← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 10 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 10 Ch. 137-138

‎အခန်း (၁၃၇) - ကြီးမားသော စုဆောင်းမှု၊ လော့ထျန်းမှလုပ်ကြံသတ်ဖြတ်သူ၊ ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခြင်း

‎

‎

‎

‎" ဘာခေတ်ကြီးလဲ? ဟက်! ဒါက ခဏတာ မြင်ယောင်မှုတစ်ခုပါပဲ "

‎

‎

‎ကုချန်သည် တီးတိုးရေရွတ်လိုက်ပြီး... သူ၏မျက်လုံးများ၏ နက်ရှိုင်းသောနေရာတွင်... အဆုံးမဲ့တာအို အရည်ကျိုဖိုကြီးတစ်ခု ပြင်းထန်စွာ လောင်ကျွမ်းနေဟန်ရှိသည်။

‎

‎

‎သူသည် ယခုအချိန်တွင် ထိုခေတ်အား ဂရုစိုက်မနေခဲ့ပေ။

‎

‎

‎သူသည် သူ၏အစွမ်းကို တတ်နိုင်သမျှ အမြန်ဆုံး တိုးတက်စေရန်သာ လိုလားသည်။ သို့မှသာ အဆုံးမဲ့ကမ္ဘာကြီး ပျက်စီးသွားသည့်တိုင်... သူ၏ကာကွယ်မှုဖြင့် ကောင်းကင်ဘုံနှင့် ကုမိသားစုသည် ဘေးကင်းလုံခြုံစွာ ကျန်ရစ်နေမည်ဖြစ်သည်။

‎

‎

‎သူသည် လက်ရှိတွင် ဧကရာဇ်ကိုးပါး အမှန်တရား နားလည်ခြင်း အတွင်းမှ အနှစ်သာရကို စုပ်ယူကာ ပိုင်းခြားစိတ်ဖြာနေ၏။

‎

‎

‎ဧကရာဇ်ကိုးပါး အမှန်တရား နားလည်ခြင်းတွင်... ဧကရာဇ်အစစ်အမှန် ကိုးဦးမှ ဖန်တီးခဲ့သော ကျင့်ကြံခြင်းနည်းလမ်းများ ပါဝင်ပြီး... ၎င်းမှာ အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်အဆင့်ဟု ခေါ်ဆိုနေကြသည့်အရာနှင့် နှိုင်းယှဉ်၍ မရလောက်အောင်ပင် သာလွန်နေသည်။

‎

‎

‎ကုချန်တွင် ခပ်ရေးရေး ခံစားချက်တစ်ခု ရှိနေသည်။

‎

‎

‎ ဧကရာဇ်ကိုးပါး အမှန်တရား နားလည်ခြင်း၏ အကြောင်းအရာအားလုံးကို သူအပြည့်အဝ နားလည်သဘောပေါက်ပြီး... ကောင်းကင်ဧကရာဇ်ကျမ်းစာထဲသို့ ပေါင်းစပ်ထည့်သွင်းပြီးသည်နှင့်... သူသည် အမှန်တကယ်ပင် ဧကရာဇ်အဆင့်ကို ဖောက်ထွက်ကာ... ယခင်က မကြုံသည့်ဖူး ပြိုင်ဘက်ကင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားနိုင်သည်ဟု ခံစားနေရသည်။

‎

‎

‎ထိုနေ့သည် သိပ်မဝေးတော့ဟုလည်း သူယုံကြည်ထား၏။

‎

‎

‎" ကံကြမ္မာတာအိုရဲ့ မျက်နှာသာပေးတာကို ခံရတယ်ဆိုတာ ဒါမျိုးလား... တကယ် ကြောက်စရာကောင်းတာပဲ! "

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေရှိ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌... ကုချင်းရွဲ့သည် တုနှိုင်းမဲ့အဆင့် ဝိညာဉ်ကျောက်တောင်ကြီးနှင့် သူတော်စင်ရှေးဟောင်းလက်နက် နှစ်ခု၊ သုံးခုခန့်ကို ကြည့်ရင်း... စိတ်ရင်းအမှန်ဖြင့် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားမိသည်။

‎

‎

‎သူတို့ အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာ၍ စူးစမ်းရှာဖွေနေသည့် အချိန်အတွင်းတွင်... ဟွမ်ကျိုအာသည် ကောင်းကင်ကို ဆန့်ကျင်သည်ဟု ဆိုရလောက်အောင်ပင် ထူးကဲလှသည်။

‎

‎

‎မည်သည့်အားစိုက်ထုတ်မှုမျှ မရှိဘဲ... သူသည် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းအား ဝှက်ထားသော ကောင်းကင်နှင့်မြေကြီး လျှို့ဝှက်နယ်မြေများစွာသို့ တစ်ခုပြီးတစ်ခု ဦးဆောင်ခေါ်သွားခဲ့ပြီး... ထိုလျှို့ဝှက်နယ်မြေများအတွင်းရှိ ရတနာများအားလုံးကို စုဆောင်းရယူနိုင်ခဲ့သည်။

‎

‎

‎ဤကာလအတွင်း... သူတို့သည် မည်သည့် ထူးထူးခြားခြား အန္တရာယ်အတားအဆီးများကိုမျှပင် မကြုံတွေ့ခဲ့ရပေ။ ထိုဖြစ်စဉ်သည် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့၏ စိတ်ကူးထက်ပင် အလွန်ချောမွေ့နေခဲ့သည်။

