← Chapters

ဌာနမှူးချူ... ခင်ဗျားက အပျော်မယ်တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တာလား

Vol. 6 Ch. 54

ဌာနမှူးချူ... ခင်ဗျားက အပျော်မယ်တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တာလား

Vol. 6 Ch. 54

ဝမ်တောက်ကျောင်းတော်မှ အဖွဲ့ဝင်များသည် ချူဖုန်းက သူတို့ကို ပြုံးပြနေသည်ကို မြင်သောအခါ သူတို့၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြသည်။

လင်းဇီထုံသည် အလွန်အမင်း အထင်သေးသည့်ပုံစံ ပေါက်နေပြီး သူ၏ ကိုယ်ဟန်သည် မာန်မာနတို့ဖြင့် ပြည့်နှက်နေ၏။ အကယ်၍ အကြီးအကဲချီသာ နေရာမှာ မရှိခဲ့လျှင် သူသည် လှောင်ပြောင်သရော်နေမိပေမည်။

‘ဒီသခင်လေးက မင်းကို သင်ခန်းစာ ပေးဖို့ စောင့်နေတာ။ မင်းကိုယ်တိုင် ငါ့ဆီကို တည့်တည့်တိုးဝင်လာမယ်လို့တော့ မထင်ထားဘူး’

သူ၏ဘေးနားက ခွန်စန်းတောက်၏ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာတစ်ခု ပေါ်လာ၏။

‘ဒီလူက ညီလေးလင်း ရိုက်တာ ခံချင်နေတာလား။ ဘာလို့ ကိုယ့်ဟာကိုယ် ရှေ့ထွက်လာတာလဲ’

ချူဖုန်းဘေးတွင် ရပ်နေသော ချင်းချင်းပင်လျှင် သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

‘သခင်လေးချူက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ’

ဝမ်တောက်ကျောင်းတော်မှ အဖွဲ့ဝင်များသာလျှင် လက်ပူးလက်ကြပ်မိသွားသည့် သူခိုးများကဲ့သို့ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပုံရ၏။

အကြီးအကဲချီ၏ အနေရခက်မှုသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ အပြုံးတစ်ခုနှင့်အတူ သူက ပြောလိုက်လေ၏။ “ဌာနမှူးချူ... ကျွန်တော်တို့ ဥပဒေပညာရပ်ဌာနအတွက် တပည့်တစ်ယောက်ကို ကြိုပြီး ရှာဖွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဌာနမှူးဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့်။

လင်းဇီထုံ၏ မျက်နှာအမူအရာသည် တောင့်တင်းသွားသည်။ သူ၏မျက်လုံးထဲရှိ အထင်သေးမှုများသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး၊ ထိတ်လန့်ကြောက်ရွံ့မှုက အစားထိုး ဝင်ရောက်လာသည်။

‘ဒီလူက တကယ်ပဲ ဌာနမှူးလား’

‘မဖြစ်နိုင်တာ’

ခွန်စန်းတောက်၏ မျက်နှာထားသည်လည်း ဖတ်ရခက်သော ပုံစံဖြင့် တွန့်လိမ်သွားပြီး ရင်ထဲတွင် ခံစားချက်ပေါင်းစုံက ရှုပ်ထွေးလာသည်။

ချင်းချင်းသည် ချူဖုန်း၏ အထောက်အထားကို တံဆိပ်တုံးမှတစ်ဆင့် သိပြီးသား ဖြစ်သော်လည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်အထိ မှင်တက်နေဆဲပင်။

ချူဖုန်း၏ မျက်လုံးထဲတွင် နားမလည်နိုင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ “ကျွန်တော်က ဘယ်တုန်းက ခင်ဗျားတို့ကို တပည့်ရှာပေးလိုက်မိလို့လဲ”

