← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 9 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 9 Ch. 125-126

‎အခန်း (၁၂၅) - မည်သူမျှ မကူညီ၊ လူတို့၏မကောင်းဆန္ဒ၊ ဆန်းကြယ်သော ရှေးဟောင်းအကိုင်းအခက်

‎

‎

‎

‎ဖူဝမ်၏ ရှိုက်သံများသည် ကုချင်းရွဲ့နှင့် အခြားအမျိုးသမီးများ၏ နှလုံးသားကို ရင်နာစေခဲ့သည်။

‎

‎

‎ဤမိန်းကလေးငယ်မှာ အမှန်တကယ်ပင် သနားစရာကောင်းလှသည်။ သူ၏ မိသားစုတစ်စုလုံး မျိုးဖြုတ်သတ်ဖြတ်ခံရသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး... နောက်ဆုံးတွင် သူ၏ မိသားစုဝင်အားလုံး ကြိုးပမ်းမှုဖြင့်သာ... သူ့အား တင်းကျပ်သော ဝိုင်းရံထားမှုမှ လွတ်မြောက်စေရန် ပို့ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎လွတ်မြောက်ပြီးသည့်တိုင်အောင် မိန်းကလေးငယ်သည် စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများဖြင့် ဆက်လက်နေထိုင်ခဲ့ရသည်။ အကယ်၍သာ ယနေ့ ကုချင်းရွဲ့တို့အဖွဲ့က သူ့အား ကံကောင်းထောက်မစွာ မတွေ့ရှိခဲ့ပါလျှင်... သူသည် မည်သည့်အချိန်တွင် မတော်တဆကံဆိုးမှုနှင့် ကြုံတွေ့ရမည်ကို မသိနိုင်ပေ။

‎

‎

‎" လူသားဧကရာဇ်က အဆုံးမဲ့လူသားမျိုးနွယ်အတွက် ကံတရားကြီး ရှိတယ်လို့ မင်းမပြောခဲ့ဘူးလား။ ဒါဆို ယင်ယန်တာအိုမဟာမိတ်က ဖူမိသားစုကို ဖိအားပေးနေတုန်း ချန်ခွန်းရှေးဟောင်းကြယ်က လူသားမျိုးနွယ်တွေ ဘယ်ရောက်နေလဲ " ဟု ဟွမ်ကျိုအာက နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။

‎

‎

‎" လူသားမျိုးနွယ်... ဟမ့် " ယဲ့ယင်းယင်းက အေးစက်စွာ ပြက်ရယ်ပြုလိုက်ပြီး သူ့အနေဖြင့် ရလဒ်ကို ကြိုတင်ခန့်မှန်းမိပြီးဖြစ်ကြောင်း ထင်ရှားနေသည်။

‎

‎

‎" မဟုတ်ဘူး... ဘယ်သူမှ ကျွန်မတို့ကို မကူညီခဲ့ဘူး " ဟု ဖူဝမ်က ရှိုက်ငိုသံဖြင့် ပြော၏။

‎

‎

‎" ကျွန်မတို့ ဖူမိသားစု ၃ ရက်လုံးလုံး တောင့်ခံခဲ့ရတယ်... ဒီ ၃ ရက်အတွင်းမှာ မိသားစုခေါင်းဆောင်နဲ့ ကျွန်မအဘိုးတို့က အကူအညီတောင်းတဲ့အချက်ပြမှုတွေ အကြိမ်ပေါင်းများစွာ ပို့ခဲ့ကြတယ်... ဒါပေမယ့်... ဒါပေမယ့် ကျွန်မတို့ ဖူမိသားစု မျိုးဖြုတ်သတ်ဖြတ်ခံရတဲ့အထိ ဘယ်သူတစ်ယောက်မှ လာကူညီတာမျိုး မရှိခဲ့ဘူး..... "

‎

‎

‎" ဘာလို့လဲ... ဘာလို့လဲ... ကျွန်မတို့ ဖူမိသားစုက ဘယ်ဂိုဏ်း၊ ဘယ်တာအိုဂိုဏ်းကိုမှ ဘယ်တုန်းကမှ မတရားဆက်ဆံတာမျိုး မရှိခဲ့ဖူးဘူး.... ဘာလို့ သူတို့က ကျွန်မတို့ကို ဒီလိုဆက်ဆံရတာလဲ..... "

‎

‎

‎ဖူဝမ်သည် ရှိုက်ငိုလျက်ရှိပြီး... သူ၏အသံတွင် နားမလည်နိုင်ခြင်း၏ အရိပ်အယောင်များပင် ပါဝင်နေကာ အဘယ်ကြောင့် ဖူမိသားစုသည် ယင်ယန်တာအိုမဟာမိတ်၏ ပစ်မှတ်ရုတ်တရက် ဖြစ်သွားရသည်ကို လည်းကောင်း... အဘယ်ကြောင့် ဖူမိသားစု မျိုးဖြုတ်သတ်ဖြတ်ခံရသည်အထိ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ကူညီခြင်းမရှိသည်ကို လည်းကောင်း နားမလည်နိုင်သကဲ့သို့ ဖြစ်နေ၏။

‎

‎

‎" ဟင်း..... "

‎

‎

‎ကုချင်းရွဲ့သည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ဖူဝမ့်အား သူ၏ရင်ခွင်ထဲသို့ တိတ်ဆိတ်စွာ ဆွဲသွင်းကာ ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။

‎

‎

‎ဖူဝမ်သည် အသက် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ်မျှသာ ရှိသေးပြီး... အပြစ်ကင်းစင်ကာ... လောကကြီး၏ အကျည်းတန်မှုနှင့် လှည့်ဖြားမှုများကို နားလည်နိုင်ခြင်း မရှိသေးပေ။

‎

‎

‎ဖူမိသားစုတွင် အပြစ်ရှိသလော။ ထင်ရှားစွာပင် မရှိပေ... ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် အဆုံးမဲ့ကမ္ဘာ၏ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျေးဇူးပြုခဲ့ဖူးသည်။

