အခန်း (၄၆၆-၄၇၀)
Vol. 32 Ch. 466-470
အခန်း(၄၆၆)ဧရာမကျောက်ရုပ်ထုကြီး။
မိုးကြိုးသတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါ ကျိုးပျက်သွားသည်ကို လူတိုင်း မြင်သော အခါတွင် သူတို့၏မျက်နှာများသည် ဖော်ပြလို့မရသည့် ပျော်ရွှင်ဖွယ်အမူအရာ ပေါ်လာပြီး ချင်ယွင်ကို ငေးကြည့်ရင်း ကျေးဇူးတင်စိတ်များဖြင့် ပြည့်နေပါသည်။
ချင်ယွင်ကို ခရမ်းရောင် မျက်လုံး တစ်စုံဖြင့် စူးစူးစိုက်စိုက် ကြည့်ရင်း ဇီရှန်၏ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။
သူမရှေ့မှာရှိနေသည့် ဤလူငယ်သည် သူမ၏ မျှော်မှန်းချက်တွေကို အကြိမ်ကြိမ် ကျော်လွန်နေခံသည်။ သူသည် အဆင့်မြင့်နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရုံသာမက အစီအရင်ဝင်္ကပါ အသုံးပြုနည်းကိုလည်း သူသိနေသည်။ အဆင့်ရှစ် အစီအရင်ဝင်္ကပါ တစ်ခုကို လျှပ်စီးဖြင့် အပြင်းအထန် တိုက်ခိုက်ပြီး လှုပ်ခါ စေခဲ့သော်လည်း သူသည် အမှန်တကယ်ပင် သေဆုံးခြင်း မရှိသေးပေ။ တာအို အငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် အစောပိုင်းအဆင့်ရှိ သူ၏ ကျင့်ကြံခြင်း အခြေခံဖြင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် နှောင်းပိုင်း အဆင့်ရှိ ကျွမ်းကျင်သူများကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့သည်။
သာမန်လူတွေက မဖြစ်နိုင်ဘူးဟု တွေးထင်ထားသည့်အချိန်မှာ သူ၏ ခန္ဓာကိုယ်ထဲမှာ အံ့သြစရာတွေက ထပ်ခါထပ်ခါ ထွက်ပေါ် လာနေသည်။
"ကောင်စုတ်၊ မဆိုးပါဘူး။ နင်က အစီအရင်ဝင်္ကပါတွေကို သိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဘယ်လိုလဲ ငါ့ရဲ့ ဧရာမဝေလငါးနန်းတော်ကို လာခဲ့ပါလား။ ငါနဲ့လိုက်ခဲ့လေ။" ဧရာမဝေလငါးနန်း၏ မင်းသမီးလေးသည် ချင်ယွင်၏ နံဘေးသို့ လျှောက်သွားပြီး သူ၏ ပခုံးကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပုတ်လိုက်သည်။
ချင်ယွင်သည် ဧရာမဝေလငါးနန်း၏ မင်းသမီးလေးကို တစ်ချက်ကြည့်လိုက်ပြီး သူမ စကားများကို လျစ်လျူရှုကာ ဘေးဘက်သို့ ခေါင်းလှည့်လိုက်သည်။
ဧရာမဝေလငါးနန်း၏ မင်းသမီးလေးသည် ချင်ယွင်၏ လျစ်လျူရှုခြင်းကို နောက်တစ် ကြိမ် ခံရပြန်သည်ကို မြင်သောအခါတွင် သူမ၏ ပန်းနုရောင် ပါးပြင်သည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ သူမက ချင်ယွင်ကို ခက်ထန်စွာ စိုက်ကြည့်ကာ ဒေါသ တကြီးပြောသည် "ဟမ့်၊ ဒါက ဘာသဘောလဲ။ အစီအရင်ဝင်္ကပါတွေကို သိနေရုံနဲ့ အံ့သြဖို့ကောင်းနေပြီလား။ ခွန်အားက အရေးကြီးဆုံးပဲ။ နင့်ရဲ့လက်ရှိကျင့်ကြံမူ အဆင့်နဲ့ဆို ဒီကအဒေါ်က နင့်ကို လက်တစ်ဖက်တည်းနဲ့တောင် ချေမွပစ်နိုင်တယ်"။
ချင်ယွင်သည် အကြိုက်ဆောင်ခံထားရသည့် မင်းသမီးဆိုးလေးကို လျစ်လျူရှုကာ အနက်ရောင် လှိုဏ်ဂူဝင်ပေါက်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။
လှိုဏ်ဂူဝင်ပေါက်သည် ခုံးထွက်နေ၏။ အရှည်က လေးမီတာကျော်ပြီး၊ အကျယ်က ရှစ်မီတာကျော်ရှိသည်။ လှိုဏ်ဂူဝင်ပေါက်က မည်းမှောင်နေ၏။ ထို့ကြောင့် အထဲမှာ မည်သည့်အရာ ရှိလဲဆိုသည်ကို မြင်ရခက်ပါသည်။
လှိုဏ်ဂူကြီး၏အထက်တွင် အက္ခရာကြီးသုံးလုံး ရေးထိုးထားသည့် ကျောက်စာတန်း တစ်ခုရှိသည်။
“အကြင်နာမဲ့လှိုင်ဂူ”
"အကြင်နာမဲ့လှိုဏ်ဂူတဲ့လား။ ဒီလှိုဏ်ဂူပိုင်ရှင်က စေတနာကောင်းပြီး စိတ်သဘော ထား ဖြောင့်မတ်တဲ့ ကျေးဇူးသိတတ်တဲ့ လူတစ်ယောက်ဖြစ်ပုံရတယ်။" ချင်ယွင်သည် လှိုဏ်ဂူပေါ်ရှိ စာလုံးကြီးသုံးလုံးကို ကြည့်ရင်း သူ့ကိုယ်သူ တွေးနေမိသည်။
လှိုဏ်ဂူအဝင်ဝတွင် ဤကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါတစ်ခုကို တည်ဆောက်ထားနိုင်သူသည် အလွန်ပြင်းထန်သော သတ်ဖြတ်လို စိတ်ရှိသည့် လူတစ်ယောက်ဖြစ်သည်ကို ယခင်က သူ တွေ့ရှိခဲ့ဖူးသည်။
"ဘယ်လောက် သန်မာလိုက်တဲ့ ဓားတွေချီလဲ။ ဒီစကားသုံးခွန်းတည်းက သတ်ဖြတ်ချင် စိတ်ကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်နေတယ်။" ဇီရှန်နှင့် အခြားသူများသည်လည်း တံခါးပေါ်ရှိ ကျောက်စာပြားဆီသို့ လှည့်ကြည့် လိုက်သည်။
ချင်ယွင်သည်လည်း ဤပြင်းထန်သော ဓားဆန္ဒကို ခံစားလိုက်ရသည်။ အကယ် သူ ခန့်မှန်းသာ မမှားဘူးဆိုလျှင် ဤစကားသုံးခွန်းသည် လှိုဏ်ဂူပိုင်ရှင်၏လက်မှ ဖြစ်ပေါ် လာပေလိမ့်မည်။ လှိုဏ်ဂူပိုင်ရှင်သည် ဓားများကို အသုံးပြုရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး သူ၏ဓားဆန္ဒမှာလည်း သူကဲ့သို့ပင် ကြီးမြတ်သောပြီးပြည့်စုံခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။
"ဟမ့်၊ သူ့ကိုယ်ပိုင် ဝင်ပေါက်ကို ဂရုမစိုက်သူ ဘယ်သူရှိမလဲ။ ဒီကိစ္စကို အရင် ပြောကြည့်ရအောင်။ သူ့လိုဏ်ဂူထဲမှာ ဒီလိုသတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါ ခင်ကျင်းထားလိမ့်မယ်လို့ ငါတော့ မယုံဘူး။" ဆံပင်ဖြူ အဘိုးကြီးက အေးစက်စွာ ပြောလိုက်သည်။
ထို့ကြောင့် သူသည် ဧရာမဝေလငါးနန်းမှ လူများကို ဦးဆောင်ရင်း အနက်ရောင် လှိုဏ်ဂူ ဝင်ပေါက်ဆီသို့ ဦးဆောင်သွားတော့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူသည် ခေါင်းခါလိုက်မိသည်။ ဧရာမဝေလငါးနန်းမှ ဆံပင်ဖြူအဘိုးကြီးသည် လုံးဝ စိတ်ချယုံကြည်ရသူ မဟုတ်ပေ။ သူသည် နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နေထိုင်ခဲ့ပုံရသော်လည်း “အနှစ်တစ်သောင်း ကြာသည့်တိုင် ဂရုတစိုက် ရွက်လွှင့်ရတယ်”ဆိုတဲ့ စကားပုံကိုတော့ သိရှိဟန် မတူပေ။
သို့သော် ချင်ယွင်မှာ သူတို့ကို သတိပေးရန် တာဝန်မရှိပေ။ ယခုအချိန်မှစ၍ အင်အားစု သုံးခုသည် သူတို့၏ယခင်ပြိုင်ဆိုင်မှု ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ပြီ။ သူတို့သည် လှိုဏ်ဂူထဲမှာ ရတနာတွေ ရှာတွေ့သည်နှင့် တိုက်ခိုက်ကြမှာ သေချာပါသည်။
ဆံပင်ဖြူ အဘိုးကြီးသည် ဧရာမဝေလငါးနန်း၏ မင်းသမီးလေးနှင့် ထွားကြိုင်း သန်မာသည့် အမျိုးသားကို ဦးဆောင်ကာ လှိုဏ်ဂူဝင်ပေါက်ကို ဖြတ်ပြီး ဂူထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
"ဝင်ကြရအောင်။ သူတို့ကို ရတနာတွေ အရင်ယူဆောင်ခွင့် မပြုနိုင်ဘူး" ဆံပင်ဖြူ အဘိုးကြီးနှင့် တခြားသူတွေ လုံခြုံပြီး အဆင်ပြေနေသည်ကို မြင်လိုက်ရလျှင် ကျင်းယွန်သည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လှိုဏ်ဂူထဲကို ပြေးဝင်သွားခဲသည်။ ယန်ဟန်သည် သဘာဝအတိုင်း သူ့နောက်မှ အနီးကပ်လိုက်ပါသွားသည်။
"ငါတို့လည်း ဝင်ကြရအောင်။ သတိထားပါ။ ငါ့နောက်ကနေ လိုက်ဖို့လည်း မမေ့ကြနဲ့။" ဇီရှန်သည် နောက်ပြန်လှည့်ပြီး ချင်ယွင် နှင့် ဂေါ့ရှန်းတို့အား ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် သူမသည် လှိုဏ်ဂူဆီသို့ လျှောက်သွားသည်။
ဂေါ့ရှန်း နှင့် ချင်ယွင်တို့ နှစ်ယောက်စလုံးလည်း ခေါင်းညိတ်ပြီး သူမနောက်မှ လိုက်ကြသည်။
ချင်ယွင်သည် လှိုဏ်ဂူဝင်ပေါက်ကို ဖြတ်သွားစဉ်တွင် ကြီးမားသော ကန့်လန့်ကာကြီး တစ်ခုကို ဖြတ်ကျော်သွားရသကဲ့သို့ ခံစားရသည်။ မူလကပိတ်နေသော အနက်ရောင် လိုဏ်ဂူကြီးသည် ရုတ်တရက် ပွင့်လာသည်။
ချင်ယွင်နှင့်အခြားလူများ၏ရှေ့မှာ အလွန်ကျယ်ဝန်းသော ခန်းမတစ်ခု ရှိနေသည်။ ခန်းမကြီးသည် ပေတစ်ရာမြင့်ပြီး ဧရိယာသည် စတုရန်းမီတာ တစ်ထောင်နီးပါး ကျယ်ဝန်းသည်။ ခန်းမတစ်ခုလုံးကို ဧရာမကျောက်စာတိုင်ကြီး လေးတိုင်ဖြင့် ထောက်ထားပြီး တစ်ခုချင်းစီသည် ကောင်းကင်ယံသို့ တိုးတက်သွားသည့် တိုင်ကြီး တစ်တိုင်ကဲ့သို့ ရပ်တည်နေလေသည်။
ပင်မခန်းမရှေ့တွင် ကြီးမားသော ကျောက်ရုပ်ထုကြီး နှစ်ခုရှိသည်။ ၎င်းကျောက်ရုပ်ထု ကြီး နှစ်ခုစလုံးသည် လူသားပုံသဏ္ဍာန်ရှိပြီး အရပ်က ပေတစ်ရာ မြင့်မားသည်။ ကျောက်ရုပ်ထုကြီးနှစ်ခုအနက်မှ တစ်ခုသည် ဓားရှည်တစ်ချောင်းနှင့်အတူ ရပ်နေ၏။ သူ၏လက်နှစ်ဘက်စလုံးသည် ဓားအရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများကို တင်းတင်းစေ့ထားသည်။ ထို့တိုင် ၎င်းသည် ကြောက်မက်ဖွယ် ကောင်းသော ခမ်းနားထည်ဝါသည့် ဘုန်းတန်ခိုးအရှိန်အဝါက ထွက်ပေါ်နေပါ သေးသည်။
