← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အပိုင်း ( 532 )

ရန်သူတော်ဟောင်းများ တွေ့ဆုံခြင်း၊ ကံကြမ္မာက လှည့်စားတတ်သည်

ကောင်းကင်ပြင်၏ မီတာ ၁သန်းအမြင့်

ဘုံကိုးဆင့် မိုးကြိုးရေကန်

၎င်း၏ အကျယ်အဝန်းမှာ အလွန်တရာကြီးမားနေခဲ့ပြီး၊ ရှုကျိုး၏ ယခုလက်ရှိ အမြင်အာရုံဖြင့်ပင် ၎င်း၏ အဆုံးကို မမြင်နိုင်ခဲ့ပေ။

လူတစ်ချို့သည် ဤဘုံကိုးဆင့် မိုးကြိုးရေကန်က လေဟာနယ်အတွင်းတွင် တည်ရှိပြီး၊ နယ်မြေတစ်ခုလုံးကို အဆုံးမရှိ လွှမ်းခြုံနိုင်သည်ဟု ထင်ကြေးပေးမှန်းဆနေခဲ့ကြသည်။

ဤဘုံကိုးဆင့် မိုးကြိုးရေကန်၏ အနက်ပိုင်းတွင် ကမ္ဘာပေါ်ရှိ မိုးကြိုးအားလုံး ဖြစ်တည်လာရာ မိုးကြိုးတာအို၏ မူလဇစ်မြစ်တည်ရှိသည်ဟုပင် ကောလဟာလများ ရှိနေခဲ့သည်။

အတိုချုပ်ပြောရမည်ဆိုပါက ဘုံကိုးဆင့် မိုးကြိုးရေကန်၏ တည်ရှိမှုသည် မဖြေရှင်းနိုင်သော ပုစ္ဆာတစ်ခုအဖြစ် ယနေ့ခေတ်အထိ တည်ရှိနေခဲ့သည်။

ဤအချိန်တွင် ရှုကျိုးသည် ဤနေရာသို့ ထပ်မံ၍ ခြေချလာပြန်သည်။

“ ဝှစ် “

ရှုကျိုးသည် လျှပ်စီးကဲ့သို့ ရွေ့လျားနေကာ ဘုံကိုးဆင့် မိုးကြိုးရေကန်၏ အပြင်ပိုင်း နယ်ပယ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

“ ဂျိမ်းးးး “

မီတာပေါင်းများစွာ ထူထဲသော မိုးကြိုးကြီးများသည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ကာ မီတာထောင်နှင့်ချီ၍ ဝေးကွာသည့်နေရာတစ်ခုပေါ်သို့ ကျရောက်သွားပြီး၊ အားကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

“ ထင်ထားတဲ့အတိုင်းပဲ၊ ငါ့ရဲ့ ဝိညာဥ်ဖိနှိပ်မှု လက်စွပ်က ဒီနေရာက မိုးကြိုးစွမ်းအားကိုစုပ်ယူနိုင်တယ် “

ရှုကျိုးသည် လက်စွပ်ကို ဂရုတစိုက် စောင့်ကြည့်လေ့လာနေခဲ့ကာ ပြုံးမိသွားခဲ့သည်။

၎င်းကို ဤနေရာရှိ မိုးကြိုးစွမ်းအားကို အလိုအလျောက် စုပ်ယူနေနိုင်သောကြောင့် သူတွေးပူနေရန် မလိုအပ်တော့ပေ။

သူသည် ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအားကို တက်တက်ကြွကြွ စုပ်ယူနေခဲ့ပြီး၊ မကြာခင် အချိန်မှာပင် ခေါင်းတခါခါ ဖြစ်သွားတော့သည် “ အပြင်ပိုင်းနယ်မြေက မိုးကြိုးစွမ်းအားက ငါ့အတွက် ဘာအကျိုးသက်ရောက်မှုမှ မရှိတော့ဘူး “

ရှုကျိုးသည် ရှေ့သို့ တိုးကာ အနက်ပိုင်း နယ်မြေထဲသို့ စတင်၍ ဝင်ရောက်လာခဲ့သည်။

မကြာခင် အချိန်မှာပင် သူသည် မီတာနှစ်ထောင်အထိ ရှေ့ရောက်လာခဲ့သည်။

ဤနေရာ၌ သူသည် တကယ့်မိုးကြိုးဖြင့် အမှန်တကယ် ထိတွေ့နိုင်တော့မည် ဖြစ်သည်။

“ ဂျိမ်းးး “ “ ဒလိန်းးးး “

ကောင်းကင်အမျက်ဒေါသကဲ့သို့သော မိုးကြိုးကြီးများသည် ရှုကျိုး၏ အရှေ့ဘက်သို့ ပစ်ခွင်းနေလျက်ရှိပြီး၊ မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးစွမ်းအားသည် နေမုန်တိုင်းကဲ့သို့ ဤနေရာ၏ အပူချိန်ကို ငါးထောင် ဒီဂရီ စဲဆီးယပ်အထိ ချက်ချင်းမြင့်တက်သွားစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရှုကျိုး၏ ဒုဗိုလ်ချုပ်အဆင့် ချပ်ဝတ်တန်ဆာသည် ထိုကဲ့သို့သော အပူချိန်မျိုးကို တောင့်ခံနေနိုင်ခဲ့သည်။

“ ရှေ့ကို မီတာ နှစ်ထောင် ဝင်လာခဲ့ပြီးတဲ့နောက်မှာ၊ ဒီနေရာက မိုးကြိုးစွမ်းအားက အရင်နေရာကထပ် ငါးဆလောက်အထိ ပိုအားကောင်းနေတယ် “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ တကယ်လို့ အရင်တုန်းက ငါသာဖြစ်နေမယ်ဆိုရင်တော့၊ ငါက ဒီလိုစွမ်းအားမျိုးကို တောင့်ခံနိုင်မှာ မဟုတ်ဘူး “

သို့သော် ယခုတွင်ကား …

ရှုကျိုးသည် အရှေ့သို့ ထပ်မံ၍ လျှောက်လှမ်းလာခဲ့ကာ၊ မိုးကြိုးပစ်ခွင်းရာ နေရာ၏ အလယ်တည့်တည့်သို့ သွားကာ တင်ပျဥ်ခွေထိုင်နေတော့သည်။

သူသည် မိုးကြိုးများဖြင့် တိုက်ရိုက်ထိတွေ့လိုနေခဲ့သည်။

“ ဂျိမ်းးးးး “

အနက်ရောင် မိုးကြိုးတစ်စင်းသည် ဧရာမ နဂါးကြီးတစ်ကောင်က ပြေးဝင်လာသည့်အလား ရှုကျိုးအပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ လာစမ်း၊ မင်းက ငါ့ကို ဘယ်လောက်တောင် အသွင်ပြောင်းပေးနိုင်မလဲဆိုတာကို ငါကြည့်မယ် “

ရှုကျိုးသည် ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးကြီးကို မော့ကြည့်ကာ၊ သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