‎

‎

‎သို့သော် ယခုအခါ... လူသားဧကရာဇ်၏ခေတ်မှ ဤမျှ အချိန်ကြာမြင့်ပြီးနောက်... နောင်လာနောက်သား လူသားမျိုးနွယ်များထဲမှ မည်သူက အတိတ်ကာလက လူသားဧကရာဇ်၏ လူသားမျိုးနွယ်အပေါ် ထားရှိခဲ့သော... ကံကြမ္မာကောင်းကြီးကို မှတ်မိနေဦးမည်နည်း။

‎

‎

‎အတိတ်တွင် လူသားဧကရာဇ်သည် '‌ နေ ' နှင့် ' လ ' ဟူသော ဧကရာဇ်ကျမ်းနှစ်စောင်ကို ဖန်တီးခဲ့သည်။ လူသားမျိုးနွယ် ကျင့်ကြံသူများကို ကူညီရန်အတွက်... သူသည် ဤမူရင်းကျမ်းနှစ်စောင်ကို အထူးတလည် ရိုးရှင်းအောင်ပြုလုပ်ခဲ့ပြီး လောကကြီးသို့ ကိုယ်ကျိုးမဖက်ဘဲ လက်ဆင့်ကမ်းပေးခဲ့သည်။

‎

‎

‎သို့သော် ထိုယင်ယန်တာအိုမဟာမိတ်သည် ရိုးရှင်းအောင်ပြုလုပ်ထားသော ဧကရာဇ်ကျမ်းများကို ကျင့်ကြံရုံမျှဖြင့် ကျေနပ်ခြင်းမရှိဘဲ 'နေဧကရာဇ်ကျမ်း' နှင့် 'လဧကရာဇ်ကျမ်း' တို့၏ မူရင်းကျမ်းစာများကို ရယူလိုသောကြောင့် ဖူမိသားစုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။

‎

‎

‎ချန်ခွန်းရှေးဟောင်းကြယ်ပေါ်ရှိ အခြားဂိုဏ်းများနှင့် တာအိုဂိုဏ်းများက အဘယ်ကြောင့် လာရောက်ကူညီခြင်းမရှိသည်ကိုမူ ပို၍ပင် နားလည်ရလွယ်ကူသည်။

‎

‎

‎အတိတ်တွင် ကုမိသားစုသည် ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်၏ ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ရစဉ်ကလည်း ဤသို့ပင် မဟုတ်ပါလော။ ကမ္ဘာကြီးတစ်ခုလုံး ကျယ်ပြောသော်လည်း ကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။

‎

‎

‎တစ်ချိန်က ကုမိသားစုနှင့် ပတ်သက်ဆက်နွယ်ခဲ့ဖူးသော အင်မော်တယ်ဂိုဏ်းများနှင့် မြင့်မြတ်ဘာသာရေးဂိုဏ်းများပင်လျှင် ကုမိသားစုကို ကယ်တင်ရန် မလာရောက်သည့်အပြင်... ၎င်းတို့တစ်ဦးချင်းစီသည် ကုမိသားစု မျိုးဖြုတ်သတ်ဖြတ်ခံရပြီးနောက်... ဝေစုတစ်ခု ရရှိရန် စဉ်းစားနေကြသည်သာ ဖြစ်သည်။

‎

‎

‎လူတို့၏ နှလုံးသားမှ အကျည်းတန်မှုနှင့် မကောင်းဆိုးဝါးဆန်မှုတို့သည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှသည်။

‎

‎

‎" အဲ့ဒီ ယင်ယန်တာအိုမဟာမိတ်က... မင်းတို့ ဖူမိသားစုရဲ့ နေဧကရာဇ်ကျမ်းနဲ့ လဧကရာဇ်ကျမ်းကို လိုချင်လို့... မင်းတို့ ဖူမိသားစုကို တိုက်ခိုက်ခဲ့တာပဲ "

‎

‎

‎ယဲ့ယင်းယင်းက အေးစက်စွာ ပြောလိုက်သည်။

‎

‎

‎" အပြစ်ကင်းတဲ့လူတစ်ယောက်က ရတနာတစ်ခု ပိုင်ဆိုင်ထားရုံနဲ့ အပြစ်ရှိသွားနိုင်တယ်။ မင်းတို့ ဖူမိသားစုက ဒီဧကရာဇ်ကျမ်းနှစ်စောင်ကို ပိုင်ဆိုင်ထားတာကပဲ မင်းတို့ရဲ့ အကြီးမားဆုံး အပြစ်ပဲ "

‎

‎

‎" ဒါပေမယ့် ဖူမိသားစုက လူသားဧကရာဇ်ရဲ့ သွေးမျိုးဆက်ဖြစ်ပြီး 'နေ' နဲ့ 'လ' ဧကရာဇ်ကျမ်းနှစ်စောင်ကို ပိုင်ဆိုင်ထားတာလေ။ ဘယ်လိုလုပ်ပြီး တခြားအင်အားစုတွေရဲ့ အနိုင်ကျင့်တာကို ဒီလောက်ထိ ခံရနိုင်မှာလဲ "

‎

‎

‎ဤစကားများတွင် ကုချင်းရွဲ့ပင်လျှင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

‎

‎

‎ဖူမိသားစုသည် အဆုံးမဲ့တိုက်ကြီးပေါ်တွင် မရှိဘဲ အခြားသော ရှင်သန်ခြင်းရှေးဟောင်းကြယ်တစ်ခုပေါ်တွင် နေထိုင်သောကြောင့် ကုချင်းရွဲ့သည် ဖူမိသားစု၏ အခြေအနေကို နားမလည်ခဲ့ပေ။

‎

‎

‎သို့သော် သူ ခံစားမိသည်မှာ... ဖူမိသားစုသည် လူသားဧကရာဇ်၏ မျိုးဆက်ဖြစ်ပြီး ဧကရာဇ်ကျမ်းနှစ်စောင်ကို ပိုင်ဆိုင်ထားသောကြောင့်... ဤမျှနှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ပြီးနောက်တွင်... ထိုအဆုံးမဲ့ဧကရာဇ်မျိုးနွယ်များထက် မနိမ့်ကျသင့်ဟု ထင်မြင်မိသည်။

