အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အပိုင်း ( 535 )
ရွှေအူတိုင်ကို ကိုယ်တိုင်ဖောက်ခွဲခြင်း၊ ကမ္ဘာမကြေ ရန်သူကို သုတ်သင်ခြင်း ၂
လန်ယု၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ မျှတတဲ့ တိုက်ပွဲက ဘယ်မှာလဲဟ
ရှုကျိုးသည် သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အမူအရာတစ်ခုကို ဆင်မြန်းထားခဲ့သည် “ ဒါက မင်းပြောတဲ့ မျှတတဲ့ ချေမှုန်းခြင်းပဲ “
လူအယောက် ၈၀၀၀ဖြင့် ဖွဲ့စည်းထားခဲ့သည့် နှင်းဖြူရောင် ဆေဘာသည် အဖျက်အစီး စွမ်းအားကို သယ်ဆောင်ထားခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ခုခံရေး ဒိုင်းကာကြီးကို ပြင်းထန်စွာ ရိုက်ချလာခဲ့သည်။
“ ခရက် ခရက် “
ချက်ချင်းဆိုသလိုပင် ဒိုင်းကာကြီး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။
ထို့နောက်၌ ၎င်းသည် ဘမ်းဟူသော အသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။
“ သေ “
ရှုကျိုးမှ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ရမ်းလာ၍ ငရဲမင်းတစ်ပါးကဲ့သို့ အေးစက်စက် ဟန်အမူအရာဖြင့် လက်ညှိုးညွှန်လာခဲ့ရာ၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဆေဘာကြီးသည် အော်မြည်သံနှင့်အတူ ကမ္ဘာ့ကြယ် စစ်သည်တော် အယောက် သုံးထောင်စလုံးကို ခုတ်ပိုင်းလာခဲ့သည်။
“ ဖူး ဖူး ဖူး “
ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခုသည် ကျန်ရှိနေသည့် ကမ္ဘာ့ကြယ် စစ်သည်တော်တို့အား အသွေးအသားများ ပေါက်ကွဲသွားစေကာ လုံးဝချေမွသွားတော့သည်။
ရှုကျိုး၏ ယခုလက်ရှိ ခွန်အားဖြင့် ဆိုပါက လူရှစ်ထောင် ပါဝင်သော တိုက်ပွဲအစီအရင်ပေါ်တွင် ရှိနေသည့် သူ၏ ထိန်းချုပ်မှုမှာ ပြီးပြည့်စုံသော အဆင့်မျိုးအထိ ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် တိုက်ပွဲ အစီအရင်ကို အပြည့်ဝ ထိန်းချုပ်နေနိုင်ပြီဖြစ်ကာ မည်သူက ရှင်မည်၊ မည်သူကသေဆုံးမည်ဆိုသည်ကိုပင် ဆုံးဖြတ်နေနိုင်ပြီ ဖြစ်သည်။
ယခုကဲ့သို့ပင် သူသည် တွေးလိုက်ရုံဖြင့် ကမ္ဘာ့ကြယ်၏ စစ်သည်တော် အယောက် သုံးထောင်ကျော်စလုံးကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။
ထိုစဥ် ကမ္ဘာ့ကြယ် တပ်ဖွဲ့၏ တပ်မှူးဖြစ်သည့် လန်ယုကမူ မည်သည့်ဒဏ်ရာမှ မရရှိသွားခဲ့ပေ။
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆေဘာကျဆင်းလာသည့ အချိန်မှစ၍ ကမ္ဘာ့ကြယ် သိုင်းပညာရှင် အားလုံး အသတ်ခံလိုက်ရသည့် အချိန်အထိ အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာရှည်ခဲ့သည်၊ ထို့ကြောင့် လန်ယုကပင် အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ဘဲ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
သူ၏ စစ်သည်တော်အားလုံး ကျဆုံးသွားပြီဆိုသည်ကို မြင်တွေ့လိုက်ရသောအခါတွင် လန်ယု၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ရှုကျိုးကို ထပ်မံ၍ ကြည့်ရှုလိုက်ရာ၊ အမြင့်တွင် ရှိနေသည့် ရှုကျိုးသည် ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ သူ့အား မထီမဲ့မြင်ပြုစွာ ငုံ့ကြည့်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ပုရွက်ဆိတ်ကောင်က ဒီလို အခြေအနေမျိုးအထိ ကြီးထွားလာပြီ “
လန်ယုသည် နီရဲနေသော မျက်လုံးများနှင့်အတူ လက်သီးတဆုပ်ဆုပ် ဖြစ်သွားခဲ့သည်၊ သူသည် အံကြိတ်ရလွန်းသဖြင့် မေးရိုးများပင် ပြုတ်လုနီးပါး ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်၌ သူ့စိတ်ထဲတွင် နောင်တတရားတို့မှာ အထွတ်အထိပ်အထိ မြင့်တက်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူသာ ကြိုသိနေမည်ဆိုပါက သူသည် ထိုနေ့ကတည်းက မည်သည့်တန်ဖိုးကိုပင် ပေးဆပ်ခဲ့ရပါစေ ထိုလူ့ကို အသေသတ်ခဲ့မည် ဖြစ်သည်။
သို့သော် ယခုတွင်ကား အရာအားလုံး နောက်ကျနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် သူ၏ဆေဘာရှည်ကို ရုတ်သိမ်းလိုက်ကာ၊ မျက်လုံးများ မှေးကျဥ်း၍ လန်ယုကို ငေးကြည့်နေခဲ့သည် “ မင်းက မျှတတဲ့ တိုက်ပွဲတစ်ခုကို တောင်းဆိုနေတာ မဟုတ်ဘူးလား။ အခု ငါဒီမှာ ရောက်နေပြီလေ “
“ မင်းးး …. “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လန်ယုသည် တစ်ခဏခန့် အေးခဲတောင့်တင်းသွားတော့သည်၊ ထို့နောက်၌ သူသည် မအောင့်ထားနိုင်တော့ဘဲ အပျော်လွန်သွားခဲ့သည်။
“ ဒီကလေးက ငါ့ကို တစ်ယောက်ချင်း ယှဥ်တိုက်ဖို့ တကယ်ကြီး မောက်မာနေတာပဲ၊ ကောင်းကင်သားတော် ပါရမီရှင်တွေ မောက်မာတက ပုံမှန်ပါပဲ၊ ခုနက ငါ့ရဲ့စကားတွေက အကျိုးသက်ရောက်မှု ရှိနေတဲ့ပုံပဲ “
လန်ယုသည် အလွန်တရာ ပျော်ရွှင်သွားခဲ့ပြီး၊ သူ၏ အမုန်းတရားများက ယနေ့တွင် ပျောက်ကွယ်သွားရတော့မည်ဟု တွေးထင်နေတော့သည်။
မထင်မှတ်ထားစွာဖြင့် ကောင်းကင်ဘုံသည် ရှုကျိုးကို သူကိုယ်တိုင် သတ်ဖြတ်ရန်အတွက် အခွင့်အရေးတစ်ခု ပေးလာခဲ့သည်။
တစ်ယောက်ချင်း ရင်ဆိုင်နေရသည့် တိုက်ပွဲတွင် ရှုကျိုးကို ရှုံးနိမ့်သွားခြင်းအတွက်ကား သူလုံးဝ မတွေးထားခဲ့ပေ။
အနက်ရောင် အဆင့်ဇယားတွင် အဆင့်၅ ချိတ်သည့် ပါရမီရှင်တစ်ဦးဖြစ်သည့်အလျောက်၊ လန်ယုသည် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်များကြားတွင် အသန်မာဆုံးသော လူတစ်ဦးဖြစ်သည်။
ဆဌမအဆင့်နယ်ပယ် အထွတ်အထိပ်တွင် နတ်ဆေးလုံးသည် ရွှေအူတိုင်အဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
တစ်ချို့သည် ဆယ်ပုံတစ်ပုံကိုသာ အသွင်ပြောင်းနိုင်ကြသည်၊ တစ်ချို့ကမူ ဆယ်ပုံနှစ်ပုံအထိသာ ပြောင်းလဲနိုင်ကြသည်၊ အဆိုပါ ကွာဟချက်သည် ကမ္ဘာခြားနေသသည့်အလား ဖြစ်နေခဲ့သည်။
