← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 11 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 11 Ch. 215-216

အပိုင်း(၂၁၅) ဆင့်ကဲပြောင်းလဲခြင်း အစွမ်းအား တူးဖော်ခြင်း

ထိုညတွင် လင်းယွမ်သည် ရန်မေနှင့် အတူနေပြီးနောက် စိတ်ကျေနပ်မှု ရရှိသွားသဖြင့် စာကြည့်ခန်းသို့ ဝင်ကာ သင်္ကေတကျောက်တုံး နည်းပညာကို စတင်လေ့လာလိုက်တော့သည်။

စားပွဲတင် မီးအိမ်အောက်၌ လင်းယွမ်က အရွယ်အစား မတူညီသော သင်္ကေတကျောက်တုံး သုံးတုံးကို စားပွဲပေါ်တွင် ဖြန့်ခင်းထားလိုက်သည်။

မီးရောင်အောက်တွင် ထိုကျောက်တုံးများက မတူညီသော အရောင်အသွေးများကို ကိုယ်စီ ထုတ်လွှတ်နေကြ၏။

ပေါက်ကွဲမြှား အတွက် အသုံးပြုသော သင်္ကေတကျောက်တုံးသည် မီးအသွင်ဆောင်သော အနီရောင် တောက်ပနေပြီး အတွင်း၌ မှိန်ဖျော့သော အနီရောင် အလင်းတန်းများ ကိန်းအောင်းနေသည်။

လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးမှာမူ အဖြူရောင်သမ်းနေပြီး အလင်းရောင်မှာ အားနည်းလွန်းသဖြင့် သတိထားကြည့်မှ မြင်ရမည့်အနေအထား ဖြစ်နေသည်။

၎င်းသည် ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံး ဖြစ်သောကြောင့် ပါဝင်သော စွမ်းအင်ပမာဏ နည်းပါးခြင်း ဖြစ်သည်။

နောက်ဆုံး ကျန်ရစ်သော သင်္ကေတကျောက်တုံးမှာမူ ဖျော့တော့သော အပြာရောင် အလင်းတန်းကို ထုတ်လွှတ်နေ၏။

ထိုအပြာရောင် အလင်းသည် ရေပြင်၏ အရောင်အသွေးကဲ့သို့ ဖြစ်ပြီး နူးညံ့သိမ်မွေ့သော အလင်းစက်ဝန်းလေးများက အတွင်းဘက်သို့ စီးဝင်နေသယောင် ရှိသည်။

ဤသည်မှာ ဝူမုန့်ထံမှ လင်းယွမ် ရရှိခဲ့သော အခြား သင်္ကေတကျောက်တုံး တစ်မျိုးပင်။

"ရေကွင်း သင်္ကေတကျောက်တုံး"

(ရေရှောင် အစား ရေကွင်း လို့ပြန်လိုက်ပါတယ်။ အရှေ့အပိုင်းတွေမှာ ရှေရှောင်လို့ ပြန်ထားလို့ ခုကစပြီး ရေကွင်း လို့ပြန်မယ်နော်)

"စစ်တပ်ဘက်က သင်္ကေတကျောက်တုံး သုံးမျိုးအကြောင်း ထုတ်ပြန်ခဲ့တယ်... ပေါက်ကွဲသင်္ကေတ... မြေဓာတ် အကာအကွယ်သင်္ကေတ... ပြီးတော့ အခု ငါ့ရှေ့က ရေကွင်းသင်္ကေတပဲ"

"မြေဓာတ် အကာအကွယ်အတွက် လိုအပ်တဲ့ သင်္ကေတစာလုံးကို လောလောဆယ် ငါရှာမတွေ့သေးလို့ ကျောက်တုံး လုပ်လို့မရသေးဘူး... ဒါပေမဲ့ ဝူမုန့်ပေးလိုက်တဲ့ ဒီ ရေကွင်းကျောက်တုံးကို သေချာလေ့လာရင်တော့ မူရင်းပုံစံကို ပြန်ဖော်နိုင်လောက်တယ်"

သူသည် လက်သီးဆုပ် အရွယ်အစားခန့်ရှိပြီး ရှုပ်ထွေးသော လှိုင်းတွန့်ပုံသဏ္ဌာန် အက္ခရာများ ရေးထိုးထားသည့် ရေကွင်းကျောက်တုံးကို ကောက်ယူလိုက်သည်။

လင်းယွမ်က ရေတစ်ဇလုံ ယူလာပြီးနောက် ကျောက်တုံးကို ဆုပ်ကိုင်ကာ စွမ်းအင်သွင်း၍ အသက်သွင်းလိုက်သည်။

ချက်ချင်းပင် ရေကွင်းကျောက်တုံးမှ အလင်းရောင်များ ဖြာထွက်လာပြီး ပတ်ဝန်းကျင်၌ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

လင်းယွမ်၏ ထက်မြက်သော စိတ်အာရုံက ထိုစွမ်းအင်လှိုင်းများ သူ့ပတ်လည်တွင် လွှမ်းခြုံသွားသည်ကို အာရုံခံမိလိုက်၏။ သူက ကျောက်တုံးကို ဆုပ်ကိုင်ထားလျက်နှင့်ပင် ရေဇလုံထဲသို့ လက်သီးကို ထိုးထည့်လိုက်သည်။

အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်ပေါက်လာတော့သည်။

ကြေးမုံပြင်ကဲ့သို့ ငြိမ်သက်နေသော ရေမျက်နှာပြင်သည် မျက်စိဖြင့် မမြင်နိုင်သော တွန်းကန်အားတစ်ခုကြောင့် အောက်ဘက်သို့ ချိုင့်ဝင်သွားလေသည်။

ဘေးနှစ်ဖက်မှ ရေမျက်နှာပြင် မြင့်တက်လာသော်လည်း ရေကွင်းကျောက်တုံး ကိုင်ထားသော လင်းယွမ်၏ လက်သီးမှာမူ ဇလုံအောက်ခြေထိ ရောက်သွားသည့်တိုင် ရေတစ်စက်မျှ စိုစွတ်ခြင်း မရှိပေ။

ရေစီးကြောင်း အားလုံးသည် သူ၏ လက်ဝါးနှင့် (၂) လက်မခန့် အကွာမှ အလိုအလျောက် ရှောင်ကွင်းသွားကြသည်။

လင်းယွမ် စိတ်ထဲ၌ အံ့သြသွားပြီး "ဒီ ရေကွင်းသင်္ကေတက တကယ်ကို ဆန်းကြယ်တာပဲ... ဘယ်လို သတ္တဝါမျိုးကနေများ ဆင့်ကဲပြောင်းလဲလာတာလဲ မသိဘူး... ဒီလိုအစွမ်းမျိုး ရှိတဲ့ သတ္တဝါဆိုရင် ရေထဲမှာ စိတ်ကြိုက် သွားလာလှုပ်ရှားနိုင်မှာပဲ" ဟု တွေးလိုက်မိသည်။

ထို့နောက် သူ၏ အတွေးတို့ တစ်ချက်စောင်းငဲ့သွားကာ "နေဦး... ဝူမုန့်တို့အဖွဲ့က ဒီသင်္ကေတကို ထိုက်ယန်တောင်မှာ ရှာတွေ့ခဲ့တာဆိုတော့... ထိုက်ယန်တောင်ပေါ်မှာ ရေကို ရှောင်ကွင်းနိုင်တဲ့ သန္ဓေပြောင်းသတ္တဝါ ရှိနေတာ သေချာတယ်... နောက်တစ်ခါ အခွင့်အရေးရရင် အဲ့ဒီကောင်က ဘာကောင်လဲ... ဘယ်နေရာမှာ ဖမ်းလို့ရလဲ ဆိုတာ သူတို့ကို မေးကြည့်ရမယ်"

လင်းယွမ်က လက်ကို ပြန်ရုတ်လိုက်ရာ ရေမျက်နှာပြင်သည် မူလအတိုင်း ပြန်ဖြစ်သွားသည်။ ကျောက်တုံးကို အသက်သွင်းမှု ရပ်တန့်လိုက်သည်နှင့် ရေကွင်းသင်္ကေတပေါ်မှ အလင်းရောင်များလည်း ပျောက်ကွယ်သွားလေသည်။

ထို့နောက် လင်းယွမ်သည် ကျောက်တုံးပေါ်ရှိ ရေကွင်းသင်္ကေတ စာလုံးများကို စတင်လေ့လာတော့သည်။

လိပ်ခွံစွမ်းအင်အကာအကွယ် နည်းပညာကို ကျွမ်းကျင်ထားပြီးဖြစ်၍ သင်္ကေတ ဖတ်ရှုခြင်း၌ သူသည် အတော်အတန် အတွေ့အကြုံ ရှိနေပြီ ဖြစ်သည်။

သို့သော် သူ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ ရေကွင်းသင်္ကေတကို ပုံဖော်ရန် ကြိုးစားသောအခါ တစ်စုံတစ်ခု လွဲမှားနေကြောင်း တဖြည်းဖြည်း သတိထားမိလာသည်။

"တစ်ခုခုတော့ မှားနေပြီ... ဘာလို့ ပုံဖော်တိုင်း တစ်ဝက်လောက်ရောက်ရင် သင်္ကေတတွေက ပုံပျက်သွားရတာလဲ"

အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြိုးစားသော်လည်း လင်းယွမ်မှာ ထက်ဝက်လောက် ရောက်သည်နှင့် စိတ်စွမ်းအင်များ ပြိုကွဲသွားကာ ရေကွင်းသင်္ကေတကို လုံးဝ ပုံဖော်၍ မရနိုင် ဖြစ်နေသည်။ လင်းယွမ် မျက်မှောင်ကြုတ်ကာ နားမလည်နိုင် ဖြစ်သွား၏။

သူ၏ စိတ်စွမ်းအင်များ ကျဆင်းသွားခြင်းလောဟု သံသယဝင်မိသဖြင့် ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ လိပ်ခွံစွမ်းအင်အကာအကွယ် ကျောက်တုံးတစ်ခုကို ချက်ချင်း ဖန်တီးကြည့်လိုက်သည်။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ ချောမွေ့နေပြီး မည်သည့် ပြဿနာမျှ မရှိပေ။

"ငါ့ရဲ့ စိတ်စွမ်းအင် ပြဿနာ မဟုတ်ဘူး... ဒီသင်္ကေတ စာလုံးမှာ ပြဿနာ ရှိနေတာပဲ"