နောက်ရုပ်ထုကြီးတစ်ခုကတော့ လှံရှည်ကိုင်ထားသည့် လူတစ်ယောက်၏ ကျောက်ရုပ်ထုကြီးဖြစ်သည်။ သူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကျောက်ရုပ်ထုသည် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်လွှတ်သည်။ သူ၏ပုံစံက စစ်မြေပြင်ကို ကြီးစိုးလွှမ်းမိုးထားသည့် စစ်သူကြီးတစ်ယောက်လိုပင်။
ကျောက်ရုပ်ထုကြီးနှစ်ခုက သူတို့ကို ဖော်ပြလို့မရသည့် ကြောက်စရာ ကောင်းသော ခံစားချက်ကို ပေးစွမ်းနိုင်သည်ဟု ခံစားကြရပြီး လူတိုင်းသည် အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်နေကြပါသည်။
ရုပ်ထုကြီး၏အလယ်၊, ခန်းမကြီးညာဘက်တွင် ကျောက်တံခါးတစ်ခု ရှိသည်။ ကျောက်တံခါးကို လှမ်းကြည့်လိုက်စဉ်မှာ ၎င်းထံမှ စိတ်ဝင်စားဖွယ်မရှိ သာမန်မျှသာ ဖြစ်သည်ဟူသော ခံစားချက်မျိုး ပေးစွမ်းသည်။
ချင်ယွင်လည်း အံ့အားသင့်သွားခဲ့သည်။ လှိုဏ်ဂူကြီး၏ ခမ်းနားထည်ဝါသည့် အပြင်အဆင်ကို မြင်ရလျှင် ဤလှိုဏ်ဂူသည် လူတွေ ကျင့်ကြံရုံ သက်သက် မဟုတ်ဘူးဟု သေချာပေါက် ခံစားလိုက်ရပါသည်။
ဤလှိုဏ်ဂူပိုင်ရှင်သည် နောင်လာနောက်သား မျိုးဆက်သစ်များကို လာရောက် ရှာဖွေရန် အတွက် ဆက်ခံရမည့်အမွေများကို ချန်ထားရစ်ကဲ့သို့ပင်။
"ကြည့်လိုက်စမ်း၊ ကျောက်တံခါးပေါ်မှာ စာကြောင်းတစ်ကြောင်း ရှိတယ်" ထိုအချိန်မှာ ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ကျောက်တံခါးကို ရုတ်တရက် လက်ညိုးညွှန်ပြပြီး ပြောလိုက်ပါသည်။
ထိုစကားကို လူတိုင်းကြားသောအခါ ကျောက်တံခါးကို ကြည့်လိုက်ကြပါသည်။
ကျောက်တံခါးပေါ်တွင် ရေးသားထားသည်မှာ "အဆုံးမဲ့ ချောက်နက်ကြီး၊ အင်မော်တယ် နန်းတော်"။ ဤတံခါးကို ဝင်လာသူတိုင်း သေရလိမ့်မည်” ဟူ၏။
လူတိုင်းသည် သူတို့ကိုယ်သူတို့ တီးတိုး ရေရွတ်နေကြ သော်လည်း သူတို့စိတ်ထဲတွင် ဖော်မပြနိုင် လောက်အောင်ပင် ထိတ်လန့် သွားကြသည်။
အဆုံးမဲ့ ချောက်နက်ကြီး၊ အင်မော်တယ်နန်းတော်။
အဆုံးမဲ့ ချောက်နက်ကြီးအောက်မှာ အင်မော်တယ် နန်းတော်တစ်ခု ရှိနေတာများ ဖြစ်နိုင်မလား။
လူတိုင်းသည် အေးစက်သော လေကို ရှုရှိုက်လိုက်ကြသည်။ အင်မော်တယ် နန်းတော်, အင်၊ အင်မော်တယ်နန်းတော်၏ တည်နေရာ ဖြစ်သည်။
အဆုံးမဲ့ ချောက်နက် ကြီးအနီးသို့ သူတို့ ချဉ်းကပ်စဉ် အချိန်မှာ သူတို့၏ နှလုံးသားထဲ တွင် ကြောက်ရွံ့မှုများ ခံစားလာရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ထိုအရာသည် အင်မော်တယ် တစ်ပါး၏ စွမ်းအားဖြစ်နေသည်။
ဤတံခါးမှ ပေါက်ကြားလာသော အချက်အလက်များသည် အလွန်ကြီးမားလှသည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားခဲ့မည်ဆိုလျှင် ရေအောက် နတ်ဆိုးသားရဲ ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားရုံသာမက ကောင်းကင်နဂါး တိုက်ကြီး တစ်ခုလုံးမှာ ရှိသည့် အင်အားစုအားလုံးတောင် ထိတ်လန့်သွားကြပါလိမ့်မည်။
အင်မော်တယ် နန်းတော်ကြီးတွင် အဆုံးမဲ့ရတနာများ ပါရှိနေသည်မှာ သေချာပါသည်။
ဇီရှန်လည်း ထိတ်လန့်သွားသည်။ အဆုံးမဲ့တွင်းနက်ကြီးအောက်တွင် ဝှက်ထားသော အရာတစ်ခုရှိမည်ဟု သူမသည် ကြာမြင့်စွာ ကတည်းက မှန်းဆခဲ့သော်လည်း ၎င်းသည် အင်မော်တယ် နန်းတော်တစ်ခု ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။
ရုတ်တရက် ဇီချန်းသည် သူမဘေးမှာ ရပ်နေသော ချင်ယွင်၏မျက်နှာပေါ် နည်းနည်း လေးမှ အံ့ဩထိတ်လန့်သွားခြင်းမျိုးမရှိသည်ကို သတိထားမိလိုက်ပါသည်။ ယင်းအစား သူသည် ဧရာမကျောက်ရုပ်ထုကြီးနှစ်ခုကိုသာ ကြောင်တက်တက် အမူအယာဖြင့် စိုက်ကြည့်နေလေသည်။
"ဘာမှားလို့လဲ?"ဇီရှန်ကမေးသည်။
ချင်ယွင်သည် ဇီရှန်၏မေးခွန်းကို ကြားသောအခါတွင် သူသည် ချက်ချင်းဆိုသလို အသိပြန်ဝင်လာပြီး ပြောသည် "ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော်က နောက်ဆုံး စာကြောင်းနှစ်ကြောင်းကို သိချင်နေရုံပါ။ ပထမစာကြောင်းနှစ်ကြောင်းက အဆုံးမဲ့ ချောက်နက်ကြီးထဲမှာ အင်မော်တယ်နန်းတော်တစ်ခုရှိကြောင်း ကျွန်တော်တို့ကို ပြောထားပြီးသား ဖြစ်တယ်လေ။ ဒီတံခါးကြီးရဲ့နောက်ကို ဝင်တဲ့လူတိုင်း သေရမယ်လို့ ဘာလို့ ရေးထားရတာလဲ။ ဒီတံခါးကြီးရဲ့နောက်ကွယ်မှာ အတိအကျ ဘာများ ရှိနေလို့လဲ”။
"မှန်တယ်။ အဆုံးမဲ့ချောက်နက်ကြီးထဲမှာ အင်မော်တယ်နန်းတော် ရှိတယ်ဆိုတာ ငါတို့ သိပြီးမှတော့ ငါတို့အနေနဲ့ အင်မော်တယ်နန်းတော်ဆီကို တည့်တည့်သွားသင့် တာပေါ့။ ဘာလို့ ဒီတံခါးထဲကို ဝင်ရမှာလဲ။ ဖြစ်နိုင်တာက ဒီတံခါးရဲ့နောက်ကွယ်မှာ အဲဒီအင်မော်တယ် နန်းတော်နဲ့ ပတ်သက်တဲ့အရာ တစ်ခုခုများ ရှိနေလို့လား?" ဇီရှန်က အံ့သြစွာ ပြောလိုက်သည်။
ပထမစာကြောင်း နှစ်ကြောင်းကြောင့် သူတို့သည် အံ့ဩတုန်လှုပ် နေကြပြီး၊ ဒုတိယ စာကြောင်း နှစ်ကြောင်းကို ဂရုမစိုက်မိကြပေ။
“ဒါ့အပြင် ဒီကျောက်ရုပ်ထုကြီးနှစ်ခုကလည်း ထူးခြားပုံပေါ်တယ်။ ချင်ယွင်က ဆက်ပြောသည် ။
"ထူးခြားတာလား?" ဇီချန်၏ မျက်လုံးများသည် ကျောက်ရုပ်ထုကြီး နှစ်ခုကို ပြန်လှည့် ကြည့်ရင်း အံ့သြသည့် အမူအရာ ပေါ်လာသည်။
"ဘာမှ ထူးထူးခြားခြား မရှိဘူး မဟုတ်လား?" ခဏလောက် ကြည့်ပြီးနောက် ဇီရှန်က ပြောလိုက်သည်။ ဤကျောက်ရုပ်ထုကြီး နှစ်ခုသည် သာမန် ကျောက်ရုပ်ထုကြီးနှင့် တူသည်။ ဝိညာဉ်စွမ်းအင်နှင့် ပတ်သက်ပြီး စွမ်းအင်အတက်အကျလှိုင်း အနည်းငယ်မျှ မရှိပေ။ ဒါပေမယ့် ၎င်းထံမှ ထုတ်လွှတ်လိုက်သည့်အငွေ့အသက်ကတော့ အလွန် ကြောက်စရာကောင်းလွန်းသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး သူ၏ စိတ်ထဲတွင် သက်ပြင်း ချမိလိုက်သည် "အင်း၊ငါ အတွေးလွန်နေတာ ဖြစ်မှာပါလေ"
သို့သော် ဤအခိုက်အတန့်တွင် မူလက မျက်စိမှိတ်ထားသော ကျောက်ရုပ်ထုကြီး နှစ်ခုသည် ရုတ်တရက် မျက်လုံး ပွင့်လာသည်။
ချင်ယွင်သည် မူလက သူ၏အကြည့်ကို ရုတ်သိမ်းရန် ရည်ရွယ်လိုက်သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မမျှော်လင့်ဘဲ သူ၏မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားသည့် အသွင်ပြင် ပေါ်လွင်လာလေသည်။
အခန်း(၄၆၇) တိုက်ပွဲဝင်ကျောက်ရုပ်ထုကြီးများ။
"မကောင်းတော့ဘူး!" ချင်ယွင်သည် ချက်ချင်းပင် သတိပေးသည့်အသံဖြင့် အော်ဟစ် လိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် ကြီးမားသော ကျောက်ဓားကြီးတစ်ချောင်းသည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ပြိုဆင်းကျလာသည်။
ချင်ယွင်သည် ထိတ်လန့်သွားပြီး သူ၏လှုပ်ရှားမှုပညာရပ်ကို ချက်ချင်း သုံးလိုက်ပါ သည်။ သူ၏ ရုပ်အသွင်အပြင်သည် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဘေးဘက်သို့ ရှောင်ထွက်သွားသည်။
ဧရာမဓားကြီးသည် ပြုတ်ကျသွားခဲ့ပြီး ခန်းမတစ်ခုလုံးသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ပေါက်ကွဲသွားလေသည်။ ကျောက်စရစ်ခဲများသည် နေရာတိုင်း တွင် လွင့်ထွက်သွားကာ ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
အင်မော်တယ်နန်းတော်ကိစ္စနှင့် ပတ်သက်၍ မူလက အံ့ဩ ထိတ်လန့်နေကြသော လူတိုင်းသည် ဤမြင်ကွင်းကို မြင်လျှင် ချက်ချင်း အံ့ဩသွားကြလေသည်။ သူတို့ အားလုံးသည် ကျောက်ရုပ်ထုကြီးကို ကြည့်နေကြသည်။
ကျောက်ရုပ်ထုကြီးသည် အသက်ဝင်လာပုံရပြီး သူ၏ကြီးမားသောဓားကြီးကို လက်ထဲတွင် ကိုင်ဆောင်ကာ ချင်ယွင်ဆီသို့ ဆက်လက် ပြေးဝင်လာနေသည်။ သူ ခြေတစ်လှမ်းလှမ်းပြီး ဆင်းသက်လိုက်သည့်အခါတိုင်း၊ တွင်းနက်ကြီးတစ်ခု ဖန်တီး ဖြစ်ပေါ်လာနေသည်။
ချင်ယွင်သည် ဧရာမကျောက်ရုပ်ထုကြီး၏ တိုက်ခိုက်ခြင်းကို ရှောင်တိမ်းနေရပြီး၊ သူ၏ပုံစံက အဆက်မပြတ် ပျံသန်းလှုပ်ရှားနေသော ဝိညာဉ်မျောက်တစ်ကောင်နှင့်ပင် တူနေသည်။
"ဘာတွေဖြစ်နေတာလဲ?" အားလုံးက ထိတ်လန့်သွားကြပြီး ဤကျောက်ရုပ်ထုကြီးက အဘယ့်ကြောင့် ရုတ်တရက် အသက်ဝင်လာကာ ချင်ယွင်ကို အဆက်မပြတ် တိုက်ခိုက်နေသနည်း ဆိုသည်ကို နားမလည်ကြပါဘူး။
"ဘုန်း….!"
ထိုအခိုက် အတန့်တွင် မနီးမဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
လှံကိုင်ထားသော ကျောက်ရုပ်ထုကြီးသည်လည်း အသက်ဝင်လာနေပုံရပြီး၊ သူ၏ လက်ထဲတွင်ရှိသော လှံကိုင်ထားရင်း ကျင်းယွန်နှင့် အခြားလူများဆီသို့ ပင်လယ်ပြင်မှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ ပစ်ဝင်လိုက်လေသည်။
"ဘုန်း…….."
