← Chapters

အခန်း (၅၀၆-၅၁၀)

Vol. 34 Ch. 506-510

အခန်း (၅၀၆-၅၁၀)

Vol. 34 Ch. 506-510

အခန်း (၅၀၆) ကပ်ဘေးဒုက္ခအတွက် ကြိုတင်ပြင်ဆင်မှုများ။

အဆုံးမဲ့ပင်လယ်ပြင်ဒေသရှိ လူသူသုံးပါးမရှိသော ကျွန်းတစ်ခုပေါ်တွင် လူသုံးဦးသည် လွင့်မျောပျံသန်းနေကြပါသည်။

၎င်းတို့သည် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါသည်။ အမျိုးသားနှစ်ဦး၏ ရုပ်ရည်အသွင်အပြင်နှင့် ဟန်ပန်အမူအရာသည် ထူးကဲလှပါသည်။ ထိုအမျိုးသမီးသည် လည်း ကောင်းကင်ဘုံက အင်မော်တယ်တစ်ပါးကဲ့သို့ ချစ်စရာကောင်းပြီး ခင်မင် ရင်းနှီးဖွယ် ကောင်းလှပါသည်။

အထူးသဖြင့် ဆံပင်ဖြူနှင့်အမျိုးသားသည် နောက်တွင် လက်နှစ်ဖက်ယှက်ကာ (လက်နှစ်ဖက်နောက်ပစ်ကာ) ရှေ့တွင် ရပ်နေပါသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အလွန်နူးညံ့သိမ်မွေ့ရနံ့သက်တွေ ထွက်ပေါ်နေလေသည်။ သူ၏နောက်က လူနှစ်ယောက်သည်ပင် သူ့ကို ရိုသေလေစားသည့် အရိပ်အယောင်နှင့် ကြည့်နေကြလေ သည်။

မှန်ပါသည်။ ဤသုံးယောက်ကတော့ ချင်ယွင်၏ လက်အောက်ခံ သုံးယောက်ဖြစ်သော ဟောင်ခွန်၊ လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့ပဲ ဖြစ်ကြပါသည်။ ဤအခိုက်အတန့်တွင် သူတို့၏အကြည့်များသည် ကျွန်းအလယ်ရှိ တောင်ထိပ်ပေါ်သို့ ကျရောက်နေကြသည်။

ဤအမည်မဲ့တောင်ထွတ်သည် မီတာငါးရာခန့် မြင့်မားသည်။ မူလက တောင်ထိပ်သည် အလွန်ချွန်ထက်သော်လည်း ယခုအခါ အလွန်ညီညာပြန့်ပြူးသော စင်မြင့်တစ်ခုလို ဖြစ်လာခဲ့ပြီ။

ချင်ယွင်၏ ဓားသည် တောင်ထိပ်တစ်ခုလုံးကို ဖြတ်တောက်လိုက်ပြီး သူကျင့်ကြံရန် ယာယီနေရာအဖြစ် အသုံးပြုခဲ့သည့် စတုရန်းမီတာ သုံးရာခန့်ရှိသော စင်မြင်တစ်ခုကို ဖန်တီးထားခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် ချင်ယွင်သည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို ကျင့်ကြံရင်း တောင်ထိပ်ရှိ စင်မြင်အလယ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။

သူသည် ရွှေရောင်အနှစ်သာရအရည် ပုလင်းနှစ်ဆယ်ကို ပါးစပ်ထဲသို့ တစ်ချက် ရှူရှိုက်လိုက်ပါသည်။ အကန့်အသတ်မရှိသော ရွှေရောင်အငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှာ လှုပ်ခတ်သွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးကို ရွှေရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသလိုပင်။

ယခုအချိန်တွင် သူသည် ရွှေရောင်အနှစ်သာရအရည်ကို အသုံးပြု၍ တောင်ရွေ့လျားခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ချိုးဖြတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှာ သွေးအနှစ်သာရတွေက အဆက်မပြတ် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်နေပါသည်။ သူသည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာ'ကို ဖြန့်ကျက်လိုက်စဉ်မှာ ရွှေရောင်အနှစ်သာရအရည်မှ စွမ်းအားကို ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုစီမှ စုပ်ယူသွားပါသည်။

ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း ပို၍ပို၍ပင် ပြင်းထန်လာပါသည်။ ထိုအချိန်တွင်၊ သူသည် ဆောင်းခိုနေသော ရှေးသေားသားရဲတစ်ကောင်နှင့် တူနေပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်လာနေပါ သည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ဟောင်ခွန်နှင့်အတူ ခပ်လှမ်းလှမ်းမှာရှိနေကြသည့် တခြားလူများ၏ မျက်နှာတွေပေါ်မှာ အံ့အားသင့်နေသည့် အမူအရာတွေ ဖြစ်ပေါ် နေကြပါသည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားတွေလဲ။ သခင်လေးက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အစောဆုံးအဆင့် စွမ်းအားတွေကို တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို မရောက်ခင်မှာကတည်းက ပိုင်ဆိုင်ထားခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။" လင်းဝူရွှန်းသည် တောင်ထိပ်ပေါ်ရှိ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ ဖြစ်နေသည့် ချင်ယွင်ကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်ပါသည်။

"မှန်တယ်။ သခင်လေးရဲ့ခန္ဓာကိုယ်ဟာ သေချာပေါက် ကြီးမြတ်ဆုံးဖြစ်ပြီး အလွန်အဖိုးတန်တဲ့ ခန္ဓာကိုယ်တစ်ခုပဲ။ တကယ်လို့ ကျွန်မသာ အခုဒီလို အဖိုးတန်တဲ့ ခန္ဓာကိုယ်ကို ရနိုင်မယ်ဆိုရင်၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်မှာ သေချာပါတယ်။" ဧကရာဇ်ပျားဘုရင်မသည် လောဘကြီးစွာ ပြောလိုက်မိသွားသည်။

ဟောင်ခွန် နှင့် လင်းဝူရွှန်းတို့သည် ဧကရာဇ်ပျားဘုရင်မကို ချက်ချင်းပင် စိုက်ကြည့် နေကြသည်။ ဧကရာဇ်ပျားဘုရင်မသည် သူမ စကားပြောတာ မှားသွားမှန်း ချက်ချင်း သိသွားသည်။ သူမက အနေရခက်သွားပြီး ကိုးရိုးကားရားဟန်ဖြင့် ပြောလိုက်ရသည် "ကျွန်မက နောက်ပြောင်ပြီး ပြောလိုက်မိတာပါ"။

“ဒါပေမယ့် ကျွန်မ နားမလည်သေးဘူး။ သခင်လေးက ကျွန်မတို့ကို သူဖြစ်ချင်တာ ပြောပြီး ဒီနေရာမှာ စုခိုင်းခဲ့တယ်။ တကယ်လို့ ဓမ္မအစောင့်အရှောက်အဖြစ် ရှိစေချင်တယ်ဆိုရင်တောင် အစ်ကိုကြီးဟောင် တစ်ယောက်တည်း ကာကွယ်ပေး ရုံနဲ့တင် လုံလောက်နေပြီလေ။ ဘာလို့ အားလုံးကို ခေါ်လိုက်ရတာလဲ။ ဧကရာဇ် ပျားဘုရင်မက သူမ၏ သံသယများကို ထုတ်ဖော်လိုက်သည်။

"ကျွန်တော်လည်း ဒီအကြောင်းကို သိချင်နေခဲ့တယ်။ သခင်လေးက တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့ စီစဉ်နေပုံရတယ်၊ ဒါပေမယ့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်သွားရင်တောင် ရုန်းရင်းဆန်ခတ် အခြေအနေမျိုး ဖြစ်မှာ မဟုတ်ဘူးလေ။ ပြီးတော့ သူက နတ်ဆိုးသားရဲလည်း မဟုတ်ဘူး။ သူက ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မှာလား။ ပြီးတော့ ငါတို့အားလုံးကို ခေါ်ထုတ်စရာ လိုလို့လား။ လင်းဝူရွှန်းလည်း မကျေမနပ် ဖြစ်နေသည်။

"ဟမ့်၊ သခင်လေးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မင်းတို့ကို ဆွေးနွေးခွင့် မပေးနိုင်ဘူး။ သခင်လေးက မင်းတို့ကို တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ပြောထားတယ်၊ ဒါကြောင့် ငါတို့က သခင်လေးအမိန့်တိုင်း ကိုယ့်ရဲ့အကောင်းဆုံး အခြေအနေကို ချိန်ညှိထားရ မယ်။ တကယ်လို့ အန္တရာယ် မရှိခဲ့ဘူးရင်တောင် မင်းတို့အနေနဲ့ ဝိညာဉ်စွမ်းရည် နှစ်ဆယ်ရာခိုင်နှုန်းတော့ တိုးတက်လာနိုင်သေးတယ် မဟုတ်လား။" ဟောင်ခွန်က ရုတ်တရက် အေးစက်စွာ အော်ဟစ်လိုက်သည်။

လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး တခြားဘာမှ မပြောဝံ့တော့ပါဘူး။

ဟောင်ခွန်ကို မြင်လိုက်ကတည်းက ဟောင်ခွန်သည် မည်မျှ အစွမ်းထက်လဲ ဆိုသည်ကို သူတို့ ခံစားနိုင်သည်။ အထူးသဖြင့် ဟောင်ခွန်သည် ကြက်သတ်သလို အမြင့်ဆုံးအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်ကို သတ်ဖြတ်ခဲ့သည်ကို တွေ့လိုက်ရသောအခါ သူတို့၏နှလုံးသားများသည် ဟောင်ခွန်ကို ပို၍ပင် ကြည်ညို လေးစားလာကြသည်။

အကယ်၍ သူတို့သည် ပဋိညာဉ်စာချုပ်ကြောင့် ချင်ယွင်ကို ကြောက်ရွှံ့ကြသည်ဆိုလျှင် ဟောင်ခွန်ကိုတော့ ဟောင်ခွန်၏ စွမ်းအားကို အပြည့်အဝ ယုံကြည်ထားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့သည် ဟောင်ခွန်၏စကားကို နားမထောင်ဘဲ မနေရဲကြပေ။

ဘန်ုး….!

ထိုအချိန်တွင် တောင်ထိပ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

"ဂျိမ်း……..!"

