← Chapters

ပိုင်ယွီဓားသူတော်စင်

Vol. 15 Ch. 143

ပိုင်ယွီဓားသူတော်စင်

Vol. 15 Ch. 143

"အင်း"

ပိုင်ယွီဓားသူတော်စင်၏အမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်နေဆဲပင်။

"ကြွပါ"

ယင်းရွှယ်အာသည် သူ့ကိုလမ်းပြတပည့်တစ်ဦးထံ လွှဲပြောင်းပေးလိုက်၏။ ယခုမူ လော့ယွမ်က သူမကို ပြန်လည်လှောင်ပြောင်ရန် အလှည့်ရောက်လာပြီဖြစ်သည်။

"ဒါ မင်းဖိတ်ထားတဲ့သူလား"

ယင်းရွှယ်အာက မျက်နှာငယ်လေးဖြင့်

"ဟုတ်တယ်လေ... ကျွန်မ ရှေးဟောင်းရန်မင်းဆက်က ရွာငယ်လေးတွေကို ဖြတ်သွားတုန်းက ဓားသူတော်စင်ဆိုတဲ့ဘွဲ့ကို ကြားခဲ့တာ။ သူတော်စင်အဆင့်ပညာရှင်တစ်ယောက် ရောက်လာရင် ဂိုဏ်းချုပ်ဝမ်းသာမှာပဲလို့တွေးပြီး သတ္တိမွေးပြီးဖိတ်ခဲ့တာပေါ့။ အဲဒီတုန်းက သူတော်စင်တစ်ယောက်ကို စော်ကားမိမှာစိုးလို့ စိတ်အာရုံနဲ့တောင် မစစ်ဆေးရဲခဲ့ဘူး။ သူကလည်း တံခါးနောက်ကနေ ချက်ချင်းသဘောတူလိုက်တာပဲ။ အပြင်ရောက်မှ သူက သာမန်လူတန်းစားထဲက ပညာရှင်တစ်ယောက်မှန်း သိရတော့တာ"

လော့ယွမ်မှာ ထိုစကားကိုကြားပြီးနောက် ဆွံ့အသွားပြီးမှ အားရပါးရရယ်မောတော့သည်။

"မင်းတော့သေပြီ၊ ဂိုဏ်းချုပ်ဒေါသထွက်ပြီး မေ့လဲသွားလိမ့်မယ်"

ကျောက်ဟုန်တယ်သည် လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိသွားသောအခါ တည်ငြိမ်မှုကို ချက်ချင်းလက်လွှတ်လိုက်ရသည်။ အကယ်၍ ရှေ့မှလမ်းပြနေသော တပည့်သာမရှိပါက သူသည် ပျော်လွန်း၍ကခုန်အော်ဟစ်မိမည်မှာ အသေအချာပင်။

ဤနေရာရှိ ဝိညာဉ်စွမ်းအားသိပ်သည်းဆမှာ သူ စိတ်ကူးထားသည်ထက်ပင်သာလွန်နေသည်။ အသက်အနည်းငယ်ရှူလိုက်ရုံဖြင့် သူ၏ကျင့်စဉ်အဆင့်မှာ တက်လှမ်းရန် အသင့်ဖြစ်သွားချေပြီ။

ဒါ... ဒါက မြင့်မြတ်နယ်မြေလား။ ဒါကို နတ်ဘုံနတ်နန်းလို့ခေါ်သင့်တာ...

ဧည့်ခန်းဆောင်အတွင်း၌ ဧည့်သည် ၃၀၀ ခန့် ရောက်ရှိနေပြီဖြစ်ပြီး အများစုမှာ ကျောက်ဟုန်တယ်ကဲ့သို့ပင် ကျင့်စဉ်အဆင့်နိမ့်ပါးသူများဖြစ်ကြသည်။ အမြင့်ဆုံးမှာ ဝိညာဉ်အခြေတည်အဆင့်နှစ်ဦးသာ။ သူတို့အားလုံးမှာ မြို့တက်လာသော တောသားများကဲ့သို့ပင် ဤနေရာရှိ အရာရာကိုငေးမောအံ့သြနေကြသည်။

ထိုစဉ် လမ်းပြတပည့်က သာမန်လူတစ်ဦးကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ အားလုံးအံ့အားသင့်သွား၏။

သာမန်လူတစ်ယောက်ကတောင် ဒီလိုနတ်ဘုံနတ်နန်းထဲ ဝင်ခွင့်ရှိတာလား...

သူတို့သည် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသွားကြသည်။

ပိုင်ယွီဓားသူတော်စင်သည် ဧည့်ခန်းဆောင်သို့ရောက်လာသောအခါ အခြားသူများကဲ့သို့ ဟိုကြည့်ဒီကြည့်မလုပ်ဘဲ တည်ငြိမ်စွာနေလေ၏။ လမ်းပြတပည့်ထွက်သွားသည်နှင့် သူသည် ချက်ချင်းတင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်စွမ်းအားများကို စုပ်ယူကျင့်ကြံတော့သည်။

ဧည့်သည်များက လှောင်ပြောင်ရယ်မောကြသည်။ ဤမျှသိပ်သည်းသော ဝိညာဉ်စွမ်းအားများကြားတွင် ကျင့်စဉ်အဆင့်တက်လှမ်းခြင်းမှာ မဆန်းသော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၉ ရှိသော သာမန်လူတစ်ယောက်အတွက်မူ ၎င်းမှာ ဘဝ၏အကြီးမားဆုံးအခွင့်အရေးပင်။

