← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 14 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 14 Ch. 193-194

‎အခန်း (၁၉၃) - တားမြစ်နယ်မြေမှ စုဝေးခြင်း၊ ဘာမှပြောင်းလဲ၍မရနိုင်ခြင်းနှင့် ဧကရာဇ် ပြန်လည်ပေါ်ထွန်းလာခြင်း

‎

‎

‎

‎" အဲ့လိုလား...ငါတကယ်ပဲ နားကြားမှားတာလား "

‎

‎

‎ကုရှန်းမင်သည် နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းကို သံသယဖြင့် ကြည့်လိုက်ပြီး သူ၏ အိုမင်းသောမျက်နှာပေါ်တွင် သံသယအရိပ်အယောင်အချို့ ပေါ်လာသည်။

‎

‎

‎တစ်ချိန်က... ဖီးနစ်ဧကရာဇ်၏ နောက်လိုက်ဖြစ်ခဲ့သော ဤရှေးဟောင်းနတ်‌မျောက်ဝံသည် ကြမ်းတမ်းပြီး... ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ရှိသည်။ အကယ်၍ သာမန်လူသားတစ်ဦးသာ သူ့ကိုမြင်လျှင်... ကြောက်လန့်ပြီး သတိလစ်သွားမည်မှာ သေချာသည်။

‎

‎

‎သို့သော်... ကုရှန်းမင်သည် မကြာသေးမီက အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီး... နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အစွမ်းထက်သူများကို နေ့တိုင်းမြင်တွေ့နေရသဖြင့်... ယခု နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းကို မြင်ရသည့်တိုင် ကြောက်ရွံ့ခြင်းမရှိတော့ပေ။

‎

‎

‎" ဟုတ်တယ်...အဘိုး နားကြားမှားတာ ဖြစ်မှာပါ " ဟု နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းက 'ပြုံးရွှင်စွာ' ပြောလိုက်ပြီး... တစ်ချိန်တည်းမှာပင် သူ့နောက်၌ ဝပ်တွားနေသော နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အစွမ်းထက်သူများကို ကန်ထုတ်လိုက်ကာ... မျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။

‎

‎

‎" မင်းတို့နှစ်ကောင် ပြောလိုက်လေ... ဟုတ်တယ်မလား "

‎

‎

‎နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်း၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ... နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အစွမ်းထက်သူများသည်... အလိုအလျောက် တုန်လှုပ်သွားကြသည်။

‎

‎

‎ " သခင်နတ်‌မျောက်ဝံ ပြောတာ မှန်ပါတယ်... ခင်ဗျား နားကြားမှားတာပါ " ဟု အလျင်အမြန် ပြောလိုက်ကြသည်။

‎

‎

‎" အဲ့ဒါ နားကြားမှားတာပါ... နားကြားမှားတာ သက်သက်ပါပဲ "

‎

‎

‎နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အစွမ်းထက်သူများသည်... သူတို့ ကောင်းမွန်စွာ စောင့်ကြပ်နေပါလျက်နှင့်... နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းက... အဘယ်ကြောင့် ရုတ်တရက် ရောက်လာပြီး... သူတို့နေရာကို ဝင်ယူလိုက်မှန်း မသိကြပေ။

‎

‎

‎သို့သော်.။ ဤနတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းသည် ဖီးနစ်အရှင်ကိုပင် မျက်လုံးထဲမထည့်ဘဲ... စိတ်ရှိတိုင်း ဆူပူကြိမ်းမောင်းရဲကြောင်း သူတို့ သိကြသည်။

‎

‎

‎ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သူတို့အနေဖြင့် သွားရောက် ရန်စရဲမည် မဟုတ်ပေ။

‎

‎

‎သို့သော်... ဤသာမန်လူသား အဘိုးရှေ့တွင် လိမ္မာယဉ်ကျေးပြီး... ကြင်နာတတ်သော ပုံစံဖမ်းနေသည့် နတ်‌မျောက်ဝံကို ကြည့်ရင်း... သူတို့နှစ်ဦးမှာ မတုန်လှုပ်ဘဲ မနေနိုင်ကြချေ။

‎

‎

‎တစ်ချိန်က မာနကြီးပြီး ဘဝင်မြင့်ခဲ့သော နတ်‌မျောက်ဝံသည် လူသားမျိုးနွယ် အကြီးအကဲတစ်ဦးကို ယခုကဲ့သို့ လေးလေးစားစား ဆက်ဆံလိမ့်မည်ဟု ဘယ်သူ ထင်ထားမိမည်နည်း။

‎

‎

‎ဒါက တကယ့်ကို ယုံနိုင်စရာမရှိပေ။

‎

‎

‎" ငါ နားကြားမှားတာပဲ ဖြစ်မယ် " နတ်နဂါးနှင့် ရွှေခြင်္သေ့တို့ ခေါင်းညိတ်ထောက်ခံသည်ကို မြင်သောအခါ ကုရှန်းမင်သည် ခေါင်းခါလိုက်၏။

‎

‎

‎သူ တကယ်ပဲ နားကြားမှားခဲ့တာပဲ ဖြစ်မယ်။

‎

‎

‎သို့သော် နောက်တစ်ခဏတွင် သူသည် နတ်မျောက်ဝံကိုကြည့်ကာ စိတ်ပူနေဆဲဖြစ်သဖြင့် မှာကြားလိုက်၏။