…

ရှုကျိုးက မိုးကြိုးနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်နေစဥ်

ဘုံကိုးဆင့် မိုးကြိုးရေကန်၏ နက်ရှိုင်းသော နေရာတစ်ခုအတွင်း၌

ပလက်တီနမ် ဆံသားဖြင့် လူသည် သူ၏မျက်လုံးများကို ထပ်မံ၍ ဖွင့်ဟလာခဲ့သည်။

“ သူလား “

တိကျွမ်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ နှစ်ရက်အတွင်းမှာပဲ သူက ထပ်ရောက်လာတာလား “

သူမြင်တွေ့ခဲ့ဖူးသည့် ပါရမီရှင်များထဲမှ လူတစ်ချို့ကပင် ဘုံကိုးဆင့် မိုးကြိုးရေကန်၏ ပုံသွင်းမှုကို ခံယူခဲ့ကြပြီးသည့်နောက်တွင် မိုးကြိုးပုံသွင်ခြင်း/ပြင်ဆင်ခြင်းကို ဒုတိယအကြိမ် ခံယူရန်အတွက် အနည်းဆုံးအနေဖြင့် လဝက်(သို့) တစ်လတိတိ ပြင်ဆင်ရလေ့ရှိသည်။

နှစ်ရက်အတွင်းဆိုသည်မှာ မဖြစ်နိုင်သော အရာတစ်ခုဖြစ်သည်။

သို့သော် ၎င်းမှာ သူ့မျက်လုံးများရှေ့တွင် အမှန်တကယ် ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

အရာအားလုံးကို မြင်တွေ့ခဲ့ဖူးသည့် တိကျွမ်းကပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

“ အို့။ ဒီတစ်ခါတော့ သူက မိုးကြိုးပစ်တာကို တိုက်ရိုက်ခံဖို့ ရွေးချယ်လိုက်တာလား “

“ စိတ်ဝင်စားစရာပဲ “ တိကျွမ်းသည် အပြင်ပိုင်းနယ်မြေဘက်သို့ ကြည့်ကာ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည် “ ဒီအငယ်လေးက ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

…

“ ဂျိမ်းးးး “

ကြောက်မက်ဖွယ်ရာ မိုးကြိုးသည် ကြယ်မြစ်တစ်စင်အလား ရှုကျိုးအပေါ်သို့ တဟုန်ထိုး ကျဆင်းလာခဲ့သည်။

အံ့ဖွယ်ကောင်းလှသည်အထိ ပြင်းထန်လွန်းလှသော စွမ်းအင်များသည် ချွေးပေါက်များမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်ကို ပေါက်ထွက်သွားစေခဲ့သည်။

သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးများအောက်တွင် သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ သန့်စင်လာခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဆေးလုံးသည် အဆက်မပြတ် တုန်ခါလာခဲ့ပြီး၊ အဆိပ်အတောက်များကို ဖြည်းဖြည်းချင်း ဖယ်ထုတ်နေခဲ့သည်။

“ မိုးကြိုးကို သုံးပြီးတော့ ပုံသွင်းတာက စွမ်းအင်မုန်တိုင်းကို သုံးတာထပ် ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာက တကယ်ကြီးဟ”

“ မိုးကြိုးစွမ်းအားကြောင့် နတ်ဆေးလုံးရဲ့ အနက်ပိုင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေ ထွက်သွားပြီ၊ အဲ့ထဲက အဆိပ်အတောက်တစ်ချို့က အရင်တစ်ခေါက်တုန်းက မပါသွားခဲ့တဲ့ ဟာတွေပဲ “

ရှုကျိုးသည် နတ်ဆေးလုံးတွင် ရှိနေသည့် အပြောင်းအလဲများကို ခံစားမိနေခဲ့ကာ အပျော်လွန်သွားတော့သည်။

မိုးကြိုး၏ ပုံသွင်းမှုအောက်တွင် နတ်ဆေးလုံး လည်ပတ်မှုက ပိုမိုချောမွေ့လာခဲ့သည်။

ရလဒ်အနေဖြင့် သူ၏ ချီ-သွေးစွမ်းအားသည် ဆက်တိုက်မြင့်တက်လာခဲ့ပြီး၊ သူ၏ခွန်အားမှာလည်း ပိုမို အားကောင်းလာခဲ့သည်။

“ ဒါပင်မဲ့ ဒီမိုးကြိုးတွေကို တိုက်ရိုက်ကိုင်တွယ်တာက ငါ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ် “

ရှုကျိုးမှ သူ၏ခန္ဓာကိုယ်ကို ငေးကြည့်လိုက်ရာ၊ မိုးကြိုးပစ်ခံရသောကြောင့် သူ၏ ပခုံးမှာ ပွင့်ထွက်နေလျက်ရှိပြီး၊ ဖြူ‌ဖွေးသော ပခုံးရိုးကိုပင် လှစ်ဟပြသနေခဲ့သည်။

သူ၏ယခုလက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအား ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် ဒဏ်ရာရရှိသွားအောင် ပြုလုပ်ရန် အလွန်တရာ ခက်ခဲသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သို့သော် မိုးကြိုးပစ်ခြင်းကို တစ်ကြိမ်မျှ ခံယူရုံဖြင့် ထိုကဲ့သို့သော ဒဏ်ရာမျိုးကို ရရှိသွားခဲ့သည်။

သာမန်ဆဌမအဆင့် ပညာရှင်တစ်ဦးအတွက်မူ အဆိုပါ မိုးကြိုးကြောင့် နေရာမှာပင် ပွဲချင်းပြီးသွားနိုင်ပေသည်။

တစ်ခြားလူများက ဆေးလုံး(သို့) ဆေးရည်တို့ဖြင့် အဆင့်မတက်ရဲသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ၊ ထိုကဲ့သို့သာ မဟုတ်ပါက ယခုကဲ့သို့ အထူးနယ်မြေများတွင် ခန္ဓာကိုယ် ပြုပြင်/ပုံသွင်းခြင်းသည် အသက်အန္တရာယ်ကိုပင် ရန်ရှာနိုင်ပေသည်။

“ ငါ့မှာ အင်မော်တယ် စွမ်းရည်ရှိပြီးတော့ ဒဏ်ရာတွေကို မြန်မြန်ကုသနိုင်တာက ကံကောင်းတယ် “

ရှုကျိုးမှ သူ၏ပခုံးကို ကြည့်လိုက်ရာ၊ ဒဏ်ရာသည် သာမန်မျက်လုံးတို့နှင့် မြင်နိုင်သော အမြန်နှုန်းဖြင့် သက်သာပျောက်ကင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ ကိုယ်ပွားက သန်မာအားကောင်းလာသည်နှင့်အမျှ သူ၏ အင်မော်တယ်နှင့် ဟင်းလင်းပြင်စွမ်းရည် နှစ်ခုစလုံးက တစ်ပြိုင်နက် တိုးတက်အားကောင်းလာခဲ့သည်။

