အခန်း (၄၈၁-၄၈၅)
Vol. 33 Ch. 481-485
အခန်း(၄၈၁) အရှက်မဲ့ခြင်း။
“ဒါက မင်းလား?။
ချင်ယွင်က လင်းဝူရွှန်းကို ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ထည့်ပြီးပြီးချင်းမှာပင် ချင်ယွင်၏ နောက်မှ နူးညံ့သိမ်မွေ့သော အံ့အားသင့်သွားသည့် အသံက ထွက်ပေါ်လာပါသည်။
ချင်ယွင်သည် ရောက်လာသည့်လူကို ခေါင်းပြန်လှည့်ပြီး ကြည့်လိုက်စဉ်မှာ သူ၏ မျက်နှာတွင် ခေါင်းကိုက်သွားသည့် အမူအယာ ချက်ချင်း ပေါ်လာပါတော့သည်။
ရောက်ရှိလာသူသည် ဧရာမဝေလငါးနန်းတော်၏ မာနကြီးသော မင်းသမီးလေးမှလွဲ၍ အခြားလူ မဟုတ်ပေ။ ချင်ယွင်သည် ဤမိန်းကလေးကို မြင်တွေ့ရသည်နှင့် အမှန်တယ်ပင် အလွန်ကြောက်လန့်သွားသည်။
ဤမင်းသမီးလေး၏စွမ်းအားသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အစောပိုင်း အဆင့်တွင်သာရှိသော်လည်း၊ သူ၏စိတ်နေသဘေားထားသည် မာနကြီးလွန်းသည်။ ထို့အပြင်၊ သူမ၏ အဆင့်တန်းအခြေအနေကြောင့် ချင်ယွင်သည် သူမအား မည်သည့် အရာကိုမျှ မလုပ်ဝံ့ခဲ့ပေ။
အကယ်၍ သူသည် ဤမိန်းကလေးကို အမှန်တကယ် သတ်လိုက်ပါက ချင်ယွင်သည် နဂါးကောင်းကင်နန်းတော်၏ အလယ်တွင် ပုန်းအောင်းနေလျှင်ပင် ဧရာမဝေလငါး နန်းတော်၏ နန်းတော်သခင်က ချက်ချင်းပင် သူ့ကို သတ်ပစ်မည် ဖြစ်ပါသည်။ ချင်ယွင် ၏ ခွန်အားသည် အတော်လေး အားနည်းနေပါသေးသည်။ ထို့ကြောင့် သူသည် ယခုအချိန်တွင် ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်ကဲ့သို့ ကြောက်စရာ ကောင်းသော ပုဂ္ဂိုုလ်များကို မပြစ်မှားမစော်ကားလိုသေးပေ။
သို့သော်လည်း အကယ်၍ ချင်ယွင်သည် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို စိတ်အနှောင့်ယှက်ဖြစ်စေလိုခြင်း မရှိဘူးဆိုလျှင်ပင် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးက ချင်ယွင်ကို လွတ်မြောက်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိပေ။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ချင်ယွင်၏ရှေ့သို့ လျှောက်လာခဲ့ပြီး သရော်လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်ပါသည် "နင် အသက်ရှင်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ နင် လှိုဏ်ဂူပေါက်ဝမှာကတည်းက သေသွားပြီ ထင်နေတာ"။
"ဟမ့်၊ ငါက ဘယ်လိုလုပ် လွယ်လွယ်နဲ့သေရမှာလဲ၊ တကယ်လို့ သေချင်းသေ မင်းသာ အရင် သေလိမ့်မယ်" ချင်ယွင်က ယဉ်ကျေးနေခြင်း မရှိတော့ဘဲ ပြန်ပြောလိုက်သည်။
သူသည် သူမကို မည့်သို့မျှ မလုပ်ဝံ့ဘူးဆိုလျှင်ပင် ယင်းက သူမကို အမှန်တကယ် ကြောက်ရွံ့သည်ဟု မဆိုလိုပါဘူး။
"နင်" ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ချင်ယွင်က သူမကို အမှန်တကယ် သေအောင် ကျိန်ဆဲလိုက်သည့် စကားကို ကြားလိုက်ရသည့်အခါ သူမ၏ နူးညံ့ပြီး လှပသည့် မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင်တွေ ချက်ချင်း ဆိုသလို ထွက်ပေါ်လာပြီး ချင်ယွင်ကို တိုက်ခိုက်ရန်အတွက် သူမ၏ နတ်ဆိုးအနှစ်သာရကို စုစည်းရန်ပင် ကြံစည်လိုက်မိပါသည်။
ချင်ယွင်က လှောင်ပြောင် ပြောဆိုလိုက်သည် "မင်း မလှုပ်ရှားခင် ရှင်းရှင်းလင်းလင်း တွေးထားရမယ်။ ဒီခန်းမထဲမှာ အစီအရင်ဝင်္ကပါတွေ ရှိနေတယ်နော်။ မင်းတိုက်ခိုက်လို့ အစီအရင်ဝင်္ကပါတွေကို ထိသွားပြီး မင်းသေသွားမှ ငါ့ကို အပြစ်မတင်နဲ့။"
ချင်ယွင်က ထိုစကားများကို ပြောပြီးသည်နှင့် မင်းသမီးလေး၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်ရူ လိုက်မိပြီး နောက်ဆုံးတွင် မလှုပ်ဝံ့ဘဲ သူမ၏ နတ်ဆိုးအနှစ်သာရကို ပြန်ရုပ်သိမ်း လိုက်သည်။
လှိုဏ်ဂူအဝင်ဝတွင် မိုးကြိုးသတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါသည် သူမအပေါ်တွင် အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်နေပါသေးသည်။ ထိုအချိန်တုန်းက သူမသည် ကြီးကျယ်ခမ်းနားသော ထိုအစီအရင်ဝင်္ကပါကြီးကို အစပျိုးခဲ့သူဆိုသည်မှာ အတိအကျပင် ဖြစ်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ဧရာမဝေလငါးနန်းတော်မှ မင်းသမီးငယ်လေးသည် သူမအတွက် သေဆုံးသွားခဲ့သော လန်ယဲ့ကို ချက်ချင်းပင် တွေးလိုက်မိသည်။ သူမ၏ နှလုံးသားက တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး သူမသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေသည်။
သူမသည် ချင်ယွင်နှင့် ရန်ဖြစ်ခဲ့ဖူးသည်ကိုပင် မေ့သွားပုံရသည်။ ထို့အပြင် သူမသည် အမှတ်မထင် ချင်ယွင်၏အနီးသို့ တိုးကပ်လာကာ သူမ၏ လက်သေးသေးလေးက ချင်ယွင်၏အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆွဲထားလေသည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် သူ၏ မုသားစကားကြောင့် ကြောက်ရွံ့ ထိတ်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်သွားသည်ကို မြင်သော အခါ ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ရယ်ချင်မိသော်လည်း မရယ်မိအောင် အတင်းအကြပ် ထိန်းထားလိုက်ရသေးသည်။
"ဒါလည်း ကောင်းပါတယ်လေ။ ဒါက ဒီမိန်းကလေးပေးလာမယ့် ဈေးပေါတဲ့ ဒုက္ခမျိုးစုံ ကို ရှောင်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ ဒါပေမယ့် အခု သူမရဲ့ ကြောက်ရွံ့ ထိတ်လန့်နေတဲ့ အမူအရာက နည်းနည်းတော့ သနားစရာကောင်းတယ်။" ချင်ယွင်က စိတ်ထဲတွင် ရယ်မောလိုက်မိသည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် သူမ၏ရှေ့တွင်ရှိနေသော ဤလူယုတ်မာ၏ လှည့်စားခြင်းကို ခံနေရကြောင်း မည်သို့ သိနိုင်မည်နည်း။ ယခုအချိန် တွင် သူမသည် စိုးရိမ်တကြီးဖြင့် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေဆဲ ဖြစ်ပြီး သူမ၏ ခေါင်းပေါ်မှ မိုးကြိုးတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူမကို ပြာမှုန့်ဖြစ်သည်အထိ တိုက်ခိုက်လာမည်ကို တွေတောမိပြီး နက်နက်ရှိုင်းရှိုင်းပင် ကြောက်လန့်နေသကဲ့သို့ ဖြစ်နေပါသည်။
"စိတ်မပူပါနဲ့၊ ဒီခန်းမထဲမှာ တည်ဆောက်ထားတဲ့ အစီအရင်ဝင်္ကပါတွေကို မထိသရွေ့ အဲဒါက အသက်ဝင်မှာ မဟုတ်ဘူး။" ချင်ယွင်က ဆက်လက် လိမ်ညာပြောလိုက်သည်။
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ချင်ယွင်၏စကားကို ကြားသော အခါတွင် သူမ၏အမူအရာမှာ အလွန်သက်သာသွားခဲ့သည်။ သို့သော်လည်း ချင်ယွင်၏ အင်္ကျီစကို ဆွဲကိုင်လိုက်သော သူမ၏လက်သည် မလွတ်သေးပေ။
သူမ၏အမြင်အရ ချင်ယွင်၏ ကျင့်ကြံမူအဆင့်မှာ သူမလောက် မမြင့်မားသော်လည်း၊ သူသည် အစီအရင်ဝင်္ကပါတွေကို ကျွမ်းကျင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်၏ နောက်သို့ လိုက်ခဲ့မည်ဆိုလျှင် အန္တရာယ်တစ်စုံတစ်ရာ တွေ့ခဲ့လျှင်ပင် သူမသည် ၎င်းအန္တရာယ်များကို သဘာဝအတိုင်း ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း သူမသည် ချက်ချင်း တွေ့ရှိသွားသည်။
ချင်ယွင်သည် ခါးသီးသော အပြုံးဖြင့်ပြုံးကာ ခေါင်းယမ်းလိုက်မိပါသည်။ နောက်ဆုံးတော့ ဤမင်းသမီးလေးသည် ငယ်ရွယ်သေးပြီး လောကကြီးထဲကို မဝင်ရသေးပါဘူး။ သူသည် စကားလုံးအနည်းငယ်ဖြင့် သူမကို လှည့်စားနိုင်သည်။ သူမသည် အရင်လို မည်သို့ မာနကြီးနိုင်တော့မည်နည်း။
"ဟုတ်တယ်၊ မင်းနာမည်က ဘယ်လိုခေါ်လဲ" ချင်ယွင်က မေးလိုက်သည်။
"ငါ့နာမည် နင်ရှင်း" ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ယခင်ကကဲ့သို့ မောက်မာမှုမရှိဘဲ အမှန်အတိုင်း တုံ့ပြန်ခဲ့သည်။"
နင်ရှင်းလား?" ချင်ယွင် အထပ်ထပ် ရေရွတ်ကြည့်မိသည်။ သူသည် အထွက်အထိပ်ထိ ပွင့်လန်းနေသော အစိမ်းရောင်ဇီးပန်းဟု အဓိပ္ပာယ်ရသည့် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို ကြည့်လိုက်မိပါသည်။ သူက ပြုံးပြီး ပြောလိုက်သည် "မာနကြီးတဲ့ မင်းရဲ့အကျင့်စရိုက်ကြောင့်သာ၊ မဟုတ်ရင် ဒီနာမည်က မင်းနဲ့ ထိုက်တန်နေမှာပါ"
ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးသည် ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။ သူမသည် နှုတ်ခမ်းဆူကာ ပြောလိုက်သည် " နင် လူတစ်ယောက်ကို ချီးမွမ်းတာက ဘယ်လိုချည်းလဲ"။
"ငါက မင်းကို ချီးကျူးစကား ပြောမိလိုက်တာလား" ချင်ယွင်သည် ခါးသီးစွာဖြင့် ရယ်မောလိုက်မိပါသည်။
"နင်" နင်ရှင်း ဒေါသ ထွက်သွားပြန်သည်။
ဤကောင်၏ပါးစပ်ပေါက်သည် တကယ်ကို ပေါစားဆန်းလွန်သည်ကို သူမ သဘောပေါက်လိုက်ပါပြီ။ အကယ်၍ သူမပတ်ဝန်းကျင်မှာ အစီအရင်ဝင်္ကပါတစ်ခု ရှိနေမှာကိုသာ စိုးကြောက်နေခြင်းမဟုတ်လျှင် သူမသည် ဤကောင်ကို ရှစ်ပိုင်း ပိုင်းဖြတ်ပြီး ငါးတွေကို အစာကျွေးရန်အတွက် ပင်လယ်ထဲ ပစ်ချဖို့ပင် ဆန္ဒရှိနေပါသည်။
ထိုအချိန်တွင် ချင်ယွင်သည် နင်ရှင်း နှင့် စကားများရန်ဖြစ်ခြင်း မပြုတော့ပေ။ ယင်းအစား သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရူလိုက်သည်။
ပြဿနာတစ်ခုကို သူရှာဖွေတွေ့ရှိခဲ့ပါသည်။ နင်ရှင်း ခန်းမထဲကို ယခုလေးတင် ဝင်လာခဲ့သော လမ်းကြောင်းသည် သူဝင်လာသည့် လမ်းကြောင်းနှင့် မတူပါဘူး။ တစ်နည်းအားဖြင့်ဆိုရသော် ဒုတိယထပ်ရှိ ခန်းမထဲသို့ဝင်ပေါက်သည် တစ်ခုထက်မက ရှိနေရမည်။
ထိုသို့ဆိုလျှင် ခန်းမကိုးခန်းသည် လမ်းကြောင်းတစ်ခုတည်းဖြင့် ချိတ်ဆက်ထားခြင်းမျိုး မဖြစ်သင့်တော့ပေ။ တတိယထပ်သို့ ဝင်ပေါက်သည် နောက်ဆုံးခန်းမ၌ ရှိနေခြင်း မျိုးလည်း မဟုတ်နိုင်တော့ပေ။ အခန်းကိုးခန်းထဲမှ တစ်ခန်းခန်းမှာ ရှိနေနိုင်သလို သူတို့သည်လည်း ခန်းမတစ်ခုတည်းတွင် နှစ်ယောက် သို့မဟုတ် သုံးယောက် ရှိနေနိုင်ဖွယ်ရှိသည်။
မည်သည့်အခန်းလဲဆိုသည်မှာတော့ ကံတရားပေါ်မှာ မူတည်ပါလိမ့်မည်။
တတိယထပ် မြေအောက်ခန်းမသို့ ဝင်ပေါက်သည် သူတို့ရောက်နေသည့် လက်ရှိခန်းမ၌ မရှိကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် သူသည် တတိယထပ် မြေအောက်ခန်းမသို့ ဝင်လိုပါက နောက်တစ်ခန်းသို့ ဝင်ရမည် ဖြစ်ပါသည်။
နံရံလေးဘက်လုံးတွင် တံခါးများ ရှိပါသည်။ ချင်ယွင်သည် တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဤတို့အထဲမှ တစ်ပေါက်ကို နောက်ခန်းမဝင်ပေါက်ဖြစ်သင့်သည်ဟု ဆုံးဖြတ်လိုက်ပါသည်။
"နောက်ခန်းကို သွားရအောင်။" ချင်ယွင်က နင်ရှင်းကို ပြောလိုက်ပါသည်။
နင်ရှင်းသည် ခေါင်းညိတ်ပြပြီး ချင်ယွင်၏နောက်ကို ဂရုတစိုက် လိုက်ပါသွားခဲ့သည်။
သို့သော် ချင်ယွင်သည် နောက်ခန်းမတံခါးဝသို့ ဝင်ခါနီးတွင် လူတစ်ဦးသည် ရုတ်တရက် အဝေးမှ ပြေးလာသည်။
ထိုလူကို ချင်ယွင်မြင်သောအခါ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။ ဤလူသည် သူတို့နဂါးကောင်းကင်နန်းတော်၏ တပ်မှူးဂေါ့ရှန်းမှ လွဲ၍ အခြားသူ မဟုတ်ပေ။
"တပ်မှူးလင်းယွင်၊ ဒါဆို မင်း မသေသေးဘူးပေါ့။ မင်းကို တွေ့ရတာ အရမ်းကောင်း တာပဲ။" တပ်မှူးဂေါ့ရှန်းသည် ချင်ယွင် ကိုမြင်သောအခါ အသိအကျွမ်းဟောင်း တစ်ဦးကို မြင်လိုက်ရသကဲ့သို့ ဝမ်းသာသွားသည်။
ထိုစကားကို ကြားလိုက်ရလျှင် ချင်ယွင်၏ မျက်ခုံးတွေက ပို၍ပင် တွန့်သွားမိသည်။ ဂေါ့ရှန်းသည် ဤနေရာသို့ မလာရောက်ခင်မှာ သူနှင့် ပဋိပက္ခ ဖြစ်ခဲ့ဖူးသည်။ သူတို့နှစ်ဦးသည် တူညီသော အင်အားစုကြီးတစ်ခု၏ လက်အောက်တွင်ရှိ ကြနေသော်လည်း အမှန်တကယ်တော့ တစ်ယောက်နှင့်တစ်ယောက် သီးခြား ပြတ်စဲထားပြီး ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် ဂေါ့ရှန်းသည် ထိုကဲ့သို့ စိတ်အားထက်သန်မှုမျိုး ပြသလာသည်ကို မြင်လျှင် အလွန်ထူးဆန်းသလို ခံစားလိုက်ရသည်။
သို့သော် ဂေါ့ရှန်းကို စိုက်ကြည့်လိုက်သည့်အခါ သူသည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပါပြီ။
ဂေါ့ရှန်း၏အနေထားက အလွန်စိတ်မချမ်းသားစရာ အခြေအနေမျိုး ဖြစ်နေပါသည်။ သူ၏အဝတ်အစားတွေက နေရာတော်တော်များများမှာ စုတ်ပြဲနေပြီး သူ၏ ခန္ဓာကိုယ် နေရာတော်တော်များများမှာ ဒဏ်ရာရထားပါသည်။ သူ၏ဆံပင်တွေတောင် နည်းနည်း ရှုပ်ပွနေသည်။ သူသည် ဤနေရာကို ရောက်မလာခင်မှာ ကြီးမားသည့် ဆုံးရှုံးမှုကြီး တစ်ခုကို ခံစားခဲ့ရသည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် မိုးကြိုးသတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါကို ကျော်ဖြတ်ခဲ့သည်။ ထို့ကြောင့် ဂေါ့ရှန်းသည် သူ့ကို အစီအရင်ဝင်္ကပါပညာရပ်တွင် ကျွမ်းကျင်သည်ဟု ထင်မြင်သွားခဲ့ သည်။ အန္တရာယ်များ ပြည့်နှက်နေသော ဤလှိုဏ်ဂူထဲတွင် ချင်ယွင်၏ နောက်ကို လိုက်ခြင်းသည် အလုံခြုံဆုံး ဖြစ်မည်မှာ သေချာပါသည်။
ထို့ကြောင့် ဂေါ့ရှန်းသည် ချင်ယွင်ကိုမြင်သောအခါ ချိုသာသော အပြုံးဖြင့် ချက်ချင်း နှုတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။
ချင်ယွင်သည် သူ၏စိတ်ထဲမှာ အေးစက်စွာ ပြုံးလိုက်မိသည်။ ဤဂေါ့ရှန်း၏ အရေပြားသည် တကယ်ကို ထူလှပါသည်။ သူသည် ယခင်က ချင်ယွင်ကို အကြိမ်ဖန်များစွာ လှောင်ပြောင်ခဲ့ဖူးသော်လည်း ယခုတော့ သူသည် အရှက်ကင်းမဲ့ ပုံပေါ်သည်။
သို့သော်လည်း ချင်ယွင်သည် ဂေါ့ရှန်းနှင့် အတူတူရှိနေသောကြောင့် သူ့အတွက် အခက်အခဲ မရှိခဲ့ပါဘူး။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် တဖက်တည်းတွင် အတူတူရှိနေသောကြောင့် ဖြစ်ပါသည်။ သူလမ်းမှား မလျှောက်လှမ်းသရွေ့ သူသည် သူ့ကို နာကျင်အောင်မလုပ်ဘဲ သူ့နောက်မှ လိုက်ခွင့်ပြုမည် ဖြစ်ပါသည်။
ချင်ယွင်က သူ့နောက်ကို လိုက်ခွင့်ပြုသည်ကို မြင်လျှင် ဂေါ့ရှန်းသည် ချက်ချင်းပဲ မျက်နှာလိုမျက်နှာရ ပြုံးပြပြီး ချင်ယွင်နောက်ကို လိုက်ပါသွားခဲ့သည်။
ထို့ကြောင့် သူတို့သုံးယောက်သည် နောက်ခန်းဆီသို့ လျှောက်သွားကြသည်။ သို့သော် သူတို့ ခန်းမထဲသို့ ဝင်လိုက်သောအခါ သူတို့ရှေ့မှ မြင်ကွင်းက သူတို့ကို မှင်သက်ပြီး အံ့အားသင့်သွားစေခဲ့ပါသည်။
အခန်း (၄၈၂) မဟူရာသတ္တုတုတ်။
“ဘုန်း”။
ရွှေရောင်အနှစ်သာရ လက်သီးချက်သည် မန်ယု၏ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားစဉ် ရွှေရောင်အလင်းတန်းတစ်ခုက ပျံ့နှံ့ ထွက်ပေါ်လာသည်။
မန်ယုသည် ချက်ချင်း နောက်ပြန် လွင့်ထွက်သွားခဲ့ပြီး သူ၏နောက်မှ ခန်းမနံရံကို တိုက်ရိုက် ပစ်ဝင်တိုက်သွားသည်။ ခန်းမနံရံတစ်ခုလုံးသည် ချက်ခြင်းပင် အစိတ်စိတ် မြွာမြွာကွဲသွားပြီး ချိုးခွက်ဝင်သွားကာ ပင့်ကူမျှင်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
“ဖူး…..”.။
မန်ယု၏ ရင်ဘတ်သည် ချိုင့်ဝင်သွားခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကျ သွားကာ ကျင်းယွန်ကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများသည် နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။ သူ၏တစ်ကိုယ်လုံး တုန်ခါသွားပြီး ပါးစပ်ထဲမှ သွေးများကို မထိန်းနိုင်ဘဲ ထွေးထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများသည် သေလုနီးပါး ဖြစ်သည်အထိ ပြင်းထန်သည်မှာ သိသာလှပါသည်။
ထိုမြင်ကွင်းကို ချင်ယွင် နှင့် ခန်းမထဲသို့ ဝင်ရောက်လာကြသော ကျန်နှစ်ယောက်သည် မြင်တွေ့ခဲ့ရပြီး သူတို့၏ မျက်နှာများသည် ထိတ်လန့် တုန်လှုပ်သွားကြသည်။
ချင်ယွင်၏ မျက်နှာသည်လည်း အံ့သြမှုများနှင့် ပြည့်နှက်နေသည်။ ခန်းမထဲကို ဝင်လိုက်သည်နှင့် ယခုလို ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ တိုက်ခိုက်ရာမှာ အဓိက အရေးအကြီးဆုံး ပုဂ္ဂိုလ်က ကျင်းယွန် ဖြစ်နေပါသည်။
"ဦးလေးမန်ယု!"