‎

‎

‎ဤအရာအားလုံးသည် ဟွမ်ကျိုအာ၏ သိမ်မွေ့သော လွှမ်းမိုးမှု၏ ရလဒ်ဖြစ်ကြောင်း သူသိမထားခဲ့လျှင်... ကုချင်းရွဲ့သည်ပင် ဤကာလအတွင်း သူ၏ကံကြမ္မာမှာ... 'ကောင်းကင်ကို ဆန့်ကျင်' လွန်းနေသည်ဟု ထင်မိကောင်းထင်မိလိမ့်မည်။

‎

‎

‎" အစ်မကျိုအာ ရှိနေတော့... ကျွန်မ ဘာအခက်အခဲမှတောင် မခံစားခဲ့ရဘူး! "

‎

‎

‎ယဲ့ယင်းယင်းသည် သူ၏ရှေ့မှ သယံဇာတများနှင့် နတ်ဘုရားပစ္စည်းများအားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်သည်။

‎

‎

‎သူသည် သူတော်စင်ခန္ဓာသွေးကြောကို ပိုင်ဆိုင်ထားပြီး... သူ၏ကျင့်ကြံမှုသည် သယံဇာတ အများဆုံး သုံးစွဲရသည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေတွင်... ဧကရာဇ်မျိုးနွယ်စု အမျိုးမျိုးထံမှ လုယက်ထားသော ကြီးမားသည့် သယံဇာတပမာဏ ရှိနေသော်လည်း.. ၎င်းတို့ကို သူအပါအဝင် ကုမိသားစုတပည့်တိုင်းထံ ပုံသေပမာဏဖြင့်သာ ထောက်ပံ့ပေးသည်။

‎

‎

‎သံသယဖြစ်ဖွယ်မရှိသည်မှာ... ပုံမှန်ခွဲဝေပေးသော ကျင့်ကြံခြင်းသယံဇာတများသည် များပြားသော်လည်း... ၎င်းတို့သည် ယဲ့ယင်းယင်း၏ လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေ။

‎

‎

‎အမှန်တကယ်တွင်... ယဲ့ယင်းယင်းသည် ကုတောက်လင်းထံတွင် ပိုမိုများပြားသော ကျင့်ကြံခြင်းသယံဇာတများကို တောင်းခံ၍ရနိုင်၏။ ကောင်းကင်ဘုံအရှင်သခင်၏ တပည့်တစ်ဦးဖြစ်သည်ကို ထောက်ထား၍... ကုတောက်လင်းသည် ငြင်းဆန်မည် မဟုတ်ပေ။

‎

‎

‎သို့သော် ယဲ့ယင်းယင်းသည် ထိုသို့ မလုပ်ခဲ့ပေ။

‎

‎

‎ပထမအချက်မှာ... သူသည် သူ၏ဂုဏ်ပုဒ်ကြောင့် အထူးဆက်ဆံခံရခြင်းကို မလိုလားသောကြောင့် ဖြစ်သည်။

‎

‎

‎ဒုတိယအချက်မှာ... သူသည် ၎င်းတို့ကို များစွာအသုံးပြုခြင်းက သူ့ကို အထောက်အကူမပြုရုံသာမက... သူ့အား ပြန်လည်ထိခိုက်စေနိုင်သည်ကို ရှင်းလင်းစွာ သိရှိထားသောကြောင့်လည်း ဖြစ်သည်။

‎

‎

‎အဘယ်ကြောင့် ဆရာသခင်သည် သူနှင့် အခြားကုမိသားစုတပည့်များကို အထက်ကောင်းကင်တားမြစ်နယ်မြေထဲတွင် ပုန်းအောင်းမနေဘဲ... အပြင်ထွက်၍ စူးစမ်းလေ့လာရန်၊ ကြမ်းတမ်းမှုများနှင့် သေရေးရှင်ရေးအခြေအနေများကို တွေ့ကြုံခံစားစေရန်... အားပေးခဲ့ရသနည်း။

‎

‎

‎အကြောင်းမှာ တားမြစ်နယ်မြေအတွင်း၌သာ ကျင့်ကြံနေရုံဖြင့်... လူတစ်ဦးကို စစ်မှန်သော အင်အားကြီးသူတစ်ဦး ဖြစ်လာစေမည် မဟုတ်သောကြောင့် ဖြစ်သည်။

‎

‎

‎ကောင်းကင်နှင့်မြေကြီးကို ရင်ဆိုင်ယှဉ်ပြိုင်ခြင်း၊ သက်ရှိအားလုံးနှင့် အပြိုင်အဆိုင် ကြိုးပမ်းခြင်း၊ မရေမတွက်နိုင်သော စမ်းသပ်မှုများကို အဆုံးတိုင်သည်အထိ ခံရပ်နိုင်မှသာလျှင်... လူတစ်ဦးသည် စစ်မှန်သော အင်အားကြီးသူတစ်ဦးအဖြစ် ကြီးထွားလာနိုင်မည်ဖြစ်သည်။

‎

‎

‎" တော်ပြီ... ဒီလျှို့ဝှက်နယ်မြေထဲမှာ ရတနာတွေ မရှိတော့ဘူး... သွားကြစို့ "

‎

‎

‎ခဏမျှ အာရုံခံကြည့်ပြီးနောက်... ဟွမ်ကျိုအာသည် ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းအား ပြောလိုက်သည်။

