← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 14 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 14 Ch. 185-186

‎အခန်း (၁၈၅) - ချီမုန်ပြန်လာခြင်း၊ ခေါင်းတလား၏ လျှို့ဝှက်ချက်နှင့် ခေါင်းတလားအတွင်းသို့ ဝင်ရောက်ခြင်း

‎

‎

‎

‎" ဒါက... ကျွန်မလည်း သိပ်မသေချာပါဘူး... ကျွန်မသိထားတာတစ်ခုက... အဆုံးမဲ့ကမ္ဘာတွေမှာ စစ်မီးမွှေးဖို့အမိန့်ကို... နတ်ဆိုးနယ်မြေရဲ့အရှင်က ထုတ်ပြန်လိုက်တယ် ဆိုတာပါပဲ "

‎

‎

‎ချီမုန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်စွာဖြင့် ဆက်ပြောလေသည်။

‎

‎

‎" အဲ့လိုလုပ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ ကျွန်မလည်း မသိပါဘူး... ဒါပေမယ့် ကြားဖူးတာတစ်ခုကတော့ ရှီမိုကောင်းကင်ဘုံတင်မကဘူး... အခြားနတ်ဆိုးနယ်မြေတွေက ကောင်းကင်ဘုံတွေလည်း နတ်ဆိုးနယ်မြေအရှင်ရဲ့အမိန့်ကို တသဝေမတိမ်း လိုက်နာနေကြပြီး... အဆုံးမဲ့ကမ္ဘာတွေဆီ စစ်မီးကူးစက်အောင် လုပ်ဆောင်နေကြတယ်ဆိုတာပါပဲ "

‎

‎

‎" အော်... ဟုတ်သားပဲ "

‎

‎

‎ချီမုန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလျင်အမြန် ဆက်ပြောလိုက်သည်။

‎

‎

‎" ကမ္ဘာတစ်ခု ပျက်စီးသွားတိုင်းမှာ... ရှီမိုကောင်းကင်ဘုံက သက်ဆိုင်ရာ နတ်ဆိုးနယ်မြေတွေကို... အသက်ရှည်ဒြပ်စင်တွေ ဆုချလေ့ရှိပါတယ်.....

‎

‎အဲ့ဒီအသက်ရှည်ဒြပ်စင်တွေက အရှင်အဆင့်ရှိတဲ့ နတ်ဆိုးနယ်မြေအရှင်တွေကို သူတို့ရဲ့သက်တမ်း နှစ်သောင်းချီ ပိုရှည်လာအောင် ကူညီပေးနိုင်ပါတယ်.....

‎

‎သူတို့ရဲ့ ကျင့်ကြံခြင်းက အင်မော်တယ်အဆင့်ကို မရောက်သေးရင်တောင်မှ... ဒီအင်မော်တယ်ဒြပ်စင်ကို မှီခိုပြီး ကမ္ဘာလောကမှာ အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်မှာပါ "

‎

‎

‎" ဒါကြောင့် အဆုံးမဲ့ကမ္ဘာတွေကို ကျူးကျော်တဲ့ကိစ္စနဲ့ပတ်သက်ရင် ဘယ်နယ်မြေက နတ်ဆိုးအရှင်မဆို ဒီအမိန့်ကို ထက်ထက်သန်သန် ထောက်ခံကြတာ ဖြစ်ပါတယ် "

‎

‎

‎ကမ္ဘာတစ်ခုကို ဖျက်ဆီးပြီးနောက် နတ်ဆိုးနယ်မြေအရာရှိကြီးတွေက အသက်ရှည်ဒြပ်စင်တွေ ပေးသနားတယ်တဲ့လား။

‎

‎

‎ဤစကားကို ကြားလိုက်ရသောအခါ ကုချန်၏မျက်နှာတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

‎

‎

‎သူ ဧကရာဇ်ဂိတ်ကို စောင့်ကြပ်နေစဉ်က... သူ့ထက်များစွာ အားနည်းသော နတ်ဆိုးအရှင်အချို့သည်... အဆုံးမဲ့ကမ္ဘာမှ ရှေးဟောင်းအရှင်များကဲ့သို့ မိမိကိုယ်ကို ဖြတ်တောက်ပြီး တံဆိပ်ခတ်နှောင်ပိတ်ထားစရာမလိုဘဲ... အဘယ်ကြောင့် ကာလရှည်ကြာ အသက်ရှင်နေနိုင်သနည်းဟု တွေးတောမိဖူးသည်။

‎

‎

‎အမှန်တကယ်တွင်မူ... ဤအသက်ရှည်ဒြပ်စင် ရှိနေခြင်းကြောင့်သာ ထိုနတ်ဆိုးနယ်မြေအရှင်များသည် အသက်စွမ်းအင် ပြည့်ဝနေပြီး... ရှည်လျားသောသက်တမ်းကို ပိုင်ဆိုင်ထားနိုင်ခြင်း ဖြစ်ပေသည်။

‎

‎

‎" အသက်ရှည်ဒြပ်စင်... အဆုံးမဲ့ကမ္ဘာတွေကို ဖျက်ဆီးလိုက်ရင် လုံလောက်တဲ့ အသက်ရှည်ဒြပ်စင်တွေကို ထုတ်ယူနိုင်လို့များလား...စစ်ပွဲကို စစ်ပွဲနဲ့ ထိန်းကျောင်းပြီး နတ်ဆိုးနယ်မြေတစ်ခုလုံးကို ပိုအားကောင်းလာအောင် လုပ်နေတာလား "