ကျင်းယွန်ကြောင့် မန်ယု ဒဏ်ရာရသွားသည်ကို နင်ရှင်း မြင်သောအခါတွင် သူမ၏ မျက်နှာသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာ ပေါ်လာပါသည်။ သူမသည် အော်ခေါ်ပြီး မန်ယုဆီသို့ ပြေးသွားခဲ့ပါသည်။
"မင်းသမီးလေးလား?" ပြေးဝင်လာသူကို မြင်သောအခါ မန်ယုသည် အံ့အားသင့်သွားပြီး အလောတကြီး အော်ပြောလိုက်ပါသည် "မြန်မြန် မင်းသမီးလေး၊ ဒီနေရာကနေ မြန်မြန် ထွက်သွားတော့..."။
ကျင်းယွန်သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်လုံးတွေက အထင်အမြင်သေးမှုတွေ ပြည့်နှက်နေပါသည်။ ချင်ယွင်နှင့် အခြားသူများ၏ ရောက်ရှိလာမူသည် သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့ပါသည်။ သို့သော် သုံးယောက်စလုံး စင်မြင့်ထက်သို့ တက်ရောက်နိုင်သော ခွန်အားမျိုး ပိုင်ဆိုင်ထားခြင်း မရှိသည်ကို သူ မြင်လိုက်ရသောအခါတွင် သူ၏ ပါးစပ်ထောင့်မှ လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့ပြန်သည်။
"ထွက်သွားမယ်။ ဘယ်ကို ထွက်သွားမှာလဲ၊ မင်းတို့ ဒီကိုရောက်လာပြီဆိုမှတော့ ဒီနေ့ ဘယ်သူမှ မထွက်သွားနိုင်တော့ဘူး။" ကျင်းယွန်က ပြုံးပြီး ချင်ယွင်နှင့် တခြားသူတွေကို ကြည့်လိုက်ပါသည်။ အဆုံးတွင်၊ သူသည် သူ၏အကြည့်ကို ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ရပ်လိုက်ပြီး အဓိပ္ပါယ်ရှိသော အပြုံးတစ်ချက်ကို ထုတ်ဖော်လိုက်ပါသည်။
ချင်ယွင်၏မျက်နှာသည် လေးနက်သည့် အရိပ်အယောင် ချက်ချင်း ထွက်ပေါ်လာသည်။ ကျင်းယွန်သည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ ချင်ယွင်၏ လက်ရှိစွမ်းအားဖြင့် ကျင်းယွန်နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်ရှိ မန်ယုသည်ပင် သူ့အတွက် ပြိုင်ဘက် မဟုတ်နိုင်ခဲ့ပေ။
သို့သော် ချင်ယွင်သည် မန်ယုနှင့် ကျင်းယွန်တို့ အဘယ်ကြောင့် ရုတ်တရက် တိုက်ခိုက် နေရသည်ကို အလွန် သိချင်နေခဲ့ပါသည်။
ခန်းမရှေ့ညာဘက်, တစ်မီတာကျယ်ဝန်းသော လေးထောင့်ရေကန် တစ်ခုက ချင်ယွင်၏အကြည့်ကို ရုတ်တရက် စွဲဆောင်သွားခဲ့ပါသည်။ ရေကန်မှာ ရေတွေနှင့် ပြည့်နေပါသည်။ သို့သော် ထိုရေသည် အနည်းငယ် ထူးခြားနေပါသည်။ ၎င်းသည် အမှန်တကယ် ရွှေဝါရောင်ဖြစ်ပြီး ၎င်းသည် ရွှေအရည်နှင့် ပေါင်းစပ်ထားသည့်အလား သတ္တုရောင် လက္ခဏာများကို သယ်ဆောင်ထားပါသည်။
"ရွှေအနှစ်သာရအရည်လား?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။
ရွှေအနှစ်သာရအရည်သည် အလွန်ရှားပါးသော သတ္တုရည် ဖြစ်ပါသည်။ အင်မော်တယ် အဆင့် ပစ္စည်းများကို သန့်စင်ရန်အတွက်သာမက ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် လည်း အသုံးပြုနိုင်ပါသည်။ လူတစ်ယောက်သည် ရွှေအနှစ်သာရ အရည်ကို စုပ်ယူနိုင် သည်နှင့် ထိုလူ၏ခန္ဓာကိုယ်သည် ကြီးကြီးမားမား ကြံ့ခိုင်လာပါလိမ့်မည်။ ထိုလူ၏ ခန္ဓာကိုယ်သည် တွန်းလှန်၍မရသော စိန်ခန္ဓာကိုယ်အလား မာကြောလာပါလိမ့်မည်။
ဤသည်မှာ ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူတိုင်း အိပ်မက်မက်ခဲ့ရသော အရာဖြစ်ပါသည်။ ရေကန်တစ်ခုလုံး မဆိုထားနှင့် အင်မော်တယ်ကမ္ဘာမှာတောင် ရွှေအနှစ်သာရ တစ်တေးလ်သည်ပင် အလွန်မြင့်မားသည့်ဈေးနှုန်းကို ပေးရပါလိမ့်မည်။ (tael-ဟူသည် အလေးချိန်ကိုရည်ညွှန်းသည့် စကားလုံးဖြစ်ပါသည်။)
ဟုတ်ပါသည်။ ချင်ယွင်ကို အံ့အားသင့်စေသည်က ထိုရွှေအနှစ်သာရ သက်သက် ကြောင့်တင် မဟုတ်ခဲ့ပါဘူး။ ထိုရေကန်ထဲမှာ စိုက်ဝင်နေသည့် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသော မဟူရာသတ္တု တုတ်တစ်ချောင်း လည်း ရှိနေပါသည်။
"အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခုလား?" ချင်ယွင် အံ့သြသွားသည်။
သေမျိုးကမ္ဘာတွင် အင်မော်တယ်အဆင့် ပစ္စည်းများစွာ ရှိကြသော်လည်း၊ အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းများမှာ အလွန်နည်းပါးလှပါသည်။ အကယ်၍ ရှိခဲ့သည်ဆိုလျှင်ပင်၊ ၎င်းတို့သည် များသောအားဖြင့် ဓားပုံစံ သို့မဟုတ် ဆေဘာပုံစံများ ဖြစ်ကြပါသည်။ တုတ်ချောင်းပုံစံ အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းအမျိုးအစားကို အသာထား၊ လှံပုံစံအင်မော်တယ်အဆင့် ပစ္စည်းများသည်ပင် ရှားပါးလှပါသည်။
အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းများနှင့် အင်မော်တယ်အဆင့် ပစ္စည်းများ ကြားတွင် အရည်အသွေး ကွာခြားမှု ရှိရုံသာမက၊ အရေးအကြီးဆုံးမှာ အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းများတွင် ပစ္စည်းဝိညာဉ်များ ပါရှိကြပါသည်။
ချင်ယွင်သည် တစ်ချိန်တုန်းက လေစွမ်းရည်အမျိုးအစား ဓားဝိညာဉ်တစ်ခုကို ရရှိခဲ့ဖူးသော်လည်း သူသည် ၎င်းနှင့် မည့်သည့်အခါမျှ ပေါင်းစပ်ထားခြင်း မရှိခဲ့ပေ။ ယခုအခါတွင် အမှန်တကယ် တုတ်ချောင်းအမျိုးစားဖြစ်သော အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းတစ်ခု ရှိနေပြီ ဖြစ်ပါသည်။
အမှန်တကယ်တော့၊ ကိုင်ဆောင်ထားကြသော လူများ၏ အဆင့်တန်းပေါ်မူတည်ပြီး အင်မော်တယ်အဆင့် ပစ္စည်းများ၏ စွမ်းအားသည်လည်း ကွဲပြားကြပါသည်။ ဤသာမန်ကျင့်ကြံသူများသည် အင်မော်တယ်အဆင့် ပစ္စည်းများကို အသုံးချနိုင်ကြ သော်လည်း၊ ၎င်းတို့၏ ခန္ဓာကိုယ်တွင် အင်မော်တယ်စွမ်းအင်များ မရှိသောကြောင့် သူတို့သည် အင်မော်တယ်အဆင့် ပစ္စည်းများ၏ စစ်မှန်သော စွမ်းအားကို အမှန်တကယ် ထုတ်ဖော် အသုံးပြုနိုင်စွမ်း မရှိကြပါဘူး။
ချင်ယွင်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိဖူးသူ တစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် သူသည် အင်မော်တယ်အဆင့် ပစ္စည်းများနှင့် ပတ်သက်ပြီး အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ လက်ထဲရှိ အင်မော်တယ်အဆင့်ပစ္စည်းနှင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ လက်ထဲရှိ အင်မော်တယ်အဆင့်ပစ္စည်းတို့အကြား လုံးဝ မတူကွဲပြားသော စွမ်းအားနှစ်ခုရှိနေသည်ကို ကောင်းကောင်း သိထားပါသည်။ အင်မော်တယ် အသွင်ကူး ပြောင်းခြင်းနယ်ပယ်၏ အစစ်အမှန် အနှစ်သာရသည် အရည်အသွေးအရ အင်မော်တယ် စွမ်းအင်ထက် အဆပေါင်းများစွာ နိမ့်ကျနေပါသေးသည်။
ပြောစရာမလိုအောင်ပင်၊ အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုသည် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထား သည်မှာ သေချာပါသည်။
"ဒီမဟူရာသတ္တုတုတ်ကို ရအောင်ယူရမယ်။" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း ပင် တောက်ပသော အလင်းရောင်ဖြင့် ဝင်းလက်သွားခဲ့ပါသည်။
ရှောင်ကျင်း၊ ရှောင်ဘိုင်တို့နှင့်အတူ သူသည် တစ်ချိန်က စကားပြောခဲ့ဖူးပြီး သူတို့ လူသားအသွင် ပြောင်းလဲနိုင်သောအခါတွင် ၎င်းတို့အား လက်နက်တစ်ခုစီ ပေးမည်ဟု ပြောခဲ့ဖူးသည်။ ထိုအချိန်တုန်းက ရှောင်ကျင်းသည် တုတ်ပုံစံလက်နက်ကို လိုချင်ကြောင်း အကြံပြုခဲ့ပြီး ရှောင်ဘိုင်သည် ဓားတိုနှစ်ချောင်း လိုအပ်သည်ဟု ပြောခဲ့ဖူးပါသည်။
ယခုအချိန်တွင် သူ၏ရှေ့မှာရှိနေသော မဟူရာသတ္တုတုတ်သည် ရှောင်ကျင်းအတွက် ပြီးပြည့်စုံပါသည်။ ၎င်းမှ ထုတ်လွှတ်သော သတ္တုစွမ်းအင်သည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ရှောင်ကျင်းသည် ဤတုတ်ကိုမြင်လျှင် သဘောကျမည်ဟု သူ ယုံကြည်ပါသည်။
သို့သော်လည်း ပြဿနာရှိနေသည်မှာ ခန်းမထဲတွင် ကျင်းယွန်ရှိနေပြီး ဤကျင်းယွန် သည် မဟူရာသတ္တုတုတ်ကို ကြည့်နေစဉ်မှာ သူ၏မျက်လုံးများတွင် ဖြစ်ပေါ်လာသည့် လောဘမီးလျှံများကို ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။
အမှန်တကယ်ဆို၊ ချင်ယွင်၏ ခန့်မှန်းချက်သည် မှန်ကန်ပါသည်။ မန်ယုသည် ခန်းမထဲတွင် မဟူရာသတ္တုတုတ်ကို မြင်သောအခါတွင် မဟူရာသတ္တုတုတ်သည် ထူးထူးခြားခြား ဖြစ်နေကြောင်း သူသည် ချက်ချင်း ခံစားမိလိမ့်မည်။ ထို့ကြောင့် သိမ်းဆည်းချင်ခဲ့သည်။
သို့သော် ကျင်းယွန်သည် ဤခန်းမထဲသို့ သူ၏နောက်မှ ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ကျင်းယွန်သည် မူလကတည်းက သတ္တုစွမ်းရည် သဘောတရားကို ဖြစ်သည်။ ထို့ကြောင့် သူသည် သတ္တုစွမ်းအင်ကို သဘာဝအားဖြင့် ပို၍ အာရုံခံစားနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် မဟူရာသတ္တုတုတ်ကို မြင်သောအခါ သူ၏မျက်လုံးများသည် ပြင်းထန်သော လောဘမီးလျှံကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် မန်ယုက မဟူရာသတ္တုတုတ်ကို ရယူလိုကြောင်းကို သူမြင်သောအခါတွင် ချက်ချင်းပင် သတ်ပစ်ရန် ကြံရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သူသည် ချက်ချင်း လှုပ်ရှားပြီး မန်ယုနှင့် တိုက်ခိုက်ခဲ့သည်။
မန်ယုသည် ကျင်းယွန်၏ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့ကြောင့် သိုင်းသုံးကွက်အတွင်းမှာ မန်ယုသည် တိုက်ရိုက် ရှုံးနိမ့်သွားခဲ့သည်။ အထူးသဖြင့် မန်ယု၏ အတွင်းအင်္ဂါ အစိတ်အပိုင်းများ အစိတ်စိတ်မြွာမြွာ ကွဲကြေလုနီးပါး ဖြစ်သွားစေခဲ့သည့် နောက်ဆုံး လက်သီးချက်ဖြစ်ပြီး၊ ဤမြင်ကွင်းကို ချင်ယွင်နှင့်အတူ ပင်မခန်းမအတွင်းသို့ အလျှင်အမြန် ပြေးဝင်လာကြသော အခြားသူများက မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါသည်။
"ကျင်းယွန်၊ နင်က မန်ယုကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဖို့ သတ္တိရှိတယ်ပေါ့။ ငါ့ကို ယုံလား၊ ငါပြန်သွားရောက်တာနဲ့ နင့်ကိုသတ်ဖို့ ငါ့အဖေကို ပြောမယ်" နင်ရှင်းက ဒေါသတကြီး အော်လိုက်သည်။ သူမသည် ယခုလက်ရှိ သူမရှေ့က အခြေအနေတွေကို သတိမထားမိခဲ့သည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ၊ သူသည် သူ၏စိတ်ထဲမှာ ကျိန်ဆဲလိုက် မိပါသည်။ "ဒီမိန်းကလေးက အရမ်းကို တုံးအလွန်းတာပဲ။ ဒါက ကျင်းယွန်က သူမကို သတ်ချင်အောင် သေချာပေါက် လုပ်နေတာ မဟုတ်ဘူးလား"။
ဟုတ်ပါသည်။ ကျင်းယွန်၏ မျက်လုံးတွေက ချက်ချင်း ကျဉ်းမြောင်းသွားခဲ့ပါသည်။ ယခုလေးတင် သူသည် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးကို သတ်သင့် မသတ်သင့် တွေးနေမိသေးသည်။ သို့သော်လည်း နင်ရှင်က ထိုစကားများကို ပြောပြီးသည်နှင့် သတ်ပစ်လိုသည့် အရိပ်အယောင်သည် သူ၏နှလုံးသားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့ပါသည်။
"မင်းအဖေနဲ့ ငါ့ကို သတ်ခိုင်းမှာလား၊ ဒါဆိုလည်း မင်း အသက်ရှင်လျှက် ထွက်သွားနိုင်မှ ရမယ်" ကျင်းယွန်က ရယ်မောလိုက်ပြီး သူ၏မျက်လုံးတွေမှာ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေပါသည်။
"နင် ငါ့ကို သတ်ချင်နေတာလား။ တကယ်လို့ နင် ငါ့ကိုသတ်မယ်ဆိုရင် ငါ့အဖေက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး" သူမကိုသတ်ရန် ကျင်းယွန်ကို ဆွဲဆောင်မိ သွားကြောင်း နင်ရှင်း မြင်လိုက်ရသည့်အခါ သူမသည် ထိတ်လန့်ကြောက်ရွံ့သွားပြီး ကမန်းကတန်း ပြောလိုက်ပါသည်။
"ဟမ့်၊ ငါက အခု ဒီလှိုဏ်ဂူထဲမှာ ရောက်နေတာလေ။ တကယ်လို့ မင်းကို သတ်လိုက်ရင်တောင် ဘယ်သူက သိမှာလဲ။ နဂါးကောင်းကင်နန်းတော်က မင်းကို သတ်တာပါလို့ ငါ အခိုင်အမာ ပြောလိုက်တာနဲ့ မင်းအဖေက ငါ့ခေါင်းကို ရှာတွေ့နိုင်မှာတဲ့လား။" ကျင်းယွန်က ရယ်လိုက်ပြီး နင်ရှင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
နင်ရှင်းသည် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာသည် ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူမ၏သေးသွယ် ကျစ်လစ်လှပသော ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ဒဏ်ရာပြင်းထန်စွာရပြီး သေလုဆဲဆဲဖြစ်နေသော မန်ယုက သူ၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ခိုင်မာသောအကြည့်ဖြင့် ကြည့်ရင်း အော်ပြော လိုက်ပါသည် "မင်းသမီး၊ ထွက်ပြေးပါ”။
ထိုစကားကိုပြောပြီးနောက် သူသည် ကျင်းယွန်ဆီသို့ ရဲဝံ့ပြတ်သားစွာဖြင့် ပြေးသွားခဲ့သည်။
အခန်း(၄၈၃) ဂေါ့ရှန်း သစ္စာဖောက်ခြင်း။
“ဟမ့်၊ ကိုယ့်ခွန်အားကို ဘယ်လိုတိုင်းတာရမှန်း မသိတဲ့ကောင်ကများ”။
ကျင်းယွန်သည် သူ့ဆီသို့ ပြေးလာနေသော မန်ယုကို သူ၏မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပါသည်။
သူ၏အထွတ်အထိပ်အခြေအနေမှာတောင် မန်ယုသည် သူ့အတွက် ပြိုင်ဘက် မဟုတ်နိုင်ပါဘူး။ ယခုလို သူ ဒဏ်ရာအပြင်းအထန် ရနေချိန်မှာဆို သူ့အတွက် ပြိုင်ဘက်က ပို၍ပင် မဖြစ်နိုင်တော့ပါဘူး။
“ဖူး…”။
ရွှေဓားသည် မန်ယု၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖြတ်သွားခဲ့ပါသည်။
“အား….”။
မန်ယုသည် ချက်ချင်းပင် ပါးစပ်ထဲမှ သွေးများ ထွက်လာပြီး သူ၏သူငယ်အိမ်များက ပြူးကျယ်သွားကာ သူ၏အကြည့်တွေက တဖြည်းဖြည်း အသက်မဲ့ပြီး ကွယ်ပျောက် သွားခဲ့ပါသည်။
ထွက်ပြေးရန် ခြေလှမ်းစနေပြီဖြစ်သော နင်ရှင်းသည် အံ့အားသင့်သွားသည်။ သူမသည် အဝေးမှာ ထွက်သက်တစ်ချက်သာ ကျန်ရှိတော့သော မန်ယုကိုကြည့်လိုက်ရင်း သူမ၏မျက်နှာသည် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သော အမူအရာ ပေါ်လွင်နေ ပါသည်။
"ဦးလေးမန်ယု……..!"
