အခန်း (၁၅၄၆-၁၅၄၈)
Vol. 104 Ch. 1546-1548
အခန်း(၁၅၄၆) ရွှေအမတေအဆင့်ကို တစ်ချက်တည်းနဲ့ သတ်မယ်
တခန်းသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ပေါက်ကွဲသွားသည်။
ရာပေါင်းများစွာသော ရွှေအမတေများသည် ကြီးမားသော အဖွဲ့အစည်းတစ်ခုဖွဲ့၍ ချူးယွင်ဖန်းးကို ဝဒိင်းရံလိုက်ကြသည်။ ရွှေအမတေတိုင်း၏ စွမ်းအားများထွက်ပေါ်လာကာ ဆူနာမီသို့မဟုတ် မြေပြိုသကဲ့သို့ဖြစ်လာသည်။ ၎င်းသည် ချူးယွင်ဖန်းကို ဝိုင်းရံထားပြီး ၎င်း၏စွမ်းအားဖြင့် ချေမှုန်းပစ်သည့် ကြောက်မက်ဖွယ်ကောင်းသော အစီအရင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"မင်းတို့ပဲလား"
ချူးယွင်ဖန်း၏ နှုတ်ခမ်းများက တဖြည်းဖြည်းချင်းအေးစက်သွားသည်။ ထို့နောက် သူက မိုးကြိုးကို နင်း၍ မိုးကြိုး လျပ်စီးကြောင်းတစ်ခု အဖြစ်ပြောင်းလဲသွားသည်။
ဝှစ်
ဝှစ်
ခဏတာအတွင်း၌ပင် ချူးယွင်ဖန်းးက ရွှေအမတေတစ်ဦးရှေ့သို့ရောက်ရှိလာခဲ့သည်။ထို့နောက် သူ၏ မွန်းစတားရှင်းလင်းဓားက ခုတ်ပိုင်းကျလာသည်။ ယင်း၌ မည်သည့် ဓားရည်ရွယ်ချက်မျှမရှိသော်လည်း ဓားအလင်းရောင်သာ ကျဆင်းလာသည်။ သာမန်တိုက်ခိုက်မှုတစ်ခုသာဖြစ်သော်လည်း ယင်းက မိုးကြိုးကဲ့သို့ မြန်ဆန်သည်။
ဝှစ်
ဝှစ်
ဤရွှေအမတေသည် တုံ့ပြန်ရန် အချိန်ပင်မရှိဘဲ ထက်ခြမ်းပိုင်းသွားခဲ့သည်။ သူ၏ အကာအကွယ်စွမ်းအင်ဒိုင်းနှင့် ဝိဉာဥ်သံချပ်ကာကို အလွယ်တကတူ ဖြတ်တောက်နိုင်ခဲ့သည်။ မွန်းစတားသုတ်သင်ဓား၏ ထက်မြက်မှုက အလွန် အံ့အားသင့်ဖွယ်အဆင့်သို့ရောက်ရှိသွားပြီဖြစ်ကာ ပုံမှန်မဟုတ်ဘဲ အလွန် ထက်မြက်လွန်းသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းးက သူရှိနေသည့် နေရာမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူပြန်ပေါ်လာသောအခါ အခြားရွှေအမတေအဆင့်တစ်ဦးရှေ့၌ ရှိနေသည်။
ဤရွှေအမတေက သူ ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အဖွဲ့တစ်ခုလုံး၏ စွမ်းအားက ချူးယွင်ဖန်းး၏ ဓားဖြင့် အလွယ်တကူ ဖြတ်တောက်ခံလိုက်ရသည်။
နောက်ထပ် ရွှေအမတေအဆင့်ရှိသူတစ်ဦး သေဆုံးသွားပြီဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု စတင်ခဲ့သည်။ ရွှေအမတေအဆင့်ရှိသူတစ်ဦးကမျှ ချူးယွင်ဖန်းးသည် အခြေအနေမှ လွတ်မြောက်ရန် ထိုကဲ့သို့သောနည်းလမ်းကို ရွေးချယ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ၎င်းတို့က သူ့ကို ထိပ်တိုက်တွေ့ရန် ရည်ရွယ်ချက်မရှိကြသော်လည်း ၎င်းတို့အုပ်စု၏ စွမ်းအားက သူ၏ ခြေလှမ်းများနှောင့်နှေးစေရန် မလုပ်နိုင်ခဲ့ပေ။
အစီအစဥ်ကို အသက်ဝင်စေသောအခါ ဝိုင်းရံခံထားရသူများသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ မရှင်းလင်းဟု ခံစားရသင့်သည်။ ရွေ့လျားရန် ခက်ခဲသင့်သည်။ သို့သော် ချူးယွင်ဖန်းးကမူ တစ်စု့တစ်ရာ ထိခိုက်မှုမရှိပုံပေါ်သည်။ သူပျောက်ကွယ်သွားပြီးနောက် ပြန်ပေါ်လာသောကြောင့် မည်သူမျှ သူ့နောက်ကို မလိုက်နိုင်ကြပေ။