‎

‎

‎" မင်း ကုမိသားစုရွာထဲကို လုံးဝ မဝင်ရဘူးနော်... ရွာထဲက ကလေးတွေ လန့်သွားလိမ့်မယ် "

‎

‎

‎နတ်နဂါးနှင့် ရွှေခြင်္သေ့တို့ စရောက်လာတုန်းက ကုမိသားစုရွာမှ ကလေးများကို အကြီးအကျယ် ခြောက်လှန့်မိသလို ဖြစ်ခဲ့သည်။

‎

‎

‎ဤနတ်‌မျောက်ဝံသည် ပို၍ပင် ကြမ်းတမ်းပြီး ကြောက်စရာကောင်းနေ၏။ သူ၏အသက်အရွယ်အရ သူက ကျင့်သားရနေပြီမို့ မကြောက်သော်လည်း ရွာထဲက ကလေးတွေကတော့ ကြောက်လန့်သွားနိုင်သည်။

‎

‎

‎" စိတ်မပူပါနဲ့ အဘိုး ကျွန်တော် ကုမိသားစုရွာထဲကို ခြေတစ်လှမ်းတောင် မလှမ်းပါဘူး " ဟု နတ်‌မျောက်ဝံက အလျင်အမြန် ကတိပေးလိုက်သည်။

‎

‎

‎ကုမိသားစုရွာထဲ ဝင်မလို့လား။

‎

‎

‎သူ ရူးနေမှပဲ ဝင်မိလိမ့်မည်။

‎

‎

‎ဖီးနစ်ဧကရာဇ်က သူ့ကို ကုမိသားစုရွာအပြင်ဘက်တွင် စောင့်ကြပ်ရန်သာ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ ရွာထဲဝင်မိပြီး ကုမိသားစုရွာသား တစ်စုံတစ်ယောက် ထိခိုက်မှုဖြစ်ခဲ့လျှင်... သူ့မှာ အသက်ဆယ်ချောင်း ရှိလျှင်ပင်... ဖီးနစ်ဧကရာဇ် သတ်ခြင်းခံရဖို့ မလုံလောက်ပေ။

‎

‎

‎" အင်း... ဒါဆိုလည်း ပြီးတာပါပဲ "

‎

‎

‎နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းကို မှာကြားပြီးနောက် ကုရှန်းမင်သည် တောင်ဝှေးကို ထောက်ကာ ရွာထဲသို့ ပြန်ဝင်သွားလေသည်။

‎

‎

‎ကုရှန်းမင် ထွက်သွားပြီးနောက်... နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်း၏ မျက်နှာပေါ်ရှိ 'နူးညံ့သော' အမူအရာသည် ချက်ချင်း ပျောက်ကွယ်သွားပြီး... သူ၏ အေးစက်သော အကြည့်သည် ကုမိသားစုရွာ အပြင်ဘက်ရှိ နေရာတစ်နေရာသို့ ရောက်ရှိသွားသည်။

‎

‎

‎" မိတ်ဆွေတို့... ပွဲကြည့်နေတာ ကြာပြီပဲ... ကိုယ်ထင်ပြဖို့ အချိန်တန်ပြီ မဟုတ်လား "

‎

‎

‎နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်း၏ စကားသံဆုံးသည်နှင့်... သူ၏အကြည့် ရောက်ရှိရာ လေဟာနယ်သည် ဖြည်းညင်းစွာ လှုပ်ခတ်သွားပြီး... နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းထက် မလျော့နည်းသော စွမ်းအားရှိသည့်... ခမ်းနားသော ပုံရိပ်အချို့ ပေါ်ထွက်လာသည်။

‎

‎

‎ထိုအထဲတွင်... မည်းနက်နေသော နတ်ဘုရားကျားတစ်ကောင်နှင့် ခေါင်းသုံးလုံးပါသော နတ်နဂါးဝါတစ်ကောင်လည်း ပါဝင်သည်။ ထိုပုံရိပ်များတွင် တူညီသော အချက်တစ်ချက်သာ ရှိသည်... ယင်းမှာ ပုံရိပ်တစ်ခုချင်းစီသည် နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းထက် မနိမ့်ကျသော... ချီစွမ်းအားများကို ထုတ်လွှတ်နေခြင်းပင်ဖြစ်သည်။

‎

‎

‎ဤပုံရိပ်အားလုံးသည် ဧကရာဇ်တပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

‎

‎

‎နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်း၏ နောက်တွင် ဝပ်တွားနေသော... နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အစွမ်းထက်သူများသည်... ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ... ခေါင်းကို ပိုမိုနက်ရှိုင်းစွာ ငုံ့လိုက်ကြပြီး... မော့ကြည့်ရန်ပင် မဝံ့ရဲကြတော့ပေ။

‎

‎

‎" ဟီးဟီး...မိတ်ဆွေ နတ်‌မျောက်ဝံ... မတွေ့တာ ကြာပြီပဲ"

‎

‎

‎ခမ်းနားသော ပုံရိပ်အချို့သည် ကိုယ်ထင်ပြလာသော်လည်း... မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ... နတ်‌မျောက်ဝံကို ပြုံးရယ်ကာ နှုတ်ဆက်လိုက်ကြ၏။

‎

‎

‎" ရွှမ်ဟူ...နဂါးဝါ... ချန်ကွေ့ ...မင်းတို့က သက်ဆိုင်ရာ တားမြစ်နယ်မြေတွေမှာ မနေဘဲ ဒီကို ဘာလာလုပ်ကြတာလဲ "