တိတိကျကျ ခွဲခြားပြရမည်ဆိုပါက ဆယ်ပုံတစ်ပုံသည် ရွှေအူတိုင် ပထမ အသွင်ပြောင်းခြင်း၊ ဆယ်ပုံနှစ်ပုံသည် ရွှေအူတိုင် ဒုတိယ အသွင်ပြောင်းခြင်း၊ ဆယ်ပုံသုံးပုံသည် ရွှေအူတိုင် တတိယ အသွင်ပြောင်းခြင်း၊ …. စသည်ဖြင့် ကိုးပုံနှင့် ဆယ်ပုံတို့သည် အင်မော်တယ် ရွှေအူတိုင်ဖြစ်သည်။
လူအများစုသည် ပထမ (သို့) ဒုတိယ အသွင်ပြောင်းခြင်း အဆင့်တွင်သာ ရပ်တန့်သွားကြသည်။
ထို့ကြောင့် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်ကြားရှိ ကွာဟချက်မှာ နယ်ပယ်ကျော်ဖြတ်သည်နှင့်အမျှ ပိုမိုသိသာ ထင်ရှားလာမည် ဖြစ်သည်။
လန်ယုသည် ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိနေကာ ပဥ္စမ အသွင်ပြောင်းခြင်း အဆင့်နှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။
သူက ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်ဆိုသည်အား သံသယဝင်စရာ မလိုပေ။
“ မင်းရဲ့ မောက်မာမှုအတွက် ပြန်ပေးဆပ်ရမယ် “
လန်ယုသည် အလွန်တရာ ပျော်ရွှင်နေသော်လည်း အမူအရာ ကင်းမဲ့သော မျက်နှာထားမျိုးဖြင့် ရှုကျိုးကို ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်နေသည့် အရိပ်အငွေ့များ တည်ရှိနေကာ လေသံတိုးတိုးလေးဖြင့် ပြောဆိုလာခဲ့သည် “ တစ်ချိန်တုန်းက မင်းကို ခွေးပြေးဝက်ပြေး ပြေးခိုင်းစေခဲ့ဖူးတာကြောင့်၊ ဒီနေ့မှာလည်း အဲ့လိုမျိုး ထပ်လုပ်နိုင်တယ် “
“ အဲ့လိုလား ”
ရှုကျိုး၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လောက်လာခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှ အကြာ၌ နဂါးမီးလျှံ ဆေဘာသည် သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
ရှုကျိုးသည် အရှေ့ဘက်ရှိ လန်ယုကို ငုံ့ကြည့်လာခဲ့သည် “ မင်းကို ငါ ဒီအခွင့်အရေး ပေးလိုက်မယ်၊ မင်းက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ် “
“ ဟမ့် “
လန်ယုသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ ယခင်က ပုရွက်ဆိတ်တစ်ကောင်ဟုသာ သူထင်ထားခဲ့သည့် ပါရမီရှင်တစ်ဦးက သူ့အား အထင်တသေး ပြောဆိုနေခဲ့သည်။
သူသည် ဤတစ်ကြိမ်က သူ၏နောက်ဆုံးသော အခွင့်အရေးဆိုသည်ကို သိနေသောကြောင့် ဒေါသထွက်ခြင်း(သို့) ရှက်ရွံ့ခြင်းတို့ မဖြစ်သွားခဲ့ပေ။
“ ဆွစ်ရှ် “
လန်ယု၏ လက်ထဲတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ များစွာသော သားရဲအရေပြား အဆောင်များ ပေါ်ထွက်လာခဲ့သည်။
သူ၏ချီ-သွေးကို ဖြည့်သွင်းလိုက်ရာ၊ အဆိုပါ အဆောင်များသည် ချက်ချင်း လောင်ကျွမ်းလာခဲ့ပြီး၊ သာမန် ဆဌမအဆင့် ပညာရှင်တစ်ဦးထပ် သာလွန်သည့် စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။
အဆိုပါ သားရဲအရေပြားများက အလွန်တရာ တန်ဖိုးကြီးသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်၊ အားကောင်းပြင်းထန်လွန်းသော စွမ်းအားအောက်မှာပင် မည်သို့မျှ မပျက်စီးသွားခဲ့ပေ။ ၎င်းက အဌမအဆင့် (သို့) နဝမအဆင့် သားရဲကောင်တို့၏ အရေပြားတို့ဖြင့် ပြုလုပ်ထားခြင်းပင် ဖြစ်နေနိုင်သည်။
အဆိုပါ အဆောင်များသည် ကမ္ဘာ့ကြယ်၏ ရှားပါးသော ရတနာများဖြစ်ပြီး၊ တစ်ခုချင်းစီတိုင်းသည် ကမ္ဘာ့ကြယ် ဒဂ်ါး ဆယ်သန်းအထက် တန်ကြေးရှိနေခဲ့သည်။
လန်ယုကဲ့သို့သော ပါရမီရှင်တစ်ဦးကပင် ၎င်းတို့ကို ရရှိရန် နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ စုဆောင်းခဲ့ရသည်။
သူသည် ဤတိုက်ပွဲက အရေးကြီးသည်ဆိုသည်ကို သိနေခဲ့သည့်အတွက် အဖိုးတန် ပစ္စည်းများကိုပင် အစကတည်းက ထုတ်သုံးလာခဲ့သည်။
“ အေးခဲလိုက် “
လန်ယုမှ လက်ညှိုးညွှန်လာခဲ့ရာ အဆိုပါ အဆောင်များသည် အလင်းတန်းများကို ချက်ချင်း ထုတ်လွှတ်လာခဲ့ပြီး၊ မည်းနက်နေသော အနက်ရောင် ကျားတစ်ကောင်ကို ဖန်တီးလာခဲ့သည်။
“ ဝေါင်း “
ကြီးမားသော ကျားနက်ကြီးသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်လာခဲ့ပြီး၊ ၎င်း၏ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးမားလာခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံကို ပိတ်ကွယ်နေသည့် ဧရာမ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့ပြီး၊ ၎င်း၏ အရှိန်အဝါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကိုပင် လှုပ်ခါသွားစေခဲ့သည်။
အဆိုပါ ကျားကြီး၏ အရှေ့တွင် ရှုကျိုးသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နေပုံရသည်။
“ မာဂယ် “
ဧရာမကျားကြီးသည် ဒေါသတကြီး ဟိန်းဟောက်ကာ လက်သီးတစ်လုံးကို ပစ်သွင်းလာခဲ့သည်။
တောင်ငယ်လေးတစ်လုံးကဲ့သို့ ဖြစ်နေသည့် အဆိုပါ လက်သီးထိုးချက်သည် ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုစွမ်းအားကို သယ်ဆောင်ထားပြီး၊ မြေပြင်ကိုပင် ၎င်း၏အရိပ်ဖြင့် ဖုံးလွှမ်းသွားကာ လူအင်အား ရှစ်ထောင်ပါဝင်သည့် တိုက်ပွဲအစီအရင်ကပင် ၎င်း၏ အရှေ့တွင် မထင်မရှားဖြစ်နေပုံရသည်။
“ ဆွပ်ရှ် “
ရှုကျိုး၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ ဆေဘာကို မြှောက်ကာ ခုတ်ပိုင်းလာတော့သည်။
“ ဘုမ်းးး “
တလက်လက်တောက်ပနေသည့် ဆေဘာအလင်းတန်းသည် တောင်ကဲ့သို့သော လက်သီးနှင့် ဆုံတွေ့သွားခဲ့သည်။
သို့သော် အဆိုပါ ဆေဘာပိုင်းချက်တစ်ခုလေးကတင် ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးကြီးကို လေထုထဲတွင် ရပ်တန့်သွားစေခဲ့သည်။
“ ကလေးကွက်တွေ၊ ငါ့အတွက် ချိုးဖျက်လိုက်စမ်း “
ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ ငါးရောင်ခြယ် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ပြီး၊ နဂါးမီးလျှံ ဆေဘာမှာလည်း အဆုံးမဲ့ စွမ်းအားများကို ထုတ်လွှတ်လာခဲ့သည်။
ကောင်းကင်ထိန်းချုပ် ဆေဘာ