ထို့အတူပင် သူ၏မူလကိုယ်မှာလည်း တူညီသော အကျိုးအမြတ်များကို ခံစားခဲ့ရသည်။

ယခုလက်ရှိ အချိန်တွင် သူ၏ အင်မော်တယ် စွမ်းရည်မှာ မသေမျိုး အဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်နေခဲ့ပြီး၊ ၎င်းမှာ သူ၏ဦးခေါင်းသာ အဖြတ်မခံရသေးသရွေ့ မည်သည့်ဒဏ်ရာမဆို လျင်မြန်စွာ ပြန်ကောင်းလာနိုင်သည့် အဆင့်မျိုး ဖြစ်သည်။

သတ္တမအဆင့်သို့ ရောက်ရှိသွားကာ နတ်ဝိညာဥ်ကို ကျင့်ကြံနိုင်သည်နှင့်တစ်ပြိုင်နက် သူသည် ဦးခေါင်း အဖြတ်ခံလိုက်ရမည်ဆိုလျှင်တောင်မှ ပြန်လည် ရှင်သန်လာမည် ဖြစ်သည်။

နတ်ဝိညာဥ်က မသေမျိုးဖြစ်သောကြောင့် ခန္ဓာကိုယ်မှာလည်း ထိုအတိုင်းသာ ဖြစ်သွားမည် ဖြစ်သည်။

တစ်ခြားသောသတ္တမအဆင့် ပညာရှင်များက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ထိုကဲ့သို့သော စွမ်းရည်များကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ သတ္တမအဆင့် နတ်ဝိညာဥ်နယ်ပယ်က မသေခြင်းအတွက် ကျော်ကြားလှသော်လည်း၊ ခေါင်းများ အမှန်တကယ် အဖြတ်ခံလိုက်ရမည်ဆိုပါက သူတို့လည်း လုံးဝသေဆုံးသွားရလိမ့်မည် ဖြစ်သည်။

နဝမအဆင့်သို့ ရောက်ရှိမှသာလျှင် ရှုကျိုးပိုင်ဆိုင်ထားသည့် စွမ်းရည်များကို ရရှိမည် ဖြစ်သည်။

…

တစ်ခဏအကြာတွင် ရှုကျိုးသည် သူ၏အတွေးများကို စုစည်းကာ ထပ်မံ၍ ကျင့်ကြံနေတော့သည်။

တစ်နာရီ

နှစ်နာရီ

သုံးနာရီ

အချိန်များ ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့တစ်ဝက် ကုန်ဆုံးသွားပြန်သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 533 )

ရန်သူတော်ဟောင်းများ တွေ့ဆုံခြင်း၊ ကံကြမ္မာက လှည့်စားတတ်သည် ၂

မိုးကြိုးထောင်ပေါင်းများစွာကြားတွင် တင်ပျဥ်ခွေထိုင်နေသည့် ရှုကျိုးသည် မျက်လုံးများ ထပ်ဖွင့်လာခဲ့သည်။

“ ဗွီ ဗွီ “

လက်ပတ်သည် တဝီဝီအော်မြည်၍ တုန်ခါလာခဲ့သည်။

ရှုကျိုးမှ ၎င်းကို ဖွင့်ကြည့်လိုက်ရာ ကျုံးချန်ထံမှ မက်ဆေ့တစ်ခု ရောက်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ တိုက်ပွဲ အစီအစဥ်အသစ် ရှိနေတာလား “

ရှုကျိုးသည် ၎င်းကို ကြည့်ကာ လက်ပတ်ကို ပိတ်ချလိုက်သည်။

“ ဒီတစ်ခါတော့ နတ်ဆေးလုံးထဲမှာရှိတဲ့ အဆိပ်အတောက် အများစုကို သန့်စင်ပြီးသွားပြီဆိုတော့ ငါက ဆေးတွေ ထပ်သောက်လို့ရပြီ “

“ ဘုံကိုးဆင့် မိုးကြိုးရေကန်ရဲ့ သန့်စင်မှုက ငါ့ရဲ့ နတ်ဆေးလုံးအတွက် အကျိုးအမြတ် ရစေရုံတင်မဟုတ်ဘဲ၊ ငါ့ရဲ့ ကျင့်ကြံရေး နည်းစနစ်ကိုပါ အကျိုးအမြတ် ကြီးကြီးမားမား ရစေခဲ့တယ်။ ကြည့်ရတာတော့ နောင်အနာဂတ်မှာ ဒီကို ခဏခဏ လာရတော့မဲ့ပုံပဲ “

သူသည် ဤမိုးကြိုးများအောက်တွင် ကျင့်ကြံရန်အတွက် ယခုလေးတင် ကြိုးစားခဲ့ပြီး၊ သူ၏ တိုးတက်မှု အမြန်နှုန်းက ယခင်ကထပ် သာလွန်နေသည်ကို သိရှိလိုက်ရသည်။

ဥပမာအားဖြင့် ထိပ်တန်းတိုက်ခိုက်ရေး နည်းစနစ်များဖြစ်သည့် ကောင်းကင်ထိန်းချုပ် ဆေဘာနှင့် ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းတို့မှာ ဂရမ်းမာစတာအဆင့်နှင့် ခြေတစ်လှမ်းအကွာအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

၎င်းမှာ မထင်မှတ်ထားသော လက်ဆောင်တစ်ခု ဖြစ်သည်။

“ ထွက်သွားဖို့ အချိန်ကျပြီ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ မတ်တပ်ထရပ်၍ ဤမိုးကြိုးနယ်မြေထဲမှ ထွက်ခွာသွားခဲ့သည်။

…

ထိုစဥ် ဘုံကိုးဆင့် မိုးကြိုးရေကန်၏အကန်ပိုင်းတွင်

ရှုကျိုး၏ ထွက်ခွာမှုကို သတိပြုမိသွားသောအခါတွင် တိကျွမ်း၏ မျက်လုံးများ ပွင့်ဟလာခဲ့သည် “ ဒီတစ်ခါတော့ နေ့တစ်ဝက်အထိ တောင့်ခံနိုင်ခဲ့တယ်၊ အဆင့်၆နယ်ပယ်နဲ့ ဒီလို အဆင့်မျိုးထိ ရောက်နေတာက တကယ်ကို ရှားတယ် “

“ အရေးအကြီးအရာက နေ့တစ်ဝက်က သူ့ရဲ့ အကန့်အသတ်နဲ့ အဝေးကြီး လိုနေသေးတာပဲ “

ပေါင်းစပ်ဒြပ်စင်နယ်ပယ်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးသော ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် သူသည် ရှုကျိုးက သတင်းစကားရရှိသောကြောင့် ထွက်သွားသည်ဆိုသည်ကို အသေအချာ သိနေခဲ့သည်။

သို့သော် မိုးကြိုးရေကန်၏ သန့်စင်မှုကို ခံယူနိုင်ခဲ့သည့် လူများသည် အကျိုးအမြတ်များကို ခံစားရသောကြောင့် သေချာပေါက် ပြန်လာကြမည် ဖြစ်သည်။

“ နောက်တစ်ခါ ဒီအငယ်လေး ပြန်ရောက်လာတဲ့အချိန်ကျရင်၊ သူက ဘယ်လောက်ဝေးဝေးသွားနိုင်မှာလဲ “

တိကျွမ်းသည် မျှော်လင့်နေသည့် အမူအရာကို ဆင်မြန်းကာ မျက်လုံးများ ပြန်မှိတ်သွားခဲ့သည်။