ချင်ယွင်၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ချီနှင့် သွေးစွမ်းအားတွေ တဟုန်းဟုန်း မြင့်တက်လာနေသော အသံဖြစ်ပြီး အလွန် အစွမ်းထက်လှသည်။

ထို့တင်မကသေးဘဲ ချင်ယွင်၏ခန္ဓာကိုယ်မှ အလွန်တောက်ပပြီး ပေပေါင်းသောင်းချီ ရှည်လျားသော အလင်းတန်းတစ်ခုဖြစ်သည့် ရွှေရောင်အလင်းတန်းတစ်ခုသည် ကမ္ဘာကြီးတစ်ခုလုံးကို လင်းလက်လုနီးပါး ဝင်းလက် တောက်ပနေခဲ့ပါသည်။

သူ၏ခြေတော်အောက်ရှိ တောင်ထိပ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကျွန်းတစ်ခုလုံးပင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲလေသည်။

ဟောင်ခွန်နှင့်တခြားလူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာတွေက ထိတ်လန့်သွားကြပါသည်။

"အဆင့်ချိုးဖြတ်မူက ပြီးသွားခဲ့ပြီ။ သခင်လေးရဲ့ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုက အများကြီး တိုးတက်လာခဲ့တယ်။" ဧကရာဇ်ပျားဘုရင်မသည် အံ့အားသင့်စွာ ပြောလိုက်ရင်း သူမ၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။

လင်းဝူရွှန်းလည်း ထိတ်လန့်သွားပါသည်။ ချင်ယွင်၏ သွေးစွမ်းအင်တွေ တက်ကြွမှုက မိုးခြိမ်းလိုက်သကဲ့သို့။ သူ၏ခန္ဓာကိုယ်က ယခုလိုအဆင့်မျိုးထိ ရောက်ရှိနေပြီဆိုတော့ မည်မျှ အစွမ်းထက်လိုက်မည်နည်း။ ဤသည်မှာအမှန်တကယ်ပင် နတ်ဆိုးတစ်ပါး၏ မွေးဖွားခြင်းပင် ဖြစ်လေသည်။

ဟောင်ခွန်၏မျက်နှာသည် လုံးဝ ပြောင်းလဲခြင်းမရှိသော်လည်း သူ၏စိတ်ထဲတွင် အလွန်တုန်လှုပ်သွားခဲ့သည်။ သူသည်လည်း လူသားကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဤ ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းပညာရပ်မျိုးကို ယခင်က သူ တွေ့မြင်ဖူးပါသည်။ သို့သော်လည်း၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရှိ ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူ မည်သူမဆို ချင်ယွင်ကဲ့သို့ မည်သူမျှ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ သူ၏သွေးသွားသည် ပင်လယ်ကြီးနှင့်တူပြီး သူ၏တက်ကြမူအသံသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်သည်။

ဤသည်မှာ နယ်ပယ်ကိစ္စသက်သက်မျိုး မဟုတ်တော့ပါဘူး။ ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းပညာရပ်များ၏ အရည်အသွေး ကွာဟချက်များ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ ချင်ယွင်သည် ထိုလူသားရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း နည်းပညာရပ်ထက် ကီလိုမီတာ ၁၀၈,၀၀၀ ထက်ပိုပြီးမြင့်မားသော အကြီးမြတ်ဆုံး ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းပညာရပ်ကို လေ့ကျင့်နေကြောင်း သူ သေချာပေါက် သိနေပါသည်။

"နောက်ဆုံးတော့ ငါက တောင်ရွေ့လျားခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီးသွားပြီ။" စင်မြင့်အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်သည် ပြုံးလိုက်မိသည်။

"တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့ အချိန်တန်ပြီ ထင်တယ်။ အဲဒါက ဘယ်လို ကောင်းကင်ကပ်ဘေးဒုက္ခမျိုးတွေကို ဆွဲဆောင်မလဲဆိုတာ ငါ မသိသေးဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

"မေ့လိုက်ပါ၊ အရင်ဆုံး ချိုးဖြတ်လိုက်ကြရအောင်။ ကျန်တာတွေ အားလုံးက ကောင်းကင်ဘုံရဲ့အလိုဆန္ဒပေါ်မှာပဲ မူတည်ပါတယ်။" ချင်ယွင်၏ မျက်လုံးများတွင် ဆုံးဖြတ်ချက် ပြတ်သားဟန်တစ်ခု ထွက်ပေါ်လာသည်။ သူသည် မျက်လုံးတွေကို ပြန်မှိတ်လိုက်ပြီး တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို တစ်ရှိန်ထိုး ဖြတ်ကျော်ရန် စတင်ပါတော့သည်။

တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ သူ၏ အဆင့်ဖြတ်ကျော်မူသည် အလွန် ရိုးရှင်းပါသည်။ မူလကတည်းက သူသည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အနည်းငယ် ဖြန့်ကျက်လိုက်သည်နှင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်သို့ သဘာဝအတိုင်း ဖြတ်ကျော်သွားနိုင်မည် ဖြစ်ပါသည်။

"ဟေ့၊ သခင်လေးက အဆင့်ဖြတ်ကျော်ပြီးသွားပြီ မဟုတ်ဘူးလား၊ သူက ဘာလို့ ထပ်ပြီး ကျင့်ကြံနေသေးတာလဲ" လင်းဝူရွှန်းသည် ချင်ယွင်၏ မျက်လုံးများကို ထပ်မံ မှိတ်ထားသည်ကို မြင်ရသောအခါ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

'"စောစောလေးက သခင်လေးရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားက အဆင့်ဖြတ်ကျော် သွားတာ လေ။ အခု သူက အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော် ဖို့ စီစဉ်နေတယ်လို့ ငါ ထင်တယ်။ သခင်လေးက အစောပိုင်းအဆင့် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်နဲ့ ခြေတစ်လှမ်းသာ ဝေးတော့ပြီး မကြာခင်မှာ ပြီးဆုံးသွားပါလိမ့်မယ်" ဟောင်ခွန်က ပြောသည်။

လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည်လည်း ခေါင်းညိတ်ကာ ငြိမ်သက်စွာ စောင့်ဆိုင်း နေခဲ့ကြသည်။

သို့သော်လည်း မကြာမီတွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။

"အဆင့်ချိုးဖြတ်သွားပြီ။" ဟောင်ခွန် နှင့် အခြားလူများသည် ထိုမြင်ကွင်းကို မြင်သောအခါ ပြုံးလိုက်ကြသည်။ ချင်ယွင်သည် နောက်ဆုံးတွင် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်သွားခဲ့သည်။

လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချ လိုက်ကြပြီး ချင်ယွင်ရှိနေသည့် ဦးတည်ရာအရပ်ဆီသို့ အပြေးအလွှား သွားရန် ပြင်ဆင်နေကြသည်။

"ဘုန်း…….!"

အရာအားလုံး ပြီးဆုံးတော့မည်ဟု အားလုံး တွေးနေကြစဉ်မှာပင် ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံတစ်ခုက ကောင်းယံကင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်နှင့်မြေကြီးသည်ပင် ရုတ်တရက် အရောင်ပြောင်းသွားသည်။ မူလက ပြာလဲ့လဲ့ ကောင်းကင်ကြီးသည် ရုတ်တရက် အေးစက်လာပါသည်။ အမည်းရောင် တိမ်လှိုင်းများသည် အဝေးမှ တဟုန်ထိုး လှိမ့်ဆင်းလာခဲ့ပြီး ချင်ယွင်နှင့် အခြားလူများ အပေါ် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုအဖြစ် ချက်ခြင်း ကျဆင်း သွားခဲ့သည်။

"ဒါက ကောင်းကင်... ကောင်းကင်ကပ်ဘေးဒုက္ခပဲ။" လင်းဝူရွှန်း၏ မျက်လုံးများသည် တခဏအတွင်းမှာပင် ပြူးကျယ်သွားကာ ဖော်ပြ၍မရသည့် ထိတ်လန့်တုန်လှုပ်သော အမူအရာတစ်ခုကို ထုတ်ဖော်လာသည်။

သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို မကျော်ဖြတ်ခဲ့ဖူးသော်လည်း၊ အခြားလူများ ဖြတ်ကျော်သည်ကို သူ မြင်ဖူးသည်။ သူသည် နားမလည်တော့နိုင်ပေ။ ချင်ယွင်သည် လူသားတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။ လူသားတွေက တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ချိန်မှာတောင် ကပ်ဘေးဒုက္ခကို ခံနေကြရပြီလား။

သို့သော် သူသည် သူ၏ဘေးတွင် ရပ်နေသော ဧကရာဇ်ပျားဘုရင်မ နှင့် ဟောင်ခွန်တို့၏ မျက်နှာများကို ချက်ချင်း ဖြူရော်သွားကြသည်ကိုတော့ သူ မမြင်လိုက်ပေ။

"ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင်းကင်ကပ်ဘေးဒုက္ခက ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ၊ ဒါက ဒြဗ်စင်ကိုးပါးကောင်းကင်ကပ်ဘေးဒုက္ခပဲလား" ဧကရာဇ် ပျားဘုရင်မက တအံ့တသြ ဖြစ်ဟန်ဖြင့် မေးသည်။

"မဟုတ်ဘူး၊ ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခထက် ပိုကြောက်စရာ ကောင်း တယ်။" မယုံကြည်နိုင်ဟန် တုန်တုန်ရီရီအသံကို သယ်ဆောင်ထားရင်း ဟောင်ခွန်၏ အသံက နောက်တကြိမ် ထွက်ပေါ်လာသည်။

အခန်း (၅၀၇) အင်အားစုကြီးသုံးခု၏တပ်လှန့်နိုးဆော်သံ။

ကောင်းကင်ဘုံ၏တန်ခိုးတော်သည် သမုဒ္ဒရာရေပြင်တစ်ခုလုံးကို လွှမ်းခြုံကာ ကျဆင်းလာခဲ့သည်။ ပင်လယ်ရေပြင်ကြီး တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။

ကမ္ဘာတစ်ခွင်လုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် ပြည့်နှက်နေ ခဲ့သည်။ ပင်လယ်ထဲရှိ ဆိတ်သုဉ်းခြင်းသားရဲတွေ အားလုံးနီးပါးသည် လှုပ်လှုပ်ရွရွ ဖြစ်နေကြပါတော့သည်။ ဤကြောက်စရာကောင်းသော ဖိအားကြောင့် သူတို့ကို အလိုလို ကြောက်ရွံ့စေပြီး အလွန် စိတ်မသက်မသာ ဖြစ်စေပါသည်။

