← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 13 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 13 Ch. 177-178

‎အခန်း ( ၁၇၇ ) - ဘဝအလှည့်အပြောင်း၊ ဘိုးဘေးကြီးနှင့်တွေ့ဆုံခြင်း၊ အကုန်သင်ကြားပေးခြင်း

‎

‎

‎

‎ကုဝူရှန့် လူ့ပြည်မှာ အိမ်ထောင်ကျပြီး ကလေးရစဉ်က... ဒဏ်ရာပြင်းထန်နေ၍ သွေးမျိုးဆက်စွမ်းအားသည် မပေါ်လွင်ရုံသာမက... သာမန်လူများထက်ပင် ပိုအားနည်းနေခဲ့သည်။ ထို့ကြောင့် သူ၏မျိုးဆက်များတွင် ကျန်ရစ်ခဲ့သည့် သွေးမျိုးဆက်စွမ်းအားမှာ သာမန်လူများထက်ပင် ပို၍ နည်းပါးသွားခဲ့ခြင်း ဖြစ်မည်။

‎

‎

‎ထို့ကြောင့် ကုမိသားစုရွာသည် နှစ်ငါးသောင်းမျှ သက်တမ်းရှိပြီ ဖြစ်သော်လည်း ကျင့်ကြံသူတစ်ယောက်မှ မွေးမလာခဲ့ခြင်း ဖြစ်မည်။

‎

‎

‎ယခင်က ကုဝူရှန့်သည် ရွာသားများ၏ အေးချမ်းသည့်ဘဝကို မနှောင့်ယှက်ချင်ခဲ့သည့် အချက်ကြောင့် ဘာမျှမပြောခဲ့ခြင်းပင်ဖြစ်မည်။

‎

‎

‎ရွာသားအများစုမှာ ကျင့်ကြံရန် ပါရမီမရှိကြပေ။ သူတို့အား အတင်းကျင့်ကြံခိုင်းစေပြီး မူလဘဝလမ်းကြောင်းမှ သွေဖည်သွားစေသည်က ကောင်းလိမ့်မည်မဟုတ်‌ပေ။

‎

‎

‎သို့သော် ယခု သူ၏မျိုးဆက်များထဲတွင် ကျင့်ကြံရန် ပါရမီပါသည့် လူငယ်တစ်ယောက် ပေါ်လာသည်ကို တွေ့ရသည့်အခါ ကုဝူရှန့် မည်သို့ ဝမ်းမသာဘဲ နေမည်နည်း။

‎

‎

‎" တကယ်ကို စိတ်ကူးလို့မရနိုင်လောက်အောင်ပါပဲ..... "

‎

‎

‎ကုယိုသည် တီးတိုးရေရွတ်လိုက်၏။ ကုဝူရှန့် ခိုင်းသည့်အတိုင်း မတ်တတ်ထရပ်လိုက်သော်ငြား စိတ်ထဲတွင် တုန်လှုပ်နေခဲ့၏။

‎

‎

‎စင်စစ်တွင်... အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ကိုယ်တိုင်ရောက်လာပြီး... ကုမိသားစုဘိုးဘေးကို ကန်တော့နေရသည်ကိုပင်... အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

‎

‎

‎ငါက အထက်ကောင်းကင်က ကုမိသားစုရဲ့ သွေးမျိုးဆက် ဆက်ခံသူတဲ့လား။

‎

‎

‎ဒါက တကယ့်ကို ဘဝပြောင်းသွားတာပဲ။

‎

‎

‎ယနေ့မှစ၍ သူ၏ဘဝကြီး မည်မျှ ပြောင်းလဲသွားမည်ကို ကုယို မြင်ယောင်နေ‌မိသည်။

‎

‎

‎ဤသည်က အထက်ကောင်းကင် ကုမိသားစုဖြစ်၏။ အသေးအဖွဲ မိသားစုလေး မဟုတ်သလို... မြင့်မြတ်နယ်မြေတို့... မဟာဂိုဏ်းတို့ဆိုတာမျိုးလည်း မဟုတ်ပေဘူး။

‎

‎

‎အဆုံးမဲ့ဒေသကြီးငါးခုလုံးတွင် ကုမိသားစုသည် နံပါတ်တစ် တားမြစ်အင်အားစုပဲဖြစ်၏။

‎

‎

‎ဧကရာဇ်မျိုးနွယ်များပင်လျှင် သူတို့အား ယှဉ်နိုင်ရန် အဝေးကြီး လိုသေး၏။

‎

‎

‎ဧကရာဇ်မျိုးနွယ်များက ကုမိသားစုကို မုန်းသော်ငြား ဘာမျှမတတ်နိုင်သည်ကို ကုယို ရှင်းရှင်းလင်းလင်း သိ၏။

‎

‎

‎ဧကရာဇ်မျိုးနွယ်များတင်သာမက အဆုံးမဲ့ဒေသကြီးငါးခုလုံးမှ အခြားအင်အားစုများသည်လည်း အတူတူပင်ဖြစ်မည်။