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် နင်ရှင်းသည် တုန့်ပြန်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမပါးစပ်ကို ဖွင့်လိုက်ပါသည်။
မန်ယုသည် နင်ရှင်း၏ အော်ခေါ်သံကို ကြားသောအခါ သူ၏ နောက်ဆုံးထွက်သက်ကို အသုံးပြုပြီး "မြန်မြန်...ပြေး..." ဟု အော်ပြောလိုက်ပါသည်။
သူ၏စကားပြီးဆုံးသည်နှင့် သူ၏လက်မောင်းသည် ပြုတ်ကျသွားခဲ့ပြီး အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ရပါပြီ။
နင်ရှင်းသည် အကြောသေသွားသည့်အလား မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး သူမ၏ မျက်လုံးများက အသိစိတ်ကင်းမဲ့သလို ဖြစ်နေပါသည်။
ဤကမ္ဘာကြီးထဲမှာ ဤကောင်မလေး၏ ပါဝင်ပတ်သက်မှုသည် အတွေ့ကြုံ နည်းပါး လွန်းလှသည်။ ယခုလို ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းမျိုးကို သူမသည် တစ်ခါမှ မမြင်ဖူးသေးပါဘူး။ ထို့ကြောင့် ရုတ်တရက် ယခုလို အခြေအနေမျိုး ကြုံတွေ့လာ ရသည့်အခါ သူမသည် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့ပါသည်။
ကျင်းယွန်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်မောင်းကို မန်ယု၏အလောင်းထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် မန်ယု၏အလောင်းကို မြေပြင်ပေါ်သို့ တွန်းချလိုက်ပြီး နင်ရှင်းအား အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။
နင်ရှင်းသည် ကျင်းယွန်က သူမကို ကြည့်လာသည်ကို မြင်လျှင် သူမ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပါသည်။ သူမသည် နောက်ပြန်ဆုတ်နေရင်း သူမ၏မျက်လုံးများတွင် ပြင်းထန်သော ကြောက်ရွံ့မှုက ထင်ရှားပေါ်လွင်နေပါသည်။ သို့သော် သူမနောက်တွင် တံတိုင်းကြီးရှိနေခဲ့ပြီး သူမသည် နောက်ဆုတ်ရန် နေရာမရှိတော့ပေ။
ကျင်းယွန်သည် နင်ရှင်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာနေကာ သူ၏မျက်လုံးများသည် ဆော့ကစားလို့သည့် အရိပ်ယောင်နှင့်အတူ သတ်ပစ်လို စိတ်များ သယ်ဆောင်လာနေသည်။
"နင်...နင် ငါ့ကို မသတ်နိုင်ဘူးနော်။ ငါ….ငါ့အဖေက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး" နင်ရှင်းသည် ထိတ်လန့်တကြားပြောပြီး သူ၏မျက်နှာတွင် ကြောက်ရွံ့မှုတွေ ပြည့်နှက်နေသည်။
ကျင်းယွန်က လှောင်ပြောင် ရယ်မောလိုက်ပါသည်။ ဤကောင်မလေး၏ စကားတွေကို တုန့်ပြန်ပြောရန်ပင် သူ ပျင်းလွန်းလှသည်။ သူသည် အလွန်လျင်မြန်စွာ နင်ရှင်း အနားသို့ လျှောက်သွားသည်။ သူ၏လက်ဖဝါးပေါ်မှ ရွှေရောင်အလင်းတန်းများ လင်းလက်တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ထက်ရှသော စွမ်းအင် အတက်အကျလှိုင်းများ ထွက်ပေါ်နေပါသည်။
"ငရဲကိုသွားလိုက်တော့!" ခက်ထန်သော အပြုံးတစ်ခုက ကျင်းယွန်၏ ပါးစပ်ထောင့်မှ ထွက်ပေါ်လာပြီး သူ၏လက်ဖဝါးပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး နင်ရှင်း၏ လည်ပင်းဆီသို့ ခုတ်ပိုင်းသွားသည်။
ရွှေရောင်အလင်းတန်းသည် သေမင်း၏ တံဇဉ်ကောက်ချိတ်ကဲ့သို့ လေထုကိုဖြတ်ပြီး လျှပ်တပြက် ပြေးဝင်သွားခဲ့သည်။
နင်ရှင်း၏ မျက်လုံးများသည် အကြောက်လွန်နေပြီး ခုခံရန်ပင် မေ့လျော့သွားခဲ့သည်။
သို့သော်လည်း ကျင်းယွန်၏ဓားသည် နင်ရှင်း၏ဦးခေါင်းကို ဖြတ်ခါနီးတွင် ကျင်းယွန်၏ အနားတွင် အနှိုင်းမဲ့ ထက်ရှသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ကျင်းယွန်ဆီသို့ ခုတ်ပိုင်းသွားသည်။
ကျင်းယွန်သည် သူ၏ လက်ဖဝါးဆေဘာကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ပြီး ထက်ရှသော ဓားတိုက်ခိုက်မူကို ရှောင်တိမ်းရန်အတွက် အလျင်အမြန် ဆုတ်ခွာပြီး နောက် သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အကယ်၍ သူသည် အစောပိုင်းက ဧရာမဝေလငါးနန်းတော်၏ မင်းသမီးငယ်လေးကို သတ်ပစ်ရန် အတင်းအကြပ် ကြိုးစားခဲ့မည်ဆိုလျှင်၊ သူကို စောင့်ကြိုနေသော အရာသည် ထက်ရှသော ဓားအလင်း၏ ဖြတ်တောက်သွားခြင်း ဖြစ်ပေလိမ့်မည်။
ကျင်းယွန်သည် ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေး၏ အသက်နှင့် သူ၏အသက်ကို လဲလှယ်ရန် မည်သို့ ဆန္ဒရှိနိုင်မည်နည်း။ ထို့ကြောင့် သူသည် တုန့်ဆိုင်းခြင်းမရှိ ရပ်တန့်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။
ကျင်းယွန်သည် အဝေးသို့ ဆုတ်သွားပြီး ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ရုပ်အသွင်အပြင်ကို ကြည့်လိုက်ပါသည်။ သူ၏မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် အရိပ်အယောင် ပေါ်လာပါသည်။
ဧရာမဝေလငါးနန်းတော်မှ မင်းသမီးလေးသည် သူမကို ကျောပေးထားသည့် ရုပ်အသွင်အပြင်ကို နောက်ကွယ်မှ ကြည့်ရင်း သူမ၏ မျက်လုံးများသည် ဖော်ပြ၍ မရသည့် အံ့ဩသွားသည့် အမူအရာ ပေါ်လာပါသည်။
မူလက သူမသည် လုံးဝ စိတ်ပျက်အားငယ်နေခဲ့ပြီး သူမ လုံး ဝသေသွားပြီဟု တွေးထင်ထားချိန်မှာ မထင်မှတ်ထားသော ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာခဲ့ပြီး သူမ၏အသက်ကို ကယ်တင်ခဲ့သည်။
"လင်... လင်းယွင်လား?" နင်ရှင်းက ချင်ယွင်၏ နောက်ကျောကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း ပြောလိုက်ပါသည်။
ချင်ယွင်သည် သူ၏နောက်ကျောဘက်မှ ဧရာမဝေလငါးနန်းတော်၏ မင်းသမီးလေးက သူ၏နာမည်ခေါ်သံကို ကြားသောအခါ ချက်ချင်း လှည့်ကြည့်ပြီး ခါးခါးသီးသီး ပြုံးပြပြီး ပြောလိုက်ပါသည်။ "အထင်လွဲမနေနဲ့၊ ငါ မင်းကို တကယ်ကို မကယ်ချင်ခဲ့ဘူး။ ဒါပေမယ့် ငါ မလှုပ်ရှားဘူးဆိုရင် ဒီကောင်က မင်းကိုသတ်ပြီးရင် ငါ့ကိုလည်း ခွင့်လွှတ်မှာ မဟုတ်ဘူး"။
"ပါးစပ်ကလည်း ကြမ်းတမ်းလိုက်တာ!" နင်ရှင်းက နှုတ်ခမ်းကို တွန့်လိုက်သည်။ သူမသည် မည်မျှပင် တုံးအနေပါစေ ချင်ယွင်က သူမကို လိမ်ညာနေမှန်း သူမ သိပါသည်။ အကယ်၍ ချင်ယွင်သည် သူမအတွက် မလှုပ်ရှားပေးချင်ဘူးဆိုလျှင် သူသည် မလှုပ်ရှားဘဲ သူမကို သတ်ပစ်ပြီးသည်အထိ စောင့်နေလို့ ရပါသည်။ ထို့အပြင် ကျင်းယွန်က သူမကို သတ်နေချိန်မှလည်း ထွက်ပြေး လွတ်မြောက်နိုင်ပါသည်။
သို့သော်လည်း ချင်ယွင်သည် ထိုကဲ့သို့ မလုပ်ခဲ့ပေ။ ထို့ကြောင့် ချင်ယွင်သည် သူမအား ကယ်တင်ချင်သည်ဟု သူမ တွေးလိုက်သည်။
ဤအရာက သူမနှလုံးသားကို ထိမှန်သွားခဲ့ပါသည်။ ယခင်က သူမသည် ချင်ယွင်ကို လှောင်ပြောင်ခဲ့ဖူးသော်လည်း နောက်ဆုံးတွင် ချင်ယွင်သည် သူမကို ကယ်တင်မည့်သူ ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ကာ ခေါင်းယမ်းလိုက်ပြီး ဘာမှ ဆက်မပြောတော့ပါ။ ယခုလေးတင် သူမကို ကျင်းယွန်က တိုက်ခိုက်လာချိန်မှာ သူသည် ဤမိန်းကလေးကို သေစေလို့သည့် နှလုံးသားမရှိခဲ့ပါဘူး။ အမှန်တရားအများဆုံးကတော့ ကျင်းယွန်က လည်း သူ့ကို အလွှတ်ပေးမှာ မဟုတ်ခြင်းကြောင့်ပဲ ဖြစ်ပါသည်။
ထွက်ပြေးခြင်းနှင့် ပတ်သက်၍ ပြောရလျှင် သူသည် တခြားဘယ်ကို ပြေးနိုင်ဦး မည်နည်း။
ကျင်းယွန်က သူ့ကို သတ်ချင်နေသရွေ့ ချင်ယွင်သည် ထွက်ပြေးချင်သည် ဆိုလျှင်ပင် ထွက်ပြေး လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ကျင်းယွန်သည် ချင်ယွင်၏ ရုပ်အသွင်အပြင်ကို ကြည့်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ဤမျိုးမစစ်ကောင်သည် သူ့ကို ဆန့်ကျင်ရုံသာမက ဇီရှန်နှင့်လည်း အရမ်းကို ရင်းနှီးလွန်းပါသည်။ အခု သူ၏ကိစ္စတွေကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ပြန်သည်။ အကြွေးဟောင်းနှင့် ကြွေးအသစ်ပါ ဖြည့်စွက်၍ ယင်းက ကျင်းယွန်ကို ချက်ချင်းပင် ဒေါသ ထွက်စေခဲ့သည်။
"ကောင်လေး၊ ငါ မင်းကို အချိန်အတော်ကြာအောင် ရှင်သန်ခွင့် ပေးဦးမလို့ပဲ၊ ဒါပေမယ့် မင်းကိုယ်တိုင်က သေခြင်းတရားကို လာရှာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့။" ကျင်းယွန်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ သူ၏လက်မှ ရွှေရောင် အလင်းတန်းများ တစ်ဖန် ထွက်ပေါ်လာသည်။
ချင်ယွင်၏ အမူအရာမှာလည်း လေးနက်လာပါသည်။ သူသည် ယခုလေးတင် အလစ်ငိုက် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခု သူသည် ကျင်းယွန်ကို ကိုင်တွယ်ရန် လုံးဝ ခက်ခဲသွားပြီ ဖြစ်ပါသည်။ သို့သော် ချင်ယွင်သည် သူလှုပ်ရှားပြီဆိုကတည်းက ဤအချက်ကိုလည်း ထည့်သွင်း စဉ်းစားခဲ့ပါသည်။ သူ၏ ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲမှာ အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်သော ကျောက်ရုပ်ထုကြီး နှစ်ခုရှိနေပါ သည်။
