အခန်း (၂၁၁-၂၁၂)
Vol. 11 Ch. 211-212
အပိုင်း (၂၁၁) ကျွမ်းရှုယွမ် မနာလိုဖြစ်သွားခြင်း
ကျောက်ခိုင်တို့၊ ကုဖုန်းတို့တစ်သိုက်မှာတော့ တကယ်ပဲ ကံဆိုးရှာသည်။
သူတို့က သိုင်းဘုရင်ဂေဟာက လူတွေနဲ့ ဝိုင်းတစ်ခုတည်းမှာ အတူထိုင်မိသွားကြခြင်း ဖြစ်သည်။
သူတို့မှာ ငါးကင်ကို နှစ်လုတ်လောက်တောင် မစားရသေးခင်မှာတင် ခေါင်းမော့ကြည့်လိုက်တော့ စားပွဲပေါ်က ငါးကင်တွေ အကုန်ပြောင်သလင်းခါနေပြီ ဖြစ်သည်။ ငါးခေါင်းကိုတောင် ယွမ်ရွေ့က အငမ်းမရ ကိုက်ချီသွားလေပြီ။
ကျောက်ခိုင်တို့မှာ ကြောင်တောင်တောင်ကြီး ငေးကြည့်နေမိကြသည်။
"ဟာ... ခင်ဗျားတို့... သိုင်းဘုရင်ဂေဟာမှာ ထမင်းမစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲဗျ"
ကျောက်ခိုင်က စိတ်ထဲကနေ မအောင့်နိုင်ဘဲ အော်ဟစ်မိသွားကာ မျက်နှာတစ်ခုလုံးလည်း မကျေမနပ် ဖြစ်နေ၏။ ဒီသိုင်းဘုရင်ဂေဟာဆိုတာ ခိုလှုံရေးစခန်းကြီး လေးခုထဲက တစ်ခုပဲဟာ... စားပုံသောက်ပုံက ဒီလောက်တောင် အကျည်းတန်ရသလား။
တကယ်တော့ သူတို့မှ မသိသည်က စခန်းကြီး လေးခုကလူတွေဟာ ရေကြီးတဲ့ ပထမဆုံးလကတည်းက တောင်ပေါ်ကို ပြေးတက်လာခဲ့ကြရတာ ဖြစ်သည်။ အဲဒီအချိန်ကစပြီး သူတို့ဟာ ခေတ်မီမြို့ပြလူနေမှုဘဝနဲ့ လုံးဝအဆက်ပြတ်သွားခဲ့ကာ တစ်နေ့ကုန် ဂူထဲမှာအောင်းရင်း သန္ဓေပြောင်း သတ္တဝါတွေနဲ့သာ အဖော်လုပ်နေခဲ့ကြရသည်။
အသင့်စားရိက္ခာတွေ ဘယ်လောက်တောင် မွှေးကြိုင်လဲဆိုတာကို သူတို့ လုံးဝမေ့လုနီးပါး ဖြစ်နေကြပြီ။ ငရုတ်သီးလို အမွှေးအကြိုင်မျိုးကို မစားရတာလည်း အတော်ကြာပြီဖြစ်ရာ ဘယ်သူကကော မမက်မောဘဲ နေပါ့မလဲ။ နေ့တိုင်း ငါးပဲစားနေရသော်လည်း ဟင်းခတ်အမွှေးအကြိုင် မပါဘဲနဲ့တော့ ဘယ်သူက မြိန်ရည်ယှက်ရည် စားနိုင်ပါ့မလဲ။
သိုင်းဘုရင်ဂေဟာကလူတွေတင်မကဘဲ ရပ်ကွက်ထဲမှာ ပိတ်မိနေတဲ့လူတစ်ယောက်ကို ခေါ်လာရင်တောင် ဒီလိုအနံ့မျိုးရတာနဲ့တင် သွားရည်ကျမိမှာ အသေအချာပင်။
လင်းယွမ်တို့ ထုတ်ပေးလိုက်သည့် အရာတွေက ယခုလိုကပ်ဘေးကာလတွင် တကယ့်ကို အဖိုးတန်ရတနာတွေ ဖြစ်နေချေပြီ။ တချို့ဆိုလျှင် ရှာချင်မှတောင် ရှာလို့မရနိုင်တော့သည့် ပစ္စည်းတွေပင်တည်း။ တစ်ထုပ်ချင်းစီက ပြန်မရနိုင်တော့သည့် အရင်းအမြစ်တွေ ဖြစ်နေလေပြီ။
ဒါကတော့ တခြားလူတွေအတွက်သာ ဖြစ်သည်။ လင်းယွမ်အတွက်မူ ထိုသို့မဟုတ်ပေ။ သူ့ရဲ့ ကံစမ်းမဲစနစ်မှာဆိုလျှင် ဒီလိုဟင်းခတ်အမွှေးအကြိုင်တွေကို အမှတ် ၁၀၀ ထည်းနဲ့တင် တန်နဲ့ချီပြီး ကံစမ်းရရှိနိုင်သည်။
သို့သော်လည်း သူက ဒီဟင်းခတ်ထုပ်တွေကို အကန့်အသတ်မရှိ ထုတ်ပြီးတော့ တခြားလူတွေနဲ့ လဲလှယ်မှာတော့ မဟုတ်ပေ။ သူက သူ့ရဲ့ ဟင်းလင်းပြင်အစွမ်းကို သုံးပြီး စနစ်ရှိနေတာကို ဖုံးကွယ်ထားနိုင်သော်လည်း သူ့ဆီမှာ ရိက္ခာတွေ အဆက်မပြတ် ရှိနေတာကိုတော့ ရှင်းပြလို့မရနိုင်ပေ။
နည်းနည်းချင်းစီ ခွဲထုတ်လို့ ရသော်လည်း အကန့်အသတ်မရှိတော့ လုံးဝမဖြစ်နိုင်... မဟုတ်လျှင် လူတိုင်းက သူ့ကို သံသယဝင်လာကြလိမ့်မည်။
ဒီနေ့ ထမင်းဝိုင်းကိုတော့ သိုင်းဘုရင်ဂေဟာကလူတွေ တကယ်ပဲ အားရပါးရ စားကြသည်။ ငါးတွေကုန်သွားရုံတင်မကဘဲ ငါးရိုးတွေကိုတောင် ပြောင်အောင် လျှက်သွားကြလေသည်။ ကင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဆိုလျှင်လည်း ချလိုက်တာနဲ့ ချက်ချင်း ပျောက်ခြင်းမလှ ပျောက်သွား၏။
အခု ကျန်နေသည့် ဆော့စ်ရည်တွေကိုတောင် ယွမ်ရွေ့နှင့် ချန်ကျန့်ဖုန်းတို့လို လူကြမ်းကြီးတွေက လက်မလွှတ်ကြပေ။ ပန်းကန်ထဲကို ဆော့စ်ရည်တွေ လောင်းထည့်ပြီး ထမင်းနဲ့ နယ်စားလိုက်ကြရာ တစ်ယောက်ကို ခြောက်ငါးပန်းကန်လောက်အထိ ကုန်သွားကြသည်။
ကောကျဲ၊ ပိုင်ကျစ်လဲ့နှင့် ယွဲ့ယာဝေတို့လို မိန်းကလေးတွေမှာတော့ ကြည့်ရင်းနဲ့ ရင်ပူနေကြရသည်။ သူတို့မှာ အစာအိမ် နောက်တစ်ခုလောက် ထပ်ရှိရင် ကောင်းမှာပဲလို့တောင် တွေးနေမိကြ၏။ သူတို့မှာ တကယ်ပဲ ဗိုက်ကားနေပြီဖြစ်လို့ ထပ်စားလို့ မရတော့ပေ။
"ယွမ်ရွေ့... မင်း တော်တော့လေ... အဲဒီ ဆော့စ်ရည်လေးတွေ နည်းနည်းချန်ဦး... ငါ ပုလင်းယုန်စ်လုံးထဲ ထည့်သွားပြီးရင် နောက်ကျရင် ခေါက်ဆွဲပြုတ်ထဲ ထည့်စားလို့ ရတယ်"
"အစ်ကိုဖုန်း... ချန်ပါဦး... ဆော့စ်ရည်လေး နည်းနည်းချန်ပါဦး... ငါ့ဂူထဲမှာ ဆန်တစ်အိတ် ရှိတာ မနှမြောဘဲ ဖောက်တော့မယ်... ဒီဆော့စ်ရည်နဲ့ ထမင်းချက်စားရင် သိပ်ကောင်းမှာပဲ"
"ဆရာလီ... ဆရာလီ... ကိုယ့်ပုံရိပ်ကိုယ်လည်း ကြည့်ဦးလေ... ဆရာတစ်ယောက်ဖြစ်ပြီးတော့ဗျာ... ဘာလို့ ဝါးကျည်တောက်ထဲကို ဆော့စ်ရည်တွေ ထည့်နေတာလဲ"
ဝိုင်းကတော့ တော်တော်လေးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ ငါးကင်တစ်နပ်တည်းနဲ့တင် သိုင်းဘုရင်ဂေဟာက လူတွေကို ဒီလောက်အထိ ရူးသွပ်သွားစေလိမ့်မည်ဟု လင်းယွမ်လည်း မထင်ထားခဲ့ပေ။ သူ ခေတ္တမျှ ကြောင်အသွားမိသည်။
ထိုစဉ် သူ့လက်မောင်းကို တစ်စုံတစ်ယောက်က လာဆွဲလိုက်သလို ခံစားလိုက်ရသည်။ လင်းယွမ် လှည့်ကြည့်လိုက်တော့ ပါးစပ်မှာ ဆီတွေပေနေတဲ့ ဝူမုန့်က သူ့ကို မျက်နှာချိုသွေးကာ တိုးတိုးလေး ကပ်ပြောလာ၏။
"လင်းယွမ်... မင်းဆီမှာ ဒီလို အသင့်စား ဟင်းခတ်ထုပ်တွေ ကျန်သေးလား"
"ငါ ရေရှောင်ကျောက်တစ်လုံးနဲ့ တစ်ထုပ်လဲချင်လို့ပါ... ငါ့မိန်းမက စခန်းမှာ ကျန်ခဲ့တယ်... သူလည်း ဒီလောက်အရသာရှိတဲ့ ငါးကင်မျိုး မစားရတာ ကြာပြီ"
လင်းယွမ် ငုံ့ကြည့်လိုက်လျှင် ဝူမုန့်၏လက်ထဲ၌ အပြာရောင်တောက်နေသည့် ကျောက်တုံးလေးတစ်တုံးကို သူ့အိတ်ကပ်ထဲ တိတ်တဆိတ် ထည့်ပေးနေသည်ကို တွေ့လိုက်ရသည်။
"ဒါက"
"နည်းလို့လား" ဝူမုန့်က ချက်ချင်း တစ်ခုခုကို ရိပ်မိသွားပြီး...
"ဟုတ်တာပေါ့... ဒီဟင်းခတ်ထုပ်တွေက သုံးလေ ကုန်လေပဲဟာ... ကျောက်တုံးတစ်လုံးတည်းနဲ့တော့ နည်းတာပေါ့... ငါ့မှာ နောက်ထပ် နှစ်လုံး ကျန်သေးတယ်... လင်းယွမ်... အကုန်ယူလိုက်ပါ"
"ဗျာ"
လင်းယွမ် အံ့အားသင့်သွားပြီး ဘာမှတောင် မပြောရသေးခင်မှာတင် သူ့အိတ်ကပ်ထဲကို နောက်ထပ် နှစ်လုံး ထပ်ရောက်လာပြန်သည်။
လင်းယွမ်က အမြန်ပဲ ပြောလိုက်ရသည်။ "ရပါပြီ... ရပါပြီ ... အစ်ကိုမုန့်က ကျွန်တော့်ကို ညီအစ်ကိုလို ဆက်ဆံမှတော့ ဒီဟင်းခတ်ထုပ်က ဘယ်လောက်ပဲ အဖိုးတန်ပါစေ... ကျွန်တော် တစ်ထုပ်တော့ ခွဲပေးရမှာပေါ့"
သူက ပစ္စည်းသိုလှောင်ခန်းထဲက အထုပ်ရာကျော်ထဲက တစ်ထုပ်ကို နှိုက်ယူပြီး စားပွဲအောက်ကနေ ဝူမုန့်ကို လှမ်းပေးလိုက်သည်။ ဝူမုန့်ကလည်း ထိုအရာကို ရင်ခွင်ထဲ အမြန်ထည့်လိုက်ပြီး မျက်နှာဝင်းပသွားကာ ခါးမတ်မတ် ထိုင်လိုက်တော့သည်။ လင်းယွမ်ကို ကြည့်တဲ့ သူ့ရဲ့အကြည့်တွေကလည်း ပိုပြီးတော့ ရင်းနှီးဖော်ရွေလာ၏။
လင်းယွမ်ဆိုတဲ့ ညီလေးက တကယ့်လူကောင်းပဲ။ အစွမ်းလည်း ထက်မြက်သလို စကားပြောရတာလည်း သိပ်လွယ်တာပဲ...