‎

‎

‎ကုချန်သည် တိုးညင်းစွာ ရေရွတ်လိုက်မိပြီး... အစောပိုင်းက သူလက်ဖဝါးတစ်ချက်တည်းဖြင့် ချေမှုန်းလိုက်သော... ပျက်သုဉ်းနေသည့် စကြဝဠာကို ရုတ်တရက် သတိရလိုက်သည်။

‎

‎

‎သေချာသည်မှာ... ထိုပျက်သုဉ်းနေသော စကြဝဠာတွင် မည်သည့်အသက်စွမ်းအင်မျှ မရှိတော့ဘဲ... အကုန်အစင် စုပ်ယူထုတ်နှုတ်ခံထားရကာ... အဆုံးမဲ့ ပျက်စီးခြင်းစွမ်းအားများသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဒါဆိုရင် နတ်ဆိုးနယ်မြေက အဆုံးမဲ့ကမ္ဘာတွေကို ကျူးကျော်ရတဲ့ အကြောင်းရင်းက... အဲဒီကမ္ဘာတွေက အသက်စွမ်းအင်တွေကို ရိတ်သိမ်းထုတ်ယူပြီး... နတ်ဆိုးနယ်မြေတစ်ခုလုံးကို ထောက်ပံ့ဖို့နဲ့ အားဖြည့်ဖို့အတွက်များလား။

‎

‎

‎ကုချန်သည် စိတ်ထဲတွင် တိတ်ဆိတ်စွာ စဉ်းစားခန်းဖွင့်နေမိသည်။

‎

‎

‎သို့သော် လျင်မြန်စွာပင် သူ၏ထင်ကြေးကို ငြင်းပယ်လိုက်သည်။

‎

‎

‎အကြောင်းမှာ... အသက်ရှည်ဒြပ်စင်သည် နတ်ဆိုးနယ်မြေအရှင်များအတွက် ပြိုင်ဘက်ကင်း ရတနာတစ်ပါး ဖြစ်သော်လည်း... အဆင့်မြင့် နတ်ဆိုးနယ်မြေ အင်မော်တယ်များအတွက်မူ... အဆုံးမဲ့ကမ္ဘာများရှိ အသက်ရှည်ဒြပ်စင်များသည် ထူးခြားဆန်းပြားသော အရာမဟုတ်တော့ချေ။

‎

‎

‎မိမိတို့ကိုယ်ပိုင်စွမ်းအားကို အားပြုရုံဖြင့်... ထိုနတ်ဆိုးနယ်မြေ အင်မော်တယ်များသည် အသက်ရှည်ဒြပ်စင်ကို ကိုယ်တိုင် ဖွဲ့စည်းနိုင်ပြီး... ထာဝရအင်မော်တယ်အဖြစ်သို့ ရောက်ရှိရန် လုံလောက်ပေသည်။

‎

‎

‎အကယ်၍သာ ထိုသို့ဆိုပါက... အဆုံးမဲ့ကမ္ဘာများကို ဖျက်ဆီးခြင်းသည်... အင်မော်တယ်အဆင့်ထက်မြင့်သော နတ်ဆိုးနယ်မြေရှိ ဖြစ်တည်မှုများအတွက်... သိသာထင်ရှားသော အကျိုးအမြတ် တစ်စုံတစ်ရာ ရှိလာမည် မဟုတ်ပေ။ မြင့်မြတ်လှသော... နတ်ဆိုးနယ်မြေ အရှင်သခင်များနှင့် နတ်ဆိုးနယ်မြေ၏ အကြီးဆုံးအရှင်တို့အတွက်ဆိုလျှင်မူ... ဆိုဖွယ်ရာပင် မရှိတော့ချေ။

‎

‎

‎ထို့ကြောင့် နတ်ဆိုးနယ်မြေက အဆုံးမဲ့ကမ္ဘာများကို ကျူးကျော်ရခြင်းသည် အသက်ရှည်ဒြပ်စင် တစ်ခုတည်းကြောင့်ဟူသော အချက်မှာ ခိုင်လုံမှုမရှိပေ။

‎

‎

‎နတ်ဆိုးနယ်မြေက အဆုံးမဲ့ကမ္ဘာများကို ကျူးကျော်ရခြင်းမှာ ပိုမိုနက်ရှိုင်းသော အကြောင်းပြချက်တစ်ခု ရှိကိုရှိရမည်။

‎

‎

‎လောလောဆယ်တွင်မူ ကုချန်အနေဖြင့် ထိုအကြောင်းရင်းကို ထိုးထွင်းမမြင်နိုင်သေးပေ။

‎

‎

‎ကုချန်၏ အကြည့်များသည် ချီမုန်ထံသို့ ရောက်ရှိသွား၏။

‎

‎

‎ချီမုန်အနေဖြင့် နောက်ထပ်သတင်းအချက်အလက်များကို သိနိုင်မည်မဟုတ်ကြောင်း သူနားလည်သည်။

‎

‎

‎မည်သို့ပင်ဆိုစေ... ဤသည်မှာ နတ်ဆိုးနယ်မြေ၏ လျှို့ဝှက်ချက်ဖြစ်ပြီး... သူ၏လက်ရှိကျင့်ကြံမှုမှာ အရှင်အဆင့်သာ ရှိသေးရာ... အများကြီးသိထားနိုင်မည် မဟုတ်ပေ။

‎

‎

‎" မင်း နတ်ဆိုးနယ်မြေကို အရင်ပြန်လိုက်တော့... ချောက်နက် နတ်ဆိုးနယ်မြေက တစ်ခုခု လှုပ်ရှားလာရင်... ငါကိုယ်တော်ဆီ အချိန်မီ သတင်းပို့ပါ "

