← Chapters

ခင်ဗျား ပိုက်ဆံပေးရမယ်

Vol. 50 Ch. 747

ခင်ဗျား ပိုက်ဆံပေးရမယ်

Vol. 50 Ch. 747

အခန်း ၇၄၆ - ခင်ဗျား ပိုက်ဆံပေးရမယ်

"မောင်းပြန်မှာလား။ ဒီဟာကြီးက စက်နှိုးလို့ရလို့လား"

မုန့်ထျန်းဟယ်က ဤဧရာမပစ္စည်းကြီးကို ဟွာရှားသို့ မောင်းပြန်ရန် လုံးဝမစဉ်းစားဖူးပေ။

လက်ရှိအချိန်တွင် ဤအရာကြီးက ရေခဲပြင်အောက်ဘက်ရှိ မီတာပေါင်းထောင်ချီမှာ နစ်မြုပ်နေခြင်းအပြင် မောင်းနှင်ရန် စွမ်းအင်ရှိမရှိနှင့် စက်နှိုး၍ရမရဆိုသည်ကို အသာထားဦး။ ဤအရာကြီးမှာ မြေပြင်ပေါ်မှာ ရှိနေသည်ဆိုလျှင်ပင် ဤအာကာသယာဉ်ကို မောင်းနှင်နိုင်စွမ်းကား လူတိုင်းမှာမရှိပေ။

"ပြဿနာမရှိပါဘူး"

ကျန်းမုန့်လောင်က သဘာဝကျကျပြောလိုက်သည်။

"အဆင့်နှစ်လူမျိုးစုတွေက အာကာသယာဉ်တွေကို စကြဝဋ္ဌာထဲမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်အောင် လုပ်ထားတာ။ ဥက္ကာခဲတွေ ဂြိုလ်သိမ်ဂြိုလ်မွှားတွေနဲ့ တိုက်မိတာကိုတောင် ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာ။ တစ်ခုခုပျက်စီးသွားရင်တောင် ဆယ်ပုံကိုးပုံလောက်ကတော့ အတွင်းပိုင်းစနစ်တွေကို ထိခိုက်မှာမဟုတ်ဘူး"

"ပြီးတော့ အတွင်းထဲက စက်ရုပ်တွေ နိုးလာနိုင်တယ်ဆိုကတည်းက စွမ်းအင်နည်းနည်းတော့ ကျန်သေးတယ်ဆိုတဲ့သဘောပဲ။ ကုန်သွားလည်း ကိစ္စမရှိပါဘူး။ ဒီကောင်ကြီးက မြေအောက်အပူစွမ်းအင် ဒါမှမဟုတ် နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး သူတို့ဘာသာ ပြန်အားသွင်းနိုင်ကြတယ်။ အဲဒါကြောင့် ဘာပြဿနာမှရှိမှာမဟုတ်ဘူး"

"ဒီအာကာသယာဉ်ကို ခင်ဗျားတည်ဆောက်ထားတာလို့ ပြောရင်တောင် ယုံမိမှာပဲ"

မုန့်ထျန်းဟယ်က ရယ်လိုက်သည်။

"ခင်ဗျား ဒီထဲကို ပထမဆုံးအကြိမ်ရောက်ဖူးတာမလား။ အဲဒါတောင် ဟိုရုရှားတွေထက် ဒီအာကာသယာဉ်အကြောင်း ပိုနားလည်နေပါလား"

"အဆင့်နှစ်လူမျိုးစုရဲ့ပစ္စည်းဆိုတာ အခြေခံဗဟုသုတလောက်ပဲရှိတာ။ ကျွန်တော်တို့ကျောင်းမှာဆိုရင် ဒုတိယတန်းလောက်မှာတင် ဒါတွေကိုသင်လို့ရနေပြီ"

"ခင်ဗျားတို့ကျောင်းက ဘယ်လိုကျောင်းမျိုးလဲဆိုတာ တော်တော်သိချင်နေပြီ"သ

မုန့်ထျန်းဟယ်က ထိုကဲ့သို့သော ဗဟုသုတမျိုးကို သင်ကြားပေးနိုင်သည့် နေရာမျိုးကို တွေးပင်တွေးမကြည့်တတ်ပေ။

