← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 11 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 11 Ch. 151-152

‎အခန်း (၁၅၁) - ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၊ ဂိုဏ်းပေါင်းစုံ၏တက်လှမ်းခြင်းနှင့် အတိတ်မှအမှန်တရား

‎

‎

‎

‎ကုချန်သည် မို့ကျိုယိုနှင့် ဆက်လက်၍ အချိန်ဖြုန်းနေရန် စိတ်ဝင်စားမှုမရှိသည်မှာ သဘာဝကျ၏။ အားလုံးကို ခြုံငုံကြည့်လျှင် အခြားတစ်ဖက်သားသည် သူ၏လက်တွင်းသို့ ကျရောက်နှင့်ပြီးဖြစ်ရာ... သူလုပ်ရန်လိုအပ်သည်မှာ သူ၏နတ်ဘုရားစွမ်းအင်ကို သန့်စင်ပြီး... မှတ်ဉာဏ်များအတွက် သူ၏အသိဉာဏ်ပင်လယ်ကို ရှာဖွေရန်သာ ဖြစ်သည်။ အဘယ်ကြောင့် သူနှင့်စကားပြောကာ အချိန်ပိုဖြုန်းနေဦးမည်နည်း။

‎

‎

‎မည်သည့် မမျှော်လင့်ထားသော ခုခံမှုအဖြစ်အပျက်များမျှ မရှိခဲ့ပေ။ မို့ကျိုယို၏ နတ်ဘုရားစွမ်းအင်သည် ချက်ချင်းပင် ပျက်စီးသွားခဲ့ပြီး... ကုချန်၏ အသိဉာဏ်ပင်လယ်ထဲသို့ စီးဝင်လာသော မှတ်ဉာဏ်အပိုင်းအစများသာ ကျန်ရစ်ခဲ့သည်။ ထို့ပြင်... မို့ကျိုယို၏ မှတ်ဉာဏ်များကို စူးစမ်းခြင်းဖြင့်... ကုချန်သည် နောက်ဆုံးတွင် အဖြစ်အပျက် အစအဆုံးကို နားလည်သဘောပေါက်သွားခဲ့လေ၏။

‎

‎

‎ဤ ဆေးဖိုကိုးဖို မသေမျိုးမင်းဆက်အား... လွန်ခဲ့သော နှစ်ပေါင်းသိန်းပေါင်းများစွာက... ဆေးဖိုကိုးဖို မဟာဧကရာဇ် အမည်ရသော တည်ရှိမှုတစ်ခုမှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဆေးဖိုကိုးဖို မသေမျိုးမင်းဆက်၏ မှတ်တမ်းများအရ... ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် သူ၏ဘဝနောက်ဆုံးအချိန်၌ မသေမျိုးနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး... သူ၏ အစွမ်းထက်ဧကရာဇ်လက်နက်ဖြစ်သော နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုကို သူ၏မျိုးဆက်များထံ ထားရစ်ခဲ့သည်။

‎

‎

‎ဆေးဖိုကိုးဖို မဟာဧကရာဇ်သည် မသေမျိုးအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး... နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုကို ချန်ထားခဲ့သောကြောင့်ပင်... သူ၏မျိုးဆက်များသည် မိမိတို့ကိုယ်ကို 'မသေမျိုးမင်းဆက်' ဟူ၍ ရည်ညွှန်းခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎ဤသည်မှာ ဒဏ္ဍာရီလာ မသေမျိုးတစ်ဦးမှ ချန်ရစ်ခဲ့သည်ဟု ဆိုသော သူတို့၏ အမွေအနှစ် ထူးခြားသာလွန်မှုကို ပြသရန် ဖြစ်၏။

‎

‎

‎နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုကိုလည်း ဆေးဖိုကိုးဖို မဟာဧကရာဇ်၏ မျိုးဆက်များက ' အင်မော်တယ် ' ဟူ၍ အမည်ပေးခဲ့ကြသည်။

‎

‎

‎ထို့ပြင် ဆေးဖိုကိုးဖို မဟာဧကရာဇ် တက်လှမ်းသွားစဉ် နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုအပြင် အခြားအရာတစ်ခုကိုလည်း ချန်ထားခဲ့သေး၏။

‎

‎

‎၎င်းမှာ နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုအတွင်း၌ ထားရှိပြီး... သူ၏မျိုးဆက်များထံ ချန်ရစ်ခဲ့သော ဟွမ်သွမ့်မသေမျိုးသန္ဓေသားပင် ဖြစ်သည်။

‎

‎

‎ဤ ဟွမ်သွမ့်မသေမျိုးသန္ဓေသားသည် ကျောက်တုံးကြမ်းတစ်တုံးနှင့်တူပြီး... မျက်နှာပြင်တွင် ဟွမ်သွမ့်အစဉ်ပုံစံများဖြင့် တန်ဆာဆင်ထားသည်။ ကောင်းကင်မျက်လုံး တန်ခိုးဖြင့်ပင်လျှင်... ထိုမျက်နှာပြင်ကို ထွင်းဖောက်၍ အတွင်း၌ မည်သည့်အရာ ပါဝင်သည်ကို မမြင်နိုင်ပေ။

‎

‎

‎ဆေးဖိုကိုးဖို မဟာဧကရာဇ်၏ မျိုးဆက်များသည်... နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုအတွင်း သိုလှောင်ထားသော ဤမသေမျိုးသန္ဓေသားထံမှ... သတိမထားမိနိုင်လောက်အောင် တိုးညှင်းသော နှလုံးခုန်သံကိုသာ ရံဖန်ရံခါ ခံစားသိရှိရသည်။