ဒြပ်စင်ငါးပါး နတ်နည်းစနစ် လည်ပတ်မှုနှင့်အတူ ဆေဘာအလင်းတန်းသည် ကျားလက်သီးကြီးကို အလွယ်တကူ ထိုးဖောက်သွားပြီး၊ ထို့နောက် ဥက္ကာပျံတစ်လုံး ကျဆင်းလာသကဲ့သို့ ကျားနက်ကြီးဆီသို့ ထပ်မံ၍ တိုးဝင်လာခဲ့သည်။
“ ဝုန်းး ဝုန်းး ဝုန်းး “
ထို့နောက်၌ ဂြိုဟ်တစ်လုံး အရွယ်မျှရှိသည့် ဧရာမကျားနက်ကြီးသည် ဆီးနှင်းများကဲ့သို့ ပြိုကျပျက်စီးသွားခဲ့ကာ၊ ၎င်း၏ ခန္ဓာကိုယ်မှာလည်း ဆက်တိုက်ပြိုကွဲနေခဲ့သည်။
ရှုကျိုးသည် ဆေဘာကို ပြန်သိမ်းလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရောင်ခြည်များ တောက်ပလာခဲ့သည်။
“ ပြီးသွားပြီ “
သူသည် လန်ယု၏ အရှေ့သို့ လျှပ်စီးအလား ပြေးဝင်သွားပြီး၊ အရှေ့သို့ လက်ချောင်းတစ်ချောင်းကို ဖိချလိုက်သည်။
သူ၏လက်ချောင်းထိပ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များ လျင်မြန်စွာ စုစည်းလာခဲ့ပြီး၊ ဧရာမ ဘီလူးကြီးတစ်ကောင်က ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဖျက်စီးရန် စောင့်ဆိုင်းနေသည့်အလား ဖြစ်နေခဲ့သည်။
“ မင်းက ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအားပေးနေတာပဲ “
၎င်းကို မြင်လိုက်ရသောအခါတွင် လန်ယု၏ မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ ထို့နောက်တွင် စည်းတံဆိပ်များကို လျင်မြန်စွာ ရေးဆွဲနေတော့သည်။
သူသည် ရှုကျိုးက လပိုင်းအတွင်းမှာပင် ဤမျှအနေအထားမျိုးအထိ ကြီးပျင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူ၏ ရတနာအဆောင်တို့၏ အင်အားပြည့် တိုက်ခိုက်မှုကပင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့် ပညာရှင်တစ်ဦးဖြစ်သော သူ၊ လန်ယုထံတွင်လည်း ပွဲသိမ်းတိုက်ကွက်များ ရှိနေခဲ့သည်။
၎င်းမှာ ရွှေအူတိုင်ကို ကိုယ်တိုင်ဖောက်ခွဲခြင်း ဖြစ်သည်။
ကိုယ်တိုင် ဖောက်ခွဲခြင်းသည် ရွှေအူတိုင်ကို အမှန်တကယ် ဖောက်ခွဲလိုက်ခြင်း မဟုတ်ပေ၊ ထို့အစား ဆယ်ပုံလေးပုံ နတ်ဆေးလုံးထဲတွင် စုစည်းထားသည့် စွမ်းအားကို ကျင့်ကြံရေး နည်းစနစ်တစ်ခုမှတစ်ဆင့် လှုံ့ဆော်ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြုလုပ်လိုက်သော်လည်း သတ္တမအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းများ ကျန်ရှိနေစဲဖြစ်သည်၊ သို့သော် ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
“ ဗွီ “
ဤအခိုက်အတန့်တွင် လန်ယု၏ ရွှေအူတိုင်ဖောက်ခွဲခြင်းကြောင့် ပေါ်ထွက်လာခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် ဓားချီတစ်ခုအဖြစ် သူ့အရှေ့တွင် ဖွဲ့စည်းသွားခဲ့သည်။
“ နှစ်တစ်ရာ ကျင့်ကြံရေး၊ အခုတော့ အားလုံး ပျက်စီးသွားပြီ “
လန်ယုသည် သူ့အရှေ့ရှိ ဓားချီကို ကြည့်နေခဲ့ပြီး၊ သွေးစီးကြောင်းတို့သည် သူ၏ပါးစပ်ထောင့်များမှ လျှံထွက်လာခဲ့သည်။
သူသည် ဤဓားချီကို ဖွဲ့စည်းလိုက်သောကြောင့် သူ၏ ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်း နယ်ပယ်က မရှိတော့ဘူးဆိုသည်ကို သိနေခဲ့သည်။
ထိုကဲ့သို့ပင် ရွှေအူတိုင်ကို ဖောက်ခွဲလိုက်ခြင်းကြောင့် ရရှိလာသော စွမ်းအားသည် မျှော်မှန်းထားသည်ထပ် ပို၍သာလွန်အားကောင်းနေခဲ့သည်။
“ ဒီနေ့တော့ မင်းသေကိုသေရမယ် “
လန်ယုသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အကြည့်ဖြင့် ရှုကျိုးကို စိုက်ကြည့်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ့အရှေ့ရှိ ဓားချီသည် အပြည့်အဝ ပုံပေါ်လာခဲ့ပြီး၊ ကမ္ဘာမြေ ဖြိုခွဲနိုင်သည့် လှိုင်းတစ်ခု ပွင့်ထွက်လာခဲ့သည်။
“ သွား “
လန်ယုမှ အော်ဟစ်လာခဲ့ရာ၊ အံ့ဖွယ်ကောင်းသည့် တောက်ပသော ဓားချီသည် လေဟာနယ်ကို ထိုးဖောက်၍ ရှုကျိုးဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
“ ရွှေအူတိုင်ကို ကိုယ်တိုင်ဖောက်ခွဲတာလား “
၎င်းကို မြင်လိုက်ရသောအခါတွင် သူ၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။
ဆဌမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သူသည် ဆဌမအဆင့်နယ်ပယ်တွင် ပြုလုပ်နိုင်မည့် နည်းလမ်းတစ်ချို့ကို နားလည်လာခဲ့ပြီး၊ ၎င်းတို့အနက် ရွှေအူတိုင်ဖောက်ခွဲခြင်းသည် ဆဌမအဆင့်၏ စွမ်းအားအကြီးဆုံးသော တိုက်ကွက်ဖြစ်ကာ နောက်ဆုံးသော နည်းလမ်းတစ်ခုပါ ဖြစ်သည်ကို သိရှိခဲ့ရသည်။
၎င်းကို မြင်လိုက်ရသောအချိန်၌ ရှုကျိုးသည် ထပ်မံ၍ ထိန်းထားမနေတော့ဘဲ သူ့လက်ချောင်းထိပ်တွင် စုစည်းထားသည့် စွမ်းအားကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 536 )
ရှေ့တန်းစစ်တပ်၊ စစ်ပွဲရမှတ် သုံးဆ
“ ညီအစ်ကိုရှုက လန်ယုကို ဒီအခြေအနေထိ ရောက်သွားအောင် တကယ်ကြီး တွန်းအားပေးခဲ့တာပဲ “
လန်ယုက သူ၏ရွှေအူတိုင်အား ကိုယ်တိုင်ဖောက်ခွဲလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါတွင် ကျုံးချန်နှင့် ကျန်းယွမ်တုန်တို့နှစ်ဦးစလုံးမှာ အံ့ဩတကြီး ဖြစ်သွားကြသည်။
သူသည် လန်ယုတို့၏ ကြီးမားသော ဂုဏ်သတင်းကို သိနေကြသည်။
ကမ္ဘာ့ကြယ်၏ အနက်ရောင် အဆင့်ဇယားတွင် အဆင့်၅ချိတ်သည့် လူတစ်ဦးဖြစ်သည့်အလျောက် သူ၏လက်ထဲတွင် ကြယ်ပြာဂြိုဟ်သိုင်းပညာရှင်တို့၏ သွေးများ စွန်းထင်းနေပြီး၊ မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော တပ်ဖွဲ့များကလည်း သူ၏သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသည်။
ယခုတွင်ကား ရှုကျိုးသည် တိုက်ပွဲအစီအရင်၏ အကူအညီကိုပင် မယူဘဲ၊ လန်ယုကို ထိုကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိသွားအောင် တစ်ကိုယ်တော် ဖိနှိပ်ခဲ့လေသည်။
သို့သော် ယခုတွင် ကျုံးချန်၏စိတ်မှာ တင်းကြပ်လေးလံနေသေးသည် “ ရွှေအူတိုင်ကို ကိုယ်တိုင်ဖောက်ခွဲလိုက်တာက အမြင့်ပိုင်း အဆင့်တွေရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်လေ၊ ညီအစ်ကိုရှုတော့ ပြဿနာတက်ပြီ “