‎

‎

‎" အင်း "

‎

‎

‎ယဲ့ယင်းယင်းသည် ခေါင်းညိတ်လိုက်ပြီး... ရတနာများကို ရေတွက်ကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် လျှို့ဝှက်နယ်မြေမှ ထွက်ခွာရန် ပို့ဆောင်ရေးအစီအရင်ပေါ်သို့ တက်လှမ်းသွားခဲ့သည်။

‎

‎

‎" လျှို့ဝှက်နယ်မြေ နောက်ထပ် နှစ်ခု သုံးခုလောက် စုဆောင်းပြီးရင်... ငါ သူတော်စင်အဆင့်ကို ဖောက်ထွက်ဖို့တောင်... ကျင့်ကြံခြင်းသယံဇာတတွေ လုံလောက်သွားမယ်ထင်တယ် "

‎

‎

‎ခရီးစဉ်အတွင်း၌... ယဲ့ယင်းယင်းသည် ပျော်ရွှင်စွာ တွေးမိလိုက်၏။

‎

‎

‎သို့သော်... သူတို့ လျှို့ဝှက်နယ်မြေမှ ထွက်လာပြီး အပြည့်အဝ သတိပြန်မဝင်သေးမီမှာပင်... တလက်လက်တောက်ပနေသော ဓားရှည်တစ်လက်သည်... လေဟာနယ်အတွင်းမှ အသံတိတ် ထွက်ပေါ်လာခဲ့၏။ အသေးငယ်ဆုံးသော အာကာသ လှိုင်းဂယက်မျှပင် မရှိဘဲ... ယဲ့ယင်းယင်း၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်လာခဲ့လေသည်။

‎

‎

‎ယဲ့ယင်းယင်းသည် တုံ့ပြန်ရန် အချိန်မရရှိခဲ့ဘဲ... သူ၏ခန္ဓာကိုယ်ကို ဘေးဘက်သို့ အနည်းငယ်သာ ရွှေ့လိုက်နိုင်ခဲ့သည်။

‎

‎

‎သို့သော် ဓားရှည်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီးဖြစ်ပြီး သွေးစက်များ လေထဲသို့ ပန်းထွက်သွားစေခဲ့သည်။

‎

‎

‎ဓားရှည်သည် ယဲ့ယင်းယင်း၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ထိုးဖောက်ဝင်ရောက်သွားကာ... ၎င်း၏ဓားသွားသည် သူ၏သွေးများကို စုပ်ယူနေဟန်ဖြင့် ရွှေရင့်ရောင်သို့ ပြောင်းလဲသွား၏။

‎

‎

‎" ဘယ်သူ..... "

‎

‎

‎ယဲ့ယင်းယင်းသည် ဓားရှည်လာရာ လမ်းကြောင်းကို ကြည့်လိုက်ရာ... သူ၏ လှပသော မျက်လုံးများတွင် အံ့ဩမှုများဖြင့် ပြည့်နှက်လာ၏။

‎

‎

‎မည်သူက အမှောင်ထဲတွင် ပုန်းအောင်း၍ သူ့အား တိုက်ခိုက်နေသည်ကို သူ မသိရှိခဲ့ပေ။

‎

‎

‎သို့သော် ဓားရှည်ပိုင်ရှင်ကို မြင်လိုက်ရသောအခါ... သူ၏မျက်လုံးထဲမှ အံ့ဩမှုသည် ချက်ချင်းပင် နားလည်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

‎

‎

‎ထိုသူမှာ ပိန်လှီသော ပုံသဏ္ဌာန်ရှိပြီး.. အမှောင်ထုများဖြင့် ဖုံးလွှမ်းထားရာ... သူ၏မျက်နှာကို မမြင်နိုင်စေခဲ့ဘဲ... သူ၏ အရှိန်အဝါသည်ပင် မပီဝိုးတဝါး ဖြစ်နေ၏။

‎

‎

‎ဤဝတ်စုံ... ဤခံစားချက်ကို ယဲ့ယင်းယင်းသည် ရင်းနှီးလွန်းနေခဲ့သည်။

‎

‎

‎ထိုလူသည် သူ့အား တစ်ချိန်က လုပ်ကြံသတ်ဖြတ်ခဲ့သော လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူနှင့် တစ်ပုံစံတည်း ဖြစ်နေ၏။

‎

‎

‎ဤလူသည်လည်း လော့ထျန်းနန်းတော်မှ လွှတ်လိုက်သော လုပ်ကြံသူတစ်ယောက်လော။

‎

‎

‎" ရှင်က လော့ထျန်းနန်းတော်ကပဲ! "

‎

‎

‎ယဲ့ယင်းယင်းသည် အမှောင်ထုများဖြင့် ဖုံးလွှမ်းထားသော ပုံရိပ်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များတွင် နက်ရှိုင်းသော အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။

‎

‎

‎ဤပုံရိပ်မှ ထွက်ပေါ်နေသော အရှိန်အဝါကို သူ အလွန်ရင်းနှီးနေခဲ့သည်။ ၎င်းသည် လော့ထျန်းနန်းတော်မှ လုပ်ကြံသူများ၏ အရှိန်အဝါပင် ဖြစ်သည်။

