အခန်း (၄၇၁-၄၇၅)
Vol. 32 Ch. 471-475
အခန်း (၄၇၁) နှလုံးသားနတ်ဆိုး ပြန်ပေါ်လာခြင်း။
ချင်ယွင်သည် လျင်မြန်စွာဖြင့် အောက်သို့ ကျဆင်းသွားခဲ့သည်။ သူ၏ရင်ဘတ်မှ နာကျင်မူသည် သူ၏နှလုံးသားထဲတွင် အရိုးထိတိုင် ထိုးဖောက်နေသလို ခံစားရသည်။
ထို့အပြင် ဤနေရာ၌ မြေဆွဲအားသည် အလွန် ထူးဆန်းလှပါသည်။ ဟိုတချိန်တုန်းက တုလုံကျွန်းမှာ သူကြုံတွေ့ခဲ့ရသကဲ့သို့ ချင်ယွင်သည် သူ၏ အောက်သို့ ပြုတ်ကျခြင်းကို လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လေးလံစွာဖြင့် ပြုတ်ကျသွားလေသည်။
“ဘန်း”။
ခပ်အုပ်အုပ် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အလွန် ညစ်ပတ်ပေရေသွားသည်။ သူ၏ နောက်ကျောသည်လည်း ပြင်းထန်စွာ နာကျင်သွားသည်။
သို့သော် ချင်ယွင်ကို အံ့အားသင့်စေသည်မှာ သူ၏ခန္ဓာကိုယ်သည် အောက်ခံကြမ်းပြင် နှင့် ဤမျှပြင်းထန်စွာ ရိုက်ခတ်မူကို ခံစားခဲ့ရသော်လည်း အနည်းငယ် အက်ကွဲသွားရုံ သာဖြစ်ပြီး လုံးဝ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခြင်းမျိုး မရှိခဲ့ပေ။
ချင်ယွင်သည် အကြမ်းဖျင်း တွတ်ဆကြည့်သည်။ အစောပိုင်းက ကျဆင်းလာသည့် အရှိန်ဟုန်ဖြင့်ဆို သူသည် အနည်းဆုံး မီတာတစ်ထောင်အမြင့်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်နိုင်သည်။ မြေပြင်သည် အနည်းငယ်သာ အက်ကွဲသွားသည်။ ဤကြမ်းပြင်ကို ပြုလုပ်ထားသော ပစ္စည်းသည် အလွန်ထူးခြားသည်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်သည် သူ၏ဒဏ်ရာများကို ကုသရန်အတွက် အသက်စွမ်းအားကို အသုံးပြုလိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရူရန် သူ၏ခေါင်ကိုး မော့ကြည့် လိုက်သည်။
ပတ်ဝန်းတွင် မြူခိုးများနှင့် ပြည့်နှက်နေခဲ့ပြီး သူ မည်သည့်နေရာ ရောက်နေလဲဆို သည်ကို သူ မမြင်နိုင်ခဲ့ပေ။
ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားကို တစ်စုံတရာဖြင့် တားဆီးပိတ်ဆို့ထားပုံရပါသည်။
“ဒါက ဘယ်နေရာလဲ” ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ပြောလိုက်မိပါသည်။
သူ အောက်ကို ပြုတ်ကျမလာခင်တုန်းက ဤမြူခိုးများအတွင်းမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိသော်လည်း ယခုအချိန်မှာ သူသည် နည်းနည်းလေးပင် မခံစားနိုင်တော့ပါဘူး။ ယင်းက ချင်ယွင်ကို အလွန်ထူးဆန်းသွားသလို ခံစားရစေသည်။
“ဝုန်း..…။
ထိုအချိန်တွင် ရုတ်တရက် လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့ထွက်ပေါ်လာပါသည်။
သူ၏ရှေ့မှမြင်ကွင်းသည် ပြောင်းလဲသွားခဲ့ပြီ။ သူ၏ခြေဖဝါးအောက်မှ ကျောက်ပြားချပ် ကြီးသည် တည်ရှိနေသေးပြီး သူ၏ ဦးခေါင်းထက်မှာ ကြယ်များ ကင်းစင်နေပြီး သူ၏ ပတ်ဝန်းကျင်သည် အကန့်သတ်မဲ့ ဖြစ်နေပါသည်။
“ဒါက ကြယ်ကွန်ယက် ပုံရိပ်ယောင်အစီအရင်ဝင်္ကပါလား” ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးပြူးကျယ်သွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်မိပါသည်။
“မှန်တယ်၊ ဒါက ကြယ်ကွန်ယက် ပုံရိပ်ယောင် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်တယ်”
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရုပ်အသွင်အပြင်တစ်ခုက အဝေးမှ ဖြတ်သန်းလာခဲ့သည်။
ချင်ယွင်သည် ခပ်ဝေးဝေးမှ ပုံရိပ်ကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် အံ့အားသင့်သည့် အမူအယာ ပေါ်လာပါသည်။
ချင်ယွင်ကဲ့သို့ အဖြူရောင်ဝတ်စုံဝတ်ထားသည့် ချင်ယွင်တစ်ယောက်သည် သူ၏ မျက်နှာပေါ်တွင် မထင်မရှား အပြုံးတစ်ခုနှင့်အတူ သူနှင့်မလှမ်းမကမ်းမှ လမ်းလျှောက် ထွက်လာခဲ့ပါသည်။ ဤလူ၏ ရုပ်ရည်အသွင်အပြင်နှင့် စိတ်နေစိတ်ထား နှစ်မျိုးစလုံး သည် ချင်ယွင်နှင့် တထပ်တည်း တူညီနေပါသည်။
“မင်းက ဘယ်သူလဲ” ချင်ယွင်သည် ချက်ချင်းပင် မေးမြန်းလိုက်သည်။
ရုတ်တရက် ထွက်ပေါ်လာခဲ့သော ဤချင်ယွင်သည် သေချာပေါက် သူ၏ ကိုယ်ပွား တစ်ခု မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သား စွမ်းရည်ကိုယ်ပွားတို့သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲတွင် တိတ်တဆိတ် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ရုတ်တရက် ထွက်ပေါ်လာသော ဤချင်ယွင်သည် သေချာပေါက် အတုအယောင် ချင်ယွင် ဖြစ်ပါလိမ့်မည်။
“ငါက ဘယ်သူလဲ” သေချာပေါက် ငါက မင်းပဲပေါ့။ ထိုချင်ယွင်က သူ၏မျက်နှာပေါ် ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ ပြောလိုက်သည်။
“တကယ်လို့ ငါ့ရဲ့ခန်းမှန်းချက်သာ မှန်တယ်ဆိုရင် မင်းက ပုံရိပ်ယောင် အစီအရင် ဝင်္ကပါကနေ မွေးဖွားပေးလိုက်တာ ဖြစ်သင့်တယ်။” ချင်ယွင်က မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။
ကြယ်ကွန်ယက် ပုံရိပ်ယောင်အစီအရင်ဝင်္ကပါသည် အလုံးစုံကို လွှမ်းခြုံထားသည်။ ထို့ကြောင့် မည်သည့်အရာမဆို ဖြစ်သွားနိုင်သည်။ သူ၏ရှေ့မှာရှိနေသည့် အရာအားလုံး ကလည်း မမှန်နိုင်ပါဘူး။
“တကယ်လား” ငါက ပုံရိပ်ယောင်အစီအရင်ဝင်္ကပါကနေ မွေးဖွားလာတယ်လို့ မင်းတကယ် ထင်နေတာလား” ထိုချင်ယွင်က ရယ်မောလိုက်ပါသည်။
ရုတ်တရက် ချင်ယွင်၏မျက်လုံးများသည် အေးစက်သွားခဲ့ပြီး ပုံရိပ်တစ်ခုလည်း သူ့ဆီ ပစ်ဝင်လာနေသည်။
သူ၏အရှိန်ဟုန်သည် လျှပ်စီးလက်သလို မြန်ဆန်လွန်းသည်။ သူ၏အငွေ့အသက်သည် ကျားတစ်ကောင် ပြန်းထန်လွန်းသည်။
ချင်ယွင်၏အမူအယာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ရန်သူကို ခုခံကာကွယ်ရန် အတွက် သူ၏ခွန်အားအားလုံးကို အလျင်အမြန် စုစည်းလိုက်ရသည်။
“ဘုန်း” ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်နှင့် ထိုအတုအယောင်ချင်ယွင်တို့၏ လက်သီးများသည် အချင်းချင်း ထိပ်တိုက် ဆုံမိကြပြီး ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
ပြင်းထန်သော စွမ်းအားများကြောင့် သူတို့နှစ်ယောက်စလုံး အဝေးသို့ လွင့်ပြီး တုန်ခါသွားကြသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ချင်ယွင်သည် မယုံကြည်နိုင်သည့် အမူအယာဖြင့် သူ၏ မျက်လုံးများပင် ပြူးကျယ်သွားလေသည်။
“'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ရဲ့အစွမ်း။ ဒါက 'လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်၏ အစွမ်းဖြစ်တယ်ဆိုတာ သေချာ ပါတယ်” ချင်ယွင်သည် သူ့ကိုယ်သူ တွေးတောနေမိသည်။ အတုအယောင်ချင်ယွင်၏ လက်သီးချက်သည် ဤ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်၏ တူညီသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
“မင်း ဒါကို ရှာတွေ့သွားပြီလား”။ တကယ်တော့ ငါ့မှာ မင်းပိုင်ဆိုင်ထားသမျှ စွမ်းအား အားလုံး အကုန်ရှိတယ်” အတုအယောင်ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောသည်။
ချင်ယွင်သည် ချက်ချင်းပင် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်သွားမိသည်။ ဖြစ်နိုင်တာက ဒီ ကြယ်ကွန်ယက် ပုံရိပ်ယောင်အစီအရင်ဝင်္ကပါသည် သူနှင့်တူညီသော စွမ်းအားရှိသူတစ်ယောက်ကို လုံးလုံးလျားလျား အတုယူနိုင်ခြင်းများ ဖြစ်နေမလား။
“ဟမ့်၊ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူးကွာ။ ဘာဘဲဖြစ်ဖြစ် မင်းက အတုအယောင် ဖြစ်နေတုန်းပဲလေ။ ပုံရိပ်ယောင် အစီအရင်ဝင်္ကပါပြိုကွဲသွားတာနဲ့ မင်းကလည်း သဘာဝအတိုင်း တည်ရှိနိုင်မှာ မဟုတ်တော့ဘူး။” ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
“ဟား..၊ ဟား….။ မင်းကိုယ်တိုင်က နုံအလွန်းပါတယ်ကွာ။ အမှန်တိုင်းပြောရရင် မင်း သေမျိုးကမ္ဘာကြီးထဲကို ရောက်လာကတည်းက ငါ ရှိနေခဲ့တာ။ မင်းအကြောင်းတွေကို အကုန်လုံး ငါသိတယ်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၊ မြူနှင်းချောက်နက် ဓားပျော့။ ရှေးဟောင်းတာအိုဆရာသခင်အပါဝင် မင်းရဲ့လျှို့ဝှက်ချက်အားလုံးကို ငါ သိထားတယ်” အတုအယောင်ချင်ယွင်က လှောင်ပြောင် ပြောဆိုလိုက်သည်။
ချင်ယွင်၏ အမူအယာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ရပါပြီ။ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်နှင့် ရှေးဟောင်းတာအိုဆရာသခင်တို့သည် သူ အမြဲတမ်း ဖုံးကွယ် ထားခဲ့သည့် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးများ ဖြစ်ပါသည်။ ရန်စီချီနှင့် အခြား လူတွေတောင်မှ ရှေးဟောင်းတာအိုဆရာသခင်၏ တည်ရှိမူကို မသိခဲ့ကြပါဘူး။ ယခု သူ၏ ရှေ့မှာရှိနေသည့်ဤလူက အမှန်တယ် သိနေလိမ့်ဟု သူ မျှော်လင့်မထားခဲ့ပါဘူး။
“မင်းက ဒီကမ္ဘာကြီးပေါ်က အတိအကျ ဘယ်သူလဲ”။ ချင်ယွင်က အေးစက်စွာ မေးလိုက်ရင်း သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည်အရိပ်အယောင်များ ပေါ်လာလေသည်။
ဤအကယ်၍ ဤလျှို့ဝှက်ချက်ကြီးနှစ်ခုသာ အပြင်သို့ ပျံ့နှံ့သွားမည်ဆိုလျှင် ကြီးစွာသော ဘေးဒုက္ခကြီး ဖြစ်ပေါ်စေပါလိမ့်မည်။
အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ တန်ဖိုးသည်လည်း လုံးဝ တိုင်းတာလို့ မရပေ။