‎

‎

‎သို့သော်... ဆေးဖိုကိုးဖို မဟာဧကရာဇ်သည် ဟွမ်သွမ့်မသေမျိုးသန္ဓေသားနှင့် ပတ်သက်၍ ရှင်းပြခဲ့ခြင်းမရှိဘဲ... သူ၏မျိုးဆက်များအား ၎င်းကို အထူးဂရုတစိုက်နှင့် လေးစားသမှုဖြင့် ဆက်ဆံရမည်ဟူသော... ညွှန်ကြားချက်တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။

‎

‎

‎ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ မျိုးဆက်များသည် သူ၏ညွှန်ကြားချက်ကို အခိုင်အမာ မှတ်သားထားကြ၏။

‎

‎

‎နောက်ပိုင်း မရေမတွက်နိုင်သော နှစ်များတစ်လျှောက်လုံး... ဟွမ်သွမ့်မသေမျိုးသန္ဓေသားသည် နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုအတွင်း၌... မလှုပ်မယှက် ရှိနေခဲ့သည်။

‎

‎

‎တဖြည်းဖြည်းဖြင့် ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်၏ ဆက်တိုက်အုပ်ချုပ်သူများပင်လျှင်... ဟွမ်သွမ့်မသေမျိုးသန္ဓေသား ရှိနေခြင်းကို မေ့လျော့လုနီးပါး ဖြစ်သွားခဲ့ပြီး... နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုအား ဝတ်ပြုပူဇော်သည့်အခါမှသာ... ရံဖန်ရံခါ ဆုတောင်းမှုများ ပြုလုပ်ကြတော့သည်။

‎

‎

‎လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုအတွင်း အမြဲတစေ ငြိမ်သက်နေခဲ့သော ဤ ဟွမ်သွမ့်မသေမျိုးသန္ဓေသားသည် ရုတ်တရက် နိုးထလာခဲ့၏။

‎

‎

‎မျက်စိကျိန်းမတတ် တောက်ပသော အရောင်အဝါသည် ဆေးဖိုကိုးဖို ကြယ်စုအထက်ရှိ... ကောင်းကင်တစ်ခုလုံးကို ချက်ချင်းပင် ဖုံးကွယ်သွားလုနီးပါး ဖြစ်ခဲ့ပြီး... စစ်မှန်သောမသေမျိုးများ ဆင်းသက်လာခြင်းနှင့် များပြားလှသော ဝိညာဉ်များ တက်လှမ်းခြင်းစသော... အံ့ဖွယ်ရူပါရုံများပင် ထင်ရှားပေါ်ပေါက်ခဲ့သည်။

‎

‎

‎ရုတ်တရက် ဖြစ်ပေါ်လာသော ဖြစ်စဉ်နှင့် အရောင်အဝါသည် ခဏတာမျှသာ တည်ရှိခဲ့ပြီးနောက် မည်သည့် သဲလွန်စမျှမကျန်ဘဲ ပျောက်ကွယ်သွားခဲ့၏။

‎

‎

‎ဤအပြောင်းအလဲသည် ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်၏ အုပ်ချုပ်သူဖြစ်သော မို့ကျိုယိုအား တုန်လှုပ်သွားစေခဲ့သည်။

‎

‎

‎သူသည် ချက်ချင်း သွားရောက်စုံစမ်းခဲ့၏။

‎

‎

‎သူသည် နဂါးကိုးကောင်အင်မော်တယ်ဆေးဖို၏ ရှေ့မှောက်သို့ ရောက်ရှိသောအခါ... ထူးခြားကွဲပြားသော အရာတစ်ခုကို အမှန်တကယ်ပင် တွေ့ရှိခဲ့သည်။

‎

‎

‎နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုအတွင်း၌ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော ဟွမ်သွမ့်မသေမျိုးသန္ဓေသားသည် ပြန်လည်နိုးထလာဟန်ရှိပြီး အတွင်းမှ ပြင်းထန်အားကောင်းသော နှလုံးခုန်သံများ ထွက်ပေါ်နေခဲ့သည်။

‎

‎

‎ထိုမျှသာမက မို့ကျိုယိုသည် ဟွမ်သွမ့်မသေမျိုးသန္ဓေသားထံမှ ထွက်ပေါ်လာသော တိုးညှင်း၍ မကြည်မလင်သော တီးတိုးသံများကိုလည်း ကြားလိုက်ရသည်။

‎

‎

‎" ထူးချွန်သူ... တစ်ထောင်ရဲ့... သွေးကို ရှာဖွေပါ... ငါ့ရဲ့ ခန္ဓာကိုယ်ကို ... ရေလောင်းပါ... ငါ... ပြန်လည်နိုးထ... လာတဲ့အခါ... ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်... စုပေါင်းတက်လှမ်းရမဲ့... အချိန် ဖြစ်လိမ့်မယ်... "

‎

‎

‎ဟွမ်သွမ့်မသေမျိုးသန္ဓေသားသည် အမှန်တကယ်ပင် ပြန်လည်နိုးထလာခဲ့ပြီး... အတွင်း၌ ပါရှိသော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုက... ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်အား အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်တည်း။

‎

‎

‎ဤရုတ်တရက် အလှည့်အပြောင်းသည် မို့ကျိုယိုအား ပြင်ဆင်ထားမှုမရှိဘဲ မှင်သက်သွားစေခဲ့သည်။

‎

‎

‎ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ ယခင်ညွှန်ကြားချက်ကို တွေးတောမိရာ မို့ကျိုယိုသည် တွေးတောစဉ်းစားခြင်း မပြုဘဲ မနေနိုင်ခဲ့ပေ။

