← Chapters

တန်ကြေးလုံလောက်ရင် မင်း လိုက်မှာလား

Vol. 6 Ch. 52

တန်ကြေးလုံလောက်ရင် မင်း လိုက်မှာလား

Vol. 6 Ch. 52

“ငါကိုယ်တိုင်က ဂီတကို မြတ်နိုးတဲ့သူဆိုတော့ ကြားနိုင်တယ်။ ဒါက အိမ်နဲ့ မိသားစုကို ဆုံးရှုံးသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းမလား။ ဒါပေမဲ့ ပြောပြစရာက အများကြီး ကျန်သေးတယ်ထင်တယ်”

ချူဖုန်းက နောက်ထပ် လက်ဖက်ရည်တစ်ငုံ သောက်ရင်း ပြောလိုက်၏။

ဒင်။

ချင်းချင်းသည် ရင်ထဲက ဇာတ်လမ်းကို အမြင်ခံလိုက်ရသည့်အတွက် အာရုံလွတ်သွားပြီး ကြိုးကို မှားယွင်းစွာ တီးခတ်မိသွားသည်။ သူမ၏မျက်လုံးထဲတွင် သံသယနှင့်ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

သူမသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချူဖုန်းကို ဂရုတစိုက် စိုက်ကြည့်ရင်း တွေးလိုက်သည်။

‘လူငယ်လေးမှာ ကျင့်ကြံခြင်း မရှိတာ သိသာနေတယ်။ ဒါပေမဲ့ သူက ဂီတထဲမှာ ဝှက်ထားတဲ့ ပုံရိပ်တွေကို ဘယ်လို မြင်နိုင်တာလဲ။’

ချင်းချင်းက သူ့ကို ထပ်စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် ဘေးနားရှိ အစေခံမလေးဘက်သို့ လှည့်ပြီး ပြောလိုက်၏။ “ရှောင်လျန် သခင်လေးချူအတွက် ဝိုင်အသစ်တစ်အိုး ထပ်ယူလာခဲ့ပေးပါ”

“ဟုတ်ကဲ့ပါ”

ရှောင်လျန်သည် ပြန်ဖြေလိုက်ပြီး မကြာမီ ဝိုင်အိုးအသစ်တစ်လုံးနှင့် ပြန်ရောက်လာလေသည်။

ချူဖုန်းက တစ်ငုံ သောက်လိုက်သည်နှင့် ဇီသာသံ ပြန်လည် စတင်လာ၏။

သူက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ဂီတထဲမှ ဇာတ်လမ်းကို နားထောင်လိုက်သည်။

သူ၏စိတ်ထဲတွင် ပုံရိပ်များ နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ ဤတစ်ခါတော့ ယခင်ကထက် ပိုမို ရှင်းလင်းပြတ်သားနေပြီး သူကိုယ်တိုင် အထဲ သို့ ရောက်သွားသကဲ့သို့ပင်။

‘ဒါက ဇီသာအိပ်မက် နည်းစနစ်ပဲ’

ချူဖုန်းသည် ၎င်းက သောင်းပြောင်းပညာရပ်ဌာနမှ နည်းစနစ်တစ်ခုဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်၏။

အများကြီး စဉ်းစားမနေတော့ဘဲ သူသည် သူ့အာရုံတစ်ခုလုံးကို ထိုမြင်ကွင်းအပေါ်သို့ ထည့်ထားလိုက်သည်။

တူညီသော ည၊ တူညီသော သတ်ဖြတ်သံများ။

‘ဒီတစ်ခါတော့ နေရာက ပြောင်းလဲသွားပြီ။ ဂိုဏ်းတစ်ခုပဲ။ တိုက်ခိုက်သူတွေရဲ့ တစ်ဖက်မှာတော့ သူ အရင်က မြင်ခဲ့ဖူးတဲ့ အနက်ရောင် ဝတ်စုံနဲ့ လူတွေပဲ ဖြစ်နေတယ်’

တိုက်ပွဲ ရှုပ်ထွေးနေစဉ်အတွင်း သွေးအလိမ်းလိမ်း ဖြစ်နေသော မိန်းကလေးငယ်တစ်ဦးကို လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ကာကွယ်ပေးနေပြီး ဝိုင်းရံထားမှုကို ဖောက်ထွက်ရန် ကြိုးစားနေ၏။

သို့သော် လက်နှစ်ဖက်တည်းနှင့် လက်လေးဖက်ကို မကာကွယ်နိုင်ပေ။ ထိုအမျိုးသမီးက အလျင်အမြန်ပင် ယိုင်နဲ့လာတော့သည်။