သူသည် ရှုကျိုးအား သူ၏ အမွေဆက်ခံသူ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားခဲ့မိပြီဆိုသည်ကို သူကိုယ်တိုင်ပင် မသိခဲ့ချေ။

ယခုလက်ရှိ အချိန်မှာ အကဲဖြတ်အဆင့်သာ ဖြစ်နေသေးသည်။

…

ရှုကျိုးသည် တပ်စခန်းသို့ ပြန်ရောက်လာခဲ့သည်။

“ ညီအစ်ကိုရှု၊ မင်းပြန်လာပြီပေါ့ “ ကျုံးချန်သည် အလောတကြီး ပြေးလာခဲ့သည်။

ရှုကျိုးသည် သူ့ကိုကြည့်ကာ မေးမြန်းလိုက်သည် “ ဘာဖြစ်လို့လဲ “

ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ် စစ်တပ်အများစုက အကြီးစား ခွာစစ်ကို စလုပ်နေကြပြီ။ စစ်ဌာနက သူတို့ကို လိုက်တိုက်ခိုက်ပြီးတော့ ရှေ့တန်းစစ်မြေပြင်ကို မိုင်နှစ်ထောင်အထိ ထပ်ချဲ့ဖို့ အမိန့်ပေးလာတယ် “

ကျုံးချန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေခဲ့သည်။

စစ်သည်တော်များ မျှော်လင့်အစောင့်စားရဆုံး အရာက မည်သည့်အရာ ဖြစ်သနည်း။

ရန်သူကို လိုက်လံတိုက်ခိုက်ရခြင်းပင် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေများကြောင့် လူတစ်ဦးသည် စစ်ပွဲရမှတ်များကို အမြန်ဆုံးသော နှုန်းထားဖြင့် ရယူနိုင်ပေသည်။

တိုက်ပွဲတစ်ခုတည်းဖြင့် စစ်ပွဲရမှတ် သန်းနှင့်ချီ၍ စုဆောင်းနိုင်လေသည်။

သို့သော် ကျုံးချန်၏ စစ်မှုထမ်း သက်တမ်းတွင် သူဆင်နွှဲခဲ့သည့် လိုက်လံတိုက်ခိုက်ခြင်း တိုက်ပွဲတို့၏ အောင်ပွဲအရေအတွက်အား လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်ပေသည်။

ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်ကို ဖိနှိပ်ထားခဲ့သောကြောင့် အောင်ပွဲများက အလွန်တရာ ရှားပါးနေခဲ့သည်။

ယခုတွင်ကား စိတ်ကူးမယဥ်ဖူးသော(သို့) အိမ်မက်ပင် မမက်ရဲခဲ့ဖူးသော အောင်ပွဲကြီးများကို ရယူနိုင်တော့မည် ဖြစ်သည်။

၎င်းမှာ သူတို့က စစ်ပွဲရမှတ် အလျှံအပယ် ရတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့်သာလျှင် ကျုံးချန်က အလွန်တရာ စိတ်လှုပ်ရှားကာ တက်ကြွနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှုကျိုးကမူ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့တာက ရန်သူ့ထောက်ချောက်ရော မဖြစ်နိုင်ဘူးလား “

ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ စစ်ဌာနကလည်း အဲ့ကိစ္စ စဥ်းစားခဲ့ပြီးပြီ၊ အဲ့တာကြောင့်ပဲ ရှေ့ကို မိုင်နှစ်ထောင်အထိ တက်ဖို့ ငါတို့ကို ညွှန်ကြားခဲ့တာ။ ဒါပင်မဲ့ မိုင်နှစ်ထောင်အတွင်းမှာ ငါတို့က တိုက်ပွဲ လေးငါးခုလောက်တော့ ဆင်နွှဲရနိုင်တယ် “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ ကောင်းကင်ဂိတ်တစ်ခုလုံးနှင့် ယှဥ်လိုက်မည်ဆိုပါက မိုင်နှစ်ထောင်ဆိုသည့် ပမာဏမှာ အသေးအမွှားလေးမျှသာ ဖြစ်သည်။

သို့သော် ရှုကျိုးသည် ကမ္ဘာ့ကြယ်၏ ကြီးမားသော ခွာစစ်နှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။

ကမ္ဘာ့ကြယ်နှင့် ကြယ်ပြာဂြိုဟ်တို့ တိုက်ခိုက်နေခဲ့သည်မှာ နှစ်ရာပေါင်းများစွာ ကြာနေခဲ့ပြီဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ယခုတွင် သူတို့သည် အဆိုပါ နှစ်ရာနှင့်ချီသော ကြိုးစားအားထုတ်မှုများကို စွန့်လွှတ်ကာ သူတို့၏ကိုယ်ပိုင်နယ်မြေဖြစ်သည့် ကောင်းကင်ဂိတ်အတွက်ပင် မခုခံမကာကွယ်တော့ရန် စီစဥ်နေကြသည်။

တစ်ခုခု မူမမှန်ဘူးဆိုပါက ထိုကဲ့သို့ ဖြစ်သွားရသည့် အကြောင်းအရင်းတစ်ခုခု ရှိစမြဲပင်။

သို့သော် မကြာခင် အချိန်မှာပင် ရှုကျိုးသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည် “ မေ့လိုက်တော့၊ ငါ့လို စစ်သားလေးတစ်ယောက် အဲ့ကိစ္စတွေကို ဘာကိစ္စ စဥ်းစားနေရမှာလဲ။ စစ်ဌာနမှာ အဆင့် ၉ ပညာရှင်တွေမှ တစ်ပုံကြီးပဲ၊ သူတို့ စဥ်းစားကြမှာပေါ့ “

စစ်ဌာနမှ ကမ္ဘာ့ကြယ် စစ်တပ်များကို လိုက်လံတိုက်ခိုက်၍ နယ်မြေချဲ့ထွင်ရန် အမိန့်ပေးလာခဲ့သောကြောင့် သူတို့သည် ထိုအတိုင်း လိုက်လုပ်ရမည် ဖြစ်သည်။

ထို့အပြင် ယခုလက်ရှိ အချိန်၌ ရှုကျိုးသည် စစ်ပွဲရမှတ်များကို အရေးတကြီး လိုအပ်နေခဲ့သည်။

သူသည် သူ၏ စစ်ပွဲရမှတ် အခြေအနေကို ဖွင့်ကြည့်လိုက်သည်။

[ ရှုကျိုး

အဆင့် : ဒုဗိုလ်ချုပ်

စစ်ပွဲရမှတ် : ၂၁၆၀၀ ]

ဆဌမအဆင့် ဆေးလုံး အလုံး ၃၀ ဝယ်ယူခဲ့ခြင်းဖြင့် အမှတ် သုံးသိန်းတိတိ သုံးစွဲခဲ့သောကြောင့် သူ့ထံတွင် အမှတ် နှစ်သောင်းကျော်သာ ကျနေတော့သည်။