‎

‎

‎အကယ်၍ ဖူမိသားစုတွင် ထိုကဲ့သို့သော အင်အားရှိပါက... ယင်ယန်တာအိုမဟာမိတ်ဟု ခေါ်သော အဖွဲ့၏ အရှက်ခွဲခြင်းကို မည်သို့ ခံရနိုင်မည်နည်း။

‎

‎

‎" ဒါပေမယ့်... ဒါပေမယ့် ကျွန်မတို့ ဖူမိသားစုမှာ အဲ့ဒီ မူရင်းကျမ်းနှစ်ခု မရှိဘူး! "

‎

‎

‎ဖူဝမ်သည် မျက်ရည်များ ဝေဝါးနေသော မျက်လုံးများဖြင့် တစ်ချက်တစ်ချက် ဆက်လက်ရှိုက်ငိုရင်း ပြောသည်။

‎

‎

‎" ကျွန်မတို့ ဖူမိသားစုထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အဲ့ဒီလူတွေကလည်း... ကျွန်မတို့ ဖူမိသားစုကို မူရင်းကျမ်းနှစ်စောင် ထုတ်ပေးဖို့ အတင်းအကျပ် တောင်းခဲ့ကြတယ်... ဒါပေမယ့် ကျွန်မတို့ ဖူမိသားစုမှာ တကယ်မရှိဘူး!

‎

‎ကျွန်မ အဘိုးပြောတာ ကြားဖူးတယ်... ကျွန်မတို့ ဘိုးဘေး လူသားဧကရာဇ်က သူ့ရဲ့အမွေအနှစ်ကို ထားခဲ့တုန်းက... ဖူမိသားစုရဲ့ မျိုးဆက်တွေအတွက် မူရင်းကျမ်းတွေကို ထားခဲ့မှာ မဟုတ်ဘူးလို့ အတိအလင်း မှာကြားခဲ့တယ်... ဘာလို့လဲဆိုတော့ သူက သူ့မျိုးဆက်တွေ သူ့ရဲ့လမ်းကြောင်းပေါ်မှာ တစ်ဘဝလုံး ပိတ်မိနေတာမျိုး မလိုချင်လို့ပဲ... အဲ့ဒီအစား သူတို့ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထွင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ.....

‎

‎ဒါပေမယ့်... ဒါပေမယ့် မိသားစုခေါင်းဆောင်က ယင်ယန်တာအိုမဟာမိတ်က အဲ့ဒီလူတွေကို ဒီအကြောင်းတွေ အကုန်လုံး ပြောပြပြီးသားပဲ... ဒါပေမယ့် သူတို့က လုံးဝမယုံကြဘူး..... "

‎

‎

‎ငါ့ထံမှ သင်ယူသူသည် ရှင်သန်မည်... ငါ့ကို တုပသူသည် သေဆုံးမည်!

‎

‎

‎လူသားဧကရာဇ်သည် အဘယ်ကြောင့် သူ၏မျိုးဆက်များအတွက် မူရင်းကျမ်းများ မထားခဲ့ရခြင်းကို ဖူဝမ် ရှင်းပြသည်အား ကြားလိုက်ရသောအခါ... ကုချင်းရွဲ့သည် ဘိုးဘေးကြီး ပြောခဲ့သော စကားကို ချက်ချင်း သတိရလိုက်သည်။

‎

‎

‎လူသားဧကရာဇ်သည်လည်း ဘိုးဘေးကြီးကဲ့သို့ပင် သူ၏မျိုးဆက်များ ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထွင်းနိုင်ရန် မျှော်လင့်ခဲ့သော်လည်း... အနာဂတ်မျိုးဆက်များအပေါ် ထားရှိသော ဤကြီးမားသော မျှော်လင့်ချက်သည်... နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူ၏မျိုးဆက်များကို အန္တရာယ်ဖြစ်စေမည်ကို သူ မသိခဲ့ပေ။

‎

‎

‎ဖူမိသားစုသည် မိသားစုအတွင်း၌ မူရင်းကျမ်းများ မရှိကြောင်း... လောကကြီးတစ်ခုလုံးကို ရှေးယခင်ကတည်းက ပြောပြထားခဲ့ပြီး ဖြစ်ရမည်။

‎

‎

‎သို့သော် ပြဿနာမှာ... မည်သူက ယုံကြည်မည်နည်း။

‎

‎

‎သူတို့သည် ဖူမိသားစုက မူရင်းကျမ်းနှစ်စောင်ကို တိတ်တဆိတ် ဝှက်ထားပြီး... လောကကြီးကို မပြသခြင်းသာ ဖြစ်မည်ဟု တွေးထင်ကြလိမ့်မည်။

‎

‎

‎လူသားဧကရာဇ်၏ သွေးမျိုးဆက်များအနေဖြင့်... ဖူမိသားစုတွင် ဤမူရင်းကျမ်းနှစ်စောင် မရှိဘဲ မည်သို့ နေနိုင်မည်နည်း။

‎

‎

‎ဖူမိသားစုက ၎င်းတို့ကို ဝှက်ထားပြီး မထုတ်ပြလိုခြင်းသာ ဖြစ်သည်...!

‎

‎

‎ဤအချက်ကပင်... တစ်စုံတစ်ခုကို ပို၍ ဝှက်ထားလေ... အခြားသူများက ပို၍ လိုချင်တပ်မက်လာလေ ဖြစ်စေခဲ့သည်။

‎

‎

‎သို့သော် ဖူမိသားစုတွင် ဧကရာဇ်ကျမ်းများ အမှန်တကယ် မရှိခဲ့ဘဲ... သူတို့အားလုံး၏ အင်အားမှာလည်း အားနည်းနေခဲ့ရာ... နောက်ဆုံးတွင် ယင်ယန်တာအိုမဟာမိတ်ကို ယှဉ်နိုင်ခြင်း မရှိခဲ့ပေ.....