“ငါက ဘယ်သူလဲဟုတ်လား။ ငါက မင်းပါလို့ ငါမပြောခဲ့ဘူးလား။ တနည်းပြောရရင် ဒီကမ္ဘာကြီးမှာ မင်းအကြောင်းကို မင်းထက်ပိုပြီး သိထားတဲ့လူပေါ့။ အတုအယောင် ချင်ယွင်က အေးစက်စက်အပြုံးနှင့်အတူ ပြောလိုက်ပြီး သူ၏မျက်နှာပေါ်မှာ ရက်စက် ယုတ်မာသည့်အမူအယာ ပေါ်လွင်နေပါသည်။
“မဟုတ်ဘူး။ မင်းက သေချာပေါက် ငါ မဖြစ်နိုင်ဘူး။ မင်း ဘယ်သူလဲဆိုတာ ငါ သိသွားပြီး။ မင်းက နှလုံးသားနတ်ဆိုးပဲ”။ ချင်ယွင်သည် တခဏကြာ တိတ်ဆိတ်သွား ပြီးနောက် သူ၏မျက်လုံးများက ချင်ယွင်အတုကို မျက်တောင်မခတ်ဘဲ စူးစူးစိုက်စိုက် စိုက်ကြည့်နေလေသည်။
“ဟား..။.ဟား.. ။ မင်းက ငါ ထင်ထားသလောက်လည်း မတုံပါးဘူး။ မင်းက ငါဘယ်သူ လဲဆိုတာ တကယ်ကို ခန့်မှန်းနိုင်တာပဲ။ ဟုတ်တယ်။ ငါက မင်းရဲ့အတွင်းနတ်ဆိုးပဲ”။ ချင်ယွင်အတုက ကျယ်လောင်စွာ ရယ်မောပြီး သူ၏မျက်နှာအမူအယာက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာလေသည်။
ချင်ယွင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “မင်းက လျှပ်စီးကပ်ဘေးဒုက္ခ အတွင်းမှာ သေသွားပြီ မဟုတ်ဘူးလား။ ဘာလို့ ဒီမှာ ပေါ်လာရတာလဲ”။
နှလုံးသားနတ်ဆိုးက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည် “မှန်တယ်၊ ငါက အဲဒီ လျှပ်စီး ကပ်ဘေးဒုက္ခအတွင်းမှာ သေသွားခဲ့တယ်။ ဒါပေမယ့် ကျန်းရွှန်ရှန်း သေဆုံးသွားခဲ့တော့ မင်းရဲ့စိတ်ထဲမှာ နားကြည်းမူ ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တယ်။ ဒီတော့ ငါလည်း အသက်ပြန်ရှင်လာခဲ့တာပေါ့။ နောက်ပိုင်းမှာ ဘယ်လို ဉာဏ်ကောင်းအောင် လုပ်ရမလဲဆိုတာကို ငါ သင်ယူလေ့လာခဲ့ပြီး မင်းနှလုံးသားရဲ့ နက်ရှိုင်းဆုံးနေရာမှာ ပုန်းအောင်းနေခဲ့တယ်။ တချိန်တည်းမှာပဲ ငါက မင်းရဲ့နာကြည်းမူအငွေ့အသက်တွေကို ဆက်တိုက် စုပ်ယူနေခဲ့တယ်။ ငါ ကြယ်ကွန်ယက်ပုံရိပ်ယောင်အစီအရင်ဝင်္ကပါနဲ့ ကြုံတွေ့လာရချိန်မှာတော့ ငါလည်း အသက်ဝင်လာခဲ့ရတယ်”။
ချင်ယွင်သည် ကျန်းရွှန်ရှန်း၏ သေဆုံးခြင်းကြောင့် သူ၏နှလုံးသားသည် အပြင်းအထန် ဒေါသပေါက်ကွဲသွားခဲ့သည် ရုတ်တရက် အမှတ်ပြန်ရလိုက်သည်။ သူသည် သူ၏ စိတ် ဝိညာဉ်ကိုပင် လောင်ကျွမ်းခဲ့။ သို့သော်လည်း ယင်းက သူ၏အတွင်းနတ်ဆိုးကို နောက် တကြိမ် ပြန်လည်မွေးထုတ်ပေးနိုင်လိမ့်မည်ဟု သူကိုယ်တိုင်လည်း မျှော်လင့် မထားခဲ့ပေ။
သူသည် သိုင်းဧကရာဇ်နယ်ပယ် အထွက်ထိပ်သို့ ရောက်ရှိနေပြီး တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ်သို့ အဆင့်ချိုးဖြတ်ရန် အခွင့်အရေးကောင်းကို ရှာဖွေနိုင်စွမ်း မရှိခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤအရာအားလုံးသည် သူ၏နှလုံးသားနတ်ဆိုးကြောင့် ဖြစ်နေရခြင်း ဖြစ်သည်။
တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို “တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်”ဟုခေါ်ဆို ရခြင်း၏ အကြောင်းအရင်းက သူ၏ကိုယ်ပိုင်တာအိုနှလုံးသားကို ဆုံးဖြတ်ရခြင်းကြောင့် ဖြစ်ပါသည်။ သူ၏ကိုယ်ပိုင်တာအိုနှလုံးသား ခိုင်မာနေမှသာလျှင် တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်မည် ဖြစ်ပါသည်။
ဟုတ်ပါသည်။ လူသားကျင့်ကြံသူတွေအတွက် တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ်ကို ဖြတ်ကျော်ရာမှာ ဆိတ်သုဉ်းခြင်းသားရဲတွေလို မဟုတ်ပါဘူး။ သူတို့ တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ရောက်သည်နှင့် သူတို့သည် သဘာဝအတိုင်း အဆင့် ဖြတ်ကျော်နိုင်စွမ်းရှိပြီး ဖြစ်ပါလိမ့်မည်။ (ဆိတ်သုဉ်းခြင်းသားရဲများလို ကပ်ဘေးဒုက္ခ ခံစရာမလိုဟု ဆိုလိုဟန်)။
“ဟား..။ ဟား..။ ကြယ်ကွန်ယက် ပုံရိပ်ယောင်အစီအရင်ဝင်္ကပါက လူတစ်ယောက်ရဲ့ နှလုံးသားနတ်ဆိုးကို ရောင်ပြန်ဟပ်နိုင်ခဲ့တယ်။ နှလုံးသားနတ်ဆိုးသာ အသက်ဝင်လာ ပါစေ၊ ငါ မင်းကို အနိုင်ယူနိုင်တာနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ငါ အပြည့်အဝ သိမ်းပိုက်နိုင်လိမ့် မယ်။ အဲဒီအချိန်ကစပြီး ဒီကမ္ဘာကြီးမှာ ချင်ယွင်ဆိုတာ တစ်ယောက်တည်းပဲ ရှိတော့မယ်။”။ နှလုံးသားနတ်ဆိုးသည် ချင်ယွင်ကို သူ၏မျက်လုံးများတွင် မကောင်းဆိုးဝါး ဆန်ဆန် သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် ကြည့်နေရင်း ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။
“မင်းက စိတ်ကူးယဉ်နေတာပဲ”။ ချင်ယွင်၏ မျက်လုံးများသည်လည်း အလွန်မင်း အေးစက်လာခဲ့သည်။
“ဟမ့်၊ ငါ ဆောင်းခိုးပြီး အနားယူနေခဲ့တာ အတော်ကြာခဲ့ပြီ။ ပြီးတော့ ငါက မင်းရဲ့ နာကြည်းချက်အငွေ့အသက်တွေကိုလည်း စုပ်ယူထားပြီးပြီ။ ငါက အရင်ကထက် အများကြီး သန်မာလာခဲ့ပြီ။ ဒါ့အပြင် ငါက မင်းရဲ့စွမ်းရည်အားလုံးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ ငါ မယုံကြည်ဘူး”။ နှလုံးသား နတ်ဆိုးက အေးစက်စွာ ပြောလိုက်ပြီး သူ၏မျက်လုံးများမှ သွေးနီရောင်အလင်းများ ရုတ်တရက် စီးထွက်လာလေသည်။
ချင်ယွင်သည် နှလုံးသားနတ်ဆိုးကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားသည့်အရိပ်အယောင်တစ်ခု ပျံ့နှံ့လာခဲ့သည်။
“ဒီတော့ မင်းက ငါ့နှလုံးသားနတ်ဆိုဆိုတော့ရော ဘာဖြစ်လဲ။ ငါချင်ယွင်က ဘယ်တုန်းကမှ အကြောက်တရား ရှိခဲ့ဖူးတာ မဟုတ်ဘူး။ ဒီနေ့ မင်းကို ငါ လုံးလုံးလျားလျား ဖြိုခွဲပစ်မယ်။” ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့လေသည်။
အပိုင်း (၄၇၂) နှလုံးသားနတ်ဆိုးနှင့်တိုက်ခိုက်ခြင်း။
ဝှီး….။
ချင်ယွင်သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ခိုက် ပြောင်းလဲသွားခဲ့ပြီး အတွင်းနတ်ဆိုးဆီသို့ ပစ်ဝင်သွားရင်း သူ၏မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက် လိုစိတ်များဖြင့် တဖျတ်ဖျတ် လင်းလက်နေလေသည်။
“ဟမ့်၊ အဲဒါက အသုံးမဝင်ဘူး။ မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။” နှလုံးသားနတ်ဆိုးက လှောင်ရယ်ရယ်ပြီး ပစ်ဝင်သွားသည်။ သူ၏အရှိန်ဟုန်က ချင်ယွင်၏ အရှိန်ဟုန် ထက်ပင် ပို၍မြန်ဆန်နေသည်။
“ဘုန်း..”။
ချင်ယွင်၏လက်သီးချက်သည် နှလုံးသားနတ်ဆိုးကို မတိုက်ခိုက်မီ သူသည် နှလုံးသား နတ်ဆိုး၏လက်သီးချက်ကြောင့် လွင့်ထွက်သွားခဲ့ရသည်။
အကန့်သတ်မဲ့စွမ်းအားက ချင်ယွင်၏ရင်ဘတ်ထဲမှာ တောင်ကြီးဒလဟော ပြိုကျလာ သကဲသို့ ပေါက်ကွဲသွားခဲ့သည်။ ချင်ယွင်သည် ချက်ချင်းပင် အော်ဟစ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် နောက်ပြန်လွင့်စင်သွားကာ သူ၏နောက်ရှိ ဘာမှမရှိသည့် နံရံတစ်ခုကို ဝင်ဆောင့်သွားသည်။
ဖူး…။
ချင်ယွင်သည် ပါးစပ်အပြည့် သွေးတပွက် အန်ထုတ်လိုက်ရသည်။ ထိုလက်သီးချက် ကြောင့် သူ၏အဆုတ်ကို ထိခိုက်လုနီးပါး ဖြစ်သွားရသည်။
“ဟမ့်၊ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူးလို့ ငါ ပြောခဲ့သားပဲ။ မင်းရဲ့ခန္ဓာကိုယ်ကို နာခံမူ ရှိရှိနဲ့ ပေးလိုက်တာက ပိုကောင်းလိမ့်မယ်။ ဒါဆို ငါတို့က တူညီတဲ့ အရင်းအမြစ်တစ်ခု တည်းက လာခဲ့တာကို စဉ်းစားပေးပြီး မင်းကို ပျော်ရွှင်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေစေရမယ်”။ နတ်လုံးသားနတ်ဆိုးက သွေးချောင်းဆိုးကာ ပါးစပ်အပြည့် သွေးအန်ထုတ်နေသော ချင်ယွင်ကို ကြည့်ရင်း အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ သူသည် ချင်ယွင်ဆီသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း စတင်လျှောက်လှမ်းသွားနေပြီ။
ချင်ယွင်သည် အဝေးမှာလာနေသော နှလုံးသားနတ်ဆိုးကို အေးစက်စွာ ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မူနှင့်အတူ တောက်ပနေသည်။
သူ၏ရှေ့မှာရှိနေသည့် ဤနှလုံးသားနတ်ဆိုးသည် အမှန်တကယ်ပင် ဤမျှ အစွမ်းထက် လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အရှိန်ဟုန်အရဘဲဖြစ်ဖြစ်၊ ခွန်အားအရဘဲဖြစ်ဖြစ် သူ၏ အထက်မှာ ရှိနေပါသည်။ အစောပိုင်းက တိုက်ခိုက်မူသည် တိုတောင်းလှသည့် လက်ရည်ချင်း ဖလှယ်မူတစ်ခုသာ ဖြစ်သော်လည်း သူသည် ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့သည်။
“ဒီတိုက်ပွဲမှာ ငါ မသေမချင်း ငါ့ခန္ဓာကိုယ်ကို လွဲပြောင်းပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”။ ချင်ယွင်၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ သိသိသာသာ ပေါ်လွင်နေလေသည်။
“ပြိုကွဲလိုက်စမ်း”။
အနက်ရောင်လျှပ်စီးကြောင်းများက ချင်ယွင်၏ခန္ဓာကိုယ်အတွင်းမှာ ပေါက်ကွဲ ထွက်လာခဲ့ပြီး သူ၏ပုံရိပ်သည် လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူသည် နောက်တကြိမ် နှလုံးသားနတ်ဆိုးဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
အနက်ရောင်လျှပ်စီးကြောင်းများသည် သူ၏လက်တွေပေါ်မှာ တဟုန်ထိုး ပျံ့နှံ့ထွက် ပေါ်လာခဲ့သည်။ အနက်ရောင်လျှပ်စီးမြွေများဖြင့် လွှမ်းခြုံ ရစ်ပတ်ထားသော ချင်ယွင်၏ လက်သီးသည် နှလုံးသားနတ်ဆိုးဆီသို့ တိုက်ခိုက် တိုးဝင်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားက လေဟာနယ်တစ်ခုလုံးကို ထိုးထောက်သွားလေသည်။
နှလုံးသားနတ်ဆိုးသည် လျှပ်စီးကို ကြောက်ရွံ့သည်။ သူသည် လျှပ်စီးနှင့်အတူ နှလုံးသားနတ်ဆိုးကို လုံးဝ ဖျက်ဆီးပစ်လိုက်ချင်သည်။