လင်းယွမ် မျက်မှောင်ကြုတ်လျက် ပြဿနာ၏ အရင်းအမြစ်ကို သဘောပေါက်လာသည်။

သူ့ရှေ့ရှိ ကျောက်တုံးပေါ်မှ ရေကွင်းသင်္ကေတသည် အချောသတ်ပြီးသား ပစ္စည်းတစ်ခု ဖြစ်သည်။

၎င်းအပေါ်ရှိ သင်္ကေတ အက္ခရာများမှာ ရှုပ်ထွေးလွန်းသဖြင့် မည်သည့် မျဉ်းကြောင်းက အစဖြစ်ပြီး မည်သည့် မျဉ်းကြောင်းက အဆုံးဖြစ်သည်ကို ခွဲခြား၍ မရနိုင်ပေ။

မူလက သူသည် ရေးဆွဲသည့် အစီအစဉ် အရေးမကြီးဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ထိုအတွေးမှာ မှားယွင်းနေပုံ ရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် မျဉ်းကြောင်း တစ်ခုခုကို ကျပန်းရွေးချယ်၍ စိတ်စွမ်းအင်ဖြင့် ပုံဖော်ကြည့်တိုင်း ကျရှုံးနေသောကြောင့် ဖြစ်သည်။

"သင်္ကေတ နည်းပညာ ဆိုတာက မူလ မျဉ်းဆွဲတဲ့ အစီအစဉ်အတိုင်း အတိအကျ လိုက်နာရမယ့် သဘော ရှိနေတာလား... မျဉ်းကြောင်း အစီအစဉ်ကို မသိဘဲ လျှောက်ပြီး ပုံတူကူးချလို့ မရဘူး ဆိုတဲ့ သဘောလား"

လင်းယွမ်၏ စိတ်ထဲ၌ ထင်ကြေးတစ်ခု ပေါ်လာသည်။ သူ၏ ဉာဏ်ရည်ဉာဏ်သွေးက လျင်မြန်စွာ လည်ပတ်သွားပြီး ထိုထင်ကြေးကို အတည်ပြုရန် နည်းလမ်းတစ်ခု ချက်ချင်း ရရှိလိုက်သည်။

သူသည် စိတ်စွမ်းအင်ကို စုစည်းပြီး လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကို ပြန်လည် ပုံဖော်ကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ မူလ လိပ်ခွံပေါ်၌ အလင်းလက်ခဲ့သည့် အစီအစဉ်အတိုင်း မဟုတ်ဘဲ သင်္ကေတ၏ ထောင့်တစ်နေရာမှ မျဉ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်၍ စတင် ပုံဖော်ကြည့်လိုက်ခြင်း ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် တစ်ဝက်ခန့် ရောက်သည်နှင့် စိတ်စွမ်းအင်များ ပြိုကွဲလွင့်ပါးသွားပြီး လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတမှာ ပုံပေါ်မလာတော့ပေ။

ဤအချက်ဖြင့် လင်းယွမ် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီ ဖြစ်သည်။

"ဆိုလိုတာက... ဒီသင်္ကေတတွေကို မြင်ရုံနဲ့ လိုက်လုပ်လို့ မရဘူး... မူလအစ သင်္ကေတ ရေးဆွဲတဲ့ မျဉ်းကြောင်း အစီအစဉ်အတိုင်း တိတိကျကျ လိုက်လုပ်မှ ရမှာပဲ"

လင်းယွမ် သက်ပြင်းချလိုက်မိသည်။ ဟိုးအရင်က သူရရှိခဲ့သော လိပ်ခွံပေါ်၌ လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတ ပါရှိခဲ့သည်။

ထိုစဉ်က လိပ်ခွံကို အသက်သွင်းလိုက်တိုင်း သင်္ကေတ တစ်ခုလုံး ပြိုင်တူ လင်းလက်လာခြင်း မဟုတ်ဘဲ မျဉ်းကြောင်းများက အစီအစဉ်အလိုက် တစ်ဆင့်ချင်း လင်းလက်လာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သိပ်မတွေးခဲ့မိဘဲ လင်းလက်လာသည့် အစီအစဉ်အတိုင်း လိုက်လံ လေ့လာခဲ့ခြင်းကြောင့်သာ တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ယခု ကျောက်တုံးအဖြစ် ပြုလုပ်ပြီးသောအခါတွင်မူ အသက်သွင်းလိုက်သည်နှင့် သင်္ကေတ တစ်ခုလုံး ပြိုင်တူ လင်းလက်လာသဖြင့် မူလ ရေးဆွဲသည့် အစီအစဉ်ကို သိရန် မဖြစ်နိုင်တော့ပေ။

ဆိုလိုသည်မှာ ဤသင်္ကေတ ကျောက်တုံးများတွင် မွေးရာပါ ခိုးကူးမရနိုင်သော စနစ် ပါဝင်နေခြင်း ဖြစ်၏။

မူရင်း သင်္ကေတကို ပိုင်ဆိုင်ထားမှသာလျှင် ၎င်းအပေါ်ရှိ မျဉ်းကြောင်းများ လင်းလက်သည့် အစီအစဉ်အတိုင်း လိုက်လံ လေ့လာနိုင်မည် ဖြစ်သည်။