ခေတ္တအကြာတွင် ထိုဓားသူတော်စင်၏ အရှိန်အဝါပြောင်းလဲသွား၏။ သူသည် သွေးကြောဖွဲ့တည်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ကျောက်ဟုန်တယ်က ပြက်လုံးထုတ်လိုက်သည်။

"ညီအစ်ကို... ဂုဏ်ယူပါတယ်.. ဒီတစ်ခေါက် မင်းက အကျိုးအမြတ်အများဆုံးရတာပဲ"

"ဟားဟား... သူ့ရဲ့ကံကောင်းမှုကတော့ ခွေးချေးပုံနင်းမိသလိုပဲ"

လူအများက ဝိုင်းဝန်းရယ်မောကြသည်။ သို့သော် သူတို့၏ရယ်မောသံများမှာ တဖြည်းဖြည်းတိတ်ဆိတ်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် ထိုသူမှာ သွေးကြောဖွဲ့တည်ခြင်းအဆင့် ၉ အထိ တက်လှမ်းသွားပြီးနောက် ရပ်မသွားဘဲ ချီစုစည်းခြင်းအဆင့်သို့ ဆက်လက်တက်လှမ်းသွားသောကြောင့်ဖြစ်သည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်တာလဲ။ သူက အဆင့်အတွက်နားလည်မှုတွေ မလိုဘူးလား"

"အရင်က ဝိညာဉ်ကျောက်တုံးတွေမရှိလို့ အဆင့်မတက်တာဖြစ်မှာ၊ ဒါပေမဲ့ တစ်ဆက်တည်း အဆင့်ကြီးနှစ်ခုကို ကျော်တက်သွားတာကတော့ တော်တော်လွန်လွန်းတယ်"

ဓားသူတော်စင်သည် ချီစုစည်းခြင်းအဆင့် ၃ သို့ ရောက်ရှိသွားမှသာ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ ယခုသူသည် စစ်မှန်သောကျင့်ကြံသူတစ်ဦး ဖြစ်သွားလေပြီ။

ထိုစဉ် ဧည့်သည် ၂,၀၀၀ ခန့် ရောက်ရှိနေပြီဖြစ်ရာ လော့ယွမ်နှင့် ယင်းရွှယ်အာတို့က အခမ်းအနားစတင်တော့မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။

ဧည့်ခံခန်းမ၌ကျန်းချန်သည် ဧည့်သည်များကို မြင်လိုက်ရသောအခါ စိတ်ခံစားချက်မှာ ရုတ်ချည်းပြောင်းလဲသွားသည်။

ဒါ ဘာအခြေအနေလဲ...

မြင့်မြတ်နယ်မြေတစ်ခုတည်ထောင်ပွဲတွင် အနည်းဆုံး တာအိုနန်းတော်အဆင့်ပညာရှင်တွေ လာသင့်သည်မဟုတ်ပါလား။ ယခု အမြင့်ဆုံးက ဝိညာဉ်အခြေတည်အဆင့်နှစ်ဦးဖြစ်၏။ ကျန်သူများတွင် ချီစုစည်းခြင်းအဆင့် ၃ များပါဝင်သေးသည်။

သူသည် ပြုံးလျက်ပင် ဘေးရှိ ကျိလင်းဟန်နှင့် လင်းနင်ကို တိုးတိုးလေးမေးလိုက်သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ"

ကျိလင်းဟန်က အပြစ်ကင်းစင်စွာဖြင့်

"ဂိုဏ်းချုပ်ကိုယ်တိုင်ပဲ ကျင့်စဉ်အဆင့်မခွဲခြားဘဲဖိတ်ခိုင်းတာလေ..."

ကျန်းချန် ဆွံ့အသွား၏။ သူက လူအများကြီးလိုချင်သော်လည်း အဆင့်မြင့်ပညာရှင်တစ်ဦးမှမပါခြင်းက ဂိုဏ်း၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်မဟုတ်ပါလား။

လင်းနင်က အားနာစွာဖြင့်

"ကျွန်မ တာအိုနန်းတော်အဆင့်ရှိတဲ့ဂိုဏ်းတွေကို ဖိတ်ခဲ့ပါတယ်၊ ဒါပေမဲ့သူတို့က အပြင်ကဖိအားတွေကြောင့် အဆင့်နိမ့်တပည့်လေးတွေကိုပဲ ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်ကြတာပါ"

ကျန်းချန်သည် အကြောင်းရင်းကို သဘောပေါက်သွားသည်။

"ကောင်းပြီလေ... သူတို့တွေမလာရဲဘူးဆိုရင်၊ ဒီနေ့အခမ်းအနားမလာတဲ့သူတွေကို နောင်တရစေရမယ်။ နောင်တရလွန်းလို့ သူတို့ဗိုက်တွေနာသွားရမယ်”

ဧည့်သည်များနေရာယူပြီးနောက် ကျန်းချန်က စင်မြင့်ပေါ်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားလိုက်သည်။

"ယနေ့ဟာ ဖေးရှန်ဂိုဏ်းကိုပြန်လည်တည်ထောင်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဂိုဏ်းချုပ်ဖြစ်တဲ့ ကျွန်တော်ကျန်းချန်က လာရောက်အားပေးကြတဲ့ ဧည့်သည်တော်အားလုံးကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်"

ဧည့်သည်များမှာ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် နေရာမှထရပ်ကာ ကျန်းချန်ကို ပြန်လည်၍ ဂုဏ်ပြုနှုတ်ဆက်ကြလေတော့သည်။

All Chapters