်းထန်ပြီး နက်မှောင်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေသည်။
'"အံ့ဩစရာပ၊ အဲဒါက တကယ်ကို အံ့သြစရာပါပဲ။ ဒီဓားအမှတ်သားကြီးက နှစ်ပေါင်း ငါးရာလောက် ပိုင်းခြားထားပေမယ့်၊ ပြင်းထန်တဲ့ဓားဆန္ဒတစ်ခုက ထုတ်လွှတ်နေတုန်း ပါပဲ။ အဆုံးမဲ့ချောက်နက်ကြီးထဲမှာ ဘယ်လိုမြင်ကွင်းမျိုးတွေ ဖြစ်လာမလဲလို့ ငါ သိချင်မိတယ်။”
ချင်ယွင် အံ့သြသွားသည်။ အနှစ်တစ်ထောင်ကြာအောင် အိပ်မောကျနေသော အင်မော်တယ်နန်းတော်ကြီးရှေ့တွင် တွားသွားတတ်သော နတ်ဆိုးသားရဲကြီး တစ်ကောင်၏ အသွင်အပြင်ကို သူ အမှန်းမဆဲ မနေနိုင်တော့။
အင်မော်တယ်ဘုရင်၏ အင်မော်တယ်နန်းတော်ကြီးအား စောင့်ကြပ်နေသည့် ထိုဧရာမ သားရဲကြီးသည် ချောက်နက်ကြီးထဲမှ ထွက်လာသည်နှင့် ရေအောက် နတ်ဆိုးသားရဲ ကမ္ဘာတစ်ခုလုံးကို ဆိုးရွားစွာ ထိုးနှက်သွားလိမ့်မည်ဖြစ်ကြောင်း ချင်ယွင်က သေချာ သိနေပါသည်။
"မင်းရော ခံစားရလား?" ချောက်နက်ကြီး၏ အစွန်းတွင် ချင်ယွင် ရပ်နေသည်ကိုတွေ့ရ လျှင် ဇီရှန်သည် အံ့ဩသွားမိသည်။ သူမ မေးလိုက်သည့်အခိုက် သူမ၏မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားသည်။
ချောက်နက်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုအငွေ့အသက်ကို ထုတ်လွှတ်နေသော်လည်း သာမန်နတ်ဆိုးသားရဲများ သိရှိခံစားနိုင်ရန် အလွန် ခက်ခဲပါ သည်။ သူတို့သည် ချောက်နက်ကြီးထဲသို့ နီးကပ်လာလေ ကြောက်ရွံ့စရာ ကောင်းလာဟုလောက်သာ ခံစားလာရသည်။ သူတို့စိတ်ထဲမှ ကြောက်စိတ်တွေက မည်သည့်နေရာက ရောက်လာမှန်း သူတို့ မသိခဲ့ကြပေ။
"ဟုတ်တယ်၊ အရမ်းသန်မာလွန်းတယ်" ချင်ယွင်က ပြန်ဖြေလိုက်သည်။ ဇီရှန်၏ ခန္ဓာကိုယ်သည် သာလွန်ထက် ထူးခြားကြောင်း သူသိထားခဲ့ပြီး သူမ၏ ထိုးထွင်း သိမြင်မှုသည် အခြားနတ်ဆိုးသားရဲများထက် များစွာသာလွန်သည်။
"ငါခန့်မှန်းသာမမှားရင် အောက်မှာရှိတဲ့အရာက အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ကို ကျော်လွန်နေလောက်ပြီ။ သူ့ကို ရန်စမိသူတိုင်း သေရလိမ့်မယ်။ အခုအချိန်မှာ သူက အိပ်ပျော်နေပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတာ။ ဒီသားရဲကြီး နိုးလာတဲ့အခါ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ငါလည်း တကယ် မသိသေးဘူး။ " ဇီရှန်က ထိတ်လန့်တကြား ဖြစ်ဟန်ဖြင့် ပြောလိုက်ပါသည်။
ချင်ယွင်သည်လည်း စိုးရိမ်သောက ရောက်နေသော မျက်နှာအမူအယာ ရှိနေပါသည်။ ဤအင်မော်တယ်ဘုရင်၏ နန်းတော်တွင် အဆုံးမဲ့ ရတနာများ ပါရှိနိုင်သော်လည်း ၎င်းအထဲကို ဝင်လိုပါက စောင့်ကြပ်ဖြစ်သည့် ဤသားရဲကြီးကို ကျော်ဖြတ်ရမည် ဖြစ်သည်။
သို့သော်၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ကို ကျော်လွန်နေသော ဤနတ်ဆိုးသားရဲကြီးကို မည်သူက ကိုင်တွယ် ဖြေရှင်းနိုင်မည်နည်း။