သူသည် ရှုကျိုး၏ တိုက်ခိုက်ရေးစွမ်းအားကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။
အကယ်၍ အမြင့်ပိုင်းအဆင့် ပညာရှင်နှင့် ရင်ဆိုင်ရမည်ဆိုပါက၊ ရှုကျိုးသည် သူ့ကို မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“ အားလုံး၊ အသင့်ပြင်ထားကြ “
ကျုံးချန်သည် ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်၊ အကယ်၍ ရှုကျိုးကသာ ရှုံးနိမ့်သွားမည်ဆိုပါက သူသည် လန်ယုကို ပွဲသိမ်းရန် အသင့်ပြင်နေတော့သည်။
…
“ ဝှစ် “
တိုက်ပွဲကွင်းပြင်အတွင်း၌ လန်ယု၏ ဓားချီသည် လေဟာနယ်ကို ဆုတ်ဖြဲကာ တဟုန်ထိုး ပြေးဝင်လာခဲ့ပြီး၊ ရှုကျိုး၏ အရှေ့သို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည်။
“ ဗွီ “
ထိုအချိန်၌ ရှုကျိုး၏ လက်ချောင်းထိပ်တွင် စုစည်းထားသည့် စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး၊ သူသည် သူ၏လက်ချောင်းကို အရှေ့သို့ ဖိချလာခဲ့သည်။
“ ဘုမ်းးး “
အနီရောင် အလင်းတန်းတစ်ခုသည် သူ၏လက်ချောင်းထိပ်မှ ပေါက်ထွက်လာခဲ့သည်။
ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်း
ရှုကျိုး၏ ယခုလက်ရှိ ကျင့်ကြံရေးနယ်ပယ်ဖြင့် ၎င်းကိုအသုံးပြုလိုက်ခြင်းမှာ ကြယ်ပြိုကွဲသွားပုံရသည့် အသွင်အပြင်များပင် ပေါ်နေခဲ့သည်။
အလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် သိသိသာသာ ပြိုကျသွားပြီး၊ တုန်ခါမှုလှိုင်းလုံးများကို ထုတ်လွှတ်၍ မိုင်ထောင်နှင့်ချီသော နေရာများအထိ လျင်မြန်စွာ ပျံ့လွင့်သွားစေခဲ့သည်။
အဆိုပါ တိုက်ကွက် ဂြိုဟ်အသေးစားလေး တစ်လုံးကိုပင် ပေါက်ကွဲသွားစေနိုင်သည်ဟု တွေးကြည့်နိုင်ပေသည်။
“ ဘုမ်းးး “
အနီရောင် အလင်းတန်းသည် ဓားချီနှင့်တိုက်မိသွားပြီး၊ ကျယ်လောင်သော မြည်ဟီးသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
သို့သော် အနီရောင် အလင်းတန်းက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်၊ ၎င်းက အဖိနှိပ်ခံနေရသည်မှာ သိသာလွန်းလှသည်။
ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းက အစွမ်းထက်သော်လည်း၊ ၎င်းက လန်ယု၏ ဖောက်ခွဲမှုနှင့် ယှဥ်လိုက်မည်ဆိုပါက အနည်းငယ် နိမ့်ကျနေစဲပင် ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအချိန်၌ လန်ယု၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် ၎င်းသည် ခက်ထန်သော အမူအရာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည် “ ငါက ရွှေအူတိုင်ကို ကိုယ်တိုင်ဖောက်ခွဲလိုက်တာကွ၊ တကယ်လို့ မင်းနောက်မှာ လူအင်အား ရှစ်ထောင်ပါတဲ့ စစ်တပ်ရှိနေမယ်ဆိုရင်တောင်မှ ငါမင်းကို ရအောင် သတ်ပြမယ် “
စတုတ္ထ အသွင်ပြောင်း ရွှေအူတိုင်ကို ဖောက်ခွဲခြင်းမှ ယူဆောင် ပေးလာခဲ့သည့် စွမ်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ယခုကဲ့သို့ပင် လန်ယုသည် လူအင်အား ရှစ်ထောင်ပါရှိသည့် စစ်တပ်တစ်ခုနှင့်ရင်ဆိုင်နေရသော်လည်း မထိမခိုက်ဖြင့် ထွက်ပြေးနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။
သို့သော် ထိုကဲ့သို့ မပြုလုပ်ခင် အချိန်တွင် သူသည် ရှုကျိုး သတ်ဖြတ်ရမည် ဖြစ်သည်။
“ သေ “
လန်ယုမှ စည်းတံဆိပ်များကို ရေးဆွဲလိုက်ရာ၊ ဓားချီသည် ၎င်း၏စွမ်းအားကို အကုန်အစင် ထုတ်လွှတ်လာခဲ့ပြီး၊ အနီရောင်အလင်းတန်းကို ဖိနှိပ်ကာ၊ ထို့နောက်တွင် ရှုကျိုး၏ မျက်နှာထံသို့ တိုးဝင်လာခဲ့သည်။
လန်ယု၏ ပါးစပ်သည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး၊ ရှုကျိုးသည် သူ၏ဓားချီကြောင့် နဖူးပေါက်သွားကာ နေရာမှာပင် ပွဲချင်းပြီးသွားလိမ့်မည်ဟု ထင်နေတော့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အပြုံးမှာ အေးခဲတောင့်တင်းသွားခဲ့ရသည်။
ရုတ်တရက်ဆိုသလိုပင် ယခင်ကထပ် ဆယ်ဆသာလွန်သည့် စွမ်းအားသည် ရှုကျိုး၏ လက်ချောင်းထိပ်မှ ပေါက်ထွက်လာခဲ့သည်။
“ ဝုန်းးးး “
ကြောက်မက်ဖွယ်ရာ စွမ်းအင်သည် ကြယ်ချေမှုန်းရေး အမြှောက်တစ်လက်ကို ပစ်လွှတ်လိုက်သည့်အလား လန်ယု၏ ဓားချီကို ချက်ချင်းဆုတ်ဖြဲ၊ အမဲဖျက်နေတော့သည်။
ထို့နောက်တွင် တားဆီးရပ်တန့်၍ မရသော အရှိန်အဟုန်ဖြင့် လန်ယု၏ ခန္ဓာကိုယ်ကို ရိုက်ချလာခဲ့သည်။
“ ဘုမ်းးးး “
အနီရောင် အလင်းတန်းသည် လန်ယုကို ထိုးဖောက်ပြီးခဲ့သည့်နောက်မှာပင် မည်သို့မျှ မရပ်တန့်သွားခဲ့ဘဲ၊ အရှေ့သို့ ဆက်လက်၍ တိုးဝင်သွားခဲ့ကာ လေထုထဲတွင် မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော အရိပ်လမ်းကြောင်းတစ်ခုကို ချန်ရစ်ထားခဲ့သည်။
ကီလိုမီတာ ထောင်နှင့်ချီသော အကွာအဝေးတွင် ရှိနေသည့် တောင်တစ်လုံးသည် အနီရောင် အလင်းတန်း၏ ထိုးဖောက်မှုကို ခံလိုက်ရကာ တုန်ခါပြိုကျလာခဲ့ပြီး၊ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
“ အဲ့တာက ….. မဖြစ် …… မဖြစ်နိုင်ဘူး “
လန်ယု၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်၊ သူ၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြိုကွဲနေလျက်ရှိပြီး၊ ဘမ်းဟူသော အသံနှင့်အတူ သွေးမြူထုတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့သည်။
သေဆုံးသွားချိန်အထိ သူသည် ရှုကျိုးက ထိုတိုက်ကွက်အား မည်ကဲ့သို့ ထုတ်လွှတ်လိုက်သလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် အဆိုပါ စွမ်းအားက ဆဌမအဆင့်ကို ကျော်လွန်နေရုံသာလျှင် မဟုတ်ဘဲ အဌမအဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
၎င်းမှာ အဌမအဆင့် ပွဲသိမ်းတိုက်ကွက်တစ်ခုပင် ဖြစ်သည်။
ဆဌမအဆင့်နယ်ပယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရှုကျိုးက အဌမအဆင့်နှင့် ယှဥ်နိုင်သော စွမ်းအားကို မည်ကဲ့သို့ ထုတ်လွှတ်နိုင်ခဲ့သနည်း ……….