ဒီထမင်းတစ်နပ်ကတော့ သိုင်းဘုရင်ဂေဟာက လူတွေရဲ့ ရင်းနှီးမှုကို တကယ်ပဲ အပြည့်အဝ ရရှိသွားစေခဲ့သည်။
ရှေ့ဆက်ပြီး စကားပြောကြရာတွင် လူတိုင်းက ပွင့်ပွင့်လင်းလင်း ရှိလာကြကာ တောင်ပေါ်က အန္တရာယ်တွေ၊ သန္ဓေပြောင်း သတ္တဝါတွေ အောင်းနေတတ်သည့် နေရာတွေကို ပြောပြကြသည်။ သိုင်းဘုရင်ဂေဟာက အစွမ်းပိုင်ရှင်တွေကလည်း သူတို့ လွန်ခဲ့တဲ့ ခြောက်လအတွင်း စမ်းသပ်စားသောက်ကြည့်ခဲ့သော စားလို့ရသည့် အပင်တွေအကြောင်းကို မီးသတ်ရေကန်စခန်းက လူတွေကို ရှင်းပြပေးကြသည်။
ဒီလို သာမန်လို့ ထင်ရသည့် အချက်အလက်တွေက လင်းယွမ်တို့အတွက်တော့ အမှားအယွင်းတွေကို အများကြီး ကျော်လွှားနိုင်စေခဲ့သည်။ ၎င်းတို့မှာ ထိုက်ယန်တောင်ပေါ်တွင် နေထိုင်ခဲ့သော ဝါရင့်စီနီယာတွေ၏ အဖိုးတန် အတွေ့အကြုံတွေပင်။
နေဝင်ရီတရောအချိန် ရောက်တော့မှ သိုင်းဘုရင်ဂေဟာက လူတွေက နှုတ်ဆက်ပြီး ပြန်ဖို့ ပြင်ကြတော့သည်။ လင်းယွမ်က ကျောက်ခိုင်၊ တင်းယန်၊ ရန်ဆန်းမင်တို့နဲ့အတူ လိုက်ပါပို့ဆောင်ပေးသည်။
ဝါးတောအဆုံးအထိ ရောက်တော့ ဝူမုန့်က ထပ်ခါတလဲလဲ တားမြစ်ရင်း "လင်းယွမ်... ဒီအထိပဲ ပို့ပါတော့... မလိုက်နဲ့တော့... ဒီတစ်ခေါက် မင်းလို မိတ်ဆွေကောင်းတစ်ယောက်နဲ့ ဆုံရတာ ငါ့ရဲ့ ကံပါပဲ"
"နောင်နောင် မင်းဘက်မှာ တစ်ခုခု အခက်အခဲရှိရင် သိုင်းဘုရင်ဂေဟာကို လူလွှတ်ပြီး ငါ့ကို လာရှာလိုက်... ငါ လူခေါ်ပြီး အစွမ်းကုန် လာကူညီမယ်"
လင်းယွမ်ကလည်း ရင်ဘတ်ကို ပုတ်ရင်း "ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်... အစ်ကို့ဆီက ဒီစကားကို ကြားရတော့ ကျွန်တော်လည်း စိတ်အေးသွားပြီ... ဒီနေ့ကစပြီး ကျွန်တော်တို့ စခန်းနှစ်ခု တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်သွားကြတာပေါ့"
"ဒီ ပင်လယ်ရေလှိုင်း အန္တရာယ် ပြီးသွားရင် ကျွန်တော် စခန်းနှစ်ခုကြား ကုန်စည်ဖလှယ်ပွဲတစ်ခု လုပ်ဖို့ စဉ်းစားထားတယ်... အဲဒီကျရင် ကျွန်တော်တို့ ပစ္စည်းတွေ အပြန်အလှန် လဲလှယ်ကြတာပေါ့"
ဝူမုန့်က ဝမ်းသာအားရ ခေါင်းညိတ်ပြီး "ကောင်းတယ်... ကောင်းတယ်... အဲဒီကျရင် ငါ့မိန်းမကိုပါ ခေါ်လာခဲ့မယ်"
လင်းယွမ်က ရယ်မောရင်း "ဒါဆိုရင် စောင့်ကြိုနေပါ့မယ်ဗျာ"
"သွားပြီနော်... ပြန်ဦးမယ် ညီလေးလင်းယွမ်"
"ဟုတ်ကဲ့... ဂရုစိုက်သွားပါ အစ်ကိုမုန့်"
နှစ်ဖက်စလုံး ခွဲခွာသွားကြသည်။ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားမှာ လင်းယွမ်က လက်လှမ်းပြရင်း ဝူမုန့်တို့အုပ်စု ဝါးတောထဲမှာ ပျောက်ကွယ်သွားတဲ့အထိ ကြည့်နေပြီးမှ ပြုံးလိုက်မိသည်။
ဘေးက တင်းယန်က "သိုင်းဘုရင်ဂေဟာက လူတွေက ပေါင်းရသင်းရတာ တော်တော်လွယ်တာပဲနော်... ဟို ဖုန်းဟွမ်ဘုရားကျောင်းက ထူလုံတို့ထက် အများကြီး သာတယ်"
ကျောက်ခိုင်ကလည်း သက်ပြင်းချရင်း "နှစ်ဖက်စလုံးရဲ့ အုပ်ချုပ်ရေးစနစ်က မတူကြဘူးလေ... ထူလုံတို့က အာဏာရှင်ဆန်ဆန်အုပ်ချုပ်တာ... ဓားပြစခန်းနဲ့ ပိုတူတယ်... ထူလုံက ခေါင်းဆောင်၊ ဟုန်ဖူကတော့ မြေခွေးအိုကြီးပေါ့"
"ဟုတ်တယ်... ဝူမုန့်တို့ဘက်ကတော့ စိတ်တူကိုယ်တူ ပေါင်းထားကြပုံပဲ... ဝူမုန့်ကို လူတိုင်းက လေးစားကြတယ်... သူတို့ အစွမ်းပိုင်ရှင်တွေအားလုံးက စခန်းကို ဗဟိုပြုပြီး စဉ်းစားပေးကြတာပဲ"
"ဝူမုန့်ရဲ့ စိတ်ဓာတ်က ပိုပြီး မြင့်မြတ်တယ်" ဟု ရန်ဆန်းမင်ကလည်း မှတ်ချက်ပြုသည်။
လင်းယွမ်က လှည့်ပြီး အားလုံးကို ပြောလိုက်သည်။ "အားလုံးပဲ... ကိုယ့်အရည်အချင်းကပဲ အဓိကပါ... ကိုယ့်ကိုယ်ကိုယ်တော့ သိမ်ငယ်မနေကြနဲ့... ငါတို့သာ အစွမ်းမရှိရင် ဝူမုန့်တို့က ငါတို့နဲ့ တန်းတူ ဆက်ဆံမှာမဟုတ်ဘူး"
"ဝူမုန့်က ပြောပြီးသားလေ... ငါတို့သာ သူတို့ရဲ့ တိုက်ခိုက်မှုကို မတားနိုင်ခဲ့ရင် သူတို့က ငါတို့ကို ဒီမီးဝါးတောမှာ နေခွင့်ပေးမှာ မဟုတ်ဘူး... ငါတို့က ကိုယ့်အရည်အချင်းနဲ့ကိုယ် နေရာယူနိုင်ခဲ့တာ"
သူက စကားလမ်းကြောင်းပြောင်းရင်း ပြုံးကာ "ကဲ... အားလုံး ပြန်ကြစို့... ဒီနေ့တော့ အမြတ်တွေ အများကြီး ရလိုက်တယ်... သိုင်းဘုရင်ဂေဟာဆီက သတင်းတွေ အများကြီး ရခဲ့တယ်လေ"
"ပြန်ရောက်ရင် သေချာလေး ပြန်သုံးသပ်ကြစို့... အထူးသဖြင့် နောက်ရက်အနည်းငယ်အတွင်း ရောက်လာမယ့် ပင်လယ်ရေလှိုင်း အန္တရာယ်ပဲ"
"အားလုံး ကြိုတင်ပြင်ဆင်ထားကြပါ... စခန်းထဲမှာ ဘယ်အိမ်တွေက ကျောက်တံခါး မတပ်ရသေးလဲဆိုတာ ကင်းလှည့်အဖွဲ့တိုင်းက တစ်အိမ်တက်ဆင်း စစ်ဆေးပြီး ကူညီတပ်ဆင်ပေးလိုက်ပါ"
"ရေတက်နေတဲ့ နှစ်ရက်အတွင်း ဘယ်ကိုမှ မသွားရဘူး... အားလုံး ဂူထဲမှာပဲ နေကြရမယ်"
"နောက်ပြီး ဒီနှစ်ရက်အတွင်း အားလုံး ပိုပြီး ကြိုးစားကြပါ... သန္ဓေပြောင်းငါးတွေနဲ့ သတ္တဝါတွေကို များများဖမ်းထားကြ... ရိက္ခာ စုဆောင်းထားပြီး ရေလှိုင်းပထမနှစ်ရက်ကို ကျော်ဖြတ်နိုင်ရင် ရပြီ"
"မီးဝါးကြွက်တွေ မွေးမြူရေးစီမံကိန်းကိုလည်း ချက်ချင်း အကောင်အထည်ဖော်ရမယ်"
"ငါ့အမြင်အရတော့ မွေးမြူရေးစခန်းကို ဂူထဲမှာပဲ ဆောက်ရမယ်... ဒါမှ တခြား သန္ဓေပြောင်းသတ္တဝါတွေရဲ့ ရန်ကနေ ကာကွယ်နိုင်မှာ"
"ခြုံပြောရရင်... ဒီရက်ပိုင်း အလုပ်တွေ အများကြီးရှိတယ်"
လင်းယွမ်က တစ်ယောက်ချင်းစီကို မှာကြားလိုက်ရာ ကင်းလှည့်ခေါင်းဆောင်တွေကလည်း လေးလေးနက်နက် ခေါင်းညိတ်ပြီး နားလည်ကြောင်း ပြသကြသည်။ အားလုံး စကားတပြောပြောနှင့် ပြန်လျှောက်လာခဲ့ကြသည်။
ဝူမုန့်က သိုင်းဘုရင်ဂေဟာက လူတွေကို ဦးဆောင်ပြီး ပြန်လာခဲ့သည်။
လမ်းတွင် လီယွဲ့ကျင်းက မေးလာ၏။ "အစ်ကိုမုန့်... အဲဒီ လင်းယွမ်ဆိုတဲ့ လူငယ်အပေါ် ဘယ်လိုထင်လဲ"
ဝူမုန့်က သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးကာ "ဆရာလီ... ခင်ဗျားကော ဘယ်လိုထင်လဲ"
"အစွမ်းပိုင်းမှာတော့ ကျွန်တော် ဝေဖန်ဖို့ ခက်တယ်... ဒါပေမဲ့ ကျွန်တော် မြင်သလောက်တော့ လင်းယွမ်ရဲ့ အစွမ်းဟာ အလွန်ရှားပါးတဲ့ ထိပ်တန်းအစွမ်းပဲ"
"အနည်းဆုံးတော့ ကျွန်တော်တို့ သိုင်းဘုရင်ဂေဟာမှာ အစ်ကိုမုန့်ကလွဲရင် သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မယ့်သူ မရှိလောက်ဘူး"
ဝူမုန့် ခေါင်းညိတ်လိုက်ပြီး မျက်နှာတွင် လေးစားမှုများ ပေါ်လာသည်။ "သူ့အစွမ်းက ဟင်းလင်းပြင်အစွမ်းလို့ သူကတော့ ပြောတာပဲ... ငါလည်း ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ကို တစ်ခါမှ မမြင်ဖူးဘူး... သူ့ရဲ့ စိတ်စွမ်းအင်၊ ခွန်အား၊ အလျင်နဲ့ ခံစစ်စွမ်းအားတွေက သာမန်အစွမ်းပိုင်ရှင်တွေထက် အများကြီး သာလွန်နေတယ်"
"ဒီ ဟင်းလင်းပြင်အစွမ်းက ခန္ဓာကိုယ်ရဲ့ အရည်အသွေးတွေကိုပါ ဘက်စုံ မြှင့်တင်ပေးနိုင်တာလား"
"အဓိကကတော့... အစအဆုံး ငါတို့ တိုက်ခိုက်ကြတဲ့အချိန်မှာ သူက ဟင်းလင်းပြင်နဲ့ ပတ်သက်တဲ့ နည်းလမ်းတွေကို ထုတ်သုံးတာ မတွေ့ရဘူး"
"တကယ်လို့ သူသာ ငါနဲ့ တိုက်တုန်းက အစွမ်းတွေကို ဖုံးကွယ်ထားခဲ့တာဆိုရင်... သူ့ရဲ့ အစွမ်းဟာ ငါ့ထက်တောင် သာလွန်နေနိုင်တယ်"