"ဒီကြောက်စရာကောင်းတဲ့ဖိအားက ဘယ်ကလာတာလဲ။" ထိုဆိတ်သုဉ်းခြင်းသားရဲ အပေါင်းတို့သည်လည်း ဆွေးနွေးနေကြ၏။

ဧရာမဝေလငါးနန်းတော်ထဲတွင် သွေးနီရောင်ဝတ်စုံ ၀တ်ဆင်ထားသည့်သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးသည် လက်ရှိတွင် သူကဲ့သို့ သွေးနီရောင်ဝင်ဆင်ထားသည့် မိန်းကလေးတစ်ဦးနှင့် စကားပြောနေပါသည်။

'"သမီးလေး၊ ဒီလိုပုံကြီးချဲ့ကားကြီး ပြောဆိုရမယ့် လူတစ်ယောက် ဒီကမ္ဘာကြီးထဲမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲကွယ်? မွန်းစတားတစ်ကောင်ဆိုရင်တောင်မှ တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် အစောအဆင့် ကျင့်ကြံမူစွမ်းအားနဲ့ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ဧကရာဇ်ပျားဘုရင်မကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူတွေကတောင် သူ့ကို သူတို့ရဲ့သခင်အဖြစ် လေးလေးစားစား ဆက်ဆံကြတယ် ဟုတ်လား။" သွေးနီရောင်ဝတ်စုံနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းကာ ကူကယ်ရာမဲ့ဖြစ်ဟန်ဖြင့် ပြုံးလိုက်ပါသည်။

မူလကတော့ နဂါးကောင်းကင်နန်းတော်မှ ကောင်လေးတစ်ယောက်က သူ့သမီးကို ကယ်တင်ခဲ့ကြောင်း သူ ကြားထားသည်။ သူသည် ထိုကောင်လေးအား အနည်းငယ် ကျေးဇူးတင်မိပါသည်။ ထို့အပြင် ထိုကောင်လေးနဲ့ပတ်သက်ပြီး အမျိုးသမီးများ၏ လေးစားမှုကို မြင်သောအခါ သူသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဤကောင်လေးနှင့် တွေ့ဆုံရင်ကောင်းမလားဟုပင် သူတွေးနေမိသည်။ အကယ်၍ သူ၏သမီးပြောသလို အမှန်တကယ် ဖြစ်ခဲ့သည်ဆိုလျှင် သူ့ကို ချည်နှောင်ပြီး ကောင်းကောင်း မြေထောင်မြှောက်ပေးနိုင်သလို သားမက်တစ်ယောက်လည်း ဖြစ်လာ နိုင်သည်။

သို့သော် ထိုကောင်လေးအကြောင်းနှင့် ပတ်သက်ပြီး သူ့သမီး၏ ပြောစကားများကို ကြားရသည့်အခါ သူသည် ပို၍ပို၍ပင် လက်ခံနိုင်ဖွယ်မရှိသည်ကို ခံစားလာရပြီး သူ၏ အတွေးများသည်လည်း ချက်ချင်း ပြန်နောက်ဆုတ်သွားသည်။

တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေစဉ်မှာ အမှန်တရား သို့ ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်ရှိနေသော ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခြင်းသည် ဖြစ်နိုင်ပါသေးသည်။ အကယ်၍ လူတစ်ဦးသည် အခြားပြိုင်ဘက် များထက် နည်းပညာရပ်ပေါင်းများစွာကို လေ့ကျင့်ထားပြီး အထူးနည်းလမ်း အချို့နှင့် ပေါင်းစပ်လိုက်ပါက ၎င်းတို့ကို အမှန်တကယ် သတ်နိုင်မည် ဖြစ်ပါသည်။ သို့သော် ထိုလူမျိုးသည် မွန်းစတားအဆင့်ဟု ယူဆလို့ရနေပြီး ဖြစ်ပါသည်။

သို့သော်၊ ချင်ယွင်သည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် မှာရှိနေသော ကျွမ်းကျင်သူကိုပင် ထိခိုက်ဒဏ်ရာရစေသည့် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သူကြားရသောအခါတွင် သူသည် သံသယ စဝင်လာခဲ့သည်။ အမှန်တကယ်တော့ သူသည် ပို၍ပင် လက်ခံနိုင်ဖွယ်မရှိဟု ခံစားလာရပါသည်။ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင် အနိုင်ယူခြင်းလား?၊ အထူးသဖြင့် နောက်ဆုံးစကား တစ်ခုဖြစ်သည့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို အညံ့ခံအောင်လုပ်ခြင်းလား?။ ဤအရာသည် အမှန်တကယ် လက်ခံနိုင်ဖွယ် မရှိသည့် စကားဖြစ်ပါသည်။

သူကိုယ်တိုင်သည်လည်း အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ ဤစကားအရဆို အကယ်၍ သူသည် ထိုလူငယ်နှင့်တွေ့သောအခါ အရှုံးပေးရမည်ဟု ဆိုလိုသည် မဟုတ်ပါလော။

အကယ်၍ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးက ဤအရာမျိုး လုပ်နိုင်သည်ဆိုလျှင် သူတို့သည် အချည်းနှီး ရှင်သန်နေထိုင်ခြင်း ဖြစ်သွားမည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ့သမီး၏စကားကို သဘာဝအတိုင်း ယုံကြမည်မဟုတ်တော့ပေ။

"ဟမ့်၊ အဖေက သမီးကို မယုံဘူးလား၊ သမီးက ကြွားလုံးထုတ်နေတယ်လို့ ထင်နေတာလား" နင်ရှင်းက ချက်ချင်း ဒေါသတကြီး ပြောလိုက်သည်။ သူမသည် သူမ၏ဖခင်အား ကြင်နာစွာဖြင့် မိတ်ဆက်ပေးခဲ့သော်လည်း သူမအား ဖခင်ဖြစ်သူက ယုံကြည်မည်မဟုတ်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဤအရာက သူမကို အလွန် ဒေါသထွက်စေခဲ့သည်။

“အီယာ…. သမီးလေး၊ ဒါက သမီးလေးကို မယုံတာ မဟုတ်ပါဘူး… သွေးနီရောင်ဝတ်စုံနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ၏သမီးလေး စိတ်ဆိုးနေသည်ကိုမြင်လျှင် ချက်ချင်း ရှင်းပြလိုက်ရသည်။ သို့သော် သူ၏ စကားလမ်းကြောင်း လမ်းတစ်ဝက်ရောက်စဉ်မှာ သူသည် လုံးဝ အံ့အားသင့်သွား ခဲ့သည်။

"ကောင်းကင်ဘုံတန်းခိုးတော်လား? တစ်စုံတစ်ယောက်က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာ ဖြစ်နိုင်သလား။ ဒီလောက် အစွမ်းထက်တဲ့ ကောင်းကင်ဘုံ တန်ခိုးက ဘယ်လိုလုပ် ဖြစ်ပေါ်လာနိုင်ရတာလဲ။ ဒီကောင်းကင် ကပ်ဘေးဒုက္ခရဲ့ ဗဟိုချက်က ဒီနေရာနဲ့ အတော်လေး ဝေးနေပုံရတယ်။ အဲဒါက နဂါးကောင်းကင် နန်းတော်ထဲက တစ်ယောက်ယောက်က အင်မော်တယ်ကပ်ဘေး ဒုက္ခကို ဖြတ်ကျော်နေတာများ ဖြစ်မလား။ အနီရောင်ဝတ်စုံနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

ဘေးတွင်ရပ်နေသော နင်ရှင်းသည် ဤအားကောင်းသော ကောင်းကင်ဘုံစွမ်းအားကို ခံစားလိုက်ရပြီး သူမ၏လှပသောမျက်နှာသည် ထိတ်လန့်သွားသည့် အရိပ်အယောင် ပေါ်လာသည်။

"မဟုတ်ဘူး၊ ငါသွားကြည့်ရမယ်။ ဒီလို ကြောက်စရာကောင်းတဲ့ ကောင်းကင်ကပ်ဘေး ဒုက္ခက သာမန် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ကျော်လွန် သွားပြီ။ ပြိုင်ဘက်ကင်းကျွမ်းကျင့်ပညာရှင်တစ်ဦးက ဒီကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာ ဖြစ်ရမယ်။" သွေးနီရောင်ဝတ်စုံနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခန်းမထဲက အပြေးအလွှား ထွက်ခါနီးတွင် သူ့ကိုယ်သူ ရေရွတ်သည်။

"အဖေ၊ အဖေနဲ့အတူ သမီးကိုပါ ခေါ်သွားပေး။" သို့သော် သူထွက်ခါနီးတွင် သူ၏ လက်မောင်းကို သူ့ဘေးနားရှိ သမီးဖြစ်သူက တင်းတင်းကျပ်ကျပ် ဖက်ထားသည်။

"မဟုတ်ဘူး၊ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ အဲဒါက အရမ်းအန္တရာယ်များတယ်။ သမီး သွားမယ်ဆိုရင် သမီးဘေးကင်းဖို့အတွက် အဖေ့မှာ ဂရုစိုက်ဖို့ အချိန်မရှိဘူး" ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်က ငြင်းဆိုသည်။

'"ဟမ့်၊ အဖေ သမီးကို မခေါ်သွားရင် သမီး အဖေ့ကို နောက်တစ်ကြိမ် လျစ်လျူရှု လိုက်မယ်။ ပြီးရင် သမီးလည်း အပြင်ကို သွားကြည့်ဦးမယ်။ ပြီးတော့ ခဏနေရင်ကို သမီး အပြင်ထွက်တော့မယ်။ အဖေ သမီးကို မိုင်တစ်ထောင်တည်နေရာ ရွေ့ပြောင်းခြင်းအဆောင်တစ်ခုပေးထားပြီလေ။ တကယ်လို့ အန္တရာယ်အတွင်း ကျရောက်နေရင်‌တောင် သမီးရဲ့အသက်အတွက် အဲဒီအဆောင်ကို ချက်ချင်း အသုံးပြုပြီး ထွက်သွားနိုင်ပြီ။ ဒါဆို သေချာပေါက် အဆင်ပြေပါလိမ့်မယ်” နင်ရှင်းသည် သူမ၏ နှုတ်ခမ်းများကို ပွတ်သပ်ရင်း ဒေါသထွက်ဟန် ဆောင်လိုက်သည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် နောက်ဆုံးတွင် ကူကယ်ရာမဲ့ဖြစ်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်နှင့် သဘောတူ လိုက်ရပါသည် "ကောင်းပြီလေ၊ ဒါပေမယ့် သမီး အန္တရာယ်တစ်ခုခုရှိလာခဲ့ရင် သမီးအနေနဲ့ ချက်ချင်းထွက်သွားဖို့ မိုင်တစ်ထောင်တည်နေရာ ရွေ့ပြောင်းခြင်း အဆောင်ကို ချက်ချင်း အသုံးပြုရမယ်"။

