← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 15 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 15 Ch. 199-200

‎အခန်း (၁၉၉) - ယွမ်ကျွင်း ပြန်ပေါ်လာခြင်း၊ ဖြေရှင်းမရနိုင်သော ပူးပေါင်းကြံစည်မှုနှင့် ကုချန်အတွက် ထောင်ချောက်ဆင်ခြင်း

‎

‎

‎

‎" ဒါ... သူ ဘယ်လိုဖြစ်နိုင်မှာလဲ "

‎

‎

‎ကုချင်းရွဲ့သည် မသိစိတ်ဖြင့်... တီးတိုးရေရွတ်လိုက်ရာ သူ၏အသံ၌... မယုံကြည်နိုင်မှုများ ပြည့်နှက်လျက်ရှိသည်။

‎

‎

‎ထိုအသံကို သူ အမှန်တကယ်ပင် ကြားဖူးခဲ့သည်။

‎

‎

‎၎င်းသည် ဧကရာဇ်မဟာမိတ်အဖွဲ့၏ မဟာဧကရာဇ်ဖြစ်သော ယွမ်ကျွင်းမဟာဧကရာဇ်၏ အသံ မဟုတ်ပါလော။

‎

‎

‎သိမ်မွေ့သော ရယ်သံတစ်ခု ပဲ့တင်ထပ်လာစဉ်... ကြီးမားသော အက်ကွဲကြောင်းနောက်မှ အရိပ်တစ်ခုသည် ပေါ်လာပြီး... အက်ကွဲကြောင်းကို ကျော်လွန်၍... အထက်ကောင်းကင်တားမြစ်နယ်မြေကို သက်သောင့်သက်သာ ရပ်လျက် ငုံ့ကြည့်နေသည်ကို... ဝိုးတဝါး တွေ့မြင်ရလေသည်။

‎

‎

‎လှုပ်ရှားမှု ပြုလုပ်ခဲ့သူမှာလည်း သူပင် ဖြစ်ပေသည်။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်ပင်တည်း။

‎

‎

‎ထိုပုံရိပ်ကို မြင်သောအခါ ကမ္ဘာလောကတစ်ခုလုံး ဆူပွက်သွားခဲ့သည်။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်လား။

‎

‎

‎ဤဧကရာဇ်မဟာမိတ်အဖွဲ့၏ ဧကရာဇ်သည် ထိုစဉ်က အဆုံးမဲ့ကမ္ဘာ၏ ပြင်ပ၌ ကောင်းကင်ဘုံအရှင်သခင်၏ အသတ်ခံခဲ့ရခြင်း မဟုတ်ပါလော။

‎

‎

‎ယခု အဘယ်ကြောင့် သူသည် တစ်ဖန်ပြန်လည် အသက်ဝင်၍ 'ရှင်သန်' လာရပြန်သနည်း။

‎

‎

‎ဤသည်မှာ လုံးဝ ယုတ္တိမတန်ပေ။

‎

‎

‎...

‎

‎

‎ကောင်းကင်တားမြစ်နယ်မြေ အတွင်း၌.....

‎

‎

‎ကုချန်သည် သက်သောင့်သက်သာ ရပ်လျက်... ကောင်းကင်ဘုံကိုးခု၏ နက်ရှိုင်းရာမှ ကျဆင်းလာသော... ဧရာမလက်ဝါးကြီးကို ကြည့်နေခဲ့သည်။ သူ၏ အကြည့်၌ မည်သည့် အံ့ဩမှုမျှ မရှိပေ။

‎

‎

‎ထိုစဉ်က ယွမ်ကျွင်း၏ သေဆုံးမှုသည် အလွန်ရိုးရှင်းပြီး ထူးခြားမှုမရှိခဲ့ခြင်းကြောင့်... ကုချန်သည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို... ဝိုးတဝါး ခံစားမိခဲ့သည်။ ယခု ယွမ်ကျွင်း ပြန်လည်ပေါ်ထွက်လာပြီး... အသက်ပြန်ရှင်လာခြင်းမှာ ကုချန်အတွက်... မျှော်မှန်းထားပြီးသည့် ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်လေသည်။

‎

‎

‎ထို့အပြင် အသက်ပြန်ရှင်လာသည့် ကိစ္စသည်... သာမန်သတ္တဝါများကို ကြောက်ရွံ့ထိတ်လန့်စေနိုင်သော်လည်း... ကုချန်အတွက်မူ အရေးအကြောင်း မရှိပေ။

‎

‎

‎ယွမ်ကျွင်းကို တစ်ကြိမ်သတ်နိုင်ခဲ့လျှင်... နှစ်ကြိမ်၊ သုံးကြိမ်လည်း သတ်နိုင်ပေသည်။

‎

‎

‎စွမ်းအားတွင် လုံးဝကွာဟမှုရှိနေသည့် သူ၏ရှေ့မှောက်၌... ယွမ်ကျွင်းသည် အမှန်တကယ် ပြန်လည်ရှင်သန်နိုင်စွမ်းရှိသည်ပင် ဖြစ်စေကာမူ... သူ၏ဆင်းရဲဒုက္ခကိုသာ တိုးစေလိမ့်မည် ဖြစ်၏။

‎

‎

‎ကုချန်၏ နတ်အသိစိတ်သည် မည်သည့်မြင်သာသော လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ အနည်းငယ် လှုပ်ရှားသွားသည်။