ကျင်းယွန်က သူ့ကို တိုက်ခိုက်လာသည်နှင့် သူသည် ကျောက်ရုပ်ထုကြီးနှစ်ခုထဲက တစ်ခုကို လွှင့်ထုတ်ပစ်လို့ရပါသည်။ ထိုအချိန်ရောက်လျှင် ကျောက်ရုပ်ထုကြီးသည် ကျင်းယွန်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားနိုင်မည် ဖြစ်ပါသည်။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ မျှော်မှန်းချက်ကို ကျော်လွန်သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပါသည်။
"အကြီးအကဲကျင်း၊ အကြီးအကဲကျင်းက ကျွန်တော့်ကို မသတ်သရွေ့ အကြီးအကဲကျင်း သူ့ကိုသတ်ဖို့နဲ့ သူ့ကို အကြီးအကဲကျင်းထံ လက်မြှောက် အရှုံးပေးလာအောင် ကျွန်တော် ကူညီပေးနိုင်တယ်" ဂေါ့ရှန်းသည် ရှေ့ထွက်လာပြီး ကျင်းယွန်၏ ရှေ့မှာ ဒူးထောက်ချလိုက်သည်။
ယခုလျှို့ဝှက်ချက်ကြီးကို ထိန်းသိမ်းထားရန်အတွက် ကျင်းယွန်ကလည်း သူ့ကို သတ်ပစ်မည်မှာ သိသာထင်ရှားလှပါသည်။ အကယ်၍ သူ ထွက်ပြေးသွားမည် ဆိုလျှင်ပင် ကျင်းယွန်သည် သူ့ကို သတ်ပစ်ရန် ကြိုးစားဦးမှာ ဖြစ်ပါသည်။ သူသည် သူ့ကို သေချာပေါက် ဤှလှိုဏ်ဂူမှာ အသက်ရှင်လျက် ထားခဲ့မှာ မဟုတ်ပါဘူး။ ထို့ကြောင့် အကယ်၍ သူ အသက်ရှင်လိုသည်ဆိုလျှင် လမ်းတစ်လမ်းသာရှိပြီး ယင်းကလည်း ကျင်းယွန်နှင့် ပူးပေါင်းရန် ဖြစ်ပါသည်။
ကျင်းယွန်၏အမူအရာသည် အေးစက်နေသကဲ့သို့ မလှုပ်မရှား ဖြစ်နေသည်။
ကျင်းယွန် မတုန်မလှုပ် ဖြစ်နေသည်ကိုမြင်လျှင် ဂေါ့ရှန်းက ပြောလိုက်သည် "အကြီးအကဲကျင်း၊ အကြီးအကဲကျင်း ကျွန်တော့်ကို လွှတ်ပေးသမျှ လင်းယွင်နဲ့ ရင်ဆိုင်ရာမှာ ကျွန်တော် ကူညီပေးပါ့မယ်။ နဂါးကောင်းကင်နန်းတော်က အဖွဲ့ဝင်တွေဟာ အချင်းချင်း သတ်ဖြတ်ခွင့်မရှိဘူးဆိုတာ အကြီးအကဲကျင်းလည်း သိပါတယ်။ ကျွန်တော်က သူ့ကိုသတ်လိုက်မှန်း နဂါးကောင်းကင်နန်းတော်က ရှာတွေ့သွားတာနဲ့ သူတို့က သေချာပေါက် ကျွန်တော့်ကို ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်က နဂါးကောင်းကင်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်မို့လို့ ကျွန်တော်က အကြီးအကဲဇီနဲ့ ရင်းနှီးဖို့ ပိုလွယ်ပါတယ်။ အချိန်ရောက်တာနဲ့ ကျွန်တော်က အကြီးအကဲကျင်းကို ဇီရှန်နဲ့ ဆက်ဆံရာမှာ အကူအညီ ပေးနိုင်ပြီး အကြီးအကဲကျင်းလည်း အလှလေးကို ပြန်လည်သိမ်းပိုက်ဖို့ အခွင့်အရေး ရလာပါလိမ့်မယ်။"။
"အိုး..ဒါဆိုလည်း သူ့ကို သတ်ပစ်ဖို့ ငါ့ကို ကူညီပေးပါ" ကျင်းယွန်သည် နောက်ဆုံး စကားလုံးများကို ကြားလိုက်သောအခါ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သူသည် သူ၏လက်ထဲမှ နတ်ဆိုးအနှစ်သာရကို ရုပ်သိမ်းလိုက်ပြီး ဂေါ့ရှန်းဆီကို လှည့်ကြည့် လိုက်ပါသည်။ သူ၏မျက်လုံးများထဲတွင် ဆော့ကစားလိုသည့် အရိပ်အယောင် ပေါ်လာသည်။
ကျင်းယွန်က သဘောတူလိုက်သည်ကို မြင်လျှင် ဂေါ့ရှန်း၏ မျက်နှာသည် ဝမ်းသာ အားရဖြစ်သည့် အသွင်အပြင် ချက်ချင်း ထွက်ပေါ်လာပါသည်။
"ဟုတ်ကဲ့ပါ။ ဒီနောက်လိုက်က အခုပဲ လုပ်လိုက်ပါ့မယ်!" ဂေါ့ရှန်းသည် ကမန်းကတန်း ပြန်ဖြေသည်။
ထိုစကားကိုပြောပြီးနောက် သူသည် ချင်ယွင်ဘက်ကို လှည့်ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
ချင်ယွင်ကတော့ တိတ်ဆိတ်နေခဲ့ပါသည်။ သူသည် ဂေါ့ရှန်းကို အေးစက်စွာ ကြည့်နေခဲ့ သည်။ ဂေါ့ရှန်းသည် သူ ရှင်သန် လွတ်မြောက်နိုင်ရန်အတွက် ကန့်သတ်ချက်များကို ကျော်လွန်သည့် မည်သည့်အရာမျိုးကိုမဆို လုပ်ဆောင်နိုင်သည်ကို သူမြင်တွေ့ခဲ့ပြီး ဖြစ်နေသလိုပင်။ သို့သော်လည်း ဤဂေါ့ရှန်းသည် ကျင်းယွန်ကို ဇီရှန်နှင့် ရင်ဆိုင်ရာမှာ အမှန်တကယ် ကူညီပေးလိုကြောင်း သူကြားရသောအခါတွင် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လာပါသည်။
ဤကာလအတွင်းမှာ ဇီရှန်သည် သူ့ကို မောင်ငယ်လေးတစ်ယောက်လို ဆက်ဆံခဲ့ပြီး သူ့ကို ကောင်းကောင်း ဂရုစိုက်ခဲ့ပါသည်။
ဂေါ့ရှန်းသည် သူနှင့် ရန်ငြိုးရန်စ ရှိခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ကျင်းယွန်ထံမှ ထောက်ခံမူရရန်အတွက် သူ့ကို ရန်ဆိုင်သည်ကို သူ နားလည်နိုင်ပါသည်။ သို့သော် လည်း ဂေါ့ရှန်းသည် ကျင်းယွန်ထံမှ မျက်နှာသာရရန်အတွက် ဇီရှန်ကို ဈေးပေါပေါ အပေးအယူပစ္စည်း တစ်ခုအဖြစ် ကျိုးနွံစွာဖြင့် ဘယ်တော့မှ အသုံးမပြုခဲ့သင့်ပေ။ ဤအရာသည် ချင်ယွင် ဘယ်လိုမှ သည်းမခံနိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။
"ကောင်းပြီ ဂေါ့ရှန်း၊ ငါ မင်းကိုသတ်ဖို့ အခွင့်အရေး မတွေ့ခဲ့သေးဘူး။ အခု မင်းကိုသတ်ဖို့အတွက် ဒီအခွင့်အရေးကို ငါ အရယူလိုက်မယ်။ မင်းက ငါ့ကိုသတ်ပြီး ကျင်းယွန်ကို အညံ့ခံချင်ခဲ့တာ မဟုတ်ဘူးလား၊ ဒါဆိုရင်လည်း ဘယ်သူက ဘယ်သူ့ကို သတ်မလဲ ကြည့်ရအောင်။" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏စိတ်ထဲတွင် လှောင်ရယ်လိုက်မိသည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်စိတ်က တဟုန်ထိုး ပျံ့နှံ့လာမူနှင့်အတူ သူ၏မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်း သွားခဲ့ပါသည်။
အခန်း(၄၈၄) သူ့ကိုမွန်းစတားဟုခေါ်သည်။
ဂေါ့ရှန်းသည် ချင်ယွင်အား သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးဖြင့် ကြည့်လိုက်ပါသည်။
သူက ချင်ယွင်ကို သတ်ချင်နေသည်မှာ ကြာလှပါပြီ၊ သို့သော်လည်း ဇီရှန်က ချင်ယွင်ကို အမြဲကာကွယ်ပေးထားသောကြောင့် သူသည် အခွင့်အလမ်းကို ရှာမတွေ့ခဲ့ပါဘူး။
ယခု သူသည် ချင်ယွင်ကိုသတ်ပြီး ကျင်းယွန်၏ ယုံကြည်မှုကို ရယူနိုင်ခဲ့သဖြင့် ၎င်းသည် သူ့အတွက် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ခြင်းမျိုး မဖြစ်နိုင်တာ မဟုတ်ပါဘူး။
အကယ်၍ ချင်ယွင်၏ခွန်အားသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရှောက်ရှိနေမည်ဆိုလျှင်ပင် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ် အစောပိုင်းအဆင့်တွင်ရှိနေသော သူနှင့်ဆိုလျှင် သူတို့နှစ်ယောက်ကြားမှာ ကြီးမားသော ကွာဟချက်များစွာ ရှိနေပါသေးသည်။
"လင်းယွင်၊ မင်းက ပလက်တီနမ်လှိုဏ်ဂူထဲက လူပေါင်းများစွာရှေ့မှာ ငါ့ကို အရှက်ခွဲခဲ့ ပြီး မင်းရဲ့ညီတွေကို တောင်းပန်ခိုင်းခဲ့တယ်။ ဒီနေ့ ငါဂေါ့ရှန်းကို ရန်စခဲ့တဲ့အတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်လို့ ငါ မင်းကို အသိပေးလိုက်မယ်။" ဂေါ့ရှန်းသည် ချင်ယွင်ကို ကြည့်ရင်း သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ သူ၏လက်ထဲတွင် အနီရောင်လှံတစ်ချောင်း ပေါ်လာသည်။
"ငါ မင်းကို အရှက်ခွဲခဲ့တယ်ဆိုရင်ရော ဘာဖြစ်လဲ။ အခုချိန်မှာ မင်းလို သစ္စာဖောက် တစ်ယောက်ကို အရှက်ခွဲရမှာ ငါ အရမ်းကို ပျင်းရိလွန်းနေပြီ။ ဘာလို့ဆို မင်းက အရှက်ခွဲဖို့နဲ့တောင် မထိုက်တန်လို့ပဲ" ချင်ယွင်က သူ၏ဓားကို လက်ထဲတွင် ကိုင်ကာ ပြန်လည် လှောင်ပြောင်လိုက်သည်။
သစ္စာဖေါက်ဟူသော စကားလုံးသည် သူအမုန်းဆုံးစကားများထဲမှ တစ်ခုဖြစ်ပါသည်။
ထိုအချိန်တုန်းက သူ၏ဘေးအနားမှာ သစ္စာဖောက်တစ်ယောက်လည်း ရှိနေခဲ့ပါသည်။ ထိုသစ္စာဖောက်ကြောင့်သာ ထိုသိုမဟုတ်လျှင် သူသည် ယခုလိုမျိုး ကျရှုံးခဲ့မှာ မဟုတ်ပါဘူး။
"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ" ဂေါ့ရှန်းသည် ချင်ယွင်ကို ဒေါသတကြီး စိုက်ကြည့်နေရာမှ သူ၏ခန္ဓာကိုယ်ထဲမှ နတ်ဆိုးအနှစ်သာရများ တဟုန်ထိုး ထွက်လာပြီး ချင်ယွင်ဆီသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
သူ၏လက်ထဲမှ သွေးနီရောင်လှံက တဟုန်ထိုးပျံ့နှံ့လာသော သွေးနီရောင် နတ်ဆိုး အနှစ်သာရကို သယ်ဆောင်ရင်း ချင်ယွင်၏ မျက်ခုံးအလယ် တည့်တည့်ကို ထိုးချိန်လိုက်ပါသည်။
သူ၏အငွေ့အသက်သည် ကြောက်မက်ဖွယ်ကောင်းပြီး အထွတ်အထိပ်အဆင့် တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူပင်လျှင် ဤထိုးစိုက်လာမူကို တားဆီးနိုင် မည် မဟုတ်ပေ။
ကျင်းယွန်သည် သူ၏ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်သည့်ဟန်ဖြင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။ ချင်ယွင်သည် ဂေါ့ရှန်း၏ပစ်ဝင်တိုက်ခိုက်မှုကို မည်သို့တားဆီးရမည်ကို ကြိုတင်မြင်နိုင်သည့်အလား ဤအရာအားလုံးကို အေးစက်စွာ ကြည့်နေသည်။