ရှုကျိုးသည် သတ္တမအဆင့်သို့ အမြန်ဆုံး တက်လှမ်းချင်နေသောကြောင့် ဆဌမအဆင့် ဆေးလုံးများကို ပိုမိုလိုအပ်နေခဲ့ပြီ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်က မသေမျိုးဖြစ်ပြီး၊ သူ၏အုတ်မြစ်က ခိုင်မာကျစ်လစ်ကာ၊ သူကိုယ်တိုင်ကလည်း ဘုံကိုးဆင့် မိုးကြိုးရေကန်၏ သန့်စင်မှုကို တောင့်ခံနေနိုင်သောကြောင့် ဆေးလုံးများစွာ သုံးစွဲခြင်းက ပြဿနာတစ်ရပ် ဟုတ်မနေတော့ပေ။

သူ၏ယခုလက်ရှိ ရည်မှန်းချက်မှာ စစ်ပွဲရမှတ်များ အဆက်မပြတ် ရရှိရန်ပင် ဖြစ်သည်။

ရှုကျိုးသည် ကျုံးချန်ကို ကြည့်ကာ စကားပြောလိုက်သည် “ အမိန့်ဖြန့်လိုက်၊ တပ်မဟာ ၂၃တစ်ခုလုံး လူစုပြီးတော့ ချီတက်ဖို့ ပြင်ဆင်ရမယ် “

“ ကောင်းပြီ “ ကျုံးချန်မှ ချက်ချင်း ခေါင်းငြိမ့်ပြလာခဲ့သည်။

သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျုံးချန်သည် သူ၏ခေါင်းကို ကုတ်နေတော့သည်။

နေပါဦး၊ သီအိုရီကျကျ ပြောရမယ်ဆိုရင် ငါက တပ်မဟာ ၂၃ရဲ့ တပ်မှူးလေ၊ ဘာလို့ ရှုကျိုးနဲ့ အရာအားလုံး တိုင်ပင်နေရတာလဲဟ

တပ်ဖြန့်ဖို့အတွက်တောင် ရှုကျိုးရဲ့ အထင်အမြင်ကို မေးနေရပြီလားဟ

တစ်ခဏ အကြာတွင် ကျုံးချန်သည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်၊ ဘယ်သူက ဂရုစိုက်မှာတုန်း

ရှုကျိုးက ငါ့ထပ် အများကြီးပိုတော်တဲ့ တပ်မှူးပဲလေ၊ အဲ့တာဆို လုံလောက်နေပါပြီ

ပြီးတော့ တပ်မဟာ ၂၃ရဲ့ ကြီးထွားတိုးတက်မှုကလည်း သူ့ကြောင့်ပဲလေ၊ ငါကတောင် အဲ့ကနေ အကျိုးအမြတ်တွေ ရနေတာပဲကို

သိပ်မကြာခင် အချိန်မှာပင် ကျုံးချန်၏ ဆင့်ခေါ်မှုနှင့်အတူ တပ်မဟာ ၂၃တစ်ခုလုံးသည် အလျင်အမြန် လူစုနေကြတော့သည်။

စစ်သည်တော် ရှစ်ထောင် ပါဝင်သည့် တပ်မဟာ ၂၃တစ်ခုလုံး စုစည်းရောက်ရှိလာခဲ့ပြီး၊ သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

ရှုကျိုးသည် တဲအတွင်းမှ ထွက်လာခဲ့ပြီး၊ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ ကောင်းကင်ကို ဓားနဲ့ချိန်ပြီး ရန်သူအားလုံးကို သုတ်သင်လိုက်၊ သတ် “

စစ်သည်တော် ရှစ်ထောင်စလုံးက တစ်ပြိုင်နက် အော်ဟစ်ကြုံးဝါးလာခဲ့ရာ၊ ကောင်းကင်ဘုံပင် လှုပ်ခါသွားခဲ့သည်။

တပ်မဟာ ၂၃၏ မူလတပ်ဖွဲ့ဝင် ၄၀၀၀ကပါ သံချပ်ကာများ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသောအခါတွင် သူသည် လက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းအား ဒုတပ်မှူးဖြစ်သူ ကျုံးချန်မှ စီစဥ်ထားခြင်း ဖြစ်သည်။

ယခင်က တိုက်ပွဲကြီးများစွာ အနိုင်ယူခဲ့ပြီးသည့်နောက်တွင် တပ်မဟာ ၂၃၏ သတ်မှတ်ချက်များကိုပါ မြှင့်တင်ခဲ့ကြသည်။

ကျုံးချန်၏ အခွင့်အာဏာက ရှကျိုးထပ် လျော့နည်းနေခဲ့သော်လည်း သူသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် အတွင်းကိစ္စများကို ကိုင်တွယ်နေနိုင်သေးသည်။

ယခုတွင် တပ်မဟာ ၂၃တစ်ခုလုံးကို သံချပ်ကာများဖြင့် အဆင့်မြှင့်တင်လိုက်ပြီ ဖြစ်သည်၊ ၎င်းမှာ တပ်မဟာ ၂၃၏ အလုံးစုံစွမ်းအားက နှစ်ဆတိတိဖြစ်သွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

“ တပ်မမှူးဝမ်ကရော ဒီကိစ္စအကြောင်းကို ဘာပြောလဲ “ ရှုကျိုးသည် တစ်ဖက်ရှိ ကျုံးချန်ကို ကြည့်ကာ မေးမြန်းလာခဲ့သည်။

ပင်မတပ်မှာတပ်မ ၁၀၈သာ ဖြစ်နေသေးစဲဖြစ်ပြီး၊ စစ်ဌာန၏ စည်းမျဥ်းစည်းကမ်းများအရ မည်သည့်မစ်ရှင်ကိုမဆို တပ်မ ၁၀၈နှင့်အတူ လုပ်ဆောင်ရမည် ဖြစ်သည်။

ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ တပ်မမှူးဝမ်ကတော့ လမ်းကြောင်းတူနေသရွေ့၊ အကြပ်အတည်း အကြီးစားနဲ့ မတွေ့ရသရွေ့ တပ်မဟာ ၂၃က လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ သိပြီ “

အဆိုပါ လှုပ်ရှားမှုမှာ တပ်မဟာ ၂၃၏ အောင်မြင်မှုများကို တပ်မ ၁၀၈နှင့် မျှဝေခြင်းမှ ကာကွယ်ရန်အလို့ငှာ ဝမ်ပေ့ဝမ်မှ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ပေ့ဝမ်သည် သူတို့တပ်မ၏ အောင်မြင်မှုများကို တပ်မဟာ ၂၃နှင့် မျှဝေမနေချင်ခဲ့ပေ။

ထို့ကြောင့် သီးခြားလုပ်ဆောင်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ ဒါဆိုရင် များများစားစား တွေးပူနေဖို့ မလိုတော့ဘူးပဲ “

ရှုကျိုး၏ အကြည့်များ အေးစက်သွားခဲ့သည်၊ သတ်ဖြတ်လိုစိတ်တစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ ကျုံးချန်ကိုပင် ကျောချမ်းသွားစေခဲ့သည်။