သူက အစီအစဥ်၏ စွမ်းအားကို လျစ်လျူရှု့နေခြင်းလော၊ အစီအစဥ်က သူ့အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခြင်းလောကို မည်သူမျှ မသိသော်လည်း သူ၏ အမြန်နှုန်းကမူ အလွန် မြန်ဆန်နေဆဲဖြစ်သည်။
အချိန်တိုအတွင်း၌ ချူးယွင်ဖန်းးက ရွှေအမတေ ၃၀ကျော်ကို သတ်ခဲ့ပြီဖြစ်ကာ သူသည် တစ်ယောက်တည်း၏ ခွန်အားဖြင့် အစီအစဥ်တစ်ခုလုံးကို အပိုင်းပိုင်း ဖြစ်အောင်ဖောက်ခွဲပစ်တော့မည့်အလားထင်ရသည်။
အဖွဲ့အစည်းသည် ပြိုလဲတော့မည့် အစွန်းတွင် ရှိနေသည်။
အဝေးမှ ဤမြင်ကွင်းကို ကြည့်နေသော တခန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ဤရွှေအမတေအဆင့် ရာချီခန့်သည့် ကျင်းကျန်းဟန်၏ နောက်ဆုံးနှင့်အစွမ်းအထက်ဆုံးကျွမ်းကျင်သူများဖြစ်ကြသည်။ ဤကျွမ်းကျင်သူများသည် ကျင်းကျန်းဟန်၏ တော်ဝင်တဲထဲ၌ နေလေ့ရှိကြသည်။ သာမန်လူများက ၎င်းတို့ကို မမြင်နိုင်ကြပေ။
ယခင်က သူတစ်ဦးတည်း အလျင်စလို ထွက်သွားခဲ့ကာ ဤပညာရှင်များကို မခေါ်လာနိုင်ခဲ့ပေ။ ထို့ကြောင့် ချူးယွင်ဖန်းးပင် ဤကြောက်မက်ဖွယ်ကောင်းသော ပညာရှင်အဖွဲ့တစ်ဖွဲ့က သူ့ကို ကာကွယ်ပေးနေသည်ကို မသိခဲ့ပေ။ ဤပညာရှင်အဖွဲ့သည် တဝေ၏ ဧကရာဇ်အကြံပေးများကဲ့သို့ပင်ဖြစ်ကာ သူတို့သည် သာမန်အရာများအတွက် လုပ်ဆောင်ခြင်းမပြုသကဲ့သို့ တိုက်ပွဲသို့ တပ်များကို ဦးဆောင်ခြင်းလည်း မပြာခဲပေ။ ၎င်းတို့သည် တခန်း အန္တရာယ်ကျရောက်နေချိန်တွင်သာ ပေါ်လာကြလိမ့်မည်။
သို့သော် ယခု စစ်တပ်တစ်သန်းကို ရပ်တန့်နိုင်သည့် ဤကျွမ်းကျင်သူ အဖွဲ့၏ သုံးပုံတစ်ပုံသည် ခဏတာအတွင်း၌ပင် သတ်ဖြတ်ခံခဲ့ရသည်။
"သေစမ်း! အားလုံးပဲ၊ မင်းတို့အစွမ်းကုန်ကာကွယ်ကြ။ သူ့ကို ငါတားတာကူပေးကြ။ ငါသူ့ကိုသတ်မယ်"
တခန်းက သူ့ဒေါသကို ဆက်မထိန်းထားနိုင်တော့ပေ။ ချူးယွင်ဖန်းးသာ ဤကဲ့သို့ ဆက်လက်သတ်ဖြတ်နေမည်ဆိုပါက ဤ ထိပ်တန်းပညာရှင်အုပ်စုက ပျောက်ကွယ်သွားလိမ့်မည်။
ဤကျွမ်းကျင်သူများအားလုံး အံ့အားသင့်သွားပြီး ၎င်းတို့၏အရှိန်အဟုန်ကို တည်ငြိမ်အောင်ထားလိုက်ကြသည်။ ချူးယွင်ဖန်း၏ သတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့မှုလည်း ပပျောက်သွားသည်။ အနိုင်မခံနိုင်သော တခန်းသည် နောက်ဆုံးတွင် သူ၏လှုပ်ရှားမှုကို ပြုလုပ်တော့မည်ဖြစ်သည်။ ၎င်းတို့လုပ်ရမည်က ချူးယွင်ဖန်းကို တားရန်သာ ဖြစ်သည်။
"ငါ့ကို တားခိုင်းတာလား မင်းတို့ကများ" ချူးယွင်ဖန်း ရယ်လိုက်သည်။
သူသည် မွန်းစတားသုတ်သင်သူ(ဓား)ကို လက်ထဲတွင် ကိုင်ထားပြီး ရှေ့သို့ ပျံသန်းကာ ကျွမ်းကျင်သူများအဖွဲ့ထဲသို့ တည့်တည့်ပြေးဝင်သွားသည်။
"စဉ်းစားမနေနဲ့! သူ့ကိုတားစမ်း!"