ချင်ယွင်၏နောက်ကွယ်တွင်ရှိနေသော နင်ရှင်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ သူမ၏ အမြင်တွင် ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့် တွင်သာ ရှိသေးသည်၊ သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်း အဆင့်တွင်ရှိနေသော ဂေါ့ရှန်းအတွက် မည်ကဲ့သို့ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။
သို့သော်လည်း ချင်ယွင်သည် လုံးဝ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ သူ့ထံ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသော လှံကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာသည်။
အကယ်၍ သူသည် လှိုဏ်ဂူထဲသို့ မဝင်ခင်ကဆိုလျှင် ဂေါ့ရှန်း၏ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်သော်လည်း ယခု သူသည် ကောင်းကင်နှင့်လူသားပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ကျင့်ကြံမူအခြေခံသည် အပေါ်ယံမှာ အဆင့်မချိုးဖြတ် နိုင်သေးသော်လည်း ယခုသူသည် အရင်ကသူနှင့် လုံးဝ ကွဲပြားသွားခဲ့ပါပြီ။
“ဝှီး…”။
ချင်ယွင်သည် သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဓားတစ်ချောင်းကို ချက်ချင်း ထုတ်လိုက်ပါသည်။
ဓားသည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး သွေးနီရောင်လှံနှင့် ပြင်းထန်စွာ တိုက်မိ သွားခဲ့သည်။
ချွင်…။
ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမူအသံ ထွက်ပေါ်လာသည်နှင့် ချင်ယွင်နှင့် ဂေါ့ရှန်း တို့သည် အဝေးကို တွန်းကန်ပြီး လွင့်ထွက်သွားကြပါသည်။
ဂေါ့ရှန်းသည် တခဏတာ မှင်သက် အံ့အားသင့်သွားသည်။ ချင်ယွင်သည် သူ၏ပစ်ဝင် တိုက်ခိုက်မူကို တားဆီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါဘူး။ ဤပစ်ဝင်တိုက်ခိုက်မူမှာ သူ၏စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး အသုံးပြုခဲ့သည်ကို သိထားရပါလိမ့်မည်။
ကျင်းယွန်သည်လည်း တခဏတာ မှင်သက်သွားခဲ့ပါသည်။ သေချာသည်မှာ၊ ချင်ယွင်သည် ဂေါ့ရှန်း၏ ပစ်ဝင်တိုက်ခိုက်မူကို တားဆီးနိုင်မည်ဟု သူလည်း မမျှော်လင့်ခဲ့ပေ။
နင်ရှင်းသည်လည်း ထိတ်လန့်သွားပါသည်။ ဤအခိုက်အတန့်တွင် သူမ၏ ရှေ့မှောက် တွင်ရှိနေသော ဤလူငယ်သည် သူမ တွေးထင်ထားသလောက် မရိုးရှင်းနိုင်သည်ကို သူမလည်း သဘောပေါက်သွားပါသည်။
ချင်ယွင်သည် သူ၏လက်ထဲမှာ ဓားကိုကိုင်ထားပြီး လေထဲမှာရပ်နေရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့သည်။
"မင်းမှာ ဒါအကုန်ပဲရှိတာလား။ ဒီလိုဆိုရင်တော့ မင်းအသက်ကို ဒီမှာထားခဲ့ရမှာ ငါကြောက်မိတယ်။" ချင်ယွင်က ရယ်မောလိုက်သည်။
"မောက်မာလိုက်တာ!" ဂေါ့ရှန်းသည် ချက်ချင်းပင် ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ထဲမှလှံက လင်းလက်စွာ တောက်ပသွားခဲ့ပြန်ပြီ။ သူသည် ကောင်းကင်မှနေ၍ လှံတစ်စင်းကို ချက်ချင်း အပြင်သို့ ထိုးလိုက်သည်။
လှံတစ်ဒါဇင်ခန့်သည် တစ်ချိန်တည်းမှာပင် ထိုးဖောက်လိုက်သကဲ့သို့ လှံအလင်းသည် လေထဲတွင် ချက်ချင်းပင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များ အဖြစ်သို့ ပြောင်းလဲ သွားသည်။ ၎င်းတို့လှံအရိပ်တစ်ခုစီတွင် ဖော်မပြနိုင်လောက်အောင် ကြောက်စရာ ကောင်းသော စွမ်းအင်အတက်အကျများလှိုင်း ပါရှိနေသည်။
ချင်ယွင်သည် ကောင်းကင်ယံရှိ လှံရိပ်များကို ကြည့်လိုက်ရင်း၊ သူ၏ မျက်လုံးများမှ တဆင့် အထင်အမြင်သေးမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ၏ခြေဖဝါးအောက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးသည် ပေါက်ကွဲထွက်သွားပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက် ဓားသည် တောက်ပစွာ ဝင်းလက်သွားခဲ့သည်။
"အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း!"
ချင်ယွင်သည် သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ခုတ်ပိုင်းလိုက်ရင်း ညင်သာစွာ ဟစ်ကြွေးလိုက်ပါသည်။ စူးရှသော ဓားအလင်းတန်းသည် ကြောက်မက်ဖွယ် ကောင်းသော လေမုန်တိုင်းအတွင်းမှ ပေါက်ကွဲထွက်လာသည်။
"ဘုန်း..."
စူးရှသောဓားအလင်းသည် ကောင်းကင်ယံ၌ ပြည့်နေသော သွေးနီရောင်လှံအရိပ်နှင့် ပြင်းထန်စွာ တိုက်မိသွားပြီး လှံရိပ်ကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။ ဂေါ့ရှန်းသည် လည်း သူ၏လက်ထဲမှ လှံမှတဆင့် နောက်သို့ပြန်ကန်သွားပြီး သူ၏နောက်မှနံရံကို ပစ်ဝင်တိုက်ကာ အပေါက်တစ်ခု ဖန်တီးဖြစ်ပေါ်စေသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သူသည် အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးထံမှ ဓားတစ်ချက်တိုက်ခိုက်မူ ကြောင့် နောက်ပြန် လွင့်ထွက်သွားသည်ကို ဂေါ့ရှန်း မယုံကြည်နိုင်ပေ။
ကျင်းယွန်သည် ချင်ယွင်ကို လေးနက်သောအမူအယာဖြင့် ကြည့်လိုက်ရင်း သူ၏မျက်ခုံး များကို ပင့်လိုက်မိပါသည်။ သူ၏သတ်ဖြတ်လိုက်စိတ်သည် သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံး နေရာတွင် လှည့်ပတ်သွားခဲ့သည်။ ဤလင်းယွင်ကို လုံးဝ အသက်ရှင်စေလို့ မရဟု သူ၏နှလုံးသားထဲတွင် ပြောဆိုနေသည့်အသံတစ်ခုပင် ရှိနေခဲ့သည်။ သူ၏ခြိမ်းခြောက်မူက ဧရာမဝေလငါးနန်းတော် မင်းသမီးလေး၏ ခြိမ်းခြောက်မူ အောက်တောင် ရှိမနေခဲ့ပါဘူး။
နင်ရှင်း၏ မျက်လုံးများသည် ဖော်ပြ၍မရသည့် အံ့အားသင့်ဖွယ် အမူအရာတစ်ခု ထုတ်ဖော်လိုက်ပါသည်။ သူမသည်လည်း အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေခဲ့ပါသည်။ အစောပိုင်းက ဂေါ့ရှန်း၏ ထိုးနှက်လာသော လှံချက်ကို သူမအနေဖြင့် တားဆီးခုခံရန် အလွန်ခက်ခဲပါသည်။ သို့သော်လည်း ချင်ယွင်၏ ဓားချက်သည် ၎င်းကို ချိုးဖြတ်သွားနိုင်ရုံတင်မက ဂေါ့ရှန်းကိုပင် အနိုင်ယူနိုင်ခဲ့ပါသည်။ သူမသည် မည်သို့ မတုန်လှုပ်ဘဲ နေမည်နည်း။
သူမရှေ့မှာရှိနေသည့် ဤလူငယ်သည် သူမထက် သန်မာသည်ဆိုသည်မှာ သေချာပါသည်။ ယင်းက သူမကို မျက်မှောင်ကြုတ်သွားစေပါသည်။ သူမသည် ချင်ယွင်၏ အားနည်းသော ခွန်အားကြောင့် အမြဲလိုလို လှောင်ပြောင်ခဲ့ဖူးပြီး သူသည် သူမထက် သန်မာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤအရာက သူမကို ပုန်းအောက်ရန် အတွက် အတွင်းတစ်တွင်းတူပြီး အပေါက်ရှာချင်စိတ်ပင် ဖြစ်ပေါ်ခဲ့သည်။
"မဖြစ်နိုင်ဘူး၊ မင်းက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အစောဆုံးအဆင့်မှာပဲ ရှိသေးတာလေ။ မင်းက ငါ့ရဲ့ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ ငါလက်မခံနိုင်ဘူး။ မင်းကို ငါ သတ်မယ်။" ဂေါ့ရှန်းသည် သူ ချင်ယွင်ကို ရှုံးနိမ့်ခဲ့သည်ဆိုသောအချက်ကို သေချာပေါက် လက်မခံနိုင်ခဲ့ပေ။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲတွင်ရှိသော လှံသည် ချက်ချင်းပင် တောက်ပစွာ လင်းလက်နေ၏။ သူ၏တစ်ကိုယ်လုံးသည် ရေနဂါးတစ်ကောင်ကဲ့သို့ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
သွေးနီရောင် နတ်ဆိုးအနှစ်သာရသည် လေထဲတွင် သွေးနီရောင်အလင်းတန်းကို ဆွဲငင်သွားပြီး လှံ၏ ချွန်ထက်သော ကြောက်မက်ကောင်းသည့် စွမ်းအင်အတက်အကျ လှိုင်းများကို သယ်ဆောင်လာသည်။
ချင်ယွင်သည် ရူးသွပ်လုနီးပါးဖြစ်နေသော ဂေါ့ရှန်းကို ကြည့်လိုက်ရင်း သူ၏ မျက်လုံး ထဲတွင် အထင်အမြင်သေးမှုက ပို၍ ပြင်းထန်လာသည်။
ဓားဆန္ဒသည် သူ၏ခန္ဓာကိုယ်မှ လှိုင်းလုံးများကဲ့သို့ လွင့်ထွက်သွားသည်။
ထိုအချိန်တွင် ချင်ယွင်၏ အကြည့်များက ပို၍ပင် တည်ငြိမ်လာခဲ့ပါသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မြင်ရသူအားလုံးကို နှလုံးခုန် ရင်တုန်သွားစေသည်။
အဝေးမှ ကျင်းယွန်သည် ဤဓားဆန္ဒကို သတိပြုမိသောအခါတွင် သူ၏ မျက်ခုံးများ သည် ချက်ချင်းပင် တွန့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ငြိမ်သက်နေသော ရေကန်မျက်နှာပြင်၏ အောက်တွင် လျင်မြန်သော ရေစီးကြောင်းတစ်ခုသည် အရှိန်ဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာသကဲ့သို့ ဤငြိမ်သက်နေသော ဓားဆန္ဒတွင်ပါရှိသော ကြီးမားသော သတ်ဖြတ်လိုသည့်ဆန္ဒကို သူ ခံစားနိုင်သောကြောင့်ပင်။
နင်ရှင်းသည် အလွန်အမင်းကို အံ့ဩတုန်လှုပ်နေပြီ ဖြစ်သည်။ သူမရှေ့ရှိ ချင်ယွင်သည် သူမအား အလွန်အံ့ဩတုန်လှုပ်စေခဲ့ပြီး သူမ၏ သူ့အပေါ် နားလည်မှုကို ထပ်ခါထပ်ခါ အသစ်ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည် သူမ၏မျက်လုံးအမြင်တွင် ထူထပ်သော တိမ်လွှာများဖြင့် ဖုံးလွှမ်းနေပုံရသည်။ သူမ မည်သို့ပင် ကြည့်ကြည့်၊ သူ့ကို ထွင်းဖောက် မမြင်နိုင်ပါဘူး။
"ဝှီး..."