‎

‎

‎ဤကမ္ဘာလောက၏ အဆုံးမဲ့တာအိုနှင့် နိယာမများအားလုံးသည် ဟိန်းသံပေးကာ သူ၏ဆန္ဒအတိုင်း လှုပ်ရှားလျက် ကောင်းကင်တစ်ခွင်တွင် နိယာမနဂါးကြီးအဖြစ် ပြောင်းလဲသွား၏။ ချက်ချင်းဆိုသလို ကောင်းကင်ကို ဖုံးအုပ်ထားသည့် ဧရာမလက်ဝါးကြီးကို စုတ်ပြဲသွားစေကာ အဆုံးမဲ့ ကောင်းကင်ဘုံကိုးခု၏ နက်ရှိုင်းရာဆီသို့ ပျံသန်းသွားလေသည်။

‎

‎

‎" ငါကိုယ်တော်ဆီ ဆင်းလာခဲ့ "

‎

‎

‎ကုချန်သည် လျစ်လျူရှုဟန်ဖြင့် ပြောဆိုလိုက်သည်။

‎

‎

‎ကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမလက်ဝါး၏ ပိတ်ဆို့မှုကို ဖြတ်ကျော်ပြီးနောက်... ထိုနိယာမနဂါးကြီးသည်လည်း အလားတူပင် လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားကာ... ကောင်းကင်ဘုံကိုးခုကို ဖုံးလွှမ်းပြီး ကောင်းကင်ယံရှိ အက်ကွဲကြောင်းနောက်ရှိ... ယွမ်ကျွင်းမဟာဧကရာဇ်ကို ဆုပ်ကိုင်ဖမ်းယူလိုက်သည်။

‎

‎

‎ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ အဆုံးမဲ့တာအိုများ ခိုင်မာသွားသကဲ့သို့ ဖြစ်သွားသည်။

‎

‎

‎ကောင်းကင်ယံရှိ အက်ကွဲကြောင်းနောက်မှ ယွမ်ကျွင်းမဟာဧကရာဇ်သည်ပင်... ထိတ်လန့်တုန်လှုပ်နေပုံရပြီး သူ၏ခန္ဓာကိုယ်သည် တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ဘဲ... ဧရာမလက်ဝါးကြီးအတွင်း၌ အရှင်ဖမ်းခံလိုက်ရလေ၏။

‎

‎

‎" အာ... ဒီကောင်က အရေးပါတဲ့ တစ်ယောက်ယောက်လို့ ထင်ခဲ့တာ... အရူးတစ်ယောက်ပဲ ဖြစ်နေတာကိုး "

‎

‎

‎ကုချန်၏လက်ဝါးထဲတွင် အလွယ်တကူ ဖမ်းဆီးခံလိုက်ရသော ယွမ်ကျွင်းမဟာဧကရာဇ်ကို ကြည့်ရင်း... ကုမိသားစုရွာအဝင်ဝကို စောင့်ကြပ်နေသည့် နတ်မျောက်ဝံသည် မထီမဲ့မြင် ရယ်မောခြင်းကို... မထုတ်ဖော်ဘဲ မနေနိုင်တော့ပေ။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ် အထက်ကောင်းကင်တားမြစ်နယ်မြေကို တိုက်ခိုက်ခဲ့စဉ်က... ဤလူသားမျိုးနွယ်ဧကရာဇ်သည် တစ်စုံတစ်ရာ ထူးခြားသော နည်းလမ်းများ မဟုတ်လျှင်... ပုန်းကွယ်ထားသော စွမ်းအားများ ရှိကောင်းရှိမည်ဟု သူ ထင်ခဲ့မိသည်။

‎

‎

‎ယခုကြည့်ရသည်မှာ ဘာမျှမဟုတ်ပါချေ။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် မျက်နှာကိုပင် မပြခဲ့ချေ။ လက်ဝါးတစ်ချက်တည်းနှင့်ပင် သူသည် ခုခံနိုင်စွမ်းမရှိတော့ဘဲ တိုက်ရိုက် အဖမ်းခံလိုက်ရသည်။

‎

‎

‎" ဒီလောက် စွမ်းရည်လေးနဲ့ ကောင်းကင်ဘုံအရှင်သခင်ကို စိန်ခေါ်ရဲတယ်လား... အသက်ရှင်ရတာကို ငြီးငွေ့နေတာပဲ "

‎

‎

‎အနီးနားရှိ နောက်ထပ် တားမြစ်နယ်မြေဧကရာဇ်တပိုင်းတစ်ဦးကလည်း မထီမဲ့မြင် ပြောဆိုလိုက်သည်။ ဤလူသားမျိုးနွယ်မှ ယွမ်ကျွင်းမဟာဧကရာဇ်သည် ရူးသွပ်နေသည်ဟု သူ ခံစားရသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်ကို စိန်ခေါ်ရဲသည်... မင်းမှာ ထိုစွမ်းရည်ရှိသလော။

‎

‎

‎နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်သည် ကုချန်၏ တစ်ချက်ဖမ်းဆီးမှုဖြင့်... ယွမ်ကျွင်းမဟာဧကရာဇ် အဖမ်းခံရသည်ကို မြင်သောအခါ... အားလုံး တိတ်ဆိတ်သွားကြသည်။

‎

‎

‎အချို့သူများမှာ ဆက်လက်ကြည့်ရှုရန်ပင် မတတ်နိုင်ကြတော့ပေ။

‎

‎

‎ဤသည်မှာ လူသားမျိုးနွယ်၏ ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်လော။ သူသည် အလွန်ပင် အားနည်းလွန်း၏။ ကောင်းကင်ဘုံအရှင်သခင်၏ လက်တစ်ဖက်ကိုပင် မချေမှုန်းနိုင်ပေ။

‎

‎

‎...