ကျွမ်းကျင်သူများထဲမှ အဘိုးကြီးတစ်ဦးသည် ရွှေအမတေအဆင့်စွမ်းအားဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ ကျင်းကျန်းဟန်တွင် ရွှေအမတေအနည်းငယ်ထက် များစွာပိုရှိသည်။ သူတို့မည်မျှအစွမ်းထက်သည်ကို တွေးကြည့်နိုင်သည်။ သူတို့သည် တချီနှင့် တဝေထက် အမှန်တကယ်ပင် ပိုမိုအားကောင်းသည်။
ရွှေအမတေပုံစံအဆင့်ရှိသူတစ်ဦးကို နိုင်ငံတော်စောင့်ရှောက်သူအဆင့်၌ ကျွမ်းကျင်သူဟု သတ်မှတ်ကြသည်။ တဝေတွင်ချူးယွင်ဖန်းးအပြင် ယွင်ထျန်းနှင့် ယွင်ဟွမ်တို့သာ နိုင်ငံတော်အစောင့်အရှောက်အဆင့်ရှိကြသည်။
ချူးယွင်ဖန်းးက ကျင်းကျန်းဟန်မှ လူနှစ်ယောက်ကို သတ်ခဲ့ပြီဖြစ်ကာ ယင်းက တတိယမြောက်အကြိမ်ဖြစ်ရမည်။
"သေတော့!" အဘိုးကြီးက ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ အရှိန်အဝါက တောင်တစ်လုံးကဲ့သို့ မြင့်တက်လာသည်။
အခြားသူများသည် ချူးယွင်ဖန်းးကို ကြောက်ပင် ကြောက်ကြပေလိမ့်မည်။ သို့သော် သူကမူ မကြောက်ပေ။ သူ၏ ရွှေအမတေပုံစံအဆင့် ကျင့်ကြံမှုနှင့်ဆိုပါက ကမ္ဘာပေါ်တွင် မည်သည့်နေရာကိုမဆို သွားနိုင်သည်။ သူ၏ လက်များက ချောမွေ့လျက် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ထိုးနှက်လို်သည်။ သူ၏ လက်သီးများ၏ စွမ်းအားက နဂါးနှစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်ကာ ချူးယွင်ဖန်းးရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။
"သေးငယ်တဲ့ လှည့်ကွက်ပဲ။" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်ပြီး လက်သီးကို လက်သီးနှင့်ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရွှေအမတေပုံစံအဆင့်အကြီးအကဲ၏ မျက်လုံးများက သရဲတစ်ကော်ကို မြင်လိုက်ရသကဲ့သို့ မယုံနိုင်စွာ ပြူးကျယ်သွားသည်။
သူအစွမ်းကုန်တိုက်ခိုက်ခဲ့ပါက တစ်မြို့လုံးကို ပြားချပ်သွားစေခဲ့နိုင်သည်။ သို့သော် ချူးယွင်ဖန်းးက သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့၏။ ထို့ကြောင့် ချူးယွင်ဖန်းး၏ အစွမ်းက မည်မျှ အံ့သြဖွယ်ကောင်းသည်ကို မြင်ယောင်ကြည့်နိုင်သည်။
သို့သော် ချူးယွင်ဖန်းးက အလွန်ငယ်ရွယ်ပုံရသည်။ သူ့တွင် အဘယ်ကြောင့် ဤမျှ အံ့သြဖွယ် ကောင်းသော ခွန်အားမျိုးရှိနိုင်ရသနည်း။ သို့သော် ချူးယွင်ဖန်းးက သူ့ကို စဥ်းစားရန် အချိန်မပေးခဲ့ပေ။ ချက်ချင်းပင် သူသည် ရွှေအမတေပုံစံအဆင့်ရှိသော အဖိုးကြီးရှေ့သို့ရောက်လာသည်။ သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေကာ သူ့ဓားနှင့် ပေါ့ပေါ့တန်တန်ခုတ်ချလိုက်သည်။ ဤသည်က ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုဖြစ်သော်လည်း ထက်မြက်လွန်းသောကြောင့် လေကထု ထက်ခြမ်းကွဲလုမတက်ဖြစ်သွားသည်။
"မင်းငါ့ကိုသတ်ဖို့မဖြစ်နိုင်ဘူး!"
အဘိုးကြီးက နဂါးကဲ့သို့လက်သီးများကို ထိုးနှက်ကာ အကြိမ်ကြိမ်အော်လိုက်သည်။ ခုတ်ပိုင်းကျလာသော ဓားနှင့်သူ ထိပ်တိုက်တွေ့ဆုံခဲ့သည်။ သို့သော် ချူးယွင်ဖန်းးက ချက်ချင်း ချိုးဖျက်လိုက်၏။
ဝှစ်
အဘိုးကြီးက လေထဲတွင် ထက်ခြမ်းကွဲသွားကာ အခြားသူများနှင့် ထူးမခြားနားပင်ဖြစ်သည်။ သူ၏ အကာအကွယ်စွမ်းအင်ဒိုင်းနှင့် ဝိဉာဥ်သံချပ်ကာများသည် စက္ကူနှင့်လုပ်ထားသကဲ့သို့ ဓားနှင့် ထက်ခြမ်းကွဲသွားသည်။ ၎င်းတို့သည် တစ်ချက်လေးပင် မခံနိုင်ခဲ့ကြပေ။
သူ့ခန္ဓာကိုယ် ပြုတ်ကျမလာမီတွင် ချူးယွင်ဖန်းက သူ့ကို ဆွဲယူပြီး တောင်မြစ်ပန်းချီကားထဲသို့ ဆွဲခေါ်သွားသည်။
ရွှေအမတေအဆင့်ရှိသူတစ်ဦးသည် ဓားတစ်စင်း၏ အစွမ်းကို မယှဥ်နိုင်ခဲ့ပေ။
အခန်း(၁၅၄၇) တခန်း၏ နတ်ဆိုးတစ်ဝက် ပြောင်းလဲမှု
စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းက ချူးယွင်ဖန်းကို မှင်သက်စွာကြည့်လိုက်ကြသည်။ ကျွမ်းကျင်သူများပင် ကြောက်လန့်နေပုံရသည်။ ဤသည်က ၎င်းတို့အဖွဲ့ခေါင်းဆောင်ဖြစ်ကာ ရွှေအမတေအဆင့်ရှိသူတစ်ဦးဖြစ်သည်။ ၎င်းတို့၏ အမြင်အရ
နိုင်ငံတော်အဆင့်ရှိသူတစ်ဦးသည် ချူးယွင်ဖန်းကို မည်သို့ဖြစ်ဖြစ်ရပ်တန့်နိုင်သော်လည်း တကယ်တမ်းတွင်မူ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကိုပင် မတားဆီးနိုင်ပေ။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားလဲ!"