ကျောက်ရုပ်ထုကြီးသည် အရပ်ရှည်သော်လည်း လေးလံထိုင်းမှိုင်းခြင်း မရှိပေ။ ၎င်း၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်သည်။ သူ၏လက်ထဲတွင်ရှိသော လှံကြီးသည် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များကို ဖြတ်ကျော်သွားသည့်အလား ခန်းမအတွင်းရှိ လူအုပ်ကြားတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ခန်းမအတွင်းရှိ လူတိုင်းသည် တိုက်ခိုက်မှုကိုရှောင်ရှားရန် သူတို့၏ လှုပ်ရှားမှု ပညာရပ် အသီးသီးကို အသုံးပြုကာ ဓားကိုင်ထားသော ကျောက်ရုပ်ထုကြီးကို သတိထားသည့် အမူအယာဖြင့် ကြည့်ရှုကြသည်။
"ဒါက အဆင့် ခုနစ် အထွတ်အထိပ် စိတ်ဝိညာဉ်အစီအရင်ဝင်္ကပါတစ်ခုပဲ။ ငါတို့ထဲက တစ်ယောက်ယောက်က အဲဒါကို အသက်သွင်းလိုက်တာ ဖြစ်မယ်။ အဲဒါကြောင့် သူတို့က ငါတို့ကို တိုက်ခိုက်တာ။" ချင်ယွင်၏အသံသည် လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်၏ ရုပ်အသွင်အပြင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်ရုပ်ထုကြီးကိုင်ထားသော ဧရာမဓားကြီးကို ရှောင်တိမ်းရင်း ခန်းမထောင့် တစ်နေရာတွင် လွင့်မျောလှုပ်ရှားနေပါသည်။
"အဆင့်ခုနှစ် အထွတ်အထိပ် အစီအရင်ဝင်္ကပါလား။ ဒီကျောက်ရုပ်ထုကြီးနှစ်ခုက အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် စွမ်းအားရှိတယ်လို့ ဆိုလိုတာ မဟုတ်လား။" ဇီရှန်က အံ့သြစွာ ပြောသည်။
"ဟုတ်တယ်!" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။
လူတိုင်း မျက်ခုံးပင့်သွားကြသည်။ ဤကျောက်ရုပ်ထုကြီး နှစ်ခုသည် အမှန်တကယ်ပင် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွက်အထိပ်အဆင့် ခွန်အားကို ပိုင်ဆိုင် ထားကြသည်။
"ဝေဖန်၊ ကျင်းယွန်၊ ဒီကျောက်ရုပ်ထုကြီးနှစ်ခုကို အတူတူ တိုက်ခိုက်ကြရအောင်။" ဇီရှန်က ပြောသည်။
ထိုစကားကို ပြောပြီးနောက် ဇီရှန်သည် ဓားကိုင်ထားသည့် ဧရာမကျောက်ရုပ်ထု ကြီးဆီကို တိုက်ရိုက် ပြေးဝင်ပြီး တရစပ် တိုက်ခိုက် လေသည်။
ဆံပင်ဖြူ အဘိုးကြီးသည် လှံကိုင် ဆောင်ထားသော ဧရာမကျောက်ရုပ်ထုကြီးဆီသို့ ပြေးဝင်သွားရင်း အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဘုန်း…!"
ဇီရှန်နှင့် ဆံပင်ဖြူအဘိုးကြီးတို့သည် ကျောက်ရုပ်ထုကြီးနှစ်ခုကို တိုက်ရိုက် ထိပ်တိုက် တွေ့ကာ ၎င်းတို့အား အတင်းအကြပ် ပိတ်ဆို့လိုက်သည်။ သို့သော် သူတို့၏ တိုက်ခိုက် မှုများသည် ဧရာမကျောက်ရုပ်ထုကြီးပေါ်သို့ ကျရောက်သွားသော်လည်း သက်ရောက် မှုက လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် ခေတ္တခဏမျှသာ ဟန့်တားနိုင်ခဲ့သည်။
"ကျင်းယွန်၊ မင်း ဘာလို့ ရပ်နေတာလဲ။ မြန်မြန်လာကူစမ်း.." ဆံပင်ဖြူ အဘိုးကြီးက အော်ပြောလိုက်သည်။
ကျင်းယွန်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည် "မင်းတို့ပဲ တိုက်ခိုက်ကြပါ။ ငါတို့ လိပ်နက်နန်းတော်က မင်းတို့အတွက် ကျောက်တံခါးနောက်က ရတနာ ပစ္စည်းတွေကို စုဆောင်းပေးထားပါ့မယ်။"
ထိုသို့ပြောပြီးနောက် ကျင်းယွန်သည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွား ပြီး ကျောက်တံခါးကို လက်ဖဝါးဖြင့် ရိုက်လိုက်လေသည်။
ကျောက်တံခါးသည် မူလကတည်းက သာမန်ကျောက်တံခါးတစ်ခုသာ ဖြစ်သော ကြောင့် ကျင်းယွန်၏ လက်ဖဝါးရိုက်ချက်ကို မခံနိုင်ပေ။ ထို့ကြောင့် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲကာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျင်းယွန်သည် အလွန်ဝမ်းသာသွားပြီး အလင်းရောင် ထွက်လာသည့် ခန်းထဲကို ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
ခပ်ဝေးဝေးတွင် ယန်ဟန်သည်လည်း ရယ်မောကာ အလင်းပြင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။
"ဟမ့်၊ မင်းတို့ပဲ ရတနာတွေကို လိုချင်တယ်ဆိုရင်တော့ အိပ်မက်မက်လိုက်ဦး!"
ဆံပင်ဖြူ အဖိုးအိုသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လက်ဖဝါးက ကျောက်တုံး ရုပ်ထုကြီးကို အဝေးထိ လှုပ်ခါဆုတ်သွားရအောင် ရိုက်ထုတ်လိုက်သည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အလင်းဖန်သားပြင်ထဲ့သို့ ထိုးဖောက် ဝင်ရောက်သွားတော့သည်။
ဧရာမဝေလငါး နန်းတော်၏ မင်းသမီးလေးနှင့် ထွားကျိုင်းသန်မာသော အမျိုးသားတို့သည်လည်း သဘာဝအတိုင်း ဆံပင်ဖြူအဘိုးအိုနောက်သို့ အနီးကပ် လိုက်ပါသွားကြသည်။
လှံကိုကိုင်ထားသည့် ဧရာမကျောက်ရုပ်ထုကြီးသည် ချက်ခြင်းပင် ပစ်မှတ်ကို ဆုံးရှုံးသွားပုံရပြီး ချင်ယွင်နှင့် ဂေါ့ရှမ်းတို့ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
သူသည် ချင်ယွင်နှင့် ဂေါ့ရှန်းတို့ဆီကို ပစ်ဝင်လာရင်း သူ၏လက်ထဲမှလှံက ရေနဂါး တစ်ကောင်လို ထိုးစိုက်လာသည်။
ချင်ယွင်သည် ဤဧရာမကျောက်ရုပ်ထုကြီး၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် အဆက်မပြတ် ရှောင်တိမ်းရန်အတွက် သူ၏ လှုပ်ရှားမှုပညာရပ်ကိုသာ အားကိုးနေရပါသည်။
"ဘုန်း…..!"
လှံရှည်ကြီးသည် ထိုးဖောက်ထွက်ပြီး မြေပြင်မှာ အပေါက်ကြီးတစ်ခု ကျန်ခဲ့သည်။
ချင်ယွင်နှင့် ဂေါ့ရှန်းတို့သည် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ ကြသော်လည်း၊ သူတို့အား စွမ်းအား ရိုက်ခတ်မူကြောင့် လွင့်ပျံသွားစေခဲ့သည်။
ချင်ယွင်သည် အဝေးမှာရှိနေသည့် ကျောက်စာတိုင်ကြီးကို တိုက်ရိုက်ထိမှန်သွားခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကြောင့် သူသည် ပါးစပ်အပြည့် သွေးအန် လိုက်ရသည်။
ဂေါ့ရှန်းသည်လည်း ပို၍ကောင်းမွန်ခြင်း မရှိပေ။ သွေးတွေက ဖျန်းခနဲ လွင့်စင်သွားပြီး သူကိုယ်တိုင်လည်း အလင်းဖန်သားပြင်၏ အနားကို လွင့်ပျံသွားခဲ့သည်။
ဝှီး…!
ဧရာမ ကျောက်ရုပ်ထုကြီး၏ လှံကြီးသည် ဂေါ့ရှန်းဆီသို့ တိုက်ရိုက် ထိုးဖောက်လာ သည်။ ဂေါ့ရှန်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူသည် အလင်းဖန်သား ပြင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
ထို့ကြောင့် ခန်းမတစ်ခုလုံးတွင် ချင်ယွင် နှင့် ဇီရှန်တို့သာ ကျန်တော့သည်။
ဇီရှန်သည် လက်ရှိတွင် ဓားကိုင်ထားသော ဧရာမကျောက်ရုပ်ထုကြီးကို ခါးသီးစွာ ရင်ဆိုင် တိုက်ခိုက်နေရပါသည်။ အေးခဲနေသော အငွေ့အသက်များက သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူမ၏ လက်ဖဝါးရိုက်ချက်ကြောင့် ကျောက်ရုပ်ထုကြီးသည် နောက်သို့ ဆုတ်ခွာသွားသည်အထိ လှုပ်ခါသွားခဲ့ရသည်။
"လင်းယွင်၊ အလင်းဖန်သားပြင်ထဲကို မြန်မြန်ဝင်လိုက်ပါ။ ဒါကို ငါ့အတွက် ထားခဲ့လိုက်။" ဇီရှန်သည် ကျောက်တုံးရုပ်ထုကြီးအား ကိုင်တွယ်ဖြေရှင်းနေစဉ် ချင်ယွင်ကို အော်ဟစ်လိုက်သည်။
ချင်ယွင်သည် နာကျင်နေသော သူ၏ရင်ဘတ်ကိုအုပ်ကာ အပျက်အစီးများကြားထဲမှ မတ်တပ် ထရပ်လိုက်သည်။သူသည် ဇီချန်၏စကားကို ရုတ်တရက် ကြားလိုက်သော အခါတွင် သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာပါ သည်။
ဇီရှန်သည် ဧရာမကျောက်ရုပ်ထုကြီးတစ်ခုကို ကိုင်တွယ်နိုင်ဆဲဖြစ်သော်လည်း ဧရာမကျောက်ရုပ်ထုကြီး နှစ်ခုဆိုလျှင် သူမသည် တခဏချင်း ရှုံးနိမ့်သွားမည် ဖြစ်သည်။ ယခုအချိန်မှာ သူ ဤနေရာမှာ ရှိနေသည့်အတွက် လှံကိုင်ထားသော ဧရာမ ကျောက်ရုပ်ထုကြီးက သူ့ကို တိုက်ခိုက်ဆဲ ဖြစ်ပါသည်။ သို့သော် သူသည် အလင်းဖန်သားပြင်ထဲသို့ ၀င်လိုက်သည်နှင့် ဧရာမကျောက်ရုပ်ထုကြီးနှစ်ခုသည် ဇီချန်ကို ပစ်မှတ်ထားသွားမည် ဖြစ်သည်။ ထိုအချိန်တွင် ဇီရှန် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ဇီရှန်သည် ယခုအချိန်တွင် သူ့ကိုစေလွှတ်ခြင်းက သံသယမရှိ ချင်ယွင်၏ အသက်ကို သေချာပေါက် ကယ်တင်နေခြင်း ဖြစ်ပါသည်။
"မဟုတ်ဘူး၊ ဇီရှန်ကို တစ်ယောက်တည်း ဒီနေရာမှာ ထားခဲ့လို့မရဘူး" ချင်ယွင်သည် သူ၏စိတ်ထဲတွင် အခိုင်အမာ ပြောလိုက်သည်။
ဝှီး…!
ဤအခိုက်အတန့်တွင် လှံကြီးသည် ရေနဂါးတစ်ကောင်ကဲ့သို့ ချင်ယွင်ဆီသို့ တစ်ဖန် ပစ်ဝင်လာပြန်သည်။ လှံကြီး၏ ထိပ်ဖျားသည် ချင်ယွင်၏ ရင်ဘတ်ကို တည့်တည့် ထိုးချိန်နေသည်။
ချင်ယွင်သည် ချက်ချင်း ထိတ်လန့်သွားပြီး အလျှင်အမြန် ရှောင်ထွက်သွားသည်။
"ဘုန်း….!"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျောက်လှံကြီးသည် ချင်ယွင် နောက်ဘက်ရှိ ကျောက်စာတိုင်ကို တိုက်ရိုက်ထိုးဖောက်ကာ အပျက်အစီး အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားပြီး ခန်းမတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
"မြန်မြန်ထွက်သွား။ ဒီအတိုင်းဆက်သွားရင် မင်းသေလိမ့်မယ်!" ဇီရှန်က အော် လိုက် သည်။
ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားဆိုလျှင်ပင်၊ သူသည် ဤဧရာမ ကျောက်ရုပ်ထုများကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဤအတိုင်းသာ ဆက်လက် ရှောင်တိမ်းနေပါလျှင် သူသည် အနှေးနှင့်အမြန် ဆိုသလိုပင် ဧရာမ ကျောက်ရုပ်ထုကြီးများ၏ တရစပ် တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်ပါသည်။
ဝှီး. !