ဤအင်မော်တယ်ဘုရင်သည် သူ၏အမွေကိုဆက်ခံရန် သားစဉ်မြေးဆက်များကို စောင့်မျှော်နေသော်လည်း သူသည် မည်သူမျှ မဖြေရှင်းနိုင်သော အခြေအနေ တစ်ရပ်ကို ချမှတ်ထားခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဤ အင်မော်တယ်ဘုရင်၏ တွေးခေါ်ပုံကို ချင်ယွင် နားမလည်နိုင်ပါ။
ဂေါ့ရှန်းသည် ဇီရှန်နှင့် ချင်ယွင်တို့ ပြောနေသည့် အကြောင်းအရာကို သူ နားမလည်နိုင် သော်လည်း ဤအဆုံးမဲ့ချောက်နက်ကြီးသည် သူ့အတွက် အလွန်စိတ်မသက်မသာ ဖြစ်စေသည်။ ထို့အပြင် ဤစိတ်မသက်မသာဖြစ်ခြင်းသည် သူ၏ခြေရင်းရှိ ဤချောက်နက်ကြီးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ယခုမှပင် စိတ်သက်သာရာ ရသွားခဲ့သည်။
"ဝှီး… ဝှီး….. ဝှီ….!"
ချင်ယွင် နှင့် အခြားသူများသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ချန်ထားရစ်ခဲ့သော လှိုဏ်ဂူဆီသို့ သွားခါနီးတွင် ချောက်နက်ကြီး၏ ကမ်းပါးတစ်ဖက်မှ ပင်လယ်ရေပြင်များသည် ကွဲအက်သံသုံးချက် ထွက်ပေါ်လာခဲ့သည်။
"သတိထားပါ။ အဲဒါ ဧရာမဝေလငါးနန်းတော်က လူတွေ။" ဇီရှန်က လျင်မြန်စွာ ချဉ်းကပ်လာသော လူများကိုမြင်လျှင် ချင်ယွင်အား သူ၏နားအနားသို့ကပ်ကာ သတိပေးလိုက်သည်။
ချင်ယွင်သည် ခေါင်းညိတ်ပြသော်လည်း သူ၏အကြည့်က လျင်မြန်စွာ ချဉ်းကပ်လာနေသော လူသုံးယောက်ဆီကို ရောက်ရှိသွားသည် ။
ထိုလူသုံးယောက်မှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်သည်။ ခေါင်းဆောင်က အမျိုးသမီးဖြစ်သည်။ အတိအကျပြောရလျှင် သူမသည် မိန်းမပျိုလေး တစ်ယောက်နှင့် ပိုတူသည်။ သူမပုံစံက အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ရှိ လူသားတစ်ဦးနှင့် တူသော်လည်း သူမ၏ရုပ်ရည်အသွင်အပြင်သည် ကောင်းမွန်စွာ ဖွံ့ဖြိုးပြီးဖြစ်သည်။ သူမ၏ အနီရောင်ဝတ်စုံသည် သူမ၏ တင်ပါးနှင့် သူမ၏ ရင်သားကို ကောက်ကွေးစွာ ပုံဖော်ထားသည်။ သူမ၏ ရင်ဘတ်အရွယ်အစား သည်လည်း ချင်ယွင်၏ ဘေးမှာရှိနေသည့် ဆွဲမက်ဖွယ်ကောင်းသော ခရမ်းရောင်ဆံပင် နှင့်အမျိုးသမီးထက် မနိမ့်ကျပေ။
မိန်းကလေး၏ မျက်နှာသည်လည်း လက်ရာမြောက် သပ်ရပ်လှပပါသည်၊ အထူးသဖြင့် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော သူမ၏ မျက်ဝန်းတစ်စုံဖြစ်သည်။ တစ်ခုတည်း သော ဆိုးရွားသည့်အရာမှာ ထိုမိန်းကလေး၏ အမူအရာသည် အနံ့အသက်ဆိုးများ ရှိနေသည့်အတွက် သူမ၏ နှာခေါင်းများကို ကောင်းကင်ယံကို မျက်နှာမူထားသကဲ့သို့ လူတိုင်းကို မောက်မာသည့် ဟန်ပန်အမူအယာဖြင့် ကြည့်နေလေသည်။
သို့သော် ထိုမိန်းကလေး၏ ကျင့်ကြံမူအခြေခံမှာ အားမနည်းလှပေ။ သူမသည် ဂေါ့ရှန်း ကဲ့သို့ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အစောဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ သည်။