ကျန်းမုန့်လောင်က ကမ္ဘာနည်းပညာထက် အဆပေါင်းများစွာ သာလွန်သော လူမျိုးစုတစ်ခု၏ နည်းပညာကို ပိုင်ဆိုင်ထားသည်ဟု ဆိုလျှင်ပင် မအံ့ဩတော့ပေ။ သူသည် နိုဘယ်ဆုများကို အသာလေးရယူနိုင်ပြီး ကမ္ဘာ့ထိပ်တန်းပညာရှင်များကိုပင် စကားအနည်းငယ်ဖြင့် ထိုင်ရှိခိုးချင်သွားအောင် လုပ်နိုင်ခဲ့သည်မှာ အံ့ဩစရာတော့မဟုတ်ချေ။

သိပ္ပံပညာကို ယုံကြည်ဖို့လား။

သူတို့လို စိတ်စွမ်းအားရှင်များမှာ သိပ္ပံပညာနှင့် ရှင်းပြ၍မရနိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်၏။ သို့ဖြစ်လေရာ ယခုမှ သိပ္ပံပညာကို ယုံကြည်ရန် လာပြောနေလည်း အပိုပင်။

"ခင်ဗျား ဘာလုပ်နေတာလဲ"

ကျန်းမု့န်လောင်က ကွန်ပျူတာပေါ်တွင် ကုတ်များကို တဖြောင်းဖြောင်းရိုက်နေကြောင်း မုန့်ထျန်းဟယ် သတိထားမိသွားသည်။ ဖန်သားပြင်ထက်တွင် ကုတ်ဝင်းဒိုးလေးတစ်ခု၏ဘေးနားတွင် အနီရောင်အလုံးလေးက ဖြည်းဖြည်းချင်းလည်နေချေသည်။

"ဒါက ခင်ဗျားတီထွင်ထားတဲ့အေအိုင်လား"

"ဟုတ်တယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"အရာရာတိုင်းကို ကျွန်တော်ကိုယ်တိုင်လုပ်နေစရာမလိုပါဘူး။ ကျွန်တော် အခု ဒီအာကာသယာဉ်ရဲ့အမြင့်ဆုံးထိန်းချုပ်ခွင့်ကို ရထားပြီ။ ဒါက အလိုအလျောက်စနစ်နဲ့လုပ်ထားတာ။ ကျွန်တော့်ရဲ့အေအိုင်ကို ဒီအာကာသယာဉ်ရဲ့ထိန်းချုပ်ရေးစနစ်ထဲကို ထည့်လိုက်တာနဲ့ ဒီမှာရှိတဲ့အရာအားလုံးကို ထိန်းချုပ်လို့ရသွားပြီ"

"ဘယ်လောက်ကြာမှာလဲ"

မုန့်ထျန်းဟယ်၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ ကျန်းမုန့်လောင်သာ ထိန်းချုပ်ခွင့်ရသွားပြီဆိုလျှင် အာကာသယာဉ်က သူတို့အပိုင်ဖြစ်ပြီဟူသော သဘောပင်။

"ရပြီ"

အချက်အလက်များကို ဘာသာပြန်ပြီး ပြောင်းလဲလိုက်သည်နှင့် သတင်းအချက်အလက်များစွာက ကွန်ပျူတာပေါ်တွင် ပေါ်လာလေတော့သည်။

"ဒါက နယ်မြေချဲ့ထွင်ရေးနဲ့ စူးစမ်းရေးအာကာသယာဉ်ပဲ။ ဓာတုဗေဒနဲ့ အာကာသကွေးညွတ်မှုအင်ဂျင်တွေကို အသုံးပြုထားတယ်။ မှတ်တမ်းအရတော့ မတော်တဆမှုတစ်ခုကြောင့် ကမ္ဘာပေါ်ကို ပျက်ကျခဲ့ပုံပဲ။ အာကာသယာဉ်ရဲ့သိုလှောင်ရုံထဲမှာ ဆောက်လုပ်ရေးစက်ရုပ်တွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေအများကြီးရှိတယ်"

"ဝိုး.. ပစ္စည်းတွေက မနည်းမနောပါလား။ စုစုပေါင်းသိုလှောင်ရုံဆယ်ခုတောင်ရှိတာ။ အခုမြင်နေရတာက တစ်ခုပဲရှိသေးတယ်"

ကျန်းမုန့်လောင်၏မျက်ဝန်းများကား တောက်ပလင်းလက်သွားသည်။

"စာရင်းကို တစ်ချက်စစ်ကြည့်လိုက်ဦးမယ်"