‎

‎

‎" ငါတို့ လော့ထျန်းနန်းတော်က သတ်ဖို့ရည်ရွယ်ထားတဲ့သူ ဘယ်သူမှ မလွတ်မြောက်ခဲ့ဖူးဘူး "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် သူ၏လက်ဖဝါးထဲမှ ယဲ့ယင်းယင်း၏ သူတော်စင်သွေးကို စုပ်ယူထားသော ဓားရှည်ကို ကြည့်လိုက်၏။ သူ၏ တုံ့ဆိုင်းမှုမရှိသော မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎ထို့နောက်... သူသည် ဖြူဖျော့နေသော ယဲ့ယင်းယင်းကို လှည့်ကြည့်ကာ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

‎

‎

‎" သေတော့! "

‎

‎

‎" ဇွက်...! "

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး... ယဲ့ယင်းယင်း၏ ရင်ဘတ်ဆီသို့ နောက်တစ်ကြိမ် သနားညှာတာမှုကင်းမဲ့စွာ ထိုးစိုက်လိုက်‌လေသည်။

‎

‎

‎ဤဓားချက်သည် ယဲ့ယင်းယင်း၏ အသက်ကို ယူရန် ရည်ရွယ်၏။

‎

‎

‎" လော့ထျန်းနန်းတော်..... "

‎

‎

‎ယဲ့ယင်းယင်းသည် သူ၏ ငွေရောင်သွားလေးများကို ဖွဖွ ကိုက်လိုက်မိသည်။ လော့ထျန်းနန်းတော်၏ လုပ်ကြံမှုသည် လွန်စွာ ရုတ်တရက်ဆန်လှသည်။ နှစ်အတန်ကြာပြီးနောက်တွင်... တစ်ဖက်လူက သူ့အား နောက်တစ်ကြိမ် မဆုတ်မနစ် ပစ်မှတ်ထားလိမ့်မည်ဟု... ယဲ့ယင်းယင်းပင် မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎သူသည် ခုလေးတင်က သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း... ထိုဖြစ်စဉ်တွင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး... နောက်တစ်ကြိမ် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။

‎

‎

‎သူ့ထံသို့ ရုတ်တရက် ထိုးစိုက်လာသော ဓားရှည်ကို ကြည့်ရင်း... ယဲ့ယင်းယင်း၏ လှပသော မျက်လုံးများတွင် မကျေနပ်မှုနှင့် နောင်တရခြင်း အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎သူသည် ကောင်းကင်ဘုံသို့ပြန်ကာ ဆရာသခင်နှင့် ပြန်လည်တွေ့ဆုံခွင့် မရတော့မည်ကို စိုးရိမ်နေမိသည်.....

‎

‎

‎ယဲ့ယင်းယင်းသည် မျှော်လင့်ချက်မဲ့စွာ သေခြင်းတရားကို စောင့်ဆိုင်းနေစဉ်မှာပင်... အာကာသ လှိုင်းဂယက်များ ရောက်ရှိလာပြီး... ကုချင်းရွဲ့နှင့် ဟွမ်ကျိုအာတို့၏ ပုံရိပ်များ ပေါ်ထွက်လာ၏။

‎

‎

‎အမျိုးသမီးနှစ်ဦးလုံးသည် ဤကြောက်မက်ဖွယ်မြင်ကွင်းကို တစ်ပြိုင်နက်တည်း မြင်တွေ့လိုက်ရသည်။

‎

‎

‎" ယင်းယင်း! "

‎

‎

‎ကုချင်းရွဲ့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ တုံ့ပြန်မှု မပြုနိုင်မီမှာပင်... သူ၏လက်ချောင်းပေါ်မှ သိုလှောင်လက်စွပ်သည် ခပ်ရေးရေး လင်းလက်လာပြီး... နတ်သမီးရှောင်းယွဲ့၏ အရှိန်အဝါ ထိုးထွက်လာကာ... ချက်ချင်းပင် ကုချင်းရွဲ့၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တော့သည်။

‎

‎

‎" ငါ့ကိုလုပ်ခွင့်ပေး... မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး "

‎

‎

‎နတ်သမီးရှောင်းယွဲ့၏ အသံသည် အလျင်စလို ထွက်ပေါ်လာပြီးနောက်... ကုချင်းရွဲ့၏ ခန္ဓာကိုယ်သည် ကုချင်းရွဲ့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ ချက်ချင်းပင်.. သူသည် ရှေ့သို့ တိုးသွားကာ လော့ထျန်းနန်းတော် လုပ်ကြံသတ်ဖြတ်သူ ကိုင်စွဲထားသော ဓားရှည်ကို လက်ညှိုးတစ်ချောင်းဖြင့် ထောက်လိုက်ရာ... ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

‎

‎

‎" ဟမ်? "

‎

‎

‎လော့ထျန်းနန်းတော် လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာအမူအရာသည်... သူ၏တိုက်ခိုက်မှု အတားအဆီးခံလိုက်ရသည်ကို မြင်သောအခါ... ရုတ်တရက် ပြောင်းလဲသွား၏။

‎

‎

‎သို့သော်... သူ၏ခရီးစဉ် ရည်ရွယ်ချက်ကို သတိရလျက်... လုပ်ကြံသတ်ဖြတ်သူသည် အေးစက်စွာ ဟောက်လိုက်ပြီး... သူ၏ဓားရှည်ကို မဆိုင်းမတွ ပြန်လည်သိမ်းဆည်းကာ... လှည့်ထွက်သွားရန် ပြင်ဆင်လိုက်ဟန်ရှိသည်။