ကျုံးချန်သည် အလျင်အမြန် သတိပေးလာခဲ့သည် “ ညီအစ်ကိုရှု၊ စိတ်အေးအေးထားပါ၊ စစ်ဌာနက မိုင်နှစ်ထောင် ရှေ့တက်ဖို့ပဲ ပြောထားတာလေ “

“ ငါသိတယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် “ အချိန်မဖြုန်းနဲ့၊ မြန်မြန်သွားကြမယ် “

စစ်ဌာန၏ ကန့်သတ်ချက်များကြောင့် သူသည် အချိန်က အရေးအကြီးဆုံးပဲဆိုသည်ကို သိနေခဲ့သည်။

လာမည့် တိုက်ပွဲများတွင် ကြုံတွေရမည့် ကမ္ဘာ့ကြယ် စစ်တပ်များသည် အဆင့်မြင့်ပိုင်း အဆင့်များသို့ သွားရာ သူ့လမ်းကြောင်း၏ ခြေနင်းတုံးများဖြစ်လာလိမ့်မည် ဖြစ်သည်။

ရှုကျိုးအတွက်ကား ရည်မှန်းချက်တစ်ခုသာလျှင် ရှိနေတော့သည် …

သတ်ဖြတ်ခြင်း

“ တပ်သား အားလုံး အမိန့်ကို နာခံကြ၊ ချီတက်ရေး အစီအရင်ဖွဲ့ပြီးတော့ အနောက်မြောက်ဘက်ကို အရှိန်ကုန်တင်မယ် “

“ သတ် “

…

မိုင်ငါးရာမျှ ချီတက်လာခဲ့ပြီးသည့်နောက်၌ ပြန်လည်ဆုတ်ခွာနေသည့် ကမ္ဘာ့ကြယ် စစ်တပ်ယူနစ်တစ်ခုနှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

သို့ရာတွင် အဆိုပါ တပ်ဖွဲ့သည် ရှုကျိုးကို စိတ်ပျက်သွားစေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အဆိုပါ တပ်ဖွဲ့တွင် လူအင်အား သုံးထောင်မျှသာ ပါဝင်သောကြောင့် ဖြစ်သည်။

“ လူသုံးထောင်ပဲပါတယ်၊ ခြင်ခြေထောက်လေးအတွက် အင်အားသုံးဖို့ မတန်ဘူး “ ကျုံးချန်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

တပ်မဟာ ၂၃သည် နေ့တစ်ဝက်နီးပါး ချီတက်လာခဲ့ရပြီး၊ တပ်ဖွဲ့ကြီးတစ်ခုကို ရင်ဆိုင်ရမည်ဟု မျှော်လင့်ထားခဲ့သော်လည်း လူအင်အား သုံးထောင်သာ ရှိသည့် ယူနစ်တစ်ခုကိုသာ မြင်တွေ့ခဲ့ရသည်။

စစ်ပွဲရမှတ်မှာ များပြားနေတော့မည် မဟုတ်ပေ။

“ ခြင်ခြေထောက်ဆိုရင်တောင်မှ အသားဖြစ်နေတုန်းပါပဲ။ မြန်မြန်ရှင်းလိုက်ကြတာပေါ့ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။

သူသည် အစီအရင်ကို ဦးဆောင်ကာ ရှေ့တက်သွားတော့သည်။

ကမ္ဘာ့ကြယ်တပ်ဖွဲ့မှာလည်း သူတို့ကို သတိပြုမိသွားကာ အရှိန်ကုန်တင်၍ ပြေးလွှားနေတော့သည်။

သို့သော် ရှုကျိုး၏ ယခုလက်ရှိ ခွန်အားဖြင့် တပ်သား ရှစ်ထောင်ပါဝင်သည့် အစီအရင်ကို ထိန်းချုပ်ရခြင်းမှာ အလွန်တရာ လွယ်ကူနေခဲ့သည်၊ ထို့ကြောင့် သူတို့၏ ချီတက်မှုအမြန်နှုန်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်နေခဲ့သည်။

အသက်ရှူကြိမ်အနည်းငယ် အတွင်းမှာပင် သူတို့သည် ကမ္ဘာ့ကြယ် တပ်ဖွဲ့ကို လိုက်မှီလာခဲ့သည်။

သို့သော် ထိုတပ်ဖွဲ့နှင့် နီးလာလေလေ ရှုကျိုး၏ အမူအရာက ပြောင်းလဲသွားလေလေပင် ဖြစ်သည်။

“ သူလား “

ရှုကျိုးသည် ထိုတပ်ဖွဲ့ထဲတွင် အသိအကျွမ်းဟောင်းတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တိတိကျကျ ပြောရမည်ဆိုပါက ရန်သူတော်ဟောင်းတစ်ဦးပင်

“ ကမ္ဘာ့ကြယ် အနက်ရောင်အဆင့်ဇယားက နံပါတ်၅ လန်ယုလား “

ရှုကျိုးသည် ရုတ်တရက် ရယ်မောနေတော့သည်။

ကံကြမ္မာတစ်ပတ်ပြန်လည်လာခဲ့ပြီ ဖြစ်သည်။

တစ်ချိန်က သူ၏ အသက်အန္တရာယ်ကိုပင် ရန်ရှာခဲ့ကာ၊ အရှေ့ပိုင်းကွမ်ဟန် စစ်မြေပြင်တွင် သူ့ကို သေလုနီးပါးအထိ ဖြစ်သွားစေခဲ့သည့်လူက ယခု သူ့ရှေ့တွင် ခွေးပြေးဝက်ပြေး ပြေးနေရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

………………………………………………………………………………………………………………………………………

အပိုင်း ( 534 )

ရွှေအူတိုင်ကို ကိုယ်တိုင်ဖောက်ခွဲခြင်း၊ ကမ္ဘာမကြေ ရန်သူကို သုတ်သင်ခြင်း

ပထမဦးဆုံးအကြိမ် ကွမ်ဟန်ခရီးစဥ်တွင် ရှုကျိုးသည် အရှေ့ပိုင်း စစ်နယ်မြေတွင်သာ တိုက်ခိုက်နေခဲ့သည်။

မထင်မှတ်ထားစွာဖြင့် ပြန်လည်ထွက်ခွာလာသည့် အချိန်တွင် သူသည် ကမ္ဘာ့ကြယ်၏ အနက်ရောင် အဆင့်ဇယားမှ နံပါတ် ၅ ပါရမီရှင်တစ်ဦး၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

တိုက်ပွဲအတွင်း၌ ရှုကျိုးသည် သူ၏ဝှက်ဖဲ အကုန်နီးပါးကို အသုံးပြုခဲ့ရသော်လည်း သေလုနီးပါး ဖြစ်သွားခဲ့သေးသည်။

၎င်းမှာ သူရင်ဆိုင်ခဲ့ဖူးသမျှ သေခြင်းရှင်ခြင်း ဖြစ်ရပ်များအနက် အကြီးမားဆုံးသော အကြပ်အတည်းတစ်ခု ဖြစ်သည်။

ယခုတွင် ရှုကျိုးသည် သူ၏ကမ္ဘာမကြေရန်သူကို ထပ်မံ၍ မြင်တွေ့နေခဲ့ရပြီး၊ နှစ်ဖက်စလုံး၏ အခြေအနေများကလည်း လုံးဝပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