‎

‎

‎ကုချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ချီမုန်အား အမိန့်ပေးလိုက်သည်။

‎

‎

‎နတ်ဆိုးနယ်မြေနှင့် အဆုံးမဲ့ကမ္ဘာတို့သည် ဝေးကွာလွန်းသဖြင့် ဆက်သွယ်ရန် ခက်ခဲလှသည်။

‎

‎

‎သို့သော်... ယခုအခါ ကုချန်သည် ချီမုန်၏ ဝိညာဉ်အမှတ်အသားကို ထိန်းချုပ်ထားပြီဖြစ်ရာ... ၎င်းကိုအသုံးပြု၍ လေဟာနယ်ထဲတွင် တံတားတစ်စင်း တည်ဆောက်နိုင်ပြီး... ချီမုန် နတ်ဆိုးနယ်မြေသို့ ရောက်ရှိသွားလျှင်ပင်... သတင်းစကားများကို အချိန်နှင့်တစ်ပြေးညီ လက်ခံရရှိနိုင်မည်ဖြစ်သည်။

‎

‎

‎သို့သော်... ဤကဲ့သို့ ခက်ခဲသော ဆက်သွယ်ရေးအခြေအနေကို... လက်ရှိတွင် သူကသာ လုပ်ဆောင်နိုင်သည်။

‎

‎

‎အကြောင်းမှာ... ဤနယ်မြေနှစ်ခုကြား ဆက်သွယ်နိုင်ရန်အတွက် ဝိညာဉ်ချင်း ဆက်နွယ်နေရုံသာမက... တစ်ဖက်လူမှာ အရှင်အဆင့်ထက် ကျော်လွန်သော စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်ပြီး... အခြားတစ်ဖက်မှာလည်း အနည်းဆုံး အရှင်အဆင့် ရှိနေရန် လိုအပ်သောကြောင့်ဖြစ်သည်။

‎

‎

‎ထိုသို့ရှိမှသာ... လုံလောက်သော စွမ်းအားကြီးမားသည့် နတ်ဘုရားဝိညာဉ်သည်... အဆုံးမဲ့ ဝေးကွာသော ဟွမ်သွမ့်ပင်လယ်ကို ဖြတ်ကျော်ပြီး... နယ်မြေနှစ်ခုကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု တည်ဆောက်နိုင်မည် ဖြစ်သည်။

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎ကုချန်၏ အမိန့်ကို ရရှိပြီးနောက်... ချီမုန်သည် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ကုချန်အား ရိုသေစွာ ဦးညွှတ်ပြီးနောက်... တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။

‎

‎

‎နတ်ဆိုးနယ်မြေသို့ ပြန်ရောက်သည့်အခါ သူလုပ်စရာကိစ္စများစွာ ရှိနေသေးသည်။ ရွှမ်ယိုနန်းတော်သို့ သူ၏တာဝန်နှင့်ပတ်သက်၍ မည်သို့သတင်းပို့ရမည်နည်း... သို့မဟုတ် ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေသို့ ပြန်ပြီး... သူ၏မိခင်အား ကုချန်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ရသည့်အကြောင်း မည်သို့ရှင်းပြရမည်နည်း... ဆိုသည်တို့ကို သေချာစွာ စဉ်းစားရပေဦးမည်။

‎

‎

‎.....

‎

‎

‎ချီမုန် ထွက်ခွာသွားပြီးနောက်... အထက်ကောင်းကင်ဘုံသည်... တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။

‎

‎

‎နတ်ဆိုးနယ်မြေအရှင်တစ်ပါးကို အစေခံအဖြစ် လက်ခံလိုက်သော်လည်း... ကုချန်၏ ဘဝနှင့် စိတ်နေသဘောထားမှာ ပြောင်းလဲခြင်း မရှိပေ။

‎

‎

‎သူသည် အထက်ကောင်းကင်ဘုံ ပင်မခန်းမဆောင်တွင်သာ နေထိုင်ပြီး... သူ၏ကျင့်ကြံမှုအဆင့်ကို သွေးတိုးစမ်းလေ့ကျင့်ရင်း... ဆန်းကြယ်သော ခေါင်းတလား၏ လျှို့ဝှက်ချက်များကို ဆက်လက်ရှာဖွေနေခဲ့သည်။

‎

‎

‎ဤခေါင်းတလားအဖုံးတွင် နောက်ထပ် သတင်းစကားများစွာ... ဖုံးကွယ်ကျန်ရှိနေနိုင်သေးကြောင်းနှင့်... ယခုထိ ပေါ်မလာသေးကြောင်း ကုချန်၏ အာရုံခံစားမှုက ပြောပြနေသည်။

‎

‎

‎ပြီးတော့ အဲဒီ ဆန်းကြယ်တဲ့ ခေါင်းတလား.....

