အခန်း (၂၀၇-၂၀၈)
Vol. 11 Ch. 207-208
အပိုင်း(၂၀၇) ကြောက်မက်ဖွယ်ကောင်းသော ဝူမုန့်
"ဒါ... ဒါက ဘာအစွမ်းလဲ"
"ကိုယ့်ကိုယ်ကိုယ် ပြန်ကုစားနိုင်တာလား"
ထွေထွေထူးထူး တွေးတောချိန်ပင် မရလိုက်၊ တစ်ဖက်လူက နောက်ထပ် လက်သီးတစ်လုံးဖြင့် ထပ်မံ ဝင်ရောက်တိုက်ခိုက်လာသည်။
လင်းယွမ်က လေကို ဝဝရှူသွင်းလိုက်ပြီး လက်သီးချင်းယှဉ်ကာ ပြန်လည်ခုခံလိုက်၏။
"ဝုန်း"
နှစ်ဦးသား၏ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လေလှိုင်းများက ကောင်းကင်အထိ ထိုးတက်သွားပြီး ဂယက်လှိုင်းများ တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့သွားလေ၏။
လင်းယွမ်၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။ တစ်ဖက်လူ၏ လက်သီးထံမှ ကြောက်မက်ဖွယ်ကောင်းသော အားအင်များက ဧရာမ ပင်လယ်လှိုင်းလုံးကြီးများအလား တစ်လိမ့်ပြီးတစ်လိမ့် ဆင့်ကဲ တိုးဝင်လာသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်သည် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရပြီး (၇) လှမ်းမျှ ယိုင်နဲ့သွားပြီးမှ မနည်း ပြန်လည်ထိန်းလိုက်ရသည်။
သို့သော် သူ၏ လက်မောင်းတစ်ခုလုံး ထုံကျင်သွားသည်ကို ခံစားလိုက်ရ၏။
"သေစမ်း... ဘာတွေဖြစ်ကုန်တာလဲ"
လင်းယွမ်တစ်ယောက် ဒေါသရော အံ့ဩမှုပါ ရောထွေးသွားသည်။
တစ်ဖက်လူ၏ ခွန်အားက ရုတ်တရက် နှစ်ဆကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။
"မဟုတ်ဘူး... နေဦး... ဒီလိုခံစားချက်က... ကြွက်သားပေါက်ကွဲသိုင်းလား"
လင်းယွမ် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး တစ်ဖက်လူ၏ ကြွက်သားအဖုအထစ်များနှင့် ခန္ဓာကိုယ်အနေအထားကို မယုံနိုင်စွာ လှမ်းကြည့်လိုက်မိသည်။
ဝူမုန့်၏ လက်မောင်းတွင် ယခုတစ်ကြိမ်၌ အရေပြား ပေါက်ပြဲဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး အရိုးပင် ပေါ်မလာပေ။
ထိုအချိန်တွင် ဝူမုန့်က ပါးစပ်ဖြဲကာ ဟားတိုက်ရယ်မောလိုက်ပြီး သူ၏လက်သီးပေါ်မှ အသားစိုင်များသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြန်လည်ကြီးထွား ကောင်းမွန်လာကြသည်။
ယခုအချိန်၌ လင်းယွမ် သေချာပေါက် အတည်ပြုနိုင်သွားပြီ ဖြစ်သည်။
သူ့ရှေ့မှ ဤလူသည် ကိုယ့်ကိုယ်ကိုယ် ပြန်ကုစားနိုင်သည့် အစွမ်းကို တကယ်ပိုင်ဆိုင်ထားခြင်း ဖြစ်၏။
"မဟုတ်သေးဘူး... ပြန်ကုစားနိုင်ရုံတင် မကဘူး... သူ့ရဲ့ အသားစိုင်တွေက အဆက်မပြတ် ကြီးထွားနိုင်စွမ်း ရှိနေပုံပဲ"
"သူ ခုနက ခွန်အားကို ပေါက်ကွဲထုတ်လိုက်တဲ့ ပုံစံက ငါ့ရဲ့ ကြွက်သားပေါက်ကွဲသိုင်း အစွမ်းနဲ့ တော်တော်လေး ဆင်တူနေတယ်"
"သောက်ကျိုးနည်း... ဒါ ဘယ်လို သတ္တဝါကောင်ကြီးလဲဟ... သူ့ဘာသာ ကြွက်သားပေါက်ကွဲသိုင်းကို တီထွင်လိုက်တာလား"
လင်းယွမ်တစ်ယောက် ဖြစ်နိုင်ချေမရှိဟု ထင်မြင်နေမိသည်။ ဒီလူက ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ လုပ်နိုင်ရတာလဲ။
လင်းယွမ်၏ သံသယကို နားလည်သွားသည့်အလား ဝူမုန့်က နှုတ်ခမ်းကို တွန့်ကွေးကာ ဟားတိုက်ရယ်မောလျက် ပြောလာသည်။
"လင်းယွမ်... စိတ်ကို လျှော့မထားနဲ့... အာရုံစိုက်ထားစမ်း"
"ငါ့ကို မင်းတွေ့ဖူးနေကျ သာမန် အစွမ်းပိုင်ရှင်တွေနဲ့ လာမနှိုင်းနဲ့"
"ငါက မင်းတွေ့ဖူးတဲ့ အသုံးမကျတဲ့ကောင်တွေ မဟုတ်ဘူး... မင်းလည်း ရိပ်မိမှာပါ... ငါ့ရဲ့ ခွန်အားတွေ တိုးပွားနေတာလေ... ဒါက ငါ့ရဲ့ အကန့်အသတ် မဟုတ်သေးဘူး"
"ငါ့ရဲ့ အားထုတ်တဲ့ပုံစံကို မင်း ခံစားမိတယ် မဟုတ်လား"
"ဒါက သာမန် လက်သီးထိုးတာ မဟုတ်ဘူး... ခန္ဓာကိုယ်ထဲက သွေးကြောစီးဆင်းမှုနဲ့ ခွန်အားတွေကို တစ်နေရာတည်းမှာ စုစည်းပြီး ခဏတာ ပေါက်ကွဲထုတ်လိုက်တဲ့ အားအင်ပဲ"
"အစွမ်းပိုင်ရှင်တွေဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ အချစ်တော်တွေ... ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ရဲ့ ရှေ့ဆောင်လမ်းပြတွေပဲ"
"ဒါပေမဲ့ အစွမ်းပိုင်ရှင် ဖြစ်လာရုံနဲ့ ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ရဲ့ ထိပ်ဆုံးကို ရောက်နေပြီလို့ မင်းထင်ရင် လုံးဝ မှားသွားလိမ့်မယ်"
"အစွမ်းဆိုတာက မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် မူတည်ပြီး မျိုးရိုးဗီဇက ရွေးချယ်ပေးလိုက်တဲ့ ရလဒ်တစ်ခုပဲ"
"မင်းရဲ့ အစွမ်းကို နက်နက်ရှိုင်းရှိုင်း တူးဆွမထုတ်ဖော်နိုင်ဘူး... မင်းရဲ့ ခွန်အားကို အသုံးမချနိုင်ဘူးဆိုရင်တော့... မင်းက ထာဝရ အစွမ်းရဲ့ ကျေးကျွန်ပဲ ဖြစ်နေဦးမှာ"
"ဒီစွမ်းအင်ကို ထိန်းချုပ်နိုင်မှ... ဒီစွမ်းအင်ကို တူးဆွနိုင်မှ... ဒီစွမ်းအင်ကို တိုးတက်အောင် လုပ်နိုင်မှသာ... အစွမ်းပိုင်ရှင်တစ်ယောက် ရှိသင့်ရှိထိုက်တဲ့ ကြောက်မက်ဖွယ် စွမ်းအားကို မင်း တကယ် ခံစားရလိမ့်မယ်"
"လာစမ်း... မင်းရဲ့ ခွန်အားတွေအကုန်ထုတ်ပြီး ငါနဲ့ တိုက်ခိုက်စမ်း"
ဝူမုန့်က အရူးအမူး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို ပစ်လွှတ်ကာ လေပေါ်သို့ ခုန်တက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။
"ဝုန်း"
လက်သီးလေအား ပေါက်ကွဲထွက်သွားပြီး ထိုကြောက်မက်ဖွယ် ကောင်းလှသော အားအင်သည် လေထုကို ဖြိုခွင်းကာ လေဖိအား အမြောက်ဆန်တစ်ခုအသွင် စုစည်းသွားပြီး လင်းယွမ်ထံသို့ ပြင်းထန်စွာ ပစ်ဝင်သွားလေသည်။
လင်းယွမ် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ထိုလက်သီးချက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
"သောက်ကျိုးနည်း... လေဖိအားအမြောက်လက်သီး"
သူက အလျင်အမြန်ပင် ခုန်ရှောင်လိုက်ရသည်။
"ဝုန်း"
ထိုအကြည်ရောင် လက်သီးလေအားသည် မြေပြင်ပေါ်သို့ ကျရောက် ပေါက်ကွဲသွားပြီး ရွှံ့နွံများ ဗွက်များ နေရာအနှံ့ လွင့်စဉ်ကုန်သည်။
အဝေးမှနေ၍ ထိုလက်သီးချက်ကို လှမ်းမြင်လိုက်ရသော တင်းယန်သည်လည်း မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်သော မျက်နှာထား ဖြစ်ပေါ်လာ၏။
"လေဖိအားအမြောက်လက်သီး... မဖြစ်နိုင်တာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အမတင်း... သူ... သူက ဘယ်လိုလုပ် အမရဲ့ လေဖိအားအမြောက်လက်သီးကို တတ်နေတာလဲ" ကျောက်ခိုင်သည်လည်း မျက်လုံးပြူးလျက် မယုံနိုင်စွာ မေးလိုက်သည်။
တင်းယန်က လက်သီးကို တင်းတင်းဆုပ်ထားရင်း အသက်ရှူသံများ မြန်ဆန်လာသည်။ "မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
"ခွန်အားတွေ ပေါက်ကွဲထွက်သွားရင် ခန္ဓာကိုယ်ရဲ့ ထောက်ကန်မှု မရှိတော့တဲ့အတွက် လေထဲရောက်တာနဲ့ ချက်ချင်း ပျောက်ကွယ်သွားရမှာ"
"ငါက အစွမ်းသွင်းခြင်း ဆိုတဲ့ အစွမ်းနဲ့ လက်သီးအားတွေကို စွမ်းအင်အကာတစ်ခုထဲ အတင်းအဓမ္မ စုစည်းထည့်သွင်းပြီး ပစ်လွှတ်မှသာ ခန္ဓာကိုယ်နဲ့ လွတ်ကင်းပြီး တိုက်ခိုက်လို့ရတာ"
"ဒါပေမဲ့... ဒါပေမဲ့ သူက ဘယ်လိုလုပ်လိုက်တာလဲ"
တင်းယန် မြင်နေရသည်မှာ ဝူမုန့်၏ လက်သီးချက်သည် မည်သည့် စွမ်းအင်အကာမှ မပါဘဲ လေထုထဲတွင် လက်သီးအားသက်သက်ဖြင့် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
သူ၏ လက်သီးအားသည် ခန္ဓာကိုယ်နှင့် ကင်းကွာသွားပြီးနောက်တွင်ပင် ဤမျှ ပြင်းထန်သော စွမ်းအား ရှိနေသေးသည်။
သူမ၏ အစွမ်းသွင်းထားသော အမြောက်လက်သီးလောက် မပြင်းထန်သော်လည်း ခန္ဓာကိုယ်နှင့် လွတ်ကင်း၍ တိုက်ခိုက်နိုင်စွမ်း ရှိနေပေသည်။
သိုင်းဘုရင်ဂေဟာ ဘက်မှ လီယွဲ့ဖုန်း၊ ယွဲ့ယာဝေ၊ ချန်ကျန့်ဖုန်း တို့သည် ပြုံးရွှင်နေကြ၏။
"အစ်ကိုမုန့်က တကယ်ကို ကြမ်းတာပဲကွာ"
"ခေါင်းဆောင်က တကယ်ကို... ကမ်းကုန်အောင် စွမ်းတာပဲ"
"အသားပြန်လည်ကြီးထွားခြင်း ဆိုတဲ့ ကုစားရေးအစွမ်း သက်သက်ကို ခေါင်းဆောင်က ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်ရောက်အောင် တီထွင်ဖန်တီးထားတာ"
"ခေါင်းဆောင်ရဲ့ အသားစိုင် ပုံသဏ္ဌာန်က တတိယအဆင့်အထိ ရောက်နေပြီ မလား"
"ကြမ်းလွန်းတယ်... အစ်ကိုမုန့်က အစ်ကိုမုန့်ပါပဲ"
"အစ်ကိုမုန့်ရဲ့ အကြမ်းဆုံး အချက်က အစွမ်းမဟုတ်ဘူး... သူ့ရဲ့ ကြောက်ခမန်းလိလိ တိုက်ခိုက်ရေး အမြင်၊ တိုက်ခိုက်ရေး ပါရမီနဲ့ အစွမ်းအပေါ် နားလည်သဘောပေါက်ထားမှုတွေပဲ"
"ငါတို့ အစ်ကိုမုန့်နဲ့ စတွေ့တုန်းက သူက အသားပြန်လည်ကြီးထွားခြင်း အစွမ်းကို နိုးထခါစ... ကိုယ့်ကိုယ်ကိုယ် ပြန်ကုစားနိုင်တဲ့ ရုပ်ရှင်မင်းသားကြိုက်တဲ့ လူငယ်လေး တစ်ယောက်ပဲ မလား"
"ရုပ်ရှင်မင်းသားကြိုက်တယ်... သူကြိုက်တဲ့ မင်းသားတွေကိုလည်း ကြည့်ဦးလေ... ဘရုစ်လီ၊ အာနိုး၊ စတားလုံး... အကုန်လုံးက ကြွက်သားအိုးကြီးတွေချည်းပဲ"
"အင်း... ဒီ လင်း ဆိုတဲ့ကောင်က အစ်ကိုမုန့်လက်ထဲမှာ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါ သိချင်နေပြီ"
......