‎

‎အခန်း (၁၃၈) - လုပ်ကြံသတ်ဖြတ်သူအား နှိမ်နင်းခြင်း၊ ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိခြင်း၊ ကုချန် တရားကျင့်နေရာမှ ထွက်လာခြင်း

‎

‎

‎

‎" ထွက်သွားချင်တာလား? ငါမင်းကို ထွက်သွားခွင့်ပေးမယ်လို့ ပြောခဲ့လို့လား? "

‎

‎

‎လော့‌ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် တွန့်ဆုတ်မှုမရှိဘဲ ဆုတ်ခွာရန် ပြင်နေသည်ကို မြင်သောအခါ... နတ်သမီးရှောင်းယွဲ့သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူသည် ကုချင်းရွဲ့အား ထိန်းချုပ်လျက်... လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူထံသို့ ပြင်းထန်စွာ ဆုပ်ကိုင်ဖမ်းယူလိုက်သည်။

‎

‎

‎သူ လှုပ်ရှားလိုက်သည်နှင့်... ထိုလော့ထျန်းနန်းတော် လုပ်ကြံသတ်ဖြတ်သူ၏ ပတ်ဝန်းကျင်မှ... ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းဆိုသလို စုပ်ယူခံလိုက်ရပြီး... လေဟာနယ်တစ်ခု ဖြစ်ပေါ်သွားသကဲ့သို့ ဖြစ်သွား၏။ လေထုသည်ပင် စေးပျစ်လာသကဲ့သို့ ထင်မှတ်ရသည်။

‎

‎

‎" ဟမ်?! " လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် အာကာသလှိုင်းဂယက်ထဲသို့ ထွက်ပြေးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် နတ်သမီးရှောင်းယွဲ့ လှုပ်ရှားလိုက်သောအခါ... လေဟာနယ်သည် ခိုင်မာသွားသကဲ့သို့ သူတွေ့ရှိလိုက်ရသည်။ သူသည် လွတ်မြောက်ရန်အတွက် လေဟာနယ်အား မဖျက်ဆီးနိုင်ရုံသာမက... သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားရန်ပင် အလွန်အမင်း ခက်ခဲလာခဲ့သည်။

‎

‎

‎" ဒါဘယ်လိုဖြစ်နိုင်မှာလဲ..... " လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် အလွန်အံ့အားသင့်သွားပြီး... သူ၏ ခံစားချက်ကင်းမဲ့နေကျ မျက်လုံးများထဲတွင် တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

‎

‎

‎သူသည် ယဲ့ယင်းယင်းအား တိတ်တဆိတ် နောက်ယောင်ခံလိုက်နေသည်မှာ တစ်ရက်နီးပါးရှိပြီဖြစ်ပြီး... အဖွဲ့၏အင်အားကို တိကျစွာ အကဲဖြတ်နိုင်ခဲ့သည်ဟု ယုံကြည်ထားခဲ့သည်။ သုံးဦးအနက် အစွမ်းထက်ဆုံးဖြစ်သော ဟွမ်ကျိုအာသည်... ကောင်းကင်တက်လှမ်းခြင်းအဆင့် ကျင့်ကြံမှုသာ ရှိနေသည်။

‎

‎

‎သူကိုယ်တိုင်လည်း ကောင်းကင်တက်လှမ်းခြင်းအဆင့်တွင် ရှိနေသော်ငြား... လော့ထျန်း၏ လျှို့ဝှက်နည်းစနစ်များကို ကျင့်ကြံထားသည်။ သူ၏ ပုန်းကွယ်နေသော အနေအထားနှင့် ပေါင်းစပ်လိုက်ပါက... ကုချင်းရွဲ့နှင့် အခြားနှစ်ဦးကို ချေမှုန်းနိုင်မည်ဟု သူယုံကြည်မှု ရှိနေခဲ့သည်။

‎

‎

‎ဤသည်မှာ ယဲ့ယင်းယင်း လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာသည်ကို တွေ့ရှိသောအခါ... သူအခွင့်အရေးကို အရယူကာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကုချင်းရွဲ့နှင့် ဟွမ်ကျိုအာတို့ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသောအခါ... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် မည်သည့်အရာမျှ မခံစားရဘဲ... ဒဏ်ရာအနာတရမရှိဘဲ ဆုတ်ခွာနိုင်မည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။

‎

‎

‎သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သောအရာမှာ သူ၏မျှော်လင့်ချက်များကို လုံးဝကျော်လွန်သွားခဲ့သည်။ အစွမ်းထက်ဆုံးဖြစ်သော ဟွမ်ကျိုအာသည် လှုပ်ရှားခြင်းမရှိဘဲ... ကုချင်းရွဲ့ကသာ ဦးစွာ လှုပ်ရှားခဲ့သည်။

‎

‎

‎သူ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်... သူ၏အစွမ်းသည် သူ၏မျှော်လင့်ချက်များကို ကျော်လွန်သွားကာ... သူ့အား နေရာတွင်ပင် ချည်နှောင်ထားနိုင်ခဲ့သည်။

‎

‎

‎" ဖျက်! " လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူသည် ကြောက်လန့်တကြား ဖြစ်သွားသော်လည်း တွန့်ဆုတ်မနေရဲပေ။ သူသည် သူ၏လျှာကို ကိုက်လိုက်ကာ... ကြီးမားလှသော စွမ်းအားများ ပါဝင်သည့် သွေးအနှစ်တစ်လုပ်ကို ထွေးထုတ်လိုက်ပြီး... ဤချုပ်နှောင်မှုမှ လွတ်မြောက်ရန် မျှော်လင့်လိုက်သည်။