ထိုမိန်းကလေး၏ ဘယ်ဘက်ခြမ်းတွင် ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာထားနှင့် အေးစက်စက်ပုံစံ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိသည်။ ထိုလူသည် မည်သည့် စကားမှမပြောသည့်အတွက် သူမ၏ လက်အောက်ငယ်သား ဖြစ်ပုံရသည်။ သူ၏ကျင့်ကြံမူအဆင့်သည် မြင့်မားခြင်းလည်းမရှိသလို နိမ့်ကျခြင်းလည်း မရှိပေ။ သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိနေပါ သည်။
မိန်းကလေး၏ ညာဘက်တွင် ချင်ယွင်မြင်ဖူးပြီးသား ဧရာမဝေလငါးနန်းတော်၏ မဟာတပ်မှူးကြီး ဖြစ်သည်။ သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်ရှိ ကျွမ်းကျင်သူဖြစ်ပြီး အရပ်ရှည်ရှည်နှင့် ထွားကျိုးသန်မာသူလည်း ဖြစ်သည်။
"အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူသုံးဦး။ ဧရာမဝေလငါးနန်းတော် သည် တကယ်ကို အစွမ်းထက်လှပါသည်။ သို့သော်၊ အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်၏ နှောင်းပိုင်းအဆင့်ရှိ မဟာတပ်မှူးကြီးတစ်ဦးကို သူမနောက်ကွယ်မှာ ထားနိုင်သည့်အတွက် ထိုမိန်းကလေးသည် မည်ကဲ့သို့ နောက်ခံမျိုး ပိုင်ဆိုင်ထားသ နည်း။" ချင်ယွင်က ဇီရှန်ကို မေးကြည့်မိပါသည်။
"ဒီမိန်းကလေးက ဧရာမဝေလငါးနန်းတော် နန်းတော်သခင်ရဲ့ တစ်ဦးတည်းသော သမီးလေးပဲ။ သူမရဲ့ပါရမီကလည်း ထူးကဲတယ်လို့ ပြောလို့ရတယ်။ သူမဟာ ရှေးဟောင်းနတ်ဘုရားသားရဲသွေးခွန်ရဲ့ သွေးမျိုးဆက်ကို နိုးထနိုင်ပုံရပါတယ်။ သူမ အရွယ်မရောက်ခင်ကတည်းက သူမက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အစောဆုံးအဆင့်ကို ရောက်နေပြီ။ သူမရဲ့အလားလာနှင့် ပါရမီအရဆို သူမက ဧရာမဝေလငါးနန်းတော် နန်းတော်သခင်ရဲ့အထက်တောင် ရှိတယ်” ဇီရှန်က ပြောပြသည်။
"ရှေးဟောင်းနတ်ဘုရားသွေးခွန်လား?" ချင်ယွင် အနည်းငယ် အံ့သြသွားသည်။
ရှေးဟောင်းနတ်ဘုရားသားရဲများသည်လည်း အဆင့်အမျိုးမျိုး ရှိကြသည်။ ၎င်းတို့ကို အဆင့်အမြင့်အဆင့်၊ အလယ်လတ်အဆင့်၊ အဆင့်နိမ့်အဆင့်ဟူ၍ ခွဲခြားထားသည်။ နတ်ဘုရားသားရဲအချို့သည် နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များကို နိုးထစေနိုင် သော်လည်း၊ ၎င်းတို့သည် ယေဘုယျအားဖြင့် အဆင့်နိမ့်အဆင့် နတ်ဘုရားသားရဲများ ဖြစ်ကြသည်။ လူအနည်းစုသည် အလယ်အလတ်အဆင့် နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များကို နှိုးထနိုင်ခဲ့ကြပြီး အနည်းငယ်မျှသည်သာ အဆင့်မြင့်အဆင့် နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များကို နိုးထနိုင်ခဲ့ကြသည်။