သိုင်းဘုရင်ဂေဟာ ဘက်မှ လူတိုင်းသည် ဝူမုန့်၏ စွမ်းဆောင်ရည်အပေါ် အံ့ဩပုံ မရကြဘဲ ဂုဏ်ယူဝင့်ကြွားနေကြသည်။
ဝူမုန့်၏ တိုက်ခိုက်ပုံကို မြင်ဖူးနေကျ ဖြစ်သော်လည်း ထပ်မံ ကြည့်ရှုရသည့်အခါတိုင်း စိတ်ထဲတွင် တုန်လှုပ်နေရဆဲ ဖြစ်၏။
အခြားသူများ၏ လက်ထဲတွင် အစွမ်းဆိုသည်မှာ ရှိရင်းစွဲအတိုင်းသာ ထုတ်သုံးကြခြင်း ဖြစ်သည်။
သို့သော် ဤကမ္ဘာပေါ်တွင် ပါရမီထူးကဲပြီး ထူးခြားပြောင်မြောက်သော လူအချို့ ရှိနေတတ်သည်။
တူညီသော အစွမ်းတစ်ခုကို သူတို့လက်ထဲ ရောက်သွားပါက ဆန်းကြယ်စွာ အသုံးချနိုင်ကြသည်။
ဝူမုန့်သည် ထိုကဲ့သို့သော တိုက်ခိုက်ရေး ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်သည်။
ကုစားရေး သက်သက်ဖြစ်သော အသားပြန်လည်ကြီးထွားခြင်း အစွမ်းကို သူက ကြောက်မက်ဖွယ် အဆင့်ထိ မြှင့်တင်ထားနိုင်ခဲ့သည်။
သူက အသားစိုင် ပြန်လည်ကုစားခြင်းနှင့် ကြီးထွားခြင်းကို ကြွက်သားထုထည် တိုးပွားစေသည့် နည်းလမ်းအဖြစ် အသုံးချခဲ့သည်။
ကြွက်သားများ အထပ်ထပ် တိုးပွားလာခြင်းက သူ့အား ခံစစ်စွမ်းရည်ကို ဒုံးပျံသဖွယ် မြင့်တက်စေပြီး သွေးလေစွမ်းအားများကိုလည်း အဆမတန် ပေါက်ကွဲထွက်စေသည်။
သူသည် သာမန် လက်သီးထိုးချက်မှနေ၍ ခွန်အားစီးဆင်းမှု နည်းစနစ်ကို နားလည်သဘောပေါက်ခဲ့ပြီး ကြွက်သားပေါက်ကွဲသိုင်း နှင့် ဆင်တူသော ပေါက်ကွဲအားကို တီထွင်နိုင်ခဲ့သည်။
ထို့အပြင် ခုနလေးတင် တင်းယန်၏ လေဖိအားအမြောက်လက်သီးကို တစ်ချက်ကလေး ကြည့်ရုံဖြင့် ချက်ချင်း ပုံတူကူးချကာ အလားတူ စွမ်းရည်ကို ထုတ်သုံးနိုင်ခဲ့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သင်ယူနိုင်စွမ်းမျိုးကား ကြားပင် မကြားဖူးခဲ့ချေ။
ဒါကြောင့်လည်း သူက သာမန် အသားပြန်လည်ကြီးထွားခြင်း အစွမ်းပိုင်ရှင် ဖြစ်သော်လည်း သိုင်းဘုရင်ဂေဟာ၏ ခေါင်းဆောင် ဖြစ်လာရခြင်း ဖြစ်တန်ရာ၏။
ထို့ကြောင့်လည်း သူသည် ထိုက်ယန်တောင်၏ စခန်းကြီးလေးခုအနက် တစ်ခု၏ ခေါင်းဆောင် ဖြစ်လာနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
လက်ရှိအချိန်တွင် သူသည် ကြွက်သားများဖြင့် ထမ်းပိုးထားသော ကြောက်မက်ဖွယ် သတ္တဝါကြီး တစ်ကောင်နှင့် တူနေသည်။
ခွန်အား၊ ခံစစ်၊ အလျင်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုတို့သည် ကြောက်ခမန်းလိလိ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
လင်းယွမ်သည် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ခွန်အားချင်း မယှဉ်နိုင်တော့ပေ။ တစ်ဖက်လူက ခွန်အား အသုံးချပုံကို ကျွမ်းကျင်ပိုင်နိုင်လွန်းသဖြင့် တူညီသော ခွန်အားချင်း သုံးလျှင်ပင် တစ်ဖက်လူ၏ ဖျက်ဆီးအားက လင်းယွမ်ထက် ပိုမို ပြင်းထန်နေသည်။
လင်းယွမ်မှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရပြီး တစ်ဖက်လူ၏ ဖိအားပေးမှုကြောင့် ရှောင်တိမ်းနေရသော်လည်း စိတ်ထဲ၌မူ ချီးကျူးမိနေသည်။
"တကယ်ပါပဲ... ဒီကမ္ဘာကြီးမှာ ထူးချွန်ပြောင်မြောက်တဲ့ လူတွေက ဘယ်တော့မှ ရှားမသွားပါလား"
"စနစ်သာ မရှိရင် ငါက သာမန်လူတစ်ယောက်ပဲ ဖြစ်နေမှာ"
"ဒီ ဝူမုန့် ဆိုတဲ့လူကမှ ဆင့်ကဲပြောင်းလဲခြင်း ခေတ်ကြီးတစ်ခုလုံးကို တောက်ပစေမယ့် သူရဲကောင်း ဖြစ်လာမှာ"
လင်းယွမ် စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။ စွမ်းရည်ချင်း ယှဉ်ပြိုင်၍ ရှုံးနိမ့်ခြင်းက မကြောက်စရာ မကောင်းပေ။
ကြောက်စရာအကောင်းဆုံးမှာ မိမိကိုယ်မိမိ အထင်ကြီးပြီး တခြားသူများကို ပုရွက်ဆိတ်တွေလို သဘောထားကာ မာန်တက်နေခြင်းသာ ဖြစ်သည်။
တစ်ချိန်တုန်းက သူသည် ဤကမ္ဘာပေါ်တွင် သန္ဓေပြောင်း သတ္တဝါများကသာ သူသတိထားရမည့် အန္တရာယ်များဟု ထင်မှတ်ခဲ့ဖူးသည်။
သို့သော် ယနေ့ ဝူမုန့်က သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပြီ ဖြစ်သည်။
လူသားများထဲတွင် ပါရမီရှင်များ ဘယ်တော့မှ မရှားပါးပေ။
စစ်မှန်သော ပါရမီရှင်များသည် ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်တွင် အခြားမျိုးစိတ်များထက် နောက်ကျကျန်ခဲ့လျှင်ပင် တားဆီးမရနိုင်သော ဟန်ပန်ဖြင့် ထိုးဖောက်ထွက်ပေါ်လာကြစမြဲ ဖြစ်သည်။
မရေမတွက်နိုင်သော သက်ရှိများ၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်တစ်လျှောက်တွင် လူသားများ ဆက်လက်ရှင်သန် ကြီးထွားလာနိုင်ခြင်းမှာလည်း ဤကဲ့သို့သော လူများ ရှိနေခြင်းကြောင့်ပင် ဖြစ်တန်ရာ၏။
"ဝုန်း"
ပြင်းထန်လှသော လေဖိအားအမြောက်လက်သီး တစ်ချက် ထပ်မံ ဝင်ရောက်လာပြန်သဖြင့် လင်းယွမ် နောက်သို့ လွင့်စဉ်ထွက်သွားရသည်။
"ဒီ ဝူမုန့်ရဲ့ လက်ရှိ ခွန်အားက (၂၅) မှတ် ကျော်လောက်မယ်"
"ဒီခွန်အားက ငါ့ရဲ့ ကြွက်သားပေါက်ကွဲသိုင်း အခြေအနေထက် မသာလွန်ပေမယ့်... သူ့ရဲ့ ခွန်အား အသုံးချပုံ နည်းစနစ်က ငါ့ထက် ပိုပြီး နက်ရှိုင်းနေတယ်"
တစ်ဖက်လူ၏ လက်သီးအားသည် မိမိ၏ ခွန်အားလောက် မများသော်လည်း လက်သီးအားမှာ ကြံ့ခိုင်ပြီး တစ်စုတစ်စည်းတည်း စုစည်းကာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသဖြင့် မိမိ၏ သွေးလေများကို ကမောက်ကမဖြစ်စေကာ ကြွက်သားများကို နာကျင်ကိုက်ခဲစေသည်ဟု လင်းယွမ် ခံစားလိုက်ရသည်။
ဒါက အရည်အသွေးမှတ် ကွာခြားချက် မဟုတ်ဘဲ အားအင် အသုံးချပုံ ကွာခြားချက် ဖြစ်သည်။
လင်းယွမ် စိတ်ထဲတွင် သဘောပေါက်သွားပြီး လေကို ဝဝရှူသွင်းလိုက်သည်။ "ကြည့်ရတာ... စိတ်စွမ်းအင်ကိုပဲ အားကိုးရတော့မယ်နဲ့ တူတယ်"
လင်းယွမ်က သူ့ထံသို့ ဒရောသောပါး ပြေးဝင်လာသော ဝူမုန့်ကို စူးစိုက်ကြည့်လိုက်သည်။
ဝူမုန့်က ခြေကန်ချက် တစ်ချက်ကို ပြင်းထန်စွာ ကန်ထုတ်လိုက်၏။
"ဝူး"
လေထု ပေါက်ကွဲသွားပြီး ဆူညံသံများ ထွက်ပေါ်လာသည်။
လေလှိုင်းများ တဟုန်ထိုး တက်လာပြီး ရေစက်များ လွင့်စဉ်ကုန်သည်။
ထိုအချိန်မှာပင် လင်းယွမ် မျက်လုံးကို ပြူးကျယ်လိုက်၏။
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
"ဝုန်း"
ပုံသဏ္ဌာန်မဲ့ စိတ်စွမ်းအင် လှိုင်းလုံးတစ်ခုသည် ပြင်းထန်စွာ ရိုက်ခတ်ထွက်ပေါ်သွားသည်။
နောက်တစ်ခဏတွင် ဝူမုန့်၏ ဦးနှောက်ထဲ၌ တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
"အုန်း"
သူ့ နှာခေါင်းနှင့် နားထဲမှ သွေးများ ပန်းထွက်လာပြီး ပြင်းထန်သော နာကျင်မှုကြောင့် မျက်လုံးများပင် သွေးချင်းချင်းနီသွားသည်။
စိတ်စွမ်းအင် ခံစစ်သည် သူ၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်၏။
"အား"
ဝူမုန့်က ဟိန်းဟောက်လိုက်ပြီး နာကျင်မှုကို အံကြိတ်ခံကာ နောက်မဆုတ်သည့်အပြင် ထိုခြေကန်ချက်ကိုပင် အရှိန်မြှင့်တင်၍ ကန်ထုတ်လိုက်သည်။
လင်းယွမ် အကြီးအကျယ် လန့်ဖျပ်သွားပြီး မယုံကြည်နိုင် ဖြစ်သွားရသည်။
သူ့၏ စိတ်ဝိညာဉ်ရိုက်ခတ်မှု ဒဏ်ကို အံကြိတ်ခံနိုင်သော လူမျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ စိတ်ဆန္ဒ ခိုင်မာမှုမှာ ကြောက်ခမန်းလိလိပင်။
"ဝုန်း"