ဒီစကားကို ကြားလိုက်ရတော့ လူတိုင်းမှာ ထိတ်လန့်သွားကြပြီး မယုံနိုင်သလို ဖြစ်သွားကြသည်။
ယွမ်ရွေ့က အံ့အားသင့်စွာဖြင့် "မဖြစ်နိုင်တာ... အစ်ကိုမုန့်... အစ်ကို့ရဲ့ တတိယအဆင့် သွေးသားခန္ဓာအသွင်ပြောင်းလဲမှုကို ထူလုံတောင် မတားနိုင်ဘူးလေ... သူ ခုနက ဝါးတောထဲမှာ အစွမ်းကျောက်တုံးကို သုံးပြီးမှ တားနိုင်ခဲ့တာ မဟုတ်ဘူးလား"
"ဟုတ်တယ် အစ်ကိုမုန့်... လင်းယွမ်က တော်တယ်ဆိုတာ ဝန်ခံပါတယ်... ဒါပေမဲ့ သူက စိတ်စွမ်းအင်မှာပဲ အားသာတာပါ... အစ်ကို့ထက်တော့ မသာနိုင်ပါဘူး" ဟု ကောကျဲကလည်း ဝင်ပြောသည်။
ဝူမုန့်က ခေါင်းခါလိုက်သည်။ "ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါ... အဲဒီအချိန်တုန်းက ငါ့ရဲ့ တတိယအဆင့် အသွင်ပြောင်းလဲမှုကို အပြည့်အဝ မထုတ်သုံးရသေးသလို တိုက်ခိုက်ရေးဗီဇ အခြေအနေထဲကိုလည်း မဝင်ရသေးဘူး... ဒါပေမဲ့ သူသာ နောက်ထပ် ဝှက်ဖဲတွေ ကျန်နေသေးရင်တော့ အနိုင်အရှုံးက ပြောဖို့ခက်တယ်"
ချက်ချင်းဆိုသလို သူက ပြန်ပြုံးပြလိုက်ပြီး "ဒါပေမဲ့ ကိစ္စမရှိဘူး... သူက သူ့ရဲ့ အရည်အချင်းကို သက်သေပြပြီးသားပဲ... သူက ဒီထိုက်ယန်တောင်ပေါ်မှာ ပဉ္စမမြောက် ခိုလှုံရေးစခန်းကို တည်ထောင်ဖို့ အရည်အချင်း အပြည့်အဝ ရှိတယ်"
သူက အားလုံးကို ဝေ့ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။ "ဒီတောင်ပေါ်မှာ ငါတို့ လူသားတွေက ထိပ်တန်း သတ္တဝါတွေ မဟုတ်သေးဘူး... အရိုးလှံပင့်ကူကြီးတွေ၊ ရွှေနက်မျောက်ဝံကြီးတွေက ငါတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်"
"ငါတို့တွေ စည်းလုံးမှသာ ဒီ သန္ဓေပြောင်းသတ္တဝါတွေကို အန်တုနိုင်မှာ... ထူလုံနဲ့ ထျန်ဝေတို့လို လူမိုက်တွေရဲ့ လမ်းစဉ်ကို လုံးဝ မလိုက်ကြနဲ့"
သိုင်းဘုရင်ဂေဟာက လူများအားလုံး ခေါင်းညိတ်ကြသည်။
လီယွဲ့ကျင်းက သက်ပြင်းချရင်း "ကျွန်တော် ပိုပြီး အံ့သြရတာက သူတို့မှာ လူဦးရေ မများပေမဲ့ အစွမ်းပိုင်ရှင်တွေကတော့ မနည်းဘူးပဲ... အထူးသဖြင့် လျှပ်စစ်နဲ့ ပတ်သက်တဲ့ အစွမ်းပိုင်ရှင်တောင် ရှိနေတာပဲ... ဒီလို အရည်အချင်းရှိသူက တကယ်ပဲ အရေးကြီးတယ်"
ပိုင်ကျစ်လဲ့ကလည်း မနေနိုင်ဘဲ "ဟုတ်တယ်... ကျွန်မတို့က အခုထိ မီးကိုပဲ သုံးနေရတဲ့ ရှေးဦးလူ့အဖွဲ့အစည်းလို ဖြစ်နေတုန်းမှာ သူတို့က လျှပ်စစ်ခေတ်ကို ရောက်နေပြီလေ"
"လင်းယွမ်ရဲ့ အိမ်မှာတင် မကဘူး... တခြားအိမ်တွေမှာလည်း လျှပ်စစ်ပစ္စည်း တစ်ခုနှစ်ခုလောက် ရှိနေကြပုံပဲ"
"တချို့က ရေဒီယို၊ တချို့က ဖုန်းတွေ၊ တက်ဘလက်တွေပေါ့"
ချန်ကျန့်ဖုန်းက ရုတ်တရက် စကားပြောလာသည်။ "သူတို့ဆီမှာ စားနပ်ရိက္ခာတွေလည်း အများကြီး ကျန်နေသေးပုံပဲ"
ဒီစကားကို ကြားလိုက်ရတော့ လူတိုင်း ခေတ္တမျှ ငြိမ်ကျသွားသည်။ ခုနက စားခဲ့ရတဲ့ အရသာရှိတဲ့ ငါးကင်ကို ပြန်သတိရမိကြပြီး သွားရည်ကျမိကြပြန်သည်။
သူတို့ရဲ့ မျက်လုံးတွေထဲမှာ တောင့်တမှုတွေ ပေါ်လာကာ မတွေးသင့်တဲ့ အတွေးတွေလည်း စတင်လာကြသည်။
ဝူမုန့်က လူတိုင်းကို ဝေ့ကြည့်လိုက်ရာ မျက်နှာက ချက်ချင်း တင်းမာသွားပြီး အေးစက်စက် အော်လိုက်သည်။ "မတွေးသင့်တာတွေကို ရိုက်ထုတ်လိုက်ကြစမ်း"
"အခြေခံ စားနပ်ရိက္ခာတွေကို အကြီးအကျယ် မစိုက်ပျိုးနိုင်သရွေ့ သူတို့မှာ ဘယ်လောက်ပဲ ရိက္ခာရှိရှိ တစ်နေ့နေ့တော့ ကုန်မှာပဲ"
"ငါတို့မှာ ကြက်ဥတွေ ရှိတယ်... ကြက်နီတွေ ရှိတယ်... ငါးတွေလည်း စားလို့ရတာပဲ"
"မင်းတို့ဆီမှာလည်း ဆန်တွေ၊ ဂျုံတွေ နည်းနည်းပါးပါး စုထားတာ ရှိတာပဲ မဟုတ်လား"
လူတိုင်းမှာ ရှက်ကိုးရှက်ကန်းနဲ့ ရယ်လိုက်ကြသည်။ ချန်ကျန့်ဖုန်းက "အစ်ကိုမုန့်... ကျွန်တော်တို့ကတော့ အောင့်ထားနိုင်ပါတယ်... ဒါပေမဲ့ တခြားလူတွေကတော့ အောင့်ထားနိုင်မှာ မဟုတ်ဘူး"
ဝူမုန့် မျက်မှောင်ကြုတ်ရင်း "မင်းပြောတာက... ထူလုံကိုလား"
"ငါသိသလောက်တော့ ထူလုံတို့ စခန်းမှာ ရိက္ခာပြဿနာ တက်နေတာ ကြာပြီ... ထူလုံက လင်းယုန်ဝိညာဉ်အသွင် ပြောင်းပြီး တောင်အပြင်ဘက်က ရပ်ကွက်တွေမှာ အစားအသောက် သွားမရှာနိုင်ရင် သူတို့တွေ မခံနိုင်တာ ကြာလှပြီ"
"အခု လင်းယွမ်တို့က ပစ္စည်းတွေ အများကြီးနဲ့ တောင်ပေါ်တက်လာတာဆိုတော့ ထူလုံနဲ့ ဟုန်ဖူဆိုတဲ့ မြေခွေးအိုကြီးကတော့ လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ဘူး"
လီယွဲ့ကျင်းကလည်း ခေါင်းညိတ်ရင်း "ဒီတစ်ခေါက် သူတို့က လင်းယွမ်တို့ကို မီးဝါးတောထဲကို ရောက်အောင် လှည့်စားလိုက်တာက ကျွန်တော်တို့နဲ့ လင်းယွမ်တို့ကို ရန်တိုက်ပေးပြီး ကြားကနေ အမြတ်ထုတ်ဖို့ပဲ"
"အခုတော့ အစ်ကိုမုန့်နဲ့ လင်းယွမ်က မိတ်ဆွေတွေ ဖြစ်သွားပြီဆိုတော့ နှစ်ဖက်စလုံးက တိုက်ခိုက်ကြမှာ မဟုတ်တော့ဘူး... ဒါပေမဲ့ ထူလုံနဲ့ ဟုန်ဖူကတော့ ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး"
ဝူမုန့် တွေးတောလိုက်ပြီးမှ "လင်းယွမ်က လူမိုက်မဟုတ်ဘူး... ထူလုံနဲ့ ဟုန်ဖူက သူ့ကို လုပ်ကြံဖို့ဆိုတာ မလွယ်လှပါဘူး... ဒီကိစ္စကိုတော့ ငါတို့ ခဏ အကဲခတ်နေကြတာပေါ့"
"တကယ်လို့ သူ တကယ် လိုအပ်လာရင် ငါ့ဆီကို လာရှာမှာပဲ"
ဒါကို ပြောရင်း သူက ရုတ်တရက် ရယ်မောလိုက်ပြန်သည်။ "ဒါပေမဲ့ အဲဒီအချိန်ကျရင်တော့ သူက လက်ဗလာနဲ့ လာမှာ မဟုတ်ဘူးလို့ ငါထင်တယ်"
လူတိုင်းမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ဝါးခနဲ ရယ်မောလိုက်ကြတော့သည်။ အစ်ကိုမုန့်လို လူဖြောင့်ကြီးတောင်မှ လင်းယွမ်ဆီက စားကောင်းသောက်ကောင်းတွေကို မမေ့နိုင်ဘူးပဲ။
ဒါက ဝူမုန့်က မကောင်းတဲ့စိတ်နဲ့ ပြောတာ မဟုတ်ပေ။ လင်းယွမ်က သူ့ကို တကယ်ပဲ အကူအညီတောင်းလာရင်လည်း သင့်တော်တဲ့ အကျိုးအမြတ်တစ်ခု မပေးဘဲနဲ့တော့ သူ့ရဲ့ ညီအစ်ကိုတွေကို သူ ဘယ်လို ရှင်းပြရပါ့မလဲ။
လင်းယွမ်ကလည်း အဲဒီလောက်အထိတော့ လူမှုရေး မသိတဲ့သူ မဟုတ်ဘူးလို့ သူ ယုံကြည်သည်။
သူက ဆက်ပြောလိုက်သည်။ "ထူလုံနဲ့ ဟုန်ဖူရဲ့ ရန်စမှုတွေက လင်းယွမ်တို့ တောင်ပေါ်တက်လာပြီးရင် ကြုံရမယ့် ပထမဆုံး စမ်းသပ်မှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ"
"ကဲ သွားကြစို့... ငါတို့လည်း ဒီရေလှိုင်းအတွက် ရိက္ခာစုဆောင်းဖို့ ပြင်ရဦးမယ်... အချိန်မဆွဲကြနဲ့တော့"
လူတိုင်းက ထောက်ခံကြပြီး အမြန်လိုက်ပါသွားကြသည်။ လမ်းတစ်လျှောက် သုတ်ခြေတင်လာကြရာ သိုင်းဘုရင်ဂေဟာသို့ ပြန်ရောက်သည့်အချိန်တွင် မှောင်နေပြီ ဖြစ်သည်။
သိုင်းဘုရင်ဂေဟာတွင် ကင်းမျှော်စင်နှင့် ကျောက်ဆောင်များပေါ်၌သာ မီးမှိန်မှိန်လေးများ ထွန်းထားပြီး လှေကားထစ်များကို လင်းစေသည်။
ကျွမ်းရှုယွမ်က လူအချို့နှင့်အတူ ဂေဟာထဲတွင် စောင့်ဆိုင်းနေ၏။ သူမ၏ ခန့်ညားထည်ဝါသည့် မျက်နှာပေါ်တွင်တော့ စိုးရိမ်စိတ်လေးတွေ ထင်ဟပ်နေသည်။
"အမကျွမ်း... ကျွန်မ သွားရှာပေးရမလား"
ကျွမ်းရှုယွမ်ရဲ့ ဘေးတွင်ရှိနေသော စွန်းယင်းဆိုသည့် အလျင်အစွမ်းပိုင်ရှင် မိန်းကလေးက မနေနိုင်ဘဲ ပြောလာသည်။