‎

‎

‎ကုချန်၏ အကြည့်များသည် ခန်းမကြီးထောင့်ရှိ ဆန်းကြယ်သော ခေါင်းတလားဆီသို့ မရောက်ဘဲ မနေနိုင်တော့ချေ။

‎

‎

‎ကောင်းကင်ဘုံအထက် နယ်မြေ၏ နက်ရှိုင်းသောနေရာမှ... ဤခေါင်းတလားကို တူးဖော်ရရှိခဲ့စဉ်ကတည်းက... ၎င်းသည် မည်သည့်ထူးခြားမှုမျှ မပြသဘဲ... ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။

‎

‎

‎သို့သော်... ဤဆန်းကြယ်သော ခေါင်းတလားထဲတွင် ပါဝင်သော လျှို့ဝှက်ချက်များသည်... ခေါင်းတလားအဖုံးထက်ပင် ပိုမိုကြီးမားနိုင်ကြောင်း ကုချန် သိနေသည်။

‎

‎

‎" ဒီခေါင်းတလားထဲမှာ ဘယ်သူ့ကို မြှုပ်နှံထားတာလဲ..... "

‎

‎

‎ကုချန်သည် မျက်မှောင်ကြုတ်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။

‎

‎

‎သူ ခေါင်းတလားအဖုံးကို ဖွင့်လိုက်စဉ်က... အတွင်း၌ လူတစ်ဦး မြှုပ်နှံထားသည်ကို ခေတ္တမျှ တွေ့လိုက်ရပြီး... ထိုလူ၏ ရုပ်သွင်ပြင်မှာ သူနှင့် ထပ်တူပင် ဖြစ်နေခဲ့သည်။

‎

‎

‎သို့သော် ဤမြင်ကွင်းမှာ... အလွန်တိုတောင်းသော အချိန်ကာလတစ်ခုသာ ကြာမြင့်ခဲ့ပြီး ပြန်လည် ပျောက်ကွယ်သွားကာ... မည်သည့်သက်ရှိမှ မရှိတော့သည့်အလား ဗလာကျင်းနေသော ခေါင်းတလားတစ်ခုသာ ကျန်ရစ်ခဲ့သည်။

‎

‎

‎ဒါပေမယ့်... ဘာလို့ ဗလာကျင်းနေတဲ့ ခေါင်းတလားတစ်ခုကို... အထက်ကောင်းကင်ဘုံရဲ့ နက်ရှိုင်းတဲ့နေရာမှာ ခက်ခက်ခဲခဲ ထားရှိခဲ့ရတာလဲ။

‎

‎

‎ထိုအချိန်တွင် ကုချန်၏ စိတ်ထဲ၌ ထင်ကြေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

‎

‎

‎ခေါင်းတလားကိုယ်တိုင်က မည်သည့်ထူးခြားမှုမျှ မပြသခြင်းမှာ ခေါင်းတလားအဖုံး ပျောက်ဆုံးနေခဲ့သောကြောင့်လော။

‎

‎

‎ခေါင်းတလားအဖုံးကိုသာ ခေါင်းတလားပေါ် ပြန်တင်လိုက်မည်ဆိုလျှင် ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်လော။

‎

‎

‎ဤထင်ကြေး ပေါ်လာသည်နှင့် ကုချန်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ချက်ချင်း စမ်းသပ်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

‎

‎

‎သို့သော်... ခေါင်းတလားအဖုံးနှင့် ကိုယ်ထည် ပြန်လည်ပေါင်းစည်းသွားပြီး... ခေါင်းတလားအတွင်း တွေးဆ၍မရနိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာလျှင်ပင်... ခေါင်းတလားအဖုံး ပိတ်ထားပါက... အတွင်း၌ ဘာဖြစ်နေသည်ကို သူ မည်သို့သိနိုင်မည်နည်း။

‎

‎

‎ခေါင်းတလားအဖုံးကို ဖွင့်ထားမှသာ ရမည်။

‎

‎

‎ဒါပေမယ့် အဲဒီလိုဆိုရင်လည်း... ပြီးခဲ့တဲ့တစ်ခေါက်လိုပဲ ဖြစ်သွားနိုင်တယ်။ တစ်ချက်ကလေးပဲ မြင်လိုက်ရပြီး... အသုံးဝင်တဲ့ သတင်းအချက်အလက်တစ်ခုမှ ရမှာမဟုတ်ဘူး။

‎

‎

‎ဒါမှမဟုတ်ရင်.....

‎

‎

‎ကုချန်၏ အကြည့်များသည် ဆန်းကြယ်သော ခေါင်းတလားပေါ်သို့ ကျရောက်သွားပြီး အကြံတစ်ခု ရလိုက်သည်။

‎

‎

‎သူသည် ခေါင်းတလားဘေးသို့ တိတ်ဆိတ်စွာ လျှောက်သွားပြီး... နောက်တစ်ခဏတွင်... မတ်မတ်ရပ်ကာ ခေါင်းတလားထဲသို့ ဝင်လိုက်သည်။

‎

‎

‎ကုချန်သည် သူ၏လက်ဖဝါးကို အနည်းငယ် မြှောက်လိုက်ရာ... အနီးနားရှိ ခေါင်းတလားအဖုံးသည် သူ့ထံသို့ ပျံဝဲလာပြီး... ခေါင်းတလားထိပ်ကို ဖြည်းညင်းစွာ ဖုံးအုပ်ပိတ်ဆို့သွားလေတော့သည်။

‎

‎

‎ခေါင်းတလားအတွင်း ပြောင်းလဲမှုများကို စူးစမ်းရန်အတွက်... အတွင်းမှနေ၍ လေ့လာခြင်းက... အရှင်းလင်းဆုံး ဖြစ်ပေလိမ့်မည်။

‎

‎

‎သူသည် ခေါင်းတလားအဖုံး ပိတ်လိုက်ချိန်တွင်... ဖြစ်ပေါ်လာနိုင်သည့် ပြောင်းလဲမှုများကို စူးစမ်းရန်အတွက်... ဤဆန်းကြယ်သော ခေါင်းတလားထဲတွင် နေရန် ရည်ရွယ်ထားသည်။

‎

‎အခန်း (၁၈၆) - ဝတ်ရုံဖြူဝတ်ဆင်ထားသူ၊ ခေါင်းတလားအတွင်း မြှုပ်နှံခြင်းနှင့် ခေါင်းတလားထဲ၌ တည်ရှိနေသော တာအို