လင်းယွမ် ခါးသက်သက် ပြုံးလိုက်ပြီး "ဒါကြောင့်လည်း ဟို ကျိဖုန်း နဲ့ ဝူမုန့် တို့က ငါနဲ့ အရောင်းအဝယ် လုပ်ဖို့ ဒီကျောက်တုံးကို ယုံယုံကြည်ကြည် ထုတ်ပေးရဲကြတာကိုး... ကျောက်တုံးထဲက နည်းပညာ အလွယ်တကူ ပေါက်ကြားသွားမှာ မဟုတ်မှန်း သူတို့ သိနေကြတာပဲ" ဟု တွေးလိုက်မိသည်။

လင်းယွမ် ခေါင်းခါလျက် ကျောက်တုံးများကို ပြန်လည် သိမ်းဆည်းလိုက်သည်။

"နောက်ထပ် သင်္ကေတ နည်းပညာတွေ ထပ်လိုချင်ရင်တော့... မူရင်း သင်္ကေတကို ရအောင်ယူမှ ဖြစ်တော့မယ်"

သူသည် အစိမ်းရောင် အရည်အသွေးရှိသော စွမ်းရည်ပုလဲကို ထုတ်ယူပြီး ဆက်လက် လေ့လာပြန်သည်။

သို့သော် အစိမ်းရောင်အဆင့် စွမ်းရည်များသည် စိတ်စွမ်းအင် လိုအပ်ချက် မြင့်မားလွန်းလှသည်။ သူ၏ စိတ်စွမ်းအင်မှာ (၃၃.၃) အထိ တိုးတက်လာပြီ ဖြစ်သော်လည်း သင်္ကေတကို အပြည့်အဝ ပုံဖော်နိုင်ခြင်း မရှိသေးပေ။

လင်းယွမ် ခန့်မှန်းချက်အရ အစိမ်းရောင် သင်္ကေတအတွက် စိတ်စွမ်းအင် (၃၅) မှတ် လိုအပ်မည် ဖြစ်သည်။

"နောက်ထပ် (၂) မှတ်ပဲ လိုတော့တာ... ဆုလက်ဆောင်တွေ မဲနှိုက်ကြည့်ဦးမယ်... ကံကောင်းရင် စိတ်စွမ်းအင် (၃၅) မှတ် ကျော်သွားနိုင်တယ်"

"ဒါပေမဲ့ သင်္ကေတ စွမ်းရည် မြှင့်တင်တာက တစ်ပိုင်း... ကိုယ့်ရဲ့ ခွန်အားကို မြှင့်တင်ချင်ရင်တော့ ဝူမုန့် လိုပဲ ကိုယ့်ရဲ့ မွေးရာပါ အစွမ်းကို တူးဖော် လေ့ကျင့်မှ ရမယ်... စနစ် ရှိနေတာနဲ့ပဲ ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းကို မေ့လျော့နေခဲ့တာ ငါ တော်တော် ညံ့တာပဲ"

လင်းယွမ် မတ်တတ်ရပ်လိုက်ပြီး အိပ်ခန်းဘက်သို့ သွားကာ ရန်မေကို နှုတ်ဆက်လိုက်သည်။

"အမမေ... ကျွန်တော် အပြင်ခဏ သွားလိုက်ဦးမယ်... ကျောက်တံခါးကို သေချာ ပိတ်ထားနော်"

ရန်မေ အိပ်ရာမှ လန့်နိုးလာပြီး "မောင်လေး... ဘယ်သွားမလို့လဲ" ဟု အလျင်အမြန် မေးလိုက်သည်။

လင်းယွမ်က ပြုံး၍ "သိပ်အဝေးကြီး မဟုတ်ပါဘူး... ဟိုနားက ရေတံခွန်ဘက် ခဏ လမ်းလျှောက်သွားမလို့ပါ" ဟု ဖြေသည်။

ရန်မေက သံသယဖြင့် "ဒီလောက် ညကြီးမိုးချုပ် ရေတံခွန်ဘက်သွားပြီး ဘာလုပ်မလို့လဲ" ဟု မေးရင်း အိပ်ရာမှ ကုန်းရုန်းထကာ အပေါ်ထပ်အင်္ကျီ ကောက်စွပ်လိုက်သည်။

"နေဦး... အမလည်း လိုက်ခဲ့မယ်လေ"

လင်းယွမ်က သူမကို အိပ်ရာပေါ် ပြန်လှဲစေလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"ကျွန်တော်က လေ့ကျင့်ရေး သွားလုပ်မလို့... အမက လိုက်ပြီး ဘာလုပ်မှာလဲ... ကောင်းကောင်းသာ အနားယူပါ... ဒီည အမ စွမ်းဆောင်ရည် သိပ်မကောင်းဘူးနော်"

ရန်မေ၏ ဖြူဖွေးသော မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး သူ့ကို လှမ်းရိုက်လိုက်သည်။

"မောင်လေးနော်... သွား လူဆိုးလေး..."