သူမ မသေခင်မှာ မိန်းကလေးကို တယ်လီပို့အဆောင်တစ်ခု ပေးလိုက်ပြီး ထွက်ပြေးဖို့ တိုက်တွန်းလိုက်၏။

မိန်းကလေးက အံကိုကြိတ်ပြီး အဆောင်ကို သုံးကာ ထွက်ပြေးသွားခဲ့သည်။

ရက်အနည်းငယ် ကြာသောအခါ သူမ ဂိုဏ်းသို့ ပြန်လာခဲ့သော်လည်း အပျက်အစီးပုံကြီးသာ ကျန်ရစ်တော့သည်ကို တွေ့လိုက်ရ၏။

ထိုစဉ် ချူဖုန်းသည် သူမ၏မျက်နှာကို မြင်လိုက်ရသည့်အခါ ချင်းချင်း၏ မျက်နှာနှင့် ထပ်တူကျသွားသည်။ သူမသည် အပျက်အစီးများကြားတွင် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသတရားတို့ လောင်မ်ြိုင်လျက် ရပ်နေသည်။

ဂီတသံ ရပ်တန့်သွားပြီး မြင်ကွင်းက မှေးမှိန်သွား၏။

“သခင်လေး ဒီဇာတ်လမ်းရဲ့ ကျန်တဲ့အပိုင်းကို နားထောင်ချင်ပါသေးလား”

ချင်းချင်း၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။ ချူဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

သူ့၏အကြည့်ထဲတွင် စိတ်ဝင်စားမှုများ ကျန်ရစ်နေဆဲဖြစ်ပြီး ပြန်ဖြေလိုက်သည်။ “သေချာတာပေါ့၊ ပိုပြီး သိချင်လာပြီ၊ မင်းမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေလို့ အမြစ်ဖြတ်သတ်ဖြတ်မှု နှစ်ခုတောင် ကြုံခဲ့ရတာလဲ”

“သခင်လေး ဒီနောက်ဆုံး အပိုင်းကို နားထောင်မယ်ဆိုရင် ကျွန်မ သတိပေးပါရစေ၊ ဒါက သေစေနိုင်လောက်တဲ့ အကျိုးဆက်တွေ ဖြစ်လာစေနိုင်ပါတယ်”

ချင်းချင်း၏ လေသံထဲတွင် သတိပေးမှုတစ်ခု ပါဝင်နေသည်။ မျက်နှာဖုံးနောက်ကွယ်တွင် သူမ၏ အရောင်နှစ်မျိုးစပ် မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။ အကယ်၍ သူသာ ထူးဆန်းသော လှုပ်ရှားမှု တစ်ခုခု ပြုမူလိုက်သည်နှင့် သူမက တိုက်ခိုက်တော့မည် ဖြစ်သည်။

ချူဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။ “ဘာလဲ တစ်ယောက်ယောက်က ဝမ်တောက်ကျောင်းတော်ထဲမှာ လာပြီး ငါ့ကို သတ်မှာမို့လို့လား”

“ဒါဆို သခင်လေးက ဝမ်တောက်ကျောင်းတော်က တပည့်တစ်ယောက်ပေါ့၊မဆန်းပါဘူးလေ...”

ချင်းချင်း၏ စကားလုံးများတွင် အဓိပ္ပာယ်အမျိုးမျိုး ပါဝင်နေသည်။ သူမက ဆက်လက် နားထောင်ရဲသည့် သူ၏သတ္တိကို ရည်ညွှန်းသည်လား သို့မဟုတ် စောစောက သခင်လေးလင်းကို ဆန့်ကျင်ခဲ့သည်ကို ရည်ညွှန်းသည်လား မရှင်းလင်းပေ။

တင်း... တင်း... တင်း...