လူအတော်များများ အံ့အားသင့်သွားကြသည်။ ဤသို့တိုက်ခိုက်သည်ကို မည်သူမျှ မမြင်ဖူးကြပေ။ ချူးယွင်ဖန်းက တကယ်စွမ်းအင်ကို လုံးဝမသိသော သိုင်းပညာရှင်အသစ်စက်စက် တစ်ဦးကဲ့သို့ပင်ဖြစ်ကာ သူ၏ လှုပ်ရှားမှုများကိုသာ အားကိုးနေရသည်။
သို့သော် ဤသာမန်လှုပ်ရှားမှုက မြန်ဆန်တိကျကာ ရက်စက်ကြမ်းကြုတ်သည်။ အလွန်ကြီးမားသော စွမ်းအားရှိသည်။
"ဘယ်လောက်တောင် ထက်မြက်တဲ့ဓားလဲ။ အမတေမဲ့ဖြစ်ဖြစ်၊ ရွှေအမတေပုံစံအဆင့် ခုခံကာကွယ်မှုပဲဖြစ်ဖြစ်၊ ရှေ့မှာရှိနေတဲ့ စက္ကူလိုပဲ။"
ချူးယွင်ဖန်းလက်ထဲမှဓားက ကွဲပြးာသည်ကို လူအများက သိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ နတ်ဘုရားစွမ်းအားမရှိလျှင်ပင် ဓား၌ ဤမျှ စွမ်းအားရှိထားပြီးဖြစ်သည်။ ဤဓားက သာမန်ဓားမဟုတ်သည်ကို လူတိုင်း သိကြသည်။
အရမ်းထူးခြားတာပဲ!
"မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
ဤအချိန်၌ တခန်းက လွင့်ထွက်သွားပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် တောင်တန်းတစ်ခုကဲ့သို့ လွင့်မျောသွားကာ ချူးယွင်ဖန်းကို ချက်ချင်းဖိနှိပ်လိုက်သည်။ သွေးရောင်လှံတစ်ချောင်းသည် သူ့လက်ထဲတွင် ပေါ်လာသည်။ လှံသည် သွေးစွန်းနေသော ပါးစပ်ကို ဖွင့်ကာ ချူးယွင်ဖန်းကို ထိုးဖောက်ရန် ကြိုးစားနေသော ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်သည်။
ချူးယွင်ဖန်းက မကြည့်ဘဲ သူ့ဓားကို ဝှေ့ယမ်းလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားသည် ခန်း၏ လှံနှင့် ထိမိသွားသည်။ ချက်ချင်းပင် ကျယ်လောင်သော ထိတွေ့မှုများ ပျံ့နှံ့သွားသည်။ တခန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ သူ့လက်မောင်းများ အနည်းငယ်တုန်ရီနေကာ ထိတ်လန့်တုန်လှုပ်နေသော အမူအရာက သူ့မျက်လုံးများမှတစ်ဆင့် ဖြတ်ပြေးသွားသည်။ ဤတိုက်ခိုက်မှုတွင် သူသည် နောက်မဆုတ်ခဲ့သော်လည်း ချူးယွင်ဖန်းကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ဘဲ အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
"အရမ်းအားနည်းပြီး နှေးကွေးလွန်းတယ်"
ချူးယွင်ဖန်းက တခန်းကိုကြည့်၍ ပြောလိုက်သည်။
"မင်းလုပ်နိုင်တာ ဒါပဲလား။ ငါအရမ်းစိတ်ပျက်တယ်။"
ချူးယွင်ဖန်း၏ စကားများက ချက်ချင်းပင် တခန်းကို ဒေါသထွက်စေခဲ့သည်။ ချူးယွင်ဖန်းသည် ပုံမှန်မဟုတ်သော နည်းလမ်းကို အားကိုးခြင်းဖြင့်သာ သူ့ကို ထိခိုက်အောင် လုပ်နိုင်ခဲ့သည်။ အချိန်တိုလေးသာ ရှိသေးသော်လည်း ချူးယွင်ဖန်းသည် ထိုကဲ့သို့ လေသံဖြင့် သူ့ကို ပြောရဲခဲ့သည်။
"မင်းလုပ်နိုင်တာ ဒါပဲဆိုရင် မင်းသေပြီ" ချူးယွင်ဖန်း၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး မွန်းစတားသုတ်သင်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဝှစ်
ချူးယွင်ဖန်းသည် တခန်းရှေ့သို့ ချက်ချင်းပေါ်လာသည်။ သူ့လက်ထဲမှ မွန်းစတားသုတ်သင်ဓားသည် တခန်း၏လည်ပင်းကို လှီးဖြတ်လိုက်ကာ လည်ပင်းပြတ်လုမတက်ဖြစ်သွားသည်။
"လုပ်စမ်းပါ!"
တခန်းက အလွန် အံ့အားသင့်ကာ ဒေါသထွက်နေသော်လည်း ပြင်ဆင်ထားခဲ့သည်။ သူသည် ချူးယွင်ဖန်းနှင့်
ယခင်က တိုက်ခိုက်ဖူးသောကြောင့် ချူးယွင်ဖန်းကို ကောင်းကောင်းသိသည်။ ချူးယွင်ဖန်းက အလွန် မြန်ဆန်သောလည်း သူ၏ အကန့်အသတ်ကို မချိုးဖြတ်နိုင်ခဲ့ပေ။ တိုက်ခိုက်ဖူးသောကြောင့် ချူးယွင်ဖန်းကို ကောင်းကောင်းသိသည်။ ချူးယွင်ဖန်းက အလွန်မြန်သော်လည်း သူ့အကန့်အသတ်ကို မချိုးဖောက်နိုင်ခဲ့ပေ။
သူ့လက်ထဲက လှံက သူ့ကို ကာကွယ်ပေးထားတာကြောင့် တခန်းက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။
ဓားသည် လှံကို ထိမှန်သည်နှင့်အမျှ သတ္တုထိမှန်သံများ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ ပေါ့ပေါ့တန်တန် တိုက်ခိုက်မှုသည် တခန်း၏လက်ထဲသို့ ကျရောက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။
"အရမ်းနှေးတယ်။ မင်းမှာ ဒါပဲရှိရင် ငါမင်းခေါင်းကို ယူမယ်"
ထို့နောက် ချူးယွင်ဖန်းက ပို၍ပင် အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြေးလွှားသွားသည်။ ဓားအလင်းရောင်သည် တခန်း၏လည်ပင်းကို ခုတ်ထစ်သွားသည်။ လှုပ်ရှားမှုတိုင်းသည် အသက်အန္တရာယ်ရှိသည်။
"အားးးးးးးး!"