“ဟမ့်၊ မင်းက ငါ လျှပ်စီးကို ကြောက်တယ်လို့ တကယ် ထင်နေတော့တာလား”။
သို့သော် နတ်ဆိုးနှလုံးသားသည် ချင်ယွင်က သူ့ဆီသို့ အနက်ရောင်လျှပ်စီးကြောင်း များကို သယ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မူ အနည်းငယ်မျှ မရှိဘဲ သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ပေါ်လာလေသည်။
“ဖျစ်…”။
အနက်ရောင်လျှပ်စီးကြောင်းများသည် ကောင်းကင်ယံမှ ချက်ချင်း ဆင်းသက်လာခဲ့ပြီး လျပ်စီးတိုင်လုံးကြီးတစ်ခုကဲ့သို့ နှလုံးသားနတ်ဆိုးဆီသို့ သွန်းလောင်းသွားခဲ့လေသည်။
နှလုံးသားနတ်ဆိုး၏ အနက်ရောင်လျှပ်စီးကြောင်းများသည် ချက်ချင်း တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့သွားခဲ့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”။ ချင်ယွင်၏အမူအယာသည် အပြင်းအထန် ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်ပါသည်။
“နှလုံးသားနတ်ဆိုးတွေက လျှပ်စီးကိုကြောက်တယ်လို့ မပြောခဲ့ကြဘူလား။ အခုက သူက လျှပ်စီးစွမ်းအားကိုတောင် ဘယ်လိုလုပ် အသုံးပြုနိုင်ရတာလဲ။ ဒါ့အပြင် အဲဒီလျှပ်စီးကလည်း သူ့လိုပင် ဖရိုဖရဲ အနက်လျှပ်စီး ဖြစ်နေသေးတယ်”။
“ဟား…။ ဟား…။ ဒါက ကြယ်ကွန်ယက်ပုံရိပ်ယောင် အစီအရင်ဝင်္ကပါထဲမှာ ရှိနေတာလေ။ အခုလောလောဆယ်မှာ ငါက မင်းနဲ့ ထပ်တူကျတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင် ဆိုင်ထားတယ်။” နှလုံးသားနတ်ဆိုးက ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ အနက်ရောင် လျှပ်စီးကြောင်းများသည် သူ၏နီရဲနေသော မျက်လုံးများမှတဆင့် လင်းလက်သွားခဲ့ပြီး သူ၏ ရုပ်အသွင်အပြင်သည် လျှပ်စီးလက်သလို ချက်ချင်း ပစ်လွှတ်လာကာ ပြေးဝင်လာနေသော ချင်ယွင်ကို တိုက်ခိုက် ဆီးကြိုလိုက်လေသည်။
“ဘုန်း”
အနက်ရောင် လျှပ်စီးကြောင်းများ လွှမ်းခြုံထားသည့် လက်သီးနှစ်ခုသည် ထိပ်တိုက် ဆုံးမိသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီး၏ အဖျက်စွမ်းအားသည် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး ကြီးမားသည့် မိုးကြိုးမုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာစေသည်။
ချင်ယွင်သည် ချက်ချင်းပင် လွင့်ပျံသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် သူ၏နောက်ရှိ နံရံဆီသို့ ပြင်းထန်စွာ ဝင်တိုက်သွားခဲ့သည်။
သူ၏နောက်မှာ ဘာမှမရှိသော်လည်း ချင်ယွင်သည် တုန်ခါသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ယင်းအသံသည် နံရံကြီးပြိုကျသွားသည့် အသံဖြစ်ပါသည်။
ချင်ယွင်၏ပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့ပြီး သူ၏မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေသည်။ သူ၏ညာလက်မောင်းသည် ထုံကျင်နေပြီး လှုပ်ရှားရန်ပင် ခက်ခဲနေကာ သူ၏နောက်ကျောသည်လည်း ပြင်းထန်သော နာကျင်မူကို ခံစားလိုက် ရသည်။
သို့သော်၊ အနက်ရောင် မိုးကြိုးမုန်တိုင်း ရိုတ်ခတ်မူကြောင့် နှလုံးသားနတ်ဆိုးသည် ခြေလှမ်းငါးလှမ်းသာ နောက်ပြန်ဆုတ်သွားခဲ့ရပြီး ၎င်းမုန်တိုင်း၏စွမ်းအားကို ဖယ်ရှား နိုင်ခဲ့သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို ဝင့်ကြွားစွာဖြင့် တည့်မတ်စွာ ရပ်နေရင်း ချင်ယွင်ကိုကြည့်ကာ သူ၏ပါးစပ်ထောင့်စွန်းက တွန့်ကွေးသွားခဲ့သည်။
“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူးလို့ ငါ မင်းကို ပြောခဲ့ပါတယ်”။ ငါ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း မြင်ပြီ မဟုတ်လား။ နှလုံးသားနတ်ဆိုးသည် စကားပြောရင်း လှောင်ရယ် ရယ်မောလိုက်သည်။ ချင်ယွင်ကိုကြည့်နေသည့် သူ၏အကြည့်များတွင် ပျော်ရွှင်ကြည်နူးသည့်အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည်ရှိအောင် တောင့်ခံရင်း မတ်တပ်ရပ် လိုက်ပါသည်။ သူသည် နှလုံးသားနတ်ဆိုး၏စကားကို မတုန့်ပြန်ခဲ့ပါဘူး။
“ချင်ယွင်, မင်းရဲ့ခန္ဓာကိုယ်ကို လွှဲပြောင်းပေးလိုက်ပါ။ မစိုးရိမ်ပါနဲ့။ မင်းရဲ့ ကလဲ့စားချေ စရာကိစ္စတွေကိုလည်း မင်းအတွက် ငါ ကလဲ့စား ချေပေးပါ့မယ်။ မင်းကို ပြစ်မှား စော်ကားခဲ့တဲ့ ဘယ်သူမဆို နာကျင်စေမယ့်တန်ရာတန်ကြေးကို ငါ ပြန်ပေးဆပ် ပေးမယ်။ လာ….၊ လာ။ မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ဆီ အပ်နှံလိုက်တော့”။ နှလုံးသား နတ်ဆိုးသည် ချင်ယွင်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာရင်း သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ခိုတွဲနေလေသည်။
“ငါ အရင်က ပြောခဲ့သလိုပဲ။ ငါသေရင်တောင် မင်းအနေနဲ့ ငါ့ခန္ဓာကိုယ်ကို ရနိုင်မှာ မဟုတ်ဘူး။” ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။ သတ်ဖြတ်လိုသည့်ဆန္ဒသည် ပင်လယ်ရေကဲ့သို့ စီးဆင်းသွားခဲ့ပြီး ခန်းမတစ်ခုလုံးကို ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
ချင်ယွင်သည် သူ၏ခါးမှ မြူနှင်းချောက်နက်ဓားကို ဆွဲထုတ်လိုက်ပြီး အနက်ရောင် ဆံပင်တွေက သူ၏နောက်ကျောတွင် အရိုင်းဆန်ဆန် ကခုန်နေကြကာ သူ၏ မျက်လုံးများက အနှိုင်းမဲ့ အေးစက်နေသည်။
လေဓားများက ချင်ယွင်၏ပတ်ပတ်လည်မှာ ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပျံဝဲနေသည်။ ပြင်းထန်သော ဖြတ်တောက်ခြင်းဆန္ဒက လေဟာနယ်တစ်ခုလုံးကိုပင် ပြင်းပြင်း ထန်ထန် တုန်ခါစေသည်။
“သေချာတာက၊ ငါ မြစ်ဝါမြစ်ထဲ မရောက်မချင်း ငါ မသေမှာ မဟုတ်ဘူး။ ဒါ့အပြင်၊ မင်းကလည်း ငါ့ရဲ့အစစ်အမှန် ခန္ဓာကိုယ် ဖြစ်တယ်ဆိုတာကို အံ့ဩစရာ မလိုတော့ဘူးပေါ့”။ နှလုံးသားနတ်ဆိုးက ဓားဆန္ဒကို အသုံးပြုပြီး သူ၏ခြေလှမ်းများကို တားဆီးလိုက်သော ချင်ယွင်ကိုကြည့်ရင်း ပြောလိုက်သည်။ သူ၏ပါးစပ်ထောင့်စွန်းမှ အေးစက်စက်အပြုံးတစ်ခု ထင်ပေါ်လာသည်။
သူ၏လက်ကို တချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ၏လက်ထဲတွင် မြူနှင်းချောက်နက် ဓားနှင့်ထပ်တူကျသော ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ပြင်းထန်သော ဓားဆန္ဒသည်လည်း လှိမ့်တက်လာခဲ့ပြီး အမှန်တကယ် ဆိုးဝါးသော အငွေ့အသက်ကို သယ်ဆောင်ထားသည့် သတ်ဖြတ်လိုသည့်ဆန္ဒသည်လည်း တဟုန်ထိုး ပျံ့နှံ့လာခဲ့ သည်။
လေဓားများသည်လည်း ဟာရီကိန်းမုန်တိုင်းကဲ့သို့ နှလုံးသားနတ်ဆိုး၏ ပတ်ပတ် လည်မှာ လွင့်ပျံရစ်ဝဲနေခဲ့ပြီး ၎င်း၏အရှိန်အဟုန်က ဖော်လို့မရအောင်ပင် ကြီးမားကျယ် ပြန့်သည်။
ချင်ယွင်နှစ်ယောက်သည် သူတို့၏လက်ထဲမှာ ဓားကိုယ်စီကိုင်ပြီး တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြတော့သည်။
“ထပ်တလဲလဲဖြစ်ပေါ်လာသည့် တူညီသည့်မြင်ကွင်းမျိုး ဖြစ်ပေါ်လာရပြန်ပါသည်။ ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ကိုင်ဆောင်ထားသော နှလုံးသားနတ်ဆိုးကို မြင်လိုက်ရစဉ်မှာ သူ၏မျက်လုံးများတွင် အံ့အားသင့်သော အမူအယာ ပေါ်လာပြန် သည်။ (ထပ်တလဲလဲမြင်ကွင်းဟူသည် ယင်းကို ဆိုလိုဟန်)။
ဤကြယ်ကွန်ယက်ပုံရိပ်ယောင်အစီအရင်ဝင်္ကပါသည် အလွန် ကြောက်စရာ ကောင်းလွန်းသည်။ ချင်ယွင်သည် မည်သည့်သိုင်းကွက်ကို အသုံးပြုသည်ဖြစ်စေ၊ မည်သည့်လက်နက်ကို ထုတ်သုံးသည်ဖြစ်စေ ဤကြယ်ကွန်ယက်ပုံရိပ်ယောင် အစီအရင်ဝင်္ကပါသည် ချက်ချင်ပင် အတုယူနိုင်သည်။
တနည်းဆိုရသော်၊ ချင်ယွင်သည် ချင်ယွင်အတုနှင့် အစမှအဆုံးထိ တိုက်ခိုက်ခဲ့ပြီး ဤချင်ယွင်အတုသည် သူ့ထက် အနည်းငယ် ပို၍ သန်မာနေပုံရသည်။
“ဟမ့်၊ ငါချင်ယွင်က နှလုံးသားနတ်ဆိုးရဲ့လက်အောက်မှာ သေဆုံးရလိမ့်ယ်လို့ ငါ မယုံဘူး။”ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားဆန္ဒက ချက်ချင်း ပျံ့နှံ့လာကာ မြူနှင်းချောက်နက်ဓားပေါ်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းများ ဖြစ်ပေါ်စေသည်။
“အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း”။
ချင်ယွင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ အစွမ်းထက်ဆုံး ဓားသိုင်းကွက်ကို ချက်ချင်း အသုံးပြုလိုက်ပါသည်။
လေထုဖြတ်တောက်ခြင်းသဘောရား၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်သည် ချက်ချင်းပင် တောက်ပသော ကြယ်အလင်း အမျှင်တန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ တလက်လက်တောက်ပနေသော ကြယ်တစ်စင်းကဲ့သို့ ပစ်လွှတ် သွားလေသည်။ တိုက်ခိုက်မူတစ်ခုလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး၊ ယခင်က ချင်ယွင် ပြုတ်ကျသွားခဲ့သော မြေပြင်သည် ကြီးမားသော အက်ကြောင်းကြီး တစ်ခုအဖြစ် အက်ကွဲသွားကာ အက်ကြောင်းက ရှေ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဒီသိုင်းကွက်ကိုလည်း ငါ သိထားတယ်ကွ။ နှလုံးသားနတ်ဆိုးသည် သူ၏ ပါးစပ်ထောင့်စွန်းမှ အထင်မြင်သေးဟန် ထွက်ပေါ်လာစဉ် သူ၏လက်ထဲမှ ဓားကို ခုတ်ပိုင်းလိုက်သည်။ သူ၏ မြူနှင်းချောက်နက်ဓားသည် ချင်ယွင်၏လက်ထဲမှ မြူနှင်း ချောက်နက်ဓားကဲ့သို့ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။
“ဘုန်း”…….