"လက်နက်တွေ ရေဒီယိုသတ္တိကြွကာကွယ်ရေးဝတ်စုံတွေ၊ စက်ရုပ်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ…"

"ကျွန်တော်တို့ဝင်လာတဲ့နေရာကလွဲရင် ကျန်တဲ့နေရာတွေက အပျက်အစီးမရှိသလောက်ပဲ"

"မြေအောက်အပူစွမ်းအင်နဲ့ အားသွင်းတဲ့စနစ်ကို အသက်သွင်းလိုက်။ စွမ်းအင်သုံးစွဲမှုနှုန်းက မဆိုးဘူးပဲ။ နှစ်နာရီလောက် အားသွင်းလိုက်ရင် နျူကလီးယားဓာတ်ပေါင်းဖိုကို ပြန်အားသွင်းဖို့တောင် လုံလောက်နေပြီ။ အဆင့်နှစ်မျိုးနွယ်စုကလည်း သူ့အဆင့်နဲ့သူတော့ ရှိသားပဲ"

...

"ဒါ ငါတို့အရင်တွေ့တာနော်"

"ဟမ့်.. ငါတို့တွေက အကုန်အတူတူဝင်လာကြတာလေ။ အရင်တွေ့တဲ့လူက အပိုင်လို့ ဘယ်သူကသတ်မှတ်ထားလို့လဲ။ ငါတို့အရင်တွေ့တာလို့လည်း ပြောလို့ရတာပဲ"

"လူယုတ်မာတွေ.. မင်းတို့က အရင်လက်ပါချင်တာလား"

"မင်းတို့က ယုတ္တိမရှိတာတွေ အရင်လာပြောတာလေ"

ကျန်းမုန့်လောင်နှင့် မုန့်ထျန်းဟယ်တို့ စကားပြောနေချိန်မှာပင် အတွင်းဘက်က ဆူညံသံများ ထွက်ပေါ်လာသည်။

"ဘာတွေဖြစ်နေတာလဲ။ ငါ့နယ်မြေထဲမှာ ပြဿနာရှာနေတာလား"

ကျန်းမုန့်လောင်က သိုလှောင်ရုံထဲသို့ ဝင်သွားသောအခါ ရန်ဖြစ်နေသည့် အဖွဲ့နှစ်ဖွဲ့မှာ ချက်ချင်းငြိမ်ကျသွားသည်။

"ခင်ဗျားတို့ ရူးနေကြတာလား။ ပစ္စည်းလေးနည်းနည်းအတွက်နဲ့ ရန်ဖြစ်နေကြတာပေါ့။ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တဲ့စိတ်လေး နည်းနည်းတောင်မရှိကြဘူးလား။ ကျုပ်တို့နိုင်ငံက ရှေ့တန်းတင်ထားတဲ့ ငြိမ်ချမ်းရေးမူဝါဒတွေကို စိတ်ထဲမထည့်ကြဘူးလား"

"မစ္စတာကျန်း.. သူတို့က အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာ။ ကျွန်တော်တို့ ပစ္စည်းသယ်နေတဲ့အချိန်မှာ သူတို့က သူတို့အရင်တွေ့တာဆိုပြီး လာပြောနေတယ်"

"မင်းတို့တွေ သယ်နေပြီဆိုတာက ဘာသဘောလဲ။ ငါတို့လူတွေက အဲဒါကို တစ်ချိန်လုံးစောင့်ကြည့်နေတာ။ မင်းတို့ကမှ သက်သက်လာလုတာလေ။ အဓိပ္ပာယ်မရှိတာက မင်းတို့မှအစစ်"

"တော်ကြတော့.. တော်ကြတော့"

ကျန်းမုန့်လောင်က အော်လိုက်သည်။

"ဒီလိုငြင်းနေလို့လည်း ဘာမှဖြစ်မလာဘူး။ လူတိုင်းက ကိုယ်မှန်တယ်လို့ပဲ ထင်ကြတာ။ တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်"

"မုန့်လောင်.. ငါတို့ တစ်ခုခုတော့လုပ်မှဖြစ်မယ်။ လူတိုင်းက တန်ဖိုးအကြီးဆုံးပစ္စည်းတွေကိုပဲ ယူချင်ကြမှာဆိုတော့ မတော်တဆမှုတွေဖြစ်လာနိုင်တယ်"