‎

‎

‎ဤအရာအားလုံးကို နားလည်သဘောပေါက်သွားသောအခါ... ကုချင်းရွဲ့သည် ဤမိန်းကလေးငယ်အတွက် ပို၍ပင် သနားမိသွားပြီး... တစ်ချိန်တည်းတွင် ဝေဒနာတူ ခံစားရမှုမျိုးကိုလည်း ခပ်ရေးရေး ခံစားလိုက်ရသည်။

‎

‎

‎အသက် ခြောက်နှစ်၊ ခုနစ်နှစ် အရွယ်လေးသာ ရှိသေးသော်လည်း... သူ၏ မိသားစုသည် ဤမျှ ကြေကွဲဖွယ်ရာ သတ်ဖြတ်မှုမျိုးကို ကြုံတွေ့ခဲ့ရသည်။

‎

‎

‎အတိတ်က ကုမိသားစု၏ အခြေအနေသည်လည်း မည်သို့ ကွာခြားခဲ့ပါသနည်း။

‎

‎

‎အကယ်၍ ဘိုးဘေးကြီးသာ အရေးကြီးသော အခိုက်အတန့်တွင် ပြန်လည်ရောက်ရှိလာခြင်း မရှိခဲ့ပါက... ကုမိသားစု၏ လက်ရှိကံကြမ္မာသည် ဖူမိသားစုထက် များစွာ သာလွန်ကောင်းမွန်နေမည် မဟုတ်ပေ။ ၎င်းသည် သေဆုံးခြင်းနှင့် မိသားစုတစ်ခုလုံး မျိုးဖြုတ်သတ်ဖြတ်ခံရခြင်းသာ ဖြစ်မည်ဖြစ်ပြီး... လောကကြီးမှ ထာဝရ ဖျက်ဆီးခံရမည် ဖြစ်သည်။

‎

‎

‎" ဖူမိသားစုတစ်စုလုံးက သူတို့ကိုယ်သူတို့ စတေးခဲ့ပေမဲ့ မင်းကို ဒီသွေးမျိုးဆက်အဖြစ် ချန်ထားခဲ့တယ်။ မင်း အသက်ရှင်နေမှ မင်းရဲ့ ဖူမိသားစု အကြီးအကဲတွေရဲ့ ဝိညာဉ်တွေက ကောင်းကင်ဘုံမှာ အေးချမ်းစွာ အနားယူနိုင်မှာ "

‎

‎

‎ကုချင်းရွဲ့သည် သက်ပြင်းချကာ... ဤပြင်းထန်သော အပြောင်းအလဲကြောင့် မိန်းကလေးငယ်သည် စိတ်လိုက်မာန်ပါ တစ်ခုခု လုပ်မိမည်ကို စိုးရိမ်သဖြင့်... ဖူဝမ်အား နှစ်သိမ့်ပေးလိုက်သည်။

‎

‎

‎သို့သော် သူ မမျှော်လင့်ထားသည်မှာ... ဖူဝမ်သည် သူ၏ မျက်နှာငယ်လေးပေါ်မှ မျက်ရည်များကို လျင်မြန်စွာ သုတ်ပစ်လိုက်ကာ... သူ၏ မျက်လုံးတစ်စုံတွင် ခိုင်မာသောစိတ်ထားနှင့် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့၏။

‎

‎

‎" ကျွန်မအဘိုးနဲ့ တခြားသူတွေက သူတို့အသက်နဲ့ ကျွန်မအသက်ကို လဲလှယ်ခဲ့တာ... ကျွန်မ ကျိန်းသေ အသက်ရှင်အောင် နေထိုင်သွားမှာ "

‎

‎

‎" ပြီးတော့... ကျွန်မတို့ ဖူမိသားစုကို ကျူးကျော်ဝင်ရောက်လာတဲ့ လူတိုင်းကို ကျွန်မ မှတ်မိတယ်... ဒီသွေးကြွေးကို ကျွန်မ ကိုယ်တိုင် လက်စားချေရမယ်... အဲ့ဒီအခါမှ ကျွန်မအဘိုးနဲ့ မိသားစုခေါင်းဆောင်တို့ရဲ့ ဝိညာဉ်တွေ တကယ် အေးချမ်းစွာ အနားယူနိုင်မှာ "

‎

‎

‎မိန်းကလေးငယ်၏ ခိုင်မာသော မျက်နှာအမူအရာကို ကြည့်ရင်း ကုချင်းရွဲ့သည် တိတ်ဆိတ်သွားမိသည်။

‎

‎

‎ဖူဝမ်သည် ဤမျှ ငယ်ရွယ်သော အသက်အရွယ် ရှိနေသော်လည်း... ဤမျှ ပြင်းထန်သော ယုံကြည်ချက်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု... သူ မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎သို့သော် ဤသည်မှာလည်း ကောင်းပါ၏။ တစ်စုံတစ်ယောက်၏ နှလုံးသားထဲတွင် လုံလောက်စွာ ပြင်းထန်သော ယုံကြည်ချက်တစ်ခု ရှိနေခြင်းသည် တစ်နေ့လုံး စိတ်ဓာတ်ကျကာ မိမိကိုယ်ကို သနားနေခြင်းထက် အမြဲ ပိုကောင်း၏။

‎

‎

‎" အို..... "

‎

‎

‎ကုချင်းရွဲ့က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်တွင်... ဖူဝမ်သည် ရုတ်တရက် အသံတစ်ချက် ပြုလိုက်ပြီး သူ၏ ရင်ဘတ်ထဲမှ တစ်စုံတစ်ခုကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။

‎

‎

‎ကုချင်းရွဲ့နှင့် အခြားသူများသည်လည်း အလိုလျောက် လှမ်းကြည့်လိုက်မိကြ၏။

‎

‎

‎ထိုအရာသည် ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်မှ ချိုးယူထားသကဲ့သို့သော ရှေးဟောင်းအကိုင်းအခက်တစ်ခု ဖြစ်ကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။

‎

‎

‎ထိုရှေးဟောင်းအကိုင်းအခက်သည် ကွေးကောက်နေပြီး... တစ်ကိုင်းလုံးသည်လည်း ရွှေရောင် ဖြစ်နေ၏။