‎

‎

‎နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းသည် ပုံရိပ်များကို တစ်ချက်ကြည့်ကာ... သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို... စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်လိုက်သည်။

‎

‎

‎ဤပုဂ္ဂိုလ်များသည်လည်း သူ့ကဲ့သို့ပင် တားမြစ်နယ်မြေအသီးသီးမှ ရှေးဟောင်းဧကရာဇ်များ၏ စီးတော်ယာဉ်များ သို့မဟုတ် လက်အောက်ငယ်သားများ ဖြစ်ကြကြောင်း ပေါ်လွင်သွား၏။

‎

‎

‎" မိတ်ဆွေ နတ်‌မျောက်ဝံက ဘာကိစ္စနဲ့ ဒီရောက်နေတာလဲ... ငါတို့လဲ အဲ့ဒီကိစ္စအတွက်ပဲ ရောက်နေတာပါ "

‎

‎

‎ရွှမ်ဟူသည် ပျင်းရိစွာဖြင့် ခန္ဓာကိုယ်ကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။

‎

‎

‎ " စောစောက ကိုယ်ထင်မပြတာက... ငါတို့ရဲ့ မူလပုံစံတွေကြောင့်... ဟိုသာမန်လူသား ကြောက်သွားမှာစိုးလို့ပါ "

‎

‎

‎" ဟွန့် "

‎

‎

‎ရွှမ်ဟူ၏ ရှင်းပြချက်ကို ကြားသောအခါ... နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းက အေးစက်စွာ နှာမှုတ်လိုက်ကာ... ဘာမျှ ဆက်မပြောတော့ပေ။

‎

‎

‎ရွှမ်ဟူ သူ့ကို လိမ်မပြောကြောင်း သူယုံကြည်၏။

‎

‎

‎ပိုမှန်အောင် ပြောရလျှင် သူတို့၏ ကိုယ်ပိုင်အသက်များ... သူတို့သခင်များ၏ အသက်များကို ဂရုမစိုက်ခြင်းမျိုး မဟုတ်လျှင်... ထိုကောင်များမှာ ကုမိသားစုရွာကို ဘာမျှလုပ်ရဲမည် မဟုတ်ဟု... သူယုံကြည်သည်။

‎

‎

‎" တားမြစ်နယ်မြေတွေက ဧကရာဇ်တပိုင်း အများကြီးက... သာမန်လူသားရွာလေးတစ်ရွာကို ပူးပေါင်းစောင့်ကြပ်နေကြတယ်....ဒီလိုမြင်ကွင်းမျိုးက တစ်ခါမှ မရှိဖူးဘူး "

‎

‎

‎ရွှမ်ဟူသည် ကြောင်ကြီးတစ်ကောင်ကဲ့သို့ လမ်းလျှောက်နေရင်း... သက်တောင့်သက်သာရှိသော နေရာတစ်နေရာကို ရှာဖွေကာ... မြေပြင်ပေါ်တွင် ပျင်းရိစွာ ဝပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

‎

‎

‎နယ်မြေကြီးငါးခုရှိ သတ္တဝါအပေါင်းကို နာမည်ကြားရုံဖြင့်... မျက်နှာပျက်စေနိုင်သော တားမြစ်နယ်မြေမှ ဧကရာဇ်တပိုင်းများသည်... ယခုအခါ လူသားမျိုးနွယ် သာမန်ရွာလေးတစ်ရွာရှေ့တွင် စုဝေးပြီး... ပူးပေါင်းစောင့်ကြပ်နေကြလိမ့်မည်ဟု ဘယ်သူ ထင်ထားမိမည်နည်း။

‎

‎

‎အကယ်၍... ဤကိစ္စသာ ပျံ့နှံ့သွားခဲ့လျှင်... စိတ်ကူးယဉ်ပုံပြင်တစ်ခုကဲ့သို့ သတ်မှတ်ကြလိမ့်မည်။

‎

‎

‎ရွှမ်ဟူ၏ ခံစားချက်ကို ရင်ဆိုင်ရချိန်တွင်... နတ်‌မျောက်ဝံ ဧကရာဇ်တပိုင်းနှင့် အခြားသော တားမြစ်နယ်မြေမှ ဧကရာဇ်တပိုင်းများကပါ... ဘာမျှ မပြောကြပေ။

‎

‎

‎ဒီအရာအားလုံးကို သူတို့ ဘယ်လိုလုပ် စိတ်ကူးမိပါ့မလဲ။

‎

‎

‎သူတို့၏ သက်ဆိုင်ရာ သခင်များသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော ရှေးဟောင်းအရှင်သခင်များ ဖြစ်ကြသည်။

‎

‎

‎ယခုအခါတွင်... တားမြစ်နယ်မြေအသီးသီးမှ ထိုအရှင်သခင်များသည် သူတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်ရေးအင်အားစုများကို... သာမန်လူသားမျိုးနွယ်ရွာလေးတစ်ရွာအား လာရောက်စောင့်ကြပ်ရန်... အမိန့်ပေးခဲ့ကြသည်။

‎

‎

‎ထိုသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို တားမြစ်နယ်မြေမှ ဧကရာဇ်တပိုင်းများအကြား နားလည်မှု ရှိထားပြီးဖြစ်သည်။

‎

‎

‎၎င်းသည် ကောင်းကင်ဘုံအရှင်သခင်ကြောင့်သာ ဖြစ်သည်။

‎

‎

‎တားမြစ်နယ်မြေအားလုံးမှ အရှင်သခင်များကို သူတစ်ဦးတည်း၏ စွမ်းအားဖြင့်... ဤမျှ သတိထားပြီး လေးစားလာအောင် ပြုလုပ်နိုင်ခြင်းသည်... တစ်ခါမှ မကြုံဖူးသော ကိစ္စပင်ဖြစ်သည်။

‎

‎

‎… … … …

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ.....