“ အို့။ ဆဌမအဆင့် အထွတ်အထိပ်မှာပဲ ရှိနေသေးတာလား “

ရှုကျိုးသည် လန်ယု၏ နယ်ပယ်ကို အာရုံမိသွားကာ ပြုံးစိစိ ဖြစ်သွားတော့သည်။

လန်ယုသည် လွန်ခဲ့သော လပေါင်းများစွာ သူ့ကို လိုက်ခဲ့စဥ အချိန်ကတည်းက ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ရှုကျိုးသည် တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နေခဲ့သည်။

ယခု လပေါင်းများစွာ ကုန်လွန်လာခဲ့ပြီးသည့်နောက်၌ ပြိုင်ဘက်ဖြစ်သူက ဆဌမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသော်လည်း သူကမူ ဆဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

“ ကံကြမ္မာက တကယ်ကို ကျီစယ်တတ်တာပဲ …….. ထပ်တွေ့ရပြီဆိုမှတော့ မင်းကို သေချာ အပြတ်ရှင်းပေးမယ် “

ရှုကျိုး၏ အမူအရာသည် အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ တိုက်ပွဲ အစီအရင်ကို လျင်မြန်စွာ ထိန်းချုပ်နေခဲ့သည်။

ထိုစဥ်

လန်ယုဦးဆောင်သည့် နယ်မြေ ၁၀၁၏ တပ်ဖွဲ့မှာလည်း အရှေ့သို့ လျင်မြန်စွာ ချီတက်နေလျက်ရှိသည်။

သို့သော် သူသည် သူ့နောက်ဘက်ရှိ အင်အား ၈၀၀၀ပါဝင်သည့် ရန်သူက အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် သူတို့ကို လိုက်မှီလာပြီဆိုသည်ကို သိရှိသွားခဲ့သည်။

“ တကယ်လို့ ဌာနချုပ်ရဲ့ အမိန့်တွေကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းတို့နဲ့ သေတဲ့အထိ တိုက်တယ် “

လန်ယု၏ စိတ်ထဲတွင် အမုန်းတရားများ တည်ရှိနေခဲ့သည်။

ထွက်ပြေးခြင်းသည် သူ၏ခံစားချက်များကို ဆိုးရွားစေခဲ့သည်။

အနက်ရောင် အဆင့်ဇယားတွင် အဆင့်၅ ချိတ်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည့်အလျောက်၊ သူ၏ စွမ်းအားသည် အမြင့်ပိုင်း အဆင့်များအောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေခဲ့သည်။

သူသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံယူထားရသည့် ကောင်းကင်သားတော်တစ်ဦးပင် ဖြစ်သည်။

သူကသာ တစ်ခြားလူများကို အမြဲတမ်း လိုက်လံဖမ်းဆီးခဲ့ပြီး ဤကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းသော ဖြစ်ရပ်မှာ ယခင်က တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်လာခဲ့ဖူးချေ။

“ ဟမ် “

ထိုစဥ် လန်ယုသည် တပ်မဟာ ၂၃ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ အမူအရာ ပြောင်းလဲသွားသည်။

“ သူလား “

“ လွန်ခဲ့တဲ့လပိုင်းလောက်တုန်းက အဲ့ကလေးက တကယ်ကြီးကို တပ်မှူးတစ်ယောက် ဖြစ်လာတာလား “ လန်ယုမှာလည်း ရှုကျိုးကို မြင်တွေ့သွားခဲ့ပြီး၊ ရုတ်တရက် မှင်သက်သွားတော့သည်။

သို့သော် သူသည် ရှုကျိုးကို အလွန်တရာ လေးစားနေခဲ့သည်။

သူ့အတွက် တတိယအဆင့်မှ လူတစ်ဦးကို နှိမ်နင်းရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို နှိမ်နင်းရသကဲ့သို့ လွယ်ကူသော်လည်း ထိုကောင်လေးသည် သူ့လက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် လန်ယု၏ ဘဝသက်တမ်းတစ်လျှောက်လုံး ကြုံတွေ့ခံစားခဲ့ရသမျှထဲတွင် အရှက်ရဖွယ်အကောင်းဆုံးသော ကိစ္စတစ်ခုဖြစ်သည်။

လန်ယုသည် ရှုကျိုးကို ထပ်တွေ့မည်ဆိုပါက သူ့ကို အသေသတ်မည်ဟုပင် ကျိန်ဆိုခဲ့ဖူးသည်။

သူခံစားခဲ့ရသည့် အရှက်တရားကြောင့်သာလျှင် မဟုတ်ဘဲ၊ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးက အရွယ်ရောက်ကြီးပျင်းလာသည်နှင့်အမျှ ကမ္ဘာ့ကြယ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သောကြောင့်ပါ ဖြစ်သည်။

“ သူက အဆင့်၆နယ်ပယ်ကိုတောင် ရောက်နေပြီလား ”

ရှုကျိုး၏နယ်ပယ်ကို ခံစားလိုက်ရသောအခါတွင် လန်ယုသည် လုံးဝအံ့ဩတုန်လှုပ်သွားခဲ့သည်။

တတိယအဆင့်မှ ဆဌမအဆင့်သို့ လပိုင်းအတွင်း အဆင့်ထိုးဖောက်နိုင်သည့် စွမ်းရည်/ပါရမီကား ……

မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း

ထိုကဲ့သို့သော တိုးတက်မှုအမြန်နှုန်းကို ကမ္ဘာ့ကြယ်၏ အတောက်ပဆုံးသော ပါရမီရှင်များကပင် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

အမှောင်နယ်မြေတွင် ရှိသည့် ဧကရာဇ် မိသားစုဝင် ပါရမီရှင်များကသာလျှင် ထိုကဲ့သို့သော အမြန်နှုန်းကို အမှီလိုက်နိုင်မည် ဖြစ်သည်။

“ ဒီကလေးက ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာမယ်ဆိုတာကို ငါသိနေတယ်၊ အဲ့အချိန်ကတည်းက သူ့ကို ငါသတ်ခဲ့သင့်တာ “

“ ချီးပဲ၊ ချီးပဲဟေ့ “

လန်ယုသည် စိတ်ထဲတွင် ကျိန်ဆဲနေခဲ့ပြီး၊ အတိတ်ကို ပြန်မသွားနိုင်သည့်အတွက် နောင်တပင် ရနေခဲ့သည်။ ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် ပညာရှင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ ရှုကျိုးကို ရှင်းလင်းခဲ့သင့်သည်ဟု ခံစားနေခဲ့ရသည်။

“ ခုခံရေး အစီအရင် ဖွဲ့ “

ရုတ်တရက်ဆိုသလိုပင် လန်ယုမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ရှုကျိုးဦးဆောင်သည့် တပ်မဟာ ၂၃က ချဥ်းကပ်နေပြီး သူတို့က မလွတ်မြောက်နိုင်တော့ဘူးဆိုသည်ကို သိနေသောကြောင့် ဖြစ်သည်။