‎

‎

‎ဆေးဖိုကိုးဖို မဟာဧကရာဇ်သည် ဤနေ့ကို ကြိုတင်မြင်တွေ့ခဲ့လေသလော။

‎

‎

‎ဟွမ်သွမ့်မသေမျိုးသန္ဓေသားထံမှ နောက်ဆက်တွဲထွက်ပေါ်လာသော စကားလုံးများက မို့ကျိုယို၏ ခန့်မှန်းချက်ကို ပိုမိုအတည်ပြုပေးလိုက်၏။

‎

‎

‎" ငါက မသေမျိုးနယ်ပယ်ရဲ့ အရှင်သခင် ဖြစ်တယ်... မသေမျိုးသန္ဓေသားကို ယုံကြည်အပ်နှံခဲ့လို့ ပြန်လည်ဝင်စားခဲ့တာ ဖြစ်တယ်... မင်းတို့ရဲ့ ဘိုးဘေးဖြစ်သူ ဆေးဖိုကိုးဖို မဟာဧကရာဇ်ကိုလည်း တာအိုရရှိပြီး... မသေမျိုးနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ ငါ ကိုယ်တိုင် လမ်းညွှန်ပြသခဲ့ဖူးတယ်.....

‎

‎အခု ငါရဲ့ နိုးထချိန်ကို ရောက်ရှိလာပြီ... ငါ့ကို နိုးထဖို့ ကူညီပါ... မင်းတို့လဲ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေ ရရှိပြီး... မင်းတို့ရဲ့ ဂိုဏ်းတစ်ခုလုံး တက်လှမ်းနိုင်လိမ့်မယ်..... "

‎

‎

‎ဟွမ်သွမ့်မသေမျိုးသန္ဓေသား၏ စကားလုံးများကြောင့် မို့ကျိုယို၏ နှလုံးသည် တဒိန်းဒိန်းခုန်သွားလေ၏။

‎

‎

‎ဟွမ်သွမ့်မသေမျိုးသန္ဓေသား၏ စကားလုံးများကို အတည်ပြုချက်အဖြစ်... ဆေးဖိုကိုးဖို မဟာဧကရာဇ် ချန်ထားခဲ့သော ညွှန်ကြားချက်များနှင့် ပေါင်းစပ်လိုက်သော်... သူသည် မသေမျိုးသန္ဓေသားအတွင်းမှ တည်ရှိမှု ပြောဆိုခဲ့သော စကားတစ်လုံးတစ်ပါဒကိုမျှ သံသယမဝင်ခဲ့ပေ။

‎

‎

‎မသေမျိုးသန္ဓေသားအတွင်းမှ တည်ရှိမှုကို နိုးထရန် ကူညီလိုက်သည်နှင့်... ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်တစ်ခုလုံး စုပေါင်းတက်လှမ်းနိုင်မည်လော။

‎

‎

‎မို့ကျိုယို၏ နှလုံးသည် တဒုတ်ဒုတ်ခုန်နေပြီး... ကြီးမားလှသော ကံကောင်းခြင်းတရားကြီးနှင့် တွေ့ကြုံနေရသည်ဟု ခံစားလိုက်ရသည်။

‎

‎

‎စုပေါင်းတက်လှမ်းခြင်း။

‎

‎

‎အကယ်၍ ဤအရာအားလုံးကို သူ အောင်မြင်နိုင်ခဲ့ပါလျှင်... အနာဂတ် ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်၏ သမိုင်းတွင်... သူသည် ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ ဒုတိယမြောက် အကြီးမြတ်ဆုံးသော တည်ရှိမှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး... ဆေးဖိုကိုးဖို မသေမျိုးမင်းဆက်၏ မျိုးဆက်များက သူ့အား ရိုသေလေးမြတ်စွာ ဝတ်ပြုပူဇော်ကြလိမ့်မည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ ရှေးဟောင်း ဧကရာဇ်အဆင့် ကျင့်ကြံသူများထဲတွင်... မသေမျိုးတက်လှမ်းခြင်းကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း... အားလုံး သိရှိကြသောကြောင့် ဖြစ်သည်။

‎

‎

‎တကယ်လို့ သူသာ ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်အား စုပေါင်းတက်လှမ်းနိုင်ရန် ဦးဆောင်နိုင်ခဲ့ပါက... ဆေးဖိုကိုးဖိုအင်မော်တယ် မင်းဆက်သာမက... အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကပင် သူ၏အမည်နာမကို သေချာပေါက် မှတ်မိနေကြလိမ့်မည်။

‎

‎

‎ဤအတွေးဖြင့် မို့ကျိုယို၏ နှလုံးသားသည် အဆုံးမရှိသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎မတူညီသော မြင့်မြတ်ခန္ဓာသွေးအမျိုးအစား တစ်ထောင်ကို စုဆောင်းရန်သာ မဟုတ်ပါလော။ ဤသည်မှာ ဆေးဖိုကိုးဖိုအင်မော်တယ် မင်းဆက်အတွက် လုံးဝ အခက်အခဲမရှိပေ။

‎

‎

‎ကိစ္စရပ်များဟာ အလွန်လွယ်ကူသည်ဟု ယုံကြည်သော မို့ကျိုယိုသည် ဟွမ်သွမ့်မသေမျိုးသန္ဓေသား၏ အခြေအနေအား ဒုတိယအကြိမ် စဉ်းစားမနေဘဲ သဘောတူညီလိုက်သည်။

‎

‎

‎ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်သို့ ပြန်ရောက်သောအခါ... သူသည် ဤအမိန့်အား ဆေးဖိုကိုးဖို မသေမျိုးမင်းဆက်၏ အဆင့်မြင့်အရာရှိကြီးများထံ ချက်ချင်းပင် ထုတ်ပြန်ခဲ့ပြီး... သူတို့အား မတူကွဲပြားသော ခန္ဓာကိုယ်များ၏ အစွမ်းထက်သွေးများကို စုဆောင်းရန် ညွှန်ကြားခဲ့သည်။