‎

‎

‎ချန်ဧကရာဇ်သည် ကောင်းကင်ထက်တွင် ရပ်တန့်နေပြီး... သတ္တဝါအပေါင်း၏ အသက်များကို ရက်စက်စွာ စားသောက်နေသည်။

‎

‎

‎သူ၏မျက်လုံးများထဲတွင် စာနာစိတ် သို့မဟုတ် သနားကြင်နာမှု အရိပ်အယောင်တစ်ခုမျှ မရှိဘဲ အဆုံးမဲ့ အေးစက်မှုသာ ရှိသည်။

‎

‎

‎မရေမတွက်နိုင်သော လူများ၏ ဆုတောင်းသံများနှင့် အသနားခံသံများကို ကြားလိုက်ရသောအခါ သူ မဲ့ပြုံးမပြုံးဘဲ မနေနိုင်ခဲ့ပေ။

‎

‎

‎လူသားမျိုးနွယ် မဟာဧကရာဇ် ဆင်းသက်လာပြီး ကယ်တင်ဖို့ တောင်းပန်နေကြတာလား။

‎

‎

‎တကယ့်ကို ရယ်စရာကောင်းလွန်းတယ်။

‎

‎

‎ယခုအခါ တားမြစ်နယ်မြေမှ အရှင်သခင်အားလုံး ဆင်းသက်လာကြပြီဖြစ်ရာ... လူသားမျိုးနွယ် ဧကရာဇ်တစ်ပါး အမှန်တကယ် ရောက်လာခဲ့လျှင်ပင်... ဤလူများ၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲနိုင်မည် မဟုတ်ပေ။

‎

‎

‎" ဟမ် "

‎

‎

‎သူ၏ မြင့်မြတ်သောအာရုံသည် အဆုံးမဲ့ကမ္ဘာမြေပြင်ကို ဖြတ်ကျော်ကြည့်ရှုလိုက်ချိန်တွင် ချန်ဧကရာဇ်သည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သလို ဖြစ်သွား၏။

‎

‎

‎အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေ၏ ကျယ်ပြန့်သော မြေပြင်ပေါ်တွင်... လေဟာနယ်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး... အဆုံးမဲ့ ဧကရာဇ်အဆင့် ချီစွမ်းအားများကို သယ်ဆောင်လျက်... ကမ္ဘာလောကသို့ ကိုယ်ထင်ပြလာသည်။

‎

‎

‎လေဟာနယ်အက်ကွဲကြောင်း၏ တစ်ဖက်တွင် အံ့သြဖွယ်ရာ ခမ်းနားသော မြင်ကွင်းတစ်ခု ရှိနေသည်။

‎

‎

‎ကြက်သွေးရောင်၊ ရွှေရောင်နှင့် မည်းနက်သောအရောင်များ ယှက်နွယ်နေသည့် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုအပေါ်တွင် ရှေးဟောင်းကျွန်းတစ်ကျွန်း မျောပါနေ၏။

‎

‎

‎ရှေးဟောင်းကျွန်းပေါ်တွင် ယင်ယန်မိခင်သစ်ပင်များ ရပ်တည်နေပြီး... ကြီးမားသော ယင်နှင့် ယန်စွမ်းအားများကို လှည့်ပတ်စီးဆင်းစေကာ... ကောင်းကင်ကြီးကိုပင် အဖြူနှင့် အမည်း... အရောင်နှစ်မျိုးအဖြစ် ဆေးဆိုးသွားလေ၏။

‎

‎

‎ချန်ဧကရာဇ်၏ နှလုံးသားကို ပိုမိုတုန်လှုပ်သွားစေသည့်အရာမှာ... ယင်ယန်မိခင်သစ်ပင်များအောက်တွင် တည်ရှိနေသော... ရှေးဟောင်းခေါင်းတလားနှစ်လုံးပင် ဖြစ်သည်။

‎

‎

‎ထိုရှေးဟောင်းခေါင်းတလားနှစ်လုံးဘေးတွင်... ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ရပ်နေပြီး... သူ့အား စကားတစ်ခွန်းမျှမဆိုဘဲ ကြည့်နေလေသည်။

‎

‎အခန်း (၁၉၄) - နှမြောစရာကောင်းခြင်း၊ သွေးစွန်းသောလက်မောင်းများနှင့် ရှေးဟောင်းဧကရာဇ်အား မျိုချလိုက်သည့် ခေါင်းတလား

‎

‎

‎

‎ထိုပုံရိပ်ကား မည်သို့သော ပုဂ္ဂိုလ်နည်း။

‎

‎

‎အစိမ်းရောင်ဝတ်ရုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး တိတ်ဆိတ်စွာ ရပ်နေသော်လည်း... ဘုံသုံးပါးနှင့် ဘဝလမ်းခြောက်သွယ်ကို လွှမ်းမိုးနိုင်သည့်... ပြိုင်ဘက်ကင်း အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထာဝရကာလနှင့် စကြာဝဠာတစ်ခုလုံးကို ဖြတ်ကျော်နိုင်စွမ်းရှိသော ပုံရိပ်တစ်ခုပင်။