"ကဲပါ... မနောက်တော့ဘူး... သွားတော့မယ်"

"ဂရုစိုက်နော်... စောစောပြန်လာခဲ့"

လင်းယွမ် လက်ပြနှုတ်ဆက်ပြီး ဂူထဲမှ ထွက်ခွာလာခဲ့သည်။ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရပေ။

ဝါးအိမ်များတွင် နေထိုင်သူများသည်လည်း ဂူထဲသို့ စောစီးစွာ ပြန်ဝင်သွားကြပြီ ဖြစ်သဖြင့် အပြင်ဘက်တွင် လူသူကင်းမဲ့နေ၏။

တစ်နေကုန် ပင်ပန်းထားကြသဖြင့် သည်းထန်သော မိုးအောက်တွင် မည်သူမျှ ဆက်နေချင်ကြမည် မဟုတ်ပေ။

လင်းယွမ်သည် ကျောက်ဆောင်တစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီးနောက် လေဟုန်စီး၍ ခုန်လွှားလိုက်သည်။

လေတိုးသံ တရွှီရွှီ ကြားနေရပြီး သူ၏ နှလုံးခုန်သံမှာလည်း မြန်ဆန်လာသည်။ သူ၏ အစွမ်းကို ထုတ်သုံးလိုက်သည်နှင့် ကျောပြင်ရှိ ကြွက်သားများ ဖောင်းကြွလာကာ ဧရာမ လင်းနို့အတောင်ပံကြီးများအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားတော့သည်။

မြေပြင်ပေါ်သို့ ပေါ့ပါးစွာ သက်ဆင်းပြီးနောက် ကျောက်ဆောင်များအကြား ဆက်လက် ခုန်လွှား သွားလာလိုက်သည်။

မကြာမီမှာပင် ရေတံခွန်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

သည်းကြီးမဲကြီး ရွာသွန်းနေသော မိုးရေများသည် တောင်ကျချောင်းရေများအဖြစ် စုစည်းကာ ရေတံခွန်မှတစ်ဆင့် ကြီးမားသော ရေထုထည်ကြီးအဖြစ် တဝုန်းဝုန်း ထိုးကျနေသည်။

အောက်ဘက်ရှိ ကျောက်ဆောင်များအကြားတွင် နက်ရှိုင်းသော ရေကန်ကြီးတစ်ခု ဖြစ်ပေါ်နေ၏။

လင်းယွမ် ရေတံခွန်ကို စိုက်ကြည့်ရင်း တွေးလိုက်သည်။

"ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သာမန်အချိန်မှာ ငြိမ်နေပြီး အန္တရာယ်နဲ့ ကြုံမှ အသက်ဝင်လာတဲ့ အစွမ်းမျိုး... အကျပ်အတည်းကို ရင်ဆိုင်နိုင်ဖို့ ခန္ဓာကိုယ်ကို လိုအပ်သလို ပြောင်းလဲပေးနိုင်တယ်"

"ဒါပေမဲ့ တကယ် အသက်အန္တရာယ် ကြုံမှ အစွမ်းပြတာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး... ငါ သင်္ကေတ ကျောက်တုံးတွေကို အကြိမ်ပေါင်းများစွာ ထွင်းထုလေ့ကျင့်တုန်းက ငါ့ရဲ့ လက်ကောက်ဝတ် အားတွေ... လက်ချောင်း အားတွေ သန်မာလာအောင် ဒီအစွမ်းကပဲ ပြောင်းလဲပေးခဲ့တာ... ဆိုလိုတာက ဒီအစွမ်းက ငါ့ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ပြောင်းလဲပေးနိုင်တယ်"

"ဒါဆိုရင် ငါက ဘာလို့ အန္တရာယ်နည်းတဲ့ နေရာမျိုးကို ရှာပြီး ကိုယ့်ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ရင်း လိုချင်တဲ့ ပုံစံရအောင် မလေ့ကျင့်နိုင်ရမှာလဲ"

လင်းယွမ်က ရေတံခွန်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။

"ဒီလောက် ပြင်းထန်တဲ့ ရေတံခွန်ရဲ့ ရိုက်ခတ်မှုအောက်မှာ ငါ့ရဲ့ ခွန်အားနဲ့ ခံနိုင်ရည်ကို ရေရှည် လေ့ကျင့်မယ်ဆိုရင်... ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ဘယ်လို စွမ်းရည်မျိုးတွေ ပေးလာမလဲ သိချင်စမ်းပါဘိ"

သူသည် အဝတ်အစားများ ချွတ်လိုက်ပြီး ဘောင်းဘီတို တစ်ထည်တည်းဖြင့် ရေကန်ထဲသို့ ဒိုင်ဗင်ထိုးချလိုက်သည်။

"ဗွမ်း" ခနဲ ရေများ လွင့်စဉ်သွားပြီးနောက် စီးဆင်းကျနေသော ရေတံခွန်ဆီသို့ ကူးခတ်သွားလိုက်သည်။ ရေတံခွန်အောက်သို့ ရောက်သည်နှင့် အရှိန်ပြင်းစွာ ကျဆင်းနေသော ရေထုကြီးက သူ၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ရိုက်ချလိုက်တော့သည်။ လင်းယွမ်မှာ အငိုက်မိသွားပြီး ရေထဲသို့ ထိုးစိုက်ကျသွားလေသည်။