‎

‎

‎ကမ္ဘာတစ်ဝန်းလုံး ဆူပွက်နေချိန်တွင် ကုချန်၏ မျက်ခုံးများသည် အနည်းငယ် ပင့်တက်သွားခဲ့၏။

‎

‎

‎အကြောင်းမှာ... ယွမ်ကျွင်းမဟာဧကရာဇ်ကို ဖမ်းဆီးလိုက်သောအခါ အခြားတစ်ဖက်သည်... သူ၏ ကိုယ်ပွားအစစ်အမှန်မဟုတ်ဘဲ စွမ်းအားများသာရှိသည့် 'ဗလာခွံ' တစ်ခုမျှသာ ဖြစ်နေကြောင်း... သူ တွေ့ရှိခဲ့ရသောကြောင့်ပင်။

‎

‎

‎" ဟားဟားဟား... ကောင်းကင်ဘုံအရှင်သခင်... ခင်ဗျား ထပ်ပြီးတော့ ထောင်ချောက်မိသွားပြီ "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် ဧရာမလက်ဝါးထဲတွင် အဖမ်းခံထားရသော်လည်း... သူ၏မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်မရှိ... ထိုအစား အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့ အဓိပ္ပာယ်ရှိစွာ ကြည့်ကာ.....

‎

‎

‎" ကုချန်... ခင်ဗျား လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးသောင်းက အမှန်တရားကို မသိချင်ဘူးလား... ခင်ဗျားသာ ငါကိုယ်တော်ကို ဖမ်းနိုင်မယ်ဆိုရင်... ငါကိုယ်တော်က အရာအားလုံးကို ပြောပြမှာ သေချာတယ်... ဟားဟားဟား "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်၏ အနည်းငယ် မောက်မာသော အသံဆုံးသည်နှင့် .. သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး... အပြင်ဘက်သို့ ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများ... အဆုံးမရှိ လျှံတက်သွား၏။

‎

‎

‎ကုချန်၏ အမူအရာ မပြောင်းလဲပေ။ သူသည် သူ၏လက်ဝါးကို အနည်းငယ်သာ ပိတ်လိုက်ပြီး... ကြယ်ပေါင်းများစွာကို ဖျက်ဆီးနိုင်လောက်သည့် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအားလုံးကို... သူ၏လက်ဝါးအတွင်း၌ပင် ချေဖျက်ပစ်လိုက်သည်။

‎

‎

‎" လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးသောင်းက အမှန်တရား..... "

‎

‎

‎ကုချန်သည် ယွမ်ကျွင်း ပေါ်ထွက်လာခဲ့သော အက်ကွဲကြောင်းဘက်သို့ ကြည့်လိုက်သည်။

‎

‎

‎ထိုအက်ကွဲကြောင်းသည် အလယ်ပိုင်းနယ်မြေ၌ ပေါ်ထွက်ခဲ့သော... ကောင်းကင်ချောက်နက်ကြီးနှင့် ဆင်တူနေပြီး... အဆုံးမရှိ နက်နဲဆန်းကြယ်ကာ... အင်မော်တယ်တာအိုဝိညာဉ် ချီလှိုင်းများ ထွက်ပေါ်နေခဲ့သည်။

‎

‎

‎ထိုတားမြစ်နယ်မြေအရှင်များ အသက်ရှင်နေသေးပါက... ဤမြင်ကွင်းကို မြင်သောအခါ... လုံးဝ ရှုပ်ထွေးသွားမည်မှာ သေချာသည်။

‎

‎

‎အလယ်ပိုင်းနယ်မြေအထက်မှ ကောင်းကင်ချောက်နက်ကြီးသည်... သူတို့၏ ခန့်မှန်းချက်အရ အင်မော်တယ်နယ်မြေသို့ ဦးတည်သည့်... လမ်းကြောင်းဖြစ်သည်။ ထိုသို့ဆိုလျှင်... အရှေ့ပိုင်းနယ်မြေအထက်၌ ယခုပေါ်လာသော အက်ကွဲကြောင်းသည်... မည်သည့်နေရာသို့ ဦးတည်နေသနည်း။

‎

‎

‎ဤဆိုရိုးစကားဖြစ်သော... အင်မော်တယ်တက်လှမ်းခြင်းသို့ ဦးတည်သည့် ကောင်းကင်ချောက်နက်လမ်းကြောင်းသည်... ယွမ်ကျွင်းမဟုတ်လျှင် သူ၏နောက်ကွယ်မှ စွမ်းအားနှင့် ဆက်စပ်မှု ရှိနေသည်လော။

‎

‎

‎ကုချန် စဉ်းစားခန်း ဖွင့်လိုက်၏။

‎

‎

‎ယွမ်ကျွင်း၏ ကောင်းကင်ချောက်နက် အက်ကွဲကြောင်းနှင့် ဆင်တူသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာအောင် ပြုလုပ်နိုင်စွမ်းသည် သက်သေတစ်ခု ဖြစ်နေသည်။

‎

‎

‎လူသားဧကရာဇ်၏ အင်မော်တယ်တက်လှမ်းခြင်းသည် လှည့်စားမှုသာ ဖြစ်သည်ဟူသော အတိတ်က သတိပေးစကားနှင့် ပေါင်းစပ်လိုက်လျှင်.....