‎

‎

‎နှစ်အနည်းငယ် ရှာဖွေပြီးနောက်... ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်သည် မတူညီသော ခန္ဓာကိုယ် ဒါဇင်ပေါင်းများစွာ၏ အစွမ်းထက်သွေးများကို ဆက်တိုက် စုဆောင်းနိုင်ခဲ့သည်။

‎

‎

‎အချိန်ကြာလာသည်နှင့်အမျှ... သွေးအမျိုးအစားသစ်များ စုဆောင်းခြင်းသည် တဖြည်းဖြည်း ပိုမိုခက်ခဲလာခဲ့၏။

‎

‎

‎အကြောင်းမှာ ဤသွေးအမျိုးအစားများ၏ ပိုင်ရှင်များသည် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်နေကြခြင်း မဟုတ်လျှင် ၎င်းတို့၏ ဂိုဏ်းများမှ အထူးတလည် အကာအကွယ်ပေးထားသော ထူးချွန်သူများ ဖြစ်နေကြသောကြောင့် ဖြစ်သည်။

‎

‎

‎ဆေးကိုးဖိုအင်မော်တယ်မင်းဆက်အနေဖြင့် ဤသွေးအမျိုးအစားများကို မဖော်ပြဘဲ စုဆောင်းရန်မှာ တဖြည်းဖြည်း ခက်ခဲလာခဲ့သည်။

‎

‎

‎ဒါဇင်ပေါင်းများစွာသော သွေးအမျိုးအစားများဖြင့် ဆက်တိုက် ရေလောင်းခံရပြီးနောက်... ဟွမ်သွမ့်မသေမျိုးသန္ဓေသားသည် ပို၍ပင် အသိဉာဏ်ရှိလာခဲ့ပြီး... နောက်ဆုံးတွင် နဂါးကိုးကောင် အင်မော်တယ်ဆေးဖိုမှ တိုက်ရိုက်ထွက်ခွာကာ... ကျယ်ပြန့်သော ဟွမ်သွမ့်၏ နက်ရှိုင်းရာအရပ်သို့ ပျံသန်းသွားခဲ့သည်။

‎

‎

‎ထိုသို့ မထွက်ခွာမီ... ၎င်းသည် မို့ကျိုယိုအား ဆယ်နှစ်အတွင်း နောက်ထပ် သွေးအမျိုးအစား... အစွမ်းထက်သွေး တစ်ရာ စုဆောင်းထားရန် ညွှန်ကြားခဲ့သည်။

‎

‎

‎ဆယ်နှစ်ပြည့်ပြီးနောက် သူသည် နတ်ဘုရားသွေးဖြင့် ရေချိုးရန် ဆေးဖိုကိုးဖိုအင်မော်တယ် မင်းဆက်သို့ပြန်လာမည် ဖြစ်သည်။

‎

‎

‎ဆယ်နှစ်သာ အချိန်ရသဖြင့်... ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်တစ်ခုတည်း၏ အစွမ်းဖြင့် ဤတာဝန်ကို ပြီးမြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

‎

‎

‎ဤအခြေအနေများအောက်တွင်... ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်သည် ဤတာဝန်အား လော့ထျန်းနန်းတော်သို့ လွှဲအပ်ရန်... စဉ်းစားမိခဲ့သည်။

‎

‎

‎လော့ထျန်းနန်းတော်သည် ခိုးကြောင်ခိုးဝှက်လုပ်ကြံခြင်း၌ အကျွမ်းကျင်ဆုံး ဖြစ်ရာ... ဤအစွမ်းထက်သွေးများကို စုဆောင်းရန် သူတို့အား တာဝန်ပေးခြင်းသည်... ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက် ကိုယ်တိုင်လုပ်ဆောင်ခြင်းထက် များစွာ ပိုမိုမြန်ဆန်မည်မှာ ထင်ရှားသည်။

‎

‎

‎ပို၍အရေးကြီးသည်မှာ... ဤသည်က ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်၏ တည်ရှိမှုကို ဖော်ထုတ်မည့်အရေးမှ တားဆီးနိုင်မည်ဖြစ်ပြီး... ကမ္ဘာလောကကြီး၏ ရန်လိုမုန်းတီးမှုကို ခံရခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

‎

‎

‎လော့ထျန်းနန်းတော်၏ ကနဦးတိုးတက်မှုသည် အမှန်ပင် မို့ကျိုယိုအား အလွန်ပျော်ရွှင်စေခဲ့၏။ နှစ်နှစ်အတွင်းမှာပင်... သူတို့သည် အစွမ်းထက်သွေး ဒါဇင်ပေါင်းများစွာကို စုဆောင်းပေးနိုင်ခဲ့သည်။

‎

‎

‎အစွမ်းထက်သွေးများ၏ နောက်ကွယ်တွင်... သက်ရှိသတ္တဝါတို့၏ သွေးမည်မျှ စွန်းထင်းခဲ့သည်ကိုမူ... ဆေးဖိုကိုးဖိုအင်တော်တယ် မင်းဆက်သည် လုံးဝ ဂရုမစိုက်ခဲ့ပေ။

‎

‎

‎ဤအရာများကို လော့ထျန်းနန်းတော်က လုပ်ဆောင်နေခြင်းဖြစ်ရာ... ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်နှင့် မည်သို့ သက်ဆိုင်ပါမည်နည်း။

‎

‎

‎သို့သော် မို့ကျိုယို မည်သည့်အခါမျှ မမျှော်လင့်ထားခဲ့သည်မှာ.....