‎

‎

‎

‎ခေါင်းတလားအဖုံး ပိတ်သွားသည်နှင့် နောက်ဆုံးကျန်ရစ်သော အလင်းရောင်ပါ ပျောက်ကွယ်သွားတော့သည်။

‎

‎

‎ဆန်းကြယ်သော ခေါင်းတလားအတွင်းပိုင်းသည် တမဟုတ်ချင်း အမှောင်ထုအတိ ဖုံးလွှမ်းသွားကာ ကိုယ့်လက်ကိုယ်ပင် မမြင်ရလောက်အောင် မှောင်မည်းသွား၏။

‎

‎

‎ကုချန်သည် ခေါင်းတလားထဲတွင် လဲလျောင်းနေရင်း စိတ်အခြေအနေမှာ အနည်းငယ် လှုပ်ရှားနေမိသည်။

‎

‎

‎သူ၏နည်းလမ်းသည် ဤခေါင်းတလား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မည်လား မသိသော်လည်း အကောင်းဆုံး ကြိုးစားကြည့်ရုံသာ ရှိတော့သည်။

‎

‎

‎ရှေးဟောင်းခေါင်းတလားအတွင်းပိုင်းသည် အသက်စွမ်းအင် တစ်စက်မျှမရှိဘဲ နက်ရှိုင်းတိတ်ဆိတ်သော စကြဝဠာကဲ့သို့ မှောင်မည်းနေသည်။

‎

‎

‎ကုချန်က သူ့အကြံ မအောင်မြင်တော့ဟု ထင်လိုက်စဉ်မှာပင်... ရုတ်တရက် ကမောက်ကမဖြစ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

‎

‎

‎အဆုံးမဲ့ ဟွမ်သွမ့်ချီများသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး... ကုချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။ ထို့နောက်... သူ့အား ခန့်မှန်းရခက်သော ဆန်းကြယ်သည့် နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားသကဲ့သို့... အဆုံးမဲ့ ပြုတ်ကျနေသည့် ခံစားမှုမျိုး ဖြစ်ပေါ်လာခဲ့သည်။

‎

‎

‎မျက်စိတစ်မှိတ်အတွင်း ဖြစ်သော်လည်း... အဆုံးမဲ့ ရှည်လျားသော နှစ်ကာလများ ကုန်ဆုံးသွားသကဲ့သို့လည်း... ခံစားရသည်။

‎

‎

‎ကုချန် သတိပြန်ဝင်လာသောအခါ... သူ့အား လွှမ်းခြုံထားသော ဟွမ်သွမ့်ချီများသည်... ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး ဖြစ်သည်။

‎

‎

‎ဆန်းကြယ်သော ခေါင်းတလားသည်လည်း မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ပြန်လည် တိတ်ဆိတ်သွားသည်။

‎

‎

‎ဒါ အဆုံးသတ်ပဲလား။

‎

‎

‎ကုချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

‎

‎

‎မူလက ဟွမ်သွမ့်ချီများ ပေါ်လာသည့်အခါ... မျှော်လင့်မထားသော ပြောင်းလဲမှုများ ဖြစ်လာမည်ဟု သူထင်မှတ်ခဲ့သော်လည်း... အဆုံးတွင် မည်သည့်အရာမျှ ပြောင်းလဲခြင်း မရှိပေ။ ယခုဖြစ်ပျက်ခဲ့သမျှသည် သူ၏ စိတ်အထင်များသာ ဖြစ်နေသကဲ့သို့ပင်။

‎

‎

‎ကုချန် အနည်းငယ် စိတ်ပျက်သွားသော်လည်း... တတ်နိုင်သည့်အရာ မရှိတော့သဖြင့် ခေါင်းတလားအဖုံးကို ဖွင့်ကာ... အပြင်ထွက်ရန် လက်ကို မြှောက်လိုက်သည်။

‎

‎

‎သို့သော် သူလက်မြှောက်ပြီး... ခေါင်းတလားအဖုံးကို ထိလိုက်သည့်အခါ... ရုတ်တရက် ကြောင်အမ်းသွားရသည်။

‎

‎

‎အကြောင်းမှာ... သူ၏လက်ဖဝါးသည် ခေါင်းတလားအဖုံးကို မထိတွေ့ဘဲ... ဖောက်ထွက်သွားသောကြောင့် ဖြစ်သည်။

‎

‎

‎ဒါက.....

‎

‎

‎ကုချန် အနည်းငယ် အံ့အားသင့်သွားပြီး... မိမိလက်ဖဝါးကို မသိစိတ်ဖြင့် ကြည့်လိုက်ရာ... ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော သူ၏လက်ဖဝါးသည်... ယခုအခါ ပုံရိပ်ယောင်သဖွယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

‎

‎

‎သူသည် ရုပ်ခန္ဓာကို စွန့်လွှတ်ခဲ့ပြီး နတ်ဘုရားဝိညာဉ် သက်သက်သာ ကျန်ရှိနေသကဲ့သို့ပင်။

‎

‎

‎ငါ့ရဲ့ ရုပ်ခန္ဓာ ဘယ်ရောက်သွားပြီလဲ။

‎

‎

‎ကုချန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

‎

‎

‎သူသည် ခေါင်းတလားထဲတွင် လဲလျောင်းနေခဲ့ပြီး... မည်သည့်အရာနှင့်မျှ မကြုံတွေ့ခဲ့ရဘဲနှင့်... သူ၏ ရုပ်ခန္ဓာသည် မည်သို့ ချက်ချင်း ပျောက်ကွယ်သွားရသနည်း။