‎

‎

‎ယခုအခါတွင်မူ ဤရှေးဟောင်းအကိုင်းအခက်၏ မျက်နှာပြင်သည် တောက်လောင်နေသော ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေကာ... မမြင်ရသော စွမ်းအားတစ်ခုခု၏ ဆွဲငင်မှုကို ခံနေရသကဲ့သို့ အလွန်တရာ အံ့ဩဖွယ်ကောင်းလှသည်။

‎အခန်း (၁၂၆) - ရှေးဟောင်းကောလဟာလများ၊ ရှုပ်ထွေးမှု၊ ဖူဝမ်၏တောင်းဆိုမှု

‎

‎

‎

‎ဤသည်မှာ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်သော ရှေးဟောင်းအကိုင်းအခက်တစ်ခု ဖြစ်သည်။ ၎င်း၏ ပင်မအကိုင်းအခက်မှ ကွဲထွက်လာသည်မှာ မည်မျှကြာမြင့်ပြီဖြစ်သည်ကို မသိရသော်လည်း... အတွင်း၌ ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ယခုတိုင် စီးဆင်းလျက်ရှိပြီး... မည်သည့်အခါမျှ ခန်းခြောက်သွားခြင်း မရှိပေ။

‎

‎

‎၎င်းအား ကြည့်ရှုလိုက်ရုံမျှဖြင့်... ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းနှစ်ဦးစလုံးသည် သူတို့၏မျက်လုံးများတွင်... ခပ်ရေးရေး စူးရှသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

‎

‎

‎ထိုသို့ဖြစ်ရခြင်းမှာ... ရှေးဟောင်းအကိုင်းအခက်က တောက်ပစွာ လင်းလက်နေသောကြောင့် မဟုတ်ဘဲ... ၎င်း၏အတွင်းမှ အလိုအလျောက် ပျံ့နှံ့ထွက်ပေါ်လာသော နေနတ်ဘုရားစွမ်းအားကြောင့်သာ ဖြစ်သည်။

‎

‎

‎ဤသည်မှာ လောကတွင် အခိုင်မာဆုံးနှင့် အသန့်စင်ဆုံးသော ယန်စွမ်းအားဖြစ်ပြီး... ယင်အား ဆန့်ကျင်လျက်ရှိသည်။ ကောင်းကင်ပေါ်ရှိ နေမင်းကြီးကဲ့သို့ပင်ဖြစ်ရာ တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်ပေ။

‎

‎

‎ဖူဝမ်သည် ထိုကဲ့သို့သော ရှေးဟောင်းအကိုင်းအခက်တစ်ခုကို သူ၏လက်မောင်းများအတွင်း၌ အမှန်တကယ် ကိုင်ဆောင်ထားပြီး... ထိုရှေးဟောင်းအကိုင်းအခက်သည် တစ်စုံတစ်ရာကို ခံစားမိနေဟန်ဖြင့်... ယခုအခါ သူ့အလိုလိုပင် တောက်ပလျက်ရှိသည်။

‎

‎

‎ဤအရာသည် ဟွမ်ကျိုအာ ပြောကြားခဲ့သော ဤနေရာရှိ ကံတရားနှင့် ဆက်စပ်နေနိုင်ပါသလော။

‎

‎

‎ခဏတာမျှ ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်း နှစ်ဦးစလုံးသည် ဟွမ်ကျိုအာ၏ အစောပိုင်းစကားများကို ပြန်လည်သတိရလိုက်ကြသည်။

‎

‎

‎" ဖူဝမ်... ဒီရှေးဟောင်းအကိုင်းအခက်ကို ဘယ်ကရခဲ့တာလဲ "

‎

‎

‎ကုချင်းရွဲ့က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

‎

‎

‎" ကျွန်မအဘိုးတွေက ကျွန်မကို အသည်းအသန် လွှတ်လိုက်တဲ့အချိန်မှာ ပေးလိုက်တာပါ "

‎

‎

‎

‎" သူတို့ ဘာမှမပြောခဲ့ဘူး... ကျွန်မကို ဒီရှေးဟောင်းအကိုင်းအခက်ကို ယူပြီး အသက်လုပြေးဖို့ပဲ ပြောခဲ့တာ... ကျွန်မ နွေးထွေးပြီး အရမ်းနေလို့ကောင်းသလို ခံစားရတယ်..... "

‎

‎

‎ဖူဝမ်သည် သူ၏လက်ဖဝါးထဲရှိ ရှေးဟောင်းအကိုင်းအခက်အား အလိုလျောက် ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

‎

‎

‎ရှေးဟောင်းအကိုင်းအခက်မှ ပျံ့နှံ့ထွက်ပေါ်လာသော နေနတ်ဘုရားစွမ်းအားသည် သူ့အား အလွန်သက်သောင့်သက်သာ ဖြစ်စေကြောင်း ထင်ရှားနေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ ကုချင်းရွဲ့သည် သူ၏စိတ်ထဲတွင် ခပ်ရေးရေး ခန့်မှန်းချက်တစ်ခု ရှိလာပြီး... ထပ်မံမေးမြန်းလိုက်၏။ " မင်း ချန်ခွန်းရှေးဟောင်းကြယ်ကနေ ဒီကို ဘယ်လိုရောက်လာတာလဲ... မင်းကို အဝေးပို့လိုက်ပြီးနောက်မှာ... အဆုံးမဲ့တိုက်ကြီးကို တိုက်ရိုက်ရောက်လာခဲ့တာလား "

‎

‎

‎ချန်ခွန်းရှေးဟောင်းကြယ်သည် အဆုံးမဲ့တိုက်ကြီးနှင့် လုံးဝကွဲပြားခြားနားသော နေရာတစ်ခုဖြစ်သည်။