‎

‎

‎လှည့်စားမှု... လှည့်စားမှု... လှည့်စားမှု ရှိခဲ့သည့်အတွက်... ထောင်ချောက်ဆင်သူ တစ်ဦးဦး ရှိရမည်သာ။

‎

‎

‎ဤသည်ကို... ယနေ့ ယွမ်ကျွင်း၏ လုပ်ရပ်များနှင့် ဆက်စပ်လိုက်သောအခါ... အချို့ကိစ္စများကို သက်သေပြနိုင်ပြီ ဖြစ်သည်။

‎

‎

‎လူသားဧကရာဇ်ပေတံ ကျိုးပဲ့သွားခြင်းနှင့်... လူသားဧကရာဇ် ကျဆုံးသွားခြင်းပင်လျှင်... ဤယွမ်ကျွင်း၏ နောက်ကွယ်မှ စွမ်းအားနှင့်... မကင်းနိုင်ဘဲ ဆက်စပ်နေပေလိမ့်မည်။

‎

‎

‎" လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးသောင်းက အမှန်တရားကို သုံးပြီး... ငါကိုယ်တော်ကို ထောင်ချောက်ထဲဝင်အောင်... ဆွဲဆောင်ချင်တာလား "

‎

‎

‎ကုချန်သည် ယွမ်ကျွင်း၏ရည်ရွယ်ချက်ကို မြင်နေပြီ ဖြစ်သည်။

‎

‎

‎ဤသည်မှာ ယွမ်ကျွင်း၏ သိသာသော အစီအမံပင်။

‎

‎

‎သူသည် တမင်တကာ ငါးစာချ၍... ကုချန်ကို ထောင်ချောက်ထဲသို့ ဆွဲဆောင်ချင်သည်။ အရာအားလုံးကို စားပွဲပေါ်တင်ပေးထားသော်လည်း.....

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက အမှန်တရားကို သိချင်သည်မဟုတ်လော။ သတ္တိရှိလျှင် လာရှာလှည့်ပါ။

‎

‎

‎" စိတ်ဝင်စားစရာတော့ နည်းနည်းကောင်းတယ် "

‎

‎

‎ကုချန်၏နှုတ်ခမ်းများသည် ရှားရှားပါးပါး ပြုံးလာ၏။

‎

‎

‎ထိုစဉ်က အဆုံးမဲ့ကမ္ဘာ၏ပြင်ပ၌... ယွမ်ကျွင်းသည် ကောင်းကင်အရှင်သခင်အဆင့် စွမ်းအားများ ပြည့်နှက်နေသော... သက်တမ်းရှည် အမိန့်တော်ကို ထုတ်လွှတ်ခဲ့သော်လည်း... သူသည် အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည်။

‎

‎

‎ထို့ကြောင့် သူသာ မမိုက်မဲပါက... တူညီသော နည်းလမ်းများသည် ကုချန်အပေါ်... မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်ကြောင်း... သိသင့်သည်။

‎

‎

‎ထို့ကြောင့် ယနေ့ သူ ပေါ်ထွက်လာပြီး... ကုချန်ကို ထောင်ချောက်ထဲသို့ တက်ကြွစွာ ဆွဲဆောင်ရဲသည်ဆိုခြင်းမှာ... ထိုကောင်းကင်ချောက်နက်ကြီး၏ နောက်ကွယ်တွင်... ကောင်းကင်အရှင်သခင်အဆင့် စွမ်းအားထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော... တစ်စုံတစ်ရာ ရှိနေကြောင်း သက်သေပြနေသည်။

‎

‎

‎ကောင်းကင်အရှင်သခင်အဆင့်ကို ကျော်လွန်နေတဲ့ စွမ်းအားလား။

‎

‎

‎ကုချန်၏ စိတ်ဝင်စားမှုမှာ အနည်းငယ် မြင့်တက်လာ၏။

‎

‎

‎ဧကရာဇ်အဆင့်သို့ စတင်ဝင်ရောက်လာသည့်အချိန်မှစ၍... သူသည် မည်သည့်သင့်လျော်သော ပြိုင်ဘက်ကိုမျှ... မတွေ့ဆုံခဲ့ရပေ။ အထူးသဖြင့် ဧကရာဇ်အဆင့်အထွတ်အထိပ်သို့ ဖောက်ထွင်းဝင်ရောက်ပြီး... ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ကုချန်အတွက် ပြိုင်ဘက်ရှာရန်... ပို၍ပင် မဖြစ်နိုင်တော့ပေ။

‎

‎

‎သူ၏မျက်လုံးများ၌ ကောင်းကင်အရှင်သခင်အဆင့်ဆိုသည်မှာ... ချီပင်လယ်အဆင့်ရှိ သေးငယ်သော ကျင့်ကြံသူတစ်ဦးနှင့် မခြားနားပေ။ လက်ဝါးတစ်ချက်တည်း၏ ကိစ္စသာ ဖြစ်၏။

‎

‎

‎ယခု ယွမ်ကျွင်းသည် ကုချန်အတွက် တမင်တကာ ထောင်ချောက်ဆင်နေ၏။ သူ မမိုက်မဲပါက... ကုချန်အတွက် ပြင်ဆင်ထားသော ထောင်ချောက်၌... ကောင်းကင်အရှင်သခင်အဆင့်ကို ကျော်လွန်သော စွမ်းအားရှိသူ ရှိရမည်သာ။

‎

‎

‎ကောင်းကင်အရှင်သခင်အဆင့်ကို ကျော်လွန်သော စွမ်းအားသည် ဧကရာဇ် သို့မဟုတ် အင်မော်တယ် ဖြစ်မည်လော။

‎

‎

‎ကုချန်သည် မျှော်လင့်ချက် အနည်းငယ်ဖြင့် စောင့်စားနေခဲ့သည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက အမှန်တရားကို သူ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရမည်သာ ဖြစ်သည်။ ကောင်းကင်ချောက်နက်ကြီး၏ နောက်ကွယ်တွင်... အဆုံးမဲ့ဓားကို ဆွဲဆောင်နေသော တစ်စုံတစ်ရာ ရှိနေခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ... ဤသည်မှာ ကုချန် အမှန်တကယ် သွားရောက်ရမည့် ဒုတိယအကြောင်းရင်း ဖြစ်လာခဲ့သည်။

‎

‎

‎သူ့အား ထောင်ချောက်ဆင်ရန် ကြံစည်သည်လော။

‎

‎

‎ဒီထောင်ချောက်က ငါကိုယ်တော်ကို... စိတ်ပျက်အားငယ်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်ရတာပဲ.....

