အခန်း (၁၁၉-၁၂၀)
Vol. 9 Ch. 119-120
အခန်း (၁၁၉) - အင်မော်တယ်သို့ သွားရာလမ်း၊ အရှင်သခင်၏ လှုပ်ရှားမှု၊ ပြတ်သားသော ခြားနားမှု
ကောင်းကင်ချောက်နက်ကြီးတစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးတစ်ခုသည် အဆုံးမဲ့တိုက်ကြီး၏ ကောင်းကင်ယံအထက်၌ ပေါ်ပေါက်လာခဲ့ပြီး ကြီးမားသော တုန်ခါမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအရာသည် မည်သို့သော အက်ကွဲကြောင်းကြီး ဖြစ်သနည်း။
၎င်းသည် မိုင်ပေါင်းသောင်းချီ ရှည်လျားပြီး... ချောက်နက်ကြီးတစ်ခုကဲ့သို့ မခန့်မှန်းနိုင်အောင် နက်ရှိုင်းလှကာ... ၎င်း၏အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော ချီအငွေ့အသက်များ သဲ့သဲ့ ထွက်ပေါ်လျက်ရှိသည် ။
အက်ကွဲကြောင်းအနီးရှိ သက်ရှိသတ္တဝါများသည် ၎င်းမှထွက်ပေါ်လာသော ချီအငွေ့အသက်အား ရှူရှိုက်မိရုံမျှဖြင့်ပင်... သူတို့၏ ဝိညာဉ်များ လန်းဆန်းတက်ကြွလာသည်ကို ခံစားလိုက်ရပြီး... တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်ကာ... သူတို့ တက်လှမ်းတော့မည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ချီအငွေ့အသက်များ အတွင်း၌... စိတ်ကူးဖြင့်ပင် မခန့်မှန်းနိုင်သော ကြီးမားလှသည့် စွမ်းအားတစ်ခု ရှိနေဟန်တူပြီး ၎င်းသည် ပျက်စီးယိုယွင်းမှုအား အံ့ဩဖွယ်ရာအဖြစ်သို့ ပြောင်းလဲပေးနိုင်ကာ... လူတစ်ဦးအား ရှင်သန်မှုစွမ်းအားများ ပြန်လည်ရရှိစေနိုင်စွမ်း ရှိ၏။
ထိုအက်ကွဲကြောင်း၏ တစ်ဖက်ခြမ်း၌ မည်သည့်နေရာ ရှိနေသနည်း။ ၎င်းသည် ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေ ဖြစ်နေမည်လော။
အင်အားစုအဖွဲ့အစည်းအသီးသီးမှ စွမ်းအားကြီးသူများအားလုံး တုန်လှုပ်သွားခဲ့ကြသည်။ နတ်ဆိုးနယ်မြေ ကျူးကျော်မှု၏ ဤကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်၌... အဆုံးမဲ့ကောင်းကင်ဘုံကိုးခုအထက်တွင် ဤသို့သော အက်ကွဲကြောင်းကြီး ပွင့်လာခဲ့သည်။ ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲမျိုးသည် လူတိုင်းအား အငိုက်မိစေခဲ့၏။
သူတို့ထဲတွင် ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးမှ ရှေးဟောင်းအရှင်သခင်များသည် အလွန် စိတ်လှုပ်ရှားလျက် ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုလေဟာနယ်အက်ကွဲကြောင်း၏ ပေါ်ပေါက်လာမှုသည် သူတို့၏ ယခင် ခန့်မှန်းချက်များနှင့် ဖြစ်နိုင်ခြေအချို့အား အတည်ပြုပေးလိုက်ဟန် တူသောကြောင့် ဖြစ်၏။
ထိုကောင်းကင်ဘုံကိုးခု အက်ကွဲကြောင်း၏ နောက်ကွယ်၌ သူတို့ တွက်ဆထားခဲ့သည့်အတိုင်းပင် အင်မော်တယ်နယ်မြေသို့ ဦးတည်သော အင်မော်တယ်တက်လှမ်းခြင်း နေရာ ဖြစ်နိုင်ခြေ အလွန်များပြားလှသည်။
" အဲ့ဒီနေရာက အင်မော်တယ်လမ်း ရှိတဲ့နေရာလား "
" အဲ့ဒီလို ချီမျိုးက လိမ်လို့မရဘူး... ငါအရှင်သခင် စုံစမ်းပြီးသွားပြီ... ဒါက အဆုံးမဲ့ကမ္ဘာနဲ့ လုံးဝမတူဘူး ပိုမြင့်တဲ့အဆင့်ရဲ့ ကြီးမားတဲ့စွမ်းအားတွေ ပါနေတယ်... အငွေ့အသက် သဲ့သဲ့လေးပဲ ဆိုဦးတော့ ဒါက ယစ်မူးစေတုန်းပဲ "
" သက်တမ်းရှည်ခြင်း... သက်တမ်းရှည်ခြင်းပဲ အင်မော်တယ်လမ်းက ပွင့်တော့မယ်... ငါအရှင်သခင် အင်မော်တယ်တက်လှမ်းဖို့အတွက် မျှော်လင့်ချက် ရှိပြီ "
တားမြစ်နယ်မြေများအတွင်း၌ ရှေးဟောင်းအရှင်သခင်များအားလုံးသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ရီလျက် ရှိကြသည်။ သူတို့သည် မရေမတွက်နိုင်သော နှစ်များတစ်လျှောက် အိပ်စက်အနားယူခဲ့ကြပြီး မရေမတွက်နိုင်သော နှစ်များစွာ စောင့်ဆိုင်းခဲ့ကြသည်မှာ အဘယ်အရာအတွက်နည်း။ ၎င်းမှာ ဤနေ့ ဤအချိန်အတွက်သာ ဖြစ်သည် မဟုတ်ပါလော။
ထာဝရအသက်ရှင်သန်ခြင်း၊ အင်မော်တယ်တစ်ပါး ဖြစ်လာရန် လမ်း၏အဆုံးသို့ ရောက်ရှိခြင်းပင် ဖြစ်၏။
သို့သော် ရှေးဟောင်းအရှင်သခင်တစ်ပါးက လျင်မြန်စွာ စကားဆိုလိုက်ရာ တားမြစ်နယ်မြေများအတွင်းရှိ အခြားသော ရှေးဟောင်းအရှင်သခင်များအပေါ်သို့ ရေအေးတစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
" အင်မော်တယ်တက်လှမ်းဖို့ အခွင့်အရေးက ပေါ်လာပေမယ့်... အဲ့ဒီလေဟာနယ်အက်ကွဲကြောင်း နောက်က လမ်းက အပြည့်အဝ မပွင့်သေးဘူး... အခုလောလောဆယ် အင်မော်တယ်တက်လှမ်းလို့ ရနိုင်ဦးမှာ မဟုတ်ဘူး "
အဆုံးမဲ့တိုက်ကြီးအထက်ရှိ လေဟာနယ်အက်ကွဲကြောင်းသည် ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေသို့ ဦးတည်သွားနိုင်ခြေရှိဟန်တူသည်။