ဂီတသံ ပြန်လည် စတင်လာသည်နှင့် ချူဖုန်းသည် မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရသည်။

အနက်ရောင် ဝတ်စုံနှင့် လူအများအပြားသည် အမျိုးသမီးတစ်ဦးကို လိုက်လံ ဖမ်းဆီးနေကြ၏။

ထိုအမျိုးသမီးသည် ချင်းချင်း ဖြစ်သည်။

“ဘာလို့လဲ ဘာလို့ ငါ ဘယ်သွားသွား နင်တို့ ငါ့ကို မလွှတ်ပေးကြတာလဲ”

ထိုအခိုက်အတန့်မှာ ချင်းချင်းက ရူးသွပ်လုနီးပါး ဖြစ်နေသည့် သားရဲတစ်ကောင် ဖြစ်နေသည်။

သို့ပေမဲ့ သူမကို လိုက်ဖမ်းနေသည့် လူများက ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှု အရိပ်အယောင် လုံးဝ မပြကြပေ။

“ဘာလို့လဲဆိုတော့ မင်းလို နိမ့်ကျတဲ့ အဆင့်အတန်းရှိတဲ့သူတစ်ယောက်က မပိုင်ဆိုင်သင့်တဲ့ အရာတစ်ခုကို သယ်ဆောင်ထားလို့လေ”

ချင်းချင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ သိသိသာသာ တောင့်ခဲသွားသည်။ သူမ၏ကံဆိုးမိုးမှောင်ကျမှု အားလုံးက သူမအတွင်းက တစ်စုံတစ်ခုကြောင့် ဖြစ်မည်ဟု မထင်ထားခဲ့မိပေ။

“ရှင်တို့ ဘာလိုချင်တာလဲ”

အနက်ရောင်ဝတ် လူတစ်ယောက်က မထီမဲ့မြင် ပြုံးလိုက်သည်။ “မင်းက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲဆိုတော့ ပြောပြလိုက်မယ်။ ငါတို့ လိုချင်တာက မင်းရဲ့ မျက်လုံးတွေပဲ”

ချင်းချင်း၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား ပေါ်လာပြီး ဖြည်းညှင်းစွာဖြင့် သူမသည် မျက်လုံးစည်းကို ဖယ်ရှားလိုက်၏။

အလွန်အမင်း ဆွဲဆောင်မှုရှိသော အရောင်ကွဲ မျက်ဝန်းတစ်စုံသည် ချူဖုန်း၏ အမြင်အာရုံထဲသို့ ရောက်ရှိလာသည်။

“မွေးရာပါ သူငယ်အိမ်နှစ်ခု “

ချူဖုန်းက မသိစိတ်ဖြင့် ထိုစကားလုံး လေးလုံးကို ရေရွတ်လိုက်မိပြီး ဂီတဈာန်ဝင်စားမှုမှ ရုန်းထွက်လိုက်လေသည်။

ချင်းချင်း၏ ဇီသာသံလည်း တိတ်ဆိတ်သွားသည်။ သူမက ချူဖုန်းကို တုန်လှုပ်စွာ စိုက်ကြည့်နေမိ၏။

သူမ၏ ဇီသာအိပ်မက် နည်းစနစ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသည်မှာ ကြာ‌ပေပြီ။ သူမထက် အဆင့်ကြီးတစ်ခု သာလွန်သော ကျင့်ကြံသူများကိုတောင် အိပ်မက်စိတ်ကူးယဉ်မှုထဲ နှစ်မြှုပ်သွားစေနိုင်စွမ်း ရှိသည်။

သို့ပေမည့် ထိုလူက လွယ်လွယ်ကူကူပဲ နိုးထလာခဲ့ပြီး အိပ်မက်ထဲက အရာအားလုံးကို မှတ်မိနေသည်။ သို့ဖြစ်၍ သူ့၏ ကျင့်ကြံခြင်းက အဆင့်ကြီးတစ်ခုထက် ပိုသာလွန်နေသည်မှာ ထင်ရှားလှသည်။

ထိုလူ၏ ရှေ့မှာ သူမ၏ ရုပ်ဖျက်ထားမှု အားလုံးက လုံးဝ အသုံးမဝင်သလို ခံစားလိုက်ရသည်။

“မှန်ပါတယ်၊ ကျွန်မက အရောင်ကွဲ မျက်လုံးတွေနဲ့ မွေးဖွားလာခဲ့တာ၊ မွေးကတည်းက နိမိတ်ဆိုးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာ”

“မိဘတွေရဲ့ ဂရုစိုက်မှုသာ မရှိခဲ့ရင် ကျွန်မ အသက်ရှင်ကြီးပြင်းလာနိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ကျွန်မ ၁၂ နှစ် ပြည့်တဲ့အချိန်မှာ အားလုံး ပြောင်းလဲသွားခဲ့တယ်”

ချူဖုန်းက မေးလိုက်သည်။ “အဲဒီနောက် မင်း ဂိုဏ်းတစ်ခုကို ဝင်ခဲ့ပြီး အဲဒီမှာ ဇီသာအိပ်မက် နည်းစနစ်ကို သင်ယူခဲ့တာလား”