နင်ရှင်း၏ မျက်နှာသည် ချက်ချင်းပင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး သူမ ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်ပါသည်။

ဧရာမဝေလငါးနန်းတော်၏ နန်းတော်သခင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နဂါးကောင်းကင်နန်းတော်၏ သြဇာလွှမ်းမိုးမှု နယ်မြေဆီသို့ ဦးတည် မသွားမီ သူ၏သမီးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပါသေးသည်။

တစ်ချိန်တည်းမှာပင် လိပ်နက်နန်းတော်၏ ပင်မခန်းမဆောင်တွင် ရေတပ် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပင်မခန်းမ၏ လှေကားထစ်ပေါ်တွင် ရပ်လိုက်ရင်း အဝေးကို လှမ်းမျှော် ကြည့်လိုက် ပါသည်။

"နဂါးကောင်းကင်နန်းတော်နယ်မြေရဲ့ ဦးတည်ရာအရပ်ကပါလား?" အသက်လတ်ပိုင်း အရွယ် အမျိုးသားသည် မျက်မှောင်ကြုတ်ကာ မိုးပြာရောင်အလင်းတစ်ချက် လင်းလက်ပြီး ပျောက်ကွယ်သွားခဲ့သည်။

သေချာသည်မှာ ကောင်းကင်ဘုံ၏တန်ခိုးကြောင့် သက်ရောက်မူအရှိဆုံးမှာ နဂါး ကောင်းကင်နန်းတော်ဘဲ ဖြစ်ပါသည်။ နဂါးကောင်းကင်နန်းတော်တစ်ခုလုံးသည် စိုးရိမ်ပူပန်မူအခြေအနေသို့ လုံးလုံး ရောက်ရှိသွားခဲ့ပါသည်။

နဂါးကောင်းကင်နန်းတော်၏ ခန်းမအတွင်းမှာ လူသုံးဦးသည် ခန်းမအတွင်းရှိ ထိုင်ခုံသုံးလုံးပေါ်တွင် ထိုင်နေကြပါသည်။ သူတို့အားလုံးသည် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားကြပါသည်။ သူတို့၏ ၀တ်ရုံများပေါ်တွင် ဧရာမရွှေနဂါး အရုပ်ကြီးများ ရှိနေကြသည်။ သူတို့ သုံးယောက်စလုံး၏ပုံစံတွေက ရုပ်ချင်းဆင်တူသလောက်နီးပါးပင် ဖြစ်သည်။

"အစ်ကိုကြီး၊ ငါတို့ရဲ့ သြဇာလွှမ်းမိုးမှုနယ်မြေမှာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရဲပြီး ဒီကမ္ဘာကြီးကို ဒီလောက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုကို အမှန်တကယ် ဖြစ်စေခဲ့တဲ့ လူက ဘယ်သူများ ဖြစ်မလဲ။" နဂါးကောင်းကင်နန်းတော်၏ တတိယမြောက် နန်းတော်သခင်က ပြောလိုက်သည်။

ပင်မထိုင်ခုံအလယ်မှာ ထိုင်နေသော အမျိုးသားသည် သူ၏မျက်နှာမှာ အေးစက်ပြီး လေးနက်သည့် အမူအရာဖြင့် သူသည်လည်း ဤမေးခွန်းကို တွေးနေသည်မှာ သေချာပါသည်။

"အစ်ကိုကြီး၊ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဟန်ကွမ်းကို သတ်လိုက်တယ်ဆိုတဲ့ သတင်းကို ကျွန်တော်ရထားတယ်။ အဲဒီကျွမ်းကျင်ပညာရှင်က လူသားလို့ ပြောလို့ရ တယ်။ သူ့ရဲ့ ကျင့်ကြံမူအဆင့်ကလည်း အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီလို့ ခန့်မှန်းရတယ်။ သူက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတယ်လို့ အစ်ကိုကြီး ထင်လား။” နဂါးကောင်းကင် နန်းတော်၏ ဒုတိယနန်းတော်သခင်က ပြောလိုက်ပြန်သည်။

"လူသား ကျွမ်းကျင်ပညာရှင်လား။ လူသား ကျွမ်းကျင်ပညာရှင် တစ်ယောက်က ငါတို့ ပင်လယ်ထဲကို ဘာလို့ လာရတာလဲ" နန်းတော်သခင်က အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။

"ဒီလူသားကျွမ်းကျင်ပညာရှင်က တိုက်ကြီးတစ်ခုခုကကနေ ရောက်လာတာ မဟုတ်ဘူး။ အဆုံးမဲ့ချောက်နက်ကြီးထဲက လှိုဏ်ဂူတစ်ခုကနေ ရောက်လာပုံရတယ်။ သူက အဲဒီလှိုင်ဂူထဲမှာ အကျဉ်းချခံထားရပြီး ငါတို့ နဂါးကောင်းကင်နန်းတော်ရဲ့ တပ်မှူးလေး တစ်ယောက်ကြောင့် လွတ်မြောက်လာတာလို့ ပြောကြတယ်။ ဟန်ကွမ်းက အဲဒီတပ်မှူးလေးကို ရန်စခဲ့တဲ့အတွက် ဒီလူသား ကျွမ်းကျင်ပညာရှင်ရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတာ။" ဒုတိယနန်းတော်သခင် ဆက်လက် ပြောပြသည်။

ဒုတိယနန်းတော်သခင်၏ စကားကိုကြားရလျှင် မဟာနန်းတော်သခင်သည် လေးလေး နက်နက် အတွေးဝင်သွားခဲ့သည်။ (မဟာနန်းတော်သခင်ဟူသည် ပထမနန်းတော် သခင်ကို ရည်ညွှန်းပါသည်။ ပါရှိသည့်အတိုင်း ပြန်ဆိုထားခြင်း ဖြစ်ပါသည်)

"ဟမ့်၊ သူက လူသားဟုတ်မဟုတ် ငါ ဂရုမစိုက်ပါဘူး။ တကယ်လို့ လူတွေကို သတ်ဖို့အတွက် ငါတို့နဂါးကောင်းကင်နန်းတော်ကို လာဝံ့တယ်ဆိုရင်တော့ သူ သေရမှာပဲ၊ အဲဒီ တပ်မှူးလေးကလည်း သူ့ထောက်ပံ့ကိုယူပြီး ငါတို့နဂါးကောင်းကင် နန်းတော်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ဖို့ တစ်ယောက်ယောက်ကို မှီခိုအားကိုးရတယ်။ တကယ်လို့ နဂါးကောင်းကင်နန်းတော်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်မပေးရင် ငါတို့နဂါးကောင်းကင်နန်းတော်က အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ တခြားသူတွေ ထင်သွားမှာကို ငါကြောက်မိတယ်။ တတိယနန်းတော်သခင်က ဒေါသတကြီး ပြောလိုက်ပါသည်။

သူသည် ဟန်ကွမ်းနှင့် ခင်မင်ရင်းနှီးမှု အချို့ရှိခဲ့သည်။ ဟန်ကွမ်း အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်သွားချိန်မှာ နန်းတော် သခင်သုံးဦးစလုံးသည် သူ့ကို အကြီးအကဲတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ပေးရန် မူလကတည်းက ပြင်ဆင်ထားကြသော်လည်း သူသည် ထိုကဲ့သို့ အသတ်ခံရမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"အရင်ဆုံး တစ်ချက်လောက် သွားကြည့်ရအောင်။ တကယ်လို့ အဲဒီလူသားသာ ကပ်ဘေးဒုက္ခကို တကယ်ဖြတ်ကျော်နေတာဆိုရင်၊ သူ့မှာ အဆုံးမဲ့ချောက်နက်ကြီးရဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်ခြေ မြင့်မားပါတယ်။ သူ့ကို ကပ်ဘေးဒုက္ခကို လုံးဝ ဖြတ်ကျော်ခွင့် မပြုနိုင်ပါဘူး။" မဟာနန်းတော်သခင်က ပြောလိုက်ပါသည်.

သူစကားပြောပြီးသည်နှင့် အလင်းတန်းတစ်ခု ပြောင်းလဲသွားကာ ခန်းမအပြင်ဘက်သို့ ဦးတည်သွားခဲ့သည်။ ဒုတိယနန်းတော်သခင်နှင့် တတိယနန်းတော်သခင်တို့သည် လည်း အကြည့်ချင်း ဖလှယ်ကာ လျင်မြန်စွာ လိုက်ပါသွားကြသည်။

မတူညီသည့် အရပ်ဒေသအသီးသီးရှိ နန်းတော်သခင်သုံးယောက်သည် ဤကပ်ဘေး ဒုက္ခကို သတိထားမိသွားချိန်မှာ ချင်ယွင်ရှိနေသော ကျွန်းသည် စိုးရိမ်ဖွယ် အခြေအနေသို့ လုံးလုံးလျားလျား လွှမ်းခြုံးသွားခဲ့ရပြီ။

လင်းဝူရွှန်း နှင့် အခြားသူများသည် ကီလိုမီတာရာပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းနေသည့် ကောင်းကင်တွင်ရှိနေသော ကြီးမားသော ကပ်ဘေးဒုက္ခ တိမ်တိုက်ကြီးကို ကြည့်လိုက်ကြရင်း သူတို့၏ပါးစပ်များက ကျယ်လောင်စွာ ပွင့်နေကာ သူတို့၏သခင်နှင့်ပတ်သက်ပြီး ပြောစရာစကား ရှာမရဖြစ်နေကြပါသည်။

"တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့အတွက် ဘယ်အချိန်ကတည်းက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရတာလဲ။ နောက်ပြီး ဒီကပ်ဘေးဒုက္ခက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။" လင်းဝူရွှန်းသည် ကြောင်တက်တက်အမူအရာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။

သူတင်မကဘဲ ဧကရာဇ်ပျားဘုရင်မ နှင့် ဟောင်ခွန်တို့တောင် အံဩမှင်သက်နေ ကြသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် သူတို့အား ကြီးမားသော တိုက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြောခဲ့သည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွား ခဲ့ကြပါပြီ။ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေး ဒုက္ခကြီးသည် ကျွမ်းကျင်ပညာရှင်များကို မဆွဲဆောင်နိုင်ခြင်းကမှ ထူးဆန်းနေပါ လိမ့်မည်။