သို့သော် ကံမကောင်းစွာပင် လေဟာနယ်အက်ကွဲကြောင်း ပေါ်ပေါက်လာခဲ့သော်လည်း... ၎င်း၏နောက်ကွယ်ရှိ အင်မော်တယ်နယ်မြေသို့ သွားရာ တာအိုလမ်းမှာမူ... ဖွင့်လှစ်ခြင်း မရှိသေးပေ။
ဤသတင်းကို ကြားရသောအခါ... အရှင်သခင်များသည် အနည်းငယ် စိတ်ပျက်သွားခဲ့ကြသော်ငြား... လျင်မြန်စွာပင် စိတ်ကို ပြန်လည်ပြင်ဆင်လိုက်ကြသည်။
" ငါတို့ ဒီလောက်ကြာအောင် စောင့်ခဲ့ပြီးပြီပဲ... နောက်ထပ် ခဏလောက်က ဘာများ အရေးကြီးလို့လဲ "
" ဟုတ်တယ်... ငါတို့ မရေမတွက်နိုင်တဲ့ နှစ်တွေတစ်လျှောက်လုံး စောင့်ခဲ့တာ... နောက်ထပ် အချိန်နည်းနည်းလောက်က ဘာမှ ခြားနားသွားမှာ မဟုတ်ပါဘူး "
" တာအိုညီနောင်တို့ အင်မော်တယ်တက်လှမ်းဖို့ အခွင့်အရေးက ပေါ်လာပြီ.... နတ်ဆိုးနယ်မြေကို ဆက်ပြီး သောင်းကျန်းခွင့် ပေးလို့မဖြစ်တော့ဘူး... ဒါက ငါတို့ရဲ့ အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်ကြီးကို နှောင့်ယှက်ခဲ့မယ်ဆိုရင် ငါတို့တွေ နောင်တရကြရလိမ့်မယ် "
ဤအခိုက်အတန့်တွင် မူလရှေးဟောင်းတွင်းနက်အတွင်းမှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့ရာ အရှင်သခင်များအားလုံး တုန်လှုပ်သွားစေခဲ့သည်။
ယခင်က နတ်ဆိုးနယ်မြေတပ်မတော် ကျူးကျော်ခဲ့စဉ်အခါက ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးသည် မျက်ကွယ်ပြုထားခဲ့ကြသည်။
ဤသည်မှာ နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုသည် ဤရှေးဟောင်းအရှင်သခင်များ၏ အခြေခံအကျိုးစီးပွားများကို မထိပါးခဲ့သောကြောင့်သာ ဖြစ်သည်။
၎င်းသည် သူတို့၏ ကြီးကျယ်လှသော အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်အား အနှောင့်အယှက် မဖြစ်သရွေ့... ဤအရှင်သခင်များသည် နတ်ဆိုးနယ်မြေက မည်သည့်အရာကို လုပ်လိုသည်ဖြစ်စေ... အနည်းငယ်မျှ ဂရုစိုက်ကြမည် မဟုတ်ပေ။
အဆုံးမဲ့တိုက်ကြီးတစ်ခုလုံး သွေးချောင်း အပြည့်အဝ စီးဆင်းသွားစေဦးတောင်မှ ၎င်းသည် အရေးမကြီးပေ။
သို့သော် ယခုအခါတွင်... သူတို့ မရေမတွက်နိုင်သော နှစ်များစွာ စောင့်ဆိုင်းခဲ့ရသည့်... အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးမှာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
နတ်ဆိုးနယ်မြေ၏ နောက်ဆက်တွဲ လှုပ်ရှားမှုများသည်... ဤအရာကို ထိခိုက်သွားစေလိမ့်မည်လား... မည်သူမှ သေချာမသိနိုင်ပေ။
အကောင်းဆုံး ရွေးချယ်မှုမှာ အရာအားလုံးကို ငြိမ်သက်စေပြီး... မလိုလားအပ်သော အပြောင်းအလဲများ ပေါ်ပေါက်လာခြင်းမှ တားဆီးရန်သာ ဖြစ်သည်။
" တာအိုညီနောင် ပြောတာမှန်တယ်... ငါတို့ တကယ်ပဲ ဝင်လှုပ်ရှားသင့်ပြီနဲ့တူတယ်..... "
" ဘယ်သူမှ ငါတို့ရဲ့ အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်ကို နှောင့်ယှက်လို့မရဘူး... နတ်ဆိုးနယ်မြေ ဆိုရင်တောင်မှပဲ "
ရှေးဟောင်းအရှင်သခင်များ တစ်ဦးပြီးတစ်ဦးသည် ခိုင်မာသော အသံများဖြင့် ပြောဆိုလိုက်ကြပြီး... သူတို့၏ အကြည့်များထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များပင် ပါဝင်လျက်ရှိသည်။
တစ်ချိန်တုန်းက သူတို့သည်လည်း အဆုံးမဲ့ကောင်းကင်အား ဂရုစိုက်ပြီး သက်ရှိအားလုံးကို ကာကွယ်ပေးခဲ့သော ဧကရာဇ်အဆင့် တည်ရှိမှုများ ဖြစ်ခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် သူတို့သည် တားမြစ်နယ်မြေများ၌ အိပ်စက်အနားယူခဲ့ကြသည့် အချိန်မှစ၍... မရေမတွက်နိုင်သော နှစ်များစွာကို ကြံ့ကြံ့ခံရင်း သူတို့၏ နှလုံးသားများသည် တဖြည်းဖြည်း အေးစက်လာခဲ့ပြီး... အဆုံးမဲ့ကမ္ဘာမှ သက်ရှိများအပေါ် ဂရုတစိုက် မရှိကြတော့ပေ။ သူတို့၏ တာအိုနှလုံးသားသည် သံကဲ့သို့ မာကျောသွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး... အင်မော်တယ်တက်လှမ်းခြင်းအပေါ် စွဲလမ်းမှုတစ်ခုသာ ကျန်ရှိတော့သည်။
ယခုမူ သူတို့သည် တားမြစ်နယ်မြေများမှ နိုးထလာကြမည်ဖြစ်ပြီး... ထိုနတ်ဆိုးနယ်မြေမှ ကျူးကျော်သူများကို တွန်းလှန်ကြမည် ဖြစ်သည်။
တစ်နည်းအားဖြင့် ဤသည်မှာ သူတို့သည် အဆုံးမဲ့ကမ္ဘာမှ သက်ရှိများကို ကာကွယ်ပေးသည့် တာဝန်အား တစ်ဖန်ပြန်လည် ယူဆောင်လိုက်ခြင်းကို ဆိုလိုသည်။
သို့သော် ဤတားမြစ်နယ်မြေများအတွင်းမှ ရှေးဟောင်းအရှင်သခင်များအားလုံး ရှင်းလင်းစွာ သိရှိကြသည်မှာ.....