ဓားအလင်းတန်းနှစ်ခုသည် အချင်းချင်း ထိပ်တိုက်တွေ့ဆုံပြီး ကောင်းကင်တုန်ခါ လောက်သည့် ပေါက်ကွဲသံကို ထွက်ပေါ်စေသည်။ ကြောက်မယ်ဖွယ်ကောင်းသော ဓားချီ၏ စွမ်းအင်အတက်အကျလှိုင်းများသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ဝှီး…..။
ပုံရိပ်နှစ်ခုသည် ချက်ချင်းပင် ပစ်ဝင်သွားခဲ့ပြီး ပုံရိပ်များကဲ့သို့ အချင်းချင်း ထိပ်တိုက် တွေ့ဆုံပြီး တိုက်ခိုက်ကြသည်။
ဓားချီသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံနေပြီး လှပပြီး ခမ်းနားထည်ဝါသည့် အလင်းတန်းများ ပေါ်ကွဲ ဖြစ်ပေါ်စေသည်။
ဓားရှည်များသည် တစ်ခုနှင့်တစ်ခု ဆက်လက်ခုတ်ပိုင်းနေကြပြီး ဓားချီသည် နေရာအနှံ့ ပျံ့လွင့်နေခဲ့သည်။
ဓားချီများ ပစ်လွှင့်သွားသည်နှင့် မြေပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု အပေါက်ကြီးများ ဖြစ်ပေါ်စေသည်။
ချွင်….။
ချင်ယွင်နှင့် နှလုံးသားနတ်ဆိုးတို့၏ဓားများသည် ထိပ်တိုက်ဆုံတွေ့နေကာ သူတို့မျက်လုံးများက အချင်းချင်း စိုက်ကြည့်နေကြပြီး သူတို့မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်နေကြသည်။
“မင်းရဲ့ခန္ဓာကိုယ်ကို လွဲပေးလိုက်စမ်း။ ငါ မင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ သေဆုံးခွင့် ပြုမယ်”။ နှလုံးသားနတ်ဆိုးက လှောင်ပြောင် ပြောဆိုသည်။
“မင်း စိတ်ကူးယဉ်နေတာလား။” ချင်ယွင်၏မျက်လုံးများသည် အေးစက်မူ၊ ဆုံးဖြတ်ချက် ပြတ်သားမူနှင့်အတူ ဝင်းလက်တောက်ပနေသည်။
“ဟမ့်၊ ဒါဆိုလည်း ငါ့ကို အပြစ်မတင်နဲ့တော့။ နှလုံးသားနတ်ဆိုး၏ ပါးစပ်ထောင့်မှ ဆိုးဝါးသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားချီသည်လည်း ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်၏ အမူအယာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး သူသည် လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။
သို့သော် ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခုသည် နီးကပ်လာနေပြီ။ ချင်ယွင်သည် ထိုဓားချက်ကို တားဆီးရန်အတွက် သူ၏ဓားကို အလျင်အမြန် ခုတ်ပိုင်းလိုက်ရသည်။ သို့သော် ထိုဓားချက်၏စွမ်းအားသည် ကြီးမားလွန်းသည်။ ချင်ယွင်သည် ချက်ချင်းပင် နောက်သို့ လွင့်ပျံသွားခဲ့ရသည်။ သူ၏ရင်ဘတ်သည် ဓားချက်ထိမှန်ခံရပြီး ရင်ဘတ် တစ်ခုလုံး ပေါက်ကွဲလုမတတ် ခံစားလိုက်ရသည်။
အပိုင်း (၄၇၃) နှလုံးသားနတ်ဆိုးကို သတ်ဖြတ်ခြင်း။
ချင်ယွင်သည် သူ၏နောက်ရှိ နံရံကို တရစပ် ထိမှန်သွားခဲ့ပြီး သူ၏နောက်ကျောသည် ပြင်းပြင်းထန်ထန် နာကျင်မူကို ခံစားလိုက်ရသည်။
သို့သော် သူ၏နောက်ကျောမှ ရိုက်ခတ်လာသော နာကျင်မူနှင့်နှိုင်းစာလျှင် သူ၏ ရင်ဘတ်ရှိ ဓားဒဏ်ရာသည် သူ၏နှလုံးနှင့်အဆုတ်များ ကြေကွဲလုမတတ် နာကျင် ခံစားရသည်။
ချင်ယွင်၏နဖူးသည် အေးစက်သောချွေးစေးချွေးပေါက်များဖြင့် ဖုံးလွှမ်းနေသည်။ နာကျင်မူသည် အဝေးမှပင် ဓားသွားဖြင့် ထိုးစိုက်သကဲ့သို့ နာကျင်ခံစားရစေသည်။
“သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”။ ချင်ယွင်သည် ဓားကိုကိုင်ကာ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေသော ချင်ယွင်အတုကိုကြည့်ရင်း သူ၏ မျက်လုံးများ တွင် မလိုလားသည့်ဆန္ဒများ ပြည့်နှက်နေလေသည်။
“ကောင်စုတ်လေး၊ မင်း နှလုံးသားနတ်ဆိုးတွေရဲ့ ကြောက်စရာအကောင်းဆုံး အစိတ်အပိုင်းတွေကို မင်း သိတယ်မဟုတ်လား”။ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ဆရာကြီး၊ အိပ်ပျော်မနေဘူးလား”။ အရမ်းကောင်းတာပဲ”။ ချင်ယွင်၏ မျက်လုံးများ သည် ချက်ချင်းပင် ပျော်ရွှင်မူအရိပ်ယောင် ပေါ်လာပါသည်။ သူသည် ရှေးဟောင်း တာအိုဆရာသခင်၏ အကူအညီဖြင့်ဆို နှလုံးသားနတ်ဆိုးကို သေချာပေါက် အနိုင်ယူနိုင်ပါလိမ့်မည်။
“မင်း ငါ့စွမ်းအားကို မစဉ်းစားနဲ့။ အဲဒါက အသုံးမဝင်ဘူး။” ဒီနှလုံးသားနတ်ဆိုးက မင်းကြောင့် မွေးဖွားလာတာ ဖြစ်တယ်။ ဒါကြောင့် မင်းကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းရ မယ်။ ငါ မင်းကို အကူအညီ မပေနိုင်ဘူး။ နောက်ပြီး ငါ့ခွန်အားကို ချေးငှားပေး ရင်တောင် ဒီအစီအရင်ဝင်္ကပါကြောင့် နှလုံးသားနတ်ဆိုးကလည်း ကောင်းချီးပေးခံရပြီး စွမ်းအားတွေ တိုးမြှင့်လာမှာ ဖြစ်တယ်။ ဒါကြောင့် ရလာဒ်ကတော့ ယခင်အနေထား တိုင်း အတူတူပဲ ဖြစ်တယ်။”။
ရှေးဟောင်းတာအို ဆရာသခင်၏ စကားများက ချင်ယွင်၏ မူလကဖြစ်ပေါ်လာသော စိတ်နှလုံးကို ချက်ချင်းပင် အေးစက်သွားစေခဲ့သည်။
“ဒါဆို ဘာလုပ်ရမှာလဲ”။ ဒီနှလုံးသားနတ်ဆိုးက ကျွန်တော့်ထက် ပိုသန်မာပြီး ကျွန်တော့်မှာရှိတဲ့ စွမ်းအားတွေလည်း အကုန်ရှိနေတယ်။ ကျွန်တော်က သူ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား” ချင်ယွင်က စိုးရိမ်တကြိမ် ပြောလိုက်ပါသည်။
“နှလုံးသား နတ်ဆိုးတွေဆိုတာက မင်းရဲ့နာကြည်းမူတွေကနေ ပေါက်ဖွားလာတာပဲ။” ဒါကြောင့် မင်းကိုယ်တိုင်ပဲ သတ်နိုင်တယ်။ မင်းကို ဘယ်သူမှ မကူညီနိုင်ဘူး။ တကယ်လို့ မင်းအနေနဲ့ ဒီစမ်းသပ်မူကိုတောင် မအောင်မြင်နိုင်ဘူးဆိုရင် မင်းက ငါ့တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး။ တကယ်လို့ မင်းသေမှာကြောက်ရင် ဒီအစီအရင် ဝင်္ကပါကို အင်အားသုံးပြီး ချိုးဖျက်လို့ရတယ်။ ဒါပေမယ့် မင်းရဲ့နှလုံးသားနတ်ဆိုး ကတော့ ကျန်ရှိနေမှာဖြစ်ပြီး မင်းရဲ့ဘဝတသက်တာလုံး တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ကို ဘယ်တော့မှ ဖြတ်ကျော်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကို မင်းကိုယ်တိုင်ပဲ လုပ်နိုင်တယ်။” ရှေးဟောင်းတာအိုဆရာသခင်၏ တင်းမာသည့် အသံက ချင်ယွင်၏ စိတ်ထဲမှာ ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။
“မင်းဟာ မင်းရဲ့ဘဝတသက်တာလုံး တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ကို ဘယ်တော့မှ ဖြတ်ကျော်နိုင်မှာ မဟုတ်တော့ဘူး။” ထိုစကားလုံးများက ချင်ယွင်၏ စိတ်ထဲတွင် တတွတ်တွတ် မြည်ဟီးနေပြီး၊ သူ၏စိတ်နှလုံးထဲတွင် ပြင်းထန်သည့် မလိုလားသော စိတ်ဆန္ဒများ တဟုန်ထို့ ပျံ့နှံ့ထွက်ပေါ်လာလေသည်။
“မဟုတ်ဘူး၊ ငါချင်ယွင်က ဘဝတသက်တာလုံး သိုင်းဧကရာဇ်တစ်ပါးအဖြစ် နေဖို့ ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ။ ငါ့ရဲ့ သိမ်မွေ့နက်နဲ နှလုံးသားကို ပြန်လည် ရှင်သန်စေ ဖို့အတွက် ငါ အင်မော်တယ်ကမ္ဘာသို့ ပြန်သွားချင်ပါသေးတယ်။ အမေ့ကို ကယ်တင်ဖို့ အတွက် အမှောင်ထုချောက်နက်ကြီးဆီ ငါ သွားဖို့လိုသေးတယ်။ ငါ့ကို နာကျင်စေခဲ့သူ အားလုံးကို ငါ ပြန်လည် ပေးဆပ်ခိုင်းရဦးမယ်။ သိုင်းဧကရာဇ် နယ်ပယ်လေးမှာ ငါ ဘယ်လိုလုပ် ရပ်တန့်နေလို့ ဖြစ်နိုင်မှာလဲ။ ငါ မကျေနပ်ဘူး။ ဒါကို ငါ လက်မခံနိုင်ဘူး။” ချင်ယွင်သည် သူ၏ စိတ်ထဲတွင် အရူးအမူး အော်ဟစ်လိုက်မိသည်။
“ဟမ့်၊ မင်း လက်မခံနိုင်လဲ ဒါက ဘာမှ အသုံးမဝင်ဘူး”။ မင်း အခုလိုပုံစံမျိုးနဲ့ နှလုံးသား နတ်ဆိုးကို အနိုင်ယူနိုင်မှာတဲ့လား။ မင်း အခုလုပ်နေတာတွေက နှလုံးသားနတ်ဆိုးရဲ့ ခွန်အားကို တိုးပွားစေရုံပဲ ရှိလိမ့်မယ်။” ရှေးဟောင်းတာအိုဆရာသခင်၏ ခက်ထန်သော အသံက ထွက်ပေါ်လာခဲ့ပြီး ချင်ယွင်၏နှလုံးသားကို လေးလံသောတူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရပါသည်။
ချင်ယွင်သည်လည်း ငြိမ်ကျသွားပြီး သူ၏စိတ်တွေကလည်း တဖြည်းဖြည်း တည်ငြိမ် လာခဲ့ပါသည်။
“မှန်တယ်၊ ဒေါသထွက်နေလို့ အသုံးမဝင်ဘူး။ နှလုံးသားနတ်ဆိုးရဲ့ခွန်အားကို တိုးစေရုံ ပဲ ရှိလိမ့်မယ်. ငါ့နှလုံးသားထဲမှာ နာကြည်းချက်တွေက အရမ်းကို များပြားနေခဲ့တာ ကြောင့် နှလုံးသားနတ်ဆိုးကလည်း အရမ်းအစွမ်းထက်လာခဲ့တာပဲ”။ ချင်ယွင်သည် သူ့ကိုယ်သူ တွေးမိလိုက်ပါသည်။