‎

‎

‎ထိုပုံရိပ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင်... ကြက်သွေးရောင် ရှေးဟောင်းခေါင်းတလားနှစ်လုံး လဲလျောင်းနေပြီး... သွေးပျက်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိနေ၏။

‎

‎

‎လူသားမျိုးနွယ်ဧကရာဇ် လျှို့ဝှက်နယ်မြေ ပေါ်ထွက်လာခြင်းပင်။

‎

‎

‎ယင်ယန်မိခင်သစ်ပင်နှစ်ပင်သည် တောက်ပနေပြီး... ကောင်းကင်ကို အုပ်မိုးထားသော ထီးကြီးတစ်လက်ကဲ့သို့... အဆုံးမဲ့ယင်ယန်တာအိုနိယာမများသည် အဆုံးမဲ့တိုက်ကြီးတစ်ခုလုံး၏ ကောင်းကင်အသွင်အပြင်ကိုပင်... ပြောင်းလဲသွားစေသည်။

‎

‎

‎" မင်းက ဘယ်သူလဲ "

‎

‎

‎ချန်ဧကရာဇ်သည် ယင်ယန်မိခင်သစ်ပင်အောက်တွင် ရပ်နေသော အစိမ်းရောင်ဝတ်ရုံနှင့် လူကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဟွမ်သွမ့်စွမ်းအားများ လည်ပတ်နေပြီး ထိုလူ မည်သူမည်ဝါဖြစ်ကြောင်းကို တွေးတောနေသည်။

‎

‎

‎" ငါ့နာမည်က ဖူရှီးပါ "

‎

‎

‎အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ဘေးနားရှိ ခေါင်းတလားကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎ဖူရှီး.....

‎

‎

‎ချန်ဧကရာဇ် အံ့အားသင့်သွား၏။ သူ ဤနာမည်ကို တစ်ခါမှ မကြားဖူးသလိုပင်။

‎

‎

‎" ဖူရှီး... အဲ့ဒါ ဟိုတုန်းက လူသားမျိုးနွယ်ဧကရာဇ်ရဲ့ နာမည် မဟုတ်လား "

‎

‎

‎အလယ်ပိုင်းဒေသနယ်မြေရှိ... ရှေးဟောင်းအရှင်သခင်တစ်ပါးသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့... အရှေ့ပိုင်းစွန့်ပစ်ဒေသ တာအိုနယ်မြေဆီသို့ လှမ်းကြည့်ကာ... အံ့သြတကြီး ရေရွတ်လိုက်သည်။

‎

‎

‎" လူသားမျိုးနွယ်ဧကရာဇ်လား "

‎

‎

‎ချန်ဧကရာဇ်၏ မျက်လုံးများထဲတွင်... အံ့သြမှုအရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း... လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားကာ... သူ၏အသံမှာလည်း အေးစက်စက်ပုံစံသို့ ပြန်ရောက်သွား၏။

‎

‎

‎" နောက်မှ ပေါ်လာတဲ့သူ တစ်ယောက်ပဲကိုး... ငါက အရေးကြီးတဲ့ပုဂ္ဂိုလ်များလားလို့ "

‎

‎

‎ချန်ဧကရာဇ်သည် ရှေးဟောင်းခေတ်ဦးကာလကတည်းက တာအိုအောင်မြင်ခဲ့သူဖြစ်သည်။ ရှေးဟောင်းတားမြစ်နယ်မြေများအတွင်း အိပ်စက်နေကြသော အရှင်သခင်များကြားတွင်ပင် သူသည် သက်တမ်းအရှည်ကြာဆုံး အုပ်စုဝင်ဖြစ်သည်။

‎

‎

‎ထိုစဉ်က သူ တာအိုအောင်မြင်ချိန်၌ လူသားမျိုးနွယ်သည် ထင်ရှားခြင်းမရှိသေးသလို လူသားမျိုးနွယ်ဧကရာဇ်လည်း မပေါ်ထွန်းသေးချေ။ ထို့ကြောင့် တစ်ဖက်လူ၏ နာမည်ကို မကြားဖူးသည်မှာ သဘာဝကျပေသည်။

‎

‎

‎သို့သော် နယ်မြေကြီးငါးခုမှ သက်ရှိများသည် ရှေးဟောင်းအရှင်သခင်ထံမှ "လူသားမျိုးနွယ်ဧကရာဇ်" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

‎

‎

‎ရေနစ်နေသူတစ်ဦးက ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲမိလိုက်သကဲ့သို့... သူတို့၏ မျှော်လင့်ချက်အပြည့်ပါသော အကြည့်များကို... အစိမ်းရောင်ဝတ်ရုံနှင့် ပုံရိပ်ထံသို့ ပို့လိုက်ကြသည်။

‎

‎

‎" လူသားမျိုးနွယ်ဧကရာဇ်... အဲ့ဒါ ငါတို့လူသားမျိုးနွယ်ရဲ့ ဘိုးဘေးပဲ "

‎

‎

‎" သူ့ရဲ့ သားစဉ်မြေးဆက်တွေ ဒုက္ခရောက်နေတာမြင်ပြီး လာကယ်တာလား "

‎

‎

‎" ဟားဟားဟား... ငါတို့လူသားမျိုးနွယ်ဘိုးဘေး ဆင်းသက်လာပြီ... ငါတို့ကို ကာကွယ်ပေးဖို့ လာတာ သေချာတယ်... ငါတို့ လွတ်မြောက်ပြီ "