ကျွမ်းရှုယွမ်က ခေါင်းခါရင်း "မလိုဘူး... မှောင်နေပြီ... အခုထွက်သွားတာက ပိုအန္တရာယ်များတယ်"
"ဒါပေမဲ့ အစ်ကိုမုန့်တို့ သွားတာ ကြာနေပြီလေ" စွန်းယင်းက စိုးရိမ်တကြီး ပြောသည်။
ကျွမ်းရှုယွမ်က သူမစကားကို ဖြတ်ပြောလိုက်သည်။ "အစ်ကိုမုန့်ကို ဘယ်သူမှ ဒဏ်ရာရအောင် မလုပ်နိုင်ဘူး... ငါ သူ့ကို ယုံတယ်"
စွန်းယင်းမှာ ဘာဆက်ပြောရမှန်း မသိဘဲ ပါးစပ်ဟရုံသာ ရှိတော့သည်။ ထိုစဉ် အပြင်ဘက်မှ ဝမ်းသာအားရ အော်ဟစ်သံများ ကြားလိုက်ရသည်။
ကျွမ်းရှုယွမ်၏ တင်းမာနေသော မျက်နှာက ချက်ချင်း ပွင့်လင်းသွားကာ လှပသော အပြုံးတစ်ခု ပေါ်လာပြီး အပြင်ဘက်ကို ထွက်ကြည့်လိုက်သည်။
ဝူမုန့်က လီယွဲ့ကျင်းတို့နှင့်အတူ ပြန်ရောက်လာပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် လူအများက နှုတ်ဆက်ကြပြီး ယနေ့ မီးဝါးတော၏ အခြေအနေကို မေးမြန်းကြသည်။ ယွမ်ရွေ့နှင့် ကောကျဲတို့လို တက်ကြွသည့်လူတွေကတော့ ယနေ့ ဖြစ်ပျက်ခဲ့သမျှကို စတင်ဖောက်သည်ချနေကြပြီ ဖြစ်သည်။
ဝူမုန့်က ဂေဟာထဲသို့ ဝင်လာပြီး ကျွမ်းရှုယွမ်ကို ကြည့်ကာ ပြုံးလျက် "အကြာကြီးစောင့်လိုက်ရလား... မင်းကို စိုးရိမ်အောင် လုပ်မိပြီ"
ကျွမ်းရှုယွမ်က ခေါင်းခါရင်း "ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ... အဲဒီလူတွေက ပေါင်းရသင်းရတာ ခက်လို့လား"
ဝူမုန့်က အကျယ်ကြီး ရယ်မောလိုက်ပြီး "ခက်တာ မဟုတ်ပါဘူး... စကားပြောလို့ တော်တော်ကောင်းတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့လို့ပါ"
"အော်... ဒါက မင်းအတွက် ငါ ယူလာပေးတဲ့ လက်ဆောင်"
"ဟင်... လက်ဆောင်လား"
ဝူမုန့်က အဝတ်ထုပ်လေးကို ထုတ်ပေးလိုက်သည်။ ကျွမ်းရှုယွမ် ဖွင့်ကြည့်လိုက်သော် အထဲက ငါးကင် ဟင်းခတ်ထုပ်ကို မြင်လိုက်ရကာ ဝမ်းသာအားရ ဖြစ်သွားသည်။
"ဒါ... ဒါက စီချွမ်ငါးကင်ရဲ့ ဟင်းခတ်ထုပ် မဟုတ်လား... ဟင်... အဲဒီ ခိုလှုံရေးစခန်းကနေ လုလာခဲ့တာလား"
သူမ တကယ့်ကို ဝမ်းသာနေရှာသည်။ သူမလို အမျိုးသမီးတစ်ယောက်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တာက အရသာရှိတဲ့ အစားအသောက်ကလွဲရင် ဘာရှိဦးမှာလဲ။
သို့သော်လည်း နောက်တစ်ခဏတွင် သူမ နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားရပြန်သည်။
"ဝိုး... တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေလား... ဒါတွေကော... လုလာခဲ့တာပဲလား"
ဝူမုန့်က ရယ်ရခက်၊ ငိုရခက် ဖြစ်သွားပြီး "လုလာတာ မဟုတ်ပါဘူး... သူငယ်ချင်းက လက်ဆောင်ပေးလိုက်တာပါ"
"သူငယ်ချင်း" ကျွမ်းရှုယွမ်မှာ ကြောင်သွားသည်။
ဝူမုန့်က ပြုံးရင်း "ဟုတ်တယ်... ဒီတစ်ခေါက် သွားတာက ရန်ငြိုးမဖြစ်ခဲ့တဲ့အပြင် သူငယ်ချင်းတစ်ယောက်တောင် ရခဲ့သေးတယ်"
"ဟိုဘက်က ခေါင်းဆောင် လင်းယွမ်က တကယ်တော်တဲ့ အစွမ်းပိုင်ရှင်ပဲ... သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါ့အောက် မနိမ့်ဘူး... နောက်ဆိုရင် အဲဒီ မီးဝါးတောကို သူ့ကိုပဲ ပေးလိုက်တော့မယ်"
ကျွမ်းရှုယွမ်မှာ အံ့အားသင့်သွားပြီး "အစ်ကိုမုန့်နဲ့ တန်းတူ ရှိတယ် ဟုတ်လား... အဲဒီ လင်းယွမ်ဆိုတာ ဘယ်လို အစွမ်းမျိုးလဲ"
"သူကတော့ ဟင်းလင်းပြင်အစွမ်းလို့ ပြောတာပဲ... ဒါပေမဲ့ ငါကြည့်ရတာတော့ သိပ်မတူဘူး"
"ဒါမှမဟုတ် သူက တခြားအစွမ်းတွေပါ နိုးထထားတာ ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူ့ရဲ့ အစွမ်းက ဘက်စုံ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်တာမျိုး ဖြစ်မှာပေါ့"
"ဟင်းလင်းပြင် အစွမ်းပိုင်ရှင်... ဘာကို ဆိုလိုတာလဲ... သူ လျှောက်ပြောနေတာ မဟုတ်ပါဘူးနော်" ကျွမ်းရှုယွမ်က မျက်မှောင်ကြုတ်ရင်း ထူးဆန်းနေမိသည်။
ဝူမုန့်က ခေါင်းခါလိုက်သည်။ "အဲလိုတော့ မဟုတ်ဘူး... မင်းသာ သူ့ဂူထဲက အပြင်အဆင်တွေကို မြင်ရင်... သက်ပြင်းတောင် ချမိလိမ့်မယ်... ငါတို့နဲ့ နှိုင်းယှဉ်ရင် ငါတို့က တကယ့် ရှေးဦးလူသားတွေလိုပဲ"
သူက ယနေ့ မြင်တွေ့ခဲ့ရသမျှကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ ကျွမ်းရှုယွမ်၏ လှပသော မျက်နှာပေါ်တွင်တော့ အံ့သြတုန်လှုပ်မှုတွေ အပြည့် ဖြစ်နေတော့သည်။
"အစ်ကို... အစ်ကိုမုန့်ပြောတာက... သူ့ဂူထဲမှာ ကြမ်းခင်းတွေတင်မကဘဲ လျှပ်စစ်မီးတောင် ရနေတယ် ဟုတ်လား"
"တီဗွီတွေ၊ ကွန်ပျူတာတွေလည်း ရှိတယ်ပေါ့... နောက်ပြီး ဇိမ်ခံ ရေချိုးခန်းနဲ့ အိမ်သာတွေပါ ရှိတာလား"
"အိမ်သာက အသိဉာဏ်မြင့် အိမ်သာ (Smart Toilet) တောင် ဖြစ်နေတာလား"
ကျွမ်းရှုယွမ် ဝန်ခံလိုက်ရသည်။ ဒီအချိန်တွင် သူမ တကယ်ကို မနာလို ဖြစ်သွားရပြီ။ သူမကိုယ်တိုင်က အသန့်ကြိုက်တဲ့သူဖြစ်လို့ တောင်ပေါ်ကို ရောက်ပြီး ဂူထဲမှာ နေရတဲ့အချိန်မှာတောင် နေ့တိုင်း ဂူကို သန့်ရှင်းရေး လုပ်ခဲ့သည်။ ပရိဘောဂတွေကို ကိုယ်တိုင်လုပ်ပြီး သေသေချာချာ ပြင်ဆင်ခဲ့သလို သူမကိုယ်တိုင်လည်း နေ့တိုင်း ရေချိုးလေ့ရှိသည်။
သို့သော်လည်း ဒီလို ကြမ်းတမ်းသည့် ဂူအခြေအနေက သူမအတွက်တော့ အမြဲတမ်း ခက်ခဲနေဆဲပင်။ အားတဲ့အချိန်တိုင်း သူမက ဒီဂေဟာထဲက အခန်းမှာပဲ လာနေတတ်ပြီး မိုးရွာတာကို ကြည့်ရင်း လက်ဖက်ရည် သောက်လေ့ရှိသည်။
အခုတော့ လင်းယွမ်ဆိုတဲ့လူက ဒီလောက်အထိ ဇိမ်ကျကျ နေထိုင်နေတယ်ဆိုတာ ကြားလိုက်ရတော့ သူမ စိတ်ထဲမှာ တကယ်ပဲ အားမလိုအားမရ ဖြစ်သွားတော့သည်။
ဝူမုန့်က ရယ်မောရင်း "ဟုတ်တယ်... ဒါကြောင့် သူက ဟင်းလင်းပြင် အစွမ်းရှိလို့ ဒါတွေကို တောင်ပေါ် သယ်လာနိုင်တာလို့ ပြောတာကို ငါ ချက်ချင်း ယုံလိုက်တာပေါ့"
"ဘယ်သူကမှ ကပ်ဘေးကနေ ထွက်ပြေးလာတဲ့အချိန်မှာ ဒါတွေကို သယ်မလာကြဘူးလေ... ပစ္စည်းအများကြီးကို အချိန်မရွေး ထည့်ထားနိုင်တဲ့ ဟင်းလင်းပြင် ရှိမှသာ ဖြစ်နိုင်မှာ"
"အော်... ဒါနဲ့ သူက ပြောသေးတယ်... ပင်လယ်ရေလှိုင်း ပြီးသွားရင် သူ့စခန်းမှာ လေလံပွဲတစ်ခု လုပ်မယ်တဲ့... အဲဒီကျရင် ဆိုဖာတွေ၊ စပရင်မွေ့ရာတွေလို ပရိဘောဂတွေ လေလံတင်မယ်တဲ့"
"ငါကတော့ အဲဒီကျရင် မင်းကိုပါ ခေါ်သွားပြီး ကြည့်ခိုင်းမလို့... မင်း ဘယ်လိုသဘောရလဲ"
ကျွမ်းရှုယွမ်ရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပသွားပြီး စိတ်လှုပ်ရှားစွာဖြင့် "ဘာ... အစ်ကိုပြောတာက သူ့ဆီမှာ ဒီလို ပရိဘောဂတွေ ကျန်သေးတယ် ဟုတ်လား"
"ကျန်မှာပေါ့... မဟုတ်ရင် သူ ဒီလို ပြောမှာ မဟုတ်ဘူး"
"သွားမယ် အသေအချာ သွားမှာပေါ့ အစ်ကိုမုန့်... ကျွန်မ ဒီလို ကျောက်ခေတ်လူသားတွေလို နေရတဲ့ဘဝကို တကယ် စိတ်ကုန်နေပြီ"
"ကျွန်မလည်း စပရင်မွေ့ရာပေါ်မှာ အိပ်ချင်ပြီ... ဆိုဖာပေါ်မှာ လှဲပြီး တီဗွီကြည့်ချင်ပြီ"
"သန်းခေါင်ယံမှာ အပြင်ထွက်ပြီး အိမ်သာသွားရတာကိုလည်း စိတ်ကုန်ပြီ... ကျွန်မ အသိဉာဏ်မြင့် အိမ်သာ (Smart Toilet) လိုချင်တယ်... ဇိမ်ခံ ရေချိုးကန်ကြီးနဲ့ ရေချိုးချင်ပြီ"
ဆက်ရန်...