“ကောင်လေး၊ တကယ်တော့ နှလုံးသားနတ်ဆိုးကို မင်း ကြောက်စရာ မလိုပါဘူး။ နှလုံးသားနတ်ဆိုးဟာ မင်းကြောင့် မွေးဖွားလာခဲ့တာလေ။ မင်းကို သူ့ကို အနိုင်ယူနိုင် စွမ်း ရှိမရှိကတော့ မင်းအပေါ်မှာပဲ မူတည်နေတယ်။ “နှလုံးသားထက် ကျော်လွန်နေတဲ့ အရာ ဘာမှမရှိဘူး”ဆိုတဲ့ ဒီစကားကို ငါ မင်းကို ပြောပြပေးလိုက်မယ်။ ဒီစကားကို မင်းကိုယ်တိုင် တွေးတောကြည့်ပါ”.။ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက နောက်တဖန် ထွက်ပေါ်လာပြန်သည်။
“နှလုံးသားရဲ့ အပြင်ဘက်မှာ ဘာမှမရှိဘူး” ချင်ယွင်သည် ထိုစကားကို ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ သူသည် ထိုစကားစု၏ ဆိုလိုရင်းသဘောတရားကို နားမလည်နိုင် ပေ။ ထိုစကားစုက နှလုံးသားနတ်ဆိုးနှင့် မည်သို့ သက်ဆိုင်နေပါသနည်း”။
တခဏကြာအောင် ချင်ယွင်သည် လေးလေးနက်နက် တွေးတောပြီးနောက် “နှလုံးသား ထက် ကျော်လွန်နေသောအရာ ဘာမှမရှိဘူး”ဟူသည့် စကားသံက သူ၏စိတ်ထဲမှာ ပဲ့တင်ထပ်လာလေသည်။
“ငါ နားလည်ပြီ။ ငါ နားလည်သွားပြီ။” ချင်ယွင်၏နှလုံးသားသည် ရုတ်တရက် စိတ်အား တက်ကြွမူက ဟုန်းခနဲ ဖြစ်ပေါ်လာလေသည်။
ရှေးဟောင်းတာအိုဆရာသခင်၏ “နှလုံးသားထက်ကျော်လွန်ပြီး ဘာမှမရှိဘူး”ဟူသော စကားသည် မည်သည့်အရာကို ဆိုလိုမှန်း နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပါပြီ။
ဆိုလိုသည်မှာ၊ နှလုံးသားနတ်ဆိုးသည် မူလကတည်းက သူ့ကြောင့် ဖန်တီးဖြစ်ပေါ် လာခြင်း ဖြစ်လေသည်။ ချင်ယွင်၏စိတ်နှလုံးသည် ကြည်လင်သန့်ရှင်းနေသမျှ ကာလ ပတ်လုံး ထိုနှလုံးသားနတ်ဆိုးသည်လည်း သဘာဝအတိုင်း သူ့အလိုလို ပျောက်ကွယ် သွားပါလိမ့်မည်။
“နှလုံးသားသည် တာအိုဖြစ်သည်။ တာအိုသည် ကောင်းကင်ဘုံ ဖြစ်သည်”။
နောက်ဆုံးတွင် ချင်ယွင်သည် သူ၏နှလုံးသားနတ်ဆိုးကို သူကိုယ်တိုင်သာ ဖြေရှင်းနိုင် သည်ဟူသော စကားကို ရှေးဟောင်းတာအိုဆရာသခင် အဘယ့်ကြောင့် ပြောခဲ့လဲဆို သည်ကို သူ နားလည်သွားခဲ့ပါပြီ။ ဤနှလုံးသားနတ်ဆိုး၏ ခွန်အားသည် သူ၏ စိတ်နှလုံးထဲမှ ဖြစ်ပေါ်လာပုံရပါသည်။ သူသည် သူ၏စိတ်နှလုံးကို မူလစိတ်နှလုံး အတိုင်း စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားနိုင်သရွေ့ နှလုံးသားနတ်ဆိုး၏စွမ်းအားသည်လည်း အားနည်းသွားပါလိမ့်မည်။
သို့သော် လူတစ်ယောက်သည် သူ၏စိတ်နှလုံး မူလစိတ်နှလုံးအတိုင်း စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားရန်မှာ အပြောလွယ်သော်လည်း လုပ်ရန်အလွန်ခက်သည့် အရာ ဖြစ်ပါသည်။
တချိန်တည်းမှာပင် ချင်ယွင်သည် နှလုံးသားနတ်ဆိုးကို ပြန်ကြည့်ရန် သူ၏ခေါင်းကို မော့လိုက်ပါသည်။
“မင်း ငါ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မင်းရဲ့ဆရာသခင်နဲ့ ဆွေးနွေးပြီးပြီလား”။ မင်း အနေနဲ့ ငါ့ကို ကိုင်တွယ်ဖို့အတွက် မင်းဆရာသခင်ရဲ့ စွမ်းအားကို ချေးငှားချင်ရင်လည်း အဲဒါက ငါ့အတွက် လုံးဝ အသုံးမဝင်ဘူးလို့ ငါ အကြံပေးလိုက်မယ်”။ နှလုံးသားနတ်ဆိုး က ချင်ယွင်ကိုကြည့်ပြီး ရယ်မောလိုက်လေသည်။
သူသည် ချင်ယွင်၏အကြောင်းကို ကောင်းကောင်းသိထားသည်။ ယခုလေးတင်၊ ချင်ယွင်သည် ဝေတွေငြိမ်သက်နေခဲ့သည်။ သေချာသည်မှာ၊ ချင်ယွင်သည် သူ၏ ဆရာခသင်နှင့် စကားပြောနေမှန်း သူ သိသည်။ ဒါပေမယ့် သူသည် သူ့ကို မတားဆီးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်းတာအို ဆရာသခင်သည် ချင်ယွင်ကို အကူအညီမပေးနိုင်မှန်း သူ ယုံကြည်ထားသောကြောင့် ဖြစ်ပါသည်။
“မင်းကို ရင်ဆိုင်ဖို့အတွက် ငါ့ဆရာသခင်ရဲ့စွမ်းအားကို ငါ လုံးဝ မလိုအပ်ဘူး။ ဒါကို ငါကိုယ်တိုင် လုပ်နိုင်တယ်။” ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး နှလုံးသား နတ်ဆိုးကို ကြည့်သည့် သူ၏အကြည့်များက တည်ငြိမ်စ ပြုလာပါသည်။
“မင်းရဲ့ အစွမ်းလေးနဲ့လား။ ဖြစ်နိုင်တာက စောစောက မင်း နာကျင်ခံစားရတဲ့ ဒဏ်ရာတွေက မလုံလောက်သေးဘူးထင်တယ်။ ငါ့ရရှိတော့မယ့် ငါ့ခန္ဓာကိုယ်လေး ပျက်ဆီးသွားမှာ စိုးရိမ်နေလို့သာ။ ဒီလိုမှမဟုတ်ရင် ငါ မင်းကို အခုချက်ချင်း ဒီဓားနဲ့ ခုတ်သတ်ပစ်လိုက်ပြီ။” နှလုံးသားနတ်ဆိုးက လှောင်ပြော ပြောဆိုလိုက်သည်။
“အစောပိုင်းက အစောပိုင်းသက်သက်လေ။ အခုက အခုပဲ။” ချင်ယွင်၏မျက်လုံးများ သည် ရှေးဟောင်းရေအိုင်ကြီးကဲ့သို့ တဖြည်းဖြည်းနှင့် တည်ငြိမ်လာလေသည်။
ချင်ယွင်၏ခန္ဓာကိုယ်သည် ကြီးစွာသော အပြောင်းအလဲကို ကြုံတွေ့နေရသည်ဟု ခံစားမိသောကြောင့် နှလုံးသားနတ်ဆိုးသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက် မိပါသည်။
“ဟမ့်၊ အခြေအနေက ဒီလိုဆိုမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့”။ နှလုံးသားနတ်ဆိုးက အေးစက်စွာ ပြောလိုက်သည်။ သူသည် လေဝိညာဉ်လှုပ်ရှားမူကို ချက်ချင်းပင် အကောင်ထည်ဖော် အသက်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ပုံရိပ်အစဉ်အတန်းအဖြစ် ပြောင်းလဲသွားခဲပြီး ချင်ယွင်ဆီသို့ တိုက်ရိုက်ပစ်ဝင်သွား ခဲ့သည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည်လည်း မြင်ရသူတိုင်းကို နှလုံးတုန် ရင်ခုန်စေသည့် စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် နှလုံးသားနတ်ဆိုး၏ ပစ်ဝင်လာသော ပုံရိပ်များကို ကြည့်ရင်း ပေါ့ပေါ့ ပါးပါး အသက်ရူသွင်းလိုက်ပါသည်။ သူသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏စိတ်က အလွန်အမင်း ငြိမ်သက်အေးချမ်းသည့် အခြေအနေသို့ ဝင်ရောက်သွားခဲ့ သည်။
“မင်းက သေချင်နေတာပဲ”။ ချင်ယွင်က သူ၏မျက်လုံးများကို အမှန်တကယ် မှိတ်ထား သည်ကို မြင်လိုက်ရလျှင်၊ နှလုံးသားနတ်ဆိုးသည် ချင်ယွင်သည် လုံးဝ လက်လျော့ လိုက်ပြီဟု တွေးလိုက်ပြီး သူ၏မျက်နှာက ဖော်ပြလို့မရသည့် ပျော်ရွှင်သည့်အမူအယာ ပေါ်လာပါသည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် ကြီးမားသေား အပြောင်းလဲများကို ကြုံတွေ့နေရပုံပေါ်သည်။ ယခုအချိန်မှာ သူ၏စိတ်က တည်ငြိမ်နေသည့် ရေကန်ကြီး တစ်ကန်ကဲ့သို့ ငြိမ်သက်နေလေသည်။
ယစ်ထုတ်အဘိုးကြီး၏ တချိန်တုန်းက သူ့ကိုပြောခဲ့သည့်စကားတွေက သူ၏နားထဲမှာ ပြန်လည် ကြားယောင်လာပါသည်။” စိတ်ထဲရှိတဲ့အတိုင်း လုပ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို တွန်းအားပေးပါ။ သိမ်မွေ့တဲ့ လေပြေ လေညှင်းလေးတွေက တောင်ကုန်းကြီးတွေကို မှုတ်ထုတ်ပစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ထဲနှစ်သက် သလို လုပ်ဆောင်ခွင့် ပေးလိုက်ပါ။ တောက်ပတဲ့လမင်းကြီးက ကြီးမားတဲ့မြစ်ရေပြင် ကြီးကို ရောင်ပြန်ဟပ်ပြီး တောက်ပစေပါတယ်”။
တခဏအတွင်းမှာ ချင်ယွင်၏စိတ်သည် အလွန်အမင်း တည်ငြိမ်လုနီးပါး ဖြစ်သွားခဲ့ပြီး ချင်ယွင်၏ခန္ဓာကိုယ်မှ တောင်တန်းကြီးတစ်ခုကဲ့သို့ မတုန်မလှုပ် ခိုင်ခံ့သည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်လာပါသည်။
ချင်ယွင်သည် သူ၏မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်သည်။ မူလက သူ့ဆီ ဓားကို ဝှေ့ယမ်းကာ အလျင်အမြန် ပျံသန်းလာနေသော နှလုံးသားနတ်ဆိုးသည် ထိုအခိုက်တန့် တွင် အလွန်အမင်း နှေးကွေးလာခဲ့သည်။ တစ်ယောက်တစ်ယောက် အချိန်၏စီးဆင်းမူ ကို ပြောင်းလဲပစ်လိုက်သလိုပင်။ နှလုံးသားနတ်ဆိုး၏ လှုပ်ရှားမူတိုင်းသည် သူ၏ မျက်လုံးထဲသို့ အလွန်မင်း နှေးကွေးစွာဖြင့် ဝင်ရောက်လာခဲ့သည်။
“ပြီးဆုံးသွားပါပြီ။” ချင်ယွင်သည် ညင်သာစွာ ရေရွတ်ရင်း သူ၏ရုပ်အသွင်အပြင်က အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်.