‎

‎အခန်း (၂၀၀) - ရှောင်းယွဲ့၏ တောင်းဆိုမှု၊ စစ်တုရင်ခုံကို မှောက်လှန်ခြင်းနှင့် ယွမ်ကျွင်း ပြန်ပေါ်လာခြင်း

‎

‎

‎

‎" ရှေးဘိုးဘေး အဲဒီထဲကို ဝင်သွားမလား "

‎

‎

‎ကုချင်းရွဲ့သည် ကောင်းကင်ဘုံကိုးခုတွင် ဖြန့်ကျက်ထားသော ကြီးမားသည့် အက်ကွဲကြောင်းကို ကြည့်ကာ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်၏ အစီအစဉ်သည် အလွန်ထင်ရှားလွန်း၍... မည်သူ့ကိုမျှ လှည့်စားနိုင်မည် မဟုတ်ပေ။ သို့မဟုတ်... ထောင်ချောက်ဆင်၍မရနိုင်သော ပွင့်လင်းသည့် ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်ပြီး... ၎င်း၏ ရည်ရွယ်ချက်မှာ ကုချန်ကို ထိုထဲသို့ ဆွဲဆောင်ရန်သာ ဖြစ်မည်။

‎

‎

‎မဟုတ်ပါက... ယွမ်ကျွင်းမဟာဧကရာဇ်သည် ဤအရာအားလုံးကို လုပ်ဆောင်ရန်... လိုအပ်မည်မဟုတ်ပေ။ သူ၏ စွမ်းအားအချို့ကို အချည်းနှီး သုံးစွဲခြင်းမှလွဲ၍... အခြားမည်သည့် အကျိုးရှိမည်နည်း။

‎

‎

‎သူ မြင်နိုင်သည့်အရာကို ဘိုးဘေးသည် သူ့ထက်ပင် ပိုမိုရှင်းလင်းစွာ မြင်နိုင်လိမ့်မည်မှာ သေချာသည်။

‎

‎

‎ပြဿနာမှာ... ယွမ်ကျွင်းမဟာဧကရာဇ်၏ ပွင့်လင်းသော ပူးပေါင်းကြံစည်မှု ရှေ့မှောက်တွင်... ဘိုးဘေး မည်သို့ ရွေးချယ်မည်နည်းဟူသော... မေးခွန်းသာ ဖြစ်၏။

‎

‎

‎" မင်းရဲ့ ဘိုးဘေးအတွက် စိုးရိမ်စရာ မလိုပါဘူး "

‎

‎

‎ကောင်းကင်နတ်သမီးရှောင်းယွဲ့၏ တည်ငြိမ်သောအသံသည် လွင့်မျောလာ၏။

‎

‎

‎" ဧကရာဇ်တစ်ပါး ဧကရာဇ်ဖြစ်လာရတာက... အရာအားလုံးကို လွှမ်းခြုံနိုင်တဲ့ အမြင့်ဆုံးစွမ်းအားကို ပိုင်ဆိုင်ထားလို့ပဲ... ဘယ်ပရိယာယ်၊ ပူးပေါင်းကြံစည်မှု... ဘယ် စစ်တုရင်ကစားပွဲမျိုးကိုမှ ဂရုစိုက်စရာ မလိုဘူး... ဧကရာဇ်တစ်ပါးကို ထောင်ချောက်ဆင်ရဲတဲ့သူတွေအတွက်... ရလဒ်က တစ်ခုတည်းပဲ... စစ်တုရင်ခုံ မှောက်သွားပြီး ကြေကွဲဖွယ် သေဆုံးရခြင်းပဲ "

‎

‎

‎ကောင်းကင်နတ်သမီးရှောင်းယွဲ့၏ နားဝင်ချိုသောစကားများကို နားထောင်ရင်း ကုချင်းရွဲ့၏ နှလုံးသားမှာ အနည်းငယ် တည်ငြိမ်သွား၏။

‎

‎

‎ဟုတ်ပေသည်။ ဆရာသခင်ပင် ဘိုးဘေးကို ဤမျှ ယုံကြည်မှုရှိနေသည်ဆိုလျှင်... သူသည် အဘယ်ကြောင့် မလိုအပ်ဘဲ... စိုးရိမ်ပူပန်နေသင့်သနည်း။

‎

‎

‎" ဆရာသခင်... ဆရာသာ ယွမ်ကျွင်းကို လိုက်ဖမ်းနိုင်ခဲ့ရင်..... "

‎

‎

‎ကုချင်းရွဲ့သည် ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီး သူ့အား အမှတ်ရစေရန် အမြန်ပြောလိုက်သည်။

‎

‎

‎ကောင်းကင်နတ်သမီးရှောင်းယွဲ့သည် ထိုကောင်းကင်ချောက်နက်ကြီး၏ နောက်ကွယ်တွင်... သူ၏ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ပေးနိုင်မည့် အမြင့်ဆုံးရတနာတစ်ခု ဆွဲဆောင်နေကြောင်း... အရင်က ပြောခဲ့ဖူးသည်။