အပိုင်း(၂၁၂) ကုန်တိုက်ကြီး စီမံကိန်း
သိုင်းဂေဟာခိုလှုံရေးစခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို လင်းယွမ် မသိခဲ့ချေ။
သူ ပြန်သယ်လာခဲ့သော တောင်ပုံရာပုံ ပစ္စည်းများသည် သိုင်းဂေဟာဘက်ခြမ်းတွင် တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့၏။
လေလံပွဲနှင့် ဈေးခင်းဖွင့်မည့်အချိန် ရောက်လာပါက ထင်ထားသည်ထက် ပိုမိုစည်ကား သိုက်မြိုက်လာဖွယ် ရှိသည်။
လက်ရှိတွင် လင်းယွမ်က သူ၏စွမ်းအားကို မည်သို့မြှင့်တင်ရမည်နည်းဟု စဉ်းစားခန်း ဖွင့်နေလေသည်။
ဂူအတွင်း၌ လင်းယွမ်က ဖြူဖွေးနုဖတ်နေသော ရန်မေကို ပွေ့ဖက်ထားရင်း ဂူအပြင်ဘက်မှ တဝုန်းဝုန်းရွာသွန်းနေသော မိုးသံကို နားထောင်ကာ တွေးတောနေမိသည်။
"ဝူမုန့်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် ငါ့ရဲ့အားနည်းချက်ကို ငါသိလိုက်ရပြီ... ငါက စနစ်အပေါ်မှာပဲ အရမ်းမှီခိုနေမိပြီး ကိုယ့်ရဲ့အစွမ်းအပေါ် နားလည်သဘောပေါက်မှု အားနည်းလွန်းနေသေးတယ်"
"ဝူမုန့်ရဲ့ အစွမ်းက ပြန်လည်ကုစားခြင်း သက်သက်ပဲ... ဒါပေမဲ့ သူက အဲဒီအစွမ်းရဲ့ ဖြစ်နိုင်စွမ်းကို အဆုံးစွန်ထိ တူးဆွပြီး အသုံးချသွားနိုင်တယ်... သာမန် ကုစားခြင်းအစွမ်းကို ကြောက်စရာကောင်းတဲ့ တိုက်စစ်... ခံစစ်နဲ့ အလျင်... အဲဒီသုံးမျိုးစလုံး ပြည့်စုံတဲ့ ထိပ်တန်းအစွမ်းတစ်ခု ဖြစ်လာအောင် လုပ်ပြသွားနိုင်တယ်"
"သူ့ရဲ့ ကြွက်သားကြီးထွားမှုအောက်မှာ ကြွက်သားထုထည်ကို ဆတိုးပွားစေရုံတင်မကဘူး... ကြွက်သားလွှမ်းခြုံမှုကိုပါ အားဖြည့်ပေးနိုင်တယ်"
"ကြွက်သားများလေလေ ခံစစ်ကြမ်းလေလေပဲ... ပြီးတော့ သွေးသားစွမ်းအင်ကို ပိုပြီး မောင်းနှင်နိုင်တဲ့အတွက် ပေါက်ကွဲအားကလည်း အလိုလို ပြင်းထန်လာတာပဲ"
"သူက သူ့အစွမ်းရဲ့ အားသာချက်ကို ပြီးပြည့်စုံအောင် ထုတ်သုံးသွားနိုင်တာ"
"ငါကရော... ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲ"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဆင့်ကဲပြောင်းလဲခြင်း ဆိုသည်မှာ သဘာဝအတိုင်း လှုံ့ဆော်စရာမလိုဘဲ အလိုအလျောက် အလုပ်လုပ်သည့် အစွမ်းမျိုး ဖြစ်ရာ သူက ထိန်းချုပ်၍ ရသည်မဟုတ်။
"မဟုတ်သေးဘူး... အဲဒီလို ပြောလို့မရဘူး"
"ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ငါ တစ်စုံတစ်ခုကို ထပ်ခါတလဲလဲ လုပ်ဆောင်နေမယ်ဆိုရင် ငါ့ရဲ့ အားနည်းချက်တွေကို ပြုပြင်ပေးပြီး အဲဒီအရာနဲ့ လိုက်လျောညီထွေဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲပေးတာပဲ"
"ဥပမာ ငါ သင်္ကေတကျောက်တုံးတွေ ရေးဆွဲတုန်းကလိုပေါ့... အဲဒီတုန်းကသာ ဆင့်ကဲပြောင်းလဲခြင်းအစွမ်းက... ငါ့လက်ချောင်းတွေရဲ့ ထိန်းချုပ်နိုင်စွမ်း... မျက်လုံးရဲ့ စူးရှမှုနဲ့ လက်ကောက်ဝတ် အားစိုက်ထုတ်မှုတွေကို ပြုပြင်ပြောင်းလဲ မပေးခဲ့ရင်... သင်္ကေတ ရေးဆွဲနည်းကို ငါ ဒီလောက်မြန်မြန် တတ်မြောက်ခဲ့မှာ မဟုတ်ဘူး"
"ဒါကြောင့် ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက တကယ်တော့ ငါ့ခန္ဓာကိုယ်ကို လိုရာပုံစံသွင်းယူဖို့ အထောက်အကူပြုပေးနိုင်တဲ့ အစွမ်းကြီးတစ်ခုပဲ"
"ဒါပေမဲ့ ဒီဖြစ်စဉ်အတွက်... ငါကိုယ်တိုင်က မနားမနေ ကြိုးစားလေ့ကျင့်ပေးဖို့ လိုအပ်တယ်"
လင်းယွမ် တစ်စုံတစ်ခုကို သဘောပေါက် နားလည်လာသလို ခံစားလိုက်ရသည်။
"ဒါဆို ငါ့ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ပြီး ဒုက္ခပေးမယ်ဆိုရင်ရော... အလိုအလျောက် ဆင့်ကဲပြောင်းလဲလာမလား"
"ဝူမုန့်လိုမျိုး သွေးသားတွေကို အကန့်အသတ်မရှိ ကြီးထွားလာအောင် မလုပ်နိုင်ပေမဲ့... သူ့ရဲ့ စွမ်းအားထုတ်ဖော်တဲ့ နည်းစနစ်ကိုတော့ ငါ အတုယူလို့ ရနိုင်တာပဲ"
"ငါ့မှာလည်း ကြွက်သားပေါက်ကွဲသိုင်း ရှိပြီးသားပဲလေ... ဒါပေမဲ့ ခွန်အားကို ထိန်းချုပ်တာ... စွမ်းအား ထုတ်ဖော်တာတွေမှာတော့ ဝူမုန့်ကို လုံးဝ အမီသေးဘူး"
"ငါ လိုအပ်နေတာက တိုက်ပွဲ အတွေ့အကြုံနဲ့ လေ့ကျင့်မှုပဲ"
လင်းယွမ်၏ စိတ်ထဲ၌ လေ့ကျင့်ရေး အစီအစဉ်အချို့ ချက်ချင်း ပေါ်ပေါက်လာသည်။
သူက လေ့ကျင့်ရေးကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်ပြီး စနစ်ကို မည်သို့ အစွမ်းကုန် အသုံးချရမည်နည်း ဆိုသည်ကို ဆက်လက် တွေးတောလိုက်ပြန်သည်။
"စနစ်ထဲက ပစ္စည်းကောင်းတွေကို လိုချင်ရင် အမှတ်တွေ လိုတယ်... ငါ့မှာ အမှတ်တွေ လိုအပ်နေတာ"
"ငါက တခြားလူတွေနဲ့ မတူဘူး... တခြား အစွမ်းပိုင်ရှင်တွေက ကိုယ့်အစွမ်းကို ကိုယ်တူးဆွပြီး လေ့ကျင့်မှ သန်မာလာကြတာ... ငါ့မှာတော့ စနစ်ရှိနေတယ်... အစွမ်းကို လေ့ကျင့်တာက တစ်ဖက်... စနစ်ကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် အားဖြည့်တာက တစ်ဖက်... နည်းလမ်းနှစ်သွယ် ရှိနေတယ်"
"ပြီးတော့ စနစ်ကနေ အဆင့်မြှင့်တင်တာက ကိုယ့်ဘာသာ ကျင့်ကြံတာထက် အများကြီး ပိုမြန်တယ်... ဒါကို လစ်လျူရှုထားလို့ မဖြစ်ဘူး"
"အရေးကြီးဆုံးက အမှတ် ဘယ်လိုရှာမလဲ ဆိုတာပဲ"
"လူတိုင်းဆီကနေ ငါးဖမ်းပြီး အမှတ်ယူနေတာက သိပ်နှေးလွန်းတယ်"
လင်းယွမ်က လက်ရှိ အမှတ်စုဆောင်းနေရသည့် နှုန်းထားကို သိပ်ဘဝင်မကျပေ။
အဘယ်ကြောင့်ဆိုသော် ခိုလှုံရေးစခန်းမှ လူအများစုသည် ထိုက်ယန်တောင်ပေါ်သို့ ရောက်ကာစဖြစ်ပြီး အစားအစာ လက်ကျန် သိပ်မရှိကြတော့ပေ။
ငါးဖမ်းမိသည့် လူများကလည်း ဖမ်းမိသောငါးကို သူ့ထံတွင် ပစ္စည်းလာမလဲရဲဘဲ နှမြောနေတတ်ကြသည်။
တချို့ဆိုလျှင် ဂူထဲတွင် ရေကန်တူးပြီး အရေးကြုံလျှင် စားသုံးနိုင်ရန် ငါးမွေးမြူထားကြလေသည်။
ဒါက လင်းယွမ် လိုလားသော အခြေအနေမဟုတ်။
ထိုသူများ သူ့ထံသို့ ငါးလာပေးချင်စိတ် ပေါက်လာအောင် မည်သို့လုပ်ရမည်နည်း။
လင်းယွမ် စဉ်းစားရင်း စဉ်းစားရင်း ရုတ်တရက် နှဖူးကို ရိုက်လိုက်မိသည်။ ကိုယ့်ကိုယ်ကိုယ်လည်း တုံးအလိုက်တာဟု ကျိန်ဆဲလိုက်မိ၏။
"ကျွတ်... ငါ့အတွေးနဲ့ငါ ပိတ်မိနေတာပဲ"
"ငါ သူတို့ဆီက ငါးလိုချင်တယ်ဆိုတာ ငါးသားစားချင်လို့မှ မဟုတ်တာ... ငါးသတ်ပြီး အမှတ်ယူချင်ရုံ သက်သက်ပဲလေ"
"ဒီတော့ ငါက သူတို့အစား ငါးကူသတ်ပေးလိုက်ရင် ပြီးရောမဟုတ်ဘူးလား... ဘာကိစ္စ ငါးနဲ့ပစ္စည်း လဲလှယ်တဲ့ စနစ်ကိုပဲ ဖက်တွယ်ထားရမှာလဲ"
လင်းယွမ် ဝမ်းသာအားရ ဖြစ်သွားသည်။ ဒီအကြံ ဝင်လာသည်နှင့် ဘာလုပ်ရမည်ကို သူ ကောင်းကောင်း သိသွားပြီ ဖြစ်သည်။
"ငါ သားသတ်ရုံ တစ်ရုံလောက် ထောင်လိုက်မယ်... ပြီးရင် လူတိုင်းဖမ်းလာတဲ့ ငါးတွေကို စုပြီး ငါတစ်ယောက်တည်း ဒိုင်ခံသတ်ပေးမယ်"
"နေဦး... ဒီတိုင်းလုပ်ရင် လူတိုင်းက ငါ့ရည်ရွယ်ချက်ကို သံသယ ဝင်သွားကြလိမ့်မယ်... ခေါင်းစဉ်တစ်ခုလောက် တပ်မှ ဖြစ်မယ်"
"စဉ်းစားစမ်း..."
