← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 12 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 12 Ch. 163-164

‎အခန်း (၁၆၃) - ဒုက္ခအား အရှေ့ဘက်သို့ လမ်းလွှဲခြင်း၊ ဖြေရှင်း၍မရသော ပူးပေါင်းကြံစည်မှု၊ နတ်မျောက်ဝံကြီး ရောက်ရှိလာခြင်း

‎

‎

‎

‎မူလအားဖြင့် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ထိုကျယ်ပြန့်သော ဧကရာဇ်မျိုးနွယ်များအား စိတ်အနှောင့်အယှက်ပြုရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ ထိုလူသား ဧကရာဇ်မျိုးနွယ်များက ရှေးဟောင်းမျိုးနွယ်များ၏ လုပ်ဆောင်ချက်များတွင် ဝင်ရောက်မစွက်ဖက်သမျှ ကာလပတ်လုံး အဆင်ပြေမည် ဖြစ်သည်။

‎

‎

‎သူတို့သည် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များအား မွေးဖွားပေးခဲ့သော မိသားစုများ ဖြစ်ကြ၏။ သူတို့၏ အမွေအနှစ်သည် မနက်ရှိုင်းလျှင်ပင်... သူတို့သည် သာမန် ဘုရင်မျိုးနွယ် မိသားစုများနှင့် နှိုင်းယှဉ်နိုင်စရာ အကြောင်းမရှိပေ။ သူတို့အား အရေးပါမှု အတိုင်းအတာတစ်ခုအထိ ပေးအပ်ရန် လိုအပ်သေးရုံမျှသာ ဖြစ်သည်။

‎

‎

‎ယခုအခါ ထိုလူသား ဧကရာဇ်မျိုးနွယ်များသည် ပညာရှိစွာ ဆိတ်ဆိတ်နေ၍ မိမိတို့၏ကိစ္စကိုသာ ဂရုစိုက်ရန် ပျက်ကွက်ခဲ့ရုံသာမက... ရှေးဟောင်းမျိုးနွယ်များ၏ လုပ်ဆောင်ချက်များတွင် ဝင်ရောက်စွက်ဖက်ရန်ပင် သတ္တိရှိနေကြသည်။

‎

‎

‎ထိုသူများသည် မိမိတို့ကိုယ်ကို မည်သူများဟု ထင်မှတ်နေကြသနည်း။

‎

‎

‎သူတို့အား စိတ်အနှောင့်အယှက်မပြုခြင်းသည် သူတို့၏ မိသားစုအတွင်း၌ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များ တစ်ချိန်က မွေးဖွားခဲ့ဖူးခြင်းအပေါ် လေးစားမှုရှိသောကြောင့်သာ ဖြစ်သည်။ အမွေအနှစ်အရ ဆိုလျှင်... ရှေးဟောင်းခေတ်မှ များပြားလှသော ဘုရင်မျိုးနွယ် မိသားစုများအနက် မည်သည့်မိသားစုက ဤဧကရာဇ်မျိုးနွယ်ဟု ခေါ်ဆိုသူများထက် များစွာ ပို၍ ရှေးမကျဘဲ ရှိခဲ့ပါမည်နည်း။

‎

‎

‎ထိုလူသား ဧကရာဇ်မျိုးနွယ်များက ဤမျှ တန်ဖိုးမထားတတ်ကြသဖြင့်... ရှေးဟောင်းဘုရင်မျိုးနွယ်များသည်လည်း ယဉ်ကျေးနေမည် မဟုတ်တော့ချေ။

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ မျက်လုံးများထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။

‎

‎

‎ဤသည်မှာ ဧကရာဇ်မျိုးနွယ်ဟု ခေါ်ဆိုကြသော ထိုသူများအား စနစ်တကျ ဆုံးမရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

‎

‎

‎ဧကရာဇ်မျိုးနွယ်များ တစ်ချိန်က သိမ်းပိုက်ခဲ့သော နယ်မြေများဖြစ်လျှင် အဘယ်သို့ ဖြစ်သနည်း။

‎

‎

‎ဧကရာဇ်မျိုးနွယ်များ ယခုတိုင် သိမ်းပိုက်ထားဆဲဖြစ်သော နယ်မြေများကိုပင်လျှင်... ရှေးဟောင်းမျိုးနွယ်များသည် မဆိုင်းမတွဘဲ သိမ်းပိုက်ကြမည် ဖြစ်သည်။

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ အမိန့်အား လက်ခံရရှိပြီးနောက်... ရှေးဟောင်းတော်ဝင်မျိုးနွယ် သူတော်စင်၏ မျက်နှာအမူအရာသည် တင်းမာသွားခဲ့ပြီး... သူ၏မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။

‎

‎

‎ဘုရင်မျိုးနွယ် အရှင်သခင်ထံမှ အမိန့်တော် ရှိနေသဖြင့်... သူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များအပေါ်၌ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ မရှိကြတော့ချေ။

‎

‎

‎သူတို့သည် လူသားမျိုးနွယ်ကြားမှ ဧကရာဇ်မျိုးနွယ်များအား စတင်စိန်ခေါ်မိလျှင်ပင်... ဖီးနစ်နားခိုရာတောင်ကုန်းနှင့် အခြား ဘုရင်မျိုးနွယ်များက နောက်ဆက်တွဲကိစ္စများကို ဖြေရှင်းပေးကြလိမ့်မည် ဖြစ်သည်။

‎

‎

‎...

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ... ယခင် ကုမိသားစု နယ်မြေ.....