သူ၏ စိတ်စွမ်းအင်သာ သန်မာခြင်း မရှိခဲ့ပါက နေရာမှာတင် သတိလစ်သွားလောက်သည်။

လင်းယွမ် ရေအနည်းငယ် မွန်းသွားသော်လည်း စိတ်မလျှော့ဘဲ ရေထဲမှ ကုန်းရုန်းထကာ ရေတံခွန်အောက်သို့ ပြန်လည် ဝင်ရောက်သွားသည်။

ထို့နောက် လက်နှစ်ဖက်ဖြင့် ခေါင်းကို ကာကွယ်ကာ ကျောက်ပြားကြီး တစ်ခုပေါ်တွင် ပက်လက်လှဲချလိုက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော ရေတံခွန်၏ ရိုက်ခတ်မှုကို ခန္ဓာကိုယ်ဖြင့် ခံယူလိုက်တော့သည်။

ကြီးမားလှသော ရိုက်ခတ်အားကြောင့် ပေါင်ထောင်ချီ လေးလံသော အရာဝတ္ထုများဖြင့် ထုနှက်ခံနေရသကဲ့သို့ လင်းယွမ် ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု (၂၁.၈) ရှိသော်လည်း ရေထု၏ ရိုက်ခတ်မှုကြောင့် အရေပြားများ နီရဲလာပြီး အရိုးများ တဂျွတ်ဂျွတ် မြည်လာကာ အတွင်းကလီစာများပင် တုန်ခါသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

လင်းယွမ် အံကို တင်းတင်းကြိတ်ကာ နောက်မဆုတ်ပေ။ ရင်ဘတ်နှင့် ဝမ်းဗိုက် နာကျင်မှုကို မခံနိုင်တော့သည့်အခါ ကိုယ်ကို လှန်လိုက်ပြီး ကျောပြင်ဖြင့် ရေဒဏ်ကို ခံလိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး (၂) မိနစ်ခန့် အကြာတွင် လင်းယွမ်မှာ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ ခြေလက်များ အားကုန်သွားပြီး ကျောက်ပြားပေါ်မှ လျှောကျကာ ရေကန်ထဲသို့ လွင့်စဉ် ကျသွားတော့သည်။

ရေကန်အောက်ခြေသို့ ရောက်သွားချိန်တွင် သူ၏ တစ်ကိုယ်လုံးရှိ အရိုးများမှာ ကျိုးမတတ် နာကျင်နေပြီး အတွင်းကလီစာများ အောင့်သက်နေကာ ကြွက်သားနှင့် အရေပြားများလည်း စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။

လင်းယွမ်မှာ လှုပ်ပင် မလှုပ်နိုင်တော့ဘဲ ရင်တွေ တဒိန်းဒိန်း ခုန်နေစဉ်မှာပင် ထူးခြားသော စွမ်းအင်တစ်ခု သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

သူ၏ ဒဏ်ရာများမှာ မျက်စိရှေ့မှာပင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာနေသည်ကို တွေ့လိုက်ရ၏။

"အလုပ်ဖြစ်တယ်ဟ..."

လင်းယွမ် ဝမ်းသာသွားသည်။ သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်း အမှန်တကယ် အလုပ်လုပ်နေပြီ ဖြစ်သည်။

"အလိုအလျောက် ကုစားနိုင်တဲ့ အစွမ်း ရလာတာလား"

လင်းယွမ်၏ အရေပြားများ ယားယံလာပြီး ကိုယ်တွင်းအင်္ဂါများတွင်လည်း ပုရွက်ဆိတ်များ တွားသွားနေသကဲ့သို့ ခံစားလိုက်ရသည်။ ဒဏ်ရာများ ပြန်လည် ကျက်နေကြောင်း သူသိလိုက်သည်။

"ပြန်လည်ကုစားတဲ့ နှုန်းက ဝူမုန့်ရဲ့ အသားတက်နှုန်းလောက် မမြန်ပေမယ့် ဆုန့်ဝမ်ရဲ့ ကုသနိုင်စွမ်းလောက်တော့ ရှိတယ်"

(၅) မိနစ်ခန့် ကြာသောအခါ လင်းယွမ်၏ ဒဏ်ရာ အများစု သက်သာသွားသည်။ သူသည် ရေထဲမှ ပြန်မတက်သေးဘဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသကဲ့သို့ ပြင်းထန်သော ဤလေ့ကျင့်ခန်းကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ရေအောက် ကြမ်းပြင်တွင် ရှိနေသော သူ့ကို ရေအောက်စီးကြောင်းများက တွန်းတိုက်နေသဖြင့် ကျောက်တုံးကြီး နှစ်တုံးကြားတွင် ညပ်နေလေသည်။

လင်းယွမ် မျက်လုံးဖွင့်ကြည့်လိုက်ရာ မျက်လုံးကို အကာအကွယ်ပေးမည့် အမြှေးပါးများ ဖြစ်ပေါ်လာသဖြင့် ရေစီးကြောင်း၏ လှုပ်ရှားမှုများကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရသည်။

"ဒီ ရေအောက်စီးကြောင်းတွေက ရေအောက်မှာ တိတ်ဆိတ်ငြိမ်သက်နေပုံ ပေါက်ပေမယ့် တွန်းကန်အားက တော်တော်ပြင်းထန်တာပဲ... ဒီကျောက်တုံး နှစ်တုံးသာ မရှိရင် ငါ လွင့်ပါသွားလောက်ပြီ"