ချင်ယွင်၏အသွင်အပြင်သည် လျင်မြန်စွာ စီးဆင်းနေသော အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လက်ထဲတွင် မြူနှင်းချောက်ဓားသည် လေထဲတွင် သာမန်ဟုထင်ရသော လမ်းကြောင်းတစ်ခုကိုပင် ဆွဲငင်သွားသည်။
အလင်းတန်းတစ်ချက် လင်းလက်သွားသည်နှင့် သွေးများ ဖျန်းကနဲ လွင့်စင်သွားကာ ဦးခေါင်းတစ်ခုက လွင့်ထွက်သွားခဲ့သည်။
ဂေါ့ရှန်းသည် ချင်ယွင် သူ၏ဓားကို မည်သို့ ဆွဲထုတ်လိုက်သည်ကို သေသည်အထိ မမြင်နိုင်ခဲ့ပေ။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်၏ သေးငယ်သည့် ဤနတ်ဆိုးသားရဲလေးသည် အဘယ့်ကြောင့် ဤမျှလောက် အစွမ်းထက်လာလဲဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပါ။
ဤနောက်ဆုံးအခိုက်အတန့်တွင် သူသည် ချင်ယွင်ကို ရန်စမိသည့်အတွက် နောင်တ ရမိပါသည်။ သို့သော် ဤအရာအားလုံးကို သူနားလည်သွားချိန်မှာ အချိန်နှောင်း သွားခဲ့ပါပြီ။
ဂေါ့ရှန်း၏အလောင်းသည် ကောင်းကင်ယံမှ ပြုတ်ကျပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။ သွေးတွေက ဖြန်းခနဲလွင့်စင်သွားခဲ့ပြီး ကြမ်းပြင်ပေါ်မှာ အနီရောင် လွှမ်းသွားခဲ့ပါသည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး လေထဲတွင် ရပ်တန့်နေပါသည်။ သူ၏ စိတ်နေစိတ်ထားသည် ရှေးကျပြီး မည်သည့် တန်ဆာ ဆင်ထားခြင်းမျိုးမှ မရှိပေ။ ကောင်းကင်နှင့်လူသားပေါင်းစည်းချင်း အဆင့်သည် ချင်ယွင်၏ ဓားရေးစွမ်းရည်ကို တစ်ဖန်ပြန်လည် တိုးတက်စေခဲ့သည်။ ယခုအချိန်တွင် ချင်ယွင်သည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းသည် ချင်ယွက်အတွက် ရိုးရှင်းသော ကိစ္စလို ဖြစ်နေပါပြီ။
ကျင်းယွန်သည် လေထဲတွင်ရပ်နေသော ချင်ယွင်ကို ကြည့်ပြီး သူ၏မျက်လုံးများကို မှေးကျဉ်းထားပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဟု သူခံစားမိသည်။ ဤလူငယ်သည် ယခုအချိန်တွင် သူ၏ပြိင်ဘက် ဖြစ်ကောင်းမှ ဖြစ်နိုင်ပါလိမ့်မည်။
သို့သော် သူသည် သူ့ကို ဆယ်နှစ်၊ သို့မဟုတ် ငါးနှစ်လောက် အချိန်ပေး လိုက်မည်ဆိုလျှင်ဤလူငယ်သည် သူ့ထက် သာလွန်သွားဖွယ်ရှိပါသည်။
ထိုကဲ့သို့လူမျိုးကို ခေါ်ဆိုရန် စကားတခွန်းသာ ရှိပါတော့သည် "မွန်းစတား"။
အခန်း (၄၈၅) ကြောက်မက်ဖွယ်စွမ်းအား။
ကျင်းယွန်သည် ချင်ယွင်ကို စိုက်ကြည့်နေသလို ချင်ယွင်သည်လည်း ကျင်းယွန်ကို ပြန်လည်စိုက်ကြည့်လိုက်သည်။ သူတို့ အကြည့်ချင်းဆုံးသည်နှင့် သူတို့၏ မျက်လုံး များထဲတွင် သတ်ဖြတ်ချင်စိတ်တွေဖြင့် ပြည့်နှက်နေသည်။
"ကောင်စုတ်လေး ၊ မင်းရဲ့ အရည်အချင်းကတော့ တကယ်ကို ကောင်းလွန်းပါတယ်။ မင်းက အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်ပေမယ့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးကို တကယ် သတ်နိုင်ခဲ့တယ်။ အဲဒါက ငါ့ကို အရမ်းအထင်ကြီးမိစေတယ်။ အနည်းငယ် ခြိမ်းခြောက်မှုတစ်ခုလို့တောင် ငါ ခံစားရတယ်။ ဒါပေမယ့် မင်းရဲ့ အရည်အချင်းက ပိုပြီးမြင့်မားလေ၊ ငါက မင်းကို ပိုပြီးသတ်ချင်လေပဲ" ကျင်းယွန်၏ အေးစက်သော အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားပါသည်။
"မင်းက ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား" ချင်ယွင်က မထီမဲ့မြင် ပြုံးလိုက်သည်။ သူက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတယ် ဆိုရင်ရော ဘာဖြစ်သေးလဲ။ သူ့မှာ ထိုကျောက်ရုပ်ထုကြီးနှစ်ခု ရှိနေသမျှ ကျင်းယွန် သည် သူ့ကို သတ်နိုင်မည်မဟုတ်ပေ။
ယခုအခါ၊ ထိုကျောက်ရုပ်ထုကြီးရှိ ခတ်နှိပ်ထားသော စိတ်ဝိညာဉ်စည်းတံဆိပ်ကို အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ လျှပ်စီးစွမ်းရည်ကိုယ်ပွားမှ ဖျက်ပစ်ခဲ့ပြီး ချင်ယွင်၏ စိတ်ဝိညာဉ်စည်းတံဆိပ်ဖြင့် အစားထိုးထားပြီး ဖြစ်သည်။ ယခုအခါ ထိုကျောက်ရုပ်ထုကြီးနှစ်ခုသည် ချင်ယွင်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။
တစ်နည်းဆိုရသော် ချင်ယွင်သည် သူ့ကိုကာကွယ်ရန် အထွတ်အထိပ်အဆင့်ရှိ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ဦး ရှိလာခဲ့သည်ဟု ဆိုနိုင်ပါ သည်။ ဤသည်မှာ ရှေးဟောင်းတာအိုဆရာသခင်မှလွဲ၍ ယခုအချိန်တွင် ချင်ယွင်မှာ ရှိနေသည့် အစွမ်းထက်ဆုံးသော ဝှက်ဖဲများဖြစ်ပါသည်။
ချင်ယွင်သည် ၎င်းဝှက်ဖဲများကို အလွယ်တကူ ထုတ်ဖော်ရန် ရည်ရွယ်မထားသော် လည်း အကယ်၍ ကျင်းယွန်က သူ့ကို သတ်ချင်သည်ဆိုလျှင် ၎င်းတို့ကို ထုတ်ပြီး ကျင်းယွန်ကို တိုက်ခိုက်ရမည်ဆိုလျှင်လည်း စိတ်ထဲထားနေမည် မဟုတ်ပေ။
ချင်ယွင်သည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိသည့် အင်အားကြီးသော အစောင့်နှစ်ယောက် ပိုင်ဆိုင်ထားသည်ကို ကျင်းယွန်က မသိရှာပါ ဘူး။ သူသည် ချင်ယွင်၏ စကားကိုကြားတော့ ချင်ယွင်သည် အလွန်မောက်မာသူ ဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရပြီး အထင်သေဟန်ဖြင့် ပြောလိုက်သည်။ "ဟမ့်၊ ကောင်စုတ်လေး၊ မင်းက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိတဲ့ ဂေါ့ရှန်းကို သတ်လိုက်ရုံနဲ့ ငါ့ကို တိုက်ခိုက်နိုင်ပြီလို့ မင်း မထင်နဲ့၊ ငါပြောပါရစေ၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်မှာရှိနေတဲ့မန်ယုတောင်မှ ငါ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး" မင်းလိုလူမျိုးတွေအတွက်တော့ ငါက မင်းကို လက်တစ်ဖက် တည်းနဲ့တောင် ချေမွပစ်နိုင်တယ်။
"တကယ်လား မင်းက ငါ့ကို သေအောင် ဘယ်လို ဖျစ်ညှစ်လိုက်မလဲဆိုတာ ငါ ကြည့်ချင်မိပါတယ်" ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ခါးမှာ ပြန်ပတ်ပြီးနောက် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျင်းယွန်အား အေးစက်သော အပြုံးဖြင့် ကြည့်ရင်း ကျင်းယွန်ကို လုံးဝ ဂရုမစိုက်သလို ပြုမူနေသည်။
ကျင်းယွန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသပေါက်ကွဲ ထွက်သွားသည်။ သူ့ရှေ့မှာရှိနေသည့် ဤမျိုးမစစ်ကောင်သည် သူ့ကို အထင်သေးရဲပြီး သူ၏မျက်လုံးတွေထဲ ဒေါသမီးလျှံက ချက်ချင်း ပျံ့နှံ့လာခဲ့သည်။
"မင်းက ဟန်ဆောင်နေတာပါ။ ငါ မင်းကို အရေခွံခွာပြီး ဒီနေ့ မင်းရဲ့အရွတ်တွေကို ဆွဲထုတ်ပစ်ရမယ်" ကျင်းယွန်သည် ဒေါသတကြီး အော်ပြောလိုက်ပြီးနောက် ရွှေရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်ပေါ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ တခဏအတွင်းမှာပင် သူ၏တစ်ကိုယ်လုံးက ပေါက်ကွဲပြီး ချင်ယွင်ဆီကို ပစ်လွှတ်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းပြီး ထက်မြက်သော အငွေ့အသက်ကို သယ်ဆောင်လာကာ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အငွေ့အသက်သည် ချင်ယွင်ပေါ်သို့ တောင်ကြီးတစ်ခုကဲ့သို့ ကျဆင်းလာခဲ့သည်။
လျှပ်စီးလက်သကဲ့သို့ ချဉ်းကပ်လာသော ကျင်းယွန်ကို စောင့်ကြိုပြင်ဆင်ရန်အတွက် ချင်ယွင်သည် လက်ထဲမှာလှံကိုင်ထားသော ကျောက်ရုပ်ထုကြီးကို စတင်ထိန်းချုပ် နေရင်း သူ၏မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"ကျင်းယွန်၊ ရှင်၊ သူ့မျက်နှာပေါ်က အမွှေးတစ်ပင်ကို ထိဝံ့ရင်တောင် ငါဇီရှန်က မင်းကို လုံးဝ အလွတ်ပေးမှာ မလွှတ်ဘူး"။
သို့သော် ထိုအချိန်တွင် ခန်းမအတွင်းသို့ ခပ်တိုးတိုး အော်သံတစ်ခု ထွက်ပေါ်လာ ပါသည်။ ထို့နောက် ပြင်းထန်သော အေးစက်မှုက ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံ သွားခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင်ပုံရိပ်တစ်ခုသည် လေဟာနယ်ကို ဖြတ်သန်းလာ သကဲ့သို့ ချင်ယွင်၏ ရှေ့တွင် ချက်ချင်း ထွက်ပေါ်လာပါသည်။ သူ၏ရှေ့တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ခရမ်းရောင်ရေခဲဓားတစ်ချောင်းက သူမ၏ လက်ထဲတွင် ပေါ်လာကာ တောင်ကြီးကိုပင် ဖြတ်တောက်နိုင်သည့် ကျင်းယွန်၏ ဓားလက်ဖဝါးကို တိုက်ရိုက် ပိတ်ဆို့တားဆီးလိုက်သည်။
ရွှေရောင်အလင်းတန်းသည် ခရမ်းရောင်ရေခဲဓားနှင့် ပြင်းထန်စွာ တိုက်မိပြီး ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ စွမ်းအင်ရိုက်ခတ်မူများ ချက်ချင်း ပြန့်နှံ့သွားကာ ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