"လွယ်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲဒီလိုဆိုရင် တစ်ဖွဲ့ချင်းစီ အလှည့်ကျဝင်ကြမယ်။ တစ်ခေါက်ကို နိုင်ငံတစ်နိုင်ငံက စိတ်စွမ်းအားရှင်တစ်ယောက်ပဲ ဝင်ရမယ်။ အဲဒီလိုဆိုရင် ရပြီမဟုတ်လား"

"ဒါပေမဲ့ ဘယ်သူက စောင့်ချင်မှာလဲ။ နောက်ဆုံးမှဝင်ရရင် ကောင်းတာတွေ အကုန်ပါသွားပြီပေါ့"

"အဲဒါဆိုလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ် ယှဉ်ကြလေ"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်သည်။

"ဘယ်သူက ပိုစွမ်းလဲ။ ပိုစွမ်းတဲ့လူက အရင်ဝင်ပေါ့"

"နောက်ဆုံးတော့လည်း တိုက်ခိုက်ရမှာပဲမဟုတ်လား"

"ဟားဟားဟား.. ငါက ရန်ပွဲကြည့်ရတာ ဝါသနာပါတယ်။ ရှေ့ဆုံးကကိုကြည့်မှာ"

"ပွဲကြီးပွဲကောင်းလာတော့မယ်ဆိုတာ ကြိုသိလို့ ခေါက်ကုလားထိုင်တောင် ယူလာခဲ့တယ်"

"ချကြဟေ့။ အခုချက်ချင်းချလိုက်ကြတော့"

ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများက ရန်ပွဲအကြောင်းကြားသည်နှင့် စိတ်လှုပ်ရှားသွားကြသည်။

"ဘာချမှာလဲ"

ကျန်းမုန့်လောင်က သူတို့အားလုံးကို တစ်ချက်ကြည့်လိုက်သည်။

"ငါ့အိပ်မက်က ဘာလဲဆိုတာသိလား။ ကမ္ဘာ့ငြိမ်းချမ်းရေးကွ"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

"ပေါက်ကရတွေပြောမနေနဲ့။ ငါက ဒီမှာ အမိန့်ပေးတဲ့လူဆိုတော့ ငါ့စည်းကမ်းအတိုင်းပဲ သွားမယ်"

ကျန်းမုန့်လောင်က စီးပွားရေးသမားတစ်ယောက်၏အပြုံးမျိုး ပြုံးလိုက်သည်။

"ခုနတုန်းက ဒေါ်လာတစ်ဆယ်ဘီလီယံဆိုတာက ဝင်ခွင့်လက်မှတ်အတွက်ပဲ ရှိသေးတယ်။ အခု သိုလှောင်ရုံထဲကို ဘယ်သူအရင်ဝင်ရမလဲဆိုတာ လေလံပွဲစမယ်"

"လေလံပွဲလား"

"ကျန်းမုန့်လောင် မင်း ငွေရူးရူးနေတာလား"

"ဘယ်သူ့ကိုမှ အတင်းမရောင်းဘူးနော်"

ကျန်းမုန့်လောင်က စွပ်စွဲခံနေရဟန်ဖြင့် ပြောလိုက်သည်။

"မကျေနပ်ရင် ငွေပြန်အမ်းပေးမယ်။ ဒါပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းပဲရမှာနော်။ ကျုပ်ဘကက် လုပ်အားခနဲ့ နည်းပညာကုန်ကျစရိတ်တွေရှိသေးတယ်"

"ဒေါ်လာနှစ်ဘီလီယံကုန်ရအောင် ဘာတွေများလုပ်ထားလို့လဲ"

"ဒီလူလိမ်ကောင်ကတော့.."