‎

‎

‎ကုမိသားစုကို မုန်းသူများ များစွာရှိသော်လည် လက်တုံ့ပြန်ချင်လျှင်ပင် မည်သူမျှ မလုပ်ရဲကြသည်မှာ အမှန်ဖြစ်၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... သတ္တိရှိရှိ လုပ်ရဲသည့်သူတိုင်းသည် ကုမိသားစု၏ ဘိုးဘေးကြီး... ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်သခင်၏ လက်ချက်နှင့် ပျက်စီးသွားကြခြင်းကြောင့် ဖြစ်လေသည်။

‎

‎

‎ကုမိသားစုဝင်ဆိုသည့် ဂုဏ်ပုဒ်ရသွားလျှင်... အဆုံးမဲ့ဒေသကြီးငါးခု၌ ကန့်လန့်တိုက် လမ်းလျှောက်လျှင်ပင်... မည်သူမျှ သူ့အား ဘာမျှလုပ်ရဲမည် မဟုတ်ပေ။

‎

‎

‎သို့သော် ကုယိုက ကြွားဝါတတ်သည့်သူ မဟုတ်သလို... ကုမိသားစုအရှိန်အဝါကို သုံးပြီး... သူများကို အနိုင်ကျင့်မည့်သူလည်း မဟုတ်ပေ။

‎

‎

‎" မင်း အခု ဘာသိုင်းကျမ်းကို ကျင့်ကြံနေတာလဲ... ဟွမ်သွမ့်မူလဂိုဏ်းက နည်းလမ်းလား "

‎

‎

‎ကုယို အတွေးလွန်နေချိန်တွင်... ကုဝူရှန့်၏ အသံသည် ကြားဖြတ်ဝင်လာ၏။

‎

‎

‎" ဘိုးဘေးကို တင်ပြပါတယ်... တပည့် ကျင့်ကြံနေတာ ဟွမ်သွမ့်မူလဂိုဏ်းက နည်းလမ်း မဟုတ်ပါဘူး... နေမင်းကျမ်းစာပါ "

‎

‎

‎ကုဝူရှန့်ကို ရင်ဆိုင်ရချိန်မှာ... ကုယို ဘာမျှ ဖုံးကွယ်မထားရဲဘဲ... လျှို့ဝှက်နယ်မြေမှ ရှေးဟောင်းသူတော်စင်၏ အမွေအနှစ်အား... ရရှိခဲ့သည့်အကြောင်း အကုန်ပြောပြလိုက်၏။

‎

‎

‎" နေမင်းကျမ်းစာ..... "

‎

‎

‎ကုဝူရှန့်၏ မျက်လုံးတွေထဲတွင် အနည်းငယ် အံ့ဩသွားသည့် အရိပ်အယောင် ပေါ်လာခဲ့သည်။

‎

‎

‎သူ၏မျိုးဆက်ထဲတွင်... ယခုကဲ့သို့ ကံကောင်းမှုမျိုး ရထားသူ ရှိလိမ့်မည်ဟု... ထင်မထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထိုသို့ဆိုလျှင်တော့ သူ၏အစီအစဉ်ကို ပြောင်းရတော့မည်။

‎

‎

‎ကုဝူရှန့်သည် လေးနက်စွာ စဉ်းစားလိုက်၏။

‎

‎

‎မူလက ကုယိုအား သူ၏ဘေးတွင်ထား၍ ကိုယ်တိုင် သင်ပေးရန်ဖြစ်သည်။

‎

‎

‎သို့သော် ကုယိုက နေမင်းကျမ်းစာအား ကျင့်ကြံနေသည်ကို ကြားလိုက်ရသည့်အခါ စိတ်ပြောင်းသွားခဲ့သည်။

‎

‎

‎အခု နေနဲ့လဧကရာဇ်ကျမ်းစာ နှစ်ခုလုံးသည် ဘိုးဘေးကြီးလက်ထဲတွင် ရှိနေသည်။

‎

‎

‎လူသားဧကရာဇ်၏ သွေးမျိုးဆက် ဆက်ခံသူ ဖူဝမ်ပင် ယခုဆိုလျှင် ဘိုးဘေးကြီး၏ ဒုတိယတပည့် ဖြစ်နေပြီဖြစ်သည်။

‎

‎

‎ထို့အပြင် ကုယိုသည် ယခု နေမင်းကျမ်းစာကို အဓိက ကျင့်ကြံနေ၏။

‎

‎

‎ထို့ကြောင့် ကုယိုကို လမ်းပြပေးရန် ဘိုးဘေးကြီးထက် သင့်တော်သူ မရှိတော့ဘူးဟု ပြောလို့ရ၏။

‎

‎

‎" လာ... ဘိုးဘေးကြီးကို သွားကန်တော့ရအောင်... လိုက်ခဲ့ "

‎

‎

‎ကုဝူရှန့်သည် တွေဝေမနေတော့ဘဲ ကုယိုကို လက်ယပ်ခေါ်လိုက်သည်။

‎

‎

‎" ဘိုးဘေးကြီးကို... သွားတွေ့မယ် "

‎

‎

‎ကုယိုသည် တံတွေးမြိုချလိုက်မိပြီး... တည်ငြိမ်စပြုနေသည့် စိတ်များမှာလည်း ပြန်လှုပ်ရှားလာခဲ့သည်။

‎

‎

‎ကုဝူရှန့်ပြောသည့် ဘိုးဘေးကြီးဆိုသည်မှာ မည်သူဖြစ်ကို သူသိနေ၏။

‎

‎

‎ကုမိသားစုရွာဘိုးဘေးကပင်... ဘိုးဘေးကြီးဟု ခေါ်ရသည့်ပုဂ္ဂိုလ်မှာ တစ်မိသားစုလုံးတွင်... ယခင်တုန်းက ကုမိသားစုမဟာဧကရာဇ်... ယခု ကောင်းကင်ဘုံအရှင်သခင်သာ ရှိသည်။

‎

‎

‎ထိုမျှ အရှိန်အဝါကြီးမားသည့် ပုဂ္ဂိုလ်မျိုးကို တွေ့ရမည်ဖြစ်သည်ကြောင့်... ကုယိုသည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

‎

‎

‎...