တခန်းက ဟိန်းဟောက်လိုက်သည်။ သူသည် ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အစွမ်းထက်သော နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
လူသားတစ်ဦး၏ ခန္ဓာကိုယ်မှ အလွန်သိပ်သည်းသော နတ်ဆိုးစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤနတ်ဆိုးအရှိန်အဝါနှင့်အတူ ခန်းသည် ကြီးမားသောပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရသည်။ သူ့ခန္ဓာကိုယ်သည် နတ်ဆိုးအသွင်ပြောင်းလဲမှုအနည်းငယ် စတင်ဖြစ်ပေါ်လာခဲ့သည်။ သူ့လက်မောင်းများတွင် သေးငယ်သောအကြေးခွံများ စတင်ကြီးထွားလာပြီး သူ့မျက်လုံးများသည် မြွေတစ်ကောင်၏မျက်လုံးများကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်ပုံပေါက်နေသည်။
သူ့ခန္ဓာကိုယ်က မကောင်းဆိုးဝါးစွမ်းအားများ ပေါက်ကွဲသွားပြီးနောက်၊ ချူးယွင်ဖန်းရဲ့ဓားကြောင့် လှုပ်ရှား၍ မရတော့သော သူ့လက်မောင်းများ ပုံမှန်ပြန်ဖြစ်သွားကာ နာကျင်မှုနှင့် ထုံကျင်မှုများကို ထုတ်ပစ်လိုက်သည်။ အရေးကြီးသောအချိန်ရောက်သောအခါ သူ့လက်ထဲက လှံသည် ချူးယွင်ဖန်းကို တားလိုက်သည်။
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လူတိုင်းက တခန်း၏ ခန္ဓာကိုယ်ကို နတ်ဆိုးစွမ်းအင်လုံးများဖြင့် ဖုံးအုပ်ထားသည်ကို မြင်လိုက်ရသည်။ သူသည် ရွှေအမတေပုံစံ အဆင့်နှောင်းပိုင်းတွင် ရှိနေသော်လည်း ယခုအခါ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤသည်မှာ ဤအဆင့်တွင် တခန်း၏ စစ်မှန်သော အစွမ်းသတ္တိဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်သည် ပျံ့နှံ့သွားပြီး စစ်မြေပြင်ရှိ စစ်သားသန်းပေါင်းများစွာကို ဖုံးလွှမ်းသွားသည်။ လူတိုင်း တုန်လှုပ်သွားသည်။ တဝေသည် ချူးယွင်ဖန်းအတွက် အထူးစိုးရိမ်နေသည်။ လက်ရှိ တခန်းသည် ကြောက်မက်ဖွယ်ကောင်းပုံရသည်။ သူသည် တပ်သားထောင်ပေါင်းများစွာကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သည်။
"ချူးယွင်ဖန်း၊ မင်းငါ့ကို ဒီအခြေအနေရောက်အောင် အတင်းအကျပ်လုပ်ခဲ့တာ! ဒီနေ့ မင်းသေရလိမ့်မယ်!" ခန်းက ချူးယွင်ဖန်းကို စိုက်ကြည့်ရင်း မာကြောခက်ထန်သော အက်ရှရှအသံဖြင့် ပြောလိုက်သည်။
သူ၏ လက်ရှိ သစ္စာခံလက်အောက်ခံများကလည်း သံသယဝင်ကြလိမ့်မည်ကို သူသိသည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် လူသားတစ်ယောက်ပင်ဖြစ်သည်။ သို့သော် သူသည် နတ်ဆိုးတစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့သည်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာကြပြီဖြစ်သည်။
၎င်းတို့သည် လူသားများအပေါ် သစ္စာရှိခဲ့ခြင်းလော..