‎

‎

‎ထိုနေရာနှစ်ခုသည် အဆုံးမရှိသော စကြာဝဠာထဲတွင် မသိနိုင်သော... ကြီးမားလှသည့် အကွာအဝေးဖြင့် ခြားနားလျက်ရှိသည်။ ဖူဝမ်၏ အစွမ်းအစတစ်ခုတည်းဖြင့်မူ... ချန်ခွန်းရှေးဟောင်းကြယ်မှ အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေသို့ စကြာဝဠာကို ဖြတ်ကျော်လာရန် မဖြစ်နိုင်ပေ။

‎

‎

‎" ကျွန်မ မသိဘူး "

‎

‎

‎ဖူဝမ်က ‌ညင်သာစွာ ခေါင်းခါလိုက်ပြီး... သူ၏ မျက်နှာငယ်လေးပေါ်တွင် နားမလည်နိုင်သော အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။ " အဘိုးတို့က ကျွန်မကို ရှေးဟောင်း ပို့ဆောင်ခြင်း အစီအရင်ပေါ်ကို ပို့လိုက်ပြီးနောက်မှာ... ကျွန်မ ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရတယ်... နောက်တခဏမှာပဲ ကျွန်မ ဒီကို ရောက်နှင့်နေပြီ "

‎

‎

‎ဤသည်မှာ ကြယ်တာရာများကို ဖြတ်ကျော်နိုင်သော ပို့ဆောင်ခြင်းအစီအရင် တစ်ခု အမှန်ပင် ဖြစ်၏။ ဖူဝမ်၏ ရှင်းပြချက်ကို ကြားသောအခါ ကုချင်းရွဲ့၏ မျက်နှာပေါ်တွင် နားလည်သွားဟန် ပေါ်လာသည်။

‎

‎

‎ဖူမိသားစုသည် အဘယ်ကြောင့် နောက်ဆုံးတွင် ဖူဝမ်တစ်ဦးတည်းကိုသာ စေလွှတ်နိုင်ခဲ့သည်ကို နားလည်နိုင်ပါ၏။ ကြယ်တာရာဖြတ်ကျော်နိုင်သည့် ရှေးဟောင်း ပို့ဆောင်ခြင်းအစီအရင် တစ်ခု တည်ဆောက်ခြင်းသည်... ကြီးမားလှသော ပမာဏရှိသည့် မြင့်မြတ်ရတနာများနှင့် သယံဇာတများကို သုံးစွဲရသည်။

‎

‎

‎ဖူမိသားစုအနေဖြင့် ဖူဝမ်တစ်ဦးတည်းကို စေလွှတ်နိုင်ခဲ့ခြင်းသည်ပင်လျှင် သူတို့၏ အစွမ်းကုန် ကြိုးပမ်းမှု ဖြစ်နေခဲ့ပြီးဖြစ်သည်။

‎

‎

‎သို့သော်... ယင်ယန်တာအိုမဟာမိတ်၏ နည်းလမ်းများသည်လည်း အတော်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဖူဝမ်၏ တည်နေရာကို အတိအကျ ရှာဖွေနိုင်ပြီး... ဤနေရာအထိ လူများစေလွှတ်၍ လိုက်လံဖမ်းဆီးစေနိုင်ခဲ့သည်။

‎

‎

‎ကုချင်းရွဲ့၏ နှလုံးသားထဲတွင် သတိကြီးစွာထားရမည့် အသိတစ်ချက် ဝင်ရောက်လာခဲ့သည်။

‎

‎

‎ယင်ယန်တာအိုမဟာမိတ်သည် ဤမသိနိုင်သော နည်းလမ်းဖြင့် ဖူဝမ်ကို ရှာဖွေနိုင်ခဲ့သည်ဖြစ်ရာ... ထိုကောင်းကင်တက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူနှစ်ဦး သေဆုံးသွားသည်ကိုလည်း... သူတို့ ခံစားမိနိုင်ဖွယ်ရှိသောကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။

‎

‎

‎သို့သော်... ဖူဝမ်၏ မျက်နှာနီနီရဲရဲနှင့် သက်သောင့်သက်သာဖြစ်နေသော မျက်နှာငယ်လေးကို ကြည့်ရင်း... ကုချင်းရွဲ့သည် စိတ်လှုပ်ရှားစွာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

‎

‎

‎ဤမိန်းကလေးငယ်၏ အတွင်း၌ လူသားဧကရာဇ်သွေးမျိုးဆက် အမှန်တကယ် စီးဆင်းလျက်ရှိသည်။

‎

‎

‎ဤရှေးဟောင်းအကိုင်းအခက်တွင် ပါရှိသော နေစွမ်းအားသည် နက်နဲပြီး မြင့်မြတ်လှကာ... သာမန်ကျင့်ကြံသူများကိုပင် အဝေးသို့ ရှောင်ရှားစေနိုင်လောက်အောင် လုံလောက်၏။ သို့သော် သူ၏ ချီပင်လယ်ကို ဖွင့်လှစ်နိုင်ရုံမျှသာ ရှိသေးသော ဤမိန်းကလေးငယ်သည်... ဤရှေးဟောင်းအကိုင်းအခက်အတွင်းရှိ နေစွမ်းအားကို မကြောက်ရွံ့သည့်အပြင်... ၎င်းနှင့် အတော်ပင် နီးကပ်နေခဲ့သည်။ ဤသည်မှာ လူသားဧကရာဇ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်း၏ ရလဒ်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

‎

‎

‎" ပူလိုက်တာ "

‎

‎

‎ဖူဝမ်၏ မျက်နှာငယ်လေးသည် နီရဲနေသော်လည်း... သူ၏ လက်ငယ်လေးသည် ပို၍ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

‎

‎

‎ရုတ်တရက်... ရှေးဟောင်းအကိုင်းအခက်ပေါ်ရှိ ချွန်ထက်သော အချွန်တစ်ခုက သူ၏ လက်ဖဝါးကို ရှသွားစေပြီး... လတ်ဆတ်သော သွေးစက်များသည် ရှေးဟောင်းအကိုင်းအခက်ပေါ်သို့ ကျဆင်းသွားသည်။

‎

‎

‎" ဗျစ်..... "