မသိချင်ယောင်ဆောင်နေခြင်းပင်။ ဌာနမှူးချူက မသိဟန်ဆောင်နေခြင်းပင်။

ထိုသို့ တွေးလိုက်ပြီး အကြီးအကဲချီ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးတက်သွားသည်။ “ဌာနမှူးချူ... မနေ့က ခင်ဗျား ခွန်စန်းတောက်နဲ့ လင်းဇီထုံတို့ရဲ့ ပွဲကို လာကြည့်တဲ့ သတင်းက ဝမ်တောက်ကျောင်းတော်မှာ ပျံ့နေပြီးသား။ ခင်ဗျားက လင်းဇီထုံကို သဘောကျတယ်ဆိုတာ လူတိုင်း သိကြပါတယ်”

လင်းဇီထုံ - o((⊙﹏⊙))o(ဆွံ့အ)

ခွန်စန်းတောက် - Σ(⊙▽⊙ (ကြောင်‌အ)

ချင်းချင်း - (´・ω・) (နားမလည်ဖြစ်)

ချူဖုန်းက အရူး မဟုတ်ပေ။ ထို့ကြောင့် ၎င်းစကားကို ကြားလိုက်ရသည့်အခါ ချက်ချင်း နားလည်သွားသည်။

‘ ငါက လင်းဇီထုံရဲ့ ရုပ်ရည်ကို ချီးကျူးလိုက်မိရုံကို မြေခွေးအိုကြီးတွေက သူ့ကို ဝင်လုကြတာပေါ့’

‘ဒါပေမဲ့ ဒီလိုလည်း ကောင်းပါတယ်လေ။အခုဆိုရင် ဘယ်သူမှ သူ့တပည့်ကို မျက်စိကျတော့မှာ မဟုတ်ဘူး’

“ကြည့်ရတာ ဌာနမှူးချူရဲ့ ဂုဏ်သတင်းက ကျော်ကြားပြီးသား ဖြစ်ပုံရတယ်”

“အမှန်ပါပဲ”

အကြီးအကဲချီသည် အလွန်တရာ စိတ်အခြေအနေ ကောင်းမွန်နေ၏။ သူသည် ချူဖုန်းဘေးမှ ချင်းချင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်တို့က မိန်းမလှလေးနဲ့အတူ အေးအေးလူလူ လျှောက်လည်နေတဲ့ ဌာနမှူးချူကို မနှောင့်ယှက်တော့ပါဘူး။ သွားခွင့်ပြုပါဦး”

“ဂရုစိုက်ကြပါ”

ချူဖုန်းက တောက်ပသော အပြုံးဖြင့် ပြန်ဖြေလိုက်ပြီး သူ၏အကြည့်ထဲတွင် နှမြောတသဖြစ်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

အကြီးအကဲချီသည် အခြားသူများကို မျက်လုံးဖြင့် အချက်ပြလိုက်ပြီး၊ လင်းဇီထုံကို ခေါ်ကာ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားကြလေသည်။

ခွန်စန်းတောက် တစ်ယောက်သာ နေရာတွင် ကြောင်အလျက် ကျန်ရစ်ခဲ့၏။ သူက မသိစိတ်ဖြင့် ချူဖုန်းကို လှမ်းကြည့်လိုက်မိသည်။

လင်းဇီထုံကို ခေါ်သွားပြီဖြစ်သည့်အတွက် ဌာနမှူးက သူ့ကို တပည့်အဖြစ် လက်ခံဖို့ အခွင့်အရေး ရှိနိုင်သေးသည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့်လင်းဇီထုံက ပါရမီအရာ၌ တူပေသည်။

ထိုအတွေးဖြင့် ခွန်စန်းတောက်သည် တွန့်ဆုတ်မနေတော့ပေ။ သူက ဒူးထောက်ချလိုက်၏။

ဘုန်း။ ဘုန်း။

သူနှင့် ချင်းချင်းတို့သည် တစ်ချိန်တည်းလိုလို ဒူးထောက်လိုက်ကြပြီး၊ နှစ်ဦးစလုံးက ပြိုင်တူ ပြောလိုက်ကြ၏။ “စီနီယာ... တပည့်အဖြစ် လက်ခံပေးပါ”