နတ်ဆိုးများအပေါ် သစ္စာရှိခဲ့ခြင်းလော..။
ဤသည်က လူမျိုးစုနှစ်ခုကြားမှ ရန်ငြှိုးတစ်ခုဖြစ်ကာ ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ပေ။
သို့သော်လည်း ယခုအချိန်တွင် သူဂရုမစိုက်နိုင်ပေ။ သူသည် နတ်ဆိုးတစ်ဝက်ပုံစံဖြင့် မပေါက်ကွဲပါက ချူးယွင်ဖန်း၏ ဓားအောက်တွင် သေဆုံးနိုင်ဖွယ်ရှိသည်။ ရိုးရှင်းသော အခြေခံဓားနည်းစနစ်တစ်ခုသည် ဤမျှအံ့မခန်းစွမ်းအားရှိနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မသိခဲ့ပေ။ သို့မဟုတ် မည်သူမျှ ဤရိုးရှင်းသော အခြေခံဓားနည်းစနစ်ကို ဤမျှအထိ ပြသနိုင်ဖူးခြင်းမရှိပေ။
အခြေခံဓားနည်းစနစ်ဖြင့် ရွှေအမတေပုံစံအဆင့်တစ်ဦးကို သတ်ခြင်း။
တစ်စုံတစ်ယောက်က သူ့ကို ဦးစွာ ပြောပြခဲ့ပါက ယင်းကို ယုံမည်မဟုတ်ပေ။ နောက်ပြောင်သည်ဟုပင် ထင်ပေလိမ့်မည်။ သို့သော် ယခု သူ့မျက်လုံးများနှင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီဖြစ်ကာ ယင်းက နောက်ပြောင်ခြင်းမဟုတ်သည့် အမှန်တရားဖြစ်သည်။ ချူးယွင်ဖန်းတွင် အမှန်တကယ်ပင် ဤမျှ
ခွန်အားရှိသည်။
ဤအချိန်တွင် သူသည် ချူးယွင်ဖန်း၏ မျက်နှာပေါ်ရှိ ခပ်ပါးပါးအပြုံးကို မြင်လိုက်ရပြီး ချူးယွင်ဖန်းသည် ပေါ့ပေါ့တန်တန် တိုက်ခိုက်နေခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ချူးယွင်ဖန်းသည် သူ၏ အစွမ်းသတ္တိကို ဖုံးကွယ်ထားပြီး သူ၏ ရည်မှန်းချက်မှာ သူ၏ နတ်ဆိုးတစ်ဝက်ပုံစံကို ထုတ်ဖော်ရန်ဖြစ်သည်။
ချူးယွင်ဖန်း၏ ဓားက ကြောက်မက်ဖွယ်ကောင်းသည်မှာ မှန်သော်လည်း ရည်မှန်းချက်က သူ့ကို သတ်ရန်မဟုတ်ဘဲ သူ၏ နတ်ဆိုးတစ်ဝက် ပုံစံ ပေါ်ထွက်လာရန်သာဖြစ်သည်ကို သူ ချက်ချင်းသဘောပေါက်နားလည်သွားသည်။ ချူးယွင်ဖန်းတွင် သူ့အပေါ် သတ်ဖြတ်ချင်စိတ်ရှိရုံသာမက သူ့ဂုဏ်သတင်းကိုပါ ဖျက်ဆီးပစ်ချင်ခဲ့သည်။
လူသားတိုင်းပြည်၏ ဘုရင်က တကယ်တမ်းတွင် နတ်ဆိုးတစ်ဝက်ဖြစ်သည်။
ဤထက် ရယ်စရာကောင်းသောအရာ ရှိပေဦးမည်လော။
အခန်း(၁၅၄၈) သူ့ခံစစ်ကိုတောင် မဖောက်ထွက်နိုင်ဘူး
ကျင်းကျန်းဟန်ရှိလူများသည် ခန်း၏နေရာအတွက် အမြဲယှဥ်ပြိုင်ခဲ့ကြသော်လည်း ၎င်းသည်၎င်းတို့ လူမျိုးများကြား၌သာဖြစ်ကာ ချူးယွင်ဖန်းသည် ကျင်းကျန်းဟန်ကို အနိုင်ယူ၍ ဤလူအားလုံးကို သတ်ပစ်နိုင်လောက်အောင် ခွန်အားကြီးမားသော်လည်း သူသည် ကျင်းကျန်းဟန်လူမျိုးမဟုတ်သည့်အပြင် တော်ဝင်သွေးလည်းမရှိသောကြောင့် ကျင်းကျန်းဟန်၏ တခန်းဖြစ်လာနိုင်မည်မဟုတ်ပေ။
ထို့အပြင် ယခု တခန်းတွင် နတ်ဆိုးများ၏ သွေးရှိနေသည်။ မျိုးနွယ်တူမဟုတ်သူများသည် နှလုံးသားချင်းလည်း မတူကြပေ။ ယင်းတို့က ဤအချက်ကို ကောင်းစွာသိကြသည်။ ၎င်းတို့ ယင်းကို ကျယ်ကျယ် ထုတ်မပြောကြသော်လည်း မည်သို့ပင်ဖြစ်စေကာမူ ယနေ့ပြီးလျှင် တခန်းက သူ့နေရာကို ထိန်းထားရန် အလွန် ခက်ခဲသွားလိမ့်မည်။
သို့သော် ကမ္ဘာပေါ်တွင် အမြင့်ဆုံးအာဏာကို ခံစားပြီးနောက်
သူသည် လက်မလျှော့ချင်တော့ပေ။ ချူးယွင်ဖန်းက သူ၏ အုတ်မြစ်ကို ဖျက်ဆီးနေပြီဖြစ်သည်။ ယနေ့မှစ၍ သူက နတ်ဆိုးတစ်ဝက်ဖြစ်ကြောင်း လူတိုင်းသိသွားပေလိမ့်မည်။ ဤသို့နတ်ဆိုးတစ်ဝက်သည် ကျင်းကျန်းဟန်ကို အုပ်ချုပ်ရန် မဖြစ်နိုင်ပေ။
ဤအကြောင်းတွေးမိသောအခါ သူ့မျက်လုံးများတွင် မုန်းတီးမှုများ မယုံနိုင်စဖွယ်ကောင်းလောက်အောင် ပြည့်နှက်သွားသည်။
"မင်းငါ့ကို ဒီအခြေအနေအထိ ဖိအားပေးခဲ့တယ်။ မင်းသေပြီ!"