‎

‎

‎ကောင်းကင်နတ်သမီးရှောင်းယွဲ့သည် ဤအကြောင်းကို အရင်က သိရှိခဲ့သော်လည်း... သူ၏ လက်ရှိအခြေအနေအရ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ကာ... ထိုတားမြစ်နယ်မြေအရှင်များ နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်သောကြောင့်... မည်သည့်နည်းလမ်းမျှ မရှိခဲ့ပေ။

‎

‎

‎သို့သော် ယခုအခါ... ဘိုးဘေးသည် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပါက... ဆရာသခင် လိုအပ်သော အမြင့်ဆုံးရတနာကို ပြန်လည်ရယူပေးရန်... ဘိုးဘေးအား တောင်းဆိုနိုင်သည် မဟုတ်လော။

‎

‎

‎" ငါ့မှာ အဲဒီရည်ရွယ်ချက်တော့ ရှိပါတယ် "

‎

‎

‎ကောင်းကင်နတ်သမီးရှောင်းယွဲ့၏... ကြည်လင်ပြတ်သားပြီး အေးစက်သောအသံသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး... စိုးရိမ်ပူပန်မှုများ ပါလာ၏။

‎

‎

‎" မင်းရဲ့ ရှေးဟောင်းဘိုးဘေးက ငါ့ရဲ့တောင်းဆိုချက်ကို သဘောတူပါ့မလားဆိုတာပဲ မသိတာ "

‎

‎

‎ကုချန်သည် ယဲ့ယင်းယင်း၏အသက်ကို ကယ်တင်ခဲ့ပြီးနောက်... သူ့အား ကျေးဇူးကြွေးရှိသည်ဟု တစ်ချိန်က ပြောခဲ့ဖူးပြီး... နောင်တွင် တစ်စုံတစ်ရာ တောင်းဆိုလိုပါက... သူ့အား တောင်းဆိုရန် ပြောခဲ့ဖူးသည်။

‎

‎

‎သို့သော် ဤသည်မှာ သာမန်အချိန်မဟုတ်ပေ။ ကုချန်၏ လှုပ်ရှားမှုတိုင်းသည် ကိစ္စများစွာ ပါဝင်ပတ်သက်နေ၏။ ဤကုမိသားစုမဟာဧကရာဇ်သည် သူ၏ တောင်းဆိုချက်ကို သဘောတူပါ့မည်လော။

‎

‎

‎စိတ်ပူပန်သော်လည်း... ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ဤတစ်သက်တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးကို... လက်လွှတ်မည် မဟုတ်ပေ။

‎

‎

‎သူသည် သူ၏ပုံရိပ်ကို ထွက်ပေါ်စေပြီး ကုချန်ရှေ့သို့ သွားကာ တောင်းဆိုလိုက်သည်။

‎

‎

‎" ဒီကောင်းကင်ချောက်နက်ကြီးရဲ့ နောက်ကွယ်မှာ မင်းရဲ့ ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ပေးနိုင်မယ့် အမြင့်မြတ်ဆုံးရတနာ ရှိတယ်ပေါ့ "

‎

‎

‎ကောင်းကင်နတ်သမီးရှောင်းယွဲ့၏ စကားများကို ကြားပြီးနောက် ကုချန်သည် အနည်းငယ် အံ့အားသင့်သွား၏။

‎

‎

‎အဆုံးမဲ့ဓားသည်လည်း ဤကောင်းကင်ချောက်နက်ကြီး၏ နောက်ကွယ်မှ သူ လိုအပ်သည့် တစ်စုံတစ်ရာကို အာရုံခံမိခဲ့သည်။ ယခု ကောင်းကင်နတ်သမီးရှောင်းယွဲ့လည်း ထိုသို့ ခံစားမိနေသည်။ နှစ်ခုကြားတွင် ဆက်စပ်မှု ရှိပါသလော။

‎

‎

‎သို့သော် ခဏတာ စဉ်းစားပြီးနောက် ကုချန်သည် ဤအတွေးကို ဖယ်ရှားလိုက်၏။

‎

‎

‎ဤကောင်းကင်ချောက်နက်ကြီး၏ နက်ရှိုင်းရာတွင်... မည်သည့်အရာ ရှိနေပါစေ... သူ ဝင်ရောက်ကြည့်ရှုရန်သာ လိုအပ်သည်။ အရာအားလုံးသည် သဘာဝကျကျ ရှင်းလင်းလာလိမ့်မည်။

‎

‎

‎" အဲဒီလိုဆိုရင် မင်း ငါကိုယ်တော်နဲ့အတူ ကောင်းကင်ချောက်နက်ထဲကို ဝင်ရောက်နိုင်ပါတယ် "

‎

‎

‎ကုချန်သည် ကောင်းကင်နတ်သမီးရှောင်းယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

‎

‎

‎သူ အမှန်တကယ် လိုအပ်သောအရာကို ကောင်းကင်နတ်သမီးရှောင်းယွဲ့ ကိုယ်တိုင်သာ သိရှိလိမ့်မည်။ ထို့ကြောင့် ရှောင်းယွဲ့ကို သူ၏နောက်မှ ကောင်းကင်ချောက်နက်ထဲသို့ လိုက်ပါစေခြင်းဖြင့်... ရှောင်းယွဲ့ ရယူလိုသော ရတနာကို လက်လွတ်မသွားစေမည် ဖြစ်သည်။

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎ကုချန် ခေါင်းညိတ် သဘောတူလိုက်သည်ကို မြင်သောအခါ... ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး... သူ၏နတ်ဝိညာဉ်ကို အမြန် ပြန်သိမ်းကာ... သူ၏ သိုလှောင်လက်စွပ်ကို ကုချန်ရှေ့သို့ ရောက်ရှိစေလိုက်သည်။

‎

‎

‎ကုချန်သည် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး... ထိုသိုလှောင်လက်စွပ်ကို သူ၏ ဝတ်ရုံထောင့်နားရှိ... ချည်တစ်မျှင်နှင့် ပေါ့ပေါ့ပါးပါး ချိတ်ဆွဲလိုက်သည်။

‎

‎

‎ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်... သူသည် အထက်ကောင်းကင်ခန်းမဆောင်ကြီး ရှိရာဘက်သို့... သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီးနောက်... ခြေလှမ်းကို ပေါ့ပါးစွာ ရှေ့သို့ တိုးလိုက်ကာ... ကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားလေသည်။

‎

‎

‎...