‎

‎

‎သူသည် မသိစိတ်ဖြင့် ခေါင်းတလားထဲမှ ထထိုင်လိုက်သည်။

‎

‎

‎တင်းကျပ်စွာ ပိတ်ထားသော ခေါင်းတလားအဖုံးသည် သူ့အား အနည်းငယ်မျှ အနှောင့်အယှက် မပေးဘဲ ဖြတ်သန်းသွားခွင့် ပြုလိုက်၏။

‎

‎

‎နောက်တစ်ခဏတွင် ကုချန်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားစေမည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

‎

‎

‎သူမြင်ရသော မြင်ကွင်းမှာ ခန်းမဆောင်ကြီး အတွင်း၌သာ ဖြစ်နေဆဲပင်။

‎

‎

‎ဆန်းကြယ်သော ခေါင်းတလားသည် ခန်းမ၏ ထောင့်တစ်နေရာတွင် ရှိနေသည်။

‎

‎

‎သို့သော် ကုချန်၏ မြင်ကွင်းထဲတွင် ဖြစ်တည်မှုတစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎ထိုဖြစ်တည်မှုသည် လရောင်ကဲ့သို့ ဖြူဖွေးသော အင်မော်တယ်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး... ကြည်လင်သော အင်မော်တယ်တာအို အလင်းရောင်များ ဝန်းရံထားသည်။ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ခမ်းနားထည်ဝါပြီး... ခေါင်းတလားကို ကျောပေးကာ... ကောင်းကင်ဘုံအထက် ပင်မခန်းမဆောင်ထဲတွင်... တစ်ကိုယ်တည်း တင်ပျဉ်ခွေ ထိုင်နေသည်။

‎

‎

‎" အဟွတ် အဟွတ်..... "

‎

‎

‎တိုးညင်းသော ချောင်းဟန့်သံတစ်ခု ထွက်ပေါ်လာပြီး... ထိုဖြစ်တည်မှုသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကာ... ခေါင်းတလားရှိရာဘက်သို့ ကြည့်လာ၏။

‎

‎

‎ကုချန်သည် မသိစိတ်ဖြင့် ထိုဖြစ်တည်မှု၏ မျက်နှာကို လှမ်းကြည့်လိုက်မိသည်။

‎

‎

‎သို့သော် ကြည်လင်သော အလင်းရောင်နှင့် အင်မော်တယ်အလင်းတန်းများ ဖုံးအုပ်ထားသဖြင့် ထိုးဖောက်မမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

‎

‎

‎စိတ်ကူး၍ပင် မရနိုင်လောက်အောင် စွမ်းအားကြီးမားသော ဖြစ်တည်မှုတစ်ခုပါလား။

‎

‎

‎ကုချန်၏ စိတ်နှလုံးသည် လေးနက်သွား၏။

‎

‎

‎ထိုဖြစ်တည်မှုသည် ရိုးရှင်းသော လှည့်ကြည့်ခြင်းမျိုး ပြုလုပ်လိုက်ရုံသာ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုတိုင်းတွင် ကောင်းကင်နှင့် မြေကြီး၏ အန္တိမသစ္စာတရားများ ပါဝင်နေသကဲ့သို့ ရှိသည်။

‎

‎

‎သူ လှုပ်ရှားလိုက်သည့်အခါ... ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမဲ့တာအိုများပင်လျှင်... သူနှင့်အတူ လိုက်ပါလှုပ်ရှားသွားကြသည်။

‎

‎

‎သူ၏လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့် မြေကြီး၏ ဖြစ်စဉ်ကြီးများကို လွှမ်းမိုးနိုင်သည်ဟု ဆိုနိုင်သည်။

‎

‎

‎အင်မော်တယ်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ထိုဖြစ်တည်မှုသည်... ခေါင်းတလားဘက်သို့ လှည့်ကြည့်လိုက်သော်လည်း... ကုချန်ကို လုံးဝ မမြင်သည့်အလား... သူ၏နက်ရှိုင်းသော အကြည့်များသည် ခေါင်းတလားအပေါ်၌သာ စူးစိုက်ကျရောက်နေသည်။

‎

‎

‎" နောက်ဆုံးတော့လည်း ကျရှုံးသွားတာပါပဲ... ဒါပေမယ့် နောင်တစ်ချိန်မှာ မဟာဘေးအန္တရာယ်ကြီး ကျရောက်လာတဲ့အခါ... မင်း ဘယ်လောက်ပဲ ပုန်းနေပါစေ ဘယ်မှာ သွားပုန်းနိုင်မှာလဲ "

‎

‎

‎ဝတ်ရုံဖြူဝတ် အမျိုးသားသည် ကိုယ့်ဘာသာ ရေရွတ်နေသကဲ့သို့ တိုးညင်းစွာ သက်ပြင်းချလိုက်သည်။

‎

‎

‎ထိုအချိန်ကျမှသာ... တစ်ဖက်လူ၏ ရင်ဘတ်ပေါ်တွင် သွေးစက်များ စွန်းထင်းနေပြီး... လရောင်ကဲ့သို့ ဖြူဖွေးသော အင်မော်တယ်တာအိုဝတ်ရုံပေါ်တွင်... သွေးရောင်ဆောင်းရာသီဇီးပွင့်များ ပွင့်လန်းနေသကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းနေသည်ကို... ကုချန် သတိပြုမိလိုက်သည်။