တခန်းက အံကြိတ်ကာ ပြောလိုက်သည်။ သူ့သွားများက ထူးထူးခြားခြားချွန်ထက်လာသည်။ ၎င်းတို့သည် လူသားများ၏ သွားများမဟုတ်ဘဲ နတ်ဆိုးများ၏ ဝိသေသလက္ခဏာဖြစ်သည်။
"ငါသေပြီဟုတ်လား”
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
"မင်းနတ်ဆိုးတွေနဲ့ ဘယ်လိုသဘောတူညီချက်မျိုး လုပ်ခဲ့လဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် ဒီနေ့ မင်းရဲ့တပ်ကို တောင်ဘက်ကို ဦးဆောင်ဖို့ လုပ်ခဲ့တာ မင်းရဲ့ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပဲ။ မင်းရဲ့ဂုဏ်သတင်း ပျက်စီးသွားရုံသာမက မင်းဒီမှာလည်း သေရလိမ့်မယ်။ ကျင်းကျန်းဟန် မြင်းတပ်ဆယ်သန်းထဲက ဘယ်နှစ်ယောက် အသက်ရှင်လျက် ပြန်လာနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်"
"မင်း သတ္တိရှိလား" တခန်းက ရယ်လိုက်သည်။
ဤသည်က မြင်းတပ် သန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားသောတပ်ဖွဲ့တစ်ခုဖြစ်သည်။ ဤသို့သော တပ်ဖွဲ့မျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ့ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးအတွက် သာမန်တပ်များသည် အသေးအမွှားသာဖြစ်သည်။ သာမန်တပ်သား တစ်သန်းလောက် ဝိုင်းရံထားလျှင်ပင် ၎င်းတို့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်နိုင်သည်။ သူက ၎င်းတို့ကို ဖြည်းဖြည်းချင်း ဖယ်ရှား၍ ဖျက်ဆီးပစ်လိမ့်မည်။
သို့သော် အရေအတွက် ဆယ်သန်းသို့ ရောက်ရှိသွားသောအခါတွင်မူ ကွဲပြားသောကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ သူ့ကို အကြိမ်ပေါင်းများစွာ သတ်ရန် လုံလောက်ခဲ့သည်။ ထို့အပြင် ချူးယွင်ဖန်းက ဤ စစ်သားဆယ်သန်းရှိ သော စစ်တပ်ကို မြှုပ်နှံနေချင်နေခြင်းလော။ ဤသည်က ရိုးရှင်းစွာပင် မျှော်လင့်ချက်သက်သက်ဖြစ်သည်။
‘ချူးယွင်ဖန်းက အရူးပဲ’
ထို့အပြင် သူ့ကို ဤကဲ့သို့ ရူးသွပ်သောသူက ဤမျှထိ ဖိအားပေးနေခြင်းလည်းဖြစ်၏။
ဤအကြောင်းကို တွေးမိသောအခါ တခန်းက ဒေါသများပေါက်ကွဲထွက်လာသည်။
ဝှစ်
တခန်း၏လက်ထဲမှ လှံက ကောင်းကင်ကို ထိုးဖောက်သွားတော့မည့် နှင်းနဂါးတစ်ကောင်ကဲ့သို့ဖြစ်သည်။ လှံ၏ ရောင်ခြည်က ကွဲအက်သွားကာ ချူးယွင်ဖန်းဆီသို့တည့်တည့်သွားခဲ့သည်။ နတ်ဆိုးတစ်ဝက်အဆင့်ကို ရောက်ပြီးနောက် တခန်း၏ ခွန်အားသည် တစ်ဆင့်ပြီးတစ်ဆင့်တိုးလာခဲ့သည်။
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ တခန်း၏ နတ်ဆိုးတစ်ဝက်ပုံစံက အခြားသူများကို ကြောက်လန့်စေနိုင်သော်လည်း သူ့အတွက် မည်သို့မျှမဟုတ်ပေ။ အတိတ်ကာလတွင် နတ်ဆိုးဂိုဏ်းသည် လူများစွာကို ၎င်းတို့၏ အသွင်ပြောင်းစမ်းသပ်မှုများအတွက် ဖမ်းဆီးခဲ့သည်။ သူတို့အားလုံးသည် ဤကဲ့သို့ပုံစံရှိပြီး အချို့မှာ ပို၍ပင် ရွံရှာဖွယ်ကောင်းပြီး ထူးဆန်းသည်။
"စိတ်ဝင်စားစရာပဲ။ ကောင်းပြီ၊ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့!" ချူးယွင်ဖန်းက လှောင်ရယ်၍
သူ့ဓားဖြင့် ခုတ်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသော ဧရာမအသံလှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တိုက်ပွဲကွင်းတစ်ခုလုံးကို ထိခိုက်စေခဲ့သည်။ ထွက်ပြေး၍မရသော ကျင်းကျန်းဟန် စစ်သားများသည် ပျောက်ကွယ်သွားခဲ့သည်။ အဓိကအဆင့်၏ အထွတ်အထိပ်ရှိ ဤကြောက်မက်ဖွယ်ကောင်းသော သတ္တဝါနှစ်ခုသည် အပြည့်အဝတိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲငလျင်သည် ဤသာမန်စစ်သားထောင်ပေါင်းများစွာကို သတ်ပစ်ရန် လုံလောက်သည်။
ချူးယွင်ဖန်းသည် သတ်ဖြတ်ရာတွင် ကျင့်သားရနေသော ကျင်းကျန်းဟန်၏ စစ်သားများကို ဂရုမစိုက်ပေ။ တခန်းလည်း ဂရုမစိုက်ကြောင်း ထင်ရှားသည်။ သူတို့နှစ်ယောက်သည် မီးလျှံလုံးကြီးနှစ်လုံးကဲ့သို့ တိုက်ခိုက်ပြီး တိုက်မိကြသည်။
ဘမ်း
နှစ်ဖက်ထိပ်တိုက်တွေ့သောအခါ မိုးကြိုးပစ်လိုက်သည့်နှယ်ပင်ဖြစ်သည်။
လူတိုင်းက ကောင်းကင်ယံတွင် နှစ်ဖက်စလုံး ရူးသွပ်စွာ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က တိုက်ပွဲကို လိုက်မမှီကြတော့ပေ။
"ဧကရာဇ်အကြံပေးက အရမ်းအစွမ်းထက်တာပဲ!"