လင်းယွမ် မျက်လုံးမှိတ်ထားလိုက်သည်။ စီမံကိန်းတစ်ခုက သူ့စိတ်ထဲတွင် ပုံပေါ်လာ၏။ သူ့နှုတ်ခမ်းထောင့်စွန်းများလည်း ကွေးညွတ်ပြုံးရွှင်သွားသည်။
ထိုစဉ် ရန်မေက တစ်ဖက်သို့ လှိမ့်လာပြီး ရေဘဝဲတစ်ကောင်လို သူ့လက်မောင်းကို ဖက်တွယ်လိုက်သည်။ သူမက အိပ်မှုန်စုံမွှားဖြင့် မျက်လုံးဖွင့်ကြည့်ရင်း လင်းယွမ် မအိပ်သေးသည်ကို မြင်သောအခါ ရေရွတ်လိုက်၏။
"မောင်လေး... ဘာလို့ မအိပ်သေးတာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး...
"ခိုလှုံရေးစခန်းကိစ္စ တွေးနေလို့ပါဗျာ"
ရန်မေက ထိုစကားကြားသောအခါ အိပ်ချင်စိတ် ပြယ်သွားပြီး...
"ဟင်း... အမက ဘာမှလည်း ကူညီမပေးနိုင်ဘူး... အမက သိပ်အသုံးမကျဘူးနော်"
လင်းယွမ်က ရယ်မောကာ...
"ဘယ်ကသာ... အမက ကျွန်တော့်ဘေးမှာ ရှိနေပေးတာကတင် အကူအညီ ဖြစ်နေပါပြီ... ပြီးတော့ ခုနက အမ ဒီလောက် ပင်ပန်းခံထားတာပဲ... အဲဒါ အကူအညီ မဟုတ်လို့ ဘာလဲ"
ရန်မေ၏ မျက်နှာလေး ရဲခနဲဖြစ်သွားပြီး ရှက်သွေးဖြာနေသော မျက်နှာထားဖြင့် မျက်စောင်းထိုးကာ ပြုံးလိုက်သည်။
"အတည်ပြောနေတာကိုနော်..."
ထို့နောက် သူမက လင်းယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ရင်အုပ်ကြွက်သားများကို လက်ချောင်းလေးဖြင့် စက်ဝိုင်းသဏ္ဍာန် ပွတ်သပ်ကစားရင်း သက်ပြင်းချလိုက်သည်။
"တကယ်တော့... တို့လူတွေ အယောက်တစ်ရာကျော်လောက်ထဲမှာ စိုးရိမ်ပူပန်နေကြတဲ့သူတွေ အများကြီးပဲ မောင်လေးရဲ့"
"လောလောဆယ် ကျောက်ခိုင်တို့၊ ဒေါက်တာရန်တို့လို အစွမ်းနိုးထလာတဲ့ သူတွေလောက်ပဲ အဆင်ပြေကြတာ... ကျန်တဲ့သူတွေက သူတို့ကိုကြည့်ပြီး အားကျနေကြရတာလေ"
"ယောကျာ်းလေးတွေက တော်သေးတယ်... အပြင်ထွက်ပြီး ငါးဖမ်းတာဘာတာ လုပ်လို့ရသေးတယ်... ဒါပေမဲ့ သူတို့လည်း ဝေးဝေးလံလံ မသွားရဲကြဘူး"
"အသက်ကြီးတဲ့သူတွေ... ကလေးတွေနဲ့ အမျိုးသမီးတွေကသာ သနားစရာ ကောင်းတာ... သူတို့ခမျာ နေ့တိုင်း ဝါးရုံတောထဲသွားပြီး မျှစ်ခူးလိုက်... မြေကြီးတူးပြီး တောစာ ရှာစားလိုက်နဲ့"
"သူတို့အားလုံးက စိုးရိမ်နေကြတာ... ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်... ကိုယ့်အားကိုယ်မကိုးနိုင်လို့ အချိန်မရွေး စွန့်ပစ်ခံရနိုင်တယ် ဆိုပြီး တွေးပူနေကြတာလေ"
လင်းယွမ်က ချက်ချင်းပင် မေးလိုက်သည်။
"အဲဒီလို ဖြစ်နေတဲ့သူ ဘယ်နှယောက်လောက် ရှိလဲ"
"ဆယ်ယောက်ကျော်လောက်တော့ ရှိမယ်... အမဝူတို့၊ လျှိုရှုချင်းတို့ကတော့ အဒေါ်ကြီးလီနောက် လိုက်ပြီး လှေခါးထစ်စိုက်ခင်းဘက်မှာ အလုပ်လုပ်ပေးလို့ ရသေးတယ်... ဆုန့်ဝမ်ကလည်း သူတို့ကို စောင့်ရှောက်ပေးတယ်လေ"
"ဒါပေမဲ့ တခြားသူတွေက အဲဒီလောက် ကံမကောင်းကြဘူး... ဥပမာ ဟို ကျူးလင်လင် ဆိုရင် တာအိုဆရာလင်းကို ပြုစုရင်း ကပ်စားနေရတာ... ကြည့်ရတာ သူ တာအိုဆရာလင်းကို တကယ်ချစ်တာ မဟုတ်သလို တာအိုဆရာလင်းကလည်း သူ့ကို ငြီးငွေ့စပြုနေပြီ... ဟိုတစ်နေ့က ကျူးလင်လင်တစ်ယောက် ဂူထဲမှာ ငိုနေတာ အမ မြင်လိုက်သေးတယ်"
"ပြီးတော့ အသက်ကြီးတဲ့ ဦးလေးကြီးတွေရယ်... ဖုန်းဟွမ်ဘုရားကျောင်းက လူတွေ ပစ်ခတ်တုန်းက ဒဏ်ရာရထားတဲ့ ကောင်လေးတွေရယ်... သူတို့ခမျာ ဒဏ်ရာတွေနဲ့ဆိုတော့ ရပ်တည်ဖို့ ခက်ခဲနေကြတယ်"
ရန်မေ ပြောပြသည်များကို နားထောင်ရင်း လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။
"အမ ပြောမှပဲ ကျွန်တော် စဉ်းစားမိတော့တယ်... သူတို့ အသက်ရှင်ရပ်တည်နိုင်ဖို့ အလုပ်တစ်ခုခု ဖန်တီးပေးမှ ဖြစ်မယ်"
ရန်မေ ကြောင်သွားသည်။
"ဘယ်လိုမျိုးလဲ"
"ကျွန်တော် သားသတ်ရုံ တစ်ရုံ ထောင်မလို့... အမဲလိုက်အဖွဲ့တွေ... ငါးဖမ်းအဖွဲ့တွေ ရလာတဲ့ အကောင်တွေကို အဲဒီမှာ တစ်နေရာတည်း စုပြီး အသားခုတ်ထစ်ပေးမယ်"
"ငါးခုတ်ထစ်တာက သိပ်ပြီး ခွန်အားစိုက်ထုတ်ရတဲ့ အလုပ်မျိုးမှ မဟုတ်တာ... လက်မြန်ခြေမြန် ရှိရင် ပြီးတာပဲ... ခိုလှုံရေးစခန်းထဲက သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရထားတဲ့ သူတွေလည်း လုပ်နိုင်တယ်လေ"
"အဲဒါဆို ကျွန်တော်က သူတို့အတွက် ပုံမှန် ဝင်ငွေရမယ့် အလုပ်တစ်ခု ဖန်တီးပေးရာ ရောက်သလို... သူတို့လည်း အပြင်ထွက်ပြီး စွန့်စားစရာ မလိုတော့ဘူးပေါ့"
"တစ်ခုရှိတာက သန္ဓေပြောင်း ငါးတွေက အန္တရာယ်များတော့ လက်ခံရရှိလာတဲ့ ငါးတွေကို ကျွန်တော်က ဒိုင်ခံသတ်ပေးမယ်... ပြီးမှ သူတို့ကိုင်တွယ်ဖို့ လွှဲပေးမယ်"
"ဘယ်လိုလဲ... ကျွန်တော့်အကြံ မိုက်တယ်မလား"
ရန်မေ အံ့သြသွားပြီး...
"ဒါပေမဲ့... အဲဒီ သားသတ်ရုံက ဘာနဲ့ လည်ပတ်မှာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး...
"အခမဲ့တော့ ဘယ်လုပ်ပေးမလဲဗျ... ဒါပေမဲ့ သိပ်ဈေးကြီးလို့တော့ မဖြစ်ဘူး... မဟုတ်ရင် လူတွေက သားသတ်ရုံကို ပို့မယ့်အစား ကိုယ့်ဘာသာပဲ သတ်စားကြလိမ့်မယ်"
"ကျွန်တော်တို့ သားသတ်ရုံက သူတို့ကို ငါးသတ်ပေးမယ်... ပြီးတော့ ထမင်းဟင်း ချက်ပြုတ်ပေးတာမျိုးပါ ဝန်ဆောင်မှု ပေးမယ်... အဲဒီလိုဆိုရင် အမဲလိုက်တဲ့ သူတွေအနေနဲ့ ငါးသတ်တာ... ချက်ပြုတ်တာတွေအတွက် အချိန်ပေးစရာ မလိုတော့ဘူး... အဲဒီအချိန်မှာ ငါးပိုဖမ်းနိုင်တာပေါ့"
လင်းယွမ် ပြောရင်းပြောရင်း သူ့အစီအစဉ်ကို ပိုသဘောကျလာသည်။
ကျွမ်းကျင်ရာ လိမ္မာ ဆိုသလိုပင်။
သားသတ်ရုံက ငါးလက်ခံရုံသာမက သတ်ပေးမည်... ခုတ်ထစ် သန့်စင်ပေးမည်... စားသောက်ဆိုင် ဝန်ဆောင်မှုပါ ပေးမည်။
လုပ်ငန်းစဉ် တစ်ခုလုံး ပြီးပြည့်စုံနေသဖြင့် ကျန်သူများက သန္ဓေပြောင်း သတ္တဝါများကို ဖမ်းဆီးခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်ထားလျှင် ရပြီ။ ချက်ပြုတ်ဖို့ အချိန်ပေးစရာ မလိုတော့။
ထမင်းတစ်နပ် ချက်စားဖို့ဆိုတာ အထင်သေး၍မရ။ အသားငါး ဆေးကြောသန့်စင်တာကနေ မီးမွှေး၊ ချက်ပြုတ်၊ ပန်းကန်ဆေး အားလုံးပေါင်းလိုက်လျှင် တစ်နာရီနှင့် မပြီးနိုင်။
နေ့ခင်းဘက် အချိန်တိုတိုလေးအတွင်း ဒီကိစ္စတွေနဲ့ပဲ အချိန်ကုန်နေရင် တခြား ဘာလုပ်ချိန် ကျန်တော့မည်နည်း။
ရန်မေက လင်းယွမ်၏ အတွေးစကို လိုက်စဉ်းစားရင်း ရုတ်တရက် ဆိုလိုက်သည်။
"မောင်လေး ပြောသလိုဆိုရင်... တို့တွေ လုပ်ရမှာက သားသတ်ရုံ သက်သက် မဟုတ်တော့ဘူး... ဝန်ဆောင်မှု အစုံပေးနိုင်တဲ့ လုပ်ငန်းစုကြီးတစ်ခု ထောင်ရမှာ"
"အဲဒီ လုပ်ငန်းစုကြီးက ခိုလှုံရေးစခန်းက လူတွေ လိုအပ်သမျှ အကုန် ဝန်ဆောင်မှု ပေးနိုင်ရမယ်... သားငါး သတ်ပေးတာတင် မဟုတ်ဘဲ အစားအသောက် ပြုပြင်တာ... စားသောက်ဆိုင် ဖွင့်တာ... လက်နက်နဲ့ ပစ္စည်းကိရိယာ ရောင်းချတာ... နေ့စဉ်သုံး ပစ္စည်းတွေ လဲလှယ်ပေးတာ... အစုံပဲပေါ့"
"ဒါနဲ့... တို့တွေမှာ ကိုယ်ပိုင် ငွေကြေးစနစ်တစ်ခု ရှိရင် ပိုကောင်းမယ်... အဲဒါဆိုရင် လူတွေရဲ့ စည်းလုံးမှု ပိုကောင်းလာနိုင်သလို သူတို့ ရှာဖွေရရှိသမျှကို တို့ဆီမှာပဲ ပြန်သုံးကြလိမ့်မယ်"
ရန်မေက ထထိုင်လိုက်သည်။ ပြောရင်းပြောရင်း စိတ်ပါလာပြီး...