“ဟုတ်ပါတယ် ကျွန်မက သူငယ်အိမ်နှစ်ခုနဲ့ မွေးဖွားလာခဲ့ပေမဲ့ နေရာသေးသေးလေးမှာ ကြီးပြင်းလာခဲ့ရတာပါ၊ ဘယ်သူမှ ကျွန်မရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်မပေးနိုင်ခဲ့ဘူး။ ဂိုဏ်းတစ်ခုကို ဝင်ပြီးတာတောင်မှ ကျွန်မက တိမ်ကောနေတဲ့ နည်းစနစ်တချို့ပဲ သင်ယူခဲ့ရတာ”

“ဇီသာအိပ်မက် နည်းစနစ်က စမ်းသပ်မှုတစ်ခုအတွင်း ကျွန်မ မတော်တဆ တွေ့ရှိခဲ့တာပါ”

ချင်းချင်းက တည်ငြိမ်အေးဆေးစွာ ပြောပြလေသည်။

ချူဖုန်းက ဆက်မေးသည်။ “ဒါဆို အခု မင်းရဲ့ မျက်လုံးတွေက နိုးထလာပြီလို့ ဆိုလိုတာလား”

ချင်းချင်း ခေါင်းယမ်းလိုက်သည်။”အပြည့်အဝ မဟုတ်ပါဘူး။ အနက်ရောင်ဝတ် လူတွေရဲ့ ခြုံခိုတိုက်ခိုက်ခံရတုန်းက တစ်ကြိမ်ကလွဲရင်ပေါ့၊ အဲဒီတုန်းက အသက်လုနေရတဲ့ အချိန်မှာ ကျွန်မ မျက်လုံးရဲ့ စွမ်းအားကို အလိုအလျောက် သုံးလိုက်မိတာ”

“ဒါပေမဲ့ အဲဒီတိုက်ပွဲက ကျွန်မရဲ့ မျက်လုံးတွေကို ထိခိုက်စေခဲ့တယ်၊ အဲဒီနောက်ပိုင်း ကျွန်မ အသုံးပြုလို့ မရတော့ဘူး”

“ဪ သိပြီ”

ချူဖုန်း ရေရွတ်လိုက်ပြီး မေးလိုက်သည်။ “မင်း မွှေးရနံ့စင်မြင့်ကနေ ကြိုက်တဲ့အချိန် ထွက်သွားလို့ရတယ်လို့ ရှောင်လွီဆီက ကြားခဲ့တယ်၊ အဲဒါ အမှန်ပဲလား”

ချင်းချင်းက ခေါင်းအသာ ညိတ်လိုက်သည်။ “ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ လောလောဆယ် မွှေးရနံ့စင်မြင့်ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိပါဘူး”

ချူဖုန်း ပြုံးလိုက်သည်။ “ဒါဆို တန်ကြေးသာ လုံလောက်ရင် လိုက်မှာလား”

ချင်းချင်းသည် အနည်းငယ် ကြောင်သွားပုံရသည်။ သူမ မွှေးရနံ့စင်မြင့်မှာ ချိုသာသည့် စကားလုံးပေါင်းများစွာ ကြားဖူးခဲ့ပြီး လူတော်တော်များများက သူမကို ငွေကြေးနှင့် မြှူဆွယ်ဖို့ ကြိုးစားခဲ့ကြဖူးသည်။

သို့ပေမဲ့ သခင်လေးချူလို ပွင့်ပွင့်လင်းလင်း ပြောသည့် သူမျိုးကတော့ ပထမဆုံးအကြိမ်ပင်။ “သခင်လေးရဲ့ လေသံကို ထောက်ရင် ကျွန်မကို ခေါ်ထုတ်သွားဖို့ ရည်ရွယ်ထားတာလား”

“ပြောစမ်းပါ မင်း ဘာလိုချင်လဲ”

ချူဖုန်းက လက်ထဲမှ ဝိုင်ခွက်ကို လှည့်ကစားရင်း ပြောလိုက်သည်။

ဤကောင်မလေးက သူ့ကို စိတ်ဝင်စားသွားစေသည်။ သူငယ်အိမ်နှစ်ခု မျက်လုံးနှင့် မွေးဖွားလာပြီး ၎င်း၏စွမ်းအားကို မတော်တဆ အသက်သွင်းဖူးသည်။