‎

‎

‎" ကုဝူရှန့်နဲ့ မျိုးဆက်သစ် ကုယိုတို့ ဘိုးဘေးကြီးကို ဂါရဝပြုပါတယ် "

‎

‎

‎အထက်ကောင်းကင်ပင်မ ခန်းမဆောင်ထဲတွင် ကုဝူရှန့်သည် ကုယိုကို ခေါ်လာပြီး ကုချန်ကို အရိုအသေပေးလိုက်၏။

‎

‎

‎" ထကြ "

‎

‎

‎ကုချန်သည် မျက်လွှာပင့်ပြီး ကုယိုကို တစ်ချက် ကြည့်လိုက်၏။

‎

‎

‎ခဏအတွင်းမှာပင် ကုယိုတစ်ယောက်... ကုချန်၏ မျက်လုံးအောက်တွင်... သူ၏ခန္ဓာကိုယ် အတွင်းအပြင် လျှို့ဝှက်ချက်မကျန်... အကုန်မြင်ခံလိုက်ရသလို ခံစားလိုက်ရသည်။

‎

‎

‎" မင်း ဒီကောင်လေးကို ခေါ်လာတာ ငါ့ဆီကနေ ရှေးဟောင်းနေမင်းကျမ်းစာကို သင်ပေးစေချင်လို့ မဟုတ်လား "

‎

‎

‎ကုချန်သည် မည်မျှပင် စွမ်းအားကြီးသည်လဲဆိုလျှင် ကုယိုကို တစ်ချက်ကြည့်ရုံနှင့် ကုဝူရှန့်၏ ရည်ရွယ်ချက်ကို သိနေလေသည်။

‎

‎

‎" ဘိုးဘေးကြီးရဲ့ မျက်လုံးအောက်မှာ ဘာမှ ဖုံးကွယ်ထားလို့ မရပါဘူး "

‎

‎

‎ကုဝူရှန့်က ရယ်မောရင်း ကုချန်ကို ရိုရိုသေသေ ပြောလိုက်၏။

‎

‎

‎" ဘိုးဘေးကြီး... ကုယိုက ကျွန်တော့်မျိုးဆက်တွေထဲမှာ ကျင့်ကြံမှုပါရမီပါတဲ့ တစ်ဦးတည်းသောသူပါ... ဘိုးဘေးကြီး သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးပါဦး "

‎

‎

‎" အင်း "

‎

‎

‎ကုချန်သည် ခေါင်းညိတ်လိုက်၏။

‎

‎

‎ကုဝူရှန့်မှ ကုယိုကို အလေးထားသည်မှာ ဆန်းကြယ်နေခြင်းတော့ မဟုတ်ပေ။

‎

‎

‎နှစ်သောင်းချီကြာမှ... ပါရမီရှင်တစ်ယောက် ထွက်လာသည်ကို... အရေးပေးပြီး ကောင်းကောင်း ပျိုးထောင်ပေးချင်သည်က... သဘာဝကျ၏။

‎

‎

‎" ဒါဆိုရင်တော့ ငါကိုယ်တော်က မင်းကို ရှေးဟောင်းနေမင်းကျမ်းစာ အပြည့်အစုံ သင်ပေးမယ် "

‎

‎

‎ကုချန်သည် တည်ငြိမ်စွာ ပြောပြီးနောက် ကုယို၏နဖူးကို လက်ညှိုးနှင့် တို့လိုက်သည်။

‎

‎

‎နောက်တစ်စက္ကန့်မှာပင်... နေမင်းကျမ်းစာ၏ ကျယ်ပြန့်နက်နဲသည့် အကြောင်းအရာများမှာ ရေစီးကြောင်းပမာ... သူ၏ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

‎

‎

‎" ရှေးဟောင်းနေမင်းကျမ်းစာ... ဒါ ရှေးဟောင်းနေမင်းကျမ်းစာပဲ "

‎

‎

‎ရှုပ်ထွေးနက်နဲသည့် ကျမ်းစာများ ခေါင်းထဲသို့ ရောက်လာသည့်အခါ ကုယိုသည် အံ့ဩမှုကို ဖုံးမထားနိုင် ဖြစ်နေတော့သည်။

‎

‎

‎သူ အရင်ရထားသည့် ရှေးဟောင်းသူတော်စင်အမွေအနှစ်ထဲမှ အရာသည် လူသားဧကရာဇ် ဖန်တီးခဲ့သော ကျမ်းစာ၏ ရိုးရှင်းသည့်ကျမ်းကွဲပင် ရှိသေးသည်။