၎င်းတို့အထဲတွင် ကောင်းကင်မျိုးစပါးအုံးမြွေ၊ အင်မော်တယ်စိန်မျောက်ဝံ၊ ခရမ်းရောင် မျက်လုံးစွမ်နီ၊ ရှေးဟောင်းအစစ်အမှန်နဂါးနှင့် ရှေးဟောင်းသွေးခွန်တို့သည် ဒဏ္ဍာရီ များအရ အလွန်ရှားပါးသော အဆင့်မြင့်နတ်ဘုရားသားရဲများ ဖြစ်ကြသည်။ ထို့ကြောင့်၊ ချင်ယွင်သည် အဖြူလေး၊ ရွှေလေးနှင့် ခရမ်းလေးတို့လို အဆင့်မြင့်အဆင့် နတ်ဘုရားသားရဲများကို ရရှိထားခြင်းသည် လုံးဝကို ကံကောင်းလွန်း၍ ဖြစ်ပါသည်။
အနက်လေး နှင့် အနီလေးတို့အတွက်မူ၊ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ၎င်းတို့သည် အလယ်အလတ်အဆင့် နတ်ဘုရားသားရဲများ၏ သွေးမျိးဆက်ကို နိုးကြားစေသူများ ဖြစ်နိုင်ပါသည်။ နောက်ဆုံးမှာတော့ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ဖြင့် နတ်ဆိုးသားရဲများကို လက်အောက်ခံအဖြစ် ကျွန်တံဆိပ် ခတ်ခြင်း၏ စံသတ်မှတ်ချက်မှာ အနည်းဆုံး အလယ်အလတ်အဆင့် နတ်ဘုရားသားရဲ များ၏ သွေးမျိုးဆက်များကို ပိုင်ဆိုင်ရမည် ဖြစ်သည်။
သို့သော်၊ ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ သူ၏ရှေ့ရှိ ဤမိန်းကလေးသည် အဆင့်မြင့် နတ်ဘုရားသားရဲ သွေးခွန်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေခြင်းပင် ဖြစ်သည်။
"သူမဟာ ပါရမီအရည်အချင်း မြင့်မားသည့်အပြင် ဧရာမဝေလငါးနန်းတော် နန်းတော် သခင်ရဲ့ တစ်ဦးတည်းသော သမီးလေးလည်း ဖြစ်တယ်။ ဒါကြောင့် နန်းတော်သခင်ရဲ့ မျက်နှာသာပေးမှုကို ခံရလိမ့်မယ်။ နန်းတော်သခင်ကရော သူမကို အန္တရာယ်အဖြစ်ခံ ပြီး အခုလိုအန္တရာယ်တောထဲ စေလွှတ်ဖို့ အမှန်တကယ် ဆန္ဒရှိပါ့မလား။ သူမက ခိုးထွက်လာတာရော မဖြစ်နိုင်ဘူးလား”။ ချင်ယွင် မှန်းဆလိုက်သည်။
အဘယ့်ကြောင့် ယခုလိုပြောရလဲဆိုလျှင် ဤမိန်းကလေး၏ မျက်နှာအမူအယာသည် မောက်မာမှုတွေနှင့် ပြည့်နှက်နေပြီး လူတုံးလူအတစ်ယောက် မဟုတ်သရွှေ့ သူမသည် အလိုလိုက် အကြိုက်ဆောင်ခံထားရသူတစ်ဦးဆိုတာ မြင်သူတိုင်း သိကြလိမ့်မည်။
'"ဒါက ဖြစ်နိုင်ချေ အရမ်းများတယ်။ ဒါ့အပြင် သူမနဲ့အတူ တခြား အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ ပါမလာဘူးဆိုတာ မင်းလည်း တွေ့မှာပဲ။ သူမက ခိုးထွက်လာတာ ဖြစ်ဖို့ အရမ်းများတယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ သူမကို မထိဝံ့မှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့ သူမကို စိတ်အနှောက်ယှက်ဖြစ်အောင်လုပ်တာက ဧရာမဝေလငါး နန်းတော်တစ်ခုလုံးကို စိတ်အနှောင့်အယှက်ပေးတာနဲ့ အတူတူပဲလေ။ " ဇီရှန်က ပြောသည်။
ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်ပင် ဖြစ်သည်။ ဧရာမ ဝေလငါးနန်းတော် နန်းတော်သခင်၏ တစ်ဦးတည်းသောသမီးကို မည်သူကရော ရန်စဝံ့မည်နည်း။ ဤအရာက ဧရာမဝေလငါးနန်းတော်တစ်ခုလုံးနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုရာ မရောက်ပေဘူးလား။ ယင်းက သူမ အရမ်းဂုဏ်မောက်နေရသည့် အကြောင်း ရင်း ဖြစ်နိုင်ပါသည်။