‎

‎

‎အတိတ်က လော့ထျန်းနန်းတော်အား ယုံကြည်စွာ တာဝန်လွှဲအပ်ခဲ့သော ဤလုပ်ရပ်သည်ပင်လျှင်... ယခုအခါ ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကိုယ်တိုင်၏ သေမိန့်စာတမ်း ဖြစ်လာခဲ့ပြီး... နောက်ဆုံးတွင် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့လေတော့သည်။

‎

‎အခန်း(၁၅၂) - ယင်းယင်း နိုးထလာခြင်း၊ ဖူဝမ်ကို တပည့်အဖြစ် လက်ခံလိုက်ခြင်း၊ သူ အခု ဘယ်မှာ ရှိသနည်း

‎

‎

‎

‎" ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား..... "

‎

‎

‎မို့ကျိုယို၏ မှတ်ဉာဏ်များကို သေသေချာချာ စိစစ်ပြီးနောက် ကုချန်သည် စဉ်းစားဟန်ဖြင့် မျက်လုံးများကိုမှိတ်ကာ ညင်သာစွာ ရေရွတ်လိုက်လေသည်။

‎

‎

‎‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်က လော့ထျန်းနန်းတော်သည် သာလွန်ထူးကဲသော ကိုယ်ခန္ဓာ ၁၀၀ ၏ သွေးများကို စုဆောင်းနိုင်ပါက... လော့ထျန်းနန်းတော်၏ အထွတ်အထိပ် လျှို့ဝှက်ကျမ်းကို ပြီးမြောက်အောင် ကူညီပေးမည်ဟု... တစ်ချိန်က ကတိပြုခဲ့သည်။

‎

‎

‎လော့ထျန်းနန်းတော်၏ အထွတ်အထိပ် လျှို့ဝှက်ကျမ်းကို ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းရာမှ တစ်ချိန်က ရရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထို့အပြင် အင်မော်တယ်မင်းဆက် လက်ထဲတွင် ရှိနေသော သတ်ဖြတ်ခြင်းတာအို လျှို့ဝှက်ကျမ်း၏ မပြည့်စုံသေးသည့်အပိုင်းကိုလည်း ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်က ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည်လည်း ‌ဆေးဖိုကိုးဖို မဟာဧကရာဇ်က ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်သည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား... ကုဝူရှန့် ပြောပြခဲ့သည့် ဟွမ်သွမ့်မိုးကြိုးရေကန်.....

‎

‎

‎ဟွမ်သွမ့်ပင်လယ် နက်နက်ရှိုင်းရှိုင်းတွင် အမှန်တကယ် မည်သည့် လျှို့ဝှက်ချက်များ ဝှက်ထားသည်ကို မသိနိုင်ပေ။

‎

‎

‎ကုချန်၏ နှလုံးသားသည် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

‎

‎

‎နောင်တစ်ချိန်တွင် နတ်ဆိုးနယ်မြေက ကျူးကျော်လာပြီး အဆုံးမဲ့ကမ္ဘာကို ဖျက်ဆီးသည့်အခါတွင်... သူသည် ထိုအခွင့်အရေးကို ယူကာ အထက်ကောင်းကင်တားမြစ်နယ်မြေကို အဆုံးမဲ့ကမ္ဘာမှ ရွှေ့ပြောင်း၍ စူးစမ်းစစ်ဆေးရန်အတွက်... ဟွမ်သွမ့်ပင်လယ်ထဲသို့ ရွက်လွှင့် သွားရောက်နိုင်လိမ့်မည်။

‎

‎

‎ယခုအချိန်အတွက်မူ အလျင်စလို လုပ်ရန် မလိုသေးချေ။

‎

‎

‎မို့ကျိုယို သေဆုံးသွားခဲ့ပြီဖြစ်ပြီး ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်လည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ကုချန်၏ ရည်ရွယ်ချက် ပြည့်မြောက်သွားပြီဖြစ်သဖြင့် ဆက်လက် တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို ယခုအခါ ဟွမ်သွမ့်ပင်လယ်ထဲတွင် ရှာမတွေ့နိုင်တော့ချေ။

‎

‎

‎မျက်စိစုံမှိတ် ရှာဖွေမည့်အစား စောင့်ဆိုင်းခြင်းက ပိုကောင်းပေသည်။

‎

‎

‎နောင်တစ်ချိန်တွင် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား ပြန်ရောက်လာပြီး... ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက် ဖျက်ဆီးခံရသည်ကို တွေ့ရှိကာ ပြဿနာရှာလာပါက... ကုချန်သည် လက်ဝါးဖြင့် တစ်ချက်ရိုက်၍ သူ့အား လမ်းကြောင်းမှန်သို့ ပို့ဆောင်ပေးရန် ဝန်လေးမည် မဟုတ်ပေ။

‎

‎

‎" ဒီတစ်ကြိမ်တော့ အကျိုးအမြတ် မရခဲ့တာတော့ မဟုတ်ဘူးပဲ "

‎

‎

‎ကုချန်သည် ညင်သာစွာ ရေရွတ်လိုက်၏။

‎

‎

‎လော့ထျန်းနန်းတော်နှင့် ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်ကို ဖျက်ဆီးပြီးနောက်... သူသည် လော့ထျန်းနန်းတော်၏ အထွတ်အထိပ် နည်းစနစ်ဖြစ်သည့် လော့ထျန်းသတ်ဖြတ်ခြင်းကျမ်းကိုပါ... ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကုချန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် လော့ထျန်းသတ်ဖြတ်ခြင်းကျမ်းသည်လည်း စစ်မှန်သော ဧကရာဇ်အဆင့် ကျမ်းစာတစ်ခု ဖြစ်ကြောင်း သိရှိလိုက်သည်။