‎

‎

‎အခု ဘိုးဘေးကြီး ပေးလိုက်သည်က လူသားဧကရာဇ် ဖန်တီးခဲ့သည့် မူရင်းအစစ်ဖြစ်သည်။

‎

‎

‎သူ့ကို ပိုလန့်သွားစေသည်က နောက်မှ စကားတွေပင်ဖြစ်သည်။

‎

‎

‎ကုချန်သည် ကုယိုကို ကျမ်းစာများ အကုန်သင်ပေးပြီးနောက် ထပ်မံ ပြောကြားလိုက်သည်။

‎

‎

‎" ယင်နဲ့ယန် တာအိုဆိုတာ... အကြမ်းနဲ့အနု ပေါင်းစပ်ထားတာ တစ်ခုမှ မရှိလို့ မဖြစ်ဘူး... မင်းက နေမင်းတာအိုတစ်ခုတည်းကိုပဲ ကျင့်ကြံမယ်ဆိုရင်... အနာဂတ်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်... ကံကောင်းရင် အရှင်သခင်အဆင့်အထိ ရောက်နိုင်ပေမယ့် ရှေ့ဆက်တက်ဖို့ လမ်းမရှိတော့ဘူး.....

‎

‎ယန်တစ်ခုတည်းနဲ့ မဖြစ်တည်နိုင်သလို... ယင်တစ်ခုတည်းနဲ့လည်း မကြီးထွားနိုင်ဘူး... မင်း ဒီရှေးဟောင်းနေမင်းကျမ်းစာကို အခြေခံအဆင့် အောင်မြင်သွားရင်... ငါကိုယ်တော်က ရှေးဟောင်းလမင်းကျမ်းစာ ကျင့်စဉ်ကိုပါ ထပ်သင်ပေးမယ် "

‎

‎

‎ယင်နဲ့ယန် နည်းလမ်းနှစ်ခုလုံး လိုအပ်သည်။

‎

‎

‎နေမင်းကျင့်စဉ်တစ်ခုတည်း သို့မဟုတ် လမင်းကျင့်စဉ်တစ်ခုတည်း ကျင့်ကြံသည်က မကောင်းနိုင်ပေ။

‎

‎

‎ရေတိုမှာ အကျိုးရှိပေမယ့် ရေရှည်မှာ ဆိုးကျိုးများသာ ပိုများလိမ့်မည်။

‎

‎

‎ကုဝူရှန့်သည် ကုယိုကို ယနေ့ သေချာခေါ်လာပေးသဖြင့် ကုမိသားစုမျိုးဆက်သစ်အတွက် ကုချန်သည် ဘာကိုမျှ နှမြောနေစရာ အကြောင်းရှိတော့မည် မဟုတ်ပေ။

‎

‎အခန်း (၁၇၈) - စီစဉ်မှုများ ပြီးစီးခြင်း၊ကြက်သွေးရောင်မြွေနဂါးအရှင် ရောက်ရှိလာခြင်းနှင့် ကုချန်ကို ဝင်ရောက်တွေ့ဆုံခြင်း

‎

‎

‎

‎ဘိုးဘေးကြီးက သူ့ကို ရှေးဟောင်းနေမင်းကျမ်းစာ သင်ပေးရုံတင်မကဘူး.... ရှေးဟောင်းလမင်းကျမ်းစာကိုပါ သင်ပေးဖို့ စီစဉ်ထားတယ်တဲ့လား.....

‎

‎

‎ကြမ်းပြင်ပေါ် ဒူးထောက်နေသော ကုယိုသည် ကုချန်၏ စကားကို ကြားလိုက်ရသောအခါ... ဦးစွာ ကြောင်အမ်းသွားပြီးနောက် မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားလေသည်။

‎

‎

‎ထိုရှေးဟောင်းသူတော်စင်၏ အမွေအနှစ်မှတဆင့်... လူသားမျိုးနွယ်၏ မူလမိခင်ကျမ်းစာနှစ်စောင်ဖြစ်သော ရှေးဟောင်းလမင်းကျမ်းစာနှင့် ရှေးဟောင်းနေမင်းကျမ်းစာတို့သည်... မည်မျှ အဖိုးတန်ကြောင်း ကုယို ကောင်းစွာ သိထားသည်။

‎

‎

‎ဤမိခင်ကျမ်းစာနှစ်စောင်သာ မရှိခဲ့လျှင်... နောင်တစ်ချိန်တွင် လူသားမျိုးနွယ် စည်ပင်ထွန်းကားလာစရာ အကြောင်းမရှိဟု... ဆိုနိုင်သည်။

‎

‎

‎ထိုရှေးဟောင်းလူသားသူတော်စင်သည်ပင်... ရှေးဟောင်းနေမင်းကျမ်းစာ၏ တစ်စိတ်တစ်ပိုင်း အမွေအနှစ်ကိုသာ ရရှိခဲ့ပြီး... ထိုမျှဖြင့်ပင် သူတော်စင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုတွင်မူ သူသည် ရှေးဟောင်းနေမင်းကျမ်းစာကို ချက်ချင်း ရရှိနိုင်ရုံသာမက.....

‎

‎

‎အချိန်တန်လျှင် ရှေးဟောင်းလမင်းကျမ်းစာကိုပါ သင်ယူခွင့်ရမည်တဲ့လား.....