ဤအခိုက်အတန့်တွင် ကြီးမားသောလှံကြီးကိုင်ထားသော ဧရာမကျောက်ရုပ်ထုကြီး သည် တဟုန်ထိုးချီတက်လာသော စစ်တပ်တစ်ခုကဲ့သို့ ဧရာမလှံကြီး ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ကျောက်လှံကြီးသည် မယုံနိုင်လောက်အောင်ပင် မြန်ဆန်ခဲ့ပြီး လေထဲတွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားသည်။
ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ယခုအချိန်မှာ ရှောင်တိမ်းရန်အတွက် သူနောက်ကျသွားပြီ။
"ငါတို့ ဘာလုပ်သင့်လဲ?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် စိုးရိမ်စိတ်များ ဟန်းခနဲ ထွက်ပေါ်လာပါသည်။
"ကောင်စုတ်လေး၊ မင်းက တကယ်ကို တုံးအပြီးမိုက်မဲတာပဲ။ ဒီကျောက်ရုပ်ထုကြီးကို သိမ်းဆည်းဖို့အတွက် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းကို ဘာလို့ မသုံးရတာလဲ။" ရှေးဟောင်းတာအိုဆရာသခင်၏ စကားသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
“မှန်တာပဲ။ ဒီကျောက်ရုပ်ထုကြီးက သက်မဲ့အရာဝတ္ထု တစ်ခုပဲ။ ဒီကြောက်ရုပ်ထုကြီး ငါ လုံးလုံးလျားလျား ယူသွားနိုင်တယ်၊ အဲဒါကို နောင်အနာဂတ်မှာ ငါ ဆက်လက် အသုံးပြုနိုင်လိမ့်မယ်”။
ထိုသို့တွေးမိသည်နှင့်၊ ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းကို ချက်ချင်းဖွင့်ပြီး ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်း၏ နေရာလွတ်တွင် ဧရာမကျောက်ရုပ်ထုကြီးကို သိမ်းဆည်း လိုက်သည်။
ဧရာမကျောက်ရုပ်ထုကြီးသည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ဝင်ရောက်သွားသည်နှင့် ပစ်မှတ်ကို ဆုံးရှုံးသွားသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် မလှုပ်မယှက် ရပ်တန့်သွားသည်။
ထိုအခြင်းအရာကိုမြင်ရလျှင် သူသည် အလင်းတန်းတစ်ခု အဖြစ် အလျင်အမြန် ပြောင်းလဲကာ နောက်ထပ် ဧရာမကျောက်ရုပ်ထုကြီးတစ်ခုကိုလည်း ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းကို ထည့်လိုက်ပြီးနောက် ချင်ယွင်၏မျက်နှာက ရွှင်လန်းသည့် အမူအယာ ပေါ်လာပါသည်။
ဧရာမကျောက်ရုပ်ထုကြီးကို ရုန်းကန်တိုက်ခိုက်နေရဆဲဖြစ်သော ဇီရှန်သည် ရုတ်တရက် သူမ၏ တိုက်ခိုက်မှုသည် လွဲချော်သွားခဲ့သည်။ သူမရှေ့ရှိ ဧရာမ ကျောက်ရုပ်ထုကြီးသည် ပျောက်ကွယ်သွားခဲ့ပြီ။ ထိုအရာက သူမကို အလွန် အံ့သြသွားစေခဲ့သည်။
သို့သော် သူမဘေးမှ ချင်ယွင်ကို မြင်လိုက်ရသောအခါ ချင်ယွင်သည် ဤအရာ၏ နောက်ကွယ်တွင် ရှိနေကြောင်း သူမသည် ချက်ချင်း သဘောပေါက်သွားခဲ့သည်။
အခန်း(၄၆၈)အင်မော်တယ်ကျောက်စိမ်းတုံး။
"ဘာတွေ ဖြစ်နေတာလဲ?" ဇီရှန်က ချင်ယွင်ကို ကြည့်ပြီးမေးလိုက်ပါသည်။
"ငါ့မှာ လေဟာနယ်အမျိုးအစား မှော်ရတနာတစ်ခု ရှိတယ်။ ကျောက်ရုပ်ထုကြီးကို အဲဒီလေဟာနယ် အမျိုးအစား မှော်ရတနာထဲကို ငါထည့်လိုက်တာ။" ချင်ယွင်က ရှင်းပြလိုက်ပါသည်။
လေဟာနယ်အမျိုးအစား မှော်ရတနာများသည် အလွန် ရှားပါးသော်လည်း သေမျိုး ကမ္ဘာတွင် အထူးဆန်းတော့ မဟုတ်ပေ။ ဥပမာအားဖြင့် သိုင်းမြို့စားဘိုင်ယွန်၏ လှပသော တောင်တန်းများနှင့် မြစ်များကမ္ဘာသည် လေဟာနယ်အမျိုးအစား မှော်ရတနာတစ်ခုဖြစ်ပါသည်။
"အဆင်ပြေသွားပြီလား?" ဇီချန်းက အံ့သြခြင်းကြီးစွာဖြင့် မေးလိုက်ပါသည်။
ချင်ယွင်သည် မည်သည့်ရတနာများ ပိုင်ဆိုင်ထားသည်ဖြစ်စေ ဤသည်မှာ ချင်ယွင်၏ ကိုယ်ပိုင်ကိစ္စ ဖြစ်သည်။ ဇီရှန်သည် ချင်ယွင်၏ မှော်ရတနာကို မလိုချင်ပါ။ ထုံးစံအတိုင်း သူမသည် နောက်ထပ် မေးခွန်းများမေးရန်လည်း ရည်ရွယ်ချက်မရှိပေ။ သို့သော် သူမသည် အနည်းငယ် စပ်စုချင်နေမိသည်။ သူမသည် ဧရာမကျောက်ရုပ်ထုကြီးကို မရပ်မနား ပြင်းပြင်းထန်ထန် တိုက်နေခဲ့သည်။ ကျောက်ရုပ်ထုကြီး နှစ်ခုကို သူမပင် ကိုင်တွယ်နိုင်ခဲ့ပါဘူး။ ချင်ယွင်က ၎င်းတို့ကို အလွယ်တကူ ဖြေရှင်းပေးနိုင်မည်ဟု သူမ မမျှော်လင့်ထားပါခဲ့ဘူး။
"အစကတော့ ကျွန်တာ်က မှန်းဆကြည့်ရုံ သက်သက်ပါပဲ။ ဒါကြောင့် ကျွန်တော်က ကြိုးစားကြည့်လိုက်တယ်။ တကယ်အောင်မြင်မယ်လို့ ကျွန်တော်လည်း မမျှော်လင့် ထားဘူး။ အခု ဒီကျောက်ရုပ်ထုကြီးနှစ်ခုက ကျွန်တော့်ရဲ့ လေဟာနယ်အမျိုးစား မှော်ရတနာထဲမှာ တိတ်တိတ်လေး အိပ်မောကျသွားပြီ။ သူတို့က ကျွန်တော်တို့ရဲ့ အငွေ့အသက်ကို မခံစားနိုင်လို့ ဖြစ်နိုင်တယ် မဟုတ်လား" ချင်ယွင်က ရှင်းပြသည်။
ဇီရှန်သည် ဤမေးခွန်းအတွက် ချီတုချတုံဖြစ်မနေတော့ပေ။ သူမသည် ကျောက်တံခါး ကို လှမ်းကြည့်လိုက်တော့ "သူတို့အားလုံး ကျောက်တံခါးထဲကို ဝင်သွားကြပြီ။ ငါတို့လည်း ဝင်ကြရအောင်။ ကျောက်တံခါးမှာ အင်မော်တယ် နန်းတော်နဲ့ ပတ်သက်တာတွေ ရှိရမယ်။ အဲဒါကို ငါတို့အနေနဲ့ သူတို့ကို လုံးဝ ရယူခွင့်ပြုလို့ မရဘူး" ဟု ပြောလိုက်ပါသည်။
ချင်ယွင်သည်လည်း ခေါင်းညိတ်ပြပြီး ဇီရှန်၏နောက်မှ အလင်းဖန်သားပြင်ဆီသို့ လိုက်ပါ ဝင်ရောက်သွားခဲ့ပါသည်။
အလင်းဖန်သားပြင်ကို ဖြတ်ကျော်လာစဉ် ချင်ယွင်သည် လေဟာနယ်ကို အက်ကွဲကြောင်းတစ်ခုကို ဖြတ်ကျော်သွားရသကဲ့သို့ ကောင်းကင်ကြီးက ရုတ်တရက် လှည့်ပတ်သွားမူကို ခံစားလိုက်ရပါသည်။
“ဒါက တပ်လီပို့စနစ် အစီအရင်ဝင်္ကပါ တစ်ခုပဲ”
ချင်ယွင်သည် ထိတ်လန့်သွားပြီး သူ၏ဘေးမှ ဇီရှန်ကို အလျင်အမြန် ဖမ်းဆွဲ လိုက်ချင်မိသည်။
သို့သော် သူသည် ခြေတစ်လှမ်း နောက်ကျသွားပါသေးသည်။ သူ၏အမြင်အာရုံက မှောင်မည်းသွားခဲ့ပြီး လေဟာနယ်က ပြောင်းပြန်ဖြစ်သွားသည်။ ထို့နောက်တွင် ချင်ယွင်သည် ခန်းမလွတ်တစ်ခုတွင် တစ်ဖန် ပြန်ပေါ်လာပါသည်။
မူလက သူ၏အနားတွင်ရှိနေသော ဇီရှန်သည် ပျောက်ကွယ်သွားခဲ့ပြီး ခန်းမကြီး တစ်ခုလုံးတွင် ချင်ယွင်တစ်ယောက်တည်းသာ ရှိနေခဲ့သည်။
"အလင်းဖန်သားပြင်ရဲ့တံခါးက တယ်လီပို့စနစ် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်လာလိမ့် မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ချင်ယွင်သည် သူ၏နောက်ကို လှည့်ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ ဤနေရာသည် ကန္တာရကြီးတစ်ခုကဲ့သို့ ဗလာဖြစ်နေပြီး အလင်းဖန်သားလည်း မရှိတော့ပေ။
တယ်လီပို့စနစ်ဟုခေါ်သည့် လေဟာနယ်အမျိုးအစား အစီအရင်ဝင်္ကပါသည် လူတွေကို သို့မဟုတ် အရာဝတ္ထုတွေကို သတ်မှတ်ထားသည့် နေရာကို ပို့ဆောင်ပေး နိုင်သည့် လေဟာနယ်အမျိုးအစား အစီအရင်ဝင်္ကပါ တစ်ခုဖြစ်ပါသည်။ အစောပိုင်းက ချင်ယွင် ဖြတ်ကျော်လာခ့်သော အလင်းဖန်သားပြင်သည် လူအများကို ဂူအတွင်းရှိ အခြားနေရာများသို့ ပို့ဆောင်နိုင်သည့် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါ တစ်ခု ဖြစ်ပါသည်။
ချင်ယွင် နှင့် ဇီရှန်တို့သည် တံခါးဝသို့ အတူတူဝင်ခဲ့ကြသော်လည်း နှစ်ယောက်သား ပြန်မတွေ့ခဲ့ကြပေ။ ဤသည်မှာ ဂိတ်တံခါးအသီးသီးသို့ ဆက်သွယ်ထားသော တယ်လီပို့စနစ် အစီအရင်ဝင်္ကပါများစွာ ရှိရမည်ဟုသာ ဆိုလိုနိုင်ပါတော့သည်၊ ထို့ကြောင့် ချင်ယွင် နှင့် ဇီရှန်တို့သည် အတူတူ တယ်လီပို့ခြင်း မပြုနိုင်ခဲ့ကြပေ။
"ကြည့်ရတာ လူတိုင်းကို နေရာအမျိုးမျိုးဆီ ပို့ထားပုံရတယ်။ ဒီလှိုဏ်ဂူပိုင်ရှင်က အတိအကျ ဘာဖြစ်နေချင်တာလဲ။" ချင်ယွင်သည် ဝေခွဲမရ ဖြစ်သွားရသည်။
ဤလှိုဏ်ဂူပိုင်ရှင်၏ ရည်ရွယ်ချက်သည် ထိုမျှမရိုးရှင်းကြောင်း သူအမြဲတမ်း ခံစားမိ သည်။ လှိုဏ်ဂူအဝင်ဝမှာ စာကြောင်းကြီးတစ်ကြောင်းကို ရေးသားထားပြီး သူ၏ဘဝ တစ်သက်လုံး လှိုဏ်ဂူထဲမှာနေတော့မည်ဟု လူတိုင်းကို ပြောပြထားပေမယ့် တခြား သူတွေကို လှိုဏ်ဂူထဲဝင်ရန် ဆွဲဆောင်ဖို့အတွက် တံခါးအရှေ့မှာ အဆုံးမဲ့ ချောက်နက်ကြီးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ပြောပြထားပါသေးသည်။
ထို့အပြင်၊ ချင်ယွင်သည် ဤလှိုဏ်ဂူပိုင်ရှင်၏ ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒရှိကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။ လှိုဏ်ဂူအ၀င်ဝမှာ မိုးကြိုးသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါပဲဖြစ်ဖြစ်၊ ခန်းမကြီးထဲမှ ဧရာမကျောက်ရုပ်ထုကြီးတွေပဲ ဖြစ်ဖြစ်၊ ၎င်းတို့အားလုံးသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများ ရှိနေကြပါသည်။
ချင်ယွင်ကို စိတ်အနှောက်အယှက် အဖြစ်စေဆုံးအရာက လှိုဏ်ဂူပိုင်ရှင်သည် အစီအရင်ဝင်္ကပါအရာမှာ ကျွမ်းကျင်သူဖြစ်နေတာကိုပါ။ ချင်ယွင်၏ လက်ရှိ ကျင့်ကြံမူ အဆင့်ဖြင့်ဆို အဆင့်ရှစ် အစီအရင်ဝင်္ကပါများကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည်။
"မေ့လိုက်ပါ၊ ဒီလှိုဏ်ဂူထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလဲဆိုတာ အရင်ကြည့်ရအောင်။" ချင်ယွင်သည် သူ့ကိုယ်သူ ပြောလိုက်မိပါသည်။
ထို့နောက် သူသည် သူလက်ရှိရောက်ရှိရာနေရာ ခန်းမဆီသို့ လှည့်ကြည့်လိုက်သည်။
ဤခန်းမသည် ယခင်ခန်းမနှင့် အလွန်ဆင်တူသည်။ ဤခန်းမကိုလည်း ကျောက်တိုင်ကြီး လေးတိုင်ဖြင့် ထောက်ပံပေးထားပါသည်။ ခန်းမအထက်တွင် ရိုးရှင်းသော အလင်းရောင်စုစည်းခြင်း အစီအရင်ဝင်္ကပါတစ်ခုကို တည်ဆောက်ထားပြီး ခန်းမကြီးတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်တောက်ပစေပါသည်။
သို့သော် တစ်ခုတည်းသော ခြားနားချက်မှာ ခန်းမနံရံများတွင် ပန်းချီကား ဆယ့်သုံးချပ် ကား တွဲလောင်းကျလျှက် ချိတ်ဆွဲထားပါသည်။ ပန်းချီကားတစ်ချပ်စီကို လူတစ်ဦး၏ ကိုယ်ဟန် အနေအထားဖြင့် ပုံဖော်ထားပါသည်။
ပန်းချီကားတစ်ချပ်စီသည် ဓားသိုင်းပညာရပ် တစ်ကွက်ဆီကို ရေးဆွဲထားခြင်း ဖြစ်ကြောင်း ချင်ယွင်သည် ချက်ချင်းပင် နားလည်လိုက်ပါသည်။
ပန်းချီကားဆယ့်သုံးချပ်သည် ဓားသိုင်းကွက် တစ်ဆယ့်သုံးကွက်နှင့် ဆက်စပ်နေပါ သည်။
ချင်ယွင်သည် ထိုပန်းချီကားချပ်များကို အကြမ်းဖျင်း စိုက်ကြည့်လိုက်ပါသည်။ ဤသည်မှာ ဧကရာဇ်အဆင့် ဓားသိုင်းပညာရပ်တစ်ခု ဖြစ်သည်။
အကယ်၍ ဤဓားသိုင်းပညာရပ်သာ အပြင်ပကမ္ဘာမှာ ထွက်ပေါ်လာမည်ဆိုလျှင် ဤဓားသိုင်းပညာရပ်အတွက် အရူးအမူး တိုက်ခိုက်ကြမှာ သေချာပါသည်။
သို့သော် ချင်ယွင်သည် ဤအရာများကို အနည်းငယ်မျှ စိတ်မဝင်စားခဲ့ပေ။ ယခုအချိန်တွင်၊ သူသည် အင်မော်တယ်အဆင့် ဓားသိုင်းပညာရပ်များ မဟုတ်ပါက၊ သူ၏ မျက်လုံးထဲသို့ ဝင်ရောက်နိုင်သည့်အရာ များစွာမရှိတော့ပေ။
"အယ်၊ အဲဒါဘာလဲ?"