‎

‎

‎မရေမတွက်နိုင်သော လူသားမျိုးနွယ်များသည် ဝမ်းသာမျက်ရည်ကျကာ ကယ်တင်ခံရပြီဟု ခံစားလိုက်ကြရသည်။

‎

‎

‎လူသားမျိုးနွယ်ဧကရာဇ်ဆိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သည်။

‎

‎

‎လူသားမျိုးနွယ်မှ မွေးဖွားလာသော ဧကရာဇ်အဆင့် ကျင့်ကြံသူများစွာကြားတွင်ပင် သူသည် အမြင့်မြတ်ဆုံးနှင့် အခန့်ညားဆုံး နေရာတွင် ရှိနေသည်။

‎

‎

‎ယခု လူသားမျိုးနွယ်ဧကရာဇ် ဆင်းသက်လာခြင်းသည် လူသားမျိုးနွယ်ကို ကာကွယ်ရန် မဟုတ်လျှင် အခြား ဘာဖြစ်နိုင်မည်နည်း။

‎

‎

‎" လူသားမျိုးနွယ်ကို ကာကွယ်မယ် ဟုတ်လား "

‎

‎

‎သက်ရှိအပေါင်း၏ အသံများသည် ချန်ဧကရာဇ်၏ နားထဲသို့ ရောက်ရှိသွား၏။ သူသည် ယင်ယန်တာအိုသစ်ပင်အောက်တွင် ရပ်နေသော ပုံရိပ်ကို ကြည့်ကာ... မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး... တစ်ဖက်လူ၏ အခြေအနေကို အကဲခတ်မိသွားသကဲ့သို့ ပြောလိုက်သည်။

‎

‎

‎" ဝိညာဉ်အကြွင်းအကျန်လေးတစ်ခုပဲကို... လူသားမျိုးနွယ်ကို ကာကွယ်နိုင်ပါ့မလား "

‎

‎

‎ယင်ယန်တာအိုသစ်ပင်အောက်တွင် ရပ်နေသော ပုံရိပ်သည်... အတိတ်က ကုချင်းရွဲ့နှင့် အခြားသူများကို ကောင်းချီးပေးခဲ့သော... လူသားမျိုးနွယ်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်ပင် ဖြစ်သည်။

‎

‎

‎ချန်ဧကရာဇ်၏ စွမ်းအားဖြင့်ဆိုလျှင် ဤအချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။

‎

‎

‎ဝိညာဉ်အကြွင်းအကျန် သက်သက်သာ ဖြစ်ပြီး... မူလခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့သည်မှာ ကြာလောက်ပြီဖြစ်သော သူအား... လူသားမျိုးနွယ်ကို ကာကွယ်မည်ဟု ပြောရဲသေးသည်လော။

‎

‎

‎တကယ့်ကို ရယ်စရာကောင်းလွန်းတယ်.....

‎

‎

‎ဝိညာဉ်အကြွင်းအကျန်တဲ့လား.....

‎

‎

‎နယ်မြေကြီးငါးခုမှ လူသားမျိုးနွယ်များသည် ချန်ဧကရာဇ်၏ အထင်သေးသော စကားများကို ကြားလိုက်ရသောအခါ မျက်နှာများ ဖြူဖျော့သွားကြ၏။

‎

‎

‎လူသားမျိုးနွယ်ဧကရာဇ်တောင်မှ သူတို့ကို မကယ်နိုင်တော့ဘူးလား။

‎

‎

‎" ဒီလိုအချိန်မျိုးမှာ ဒီနေရာကို ရှာတွေ့တာက ငါ့အတွက် ကံကောင်းမှုတစ်ခုလို့ ပြောလို့ရတာပဲ "

‎

‎

‎ချန်ဧကရာဇ်သည် ရှေးဟောင်းကျွန်းပေါ်ရှိ ယင်ယန်မိခင်သစ်ပင်များကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် နှစ်သက်သဘောကျမှုများ ပေါ်လာသည်။

‎

‎

‎နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော ရှေးဟောင်းအရှင်သခင်တစ်ပါးအနေဖြင့်... သူသည် အင်မော်တယ်မြင့်မြတ်ဆေးဝါးများကို စားသုံးခဲ့ဖူးသည်မှာ... သဘာဝကျပေသည်။ သာမန် အင်မော်တယ်မြင့်မြတ်ဆေးဝါးများသည်... သူ၏အသက်ကို ဆက်လက် မဆွဲဆန့်ပေးနိုင်တော့ပေ။

‎

‎

‎သို့သော် ဤရှေးဟောင်းကျွန်းပေါ်ရှိ ယင်ယန်မိခင်သစ်ပင်များထက်မှ သာမန် အင်မော်တယ်မြင့်မြတ်ဆေးဝါးများကို ကျော်လွန်သော အငွေ့အသက်ကို သူ အာရုံခံမိလိုက်သည်။

‎

‎

‎ဤမိခင်သစ်ပင်နှစ်ပင်ကို သန့်စင်စားသုံးလိုက်ပါက... အံ့ဖွယ်အာနိသင်များ ရရှိနိုင်ပြီး... သူ၏အခြေအနေကို ပိုမိုကောင်းမွန်အောင် ပြန်လည်ကုစားပေးနိုင်လိမ့်မည်။