‎

‎

‎ထိုအခိုက်အတန့်ကြောင့် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။

‎

‎

‎ဖူဝမ်၏ သွေးများစွန်းထင်းသွားသော ရှေးဟောင်းအကိုင်းအခက်သည်... ပြန်လည်အသက်ဝင်လာသကဲ့သို့ တုန်ခါလာပြီးနောက်... ရုတ်တရက် ဖူဝမ်၏လက်ထဲမှ လွတ်ထွက်ကာ မြေပြင်ဆီသို့ ပျံသန်းသွားလေသည်။

‎

‎

‎၎င်းသည် မြေပြင်နှင့် ထိတွေ့လိုက်သောအခါ... မသိနိုင်သော အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေလိုက်ဟန်တူပြီး... မြေပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု တိတ်ဆိတ်စွာ ပေါ်ပေါက်လာစေခဲ့သည်။

‎

‎

‎အက်ကွဲကြောင်း၏ နောက်ကွယ်တွင်... လေဟာနယ်လှိုင်းများ ခပ်ရေးရေး ပျံ့နှံ့ထွက်ပေါ်လာပြီး... မည်သည့်နေရာသို့မှန်း မသိသော ခရီးလမ်းဆုံးတစ်ခုဆီသို့ ဦးတည်လျက်ရှိသည်။

‎

‎

‎" ဒါ..... "

‎

‎

‎ယဲ့ယင်းယင်းသည် မြေပြင်ပေါ်တွင် ရုတ်တရက်ပေါ်လာသော လေဟာနယ်အက်ကွဲကြောင်းကို ကြည့်ရင်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။

‎

‎

‎တစ်ဖက်တွင်မူ ဟွမ်ကျိုအာက လက်ခုပ်တီးလျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ငါ သိပြီ! ငါ ခံစားမိလိုက်တဲ့ ကံတရားက ဒီဟာပဲ! "

‎

‎

‎ကံတရား... ဤသည်မှာ ဒဏ္ဍာရီထဲက လူသားဧကရာဇ်နှင့် ဆက်စပ်နေနိုင်ပါသလား။

‎

‎

‎ကုချင်းရွဲ့သည် မြေပြင်ပေါ်တွင် ပေါ်လာသော လေဟာနယ်အက်ကွဲကြောင်းကို ကြည့်ရင်း တစ်ယောက်တည်း ငြိမ်သက်စွာ တွေးလိုက်မိသည်။

‎

‎

‎ဤဆန်းကြယ်သော ရှေးဟောင်းအကိုင်းအခက်သည် ဖူမိသားစုမှ ပိုင်ဆိုင်သော ပစ္စည်းတစ်ခုဖြစ်သည်။

‎

‎

‎၎င်းကို နောက်ဆုံးအခိုက်အတန့်တွင် ဖူဝမ်အား ပေးအပ်ခဲ့ခြင်းဖြစ်ရာ... ဤရှေးဟောင်းအကိုင်းအခက်၏ အရေးပါမှုသည် သာမန်မဟုတ်ကြောင်း ထင်ရှား၏။

‎

‎

‎ထို့နောက် ဖူဝမ်သည် လေဟာနယ်မှတစ်ဆင့် အဆုံးမဲ့တိုက်ကြီးသို့ တိုက်ရိုက်ရောက်ရှိလာခဲ့ပြီး... သူ၏ကိုယ်ပိုင် လူသားဧကရာဇ်သွေးမျိုးဆက်အပြင် ဤရှေးဟောင်းအကိုင်းအခက်ကို အားကိုးလျက်... မသိသောနေရာတစ်ခုသို့ ဦးတည်နေသည့် ဆန်းကြယ်သော လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်သည်။

‎

‎

‎ဤသို့ အပြန်အလှန် ဆက်စပ်နေသော အဖြစ်အပျက်များကြောင့်... ဤအရာအားလုံးသည် တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်သည်ဟု... ပြောရန် ခက်ခဲလှသည်။

‎

‎

‎သို့သော် ဤလေဟာနယ်အက်ကွဲကြောင်းကို ဖွင့်လှစ်ရန် အခြေအနေများမှာ အလွန်ခက်ခဲလှပြီး... ဖူမိသားစုမှ လက်ဆင့်ကမ်းလာသော ဤဆန်းကြယ်သည့် ရှေးဟောင်းအကိုင်းအခက်နှင့် လူသားဧကရာဇ်မျိုးဆက်တစ်ဦး၏ သွေး... နှစ်မျိုးလုံးကို ဓာတ်ကူပစ္စည်းအဖြစ် လိုအပ်သည်။

‎

‎

‎ဤလေဟာနယ်အက်ကွဲကြောင်း၏ နောက်ကွယ်ရှိ နေရာသည်... ဒဏ္ဍာရီလာ လူသားဧကရာဇ်နှင့် ဆက်စပ်နေနိုင်ပါသလော။

‎

‎

‎ဤသည်မှာ လူသားဧကရာဇ်၏ ဂူသင်္ချိုင်း ဖြစ်နေမည်လော။

‎

‎

‎ကုချင်းရွဲ့သည် အတိုင်းအတာတစ်ခုအထိ တုန်လှုပ်သွားမိသည်။

‎

‎

‎မရေမတွက်နိုင်သော နှစ်များမတိုင်မီက လူသားဧကရာဇ်သည် လူသားမျိုးနွယ်ကို ဦးဆောင်ထမြောက်စေခဲ့ပြီး... လူသားမျိုးနွယ်၏ မူရင်းကျမ်းနှစ်စောင်ဖြစ်သော 'နေဧကရာဇ်' နှင့် 'လဧကရာဇ်' ကို ဖန်တီးခဲ့ကာ... လူသားမျိုးနွယ်အား ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ရန် ကူညီခဲ့သည်။ သမိုင်းတစ်လျှောက်ရှိ အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများအားလုံးထဲတွင်... သူသည် မခန့်မှန်းနိုင်သော အမြင့်မြတ်ဆုံး အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

‎

‎

‎လူသားဧကရာဇ်၏ နောက်ဆုံးကံကြမ္မာမှာမူ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