ကျင်းယွန်သည် လျင်မြန်စွာ နောက်သို့ ဆုတ်သွားပြီး ချင်ယွင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ခရမ်းရောင်အသွင်အပြင်ကို ကြည့်လိုက်ပါသည်။
ချင်ယွင်လည်း အံ့သြသွားပါသည်။ ယခုအချိန်မှာ ဇီရှန်ပေါ်လာမည်ဟု သူ မမျှော်လင့် ထားပါဘူး။ သူသည် ကျင်းယွန်ကို ပြင်းပြန်ဆန်ထန် တိုက်ခိုက်နိုင်ရန်အတွက် ကျောက်ရုပ်ထုကြီး၏ စွမ်းအားကို အသုံးပြုရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဇီရှန်၏ ရုတ်တရက် ထွက်ပေါ်လာမူက သူ့ကို အနှောက်ယှက် ဖြစ်စေမည်ဟု မမျှော်လင့်ထားခဲ့ပေ။"
ဇီရှန် မင်းက ဒီကောင်လေးအတွက်နဲ့ ငါ့ကို တကယ်တိုက်ချင်တာလား" ကျင်းယွန်၏ ရွှေရောင်မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုနှင့်အတူ တောက်ပလာသည်။
"လင်းယွင်က ငါတို့ရဲ့ နဂါးကောင်းကင်နန်းတော်ကပဲ။ တကယ်လို့ ရှင်းအနေနဲ့ သူ့ကို သတ်ချင်တယ်ဆိုရင် ငါ့ကို ရင်ဆိုင်ရမှာပဲ" ဇီရှန်၏ မျက်လုံးများသည် နှင်းခဲများကဲ့သို့ အေးစက်နေပြီး သူမပုံစံက ထူးထူးခြားခြား လှပကြော့ရှင်းပြီး ပြေပြစ်နေသည်။
ထိုစကားကိုကြားလျှင် ကျင်းယွန်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပါသည်။ ဇီရှန်နှင့်ဆိုလျှင် ချင်ယွင်ကို ထပ်မံသတ်ဖြတ်ရန်မှာ ခက်ခဲပေလိမ့်မည်။
ပထမဆုံးအနေဖြင့် ဇီရှန်၏ကျင့်ကြံခြင်းအဆင့်သည် သူ့အောက် မနိမ့်ကျပါဘူး။ ထို့အပြင် သူကိုယ်တိုင်ကလည်း ဇီရှန်ကို တိုက်ခိုက်ရန် နည်းနည်းလေးမှ ရည်ရွယ်ချက် မရှိပါဘူး။
"ဟမ့်၊ ဒီတစ်ခါ မင်း ကံကောင်းသွားတယ်မှတ်။ နောက်တစ်ခါဆို ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်" ကျင်းယွန်သည် ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်၊ သူ၏လေသံမှာ ခြိမ်းခြောက်မှုနှင့်အတူ သတ်ပစ်ချင်စိတ်များ ပြည့်နှက်နေပါသည်။
ချင်ယွင်က ကျင်းယွန်ကို ကြည့်ပြီး စိတ်ထဲမှာ လှောင်ရယ်လိုက်မိသည် "နောက်တစ်ခါ ဘယ်သူက ဘယ်သူ့ကို သတ်မှာလဲ။ တကယ်လို့ အစ်မဇီသာ စောစောလေးက ပေါ်မလာခဲ့ဘူးဆိုရင် မင်း အခုချိန်ဆို သေဆုံးပြီး ဖြစ်နေမှာကိုတောင် ငါကြောက် မိတယ်"။
“ဝှီး”
ထိုအချိန်တွင် ကျင်းယွန်၏ပုံရိပ်သည် ရုတ်တရက် ပစ်ဝင်သွားခဲ့သည်။ သို့ရာတွင်၊ ပစ်မှတ်မှာ ချင်ယွင်မဟုတ်တော့ဘဲ ခန်းမကြီး၏ ရေကန်အတွင်းရှိ မဟူရာသတ္တုတုတ် ဖြစ်နေသည်။
ယခင်ကတော့ သူသည် ဤနေရာတွင် မည်သူမျှ သူ၏ ပြိုင်ဘက်မရှိဟု ခံစားခဲ့ရပြီး အနှေးနှင့်အမြန်ဆိုသလို ဤမဟူရာသတ္တုတုတ်သည် သူ့ပိုင်ဖြစ်လာလိမ့်မည်ဟု ခံစားမိသောကြောင့် ဤမဟူရာသတ္တုတုတ်ကို ထိတွေ့ခြင်းမရှိဘဲ ဤအတိုင်း ထားခဲ့သည်။
သို့သော် ဇီရှန်၏ ရုတ်တရက် ထွက်ပေါ်လာမူက သူ့ကို ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူသည် မဟူရာသတ္တုတုတ်ကို သူ၏လက်ထဲတွင် ကိုင်ဆောင်ထားရန် မစောင့်နိုင်တော့ပေ။
ဇီရှန်သည် ဤမဟူရာသတ္တုတုတ်သည် သာမန်ထက် ထူးခြားကြောင်း သဘာဝအတိုင်း တွေ့ရှိခဲ့သည်။ ယင်းတုတ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျများက သူမ နှလုံးသားကိုပင် ရင်တုန်စေခဲ့သည်။
ဤမဟူရာသတ္တုတုတ်သည် အလွန်အမင်း အစွမ်းထက်သော အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုဖြစ်ကြောင်း သူမသည် ချက်ချင်း ဆုံးဖြတ်နိုင်ပါသည်။ ကျင်းယွန်က ထိုတုတ်ကို သူ၏လက်ထဲသို့ သိမ်းယူမည်ကို မည်သို့ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေနိုင်မည်နည်း။
ထို့ကြောင့် သူမသည် ကျင်းယွန်ကို တားဆီးလိုသည့်ဆန္ဒဖြင့် သူ့နောက်သို့ လိုက်ရန် အတွက် သူမ၏ နတ်ဆိုးအနှစ်သာရကို ချက်ခြင်း စုစည်းလိုက်ပါသည်။
သို့သော် သူမ ပြေးထွက်ခါနီးတွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် သူမ၏လက်ကို လှမ်းဆွဲလိုက်ပါသည်။
ဇီရှန်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပါသည်။ သူမလှည့်ကြည့်လိုက်တော့ ချင်ယွင်က သူမကို ခေါင်းခါပြပြီး မလှုပ်ရှားဖို့ အချက်ပြနေသည်ကို တွေ့လိုက်ရ၏။
ဇီချန်၏ ဆွဲမက်ဖွယ် မျက်နှာပေါ်တွင် စိုးရိမ်စိတ်နှင့် ဝေခွဲမရသည့် အရိပ်အယောင်များ ရုတ်တရက် ပေါ်လာသည်။ သူမမျက်နှာပေါ်ရှိ အမူအရာအရ "ဘာလို့လဲ" ဟု မေးနေပုံရ ပါသည်။
သူမ၏ထင်မြင်ချက်အရ အကယ်၍ ကျင်းယွန်သည် ဤမဟူရာသတ္တုတုတ်ကို ရယူနိုင်ခဲ့ပါက သူ၏ခွန်အားသည် သိသိသာသာ တိုးလာမည် ဖြစ်သည်။ ထိုအချိန်တွင်၊ သူမသည် ကျင်းယွန်အတွက် သေချာပေါက် ပြိုင်ဘက်ဟုတ်တော့မည် မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် ဤနေရာမှာရှိနေသူတိုင်း ဒုက္ခရောက်ကြရလိမ့်မည်။
တစ်ဖက်တွင် ချင်ယွင်က ပြုံးပြီး သူမကို ဆက်လက်ကြည့်ရှုရန် သူ၏အကြည့်များမှ အချက်ပြလိုက်ပါသည်။
ဇီရှန်သည် ရေကူးကန်ဘက်ကို သံသယစိတ်ဖြင့် ကြည့်ရန် သူမခေါင်းကို လှည့်လိုက် ပါသည်။ သို့သော် နောက်မြင်ကွင်းက သူမကို အဆုံးမရှိ ထိတ်လန့် သွားစေခဲ့ပါပြီ။
ကျင်းယွန်၏ပုံရိပ်သည် မယုံကြည်နိုင်လောက်အောင် လျင်မြန်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ရေကန်ဘက်သို့ ရောက်ရှိသွားခဲ့ပါသည်။
သူသည် အနီးနားရှိ မဟူရာသတ္တုတုတ်ကို ကြည့်လိုက်ရင်း ၎င်း၏ကိုယ်ထည်အတွင်း ကြီးမားသော စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားရပြီး သူ၏မျက်လုံးများက နှိုင်းပြလို့ မရသည့် တောက်လောင်နေသော အလင်းတန်းတစ်ခု ထင်ရှားစွာ ထွက်ပေါ် လာပါသည်။
ဤမဟူရာသတ္တုတုတ်က ပို၍ အစွမ်းထက်လေ၊ သူသည် ပို၍ ပျော်ရွှင်ရလေ ဖြစ်ပါသည်။
သူသည် ဤမဟူရာသတ္တုတုတ်ကို ပိုင်ဆိုင်လိုက်သည်နှင့် သူ၏ခွန်အားတွေက ချက်ချင်းကြီး တိုးလာမည်ဟု သူ ခံစားလိုက်ရပါသည်။ ထိုအချိန်တွင် သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်တွင် ပြိုင်ဘက်ကင်းဖြစ်လာမည်ဖြစ်ကာ ဇီရှန် သည်လည်း သူ့အပိုင် ဖြစ်လာပါလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားရင်း ကျင်းယွန်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး မဟူရာသတ္တုတုတ်ချောင်းကို မဆိုင်းမတွ ဆုပ်ကိုင်လိုက်ပါတော့သည်။
သို့သော် သူ၏လက်သည် မဟူရာသတ္တုတုတ်ကို ထိခါနီးတွင်၊ မူလက လုံးလုံးလျားလျား တိတ်ဆိတ်နေသော မဟူရာသတ္တုတုတ်ချောင်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး ထင်ရှားပြတ်သားသည့် တဝှီးဝှီးအော်မြည်သံ ထွက်ပေါ်လာလေသည်။
ထို့နောက် မဟူရာသတ္တုတုတ်သည် အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ လွင့်ထွက်သွားသည်။ လေထဲတွင် တစ်ကြိမ် လှည့်ပတ်ပြီးနောက် ကျင်းယွန်၏ ရင်ဘတ်ကို တုတ်တစ်ချောင်းဖြင့် ရိုက်ချလိုက်လေသည်။
တုတ်ချောင်းသည် ထိုက်တောင်ကဲ့သို့ လေးလံပြီး ကျင်းယွန်၏ မျက်လုံးများ ချက်ချင်း ပြူးသွားသည်။ သူသည် သွေးတပွက်အန်ထုတ်လိုက်ရပြီး နောက်ပြန် လွင့်ပျံသွားကာ အဝေးမှ ခန်းမနံရံကို ပစ်မှန်သွားသည်။
နံရံကြီးတစ်ခုလုံးသည် အပေါက်ကြီးတစ်ခုအဖြစ် ချက်ချင်းပင် အရှိန်ဟုန်ပြင်းစွာ ဖောက်ဝင်သွားပါသည်။ အက်ကွဲကြောင်းများက နံရံတစ်ခုလုံးကို ပျံ့နှံ့သွားကာ ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။
"ဟင်... ဘာဖြစ်နေတာလဲ?" ကျင်းယွန်သည် လေထဲတွင် လွင့်မျောနေသော မဟူရာသတ္တုတုတ်ကို သူ၏မျက်လုံးများတွင် မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ အသက်မဲ့ပစ္စည်းတစ်ခုက အဘယ့်ကြောင့် ရုတ်တရက် သူ့ကို တိုက်ခိုက်ရသနည်း ဆိုသည်ကို သူနားမလည်နိုင်ပါ။ ထို့အပြင် ၎င်း၏ ခွန်အားနှင့် အရှိန်အဟုန်သည် အလွန် ကြောက်စရာကောင်းသည်။
ဇီရှန်သည်လည်း အံသြသွားပါသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် မဟူရာသတ္တုတုတ်ကို ခိုးယူခြင်းမပြုရန် အဘယ်ကြောင့် တားမြစ်ထားရသနည်း ဆိုသည်ကို နောက်ဆုံးတွင် သူမ နားလည်လာပါသည်။ ထိုသို့မဟုတ်လျှင် မဟူရာသတ္တု တုတ်ကြောင့် နောက်ကို လွင့်ထွက်သွားရသူမှာ သူမကိုယ်တိုင် ဖြစ်နေပါလိမ့်မည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ၏နှုတ်ခမ်းထောင့်စွန်းမှ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာပါသည်။
အရာအားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေခဲ့ပါသည်။