"အင်း... ငွေကြေးစနစ်လို့ ခေါ်ရင် သိပ်မကောင်းဘူး... ဟို ကုန်တိုက်ကြီးတွေမှာလိုမျိုး အမှတ်စနစ် လုပ်ရင် ပိုကောင်းမယ်"
"လူတွေက သူတို့ ရှာဖွေရရှိလာတဲ့ ပစ္စည်းတွေကို တို့ဆီမှာ လာရောင်းမယ်... ပြီးရင် တန်ဖိုးနဲ့ ညီမျှတဲ့ အမှတ်တွေ ရမယ်... အဲဒီ အမှတ်တွေကိုသုံးပြီး တို့ဆီမှာ ထမင်းစားလို့ရမယ်... ဈေးဝယ်လို့ရမယ်... တခြား ဝန်ဆောင်မှုတွေ ယူလို့ရမယ်"
"မောင်လေးက ဈေးကွက်တစ်ခု တည်ဆောက်ချင်တာ မဟုတ်လား... ဒီလိုလုပ်လိုက်ရင် အဲဒီဈေးကွက်ကြီး အလိုလို ဖြစ်လာမှာပဲလေ"
"မောင်လေးမှာ ဟင်းလင်းပြင်အစွမ်း ရှိတယ်... ပစ္စည်းတွေ အများကြီး သိုလှောင်ထားနိုင်တယ်... အဲဒါတွေကို ထုတ်ပြီး ခင်းကျင်းပြသထားလိုက်... လူတွေကို အမှတ်နဲ့ လဲလှယ်ဝယ်ယူခိုင်းလိုက်... ဒါက ဆွဲဆောင်မှု အရှိဆုံးအရာပဲ မဟုတ်လား"
လင်းယွမ်မှာ ရန်မေ၏ စကားများကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သေချာ စဉ်းစားကြည့်လိုက်တော့ အမမေ ပြောတာ တကယ် ဖြစ်နိုင်သည်ပဲ။
သူ ချက်ချင်း ထထိုင်လိုက်ပြီး ရန်မေကို ရင်ခွင်ထဲ ဆွဲသွင်းကာ အငမ်းမရ နမ်းရှုံ့ပစ်လိုက်တော့သည်။
"ဟာ... အမမေ... အမက တကယ့် စီးပွားရေး ပါရမီရှင်ပဲဗျာ... အဲဒီ အမှတ်စနစ် အကြောင်းတွေ ဘယ်လိုသိနေတာလဲ"
ရန်မေက သူ့မုတ်ဆိတ်မွေး စူးသဖြင့် ယားကျိကျိ ဖြစ်ကာ တခစ်ခစ် ရယ်မောနေသည်။ သူမ၏ ရင်အစုံမှာလည်း လှိုင်းတံပိုးထသကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
"အမက အားရင် အွန်လိုင်းဈေးဆိုင်တွေ လျှောက်ကြည့်ရတာ ဝါသနာပါတာကိုး... ဒါတွေက ဆိုင်တွေသုံးနေကျ နည်းလမ်းဟောင်းတွေပါ"
ထို့နောက် သူမက ဆက်ပြောလေသည်။
"ဒီကိစ္စက တော်တော်လေး အလားအလာ ရှိတယ်... ဝန်ဆောင်မှု ပေးရတဲ့ နေရာတွေမှာ အစွမ်းမနိုးထသေးတဲ့ သာမန်လူတွေကို အလုပ်ပေးထားလို့ ရတယ်... တခြား ခိုလှုံရေးစခန်းက လူတွေကိုတောင် ဆွဲဆောင်နိုင်ဦးမှာ"
"ဒါပေမဲ့ ဒီကိစ္စ အောင်မြင်ဖို့ဆိုရင် ဒီကုန်တိုက်ကြီးရဲ့ ပိုင်ရှင်က အကြွင်းမဲ့ အင်အားရှိထားဖို့ လိုတယ်နော်... မဟုတ်ရင် စီးပွားရေး အရမ်းကြီးလာတဲ့အခါ လူတွေက မနာလို ဖြစ်လာကြလိမ့်မယ်"
လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့်...
"ဒီအကြံဉာဏ်က တကယ် ရှယ်ပဲဗျာ"
"ခိုလှုံရေးစခန်း ကုန်တိုက်ကြီး... လယ်ယာထွက်ကုန် ဈေးကွက်... ဈေးဝယ်စင်တာ... စားသောက်ဆိုင်တန်း အားလုံးကို တစ်နေရာတည်း စုထားလိုက်မယ်"
"မိုက်တယ်"
လင်းယွမ် စိတ်အားထက်သန်နေပြီ ဖြစ်သည်။ သူ ခဏမျှ စဉ်းစားလိုက်ပြီး...
"ဒီလို ကုန်တိုက်မျိုး လုပ်မယ်ဆိုရင် နေရာကျယ်ကျယ် လိုလိမ့်မယ်... အမိုးအကာအောက်မှာ ရှိရင်တော့ အကောင်းဆုံးပဲ"
ရန်မေက...
"ဂူအသစ်တစ်ခု ထပ်တူးဖို့ နည်းလမ်းရှာရလိမ့်မယ်... ကားလမ်းမနဲ့ နီးရင် ပိုကောင်းတယ်... အရမ်း မမြင့်စေနဲ့... အလွှာခွဲထားရင် ပိုကောင်းမယ်... လောလောဆယ်တော့ တို့ဆီမှာ လူတစ်ရာကျော်ပဲ ရှိသေးတာဆိုတော့ အရမ်းကြီးမကျယ်လည်း ရပါတယ်"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။
"ဒီကိစ္စကို သေချာ စီစဉ်ရဦးမယ်... ဒါပေမဲ့ ဂူတူးတဲ့ကိစ္စကိုတော့ အရင် စလုပ်လို့ ရနေပြီ"
ပြောရင်းဆိုရင်း သူ စိတ်မထိန်းနိုင် ဖြစ်လာကာ အိပ်ချင်စိတ်ပင် ကုန်ဆုံးသွားပြီး ရန်မေကို ကိုယ်အောက်သို့ ဆွဲလှဲလိုက်လေသည်။
ရန်မေ လန့်သွားပြီး အော်လိုက်မိသည်။
"မောင်လေး... ဘာ... ဘာလုပ်မလို့လဲ"
"တွင်းတူးမလို့လေ..."
"အို... မလုပ်နဲ့... အမေ့..."
ဂူအပြင်ဘက်၌ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ဂူအတွင်း၌လည်း မောဟိုက်သံများဖြင့် ဆူညံသွားလေတော့သည်။
...
"အား... အသက်ချမ်းသာပေးပါ... ချမ်းသာပေးပါဗျာ... ပြောပါ့မယ်... သိသမျှ အကုန် ပြောပြပါ့မယ်"
ထိုက်ယန်တောင်၏ အနောက်ဘက်ခြမ်းတွင် ကျောက်ဆောင်များ ထူထပ်နေပြီး နေရာအနှံ့ လူလုပ်ဂူများဖြင့် ပြည့်နှက်နေသည်။
ထိုအထဲမှ အတော်အတန် ကြီးမားသော ဂူတစ်ခုအတွင်း၌ ချန်ကျွင်းနှင့် ချန်ချိုင် ညီအစ်ကို နှစ်ယောက်ကို သီးခြားစီ တုတ်ဆွဲထားလေသည်။
ခန္ဓာကိုယ် ကြီးမားတုတ်ခိုင်သော လူကြမ်းကြီးတစ်ဦးက ကြိမ်လုံးကို ကိုင်ထားသည်။
သူက ချန်ကျွင်းကို အေးစက်စွာ ကြည့်လိုက်ပြီး...
"မင်းပြောပုံအရဆို မင်းတို့နှစ်ယောက်က မြောက်ဘက်ကနေ တက်လာတာပေါ့လေ... ဟုတ်လား"
"ဟုတ်ပါတယ်... အစ်ကိုကြီးရယ်... အသက်ချမ်းသာပေးပါ... ကျွန်တော်တို့က ရေဘေးရှောင်ဖို့ တောင်ပေါ် တက်လာရုံ သက်သက်ပါဗျာ"
ချန်ကျွင်းက အသနားခံလိုက်သည်။ သူ့မျက်နှာတစ်ခုလုံး ဖူးရောင်နေပြီး ခန္ဓာကိုယ်ပေါ်၌လည်း ကြိမ်ဒဏ်ရာများ၊ ပွန်းပဲ့ဒဏ်ရာများ ပြည့်နှက်နေသည်။
ထိုလူကြမ်းကြီးက သူ့အနောက်ရှိ လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုလူအုပ်ကြားတွင် အရပ်ပုပု၊ ထိပ်ပြောင်ပြောင်နှင့် ပိန်လှီသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေသည်။ သူ၏ မျက်နှာထားက ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါက်နေပြီး အမည်မသိရသော အသားကင်တစ်တုံးကို စားရင်း ဘေးနားရှိ အသားအရေ ဖြူဖွေးလှပသော အမျိုးသမီးတစ်ဦး၏ တင်ပါးကို ပွတ်သပ်နယ်ဖတ်နေလေသည်။
လူကြမ်းကြီးက ရိုသေစွာဖြင့်...
"အစ်ကိုထျန်... ဒီကောင်တွေ လိမ်ပြောနေပုံ မရဘူး... သူ့အဖော်ကိုလည်း ခွဲစစ်ထားတာ နှစ်ယောက် ပြောတာချင်း တူနေတယ်"
ထျန်ဝေက ဘာမှပြန်မပြော။ သူ့လက်က အမျိုးသမီး၏ စကတ်အောက်သို့ တိုးဝင်နေပြီ ဖြစ်သည်။ အမျိုးသမီး၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး အသက်ရှူသံများ မြန်ဆန်လာ၏။
ဘေးနားရှိ လူများက မမြင်ချင်ယောင် ဆောင်နေကြသည်။ ထိုအမျိုးသမီးကို မည်သူမှ မကြည့်ရဲကြ။
ထျန်ဝေ၏ စိတ်နေသဘောထားက မူမမှန်မှန်း လူတိုင်း သိကြသည်။ လျှောက်ကြည့်မိပါက အသားလွတ် အရိုက်ခံရနိုင်သည်။
ထိုစဉ် ထျန်ဝေ၏ ဘေးနားရှိ မျက်မှန်တပ်ထားသော လူလတ်ပိုင်း အမျိုးသားက ဝင်ပြောလိုက်သည်။
"အစ်ကိုထျန်... ကြည့်ရတာ ဒီနှစ်ယောက်က တကယ်ပဲ ဘေးလွတ်ရာ ရှောင်လာကြပုံပဲ"
"ခုတစ်လော သတ္တုတူးရင်း လူအင်အား ဆုံးရှုံးထားတာ မနည်းဘူး... သူတို့ပြောသလို အသစ်ရောက်လာတဲ့ လူအုပ်စုမှာ လူတစ်ရာကျော် ပါတယ်ဆိုရင်... အဲဒီလူတွေကို ဖမ်းခေါ်လာနိုင်ရင် ကျွန်တော်တို့ရဲ့ လုပ်အားအင်အား တော်တော်လေး တောင့်တင်းသွားလိမ့်မယ်"
ထိုအခါမှ ထျန်ဝေက သူ့လက်ကို ရပ်တန့်လိုက်ပြီး...
"အဲဒီလူစု အခု ဘယ်နားမှာလဲ"
မျက်မှန်နှင့် လူက လူကြမ်းကြီးကို မေးမြန်းရန် အချက်ပြလိုက်သည်။
လူကြမ်းကြီးက ကြိမ်လုံးကို ကိုင်ရင်း ချန်ကျွင်း ရှေ့သို့ ရောက်လာကာ...
"ပြောစမ်း... အဲဒီလူတွေ ဘယ်မှာလဲ"
သူက ကြိမ်လုံးကို မြှောက်လိုက်ရုံသာ ရှိသေးသည်၊ ချန်ကျွင်းက အလောတကြီး အော်ပြောလိုက်၏။
"ပြောပါ့မယ်... ပြောပါ့မယ်... မြောက်ဘက် ဖုန်းဟွမ်ဘုရားကျောင်းနားမှာပါ... ကမ်းပေါ် တက်တက်ချင်းတုန်းက သူတို့နဲ့ ဖုန်းဟွမ်ဘုရားကျောင်းက လူတွေ တိုက်ခိုက်နေကြတာ... ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က အဲဒီကနေ အခွင့်ကောင်းယူပြီး ထွက်ပြေးလာတာပါ... အနောက်ဘက်ကို တောက်လျှောက်ပြေးလာရင်း ဒီနေရာ ရောက်လာတာပါ... အား..."