အခန်း (၅၀၈) ဆက်တိုက်အဆင့်ချိုးဖြတ်ခြင်း။

"အကိုကြီးဟောင်၊ ငါတို့ အခု ဘာလုပ်သင့်လဲ" ဧကရာဇ်ပျားဘုရင်မက သူမရှေ့မှာ ရပ်နေသော ဟောင်ခွန်ကို မေးလိုက်ပါသည်။

ဤအခိုက်အတန့်တွင်၊ ကောင်းကင်ကြီးသည် ကပ်ဘေးဒုက္ခ တိမ်တိုက်များနှင့် ပြည့်နှက်နေခဲ့ပြီး၊ ကောင်းကင်စွမ်းအားသည် ကမ္ဘာမြေကြီးကို ဖုံးအုပ်ထားပါသည်။

ချင်ယွင်သည် ကပ်ဘေးဒုက္ခကို မကျော်ဖြတ်မီ ကြိုတင်ပြင်ဆင်မှုအခြေအနေသို့ တရားဝင် ဝင်ရောက်နေခဲ့သည်။ သူ၏ရှေ့မှာဖြစ်ပေါ်လာမည့် အရာအားလုံးအတွက် ဟောင်ခွန်ကိုသာ အားကိုးလို့ရနိုင်ပါသည်။

ဟောင်ခွန်သည် သူ၏မျက်ခုံးများကို တင်းကြပ်စွာ တွန့်ထားသည်။ ဤကိစ္စသည် အလွန်စိုးရိမ်ဖွယ်ကောင်းသည့်အဆင့်ကို ရောက်ရှိနေပါပြီ။ ယခု ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲဖြစ်မူသည် ချင်ယွင်သည် နန်းတော်ကြီးသုံးခု၏ နန်းတော်သခင်များအား သတိပေးသလို ဖြစ်ကောင်းဖြစ်သွားနိုင်ပါသည်။

"ကပ်ဘေးဒုက္ခတိမ်တိုက်တွေ ကျဆင်းမလာခင် အချိန်သုံးနာရီ ကျန်နေသေးတယ်။ အနီးဆုံးမှာရှိတဲ့ နဂါးကောင်းကင်နန်းတော်ကတောင် ဒီနေရာကို ရောက်ဖို့ဆိုရင် လေးနာရီနီးပါး ကြာလိမ့်မယ်။ သခင်လေးရဲ့ ကပ်ဘေးဒုက္ခက အမြန်ဆုံး ပြီးမြောက် နိုင်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ။" ဟောင်ခွန်က ပြောလိုက်သည်။

ဧကရာဇ်ပျားဘုရင်မသည် ခေါင်းညိတ်သည်။ ယခုဆိုလျှင် ချင်ယွင်သည် ကပ်ဘေးဒုက္ခကို တတ်နိုင်သမျှ အမြန်ဆုံး ဖြတ်ကျော်နိုင်ဖို့သာ သူမ မျှော်လင့်နိုင်ပါ တော့သည်။

ချင်ယွင်သည် ကျွန်းငယ်လေး၏ထောင်ထိပ်ပေါ်ရှိ စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပါသေးသည်။ သူသည် ခေါင်းကိုမော့ပြီး ကောင်းကင်ယံမှာ သူ၏စွမ်းအားတွေ ကို အရူးအမူး စုစည်းနေသော ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးကို ကြည့်လိုက်ပါသည်။ သူသည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤကပ်ဘေးဒုက္ခတိမ်တိုက်ကြီးသည် ယခင်ကာလများထက် ပို၍ ကြောက်စရာ ကောင်းနေပါသည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့်ဆို၊ အနက်ရောင်လျှပ်စီး နဂါးလေးက သူ့ကို ထပ်မံ မကူညီမချင်း ဤကပ်ဘေးဒုက္ခမှာ ရှင်သန်ရန် ခက်ခဲပေ လိမ့်မည်။

"မဟုတ်ဘူး၊ ငါ့ခွန်အားကို ထပ်ပြီး မြှင့်တင်ရမယ်။ တခြားအရာတွေကို ငါ မျှော်လင့်နေလို့ မရဘူး။" ချင်ယွင်သည် သူ၏စိတ်ထဲမှာ အခိုင်အမာ ပြောလိုက်ပါသည်။ အနက်ရောင်လျှပ်စီးနဂါးလေးသည် အခြေခံအားဖြင့် မသေချာမရေရာသော အကြောင်းခံတစ်ခု ဖြစ်ပါသည်။ အကယ်၍ အနက်ရောင်လျှပ်စီးနဂါးလေးကသာ သူ့ကိုကူညီပြီး မတိုက်ခိုက်ပေးပါက၊ သူသည် ဤလျှပ်စီးကပ်ဘေးဒုက္ခအောက်တွင် သေဆုံးသွားလိမ့်မည် မဟုတ်ပါလော။

သို့သော် ယခု သူ၏ခွန်အားကို မည်သို့ မြှင့်တင်နိုင်မည်နည်း။ သူ၏ခန္ဓာကိုယ်သည် ယခုလေးတင် အဆင့်ချိုးဖြတ်သွားခဲ့ပြီးဖြစ်ကာ ဒုတိယအဆင့်သို့ ဖြတ်ကျော်ရန် သူ့အတွက် မဖြစ်နိုင်သလောက်ပင်။

"ဟုတ်တယ်၊ အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံး!" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာပြီး အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးကို သူ၏ရင်ခွင်မှ အမြန် ဆွဲထုတ်လိုက်ပါသည်။

ကောင်းကင်ကပ်ဘေးဒုက္ခ မကျရောက်မီ အချိန်သုံးနာရီ ကျန်နေပါသေးသည်။ သူ၏ ကျင့်ကြံမူအရှိန်အဟုန်ဖြင့်ဆို၊ သူသည် ဤအင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးကို သေချာစွာ သန့်စင်နိုင်ပါသည်။ ဤအင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးကို သန့်စင်ပြီးသည်နှင့်၊ သူ၏ ကျင့်ကြံမူအဆင့်သည် တာအိုအငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်နိုင်ရုံသာမက၊ သူ၏ ရုပ်ခန္ဓာကိုယ်သည်လည်း ဒုတိယအဆင့် ကောင်းကင်ဘုံခွဲခြမ်းနယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်မည် ဖြစ်ပါသည်။

ဤအကြောင်းကိုတွေးတောရင်း ချင်ယွင်သည် လုံးဝ တွန့်ဆုတ်နေခြင်း မရှိတော့ပေ။ သူသည် အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးကို သူ၏လက်ထဲတွင် တိုက်ရိုက် ဆုပ်ကိုင်ထားပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို စတင်ဖြန့်ချီ လိုက်ပါသည်။

ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ် ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ချင်ယွင်၏လက်မှ ရူးသွပ်ဖွယ် စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာပါသည်။ အင်မော်တယ်ချီသည် အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးထံမှ အရူးအမူး ထွက်လာ နေပြီး ချင်ယွင်၏ လက်မောင်းမှတဆင့် ချင်ယွန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

အင်မော်တယ်ချီသည် မူလကတည်းက ဝိညာဉ်ချီနှင့် အနှစ်သာရကို ကျော်လွန်နေသော စွမ်းအင်ဖြစ်ပါသည်။ အကယ်၍ သာမာန်လူတွေသာ ဤစွမ်းအင်ကို စုပ်ယူလိုက်မည် ဆိုလျှင် ပေါက်ကွဲထွက်ကုန်ပါလိမ့်မည်။ သို့သော် ချင်ယွင်ကတော့ ကွဲပြားခြားနားပါ သည်။ သူ၏ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် အကြီးမြတ်ဆုံး ကျင့်ကြံခြင်းနည်းပညာရပ်တစ်ခု ဖြစ်ပါသည်။ သဘာဝအတိုင်း၊ သူသည် ဤ အင်မော်တယ်ချီကို စုပ်ယူနိုင်ပြီး သူလိုအပ်သော ဝိညာဉ်ချီအဖြစ်သို့ ပြောင်းလဲနိုင် ပါသည်။

အင်မော်တယ်ချီသည် သူ၏လက်မောင်းတမှတဆင့် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး နောက်ဆုံးတွင် အရာအားလုံးသည် ချင်ယွင်၏ ဒန်တန်ဆီသို့ စီးဆင်း သွားခဲ့ပါသည်။

ဤအင်မော်တယ်စွမ်းအင် ဖြည့်သွင်းဝင်ရောက်ခြင်းနှင့်အတူ ချင်ယွင်၏ ဒန်တန်သည် ပြင်းထန်စွာ ဆူပွက်လာခဲ့ပါသည်။ ဒန်တန်၏ ဝိညာဉ်ပင်လယ်တစ်ခုလုံးသည် ပြင်းထန်သော ပြောင်းလဲမှုများကို စတင်လာခဲ့ပါသည်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့ပါသည်။

တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အလယ်လတ်အဆင့်။

ချင်ယွင်၏ စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်လည်း သိသိသာသာ ပြောင်းလဲသွားပါသည်။ သူ၏မျက်ခုံးကြားရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားသည် တဖျပ်ဖျပ်ခတ်ကာ ပျောက်ကွယ်သွားခဲ့ သည်။ ၎င်းသည် ဖော်မပြနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်နေပြီး သူ၏ တစ်ကိုယ်လုံးကို မိုးပြာရွှေရောင်အလင်းအလွှာဖြင့် လွှမ်းခြုံထားသည်။

ချင်ယွင်သည် မူလကတည်းက စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း သူ့ကို မြှောက်ပင့်ပေးထားသည့် ကြာပန်းတစ်ပွင့်ကို မှော်ဆန်စွာ စိုက်ပျိုးထားပါသည်။ အစိမ်းရောင်ကြာပန်း၏အပေါ်ယံ မျက်နှာပြင်သည် မထင်မရှား ဝေဝေဝါးဝါး ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ၎င်းသည် ရှေးကျသော ဖရိုဖရဲ ခံစားချက်မျိုးကို ပေးစွမ်းနေပါသည်။

"မင်းရဲ့ကျင့်ကြံမူအဆင့်က ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန်ကြီး တိုးတက် လာနေရတာလဲ သခင်လေး၊ သခင်လေးက အံ့ဖွယ်ကောင်းတဲ့ နတ်ဆေးတစ်လုံးကိုများ စားသုံးလိုက်လို့လား။" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လင်းဝူရွှန်းသည် အလွန် အံ့အားသင့်နေသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။