‎

‎

‎သို့သော် ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများသည် တင်းကျပ်စွာ ချိတ်ဆက်နေသကဲ့သို့ဖြစ်ပြီး... မဖျက်ဆီးနိုင်သော သံနံရံလှောင်အိမ်တစ်ခုအဖြစ် ဖြစ်ပေါ်ကာ... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူအား တင်းကျပ်စွာ ဝန်းရံထားလေသည်။

‎

‎

‎" မင်းရဲ့ဆရာသခင်က အဆုံးမဲ့တာအိုတွေကို စွမ်းအားကို ဘယ်လိုထိန်းချုပ်လဲဆိုတာ သေချာခံစားကြည့် " နတ်သမီးရှောင်းယွဲ့သည် ကုချင်းရွဲ့၏ခန္ဓာကိုယ်ကို ထိန်းချုပ်သင်ကြားပေးလျက် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

‎

‎

‎" စွမ်းအားကို အသုံးချရတဲ့ပုံက..... " သူ၏ဆရာသခင်သည် သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်နေသည်ကို ခံစားမိနေသော အခိုက်အတန့်တွင်... ကုချင်းရွဲ့၏ ခံစားချက်သည် အလွန်အမင်း နက်ရှိုင်းလှ၏။

‎

‎

‎သူ၏ဆရာသခင် ပြသခဲ့သော စွမ်းအားသည်... အများဆုံး နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်တွင်သာ ရှိနေပြီး... လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူထက်ပင် အဆင့်တစ်ဆင့် နိမ့်နေသေးသည်ကို... သူ ရှင်းရှင်းလင်းလင်း ခံစားမိ၏။

‎

‎

‎သို့သော် ထိုနှစ်ဦးကြားရှိ စွမ်းအားအသုံးချမှုမှာ လုံးဝ ကွဲပြားခြားနားသော အဆင့်များတွင် ရှိနေသည်။

‎

‎

‎ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုစွမ်းအားသည် သူ၏ ဆရာသခင်၏ လက်ထဲတွင်... လက်မောင်းက လက်ချောင်းများကို အမိန့်ပေးစေခိုင်းသကဲ့သို့ ပေါ့ပါးလွယ်ကူပြီး... လော့ထျန်းနန်းတော် လုပ်ကြံသတ်ဖြတ်သူ၏ ခုခံမှုအားလုံးကို လွယ်ကူစွာ ဖြိုခွင်းပစ်လိုက်၏။

‎

‎

‎ခဏတာအတွင်းမှာပင်... အဆုံးမဲ့တာအိုများ၏ ပိတ်ဆို့မှုစွမ်းအားသည် လော့ထျန်းနန်းတော် လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး... သူ၏ ချီပင်လယ်သွေးကြောများအားလုံးကို ချိပ်ပိတ်လိုက်ရာ... သူသည် မြေပြင်ပေါ်သို့ 'ဘုတ်' ကနဲ လဲကျသွားတော့သည်။

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူအား နှိမ်နင်းပြီးနောက်... နတ်သမီးရှောင်းယွဲ့သည် လေဟာနယ်ထဲသို့ လက်ချောင်းများကို ပွတ်တိုက်လိုက်ကာ... ယဲ့ယင်းယင်း၏ ခန္ဓာကိုယ်အား အကြိမ်များစွာ တို့ထိလိုက်သည်။ သန့်စင်သော စွမ်းအားစီးကြောင်းများသည် ယဲ့ယင်းယင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး... သူ၏ ဖြူဖျော့နေသော မျက်နှာအား အရောင်အချို့ ပြန်လည်ရရှိစေကာ... ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှ သွေးထွက်ခြင်းလည်း ရပ်တန့်သွားခဲ့သည်။

‎

‎

‎ထို့နောက်တွင်... ကုချင်းရွဲ့သည် သူ၏ခန္ဓာကိုယ်အား... ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

‎

‎

‎" မင်းရဲ့ဆရာသခင်က ဒီလူရဲ့စွမ်းအားကို ချိပ်ပိတ်လိုက်ပြီ ဆိုပေမဲ့... အဲ့ဒါက နှစ်ရက်လောက်ပဲ ခံလိမ့်မယ်... ဒါ့အပြင်... ယဲ့ယင်းယင်းရဲ့ အခြေအနေက အကောင်းဘက်မှာ မရှိလို့ နှောင့်နှေးနေလို့မရဘူး... မင်း အထက်ကောင်းကင် တားမြစ်နယ်မြေကို အမြန်ပြန်သွားပြီး... ဒီကိစ္စကို သတင်းပို့ဖို့ လိုတယ် " နတ်သမီးရှောင်းယွဲ့သည် တည်ငြိမ်စွာ ပြောကြားလိုက်၏။

‎

‎

‎ ယဲ့ယင်းယင်းသည် ကောင်းကင်ဘုံအရှင်သခင်၏ တပည့် ဖြစ်သည်ကို သူသိရှိ၏။

‎

‎

‎ယဲ့ယင်းယင်း တိုက်ခိုက်ခံရခြင်းနှင့်အတူ... ကောင်းကင်ဘုံအရှင်သခင်သည် ဤကိစ္စကို လွှတ်ထားမည်မဟုတ်ဘဲ... မိုးကြိုးပစ်သကဲ့သို့သော အမျက်ဒေါသကိုပင် ထုတ်လွှတ်လာနိုင်သည်မှာ... ခန့်မှန်းနိုင်ဖွယ်ရာ ဖြစ်သည်။