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည်လည်း ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားပြီ။

‎

‎

‎ကုချန်၏ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားသော ပုံရိပ်ကို မြင်သောအခါ နယ်ပယ်ငါးခုမှ သက်ရှိသတ္တဝါများသည် အံ့အားသင့်စွာ မအော်ဟစ်ဘဲ မနေနိုင်ကြတော့ပေ။

‎

‎

‎အထူးသဖြင့် ရှေးဟောင်းတော်ဝင်မျိုးနွယ်စုများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

‎

‎

‎အကြောင်းမှာ... သူတို့၏ဘိုးဘေးများ ကောင်းကင်ချောက်နက်ကြီးထဲတွင် တိုက်ခိုက်နေကြသောကြောင့်ပင်။ ကောင်းကင်ဘုံအရှင်သခင်သည် အလွန်အမင်း စွမ်းအားကြီး၏။ သူသာ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်၍... အရှင်သခင်များ ပိုင်ဆိုင်သော အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို လုယူရန် ကြိုးပမ်းပါက... မလွဲမသွေ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာစေလိမ့်မည်။

‎

‎

‎" အင်မော်တယ်တက်လှမ်းဖို့အတွက်... စွမ်းအားရော အခွင့်အရေးရော နှစ်ခုစလုံး မရှိမဖြစ် လိုအပ်တယ်... ကောင်းကင်ဘုံအရှင်သခင်က စွမ်းအားကြီးပေမဲ့ အင်မော်တယ်တက်လှမ်းဖို့ အခွင့်အရေး ရှိချင်မှ ရှိလိမ့်မယ် "

‎

‎

‎ကုမိသားစုရွာရှေ့တွင် နတ်မျောက်ဝံဧကရာဇ်တပိုင်းသည် သူ၏ဦးခေါင်းကို ကုတ်ခြစ်လိုက်ကာ ပြောဆိုလိုက်သည်။

‎

‎

‎အခြားသော တားမြစ်နယ်မြေဧကရာဇ်တပိုင်းများသည် ဤစကားကို ကြားသောအခါ တိတ်ဆိတ်နေကြ၏။

‎

‎

‎ဤသည်က နတ်မျောက်ဝံဧကရာဇ်တပိုင်း သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းဖြစ်ကြောင်း သူတို့သိကြသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်ရဲ့ စွမ်းအားနဲ့... သူသာ အရှင်သခင်တွေရဲ့ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို လုယူချင်တယ်ဆိုရင်... ကျယ်ပြောတဲ့ ကောင်းကင်ယံမှာ ဘယ်သူက သူ့ကို ယှဉ်ပြိုင်နိုင်မှာလဲ။

‎

‎

‎စွမ်းအားများ တူညီသောအခါ အခွင့်အရေးသည် အရေးပါလာနိုင်သည်။

‎

‎

‎သို့သော် စွမ်းအားများ အလွန်အမင်း ကွာခြားသွားသောအခါ... မည်သည့်အခွင့်အရေး၊ မည်သည့် ကံကောင်းခြင်းမျှ... လုံးဝ အသုံးမဝင်တော့ပေ။

‎

‎

‎" ဒီလောက်အထိ အဆိုးမြင်စရာ မလိုပါဘူး... ငါ့အမြင်အရဆိုရင် ကောင်းကင်ဘုံအရှင်သခင်က အင်မော်တယ်တက်လှမ်းခြင်းကို... လုံးဝ စိတ်မဝင်စားတာ ဖြစ်နိုင်တယ် "

‎

‎

‎တားမြစ်နယ်မြေဧကရာဇ်တပိုင်းများ တိတ်ဆိတ်သွားချိန်တွင်... နတ်မျောက်ဝံသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ရကာ... လည်ချောင်းသံဖြင့် ပြောလိုက်သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်သာ အင်မော်တယ်တက်လှမ်းဖို့ တကယ်ဆန္ဒရှိရင်... ဘာလို့ အခုချိန်ထိ ကောင်းကင်ချောက်နက်ထဲကို ဝင်ရောက်ဖို့ စောင့်နေရမှာလဲ... ငါတို့အရှင်နဲ့ တခြားသူတွေက အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို အရင် လုယူသွားမှာ မကြောက်ဘူးလား.....