‎

‎

‎ဤကဲ့သို့သော အခွင့်အရေးမျိုးကို ကုယို ယခင်က စိတ်ကူးပင် မယဉ်ရဲခဲ့ပေ။

‎

‎

‎" ဘိုးဘေးကြီးကို ဘာလို့ ကျေးဇူးမတင်သေးတာလဲ "

‎

‎

‎ကုယိုတစ်ယောက် ကြောင်ငေးနေသည်ကို မြင်သည့်အခါ ကုဝူရှန့်က အလျင်အမြန် သတိပေးလိုက်သည်။

‎

‎

‎ကုဝူရှန့်၏ သတိပေးမှုကို ကြားလိုက်ရမှ ကုယိုသည် အိပ်မက်မှ လန့်နိုးသွားသကဲ့သို့ ကပျာကယာ ဦးခိုက်လိုက်ကာ ပြောလိုက်သည်။

‎

‎

‎" ကုယိုက ဘိုးဘေးကြီးကို ကျေးဇူးတင်ပါတယ် "

‎

‎

‎" အင်း "

‎

‎

‎ကြမ်းပြင်ပေါ် ဝပ်တွားခယနေသော ကုယိုကို ကြည့်ရင်း... ကုချန်သည် မျက်လွှာကို အနည်းငယ်ချကာ ဆက်လက် မှာကြားလိုက်၏။

‎

‎

‎" ဒီနေ့ကစပြီး မင်းက ကျင့်ကြံဖို့အတွက် အထက်ကောင်းကင်မှာပဲ နေရမယ်.....

‎

‎ကျင့်ကြံတဲ့အခါ အခက်အခဲ တစ်စုံတစ်ရာ ရှိလာရင်... ငါ့တပည့် ဖူဝမ်ကို သွားမေးလို့ရတယ်... သူ မင်းကို ဖြေရှင်းပေးလိမ့်မယ် "

‎

‎

‎ကုယိုကို ကုဝူရှန့်က အထူးတလည် အလေးထားသော်လည်း... ကုချန်ကိုယ်တိုင် တပည့်အဖြစ် လက်ခံပြုစုပျိုးထောင်ပေးရလောက်အောင်တော့ မလုံလောက်သေးပေ။

‎

‎

‎သူက ရှေးဟောင်းနေမင်းကျမ်းစာကို ကျင့်ကြံမည်ဖြစ်သောကြောင့်... ဖူဝမ်သည် သူ့ကို လမ်းညွှန်ပြသပေးရန် အသင့်တော်ဆုံး သူဖြစ်သည်။

‎

‎

‎ဖူဝမ်သည် အသက်ငယ်ရွယ်သေးသော်လည်း... လူသားဧကရာဇ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အပြင်... ရှေးဟောင်းနေမင်းကျမ်းစာနှင့် ရှေးဟောင်းလမင်းကျမ်းစာတို့၏ 'အဆင့်မြင့်ကျင့်စဉ်' ဖြစ်သော... နေလဧကရာဇ်ကျမ်းစာကို ကျင့်ကြံထားသူ ဖြစ်သည်။

‎

‎

‎ကုယို၏ ကျင့်ကြံမှုကို လမ်းညွှန်ပေးရန်မှာ ရိုးရှင်းသော ကိစ္စလေးတစ်ခုသာ ဖြစ်၏။

‎

‎

‎ကုချန် မှာကြားပြီးနောက်... ကုဝူရှန့်သည် ကုယိုကို ခေါ်ဆောင်ကာ ထပ်မံ ဂါရဝပြုပြီး... အထက်ကောင်းကင်ပင်မခန်းမဆောင်မှ ထွက်ခွာသွားကြလေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် ကုမိသားစုအတွင်း အေးချမ်းသော မြင်ကွင်းများ ရှိနေချိန်၌.....

‎

‎

‎အဆုံးမဲ့ကမ္ဘာအပြင်ဘက်၊ ဟွမ်သွမ့်ပင်လယ်အတွင်းတွင်.....

‎

‎

‎ကြက်သွေးရောင်ဆဆံကေသာများနှင့်... တင့်တယ်လှပသော ပုံရိပ်တစ်ခုသည် ကြည်လင်သော အလင်းရောင်များ လွှမ်းခြုံလျက်... အဆုံးမရှိသော ဟွမ်သွမ့်ပင်လယ်ကို ဖြတ်ကျော်ကာ... အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

‎

‎

‎ဤသူမှာ ကုချန်ကို 'လက်နက်ချရန်' စည်းရုံးသိမ်းသွင်းဖို့... ဟန်ယိုထျန်းကျွင်း စေလွှတ်လိုက်သော... ကြက်သွေးရောင်မြွေနဂါးအရှင် ပင် ဖြစ်သည်။

‎

‎

‎" အဆုံးမဲ့ကမ္ဘာ..... "

‎

‎

‎သူ၏ ရှေ့တွင် ခမ်းနားကြီးကျယ်စွာ တည်ရှိနေသော အဆုံးမဲ့ကမ္ဘာအတားအဆီးကြီးကို ကြည့်ရင်း... ကြက်သွေးရောင်မြွေနဂါးအရှင်၏ ကျဉ်းမြောင်းပြီး လှပသော မျက်ဝန်းများထဲတွင်... ရှုပ်ထွေးသော အမူအရာများ ပေါ်လာ၏။