စကားသံ ဆုံးသည်နှင့်၊ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် မသိစိတ်ဖြင့် ကြည့်လိုက်မိကြသည်။

ဤမြင်ကွင်းကို ဖြတ်သွားဖြတ်လာများက ရှင်းလင်းစွာ မြင်တွေ့နေရ၏။

စောစောက လင်းဇီထုံကို ဝမ်တောက်ကျောင်းတော်က ခေါ်ယူသွားခြင်းသည် အတင်းအဖျင်းသတင်းကြီးတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ယခုအခါ ခွန်စန်းတောက်နှင့် မိန်းမပျိုတစ်ဦးတို့ အတူတကွ ဒူးထောက်ပြီး ဌာနမှူးတစ်ဦး၏ တပည့်ဖြစ်ရန် တောင်းဆိုနေကြသည်။ လူများသည် သူ ဘယ်သူ့ကို လက်ခံမလဲ ဆိုသည်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။

ချူဖုန်းသည် ဦးစွာ ခွန်စန်းတောက်ကို ကြည့်ပြီး ပြောလိုက်၏။ “စန်းတောက်... မင်းနဲ့ ငါနဲ့က ရေစက်မပါဘူး။ တခြား ရေစက်ပါတဲ့ ဆရာတစ်ပါးကို သွားရှာပါ”

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် မသိစိတ်ဖြင့် လေအေးတစ်ချက် ရှူသွင်းလိုက်မိကြသည်။

‘ဌာနမှူးက ခွန်စန်းတောက်ကို တကယ်ပဲ ငြင်းပယ်လိုက်တာလား။’

စကားပြောပြီးနောက် ချူဖုန်းသည် ချင်းချင်းကို အပြုံးဖြင့် ထူမပေးလိုက်ပြီး ပြောသည်။ “ဒီနေ့ကစပြီး၊ မင်းက ငါ့ရဲ့ တပည့်ဖြစ်သွားပြီ”

“ဒင် ဂုဏ်ယူပါတယ် လက်ခံသူ။ တပည့်သစ်တစ်ဦး လက်ခံလိုက်ပါပြီ။ ကျင့်ကြံခြင်း(၁၀)နှစ်စာကို ဆုလာဘ်အဖြစ်ရရှိပါတယ်”

ချင်းချင်းသည် စိတ်လှုပ်ရှားသွား၏။ “ကျေးဇူးတင်ပါတယ် ဆရာ”

ခွန်စန်းတောက်သည် သူ၏ရှေ့က မြင်ကွင်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဘာလို့လဲ။ စီနီယာ... ဘာလို့ သူ့ကို ရွေးရတာလဲ။ သူက မွှေးရနံ့စင်မြင့်က အပျော်မယ်လေး တစ်ယောက်ပဲလေ။ ကျွန်တော်က သူ့ထက် ဘယ်နေရာညံ့လို့လဲ”

ဘေးနားရှိ ကြည့်ရှုသူများသည် အပျော်မယ် ဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ အားလုံး အံ့သြသွားကြသည်။

‘ဌာနမှူးက ရူးသွားပြီလား။’

‘ခွန်စန်းတောက်နဲ့ အပျော်မယ်ယဉ်တာကို သူက အပျော်မယ်ကို ရွေးလိုက်တယ်တဲ့လား။’

ထိုစကားကို ကြားသောအခါ ချင်းချင်းသည် ချူဖုန်းကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်၊။ သူမ၏ဆရာ ဘာပြောမလဲဆိုတာ သိချင်နေပုံရ၏။

ချူဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် မြင့်တက်သွားလေသည်။ “ငါ ချူဖုန်းက... မင်းလိုလူကို ဘာကိစ္စ ရှင်းပြနေရမှာလဲ”