‎

‎

‎ကုမိသားစု တစ်ခုလုံးသည်... အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းသို့ ပြောင်းရွှေ့သွားခဲ့သည်မှစ၍... ကုမိသားစု၏ ဘိုးဘွားပိုင်မြေသည် စွန့်ပစ်ခြင်း ခံထားခဲ့ရသည်။

‎

‎

‎အနီးတစ်ဝိုက်ရှိ... အဓိက အင်မော်တယ်ဂိုဏ်းကြီးများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီး အများအပြားသည် ဤမြေအား တပ်မက်ခဲ့ကြသော်လည်း... မည်သည့် အင်အားစုတစ်ခုမျှ ၎င်းအား သိမ်းပိုက်ရန် စွန့်စားခြင်း မပြုရဲခဲ့ပေ။

‎

‎

‎အကြောင်းမှာ ဤနေရာသည် ကုမိသားစု ပိုင်ဆိုင်ကြောင်း လူတိုင်း သိရှိသောကြောင့်ပင်။

‎

‎

‎ကုမိသားစုသည် ဤနေရာတွင် မရှိတော့လျှင်ပင်... ဤနေရာသည် ကုမိသားစု ပိုင်ဆိုင်ဆဲပင် ဖြစ်သည်။

‎

‎

‎ကုမိသားစုသည် ယခုအခါ အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်း၌ ကြီးစိုးလျက်ရှိပြီး... ထို့ထက်မက ကျယ်ပြန့်သော ဧကရာဇ်မျိုးနွယ်အမျိုးမျိုးကိုပင် လျစ်လျူရှုကာ... သူ၏အလိုဆန္ဒအတိုင်း သတ်ဖြတ်လေ့ရှိသော ကောင်းကင်ဘုံအရှင်သခင်၏ အကာအကွယ်ကိုပါ ရရှိထားသည်။

‎

‎

‎ဤသို့သော အခြေအနေများအောက်တွင်... မည်သူသည် သူတို့၏ ယခင် ဘိုးဘွားပိုင်မြေအား သိမ်းပိုက်ခြင်းဖြင့်... ကုမိသားစုအား အမျက်ထွက်စေရန် စွန့်စားရဲမည်နည်း။

‎

‎

‎ဤသည်မှာ သေလိုခြင်းနှင့် မည်သို့မျှ ကွာခြားခြင်း မရှိချေ။

‎

‎

‎ဤမျှ အချိန်ကြာမြင့်ပြီးသည့်တိုင်အောင် ဤ မြေဆီဩဇာကောင်းမွန်ပြီး စိတ်ဝိညာဉ်ချီ ကြွယ်ဝသော နယ်မြေသည် ပိုင်ရှင်မဲ့လျက် တိတ်ဆိတ်ခြောက်သွေ့နေဆဲ ဖြစ်သည်။

‎

‎

‎သို့သော် ယခုအခါ... ရှေးဟောင်းမျိုးနွယ်များ၏ ရောက်ရှိလာခြင်းသည် ဤတိတ်ဆိတ်ငြိမ်သက်မှုအား ဖြိုခွင်းလိုက်လေသည်။

‎

‎

‎ရှေးဟောင်းတော်ဝင်မျိုးနွယ်နှစ်စုမှ သူတော်စင်များသည်... ဖီးနစ်နားခိုရာတောင်ကုန်းအရှင်ထံမှ ညွှန်ကြားချက်များ လက်ခံရရှိပြီးနောက်... ဤနေရာအား သိမ်းပိုက်ရန် သူတို့၏ လက်အောက်ခံ ရှေးဟောင်းမျိုးနွယ်များအား ရဲဝံ့စွာ စေလွှတ်လိုက်ကြသည်။

‎

‎

‎နဂါးကိုးကောင်တောင်ထိပ်မျိုးနွယ် သူတော်စင်သည် သူ၏လက်အား ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်ခြင်းဖြင့်... ဤနေရာ၌ ကုမိသားစုမှ မူလက တည်ဆောက်ခဲ့သော အဆောက်အအုံအားလုံးအား မြေပြင်နှင့်တသားတည်း ညီညာသွားစေခဲ့သည်။ များပြားလှသော နဂါးကိုးကောင်တောင်ထိပ်မျိုးနွယ်ဝင်များသည် နောက်မှ လိုက်ပါလာကြပြီး... နန်းတော်အသစ်များနှင့် အဆောက်အအုံသစ်များအား စတင် တည်ဆောက်ကြလေသည်။

‎

‎

‎ဤနေရာအား နဂါးကိုးကောင်တောင်ထိပ်မျိုးနွယ်၏ သူတော်စင်များက နှစ်သက်သဘောကျခဲ့ကြပြီး... ၎င်းအား သူတို့၏ ဘိုးဘွားပိုင်မြေသစ်အဖြစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြသည်။

‎

‎

‎ကုမိသားစု၏ အပြင်ဘက်ဒေသ.....

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေရှိ လူသားမျိုးနွယ် မြင့်မြတ်မြေ အသီးသီးနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများမှ အစွမ်းထက် ပုဂ္ဂိုလ်အချို့သည် ဤနေရာတွင် တိတ်ဆိတ်စွာ ပုန်းခိုလျက် ရှိနေကြသည်။

‎

‎

‎နဂါးကိုးကောင်တောင်ထိပ်မျိုးနွယ်မှ ကုမိသားစု၏ မူလ ဘိုးဘွားပိုင်မြေအား သိမ်းပိုက်နေသည်ကို သူတို့ မြင်လိုက်ရသောအခါ... သူတို့၏ မျက်နှာများပေါ်တွင် မမျှော်လင့်ဘဲ မည်သို့မျှ ရှင်းပြ၍မရသော စိတ်လှုပ်ရှားမှု အမူအရာများ ထင်ဟပ်လာခဲ့သည်။

‎

‎

‎" ဟားဟား... အောင်မြင်သွားပြီ "

‎

‎

‎ထိုက်ချူလမ်းစဉ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်ပြီး... သူ၏အသံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

‎

‎

‎" ငါတို့ အစောပိုင်းက အဲ့ဒီသတင်းစကားတွေကို ဖြန့်ဝေခဲ့ရတာ အချည်းနှီး မဖြစ်ခဲ့ဘူးပဲ...အခု...ဒီ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ရှေးဟောင်းလက်ကျန်မျိုးနွယ်တွေ နောက်ဆုံးတော့ ကျော့ကွင်းထဲ မိသွားကြပြီ "

‎

‎

‎တာအိုမြင့်မြတ်မြေမှ အကြီးအကဲတစ်ဦးသည်လည်း အလားတူပင် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ထောက်ခံပြောဆိုလိုက်သည်။

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေရှိ မြင့်မြတ်မြေ အများအပြားနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများသည်... ကုမိသားစု၏ ဤဘိုးဘွားပိုင်မြေအား ဧကရာဇ်မျိုးနွယ် တစ်စုမှ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကာ သတင်းအချက်အလက်များအား ဖြန့်ဝေနေခဲ့ကြပြီး... ရည်ရွယ်ချက်ရှိရှိဖြင့် ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ ဤသတင်းစကားအား ရှေးဟောင်းမျိုးနွယ်များထံသို့ ပို့ဆောင်ရန် နည်းလမ်းများ ရှာဖွေခဲ့ကြသည်။

‎

‎

‎ထို့အပြင် ဤသတင်းစကားအား ပို့ဆောင်သော လုပ်ငန်းစဉ်တွင်... ဤအဓိက မြင့်မြတ်မြေများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများသည် ဤနယ်မြေနှင့် ကုမိသားစုကြားရှိ ဆက်နွယ်မှုအား တမင်တကာ ဝေဝါးစေခဲ့ကြပြီး... ဤနေရာသည် ဧကရာဇ်မျိုးနွယ်တစ်စုမှ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်ကြောင်းသာ ဖော်ပြခဲ့ကြကာ... ၎င်းသည် မည်သည့် ဧကရာဇ်မျိုးနွယ်နှင့် သက်ဆိုင်သည်ကို အတိအကျ အမည်တပ်ခြင်း မရှိခဲ့ပေ။

‎

‎

‎ထို့အပြင် သူတို့ ဤသို့ ပြုလုပ်ခြင်း၌ အကြောင်းရင်းတစ်ခု ရှိခဲ့သည်။

‎

‎

‎အကယ်၍ ဤရှေးဟောင်းမျိုးနွယ်များသည် ဧကရာဇ်မျိုးနွယ် နယ်မြေများအား ပစ်မှတ်ထားရန် ရည်ရွယ်ချက် မရှိခဲ့ပါက... နောက်ဆုံး နည်းလမ်းတစ်ခုသို့ ရောက်ရှိလာပါက... သူတို့၏ မြင့်မြတ်မြေများနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများသည်... သူတို့၏ မိသားစုများတစ်ခုလုံးအား ကုမိသားစု၏ ယခင် ဘိုးဘွားပိုင်မြေ ပတ်ဝန်းကျင်သို့... ယာယီ နေထိုင်ရန် ပြောင်းရွှေ့ကြလိမ့်မည် ဖြစ်သည်။

‎

‎

‎ဤသည်မှာ သူတို့၏ အသက်များအား ထိန်းသိမ်းထားနိုင်ရုံသာမက... သူတို့အား ကြွယ်ဝသော စိတ်ဝိညာဉ်ချီဖြင့် ကျင့်ကြံခွင့် ရရှိစေမည်ဖြစ်ပြီး... ထိုရှေးဟောင်းမျိုးနွယ်များအား ခြောက်လှန့်ရန် ကုမိသားစု၏ အလံအား လွှင့်ထူပြီး အသုံးတော်ခံပေလိမ့်မည်။

‎

‎

‎အကယ်၍ ထိုရှေးဟောင်းမျိုးနွယ်များက လုံးဝ ဂရုမစိုက်ဘဲ... ဤနေရာအား အတင်းအကြပ် သိမ်းပိုက်ခဲ့ပါလျှင်... ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

‎

‎

‎ဤနယ်မြေသည် ကုမိသားစု ပိုင်ဆိုင်သောနေရာ ဖြစ်သော်လည်း... ယခုအခါ ၎င်းအား ရှေးဟောင်းမျိုးနွယ်များမှ သိမ်းပိုက်လိုက်လေပြီ။ အကယ်၍ ကောင်းကင်ဘုံအရှင်သခင်သည် ဤအကြောင်းကို သိရှိသွားပါက... သူသည် ဤကိစ္စအား အဘယ်သို့ လျစ်လျူရှု ထားနိုင်မည်နည်း။

‎

‎

‎ထိုအခါတွင် ကောင်းကင်ဘုံအရှင်သခင်အား ဤရှေးဟောင်းမျိုးနွယ်များနှင့် တိုက်ခိုက်စေရမည် ဖြစ်သည်။

‎

‎

‎နောက်ဆုံး ရလဒ်သည် မည်သို့ပင် ဖြစ်စေကာမူ... ကျယ်ပြန့်သော လူသားမျိုးနွယ်စုအတွက်မူ... ၎င်းသည် အမြဲတစေ 'သတင်းကောင်း' ပင် ဖြစ်နေလိမ့်မည်။

‎

‎

‎ဤသည်မှာ အရှေ့ဘက်တာအိုစွန့်ပစ်နယ်မြေရှိ မြင့်မြတ်မြေ အသီးသီးနှင့် မဟာလမ်းစဉ်ဂိုဏ်းကြီးများ၏ အစီအစဉ်ပင် ဖြစ်သည်။ သူတို့သည် ဘေးဒုက္ခအား လမ်းလွှဲကာ ကျားတစ်ကောင်အား အသုံးပြု၍ ဝံပုလွေတစ်ကောင်အား ဝါးမြိုစေလိုခြင်း ဖြစ်သည်။

‎

‎

‎ထိုရှေးဟောင်းလက်ကျန်မျိုးနွယ်များအား ရင်ဆိုင်ဖြေရှင်းရန် ကုမိသားစုအား ဤတိုက်ပွဲအတွင်းသို့ ဆွဲသွင်းရန် ဖြစ်သည်။

‎

‎

‎" ဟက်... ရှေးဟောင်းလက်ကျန်မျိုးနွယ်တွေနဲ့ ကုမိသားစုက အခု ရန်သူတွေ ဖြစ်သွားကြပြီ... ဒီအချိန်ကစပြီး... ငါတို့က ထိုင်ပြီးတော့ သူတို့အချင်းချင်း တိုက်ခိုက်ကြတာကို စောင့်ကြည့်နေရုံပဲ "

‎

‎

‎ထိုက်ချူလမ်းစဉ်ဂိုဏ်း အကြီးအကဲသည် မာနဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

‎

‎

‎" မဟုတ်သေးဘူး လုပ်စရာတစ်ခု ကျန်သေးတယ်... အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ ပတ်ဝန်းကျင်ကို သွားပြီး သတင်းစကား ဖြန့်ဝေရမယ်... ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ကုမိသားစုက အမြန်ဆုံး သိရှိသွားအောင် လုပ်ရမယ်... စောနိုင်သမျှ စောလေ ပိုကောင်းလေပဲ "

‎

‎

‎တာအိုမြင့်မြတ်မြေမှ အကြီးအကဲသည် သူ၏ မုတ်ဆိတ်အား ပွတ်သပ်လိုက်ပြီး အေးဆေးသက်သာစွာ ပြောဆိုလိုက်သည်။

‎

‎

‎ကုမိသားစု ဖြစ်လျှင် အဘယ်သို့နည်း။ ကောင်းကင်ဘုံအရှင်သခင် ဖြစ်လျှင် အဘယ်သို့နည်း။ သူတို့သည် လူသားမျိုးနွယ်၏ လက်ထဲမှ ကိရိယာတစ်ခုအဖြစ်သို့ ရောက်ရှိလာမည်သာ ဖြစ်သည်။

‎

‎

‎အကယ်၍ ကောင်းကင်ဘုံအရှင်သခင်သည် ဝင်ရောက်မစွက်ဖက်ပါက... သူသည် ရှေးဟောင်းလက်ကျန်မျိုးနွယ်များအား သူ၏ မျက်နှာကို ရိုက်ခွင့်ပြုလိုက်ခြင်း ဖြစ်မည်ဖြစ်ပြီး... ကုမိသားစု တစ်ခုလုံးသည်လည်း မျက်နှာ လုံးဝ ပျက်သွားမည် ဖြစ်သည်။

‎

‎

‎အကယ်၍ သူ ဝင်ရောက်စွက်ဖက်ခဲ့ပါလျှင်... ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။ ရှေးဟောင်းလက်ကျန်မျိုးနွယ်များအား ရင်ဆိုင်ဖြေရှင်းပြီး ဖြစ်သွားမည်ဖြစ်ပြီး... လူသားမျိုးနွယ်သည်လည်း ကျယ်ပြန့်သောကမ္ဘာ၏ အရှင်သခင်များအဖြစ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာကာ... မည်သူတစ်ဦးတစ်ယောက်၏ တွန်းလှန်ခြင်းကိုမျှ ခံရတော့မည် မဟုတ်ပေ။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် မည်သို့ပင် ရွေးချယ်စေကာမူ... ရလဒ်သည် လူသားမျိုးနွယ်အတွက် အကျိုးဖြစ်ထွန်းရန် ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။

‎

‎

‎ဤသည်မှာ ဖြေရှင်း၍မရသော ပေါ်ပေါ်ထင်ထင် ပူးပေါင်းကြံစည်မှုကြီးတစ်ခု ဖြစ်သည်။

‎

‎

‎...

‎

‎

‎ဤမြင့်မြတ်မြေ အကြီးအကဲများ မျှော်လင့်မထားခဲ့သည်မှာ... နဂါးကိုးကောင်တောင်ထိပ်မျိုးနွယ်သည် ကုမိသားစု၏ ဘိုးဘွားပိုင်မြေအား အနည်းငယ်မျှသာ သိမ်းပိုက်ရသေးသည့် အချိန်တွင်ပင်... မူလ‌ရှေးဟောင်းတွင်းနက်၊ နတ်ဝိညာဉ်ဂူ၊ ရှေးဟောင်းဧကရာဇ်တောင်.....

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးမှ... ဧကရာဇ်တပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးသည် တားမြစ်နယ်မြေမှ ထွက်ခွာလာခဲ့ပြီး... ရှေးဟောင်းဘုရင်မျိုးနွယ် အသီးသီး၏ တပ်စခန်းများဆီသို့ အလျင်အမြန် ဦးတည်သွားခဲ့သည်။

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်း၌.....

‎

‎

‎ဧရာမ မျောက်ဝံကြီးတစ်ကောင်သည် မတ်မတ်မားမား ရပ်လျက်ရှိပြီး... သူ၏ခန္ဓာကိုယ်သည် ဟွမ်သွမ့်ချီများဖြင့် ရစ်ခွေလျက်ရှိကာ... သူ၏ အေးစက်ပြီး ကြီးမားလှသော မျက်လုံးနှစ်လုံးသည် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်အား အပေါ်မှ စိုက်ကြည့်နေသဖြင့်... သူ၏ခန္ဓာကိုယ်အား တောင့်တင်းသွားစေပြီး နဖူးမှ ချွေးစေးများ အဆက်မပြတ် စီးကျနေစေသည်။

‎

‎

‎" နတ်မျောက်ဝံကြီး... တကယ်လို့ ဘိုးဘေးမှာ အမိန့်တစ်ခုခု ရှိခဲ့တယ်ဆိုရင်...သူက ကျွန်တော့်ကို နားထောင်ဖို့ တားမြစ်နယ်မြေကို ဆင့်ခေါ်လိုက်ရုံပါပဲ... ခင်ဗျားကို ဒီခရီးစဉ်အထိ အပင်ပန်းခံပြီး လာရောက်ဖို့ ဘာလို့ ဒုက္ခပေးရတာလဲ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ အသံသည် နှိမ့်ချလျက်ရှိပြီး... ဘုရင်မျိုးနွယ် အရှင်သခင်တစ်ဦးနှင့် ထိုက်တန်သော မည်သည့် မာနထောင်လွှားမှုမျိုးမှ ကင်းမဲ့နေသည်။

‎

‎

‎အကြောင်းမှာ သူ ကောင်းစွာ သိရှိသည်မှာ... ဤနတ်မျောက်ဝံကြီးသည် တစ်ချိန်က သူ၏ ဘိုးဘေးဖြစ်သူ ဖီးနစ်ဧကရာဇ်အား လိုက်နာခဲ့ပြီး... ရှေးဟောင်းခေတ်အား ကြီးစိုးစိုးမိုးခဲ့သူ ဖြစ်သည်။

‎

‎

‎နောက်ပိုင်းတွင် ဖီးနစ်ဧကရာဇ်သည် တားမြစ်နယ်မြေအတွင်း၌ နှစ်ခြိုက်စွာ အိပ်စက်ခြင်းသို့ ကျရောက်သွားသောအခါ... ဤဧကရာဇ်တပိုင်းအဆင့် နတ်မျောက်ဝံကြီးသည်လည်း ဖီးနစ်ဧကရာဇ်၏ နောက်သို့ လိုက်ပါကာ... အိပ်စက်ခြင်းသို့ ဝင်ရောက်သွားခဲ့သည်။

‎

‎

‎နတ်မျောက်ဝံကြီး၏ ရောက်ရှိလာခြင်းသည် ဖီးနစ်ဧကရာဇ်၏ ဆန္ဒအား ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။

‎

‎

‎ဤသို့ ဖြစ်နေပါလျှင်... ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ့အား... နှိမ့်ချမှုဖြင့် မဆက်ဆံဘဲ အဘယ်သို့ နေရဲမည်နည်း။

‎

‎အခန်း ( ၁၆၄ ) - မိုက်မဲသူ၊ စိန်ခေါ်ရန် မကြိုးစားနှင့်၊ လာရောက်တောင်းပန်ပါ

‎

‎

‎

‎" ဟွန့်... ငါသာ မလာခဲ့ရင် ဖီးနစ်နားခိုရာ‌တောင်ကုန်းမျိုးနွယ်ကို ဘေးအန္တရာယ် သင့်ရုံသာမက... ငါတို့ သခင်ပါ မင်းရဲ့လက်ချက်နဲ့ ကြီးမားတဲ့ဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ် "

‎

‎

‎နတ်မျောက်ဝံ၏ ကြီးမားသော ကိုယ်ခန္ဓာကြီးသည် အနည်းငယ် ရှေ့သို့ကိုင်းညွှတ်လျက်ရှိပြီး... သူ၏ အေးစက်သော မျက်လုံးများက ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ ကိုယ်ပေါ်သို့ စူးစိုက်ကြည့်နေသည့်အတွက်... နောက်ပိုင်းလူ၏ ရင်ထဲ၌ တင်းမာမှုများ ပိုမိုပြင်းထန်လာစေသည်။

‎

‎

‎" နတ်မျောက်ဝံ... မင်း... ဘာကိုဆိုလိုတာလဲ... ငါက ဘယ်အချိန်တုန်းက ငါတို့ဖီးနစ်နားခိုရာ တောင်ကုန်းမျိုးနွယ်ကို ထိခိုက်စေမဲ့ ကိစ္စမျိုးကို လုပ်ခဲ့ဖူးလို့လဲ... ဘိုးဘေးကို ပါဝင်ပတ်သက်စေတယ်ဆိုတာကတော့ ဝေးရော... ငါ့ကို အသည်း တစ်သောင်းပေးရင်တောင် ငါ စိန်မခေါ်ရဲဘူး "

‎

‎

‎နတ်မျောက်ဝံ၏ စကားများကြောင့် ဖီးနစ်နားခို‌ရာတောင်ကုန်းအရှင်သည် လုံးဝကို အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးသွားရသည်။

‎

‎

‎နတ်မျောက်ဝံ၏ ဆိုလိုရင်းကို သူ နားမလည်နိုင်ဖြစ်နေသည်။

‎

‎

‎သူသည် မည်သို့သော စွမ်းရည်မျိုး နှင့် လုပ်ရပ်မျိုးကို လုပ်ခဲ့၍... ဖီးနစ်နားခိုရာ တောင်ကုန်းမျိုးနွယ်၏ ဘေးကင်းရေးကို ခြိမ်းခြောက်ရုံသာမက... ဘိုးဘေးကိုပါ ပါဝင်ပတ်သက်စေနိုင်သနည်း။ ဤသည်မှာ လုံးဝကို မဖြစ်နိုင်သည့် အကြောင်းအရာသာ ဖြစ်ပေလိမ့်မည်။

‎

‎

‎အကယ်၍ ဤသို့ မေးခွန်းထုတ်ရဲသူသည် အခြားတစ်ယောက်ယောက်သာ ဖြစ်ခဲ့လျှင် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ဒေါသထွက်တာ ကြာခဲ့ပြီဖြစ်သည်။

‎

‎

‎သို့သော် မေးမြန်းနေသူမှာ ဘိုးဘေး၏ လက်အောက်ခံဖြစ်သော နတ်မျောက်ဝံ ဖြစ်နေသည့်အတွက်... ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ၏ ဒေါသကို ထိန်းချုပ်ထားပြီး... ရှင်းပြချက်ကို နားထောင်ရန်သာ ပြင်ဆင်နေရတော့သည်။

‎

‎

‎" ဟွန့်... ငါ မင်းကို မေးဦးမယ်... နဂါးကိုးကောင်တောင်ထိပ်မျိုးနွယ်က လောလောဆယ် ငါတို့ ဖီးနစ်နားခိုရာ တောင်ကုန်းမျိုးနွယ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာ ဟုတ်မဟုတ် "

‎

‎

‎နတ်မျောက်ဝံသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ဆက်လက်မေးမြန်းလေသည်။

‎

‎

‎" မှန်ပါတယ်... နဂါးမျိုးနွယ်ဟာ ရှေးခေတ်ကတည်းက ငါတို့ မျိုးနွယ်ရဲ့ လက်အောက်ခံဖြစ်ခဲ့ပြီး... အခုချိန်မှာ ငါတို့ ဖီးနစ်မျိုးနွယ်ရဲ့ အမိန့်တွေကို နာခံနေတာပဲ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် အံ့အားသင့်မှုများဖြင့် ရှုပ်ထွေးနေပြီး နတ်မျောက်ဝံသည် ဤအချိန်၌ နဂါးမျိုးနွယ်ကို အဘယ်ကြောင့် ရုတ်တရက် ထည့်သွင်းမေးမြန်းလာသည်ကို နားမလည်ပေ။

‎

‎

‎နဂါးမျိုးနွယ်က တစ်ခုခု ပြဿနာရှာခဲ့ပြီး ဤအကြောင်းကြောင့် ဖီးနစ်မျိုးနွယ်ကို ပါဝင်ပတ်သက်လာစေခြင်း ဖြစ်နိုင်သလော.....

‎

‎

‎နဂါးမျိုးနွယ်က တစ်စုံတစ်ရာ လုပ်ခဲ့ကြောင်း သူ မကြားမိခဲ့ပေ။

‎

‎

‎နဂါးမျိုးနွယ်ထဲ၌ သူတော်စင်အဆင့် အနည်းငယ်သာ ရှိပြီး ဧကရာဇ်တပိုင်းအဆင့်ပင် မရှိချေ။ ထိုမျှကြီးမားသော ဘေးအန္တရာယ်ကို ဖန်တီးရန် မည်သို့သော အရည်အချင်းမျိုး ရှိနိုင်မည်နည်း။

‎

‎

‎" မင်းကို ငါ ထပ်မေးမယ် နဂါးမျိုးနွယ်က လူသားဧကရာဇ်မျိုးနွယ်စုရဲ့ နယ်မြေကို ခုနကပဲ သိမ်းပိုက်လိုက်တာ ဟုတ်မဟုတ်..... "

‎

‎

‎ဖီးနစ်နားခိုနယ်မြေအရှင် ငြင်းဆိုခြင်း မပြုသည်ကို မြင်သောအခါ နတ်မျောက်သည် မေးခွန်းကို ဆက်လက်ဖိအားပေးမေးမြန်းသည်။

‎

‎

‎" မှန်ပါတယ် "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် ပထမတွင် တုန်လှုပ်သွားသော်လည်း ရိုးရိုးရှင်းရှင်းပင် ဝန်ခံလိုက်သည်။

‎

‎

‎" ငါပဲ နဂါးမျိုးနွယ်ကို လုပ်ခိုင်းခဲ့တာ... ဒီနယ်မြေကို လူသားဧကရာဇ်မျိုးနွယ်စု တစ်ခုက စွန့်ပစ်ထားပြီးသားဖြစ်တယ်... နဂါးမျိုးနွယ်က သူတို့ရဲ့ ဘိုးဘွားမြေကို အဲဒီနေရာကို ပြောင်းချင်တာမို့ ငါ သဘောတူခဲ့တာပဲ "

‎

‎

‎ဤအကြောင်းကို ပြောရာတွင် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် မနေနိုင်ဘဲ ပြောလိုက်သည်။

‎

‎

‎" နတ်မျောက်ဝံ... အဲဒီနေရာက လူသားဧကရာဇ်မျိုးနွယ်စုက စွန့်ပစ်ထားတဲ့နေရာ သက်သက်ပဲ... နဂါးမျိုးနွယ်က သိမ်းပိုက်တာက တကယ်ပဲ ပြဿနာ ရှိလို့လား... ငါတို့ ရှေးဟောင်းတော်ဝင်မျိုးနွယ်စုမှာ ရှည်လျားတဲ့ အမွေအနှစ် ရှိတယ် ငါတို့က အဆုံးမဲ့ဧကရာဇ်မျိုးနွယ်စုလို့ ခေါ်တဲ့ သူတို့ကို ကြောက်နေရမှာလား "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် အလွန်တရာ အံ့အားသင့်လျက်ရှိသည်။

‎

‎

‎ထိုလူသားဧကရာဇ်မျိုးနွယ်စုသည် မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေကာမူ ရှေးဟောင်းတော်ဝင်မျိုးနွယ်စုကို ကြောက်လန့်စေလောက်အောင် အင်အားကြီးနိုင်မည် မဟုတ်ချ။

‎

‎

‎" မိုက်မဲလိုက်တာ လုံးဝကို မိုက်မဲတဲ့သူပဲ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် အဘယ်ကြောင့် ရှုပ်ထွေးနေရသေးသည်ကို မြင်သောအခါ နတ်မျောက်ဝံသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

‎

‎

‎" အဲဒီနယ်မြေဟာ မူလက ဘယ်သူပိုင်ဆိုင်ခဲ့လဲဆိုတာ မင်း သိလား "

‎

‎

‎" ဘယ်သူ... ပိုင်ဆိုင်ခဲ့တာလဲ... လူသားဧကရာဇ်မျိုးနွယ်စု တစ်ခုဆီက မဟုတ်ဘူးလား "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် လစ်ဟာသောအကြည့်ဖြင့် ပြန်ပြောသည်။

‎

‎

‎ထိုနယ်မြေသည် မူလက လူသားဧကရာဇ်မျိုးနွယ်စု တစ်ခုပိုင်ဆိုင်သည်ကိုသာ သူ သိထားပြီး... မည်သည့်မျိုးနွယ်စု ဖြစ်သည်ကို အသေးစိတ် စုံစမ်းစစ်ဆေးထားခြင်း မရှိခဲ့ပေ။

‎

‎

‎ ၎င်းသည် အရေးကြီးပါသလော.....

‎

‎

‎မည်သည့် ဧကရာဇ်မျိုးနွယ်စု၏ ပိုင်ဆိုင်မှု ဖြစ်စေကာမူ... အားလုံးက အတူတူပင် မဟုတ်ပါသလော။

‎

‎

‎" အဲဒီနယ်မြေဟာ ကုမိသားစုရဲ့ ပိုင်ဆိုင်မှုပဲ ကောင်းကင်ပြာ ကုမိသားစု ရဲ့ ပိုင်ဆိုင်မှုပဲ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ၏ ဆိုလိုရင်းကို နားမလည်သေးသည်ကို မြင်သောအခါ နတ်မျောက်ဝံသည် စိတ်ပျက်အားလျော့သောအသံဖြင့် ပြောလိုက်သည်။

‎

‎

‎" မင်း နိုးထလာတဲ့အချိန်ကတည်းက ဒီနှစ်တွေအတွင်း အဆုံးမဲ့ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တဲ့ အရေးကြီးကိစ္စတွေကို သေသေချာချာ နားမလည်ခဲ့တာလား....ကုမိသားစုဟာ လုံးဝ စိန်ခေါ်လို့ မရတဲ့ အင်အားစု တစ်ခုဆိုတာကို မင်း မသိဘူးလား... "

‎

‎

‎" ကုမိသားစု... "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ မျက်နှာအမူအရာသည် လစ်ဟာနေခဲ့သည်။

‎

‎

‎ဖီးနစ်မျိုးနွယ်၏ ပြန်လည်နိုးထမှုမှစ၍ သူသည် ဤနှစ်များအတွင်း အဆုံးမဲ့ကမ္ဘာ၌ ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကို စုံစမ်းရန် လူများ စေလွှတ်ခဲ့သည်မှာ အမှန်ပင်။

‎

‎

‎သို့သော် ရှေးခေတ်မှ ယခုအထိဆိုလျှင် သောင်းချီသော နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်ပြီး သမိုင်းမှတ်တမ်းများမှာလည်း ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်။ ထိုသို့သော ရှည်လျားသည့် ကာလ၏ သမိုင်းအားလုံးကို ရှင်းလင်းရန် မည်သို့ လွယ်ကူနိုင်မည်နည်း။

‎

‎

‎ထို့အပြင် ဤရက်အနည်းငယ်အတွင်း သူသည် အခြားတော်ဝင်မျိုးနွယ်စုများနှင့် အဆုံးမဲ့ကမ္ဘာအား ခွဲဝေရန် လျှို့ဝှက်ကြံစည်နေခဲ့ရာ... ဤအဆုံးမဲ့ကမ္ဘာသမိုင်း၏ အပြောင်းအလဲများကို ပို၍ပင် အာရုံမစိုက်နိုင်တော့ပေ။

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ အမြင်အရ... ရှေးခေတ်နောက်ပိုင်းနှစ်များတွင် အဆုံးမဲ့ကမ္ဘာ၌ ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုသည်က အရေးပါပါသလော။

‎

‎

‎ရှေးဟောင်းတော်ဝင်မျိုးနွယ်စု ပေါ်ထွက်လာသည့်အခါ... အဆုံးမဲ့ကမ္ဘာ တစ်ခုလုံးကို အုပ်စိုးသင့်သည်သာ ဖြစ်သည်။ ဤနှစ်များအတွင်း အဆုံးမဲ့ကမ္ဘာ၌ ဖြစ်ပျက်ခဲ့သည်များနှင့် ဘာများ သက်ဆိုင်နေမည်နည်း။

‎

‎

‎" တကယ်ကို မခံနိုင်လောက်အောင် မိုက်မဲလိုက်တာ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ၏ အမှားကို နားမလည်သေးသည်ကို မြင်သောအခါ နတ်မျောက်ဝံ၏ အကြည့်သည် ပို၍ပင် အေးစက်လာသည်။ သူသည် သူ၏ ကြီးမားသော လက်သည်းကို ဆန့်တန်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပုတ်ခတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ခုသည် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ ရှေ့သို့ ပျံသန်းရောက်ရှိလာပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်။

‎

‎

‎" မင်းမှာ ကျောက်စိမ်းပြားအတွင်းက အချက်အလက်တွေကို စစ်ဆေးဖို့အတွက် နံ့သာတိုင်တစ်တိုင်စာ အချိန် ရတယ်

‎

‎နံ့သာတိုင်တစ်တိုင်စာ အချိန် ကုန်လွန်ပြီးရင်တောင် မင်း ကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့အမှားကို နားမလည်သေးဘူးဆိုရင် သခင်ဆီ အစီရင်ခံဖို့တောင် မလိုအပ်တော့ဘူး... ငါ အခုပဲ ဆုံးဖြတ်ပြီး မင်းကို ဖီးနစ်အရှင်ရာထူးကနေ ဖယ်ရှားပြီး တခြားတစ်ယောက်နဲ့ အစားထိုးမယ် "

‎

‎

‎နတ်မျောက်ဝံ၏ လေးနက်ပြီး စိတ်ရင်းမှန်သောအမူအရာကို မြင်သောအခါ ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် အခြားအရာအားလုံးကို ဂရုမစိုက်တော့ဘဲ သူ၏ နတ်အာရုံဖြင့် ကျောက်စိမ်းပြားကို လျင်မြန်စွာ စူးစမ်းလိုက်ပြီး စစ်ဆေးရန် စတင်လိုက်တော့သည်။

‎

‎

‎ဤကျောက်စိမ်းပြား၌ မှတ်တမ်းတင်ထားသော အချက်အလက်များမှာ အခြားအရာ မဟုတ်ပေ။

‎

‎

‎၎င်းသည် နိစ္စထာဝရ ဧကရာဇ်တပိုင်းအဆင့်က ကုမိသားစုကို ဖိအားပေးသည့် အချိန်မှစ၍ ကုချန် ပြန်လာသည့်အချိန်အထိ ကုချန်၊ ကုမိသားစုနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးပင် ဖြစ်လေသည်။

‎

‎

‎အချိန်ကုန်လွန်လာသည်နှင့်အမျှ ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ မျက်နှာအမူအရာသည် ပို၍ပို၍ အံ့အားသင့် လာခဲ့သည်။

‎

‎

‎နောက်ပိုင်းတွင် သူ၏ နဖူးမှ ချွေးအေးများ စဉ်ဆက်မပြတ် စီးကျလာရတော့သည်။

‎

‎

‎ကုမိသားစု၏ မဟာဧကရာဇ်အဆင့်ရှိ ကုချန် သည် တားမြစ်နယ်မြေများမှ အရှင်များစွာနှင့် ဧကရာဇ်မဟာမိတ်အဖွဲ့မှ ဧကရာဇ်များစွာကို ဆက်တိုက် သုတ်သင်ပစ်ခဲ့သည်။

‎

‎

‎သူ၏ စွမ်းအားတစ်ခုတည်းဖြင့် အဆုံးမဲ့ကမ္ဘာပေါ်ရှိ တားမြစ်နယ်မြေ အားလုံးကို ဖိနှိပ်ထားရာ သူတို့ ခေါင်းမထောင်နိုင်အောင် ဖြစ်စေခဲ့သည်။

‎

‎

‎နောက်ပိုင်းတွင် သူသည် ကုမိသားစု တစ်စုလုံးကို ကောင်းကင်ထက် တားမြစ်နယ်မြေ သို့ ပြောင်းရွှေ့နေထိုင်ရန် ဦးဆောင်သွားခဲ့ပြီး ကုမိသားစုကို မည်သူမျှ စိန်ခေါ်ရန် မဝံ့ရဲသော အဆုံးမဲ့ကမ္ဘာပေါ်ရှိ အငြင်းပွားဖွယ်မရှိ နံပါတ်တစ် တားမြစ်အင်အားစု ဖြစ်လာစေခဲ့သည်။

‎

‎

‎နဂါးမျိုးနွယ်က သိမ်းပိုက်ထားသော နယ်မြေသည် ကုမိသားစု ကောင်းကင်ထက် တားမြစ်နယ်မြေသို့ ပြောင်းရွှေ့မသွားမီက ချန်ထားခဲ့သော ဘိုးဘွားမြေ ဖြစ်လေသည်။

‎

‎

‎" ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..... "

‎

‎

‎ကျောက်စိမ်းပြားပေါ်တွင် မှတ်တမ်းတင်ထားသော အကြောင်းအရာ အားလုံးကို ဖတ်ရှုပြီးနောက် ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ၏ ပါးစပ်များ ခြောက်သွေ့လာပြီး သူ၏ နှလုံးသားသည် မနှိုင်းယှဉ်နိုင်အောင် တုန်လှုပ် လျက်ရှိသည်။

‎

‎

‎လောကတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါမျိုး မည်သို့ တည်ရှိနိုင်မည်နည်း။

‎

‎

‎အကယ်၍ ဤကျောက်စိမ်းပြားကို နတ်မျောက်ဝံက သူ့အား မပေးခဲ့ပါက ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် တစ်စုံတစ်ယောက်က သူ့အား လိမ်ညာရန်အတွက် ဤရိုင်းစိုင်းသော သတင်းများကို ဖန်တီးခဲ့သည်ဟုပင် သံသယဝင်မိလိမ့်မည် ဖြစ်သည်။

‎

‎

‎" မဖြစ်နိုင်ဘူး...ဟွန့်...မင်းက ဒီ အရှင်သခင်က မင်းကို လိမ်ညာနေတယ်လို့ ပြောချင်တာလား..... "

‎

‎

‎နတ်မျောက်ဝံသည် ဖော်ရွေမှုမရှိသော အမူအရာဖြင့် ပြောလိုက်သည်။

‎

‎

‎" မဟုတ်ဘူး... မဟုတ်ဘူး...ငါဆိုလိုတာက ဒီ ကုချန်...သူ...သူ ဘယ်လိုလုပ်..... "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ၏ လက်များကို ရှုပ်ထွေးစွာ ဝှေ့ယမ်းပြပြီး... ကျောက်စိမ်းပြားပေါ်တွင် မှတ်တမ်းတင်ထားသော အချက်အလက်များကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။

‎

‎

‎" မင်း သိထားဖို့က... အင်မော်တယ်တက်လှမ်းခြင်း လမ်းကြောင်း ပွင့်လုနီးပါး အရေးကြီးတဲ့ ဒီအချိန်မှာ... ဒီ ကုမိသားစု မဟာဧကရာဇ်အဆင့်ရော ကုမိသားစုကိုပါ စိန်ခေါ်ဖို့ မဖြစ်နိုင်ဘူးဆိုတာပဲ နားလည်လား "

‎

‎

‎နတ်မျောက်ဝံသည် သူ့အား ဆူပူသကဲ့သို့ ပြစ်တင်ပြောဆိုလိုက်သည်။

‎

‎

‎" ကျွန်တော် နားလည်ပါပြီ... "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်သည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

‎

‎

‎" ကျွန်တော် နဂါးမျိုးနွယ်ကို အဲဒီနယ်မြေကနေ အမြန်ဆုံး ထွက်ခွာဖို့ ချက်ချင်း အမိန့်ပေးပါ့မယ်... သူတို့က အဲဒီနေရာကို နည်းနည်းတောင် ကျူးကျော်ရဲမှာ မဟုတ်ပါဘူး "

‎

‎

‎ကျောက်စိမ်းပြားအရ... ကုမိသားစုကို စိန်ခေါ်ခြင်းသည် ထို ကုမိသားစု မဟာဧကရာဇ်အဆင့်ရှိသူ... ကောင်းကင်ဘုံအရှင်သခင် ကို စိန်ခေါ်ခြင်းကို ဆိုလိုသည်။ သူသည် ဘိုးဘေးအတွက် ပြဿနာရှာခဲ့သည်ဟု ပြောခြင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

‎

‎

‎" ဒါလောက်နဲ့ မလုံလောက်ဘူး "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းအရှင်၏ စကားကို နားထောင်ပြီးနောက် နတ်မျောက်သည် အေးစက်သော အသံဖြင့် ပြောလိုက်သည်။

‎

‎

‎" အဲဒီနယ်မြေကနေ ဆုတ်ခွာပြီး... မင်းဟာ နဂါးမျိုးနွယ် သူတော်စင်အဆင့်ရဲ့ ခေါင်းကို ကိုယ်တိုင်ယူဆောင်ပြီး... ကောင်းကင်ထက် တားမြစ်နယ်မြေကို သွားပြီး တောင်းပန်ရမယ်... ကုမိသားစု ကောင်းကင်ဘုံအရှင်သခင် ရဲ့ ခွင့်လွှတ်မှုကို တောင်းခံရမယ်...နားလည်ရဲ့လား..... "

All Chapters