‎

‎

‎တကယ်တော့ သူ၏ အင်အားနှင့်ဆိုလျှင် အဆုံးမဲ့ကမ္ဘာသို့ ဒီထက်စောပြီး ရောက်လာနိုင်ခဲ့သည်။

‎

‎

‎သို့သော် ရက်အနည်းငယ်ကြာ နှောင့်နှေးနေရခြင်းမှာ... ထိုကုကောင်းကင်ဧကရာဇ်ကို မည်သို့ စည်းရုံးရမည်နည်း ဆိုသည်ကို... စဉ်းစားမရသေးသောကြောင့် ဖြစ်သည်။

‎

‎

‎ကုကောင်းကင်ဧကရာဇ်ကို လက်နက်ချခိုင်းဖို့ ကိစ္စကို ဟန်ယိုထျန်းကျွင်း ပြောတာကတော့ လွယ်လိုက်တာ။

‎

‎

‎" ငါသာ နတ်ဆိုးနယ်မြေရဲ့ တိုက်ရိုက်မျိုးဆက်သာဆိုရင် ဟန်ယိုထျန်းကျွင်းက ငါ့ကို လွှတ်ပါ့မလား... ဟွန်း... ငါတို့ နတ်စပ်ဖီးနစ်မျိုးနွယ်က နတ်ဆိုးနယ်မြေအတွက် သွေးမြေကျခံခဲ့တာ နှစ်ပေါင်းသောင်းချီနေပြီ... ဒါပေမယ့် အခုထိ ဒီကောင်တွေက ငါတို့ကို သတိထား စောင့်ကြည့်နေတုန်းပဲ... "

‎

‎

‎ကြက်သွေးရောင်မြွေနဂါးအရှင်၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေ၏။

‎

‎

‎နတ်ဆိုးနယ်မြေသည် အဆုံးမရှိ ကျယ်ပြန့်လှသည်။ သူသည် လက်ရှိနတ်ဆိုးနယ်မြေမှ မဟုတ်ဘဲ... အခြားနတ်ဆိုးနယ်မြေတစ်ခုမှ ဖြစ်ပြီး နတ်စပ်ဖီးနစ်မျိုးနွယ်ဝင် ဖြစ်သည်။

‎

‎

‎နတ်စပ်ဖီးနစ်မျိုးနွယ်သည် နတ်ဆိုးနယ်မြေတွင် အလွန်ထူးခြားပြီး သိမ်မွေ့သော အနေအထား၌ ရှိသည်။ သူတို့သည် မူလနတ်ဆိုးနယ်မြေ သက်ရှိများ မဟုတ်ကြဘဲ နတ်ဆိုးနယ်မြေက ကမ္ဘာအမျိုးမျိုးကို သိမ်းပိုက်စဉ် နောက်ပိုင်းမှ ဝင်ရောက်ခိုလှုံလာခဲ့သော မျိုးနွယ်စု ဖြစ်သည်။

‎

‎

‎ထို့ကြောင့်... ထို 'မူလ' နတ်ဆိုးနယ်မြေ သက်ရှိများ၏ မျက်လုံးထဲတွင် နှစ်ပေါင်းမည်မျှပင် ကြာပါစေ... နတ်စပ်ဖီးနစ်မျိုးနွယ်သည် မူလနတ်ဆိုးများနှင့် မတူသော 'တိုင်းတစ်ပါးမျိုးနွယ်' သာ ဖြစ်နေဆဲပင်။

‎

‎

‎ဤသဘောထားကို ပေါ်ပေါ်ထင်ထင် ထုတ်မပြကြသော်လည်း... ကြက်သွေးရောင်မြွေနဂါးအရှင် ကောင်းစွာ သိ၏။

‎

‎

‎ထို့သို့မဟုတ်ပါက... ဟန်ယိုထျန်းကျွင်းတွင် ရွေးချယ်စရာ လူများစွာ ရှိပါလျက်နှင့်.... ဤသောက်ကျိုးနည်း တာဝန်ကို ထမ်းဆောင်ရန်... သူ့ကိုမှ အဘယ်ကြောင့် သီးသန့် ရွေးချယ်ခဲ့သနည်း။

‎

‎

‎သူသည် ရွှမ်ယိုနန်းတော်၏ တိုက်ရိုက်မျိုးဆက် မဟုတ်သောကြောင့်... စည်းရုံးမှု မအောင်မြင်ဘဲ ထိုကုကောင်းကင်ဧကရာဇ်၏ သတ်ဖြတ်ခြင်းကို ခံရလျှင်ပင်... ကိစ္စမရှိဟု သဘောထားသောကြောင့် မဟုတ်ပါလော။

‎

‎

‎မဟုတ်လျှင်... အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ရန် ကြိုးစားရင်း... မကြာသေးမီကမှ ကျရှုံးခဲ့ပြီး ကုကောင်းကင်ဧကရာဇ်နှင့် ထိတွေ့ဖူးသော... မိုယွဲ့အရှင်သည်သာ စည်းရုံးရန် အကောင်းဆုံး ကိုယ်စားလှယ် ဖြစ်ပေလိမ့်မည်။