ဧကရာဇ်ပျားဘုရင်မလည်း ထိတ်လန့်သွားပါသည်။ သူမသည် ဤမျှ လျင်မြန်စွာဖြင့် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်သည့်လူမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။ အကယ်၍ သူတို့သည် အင်မော်တယ်ဆေးအချို့ကို ရရှိခဲ့မည်ဆိုလျှင်ပင် သူတို့အနေဖြင့် ၎င်းဆေးလုံးကို ဖြည်းညှင်းစွာ သန့်စင်ရန် လိုအပ်နေပါသေးသည်။

"အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံး!" ဟောင်ခွန်က ပြောသည်။

"အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံး? အဲဒါဘာလဲ?" လင်းဝူရွှန်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်ပါသည်။

"အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးဆိုတာက အင်မော်တယ်ကမ္ဘာမှာ ဘုံငွေကြေး တစ်ခုအဖြစ် အသုံးပြုကြတဲ့အရာပဲ။ အဲဒီအထဲမှာ အင်မော်တယ်စွမ်းအင်များစွာ ပါဝင် တယ်။ အဲဒီကျောက်စိမ်းတုံးက အင်မော်တယ်ကမ္ဘာမှာ သာမန်ပစ္စည်းတစ်ခု ဖြစ်နိုင်ပေမယ့်၊ သေမျိုးကမ္ဘာမှာတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်တယ်။ သာမာန် လူတစ်ယောက်ဟာ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်အတွင်းမှာ တောင် အဲဒီရတနာကို သန့်စင်ချင်တယ်ဆိုရင်တောင် အတွင်းမှာရှိတဲ့ အင်မော်တယ် စွမ်းအင်ကို အပြည့်အဝစုပ်ယူပြီး သူလိုအပ်တဲ့ အနှစ်သာရအဖြစ် ပြောင်းလဲနိုင်ရန် အတွက် တစ်နှစ်ခွဲလောက် အချိန်ယူရလိမ့်မယ်”။

"ဒီအင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးကို သန့်စင်ရန်အတွက် အချိန်သုံးနာရီတောင် မကြာဘူးလား?" ဟောင်ခွန်၏စကား ပြီးဆုံးပြီးနောက် လင်းဝူရွှန်းက ဆက်ပြောသည်။ သူတို့အားလုံးသည် ချင်ယွင်၏လက်ထဲမှ အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးကို ကြည့်နေကြပါသည်။ မူလက ကြက်ဥအရွယ်စားရှိသော အင်မော်တယ်ဝိညာဉ် ကျောက်စိမ်းတုံးသည် နှမ်းစေ့အရွယ်မျှသာ ရှိတော့ပုံရပါသည်။

လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် အေးစက်စက်လေကို တစ်ယောက် ပြီးတစ်ယောက် ရှုရှိုက်လိုက်ကြပါသည်။ အခြားလူများသည် ထိုကဲ့သို့ ပစ္စည်းမျိုးကို သန့်စင်ရန်အတွက် အချိန်တစ်နှစ်ခွဲကြာခဲ့သော်လည်း ချင်ယွင်သည် ထိုနေရာတွင် ထိုနေပြီး အချိန်သုံးနာရီသာ ကြာမြင့်ခဲ့ပါသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် အဘယ်ကြောင့် ဤမျှမွန်းစတားဆန်နေရလဲ ဆိုသည်ကို နောက်ဆုံး သူတို့ နားလည်သဘောပေါက်သွားကြပါပြီ။ အကြောင်းမှာ သူ ကျင့်ကြံထားသော ကျင့်ကြံခြင်းပညာရပ်သည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ပညာရပ် ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။

ဟောင်ခွန်၏ နှလုံးသားသည်လည်း တုန်လှုပ်သွားခဲ့ပါသည်။ ချင်ယွင်၏ ဝိညာဉ် စွမ်းအင် ကျင့်ကြံခြင်းပညာရပ်နှင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း ပညာရပ်များသည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သော နည်းပညာရပ်များ ဖြစ်နေကြပါသည်။ ၎င်းပညာရပ်များထဲမှ တစ်ခုခုကို အခြားသူများ ရယူထားနိုင်သရွေ့ ထိုလူများသည် ကောင်းကင်ဘုံသို့ပင် ပျံတက်နိုင်သော ကြီးမားသော တည်ရှိမှုများ ဖြစ်လာနိုင်ပါသည်။ ထိုကဲ့သို့ ကျင့်ကြံခြင်းပညာရပ်နှစ်မျိုးကို ပိုင်ဆိုင်သူများဖြစ်လျှင်မူ ပြောစရာပင် မလိုတော့ပေ။

ယခုအချိန်ထိ၊ သူသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းပြီး သူကိုယ်တိုင် လက်စားချေနိုင်ခြင်းနှင့် ပတ်သက်ပြီး ချင်ယွင်ပြောခဲ့သည့်စကားများအပေါ် သံသယ အချို့ ရှိနေပါသေးသည်။ ကျောက်ဝူကျင်းသည် အင်မော်တယ်ကမ္ဘာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော်ငြားလည်း ကျောက်ဝူကျင်းသည် လွန်ခဲ့သော နှစ်ပေါင်း ငါးရာခန့်ကတည်းက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားခဲ့ပြီး ဖြစ်ကာ ခိုင်မာသော ခြေကုပ်တစ်ခုကို စတင်ရရှိနေပြီ ဖြစ်ပါသည်။ သူ့ကိုယ်တိုင် လက်စားချေရန် မလွယ်သော်လည်း ယခုတော့ ချင်ယွင်၏ စကားတွေကို သူ ယုံကြည်စ ပြုလာပါသည်။

"ဒီဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် သူ တကယ်ပဲ ကူညီပေးနိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လေ။" ဟောင်ခွန်သည် သူ၏စိတ်နှလုံးထဲတွင် ရေရွတ် လိုက်မိပါသည်။

ဘန်း….!

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏လက်ရှိ အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးသည် လုံးဝ ကုန်ဆုံးပြီး အချည်းနှီးဖြစ်သွားခဲ့ပြီး ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည်လည်း တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော် သွားခဲ့ပါသည်။ ထိုမျှသာမကဘဲ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည်လည်း 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုး ပညာ'ရပ်၏ နောက်တစ်ဆင့်ဖြစ်သည့် ဒုတိယအဆင့်ဖြစ်သော ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပါသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် ရွှေရောင်မှ ကြက်သွေးရောင် အဖြစ်သို့ ပြောင်းလဲလာပါသည်။

ချင်ယွင်၏အရေပြားသည် မီးလျှံတွေကြောင့် နီရဲနေပုံရပြီး လောင်ကျွမ်းနေသော အငွေ့အသက်များ ထွက်ပေါ်နေပါသည်။ သူ၏ခန္ဓာကိုယ်သည် အနီရောင်မီးတောက်မီးလျံအလွှာများဖြင့် လောင်ကျွမ်းနေပုံရပြီး ဖော်ပြလို့ မရလောက်အောင် အစွမ်းထက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည့်အတိုင်းပင် ဖြစ်နေပါသည်။

"ဘုန်း…!"

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ လျှပ်စီးကပ်ဘေးဒုက္ခသည် ၎င်း၏ စွမ်းအားကို အပြည့်အဝ စုဆောင်းထားပြီး သွားပါပြီ။ နောက်ဆုံးတွင် ပထမဆုံး လျှပ်စီးကပ်ဘေး ဒုက္ခသည် မိုးခြိမ်းသံများနှင့်အတူ အောက်သို့ ဆင်းသက်လာခဲပါပြီ။

ရေပုံးလောက်ထူထပ်သော ခရမ်းရောင်လျှပ်စီးကြောင်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး ချင်ယွင်ကို တရစပ် တိုက်ခိုက်လာပါသည်။

ချင်ယွင်သည် ရုတ်တရက် မတ်တပ် ထရပ်လိုက်ပါသည်။ သူ၏ကိုယ်ခန္ဓာသည် နီမြန်းသောသတ္တုနှင့်တူနေပြီး မီးနတ်ဘုရားကဲ့သို့ ရပ်တည်နေလေ၏။ သူသည် ကောင်းကင်ယံရှိ လျှပ်စီးကပ်ဘေးဒုက္ခကို ကြည့်ရန် ခေါင်းကို မော့လိုက်ပြီး သူ၏ ပါးစပ်ထောင့်စွန်းသည် မထီမဲ့မြင်ပြုသော လှောင်ပြောင်မှုအဖြစ် တွန့်ကွေး သွားခဲ့ပါ သည်။

"အောင်း…………!"

ချင်ယွင်က ပါးစပ်ကိုဖွင့်ပြီး လျှပ်စီးကပ်ဘေးဒုက္ခကို တိုက်ရိုက်ပင် ဝါးမျိုချလိုက်ပါ သည်။ ခရမ်းရောင်လျှပ်စီးကြောင်းဒုက္ခသည် ချင်ယွင်၏ ထိုကဲ့သို့ ဝါးမျိုမူကြောင့် လုံးလုံးလျားလျား ပျက်စီးသွားခဲ့ရပါသည်။

"စား...စားလိုက်တာလား…!"

လင်းဝူရွှန်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင် သူ၏မျက်နှာသည် အလွန်တုန်လှုပ်သွားသော အမူအရာတစ်ခု ပေါ်လာလေသည်။

လျှပ်စီးကပ်ဘေးဒုက္ခကို တုန်ခါစေလောက်သည်အထိ သူတို့၏ခန္ဓာကိုယ်ကို အသုံးပြုခဲ့ ကြသည့်လူတွေကို သူတွေ့ဖူးသော်လည်း လျှပ်စီးကြောင်းကို တိုက်ရိုက် မျိုချသည့် လူတွေကိုတော့ သူ မမြင်ဖူးပါဘူး။ လျှပ်စီးကြောင်းက သူ၏အတွင်းအင်္ဂါတွေကို ဖျက်စီးသွားမှာကို သူ မကြောက်ဘူးလား။

သို့သော်လည်း ချင်ယွင်သည် ဒဏ်ရာကင်းမဲ့စွာဖြင့် ထိုနေရာမှာပင် ရပ်တည်နေခဲ့ပါ သည်။

.အခန်း (၅၁၀) နန်းတော်သခင်၏သတ်ဖြတ်လိုသည့်ဆန္ဒ။

ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးပင်လယ်ကြီးသည် ချင်ယွင်ကို လွှမ်းခြုံသွားခဲ့ပြီး၊ အနက်ရောင်လျှပ်စီးကြောင်းများသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးမြွေများကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ သည်။

လျှပ်စီးမြွေများသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီး သွေးစွန်းဒဏ်ရာများ ထင်းနေလေသည်။ တခဏအတွင်းမှာပင် ချင်ယွင်၏ ခန္ဓာကိုယ်သည် အနက်ရောင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်။

သူ၏ခန္ဓာကိုယ်နှင့်ပင်၊ ဤအနက်ရောင်လျှပ်စီးကြောင်း၏ ကြာပွတ်သဖွယ် ရိုက်နှက် ချက်တွေကို သူ မခံနိုင်ခဲ့ပါ။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ ခါးခါးသီးသီး တောင့်ခံထားရသည်။

"ဝှီး…. ဝှီး….ဝှီး….!"