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူအား အရှင်ထားရခြင်းမှာ... နောက်ဆက်တွဲ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ဖြစ်သည်။

‎

‎

‎" ဟုတ်ကဲ့! " ကုချင်းရွဲ့၏ နှလုံးသားသည် လေးနက်သွားပြီး... အချိန်ဖြုန်းမနေရဲတော့ပေ။ သူသည် ယဲ့ယင်းယင်း၏ ဘေးသို့ အလျင်အမြန် ပြေးသွားကာ... ယဲ့ယင်းယင်းအား ဂရုတစိုက် ပွေ့ချီလိုက်သည်။ သူ၏ ချောမောလှပသော မျက်နှာလေးတွင် စိတ်နှလုံးနာကျင်မှုနှင့် နောင်တရခြင်း အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။

‎

‎

‎" ဒါအားလုံး ကျွန်မအမှားပါ! တကယ်လို့ အရင်တုန်းက အသက်ကယ်ဂါထာလက်ဖွဲ့တစ်ခု ဆောင်ထားခဲ့မယ်ဆိုရင်... ရှင့်မှာ အခုလို ဘေးဒုက္ခမျိုး ကြုံတွေ့ရမှာ မဟုတ်ဘူး "

‎

‎

‎ကုချင်းရွဲ့သည် အလွန်အမင်း နောင်တရသွားမိ၏။

‎

‎

‎အကယ်၍ သူသည် ထိုစဉ်က အသက်ကယ်ဂါထာလက်ဖွဲ့တစ်ခု ဆောင်ထားခဲ့ပါက... ထိုလက်ဖွဲ့သည် သူ့အလိုလို အသက်ဝင်လာပြီး ယဲ့ယင်းယင်းအား ကယ်တင်နိုင်ခဲ့မည် ဖြစ်သည်။

‎

‎

‎" အဟွတ်... အဟွတ်... ချင်းရွဲ့... ရှင့်ကိုယ်ရှင် အပြစ်တင်နေဖို့ မလိုပါဘူး... အသက်ကယ်ဂါထာလက်ဖွဲ့ မယူဖို့ ဆုံးဖြတ်ခဲ့တာက ရှင့်တစ်ယောက်ထဲကဲ့ အတွေး မဟုတ်ခဲ့ပါဘူး " ယဲ့ယင်းယင်းသည် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ပြီး... သူ၏အသံမှာ အားနည်းလျက်ရှိသည်။

‎

‎

‎" တော်ပါပြီ... ဆက်မပြောပါနဲ့တော့... ကျွန်မ ရှင့်ကို အခု အထက်ကောင်းကင်ကို ပြန်ခေါ်သွားမယ်... ဘိုးဘေးကြီး ရှိနေရင်... ရှင် ဘာမှဖြစ်မှာ မဟုတ်ဘူး! "

‎

‎

‎ကုချင်းရွဲ့သည် ယဲ့ယင်းယင်းအား စကားဆက်မပြောရန် အလျင်အမြန် တားမြစ်လိုက်သည်။ ထို့နောက်... ဟွမ်ကျိုအာနှင့်အတူ ယဲ့ယင်းယင်းအား ခေါ်ဆောင်လျက်... အထက်ကောင်းကင်သို့ အလျင်စလို ပြန်လာခဲ့ကြသည်။

‎

‎

‎လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူကိုမူ... ဟွမ်ကျိုအာက စုတ်ပြဲနေသော အိတ်တစ်လုံးကဲ့သို့ ကြမ်းတမ်းစွာ ဆွဲကိုင်လိုက်ပြီး... ပြာလဲ့သော ကောင်းကင်ယံထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎.........

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ.....

‎

‎

‎ကုချင်းရွဲ့သည် ဒဏ်ရာရနေသော ယဲ့ယင်းယင်းနှင့်အတူ ပြန်လည်ရောက်ရှိလာသောအခါ... ကုမိသားစုတစ်စုလုံးအား ချက်ချင်း အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။ ကုဝူရှန့်သည် ပထမဆုံး ဆင်းသက်လာခဲ့ပြီး... ယဲ့ယင်းယင်း၏ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုခဲ့၏။

‎

‎

‎သေချာစွာ စစ်ဆေးပြီးနောက်... ကုဝူရှန့်သည် ယဲ့ယင်းယင်းအား နှစ်သောင်းတန် နတ်ဆေးတစ်လုံးဖြင့် ကုသပေးခဲ့ရာ... နောက်ဆုံးတွင် ယဲ့ယင်းယင်း၏ အခြေအနေမှာ တည်ငြိမ်သွားခဲ့သည်။ သူသည် သွေးရောင်လွှမ်းသော မျက်နှာလေးဖြင့်.. နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သွားလေသည်။

‎

‎

‎" ဘိုးဘေး... ယင်းယင်း အခြေအနေ ဘယ်လိုရှိပါသလဲ? " အိပ်မောကျနေသော ယဲ့ယင်းယင်းအား ကြည့်ရင်း... ကုချင်းရွဲ့က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