‎

‎

‎ကောလဟာလများအရ သူ၏ဘဝနောက်ဆုံးအချိန်တွင် လူသားဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာသွားပြီး ဟွမ်သွမ့်ပင်လယ်ထဲတွင် ကွယ်လွန်သွားခဲ့သည်ဟု ဆိုကြသည်။

‎

‎

‎အချို့ကလည်း လူသားဧကရာဇ်သည် ကြီးမားသောအောင်မြင်မှု ရရှိခဲ့ပြီး... အင်မော်တယ်လမ်းကြောင်းကို ဖောက်ထွင်းကာ... ၎င်း၏အဆုံးတွင် အင်မော်တယ်တက်လှမ်းခြင်းကို ပြီးမြောက်ခဲ့သည်ဟု ဆိုကြသည်။

‎

‎

‎အချို့ကမူ သူ၏ဘဝနောက်ဆုံးအချိန်တွင်... လူသားဧကရာဇ်သည် မတွေးဝံ့စရာ ကြောက်မက်ဖွယ် ရန်သူတစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီး... ခက်ခဲသော တိုက်ပွဲတစ်ခုအပြီးတွင် သူ၏ ဧကရာဇ်လက်နက်ပင်လျှင် ကျိုးကြေသွားခဲ့ကာ... နောင်တတရားဖြင့် ကျဆုံးသွားခဲ့ရသည်ဟု ဆိုကြပြန်သည်။

‎

‎

‎သို့သော် နားမလည်နိုင်စရာ ဖြစ်နေသည်မှာ... လူသားဧကရာဇ်နှင့် သက်ဆိုင်သမျှ အရာအားလုံးသည် လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ခဲ့ခြင်း မရှိဘဲ... မရှင်းလင်းသော သမိုင်းမှတ်တမ်းအနည်းငယ်သာ ယနေ့ထက်တိုင် ရှင်သန်ကျန်ရစ်ခဲ့သည်။

‎

‎

‎ကုချင်းရွဲ့၏ မကြာသေးမီက စုံစမ်းမေးမြန်းမှုတွင်... ဖူမိသားစုသည် လူသားဧကရာဇ်ထံမှ လက်ဆင့်ကမ်းလာသော... အဆုံးစွန် ဧကရာဇ်လက်နက်ကိုပင် ပိုင်ဆိုင်ထားခြင်း မရှိကြောင်း သူ သိရှိခဲ့ရသည်။

‎

‎

‎ဤသည်မှာ လုံးဝ မယုံနိုင်စရာ ကိစ္စတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

‎

‎

‎မည်သည့် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်မဆို သူတို့ မကွယ်လွန်မီတွင်... သူတို့၏ မျိုးနွယ်စုနှင့် သွေးမျိုးဆက်အတွက် ဧကရာဇ်လက်နက်များ သို့မဟုတ် ဧကရာဇ်ကျမ်းများကဲ့သို့သော ဧကရာဇ်အဆင့် အမွေအနှစ်များကို ထားခဲ့ကြမည် ဖြစ်သည်။

‎

‎

‎သို့သော် လူသားဧကရာဇ်သည် မည်သည့်အရာမျှ ထားခဲ့ခြင်း မရှိခဲ့ပေ။

‎

‎

‎ဤအချက်က ကုချင်းရွဲ့အား သူ၏ ဘိုးဘေးကြီးကို သတိရသွားစေသည်။

‎

‎

‎ဘိုးဘေးကြီးသည် နတ်ဆိုးနယ်မြေသို့ သွားရောက်စောင့်ကြပ်ရမည်ဖြစ်သောကြောင့်... ကုမိသားစုကို စောင့်ရှောက်ရန် ဧကရာဇ်လက်နက်တစ်ခုမျှ ထားရှိခဲ့ခြင်း မရှိခဲ့ပေ။

‎

‎

‎သို့ဆိုလျှင် အဘယ်ကြောင့် လူသားဧကရာဇ်သည်လည်း ထပ်တူညီစွာ ဖြစ်နေရပါသနည်း။

‎

‎

‎လူသားဧကရာဇ်သည် သူ၏ ဧကရာဇ်လက်နက်နှင့်အတူ အင်မော်တယ်နယ်မြေသို့ တက်လှမ်းကာ အင်မော်တယ်တက်လှမ်းခြင်းကို အမှန်တကယ် ပြီးမြောက်သွားခဲ့ခြင်း ဖြစ်နိုင်ပါသလား။

‎

‎

‎သို့မဟုတ် သူ၏ဘဝနောက်ဆုံးအခိုက်အတန့်တွင် လူသားဧကရာဇ်သည် မတွေးဝံ့စရာ ကြောက်မက်ဖွယ် ရန်သူတစ်ဦးနှင့် အမှန်တကယ် ကြုံတွေ့ခဲ့ရပြီး... သူ၏တစ်ဘဝလုံး မွေးမြူပြုစုခဲ့သော ဧကရာဇ်လက်နက်ပင်လျှင် ကျိုးကြေပျက်စီးသွားကာ ဆက်လက်တည်ရှိမနေတော့ခြင်း ဖြစ်နိုင်ပါသလား။

‎

‎

‎" ကုချင်းရွဲ့... အစ်မ "

‎

‎

‎ကုချင်းရွဲ့ အတွေးနယ်ချဲ့နေစဉ်မှာပင်... ဖူဝမ်၏ ကြောက်ရွံ့တုန်လှုပ်နေသော အသံလေးက သူ့အား နိုးထစေခဲ့သည်။ " အစ်မတို့အားလုံး ကျွန်မနဲ့အတူ ဝင်ပြီး စူးစမ်းလေ့လာလို့ရမလား "

‎

‎

‎" တကယ်လို့ အထဲမှာ မဟာကံတရားတွေ ရှိခဲ့မယ်ဆိုရင်... ကျွန်မက အစ်မတို့အားလုံးနဲ့ အညီအမျှ ခွဲဝေဖို့ ဆန္ဒရှိပါတယ် "

All Chapters