‎

‎

‎" မင်းအဖွားကို လာပတ်ဖို့ အဲ့လောက် မလွယ်ဘူးနော် "

‎

‎

‎ကြက်သွေးရောင်မြွေနဂါးအရှင်၏ လှပသော မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး... ကုချန်ကို 'စည်းရုံး' ရမည့် နည်းဗျူဟာကို စဉ်းစားနေပုံရသည်။

‎

‎

‎နတ်ဆိုးနယ်မြေ၏နယ်စပ်ကို အချိန်ကြာမြင့်စွာ စောင့်ကြပ်ခဲ့ဖူးသဖြင့်... ဤကုကောင်းကင်ဧကရာဇ်သည် မည်သို့သော စရိုက်သဘာဝရှိကြောင်း သူ ကောင်းစွာ သိသည်။

‎

‎

‎အကယ်၍ သူသာ လက်နက်ချရန် ချက်ချင်း သွားပြောလိုက်ပါက... နောက်တစ်ခွန်း မပြောနိုင်ခင်မှာပင်... ဤကုကောင်းကင်ဧကရာဇ်က ဓားတစ်ချက်တည်းဖြင့်... သူ့ကို သတ်ပစ်လိုက်မည်ကို စိုးရိမ်ရသည်။

‎

‎

‎သူက အပျော့ဆွဲရင် လိုက်လျောပေမယ့်... အတင်းအဓမ္မလုပ်ရင် လက်မခံမယ့်သူမျိုး။

‎

‎

‎ဤသည်မှာ ကုချန်အပေါ် ကြက်သွေးရောင်မြွေနဂါးအရှင်၏ အမြင်ပင် ဖြစ်သည်။

‎

‎

‎" ဒီလိုပဲ လုပ်ရမယ် "

‎

‎

‎အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက်... ကြက်သွေးရောင်မြွေနဂါးအရှင် ဆုံးဖြတ်ချက်ချလိုက်ပုံ ရသည်။ သူ၏ လှပသော မျက်ဝန်းများထဲတွင်... ပြတ်သားသော အရိပ်အယောင် ပေါ်လာပြီးနောက်... ကြက်သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ... အဆုံးမဲ့ကမ္ဘာထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားလေသည်။

‎

‎

‎.......

‎

‎

‎" ကုကောင်းကင်ဧကရာဇ် ရှိပါသလား... နတ်ဆိုးနယ်မြေက ကြက်သွေးရောင်မြွေနဂါး လာရောက် တွေ့ဆုံခွင့် တောင်းခံပါတယ် "

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ အပြင်ဘက်တွင်... ကြက်သွေးရောင် ဆံကေသာများနှင့် ကောက်ကြောင်းအလှ ပေါ်လွင်နေသော ကြက်သွေးရောင်မြွေနဂါးအရှင်သည်... သူ၏ အရှိန်အဝါကို ဖုံးကွယ်မထားပေ။ ထိုအစား သူသည်... အထက်ကောင်းကင် အပြင်ဘက်တွင် ခေါင်းကို အနည်းငယ် ငုံ့လျက်... ရိုရိုသေသေ ရပ်နေပြီး လေးစားစွာ ပြောဆိုလိုက်၏။

‎

‎

‎ကြက်သွေးရောင်မြွေနဂါးအရှင်၏ အသံမှာ မကျယ်လောင်သော်လည်း... ကုကောင်းကင်ဧကရာဇ်သာ အထက်ကောင်းကင်တားမြစ်နယ်မြေထဲတွင် ရှိနေပါက... သူ၏ အသံကို သေချာပေါက် ကြားနိုင်မည်ဟု သိထားသည်။

‎

‎

‎ထင်ထားသည့်အတိုင်းပင်... ကြက်သွေးရောင်မြွေနဂါးအရှင်၏ စကားသံ ဆုံးသည်နှင့်... ကုချန်၏ လျစ်လျူရှုထားသော အသံသည်... အထက်ကောင်းကင်အတွင်းမှ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

‎

‎

‎" ဘာကိစ္စလဲ..... "

‎

‎

‎အထက်ကောင်းကင်ပင်မဆောင်ထဲတွင်... ကုချန်၏ မျက်လုံးများထဲ၌... ဇဝေဇဝါဖြစ်မှု အရိပ်အယောင် အနည်းငယ် ရှိနေသည်။

‎

‎

‎ကြက်သွေးရောင်မြွေနဂါးအရှင် .....

‎

‎

‎ဒီမိန်းမက သူ့ကို ဘာကိစ္စနဲ့ လာရှာတာလဲ။

‎

‎

‎ထျန်းကျွင်းအဆင့်အရှင်ကို သူ သတ်လိုက်ပြီးပြီ... နတ်ဆိုးနယ်မြေစစ်တပ်ဆိုတာလည်း ပြန်ဆုတ်သွားကြပြီ။ ဒီကြက်သွေးရောင်မြွေနဂါးအရှင်က လက်စားချေဖို့ လာတာတော့ မဟုတ်လောက်ဘူးလို့ ကုချန် ယုံကြည်၏။