လင်းယွမ်က လက်မောင်းကိုမြှောက်ကာ တစ်ဖက်လူ၏ ခြေကန်ချက်ကို ကာကွယ်လိုက်ရာ အသားစိုင်ချင်း ရိုက်ခတ်မိပြီး သူတစ်ကိုယ်လုံး ဘေးဘက်သို့ လွင့်စဉ်ထွက်သွားသည်။
ဝါးပင်အချို့ကို ရိုက်ချိုးမိပြီး ခန္ဓာကိုယ်က လေထဲတွင် တစ်ပတ်လည်ကာ ရွှံ့နွံထဲသို့ "ဘုန်း" ခနဲ ပြုတ်ကျသွားပြီးမှ ရပ်တန့်သွားတော့သည်။
လက်မောင်းမှ နာကျင်မှုကို ခံစားရင်း လင်းယွမ် မေးကြောများ ထောင်ထလာသည်။
သူ ခေါင်းမော့ကာ ပြိုင်ဘက်ကို ကြည့်လိုက်ရာ အံ့အားသင့်သွားရပြန်သည်။
ဝူမုန့်က မည်သည့် ဒဏ်ရာမှ မရရှိထားသည့်အလား မျက်လုံးများ သွေးရောင်လွှမ်းနေလျက် မြေကြီးကို ဆောင့်ကန်ကာ လျှပ်စီးလက်သီးအလား တဟုန်ထိုး ပြေးဝင်လာနေပြီ ဖြစ်သည်။
"စိတ်စွမ်းအင် တိုက်ခိုက်မှုလား... ဟားဟားဟား... တော်လိုက်တာ... ဒါပေမဲ့ ငါ့ကို ချက်ချင်း သေအောင် မသတ်နိုင်ရင် မင်း ငါ့ကို ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး"
"ဘာလို့လဲဆိုတော့... ငါ့ရဲ့ အသားစိုင်တွေက အကန့်အသတ်မရှိ ပြန်လည်ကြီးထွားနိုင်လို့ပဲ"
"ဒဏ်ရာရတာက ငါ့ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်... ဟားဟားဟား... ထစမ်း"
ဝူမုန့်က လက်သီးတစ်ချက်ကို ကြမ်းတမ်းစွာ ပစ်သွင်းလိုက်ရာ ကြောက်မက်ဖွယ် လက်သီးအားသည် လေထုကို ဖိသိပ်ပြီး အမြောက်ဆန်သဖွယ် ရူးသွပ်စွာ ဝင်ရောက်လာသည်။
လင်းယွမ်သည် သူ၏ စိတ်စွမ်းအင်ကို အလျင်အမြန် စုစည်းလိုက်ပြီး ပုံသဏ္ဌာန်မဲ့ စွမ်းအင်များဖြင့် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လိပ်ခွံသဏ္ဌာန် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
"လိပ်ခွံစွမ်းအင်အကာအကွယ်အကွယ်"
"ဘုန်း... ဘုန်း... ဘုန်း"
ဝူမုန့်၏ လက်သီးအားများက လိပ်ခွံစွမ်းအင်အကာအကွယ် ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး လေထုကို ပြင်းထန်စွာ တုန်ခါစေကာ မူလက အကြည်ရောင် ဖြစ်သော စိတ်စွမ်းအင်အကာကို သာမန်မျက်စိဖြင့် မြင်ရသည့် ပုံသဏ္ဌာန် ပေါ်လာသည်အထိ ထုနှက်နေသည်။
"ခွပ်"
(၇) ချက် (၈) ချက်ခန့် ထိုးနှက်ပြီးချိန်တွင် လိပ်ခွံစွမ်းအင်အကာအကွယ်၌ အက်ရာများ ပေါ်လာသည်။
နောက်ထပ် (၃) ချက် ထပ်ထိုးလိုက်ရာ စွမ်းအင်အကာကြီး ပြိုကျပျက်စီးသွားလေ၏။
လင်းယွမ်လည်း လှိမ့်ရှောင်ကာ ထရပ်လိုက်ပြီး မျက်နှာပေါ်တွင် အံ့ဩမှုများ အထင်းသား ပေါ်နေသည်။
လိပ်ခွံစွမ်းအင်အကာအကွယ် ဆိုသည်မှာ စိတ်စွမ်းအင် တိုက်ခိုက်မှုကို အဓိက ကာကွယ်ရန် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများအတွက် သိပ်မစွမ်းဆောင်နိုင်ပေ။
သို့သော် မည်မျှပင် သာမန်ကာလျှံကာဖြစ်စေ ဒါက သူ၏ စိတ်အစွမ်း (၃၀.၃) ဖြင့် ဖန်တီးထားသော အကာအကွယ် ဖြစ်သည်။
ထိုအရာကို တစ်ဖက်လူက လက်သီး (၁၁) ချက်တည်းဖြင့် ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်၏။
"ဒီကောင်... တော်တော်ကြမ်းတာပဲ"
လင်းယွမ် စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ဒီအတိုင်း ဆက်သွားနေရင် သူ တကယ် ရှုံးနိမ့်သွားနိုင်မှန်း သိလိုက်သည်။
ထို့ကြောင့် လင်းယွမ် စကားအပိုမဆိုတော့ဘဲ ဘုံအရည်အသွေးမှတ်များကို ချက်ချင်း ထုတ်သုံးလိုက်သည်။
"ပေါင်းထည့်မယ်... ပေါင်းထည့်မယ်... စိတ်အစွမ်းမှာ အကုန် ပေါင်းထည့်မယ်"
လင်းယွမ် စိတ်ထဲတွင် အော်ဟစ်လိုက်ပြီး မသမာနည်းလမ်းသုံး၍ အမှတ်ပေါင်းထည့်ရန် ရွေးချယ်လိုက်သည်။
ချက်ချင်းပင် စနစ်က ကျန်ရှိနေသော ဘုံအရည်အသွေးမှတ် (၃) မှတ်လုံးကို လင်းယွမ်၏ စိတ်အစွမ်း ကဏ္ဍတွင် အကုန် ပေါင်းထည့်ပေးလိုက်သည်။
လင်းယွမ်၏ ဦးနှောက် တုန်ခါသွားပြီး အေးမြသော စွမ်းအင်များ စီးဝင်လာသည်။
ဤအချိန်တွင် သူ၏ စိတ်စွမ်းအင်များ ရုတ်တရက် မြင့်တက်လာ၏။
ထိုသို့ တိုးပွားလာသော စိတ်စွမ်းအင်များကို ချိန်ညှိရန်ပင် အချိန်မရလိုက်ဘဲ သွေးနှင့်အသားစိုင်များဖြင့် ဖွဲ့စည်းထားသော ဘီလူးကောင်ကြီးသဖွယ် ဖြစ်နေသည့် ဝူမုန့်က ထပ်မံ တိုက်ခိုက်လာပြန်သည်။
လင်းယွမ်က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ "စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
"ဝုန်း"
ယခုတစ်ကြိမ်တွင်မူ စိတ်စွမ်းအင်များ ပြင်းထန်စွာ ထွက်ပေါ်လာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော ဂယက်လှိုင်းများ ဖြစ်ပေါ်လာကာ ဝူမုန့်၏ ဦးနှောက်သို့ ဝင်ဆောင့်လေသည်။
ဝူမုန့်မှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ ထိုစိတ်စွမ်းအင် ရိုက်ခတ်မှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရသည်။
"အား"
သူ့စိတ်ဆန္ဒ မည်မျှပင် ခိုင်မာပါစေ၊ ယခုတစ်ကြိမ်တွင်မူ မထိန်းနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
ပြေးဝင်လာသော ခြေလှမ်းများ ယိုင်နဲ့သွားပြီး "ဘုန်း" ခနဲ မြေကြီးပေါ်သို့ ခေါင်းစိုက်ကျသွားလေ၏။
သူ၏ နောက်စေ့တွင် ပြင်းထန်စွာ တုန်ခါနေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။
လင်းယွမ်က ထိုအခြေအနေကို မြင်သည်နှင့် မျက်လုံးထဲတွင် အရောင်များ တောက်လာပြီး စိတ်စွမ်းအင်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
(၃) စက္ကန့် အတွင်းတွင် သူက စိတ်ဝိညာဉ်ရိုက်ခတ်မှုကို သုံးကြိမ်ဆက်တိုက် ပစ်လွှတ်လိုက်သည်။
ဝူမုန့်၏ ခေါင်းက ပြင်းထန်စွာ တုန်ခါသွားပြီး မခံမရပ်နိုင်သော နာကျင်မှုကြောင့် ချက်ချင်း သတိလစ်သွားလေ၏။
သတိလစ်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ အသားစိုင် ပုံသဏ္ဌာန်များ တုန်ခါသွားပြီး ကြောက်မက်ဖွယ် ကြွက်သားအိုးကြီး အသွင်မှ လျင်မြန်စွာ လျော့ကျသွားသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သာမန် ကြံ့ခိုင်သန်စွမ်းသော လူတစ်ယောက် အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။
လင်းယွမ် ထိုအရာကို မြင်မှ သက်ပြင်းချနိုင်တော့သည်။
သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ဘေးနားရှိ မီးဝါးပင် အချို့သည် စိတ်စွမ်းအင်ကြောင့် ပြတ်တောက်သွားပြီးနောက် သူ၏ ထိန်းချုပ်မှုအောက်တွင် လေကိုခွင်းကာ ပျံသန်းသွားကြသည်။
"ဝှစ်... ဝှစ်... ဝှစ်... ဝှစ်"
တိုးအသံများ ထွက်ပေါ်လာပြီး မီးဝါးပင်များသည် ဝူမုန့်၏ ခြေလက်လေးဖက်ကို ဖောက်ထွင်းကာ မြေကြီးပေါ်တွင် ရိုက်ကပ်ထားလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လီယွဲ့ဖုန်းနှင့် အခြားသူများ မျက်လုံးပြူးသွားကြကာ ဒေါသတကြီး အော်ဟစ်လာကြသည်။
"အစ်ကိုမုန့်"
"ရပ်လိုက်စမ်း"
"ဟေ့ကောင်... မင်း လုပ်ရဲတယ်ပေါ့"
"ငါတို့ ခေါင်းဆောင်ကို လွှတ်ပေးလိုက်"
ထိုလူအုပ်ကြီးက ဒေါသတကြီးဖြင့် ပြေးဝင်လာကြသည်။
လင်းယွမ်က အေးစက်စွာ ပြုံးလျက် လှည့်ကြည့်လိုက်ပြီး စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း တစ်ချက် ပစ်လွှတ်လိုက်သည်။
"ဝုန်း"
ချက်ချင်းပင် လူအားလုံး ခေါင်းကိုအုပ်ကာ နာကျင်စွာ အော်ဟစ်ပြီး လဲကျကုန်ကြသည်။
ထင်သည့်အတိုင်းပင် ဤလူအုပ်ထဲတွင် စိတ်စွမ်းအင် အကာအကွယ် အစွမ်းရှိသူ တစ်ယောက်မျှ မပါပေ။