သို့ပေမဲ့ ပိုအရေးကြီးသည်မှာ သူမက ကံကြမ္မာ၏သမီးတော်ပင်။

သူမ၏ မျိုးနွယ်စုနှင့် ဂိုဏ်း ဖျက်ဆီးခံရပြီးတာတောင် သူမက အသက်ရှင်ကျန်ရစ်ခဲ့သေးသည်။

‘ဒီလို ကံကောင်းခြင်းမျိုးကို သူ အရင်က တစ်ယောက်တည်းဆီမှာပဲ မြင်ဖူးတယ်’

‘အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက ဝမ်တောက်ကျောင်းတော်ကို တစ်နေ့ ဖျက်ဆီးလာမလား ဆိုတာနဲ့ ပတ်သက်ရင်တော့ နည်းနည်းလေးမှ စိတ်မပူဘူး။’

‘တကယ်လို့ သူတို့သာ ဝမ်တောက်ကျောင်းတော်မှာ ပြဿနာ ရှာရဲရင် ဝမ်တောက်မြို့ကနေ ချင်းချင်းကို ဖမ်းခေါ်သွားပြီးလောက်ပြီ။’

‘သူမကို ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆက်ရှာခွင့် ပေးထားမှာ မဟုတ်ဘူး။’

တွန့်ဆုတ်မနေဘဲ ချင်းချင်းက ပြန်ဖြေလိုက်သည်။ “ကျွန်မရဲ့ မျက်လုံးတွေကို ကုသပေးနိုင်မဲ့ စိတ်ဝိညာဉ်ဆေးဝါး လိုချင်ပါတယ်၊ ရှင် အဲဒီဆေးဝါး ပေးနိုင်မယ်ဆိုရင် ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်”

“ဒါပဲလား”

ချူဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူက တပည့်အဖြစ် လက်ခံဖို့ အများကြီး ပြင်ဆင်ထားခဲ့သော်လည်း သူမက ဆေးဝါးတစ်ခုသာ လိုချင်နေသည်။

ချင်းချင်းက တည်ငြိမ်စွာ ပြောသည်။ “ရှင် သိသင့်ပါတယ်၊ ကျွန်မရဲ့ အခြေအနေက မွေးရာပါ သူငယ်အိမ်နှစ်ခုပါတဲ့ မျက်ဝန်းပဲ၊ သာမန် စိတ်ဝိညာဉ်ဆေးဝါးတွေနဲ့ ကုလို့မရနိုင်ဘူး၊ မြင့်မြတ်အဆင့် ဆေးပင်တောင် လိုအပ်ကောင်း လိုအပ်နိုင်တယ်”

“ဒါပေမဲ့ ရှင့်ရဲ့ ကျင့်ကြံခြင်းကို ကြည့်ရင် ရှင်က အနည်းဆုံးတော့ ဝမ်တောက်ကျောင်းတော်ရဲ့ အတွင်းစည်းတပည့် ဖြစ်ရမယ်၊ အဓိကတပည့်တောင် ဖြစ်နိုင်သေးတယ်၊ ကျွန်မ ရှင့်ကို ဒီအခွင့်အရေး ပေးနိုင်ပါတယ်”

“ကံဆိုးစွာနဲ့ပဲ ငါက ဝမ်တောက်ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး”

ချူဖုန်းက ထိုသို့ပြောပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒါပေမဲ့ မြင့်မြတ်ဆေးဝါးလား အဲဒါက ငါ့အတွက် ပြဿနာ မဟုတ်ပါဘူး”

ချင်းချင်းက ဆင်းရဲဒုက္ခများစွာ ဖြတ်သန်းခဲ့ရသူပင်။ သူမက မည်သည့်ယောကျ်ားကိုမှ လွယ်လွယ် ယုံမှာ မဟုတ်ပင်။

“ကျွန်မက နုံအတဲ့ ကောင်မလေး မဟုတ်ဘူး။ သခင်လေး ကျွန်မ ရှင့်ကို ယုံစေချင်ရင် ရှင့်ရဲ့ အင်အားကို သက်သေပြပါ”

“ရိုးရှင်းပါတယ်”

ချူဖုန်းသည် သိုလှောင်အိတ်ထဲမှ သူ့၏သက်သေခံတံဆိပ်ပြားကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး စားပွဲပေါ် တင်လိုက်သည်။

“ဒါဆိုရင် ငါ့ရဲ့ အင်အားအတွက် သက်သေပြဖို့ လုံလောက်ပြီလား”

All Chapters