‎

‎

‎၎င်းသည် လေထဲပျောက်ကွယ်နေကာ တစ္ဆေဆန်သော သတ်ဖြတ်ခြင်းတာအိုကို မှတ်တမ်းတင်ထားသော်လည်း... နတ်ဘုရင်ကျမ်းထဲတွင် ထည့်သွင်းကာ သူ့ ကိုယ်ပိုင်အဖြစ် ဖန်တီးနိုင်သည့်အတွက် ကုချန်အတွက် အသုံးဝင်ဆဲပင် ဖြစ်၏။

‎

‎

‎လော့ထျန်းသတ်ဖြတ်ခြင်းကျမ်းအပြင် ကုချင်းရွဲ့နှင့် အခြားသူများ ပြန်လည်ယူဆောင်လာခဲ့သော နေလဧကရာဇ်ကျမ်းတို့ ပါဝင်လာခြင်းကြောင့် နတ်ဘုရင်ကျမ်းကို ပိုမိုမြင့်မားသည့် အဆင့်သို့ ကျင့်ကြံနိုင်မည်မှာ သေချာနေပြီ ဖြစ်သည်။

‎

‎

‎နတ်ဘုရင်ကျမ်းသည် နောက်ထပ် တိုးတက်ပြောင်းလဲသွားသည့်အခါ... သူ၏ ကန့်သတ်ချက်များကို စစ်မှန်စွာ ထိုးဖောက်၍... အမြင့်ဆုံး နတ်ဘုရင်ရာထူးကို ရယူနိုင်မည့် အချိန်အခါ ဖြစ်လာပေလိမ့်မည်။

‎

‎

‎ဧကရာဇ်အဆင့်၏ ကန့်သတ်ချက်များကို ထိုးဖောက်ပြီးနောက်... သူသည် မည်သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်လာမည်နည်း။

‎

‎

‎ကုချန်သည် ထိုအခြေအနေကို မျှော်လင့်နေကြောင်း ဖော်ပြလိုက်သည်။

‎

‎

‎...

‎

‎

‎ကုချန်သည် ဤတစ်ကြိမ် သူရရှိခဲ့သော အကျိုးအမြတ်များကို ရေတွက်နေစဉ်... တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ သူ၏ မျက်လုံးများသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး... သူ၏ ပုံသဏ္ဌာန်မှာ ရွေ့လျားသွားခဲ့သည်။

‎

‎

‎နောက်တစ်စက္ကန့်တွင် သူသည် ယဲ့ယင်းယင်း၏ ခန်းမဆောင်ကြီးထဲသို့ ရောက်ရှိနေခဲ့ပြီး... ခုတင်ပေါ်တွင် ဖြည်းညှင်းစွာ နိုးထလာနေသော ယဲ့ယင်းယင်းကို မြင်တွေ့လိုက်ရသည်။

‎

‎

‎" ဘိုးဘေးကြီး ရောက်လာပြီပဲ... ကျွန်မလည်း ဘိုးဘေးကြီးဆီ အစီရင်ခံတင်ပြဖို့ ပြင်နေတာပါ..... "

‎

‎

‎ကုချင်းရွဲ့သည် ကုချန် ရောက်ရှိလာသည်ကို မြင်သောအခါ အလျင်အမြန် ခါးညွှတ် အရိုအသေပေးလိုက်သည်။

‎

‎

‎သူသည် ယဲ့ယင်းယင်း နိုးထလာသည်ကို ခုမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး... ဘိုးဘေးကြီးအား သတင်းပို့ရန် ပြင်ဆင်နေချိန်တွင်... ဘိုးဘေးကြီးသည် အာရုံခံမိကာ တိုက်ရိုက် ရောက်ရှိလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။

‎

‎

‎" ဆရာသခင်..... "

‎

‎

‎ယဲ့ယင်းယင်းသည် နိုးထလာပြီး ကုချန် လာရောက်သည်ကို မြင်သောအခါ... နှုတ်ဆက်ရန်အတွက် ခုတင်ပေါ်မှ ရုန်းကန် ထွက်ခွာရန် ကြိုးစားသော်လည်း... ကုချန်က လက်ဝှေ့ယမ်း၍ တားမြစ်လိုက်လေသည်။

‎

‎

‎" မင်းက ရောဂါကြီးတစ်ခုကနေ ခုမှ ပြန်သက်သာလာတာ... စိတ်ချလက်ချ အနားယူ ကုသမှု ခံယူပါ "

‎

‎

‎ကုချန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

‎

‎

‎" မင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တာကို ငါ ဖြေရှင်းပြီးသွားပြီ... ဒါကြောင့် မင်း စိုးရိမ်စရာ မလိုတော့ဘူး "

‎

‎

‎သခင်က ဖြေရှင်းပြီးသွားပြီလား.....

‎

‎

‎ယဲ့ယင်းယင်းသည် ကုချန်၏ "ဖြေရှင်းပြီးပြီ" ဆိုသည့် စကားကို အတိအကျ နားမလည်သေးဘဲ စဥ်းစားသွားခဲ့သည်။ သူသည် ကုချန်က သူ့ကို သတ်ရန် ကြိုးစားခဲ့သည့် လော့ထျန်းနန်းတော်၏ လုပ်ကြံသူအား သတ်လိုက်ပြီဟုသာ ထင်လိုက်သည်။

‎

‎

‎သို့သော် ကုချန်၏ နောက်ဆက်တွဲ စကားများက ယဲ့ယင်းယင်းအား လုံးဝ မျက်လုံးပြူး အံ့အားသင့်သွားစေခဲ့သည်။

‎

‎

‎" မင်းကို တိုက်ခိုက်ခဲ့တဲ့ လုပ်ကြံသူက လော့ထျန်းနန်းတော်က လာတာပဲ... အခု လော့ထျန်းနန်းတော်ကို ငါ ဖျက်ဆီးပြီးသွားပြီ... ဒါကြောင့် မင်း လော့ထျန်းနန်းတော်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ တိုက်ခိုက်မှုကို ခံရမှာ စိုးရိမ်စရာ မလိုတော့ဘူး.....

‎

‎လော့ထျန်းနန်းတော်ကို မင်းကို လုပ်ကြံဖို့ တာဝန်ပေးခဲ့တဲ့သူက ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်ပဲ... အဲဒီ ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်ကိုလည်း ငါ ဖျက်ဆီးပြီးပြီ "

‎

‎

‎ကုချန်သည် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီး... ယဲ့ယင်းယင်းကို သူ လုပ်ကြံခံရခြင်း၏ အကြောင်းရင်းကို အကျဉ်းချုဉ်း ရှင်းပြလိုက်သည်။

‎

‎

‎သို့သော် ယဲ့ယင်းယင်းသည် သူ လုပ်ကြံခံရခြင်း၏ အကြောင်းရင်းကို သိပ်ဂရုမစိုက်တော့ချေ။

‎

‎

‎ယခုအချိန်တွင် သူ၏ သခင် ပြောခဲ့သော စကားများသာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

‎

‎

‎လော့ထျန်းနန်းတော် ဖျက်ဆီးခံရကာ... ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက် ဖျက်ဆီးခံရ၏.....

‎

‎

‎ယဲ့ယင်းယင်းသည် လော့ထျန်းနန်းတော်နှင့် ‌ဆေးဖိုကိုးဖို အင်မော်တယ်မင်းဆက်တို့နှင့် ပတ်သက်၍ အများကြီး မသိသော်လည်း အနည်းငယ်တော့ သိရှိထား၏။

‎

‎

‎ဤအင်အားစု နှစ်ခုစလုံးကို ဖျက်ဆီးရန်မှာ အဆုံးမဲ့ကမ္ဘာ မဟာဧကရာဇ် ဆင်းသက်လာလျှင်ပင် လုပ်ဆောင်နိုင်မည် မဟုတ်ဟု ပြောနိုင်ပေသည်။

‎

‎

‎ယခုမူ ဆရာသခင်သည် သူ့အတွက် လက်စားချေရန်... ဤအင်အားကြီး နှစ်ခုစလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ချေပြီ.....

‎

‎

‎ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူမေ့မြောနေခဲ့သည်မှာ မည်မျှကြာခဲ့ပြီနည်း။

‎

‎

‎သူ နိုးမလာမီတွင်ပင် သခင်က သူ့အတွက် လက်စားချေပေးခဲ့ချေပြီလား။

‎

‎

‎ဒါက အရမ်းကို မယုံနိုင်စရာကောင်းလွန်းနေပြီ.....

‎

‎

‎ယဲ့ယင်းယင်းသည် စကားမပြောနိုင်ဘဲ သူ၏ နှလုံးသားထဲတွင် နွေးထွေးမှု လှိုင်းလုံးများ တရိပ်ရိပ် တက်လာသည်ကိုသာ ခံစားရသည်။

‎

‎

‎သူသည် မိဘမဲ့ တစ်ဦး ဖြစ်ခဲ့ပြီး ယခင်က ဂရုစိုက်မှုခံရသည့် ခံစားချက်ကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

‎

‎

‎သို့သော် ယခုအခါ ဆရာသခင်၏ တပည့် ဖြစ်လာပြီး... ကုမိသားစုနှင့်အတူ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဝင်ရောက်လာကတည်းက... ယဲ့ယင်းယင်းသည် ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော မိသားစု၏ နွေးထွေးမှုကို နောက်ဆုံးတွင် ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

‎

‎

‎ဆရာသခင်၏ အကာအကွယ်ပေးမှုက သူ့ကို ပို၍ပင် ရင်ထဲထိ နက်ရှိုင်းစွာ ခံစားမိစေခဲ့သည်။

‎

‎

‎နောင်တွင် သူ ကြီးပြင်းလာသောအခါ... သခင် မရှိသည့်တိုင်... သူသည် သခင်၏ အရေးကြီးသော တာဝန်ကို ထမ်းဆောင်ပြီး... ကုမိသားစုကို ကောင်းမွန်စွာ ကာကွယ်ပေးကာ... မည်သူမျှ မနှောင့်ယှက်နိုင်စေရန် လုပ်ဆောင်ပေးမည် ဖြစ်သည်။

‎

‎

‎သို့သော် ကုမိသားစုကို သခင်ကဲ့သို့ ကာကွယ်ရန်အတွက်... သူ၏ လက်ရှိ ခွန်အားသည် အလွန်အမင်း အားနည်းနေဆဲပင်.....

‎

‎

‎ခဏတာအတွင်း ယဲ့ယင်းယင်းသည် စိတ်အားထက်သန် စွာဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။

‎

‎

‎သူသည် သူ၏ခွန်အားကို အမြန်ဆုံး တိုးတက်အောင် လုပ်ဆောင်ရပေမည်။

‎

‎

‎" မင်း အဆင်ပြေသွားလို့ ငါ စိတ်သက်သာရာ ရပါပြီ "

‎

‎

‎ယဲ့ယင်းယင်းကို စစ်ဆေးကြည့်ရှုပြီးနောက် သူ အဆင်ပြေကြောင်း တွေ့ရှိရသောအခါ... ကုချန်သည် လူသားဧကရာဇ်သွေးမျိုးနွယ်၏ အမွေခံ ဖူဝမ်ကို သူ၏ ရှေ့သို့ ခေါ်လိုက်သည်။

‎

‎

‎" မင်းကို တပည့်အဖြစ် လက်ခံတာက ငါကိုယ်တော်နဲ့ လူသားဧကရာဇ်တို့ရဲ့ သဘောတူညီချက်ပဲ.....