‎

‎

‎အခြားသော တားမြစ်နယ်မြေမှ အရှင်သခင်များသည်လည်း ဤအချက်ကို သတိပြုမိကြပြီး ချန်ဧကရာဇ်အား မနာလိုသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

‎

‎

‎သို့သော် ထိုရှေးဟောင်းအရှင်သခင်များသည် အနည်းငယ် မနာလိုဖြစ်ရုံသာဖြစ်ပြီး ချန်ဧကရာဇ်၏ ကံကောင်းမှုကို လုယူရန် ဆန္ဒမရှိကြပေ။

‎

‎

‎သူတို့အတွက် ယခုအချိန်တွင် အကြီးမားဆုံး ကံကောင်းမှုမှာ... ကောင်းကင်ချောက်နက်ကို ဖောက်ထွက်ပြီး... အင်မော်တယ်အဆင့် တက်လှမ်းခြင်းသာ ဖြစ်သည်။ လူသားမျိုးနွယ်ဧကရာဇ်၏ လျှို့ဝှက်နယ်မြေသည်... ချန်ဧကရာဇ်၏ နယ်မြေတွင် ပေါ်ထွန်းလာခြင်းဖြစ်ရာ... ၎င်းသည် ချန်ဧကရာဇ်နှင့်သာ သက်ဆိုင်ပေသည်။ သူတို့သည် ပိုကြီးမားသော ရည်မှန်းချက်ကို မျက်ကွယ်မပြုလိုကြသလို... ကောင်းကင်ချောက်နက်သို့ ဝင်ရောက်ပြီး အင်မော်တယ်တက်လှမ်းမည့် အစီအစဉ်ကိုလည်း... မနှောင့်နှေးစေလိုကြပေ။

‎

‎

‎ချန်ဧကရာဇ်သည် အကြံတစ်ခုဖြင့်... ရှေးဟောင်းတာအိုနယ်မြေပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး... လူသားမျိုးနွယ်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်ကို လျစ်လျူရှုထားလိုက်သည်။ သူသည် ယင်ယန်မိခင်သစ်ပင်နှစ်ပင်ကို လက်ဖြင့် ပွတ်သပ်ရင်း... အနည်းငယ် ခေါင်းညိတ်ကာ " မဆိုးဘူး...တကယ့်ကို မြင့်မြတ်တဲ့အရာတွေပဲ... ငါ ပြန်လည်သက်သာလာဖို့အတွက် အများကြီး အသုံးဝင်လိမ့်မယ် " ဟု ရေရွတ်လိုက်သည်။

‎

‎

‎ဤယင်ယန်မိခင်သစ်ပင်နှစ်ပင်သည် သူ၏ပိုင်ဆိုင်မှု ဖြစ်သွားပြီဟု သတ်မှတ်ပြီးနောက်... ချန်ဧကရာဇ်၏ အကြည့်သည် လူသားမျိုးနွယ်ဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ ဘေးတွင် ရှိနေသော ခေါင်းတလားနှစ်လုံးဆီသို့ ရောက်သွားပြီး... မျက်လုံးထဲတွင် မေးခွန်းထုတ်လိုသည့် အရိပ်အယောင်များ ပေါ်လာ၏။

‎

‎

‎" မြှုပ်နှံဖို့အတွက် ခေါင်းတလား တစ်လုံးပဲ လိုတာလေ... ဒီမှာက နှစ်လုံးတောင် ရှိနေတယ်... ဒါက ဘာသဘောလဲ "

‎

‎

‎ချန်ဧကရာဇ်၏ အသံသည် အေးစက်နေပြီး... လူသားမျိုးနွယ်ဧကရာဇ် ဝိညာဉ်အကြွင်းအကျန်ကို မေးခွန်းထုတ်ကာ... အဖြေကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေသည်။

‎

‎

‎သို့သော် ချန်ဧကရာဇ်၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် လူသားမျိုးနွယ်ဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် မျက်လွှာချကာ တိတ်ဆိတ်နေလိုက်သည်။

‎

‎

‎" ဟွန့်... လူသားမျိုးနွယ်ဧကရာဇ် အသက်ရှင်နေရင်တောင် ငါ့အတွက်တော့ လူငယ်လေး တစ်ယောက်သာသာပဲ... မင်းက ဝိညာဉ်အကြွင်းအကျန်လေး ဖြစ်နေပြီးတော့ ငါ့ရှေ့မှာ မာန်တက်ရဲသေးတယ်ပေါ့ "

‎

‎

‎လူသားမျိုးနွယ်ဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ သဘောထားကြောင့် ချန်ဧကရာဇ်သည် မကျေမနပ် ဖြစ်သွားလေသည်။

‎

‎

‎" မင်း စကားမပြောချင်မှတော့ ငါ့ဘာသာ စစ်ဆေးရတာပေါ့ "

‎

‎

‎စကားဆုံးသည်နှင့် ချန်ဧကရာဇ်သည် ရှေ့သို့ လှမ်းသွားပြီး... ရှေးဟောင်းခေါင်းတလားတစ်လုံး၏ ဘေးသို့ ရောက်ရှိသွားသည်။ သူသည် ခေါင်းတလားကို ဖွင့်ရန်... လက်ကို မြှောက်လိုက်လေသည်။

‎

‎

‎" ဟူး..... "

‎

‎

‎ဤအချိန်တွင် လူသားမျိုးနွယ်ဧကရာဇ် ဝိညာဉ်အကြွင်းအကျန်သည် သက်ပြင်းတစ်ချက် ချလိုက်၏။