‎

‎

‎ဤအထွတ်အထိပ်ဖြစ်တည်မှုသည် ဒဏ်ရာရထားပုံရသည်။

‎

‎

‎" အဟွတ် အဟွတ်... ဟူး... အခြေအနေတွေက ဒီလိုဖြစ်လာမှတော့... ဒါတွေက ငါစဉ်းစားရမယ့် ကိစ္စတွေ မဟုတ်တော့ပါဘူး... ဒီဘဝကို ဒီခေါင်းတလားနဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ် "

‎

‎

‎ဝတ်ရုံဖြူဝတ် အမျိုးသား၏ အသံသည် အနည်းငယ် ဆွေးမြေ့နေပြီး အထီးကျန်ဆန်နေ၏။

‎

‎

‎သူသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး... ခေါင်းတလားရှေ့သို့ ရောက်လာကာ... အဖုံးကို ဖွဖွလေး တွန်းဖွင့်လိုက်သည်။ ထို့နောက်... အောက်ဘက်ရှိ ခေါင်းတလားကိုယ်ထည်ကို လက်ဖြင့် ပွတ်သပ်လိုက်ရာ... သူ၏ မျက်ဝန်းထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင်များ ပေါ်လာသည်။

‎

‎

‎" ဒီရှေးဟောင်းခေါင်းတလားက ငါ့ဘဝမှာ နားလည်ရခက်ဆုံး အရာပါပဲ... သူ့ရဲ့ ဇာစ်မြစ်ကို ငါမသိဘူး... သူ့ရဲ့ အတိတ်ကို ငါမသိဘူး... သူက ဒီကမ္ဘာက အရာမဟုတ်သလိုပဲ...တကယ်ကို ငါ ထိုးထွင်းမမြင်နိုင်ဘူး လုံးဝကို ထိုးထွင်းမမြင်နိုင်ဘူး..... "

‎

‎

‎သို့သော် ခဏအကြာတွင် ဝတ်ရုံဖြူဝတ် အမျိုးသားသည် မိမိကိုယ်ကို ပြန်လည် လှောင်ပြောင်လိုက်ပြန်သည်။

‎

‎

‎" ထားလိုက်ပါတော့...ဒီအခြေအနေ ရောက်နေမှတော့ ဒီကိစ္စတွေကို စုံစမ်းနေလို့ ဘာအဓိပ္ပါယ် ရှိတော့မှာလဲ.....

‎

‎အဆုံးမဲ့နယ်မြေတွေ ပြိုကွဲမယ် ...ကောင်းကင်ဘုံအားလုံး အဆုံးသတ်မယ်...အရာအားလုံးက အဓိပ္ပါယ် မရှိတော့ဘူး..... "

‎

‎

‎ဝတ်ရုံဖြူဝတ် အမျိုးသားသည်... ခေါင်းတလားဘေးတွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေပြီးနောက်... ခေါင်းတလားအဖုံးပေါ်သို့ အကြည့်ပြန်ရောက်သွားကာ... ရှည်လျားစွာ သက်ပြင်းချလိုက်သည်။

‎

‎

‎" ဟူး... ဟူး... ငါ စွန့်လွှတ်ဖို့ မလုပ်နိုင်သေးပါလား... ခေါင်းတလားထဲမှာ မြှုပ်နှံထားမယ်... တာအိုတရားကို ခေါင်းတလားထဲမှာ ထိန်းသိမ်းထားမယ်... ငါ့ရဲ့ တာအိုကို ဆက်ခံပြီး အခြေအနေကို ပြောင်းလဲပေးနိုင်မယ့် မျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့ မျှော်လင့်ပါတယ် "

‎

‎

‎ဝတ်ရုံဖြူဝတ် အမျိုးသားသည် ထိုသို့ ပြောပြီးနောက်... သူ၏ လက်ချောင်းများကို ဓားသဖွယ်အသုံးပြုကာ... ခေါင်းတလားအဖုံးပေါ်တွင် စတင် ရေးထွင်းလိုက်သည်။

‎

‎

‎မကြာမီတွင်... အစက ဗလာဖြစ်နေသော ခေါင်းတလားအဖုံးပေါ်၌... သိပ်သည်းသော အင်မော်တယ်တာအို သင်္ကေတများဖြင့်... ဖုံးလွှမ်းသွားတော့သည်။

‎

‎

‎နောက်တစ်ခဏတွင်... ဝတ်ရုံဖြူဝတ် အမျိုးသားသည် ဝတ်စုံအပြည့်ဖြင့် ခေါင်းတလားထဲသို့ ဝင်ရောက်လဲလျောင်းလိုက်ပြီး... တစ်ချိန်တည်းမှာပင် ခေါင်းတလားအဖုံးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။

‎

‎

‎ခေါင်းတလားအဖုံး လုံးဝ ပိတ်သွားသည့်အချိန်၌.....

‎

‎

‎ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော... ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ခေါင်းတလားထဲမှ ထွက်ပေါ်လာပြီး... အဆုံးမဲ့ စည်းမျဉ်းသံကြိုးများ အဖြစ် ပြောင်းလဲကာ... ကောင်းကင်နှင့် မြေကြီးကြားတွင် ထိုးဖောက်ချိတ်ဆက် ပိတ်လှောင်လိုက်တော့သည်။

‎

‎

‎မဟာတာအိုတရားသည်ပင် ခံစားမိလိုက်သည့်အလား... ရှိုက်ငိုသံကဲ့သို့ တာအိုဥပဒေသတုန်ခါသံများကို ထုတ်လွှတ်လိုက်၏။

‎

‎

‎ထိုခံစားမှုမှာ အထွတ်အထိပ်ဖြစ်တည်မှုကြီးတစ်ခု ကျဆုံးသွားသည့်အတွက် မဟာတာအိုတရားကပင် ဝမ်းနည်းပူဆွေးနေသကဲ့သို့ ဖြစ်သည်။