ချင်ယွင်၏ အကြည့်သည် ခန်းမအလယ်ရှိ စားပွဲတစ်ခုပေါ်သို့ ရောက်သွားသည်။ ဒီရတနာသေတ္တာက ဘာလဲ။ အထဲမှာ ကျောက်စိမ်းတုံးကြီးတစ်တုံး ရှိနေပါသည်။ ယခုအချိန်မှာ ထိုကျောက်စိမ်းတုံးကြီးသည် အစိမ်းရောင်များ ထွက်ပေါ်နေပါသည်။ အရေးအကြီးဆုံးမှာ၊ ၎င်းထံမှ အင်မော်တယ် စွမ်းအင်များ ပေါက်ကွဲထွက်လာခြင်း ဖြစ်ပါသည်။
"အင်မော်တယ်ကျောက်စိမ်း၊ အဲဒါက တကယ်ကို အင်မော်တယ် ကျောက်စိမ်းတုံး ကြီးပဲ" ချင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သွားသော အမူအရာကို ဖော်ပြလာသည်။
အင်မော်တယ်ကျောက်စိမ်းများသည် အင်မော်တယ်ကမ္ဘာတွင် အလွန်အသုံးများပါ သည်။ တနည်းဆိုရလျှင် အင်မော်တယ်ကမ္ဘာတွင် လည်ပတ်နေသော ငွေကြေးဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ် ကျောက်စိမ်းများတွင် ကျင့်ကြံရာမှာ အင်မော်တယ်စွမ်းအင် ပမာဏအများပြား ပါဝင်နေပြီး ၎င်းစွမ်းအင်တို့ကို စုပ်ယူပြီး ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံနိုင်သောကြောင့် ဖြစ်ပါသည်။
သို့ရာတွင်၊ အင်မော်တယ် ကျောက်စိမ်းတုံးများသည် အင်မော်တယ်ကမ္ဘာတွင် သာမန် ဖြစ်သော်လည်း၊ ၎င်းတို့သည် သေမျိုးကမ္ဘာတွင်မူ မရှိသလောက် ဖြစ်ပါသည်။ ဤပစ္စည်းများကို အင်မော်တယ်ကျွမ်းကျင်ပညာရှင်များ ကျင့်ကြံရန်အတွက် အသုံးပြုနိုင်ရုံသာမက သေမျိုးများအတွက်လည်း များစွာ အကျိုးရှိပါလိမ့်မည်။
အင်မော်တယ် ကျောက်စိမ်းတုံးများတွင်ပါရှိသော အင်မော်တယ် စွမ်းအင်ကို အချိန် အကြာကြာ စုပ်ယူနိုင်သရွေ့ သူ၏ကျင့်ကြံမူ အခြေခံသည် ကီလိုမီတာ ထောင်ပေါင်းများစွာအထိ မြင့်တက်လာနိုင်မည် ဖြစ်ပါသည်။
ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် သိုင်းဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေပါသည်။ သူသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။ အင်မော်တယ် ကျောက်စိမ်းတုံးများသည် သူ့ကို အဆင့် ဖြတ်ကျော် ရာမှာ အကူအညီ မပေးနိုင်သော်လည်း သူသည် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်သို့ ဖြတ်ကျော်သွားသည်နှင့် အင်မော်တယ် ကျောက်စိမ်းတုံးများမှ အင်မော်တယ် စွမ်းအင်များကို စုပ်ယူလိုက်မည်ဆိုလျှင် ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားမည် ဖြစ်ပါသည်။
ထို့ကြောင့် ချင်ယွင်သည် ဤအင်မော်တယ် ကျောက်စိမ်းကျောက်တုံးကို မြင်သော အခါ၊ သူ၏ မျက်နှာသည် ထိုကျောက်စိမ်းတုံးကြီးဆီသို့ လျှောက်သွားစဉ် စိတ်အား တက်ကြွမူများ ဖြစ်ပေါ်နေပါသည်။
ဝှီး…….!
သို့သော် ချင်ယွင်သည် ထိုကျောက်စိမ်းတုံးကြီးရှေ့သို့ ရောက်ခါနီးတွင် ကြောက်မက် ဖွယ်ကောင်းသော လေပြင်းတစ်ချက်သည် သူ၏ နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်က ကမန်းကတန်း ရှောင်ထွက်သွားသော်လည်း၊ ကြောက်မက်ဖွယ် ကောင်းသော ထိုလေပြင်းရိုက်ခတ်မှုကြောင့် သူသည် အဝေးမှ နံရံကို ထိုးဖောက် ဝင်ရောက်ကာ ကြီးမားသော တွင်းနက်ပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်သွားဆဲ ဖြစ်ပါသည်။
ချင်ယွင်သည် ဧရာမတွင်းနက်ကြီးမှ ပြန်ထလာသည်။ သူ၏နောက်ကျောမှ ပြင်းထန်သော နာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူသည် ခေါင်းကိုမော့ပြီး ခန်းမထဲမှာ ရုတ်တရက် ပေါ်လာသော ငွေရောင်သံချပ်ကာဝတ် လူငယ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပါသည်။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းရဲ့ကံကြမ္မာက ဒီလောက်ဆိုးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါက မင်းဆီကိုမှ တည့်တည့် ပြေးလာခဲ့မိတယ်" ယန်ဟန်သည် ချင်ယွင်ကို ကြည့်ကာ ရယ်မောလိုက်သည်။
အလင်းရောင်ဖန်သားပြင်ထဲသို့ သူဝင်ပြီးနောက်၊ ချင်ယွင်အနီးရှိ ခန်းမဆီသို့ ပို့ဆောင် ခံလိုက်ရသည်။ ထိုခန်းမထဲတွင် မည်သည့်အရာမှ မရှိပေ။ နေရာတိုင်းမှာလည်း မီးတောက်မီးလျှံတွေ တောက်လောင်နေပါသည်။ ထို့ကြောင့် သူသည် အလျင်စလို ထွက်ပြေးလာခဲ့ပြီး နောက်ဆုံးတွင် ခန်းမထဲမှ လွတ်မြောက်လာခဲ့သည်။ ခန်းမထဲမှ ထွက်လာသည့် အချိန်တွင် ချင်ယွင်သည် ထိန်ထိန်လင်းနေသည့် ကျောက်စိမ်းတုံးကြီးဆီ သွားနေသည်ကို သူသည် မမျော်လင့်ဘဲ တွေ့လိုက်ရလေ သည်။
သူ၏မျက်လုံးတွေက ချက်ချင်း ဝင်းလက်လာသည်။ ဤကျောက်စိမ်းတုံးကြီးသည် မည်သည့်အရာဖြစ်သည်ကို သူ မသိသော်လည်း ထိုအရာသည် ရတနာတစ်ခု ဖြစ်သည် ကို သူ သေချာသိပါသည်။ ၎င်းမှ ထုတ်လွှတ်သော အလင်းရောင်သည် သူ့ကို သက်တောင့် သက်သာ ဖြစ်စေသည်။ ထို့ကြောင့် သူသည် လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်တော့သည်။
မူလက သူသည် ချင်ယွင်ကို တိုက်ရိုက် သတ်ပစ်ချင်သော်လည်း ချင်ယွင်က သူ၏ တိုက်ခိုက်မူကို ရှောင်တိမ်းပြီး သေခြင်းတရားမှ လွတ်မြောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"မင်း ဘာဖြစ်ချင်တာလဲ?" ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
ယန်ဟန်သည် ကျင်းယွန်၏ညီ ဖြစ်သည်။ ယခင်က ကျင်းယွန်သည် သူ့အား သတ်ဖြတ်လိုသည့်ဆန္ဒ ထုတ်ဖော်ပြသစဉ်အချိမှာ ဤယန်ဟန်သည် သူ့ကို ဘေးမှ လှောင်ပြောင်နေခဲ့သည်။ သေချာသည်မှာ ချင်ယွင် သေဆုံးသွား လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။
"မင်း ဘာဖြစ်ချင်တာလဲ ဟုတ်လား၊ ထုံးစံအတိုင်း ငါ မင်းကို သတ်ချင်တာပေါ့။ ငါ မသိဘူးလို့ မထင်နဲ့။ မင်းရဲ့ကျင့်ကြံမူအဆင့်က တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာသာ ရှိပေမယ့် မင်းရဲ့စစ်မှန်တဲ့ စွမ်းအားက တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်။ ဟမ့်၊ တကယ်လို့ မင်းက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ဆိုရင်တောင်မှ မင်းက ငါ့ရှေ့မှာတော့ ပုရွက်ဆိတ်တစ်ကောင် သာသာပါပဲ" ယန်ဟန်သည် ချင်ယွင်ကို ကြည့်ကာ အထင်သေးဟန်ဖြင့် ရယ်မောလိုက်ပြီး သူ၏ အပြုံးက သတ်ဖြတ်လိုသည့် ဆန္ဒနှင့်အတူ ကျီစားလိုသည့် အရိပ်ယောင်များကိုပါ သယ်ဆောင်လာပါသည်။
အခန်း(၄၆၉) ယန်ဟန်၏ သတိကင်းမဲ့မူ။
ယန်ဟန်၏အသံသည် ခန်းမလွတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့ပါသည်။
ချင်ယွင်သည် မျက်ခုံးပင့်လိုက်မိပါသည်။ ဤယန်ဟန်သည် အမှန်တရားသို့ပြန်လည် ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် ဖြစ်ပါသည်။ သူသည် ယန်ဟန်နှင့် သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ပေ။
“မင်းနဲ့ငါ့ကြားက ဘာရန်ငြိုးရန်စမှ ရှိပုံမရဘူး၊ ဟုတ်တယ် မဟုတ်လား။ ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်၏စကားကိုကြားလျှင် ယန်ဟန်သည် ဟာသကြီးတစ်ခုကို ကြားလိုက်ရသကဲ့ သို့ ချက်ချင်းပင် ရယ်မောလိုက်လေသည်။
“ဟား..ဟား…၊ ငါယန်ဟန်က မင်းကိုသတ်ဖို့အတွက် အကြောင်းပြချက် လိုဦးမှာလား” မင်းက ဒီနေ့ ငါ့လက်ချက်နဲ့မသေရင်တောင် အနှေးနဲ့အမြန် ငါ့အစ်ကိုကြီးရဲ့လက်ချက်နဲ့ မင်း သေရမှာပဲ” ယန်ဟန်က ပြုံးလိုက်ပါသည်။
ချင်ယွင်၏မျက်နှာအမူအယာသည် မှုန်ကုပ်သွားခဲ့ပြီး သူ၏နှလုံးသားတွင် သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေလေသည်။
“ကောင်လေး၊ မင်း စောစောလေးက အဲဒီကျောက်စိမ်းတုံးကြီးကို ကြည့်နေတာ တွေ့လိုက်ပါတယ်။ အဲဒါက ရတနာတစ်မျိုး ဖြစ်တယ်မဟုတ်လား။ ယန်ဟန်သည် စားပွဲဆီသို့ လျှောက်လာခဲ့ပြီး အင်မော်တယင် စွမ်းအင်များထုတ်လွှတ်နေသော အင်မော်တယ် ကျောက်စိမ်းတုံးကြီးကို ကြည့်လိုက်လေသည်။ သူ၏မျက်လုံးများသည် လောင်ကျွမ်းနေသောအလင်းများဖြင့် ဝင်းလက်တောက်ပနေလေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်၏ မျက်ခုံးတွေက ပို၍ပင် နက်ရှိုင်းစွာ တွန့်သွားလေသည်။
ယန်ဟန်သည် ပြုံးပြီး အင်မော်တယ်ကျောက်စိမ်းတုံးကြီးကို သူ၏ သိုလှောင် အိတ်ထဲသို့ ထည့်လိုက်လေသည်။
ချင်ယွင်သည် ဤအရာအားလုံးကို အေးစက်စွာဖြင့် ကြည့်နေခဲ့ရပြီး သူ၏နှလုံးသားထဲ တွင် သတ်ဖြတ်လိုသည့်ဆန္ဒများ တဟုန်ထိုး မြင့်တက်လာသော်လည်း သူသည် မလှုပ်ရှားနိုင် ဖြစ်နေရပါသည်။
သူသည် ယန်ဟန်နှင့် မယှဉ်နိုင်သောကြောင့် ယန်ဟန် အင်မော်တယ် ကျောက်စိမ်းတုံး ကြီး ယူဆောင်သွားသည်ကို ကူရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။
သို့သော်လည်း ယန်ဟန်၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မူကြောင့် ယင်းက သူ့ကို အလွန် စိတ်မချမ်းမသာ ဖြစ်စေခဲ့ရသည်။
“ကောင်လေး၊ ငါ အခု စိတ်ကောင်းဝင်နေတယ်ကွ၊ မင်း ဒူးထောက်ပြီး ငါ့ကို သုံးကြိမ် ဂါရဝပြုပြီး အဘိုးလို့ခေါ်မယ်ဆိုရင် ငါ မင်းကို မသတ်ဘူးကွာ။ မင်း ဘယ်လို ထင်လဲ”။ ယန်ဟန်က ပြုံးပြုံးလေးဖြင့် မေးလိုက်ပါသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့် တွေက ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို လှောင်ပြောင်ကြည့်နေသလိုမျိုး ပင်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဒေါသများဖြင့် တောက်လောင်လာသည်။ ယန်ဟန်သည် သူ့ကို တိုက်ခိုက်ခဲ့ရုံတင်သာမက၊ ယခုအချိန်မှာ သူ့ကိုပင် အရှက်ခွဲချင် နေသည်။ သူသည် ထိုစကားကို မည်သို့ သဘောတူနိုင်မည်နည်း။