ထိုအချိန်တွင် လေတိုးသံသုံးခု ထွက်ပေါ်လာသည်။ အဖြူရောင် နဂါး၀တ်စုံများကို ကိုယ်စီဝတ်ထားကြသည့် လူသုံးယောက်သည် မလှမ်းမကမ်းတွင် ပေါ်လာပါသည်။ သူတို့သည် လျှပ်စီးပင်လယ်ပြင်ကြီး လွှမ်းခြုံနေသော ချင်ယွင်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။

အဖြူ​ရောင်​နဂါးဝတ်​စုံဝတ်​ထားသည့်​ ဤ​အမျိုးသားသုံးဦး ထွက်​ပေါ်လာသည်​နှင့်​ ဟောင်ခွန်သည် ရုတ်​တရက်​ သူ၏​ခေါင်းကိုလှည့်​ကာ ထိုလူသုံးဦးကို ကြည့်​လိုက်ပါ​သည်​။ သူ၏မျက်ခုံးတွေက ချက်ချင်း တွန့်ရှုံ့သွားပါသည်။

"သူတို့က ဘယ်သူတွေလဲ?" လင်းဝူရွန်း နှင့် ဧကရာဇ်ပျားဘုရင်မတို့သည်လည်း ထိုလူများ၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ကြသောကြောင့် သူတို့၏ မျက်နှာများတွင် သတိထားသည့် အမူအရာများ ရှိနေကြသည်။ ဤသည်မှာ ထိုလူများ၏ ကျင့်ကြံမူအဆင့်သည် သူတို့ထက် ပိုမြင့်မားသည်ဟုသာ ဆိုနိုင်ပါသည်။

"တကယ်လို့ ငါ ခန့်မှန်းသာ မမှားဘူးဆိုရင် ဒီသုံးယောက်က နဂါးကောင်းကင် နန်းတော်ရဲ့ နန်းတော်သခင်သုံးပါးပဲ ဖြစ်သင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကျင့်ကြံမူအဆင့်တွေက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်း အဆင့်ကို ရောက်နေကြပြီ ဖြစ်လို့ပဲ။" ဟောင်ခွန်က လေးနက်စွာ ပြောလိုက်သည်။

"နဂါးကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်သုံးယောက်လား?" လင်းဝူရွန်း နှင့် ဧကရာဇ်ပျားဘုရင်မတို့ နှစ်ယောက်စလုံး အသက်ပြင်းပြင်း ရှူလိုက်ကြမိပါသည်။

"အရင်ဆုံး စောင့်ကြည့်ရအောင်။ တကယ်လို့ သူတို့ မလှုပ်ရှားဘူးဆိုရင်တော့ အကောင်းဆုံးပဲ။ သူတို့ လှုပ်ရှားတာနဲ့ ငါက ချက်ချင်း ရှေ့ထွက်တက်ပြီး သူတို့ကို တားဆီးရမယ်။ အဲဒီအချိန်မှာ မင်းတို့းက သခင်လေးကို အကာအကွယ်ပေးဖို့ တာဝန်ကို ယူရလိမ့်မယ်။ သခင်လေး ကပ်ဘေးဒုက္ခကျော်ဖြတ်နေတာကို အနှောက်ယှက် မပြုစေနှင့်။" ဟောင်ခွန်က လေးနက်စွာ ပြောသည်။

"ဟုတ်တယ်!" လင်းဝူရွန်းနှင့်ဧကရာဇ်ပျားဘုရင်မတို့ နှစ်ယောက်စလုံး ခေါင်းညိတ်ပြ လိုက်ကြသည်။

နဂါးကောင်းကင်နန်းတော်၏ နန်းတော်သခင်သုံးယောက်သည် ချင်ယွင်ထိုင်နေသည့် ကျွန်းမှ ဆယ်မိုင်အကွာတွင် လေထဲလွင့်မျောနေကြာကာ အနီးသို့ ရောက်မလာခဲ့ ကြပေ။

အထူးသဖြင့် ဦးဆောင်လာသည့် အေးစက်စက်နိုင်သောလူ ဖြစ်သည်။ သူသည် လျှပ်စီးပင်လယ်ပြင်မှာ နစ်မြုပ်နေသော ချင်ယွင်ကို ကြည့်ပြီးနောက်၊ အဝေးမှာ ရှိနေသော ဟောင်ခွန်ကို ချက်ချင်း လှည့်ကြည့်လိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဟောင်ခွန်ထံမှ ဘေးကျပ်နံကျပ်အခြေအနေကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသော ကြောင့် ဖြစ်ပါသည်။

ဟောင်ခွန်လည်း သူတို့သုံးယောက်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ သူတို့ သုံးယောက်သည် ထူးထူးခြားခြား လှုပ်ရှားမှုတွေ ရှိလာသည်နှင့် သူသည် ချက်ချင်း ပြေးထွက်လိမ့်မည်။

"အစ်ကိုကြီး၊ သူက ငါတို့ကောင်းကင်ဘုံနဂါးနန်းတော်ရဲ့ တပ်မှူးကြီးကို သတ်ခဲ့တဲ့ လူသားကျွမ်းကျင်ပညာရှင်ပဲ" နဂါးကောင်းကင်နန်းတော်၏ တတိယမြောက်နန်းတော် သခင် အောင်းဖန်က ပြောသည်။

"သူ့ရဲ့ကျင့်ကြံမှုအဆင့်က တကယ်ကိုပဲ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ။ မင်းတို့ သတိထားပါ။ တကယ်လို့ မင်းတို့အနေနဲ့ သူ့ကို ရန်စနိုင်စွမ်းမရှိဘူးဆိုရင် သူ့ကို ရန်သွားမစကြနဲ့။" နဂါး ကောင်းကင်နန်းတော်၏ မဟာနန်းတော်သခင် အောင်းယွန်က လေးနက်စွာ ပြောလိုက်သည်။

"အခု ငါအစိုးရိမ်ဆုံးအရာက အဲဒီလူသားပညာရှင်မဟုတ်ဘူး။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတဲ့လူပဲ။ ဒီကောင်က တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အထွတ် အထိပ်အဆင့်မှာသာ ရှိနေတာကို မင်းတို့ သတိပြုမိရဲ့လားလို့ ငါသိချင်တယ်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အထွက်အထိပ်အဆင့်မှာ ရှိနေတဲ့ လူ တစ်ယောက်က ကောင်းကင်ကပ်ဘေးဒုက္ခကို ဆင့်ခေါ်နိုင်ပြီး ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့တယ်။ ဒုတိယနန်းတော်သခင် အောင်းရှင်းက သံသယစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

အောင်းရှင်း၏ စကားကိုကြားတော့ အောင်းယွန်နှင့် အောင်းဖန်တို့သည် မိုးကြိုး လျှပ်စီးပင်လယ်ပြင် အလယ်တွင် ခံနိုင်ရည်ရှိရန် ရုန်းကန်ကြိးစားနေရသော ချင်ယွင် ဆီသို့ ချက်ချင်း စိုက်ကြည့်နေကြသည်။

"တကယ်ကို တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပါလား။" အောင်းဖန်က အံ့သြစွာ မေးလိုက်သည်။

ယခင်က သူသည် ထိုလူသားပညာရှင်ကိုသာ အာရုံစိုက်နေခဲ့ပြီး ဤကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသော ကျင့်ကြံသူ၏ ကျင့်ကြံမူအဆင့်သည် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်သို့ပင် မရောက်ရှိသေးသည်ကို သူ သတိမထားမိခဲ့ပေ။

အောင်းယွန်သည် အနက်ရောင်လျှပ်စီးကြောင်းများ ဖုံးလွှမ်းနေသော ချင်ယွင်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကောင်လေးက ဘယ်သူလဲဆိုတာ ငါသိပါတယ်။ သူက ဇီရှန်နဲ့ အဲဒီလှိုဏ်ဂူထဲကို ဝင်သွားခဲ့တဲ့ လင်းယွင်ပဲ။ သူက အဲဒီလူသားကျွမ်းကျင်ပညာရှင်ကို လွတ်မြောက်စေ ခဲ့သူပေါ့။ နောက်ပြီး စမ်းသပ်တဲ့အချိန်တုန်းက အစစ်အမှန်နဂါးသွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်။" အောင်းဖန်က ပြောသည်။

ဟန်ကွမ်းအသတ်ခံရကြောင်း သိရှိပြီးနောက် သူသည် ချင်ယွင်နှင့် သူ၏ ညီနှစ်ယောက် အကြောင်းကို အသေးစိတ်စုံစမ်းရန် သူ၏လူများကို စေလွှတ်ထား သည်။ ထို့ကြောင့် လင်းယွန်း၏အခြေအနေကို ကောင်းစွာ နားလည်ထားသည်။

"အစစ်အမှန်နဂါးသွေးမျိုးဆက်လား?" အောင်းရှင်း နှင့် အောင်းယွန်တို့သည် တစ်ချိန် တည်းတွင် အံ့အားသင့်သွားကြသည်။

"မှန်တယ်။ သူတင်မကပဲ သူ့ရဲ့ညီနှစ်ယောက်တောင်မှ အဆင့်မြင့် နတ်ဘုရားသားရဲ သွေးမျိုးဆက်တွေကို ပိုင်ဆိုင်ထားကြတယ်။ ဒါပေမယ့် သူ့ရဲ့ညီနှစ်ယောက်က အခု ဒီမှာ ရှိပုံမပေါ်ဘူး။" အောင်းဖန်က ဆက်ပြောသည် ။