ဧရာမဝေလငါးနန်းတော်၏ ဤမင်းသမီးလေးက သူ့ကို အနှောင့်ယှက်မပေးသမျှ သူလည်း ဧရာမဝေလငါးနန်းတော်၏ ဤမင်းသမီးလေး အနှောက်အယှက်မဖြစ်အောင် အစွမ်းကုန် ကြိုးစားမည်ဟု ချင်ယွင်သည် စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါသည်။
သို့သော် တစ်ခါတရံတွင် လူတိုင်းသည် ဖြစ်ချင်သည့်ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါသည်။ ချင်ယွင်သည် နောက်ပိုင်းတွင် ဧရာမဝေလငါးနန်းတော်၏ ဤမင်းသမီးလေးကို ရှောင်ရှားရန် ဆုံးဖြတ်လိုက်သည့်အချိန်မှာဘဲ ဧရာမဝေလငါး နန်းတော်၏ မင်းသမီးလေးက သူ့ကို စိုက်ကြည့်လာလေသည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် အေးစက်ပြီး ကြံ့ခိုင်သန်မာသည့် အမျိုးသားတစ်ဦးနှင့်အတူ ချင်ယွင်နှင့် အခြားသူများ၏ ဆန့်ကျင်ဘက်အရပ်တွင် ပေါ်လာသည်။ ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ချင်ယွင်ကို ပြူးကျယ်သော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။ သူမသည် တခဏတာ အံ့ဩသွားပြီးနောက် သူမ၏ နူးညံ့သော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူမက ချင်ယွင်ကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်ပါသည် "ဟား၊ဟား..။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်လား။ သူက တကယ်ကို တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အစောပိုင်း အဆင့်လေးပဲ။ နဂါးကောင်းကင်နန်းတော်မှာ လူမရှိတော့ဘူးလား။" သူတို့က တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့် နတ်ဆိုးငယ်လေးတစ်ကောင်ကို တကယ်ကြီးကို လွှတ်လိုက်တာလား။"
မင်းသမီးလေး၏စကားကိုကြားလျှင် အေးစက်စက် မျက်နှာထားပိုင်ရှင် အမျိုးသား၏ မျက်နှာမှာလည်း သရော်လှောင်ပြောင်သည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။
သို့သော် ထိုအရပ်ရှည်ရှည်နှင့် ထိုလူထွားကြီးက ရယ်မောခြင်းတော့ မရှိပေ။ သူသည် ချင်ယွင် တိုက်ခိုက်သည်ကို အရင်က မြင်ဖူးပြီး ချင်ယွင်၏ စွမ်းအားက ထင်သလောက် မရိုးရှင်းဘူးဆိုသည်ကို သူ သိသည်။ သူသည် သူ၏ပါးစပ်ကိုဖွင့်ပြီး ဧရာမဝေလငါး နန်းတော်၏ မင်းသမီးလေးကို သတိပေးရန်ကြံလိုက်သော်လည်း နောက်ဆုံးတွင် သူသည် လက်လျှော့လိုက်သည်။
မင်းသမီးလေး၏ ဒေါသကို သူသိထားသည်။ သူမစကားပြောနေစဉ်မှာ အခြားသူများ မေးမြန်းခြင်းကို သေချာပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ဧရာမဝေလငါးနန်းတော် မင်းသမီးလေး၏ စကားကိုကြားသောအခါ ချင်ယွင်သည် ကူကယ်ရာမဲ့ ဖြစ်သွားရလေသည်။