“မင်းက ငါ့ကို ဒူးထောက်ခိုင်းရလောက်အောင် အရည်အချင်း မရှိသေးဘူး။” ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး သူ၏အသံက ခက်ထန်ပြီး အေးစက်နေသည်။
ဤကမ္ဘာကြီးမှာ သူ့ကို ဒူးထောက်အောင် လုပ်နိုင်သူက သူ၏အမေတစ်ယောက်သာ ရှိပါသည်။ ကောင်းကင်ဘုံကြီးဆိုရင်တောင်မှ သူချင်ယွင်သည် ဘယ်တော့မှ ဒူးထောက် မည် မဟုတ်ပေ။ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် နတ်ဆိုးသားရဲလေး တစ်ကောင်က သူ့ကို ဒူးထောက်စေချင်သည်ဆိုလျှင် စကားထဲပင် ထည့်ပြောစရာ မလိုတော့ချေ။
“ကောင်စုတ်လေး၊ မင်းက သေချင်နေတာပဲ။ ဇီရှန်က မင်းကို ကာကွယ်ပေးရုံနဲ့ ငါ မင်းကို မထိဝံ့ဘူးလို့ မထင်လိုက်နဲ့။ ငါ မင်းကို ပြောပြမယ်။ အနှေးနဲ့အမြန် သူမက ငါ့ အစ်ကိုကြီးရဲ့မိန်းမဖြစ်လာမှာပဲ။ ဒါ့အပြင် အခု သူမက ဒီမှာ ရှိမနေဘူး။ ငါ မင်းကို သတ်လိုက်ရတောင် သူမက သိမှာ မဟုတ်ဘူး။ ယန်ဟန်၏မျက်နှာက ဒေါသမီးလျှံများ တဟုန်ထိုး ပျံ့နှံ့လာနေသည်.။
ချင်ယွင်၏မျက်လုံးများသည် အေးစက်နေလေသည်။
“ထပ်မေးပါရစေဦး။ မင်း ဒူးထောက်မှာလား၊ မထောက်ဘူးလား။” ယန်ဟန်က ထပ်မေး လိုက်သည်။
“လုံးဝ မထောက်ဘူး။ ချင်ယွင်၏အသံက ပြတ်သားပြီး ခိုင်မာသည်။
“ဒါဆိုလည်း သွားသေလိုက်တော့။” ယန်ဟန်သည် ချက်ချင်းပင် ကျယ်လောင်စွာ အော်လိုက်ပြီး ချင်ယွင်ဆီသို့ ပြေးဝင်သွားကာ သူ၏ရုပ်အသွင်အပြင်က ငွေရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် ချက်ချင်းပင် ချင်ယွင်၏ အရှေ့သို့ ရောက်လာခဲ့သည်။
ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ဤယန်ဟန်၏ အရှိန်အဟုန်သည် သူမျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်နေသည်။ ချင်ယွင်သည် သူ၏ ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို အလျင်အမြန် စုဆောင်းလိုက်ပြီး ယန်ဟန်ဆီသို့ ပစ်ဝင်လိုက်လေသည်။
ယန်ဟန်သည် ချင်ယွင်၏ တိုးဝင်လာသော လက်သီးချက်ကို သူ၏မျက်လုံးများတွင် အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်လေသည်။
“ဘုန်း”.။
ယန်ဟန်သည် လျှပ်စီးလက်သကဲ့သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။ သူသည် ချင်ယွင်၏ဝမ်းဗိုက်ကို တရစပ် ပြင်းပြင်းထန်ထန် ပစ်ထိုးလိုက်ပြီး နံရံမှာ သံနှင့်ရိုက်ထားသကဲ့သို့ ချောင်ပိတ်ကာ ပစ်ထိုးနေလေသည်။ ချင်ယွင်၏နောက်မှ နံရံသည် ချက်ချင်းပင် ပေါက်ကွဲသွား ကျိုးပဲ့ပျက်ဆီးသွားသည့် ကျောက်တုံးကြီးများ အပြင် ပြောင်းလဲသွားလေသည်။
ချင်ယွင်၏ရင်ဘတ်သည် အလွန်အမင်း ပြင်းထန်စွာ နာကျင်နေပြီး သွေးစသွေးနများ က သူ၏ပါးစပ်ထောင့်စွန်းမှ စီးကျလာလေသည်။
“ဟမ့်၊ ပုရွတ်ဆိတ်လေးတစ်ကောင်ကများ” ယန်ဟန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
သံမဏိနှင့်တူသော လက်သီးသည် ထပ်မံ ဝင်ရောက်လာခဲ့ပြီး လက်သီးမှ ငွေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
လက်သီးချက်တိုင်းသည် ချင်ယွင်၏ရင်ဘတ်ပေါ်ကို ပြင်းထန်စွာ ကျရောက်ပြီး တောင်ကြီးကိုပင် တုန်ခါစေနိုင်လောက်သည့်စွမ်းအားဖြင့် ချင်ယွင်၏ ရင်ဘတ်မှာ တကြိမ်ပြီးတကြိမ် ဆက်တိုက်ဆိုသလို ပေါက်ကွဲနေလေသည်။
တောင်ရွေ့လျားခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်မှာရှိနေသည့် ချင်ယွင်၏ ခွန်အား သည်ပင် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ဦး၏ တိုက်ခိုက်မူစွမ်းအားကို ရင်ဆိုင်နိုင်ခြင်း မရှိခဲ့ပါပေ။
ချင်ယွင်သည် နံရံကြီးဆီသို့ တိုက်ရိုက် လွင့်စင်ကာ ပစ်မှန်သွားခဲ့ပြီး ခန်းမကြီးတစ်ခုလုံး ပင် ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။
ကံကောင်းသည်မှာ၊ ခန်းမနံရံကြီးများသည် အစီအရင်ဝင်္ကပါဖြင့် ထောက်ပံ့ပြီး ဖန်တီးထားခြင်းဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင်၊ အစောပိုင်းက တိုက်ခိုက်မူသည် ခန်းမ ကြီးတစ်ခုလုံးကို ပြိုလဲကျသွားစေပါလိမ့်မည်။
ချင်ယွင်သည် အပျက်ဆီးများကြားထဲသို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ရင်ဘတ်မှ နံရုံ အားလုံးသည် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားခဲ့ပြီ။ ပြင်းထန်သော နာကျင်မူက သူ့ကို သတိလစ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
“မင်း ခုခံနိုင်စွမ်း ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး”။ မင်းက ငါ့ရဲ့လက်သီး ချက်တွေကနေ တကယ်ကို အသက်ရှင်လွတ်မြောက်ခဲ့တာပဲ။ ယန်ဟနန်၏ နှုတ်ခမ်းစွန်းပေါ် ရက်စက်သည့်ဟန် အပြုံးတစ်ခု ခိုတွဲလာလေသည်။
“ဒါပေမယ့် မင်း မသေတာလည်း ကောင်းပါတယ်လေ။ ဒီလိုမှမဟုတ်ရင် လက်သီးထိုး ရတာ ပြီးဆုံးသွားမှာတော့မှာပေါ့။ ဒါဆို ပျော်စရာ ဘယ်ကောင်းပါတော့မလဲ။” ယန်ဟန်၏ မျက်နှာပေါ်ရှိအပြုံးက ပို၍ပင် အေးစက်လာလေသည်။
ချင်ယွင်၏မျက်လုံးများသည်လည်း အဆုံးမဲ့ဒေါသများနှင့် ပြည့်နှက်နေခဲ့သည်။ သူ့ရှေ့မှာရှိနေသည် ဤယန်ဟန်သည် သူ့ကို ယခုလိုပုံစံမျိုးဖြင့် အမှန်တကယ်ပင် အရှက်ခွဲဝံ့သည်။
“ဒီနေ့ မင်း ငါ့ကို မသတ်နိုင်ဘူးဆိုရင်၊ ငါကို မင်းကို ဒီနာကျင်မူတန်ဖိုးကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်”။ ချင်ယွင်သည် နာကျင်မူကို တောင့်ခံရင်း အေးစက်စွာ ပြောလိုက်ပါသည်။
“ဟား….၊ ဟား…….၊ မင်းကိုသတ်ဖို့က တစ်မိနစ်တောင် မလိုပါဘူးကွာ။” ချင်ယွင်၏ စကားကိုကြားပြီး ယန်ဟန်၏မျက်နှာသည် ချက်ချင်းပင် အရိုင်းဆန်ဆန် ရယ်မောဟန် က ရုတ်ချည်း ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် သူ၏မျက်လုံးများကို မှေးကျဉ်း လိုက်ပြီး သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြောလိုက်သည် “ မင်းကို အခုလို သေချင်နေမှ တော့ ငါကလည်း မင်းဆန္ဒ ပြည့်ဝအောင် ဖြည့်ပေးရတော့မှာပေါ့”။
ယန်ဟန်၏အမူအယာသည် အေးစက်စက်အသွင် ပြောင်းလဲသွားခဲ့ပြီ။ ကြောက်မက်ဖွယ်ကောင်းသော ငွေရောင်အလင်းတန်းတစ်ခုက သူ၏လက်သီးပေါ်မှာ တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး ချင်ယွင်၏မျက်ခုံးနှစ်ခုကြားရှိ နေရာကို တိုက်ခိုက် ထိုးချလိုက်လေသည်။ သူသည် ကစားရန်ကြိုးစားပြီးနောက် ချင်ယွင်ကို လုံးလုံး သတ်ပစ်ချင်လာသည်။
ချင်ယွင်သည် တိုးဝင်လာသောလက်သီးချက်ကို မော့ကြည့်လိုက်ပြီး သူ၏မျက်လုံး ထဲတွင် အေးစက်စက် အလင်းတစ်ချက် ဝင်းလက်သွားခဲ့သည်။
“အခုပဲ”။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကျယ်လောင်စွာ အော်လိုက်ပြီး ဓားအလင်းတစ်ချက် က လေထုကိုထိုးဖောက်ကာ ချက်ချင်းပင် လင်းလက်သွားခဲ့သည်။
“အား……..”။
ယန်ဟန်သည် နောက်ကိုလွင့်ထွက်သွားရင်း သနားစဖွယ်ကောင်းသည့် အော်သံကို ထုတ်ဖော်လိုက်ရသည်။ သူသည် လေထဲလွင့်ပျံသွားသည့် လက်မောင်းတဖက်ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ဖော်ပြ၍ပင်မရသည့် ပြင်းထန်သော နာကျင်မူ အမူအယာ ပေါ်လွင်နေသည်။
“ဘယ်လို…….၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ယန်ဟန်သည် အထိတ်တလန့်ဖြစ်ကာ အော်ပြောလိုက်ပါသည်။
စောစောလေးက ဆေဘာအလင်းသည် အလွန်ထူးဆန်းလွန်းနေသည်။ အကယ်၍ သူသာ အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ဘူးဆိုလျှင်၊ သူသည် ယခုအချိန်တွင် သေချာပေါက် သူ၏ လက်တဖက်သာ ဆုံးရှုံးသွားမည် မဟုတ်ပေ။ သူ၏ဘဝတစ်ခုလုံး ဆုံးရှုံးသွားပေ လိမ့်မယ်။
ယန်ဟန်သည် ချင်ယွင်ကို အထိတ်တလန့်အမူအယာဖြင့် ကြည့်လိုက်လေသည်။ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်မှ သူကိုယ်တိုင်ပင် ခုခံနိုင်စွမ်းမရှိသော ဆေဘာအလင်းက အဘယ့်ကြောင့် ရုတ်တရက် ထွက်ပေါ်လာသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
သို့ပေမယ့် ထိုအခိုက်တန့်မှာပင် အနက်ရောင်သံချပ်ကာဝတ်ထားပြီး အနက်ရောင် ဆေဘာတစ်လက်ကို ကိုင်ထားသော လူငယ်တစ်ဦးသည် လေဟာနယ်ကို ခွဲထွက်ကာ လမ်းလျှောက် ထွက်လာလေသည်။
“မင်း……..”။
ယန်ဟန်သည် ရုတ်တရက် ထွက်ပေါ်လာသော လူငယ်ကို ကြည့်ပြီး၊ သူ၏ အမူအယာက ဖော်မပြနိုင်အောင် အံ့အားသင့်နေလေသည်။ ရုတ်တရက် ထွက်ပေါ် လာသည့်လူငယ်သည်လည်း ချင်ယွင်နှင့် အတိအကျ တူနေလေသည်။
“မှန်တယ်၊ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်မှန်း ငါ သိထားတယ်။ ဒါကြောင့် အစောပိုင်းက မင်းရဲ့ တိုက်ခိုက်မူတွေကို တမင်တကာ ငါ ခံယူခဲ့တာ။ အကြောင်းပြချက်ကတော့ ငါက မင်းကို တချက်တည်းနဲ့ အပိုင်သတ်ပစ်ဖို့ပဲ။ ဒါပေမယ့် မင်းက အလွန် မြန်မြန်ဆန်ဆန်နဲ့ တုန့်ပြန် နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ ငါ မင်းရဲ့ လက်မောင်းတဖက်ကိုပဲ ဖြတ်နိုင်ခဲ့တယ်”။ အနက်ရောင်သံချပ်ကာဝတ် ချင်ယွင်က အေးစက်စွာ ပြောလိုက်ပါ သည်။