…
ရှုကျိုးကမူ သူ၏လက်စွပ်ကို ငေးမောကြည့်ရှုနေလျက်ရှိပြီး၊ တောက်ပနေခဲ့သည့် လက်စွပ်သည် လုံးဝ မှိန်ဖျော့သွားခဲ့သည်။
ရှုကျိုးသည် အသာအယာ သက်ပြင်းချနေတော့သည် “ စွမ်းအင်တွေ ထပ်စုရတော့မယ် “
ယခုလေးတင် သူထုတ်လွှတ်လိုက်သည့် စွမ်းအားသည် ဝိညာဥ်ဖိနှိပ်မှု လက်စွပ်တွင် စုဆောင်းထားသော စွမ်းအားဖြစ်သည်။
ယခင်က ဘုံကိုးဆင့် မိုးကြိုးရေကန် စုစည်းမှု ပြီးဆုံးခဲ့သည့်နောက်တွင် ဝိညာဥ်ဖိနှိပ်မှု လက်စွပ်အတွင်းရှိ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော အနေအထားမျိုးအထိ စုပြုံနေခဲ့သည်။
ရှုကျိုးသည် ၎င်းက အဌမအဆင့်သို့ အပြည့်အဝ မရောက်ရှိသေးဘူးဆိုသည်ကို ခံစားမိနေခဲ့သည်။
သို့သော် အဌမတစ်ပိုင်းအဆင့် စွမ်းအားကပင် စတုတ္ထ အသွင်ပြောင်းခြင်း ရွှေအူတိုင် ဖောက်ခွဲမှုကို ချေမှုန်းရန် လုံလောက်နေခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ ၎င်းကို အချိန်တိုအတွင်းတွင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး၊ နောက်တစ်ကြိမ် ထပ်သုံးရန်အတွက် ရက်ပေါင်းများစွာ ကြာရှည်သည်အထိ စွမ်းအင်များ ထပ်မံ၍ စုဆောင်းရခြင်းပင် ဖြစ်သည်။
အကယ်၍ ဘုံကိုးဆင့် မိုးကြိုးရေကန်ကဲ့သို့သော နယ်မြေမျိုး မရှိဘူးဆိုပါက ရှုကျိုးသည် အဆိုပါ လက်စွပ်ကို စွမ်းအင်တို့ဖြင့် ပြည့်နှက်သွားစေရန်အတွက် ဆယ်ရက်ကျော်(သို့) ရက်ပေါင်းဒါဇင်နှင့်ချီ၍ စောင့်ဆိုင်းရမည် ဖြစ်သည်။
“ ဒါပင်မဲ့ အဲ့တာက တကယ်ကြီးကို အစွမ်းထက်လွန်းတယ် “
ရှုကျိုးသည် အဖြစ်အပျက်များကို အမှတ်ရနေကာ အနည်းငယ် စိတ်လှုပ်ရှားသွားတော့သည်။
လန်ယုနှင့် တစ်ဦးချင်းတိုက်ခိုက်ရန် ရွေးချယ်လိုက်ရသည့် အဓိကအကြောင်းအရင်းမှာ ဝိညာဥ်ဖိနှိပ်မှု လက်စွပ်၏ စွမ်းအားကို စမ်းသပ်စစ်ဆေးရန်အတွက် ဖြစ်သည်။
ယခုတွင် သူသည် အဌမတစ်ပိုင်းအဆင့် စွမ်းအားက မည်မျှပြင်းထန်လဲဆိုသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
သူက ဝိညာဥ်ဖိနှိပ်မှု လက်စွပ်ကို စွမ်းအားအပြည့် ဖြည့်သွင်းနိုင်သည်နှင့်တစ်ပြိုင်နက် စစ်မှန်သော အဌမအဆင့် တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး၊ ထိုအချိန်တွင် သူသည် အဌမအဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကိုပါ ကာကွယ်တားဆီးနိုင်သင့်ပေသည်။
“ ဗိုလ်ချုပ်ရှုက စွမ်းအားကြီးတယ် “
“ ဗိုလ်ချုပ်ရှုက စွမ်းအားကြီးတယ် “
ထိုအခိုက်အတန့်တွင် အော်ဟစ်ကြုံးဝါးသံများသည် အနောက်ဘက်မှ ပေါ်ထွက်လာခဲ့သည်။
တပ်မဟာ ၂၃တစ်ခုလုံး၏ စစ်သည်တော်များသည် လက်သီးလက်မောင်းတန်း၍ သူတို့၏ လက်နက်များကို မြှောက်ပြကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးလာကြသည်။
ရှုကျိုးသည် တိုက်ပွဲအစီအရင်ထံသို့ ပျံသန်းလာခဲ့ပြီး၊ များစွာစိတ်လှုပ်ရှားမနေရန် လက်ဝေ့ရမ်း၍ အချက်ပြလိုက်သည်။
ကျုံးချန်သည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် ရှုကျိုး၏ ပခုံးကို ပုတ်လာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းရဲ့ နောက်ဆုံးတိုက်ကွက်က ငါတို့ကို တကယ်ကြီး ကြောက်လန့်သွားစေခဲ့တာပဲ “
…………………………………………………………………………………………………………………………………………..