သူတို့ ထိုနတ်ဆိုးနယ်မြေအရှင်များကို တွန်းလှန်လိုသည့် အကြောင်းရင်းမှာ... အဆုံးမဲ့ကမ္ဘာမှ သက်ရှိများကို ကာကွယ်ရန် မဟုတ်ဘဲ... သူတို့၏ ကိုယ်ပိုင် ကြီးကျယ်လှသော အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်အား... နှောင့်ယှက်ခြင်း မခံရစေရန်သာဖြစ်ပြီး ထို့ထက်မပိုပေ။
...
အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်း၌.....
လေဟာနယ်အက်ကွဲကြောင်း ပေါ်ပေါက်လာသည့်အခိုက်အတန့်၌... ကုချန်သည် ချက်ချင်း အာရုံခံမိလိုက်ပြီး... သူ၏အကြည့်မှာ အဆုံးမဲ့တိုက်ကြီး၏ ကောင်းကင်ယံ အမြင့်သို့ ဦးတည်သွားခဲ့သည်။
" အင်မော်တယ်တက်လှမ်းခြင်းနဲ့ ပတ်သက်နေတာလား "
ကုချန်သည် ညင်သာစွာ တီးတိုးရေရွတ်လိုက်သော်လည်း... သူ၏စိတ်ထဲတွင် လွန်ခဲ့သော နှစ်ကိုးသောင်းမှ မြင်ကွင်းအား ပြန်လည် အမှတ်ရလာခဲ့သည်။
လွန်ခဲ့သော နှစ်ကိုးသောင်းက ဒဏ္ဍာရီလာ အင်မော်တယ်လမ်းသည်လည်း ပေါ်ပေါက်ခဲ့ဖူး၏။ သို့သော် သူသည် ထိုအင်မော်တယ်လမ်း၏ အဆုံးထိ တိုက်ခိုက်သွားခဲ့သည့်အခါ... ၎င်းသည် ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေ လုံးဝမဟုတ်ဘဲ နတ်ဆိုးနယ်မြေ၏ နယ်ခြားစွန် မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ရသည် ။
ဤတစ်ကြိမ်တွင် အင်မော်တယ်နယ်မြေသို့ ဦးတည်သည်ဟု သံသယရှိရသော တာအိုလမ်းတစ်ခုသည် အဆုံးမဲ့ကမ္ဘာအတွင်း၌ တစ်ဖန်ပြန်လည် ပွင့်လာခဲ့၏။
ဤတာအိုလမ်း၏ အဆုံးသည် အင်မော်တယ်နယ်မြေ ဖြစ်မည်လော... သို့တည်းမဟုတ် အခြားသော နတ်ဆိုးနယ်မြေတစ်ခု ဖြစ်နေမည်လော ဆိုသည်ကိုမူ... မသိရှိရသေးပေ။
ခဏမျှ စဉ်းစားလိုက်ပြီးနောက်... ကုချန်သည် ခေါင်းခါလိုက်ပြီး... ညင်သာစွာ ရယ်မောလိုက်မိ၏။
ဤလမ်း၏ အဆုံးသည် မည်သည့်နေရာသို့ ဦးတည်သွားသည်ဖြစ်စေ... ၎င်းသည် သူနှင့် မည်သို့ ပတ်သက်နေသနည်း။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဧကရာဇ်အဆင့်အထွက်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေသို့ သွားစရာ မလိုဘဲနှင့်ပင် သူသည် သာမန်လောကတွင် မိမိဘာသာမိမိ လုံလောက်သော သက်တမ်းရှည်ပစ္စည်းများကို စုစည်းကာ မသေနိုင်၊ မပျက်စီးနိုင်သောသူ ဖြစ်လာနိုင်သည်။
ဤသို့ဆိုလျှင် ကောင်းကင်နှင့် သက်တမ်းတူညီသည်ဟု ဆိုကြသော စစ်မှန်သည့်အင်မော်တယ်များနှင့် မည်သို့မျှ ခြားနားခြင်း မရှိတော့ပေ။ သူသည် အင်မော်တယ်နယ်မြေသို့ တက်လှမ်းရန် အဘယ်ကြောင့် အပင်ပန်းခံ ကြိုးပမ်းနေရန် လိုအပ်မည်နည်း။
ထို့အပြင် ဤလေဟာနယ်အက်ကွဲကြောင်း ပေါ်ပေါက်လာသည့် အချိန်ဟာ... အလွန်ရုတ်တရက်ဆန်ပြီး ထူးဆန်းလှသည်။ ၎င်း၏ နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှု တစ်စုံတစ်ရာ ရှိနေမည်လား... ပြောရန် ခက်ခဲလှသည်။
ထို့ကြောင့် ကုချန် ယခု လုပ်ဆောင်ရမည့်အရာမှာ... ပွဲကြည့်ပရိသတ်အဖြစ် နေကာ ဤကြီးကျယ်ခမ်းနားသော ပြဇာတ်ကြီး မည်သို့မည်ပုံ ဖြစ်ပေါ်လာမည်ကို... စောင့်ကြည့်ရန်သာ ဖြစ်သည်။
...