သူတို့ခမျာ ကျန်းမုန့်လောင်ကို အပိုင်းပိုင်းအစစဆွဲဖြဲပစ်ချင်ကြသော်လည်း ဤသည်မှာ ရန်မဖြစ်ဘဲ အေးအေးဆေးဆေးဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်ကြောင်းကိုမူ ဝန်ခံရမည်။

ငွေရှိသူက အရင်ဝင်ရမည်။

ရန်ဖြစ်ဖို့လည်း သတ္တိမရှိလေရာ ယခုအချိန်ကျမှ လက်ဗလာနှင့် ပြန်သွားလျှင်လည်း ဒေါ်လာနှစ်ဘီလီယံက အလကားဆုံးရှုံးမည်ဖြစ်သဖြင့် မည်သူကမှ အဆုံးရှုံးမခံနိုင်ပေ။

"ပစ်ချ.. အဲလေ သူတို့တွေကို အပြင်ထုတ်ခဲ့"

စက်ရုပ်နှစ်ဆယ်ကျော်က တစ်ပြိုင်တည်းလှုပ်ရှားလိုက်ပြီး စိတ်စွမ်းအားရှင်များကို သိုလှောင်ရုံအပြင်ဘက်သို့ အတင်းဆွဲထုတ်ကြသည်။ လူတိုင်းမှာ ဒေါသထွက်နေကြသော်ငြား ပြန်လည်းမပြောရဲကြပေ။

ကျန်းမုန့်လောင်က သူတို့ကို သက်သက်ငွေညှစ်နေခြင်းဖြစ်ကြောင်း သူတို့ သိပါသော်ငြား ဘာမှလည်း ပြန်မလုပ်နိုင်သဖြင့် အလွန်မွန်းကျပ်ရသည်။

"ကဲ ပထမဆုံးဝင်ခွင့်ရမဲ့နေရာအတွက် လေလံစပါပြီ။ ကြမ်းခင်းဈေးက ဒေါ်လာတစ်ဘီလီယံပါ။ အနည်းဆုံးတစ်ဘီလီယံစီ တိုးပေးရမှာပါ။ စကြရအောင်"

စက္ကန့်အနည်းငယ်မျှတိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ယောက်က ဈေးစခေါ်လိုက်သည်။

"ဒေါ်လာနှစ်ဘီလီယံ"

"ဒေါ်လာသုံးဘီလီယံ"

"ဒေါ်လာသုံးဘီလီယံ ပထမအကြိမ်"

.....

"ဒေါ်လာ၅၈ဘီလီယံ တတိယအကြိမ်…"

"အမေရိကန်နိုင်ငံက စိတ်စွမ်းအားရှင်မဟာမိတ်အဖွဲ့က ဒေါ်လာ၅၈ဘီလီယံနဲ့ ပထမဆုံးဝင်ခွင့်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်"

"ကဲ.. ဒုတိယအလှည့်အတွက် လေလံစပါ့မယ်"

...

"မြန်မြန်တွက်ကြည့်ကြစမ်း။ ဒီနေ့ ငါတို့ ဘယ်လောက်ရလိုက်လဲ"

"မန်ဘာကတ်ကတစ်ဆင့် ၃၇ဘီလီယံရလိုက်တယ်။ ကယ်ဆယ်ရေးခက ၁.၉ဘီလီယံ၊ ပြဒါးရှင်လုံးရောင်းတာက ၅၁ဘီလီယံ၊ လက်မှတ်ဖိုးက ၁၂ဘီလီယံ၊ လေလံကြေးက ၁၄၂ဘီလီယံ… စုစုပေါင်း ဒေါ်လာ၂၄၃.၉ဘီလီယံပါ"

"ဟားဟားဟား ချမ်းသာပြီဟေ့။ ချမ်းသာပြီ"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"ဒီည ငါ မင်းတို့တွေအားလုံးကို ဝမ်ယိအနှိပ်ခန်းမှာ လိုက်ပြုစုမယ်"

"ကျောင်းအုပ်ကြီး.. နည်းနည်းကပ်စေးနည်းလွန်းမနေဘူးလား။ ဝမ်ယိအနှိပ်ခန်းက ခင်ဗျားအပိုင်လေ။ အခုဆိုရင် နိုင်ငံခြားမှာလည်း ဆိုင်ခွဲတွေရှိနေတာပဲကို။ ဒါက ရက်ရောတယ်လို့မှပြောလို့မရတာ"

"အဲဒါဆိုရင်လည်း တစ်ယောက်ကို ပညာဆင်ဆုသန်းတစ်ရာစီ ထပ်ပေးမယ်ကွာ"

"ဒါမှ ငါ့သူရဲကောင်းကြီး"

"ပိုက်ဆံကြောင့် မဟုတ်ဘူးနော်။ ကျွန်တော်က ခြေထောက်အနှိပ်ခံရတာကို သဘောကျလို့"

"ကျောင်းအုပ်ကြီး ချစ်တယ်နော်"

*******************

All Chapters