အပိုင်း ( 537 )
ရှေ့တန်းစစ်တပ်၊ စစ်ပွဲရမှတ် သုံးဆ ၂
ကျန်းယွမ်တုန်မှာလည်း လေသံတိုးတိုးလေးဖြင့် စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ ခုနတုန်းကပသာ တပ်မမှူးဝမ်အပေါ်မှာ ဒီတိုက်ကွက်ကို သုံးခဲ့မယ်ဆိုရင်၊ သူက အဲ့တာကို လုံးဝမကိုင်တွယ်နိုင်မှာကို ငါကြောက်မိတယ် “
ရှုကျိုးသည် စကားမပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။
ထိုအချိန်က သူသည် စွမ်းအားကို အပြည့်အဝ မဖြည့်သွင်းရသေးပေ။
သို့သော် ကျန်းယွမ်တုန်၏ စကားမှာ မှန်ကန်နေခဲ့သည်၊ ထိုတိုက်ကွက်ကိုသ တပ်မမှူးဝမ်အပေါ်တွင် အသုံးပြုခဲ့မည်ဆိုပါက သူသည် ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်လောက်မည် မဟုတ်ချေ။
“ မြှောက်ပြောနေတာတွေ တော်ပြီ၊ တိုက်ပွဲက မပြီးသေးဘူး “
ရှုကျိုးမှ စကားပြောလာခဲ့သည် “ အားလုံးပဲ စစ်ပွဲရဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းကြ၊ သုံးမိနစ်အကြာမှာ အရှေ့ကို ဆက်သွားမယ် “
“ ဟုတ် “
တပ်မဟာ ၂၃တစ်ခုလုံး ပြန့်ကျဲသွားကာ စတင်၍ လှုပ်ရှားနေကြတော့သည်။
ယခုလေးတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲက ကြာရှည်ပုံရသော်လည်း၊ အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းသည် မိနစ်ပိုင်းမျှသာ ကြာရှည်ခဲ့သည်။
သို့သော် ယခုတွင်ကား အချိန်သည် စစ်ပွဲရမှတ်များ ဖြစ်နေပြီဖြစ်သည်၊ ထို့ကြောင့် အားလုံးသည် မြန်မြန်ဆန်ဆန် ချီတက်ရန်အတွက် တိုက်ပွဲ၏ အသီးအပွင့်များကို ရိတ်သိမ်းနေကြတော့သည်။
ဘေးဘက်တွင် ရပ်နေသည့် ကျုံးချန်သည် ခေါင်းတကုတ်ကုတ်ဖြင့် မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရှု၊ လန်ယုပြောခဲ့တဲ့ မင်းက သူ့ကို ရှုံးခဲ့ဖူးတယ်ဆိုတာက ဘာကိစ္စလဲ “
ရှုကျိုးသည် သူ့ကို ကြည့်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ လွန်ခဲ့တဲ့ လပိုင်းလောက်တုန်းက ကျွန်တော်က အဆင့်၃နယ်ပယ်မှာပဲ ရှိနေသေးတာလေ “
“ အဆင့်၃လား “
ကျုံးချန်သည် တစ်ခဏခန့် မှင်သက်သွားပြီး၊ ထို့နောက်တွင် အံ့ဩတကြီး ဖြစ်သွားတော့သည်။
ဆိုတော့ ရှုကျိုးက လပိုင်းအတွင်းမှာပဲ တတိယအဆင့်ကနေ ဆဌမအဆင့်ထိ ရောက်လာခဲ့တာလား
သို့သော် သူ့ကို အံ့ဩတုန်လှုပ်သွားစေခဲ့သည့်အရာမှာ တတိယအဆင့်တွင် ရှိနေခဲ့သည့် တစ်ချိန်က ရှုကျိုးက ဆဌမအဆင့် ပညာရှင်တစ်ဦးထံမှ လွတ်အောင်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်၊ ၎င်းမှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
“ ညီအစ်ကိုရှုလို အစွမ်းထက်တဲ့ လူဆီမှာလည်း ရှုံးနိမ့်ခဲ့ဖူးတဲ့ အချိန်တွေ ရှိနေခဲ့မယ်လို့ ထင်နေခဲ့တာ “ ကျုံးချန်သည် တအံ့တဩဖြင့် ပြောဆိုလာခဲ့သည်။
ရှုကျိုးမှ ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော်က လူသားလေ၊ နတ်ဘုရားမှ မဟုတ်တာ။ အခုနေ ကျွန်တော့်ကို အဆင့်၉ ပညာရှင်တစ်ယောက်နဲ့ တိုက်ခိုင်းမယ်ဆိုရင် ကျွန်တော်က သေချာပေါက် ရှုံးမှာပေါ့ “
သူတို့ဘေးနားရှိ ကျန်းယွမ်တုန်၏စိတ်ထဲတွင် လေးစားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့သည် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များထပ် ပိုမိုအစွမ်းထက်နေခဲ့ပြီး၊ နယ်ပယ်တူတွင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့က အရှုံးပေးရစမြဲသာ ဖြစ်သည်။
အဆင့်ကြီးနှစ်ဆင့် သာလွန်သည့်လူကို တိုက်ခိုက်ရမည်ဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
သို့သော် ရှုကျိုးကမူ ၎င်းတို့အားလုံးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်၊ ကျန်းယွမ်တုန်မှာ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
“ တပ်မှူးရှုက တစ်ခြားလူတွေနဲ့ တကယ်ကို မတူတာပဲ၊ သူ့နောက်ကို လိုက်ရတာက ငါက လူမှန်ကိုရှာတွေ့သွားပြီလို့ ဆိုလိုနေတာပဲ “ ကျန်းယွမ်တုန်သည် တစ်ကိုယ်တည်း တွေးတောပြောဆိုနေခဲ့သည်။
…
သုံးမိနစ်အကြာတွင် တပ်မဟာ ၂၃တစ်ခုလုံးသည် အောင်မြင်မှု အသီးအပွင့်များကို ဆွတ်ခူးခဲ့ပြီးပြီဖြစ်ပြီး၊ ရှုကျိုးသည် ဆက်လက်၍ ချီတက်ရန်အတွက် တစ်တပ်လုံးကို အမိန့်ပေးနေတော့သည်။
ယခုတွင် သူတို့သည် မိုင်၅၀၀အထိ ချီတက်လာခဲ့ပြီးပြီဖြစ်ပြီး၊ စစ်ဌာနမှ ချမှတ်ထးသည့် တာဝန်ကို အပြီးသတ်ရန်အတွက် နောက်ထပ် မိုင်၅၀၀သာ ရှေ့ဆက်သွားရတော့မည် ဖြစ်သည်။
ချီတက်နေစဥ်ကာလတွင် ရှုကျိုးသည် များစွာသော ကမ္ဘာ့ကြယ် တပ်ဖွဲ့များကို တွေ့ခဲ့ရပြီး၊ ၎င်းတို့အားလုံးသည် လူအင်အား သုံးထောင်အောက်သာ ရှိသည့် တပ်ဖွဲ့ငယ်လေးများသာ ဖြစ်နေခဲ့သည်။
ခြင်၏ပေါင်လုံးကလည်း အသားဖြစ်သည်ဟူသောမူကို နှလုံးသွင်းကာ ရှုကျိုးသည် အဆိုပါ တပ်ဖွဲ့ငယ်အားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။
တဖြည်းဖြည်းချီတက်နေရင်းဖြင့် သူတို့သည် ပန်းတိုင်ဖြစ်သော မိုင်နှစ်ထောင်အကွာဖြစ်သည့် တောင်တစ်ရာ ပျက်စီးခြင်းဒေသသို့ ညအမှောင် မကျရောက်ခင် အချိန်မှာပင် ရောက်ရှိလာခဲ့သည်။
ဤတောင်တန်းဒေသသည် ကီလိုမီတာ ထောင်နှင့်ချီ၍ ကျယ်ဝန်းပြီး၊ ဤနေရာတွင် တပ်စွဲနေခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် သူတို့ရရှိခဲ့သည့် အောင်ပွဲများကို ရေတွက်နေလျက်ရှိသည်။