လင်းယွမ်၏ လက်ရှိ စိတ်အစွမ်းမှာ (၃၃.၃) အထိ ရှိနေပြီဖြစ်ရာ သာမန် အစွမ်းပိုင်ရှင်များအနေဖြင့် သူ၏ စိတ်ဝိညာဉ်ရိုက်ခတ်မှုကို လုံးဝ တောင့်ခံနိုင်မည် မဟုတ်ပေ။
ဝူမုန့်ကဲ့သို့ အသားပြန်လည်ကြီးထွားခြင်း အစွမ်းကြောင့် ပြန်လည်ကုစားနိုင်မှု မြင့်မားလွန်းသည့် လူကြမ်းကြီးမို့သာ ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။
သို့မဟုတ်ပါက [စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း] (၃) ချက် ဆက်တိုက်ထိပြီးနောက် ဦးခေါင်းပေါက်ကွဲကာ ဦးနှောက်များ ပွင့်ထွက်သွားလောက်ပြီ ဖြစ်သည်။
"မင်းတို့က မင်းတို့ကိုယ်မင်း ဝူမုန့်လို့ ထင်နေကြတာလား"
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။
ရုတ်တရက် မြေပြင်ပေါ်မှ ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။
"ဟဲဟဲ... သူတို့က ငါ မဟုတ်သလို... ဒီလောကကြီးမှာ ငါဆိုတာလည်း တစ်ယောက်ပဲ ရှိတယ်"
"လင်းယွမ်... မင်းရဲ့ အစွမ်းက တော်တော်လေး ကောင်းသားပဲ"
လင်းယွမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေရမည့် ဝူမုန့်ကို လှမ်းကြည့်လိုက်သည်။
ဝူမုန့်က ထထိုင်နေပြီ ဖြစ်ပြီး သူ့ခြေလက်များတွင် စိုက်ဝင်နေသော မီးဝါးပင်များကို ဆွဲထုတ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ ခြေလက်များပေါ်ရှိ သွေးချင်းချင်းနီနေသော အပေါက်များမှ အသားစိုင်များ လျင်မြန်စွာ ကြီးထွားလာပြီး ဒဏ်ရာအားလုံး မျက်စိရှေ့တွင်ပင် ပျောက်ကင်းသွားကြသည်။
လင်းယွမ် လေကို တိတ်တဆိတ် ရှူသွင်းလိုက်မိသည်။ ဒီ အသားပြန်လည်ကြီးထွားခြင်း အစွမ်းက တကယ်ကို ကြောက်စရာကောင်းလောက်အောင် ကုစားနိုင်စွမ်း မြင့်မားလှသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဝူမုန့်က ဘာမှမဖြစ်ခဲ့သလို မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ။
လင်းယွမ် မျက်နှာထား တည်သွားပြီး ပြောလိုက်သည်။ "ကြောက်စရာကောင်းတဲ့ အစွမ်းပဲ... အသားပြန်လည်ကြီးထွားခြင်း တဲ့လား... မင်းက တကယ်ပဲ သေလို့မရတာလား"
ဝူမုန့်က ဟားတိုက်ရယ်မောလျက် မတ်တပ်ရပ်လိုက်သည်။ "ဟားဟားဟား... ဘယ်ဟုတ်မလဲကွာ"
"ငါ့ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်ရင် ငါလည်း သေမှာပေါ့"
"ငါ့ရဲ့ အသိစိတ်ကို ဖျက်ဆီးပစ်နိုင်ရင်လည်း ငါ သေမှာပဲ"
"အသားပြန်လည်ကြီးထွားခြင်း ဆိုတာ အလကားရတာတော့ မဟုတ်ဘူး... ငါ့ရဲ့ အစွမ်း ကုန်သွားရင်လည်း ဒဏ်ရာတွေကို ပြန်ကုစားနိုင်မှာ မဟုတ်တော့ဘူး"
သူက ရယ်မောလျက် ဆက်ပြောသည်။ "ငါ့မှာ နောက်ထပ် တစ်ကွက် ကျန်သေးတယ်... မင်းကို မြည်းစမ်းစေချင်တယ်"
"ဒီတစ်ကွက်ကို မင်း တောင့်ခံနိုင်ခဲ့ရင်... မီးဝါးတောအုပ်ကို မင်းကို ပေးမယ်"
"မီးဝါးတောအုပ်တင် မကဘူး... နောက်နောင် သိုင်းဘုရင်ဂေဟာကို မင်း ကြိုက်သလို ဝင်ထွက်သွားလာနိုင်တယ်... ငါ့ရဲ့ ဧည့်သည်တော်အဖြစ် သတ်မှတ်ပေးမယ်"
စကားပြောနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ တရိပ်ရိပ် မြင့်တက်လာသည်။
ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများက တစ်လွှာပြီးတစ်လွှာ ထပ်ပိုး ကြီးထွားလာကြသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဒုတိယအဆင့် အသားစိုင် အခြေအနေကို ကျော်ဖြတ်သွားလေပြီ။
သို့သော် ပြီးဆုံးမသွားသေးပေ။ သူ၏ အသားစိုင်များမှာ ရူးသွပ်စွာ ဆက်လက်ကြီးထွားနေပြီး အရပ် (၈) ပေကျော်လောက် မြင့်မားလာကာ ဘီလူးကောင်ငယ်လေး တစ်ကောင်အလား ဖြစ်လာတော့သည်။
ထိုအခြေအနေ ရောက်မှသာ သူ ရပ်တန့်သွား၏။
ကြွက်သားများဖြင့် ဖုံးလွှမ်းနေသော ဝူမုန့်က လင်းယွမ်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောသည်။ "ဒါက ငါ့ရဲ့ တတိယအဆင့် အသားစိုင် အခြေအနေပဲ... လင်းယွမ်... ဒီတစ်ခါတော့ ငါ့ရဲ့ စိတ်ကို လာမတိုက်ခိုက်နဲ့"
"တတိယအဆင့် အသားစိုင် အခြေအနေမှာ ငါ့ရဲ့ စိတ်အခြေအနေက တည်ငြိမ်မှု မရှိဘူး... အသိစိတ် လွတ်သွားတာနဲ့ ငါ့ရဲ့ မျိုးရိုးဗီဇက ဇီဝဗေဒဆိုင်ရာ ပင်ကိုအသိစိတ်အတိုင်း လှုပ်ရှားလိမ့်မယ်"
"အဲဒီအချိန်ကျရင် အသိစိတ်လွတ်သွားတဲ့ ငါက ပင်ကိုအသိစိတ်နဲ့ ဘာတွေ လုပ်မိမလဲ ဆိုတာ ငါ အာမမခံရဲဘူး"
လင်းယွမ် ခေါင်းနပန်းကြီးသွားပြီး နဖူးကြောများ ထောင်ထလာသည်။
"သေစမ်း... မင်းက လိုတာထက်ပိုပြီး ကြမ်းနေတာ မဟုတ်ဘူးလား"
ဝူမုန့်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ကြမ်းတာလား... ငါ့အမြင်မှာတော့ မင်းကမှ တကယ် ကြမ်းတာ... ခွန်အား၊ အလျင် နဲ့ စိတ်အစွမ်း သုံးခုစလုံး တပြိုင်နက်တည်း စူပါလူသားအဆင့် ရောက်နေတာလေ"
"မင်း ငါ့ကို နောက်ထပ် အံ့ဩစရာတွေ ပေးနိုင်ဦးမလားလို့ ငါမျှော်လင့်ထားတယ်... ငါ လနဲ့ချီပြီး အားထုတ်လေ့လာထားတဲ့ ဒီလက်သီးတစ်ချက်ကို မင်း တောင့်ခံနိုင်မလား ဆိုတာ ကြည့်ရအောင်"
လင်းယွမ် မျက်နှာထား လေးနက်သွားပြီး လေးစားမှုဖြင့် မေးလိုက်သည်။ "ဘာလက်သီးလဲ"
"ပေါက်ကွဲလက်သီး"
"ပေါက်ကွဲလက်သီး ဟုတ်လား" လင်းယွမ် နားမလည်စွာ ရေရွတ်လိုက်သည်။
ထိုစဉ် ဝူမုန့်က ကိုယ်ဟန် ပြင်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ၏ နှလုံးခုန်သံများ ရူးသွပ်စွာ မြန်ဆန်လာပြီး သွေးလေများ ဟိန်းဟောက် စီးဆင်းသွားသည်။
သူ၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် သွေးကြောများ ဖောင်းကြွလာပြီး သွေးများက ခန္ဓာကိုယ်ထဲတွင် တဝေါဝေါ စီးဆင်းနေသံကိုပင် ကြားနေရသယောင် ရှိသည်။
"စစ်တပ်က ထုတ်ပြန်ထားတဲ့ သင်္ကေတ နည်းပညာ သုံးခုအကြောင်း မင်း ကြားဖူးမှာပါ"
"ပေါက်ကွဲသင်္ကေတ၊ ရေရှောင်သင်္ကေတ၊ အကာအကွယ်သင်္ကေတ"
"ငါ့ရဲ့ ဒီလက်သီးက ပေါက်ကွဲသင်္ကေတ ကနေ စိတ်ကူးရထားတာ"
"ပေါက်ကွဲသင်္ကေတ ဆိုတာက စွမ်းအင်ကျောက်တုံးကို ကြားခံအဖြစ် အသုံးပြုပြီး အဲဒီထဲက စွမ်းအင်ကို လှုံ့ဆော်ပြီး ပေါက်ကွဲစေတဲ့ စွမ်းအားကို ထုတ်တာ"
"ငါ အသည်းအသန် လေ့လာရင်း စိတ်ကူးတစ်ခု ရလာတယ်... စွမ်းအင်ကျောက်တုံးကို ကြားခံအဖြစ် သုံးလို့ရရင်... လူသားရဲ့ အသွေးအသားနဲ့ ခန္ဓာကိုယ်ကိုရော သုံးလို့ မရဘူးလား ဆိုပြီး"
"စွမ်းအင်ကျောက်တုံးထဲမှာ စွမ်းအင်တွေ ရှိလို့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှု ဖြစ်စေတာ"
"လူ့ခန္ဓာကိုယ်ထဲမှာလည်း အလားတူ စွမ်းအင်တွေ ရှိနေတာပဲ"
သူ ဒီအထိ ပြောလာချိန်တွင် မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်ပေါ်လာသည်။
"ငါ့ရဲ့ အသားစိုင်တွေကို ကျောက်တုံးအဖြစ်နဲ့ ငါ့ရဲ့ သွေးတွေကို လမ်းကြောင်းအဖြစ် သုံးပြီး ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲသင်္ကေတကို တုပပြီး ဒီ ပေါက်ကွဲလက်သီး ကို တီထွင်ခဲ့တာ"
"လင်းယွမ်... သေချာ ကြည့်ထား"
"ဘုန်း... ဘုန်း... ဘုန်း"
လင်းယွမ်သည် မျက်နှာချင်းဆိုင်မှ ဝူမုန့်ကို တုန်လှုပ်စွာ ကြည့်နေမိသည်။ လူသားမဆန်သော သူ၏ တီထွင်ဖန်တီးမှု စိတ်ကူးကို နားထောင်ရင်း...