လင်းယွမ်၏ စိတ်ထဲတွင် ဝူမုန့်၏ လက်သီးထိုးချက်များကို ပြန်လည် မြင်ယောင်လာသည်။

"ဝူမုန့်က အသားတွေ တိုးလာပြီးနောက် ခွန်အား ကြီးလာတာ မှန်ပေမယ့်... ကြောက်စရာကောင်းတဲ့ လက်သီးချက်တွေ ဖြစ်လာရတာက သူ့ရဲ့ အားအသုံးပြုပုံကြောင့်ပဲ"

"ငါ့မှာ သူနဲ့ယှဉ်ရင် ပိုကြီးမားတဲ့ ခွန်အား ရှိပေမယ့် ငါ့ရဲ့ အားတွေက စုစည်းမှု မရှိဘဲ ပျံ့လွင့်နေတယ်... တည့်တည့်ပြောရရင် ငါက အားကို ဘယ်လို စုစည်းပြီး သုံးရမလဲ ဆိုတာ နားမလည်တာပဲ"

လင်းယွမ် ကျောက်တုံးကြားမှ ရုန်းထွက်လိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို အသက်သွင်းလိုက်ရာ ရေအောက်တွင် အသက်ရှူနိုင်သော ပါးဟက်များ ဖြစ်ပေါ်လာသည်။

လင်းယွမ် ရေအောက်တွင် မတ်တတ်ရပ်လျက် ရေအောက်စီးကြောင်းများ၏ ရွေ့လျားပုံကို သေချာ အာရုံခံကြည့်လိုက်သည်။

"ဒီရေစီးကြောင်းတွေကို ခန္ဓာကိုယ်ထဲက သွေးစီးဆင်းမှုလို့ သဘောထားကြည့်ရင် ရေအောက်စီးကြောင်းက ဘာနဲ့တူမလဲ... သွေးကြောထဲကနေ ဖြစ်ပေါ်လာတဲ့ အားအသစ်တွေလား... ဒီ ရေအောက်စီးကြောင်းတွေက ဘယ်ကနေ စဖြစ်တာလဲ"

လင်းယွမ်၏ အတွေးများ နက်ရှိုင်းသွားပြီး ရေအောက်စီးကြောင်း၏ မူလအစကို ရှာဖွေရန် ရေစီးဆန်၍ တက်သွားလိုက်သည်။

မကြာမီပင် အရင်းအမြစ်ကို တွေ့ရှိလိုက်ရသည်။

ရေတံခွန်ကြောင့်ပင်။

တိတိကျကျ ပြောရလျှင် ရေတံခွန်မှ ရေများ ပြင်းထန်စွာ ကျဆင်းပြီး အောက်ခြေရှိ ကျောက်ဆောင်များကို ရိုက်ခတ်ရာမှ ရေစီးကြောင်းများ ကွဲထွက်ကာ ရေအောက်စီးကြောင်းများအဖြစ် အသွင်ပြောင်းသွားခြင်း ဖြစ်သည်။

လင်းယွမ် ထိုမြင်ကွင်းကို ငေးကြည့်ရင်း မိမိ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ် တွေးတောမိလိုက်သည်။

"နှလုံး ဆိုတာက ရေတံခွန်ပဲ... သွေးလည်ပတ်မှုရဲ့ အရင်းအမြစ်... ဒါဆို ဟို ကျောက်ဆောင်တွေကရော... ခန္ဓာကိုယ်ထဲက အကြောမကြီးတွေလား"

"မဟုတ်သေးဘူး... လုံးဝကြီးတော့ မဟုတ်ဘူး"

"တိတိကျကျ ပြောရရင် ကျောက်ဆောင်တွေက ရေစီးကြောင်းရဲ့ ဦးတည်ဘက်ကို ပြောင်းလဲပေးတဲ့ အဓိက သော့ချက်ပဲ... နှလုံးကနေ သွေးတွေ စီးဆင်းလာတယ်... ကြွက်သားနဲ့ အရိုးအဆစ်တွေကနေ ခွန်အားတွေ ထွက်ပေါ်လာတယ်... အဲဒီ သွေးစီးဆင်းမှု အားတွေကို စုစည်းပြီး အရိုးနဲ့ အကြောတွေထဲမှာ ရိုက်ခတ် ပေါက်ကွဲစေလိုက်ရင် ခွန်အားသစ် တစ်ခု ဖြစ်လာမလား"

"အားတွေ အများကြီး စုစည်းလိုက်ရင် ပေါက်ကွဲအား ဖြစ်လာနိုင်သလား"

"မိုးစက်တွေလိုပေါ့... မိုးရေတစ်စက်ချင်းစီက အားမရှိပေမယ့် တောင်ကျချောင်းရေအဖြစ် စုစည်းပြီး ရေတံခွန်အဖြစ် စီးဆင်းလာတဲ့အခါ အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်တဲ့ ခွန်အားကြီး ဖြစ်လာတာပဲ"

လင်းယွမ် ချက်ချင်း သဘောပေါက်သွားပြီး ရေတံခွန်အောက်တွင် လက်သီးထိုး လေ့ကျင့်မှုကို စတင်လိုက်တော့သည်။