“ ကမ္ဘာ့ကြယ် တပ်ဖွဲ့ ခြောက်ခုကို အပြတ်ရှင်းခဲ့တယ်။ အရေအတွက်နဲ့ဆိုရင်တော့ လူနှစ်သောင်းဝန်းကျင်ပဲ၊ အများစုက အဆင့်၄ ပညာရှင်တွေ၊ လူနည်းစုက အဆင့်၅ ပညာရှင်တွေနဲ့ ပြီးတော့ အဆင့်၆ ပညာရှင်ကတော့ လူ၅၀အောက်ပဲ ပါတယ် “
ရှုကျိုး၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက်၌ ကျုံးချန်၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ ဒီလောက်လေးပဲလား။ အများစုက အဆင့်၄တွေ၊ နောက်ဆုံးတစ်ခေါက် အမှတ် ၃တပ်မကို ရှင်းတာလောက်တောင် အကျိုးအမြတ် မရလောက်ဘူး “
ရှုကျိုးမှာလည်း တွေးတွေးဆဆ ဖြစ်နေသည့် အမူအရာတစ်ခုကို ဆင်မြန်းထားခဲ့သည်။
သူသည် ဤတစ်ကြိမ်၌ အနည်းဆုံးအနေဖြင့် စစ်ပွဲရမှတ် သိန်းနှင့်ချီ(သို့) သန်းနှင့်ချီ၍ပင် ရရှိနိုင်သည်ဟု တွေးထားခဲ့သည်။
သို့သော် ယခု၌ ၎င်းမှာ ယုတ္တိကင်းမဲ့နေသည့်အလား ဖြစ်နေခဲ့သည်။
စစ်အင်အား ပိုမိုတောင့်တင်းသည့် ကမ္ဘာ့ကြယ် စစ်တပ်များကို လျင်မြန်စွာ ရုတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး၊ တပ်ဖွဲ့ အသေးစားလေးများသာ ကျန်ရစ်နေခဲ့သည်။
ရှုကျိုးသည် ကျုံးချန်ကို ကြည့်ကာ စကားပြောလာခဲ့သည် “ အစ်ကိုကျုံး၊ အကြံတစ်ခုခု ရှိလား “
“ ငါ့ဆီမှာ ဘာအကြံ ရှိရမှာလဲ “ ကျုံးချန်မှာ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည် “ ငါတို့ကိုက ကံဆိုးနေတာပါကွာ၊ ဒီဘက်မှာက တပ်ဖွဲ့သေးသေးလေးတွေပဲ ရှိတာ “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်နေတော့သည်။ ၃၈မျဥ်းပြိုင် ရှေ့တန်းမှာ အလွန်တရာ ရှည်လျားနေပြီး၊ ကီလိုမီတာ သောင်းနှင့်ချီ၍ ကျယ်ဝန်းနေကာ တပ်မဟာ ၂၃သည် ကီလိုမီတာ ရာဂဏန်းကိုသာ တာဝန်ယူထားရပြီး၊ မိုင်နှစ်ထောင်မျှသာ ချီတက်ရသေးသည်။
ယခု၌ သူတို့၏လမ်းကြောင်းတွင် ရန်သူများ နည်းပါးနေပုံရသည်။
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားထပ်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်က ကျွန်တော်တို့က မိုင်နှစ်ထောင်အထိ ချီတက်လာမယ်ဆိုတဲ့ သတင်းကို ကြိုရထားတာ ဖြစ်နိုင်တယ်၊ အဲ့တာကြောင့် သူတို့က စောစောစီးစီး ပြန်ဆုတ်သွားကြတာ “
“ တကယ်လို့ ကျွန်တော်တို့က ဆက်ပြီးတော့ ချီတက်လိုက်မယ်ဆိုရင် ကမ္ဘာ့ကြယ်ရဲ့ အကြီးစား တပ်ဖွဲ့တွေကို တွေ့ရလောက်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်သည် အံ့ဩတကြီး ဖြစ်သွားခဲ့ပြီး၊ အလောတကြီး လက်ဝေ့ရမ်းပြလာခဲ့သည် “ ညီအစ်ကိုရှု၊ ဟာသလုပ်မနေပါနဲ့ကွာ၊ ငါတို့က တစ်ခြားကမ္ဘာတစ်ခုအကြောင်း ပြောနေကြတာလေကွာ “
“ စစ်ဌာနရဲ့ အမိန့်တွေ မရှိဘဲ လျှောက်လုပ်နေတာက သေကြောင်းကြံနေတာပဲ “
ရှုကျိုးမျ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ခန့်မှန်းပြောဆိုနေခြင်းသာ ဖြစ်သည်။
စစ်ပွဲရမှတ် အနည်းငယ်အတွက် ရှေ့သို့ စွန့်စားသွားလာရန်မှာ မဖြစ်နိုင်လှပေ။
သူသည် တစ်ဦးတည်း မဟုတ်တော့ဘဲ စစ်သည်တော် ရှစ်ထောင်၏ အသက်များကိုပါ တာဝန်ယူထားရပြီ ဖြစ်သည်။
“ အဲ့လိုဆိုရင် စစ်ဌာနရဲ့ အမိန့်တွေကိုပဲ ဆက်စောင့်နေရတော့မှာပေါ့ကွာ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။
“ အဲ့တာက ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်ပဲလေ “ ကျုံးချန်သည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်။
ရှုကျိုးသည် တဲအပြင်ဘက်သို့ ထွက်သွားကာ စစ်ဌာနက ဤနေရာတွင် မရပ်တန့်သွားဘူးဟု ခံစားနေခဲ့ရသည်။
မိုင်နှစ်ထောင် ရှေ့တက်ခြင်းသည် စစ်ဌာန၏ လှည့်စားမှုတစ်ခုသာ ဖြစ်နေလိမ့်မည် ဖြစ်သည်။
အကယ်၍ သူတို့ကသာ နက်ရှိုင်းသော နေရာများဆီသို့ ထိုးဖောက်ဝင်ရောင်နိုင်မည်ဆိုပါက၊ ၎င်းသည် ကြယ်ပြာဂြိုဟ်၏ ဗျူဟာမြောက် နေရာချထားခြင်းအတွက် များစွာအကျိုးရှိစေမည် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်က ကောင်းကင်ဂိတ်၏ ပိုင်နက်ကို ပိုသိမ်းနိုင်လေလေ၊ သူတို့ပြုလုပ်နိုင်သည့် အစီအစဥ်များက ပိုမိုများပြားလေလေ ဖြစ်သည်၊ ထို့ကြောင့် ကမ္ဘာ့ကြယ်၏ အဆင့်မြင့် အင်အားစုများက တိုက်ခိုက်လာမည်ဆိုလျှင်တောင်မှ ဤတိုက်ပွဲ အစီအရင်များက ၎င်းတို့ကို ခုခံနိုင်လိမ့်မည် ဖြစ်သည်။
ဤတိုက်ပွဲ အစီအရင်များ၏ စွမ်းအားကို အထင်မသေးသင့်ပေ။ လူတစ်သောင်း ပါဝင်သည့် တိုက်ပွဲအစီအရင်တစ်ခုသည် အဌမအဆင့်အောက်မှ စွမ်းအားကိုသာ ထုတ်လွှတ်နိုင်ပေသည်။
သို့သော် လူအင်အား တစ်သိန်းပါဝင်သည့် အစီအရင်ဆိုပါက မည်ကဲ့သို့ ဖြစ်နေလိမ့်မည်နည်း
အကယ်၍ လူတစ်သိန်းပါဝင်သည့် တိုက်ပွဲအစီအရင်တစ်ခုကို အဌမအဆင့် ပညာရှင်တစ်ဦးက ထိန်းချုပ်မည်ဆိုပါက နဝမအဆင့် စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
အကယ်၍ အဌမအဆင့် အထွတ်အထိပ်ပညာရှင်က ၎င်းကို ထိန်းချုပ်မည်ဆိုပါက၊ သူတို့သည် နဝမအဆင့် အထွတ်အထိပ်နှင့် ပညာရှင်နှင့် ယှဥ်နိုင်သည့် စွမ်းအားကို ယာယီထုတ်လွှတ်နိုင်မည် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်သည် လူအင်အားမှတစ်ပါး တစ်ခြားသော အရာများ ချို့တဲ့နေခဲ့သည်။
ယခုလက်ရှိ ဤတိုက်ပွဲနယ်မြေတွင် ချထားသည့် ကြယ်ပြာဂြိုဟ်၏ စစ်သည်တော်များမှာ အင်အား သန်းနှင့်ချီ၍ ရှိလေသည်။
ဤသန်းနှင့်ချီသော စစ်သည်တော်တို့ဖြင့် ဖွဲ့စည်ထားသည့် တိုက်ပွဲ အစီအရင်သည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်ဆယ်ဦး၏ စွမ်းအားနှင့် ညီမျှပေသည်။