“ဝှစ် ဝှစ် “

လန်ယုဦးဆောင်သည့် နယ်မြေ ၁၀၁၏ လူ ၃၀၀၀ကျော်ပါတပ်ဖွဲ့မှ ခုခံရေး အစီအရင်ကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ရာ၊ ဧရာမ ဒိုင်းကာကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ ဒါဆိုရင်လည်း လာခဲ့လိုက် “

လန်ယုသည် ရှုကျိုးကို စိုက်ကြည့်ကာ အမူအရာ အေးစက်သွားပြီး၊ အော်ဟစ်ပြောဆိုလာခဲ့သည် “ လွန်ခဲ့တဲ့ လပိုင်းတုန်းက ခွေးသေတစ်ကောင်လို ငါ့ကိုရှုံးသွားခဲ့တဲ့ တပ်မှူးကြီး၊ မင်းက ဘာတွေလုပ်နိုင်လဲဆိုတာကို ငါကြည့်မယ် “

သူသည် ကြယ်ပြာဂြိုဟ်၏ ဘာသာစကားကို အသုံးပြုကာ တမင်သပ်သပ် ကျယ်လောင်စွာ အော်ပြောခဲ့ခြင်း ဖြစ်သည်၊ ထိုစကားလုံးများသည် လယ်ပြင်တွင် မိုးကြိုးပစ်နေသည့်အလား တပ်မဟာ ၂၃၏ စစ်သည်တော် အကုန်လုံးဆီသို့ ပျံ့လွင့်လာခဲ့သည်။

လန်ယုက တပ်မဟာ ၂၃၏ စိတ်ဓာတ်ကို ဖြိုဖျက်ချင်သည့်အတွက် ထိုကဲ့သို့ ပြုလုပ်ခဲ့သည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

သူမျှော်လင့်ထားခဲ့သည့်အတိုင်းပင် တပ်မဟာ ၂၃၏ စစ်သည်တော်များသည် တအံ့တဩ ဖြစ်သွားကြသည်။

“ ညီအစ်ကိုရှုမှာ …… ဒီလို အတိတ်မျိုး ရှိခဲ့တာလား “

ကျုံးချန်မှာလည်း အံ့ဩတကြီးဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။

ကျန်းယွမ်တုန်ကမူ ပို၍ပင် အံ့ဩတုန်လှုပ်သွားခဲ့သည်၊ ရှုကျိုး၏ အင်အားကြီးမားမှုကိုသာ မြင်တွေ့ခဲ့ရသောကြောင့် အတိတ်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး ရှိခဲ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သို့ရာတွင် ရှုကျိုးကမူ အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ မသေခင် နောက်ဆုံးစကား ပြောဆိုနေသည့်လူတစ်ဦးကို ကြည့်နေသော အကြည့်မျိုးဖြင့် လန်ယုကို ကြည့်နေခဲ့သည်။

“ သတ်ဖြတ်မှု တိုက်ခိုက်ရေး အစီအရင်ဖွဲ့ “

ရှုကျိုးမှ အေးအေးလူလူ အမိန့်ပေးလာခဲ့သည်။

သူ၏အမိန့်အောက်တွင် တပ်မဟာ ၂၃၏ စစ်သည်တော် အယောက်ရှစ်ထောင်စလုံးသည် အစီအရင်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းနေတော့သည်။ မည်းနက်သော လှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ တိမ်သားတိမ်စိုင်တို့ကို ထိုးဖောက်နေသည့်အလား အပေါ်သို့ မြင့်တက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ရာနှင့်ချီ၍ ရှည်လျားသော ဆေဘာတစ်လက်သည် အစီအရင်၏ အထက်ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့သည်။

အရွယ်အစားက သေးငယ်နေပုံရသော်လည်း ၎င်း၏ အရှိန်အဝါသည် အံ့ဖွယ်ကောင်းလောက်သည်အထိ အားကောင်း ပြင်းထန်နေခဲ့သည်။

အစီအရင်ဖြင့် ဖွဲ့စည်းထားသော စစ်သည်တော် စိတ်ဝိညာဥ်လက်နက်၏ စွမ်းအားကို ၎င်း၏ အရွယ်အစားဖြင့် တိုင်းတာ၍ မရပေ။

ယခင်က ရှုကျိုးသည် လူလေးထောင်ပါဝင်သည့် အစီအရင်ကို ထိန်းချုပ်ကာ မီတာထောင်နှင့်ချီ၍ ရှည်လျားသော လက်နက်များကို ဖွဲ့စည်းခဲ့ဖူးသည်။

သို့သော် ယခုတွင်ကား သူဖွဲ့စည်းထားသည့် လက်နက်သည် မီတာတစ်ထောင်မျှသာ ရှိနေခဲ့ပြီး၊ ယခင်ကထပ် အားနည်းနေပုံရသည်၊ သို့သော် ၎င်း၏ စွမ်းအားကမူ ယခင်က တစ်ခုထပ် အဆပေါင်းများစွာ ပိုမိုသာလွန်နေခဲ့သည်။

ယခုကဲ့သို့ပင် ၎င်း၏ စွမ်းအားကို မထုတ်လွှတ်ရသေးသော်လည်း၊ ပျံ့လွင့်လာသော ဖိအားသည် ကောင်းကင်ထက်ရှိ တိမ်များကိုပင် လွင့်ပျယ်သွားစေကာ မီတာထောင်နှင့်ချီ၍ ကျယ်ဝန်းသော လေဟာနယ်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လန်ယုသည် အေးစက်စွာ အော်ပြောလာခဲ့သည် “ အရှုံးသမား တပ်မှူး၊ မင်းက ငါနဲ့ မျှတတဲ့တိုက်ပွဲတစ်ပွဲကို ဆင်နွှဲရဲလား “

သူသည် ၃၀၀၀နှင့် ၈၀၀၀တိုက်ခိုက်ရာတွင် အောင်မြင်နိုင်ခြေ နည်းပါးလွန်းလှသည်ဆိုသည်ကို သိနေခဲ့သည်။

ထို့ကြောင့် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ရှုကျိုးကို သွေးပူအောင် နှိုးဆွပေးခြင်းပင် ဖြစ်သည်။ အကယ်၍ ရှုကျိုးကသာ သွေးဆူသွားပြီး သူနှင့်ထိပ်တိုက်ရင်ဆိုင်လာမည်ဆိုပါက အောင်နိုင်ခြေရှိနေဦးမည် ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည် “ မျှတတဲ့ တိုက်ပွဲလား။ သေချာပေါက် ရတာပေါ့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လန်ယု၏ မျက်လုံးများ တောက်ပသွားတော့သည်။

ငါးစာလာဟပ်ပြီ

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် သူ၏လက်ကို ရုတ်တရက် မြှောက်လာခဲ့သည် “ သွား “

ဘုမ်းးးး

တပ်မဟာ ၂၃၏ အထက်ကောင်းကင်ယံတွင် ရှိနေသည့် နှင်းဖြူရောင် ဆေဘာသည် လျှပ်စီးကဲ့သို့ ရွေ့လျားလာခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ နယ်မြေ ၁၀၁တပ်ဖွဲ့ရှိရာဘက်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

All Chapters