မြို့တော်တွင် မရေမတွက်နိုင်သော စစ်သားများနှင့် အရပ်သားများသည် ကောင်းကင်ဘုံရှိ နတ်ဘုရားဆန်သော အစွမ်းသတ္တိကို ပြသနေသော ချူးယွင်ဖန်းကို စောင့်ကြည့်နေကြသည်။ လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် ဆူညံနေကြသည်။ တကယ့်ပညာရှင်များသာ ချူးယွင်ဖန်းကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ကြသည်။ တခန်းသည် ကမ္ဘာ့ဒဏ္ဍာရီလာ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်ကြောင်း သူတို့သိကြသည်။ သူသည် တဝေ၏ နံပါတ်တစ် ကျွမ်းကျင်သူမဟုတ်ဘဲ လူသားကမ္ဘာ၏ လူသိရှင်ကြား အသိအမှတ်ပြုခံရသော နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သည်။
ချူးယွင်ဖန်းသည် ပေါ်လာခဲ့သည်မှာ မကြာသေးပေ။ သူ၏ တိုက်ခိုက်ရေးအစွမ်းက ရွှေအမတေပုံစံ အဆင့်သို့ ရောက်ရှိပြီးနောက် ယွင်ဟွမ်ကို အနိုင်ယူကာ တဝေ၏ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်လာခဲ့သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် အခြားကျွမ်းကျင်သူများစွာ ရှိနေသေးသည်။ ချူးယွင်ဖန်းသည် တစ်ကမ္ဘာလုံး၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်ရန် များစွာ လိုအပ်သေး၏။
သို့သော် ယခုအခါ သူသည် နံပါတ်တစ်၊တခန်းနှင့် တိုက်ခိုက်နိုင်ခဲ့သည်။ ဤသည်မှာ မည်သို့သော ရူးသွပ်သော တိုးတက်မှု အမြန်နှုန်းမျိုးနည်း။
ချူးယွင်ဖန်းသည် လူထုကြားတွင် စတင်လူသိများလာချိန်တွင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်၌သာ
ရှိသေးသည်။ ထိုအချိန်ကပင် သူသည် ထူးချွန်သော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ယခုအခါ သူသည် ထူးချွန်သော ပါရမီရှင်တစ်ဦး မဟုတ်တော့ပေ။ လူတိုင်း အားကျလေးစားရမည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကျင်းကျန်းဟန်၏ စစ်သားများက ပို၍ပင် ဂနာမငြိမ်ဖြစ်နေကြသည်။ ယခင်က ၎င်းတို့ မည်သို့ပင် အင်အားကြီးသည့် ရန်သူမျိုး ရှိစေကာမူ တခန်းတိုက်ခိုက်သရွေ့ ၎င်းတို့က တခန်းကို ဖြုတ်ချနိုင်ကြလိမ့်မည်။ မည်သူမျှ တခန်းနှင့် ယှဥ်နိုင်ခဲ့ခြင်းမဟုတ်ပေ။ ဤမျှအထိ မည်သူမျှ အတင်းအကြပ်မလုပ်နိုင်ခဲ့ကြပေ။ ဤသည်က ၎င်းတို့၏ မနိုင်နင်းသော ယုံကြည်မှုအပေါ် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့သည်။
ထို့အပြင် ချူးယွင်ဖန်းက အလွန်ငယ်သေးသည်။ ယနေ့ တခန်းက ချူးယွင်ဖန်းကို မသတ်နိုင်ပါက အချိန်အလုံအလောက်ရလျှင် ကျင်းကျန်းဟန်၏ အကြောက်ရဆုံးရန်သူဖြစ်လာလိမ့်မည်။
"ဟားဟားဟား၊ ချူးယွင်ဖန်း! မင်းပေါ့ဆတာပဲ! မင်းရဲ့အားနည်းချက်ကို ငါမြင်ပြီ!"
ရုတ်တရက် လူတိုင်းက ကျယ်လောင်သော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။ ရယ်သောသူက အခြားသူမဟုတ်ပေ။
သွေးနီရောင်နဂါးတစ်ကောင်သည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ ကောင်းကင်ရှိ အခြားပုံရိပ်တစ်ခုကို ထိုးစိုက်လိုက်သည်။ ၎င်းသည် ကောင်းကင်ကို ပြည့်နှက်နေသော ဓားအလင်းရောင်တွင် ချို့ယွင်းချက်တစ်ခုကို ရှာဖွေတွေ့ရှိကာ တည့်တည့်သွားသည့်အလားပင်ဖြစ်၏။
"ဒါ အရမ်းကောင်းတယ်!"
ကျင်းကျန်းဟန်၏ ကျွမ်းကျင်သူများသည် အားရဝမ်းသာ ကြွေးကြော်လိုက်ကြသည်။ သို့သော် ထို့နောက်တွင် တစ်စုံတစ်ခုက သူတို့ကို အံ့အားသင့်စေခဲ့သည်။ လှံသည် ချူးယွင်ဖန်းကို ထိမှန်ပြီး နတ်ဘုရားစွမ်းအားက သူ့အပေါ်သို့ လွှမ်းခြုံသွားသော်လည်း သူ တစ်ချက်မျှ မလှုပ်ရှားခဲ့ပေ။ သို့သော် လှံသည် သူ့ကို တစ်ချက်မျှပင် မထိခိုက်စေခဲ့ပေ။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ!" တခန်းက ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။ သူ၏တိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို မထိခိုက်စေနိုင်ကြောင်းနှင့် ချူးယွင်ဖန်း၏ ခံစစ်ကိုပင် မဖောက်ထွက်နိုင်ကြောင်း သူမယုံနိုင်ပေ။
ဤတိုက်ခိုက်မှုတွင် သူ မည်သည်ကိုမျှ မတားဆီးနိုင်ခဲ့ပေ။ သူ၏အစွမ်းအစအားလုံးကို အသုံးပြုခဲ့သော်လည်း ချူးယွင်ဖန်းက မည်သည့်ဒဏ်ရာမျှ မရခဲ့ပေ။ ယင်းက သူ၏ လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်။