အဆုံးမဲ့နယ်မြေငါးခုမှ သက်ရှိများ လေဟာနယ်အက်ကွဲကြောင်း ပေါ်ပေါက်လာမှုကြောင့် အငိုက်မိနေကြဆဲ အခိုက်အတန့်၌.....
ထိုအချိန်တွင် ဖြစ်ပျက်ခဲ့သည့်အရာမှာ... သူတို့၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်သွားခဲ့သည်။
နတ်ဆိုးနယ်မြေစစ်သည်များ နယ်မြေငါးခုတစ်လျှောက် သောင်းကျန်းနေစဉ်... သေမင်းကဲ့သို့ တိတ်ဆိတ်လျက်ရှိသော ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးသည်... တစ်ချိန်တည်း လှုပ်ရှားလာကြ၏။
ကောင်းကင်ယံကို ဖုံးလွှမ်းသွားသော ဧရာမလက်ကြီးများသည် ထိုရှင်သန်ခြင်းတားမြစ်နယ်မြေများမှ ဆန့်တန်းထွက်ပေါ်လာခဲ့ပြီး... နယ်မြေငါးခုတစ်လျှောက် သောင်းကျန်းနေသော နတ်ဆိုးနယ်မြေစစ်သည်များကို ကြိတ်ချေ ဖျက်ဆီးပစ်လိုက်သည်။
တားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်သခင်များသည် အမှန်တကယ်ပင် လှုပ်ရှားလိုက်ကြပြီဖြစ်ပြီး... ထိုနတ်ဆိုးနယ်မြေမှ ကျူးကျော်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုတစ်ရပ်အား စတင်လိုက်ကြသည်။
မည်သို့ ဖြစ်ပျက်သွားရသနည်း။
နယ်မြေငါးခုမှ သက်ရှိများအားလုံး စိတ်ရှုပ်ထွေး အံ့အားသင့်သွားခဲ့ကြသည်။
" ဖြစ်နိုင်တာက... ဒီတားမြစ်နယ်မြေထဲက ရှေးဟောင်းအရှင်သခင်တွေတောင်မှ နတ်ဆိုးနယ်မြေရဲ့ ကျူးကျော်မှုကို... ဒီတိုင်း ကြည့်မနေနိုင်တော့လို့... ဒါကိုတားဆီးပြီး သက်ရှိအားလုံးကို ကယ်တင်တော့မှာလား "
တစ်စုံတစ်ယောက်သည် တုန်ရီနေသော အသံဖြင့် စိတ်လှုပ်ရှားစွာ တီးတိုးရေရွတ်လိုက်သည်။
သက်ရှိအားလုံး၏ မှတ်ဉာဏ်များထဲတွင် ဤတားမြစ်နယ်မြေများအတွင်းမှ အရှင်သခင်များသည်... မကောင်းဆိုးဝါးဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ဖြစ်ကြသည်ဟု.... ရှေးယခင်ကတည်းက ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ဖူး၏။
သို့သော် ယခုအခါတွင်... တားမြစ်နယ်မြေအရှင်သခင်များ၏ လုပ်ရပ်များက... လူတို့၏ နားလည်သဘောပေါက်မှုအား ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။
ထိုတားမြစ်နယ်မြေ အရှင်သခင်များသည် အမှန်တကယ်ပင် လှုပ်ရှားလာခဲ့ပြီး... နတ်ဆိုးနယ်မြေစစ်သည်များကို အလုံးအရင်းလိုက် သတ်ဖြတ်ကာ... နတ်ဆိုးနယ်မြေ၏ ဖရိုဖရဲ အခြေအနေအား တားဆီးလျက်ရှိသည်။
" နှိုင်းယှဉ်ကြည့်လိုက်တော့ အထက်ကောင်းကင်တားမြစ်နယ်မြေ... ဟား ... အဲ့ဒီ ကောင်းကင်ဘုံအရှင်သခင်က ဒီတားမြစ်နယ်မြေ အရှင်သခင်တွေလောက်တောင် မကောင်းဘူး "
တစ်စုံတစ်ယောက်မှ မထီမဲ့မြင် ရယ်မောလိုက်၏။
တားမြစ်နယ်မြေအသီးသီးအတွင်းမှ ရှေးဟောင်းအရှင်သခင်များသည် လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ စတင် လှုပ်ရှားလိုက်ကြပြီ ဖြစ်သည်။
သို့သော်... အထက်ကောင်းကင်တားမြစ်နယ်မြေမှာမူ လုံးဝတိတ်ဆိတ်လျက်ရှိဆဲဖြစ်ပြီး... ပြတ်သားသော ခြားနားမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထို ကောင်းကင်ဘုံအရှင်သခင်သည် ဤတားမြစ်နယ်မြေ အရှင်သခင်များထက်ပင် ညံ့ဖျင်းလှ၏။
အခန်း (၁၂၀) - နတ်ဆိုးနယ်မြေ၏ ဆုတ်ခွာခြင်း၊ ကုချန်၏ ရည်မှန်းချက် နှင့် ဧကရာဇ်၏ အထွတ်အထိပ် အုပ်စိုးမှု
" ဟမ်? "
ရှင်သန်ခြင်းတားမြစ်နယ်မြေအသီးသီးရှိ ရှေးဟောင်းအရှင်သခင်များ လှုပ်ရှားလိုက်သည့်အခိုက်အတန့်တွင်... မိုယွဲ့အရှင်နှင့် အခြားသော နတ်ဆိုးနယ်မြေ၏ အရှင်သခင်များစွာတို့သည် ချက်ချင်း သတိပြုမိလိုက်ကြ၏။
တားမြစ်နယ်မြေများအတွင်းမှ ထုတ်လွှတ်လိုက်သော ဧကရာဇ်အဆင့် စွမ်းအားကို ကြည့်လျက်... မိုယွဲ့အရှင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားလေသည်။
" ဒုက္ခပဲ! "
မိုယွဲ့အရှင်၏ မျက်နှာသည် တင်းမာသွား၏။ သူထင်ထားသည်မှာ ကောင်းကင်ဘုံအရှင်သခင် ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်လိုက်ပြီးနောက်... အဆုံးမဲ့ကမ္ဘာအား သုတ်သင်ရှင်းလင်းသည့် ဖြစ်စဉ်သည် အတားအဆီးမရှိ ချောမွေ့စွာ ရှေ့ဆက်သွားမည်ဟူ၍ ဖြစ်သည်။ သူသည် အဆုံးမဲ့တားမြစ်နယ်မြေအတွင်း၌ ဧကရာဇ်အဆင့်ထက် မနိမ့်ကျသော သတ္တဝါများ ဤမျှလောက်များစွာ ပုန်းအောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ!