‎

‎

‎" သူရဲ့ခန္ဓာကိုယ်က အခု အဆင်ပြေသွားပါပြီ... သူ နလန်ထပြီး ပြန်ကောင်းမွန်လာဖို့ ရက်နည်းနည်းပဲ လိုတာပါ " ကုဝူရှန့်က သူအား ညင်သာစွာ နှစ်သိမ့်လိုက်သည်။

‎

‎

‎" ဒါဆို ကောင်းပါပြီ " ယဲ့ယင်းယင်း ဘေးကင်းသည်ကို ကြားသိရသောအခါ... ကုချင်းရွဲ့၏ စိုးရိမ်ပူပန်နေသော နှလုံးသားသည် နောက်ဆုံးတွင် တည်ငြိမ်သွားတော့၏။

‎

‎

‎" အော် ဟုတ်သားပဲ... လော့ထျန်းနန်းတော်ရဲ့ လုပ်ကြံသတ်ဖြတ်သူ..... " ကုချင်းရွဲ့သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်... အလျင်အမြန် သတိပေးရန် ကြိုးစားလိုက်သည်။ သို့သော် ကုဝူရှန့်က လက်ကို ဝှေ့ယမ်းကာ... သူ၏စကားကို ဖြတ်တောက်လိုက်သည်။

‎

‎

‎" ငါ လော့ထျန်းနန်းတော်ရဲ့ လုပ်ကြံသတ်ဖြတ်သူကို ချိပ်ပိတ်ထားပြီးပြီ... ဘိုးဘေးကြီး တရားကျင့်နေရာက ထွက်လာမှ သူ့ကို စစ်ဆေးမေးမြန်းရင်လဲ နောက်မကျသေးဘူး "

‎

‎

‎လော့ထျန်းနန်းတော်တွင် ရှည်လျားသော အမွေအနှစ် ရှိ၏။ ကုဝူရှန့်ပင်လျှင် ၎င်းအကြောင်း ကြားဖူးလေသည်။

‎

‎

‎နှစ်ပေါင်းများစွာ စမ်းသပ်မှုများကို ကြံ့ကြံ့ခံပြီးနောက်... မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများစွာ၏ အဓိကပုဂ္ဂိုလ်များကို လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း... လော့ထျန်းနန်းတော်သည် ဘေးကင်းစွာ ဆက်လက်တည်ရှိနေနိုင်သေးသည်မှာ... ၎င်းတွင် ထူးခြားသော နည်းလမ်းများ ရှိရမည်ဖြစ်ကြောင်း ပြနေသည်။

‎

‎

‎ဤနှစ်များအတွင်း... လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်သဖြင့် အဖမ်းဆီးခံရသော လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူ မရှိခဲ့သည် မဟုတ်ပေ။ သို့သော် လော့ထျန်းနန်းတော်၏ စစ်မှန်သော တည်နေရာမှာ... အစဉ်အမြဲ ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။

‎

‎

‎လော့ထျန်းနန်းတော် ဘယ်နေရာတွင် ရှိသည်ကို မည်သူမျှ မသိရှိကြပေ။ ဤအချက်သည်ပင် လော့ထျန်းနန်းတော်၏ ပုန်းကွယ်ခြင်းနည်းလမ်းများမှာ... မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသရန် လုံလောက်နေသည်။

‎

‎

‎ကုဝူရှန့်သည် လော့ထျန်းနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူ ပါးစပ်မှ မည်သည့်အရာကိုမျှ ထုတ်ယူနိုင်မည်ဟု မထင်မိပေ။ ထို့ကြောင့် ဘေးကင်းစေရန်အလို့ငှာ... ဘိုးဘေးကြီး တရားကျင့်နေရာမှ ထွက်လာပြီး... ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းသည်အထိ စောင့်ဆိုင်းခြင်းက ပို၍ကောင်းမွန်သည်။

‎

‎

‎ကုဝူရှန့်သည် လော့ထျန်းနန်းတော်၏ ပုန်းကွယ်ခြင်းနည်းလမ်းများသည် မည်မျှပြိုင်ဘက်ကင်းစေကာမူ... ဘိုးဘေးကြီး၏ ရှေ့မှောက်တွင်တော့ ပြည့်စုံခြင်းရှိနေမည်မဟုတ်ဟု ယုံကြည်၏။

‎

‎

‎နှစ်ရက်ကြာပြီးနောက်... အထက်ကောင်းကင် ပင်မခန်းမဆောင်.....

‎

‎

‎ကုချန်သည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ... ၎င်းတို့အတွင်း၌ အရည်ပျော်နေသော အဆုံးမဲ့တာအို မီးလျှံများသည်လည်း ငြိမ်းသွားခဲ့လေ၏။

‎

‎

‎" ဧကရာဇ်ကိုးပါး အမှန်တရား နားလည်ခြင်းစ အောင်မြင်ပြီ! " ကုချန်သည် ညင်သာစွာ တီးတိုး ရေရွတ်လိုက်သည်။

‎

‎

‎တရားကျင့်နေသည့် ဤရက်များအတွင်း... သူသည် ဧကရာဇ်ကိုးပါး အမှန်တရား နားလည်ခြင်း၏ အကြောင်းအရာများကို အပြည့်အဝ ချေဖျက်စုပ်ယူခဲ့ပြီး... ၎င်းကို သူ၏ ကောင်းကင်ဧကရာဇ်ကျမ်းစာထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်နိုင်ခဲ့သည်။

All Chapters