‎

‎ငါ့အမြင်အရ... ကောင်းကင်ဘုံအရှင်သခင်က အစက... ကောင်းကင်ချောက်နက်ထဲကို ဝင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး... ယွမ်ကျွင်းဆိုတဲ့လူ ပေါ်လာခဲ့လို့သာ... ကောင်းကင်ချောက်နက်ထဲကို ဆွဲဆောင်ခံလိုက်ရတာ ဖြစ်နိုင်တယ် "

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် အင်မော်တယ်တက်လှမ်းခြင်းကို စိတ်မဝင်စားဘူးလော။

‎

‎

‎နတ်မျောက်ဝံ၏ စကားများကို ကြားသောအခါ... အခြားသော တားမြစ်နယ်မြေဧကရာဇ်တပိုင်းများသည်... သူ့အား ငြင်းဆိုချင်စိတ် ပေါ်လာကြသည်။

‎

‎

‎သို့သော် ဂရုတစိုက် စဉ်းစားကြည့်သောအခါ ၎င်းသည် မှန်ကန်နေ၏။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သာ အင်မော်တယ်တက်လှမ်းလိုသည်ဆိုလျှင်... အဘယ်ကြောင့် သူသည် ကောင်းကင်ချောက်နက်ထဲသို့... စောစောကတည်းက မဝင်ရောက်ခဲ့သနည်း။ သူ၏ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို... လုယူခံရမည်ကို မကြောက်ဘူးလော။

‎

‎

‎ရှင်းပြချက်တစ်ခုတည်းသာ ရှိသည်... ဤကောင်းကင်ဘုံအရှင်သခင်သည် တားမြစ်နယ်မြေအရှင်များအားလုံး တောင့်တနေသော... အင်မော်တယ်တက်လှမ်းခြင်းကို လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်သည်။

‎

‎

‎ယွမ်ကျွင်းဆိုသောလူ မရှိခဲ့ပါက... ဤကောင်းကင်ဘုံအရှင်သခင်သည် အထက်ကောင်းကင်တားမြစ်နယ်မြေတွင်သာ ရှိနေခဲ့မည်ဖြစ်ပြီး... အပြင်သို့ လုံးဝ ထွက်လာမည် မဟုတ်ပေ။

‎

‎

‎" ဒါပေမယ့်... ဒါက အင်မော်တယ်တက်လှမ်းခြင်းလေ..... "

‎

‎

‎တားမြစ်နယ်မြေဧကရာဇ်တပိုင်းတစ်ဦးမှ တီးတိုးရေရွတ်လိုက်သည်။

‎

‎

‎ဤကမ္ဘာပေါ်တွင် အင်မော်တယ်တက်လှမ်းခြင်းကို စိတ်မဝင်စားသူ တစ်ဦးတည်း ရှိပါမည်လော။

‎

‎

‎" မဟုတ်ဘူး "

‎

‎

‎တားမြစ်နယ်မြေဧကရာဇ်တပိုင်းများ ငေးမောနေစဉ်... နတ်မျောက်ဝံသည် ရုတ်တရက်... တစ်စုံတစ်ရာကို အာရုံခံမိသွားဟန်ဖြင့် အော်ဟစ်လိုက်သည်။

‎

‎

‎" ကြည့်စမ်း "

‎

‎

‎အခြားသော တားမြစ်နယ်မြေဧကရာဇ်တပိုင်းများသည်လည်း... တစ်ချိန်တည်းလိုလို တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး... သူတို့၏ အကြည့်များကို အရှေ့ပိုင်းနယ်မြေ၏ ကောင်းကင်ယံဘက်သို့ ပို့လိုက်ကြသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင် ဝင်ရောက်သွားပြီးနောက်... ဒုတိယ ကောင်းကင်ချောက်နက် အက်ကွဲကြောင်းသည် ဖြည်းဖြည်းချင်း ပိတ်သွားခဲ့ပြီး... ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့သည့်အလား ဖြစ်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

‎

‎

‎ဒုတိယ ကောင်းကင်ချောက်နက် အက်ကွဲကြောင်း ပိတ်သွားသည်နှင့် တပြိုင်နက်... တတိယ ကောင်းကင်ချောက်နက် အက်ကွဲကြောင်းသည် အရှေ့ပိုင်းနယ်မြေ၏ ကောင်းကင်ယံတွင်... အမှန်တကယ် ပေါ်လာခဲ့သည်။

‎

‎

‎ထိုတတိယ ကောင်းကင်ချောက်နက် အက်ကွဲကြောင်း၏ နောက်ကွယ်တွင်မူ... တောင်ကြီးတစ်လုံးသဖွယ် ပုံရိပ်တစ်ခု ရှိနေပြီး... ကောင်းကင်ချောက်နက်ကို ကျော်လွန်၍... အထက်ကောင်းကင်တားမြစ်နယ်မြေကို အေးစက်စွာ ငုံ့ကြည့်နေ၏။

‎

‎

‎" ယွမ်ကျွင်း "

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ ကုချင်းရွဲ့နှင့် ကုမိသားစုဝင်များသည်... တတိယ ကောင်းကင်ချောက်နက် အက်ကွဲကြောင်း၏ နောက်ကွယ်တွင် ရပ်နေသော ပုံရိပ်ကို မြင်သောအခါ... အံ့အားသင့်စွာ မအော်ဟစ်ဘဲ မနေနိုင်ကြတော့ပေ။

‎

‎

‎ဤဇွတ်တရွတ်ဆန်သော ယွမ်ကျွင်းမဟာဧကရာဇ်သည် တစ်ဖန်ပြန်လည် ပေါ်လာပြန်၏။

‎

‎

‎ဖြစ်နိုင်ပါ့လား... သူရဲ့ပန်းတိုင်က ဘိုးဘေးကို မဟုတ်ဘဲ... အထက်ကောင်းကင်တားမြစ်နယ်မြေ ဖြစ်နေတာလား.....

‎

‎

‎ပြန်ပေါ်လာသော ယွမ်ကျွင်းမဟာဧကရာဇ်ကို ကြည့်ရင်း... ဤမယုံနိုင်စရာ အတွေးသည် ကုချင်းရွဲ့၏စိတ်ထဲသို့... ချက်ချင်း ရောက်လာခဲ့လေ၏။

All Chapters