‎

‎

‎သူသည် ရှေးဟောင်းခေါင်းတလားကို ဖွင့်တော့မည့် ချန်ဧကရာဇ်ကို ကြည့်ကာ တည်ငြိမ်စွာ သတိပေးလိုက်၏။

‎

‎

‎" ဒီခေါင်းတလားကို ဖွင့်လိုက်တာက မင်းအတွက် ကောင်းတဲ့ကိစ္စ မဟုတ်လောက်ဘူး "

‎

‎

‎" ဟက်...! ဟန်ဆောင်နေတာပဲ... ခေါင်းတလားတစ်လုံးက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ "

‎

‎

‎လူသားမျိုးနွယ်ဧကရာဇ် ဝိညာဉ်အကြွင်းအကျန်၏ သတိပေးစကားကို ချန်ဧကရာဇ်သည် လုံးဝ လျစ်လျူရှုလိုက်၏။

‎

‎

‎သူက... အသက်ရှင်နေတဲ့ လူသားမျိုးနွယ်ဧကရာဇ်ကိုတောင် မကြောက်တာ... သေလူတစ်ယောက်ကို ကြောက်ရမှာလား။

‎

‎

‎ချန်ဧကရာဇ်သည် မထီမဲ့မြင်ပြုကာ ရှေးဟောင်းခေါင်းတလားကို လှမ်းကိုင်လိုက်၏။

‎

‎

‎" ကျွီ..... "

‎

‎

‎ကြီးလေးသော အသံတစ်သံ ထွက်ပေါ်လာသည်နှင့်အမျှ... အမြဲတစေ ပိတ်ထားခဲ့သော ခေါင်းတလားအဖုံးသည်... ချန်ဧကရာဇ်၏ တွန်းဖွင့်မှုကြောင့် ဖြည်းညင်းစွာ ပွင့်သွားပြီး... သူ၏ အကြည့်သည်လည်း ခေါင်းတလားထဲသို့ ရောက်ရှိသွား၏။

‎

‎

‎ခေါင်းတလားအဖုံး ပွင့်သွားသည်နှင့် အတွင်းမှ ဟွမ်သွမ့်ချီလှိုင်းများ လျှံထွက်လာလေသည်။

‎

‎

‎ချန်ဧကရာဇ်သည် ခေါင်းတလားအတွင်းသို့ စိုက်ကြည့်လိုက်၏။

‎

‎

‎ရုတ်တရက် ချန်ဧကရာဇ်၏ မျက်နှာပေါ်တွင် အံ့အားသင့်ခြင်းနှင့် တုန်လှုပ်ခြင်းများ ပေါ်လာခဲ့သည်။

‎

‎

‎" ဒါက..... "

‎

‎

‎သို့သော် သူ၏ စကားမဆုံးခင်မှာပင်... သွေးစွန်းနေသော လက်မောင်းတစ်ဖက်သည်... ခေါင်းတလားအတွင်းမှ ရုတ်တရက် ဆန့်ထွက်လာပြီး... လက်ချောင်းငါးချောင်းဖြင့် ချန်ဧကရာဇ်၏ ကိုယ်ခန္ဓာကို ကြမ်းတမ်းစွာ ဖမ်းဆုပ်ကာ... ခေါင်းတလားထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်လေတော့သည်။

‎

‎

‎သွေးစွန်းလက်မောင်းတွင် ဖော်ပြ၍မရနိုင်သော နတ်ဆိုးစွမ်းအားများ ပါဝင်နေပုံရသည်။ အစမှ အဆုံးထိ ချန်ဧကရာဇ်သည် အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခြင်း မရှိခဲ့ပေ။

‎

‎

‎" ဝုန်း...! "

‎

‎

‎နောက်ထပ် ကျယ်လောင်သော အသံတစ်သံနှင့်အတူ... သွေးစွန်းလက်မောင်းက ချန်ဧကရာဇ်အား ခေါင်းတလားထဲသို့ ဆွဲသွင်းပြီးနောက်... ပွင့်နေသော ခေါင်းတလားအဖုံးသည်လည်း လေမတိုက်ဘဲ... အလိုအလျောက် ရွေ့လျားကာ ပြန်ပိတ်သွားတော့သည်။

‎

‎

‎" ဒုန်း... ဒုန်း...! "

‎

‎

‎ရှေးဟောင်းခေါင်းတလားအတွင်းမှ တိုးညင်းသော အသံအုပ်အုပ်များ ထွက်ပေါ်လာ၏။

‎

‎

‎ထိုရှေးဟောင်းခေါင်းတလား အနည်းငယ် တုန်ခါနေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။

‎

‎

‎သို့သော် ထိုတုန်ခါမှုသည် အချိန်တိုလေးသာ ကြာမြင့်ပြီး ပြန်လည် ငြိမ်သက်သွား၏။

‎

‎

‎ထို့နောက် ပိုမိုသွေးပျက်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎လတ်ဆတ်သော သွေးနီရောင်များသည်... ခေါင်းတလား၏ အက်ကြောင်းများကြားမှ မရပ်မနား စိမ့်ထွက်လာပြီး... ခေါင်းတလားတစ်ခုလုံးကို စွန်းထင်းသွားစေခဲ့သည်။ ဆွဲဆောင်မှုရှိသလို... ကြောက်မက်ဖွယ်လည်း ကောင်းလှပေသည်။

All Chapters