ကြယ်ပြာဂြိုဟ်၏ နဝမအဆင့် ပညာရှင် အများစုသည် တောင်ပိုင်းစစ်မြေပြင်တွင် အစီအရင်များကို ဖျက်ဆီးနေကြသည်၊ ထို့ကြောင့် ရန်သူကို တားဆီးရန်အတွက် သန်းနှင့်ချီသော ဤစစ်သည်တော်မျာသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေလျက်ရှိသည်။
သူတို့၏ ရှေ့တန်းတပ်ဖွဲ့များက အရှေ့သို့ ပိုတက်နိုင်လေလေ၊ နောက်တန်းက ပိုမိုလုံခြုံလေလေပင် ဖြစ်သည်။
ကွမ်ဟန်သို့ သွားချင်သည့် ကမ္ဘာ့ကြယ်၏ နဝမအဆင့် ပညာရှင်တစ်ဦးကပင် ၃၈မျဥ်းပြိုင်ကို အရင်ဦးဆုံး ကျော်ဖြတ်ရမည် ဖြစ်သည်။
ဤတပ်ဖွဲ့များသည် နောက်တန်းမှ လူများအတွက် အချိန်ပိုရအောင် စွမ်းဆောင်ပေးနေကြသည်။
…
ရှုကျိုး၏ မှန်းဆချက်များမှာ မှန်ကန်နေခဲ့ပြီး၊ သူတို့က ဤဒေသကို သိမ်းပိုက်ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် စစ်ဌာနထံမှ သက်ဆိုင်ရာ အမိန့်အသစ်များ ရောက်ရှိလာခဲ့သည်။
ကျုံးချန်သည် ရှုကျိုး၏ တဲအတွင်းသို့ အလောတကြီး ဝင်ရောက်လာခဲ့သည် “ ညီအစ်ကိုရှု၊ စစ်ဌာနရဲ့ အမိန့်အသစ်တွေကို ရလား “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ တွေ့ပြီးပြီ “
သူသည် လက်ပတ်ကို ဖွင့်ကာ ယခုလေးတင် သူရရှိခဲ့သည့် အမိန့်အသစ်များကို ပြလိုက်သည်။
“ ရှေ့တန်းစစ်တပ်က မိုင်ငါးထောင်အထိ ဆက်ပြီးတော့ ချီတက်ရမယ်။ ဒီတာဝန်က တော်တော်လေး အန္တရာယ်များတဲ့အတွက် တပ်ဖွဲ့တစ်ခုချင်းစီတိုင်းက သူတို့ တတ်နိုင်တဲ့ အတိုင်းအတာကိုပဲ လုပ်သင့်တယ်လို့ အကြံပေးထားတယ်။ ပါချင်တဲ့ လူတွေက စာရင်းသွင်းနိုင်တယ်တဲ့ “
“ ရှေ့တန်းစစ်တပ်နဲ့ ပူးပေါင်းတဲ့လူတွေက ဆုကြေးအဖြစ် စစ်ပွဲအမှတ် ၁သန်းရပြီးတော့ သတ်ဖြတ်ခြင်း ရမှတ်အတွက်လည်း တန်ဖိုးသုံးဆမြှင့်ပြီးတော့ တွက်ချက်ပေးမယ်တဲ့ “
စစ်ဌာန၏ ညွှန်ကြားချက်ကို ဖတ်ရှုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
မိုင်ငါးထောင် ဆက်လက်ချီတက်ခြင်း
၎င်းမှာ ယခင်က မိုင်နှစ်ထောင် ချီတက်ခြင်းထပ်ပင် ပိုမိုအန္တရာယ်များနေလိမ့်မည် ဖြစ်သည်။
မိုင်နှစ်ထောင် ချီတက်ခြင်း ခရီးစဥ်တွင် သူတို့သည် အင်အား သုံးထောင်ဝန်းကျင် ပါရှိသည့် တပ်ဖွဲ့များကိုသာ ရင်ဆိုင်ခဲ့ရသည်။
သို့သော် မိုင်ငါးထောင် ချီတက်မည်ဆိုပါက၊ အင်အား တစ်သောင်းပါသည့် တပ်ဖွဲ့များနှင့် ကမ္ဘာ့ကြယ်၏ တပ်မကြီးအဆင့် တပ်ဖွဲ့များကိုပင် ရင်ဆိုင်ရနိုင်ပေသည်။
အရေးအကြီးဆုံး အရာမှာ ကြယ်ပြာဂြိုဟ်က ကောင်းကင်ဂိတ်ဒေသအကြောင်းကို လုံးဝ မသိခြင်းပင် ဖြစ်သည်။
၎င်းမှာ အကယ်၍ သူတို့က အရှေ့သို့ ဆက်လက်၍ ချီတက်သွားမည်ဆိုပါက၊ မမြင်တွေ့ရသော အန္တရာယ်များနှင့် ကမ္ဘာ့ကြယ် တပ်မများ၏ ချုံခိုတိုက်ခိုက်မှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ အန္တရာယ်များပင်မဲ့ စစ်ဌာနက ပေးထားတဲ့ ဆုကြေးတွေက တကယ်ကြီးကို ဆွဲဆောင်မှုအား ကောင်းနေတယ် “
ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
“ ဆွဲဆောင်မှုအား ကောင်းတာလား။ အမှတ်တစ်သန်းလေးပါပဲ၊ အဲ့တာက ကပ်စီးနည်းလွန်းနေတာ မဟုတ်ဘူးလား “ တစ်ဖက်ရှိ ကျုံးချန်ကမူ မကျေမနပ်ဖြင့် စောဒကတက်နေခဲ့သည်။
အမှတ် တစ်သန်းဆိုသည်မှာ လူတစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘဲ၊ တပ်ဖွဲ့တစ်ခုလုံးအတွက် ဖြစ်သည်။
တပ်မဟာ ၂၃သည် လူရှစ်ထောင်ပါသည့် ယူနစ်တစ်ခုဖြစ်သောကြာင့် ၎င်း၏တပ်မှူးသည် စုစုပေါင်း စစ်ပွဲရမှတ်၏ အပုံနှစ်ဆယ်ပုံတစ်ပုံ ရရှိမည် ဖြစ်သည်။
လူတစ်သောင်း ပါဝင်သည့် တပ်မတစ်ခုအတွက်မူ နှစ်ဆယ့်ငါးပုံတစ်ပုံ ရရှိမည် ဖြစ်သည်။
၎င်းမှာ ဆုကြေး အမှတ် ၁သန်းတွင် တပ်မှူးဖြစ်သည့် ရှုကျိုးသည် အမှတ် ငါးသောင်းဝန်းကျင် ရရှိမည် ဖြစ်ပြီး၊ ဒုတပ်မှူးများအတွက်မူ ရမှတ်က ပိုမိုနည်းပါးသွားနိုင်ပေသည်။
ထို့ကြောင့်ပင် ကျုံးချန်မှာ မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။
သို့ရာတွင် ရှုကျိုးကမူ ရယ်ရယ်မောမောဖြင့် စကားထပ်ပြောလာခဲ့သည် “ စစ်ပွဲအမှတ် တစ်သန်းက ကျွန်တော်တို့အတွက် နည်းနေနိုင်ပင်မဲ့၊ အင်အား သုံးထောင်၊ လေးထောင်ပဲရှိတဲ့ တပ်ရင်းတွေ အတွက်တော့ တော်တော်ကြီးကို များနေမှာပဲ “
“ဒါပင်မဲ့ အမှတ် တစ်သန်းဆိုတာက အတည်မဖြစ်သေးပါဘူး၊ တကယ့်ဆုလဒ်က အနောက် တစ်ခုပဲ “
“ သတ်ဖြတ်မှုအတွက် စစ်ပွဲအမှတ်ကို တန်ဖိုး သုံးဆမြှင့်ပြီးတော့ တွက်ပေးမယ်တဲ့ “
တန်ဖိုးသုံးဆဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း
အကယ်၍ သူတို့ကသာ အမှတ် ၃ တပ်မကဲ့သို့သော အင်အားစုတစ်ခုကို အပြတ်ရှင်းနိုင်ခဲ့မည်ဆိုပါက၊ ရှုကျိုးသည် စစ်ပွဲရမှတ် ခြောက်သိန်းအထိ ရရှိနိုင်ပေသည်။
တပ်မတစ်ခုလျှင် အမှတ်ခြောက်သိန်း …… နှစ်ခု(သို့) သုံးခုဆိုပါက …………
အကယ်၍ ကံတရားကသာ သူ့ဘက်တွင် ရှိနေမည်ဆိုပါက သန်းနှင့်ချီသော စစ်ပွဲရမှတ်များကို အလွယ်တကူ ရရှိလာမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် အလွန်တရာ စိတ်လှုပ်ရှားသွားတော့သည်၊ ၎င်းမှာ သူ့အား ဆဌမအဆင့် အထွတ်အထိပ်(သို့) သူ၏ရွှေအူတိုင်ကို သတ္တမနှင့် အဌမ အသွင်ပြောင်းခြင်းအထိပင် အရောက်ပို့ပေးနိုင်လေသည်။
“ ငါတို့က ရှေ့တန်းစစ်တပ်အတွက် စာရင်းသွင်းမှ ဖြစ်မယ် “
ရှုကျိုးမှ ဆုံးဖြတ်ချက်ချလိုက်သည်။