“ငါ မင်းကို သတ်မယ်”။ ယင်းအစား၊ ယန်ဟန်၏မျက်လုံးများသည် ပြင်းထန်သော အမျက်ဒေါသနှင့်အတူ ပေါက်ကွဲထွက်လာခဲ့ပြီး၊ သူ၏အငွေ့အသက်သည်လည်း အရိုင်းဆန်စွာ ပေါက်ကွဲထွက်လာလေသည်။
အမှန်တကယ်တော့ အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်၏ နှောင်းပိုင်းအဆင့် ကျွမ်းကျင်ပညာရှင်ဖြစ်သောသူသည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကောင်လေးတစ်ယောက်၏ လက်တဖက် ဖြတ်တောက်ခြင်းကို ခံလိုက်ရ သည်။ ယင်းကို သူသည် မည်သို့ လက်ခံနိုင်မည်နည်း။ ထို့အပြင်၊ ဤကောင်လေးသည် အစကတည်းက သူ့ကို လိမ်ညာလှည့်ဖျားနေခဲ့သည်။
ဝှီး………။
ယန်ဟန်သည် ချင်ယွင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။ ကြွင်းကျန်နေသေးသည့် လက်မောင်းတဖက်ပေါ်မှာ ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်းတစ်ခု တဟုန်ထိုး ထိုးထွက်လာခဲ့သည်။ အကယ်၍ သူသည် လက်မောင်းတဖက် ဆုံးရှုံးသွားလျှင်ပင် သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် မှာရှိနေသေးပြီး ချင်ယွင်သည် သူ၏ပြိုင်ဘက် မဖြစ်နိုင်သေးပေ။
“ဟမ့်၊ အခု မင်းက ငါ့ကို သတ်နိုင်သေးတယ်လို့ ထင်နေသေးတာလား”။
အေးစက်စက် နှာခေါင်းရှုံ့သံက နံရံဖက်မှ တဟုန်ထိုးပစ်ဝင်လာသည့် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသည်။
လက်သီးတစ်ချက်က ယန်ဟန်၏လက်သီးချက်နှင့် ထိပ်တိုက် တွေ့ဆုံးသွားခဲ့သည်။
“ဖတ်,,,။
ယန်ဟန်သည် ချက်ချင်းပင် ပါးစပ်အပြည့် သွေးတပွက် အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကလည်း နောက်ကို လွင့်ထွက်သွားသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”။ ယန်ဟန်သည် နောက်ကို ဆက်တိုက် လွင့်ပျံသွားပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်သည့် အမူအယာများ ပြည့်နေသည်။
“အစောပိုင်းက ဆေဘာတိုက်ခိုက်က မင်းရဲ့လက်မောင်းတဖက် ဆုံးရှုံးသွားတယ် ဆိုရုံလောက်ပဲ ရိုးရှင်းတယ်လို့ မင်း ထင်နေတာလား။ မိုးကြိုးလျှပ်စီးနဲ့ ကြမ်းတမ်းတဲ့ ခံစားချက်ကို ခံစားရတာ ဘယ်လိုရှိလဲ။” ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အေးစက်စက် ရယ်မောဟန်ဖြင့် တွန့်ကွေးသွားခဲ့ပြီး သူ၏ပုံရိပ်က ယန်ဟန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
အခန်း (၄၇၀) မြူခိုးများထဲသို့ကျရောက်သွားခဲခြင်း။
ယန်ဟန်သည် သူ၏မျက်လုံးများထဲတွင် အဆုံးမဲ့ပြည့်နှက်နေသော အမျက်ဒေါသဖြင့် ပြေးဝင်လာနေသော ချင်ယွင်ကို ကြည်လိုက်လေသည်။
သို့သော်လည်း ယခုအချိန်မှာ သူသည် သူ၏ နတ်ဆိုးစွမ်းအင်ကို နည်းနည်းလေးမှ စုစည်းလို့မရတော့ချေ။ အနက်ရောင် လျှပ်စီးကြောင်းများက သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်မှာ အရူးအမူး ပျံ့နှံ့နေပြီး သူ၏ခန္ဓာကိုယ်ကို အဟုန်ပြင်းစွာဖြင့် ဖျက်ဆီး နေလေသည်။
အတိအကျပြောရလျှင်၊ သူသည် ချင်ယွင်နှင့် ထိပ်တိုက်တွေ့ဆုံမိသည့်အခိုက် သူ၏ ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ယင်းကြောင့်ပင် သူသည် ချင်ယွင်၏ လက်သီးချက်ဖြင့် လွင့်ပျံသွားခဲ့ရခြင်း ဖြစ်လေသည်။
“ဒါက ဘယ်လို လျှပ်စီးမျိုးလဲ”။
ယန်ဟန်သည် အံ့ဩသွားခဲ့ရသည်။ ဤအနက်ရောင် လျှပ်စီးကြောင်းများသည် နေရာတိုင်းသို့ ပျံ့နှံ့နေခဲ့ပြီး သူ၏ နတ်ဆိုးအငွေ့အသက်ဖြင့်ပင် တခဏအတွင်းမှာ လွင့်ပျယ်သွားအောင် မလုပ်နိုင်ခဲ့ပေ။
“ဟမ့်၊ မိုးကြိုးလျှပ်စီးရဲ့ ကြမ်းကြုတ်တဲ့ ခံစားချက်က မကောင်းဘူးမလား”။
ချင်ယွင်၏ အေးစက်စက် လှောင်ပြောင်ရယ်မောသံက ယန်ဟန်၏နားထဲ ရုတ်တရက် ပဲ့တင်ထပ် တိုးဝင်လာခဲ့သည်။
ယန်ဟန်သည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
ချင်ယွင်၏ပုံရိပ်သည် သူ၏ဘေးမှာ ထွက်ပေါ်လာခဲ့ပြီး၊ ရွှေရောင်အလင်းတန်းများ ပါဝင်နေသည့် လက်သီးချက်က သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာနေသည်။
“မဟုတ်ဘူး” ယန်ဟန်သည် ခုခံကာကွယ်ရန်အတွက် သူ၏နတ်ဆိုစွမ်းအင်ကို စုစည်းလိုက်ပါသည်။ သို့သော်လည်း ထိုအခိုက်တန့်မှာပင် သူ၏ခန္ဓာကိုယ်ပေါ်မှ အန်ကရောင်လျှပ်စီးများသည် အမှန်တယ် ပေါက်ကွဲသွားခဲ့လေသည်။
ယင်းကြောင်း သူထုတ်ဖောက်လိုက်သော နတ်ဆိုးစွမ်းအင် ချက်ချင်းပင် ပျောက်ကွယ် သွားကာ သူ၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလေသည်။ တချိန်တည်းမှာပင် ချင်ယွင်၏လက်သီးချက်သည် သူ၏နောက်သို့ အနီးကပ် လိုက်ပါ လာခဲ့သည်။
“ဘုန်း”…
လက်သီးချက်သည် တောင်ကြီးတစ်ခု ပြိုဆင်းလာသကဲ့သို့ ချင်ယွင်၏ရင်ဘတ်ပေါ်သို့ တိုက်ခိုက် တိုးဝင်သွားလေသည်။
“ဖူး…..။
ယန်ဟန်သည် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရပြီး သူ၏ရင်ဘတ်သည်လည်း ချိုင့်ဝင်သွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် ယန်ဟန်သည် လွင့်ပျံသွားခဲ့ရသည်။
“ဟမ့်၊ မင်းက အစောပိုင်းက ငါ့ကို လက်သီးနဲ့ အကြိမ်လေးဆယ်တိတိ ထိုးနှက်ခဲ့တယ်။ ငါကလည်း မင်းကို လက်သီးလေးချက် ပြန်ပေးချင်မိတယ်”။
ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်ပြီး သူ၏ခြေထောက်မှ လျှပ်စီးလက်သကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး သူသည်လည်း အလွန်အမင်း မြန်ဆန်သော အမြန်နှုန်းဖြင့် နောက်မှ လိုက်ပါသွား ခဲ့သည်။
မြန်နှုန်းမြင့်လျှပ်စီးအတွင်းမှာ ပေါက်ကွဲသံများ မြင့်တက်လာခြင်းနှင့်အတူ ချင်ယွင်၏ အမြန်နှုန်းသည် အမှောင်ညတွင် ကောင်းကင်ယံမှာ လင်းလက်သွားသော ကြယ်ပျံများ ကဲ့သို့ အလွန်အမင်း မြန်ဆန်သည့်အမြန်းနှုန်းထိ မြင့်တက်သွားခဲ့သည်။
ယန်ဟန်သည် အလွန်မင်း မြန်ဆန်သည့်မြန်နှုန်းဖြင့် ရောက်ရှိလာသော ချင်ယွင်ကို ကြည့်လိုက်မိသည်။ သူ၏မျက်လုံးများသည် သွေးနီရောင်သမ်းနေပါပြီ။ သို့သော်လည်း သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မူကြောင့် သူသည် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
ဂုဏ်သိက္ခာကြီးမားလှသော နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်တစ်ဦးသည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ရှိ ကျွမ်းကျင်ပညာရှင်တစ်ဦးမှ ထိုကဲ့သို့သော အခြေအနေမျိုးရောက်အောင် အရိုက် အနှက်ခံမည်ဟု သူသည် စိတ်ကူးပင် မယဉ်ခဲ့မိပေ။ ဤအရာသည် သူ၏ ဘဝတစ်လျောက်လုံးတွင် ကြီးမားသည့် အရှက်ရစရာကိစ္စကြီး ဖြစ်ပါသည်။
“ဘုန်း,,”။
သို့သော် သူ၏စိတ်ထဲတွင် ဒေါသများ လုံးလုံးမပေါက်ကွဲနိုင်ခင်မှာ ချင်ယွင်၏ လက်သီးသည် နောက်တဖန် မိုးကြိုးပစ်သကဲ့သို့ ဝင်ရောက်လာခဲ့ပြန်ပါသည်။
ယန်ဟန်၏ရင်ဘတ်သည် နောက်တစ်ကြိမ် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သူ၏နောက်ရှိနံရံကို တိုက်ခိုက် ပစ်တိုက်သွားလေသည်။
နံရံသည် ပင့်ကူမျှင်များကဲ့သို့ တစ်လက်မခြား အက်ကြောင်းများအဖြစ် အက်ကွဲသွားခဲ့ ပါသည်။
“ဒါက ဒုတိယမြောက် လက်သီးချက်ပဲ။ နောက်ထပ် သုံးဆယ့်လေးချက် ကျန်နေ သေးတယ်”။
ချင်ယွင်သည် အေးစက်စွာ အော်ပြောလိုက်ပြီး ယန်ဟန်ဆီသို့ ထပ်မံပြေးဝင်ရင်း အညှာတာကင်းမဲ့စွာဖြင့် တရစပ် ထိုးနှက်လေသည်။
သူ၏လက်သီးချက်များသည် ယန်ဟန်၏ရင်ဘတ်ကို ရိုတ်ခတ်လာသည့် မုန်တိုင်းများ လိုပင်။ လက်သီးချက်တိုင်းသည် အလွန်လေးလံပြီး ပို၍ပင် မုန်းစရာကောင်းသည်မှာ လက်သီးချက်များသည် တနေရာတည်းကိုသာ ဦးတည်ထိုးနေခြင်း ဖြစ်သည်။
တခဏအတွင်းမှာ သူသည် လက်သီးအချက်ရေ အကြိမ်နှစ်ဆယ်ကျော် ထိုးနှက်ပြီး သွားပြီး ယန်ဟန်၏ရင်ဘတ်တစ်ခုလုံးသည် ပုံပျက်သွားခဲ့ပြီး ကြီးမားသည့် အတုံးကြီး တစ်ခု ခွက်ဝင်သွားသကဲ့သို့ ဖြစ်နေပါပြီ။
ဤသည်မှာ ချင်ယွင်၏ မပြောင်းမလဲ တသမတ်တည်းသော နိယာမဖြစ်ပါသည်။ ကိစ္စအရပ်ကို ဖြေရှင်းရန်အတွက် သူ၏လက်တွေကို အသုံးပြုနိုင်သည်။ သူသည် ပါးစပ်ကို ဘယ်တော့မှ အသုံးမပြုခဲ့ပေ။ အဓိပ္ပာမမရှိပြောဆိုနေခြင်းသည် ရန်သူအား တန်ပြန်တိုက်ခိုက်ရန် အခွင့်ရေးပေးသလို ဖြစ်သွားလိမ့်မည်။
သူသည် မလှုပ်ရှားနိုင်လျှင် လှုပ်ရှားဦးမည် မဟုတ်ပေ။ သို့သော် သူလှုပ်ရှားသည်နှင့် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ရမည်။
ယန်ဟန်ကဲ့သို့၊ အကယ်၍ သူသည် အစကတည်းက မိမိ၏သတ်ဖြတ်လိုသောဆန္ဒကို တိုက်ခိုက် အသုံးပြုခဲ့မည်ဆိုလျှင် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ အလစ်ငိုက်ဖမ်း တိုက်ခိုက်ပြီး ယန်ဟန်၏ လက်မောင်းတဖက်ကို မည်သို့ အောင်မြင်စွာ ဖြတ်တောက် ပစ်နိုင်မည်နည်း။ မဟုတ်လျှင် သူသည် ဆေဘာအလင်းမှာပါဝင်နေသည့် အနက်ရောင် လျှပ်စီးကြောင်းများကို ယန်ဟန်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ထည့်သွင်းနိုင်မည့် အခွင့်အရေးကို မည်သို့ ဖမ်းဆုပ်နိုင်မည်နည်း။