ဖန်သားကဲ့သို့ ကြည်လင်ပြတ်သားသော ဓားအလင်းတန်းသည် လေထဲတွင် လင်းလက် သွားခဲ့ပါပြီ။
“ဘယ်လို…..။ ဘယ်လိုလုပ် ရုတ်တရက် ဒီလောက်မြန်မြန်ကြီး ပြောင်းလဲသွားရ တာလဲ” နှလုံးသားနတ်ဆိုး၏ တကိုယ်လုံးသည် ချက်ချင်းပင် တောင့်တင့်သွားခဲ့ပြီး အလွန် ထိတ်လန့်တုန်လှုပ်သည့် အမူအယာ ပေါ်လာပါသည်။
လုံးဝ လက်လျော့လိုက်ပြီဟု မူလက သူထင်ထားခဲ့သော ချင်ယွင်သည် အမှန်တကယ် ပင် မကြုံစဖူး ကြောက်မက်ဖွယ်အရှိန်ဟုန်ဖြင့် ပေါက်ကွဲထွက်လာကာ သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်။
“တကယ်တော့ ငါက မြန်လာတာ မဟုတ်ဘူး။ မင်းကိုယ်တိုင်က နှေးလာခဲ့တာ”။
အနည်းငယ်မျှ အနိမ့်အမြင့် အတက်အကျမရှိသော ချင်ယွင်၏အသံက နှလုံးသား နတ်ဆိုး၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
“မဟုတ်ဘူး” မလိုလားသည့် ပြင်းထန်သော ခံစားချက်က နှလုံးသားနတ်ဆိုး၏ စိတ်နှလုံးထဲတွင် တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။
သို့သော်လည်း သူသည် ရှုံးနိမ့်သွားခဲ့ပြီးဖြစ်ကာ သူ၏ခန္ဓာကိုယ်မှ စူးရှတောက်ပသည့် အလင်းရောင် ထုတ်လွှတ်လာနေသည်။ နောက်ဆုံးတွင် သူသည် ပေါက်ကွဲပြီး ဘာမှမရှိသည်၏အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နှလုံးသားနတ်ဆိုးသည် အစိပ်စိပ်အမွှာမွှာ ကြေမွပျက်ဆီးသွားသည်နှင့် မူလက ကြယ်ရောင်လွှမ်းနေသော ကောင်းကင်ကြီးသည် လွင့်စင်သွားခဲ့ပြီး မြူးခိုးမြူငွေ့များ အသွင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ချင်ယွင်သည် ထိုမြင်ကွင်းကိုမြင်သောအခါ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်း တစ်ချက် ချလိုက်မိပါသည်။
“ကျွန်ုပ်၏ ကြယ်ကွန်ယက် ပုံရိပ်ယောင်အစီအရင်ဝင်္ကပါကို ချိုးဖျက်နိုင်သည့်အတွက် ဂုဏ်ယူပါတယ်”။
ထိုအချိန်တွင် ချင်ယွင်၏နားထဲသို့ အထီးကျန်ဆန်သည့်အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပါသည်.။
အခန်း (၄၇၄) အင်မော်တယ်နန်းတော်၏သော့။
“ခင်ဗျား ဘယ်သူလဲ” စကားပြောနေတာ ဘယ်သူလဲ”။
ချင်ယွင်သည် မြေကြီးပေါ် ထိုင်ခါနီးတွင် ထိုစကားသံကြောင့် ထိတ်လန့်သွားခဲ့ရပြီး ထခုန်မိသွားသည်။ သူသည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။
“ဟား..။ ဟာ…။ မင်း စိုးရိမ်နေဖို့ မလိုပါဘူး။ ဒါက ငါ ဒီမှာ ချန်ထားရစ်ခဲ့တဲ့ စိတ်ဝိညာဉ် အမျှင်တန်းလေးတစ်ခုပါပဲ။ ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က အင်မော်တယ်ကမ္ဘာကြီးထဲ ကို တက်လှမ်းသွားခဲ့ပြီ။ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
“စိတ်ဝိညာဉ် အမျှင်တန်းလေးတစ်ခုလား”။ ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိပါသည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်သို့ ဝင်ရောက် သောအခါတွင်၊ သူတို့၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်ကြပါပြီ။ သို့ရာတွင်၊ သူတို့သည် ရိုးရှင်းသော စိတ်ဝိညာဉ်ရှာဖွေမူများကိုသာ လုပ်ဆောင်နိုင်ကြပြီး စိတ်ဝိညာဉ်ဖြင့် အသံပို့လွှတ်ခြင်းမျိုးကိုတော့ အင်မော်တယ် အသွင်ကူးပြောင်း ခြင်း နယ်ပယ်သို့ ရောက်ရှိမှသာ ပြုလုပ်နိုင်ကြပါသည်။ သူတို့၏စိတ်ဝိညာဉ်စွမ်းအားကို သိပ်သည်းပြီး စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု ချန်ထားဖို့က မဖြစ်နိုင်ပါပေ။
ချင်ယွင်ကိုယ်တိုင်လည်း အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့ဖူးပြီး သူ၏ စိတ်ဝိညာဉ်အမျှင်တန်းကို သိပ်သည်းနိုင်ခဲ့ဖူးပါသည်။ ဤနေရာ၌ စိတ်ဝိညာဉ် အမျှင်တန်းကို သိပ်သည်းနိုင်သည့် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ အမှန်တကယ် မျှော်လင့်မထားခဲ့ပါပေ။ ကြည့်ရသည်မှာ ထိုလူသည် ဤလှိုဏ်ဂူ၏ ပိုင်ရှင် ဖြစ်ပေလိမ့်မည်။
ဝှမ်း..။
ထိုအခိုက်မှာပင် လှိုင်းလုံးတစ်ချက် ရိုက်ခတ်သွားခဲ့ပြီး ခန်းမထဲမှာ မူလကရှိနေခဲ့သော မြူခိုးမြူငွေ့များသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ခန်းမကြီးတစ်ခု၏ အသွင်အပြင်သည် ချင်ယွင်၏ရှေ့မှာ ချက်ချင်း ပေါ်လာပါသည်။
ချင်ယွင်သည် လှည့်ကြည့်လိုက်လျှင် ဤခန်းမကြီးသည် သူယခင်က မြင်တွေ့ခဲ့ဖူးသည့် ခန်းမကြီးများနှင့် သိပ်ပြီး ကွာခြားခြင်းမရှိသည်ကို တွေ့လိုက်ရပါသည်။ သို့ရာတွင် ဤခန်းမကြီးတွင် ထောက်ပို့ပေးထားသည့် ကျောက်တိုင်းများ ရှိမနေဘဲ ခန်းမ တစ်ခုလုံးသည် တောရိုင်းမြေပြင်သဖွယ် ဖြစ်နေပါသည်။
သို့သော်၊ ချင်ယွင်၏အကြည့်သည် ပင်မခန်းမကြီးရှေ့သို့ ရောက်သွားသည်နှင့် ထိုနေရာ တွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရပါသည်။ အတိအကျ ပြောရလျင် ထိုလူသည် ပုံရိပ်ယောင်တစ်ခုအတွင်းမှာ ရပ်နေခြင်းဖြစ်ပါသည်။
ထိုလူကို ကြည့်ရသည်မှာ အသက်လတ်ပိုင်းအရွယ် ဖြစ်ပုံရပါသည်။ လက်မောင်း အဖြူရောင်ဝတ်စုံနှင့် သူ၏ခေါင်းပေါ်တွင် သရဖူးတစ်ခုကို ဆောင်းထားပါသည်။ သူ၏ ပုံစံက တာအိုဘုန်းကြီးတစ်ပါးနှင့် တူ၏။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် စိတ်မသက်မသာဖြစ်သည့် ခံစားချက်ကို ပေးစွမ်းနေ၏။ သူ၏ခန္ဓာကိုယ်မှ မိန်းမဆန် သည့် အငွေ့အသက်တွေ ထွက်ပေါ်နေသည်။ သူသည် အခြားတာအို ဘုန်းတော်ကြီးများကဲ့သို့ အင်မော်တယ်တစ်ပါး မဟုတ်ပေ။
ချင်ယွင်သည် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ခြုံငုံလေ့လာကြည့်ရူလိုက်စဉ်မှာ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ချင်ယွင်နှင့်ပတ်သက်ပြီး သိချင်စိတ် ပြင်းပြနေသကဲ့သို့ ချင်ယွင်ကို လေ့လာကြည့်ရူနေသည်။
“မင်းက လူသားတစ်ယောက်လား”။ အသက်လတ်ပိုင်းအရွယ် အမျိုးသားက အံ့အား သင့်ဟန်ဖြင့် မေးလိုက်လေသည်။
ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏မျက်လုံးများက သတိထားကာ နိုးကြား လာလေသည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ရုပ်ရည် အသွင်အပြင် ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထွင်းဖောက်မြင်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
“စိတ်မပူပါနဲ့။ ဒါပေမယ့် ငါ အရမ်းသိချင်မိတယ်။ ပင်လယ်ကြမ်းပြင်ပေါ်က အဆုံးမဲ့ ချောက်နက်ကြီးထဲမှာ ဒီလှိုဏ်ဂူကို တည်ဆောက်ထားတာ။ ဒီကိုဝင်လာတဲ့သူတွေ အားလုံးက နတ်ဆိုးသားရဲတွေဖြစ်မယ်လို့ အစတုန်းက ငါ ထင်ခဲ့ပေမယ့် အဆုံးမှာတော့ လူသားတစ်ယောက် ဝင်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ ဒါက ဘယ်လို အံ့ဩဘန်း ဖြစ်ရပ်မျိုးလဲ။” အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
“ငါတစ်ယောက်တည်း လာတာ မဟုတ်ဘူး” ချင်ယွင်က တုန့်ပြန်ပြောလိုက်ပါသည်။
“အို.” အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် သဘောပေါက်သွားဟန် တူသည်။
ချင်ယွင်၏ ဆိုလိုရင်းသဘောကို သူ နားလည်သွားသည်။ ဆိုလိုသည်မှာ၊ သူမှလွဲပြီး သူ၏ လူသားဆိုသည့်ကိုယ်ရေးအချက်အလက်ကို အခြား မည်သူမှမသိသေးပေ။ ထို့ကြောင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့အတွက် ဤအကြောင်းကို လျှို့ဝှက်ထားလိမ့်မည်ဟု သူ မျှော်လင့်ထားကြောင်း ဆိုလိုပါသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြောလိုက်သည်” စိတ်မပူပါနဲ့။ ငါတို့ အားလုံးက လူသားတွေမို့ မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါ ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ အရမ်းသိချင်နေမိတယ်။ မင်းလိုလူသားတစ်ယောက်က နတ်ဆိုးသားရဲ အဆင့်ကို ဘယ်လိုလုပ် ရောက်နိုင်ရတာလဲ”။
ချင်ယွင်က အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ပြန်မဖြေပေ။
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ဆက်ပြောပြသည်” နတ်ဆိုးသားရဲတွေ ငါလှိုဏ်ဂူရဲ့ လျှို့ဝှက်ချက်တွေကို ရယူကြိုးပမ်းခြင်းမှ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ငါက ဒီလှိုဏ်ဂူထဲမှာ လျှို့ဝှက်အစီအရင်ဝင်္ကပါများစွာ တပ်ဆင်ထားခဲ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ငါ နှစ်ပေါင်းငါးရာ စောင့်ဆိုင်း ပြီးတဲ့နောက် နောက်ဆုံးတော့ လူသားတစ်ယောကို ငါ တွေ့ခဲ့ရပြီ။”။
ချင်ယွင်၏မျက်နှာသည် အံ့အားသင့်မူ အရိပ်အယောင် ပေါ်လာသည်။ မူလက ဤလှိုင်ဂူ ပိုင်ရှင်သည် ဤနေရာတွင် လျှို့ဝှက်အစီအရင်ဝင်္ကပါများစွာကို တည်ဆောက်ထား သည်ကို မြင်သောအခါ သူသည် ဤလှိုဏ်ဂူပိုင်ရှင်သည် အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ် ကြီးမားသူဖြစ်သည်ဟု သူ ထင်ထားခဲ့သည်။ ယခုတော့ သူသည် သူ့ကို အထင်မြင်လွဲသွားပုံရပါသည်။ သူသည် ဤလှိုဏ်ဂူ၏လျှို့ဝှက်ချက်များကို နတ်ဆိုးသားရဲများ ရရှိမသွားစေရန်အတွက် ကြိုတင်ဟန့်တားရန် ပြင်းထန်သော သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါများစွာကို တပ်ဆင်ထားခြင်း ဖြစ်နေလေသည်။
သူ၏အစီအစဉ်အရဆို၊ ဤနေရာသို့ ရောက်ရှိလာသူသည် အစီအရင်ဝင်္ကပါများကို ကျွမ်းကျင်သည့် လူသားတစ်ဦးဖြစ်သည်။ ထို့မှသာ သူတပ်ဆင်ထားသော သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါများကို ဖယ်ရှားနိုင်စွမ်းရှိမည် ဖြစ်သည်။
“စီနီယာ၊ ဒီလှိုဏ်ဂူထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲ။” ချင်ယွင််က မေးလိုက်သည်။