‎

‎

‎" ဟွန့် "

‎

‎

‎ရုတ်တရက် ကောင်းကင်နှင့် မြေကြီး၏ အဆုံးတစ်နေရာမှ အေးစက်သော နှာမှုတ်သံတစ်ခု ပဲ့တင်ထပ်လာသည်။

‎

‎

‎စိတ်အာရုံ ဝေဝါးနေစဉ်အတွင်း... ကုချန် မြင်လိုက်ရသည်မှာ... အဆုံးမဲ့ ကောင်းကင်နှင့် မြေကြီး၏ အဆုံးသတ်ရှိ ကြယ်မြစ်ပေါင်းသောင်းချီအကြား၌... အထွတ်အထိပ်ဖြစ်တည်မှုတစ်ခု စိုးမိုးခြယ်လှယ်နေသကဲ့သို့ပင်။

‎

‎

‎အဆုံးမဲ့ ကြယ်ကြီးများနှင့် အဆုံးမဲ့ကမ္ဘာ ကဲ့သို့သော ကြီးမားသည့် ကမ္ဘာများသည် သူ့အား ဗဟိုပြု လှည့်ပတ်နေကြသော်လည်း အလှဆင်ပစ္စည်းများသဖွယ် သေးငယ်နုပ်မွှားနေကြသည်။

‎

‎

‎ရုတ်တရက်... ထိုဧရာမပုံရိပ်ကြီးသည် လှုပ်ရှားလာ၏။ သူသည် လက်ဖဝါးကြီးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး... ခေါင်းတလားရှိရာဘက်သို့ ဖိချလိုက်သကဲ့သို့ပင်။

‎

‎

‎အဆုံးမဲ့ ကြယ်တာရာများ လည်ပတ်သွားပြီး... ကြယ်ပင်လယ်ကြီး ဆူပွက်သွားကာ နေနှင့် ကောင်းကင်ကို ဖုံးကွယ်နိုင်သော အကန့်အသတ်မဲ့ လက်ဖဝါးကြီးအဖြစ် ပြောင်းလဲ၍... ခေါင်းတလားရှိရာသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

‎

‎

‎" ဘုန်း! "

‎

‎

‎ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွား၏။

‎

‎

‎ထိုကြယ်မြစ်လက်ဖဝါးကြီး အနားမရောက်မီကပင်... ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး လုံးဝ ပြိုပျက်တော့မည့်အလား... ပြင်းထန်စွာ စတင်တုန်ခါလာသည်။

‎

‎

‎တင်းကျပ်စွာ ပိတ်ထားသော ခေါင်းတလားအဖုံးပင်လျှင်... တုန်ခါမှုကြောင့် အက်ကြောင်းတစ်ခု ပွင့်ဟသွားပြီး... ခေါင်းတလားအတွင်းပိုင်းမှ မြင်ကွင်းကို ပေါ်လာစေသည်။

‎

‎

‎ကုချန်သည် မသိစိတ်ဖြင့် ခေါင်းတလားထဲသို့ လှမ်းကြည့်လိုက်မိသည်။

‎

‎

‎ဝတ်ရုံဖြူဝတ် အမျိုးသားသည် အဆုံးမဲ့ အင်မော်တယ်အလင်းရောင်များနှင့် ဟွမ်သွမ့်ချီများ လွှမ်းခြုံလျက် ခေါင်းတလားထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

‎

‎

‎သို့သော်... ထိုလက်ဖဝါးကြီး သယ်ဆောင်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ခေါင်းတလား တုန်ခါသွားပြီး တစ်ချိန်တည်းမှာပင်... ဝတ်ရုံဖြူဝတ် အမျိုးသား၏ မျက်နှာကို ဖုံးအုပ်ထားသော အင်မော်တယ်အလင်းရောင်များ ကွဲပြားသွားသဖြင့်... ကုချန်သည် ဝတ်ရုံဖြူဝတ် အမျိုးသား၏ မျက်နှာသွင်ပြင်ကို မြင်လိုက်ရသည်။

‎

‎

‎ဤမြင်ကွင်းသည် သူ၏ နတ်ဘုရားဝိညာဉ်ကိုပင် ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဝတ်ရုံဖြူဝတ် အမျိုးသား၏ မျက်နှာသည် သူနှင့် ထပ်တူပင် ဖြစ်နေသောကြောင့်ဖြစ်သည်။

‎

‎

‎ကုချန်သည် ဝတ်ရုံဖြူဝတ် အမျိုးသား၏ မျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဖော်ပြ၍မရနိုင်သော တားမြစ်ချက်တစ်ခုကို ထိတွေ့လိုက်မိသကဲ့သို့ ဖြစ်သွားသည်။

‎

‎

‎ရှေးဟောင်းခေါင်းတလားသည် ရုတ်တရက် တုန်ခါသွားပြီး... မည်သည့်အခါကမျှ မရှိခဲ့ဖူးသကဲ့သို့... ဤကမ္ဘာလောကထဲမှ မျှော်လင့်မထားစွာ ပျောက်ကွယ်သွားတော့သည်။

‎

‎

‎" ဟမ် "

‎

‎

‎ရှေးဟောင်းခေါင်းတလား ရုတ်တရက် ပျောက်ကွယ်သွားသည်နှင့်အတူ... အံ့အားသင့်သွားသော အသံတစ်ခုလည်း... အဆုံးမဲ့ ဝေးကွာသော နေရာတစ်ခုဆီမှ ပဲ့တင်ထပ်လာတော့သည်။

‎

All Chapters