နားထဲတွင် ဝူမုန့်၏ နှလုံးခုန်သံများ တဘုန်းဘုန်း မြည်ဟည်းနေသည်ကို ကြားနေရသည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ သွေးကြောများထဲတွင် သွေးများ တဝေါဝေါ စီးဆင်းနေသည်။
ထောင်ထနေသော သွေးကြောတိုင်းသည် စားပွဲတင် တူတစ်ချောင်းစာလောက် တုတ်ခိုင်နေ၏။
သူ၏ ရင်ဘတ်ပေါ်တွင် သွေးကြောစိမ်းများ ဖောင်းကြွလာပြီး လိမ်ယှက်ကာ ထူးဆန်းသော ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။
ထိုပုံစံသည် ပေါက်ကွဲမြှားပေါ်ရှိ သင်္ကေတပုံစံနှင့် တစ်ပုံစံတည်း တူညီနေသည်။
လင်းယွမ် မျက်လုံးပြူးသွားပြီး မယုံကြည်နိုင် ဖြစ်သွားရသည်။
စစ်တပ်က ထုတ်ပြန်ထားသော ပေါက်ကွဲသင်္ကေတ နည်းပညာသည် လုံလောက်သော စိတ်စွမ်းအင် မရှိဘဲ တုပ လေ့လာ၍ မရနိုင်ပေ။
သို့သော် သူ့ရှေ့မှ လူထူးဆန်းကြီးက စိတ်စွမ်းအင်ကို အားမကိုးဘဲ မိမိ၏ အသားစိုင် ထိန်းချုပ်နိုင်စွမ်း သက်သက်ဖြင့် ခန္ဓာကိုယ်ထဲတွင် အသားစိုင်သင်္ကေတကို အတင်းအဓမ္မ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
သောက်ကျိုးနည်း...
မင်းမှာလည်း စနစ်ရှိနေတာလားဟ...
"လင်းယွမ်... တိုက်ကွက်ကြည့်"
ရုတ်တရက် ဝူမုန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားယူကာ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်လေတော့သည်။
ဆက်ရန်...
အပိုင်း(၂၀၈) အသိအမှတ်ပြုခြင်းနှင့် မိတ်ဖွဲ့ခြင်း
ဝူမုန့်၏ လက်သီးချက်က ပြင်းထန်စွာ ဝင်ရောက်လာသည်။ အရှိန်မှာ သိပ်မမြန်လှဟု ထင်ရသော်လည်း ပတ်ဝန်းကျင်ရှိ လေထုမှာမူ မျက်စိဖြင့် မြင်နိုင်လောက်သည်အထိ လိမ်ဖည်ရှုံ့တွသွားလေ၏။
လင်းယွမ် ကြည့်လိုက်သောအခါ ဝင်ရောက်လာသည်မှာ လက်သီးတစ်ဆုပ် မဟုတ်ဘဲ တောက်လောင်နေသော မီးတောက်ကြီးတစ်ခု အလားပင်။
လက်သီးဆုပ်၏ ပတ်လည်တွင် အနီရောင် သွေးရောင်အလင်းတန်းများ လင်းလက်လာသည်ကိုပင် ဝိုးတဝါး မြင်နေရသည်။
လေထုက လိမ်ဖည်သွားပြီး လက်သီးဆုပ် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးသည် ထိုအခိုက်အတန့်၌ ဖိသိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ သူ၏ လက်သီးခွံပေါ်သို့ စုပြုံရောက်ရှိသွားကြသည်။
ပတ်ဝန်းကျင်မှ လေထုသည် လျင်မြန်စွာ ပြန့်ကျဲထွက်သွားပြီး လေစီးကြောင်းများ ဖြစ်ပေါ်လာသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံကြီးသည် အနည်းငယ် နောက်ကျပြီးမှ လေထုထဲသို့ ပျံ့လွင့်လာသည်။
လက်သီးချက်က ပြင်းထန်လွန်းပြီး အသံထက်ပင် မြန်နေခြင်း ဖြစ်သည်။
လင်းယွမ်က လေတစ်ချက်ကို ဝအောင် ရှူသွင်းလိုက်ပြီး လေးနက်သော အကြည့်ဖြင့် လိပ်ခွံစွမ်းအင်အကာအကွယ်ကို ချက်ချင်းပင် စုစည်းလိုက်တော့သည်။
စိတ်စွမ်းအင်များ လျင်မြန်စွာ တုန်ခါသွားပြီး လိပ်ခွံစွမ်းအင်အကာအကွယ်သည် ချက်ချင်း ပေါ်လာကာ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ထိုမျှမကသေး၊ သူ၏ လက်နှစ်ဖက်လုံးထဲတွင် လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံး တစ်ခုစီကိုပါ တပြိုင်နက် ဆွဲထုတ်လိုက်လေသည်။
"ဝုန်း"
ကြောက်မက်ဖွယ် လက်သီးချက်သည် လိပ်ခွံစွမ်းအင်အကာအကွယ်ပေါ်သို့ ရုတ်တရက် ကျရောက်ပေါက်ကွဲသွားသည်။
နောက်တစ်ခဏတွင် ကြီးမားသော သွေးရောင်အလင်းတန်းကြီးသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာ၏။
ထို့နောက် သွေးရောင်မီးတောက် တစ်ခုသည် ရုတ်တရက် ထတောက်လာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။ ထို သွေးရောင်လက်သီးရိပ်သည် လေထုကို ပေါက်ကွဲစေပြီး အကာအကွယ် အတားအဆီး မှန်သမျှကို ဆုတ်ဖြဲပစ်နေသည်။
လိပ်ခွံစွမ်းအင်အကာအကွယ်သည် (၂) စက္ကန့်ခန့်သာ ခံလိုက်ပြီး ဝုန်းကနဲ ပေါက်ကွဲသွားတော့သည်။
ပူပြင်းသော အရှိန်အဟုန်တစ်ခုသည် လင်းယွမ်၏ မျက်နှာဆီသို့ အရူးအမူး ဝင်ရောက်လာသည်။
လင်းယွမ်က ညာဘက်လက်ထဲမှ သင်္ကေတကျောက်တုံးကို အလျင်အမြန် အသက်သွင်းလိုက်သည်။
"ဝုန်း"
လိပ်ခွံစွမ်းအင်အကာအကွယ် အသစ်တစ်ခုက သူ့ကို ရုတ်တရက် လွှမ်းခြုံသွားပြန်သည်။
သို့သော် ထိုလက်သီးချက်၏ ပေါက်ကွဲအားက ဆက်လက် ဖြစ်ပေါ်နေဆဲပင်။
"ဝုန်း"
"ခွပ်"
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက် လိပ်ခွံစွမ်းအင်အကာအကွယ်သည် အက်ကွဲသွားပြန်သည်။
လင်းယွမ်က အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ထိုသွေးရောင်မီးတောက်များကြားမှ ရုန်းထွက်ကာ ဘယ်ဘက်လက်မှ သင်္ကေတကျောက်တုံးကို ချက်ချင်း အသက်သွင်းလိုက်သည်။
နောက်ထပ် လိပ်ခွံစွမ်းအင်အကာအကွယ် တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။
"ဒုန်း ဒုန်း ဒုန်း"
သွေးရောင်အလင်းများ ဆက်တိုက် ပေါက်ကွဲထွက်နေသော်လည်း ယခုတစ်ကြိမ်တွင်မူ လိပ်ခွံစွမ်းအင်အကာအကွယ်က တောင့်ခံထားနိုင်ခဲ့သည်။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး လိပ်ခွံစွမ်းအင်အကာအကွယ်ပေါ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေသော်လည်း လိပ်ခွံစွမ်းအင်အကာအကွယ် (၃) ထပ်သည် တစ်ဖက်လူ၏ ပေါက်ကွဲလက်သီးချက်ကို နောက်ဆုံးတွင် တားဆီးနိုင်ခဲ့လေသည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှာမူ အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရသည်။ လက်သီးဒဏ်ကို တားဆီးနိုင်ခဲ့သော်လည်း ထိုကြီးမားသော ပေါက်ကွဲအားကြောင့် နောက်သို့ လွင့်စဉ်သွားရခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် မီးဝါးပင် ဒါဇင်နှင့်ချီကာ တိုက်မိကျိုးပဲ့ကုန်ပြီးမှ ရပ်တန့်သွားနိုင်သည်။
သူ၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဦးနှောက်ထဲတွင် စိတ်စွမ်းအင်များ လှုပ်ရှားနေပြီး စုစည်းထားပြီးသား လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတများလည်း ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
သူသည် ဤကြောက်မက်ဖွယ် ပေါက်ကွဲလက်သီးချက်ကို တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က ခေါင်းမော့ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။
ဝူမုန့်၏ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ရွှဲနစ်နေပြီး အရေပြားများ ပေါက်ပြဲနေသည်ကို တွေ့လိုက်ရသည်။
သွေးကြောအချို့ပင် ပြတ်တောက်သွားပုံ ရသည်။
သို့သော် သူ၏ မျက်နှာပေါ်တွင်မူ ဝမ်းသာအားရ အပြုံးများဖြင့် ပြည့်နှက်နေပြီး ဒဏ်ရာများကို လုံးဝ ဂရုစိုက်ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ အစွမ်းကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် သွေးနှင့် အသားများမှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသောကြောင့် ဖြစ်သည်။
ရုပ်ခန္ဓာကို အခြေပြုပြီး သွေးကို သင်္ကေတအဖြစ် အသုံးပြုခြင်းမှာ သာမန် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ကြောင်း လင်းယွမ် ရုတ်တရက် နားလည်သွားသည်။
ဝူမုန့် တစ်ယောက်တည်းသာ ဤကဲ့သို့ လုပ်ဆောင်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူတစ်ယောက်တည်းသာ ဤ အသားအရေ ပေါက်ပြဲသည့် ဒဏ်ရာများကို မကြောက်ရွံ့ခြင်း ဖြစ်သည်။
"မိုက်တယ်"
လင်းယွမ်က လေးစားစွာဖြင့် ချီးကျူးစကား ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် အမှန်တကယ် နှစ်ခြိုက်စွာ အရှုံးပေးမိလေပြီ။
တစ်ဖက်လူသည် အသားပြန်လည်ကြီးထွားခြင်း ဟူသော ကုသမှု အစွမ်းတစ်ခုတည်းကို အသုံးပြုပြီး ထိုအစွမ်းကို အကွက်ကျကျ ကစားပြသွားခြင်း ဖြစ်သည်။
ဒါကို ဉာဏ်ကြီးရှင်ပါဟု ပြောရုံဖြင့် မလုံလောက်တော့ပေ။
သူ၏ စိတ်ဓာတ်၊ ဇွဲလုံ့လ၊ ခွန်အားနှင့် အတွေးအခေါ်တို့ အားလုံး ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဝူမုန့်ကလည်း လက်သီးကို ပြန်ရုပ်လိုက်ရာ သူ၏ ကြွက်သားများ ဖြည်းညှင်းစွာ လျော့ကျသွားပြီး မူလအတိုင်း ပြန်ဖြစ်သွားသည်။
ခန္ဓာကိုယ် အရွယ်အစားသည်လည်း ပြန်လည် သေးငယ်သွားပြီး သူက အမောဖြေရင်း ပြောလိုက်သည်။
"ဟူး... တတိယအဆင့် သွေးသားအခြေအနေကို ငါ သိပ်ကြာကြာ မထိန်းထားနိုင်ဘူး... (၁၀) စက္ကန့်လောက်ပဲ ရတယ်"
"ငါ့ရဲ့ သန္ဓေပြောင်းလဲနှုန်းက နိမ့်လွန်းနေသေးတယ်"
လင်းယွမ်က ပြန်ပြောလိုက်သည်။
"မင်းက တော်တော် စွမ်းနေပါပြီ... ငါသာ တလောက စိတ်စွမ်းအင် ခံစစ်အစွမ်းကို မရထားရင် မင်းရဲ့ ဒီလက်သီးချက်ကို ခုခံနိုင်မှာ မဟုတ်ဘူး"
ဝူမုန့်က ဟားတိုက် ရယ်မောလိုက်ပြီး မေးလိုက်သည်။
"ငါ့ရဲ့ ခွန်အားက ထူလုံ နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"
လင်းယွမ်က လက်မထောင်ပြလိုက်သည်။
"မင်းက ပိုသာတာပေါ့"
"ထူလုံက စွမ်းတာတော့ မှန်တယ်... ဒါပေမဲ့ အဲဒါက သူ့ရဲ့ အစွမ်းကြောင့် စွမ်းတာ... မင်းကတော့ မတူဘူး"
"မင်းက ကိုယ်ပိုင်အရည်အချင်းနဲ့ စွမ်းတာ... စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စွမ်းတာ"
ဝူမုန့်၏ အပြုံးများ ပိုမို ပီပြင်လာပြီး လျှောက်လှမ်းလာကာ ပြောလိုက်သည်။
"မင်းရဲ့ ခွန်အားကလည်း မဆိုးပါဘူး... ဒါပေမဲ့ မင်းက မင်းရဲ့ အစွမ်းကို အပေါ်ယံလောက်ပဲ အသုံးချနေသေးတယ်"
"စိတ်စွမ်းအင်ကလွဲရင် ခွန်အား၊ အလျင် စတဲ့ တခြား ကဏ္ဍတွေမှာ နက်နက်ရှိုင်းရှိုင်း တူးဖော်ထားတာမျိုး ငါ မတွေ့ရဘူး"
"လင်းယွမ်... မင်းရဲ့ အစွမ်းက အရမ်းကောင်းတယ်... ထူလုံ လိုတော့ အဖြစ်မခံနဲ့... အစွမ်းကိုပဲ အားကိုးမနေဘဲ မင်းရဲ့ ကိုယ်ပိုင် အလားအလာတွေကို သေချာ တူးဖော်ပါ"
"ငါတို့ လူသားတွေက ဦးနှောက်ချင်းယှဉ်ရင် အမြဲတမ်း သာတယ်... စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင် အရည်အချင်းတွေမှာ သာတယ်... မျိုးရိုးဗီဇ တစ်ခုတည်းမှာ သာတာ မဟုတ်ဘူး"
"အနာဂတ်မှာ ငါတို့က မရေမတွက်နိုင်တဲ့ သန္ဓေပြောင်း သားရဲတွေနဲ့ ယှဉ်ပြိုင်ရမှာ... ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းအတွက် ဝင်ခွင့်လက်မှတ်ကို လုယူရမှာ"
"ကြိုးစားစမ်းပါကွာ... ဒီ မီးဝါးတောကို မင်းတို့ကို ပေးလိုက်ပြီ"
"ဒီတစ်ခေါက် ပင်လယ်ရေလှိုင်း အန္တရာယ် ပြီးသွားရင် သိုင်းဘုရင်ဂေဟာ ကို လာခဲ့... ငါ အသားဟင်းနဲ့ ဧည့်ခံမယ်"
ဝူမုန့်က ရယ်မောကာ ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် အမုန်းတရားနှင့် ဒေါသကိုမျှ မတွေ့ရပေ။
ဒီ ဝါးတောကို အမှန်တကယ် ဂရုမစိုက်သည့် ပုံစံပင်။
လင်းယွမ်၏ စိတ်နှလုံး တုန်လှုပ်သွားပြီး သိုင်းဘုရင်ဂေဟာ ခေါင်းဆောင်၏ ဆွဲဆောင်မှုရှိသော ကိုယ်ကျင့်တရားကို ထပ်မံ ခံစားလိုက်ရသည်။
တစ်ဖက်လူသည် ထူလုံ ကဲ့သို့ ရက်စက်ကြမ်းကြုတ်သူ မဟုတ်သလို၊ ဟုန်ဖူ ကဲ့သို့ ကောက်ကျစ်သူလည်း မဟုတ်ပေ။
သူသည် အမှန်တကယ် ပွင့်လင်းရိုးသားသော လူတစ်ယောက် ဖြစ်သည်။
မိမိကိုယ်ပိုင် အလားအလာများကို တူးဖော်ရန် အမှန်တကယ် စိတ်အားထက်သန်သူ တစ်ဦး ဖြစ်သည်။
ဤကဲ့သို့သော လူမျိုးသည် မသမာသော နည်းလမ်းများကို အသုံးပြုမည့် လူယုတ်မာမျိုး မဖြစ်နိုင်ကြောင်း လင်းယွမ် နားလည်လိုက်သည်။
ထို့ကြောင့်လည်း မိမိ၏ အစွမ်းကို ဤမျှ ကြောက်မက်ဖွယ်ကောင်းအောင် မြှင့်တင်နိုင်ခြင်း ဖြစ်ပြီး ကိုယ်ပိုင် ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းတစ်ခုကိုပင် ဖန်တီးနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
လင်းယွမ်က စိတ်ထဲတွင် ချီးကျူးမိပြီး ခင်မင်သော အပြုံးဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကိုဝူ"
ဝူမုန့်က လက်ကာပြပြီး ရယ်မောလိုက်သည်။
"ဘာ ကိုဝူ လဲကွာ... ဝူမုန့် လို့ပဲ ခေါ်ခေါ်... အစ်ကိုမုန့် လို့ပဲ ခေါ်ခေါ် ရပါတယ်... မင်းတို့ စခန်းကို လိုက်ပြပေးနိုင်မလား"
လင်းယွမ်က ပြုံးလိုက်ပြီး... "ဒါပေါ့... ဝမ်းသာအားရ ကြိုဆိုပါတယ်"
ဝူမုန့်က ခေါင်းလှည့်ပြီး လီယွဲ့ကျင်း တို့ဘက်သို့ လှမ်းပြောလိုက်သည်။
"သူ့ရဲ့ အစွမ်းအစကို ငါအသိအမှတ်ပြုလိုက်ပြီ... ဒီနေ့ကစပြီး မီးဝါးတော အချင်းဝက် (၃) မိုင်ပတ်လည်က သူ့ပိုင်နက်ပဲ"
ထို့နောက် သူက လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"ညီအစ်ကို... မီးဝါးတောက ငါတို့ သိုင်းဘုရင်ဂေဟာ နဲ့ ဖုန်းဟွမ်ဘုရားကျောင်း ကြားမှာ ရှိတာ... အချင်းဝက် (၃) မိုင်ပတ်လည်မှာ တစ်ဝက်က ငါတို့ဘက်မှာ ရှိပြီး နောက်တစ်ဝက်က ဖုန်းဟွမ်ဘုရားကျောင်း ဘက်မှာ ရှိတယ်"
"ငါ့ဘက်ခြမ်းမှာတော့ မင်း ကြိုက်သလို လှုပ်ရှားလို့ ရတယ်... မင်းတို့ လူတွေကိုလည်း ငါတို့ဆီ လာပြီး ပစ္စည်း ဖလှယ်တာမျိုး ကြိုဆိုတယ်... စားမကုန်တဲ့ အသားငါးတွေ ရှိရင် ငါတို့ဆီ လာပြီး လိုအပ်တာတွေနဲ့ လဲလှယ်လို့ ရတယ်"
"ငါတို့ဆီမှာ သကြား ထွက်တယ်... လိုအပ်ရင် လာလဲလှယ်လို့ ရတယ်"
လင်းယွမ်က ကြားလိုက်ရသဖြင့် အံ့သြသွားပြီး "သကြား ထွက်တယ်... မင်းတို့ဆီမှာ သကြား ဘယ်က ရတာလဲ"
ဝူမုန့်က ရယ်မောကာ "တောင်ပေါ်မှာ ကြံတွေ အများကြီး စိုက်ထားတာလေ... သကြားကို အဲဒီကနေ ချက်ယူတာ"
သူက ဆက်ပြောလိုက်သည်။
"တောင်ပေါ်မှာ ရပ်တည်နိုင်ဖို့ဆိုရင် မင်းတို့ စခန်းမှာလည်း ကိုယ်ပိုင် ထုတ်ကုန်တစ်ခု ရှိဖို့ လိုတယ်... မဟုတ်ရင် မင်း မီးဝါးတောကို သိမ်းပိုက်ထားနိုင်ရင်တောင် မင်းတို့ စခန်းက ကြာရင် ကွဲသွားမှာပဲ"
"ငါတို့ စခန်းကြီး (၄) ခုလုံးမှာ ကိုယ်ပိုင် စိုက်ပျိုးရေး ထုတ်ကုန်တွေ ရှိကြတယ်... ပင်လယ်ရေလှိုင်း အန္တရာယ် ပြီးသွားတိုင်း တောင်ထိပ်က ကောင်းကင်ဘုံ နေရာမှာ ဈေးခင်းပြီး ဖလှယ်ကြတယ်"
လင်းယွမ်က နားထောင်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဝူမုန့်ဆီမှ ပင်လယ်ရေလှိုင်း အန္တရာယ် ဆိုသည့် စကားကို ကြားရသည်မှာ ဒါ ဒုတိယအကြိမ် ရှိပြီဖြစ်သည်။
ထို့ကြောင့် မနေနိုင်တော့ဘဲ မေးလိုက်သည်။
"အစ်ကိုမုန့်... ပင်လယ်ရေလှိုင်း အန္တရာယ် ဆိုတာ ဘာလဲ... ခင်ဗျားတို့က အဲဒါကို တော်တော် စိုးရိမ်နေပုံရတယ်"
ထိုအချိန်တွင် တင်းယန် နှင့် လျှိုဖိန်ဖိန် တို့နှစ်ယောက်က ကျောက်ခိုင် ကို တွဲလျက် လျှောက်လာကြသည်။
လီယွဲ့ကျင်း တို့ လူစုလည်း လျှောက်လာကြသည်။ နှစ်ဖက် ခေါင်းဆောင်များ မိတ်ဖွဲ့လိုက်ကြပြီ ဖြစ်သဖြင့် အားလုံးက ဆက်လက် တိုက်ခိုက်စရာ အကြောင်း မရှိတော့ပေ။
ထိုစဉ် လီယွဲ့ကျင်း ဘေးမှ မိန်းကလေး တစ်ယောက် လျှောက်လာပြီး ပြောလိုက်သည်။
"အစ်ကိုချော... ဒါလေး ယူလိုက်ပါ"
သူမက ဝါးကျည်တောက် တစ်ခုကို ကမ်းပေးလိုက်သည်။ ဝါးကျည်တောက်ထဲတွင် အရည်များ ပါပုံရသည်။
ကျောက်ခိုင် က အနည်းငယ် အငြိုးထားတတ်သူ ဖြစ်သဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ မပြောပေ။
လျှိုဖိန်ဖိန် ကလည်း တစ်ဖက်လူကို သတိထားပြီး ကြည့်နေသည်။
တင်းယန် ကမူ မျက်နှာတည်ဖြင့် မေးလိုက်သည်။
"ဘာလုပ်မလို့လဲ"
ထိုမိန်းကလေးက ရယ်မောကာ "ကျွန်မက သိုင်းဘုရင်ဂေဟာ ရဲ့ သီးသန့် ကုသသူ ပိုင်ကျစ်လဲ့ ပါ... ဒါက ကျွန်မ ဖော်စပ်ထားတဲ့ ဆေးရည်ပါ... ဒဏ်ရာတွေကို ပြန်ကောင်းစေတယ်"
"မယုံရင် အမကော နဲ့ အစ်ကိုဖုန်း တို့ကို ကြည့်လိုက်"
သူမက လူအုပ်ထဲတွင် ဒဏ်ရာများ ပြန်ကောင်းနေပြီ ဖြစ်သော ကောကျဲ၊ ချန်ကျန့်ဖုန်း နှင့် ယွမ်ရွေ့ တို့ကို ညွှန်ပြလိုက်သည်။
တကယ်ပင် ထိုသုံးယောက်၏ ဒဏ်ရာများမှာ ပြန်ကောင်းနေပြီ ဖြစ်ပြီး မျက်နှာအရောင်အဆင်းလည်း တော်တော် ကြည်လင်လာသည်။
ကျောက်ခိုင် တို့ ကြည့်လိုက်သည်ကို မြင်သောအခါ ယွမ်ရွေ့ မှလွဲ၍ ချန်ကျန့်ဖုန်း နှင့် ကောကျဲ တို့က ပြုံးပြကာ ခေါင်းညိတ်ပြကြသည်။
ကောကျဲ က အနားသို့ လျှောက်လာပြီး ပြောလိုက်သည်။
"အားနာပါတယ်... စောစောက လက်လွန်သွားတယ်... ဒါက ကျွန်မတို့ ခေါင်းဆောင်ရဲ့ သဘောထားပါ... ရှင်တို့က ကျွန်မတို့ကိုတောင် မနိုင်ရင် ဒီ မီးဝါးတောကိုလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားရသောအခါ တင်းယန် တို့ သုံးယောက်၏ စိတ်ထဲမှ ဒေါသများ အနည်းငယ် လျော့ကျသွားသည်။
တင်းယန် က မေးလိုက်သည်။
"နင်တို့ ပြောချင်တာက... ငါတို့ ခွန်အားသာ နည်းနေရင် ဖုန်းဟွမ်ဘုရားကျောင်း က လူတွေ လာတိုက်လိမ့်မယ် ဆိုလိုတာလား"
ကောကျဲ က ခေါင်းညိတ်ပြပြီး "ဒါက အသေအချာပဲ... ထူလုံ နဲ့ ဟုန်ဖူ က ပူးပေါင်းကြံစည်နေကြတာ... အဲဒီနှစ်ယောက်က မီးဝါးတောကို မျက်စိကျနေတာ ကြာပြီ"
"ရှင်တို့ ဒီမှာ နေတာ ရက်နည်းနည်း ရှိပြီဆိုတော့ သိမှာပါ... မီးဝါးပင်တွေက မာကျောပြီး ကြံ့ခိုင်မှု ရှိတယ်... အဆောက်အအုံ ဆောက်တာနဲ့ လက်နက် လုပ်ရာမှာ သုံးလို့ကောင်းတဲ့ ပစ္စည်းတွေပဲ"
"ဝါးမျှစ်တွေကလည်း လတ်ဆတ်ပြီး စားလို့ကောင်းတယ်... ဟင်းကောင်း တစ်ခွက်ပေါ့"
"ဒီ မီးဝါးတောထဲမှာ မီးဝါးကြွက်တွေလည်း အများကြီး ရှိတယ်... သူတို့က အသီးအရွက်ပဲ စားပြီး ရန်လိုစိတ် သိပ်မရှိဘူး... အသားကလည်း အရမ်း အရသာရှိတယ်... တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေပဲ"
"အမှန်အတိုင်း ပြောရရင် အစ်ကိုမုန့် သာ အားလုံး စည်းလုံးရမယ်လို့ မပြောခဲ့ရင် ကျွန်မတို့လည်း လက်လွှတ်ပေးချင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အခု ကျွန်မတို့က လက်လွှတ်ပေးလိုက်ပြီ... ဒါပေမဲ့ ထူလုံ တို့ကတော့ လက်လွှတ်ပေးမှာ မဟုတ်ဘူး"
"ဒီနေရာက ဆီသည်မ လက်သုတ်ပဝါ လို ဖြစ်နေတာ"
တင်းယန် တို့ သုံးယောက်လည်း သဘောပေါက်သွားကြပြီး ထူလုံ နှင့် ဟုန်ဖူ တို့၏ ကောက်ကျစ်စဉ်းလဲမှုကို ပိုမို မုန်းတီးသွားကြသည်။
သူတို့ကို အသုံးချပြီး မီးဝါးတောကို သိမ်းပိုက်ရန် ကြံစည်ကာ သိုင်းဘုရင်ဂေဟာ နှင့် တိုက်ခိုက်စေခြင်း ဖြစ်သည်။
ကောကျဲ က စကားပြော ကောင်းသူ ဖြစ်သဖြင့် ခဏလောက် စကားပြောပြီးနောက် အားလုံး အဆင်ပြေသွားကြသည်။
တင်းယန် နှင့် ကျောက်ခိုင် တို့လည်း နားလည်သွားကြသည်။ ယခင် တိုက်ပွဲတွင် သိုင်းဘုရင်ဂေဟာ က လူများ သက်ညှာထားခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက သူတို့၏ အရေအတွက်နှင့် ဆိုလျှင် ထို ကြောက်မက်ဖွယ်ကောင်းသော ဝူမုန့် ကို မဆိုထားနှင့်၊ ကျန်လူများ ဝိုင်းတိုက်လျှင်ပင် သူတို့ ယှဉ်နိုင်မည် မဟုတ်ပေ။
သူတို့က အသေအကြေ မတိုက်ခိုက်ခဲ့ခြင်းကို ကြည့်လျှင် ယခင်က ပြောခဲ့သော စကားများမှာ အမှန်ဖြစ်လောက်သည်။
ဝူမုန့် သည် အမှန်တကယ်ပင် လူတိုင်းကို စည်းလုံးစေချင်သော ခေါင်းဆောင် တစ်ဦး ဖြစ်ပုံရပြီး ကိုယ်ကျိုးကြည့်သူ မဟုတ်ပေ။
ထိုအချက်ကို လင်းယွမ် နှင့် ဝူမုန့် တို့ စကားပြောကြရင်း တဖြည်းဖြည်း သတိထားမိလာသည်။
ထိုသို့သော လူမျိုး၏ စိတ်နှလုံးသည် ဤမျှလောက် ဖြူစင်ရိုးသားပါလားဟု လင်းယွမ် စိတ်ထဲတွင် ချီးကျူးမိသည်။
ထိုကဲ့သို့သော စိတ်ထားမျိုး မရှိလျှင် ယခုကဲ့သို့ အောင်မြင်မှုမျိုး ရရှိနိုင်မည် မဟုတ်ပေ။
လင်းယွမ် အနေဖြင့်လည်း ထိုကဲ့သို့သော လူမျိုးနှင့် ဆက်ဆံရသည်ကို နှစ်သက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်လိုသောကြောင့် ဖြစ်သည်။
သို့မှသာ သူ့အတွက် ငါးဖမ်းပြီး အမှတ် ရှာပေးမည့်သူများ ပိုမို များပြားလာမည် ဖြစ်သည်။
သူ့တွင် ကံစမ်းမဲ အကန့်အသတ်မရှိ နှိုက်နိုင်သော အစွမ်း ရှိနေသဖြင့် ပစ္စည်းများ အမြောက်အမြား ရရှိနိုင်ရာ လာရောက် လဲလှယ်မည့်သူ မရှိမည်ကို ပူစရာ မလိုပေ။
ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာ တူညီပြီး ဘုံရည်မှန်းချက် ရှိသဖြင့် နှစ်ဖက်စလုံး စကားပြောရ အဆင်ပြေနေကြသည်။
ဝါးတောမှ ထွက်ခွာပြီး တောင်ပေါ် ကားလမ်းမသို့ ရောက်သောအခါ...
ကျောက်ခိုင် ၏ ဒဏ်ရာများမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြန်ကောင်းနေပြီ ဖြစ်သည်။
ဝါးကျည်တောက်ထဲမှ ဆေးရည်၏ အစွမ်းထက်မြက်ပုံကို သူ ခံစားလိုက်ရပြီး အံ့သြဝမ်းသာ ဖြစ်သွားကာ ထိုလူစုကို ကြည့်သော အကြည့်များမှာလည်း ပိုမို နူးညံ့လာသည်။
"ဒီလူတွေက တကယ် ရိုးသားတဲ့ သဘောနဲ့ လာတာပဲ"
တောင်ပေါ် ကားလမ်းမသို့ ရောက်သည်နှင့် အပြေးအလွှား စစ်ကူလာသော ထိုက်ယန်တောင်မင် တို့နှင့် ဆုံမိကြသည်။
ထိုက်ယန်တောင်မင် က အဝေးကတည်းက လင်းယွမ် တို့နှင့် သူစိမ်းများ အတူ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် မျက်နှာတွင် အံ့သြရိပ်များ ပေါ်လာသည်။
သူက သံသယဖြင့် ခြေလှမ်းတန့်လိုက်ပြီး လှမ်းအော်မေးလိုက်သည်။
"လင်းယွမ်... မင်းတို့ ဘာမှ မဖြစ်ဘူးမလား"
လင်းယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
"အားလုံးက နားလည်မှု လွဲတာပါ... ဒေါက်တာရန်... အားလုံး ဒီဘက် လာခဲ့ကြပါ... ကျွန်တော် မိတ်ဆက်ပေးမယ်"
ထိုက်ယန်တောင်မင် က သံသယဖြင့် ကျောက်ခိုင် တို့နှင့်အတူ လျှောက်လာသည်။
ဝါးအိမ်ဘက်မှ ဆုန့်ဝမ်၊ ရန်မေ၊ တုံယန် စသဖြင့် သတင်းရထားသူများလည်း အပြေးအလွှား ရောက်လာကြသည်။
အားလုံး ဆုံမိပြီးနောက် လင်းယွမ်က မိတ်ဆက်ပေးလိုက်သည်။
"ကဲ... ဒါက သိုင်းဘုရင်ဂေဟာ က ညီအစ်ကို မောင်နှမတွေပါ... သူတို့လည်း တောင်ပေါ်မှာ ခိုလှုံနေကြတာ... တိုက်ပွဲကနေမိတ်ဆွေဖွဲ့ ဆိုသလို ဒီနေ့ပဲ သိုင်းဘုရင်ဂေဟာ က လူတွေနဲ့ ခင်မင်သွားရတာပေါ့"
"ဒါက သိုင်းဘုရင်ဂေဟာ ခေါင်းဆောင် ဝူမုန့် ပါ... အားလုံးက အစ်ကိုမုန့် လို့ ခေါ်ကြတယ်"
"အစ်ကိုမုန့်... ဒါက ကျွန်တော်တို့ စခန်းက လူတော်တွေပါ... ထိုက်ယန်တောင်မင်... ဒေါက်တာရန် ပေါ့... အရင်က တိုင်းရင်းဆေးဆရာဝန်ပါ... အခု ဆေးဝါးကုသမှု အခြေအနေကို ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... တိုင်းရင်းဆေး ပညာရှင်တွေ လက်စွမ်းပြရမယ့် အချိန်ပေါ့"
"ဒီလူတွေကလည်း ကျွန်တော်တို့ စခန်းရဲ့ အမာခံတွေပါပဲ"
လင်းယွမ်က ကိုယ့်ဘက်က လူများကို မိတ်ဆက်ပေးရင်း ဝူမုန့် ကိုလည်း အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည်။
ဝူမုန့် ကလည်း အလိုက်သင့်ပင် စကားဆက်လိုက်ပြီး သူ့ဘက်မှ အရေးပါသော လူများကို မိတ်ဆက်ပေးသည်။
ပထမဆုံး မိတ်ဆက်ပေးသူမှာ လီယွဲ့ကျင်း ဟု ခေါ်သော အသက်လတ်ပိုင်း ဆရာတစ်ဦး ဖြစ်သည်။
"ဆရာလီ ကလည်း စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ပဲ... သူ့ရဲ့ အစွမ်းက တိုက်ခိုက်တာ မဟုတ်ဘဲ အထောက်အကူပြုတာ"
လီယွဲ့ကျင်း က ပြုံးပြီး "အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်က လီယွဲ့ကျင်း ပါ... အရင်က ထိုက်ယန်တောင် အထက်တန်းကျောင်းက ဆရာပေါ့... ကံကောင်းပြီး စိတ်ဝိညာဉ်အမှတ်အသား ဆိုတဲ့ အစွမ်းတစ်ခု ရထားတယ်... လူ ဒါမှမဟုတ် ပစ္စည်းတွေကို အမှတ်အသား လုပ်ပြီး ခြေရာခံနိုင်ပါတယ်"
သူက မိမိကိုယ်ကို ရိုးရှင်းစွာ မိတ်ဆက်လိုက်ပြီး အစွမ်းအကြောင်းကိုလည်း သိပ်မပြောဘဲ အပေါ်ယံသာ ပြောပြသည်။
အားလုံးကလည်း နားလည်ပေးကြသည်။ ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သဖြင့် မိမိ၏ အစွမ်းကို လျှောက်ပြောမည် မဟုတ်ပေ။
ဒါက ကိုယ့်အသက် အန္တရာယ်နှင့် သက်ဆိုင်သော ကိစ္စ ဖြစ်သည်။
ဝူမုန့်က ရယ်မောကာ "ညီလေးလင်းယွမ်... ဆရာလီ ကို လျှော့မတွက်နဲ့နော်... သူက ငါတို့ စခန်းမှာ ရေရှောင် သင်္ကေတကျောက်တုံး လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ"
လင်းယွမ်က ကြားလိုက်ရသဖြင့် စိတ်ထဲတွင် အံ့သြသွားပြီး ဆရာလီ ကို လေးစားသွားသည်။
သင်္ကေတကျောက်တုံး ပြုလုပ်ရန်အတွက် စိတ်စွမ်းအင် (၂၅) မှတ် အထက် ရှိရန် လိုအပ်သည်။
ပုံပန်းသွင်ပြင် ရိုးရိုးရှင်းရှင်းသာ ရှိသော လီယွဲ့ကျင်း သည် စိတ်စွမ်းအင် အရာတွင် ဆရာတစ်ဆူ ဖြစ်နေသည်။
သူ ပြောသော စိတ်ဝိညာဉ်အမှတ်အသား ဆိုသည်မှာ ရန်သူကို အမှတ်အသား လုပ်ရုံ သက်သက် မဟုတ်လောက်ပေ။
သူက လက်ကမ်းပေးလိုက်ပြီး လီယွဲ့ကျင်း ကို ပြောလိုက်သည်။
"မသိလို့ ကျော်သွားမိတယ်... မင်္ဂလာပါ ဆရာလီ"
လီယွဲ့ကျင်း က လက်နှစ်ဖက်ဖြင့် ပြန်လည် ဆုပ်ကိုင်လိုက်ပြီး နှိမ့်ချစွာ ပြောလိုက်သည်။
"ကိုလင်းယွမ် က ယဉ်ကျေးလွန်းနေပြီ... ကျွန်တော့်ကို အစ်ကိုလီ လို့ပဲ ခေါ်ပါ... ဆရာ ဆိုတာက အတိတ်က အကြောင်းအရာတွေ ဖြစ်သွားပါပြီ"
"တစ်ရက် ဆရာဖြစ်ဖူးရင် တစ်သက်လုံး ဆရာပါပဲ"
အားလုံး ရယ်မောလိုက်ကြသည်။ ထို့နောက် ဝူမုန့် က သူ့ဘေးမှ ကောကျဲ၊ ချန်ကျန့်ဖုန်း၊ ယွမ်ရွေ့၊ ယွဲ့ယာဝေ၊ ပိုင်ကျစ်လဲ့ တို့ကို မိတ်ဆက်ပေးသည်။
ထိုအထဲတွင် ကောကျဲ၊ ချန်ကျန့်ဖုန်း နှင့် ယွမ်ရွေ့ တို့၏ အစွမ်းကို လင်းယွမ် မြင်ဖူးပြီးသား ဖြစ်သဖြင့် ထွေထွေထူးထူး ပြောစရာ မရှိပေ။
ယွဲ့ယာဝေ နှင့် ပိုင်ကျစ်လဲ့ တို့၏ အစွမ်းကမူ လင်းယွမ် ကို အံ့သြစေသည်။
ယွဲ့ယာဝေ ၏ အစွမ်းမှာ ကာမဆန္ဒ နိုးကြွစေခြင်း ဖြစ်သည်။
ဝူမုန့်၏ ပြောပြချက်အရ ထိုမိန်းကလေး၏ အစွမ်းမှာ အလွန် ထူးခြားပြီး သူတို့ တည်ထောင်မည့် မွေးမြူရေး စခန်းအတွက် အဓိက ကျသော ပုဂ္ဂိုလ် ဖြစ်လာမည်ဟု ဆိုသည်။
လင်းယွမ်က အနည်းငယ် တွေးလိုက်ရုံဖြင့် မွေးမြူရေး လုပ်ငန်းတွင် သူမ၏ အစွမ်းက မည်မျှ အရေးပါကြောင်း နားလည်လိုက်သည်။
မိမိတို့ဘက်မှ မီးဝါးတောတွင်လည်း မီးဝါးကြွက်များ မွေးမြူမည် ဖြစ်သဖြင့် လင်းယွမ်က သူမကို ပိုမို ရင်းနှီးစွာ ဆက်ဆံလိုက်သည်။
ယွဲ့ယာဝေ က မူလက အနည်းငယ် မာနကြီးသော်လည်း လင်းယွမ်က မာနကို လျှော့ပြီး သူမနှင့် ခင်မင်စွာ ဆက်ဆံသည်ကို မြင်သောအခါ ပိုမို ရင်းနှီးလာပြီး စောစောက သူမ ချစ်သူ ယွမ်ရွေ့ အရိုက်ခံရသည်ကိုပင် မေ့သွားတော့သည်။
ယွမ်ရွေ့ ဆိုသော လူငယ်လေးကလည်း ရိုးသားသူ ဖြစ်ပြီး ဝူမုန့် နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော လင်းယွမ် ကို အလွန် လေးစားနေသည်။
သို့သော် သူ့အစွမ်းကို ဖိနှိပ်နိုင်သော ကျောက်ခိုင် ကိုမူ အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
ရေခဲအစွမ်းဖြင့် မြေပြင်ကို ခဲမထားလျှင် သူ့အနေဖြင့် မြေလျှိုးအစွမ်းကို သုံးပြီး ကျောက်ခိုင် နှင့် တင်းယန် တို့ကို ဖမ်းဆီးနိုင်မည်ဟု ထင်မှတ်နေသည်။
ချန်ကျန့်ဖုန်း ကမူ ရိုးသားပြီး စကားနည်းသူ ဖြစ်သည်။ လင်းယွမ် ကို နှုတ်ဆက်ရာတွင်လည်း အေးတိအေးစက်ဖြင့် စကားနည်းလှသည်။ သူ့ ပင်ကိုယ်စရိုက် ဖြစ်ပုံရသည်။
ကောကျဲ ကမူ လင်းယွမ်ကို အတော်လေး လေးစားအားကျနေပြီး လင်းယွမ်၏ စိတ်စွမ်းအင် အားကောင်းမှုကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။
အဘယ်ကြောင့်ဆိုသော် သူမသည်လည်း စိတ်စွမ်းအင်ဖြင့် လှည့်စားသော အစွမ်းပိုင်ရှင် ဖြစ်သဖြင့် တစ်ချက်တည်းနှင့် သူမကို မေ့လဲသွားစေသော စိတ်စွမ်းအင် တိုက်ခိုက်မှုမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိနေသောကြောင့် ဖြစ်သည်။
မိန်းကလေး ပိုင်ကျစ်လဲ့ ကမူ လင်းယွမ်ကို အံ့သြစေသည်။
သူမ၏ အစွမ်းမှာ ကုသနိုင်သော အစွမ်းဖြစ်ပြီး သိုင်းဘုရင်ဂေဟာ ၏ တစ်ဦးတည်းသော ကုသသူ ဖြစ်သည်။
သူမက သူမ၏ အစွမ်းကို အာဟာရဖြည့်ရည် ဟု နာမည်ပေးထားပြီး သူမ၏ အစွမ်းဖြင့် ပေါင်းစပ်ထားသော ရေကို သောက်လိုက်လျှင် ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းနိုင်သည်။
သူမ၏ အစွမ်းမှာ ရေဓာတ်နှင့် ဆိုင်သော အစွမ်းတစ်ခု ဖြစ်မည်ဟု လင်းယွမ် ယူဆလိုက်သည်။
သိုင်းဘုရင်ဂေဟာ ဘက်မှ အခြား အစွမ်းပိုင်ရှင်များမှာ အများအားဖြင့် ခွန်အားနှင့် အလျင်ပိုင်းဆိုင်ရာ အစွမ်းများ ဖြစ်ကြသည်။
လင်းယွမ်က တစ်ယောက်ချင်းစီနှင့် မိတ်ဆက်ပြီးနောက် နှစ်ဖက်စလုံး ရင်းနှီးသွားကြသည်။
ထို့နောက် လင်းယွမ်က လူအုပ်ကြီးကို ခေါ်ဆောင်ကာ ဝါးအိမ်များဆီသို့ သွားပြီး ဝူမုန့် တို့ကို သူတို့၏ စခန်းကို လိုက်ပြသည်။
ဝူမုန့်က ဝါးအိမ်ကို မြင်သောအခါ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ညီလေးလင်းယွမ်... မီးဝါးတွေက မာကျောတယ် ဆိုပေမယ့် သန္ဓေပြောင်း သားရဲတွေရဲ့ ရန်ကို ကာကွယ်ဖို့ ခက်တယ်"
"မင်းတို့က ဝါးအိမ်ထဲမှာပဲ နေမယ်ဆိုရင် အန္တရာယ် များတယ်... တောင်ကမ်းပါးယံကို အကာအကွယ်ယူပြီး ဂူတွေ တူးပြီး တောင်နံရံထဲမှာ နေတာ ပိုလုံခြုံလိမ့်မယ်"
လင်းယွမ်က ပြုံးပြီး "အစ်ကိုမုန့် တွေးတာနဲ့ ကျွန်တော် တွေးတာ တူနေပြီ... ဝါးအိမ်က အပြင်ဘက်ကို ချဲ့ထွင်ထားတဲ့ နေရာပါ... ကျွန်တော်တို့က ဝါးအိမ် နောက်ဘက် တောင်နံရံထဲမှာ ဂူတွေ တူးထားပြီးသားပါ... အန္တရာယ်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရောက်လာရင် ပုန်းဖို့ပေါ့"
ထိုအခါမှ ဝူမုန့်က ပြုံးလိုက်ပြီး "ဟုတ်တာပဲ... မင်းက အကြံဉာဏ် ရှိတဲ့သူပဲ... ဒါမျိုးတွေ တွေးမိမှာပါ"
လင်းယွမ်က သန္ဓေပြောင်း သတ္တဝါ အကြောင်း တွေးမိရင်း မီးသတ်ရေလှောင်ကန် အနီးသို့ လာစဉ်က တွေ့ခဲ့ရသော ကြီးမားလှသည့် သတ္တဝါကြီး အကြောင်း သတိရသွားသည်။
ထို့ကြောင့် ချက်ချင်း မေးမြန်းလိုက်သည်။
ဝူမုန့်က သူ ပြောပြသည်ကို နားထောင်ရင်း မျက်နှာထား တည်သွားသည်။
"မင်း ပြောတာ အရိုးလှံပင့်ကူကြီး ဖြစ်မယ်"
"အရိုးလှံပင့်ကူကြီးဟုတ်လား"
လင်းယွမ်က မျက်နှာထား လေးနက်သွားပြီး ချက်ချင်း မေးမြန်းလိုက်သည်။
ဝူမုန့်က ခေါင်းညိတ်ပြပြီး "အရိုးလှံပင့်ကူကြီးတွေက ထိုက်ယန်တောင် သစ်တော အနက်ပိုင်းမှာ နေကြတာ... ငါတို့ ထိုက်ယန်တောင်တောင်ပေါ် ပြောင်းလာကတည်းက အဲဒီကောင်တွေ ရှိနေတာ"
"အဲဒီ အရိုးလှံပင့်ကူကြီးတွေက အကောင် အရမ်းကြီးတယ်... အရွယ်ရောက်ပြီးသား အကောင်ဆိုရင် ပေ (၆၀)၊ (၇၀) လောက် မြင့်တယ်... သူ့ရဲ့ ခြေထောက်တွေက ကြီးမားတဲ့ အနက်ရောင် အရိုးလှံကြီးတွေလို ဖြစ်နေလို့ အားလုံးက သူ့ကို အရိုးလှံပင့်ကူကြီး လို့ ခေါ်ကြတာ"
"ငါတို့ ထိုက်ယန်တောင်တောင်ပေါ် ရောက်ခါစက သစ်တောထဲမှာ အမဲလိုက်ရင်း မတော်တဆ တွေ့ဖူးတယ်"
"ခင်ဗျားတို့ တိုက်ခိုက်ခဲ့သေးလား" လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
ဝူမုန့်က ခေါင်းခါပြီး ခါးသက်သက် ပြုံးလိုက်သည်။
"တိုက်ခိုက်တယ် ဟုတ်လား... မင်းက ငါတို့ကို အရမ်း အထင်ကြီးနေပြီ"
"အဲဒီတုန်းက ငါတို့ရဲ့ ခွန်အားနဲ့ဆိုရင် တိုက်ခိုက်ဖို့ မပြောနဲ့... အနားကပ်ဖို့တောင် မဖြစ်နိုင်ဘူး"
ဆက်ရန်...