သူက မြန်မြန်ဆန်ဆန် ဖြေလိုက်သော်လည်း လူကြမ်းကြီးက ကြိမ်လုံးဖြင့် ရိုက်ချလိုက်လေသည်။
"မင်းအမေလင်... ဘာလို့ စကားကို သေနတ်ပစ်သလို ပြောနေတာလဲ... မြန်မြန်ဘဝကူးချင်နေတာလား"
သူက မကျေနပ်သေးသဖြင့် နောက်ထပ် နှစ်ချက်ဆင့်ရိုက်လိုက်ရာ ချန်ကျွင်းခမျာ အော်ဟစ် ညည်းညူနေရတော့သည်။
ထို့နောက် သူက ထျန်ဝေနှင့် မျက်မှန်တပ်ထားသူဘက်သို့ လှည့်ကြည့်ကာ...
"အစ်ကိုကြီး... အစ်ကိုဆွန်... သူပြောပုံအရဆို အဲဒီလူစုက ဖုန်းဟွမ်ဘုရားကျောင်း နားမှာတဲ့... ထူလုံရဲ့ လူတွေ လက်ချက်နဲ့ အကုန် ပြာကျသွားလောက်ပြီလား မသိဘူး"
အစ်ကိုဆွန်ဟု ခေါ်သော လူလတ်ပိုင်းက မျက်မှန်ကို ပင့်တင်ရင်း ခေါင်းခါပြလိုက်သည်။
"မဖြစ်နိုင်ဘူး... အနည်းဆုံးတော့ လူတစ်ရာကျော် ရှိတဲ့အဖွဲ့ပဲ... လူအင်အားချင်း ယှဉ်ရင် ဖုန်းဟွမ်ဘုရားကျောင်းက လူတွေထက် မနည်းပါဘူး"
"အဓိကက အဲဒီလူစုထဲမှာ အစွမ်းပိုင်ရှင်တွေ အများကြီး ပါတယ်တဲ့... တကယ်သာ တိုက်ကြခိုက်ကြရင် ပွဲကြမ်းမယ့် အနေအထားပဲ"
"ဟုန်ဖူဆိုတဲ့ အဘိုးကြီးရဲ့ စရိုက်နဲ့ဆိုရင် သူ့လူအင်အား ပြုန်းတီးခံပြီး တိုက်မယ့်ပုံ မပေါ်ဘူး... ငါ့အထင်တော့ အဲဒီလူစုကို ဟုန်ဖူက ဉာဏ်ဆင်ပြီး ဖမ်းချုပ်ထားတာ နေမှာ"
"အစ်ကိုထျန်... ကျွန်တော်တို့ လူနည်းနည်းလောက် လွှတ်ပြီး မြောက်ဘက်ခြမ်းကို အခြေအနေ သွားကြည့်ခိုင်းရင် ကောင်းမလား"
ထျန်ဝေက ဒေါသတကြီးဖြင့်...
"ဘာအခြေအနေ ကြည့်နေမှာလဲ... ဟိုဘက် ဒီဘက် တိုက်နေကြပြီဆိုမှတော့ ငါတို့ ဝင်တိုက်ဖို့ အခွင့်ကောင်းပဲ မဟုတ်ဘူးလား... ထူလုံရော ဟုန်ဖူရောကို ဖမ်းပြီး အဲဒီစခန်းကိုပါ သိမ်းပစ်လိုက်ပေါ့"
ဆွန်ကွေ့က ပြုံးလိုက်ပြီး...
"ဒီကောင်တွေ ပြောစကားက ယုံရမလား မယုံရမလား မသေချာသေးဘူး... ပြီးတော့ ဟိုနှစ်ဖွဲ့က တကယ်ပဲ အသေအလဲ တိုက်ခိုက်နေကြတာလား ဆိုတာ စုံစမ်းရဦးမယ်... တကယ်လို့များ နောက်ဆုံးမှာ ပြေလည်သွားပြီး လက်တွဲလိုက်ကြရင် ကျွန်တော်တို့ သွားတိုက်တာက အလကား ဖြစ်ကုန်မှာပေါ့"
"တကယ်လို့ သူတို့ တိုက်ခိုက်ပြီး နှစ်ဖက်စလုံး အထိနာထားတယ် ဆိုရင်တော့ ကျွန်တော်တို့ ဝင်ပြီး ရှင်းလို့ရတာပေါ့"
"အထူးသဖြင့် တောင်ပေါ် ခုမှ တက်လာတဲ့ လူစုလေ... သူတို့က လက်ဗလာနဲ့ တက်လာတာ ဟုတ်ချင်မှ ဟုတ်မှာ... သူတို့ဆီမှာ စားနပ်ရိက္ခာ အနည်းနဲ့အများ ပါလာမှာပဲ"
"လောလောဆယ် သတ္တုတွင်းဘက်မှာ ကျွန်တော်တို့ ရိက္ခာ သိပ်မကျန်တော့ဘူးလေ"
ထိုအခါမှ ထျန်ဝေက စိတ်မရှည်စွာဖြင့်...
"စားစရာ မရှိပြန်ဘူးလား... တောက်... ဒီသတ္တုတူးတဲ့ကောင်တွေက စားပဲ စားတတ်တယ်... သောက်ကျိုးနည်း အကုန် သတ်ပစ်လိုက်ရင် ကောင်းမယ်"
ဆွန်ကွေ့က ဖျောင်းဖျလိုက်သည်။
"အစ်ကိုထျန်... အကုန်သတ်ပစ်လိုက်ရင် ဘယ်သူက သတ္တုတူးပေးတော့မှာလဲ... စွမ်းအင်ကျောက်တုံး ရဖို့ သူတို့ကိုပဲ အားကိုးနေရတာလေ"
"ဒီလိုလုပ်... ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်... အခွင့်အရေးရရင် ကျွန်တော်တို့ ချက်ချင်း လှုပ်ရှားပြီး အဲဒီလူစုကို သိမ်းပိုက်လိုက်ကြတာပေါ့"
ထျန်ဝေက ခေါင်းညိတ်ကာ လက်ကာပြလိုက်ပြီး စိတ်မရှည်စွာဖြင့် ထရပ်လိုက်သည်။
"အေး... အစ်ကိုဆွန်... ဒီကိစ္စ ခင်ဗျားပဲ ကြည့်စီစဉ်လိုက်တော့"
ဆွန်ကွေ့က ခေါင်းညိတ်ကာ လိုက်ပို့ပေးလိုက်သည်။
ထျန်ဝေက စကတ်တို ဝတ်ထားသည့် ကောင်မလေးကို ဖက်ပြီး ဂူထဲမှ ထွက်သွားမှသာ ဂူအတွင်းရှိ လူများ အသက်ဝဝ ရှူရဲကြတော့သည်။
"ဦးလေးဆွန်... အစ်ကိုထျန်ရဲ့ အငွေ့အသက်တွေက ပိုပိုပြီး ပြင်းထန်လာသလိုပဲ... သူ မီးစွမ်းအင်ကျောက်တုံးတွေ စုပ်ယူနေတာ ရပ်သင့်ကြောင်း ဦးလေး သွားပြောပေးပါလား" လူငယ်တစ်ယောက်က တိုးတိုးကပ်ပြောသည်။
ဆွန်ကွေ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး...
"မင်း သွားပြောရဲလို့လား"
ထိုလူငယ် ပါးစပ်ပိတ်သွားသည်။ ဘာမှ ပြန်မပြောရဲတော့။
ထျန်ဝေ ဘေးနားတွင် နေလာကြသူများ ဖြစ်သည့်အားလျော်စွာ ထျန်ဝေ၏ စရိုက်ကို သူတို့ ကောင်းကောင်း သိကြသည်။
ထျန်ဝေသည် ဒေါသကြီးပြီး စကားမပြောချင်လျှင် လူသတ်ပစ်တတ်သူ ဖြစ်သည်။ အကျိုးအကြောင်း သွားပြော၍ ရမည့်လူစား မဟုတ်။
တကယ်တော့ ထျန်ဝေသည် အရင်က ဤမျှ ဆိုးသွမ်းသူ မဟုတ်ခဲ့။
အစွမ်းမနိုးထခင်က စိတ်ကြီးပြီး ဒေါသထွက်လွယ်သော်လည်း ယခုလောက် ကြောက်စရာ မကောင်းခဲ့ပေ။
မီးအစွမ်း နိုးထလာချိန်မှာတောင် ဤမျှအထိ မဆိုးရွားသေး။
မီးစွမ်းအင်ကျောက်တုံးများကို အများအပြား စုပ်ယူပြီးနောက်ပိုင်းမှသာ ဤသို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ထို့ကြောင့် သတ္တုတွင်းစခန်းရှိ လူများသည် ထျန်ဝေ ဤမျှ ရက်စက်ကြမ်းကြုတ်လာခြင်းမှာ မီးစွမ်းအင်ကျောက်တုံးများကြောင့် ဖြစ်မည်ဟု သံသယ ဝင်နေကြသည်။
အရင်ကလည်း သွားရောက် သတိပေးဖူးသူ ရှိသော်လည်း စကားမဆုံးခင်မှာပင် ထျန်ဝေ၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရဖူးသည်။
ထိုအချိန်မှစ၍ ဘယ်သူမှ သွားမပြောရဲကြတော့ချေ။
ဆွန်ကွေ့က လူအုပ်ကို ဝေ့ဝဲကြည့်လိုက်ပြီး...
"ညီနောင်တို့... ငါတို့က စွမ်းအင်ကျောက်တုံး သတ္တုတွင်းကို ပိုင်ဆိုင်ထားပြီး မီးစွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိသလို ပေါက်ကွဲသင်္ကေတတွေလည်း အများကြီး ထုတ်လုပ်ထားနိုင်တယ်... ဒါ ငါတို့ရဲ့ စည်းစိမ်ပဲ"
"အခုလို ခေတ်ပျက်ကြီးထဲမှာ ပေါက်ကွဲသင်္ကေတ ဆိုတာ မရှိမဖြစ်တဲ့ ဗျူဟာမြောက် လက်နက်ပဲ... စွမ်းအင်ကျောက်တုံးတွင်းကို ဘယ်သူပိုင်လဲ... အဲဒီလူက ဆရာကြီးပဲ"
"အစ်ကိုထျန်သာ ရှေ့ကနေ ကာမပေးထားရင် ငါတို့တွေ ကျန်တဲ့ စခန်းသုံးခုက လူတွေလက်ထဲ အရိုးပါမကျန် ဝါးစားခံလိုက်ရပြီ"
"အစ်ကိုထျန်က စိတ်ဆတ်ပေမဲ့ သူ့နောက်လိုက်ရင် အနည်းဆုံးတော့ ထမင်းဝဝ စားရတယ်... တခြားစခန်း သွားပေါင်းရင် ငါတို့လို အပြင်လူတွေကို သူတို့က ယုံပါ့မလား"
"အန္တရာယ်ရှိရင် ငါတို့ကိုပဲ မြေစာပင် လုပ်ပစ်ကြမှာ"
"ဒါကြောင့် မဖြစ်သင့်တဲ့ အတွေးတွေ ခေါင်းထဲက ထုတ်ပစ်လိုက်ကြ... ဒီသတ္တုတွင်းကိုသာ သေချာ ကာကွယ်ထားနိုင်ရင် ဒီကပ်ဘေးကြီးထဲမှာ ငါတို့ အသက်ရှင်နိုင်လိမ့်မယ်"
"မြောင်ဖေး... သတင်းစုံစမ်းတဲ့ကိစ္စ မင်း တာဝန်ယူလိုက်... ရေမတက်ခင် အဖြေလိုချင်တယ်"
လူအုပ်ထဲမှ ကျားသစ်တစ်ကောင်လို သန်မာဖျတ်လတ်ပုံရသည့် လူငယ်တစ်ဦး ထွက်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
"မနက်ဖြန် အရောက် သတင်းပို့ပါ့မယ်"
"ကောင်းပြီ... မြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့"
မြောင်ဖေးက ခေါင်းညိတ်ကာ လူနှစ်ယောက် ခေါ်ပြီး သတ္တုတွင်းမှ ထွက်ခွာသွားတော့သည်။ မကြာခင် သူတို့အဖွဲ့သည် မိုးသည်းထန်နေသော အမှောင်ထုထဲ၌ ပျောက်ကွယ်သွားလေတော့သည်။
ဆက်ရန်...