လှိုဏ်ဂူအဝင်ဝမှာ ရေးထားသည့် စာကြောင်းလေးကြောင်းမှာ အဆုံးမဲ့ချောက်နက်ကြီး အောက်က အင်မော်တယ်နန်းတော်လို့ ဖော်ပြထားသော်လည်း လှိုဏ်ဂူထဲမှာ မည်သည့်အရာများ ရှိနေလဲဆိုသည်ကို ပြောပြမထားပါဘူး။ ထို့ကြောင့် ဤလှိုဏ်ဂူ ပိုင်ရှင်သည် သတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါများ တပ်ဆင်ပြီး ကြိုတင် ကာကွယ် ထားသည့် ထိုလျှိုဝှက်ချက်ကို ချင်ယွင်သည် အလွန် သိချင်မိပါသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်က သူ့ကို “စီနီယာ”ဟု ခေါ်သည်ကို ကြားလျှင် သူ၏မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာပါသည်။ “အဆုံးမဲ့ ချောက်နက်ကြီး အောက်မှာ အင်မော်တယ်နန်းတော်တစ်ခု ရှိတယ်။ ဒီအကြောင်းကို မင်းတို့အားလုံး သိထားပြီးပြီလို့ ငါ ယုံကြည်တယ်။”။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စကို သူ သိထားပြီးသား ဖြစ်သည်။ သူသည် ထိုအင်မော်တယ်နန်းတော်ကြီးအတွက်ကြောင့်သာ ဤပင်လယ်ဒေသသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ဒါပေမယ့်၊ အဲဒီအင်မော်တယ်နန်းတော်ကို စောင့်ကြပ်နေတဲ့ တုနှိုင်းမရအောင် အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတစ်ကောင်ရှိတယ်။ အင်မော်တယ်နန်းတော်ကို ဝင်နိုင်ဖို့ အတွက်ဆို အင်မော်တယ်နန်းတော်ရဲ့သော့လည်း ရှိရမယ်။ အဲဒီလိုမှမဟုတ်ရင် ဘယ်သူမှ အင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ အသက်လတ် ပိုင်းအရွယ် အမျိုးသားက ပြောပြသည်။
“အင်မော်တယ်နန်းတော်ရဲ့သော့။ အဲဒါက ဘာလဲ”။ ချင်ယွင်က အံ့ဩခြင်းကြီးစွာဖြင့် မေးလိုက်ပါသည်။
“အင်မော်တယ် နန်းတော်သော့ဆိုတာက အထောက်အထား စစ်မှန်ကြောင်း သက်သေပြခြင်းလို့ ဆိုနိုင်တယ်။ အင်မော်တယ်နန်းတော်သော့ကို ပိုင်ဆိုင်သူတွေပဲ အင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်နိုင်တယ်။ ဒီလိုမှမဟုတ်ရင် အဲဒီလူတွေဟာ စောင့်ကြပ်နေတဲ့ နတ်ဆိုးသားရဲရဲ့ သတ်ဖြတ်ခြင်းခံရရုံတင်မက အင်မော်တယ် နန်းတော်မှာ တပ်ဆင်ထားတဲ့ ထူးခြားတဲ့ အစီအရင်ဝင်္ကပါတွေရဲ့ ရှင်းလင်းသုတ်သင်မူ ကိုလည်း ခံရမှာ ဖြစ်တယ်။” အသက်လတ် ပိုင်းအရွယ် အမျိုးသားက ပြောပြသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်သွားမိသည်။ ထိုအင်မော်တယ် နန်းတော်ထဲ ဝင်ရောက်နိုင်ရန်အတွက် သော့တစ်ချောင်း လိုအပ်နေပုံရသည်။
“အင်မော်တယ်နန်းတော်သော့က တစ်ချောင်းထက်မက ရှိနေတာလား”။ ချင်ယွင်က မေးလိုက်သည်။
“မှန်တယ်။ အင်မော်တယ်နန်းတော်သော့က ကိုးခုရှိတယ်။ ဒါပေမယ့် နှစ်ပေါင်းရာချီ ကြာအောင် ရှာဖွေပြီးတဲ့နောက်မှာ တစ်ချောင်းပဲ ရှာတွေ့ခဲ့တယ်။ ကျန်တဲ့သော့ရှစ် ချောင်းက ကမ္ဘာအနှံ့မှာ ပြန့်ကျဲနေခဲ့တာ အတော်ကြာခဲ့ပြီ။” အသက်လတ် ပိုင်းအရွယ် အမျိုးသားက ပြောပြသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ သူမှန်းဆထားသလိုပင်။ ဤအင်မော်တယ် ဘုရင်သည် ကံကြမ္မာကောင်းရှိသူများကို သူ၏အမွေကို ဆက်ဆံရရှိရန်အတွက် သူ၏ နန်းတော်ကြီးထဲတွင် ချန်ထားရစ်ခဲ့ပြီး ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း သူသည် ပါရမီနိမ့်ကျသည့် လူများကို သူ၏အမွေကို ဆက်ခံစေလိုခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူသည် ဤနည်းလမ်းဖြင့် ပါရမီရှင်များကို ရွေးချယ်ခဲ့သည်။
သို့သော် အမွေဆက်ခံသူကို ရွေးချယ်သည့် သူ၏နည်းလမ်းမှာ ရှည်လျားလွန်းလှ ပါသည်။ အရင်ဆုံး အင်မော်တယ်နန်းတော်သော့ကို ရရှိရန်အတွက်ပင် အလွန်ခက်ခဲ လှသည်။ နှစ်ပေါင်းငါးထောင်ကျော် ကြာညောင်းခဲ့ပြီးနောက် အင်မော်တယ် နန်းတော်၏ သော့များသည် တထောင့်တနေရာတွင် ပျောက်ဆုံးသွားခဲ့ကြသည်။
ဤသော့များကို ရရှိသူများသည် တက်လှမ်းပြီး အဝေးကို ယူသွားသည်တောင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ (တက်လှမ်းဟူသည် အင်မော်တယ်ကမ္ဘာကို ရည်ညွန်း ဟန်)။
သို့သော်၊ အင်မော်တယ်နန်းတော်ကြီးကတော့ အဆုံးမဲ့ချောက်နက်ကြီး၏ အနက်ရှိုင်း ဆုံးနေရာမှာ ရှိနေဆဲဖြစ်ပြီး၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး သားရဲကြီး တစ်ကောင်က ကာကွယ်ပေးထားသည်။ အကယ်၍ လူတစ်ယောက် သည် အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်လိုပါက၊ ထိုလူသည် အင်မော်တယ် နန်းတော် အတွင်းမှာရှိနေသည့် အန္တရာယ်အခက်များကို အသာထား။ မရေတွက်နိုင်သော အခက်ပေါင်းများစွာကို အရင်ဆုံး ဖြတ်သန်းရမည် ဖြစ်ပါသည်။
“စီနီယာ၊ စီနီယာရဲ့လှိုဏ်ဂူထဲမှာ အင်မော်တယ်နန်းတော်ကို ဝင်နိုင်တဲ့ သော့တစ်ချောင်းရှိနေတယ်လို့ ပြောချင်တာလား”။ ချင်ယွင်က မေးလိုက်ပါသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ခေါင်းညိတ်ပြသည်။
“ဘယ်နေရာမှာလဲ” ချင်ယွင်က ဆက်မေးသည်။
“တတိယထပ် မြေအောက်ခန်းလား”။ ချင်ယွင်က အံ့ဩစွာဖြင့် မေးလိုက်သည်။
“ဒုတိယထပ် မြေအောက်ခန်းကို ဉီးတည်ထားတဲ့ လှေကားတစ်ခု ရှိတယ်။ မင်း ဆင်းသွားလို့ရတယ်။ ဒါပေမယ့် အဲဒီဒုတိယထပ်က ပထမထပ်ထက်တောင် ပိုပြီး အန္တရာယ်များသေးတယ်လို့ မင်းကို သတိပေးလိုက်မယ်” အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်ပြီး ဒုတိယထပ်ဆီဆင်းတက်ရာ လှေကားဆီသို့ လျှောက်လာခဲ့သည်။
ရုတ်တရက် ချင်ယွင်သည် နောက်ပြန်လှည့်ကြည့်ရင်း မေးမြန်းကြည့်လိုက်သည် “စီနီယာ၊ စီနီယာရဲ့နာမည်တောင် မမေးလိုက်မိဘူး”။
ချင်ယွင်၏စကားကို ကြားသောအခါ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကြည်လင်ရွှင်ပြစွာ ရယ်မောလိုက်သည်။ သူက ရယ်လောင်စွာ ရယ်မောရင်း ပြောသည် “မှတ်ထားကွ၊ ငါ့နာမည်က ကျောက်ဝူကျင်းတဲ့။
“ကျောက်ဝူကျင်းလား”။ ချင်ယွင်က ပေါ့ပေါ့ပါးပါး ရေရွတ်ရင်း နောက်ပြန် လှည့်မကြည့်တော့ဘဲ လှေကားဆီသို့ လျှောက်သွားတော့သည်။
ကျောက်ဝူကျင်းသည် ချင်ယွင်ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ့ကိုယ်သူ ပြုံးလိုက်ပြီး ရေရွတ်သည် “စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ တတိယထပ်မှာ ပြန်ဆုံကြတာပေါ့ ကောင်လေး”။
ထိုစကားကိုပြောပြီးနောက် ကျောက်ဝူကျင်းပုံရိပ်သည် ခန်းမအတွင်းမှ ပျောက်ကွယ် သွားခဲ့သည်။
အခန်း (၄၇၅) ရေခဲဝိညာဉ်မျိုးနွယ်စု။
ချင်ယွင်သည် အကြင်နာကင်းမဲ့သည့် လှေကားအတိုင်း နောက်မှလိုက်ကာ ဆင်းသွားခဲ့ပါသည်။ လှေကားထစ်များသည် မည်သည့်ထူးဆန်းမူမှ မရှိပေ။ လှေကား ထစ်များကို သာမန်ကျောက်ပြားများဖြင့်သာ ခင်းထားပြီး လှေကားက ကျဉ်းမြောင်းလှ သည်။
လှေကားမှ ဆင်းလာသောအခါ ချင်ယွင်သည် သူ၏ရှေ့တွင် ခမ်းနားကြီးကျယ်သော ခန်းမကြီးတစ်ခုကို တွေ့လိုက်ရလေသည်။
ဤခန်းမကြီးသည် အရင်ဆုံးတွေ့ခဲ့သည့် အခန်းများနှင့် မတူပေ။ ၎င်းသည် ပေတစ်ရာခန့်မြင့်မားပြီး ပထမထပ်ရှိ ခန်းမဧရိယာ၏ သုံးဆကို လွှမ်းခြုံထားနိုင်သည်။ အနှိုင်းမဲ့ ကျယ်ဝန်းခဲ့သည်။
တစ်ခုတည်းသော ခြားနားချက်မှာ ခန်းမသည် ထူးဆန်းသော ပုံစံသင်္ကေတများဖြင့် ပြည့်နေခြင်း ဖြစ်သည်။ ဤပုံစံသင်္ကေတများသည် ရေခဲဖုံးလွှမ်းနေသော အပြာရောင် အလင်းတန်းများဖြင့် တဖျပ်ဖျပ်လင်းလက်နေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။ ဤအပြာရောင်ရေခံ ပုံစံသင်္ကေတများသည် သူ့အား အလွန်ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေပြီး ခန်းမတစ်ခုလုံးသည် ရေခဲလွှမ်းနေပြီး အေးစိမ့်သော အငွေ့အသက်ကို ထုတ်လွှတ် နေသည်။"
“ဒါက ကျောက်ဝူကျင်းပြောတဲ့ အခန်းမကြီး ကိုးခုထဲက တစ်ခု ဖြစ်သင့်တယ်။" ချင်ယွင် သည် ထူးဆန်းသော ခန်းမကြီးကို ကြည့်ပြီး သူ့ကိုယ်သူ တွေးနေမိသည်။ ထို့နောက် သူသည် ခန်းမကြီးဆီသို့ လျှောက်လာခဲ့သည်။
သို့သော် သူသည် ချောမွေ့နေသော ကျောက်ပြားချပ်များပေါ်တွင် ခြေချမိသောအခါ၊ သူ၏ခြေရင်းအောက်ရှိ ကျောက်ပြားချပ်များသည် ရေကန်၏ မျက်နှာပြင်ပေါ် ခြေချလိုက်သကဲ့သို့ အမှန်တကယ် လှိုင်းထလာတော့သည်။ ဤအခိုက်အတန့်တွင် ထိုအပြာရောင် ရေခဲပုံစံသင်္ကေတများ၏ တစ္ဆေအလင်းများသည်လည်း ထွန်းလင်း တောက်ပလာခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် နှလုံးခုန်ရပ်သွားကာ ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။ သို့သော် ထိုပုံစံသင်္ကေတများမှလွဲ၍ ခန်းမထဲတွင် မည်သည့် လှုပ်ရှားမှုရှိမနေခဲ့ပေ။
ချင်ယွင်သည် အံ့သြသွားခဲ့ရသည်။ ဤခန်းမကြီးသည် ထူးဆန်းလွန်းပါသည်။
ဤအပြာရောင်ရေခဲပုံစံသင်္ကေတများကို မည်သို့မည်ပုံ အသုံးပြုရသည်ကို သူသည် နားမလည်နိုင်ခဲ့ပါ။
သို့သော်၊ ပုံမှန်မဟုတ်သည့်အရာမှာ မကောင်းဆိုးဝါးဆန်လွန်ပြီး၊ ဤခန်းမကြီးသည် ထူးဆန်းသော အငွေ့အသက်များဖြင့် ပြည့်နေသည်။ သေချာတာသည်မှာ ၎င်းအငွေ့အသက်သည် ကောင်းသည့်အရာတော့ မဟုတ်နိုင်ပေ။
ထို့အပြင်၊ ကျောက်ဝူကျင်းက ဒုတိယထပ်ရှိ ခန်းမများသည် ပထမထပ်ရှိ ခန်းမများထက် ပို၍ အန္တရာယ်များကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည့်အတွက် သူသည် သတိထားရန် ပို၍ လိုအပ်ပါသည်။
ချင်ယွင်သည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်ပါသည်။ သူ ယခုလေးတင် ဝင်လာခဲ့သောတံခါးကို အပြာရောင်ရေခဲအလွှာတစ်ခုဖြင့် ဖုံးအုပ်သွားပါပြီ။ ချင်ယွင်၏ ပြန်ဆုတ်မည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်သည့် အစီအရင်ဝင်္ကပါ တစ်မျိုးမျိုး ဖြစ်နေပုံရသည်။
"ဟား၊ ဟား၊ အနှစ်ငါးရာ၊ ငါနှစ်ငါးရာကြာအောင် စောင့်နေခဲ့ရတယ်။ နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာခဲ့ပြီပေါ့”။
ချင်ယွင်သည် ခန်းမအလယ်ဗဟိုသို့ ရောက်ခါနီးတွင် အသံတစ်ခုက ခန်းမတစ်ခု လုံးအနှံ့ ရုတ်တရက် ထွက်ပေါ်လာပါသည်။
ခန်းမအတွင်းရှိ အပြာရောင်ရေခဲကြောများသည် သိသိသာသာ ကျုံ့လာခဲ့ပြီး နောက်ဆုံးတွင် အဝတ်မပါသော အမျိုးသားတစ်ဦးအဖြစ်သို့ စုစည်း ရောက်ရှိလာခဲ့ သည်။