အကြမ်းဖျင်း ရေတွက်ကြည့်ရုံမျှဖြင့်ပင်... တားမြစ်နယ်မြေများအတွင်းမှ ယခုလေးတင် ဧကရာဇ်အဆင့် စွမ်းအား တစ်ဒါဇင်ထက်မနည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိရသည်။
ထို့အပြင်... ဤသည်မှာ အဆုံးမဲ့တားမြစ်နယ်မြေ၏ စွမ်းအား အပြည့်အစုံ မဟုတ်သေးကြောင်း ကြိုတင်ခန့်မှန်းနိုင်ပေသည်။ ဤတားမြစ်နယ်မြေများအတွင်း ပုန်းကွယ်နေသော အရှင်သခင်များ၏ အရေအတွက်သည် ယခု လှုပ်ရှားလာသူများထက် ပို၍သာ များပြားလိမ့်မည် ဖြစ်သည်။
အမှန်စင်စစ်... တားမြစ်နယ်မြေအသီးသီးရှိ အရှင်သခင်များ လှုပ်ရှားလာကြသော်လည်း... သူတို့၏ အဓိကပန်းတိုင်မှာ သတိပေးချက်တစ်ခု ထုတ်ပြန်ရန်နှင့် နတ်ဆိုးနယ်မြေ စစ်တပ်အား ဆုတ်ခွာသွားစေရန်သာ ဖြစ်ပြီး... ဤ နတ်ဆိုးနယ်မြေ၏အရှင်များနှင့် သေသည်အထိ တိုက်ခိုက်ရန် မဟုတ်ချေ။
ထို့ကြောင့်... ထိုတားမြစ်နယ်မြေ အရှင်သခင်များ၏ ပစ်မှတ်များသည် နတ်ဆိုးနယ်မြေ၏အရှင်များ လက်အောက်ရှိ နတ်ဆိုးစစ်သည်များနှင့် နတ်ဆိုးလက်ပါးစေများသာ ဖြစ်လေသည်။
သူတို့သည် ဤ နတ်ဆိုးနယ်မြေ၏အရှင်များနှင့် သေသည်အထိ တိုက်ခိုက်လိုခြင်း မရှိကြပေ... အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် သူတို့၏ ကိုယ်ပိုင်အခြေအနေကို သက်ရောက်မှုရှိစေမည်ဖြစ်ပြီး... သူတို့၏ အနာဂတ် အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်အတွက် အကျိုးယုတ်စေမည် ဖြစ်သောကြောင့်တည်း။
မိုယွဲ့အရှင်နှင့် အခြားသူများအတွက်မူ... ဤသတိပေးချက်သည် ရှင်းလင်းစွာ အကျိုးသက်ရောက်မှု ရှိခဲ့လေသည်။
ယခု ထျန်းကျွင်းအဆင့်အရှင် ကျဆုံးသွားခဲ့ပြီဖြစ်ပြီး... ဤ အဆုံးမဲ့တိုက်ကြီးပေါ်တွင် ဧကရာဇ်အဆင့် သတ္တဝါများစွာ ပုန်းအောင်းနေလျက်ရှိရာ... အကယ်၍ သူတို့သည် ခေါင်းမာစွာဖြင့် ဆက်လက် သတ်ဖြတ်နေမည်ဆိုပါက... အကောင်းဆုံး ရလဒ်မှာ တားမြစ်နယ်မြေ အရှင်သခင် အနည်းငယ်မျှကို ထပ်မံ ချေမှုန်းနိုင်ရုံမျှသာ ဖြစ်ပေလိမ့်မည်... သို့သော် သူတို့သည် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကိုမူ လုံးဝ သိမ်းပိုက်နိုင်ကြမည် မဟုတ်ပေ။
ဤသို့ တွေးမိသောအခါ... မိုယွဲ့အရှင်နှင့် အခြားသူများသည် ဆုတ်ခွာလိုသော ဆန္ဒကို... မထိန်းချုပ်နိုင်စွာ ခံစားလိုက်ကြရသည်။
" မိုယွဲ့... ငါတို့ သွားမှာလား... မသွားဘူးလား? "
နတ်ဆိုးနယ်မြေ၏အရှင်တစ်ပါးသည် တားမြစ်နယ်မြေအတွင်းမှ ထုတ်လွှတ်လိုက်သော... ဧကရာဇ်အဆင့် စွမ်းအားတစ်ခုအား ပေါ့ပေါ့ပါးပါး တားဆီးလိုက်ရင်း.... လေးနက်သော အသံဖြင့် မေးလိုက်သည်။
" ထျန်းကျွင်းအဆင့်အရှင်သာ အသက်ရှင်နေသေးရင်... ဒီတားမြစ်နယ်မြေတွေကို သိမ်းပိုက်တာက ဖြစ်နိုင်လောက်တယ်... ဒါပေမဲ့ အခု ထျန်းကျွင်းအဆင့်အရှင် သေသွားပြီ... ငါတို့ငါးယောက်တည်းနဲ့ ဒီအဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေကို မနိုင်ဘူး "
အခြား နတ်ဆိုးနယ်မြေ၏အရှင်တစ်ပါးမှ လေးနက်သော အသံဖြင့် ပြောကြားလိုက်သည်။
" ဆုတ်ခွာမယ်! "
မိုယွဲ့အရှင်သည် ခဏမျှ စဉ်းစားတွေးတောကာ စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း... နောက်ဆုံးတွင်မူ ဆုတ်ခွာရန် အမိန့်ပေးလိုက်လေသည်။
အဆုံးမဲ့တားမြစ်နယ်မြေရှိ အရှင်သခင်များအားလုံးသည် ပေါက်ကွဲထွက်ပေါ်လာကြပြီး... အဆုံးမဲ့ကမ္ဘာအပေါ်သို့ သူတို့၏ ချီတက်မှုကို ရပ်တန့်စေခဲ့သည်။ ဤသည်မှာ သူတို့၏ အမှား မဟုတ်ပေ... ဤတစ်ကြိမ် နက်ရှိုင်းသော နတ်ဆိုးနယ်မြေသို့ ပြန်သွားသည့်အခါ ရှင်းပြစရာတစ်ခု ရှိသွားပြီဟု ယူဆနိုင်လေသည်။
" ဟွန့်! နောက်တစ်ခါ ငါတို့လာရင်... ဒီပုရွက်ဆိတ်တွေကို သေချာပေါက် အပြောင်ရှင်းပစ်မယ်! "
နတ်ဆိုးနယ်မြေ၏ အရှင်တစ်ပါးက အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောဆိုလိုက်၏။