ထိုသို့ပြောပြီးနောက် သူသည် ချင်းချင်းနှင့်အတူ ထွက်ခွာသွားသည်။

ခွန်စန်းတောက်သည် ဒူးထောက်လျက်သားပင် ဆွံ့အကျန်ရစ်ခဲ့ပြီး၊ ထွက်ခွာသွားသော သူတို့နှစ်ဦး၏ ကျောပြင်ကို စိုက်ကြည့်ရင်း သတိမဝင်နိုင် ဖြစ်နေရှာ၏။

ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း မှင်တက်နေကြသည်။

သူတို့သည် ဝမ်တောက်မြို့တွင် နှစ်ပေါင်းများစွာ အတင်းအဖျင်း ပြောလာခဲ့ကြသည်ဟု ဂုဏ်ယူခဲ့ကြသော်လည်း ဤမျှလောက်ကြီးမားသည့် သတင်းမျိုး တစ်ခါမှ မကြားဖူးခဲ့ကြပေ။

အကယ်၍ တစ်ယောက်ယောက်က ဝမ်တောက်ကျောင်းတော်၏ ဌာနမှူးတစ်ဦးသည် ခွန်စန်းတောက်အစား ချင်းချင်းကို ရွေးချယ်ခဲ့သည်ဟု ပြောလာခဲ့လျှင် သူတို့က ထိုသူ၏ ခေါင်းကို အားနာမနေဘဲ ထုချမှာဖြစ်သည်။

သို့သော် ယခု၊ ထိုအရာက တကယ် ဖြစ်ပျက်ခဲ့ပြီ ဖြစ်သည်။ သူတို့မျက်စိရှေ့မှောက်တွင်ပင် ဖြစ်သည်။

‘ကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာလဲ’

ချူဖုန်းသည် ချင်းချင်းနှင့်အတူ မွှေးရနံ့စင်မြင့်သို့ ပြန်သွားပြီး လုပ်ထုံးလုပ်နည်းများကို အမြန် ဆောင်ရွက်လိုက်သည်။

ချင်းချင်းသည် သူမ၏ ပစ္စည်းများကို သိမ်းဆည်းပြီး ချူဖုန်းနောက်လိုက်ကာ ဝမ်တောက်ကျောင်းတော်သို့ သွား၏။

ကျောင်းတော်သို့ ရောက်သည်နှင့်၊ ကျောင်းသားများ အော်ဟစ်ပြောဆိုနေသံများကို ကြားလိုက်ရလေသည်။

“ကြားပြီးပြီလား။ ဌာနမှူးချူက မွှေးရနံ့စင်မြင့်က အပျော်မယ်တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တယ်တဲ့”

“မဖြစ်နိုင်တာ၊ မဟုတ်လောက်ပါဘူးကွာ”

“ဌာနမှူးချူရဲ့ သောင်းပြောင်းပညာရပ်ဌာနမှာ တပည့်နည်းနည်းလေးပဲ ရှိပေမဲ့၊ အဲဒီထဲက တစ်ယောက်ချင်းစီတိုင်းက မဝင်ခင်ကတည်းက နာမည်ကြီးပြီးသား ပုဂ္ဂိုလ်တွေချည်းပဲ”

“ချောင်ရို့ချန်က နာမည်ဆိုး ရှိခဲ့ပေမဲ့၊ အပြင်စည်းမှာ နာမည်အကြီးဆုံး လူတွေထဲက တစ်ယောက် ဖြစ်ခဲ့သေးတယ်။ ပြီးတော့ ရှောင်ချန်း၊ သူက ဓားပညာဌာနရဲ့ အပြင်စည်း ထိပ်တန်း ဓားသမား ဖြစ်ခဲ့တာ”

“သူတို့နှစ်ယောက်စလုံးက နာမည်ကျော်တွေပဲ။ ဒါပေမဲ့ အခု ဌာနမှူးချူက အပျော်မယ်တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တယ်တဲ့လား။ တကယ့်ကို အံ့ဩစရာပဲ”