ထိုစကားကိုကြားလျှင် အောင်းယွန်သည် အတွေးနယ်ချဲ့နေတော့သည်။

"အစ်ကိုကြီး၊ ဒီလင်းယွင်က အစစ်အမှန်နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ကပ်ဘေးဒုက္ခတွေကိုလည်း ဆွဲဆောင်နိုင်တယ်။ ဆိုလိုတာကတော့ သူ့ရဲ့ အရည်အချင်းက အကန့်အသတ်မရှိဘူး။ သူက ငါတို့ နဂါးကောင်းကင်နန်းတော်ထဲကို လည်း ဝင်ပြီးသွားပြီ။ ငါတို့အနေနဲ့ သူ့ကို စနစ်တကျ ပြုစုပျိုးထောင်ပေးရင် အနာဂတ်မှာ သူက ငါတို့နဂါးကောင်းကင်နန်းတော်ရဲ့ စွမ်းအားကြီးမားဆုံဂ လူတစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် သူ့မှာ အဆင့်မြင့်အဆင့် နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ညီအစ်ကိုနှစ်ယောက်လည်း ရှိနေတယ်။” အောင်းရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟမ့်၊ ဒီကောင်က ဟန်ကွမ်းကို သတ်လိုက်တာလေ။ သူက ရမ်းကားတဲ့ကောင်လို့ ထင်စရာရှိတယ်။ သူ့မှာ အလားအလာကောင်းတွေ ကြီးမားလေလေ၊ အနာဂတ်မှာ သူ့ရဲ့ ခြိမ်းခြောက်မှုတွေ ပိုကြီးမားလာလေပဲ။ အခု သူက နို့စို့အရွယ်ပဲ ရှိသေးတယ်။ ငါတို့အနေနဲ့ သူ့ကို အခုပဲ သတ်ပစ်ရမယ်။ မဟုတ်ရင် သူကြီးပြင်းလာတဲ့အခါ၊ အနာဂတ်မှာ ငါတို့ညီအစ်ကိုသုံးယောက်ရဲ့ နေရာကိုပါ ခြိမ်းခြောက်ခံရမှာ ငါ ကြောက်မိတယ်။ ငါ့အမြင်အရတော့ ဒီလင်းယွင်ကို သတ်ပစ်ရမယ်။” အောင်းဖန်က ချက်ချင်း ပြန်ပြောလိုက်တယ်။

"မင်းပြောသလိုဆို မင်းက ချဲ့ကားပြောနေရာ မဟုတ်ဘူးပေလား။" အောင်းရှင်းက ပြောသည်။ အောင်းဖန်သည် သတိထားအလွန်နေပြီး ဟန်ကွမ်းအတွက် လက်စားချေ လိုနေသည်ဟု သူခံစားမိသည်။

'" အောင်းဖန်ပြောတာ မှန်တယ်။ ဒီလင်းယွင် သေရမယ်။ သူ့ရဲ့ ခြိမ်းခြောက်မှုက အောင်းဖန်ပြောတာထက် အများကြီး ပိုကြီးမားတယ်။ အဝေးက ဒီလူသုံးယောက်စလုံး က လင်းယွင်လို့ခေါ်တဲ့ကောင်လေးကို ဓမ္မအကာကွယ်အဖြစ် ကာကွယ်နေကြတာကို မင်းတို့ သတိပြုမိကြရဲ့လား။ ဒီသုံးယောက်လုံးစက မလွယ်ဘူး" အောင်းယွန်က သူ၏မျက်လုံးတွေကို မှေးကျဉ်းထားပြီး ပြောလိုက်သည်။

စောစောလေးကမှ သူသည် ဒီလင်ယွန်းကို ကြိုးနှင့်ချည်နှောင်ထားရန် ရွေးမလား သို့မဟုတ် နောင်ကပ်ဘေးဒုက္ခကြီး မဖြစ်စေရန်အတွက် သူ့ကို သတ်ပစ်မလာဆိုပြီး တုံ့ဆိုင်းနေခဲ့သေးသည်။ သို့သော် အဝေးမှကြည့်နေသော ထိုလူသုံးယောက်၏ သတိထားနေသော အကြည့်များကို သူမြင်လိုက်ရသောအခါ သူ၏နှလုံးသားသည် ချက်ချင်းပင် သတ်ပစ်ချင်စိတ်ဖြင့် လှုပ်ခါသွားခဲ့ပါသည်။

အထူးသဖြင့် အဖြူရောင်ဆံပင်နှင့် ဦးဆောင်သည့်လူ ဖြစ်သည်။ သူတို့ လင်းယွင်အပေါ် လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်အဖွဲ့ကလည်း ချက်ချင်း လှုပ်ရှားမည်မှာ သေချာပါသည်။

အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူ တစ်ဦး၏ အကာအကွယ်ကို ရရှိထားသူတစ်ယောက်သည် သူတို့ နဂါးကောင်းကင် နန်းတော် ထိန်းချုပ်နိုင်သည့် အရာမဟုတ်သည်မှာ သေချာပါသည်။ ထို့အပြင် လင်းယွင် သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခကြီးကို ဆွဲဆောင်နိုင်ခဲ့သည်ဆိုသောအချက်က သူ့တွင် သာမန်လူများထက် သာလွန်သော အရည်အချင်းရှိသူဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ထိုသို့သောလူမျိုးသည် ခွန်အားရှိလာသောအခါတွင် သူတို့၏ ရည်မှန်းချက်များလည်း ကျယ်ပြန့်လာမည် ဖြစ်ပါသည်။ ထိုအချိန်တွင် သူတို့သုံးယောက်သား ပူးပေါင်း တိုက်ခိုက်မည်ဆိုလျှင်ပင် ခုခံနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သူတို့သည် သူ့ကို သတ်ပစ်ကြရလိမ့်မည်။

အောင်းရှင်းသည် တခြားပြောစရာတစ်ခုခုရှိနေပုံရသော်လည်း သူ့အစ်ကိုကြီး၏ ပြတ်သားသော အကြည့်တွေကို မြင်လိုက်ရသည့်အခါ စကားပြန် မပြောတော့ပါဘူး။

အောင်းဖန်သည် လျှပ်စီးကပ်ဘေးဒုက္ခများကြားတွင် ရှိနေသော ချင်ယွင်ကို အေးစက်သော အပြုံးဖြင့် ကြည့်ရင်း သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။

"ဒါပေမယ့်၊ ငါတို့က အလျင်စလို လှုပ်ရှားစရာမလိုပါဘူး။ ဒီလူသားကျွမ်းကျင် ပညာရှင်က ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူဘူး။ ဒါ့အပြင်၊ လင်းယွင်အနေနဲ့လည်း ဒီကောင်းကင်ကပ်ဘေးဒုက္ခကနေ လွတ်မြောက်ဖို့အတွက် အခက်အခဲအချို့ ရှိမယ်လို့ ငါ ထင်တယ်။ သူက ဒီကောင်းကင်ကပ်ဘေးဒုက္ခအောက်မှာတောင် သေသွားကောင်း သေသွားနိုင်တယ်။ တကယ်လို့ ကံကောင်းထောက်မပြီး သူ ဒီကောင်းကင်ကပ်ဘေး ဒုက္ခက လွတ်မြောက်လာတဲ့အချိန်ကျမှ ငါတို့လှုပ်ရှားမယ်ဆိုရင်လည်း အချိန်မနှောင်း သေးပါဘူး” အောင်းယွန်က ပြောသည်။

"ဟုတ်ကဲ့ပါ၊ အစ်ကိုကြီး။ တကယ်လို့ သူသာ ဒီကောင်းကင်ကပ်ဘေးဒုက္ခကို ကံကောင်းထောက်မပြီး တကယ်ပဲ လွတ်မြောက်လာပါ ငါကိုယ်တိုင် လှုပ်ရှားပါရစေ။ ဒါက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ် တစ်ယောက်ပဲလေ။ ငါက သူ့ကို လက်တစ်ဖက်တည်းနဲ့တောင် သတ်ပစ်နိုင်ပါတယ်" အောင်းဖန်က အထင်သေး ဟန်ဖြင့် ရယ်မောလိုက်ပြီး သူ၏မျက်လုံးတွေမှာ ပျော်ရွှင်ကြည်နူးသည့် အမူအရာများ ဖြင့် ပြည့်နေသည်။

အောင်းယွန်က ခေါင်းညိတ်ပြလိုက်ပြီး ခပ်လှမ်းလှမ်းမှာ ရပ်ကာ ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေလေသည်။

အောင်းရှင်းသည် တိတ်တဆိတ် မျက်မှောင်ကြုတ်နေသည်။ ယခုတစ်ကြိမ် သူ့အစ်ကိုကြီး၏ ဆုံးဖြတ်ချက်သည် အနည်းငယ် မသင့်လျော်ဟု သူ အမြဲတမ်း ခံစားမိသော်လည်း တခဏတာအတွင်း ထိုအမှားကို သူ မတွေးနိုင်ခဲ့ပါဘူး။

တကယ်တော့၊ နဂါးကောင်းကင်နန်းတော်ရှိ သူတို့၏နေရာကို ပိုပြီးခိုင်မာစေရန် အတွက် သူတို့သတ်ပစ်ရမည်ဆိုသော သူ့အစ်ကိုကြီး၏ အမြင်ကို သူကိုယ်တိုင် သဘောတူသော်လည်း သူ၏စိတ်ထဲမှာ အနည်းငယ် မသက်မသာ ခံစားနေရသေး သည်။

"မေ့လိုက်ပါ ၊ ငါ အတွေးလွန်နေတာ ဖြစ်နိုင်ပါတယ်လေ" အောင်းရှင်းသည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏စိတ်ထဲမှ အတွေးအာရုံတွေကို ဖယ်ထုတ်လိုက်ကာ ချင်ယွင် ဘက်ကို လှည့်ကြည့်လိုက်လေသည်။

ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော အနက်ရောင်လျှပ်စီး ပင်လယ်ကြီးသည် ကွယ်ပျောက်သွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ပြည့်နေခဲ့ပြီး ပါးစပ်ထောင့်တွင် သွေးစီးကြောင်းအရာများ တွဲလောင်းကျနေသည်။ သို့သော် ဤသတ္တမမြောက် လျှပ်စီးကြောင်းသည် သူ၏နောက်သို့ အနီးကပ် လိုက်ပါလာခဲ့ပါပြီ။

စာစဉ် (၃၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters