← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃) - ကောင်းကင်ယံမှ ဆင်းသက်လာသော တိုက်ပွဲ (၁)

ဤတစ်လတာ သီးခြား ကျင့်ကြံနေစဉ်အတွင်း ကျန့်ဖုန်းသည် ကိုယ်ခန္ဓာအားတိုးဆေးလုံး နှစ်လုံးကို ဆက်တိုက်သောက်သုံးခဲ့ပြီး၊ သူ၏ ပြင်ပဝိညာဉ်စွမ်းအားကို ၁၀,၀၀၀ အထိ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။

၎င်းမှာ အိပ်မက်သုခဘုံသို့ ဝင်ရောက်နိုင်သည့် ကန့်သတ်ချက်သို့ ရောက်ရှိသွားခြင်းဖြစ်သလို၊ မသေဆုံးနိုင်သော ခန္ဓာ အဆင့် ၂ ၏ ကန့်သတ်ချက်သို့လည်း ရောက်ရှိသွားခြင်း ဖြစ်သည်။

ထို့အပြင် ကျန့်ဖုန်း၏ အတွင်းဝိညာဉ်စွမ်းအားမှာလည်း ၇,၉၀၀ အထိ တိုးတက်လာပြီး ၈,၀၀၀ ကို ကျော်ဖြတ်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် သူသည် မရှုံးနိမ့်နိုင်သောခန္ဓာ အဆင့် ၃ သို့ မြှင့်တင်ရန် ပြင်ဆင်နိုင်သည်။

နံပါတ် ၂၁ ဗိုလ်အဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့၏ အခြားအဖွဲ့ဝင်များသည်လည်း ထာဝရမျှော်စင်အတွင်း လဝက်ကျော် စမ်းသပ်မှုများပြုလုပ်ရင်း ဝိညာဉ်စွမ်းအား အလင်းကွင်း အမြောက်အမြားကို ရရှိခဲ့ကြသည်။

ဝမ်မင်၊ဖန်းလီ နှင့် ကျန်းရှင်းရန်တို့သည် သူတို့၏ အတွင်းဝိညာဉ်စွမ်းအားကို ၅,၀၀၀ အထိ အသီးသီး မြှင့်တင်နိုင်ခဲ့ကြပြီး၊ မုရုံရှန်းအာ နှင့် ယောင်လီတို့ပင်လျှင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြသည်။

ဝိညာဉ်စွမ်းအား အလင်းကွင်းများ၏ အသုံးပြုနိုင်စွမ်း ကန့်သတ်ချက်မှာ အတွင်းဝိညာဉ်စွမ်းအား ၅,၀၀၀ ဖြစ်ရာ၊ အကယ်၍ အချိန် နောက်ထပ်ဆယ်ရက်ခန့် ရရှိခဲ့ပါက မုရုံရှန်းအာနှင့် ယောင်လီတို့သည်လည်း အတွင်းဝိညာဉ်စွမ်းအား ၅,၀၀၀ ကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

ထို့အပြင် ကျန့်ဖုန်းမှလွဲ၍ နံပါတ် ၂၁ အဖွဲ့၏ ကျန်အဖွဲ့ဝင် ငါးဦးလုံး၏ ပြင်ပဝိညာဉ်စွမ်းအားမှာလည်း ၅,၀၀၀ ကို ကျော်ဖြတ်တော့မည်ဖြစ်ရာ သူတို့၏ အတွင်းဝိညာဉ်စွမ်းအားနှင့် တစ်ပြေးညီ ဖြစ်လာတော့မည်ဖြစ်သည်။

လွန်ခဲ့သော တစ်လအတွင်း သူတို့သည် အဆင့် ၈ ကိုယ်ခန္ဓာအားတိုးဆေးလုံး တစ်လုံး၏ ဆေးစွမ်းကို အပြည့်အဝ စုပ်ယူနိုင်ခဲ့ကြသည်။ သူတို့၏ ခွန်အားမှာ အရှိန်အန်ဖြင့် တိုးတက်လာသဖြင့် နံပါတ် ၂၁ အဖွဲ့အတွက် ထာဝရမျှော်စင်အတွင်းရှိ စမ်းသပ်မှုများမှာ အလွန်ပင် ရိုးရှင်းသွားခဲ့သည်။

နံပါတ် ၁၂ မြင့်မြတ်ကိုယ်ရံတော်မတိုင်မီ အဆင့်များမှာ သူတို့အတွက် အခက်အခဲ မရှိတော့ပေ။ အမှန်စင်စစ် သူတို့ထဲမှ မည်သူမဆို တစ်ဦးတည်းဖြင့် ကျော်ဖြတ်နိုင်နေပြီ ဖြစ်သည်။

ယခုအခါ အားလုံးသည် နံပါတ် ၁၂ မြင့်မြတ်ကိုယ်ရံတော်ကို အချိန်အတန်ကြာ ဆက်တိုက် တိုက်ခိုက်နိုင်စွမ်း ရှိနေကြပြီဖြစ်ရာ၊ ၎င်းက သူတို့၏ တိုက်ပွဲဝင်အသိနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို များစွာ မြှင့်တင်ပေးခဲ့သည်။

ထိုနေ့တွင် သူရဲကောင်းတပ်မှူးချုပ် ဟန်စစ်က လာရောက်လည်ပတ်ခဲ့သည်။

"သူရဲကောင်းတပ်မှူးချုပ်ကြီးခင်ဗျာ"

ကျန့်ဖုန်းနှင့် ဟန်စစ်တို့သည် ကျန်းနန်ခံတပ်ရှိ ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။

"ကျန့်ဖုန်း၊ အိပ်မက်သုခဘုံကို ဝင်ရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အပြောင်းအလဲတချို့ ရှိလာလို့ ငါ မင်းဆီ လာခဲ့တာ"

ဟန်စစ်က ကျန့်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"ဪ"

ကျန့်ဖုန်းက အနည်းငယ် အံ့အားသင့်ဟန် ပြလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ တည်ငြိမ်နေဆဲဖြစ်သည်။

ဟန်စစ်က လေးနက်သောလေသံဖြင့် ပြောသည်။

"အဓိကပြဿနာက ဘုန်းကြီးကများပြီး ဆွမ်းကနည်းနေတာပဲ၊ ဒီတစ်ခါ ကျန်းနန်ခံတပ်ကို အရင်းအမြစ်တွေအတွက် နတ်ဆိုးအမဲလိုက်အဖွဲ့ စုစုပေါင်း ၄၂ ဖွဲ့ လာကြတယ်၊ အဲဒီထဲမှာ ဧကရာဇ်အဆင့်နဲ့ ဘုရင်အဆင့် အနည်းငယ်ကလွဲရင် ကျန်တာတွေက စစ်သေနာပတိအဆင့်နဲ့ အဲဒီအောက်က အဖွဲ့တွေချည်းပဲ၊ စစ်သေနာပတိအဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့ဝင် အများစုက အဆင့် ၆ ပညာရှင်တွေ ဖြစ်ကြတယ်၊ ဒါကြောင့် အိပ်မက်သုခဘုံထဲ ဝင်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့အခါ ငါတို့ အခက်အခဲတစ်ခုနဲ့ ကြုံနေရတယ်"

"အိပ်မက်သုခဘုံက နှစ်တစ်ရာမှာ တစ်ခါပဲ ပွင့်တာ၊ လူတိုင်းက အခွင့်အရေးကို ဆုပ်ကိုင်ချင်ကြပေမဲ့ နေရာက ၁၀ နေရာပဲရှိပြီး လူတစ်ရာကျော်က ပြိုင်ဆိုင်နေကြတယ်၊ ဒါကြောင့် မင်းရယ်၊ လုံဟောက်ချန်ရယ်၊ ရှန့်ချိုင်အာရယ်အတွက် ကြိုတင်သတ်မှတ်ထားတဲ့ နေရာတွေက ပြဿနာရှိလာနိုင်တယ်"

ဟန်စစ်၏ စကားကို ကြားပြီးနောက် ကျန့်ဖုန်းက ခေါင်းငြိမ့်ပြုံးပြကာ မေးလိုက်သည်။

"ဒါက တခြားသူတွေအတွက် နည်းနည်းတော့ မတရားသလို ဖြစ်နေမှာပေါ့၊ တပ်မှူးချုပ်ကြီးခင်ဗျာ၊ အခု မဟာမိတ်အဖွဲ့က ဒီနေရာတွေကို ဘယ်လို ခွဲဝေပေးဖို့ စီစဉ်ထားပါသလဲ၊ တိုက်ရိုက်ရွေးချယ်ပွဲ ကျင်းပမှာလား"

ဟန်စစ်က ခေါင်းငြိမ့်ကာ သက်ပြင်းချလိုက်သည်။

"ဟုတ်တယ်၊ တရားမျှတမှု ရှိစေဖို့ ရွေးချယ်ပွဲကတစ်ဆင့်ပဲ လုပ်လို့ရမယ်။ အင်း..."

ဤနေရာတွင် ဟန်စစ်သည်လည်း အနည်းငယ် အကူအညီမဲ့သလို ခံစားရသည်။

ဘုရားကျောင်းမဟာမိတ်သည် အမြဲတမ်း တရားမျှတမှုပေါ်တွင် အခြေခံခဲ့ခြင်းဖြစ်ရာ ကိစ္စရပ်များစွာမှာ သူတစ်ဦးတည်း ဆုံးဖြတ်နိုင်သောအရာ မဟုတ်ပေ။

ထို့အပြင် ဟန်စစ်၏ ရာထူးမှာလည်း ကျန်းနန်ခံတပ်တွင် အမြင့်ဆုံး မဟုတ်ချေ။

ကျန်းနန်ခံတပ်တွင် စောင့်ကြည့်နေကြသော ဧကရာဇ်အဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့များစွာနှင့် ဘုန်းတော်ကြီးဘုရားကျောင်း ပင်မဆောင်မှ လူများလည်း ရှိနေကြသည်။

ကျန့်ဖုန်းက အသာအယာ ပြုံးလိုက်ပြီး မေးလိုက်သည်။

"တပ်မှူးချုပ်ကြီးခင်ဗျာ၊ ဒီရွေးချယ်ပွဲအတွက် စာရင်းပေးဖို့ ဘာလိုအပ်ချက်တွေ ရှိပါသလဲ"

"ငါတို့ နတ်ဆိုးအမဲလိုက်အဖွဲ့တွေထဲကနေ တိုက်ရိုက်ရွေးချယ်မှာပါ၊ အတွင်းဝိညာဉ်စွမ်းအား တစ်သောင်းထက် မကျော်တဲ့သူ ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးနိုင်တယ်၊ အိပ်မက်သုခဘုံ ပွင့်ဖို့ ငါးရက်ပဲ လိုတော့တာဆိုတော့၊ ရွေးချယ်ပွဲကို အဲဒီအခါမှာ စတင်ပါလိမ့်မယ်၊ အချိန်ကန့်သတ်ချက်ကြောင့် ရှုံးထွက်စနစ်နဲ့ပဲ တိုက်ရိုက်စမှာ၊ ဒါက အရိုးရှင်းဆုံးဖြစ်သလို အလွန်လည်း ရက်စက်တယ်"

ဟန်စစ်က ရှင်းပြသည်။

"ကျွန်တော်တို့ နံပါတ် ၂၁ အဖွဲ့ဝင် အားလုံး ဒီရွေးချယ်ပွဲမှာ ပါဝင်ပါမယ်"

ကျန့်ဖုန်းက ပြောသည်။

"တပ်မှူးချုပ်ကြီး စိတ်ချပါ၊ ရွေးချယ်ပွဲကတစ်ဆင့်ပဲ ဖြစ်ဖြစ် နေရာတစ်ခု ရရှိဖို့ ကျွန်တော့်မှာ ယုံကြည်ချက်ရှိပါတယ်"

"အရမ်းတော့ ပေါ့ပေါ့တန်တန် မတွေးနဲ့၊ စစ်သေနာပတိအဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့ ဖြစ်လာတဲ့သူတွေဟာ အလောင်းပုံကြားကနေ ရုန်းထွက်လာကြသူတွေချည်းပဲ၊ အဲဒီထဲမှာ အဆင့် ၆ အထွတ်အထိပ်မှာ ရောက်နေတဲ့ ပညာရှင်တွေ အများကြီးပါတယ်၊ မင်းက အဆင့် ၆ ကို ကျော်ဖြတ်နိုင်ခဲ့တာ တစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား"

ဟန်စစ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ဆက်ပြောသည်။

"တကယ်တော့ မင်းက အဆင့် ၈ လနတ်ဆိုးကို သတ်နိုင်ခဲ့တဲ့သူဆိုတော့ မင်းရဲ့ ခွန်အားကို ငါ ယုံကြည်ပါတယ်၊ လုံဟောက်ချန်နဲ့ ရှန့်ချိုင်အာတို့အတွက်ပဲ အခက်အခဲ ရှိမှာစို့လို့ စိုးရိမ်တာပါ"

ကျန့်ဖုန်းက မေးလိုက်သည်။

"သူတို့ အဆင့် ၆ ကို မရောက်သေးလို့လား"

"အဲဒါကြောင့် မဟုတ်ဘူး"

ဟန်စစ်က ပြောသည်။

"ငါ ခုနတင် လုံဟောက်ချန်ဆီ သွားခဲ့သေးတယ်၊ သူနဲ့ ရှန့်ချိုင်အာတို့ဟာ လွန်ခဲ့တဲ့ လဝက်ကတည်းက အဆင့် ၆ ကို ရောက်နေကြပြီ၊ ဒါပေမဲ့ အဆင့် ၆ ပညာရှင်တွေဖြစ်တဲ့ စီနီယာတွေကို ရင်ဆိုင်ရမှာဆိုတော့ သူတို့အတွက် ငါ သိပ်ပြီး အကောင်းမမြင်မိဘူး"

"ရသင့်ရထိုက်တာဆိုရင် ရလာမှာပါ၊ မရထိုက်တာကိုတော့ ဇွတ်အတင်း မတောင်းဆိုသင့်ဘူး"

ကျန့်ဖုန်းက ပြုံးလိုက်ကာ ဆက်ပြောသည်။

"သူတို့တွေ နေရာရဖို့ ခွန်အားရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

ဟန်စစ်က ကျန့်ဖုန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ကောင်းကောင်း ပြင်ဆင်ထားပါ။ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ မျှော်လင့်နေမယ်"

ဟန်စစ် ထွက်သွားပြီးနောက် ကျန့်ဖုန်းသည် အခန်းသို့ပြန်ကာ နံပါတ် ၂၁ အဖွဲ့ဝင်များကို စုဝေးစေပြီး လက်ရှိအခြေအနေကို အသေးစိတ် ရှင်းပြလိုက်သည်။ ထို့နောက် နောက်နေ့ ပြိုင်ပွဲအတွက် ပြင်ဆင်ရန်နှင့် ဆက်လက် ကျင့်ကြံရန် သူတို့ကို လွှတ်လိုက်သည်။

အိပ်မက်သုခဘုံသည် အလွန်အရေးကြီးသဖြင့် နတ်ဆိုးအမဲလိုက်အဖွဲ့ဝင်များသာ သိရှိကြသည်။

အိပ်မက်သုခဘုံအတွက် ဆယ်နေရာ ရွေးချယ်မည့် ရွေးချယ်ပွဲကို ဘုန်းတော်ကြီးဘုရားကျောင်း ပင်မဆောင်အောက်ရှိ အကြီးဆုံး စမ်းသပ်ကွင်းတွင် စီစဉ်ထားသည်။

၎င်းမှာ အချင်း မီတာတစ်ရာရှိသော ကွင်းတစ်ခုဖြစ်ပြီး ပရိသတ် တစ်ထောင်ခန့် ဆန့်သော ထိုင်ခုံများ ပါရှိသည်။ မြင့်မြတ်မဟာမိတ်အဖွဲ့၏ စမ်းသပ်ကွင်းကြီးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အဆင့် ၆ ပညာရှင်များ ယှဉ်ပြိုင်ရန်အတွက်မူ လုံလောက်လှသည်။

နတ်ဆိုးအမဲလိုက်အဖွဲ့ ၄၂ ဖွဲ့အနက် ဘုရင်အဆင့် ၄ ဖွဲ့နှင့် ဧကရာဇ်အဆင့် ၃ ဖွဲ့ကို ဖယ်ထုတ်လိုက်လျှင် စုစုပေါင်း လူပေါင်း ၂၁၁ ဦး ရှိသည်။

သို့သော် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသူမှာ ၁၅၀ ရှိသည်။ စာရင်းမပေးသူ အများစုမှာ အဖွဲ့အသီးသီးရှိ ဘုန်းတော်ကြီးများ၊ စစ်သည်အဆင့် အဖွဲ့များနှင့် ကျင့်ကြံခြင်း အဆင့် ၅၊ ပဥ္စမအဆင့် အောက်တွင် ရှိနေသော ဗိုလ်အဆင့် အဖွဲ့ဝင်များ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်မီးဖို၏ ဆွဲဆောင်မှုမှာ အလွန်ပင် ကြီးမားလှသည်။ ခွန်အား မလုံလောက်လျှင်ပင် ကံစမ်းကြည့်နိုင်သည် မဟုတ်ပါလား။

အကယ်၍ ကံကောင်းပြီး ထိပ်တန်း ဆယ်ဦးထဲ ပါသွားခဲ့လျှင်ကော....

သို့သော် ကျန့်ဖုန်းသည် အိပ်မက်သုခဘုံ၏ ရက်စက်မှုကို သိရှိသည်။

မူရင်းဇာတ်လမ်းအရ ရွေးချယ်ပွဲမှတစ်ဆင့် အိပ်မက်သုခဘုံထဲ ဝင်ခွင့်ရသည့် လူဆယ်ဦးအနက် လုံဟောက်ချန်၊ ရှန့်ချိုင်အာ နှင့် အဆင့် ၇ သို့ တက်လှမ်းတော့မည့် ကျန်းဖန့်ဖန့် သုံးဦးသာ နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်ခဲ့သည်။

ယခုတစ်ကြိမ်တွင် ကျန့်ဖုန်းသည် သူ၏ အဖော်များကို နေရာရရန်အတွက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်စေရန် စီစဉ်ထားသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ခွန်အားမှာ မဆိုးလှဘဲ၊ အတွင်းနှင့် ပြင်ပ ဝိညာဉ်စွမ်းအား ပေါင်းစပ်မှုကြောင့် အဆင့် ၆ နယ်ပယ်တွင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။

ကျန့်ဖုန်းသည် သူ၏ အဖော်များကို အန္တရာယ်ထဲသို့ တွန်းပို့နေခြင်း မဟုတ်ဘဲ၊ သူ သူတို့ကို ရှာမတွေ့မချင်း သူတို့ကိုယ်တိုင် ခုခံထိန်းထားနိုင်မည့် ခွန်အားရှိကြောင်း ယုံကြည်ထားခြင်း ဖြစ်သည်။

အကယ်၍ ရွေးချယ်ပွဲကို မအောင်မြင်ပါကလည်း ဇွတ်အတင်း မလုပ်ခိုင်းပေ။

လူ ၁၅၀ မှာ များပြားပုံရသော်လည်း ရှုံးထွက်စနစ်အောက်တွင် ထိပ်တန်းဆယ်ဦးထဲဝင်ရန် လေးပွဲဆက်တိုက်သာ နိုင်ဖို့ လိုအပ်သည်။

အခန်း (၁၉၄) - ကောင်းကင်ယံမှ ဆင်းသက်လာသော တိုက်ပွဲ (၂)

ကျန့်ဖုန်းသည် သူ၏ အဖော်များကို ဦးဆောင်ကာ စမ်းသပ်ကွင်းသို့ စောစီးစွာ ရောက်ရှိလာသည်။

မနီးမဝေးတွင် လုံဟောက်ချန်၊ ရှန့်ချိုင်အာ နှင့် ယန်ဝမ်ကျောက် တို့ကို တွေ့လိုက်ရသည်။ လုံ

ဟောက်ချန်၏ အဖွဲ့မှလွဲ၍ ယန်ဝမ်ကျောက်၏ အဖော်များမှာမူ လိုက်မလာကြပေ။

သူတို့၏ ခွန်အားမှာ အဆင့် ၆ နှင့် အလှမ်းဝေးနေဆဲဖြစ်ရာ ဤရွေးချယ်ပွဲတွင် ပါဝင်ရန် မလိုအပ်သလို၊ လေ့ကျင့်မှုအာနိသင်ပင် ရရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။

သို့သော် လုံဟောက်ချန်အဖွဲ့မှ လင်ရှင်း၊ စစ်မာရှန်း၊ ဝမ်ယွမ်ယွမ်နှင့် အခြားသူများမှာ ကျင့်ကြံခြင်း အဆင့် ၅၊ ပဉ္စမအဆင့်ထက် ကျော်လွန်နေပြီဖြစ်ရာ သူတို့အတွက် ကံစမ်းကြည့်ခြင်းမှာ လက်ခံနိုင်စရာ ဖြစ်သည်။

ထိပ်တန်းဆယ်ဦးထဲ မဝင်နိုင်လျှင်ပင် အတွေ့အကြုံ ရရှိခြင်းက ကောင်းမွန်ပေလိမ့်မည်။

ကျန့်ဖုန်း၏ နောက်တွင် လိုက်ပါလာသော လူငါးဦးကို မြင်သောအခါ သူတို့အားလုံးက ကျန့်ဖုန်းသည် သူ၏ အဖော်များကို အတွေ့အကြုံရစေရန်သာ ခေါ်လာခြင်းဖြစ်သည်ဟု ထင်မြင်ကြသည်။

ကျန်းရှင်းရန်၊ ဝမ်မင် နှင့် အခြားသူများ၏ ခွန်အားကို ရှင်းလင်းစွာ မသိကြသဖြင့် သူတို့သည် အများဆုံး အဆင့် ၅၊ ပဉ္စမအဆင့် သို့ ဆဌမအဆင့် ဝန်းကျင်တွင်သာ ရှိလိမ့်မည် ယူဆထားကြသည်။

ဤစမ်းသပ်ကွင်းတွင် အကြီးအကဲ စင်မြင့်မရှိဘဲ ကျန်းနန်ခံတပ်နှင့် မဟာမိတ်အဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများမှာ ရှေ့ဆုံးတန်းတွင် ထိုင်နေကြသည်။

"နတ်ဆိုးအမဲလိုက် သူရဲကောင်းတို့၊ အခြေအနေကို အားလုံး သိပြီးသား ဖြစ်မှာပါ၊ ဒါကြောင့် အကျယ်တဝင့် မပြောတော့ပါဘူး၊ အချက်တစ်ချက်ကိုပဲ အလေးပေး ပြောချင်ပါတယ်။ မင်းတို့အားလုံးဟာ ကျန်းနန်ခံတပ်ရဲ့ ကယ်တင်ရှင်တွေ ဖြစ်ကြတယ်၊ မကြာခင်ကပဲ မင်းတို့တွေ တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ကြပြီး၊ လွန်ခဲ့တဲ့ တစ်လအတွင်းမှာ မင်းတို့ဟာ ကျန်းနန်ခံတပ်ရဲ့ ခံစစ်အတွက် အဓိက ကျောရိုးတွေ ဖြစ်လာခဲ့ကြတယ်၊ ကျန်းနန်ခံတပ်နဲ့ ဘုန်းတော်ကြီးဘုရားကျောင်းကိုယ်စား မင်းတို့ကို ကျေးဇူးတင်ပါတယ်"

"ဒီနေ့ ရွေးချယ်ပွဲဟာ အရည်အချင်းရှိသူကို ရွေးချယ်ဖို့ ဖြစ်ပါတယ်၊ မင်းတို့ကို အသေအလဲ တိုက်ခိုက်ဖို့ ငါ ခွင့်မပြုပါဘူး၊ ပြိုင်ပွဲမှာ ပြိုင်ဘက်ကို သတ်ဖြတ်ခြင်း လုံးဝခွင့်မပြုသလို၊ မသန်မစွမ်းဖြစ်စေမယ့် ဒဏ်ရာမျိုး ရစေတာကိုလည်း ခွင့်မပြုပါဘူး၊ မဟုတ်ရင်တော့ ငါ့ကို မညှာတာဘူးလို့ မပြောပါနဲ့၊ မိမိရဲ့ ရဲဘော်ရဲဘက်တွေကို သေစေလောက်တဲ့ တိုက်ကွက်သုံးတဲ့သူ ဘယ်သူမဆို နတ်ဆိုးအမဲလိုက်အဖွဲ့ကနေ ထုတ်ပယ်ဖို့ မဟာမိတ်အဖွဲ့ကို ငါ ကိုယ်တိုင် အကြံပြုပါ့မယ်"

"စည်းကမ်း နောက်တစ်ခုကတော့ ပျံသန်းခြင်း မပြုရပါဘူး၊ အိပ်မက်သုခဘုံအတွင်းမှာ ပျံသန်းခွင့် မရှိတဲ့အတွက်ကြောင့်၊ ပြိုင်ပွဲဝင်အားလုံးကို လေထဲမှာ တိုက်ခိုက်ဖို့အတွက် ဝိညာဉ်အတောင်ပံတွေကို မသုံးဖို့ ငါ တောင်းဆိုပါတယ်၊ အခု မဲနှိုက်ကြပါမယ်"

လူပေါင်း ၁၅၀ မှာ မဲနှိုက်ရန် တန်းစီလိုက်ကြသည်။

နာရီဝက်ခန့်အကြာတွင် ပြိုင်ပွဲ စတင်သည်။ ဒိုင်လူကြီးမှာ အဆင့် ၈ သူရဲကောင်းတစ်ဦး ဖြစ်သည်။

နံပါတ် ၂၁ အဖွဲ့၏ ကံမှာ အတော်လေး ကောင်းမွန်လှပြီး ပထမအဆင့်တွင် အဖွဲ့ဝင်အချင်းချင်း ဆုံမိခြင်း မရှိခဲ့ပေ။

ပထမဆုံးပွဲ စတင်သည်။

သေစေလောက်သော တိုက်ခိုက်မှုများကို တားမြစ်ထားသော်လည်း အဆင့် ၆ ပညာရှင်များကြား တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှပြီး၊ ကွင်းအတွင်း ဝိညာဉ်စွမ်းအားများ ပေါက်ကွဲကာ စူးရှသော မှော်အလင်းတန်းများ တောက်ပနေသည်။

ပွဲစဉ်များမှာ လျင်မြန်စွာ ပြီးဆုံးသွားကြပြီး ခွန်အားချင်း တူညီသော ပြိုင်ဘက်များ ဆုံတွေ့ရခြင်းမှာ ရှားပါးလှသည်။

"နောက်ပွဲစဉ်၊ နံပါတ် ၂၅ နဲ့ နံပါတ် ၂၆"

နံပါတ် ၂၅ မှာ နံပါတ် ၂၁ အဖွဲ့မှ ကျန်းရှင်းရန် ဖြစ်သည်။

ကျန်းရှင်းရန်သည် ကျန့်ဖုန်း၏ ဘေးမှ ထရပ်လိုက်ပြီး သူ့ကို အသာအယာ ပြုံးပြကာ စမ်းသပ်ကွင်းဆီသို့ လျှောက်သွားသည်။

ကျန့်ဖုန်း၏ စိတ်ထဲတွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိပေ။

အဘယ်ကြောင့်ဆိုသော် ကျန်းရှင်းရန်၏ အတွင်းနှင့် ပြင်ပ ဝိညာဉ်စွမ်းအား ပေါင်းစပ်မှုမှာ ယခုအခါ ၁၀,၀၀၀ ကျော်နေပြီ ဖြစ်သဖြင့် အဆင့် ၆ နယ်ပယ်တွင် အလွန်ပင် အစွမ်းထက်နေသောကြောင့် ဖြစ်သည်။

အဆင့် ၆ အထွတ်အထိပ်တွင် ရှိနေသော ပြိုင်ဘက်နှင့် မဆုံမချင်း သူမကို အခက်တွေ့စေမည့်သူ မရှိသလောက်ပင်။

"ကြိုးစားပါ၊ အစ်မ ကျန်းရှင်းရန်"

မုရုံရှန်းအာက သူမ၏ လက်သီးလေးကို ဝှေ့ယမ်းကာ ကျန်းရှင်းရန်ကို အားပေးလိုက်သည်။

ကျန်းရှင်းရန် စမ်းသပ်ကွင်းထဲသို့ လှမ်းဝင်လိုက်သောအခါ အားလုံးက သူမ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ကျန်းရှင်းရန်၏ ပြိုင်ဘက်ကင်းသော အလှတရားကို အံ့ဩနေကြသလို၊ အသက် ၂၀ ပင် မပြည့်သေးဟန်ရှိသော ဤမိန်းကလေးမှာ ဤကဲ့သို့သော ပြိုင်ပွဲတွင် မည်သို့ ပါဝင်ယှဉ်ပြိုင်နိုင်သနည်းဟုလည်း စိတ်ထဲတွင် တွေးနေကြသည်။

ပြိုင်ပွဲဝင် အများစုမှာ အဆင့် ၆များ ဖြစ်ကြပြီး၊ ကျန်းရှင်းရန်၏ အသက်အရွယ်ကို ကြည့်ပါက သူမသည် အများဆုံး စစ်သည်အဆင့် အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

နတ်ဆိုးအမဲလိုက်အဖွဲ့များတွင် ပါရမီရှင်များ ရှားပါးသည် မဟုတ်သော်လည်း၊ ပျမ်းမျှအသက် ၂၀ မကျော်ဘဲ အဖွဲ့ဝင်အားလုံး အဆင့် ၆ ခွန်အား ရှိကြသော နံပါတ် ၂၁ အဖွဲ့ကဲ့သို့သော အဖွဲ့မျိုးမှာ တစ်ခါမျှ မပေါ်ဖူးခဲ့ပေ။

ကျန်းရှင်းရန်၏ ပြိုင်ဘက်မှာ အသက် ၃၀ ကျော်ခန့်ရှိသော စစ်သည်တော်တစ်ဦးဖြစ်ပြီး၊ အရပ်ရှည်ကာ သန်မာထွားကြိုင်းသည်။

သူသည် လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားပြီး ပုဆိန်ကြီး တစ်စုံကို ကိုင်ဆောင်ထားသည်။

မှော်ဆရာနှင့် စစ်သည်ကြား တိုက်ပွဲဖြစ်သဖြင့် နှစ်ဖက်စလုံးမှာ မီတာရှစ်ဆယ်ခန့် ကွာဝေးသော နေရာတွင် ရပ်နေကြသည်။

ဒိုင်လူကြီးက ပြောလိုက်သည်။

"ငါ ထပ်ပြောမယ်၊ သေစေလောက်တဲ့ တိုက်ခိုက်မှု မလုပ်ရဘူး၊ ပွဲစပြီ"

အစပိုင်းတွင် ဤပွဲမှာ ရင်ခုန်စရာ မရှိဟု ထင်ထားကြသော သူများသည် ကျန်းရှင်းရန် ဝတ်ဆင်ထားသော ခမ်းနားထည်ဝါသောအဆင့် ကိရိယာ သုံးခုကို မြင်သောအခါ ရလဒ်အပေါ် မရေမရာ ဖြစ်သွားကြသည်။

ကျန်းရှင်းရန်၏ နောက်ကျောတွင် အပြာနုရောင် ဝိညာဉ်အတောင်ပံတစ်စုံ ဖြန့်ထွက်လာသောအခါ တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အသက် ၂၀ မပြည့်သေးသော ဤလှပသည့် မိန်းကလေးမှာ အမှန်တကယ်တွင် အဆင့် ၆ မဟာမှော်ဆရာတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

လုံဟောက်ချန်၊ ယန်ဝမ်ကျောက်၊ သွမ့်ယီနှင့် အခြားသူများပင်လျှင် များစွာ အံ့အားသင့်သွားကြသည်။

ဝါရင့် နတ်ဆိုးအမဲလိုက်သမားများသည် နံပါတ် ၂၁ အဖွဲ့၏ နောက်ခံအကြောင်းကို မသိကြသော်လည်း၊ တစ်သုတ်တည်း အတူတူ အဆင့်တက်လာကြသော အဖွဲ့သစ်များမှာမူ သဘာဝကျကျ သိရှိကြသည်။

ကျန့်ဖုန်းနှင့် ဝမ်မင်တို့အပြင် နံပါတ် ၂၁ အဖွဲ့တွင် တတိယမြောက် အဆင့် ၆ ပညာရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြသဖြင့် အားလုံးမှာ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

သူတို့အဖွဲ့များ စတင်ဖွဲ့စည်းစဉ်က အမှတ် ၁ စစ်သည်အဆင့်အဖွဲ့ (ကျန့်ဖုန်းအဖွဲ့၏ ယခင်အမည်) နှင့် သူတို့ကြား ကွာဟချက်မှာ ကျန့်ဖုန်း တစ်ဦးတည်းသာ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ အဖွဲ့သားအားလုံးမှာ လိမ်လည်နေသကဲ့သို့ တိုးတက်နေကြသဖြင့် ဤတိုးတက်မှုအရှိန်မှာ အလွန်ပင် အံ့ဩစရာ ကောင်းလှသည်။

ပထမဆုံးအနေဖြင့် နတ်ဆိုးအမဲလိုက်အဖွဲ့ ရွေးချယ်ပွဲတွင် ထိပ်တန်း ၁၆ ဦးထဲပင် မပါခဲ့သော ဝမ်မင်သည် အဆင့် ၆ သို့ ရောက်ရှိခဲ့ပြီး၊ ယခုအခါ ကျန်းရှင်းရန်ပင်လျှင် အဆင့် ၆ သို့ ရောက်ရှိသွားပြီဖြစ်သည်။

လူအချင်းချင်း ကြားက ကွာဟချက်မှာ အဘယ်ကြောင့် ဤမျှ ကြီးမားနေရသနည်း။

ကျန်းရှင်းရန် နတ်ဆိုးအမဲလိုက်အဖွဲ့ ရွေးချယ်ပွဲတွင် ပါဝင်စဉ်က သူမမှာ ကျင့်ကြံခြင်း အဆင့် ၄ တွင်သာ ရှိသေးကြောင်း သူတို့ သိထားကြသည်။

အခု သူမက ဘယ်လိုလုပ် အဆင့် ၆ ကို ရောက်နေရတာလဲ...

လုံဟောက်ချန်လည်း အံ့အားသင့်သွားသည်။

သူနှင့် ချိုင်အာတို့ အဆင့် ၆ သို့ ဆက်တိုက် ရောက်ရှိသွားပြီးနောက် သူတို့အဖွဲ့နှင့် ကျန့်ဖုန်းအဖွဲ့ကြား ခွန်အားကွာဟချက်မှာ ကျဉ်းမြောင်းသွားပြီဟု သူ အစပိုင်းက ထင်ထားခဲ့သည်။

ယခုမူ ထိုသို့မဟုတ်ကြောင်း သိလိုက်ရလေပြီ။

ထို့အပြင် ကျန်းရှင်းရန်ပင် အဆင့် ၆ သို့ ရောက်နေပြီဆိုလျှင် အခြားသူများကော မည်သို့ရှိမည်နည်းဟု လုံဟောက်ချန် တွေးမိလိုက်သည်။

သူသည်ဖန်းလီနှင့် ယခင်က တိုက်ခိုက်ဖူးသဖြင့်ဖန်းလီ၏ ကျင့်ကြံခြင်းနှင့် ခွန်အားမှာ ကျန်းရှင်းရန်ထက် သာလွန်ကြောင်း သဘာဝကျကျ သိရှိထားသည်။

သို့ဆိုလျှင် သူမသည်လည်း အဆင့် ၆ သို့ ရောက်နေပြီလား။

လုံဟောက်ချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်မိပြီး၊ နံပါတ် ၂၁ အဖွဲ့ကို အချိန်တိုအတွင်း လိုက်မီရန် ဟူသော ရည်မှန်းချက်မှာ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။

ကျန်းရှင်းရန်နှင့် မျက်နှာချင်းဆိုင်ရှိ စစ်သည်မှာမူ မျက်နှာပျက်သွားပြီး အစောပိုင်းက ပေါ့ပေါ့တန်တန်ရှိသော အမူအရာမှာ လုံးဝ ပျောက်ကွယ်သွားသည်။

သူ၏ ကျင့်ကြံခြင်းမှာ အဆင့် ၅၊ အဌမအဆင့် သာ ရှိသည်။

သူ၏ ပြိုင်ဘက် ကျန်းရှင်းရန်ကို မြင်သောအခါ သူမမှာ အလွန်ငယ်ရွယ်သဖြင့် ဤတိုက်ပွဲမှာ လွယ်ကူလိမ့်မည် သူ ထင်ထားခဲ့သည်။

သူမက ဘယ်လောက်များ အစွမ်းထက်မှာ မို့လို့လဲ။

ယခုမူ သူ၏ကံမှာ အတော်လေး ဆိုးရွားကြောင်း သူ သိလိုက်ရလေပြီ။

ပထမဆုံးအဆင့်မှာတင် အဆင့် ၆ မဟာမှော်ဆရာတစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။

သူ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။

သို့သော်လက်နက်ချဖို့မှာ မဖြစ်နိုင်ပေ။ ယခုအချိန်တွင်မူ တည့်တည့်ရင်ဆိုင် တိုက်ခိုက်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။

ဒိုင်လူကြီးက ပွဲစရန် အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ကျန်းရှင်းရန် ရှိရာသို့ ချက်ချင်း ပြေးဝင်သွားသည်။

သူ၏ လေးလံသော သံချပ်ကာမှာ တချွင်ချွင်မြည်နေပြီး ခြေလှမ်းတိုင်းမှာ ပြင်းထန်ကာ လေးလံလှသည်။

ကျန်းရှင်းရန်မှာမူ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး၊ သူမ၏ လှပသော မျက်နှာလေးတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ သူမ၏ အကြည့်မှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။

သူမသည် မှော်မန္တန်တစ်ခုကို အလောတကြီးမရှိဘဲ ရွတ်ဆိုနေသည်။ သူမနှင့် ပြိုင်ဘက်ကြား အကွာအဝေးမှာ မီတာသုံးဆယ်သာ ကျန်တော့သောအခါ သူမ၏ မန္တန်မှာလည်း ပြီးဆုံးသွားသည်။

သူမ၏ လက်ထဲရှိ ရေခဲမြစ်နှင်တံဖြင့် မြေပြင်ကို အသာအယာ ထိလိုက်ရာ၊ အလွန်အေးမြသော အရှိန်အဝါတစ်ခုမှာ ပြိုင်ဘက်ဆီသို့ ချက်ချင်း တိုးဝင်သွားသည်။

နတ်ဆိုးအမဲလိုက်အဖွဲ့ဝင် တစ်ဦးဖြစ်သဖြင့် ထိုစစ်သည်မှာလည်း သာမန်လူ မဟုတ်ပေ။

သူ၏ ထက်မြက်သော အာရုံခံစားမှုက မြေအောက်မှ အန္တရာယ်ကို သတိပြုမိလိုက်သဖြင့် သူသည် ချက်ချင်း ရပ်တန့်လိုက်ကာ ဒူးကွေးပြီး အပေါ်သို့ ခုန်တက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ကျန်းရှင်းရန် ရှိရာသို့ နောက်ထပ် ဆယ်မီတာခန့် တိုးဝင်သွားသည်။

အကွာအဝေးမှာ ပိုမိုနီးကပ်လာသည်နှင့်အမျှ ထိုစစ်သည်၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ထွက်ပေါ်လာသည်။

မှော်ဆရာတစ်ဦး မည်မျှပင် အစွမ်းထက်ပါစေ၊ သူရဲကောင်း၊ စစ်သည် သို့မဟုတ် လုပ်ကြံသတ်ဖြတ်သူ၏ အနီးကပ် တိုက်ခိုက်မှုကို ခံရလျှင် သူတို့၏ ခွန်အားအပြည့်ကို ထုတ်သုံးနိုင်တော့မည် မဟုတ်ပေ။

သို့သော် သူ၏အတွေးများမှာ ရိုးအလွန်းလှသည်။

သူသည် လေထဲတွင် ရှိနေဆဲမှာပင် သူ၏ ကျောဘက်တွင် အေးစိမ့်သော အာရုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ မော့ကြည့်လိုက်သောအခါ လေဟာနယ်ထဲတွင် ရေခဲလက်တစ်စုံမှာ အလိုအလျောက် ပေါ်ထွက်လာပြီး သူ့ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို တွေ့လိုက်ရသည်။

All Chapters