အနက်ရောင်လျှပ်စီးများ၏ ဖိနှိပ်မူမခံရဘူးဆိုလျှင် ယခုအချိန်မှာ ယန်ဟန်သည် ချင်ယွင်၏ ရိုက်နှက်ခြင်းကို မည်သို့ ခံရနိုင်မည်နည်း။
သို့သော် ယန်ဟန်သည် နှောင်းပိုင်းအဆင့် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး သက်သက် မဟုတ်ပေ။ ချင်ယွင်သည် သူ့ကို အကြိမ်နှစ်ဆယ် တနေရာတည်းကို ထိုးနှက်ခဲ့ပြီး သူသည် ဒဏ်ရာအပြင်းထန်ရရှိခဲ့ သော်လည်း အသက်ရှင်နေဆဲ ဖြစ်သည်။
ယခုအချိန်မှာ ယန်ဟန်၏နှလုံးသည် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုလိုပင် ဖြစ်နေသည်။ ဒေါသကြောင့် သူ၏မျက်နှာပြင်တစ်ခုလုံး နီရဲနေပြီး ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ဖြစ်ပေါ်နေသည့် သတ်ဖြတ်လိုသည့်ဆန္ဒက ဖော်မပြနိုင်သည့် အဆင့်ထိ ရောက်ရှိနေပြီး ဖြစ်သည်။
သတ်ဖြတ်ခြင်းသည်သာ သူ၏စိတ်နှလုံးထဲတွင်ဖြစ်ပေါ်နေသည့် တစ်ခုတည်းသော ဆန္ဒဖြစ်နေပြီ။
ထိုမြင်ကွင်းကိုမြင်လျှင် ချင်ယွင်သည် အခြေအနေမကောင်းကြောင်း ချက်ချင်း သိလိုက် သည်။ ယန်ဟန်သည် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေပြီဆိုသည်ကို သူသိသည်။ အကယ်၍ ဤပုံစံအတိုင်း ဆက်ပြီးသွားနေမည်ဆိုလျှင် အပြောင်းအလဲတွေ ဖြစ်သွား နိုင်ပါသည်။ သူသည် ချက်ချင်းပင် ရင်ဆိုင်ရမည်။
နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦး သာ ဖြစ်ပါသည်။ အကယ်၍ ယန်ဟန်သည် သူ၏စွမ်းအား အကုန်သုံးပြုပြီး သူ့ကို ပြန်လည် တိုက်ခိုက်လာမည်ဆိုလျှင် သူသည် သေချာပေါက် ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
“ဒါဆိုလည်း ဒီကိစ္စကို အသုံးသတ်လိုက်ကြစို့”။
ချင်ယွင်၏ မျက်လုံးများမှတဆင့် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး သူ၏လက်ဖဝါးတစ်ခုလုံးကို အနက်ရောင် လျှပ်စီးအလင်းများက လွှမ်းခြုံသွားခဲ့သည်။
အနက်ရောင်လျှပ်စီးကြောင်းများသည် သူ၏လက်ဖဝါးတစ်ခုလုံး ပြည့်နှက်နေပြီး ပြင်းထန်သော ဖျက်ဆီးခြင်းဆေဘာဆန္ဒကို သယ်ဆောင်လာသည်။
မကြာသေးခင်ကမှ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် လျှပ်စီးစွမ်းရည်သဘောတရားကို နားလည်သဘောပေါက်ခဲ့ပြီး ဆေဘာပညာရပ်မှာလည်း ကြီးကြီးမားမား တိုးတက်မူ ရရှိခဲ့ပါသည်။ သူသည် မကြာသေးခင်ကမှ ပေါက်ကွဲလျှပ်စီး စွမ်းရည်သဘောတရားကို ဆေဘာပညာရပ်အတွင်း ပေါင်းစပ်ခြင်းကို နားလည်သဘောပေါက်ခဲ့ပါသည်။
ယခုအချိန်တွင်၊ ဖျက်ဆီးခြင်းဆေဘာဟူသော ဤတိုက်ခိုက်မူသည် လျှပ်စီးစွမ်းရည် ကိုယ်ပွား နားလည်ထားသော အပြင်းထန်ဆုံး သိုင်းကွက်ဖြစ်ပါသည်။ ဤသိုင်းကွက် တွင် လျှပ်စီးဖျက်ဆီးခြင်း စွမ်းရည်သဘောတရားများ အပြည့်အဝ ပါရှိနေပါပြီ။
လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ လက်ထဲတွင်ရှိသော ဆေဘာသည် ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်နှင့်အတူ ယန်ဟန်၏လည်ပင်းဆီသို့ ခုတ်ပိုင်း လာခဲ့သည်။
ဆေဘာအလင်းတန်းသည် အနက်ရောင်အလင်းတန်းကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါသည်။
သို့သော် ချင်ယွင်၏ဆေဘာအလင်းသည် ယန်ဟန်၏လည်ပင်ကို ဖြတ်တောက်လု နီးပါး ဖြစ်နေချိန်မှာ………။
ယန်ဟန်၏မျက်လုံးများသည် ချက်ချင်းဆိုသလို ငွေရောင်ပြောင်းသွားလဲပြီး ပြင်းထန်သော အငွေ့အသက်တစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။ ယန်ဟန်၏ ကျန်ရှိနေသော လက်တဖက်သည် ငွေရောင်သားရဲ လက်သည်းကြီးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ထက်ရှသော လက်သည်းကြီး ငွေရောင်ဆေဘာအလား ထက်ရှပြီး ချင်ယွင်၏ဆေဘာကို အပြင်းအထန် ခုခံတားဆီးလိုက်ပါသည်။
ငွေဖြူရောင် လက်သည်းကြီးသည် လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သော ချင်ယွင်၏ လက်ထဲရှိဆေဘာနှင့် ထိပ်တိုက်ဆုံမိပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းလုံးများ ထွက်ပေါ်လာလေသည်။
သို့သော်လည်း ဤထိပ်တိုက်တွေ့ဆုံမူသည် ယန်ဟန်၏ အောက်ပွဲများအနက်မှ တစ်ခု ဖြစ်နေဆဲပင် ဖြစ်ပါသည်။ ချင်ယွင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့ လွင့်ပျံသွားခဲ့ ရပါသည်။
“ငါ မင်းကို သေစေချင်တယ်”။
ထိုအချိန်တွင် ယန်ဟန်သည် လုံးဝ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်သာ ရှိနေပါတော့သည်။
“ပြေး”။
နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ၊ ချင်ယွင်သည် မြေပြင်ပေါ် လက်ဖြင့် ပုတ်ပြီး ခန်းမကြီးထဲမှာ တဟုန်ထိုး ပြေးထွက်သွားတော့သည်။
ယန်ဟန်သည်လည်း ငွေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ နောက်သို့ လျှင်မြန်စွာ လိုက်ပါသွားခဲ့သည်။
ချင်ယွင်သည် တစ်နေရာသို့ ပြေးထွက်သွားတိုင်း ယန်ဟန်၏ သားရဲလက်သည်း ကြီးသည် ချင်ယွင်ပျောက်ကွယ်သွားသည့် နေရာတိုင်းမှာ ပေါ်လာနေသည်။ ချွန်ထက်သော သားရဲလက်သည်းကြီးသည် နံရံနှင့် မြေပြင်များပေါ် တိုက်ရိုက် ကျဆင်းကာ နံရံနှင့်မြေကြီးများ ကွဲထွက်သွားခဲ့ပြီး ကြီးမားသော အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့လေသည်။
ခန်းမအပြင်ဘက်တွင် ရှည်လျားပြီး အကွေ့အကောက်များသော လှိုဏ်ဂူတစ်ခု ရှိနေပြီး ကျောက်သားနံရံများဖြင့် ဝန်းရံထားပါသည်.
ယန်ဟန်သည် သူ့နောက်သို့ မဆုတ်မနစ် လိုက်နေစဉ်မှာ ချင်ယွင်သည် လှိုဏ်ဂူထဲသို့ ဆက်လက် ပြေးဝင်သွားခဲ့ရသည်။
သူသည် ယန်ဟန်၏လက်မှ ထွက်ပြေးလွတ်မြောက်လာသည်နှင့် ချင်ယွင်သည် လှိုဏ်ဂူထဲတွင် အရပ်မျက်နှာအသီးသီးသို့ သွားရာလမ်းကြောင်းများ ပျံ့နှံ့နေသည်ကို တွေ့ရှိ လိုက်ရသည်။ လှိုဏ်ဂူအတွင်းမှာ ဝင်္ကပါများကဲ့သို့ လမ်းစုံလမ်းခွ အများအပြား ရှိနေပါသည်။
ဤမတူကွဲပြားသော ထွက်ပေါက်လမ်းများသည် အဓိကခန်းမ အသီးသီးနှင့် ချိတ်ဆက် နေပါလိမ့်မည်။
ခန်းမအများပြားတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ရှိနေပြီး ဤခန်းမများတွင်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါများ ရှိနေသည်မှာ ထင်ရှားလှပါသည်။
ချင်ယွင်သည် ဖြတ်သန်းသွားလာရာတွင် လုံခြုံခြင်းရှိမရှိ ဝေဖန်ပိုင်းခြားနေရန် အချိန်မရသဖြင့် သူသည် သူ၏ကံကိုသာ အားကိုးပြီး ရွေးချယ်နိုင်ပါတော့သည်။
သို့သော်လည်း ချင်ယွင်၏ကံတရားသည် ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။ သူသည် သူ့အတွက် သေလမ်းကို ရွေးချယ်မိခဲ့ပါသည်။
သူသည် လူသွားလမ်းတစ်ခု၏ အဝင်ဝတွင် ရပ်နေကာ သူ၏နောက်တွင် မမြင်နိုင် လောက်အောင် မြူခိုးများထူထပ်နေသော ခန်းမတစ်ခု ရှိနေပါသည်။ ဤထူထပ် သိပ်သည်းနေသော မြူခိုးများအတွင်းမှာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လို သည့်ဆန္ဒတစ်ခု ရှိနေခဲ့ပါသည်။
“လခွမ်းပေါ့ကွာ၊ ချင်ယွင်သည် ချက်ချင်းပင် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး အမြန် နောက်ပြန် ဆုတ်ချင်ခဲ့မိသည်။
သို့သော်လည်း ယန်ဟန်၏ ရုပ်အသွင်အပြင်ကြီးသည် ယခုအချိန်တွင် ချင်ယွင်၏ နောက်တွင် လိုက်ပါလာခဲ့သည်။ ငွေဖြူရောင်လက်သည်းကြီးက ချင်ယွင်၏ နောက်ကျောဆီသို့ တိုက်ရိုက် ကုတ်ဆွဲလာခဲ့သည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ပြီး ခုခံတားဆီးရန်အတွက် နောက်ပြန် လှည့်ကြည့်လိုက်သည်။
သို့သော်လည်း သူ၏လျှပ်စီးစွမ်းအင်သည် တဟုန်ထိုး ထွက်ပေါ်လာစဉ်မှာပင် ယန်ဟန်၏ အစွမ်းထက်သော သားရဲလက်သည်းကြီးကြောင့် အစိပ်စိပ်မွှာမွှာ လုံးလုံး လျားလျား ကြေကွဲသွားခဲ့ရသည်။
“ငရဲကို သွားလိုက်တော့”.။
ယန်ဟန်၏ သားရဲလက်သည်းကြီးသည် ချင်ယွင်၏ရင်ဘတ်ကို တိုက်ရိုက် ဆုတ်ဖြဲသွား ၏။ ချင်ယွင်သည်လည်း သူ၏ရင်ဘတ်သည် ပွင့်ထွက်မည့်အတိုင်း ခံစားလိုက်ရသည်။ ပြင်းထန်သော စွမ်းအင်သက်ရောက် ရိုက်ခတ်မူကြောင့် သူသည် နောက်ကို လွင့်ပျံသွား ခဲ့ရပြီး မြူခိုးများတွင်းသို့ ကျရောက်သွားခဲ့လေသည်။
ယန်ဟန်သည် သိပ်သည်းထူထပ်နေသော မြူခိုးများကိုကြည့်ပြီး ရပ်လိုက်လေသည်။ သူသည် ပြင်းထန်သော သေခြင်းရနံ့ကို ခံစားမိသောကြောင့် နောက်မှ လိုက်ပါခြင်း မရှိတော့ချေ။
သူ၏ မျက်လုံးများတွင် ဖြစ်ပေါ်နေသော ငွေရောင်အလင်းတန်းလည်း ပျောက်ကွယ် သွားခဲ့ပြီး ကြည်လင်ပြတ်သားသည့် အရိပ်အယောင် ပြန်ပေါ်လာသည်။
“ဟမ့်၊ မင်းကို အခုလို သေဆုံးခွင့် ပြုလိုက်ရတဲ့အတွက် အရမ်းကို ဈေးပေါလွန်းသွား တယ်။” ယန်ဟန်သည် ခေါင်းပြန်လည့်ပြီး ထွက်ခွာသွားတော့သည်။
ပြင်းထန်သော သတ်ဖြတ်ခြင်းဆန္ဒများ ထွက်ပေါ်နေသည့် ဤထူထပ်သိပ်သည်းသော မြူခိုးများထဲ ကျရောက်သွားပြီးနောက် ချင်ယွင်သည် မည်သည့်အခါမျှ ပြန်လည် အသက်ရှင်လာတော့မည် မဟုတ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထားသည်။