အရှင်သခင်အဆင့် ကျွမ်းကျင်သူများ၏ အရေအတွက်ဖြင့် ပြိုင်ဆိုင်ရမည်လော။ နက်ရှိုင်းသော နတ်ဆိုးနယ်မြေသည် ဘယ်သောအခါမျှ ကြောက်ရွံ့ခဲ့ခြင်း မရှိခဲ့ပေ။
ဤတစ်ကြိမ်တွင်... ထျန်းကျွင်းအဆင့်အရှင် အဖော်အဖြစ် လိုက်ပါလာသောကြောင့်သာ... အရှင်သခင် ငါးဦးတည်းကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သူတို့သည် နက်ရှိုင်းသော နတ်ဆိုးနယ်မြေသို့ ပြန်လည်ရောက်ရှိပြီး... အခြေအနေကို ရှင်းပြလိုက်သည်နှင့်တစ်ပြိုင်နက်... နက်ရှိုင်းသော နတ်ဆိုးနယ်မြေသည် နတ်ဆိုးနယ်မြေ၏အရှင် တစ်ဒါဇင်ကျော် သို့မဟုတ် အယောက်နှစ်ဆယ်ကိုပင်... အလွယ်တကူ စေလွှတ်နိုင်ပေသည်။
" သွားကြစို့ "
မိုယွဲ့အရှင်သည် တွန့်ဆုတ်နေခြင်း မပြခဲ့ပေ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်... သူသည် နတ်ဆိုးစစ်သည် အမြောက်အမြားကို ဆွဲခေါ်လိုက်ပြီး... အဆုံးမဲ့တိုက်ကြီးမှ နောက်သို့လှည့်မကြည့်ဘဲ ထွက်ခွာသွားကာ... အဆုံးမဲ့ကမ္ဘာ၏ နက်ရှိုင်းသော အပိုင်းများဆီသို့ ပျံသန်းသွားလေသည်။
ဤသည်ကို မြင်သောအခါ... အခြား နတ်ဆိုးနယ်မြေ၏အရှင်များကလည်း ထိုနည်းတူ လိုက်ပါကြကာ... တစ်ဦးချင်းစီသည် မိမိတို့၏ လက်အောက်မှ နတ်ဆိုးစစ်သည် တစ်စုစီကို ခေါ်ဆောင်လျက် အလျင်အမြန် ထွက်ခွာသွားကြလေသည်။
သူတို့သည် အလျင်စလို ထွက်ခွာသွားကြသောကြောင့်... နတ်ဆိုးစစ်သည်များအားလုံးကို ခေါ်ဆောင်သွားနိုင်ခြင်း မရှိဘဲ... အချို့သော နတ်ဆိုးစစ်သည်များသည် အဆုံးမဲ့တိုက်ကြီးပေါ်တွင် ကျန်ရစ်ခဲ့ကြ၏။
နတ်ဆိုးနယ်မြေအရှင်များ၏ အထောက်အပံ့မရှိဘဲ... ဤ နတ်ဆိုးစစ်သည်များ၏ ကံကြမ္မာသည် ခန့်မှန်းရလွယ်ပေသည်... အချိန်တစ်ခုအတွင်း မျိုးပြတ်သုတ်သင်ခံရခြင်းသာ ဖြစ်၏။
သို့သော်... မိုယွဲ့အရှင်နှင့် အခြားသူများအတွက်မူ... ဤသည်မှာ ပြဿနာတစ်ရပ် မဟုတ်ခဲ့ပေ။
နတ်ဆိုးနယ်မြေသည် ကျယ်ပြောလှပြီး... မကောင်းဆိုးဝါး နတ်ဆိုးများစွာ ရှိသဖြင့်... နတ်ဆိုးစစ်တပ် တစ်သန်းကို စုစည်းရန်မှာ... အားစိုက်ထုတ်စရာမလိုသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
အကယ်၍ ဤ နတ်ဆိုးစစ်သည်များ ဆုံးရှုံးသွားပါက... သူတို့သည် နောက်ပိုင်းတွင် အခြားတစ်သုတ်အား... ထပ်မံ စုဆောင်းလိုက်ရုံသာ ဖြစ်သည်။
မိုယွဲ့အရှင်နှင့် အခြားသူများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ... တားမြစ်နယ်မြေများတွင် ပုန်းအောင်းနေသော ရှေးဟောင်းအရှင်သခင်များသည် နောက်ဆုံးတွင် သူတို့၏ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး... တစ်ဖန် ပြန်လည် အိပ်စက်ခြင်းထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့၏ ပန်းတိုင်မှာ... မိုယွဲ့အရှင်နှင့် အခြားသူများက သူတို့၏ အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်အား နှောင့်ယှက်ခြင်းမှ တားဆီးရန်မျှသာ ဖြစ်သည်... သူတို့နှင့် သေသည်အထိ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြပေ။
ထို့ကြောင့်... နတ်ဆိုးနယ်မြေ၏အရှင်များ ထွက်ခွာသွားသည်ကို မြင်သောအခါ... ဤ တားမြစ်နယ်မြေ အရှင်သခင်များသည် သဘာဝအတိုင်းပင် နှစ်ထောင်းအားရ ဖြစ်ကြပြီး... သူတို့အား တားဆီးကြမည် မဟုတ်ပေ။
" သူတို့ ဆုတ်ခွာသွားပြီ! နတ်ဆိုးနယ်မြေစစ်တပ် တကယ် ဆုတ်ခွာသွားပြီ! "
" ဟားဟား! ငါတို့ လွတ်မြောက်ပြီ... ငါတို့ လွတ်မြောက်ပြီ! "
" ကောင်းကင်ဘုံက ငါ့ လင်မိသားစုကို ကောင်းချီးပေးပါ!!! "
မိုယွဲ့အရှင်နှင့် အခြားသူများ ဆုတ်ခွာသွားပြီးနောက်... အတန်ကြာမှပင် ဒေသကြီးငါးခု၏ အဆုံးမဲ့တာအိုများသည် အိပ်မက်မှ နိုးထလာသကဲ့သို့... ကမ္ဘာမြေ တုန်ခါလောက်အောင် ကျယ်လောင်လှသော အောင်ပွဲခံသံများ ပေါက်ကွဲ ထွက်ပေါ်လာလေသည်။
နတ်ဆိုးနယ်မြေ စစ်တပ်သည် အမှန်တကယ် ဆုတ်ခွာသွားခဲ့လေပြီ!
အဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအိုများသည် ကယ်တင်ခြင်း ခံလိုက်ရလေပြီ!
ဤ အောင်ပွဲခံသံများ အလယ်တွင်... အဆုံးမဲ့ဧကရာဇ်မျိုးနွယ် အသီးသီးသည် အသံအကျယ်လောင်ဆုံး ဖြစ်ကြသည်။
သူတို့သည် နတ်ဆိုးနယ်မြေ စစ်တပ်၏ အဓိက ပစ်မှတ်များ ဖြစ်ကြသည်။
မူလက... နောက်ထပ် တစ်နာရီ သို့မဟုတ် နှစ်နာရီမျှ အကြာတွင်... ဤ ဧကရာဇ်မျိုးနွယ်များသည် မျိုးပြုတ်သုတ်သင်ခြင်း ခံရတော့မည် ဖြစ်သော်လည်း... နတ်ဆိုးနယ်မြေ စစ်တပ်သည် ဤအခိုက်အတန့်တွင် ဆုတ်ခွာသွားခဲ့ရာ... ဤ ဧကရာဇ်မျိုးနွယ်ဝင်များအား အသက်ချမ်းသာရာ ရရှိစေခဲ့သည်။
ငရဲဘုံမှ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့... ကြီးမားလှသော ဤကွာခြားချက်က လူအများအား ဝမ်းမြောက်ခြင်း မျက်ရည်များ ကျဆင်းစေပြီး... မည်သို့ အလွန်အမင်း စိတ်လှုပ်ရှားခြင်း မဖြစ်စေဘဲ ရှိမည်နည်း။
" ဒီတစ်ခါ အဆုံးမဲ့ကမ္ဘာ သတ္တဝါတွေကို ကယ်တင်ခဲ့တာက... အဲဒီ တားမြစ်နယ်မြေ အရှင်သခင်တွေ ဖြစ်လိမ့်မယ်လို့... ဘယ်တုန်းကမှ မထင်ခဲ့ဘူး "
ဘေးဒုက္ခမှ လွတ်မြောက်ခြင်း၏ ပျော်ရွှင်မှု အလယ်တွင်... တစ်စုံတစ်ယောက်က မထိန်းချုပ်နိုင်ဘဲ ရေရွတ်လိုက်သည်။
" ဟုတ်တယ်... နတ်ဆိုးနယ်မြေ ကျူးကျော်လာတာနဲ့... တားမြစ်နယ်မြေတွေထဲက အဲဒီ ရှေးဟောင်းအရှင်သခင်တွေတောင် လက်ပိုက်ကြည့်မနေနိုင်ဘဲ အကူအညီ ပေးခဲ့ကြတယ်... သူတို့နဲ့ယှဉ်ရင်... အဲဒီ အထက်ကောင်းကင်ဘုံတားမြစ်နယ်မြေကတော့... ဟွန့်! "
တစ်စုံတစ်ယောက်က တစ်စုံတစ်ရာကို အရိပ်အမြွက် ပြောကြားရင်း... နှာခေါင်းရှုံ့လိုက်သည်။
လူတိုင်းသည် တားမြစ်နယ်မြေများ အတွင်းရှိ အရှင်သခင်များအား ကျေးဇူးတင်နေကြ၏... သူတို့ ယုံကြည်ထားသည်မှာ အကယ်၍ ဤ ရှေးဟောင်းအရှင်သခင်များသာ မရှိခဲ့ပါက... နတ်ဆိုးနယ်မြေ စစ်တပ်သည် ဆုတ်ခွာသွားမည် မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော် သာမန်လူများသည် ဤ တားမြစ်နယ်မြေ အရှင်သခင်များ လှုပ်ရှားလာရသည့် အကြောင်းရင်းမှာ... သူတို့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ... သူတို့၏ ကိုယ်ပိုင် အင်မော်တယ်တက်လှမ်းခြင်း အစီအစဉ်အတွက်သာ ဖြစ်ကြောင်းကိုမူ... မသိရှိကြပေ။
သူတို့သည် အကယ်၍ ကုချန်က ထျန်းကျွင်းအဆင့်အရှင်အား ပေါ့ပေါ့ပါးပါး ဖိနှိပ် သတ်ဖြတ်ခြင်း မပြုခဲ့ပါက... ဤ တားမြစ်နယ်မြေ အရှင်သခင်များ လှုပ်ရှားခဲ့လျှင်ပင် အချည်းနှီးသာ ဖြစ်မည်ကိုလည်း... သိရှိကြလိမ့်မည် မဟုတ်ပေ။
သူတို့သည် သူတို့ မြင်တွေ့ရသည့် အရာကိုသာ သိရှိနိုင်ကြသည်။
တားမြစ်နယ်မြေ အရှင်သခင်များ လှုပ်ရှားခဲ့ပြီး... နတ်ဆိုးနယ်မြေ စစ်တပ်အား တွန်းလှန်ခဲ့သည်။
ပြီးလျှင် ကောင်းကင်ဘုံအရှင်သခင်ကမူ ဘာမျှ လုပ်ဆောင်ခဲ့ခြင်း မရှိ... ထိုမျှသာတည်း.....