‎

‎ငါကိုယ်‌တော်ရဲ့ သင်ကြားပြသမှုအောက်မှာ မင်းက မာနစိတ်မထားပဲ သေသေချာချာ လုံ့လဝီရိယနဲ့ ကျင့်ကြံပါ... လူသားဧကရာဇ်ရဲ့ မျှော်မှန်းချက်တွေကို စိတ်ပျက်အောင် မလုပ်မိဖို့ မျှော်လင့်ပါတယ် "

‎

‎

‎ကုချန်သည် သူ၏ရှေ့မှ မိန်းကလေးငယ်ကို ကြည့်လိုက်ပြီး သူ၏ အသံသည်လည်း နူးညံ့နေခဲ့သည်။

‎

‎

‎ဖူမိသားစုနှင့် ကုမိသားစုတို့၏ အတိတ်က ဆင်းရဲဒုက္ခများသည် မည်မျှ ဆင်တူနေခဲ့သနည်း။

‎

‎

‎သူနှင့် လူသားဧကရာဇ်တို့ နှစ်ဦးစလုံးသည် များပြားသော လူသားမျိုးနွယ်စုအတွက် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သော်လည်း... နောက်ဆုံးတွင် သူတို့၏ ကိုယ်ပိုင် သွေးမျိုးနွယ်နှင့် မိသားစုကိုပင် မကာကွယ်နိုင်ခဲ့ကြချေ။

‎ကုချန်သည် အချိန်မီ ပြန်မလာခဲ့ပါက... ကုမိသားစုသည်ပင် ဖူမိသားစု၏ ကံကြမ္မာမျိုး ကြုံတွေ့ရဖွယ်ရှိပြီး... ထိုထက်ပင် ပို၍ ဆိုးရွားနိုင်ပေသည်။ အကြောင်းမှာ ဖူမိသားစုတွင် ဖူဝမ်ဟူသော သွေးမျိုးနွယ် တစ်ဦးတည်းသာ ကျန်ခဲ့ပြီး... ဖူမိသားစု တစ်ခုလုံး၏ မျှော်လင့်ချက်များကို သယ်ဆောင်၍ အသက်ရှင်သန်ခဲ့ရခြင်း ဖြစ်သည်။

‎

‎

‎ထိုအကြောင်းကြောင့်ပင် ကုချန်သည် သူ၏ရှေ့မှ မိန်းကလေးငယ် ဖူဝမ်ကို ကြည့်သောအခါ သနားစိတ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎" ဖူဝမ် ဆရာသခင်ရဲ့ မျှော်မှန်းချက်တွေကို စိတ်ပျက်အောင် လုံးဝ မလုပ်ပါဘူး...နေ့ညမပြတ် လုံ့လဝီရိယနဲ့ ကျင့်ကြံပါ့မယ် ပေါ့ဆဖို့ မရဲပါဘူး..... "

‎

‎

‎ထိုစကားကို ကြားသောအခါ ဖူဝမ်သည် ကုချန်၏ရှေ့တွင် ရိုသေလေးစားစွာ ဒူးထောက်၍ သုံးကြိမ် ဦးချလိုက်သည်။

‎

‎

‎သူ၏ ခက်ခဲသော အတွေ့အကြုံများနှင့် ခရီးကြမ်းတို့သည်... မိန်းကလေးငယ်၏ မျက်နှာတွင် သိမ်မွေ့ပျော့ပြောင်းမှု မရှိတော့ဘဲ... ကြံ့ခိုင်မှု အရိပ်အယောင်များ ပေါင်းထည့်ထားခဲ့သည်။

‎

‎

‎" တပည့်...ထပါတော့... ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ဒုတိယမြောက် ကိုယ်ပိုင်တပည့် ဖြစ်ပြီ "

‎

‎

‎ဖူဝမ်၏ တပည့်ခံယူပွဲကို အေးဆေးတည်ငြိမ်စွာ လက်ခံပြီးနောက်... ကုချန်သည် သူ၏လက်ကို ဆန့်တန်းကာ မိန်းကလေးငယ်ကို ကူညီ ထူမပေးလိုက်သည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို နောက်ကျောတွင် ယှက်ထားရင်း... ဖူဝမ်ကို ချက်ချင်းပင် အံ့အားသင့်သွားစေမည့် စကားများကို ပြောလိုက်သည်။

‎

‎

‎" မင်း ငါကိုယ်‌တော်ရဲ့ တပည့် ဖြစ်လာကတည်းက ငါဧကရာဇ်ရဲ့ တပည့်ကို ဘယ်သူမှ လာမနှောင့်ယှက်နိုင်ဘူး.....

‎

‎ဒါက မင်းရဲ့ အစ်မကြီး ယဲ့ယင်းယင်းနဲ့ သက်ဆိုင်သလို မင်းနဲ့လည်း သက်ဆိုင်တယ်.....

‎

‎ကောင်းပြီ... အခု... ငါ့ကို... ပြောပြပါ မင်း အရင်က နေထိုင်ခဲ့တဲ့ ချန်ခွန်းရှေးဟောင်းကြယ်က ဘယ်မှာလဲ "

All Chapters