‎

‎

‎လက်စားချေရန် လာသည်ဆိုလျှင် သေလမ်းရှာခြင်းနှင့် အတူတူပင်။

‎

‎

‎ဒါဆိုရင် ဒီကြက်သွေးရောင်မြွေနဂါးအရှင်က ဘာကိစ္စနဲ့ ရောက်လာတာလဲ။

‎

‎

‎" ကုကောင်းကင်ဧကရာဇ်... ကျွန်မ အထဲဝင်ပြီး လာရောက် တွေ့ဆုံခွင့် ရနိုင်မလား "

‎

‎

‎ကြက်သွေးရောင်မြွေနဂါးအရှင်သည် အလွန် နှိမ့်ချသော ပုံစံကို ယူလိုက်ပြီး... အားနည်းဟန်ဆောင်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

‎

‎

‎သူ့အနေဖြင့် ကုကောင်းကင်ဧကရာဇ်ကို တွေ့ခွင့်ပင် မရဘဲ... မည်သို့ စည်းရုံးနိုင်မည်နည်း။ နတ်ဆိုးနယ်မြေသို့ ပြန်ရောက်သောအခါ... မည်သို့ သတင်းပို့ရမည်နည်း။

‎

‎

‎လူချင်းတွေ့ပြီး အရာအားလုံးကို ရှင်းပြကာ... သူ့အနေဖြင့် 'အကောင်းဆုံး ကြိုးစားခဲ့ကြောင်း' သက်သေပြနိုင်မှသာ... နတ်ဆိုးနယ်မြေသို့ ပြန်ရောက်သောအခါ ဟန်ယိုထျန်းကျွင်း၏ အပြစ်တင်မှုကို ခံရမည် မဟုတ်ပေ။

‎

‎

‎ဒါက ကြက်သွေးရောင်မြွေနဂါးအရှင်ကို တွေ့ချင်ရသည့် အကြောင်းရင်း အမှန်ပင် ဖြစ်သည်။

‎

‎

‎ဒါ့အပြင် အခြား အကြောင်းပြချက်တစ်ခုလည်း ရှိသေး၏။

‎

‎

‎အကယ်၍ သူက ကုကောင်းကင်ဧကရာဇ်နှင့် သီးသန့်တွေ့ပြီး... လက်နက်ချရေးကိစ္စ ဆွေးနွေးလျှင်... ကုချန် သဘောမတူလျှင်တောင် သူ့ကို ဘာမှ လုပ်လိမ့်မည်မဟုတ်‌ပေ။

‎

‎

‎သို့သော်... ဤနေရာ၌ လူသိရှင်ကြား ပြောလိုက်၍ ကမ္ဘာသူကမ္ဘာသားများ သိရှိသွားပါက... ကုကောင်းကင်ဧကရာဇ် ဒေါသထွက်ပြီး သူ့ကို ဒေါသအလျောက် သတ်ပစ်လိုက်မည်လား... ဘယ်သူသိနိုင်မည်နည်း.....

‎

‎

‎ဒီကြက်သွေးရောင်မြွေနဂါးအရှင်က ဘာတွေ လာရှုပ်နေတာလဲ။

‎

‎

‎ကုချန် စိတ်ရှုပ်သွားသော်လည်း သူလှည့်ကွက်သုံးမည်ကိုတော့ မကြောက်ပေ။ အကြွင်းမဲ့ အင်အားနှင့် ရင်ဆိုင်ရလျှင်... ပူးပေါင်းကြံစည်မှုနှင့် လှည့်ကွက်အားလုံးသည် အဓိပ္ပာယ်မဲ့သွားသည် မဟုတ်ပါလော။

‎

‎

‎" ဒါဆိုရင်လဲ ဝင်ခဲ့လိုက် "

‎

‎

‎လျစ်လျူရှုထားသော အသံ ဆုံးသွားသည်နှင့်... ကုချန်က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ... ကြက်သွေးရောင်မြွေနဂါးအရှင်၏ ပတ်လည်ရှိ ကောင်းကင်တာအိုစည်းမျဉ်းများသည်... ချက်ချင်း အက်ကွဲ ပြောင်းလဲသွားလေ၏။

‎

‎

‎နောက်တစ်စက္ကန့်တွင်... ကြက်သွေးရောင်မြွေနဂါးအရှင်၏ ပုံရိပ်သည် အထက်ကောင်းကင်ပင်မခန်းမဆောင်ထဲသို့ ရောက်ရှိသွားပြီး... ကုချန်၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။

‎

‎

‎" ကုကောင်းကင်ဧကရာဇ်..... "

‎

‎

‎ကုချန်ကို အနီးကပ် မြင်လိုက်ရသောအခါ... ကြက်သွေးရောင်မြွေနဂါးအရှင်သည် အာမေဋိတ်သံ လွှတ်ခနဲ ထွက်သွားပြီး... သူ၏ လှပသော မျက်နှာတွင် ထိတ်လန့်မှုများ အထင်းသား ပေါ်လာ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... သူ ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ... ကုချန်၏ နေရာရွှေ့ပြောင်းခြင်းကို... အလွယ်တကူ ခံလိုက်ရသောကြောင့်ပင်။

‎

‎

‎ဒါက ကုချန်သာ သူ့ကို သတ်ချင်လျှင်... သူ့အနေဖြင့် ပြန်လည်တုံ့ပြန်ခွင့်ပင် ရမည်မဟုတ်ကြောင်း... ဆိုလိုနေသည် မဟုတ်ပါလော။

All Chapters