ချင်းချင်းသည် သူမ၏ပတ်ဝန်းကျင်မှ တီးတိုးပြောသံများ အားလုံးကို ကြားနေရပြီး သိသိသာသာ နေရခက်နေပုံ ရ၏။

သူမ၏ ဆရာ မည်သို့ တုံ့ပြန်မည်ကို သိချင်သဖြင့် မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

သူမ အံ့ဩသွားရသည်မှာ သူသည် စကားတစ်လုံးမျှ မကြားရသကဲ့သို့ ပြုမူနေခြင်းပင်။ မျက်နှာထားသည် တည်ငြိမ်နေပြီး အနှောင့်အယှက် မဖြစ်သည့်အလားပင်။

“ဆရာ... ကျွန်မ ဆရာ့ကို အရှက်ခွဲမိပြီလား” သူမက တိုးညှင်းစွာ မေးလိုက်၏။

“သေချာပေါက် ကွဲတာပေါ့” ချူဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

“ရှင်”

ချင်းချင်းက ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရှာသည်။

သို့သော် ချူဖုန်း၏ နှုတ်ခမ်းသည် အပြုံးငယ်တစ်ခုအဖြစ် ကွေးညွတ်သွားသည်။ “ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး။ အခု အရေးကြီးတာက အရှက်တရားကို ဘယ်လို အဖတ်ပြန်ဆယ်ရမလဲ ဆိုတာပါပဲ”

“ငါပြောတာကို မှတ်ထားပါ။ ဂုဏ်သိက္ခာဆိုတာ သူများပေးလို့ ရတာ မဟုတ်ဘူး။ အင်အားနဲ့ ရှာယူရတာ”

ချင်းချင်းသည် ခဏတာ ကြောင်အသွားပြီးနောက်၊ ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ “ဆရာ... ကျွန်မ ဆရာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

သူမ၏ အရှိန်အဝါ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်သောအခါ၊ ချူဖုန်း၏ အပြုံးသည် ပိုမို နက်ရှိုင်းသွား၏။

‘ကြည့်ရတာ ဒီတပည့်မလေးကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးဖို့ တော်တော် လွယ်ပုံရတယ်။ ဒါပေမဲ့ သေချာတာက‌တော့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး။’

မကြာမီ သူတို့နှစ်ဦး ကျောင်းသားမှတ်တမ်းခန်းမသို့ ရောက်ရှိလာကြသည်။ ချူဖုန်းသည် ချင်းချင်း၏ ကျောင်းအပ်နှံခြင်း စာရွက်စာတမ်းများကို ပြီးစီးအောင် ဆောင်ရွက်လိုက်သည်။ ထိုအချိန်မှာ အကြီးအကဲချီတို့အဖွဲ့နှင့် မတော်တဆ တွေ့သွားသည်။

လာရာလမ်းတစ်လျှောက်တွင်၊ ချူဖုန်းက ချင်းချင်းကို တပည့်အဖြစ် လက်ခံလိုက်သည့် သတင်းကို သူတို့ ကြားပြီးသားဖြစ်သည်။

အကြီးအကဲချီက ရယ်မောလိုက်ပြီး ပြောလေ၏။ “ဌာနမှူးချူ... ခင်ဗျားက ဟို ခွန်စန်းတောက်ကို ရွေးလိမ့်မယ်လို့ ထင်ခဲ့တာ။ အဲဒီအစား အပျော်မယ်တစ်ယောက်ကို ရွေးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”

“ကျွန်တော်က ဇီထုံကို တပည့်အဖြစ် လက်ခံဖို့ ခင်ဗျားထက် ဦးသွားရင်တောင်မှ၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကြီး အရှုံးပေးလိုက်စရာ မလိုပါဘူးဗျာ”

ထိုစကားများ ထွက်ကျလာသည်နှင့် လူတိုင်းသည် လေထုထဲတွင် အတင်းအဖျင်း ရနံ့ကို ရလိုက်ကြသည်။

All Chapters