......
သာမန်လူများ၏ နှလုံးသားထဲမှ မကျေနပ်မှုများကို ကုချန်သည် မသိရှိခဲ့ပေ။
သို့မဟုတ် ထပ်ပြောရလျှင်... သူ သိရှိခဲ့လျှင်ပင်... ဂရုစိုက်မည် မဟုတ်ပေ။
မိုယွဲ့အရှင်နှင့် အခြားသူများ ဆုတ်ခွာသွားသည်ကို... ဧကရာဇ်မျိုးနွယ် အသီးသီးနှင့် ဒေသကြီးငါးခု၏ အဆုံးမဲ့တာအိုများ အောင်ပွဲခံနေကြသည်ကို ကြည့်လျက်... ကုချန်၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိ တည်ငြိမ်နေ၏။
သူသည် အဆုံးမဲ့ကမ္ဘာရှိ သတ္တဝါများ အောင်ပွဲခံရန်မှာ... အလွန် စောလွန်းနေသေးကြောင်း သိရှိ၏။
နက်ရှိုင်းသော နတ်ဆိုးနယ်မြေ၏ နယ်နိမိတ်အား စောင့်ကြပ်သူ မရှိတော့သည်နှင့်အညီ... ဤ နတ်ဆိုးနယ်မြေ၏အရှင်များ တစ်ဖန် ပြန်လာကြမည်မှာ... ရှောင်လွှဲ၍မရနိုင်သော အရာ ဖြစ်သည်။
ထို့အပြင် သူတွေးမိသည်မှာ... ထိုနေ့သည်လည်း များစွာ ဝေးကွာတော့မည် မဟုတ်ပေ။
ဤ အဆုံးမဲ့ကမ္ဘာ သတ္တဝါများသည် အောင်ပွဲခံရန် စောလွန်းနေသေး၏။
မျက်လွှာကို အောက်သို့ ချလျက်... ကုချန်သည် သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး... ဤတစ်ကြိမ် သူ ရရှိလိုက်သော အကျိုးအမြတ်များကို စတင် စစ်ဆေးလေသည်။
အဆုံးမဲ့ကမ္ဘာ သတ္တဝါများအား ကာကွယ်ပေးရန် ငြင်းဆန်လိုက်ပြီးနောက်... စနစ်သည် သူ့အား ဧကရာဇ်အဆင့် ကျမ်း ကိုးစောင်အား ဆုချခဲ့လေသည်။
ဤသည်တို့မှာ သာမန် တုယောင်ဧကရာဇ်များ ဖန်တီးခဲ့သော ဧကရာဇ်အဆင့် ကျမ်းများ မဟုတ်ဘဲ... စစ်မှန်သော ဧကရာဇ်အဆင့် သတ္တဝါများ ဖန်တီးခဲ့သည့် ကျင့်စဉ်များ ဖြစ်ကြသည်။
သူတို့သည် သူ၏ ကောင်းကင်ဧကရာဇ်ကျမ်းနှင့် မယှဉ်နိုင်လျှင်ပင်... အလွန် ကွာခြားလှသည်တော့ မဟုတ်ပေ။
" ဧကရာဇ်အဆင့် ကျမ်းကိုးစောင်... ငါ့ရဲ့ ကောင်းကင်ဧကရာဇ်ကျမ်းကို နောက်တစ်ဆင့် တက်လှမ်းဖို့ လိုအပ်နေတာနဲ့ အတော်ပဲ "
ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး... သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရှိနေသည်။
သူသည် အဆုံးမဲ့တာအိုများကို ပျိုးထောင်ခြင်းနှင့် ၎င်းတို့အား အဆုံးမဲ့ကျမ်းများအဖြစ်သို့ ပြောင်းလဲခြင်း လမ်းကြောင်းပေါ်တွင် ရှိနေနှင့်ပြီး ဖြစ်သည်။
သူ တာအိုကို ပိုမို နားလည်သဘောပေါက်လေလေ... သူ၏ ကောင်းကင်ဧကရာဇ်ကျမ်းသည် ပို၍ အားကောင်းလာလေလေ ဖြစ်မည်ဖြစ်ပြီး... သူ၏ ကိုယ်ပိုင် အစွမ်းသည်လည်း ပို၍ သန်မာလာမည် ဖြစ်သည်။
အကယ်၍ သူသည် ဤ ဧကရာဇ်အဆင့်အထွက်အထိပ်အထက်မှ နောက်ထပ် အလွှာတစ်ခုကို ထိုးဖောက်နိုင်ခဲ့ပါက... ထိုအရာသည် မည်သို့သော အဆင့်မျိုး ဖြစ်လိမ့်မည်နည်း။
ကုချန်သည် ထိုအရာအား မျှော်လင့်နေမိ၏။
ဖြစ်နိုင်သည်မှာ သူသည် ဧကရာဇ်အဆင့်အထွက်အထိပ်ကို ထိုးဖောက်လိုက်သည့်အခါ... သူ အမှန်တကယ်ပင် မကြုံဖူးသည့် အတုမရှိသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
သမိုင်းတစ်လျှောက် ဧကရာဇ်အဆင့်များထဲတွင်ပင်... သူသည် အမှန်တကယ် အမြင့်ဆုံး ဖြစ်လာမည်ဖြစ်ပြီး... ဧကရာဇ်များ အလယ်တွင် လေးစားရိုသေခြင်း ခံရကာ... ကောင်းကင်ဧကရာဇ် ဟူသော ဘွဲ့အမည်နှင့် အမှန်တကယ် ထိုက်တန်သူ ဖြစ်လာပေလိမ့်မည်။