ထိုလူတွင် ရှည်လျားသော အပြာရောင်ဆံပင်များရှိပြီး သူ၏မျက်လုံးများသည်လည်း ရေခဲပြာရောင် ဖြစ်နေသည်။ ဤအခိုက်အတန့်တွင် သူသည် လေထဲတွင် လွင့်မျောနေပြီး ချင်ယွင်ကို အေးစက်စွာ ငုံ့ကြည့်နေကာ သူ၏ခန္ဓာကိုယ်သည် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။"
ရေခဲဝိညာဉ် မျိုးနွယ်စုလား? အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အစောပိုင်းအဆင့်" ချင်ယွင်က အံ့သြစွာ ပြောလိုက်သည်။
ရေခဲဝိညာဉ်မျိုးနွယ်စုနှင့် မိုးကြိုးဝိညာဉ်မျိုးနွယ်စု နှစ်မျိုးလုံးသည် အလွန်ရှားပါးသော မျိုးနွယ်စုများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ရေခဲစွမ်းအင်အပေါ် ထူးကဲသော ထိန်းချုပ်နိုင်စွမ်းဖြင့် မွေးဖွားလာကြပါသည်။ သူ၏ရှေ့မှ ဤလူသားသည် ရေခဲဝိညာဉ် မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားပါသည်။
သို့သော်၊ ချင်ယွင်ကို အံ့အားသင့်စေသည့်အရာမှာ ရေခဲဝိညာဉ်မျိုးနွယ်စုသည် အင်မော်တယ်ကမ္ဘာမှာပင် အလွန်ရှားပါးသော တည်ရှိမှုတစ်ခု ဖြစ်ပါသည်။ သူတို့ကို ရှာဖွေတွေ့ရှိသွားသည်နှင့် သူတို့သည် ပုန်းအောင်းနေသော အင်အားစုကြီးအချို့ကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့အနေဖြင့် လုံလောက် သည့် အင်အားရှိမှသာလျှင် သူတို့သည် လူတိုင်း၏မြင်ကွင်းထဲ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ပါလိမ့်မည်။
“ဤသေမျိုးကမ္ဘာမှာ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် တစ်ယောက်ကို တွေ့နိုင်လိမ့်မည်ဟု ငါ မမျှော်လင့်ခဲ့ဘူး”။
"ကောင်စုတ်၊ မင်းက ငါ့ရဲ့ ကိုယ်ရေးအချက်အလက် အမှန်ကို သိနေမယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။ မှန်ပါတယ်၊ ငါက တကယ်ပဲ ရေခဲဝိညာဉ်မျိုးနွယ်စု အဖွဲ့ဝင်တစ်ယောက်ပဲ။" ရေခဲအပြာရောင်ဆံပင်ရှည်နှင့် အမျိုးသားက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို မင်း ဘာလို့ ဒီကိုရောက်နေတာလဲ" ချင်ယွင်က မေးလိုက်ပါသည်။
"ဒီလူယုတ်မာ ကျောက်ဝူကျင်းကြောင့်ပေါ့။ သူက ငါ့ကို ဒီမှာ နှစ် ၅၀၀ လောက် စည်းတံဆိပ်ခတ်ကာ ချိတ်ပိတ်ထားခဲ့တယ်။ ဒါပေမယ့် အခုက မတူတော့ဘူး။ မင်း ရောက်လာတာကြောင့် နောက်ဆုံးမှာတော့ ငါဟာ နေ့အလင်းရောင်ကို ပြန်မြင်ခွင့် ရတော့မယ်။ ဟား၊ ဟား…!" ရေခဲအပြာရောင်ဆံပင်ရှည်နှင့် အမျိုးသားသည် ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။
"ဒါက ဘာကို ဆိုလိုတာလဲ?"ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟား…..။ဟား…….။ အမှန်အတိုင်းပြောရရင် ဒီခန်းမက ကျောက်ဝူကျင်းကိုယ်တိုင် တည်ဆောက်ထားတဲ့ ကြီးမားတဲ့ အစီအရင်ဝင်္ကပါကြီး တစ်ခုပဲ။ ငါက အမြဲတမ်း ဒီအစီအရင်ဝင်္ကပါကြီးထဲမှာ ပိတ်မိနေခဲ့ပြီး မလွတ်မြောက်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီအစီအရင်ဝင်္ကပါကြီးမှာ ထူးခြားချက်တစ်ခုတော့ ရှိတယ်။ တစ်ယောက်ယောက်က ဒီခန်းမထဲကို ဝင်လိုက်တာနဲ့၊ ငါ့ရဲ့စည်းတံဆိပ်က ပျက်ပြယ်သွားလိမ့်မယ်။ ဒါပေမယ့် စည်းတံဆိပ်က ပျက်ပြယ်သွားပေမယ့်လို့ ဒီကြီးမားတဲ့ အစီအရင်ဝင်္ကပါကြီးက တည်ရှိ နေသေးတယ်။ တကယ်လို့ ငါ မင်းကို သတ်လိုက်မှသာ ငါက ဒီကြီးမားတဲ့ အစီအရင် ဝင်္ကပါကြီးထဲမှ ထွက်သွားနိုင်လိမ့်မယ်။” ရေခဲအပြာရောင်ဆံပင်ရှည်နှင့် အမျိုးသားက ချင်ယွင်ကို ကြည့်ရင်း ရယ်မောလိုက်သည်။ သူ၏ အေးစက်နေသော အပြာရောင် မျက်လုံးများက အေးစက်သည့် သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်ဖော် နေသည်။"
“နောက်ဆုံးမှာ လူတစ်ယောက်ကပဲ အသက်ရှင်လျှက် ဒီခန်းမကြီးထဲက ထွက်သွားနိုင်မယ်လို့ မင်း ပြောချင်တာလား။" ချင်ယွင်က မေးလိုက်ပါသည်။"
“မှန်တယ် ကောင်လေး၊ မင်းအပြစ်တင်ချင်ရင်တော့ အဲဒီကျောက်ဝူကျင်းကိုသာ အပြစ်တင်လိုက်တော့။ သူက ဒီအစီအရင်ဝင်္ကပါကြီးကို တည်ဆောက်ခဲ့တဲ့လူလေ။ မူလကတော့ ခန်းမထဲကို ဝင်လာတဲ့လူတွေက အရမ်းသန်မာနေမှာကို ငါ့မှာ စိုးရိမ်နေခဲ့ရတယ်။ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ ငါ အရမ်းကို ကံကောင်းခဲ့တယ်။ ငါဆီကို အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်မှာရှိနေတဲ့ နတ်ဆိုး သားရဲလေးတစ်ကောင် ရောက်လာခဲ့တယ်၊ မိုးကောင်းကင်ကြီးက ငါ့ကို တကယ် ကူညီပေးခဲ့တယ်။” ရေခဲအပြာရောင်ဆံပင်ရှည်နှင့် အမျိုးသားသည် ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။ သူသည် လူသေတစ်ယောက်ကို ကြည့်နေသလိုမျိုး ချင်ယွင်ကို အောင်ပွဲခံသည့် အကြည့်ဖြင့် ကြည့်နေလေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤပထမဆုံးတွေ့သည့် ခန်းမကြီးက ဤမျှလောက် ခက်ခဲလိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ပါဘူး။ သူကြုံတွေ့ရသည့်လူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့် တွင်ရှိနေပြီး ထူးထူးခြားခြား စွမ်းရည်ရှိသော အပြာရောင်ရေခဲဝိညာဉ်မျိုးနွယ်စုဝင် တစ်ယောင် ဖြစ်နေဆဲ ဖြစ်သည်။ ချင်ယွင်၏ လက်ရှိ ခွန်အားဖြင့် သူ့ကို သတ်ဖြတ်ရန်မှာ ခဲယဉ်းပေလိမ့်မည်။
"ကောင်လေး၊ သေလိုက်တော့။ ငါ ဒီနေရာမှာ နှစ်ငါးရာလောက် ပိတ်မိနေခဲ့တယ်။ ငါ ဒီကနေ ထွက်သွားဖို့အတွက် မစောင့်နိုင်တော့ဘူးကွ။ ငါ ထွက်မသွားခင် မင်းရဲ့သွေးကို လက်ဆောင်အဖြစ် ယူသွားဦးမယ်။ ဟား….။ ဟား!" ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏မျက်လုံးများသည် ရုတ်တရက် မှုန်ကုပ်သွားသည်။ သူ၏ လက်ထဲတွင် အပြာရောင်ရေခဲဓား တစ်ချောင်းကို ချုပ်ကိုင်ထားပြီး ချင်ယွင်ကို တိုက်ရိုက် ထိုးလိုက်ရင်း သူ၏အပြာရောင် မျက်လုံးထဲ တွင် စိတ်လှုပ်ရှားခြင်းနှင့်အတူ သရော်လှောင်ပြောင်ခြင်းတို့ ပေါ်လာလေသည်။"
မင်းမှာ အနိုင်ရဖို့အခွင့်အလမ်း တကယ်ရှိတယ်လို့ ထင်နေလား။ ဘယ်သူက ဘယ်သူ့ကို သတ်မယ်ဆိုတာ မသေချာသေးပါဘူး။" ချင်ယွင်၏ မျက်လုံးများသည် အေးစက်စက် အရိပ်အယောင်များဖြင့် တောက်ပနေသည်။
ဤရေခဲဝိညာဉ် မျိုးနွယ်စုဝင်သည် သူ့ကို သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်သည့်အတွက် သူ့အနေဖြင့် ယဉ်ကျေးနေရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပါဘူး။ သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားသည် ပေါ်လာလေသည်။
ဝှီး…..။
ဓားချက်သည် ခုတ်ပိုင်းသွားကာ လေထုဖြတ်တောက်ခြင်းဆန္ဒက ပတ်ဝန်းကျင် တခွင်လုံးကို ပျံ့နှံ့စိမ့်ဝင်သွားခဲ့သည်။
မြူနှင်းချောက်နက်ဓားသည် ရေခဲဝိညာဉ်မျိုးနွယ်စုဝင်၏ အပြာရောင် ရေခဲဓားနှင့် ထိပ်တိုက် ဆုံမိသွားသည်။
“အယ်” ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။
သူ၏အထင်အမြင်တွင် မြူနှင်းချောက်နက်ဓားသည် အနှိုင်းမဲ့ ထက်ရှသည်။ သာမာန်အားဖြင့်၊ အင်မော်တယ်အဆင့် လက်နက်များနှင့် ယှဉ်နိုင်သော လက်နက်များ ကိုပင် ပိုင်းဖြတ်နိုင်သည်။ သို့သော်လည်း ယခုအချိန်တွင်၊ ရေခဲဝိညာဉ်မျိုးနွယ်စုဝင် အမျိုးသားသည် ပေါ့ပေါ့ပါးပါး သိပ်သည်းထားသော ရေခဲဓားကို မဖြတ်တောက် နိုင်ခဲ့ပေ။ ယင်းက မည်သို့ ဖြစ်နိုင်ပါသနည်း။
"အိုးဟို….၊ မင်းရဲ့ဓားက မဆိုးဘူးထင်ရတယ်။ အဲဒါက ငါ့ရေခဲဓားကို ပိတ်ဆို့နိုင်ခဲ့ တယ်။ ဒါပေမယ့် မင်း သေချာပေါက် ရှုံးသွားလိမ့်မယ်။" အေးစက်သော အပြုံးတစ်ခုသည် ရေခဲဝိညာဉ်မျိုးနွယ်စုဝင်လူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
တစ်ချိန်တည်းမှာပဲ သူ၏လက်ထဲမှ အပြာရောင်ရေခဲသည် တောက်ပသော အပြာရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ အေးစက်မှုတစ်ခုက သူ၏ နှလုံးသားကို ပြည့်သွားစေခဲ့ပြီး မြူနှင်းခဲအလွှာတွေက မြူနှင်းချောက်နက်ဓားကို ဖုံးလွှမ်းသွားလေသည်။ ထို့အပြင်၊ နှင်းခဲများသည် ချင်ယွင်ကို လုံးလုံး ဝါးမျိုချချင်သလို မျိုး ချင်ယွင်၏ ဓားရိုးမှတဆင့် ချင်ယွင်၏ လက်မောင်းတစ်လျှောက် ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေသည်။
ချင်ယွင်၏မျက်နှာသည် စိုးရိမ်သည့်အမူအယာသို့ ပြောင်းလဲသွားခဲ့သည်။ သူသည် အပြာရောင် ရေခဲဓားကို တွန်းထုတ်ရန်အတွက် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင် အားလုံးကို စုစည်းရင်း အမြန်ပြန် နောက်ပြန် ဆုတ်ခဲ့ရသည်။
သို့သော်၊ ရေခဲဝိညာဉ်မျိုးနွယ်စုဝင်အမျိုးသား၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားကာ သူ၏အသွင်အပြင်သည် တစ္ဆေသရဲကဲ့သို့ လျင်မြန်စွာ လိုက်ပါလာခဲ့သည်။
သူ၏လက်ထဲမှ ရေခဲဓားသည် အေးစက်သော အလင်းရောင်နှင့်အတူ လေထဲမှာ လင်းလက်သွားခဲ့သည်။ အေးစက်သော အလင်းရောင်များ ပွင့်လန်းလာသည်နှင့် ခန်းမကြီးတစ်ခုလုံး၏ အပူချိန် သည် ချက်ချင်းပင် လွန်ကဲစွာ ကျဆင်းသွားခဲ့သည်။
အေးခဲသော အလင်းရောင်သည် ချင်ယွင်ကို လျင်မြန်စွာ တိုက်ခိုက်လာခဲ့ပြီး ချင်ယွင်သည်လည်း ၎င်း၏ဆန္ဒကို တားဆီးရန်အတွက် လွမ်းမောခြင်းဓားအမျှင်တန်း ကို အလျင်အမြန် အသုံးပြုခဲ့သည်။
သို့သော် ဤအေးစက်သော အလင်းရောင်သည် ကြောက်စရာ ကောင်းလွန်းလှသည်။ ချက်ချင်းပင် ချင်ယွင်၏ မြူနှင်းချောက်နက် ဓားသည် အေးစက်သော အလင်းရောင်ကို ထိတွေ့လိုက်သည်။ ဓားသည် အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ ချင်ယွင်၏ ရင်ဘတ်ကိုလည်း အအေးဓာတ်သည် တိုက်ရိုက် ထိမှန်သည်။ သူ၏ရင်ဘတ်သည် ကွဲကြေသွားပြီး အသားများလည်း ကြေမွသွားခဲ့သည်။
ထိုမျှတင်မကဘဲ၊ ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်သော ရေခဲအအေးဓာတ်သည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါသည်. ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ရေခဲအလွှာ ထဲတွင် ဖုံးလွှမ်းသွားခဲ့ပြီး ရေခဲပန်းပုရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားပါတော့သည်။