သို့သော် သဘောတရားကို နားလည်ခြင်းနှင့် လက်တွေ့ လုပ်ဆောင်ခြင်းမှာ ကွာခြားလှသည်။ သွေးလေ စီးဆင်းမှုကို မိမိ စိတ်တိုင်းကျ ထိန်းချုပ်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

လင်းယွမ် အကြိမ်ကြိမ် လက်သီးထိုးသော်လည်း ခန္ဓာကိုယ်အတွင်းရှိ သွေးလေ စုစည်းမှုကို ထိန်းချုပ်၍ မရနိုင် ဖြစ်နေသည်။

သူ မျက်မှောင်ကြုတ်လိုက်မိသည်။ "သွေးလေ လည်ပတ်မှုကို ဘယ်လို ထိန်းချုပ်ရမလဲ"

"သွေးဆိုတာလည်း ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ... ငါ့လက်တွေ ခြေတွေကိုကျ ငါ ထိန်းချုပ်နိုင်ပြီး သွေးကိုကျ ဘာလို့ ထိန်းချုပ်မရတာလဲ"

သူ စဉ်းစားနေရင်း ယခင်က သူတို့ ရပ်ကွက်ထဲတွင် တွေ့ဖူးသော လေဖြတ်ထားသည့် လူမမာ တစ်ယောက်ကို သတိရသွားသည်။ ထိုလူမမာနှင့် စကားပြောဖူးရာ လေဖြတ်ခြင်း ဆိုသည်မှာ ဦးနှောက် အာရုံကြောများ ပျက်စီးသွားသဖြင့် ခြေလက်များကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။

"ဒါဆိုရင် အာရုံကြော ပြဿနာပေါ့... အာရုံကြောတွေသာ လုံလောက်အောင် သန်မာရင် ခန္ဓာကိုယ်ထဲက သွေးလေ ကအစ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အားလုံးကို ထိန်းချုပ်နိုင်ရမှာပေါ့"

"အကြီးစား ခြေလက်အင်္ဂါတွေကနေ အသေးစား အမွှေးအမျှင် သွေးလေ အထိပေါ့"

လင်းယွမ် စိတ်လှုပ်ရှားသွားသည်။ စိတ်စွမ်းအင်ပိုင်းတွင် သူက ဆရာတစ်ဆူ ဖြစ်နေပြီ မဟုတ်ပါလော။

သူ မျက်လုံးမှိတ်ပြီး စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် အပြင်ဘက်သို့ ဖြန့်ကျက်ခြင်း မပြုဘဲ မိမိ၏ ခန္ဓာကိုယ် အတွင်းဘက်သို့ ပြန်လည် ရှုမှတ်လိုက်သည်။

ကြွက်သားမျှင်များကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။ သို့သော် လင်းယွမ် မကျေနပ်ပေ။ သူ၏ စိတ်စွမ်းအင် ပမာဏ များပြားသော်လည်း ခန္ဓာကိုယ် အတွင်းပိုင်းကို ကြည်လင်စွာ မမြင်နိုင်ပေ။

"လူ့ခန္ဓာကိုယ် သိပ်သည်းဆက များလွန်းလို့လား"

ခေတ္တမျှ ဘာလုပ်ရမှန်း မသိ ဖြစ်သွားပြီးမှ ရုတ်တရက် သတိရသွားသည်။

"နေဦး... ငါ့မှာ စွမ်းအင်ပုလဲ ရှိသေးတာပဲ"

လင်းယွမ် ချက်ချင်းပင် လက်ထဲ၌ ရှိနေသော စိတ်စွမ်းအင် ပုလဲကို သတိရလိုက်သည်။ ထိုပုလဲသည် အာရုံကြောကွန်ရက်နှင့် ပတ်သက်သော စွမ်းရည်တစ်ခု ဖြစ်ပုံရသည်။

သူသည် စွမ်းအင်ပုလဲကို ထုတ်ယူပြီး နဖူးပေါ်တွင် ကပ်လိုက်သည်။

ချက်ချင်းပင် စွမ်းအင်ပုလဲ အသက်ဝင်လာပြီး အာရုံကြောကွန်ရက်နှင့် တူသော မျဉ်းကြောင်းများ ဖြာထွက်လာသည်။

လင်းယွမ်က စိတ်စွမ်းအင်ကို ထိုအထဲသို့ စီးဝင်စေလိုက်ရာ သူ၏ စိတ်အာရုံများ ကြည်လင်ပြတ်သားလာသည်ကို ခံစားလိုက်ရသည်။ သူ၏ စိတ်စွမ်းအင်ဖြင့် ခန္ဓာကိုယ် အတွင်းပိုင်းသို့ ထိုးဖောက်ကြည့်ရှုလိုက်သည်။

ထူးဆန်းအံ့သြဖွယ် ကောင်းလှသော ခံစားမှုတစ်ခု ပေါ်ပေါက်လာ၏။

သူ၏ ခန္ဓာကိုယ် အတွင်းရှိ အာရုံကြောကွန်ရက် အသီးသီးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပြီ ဖြစ်သည်။ စိတ်ကူးလိုက်သည်နှင့် ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းကိုမဆို ထိန်းချုပ်နိုင်တော့မည့်အလား ခံစားလိုက်ရသည်။

"ဒီခံစားချက်က... ဟို ခေါင်းကြီးခလေးရဲ့ အစွမ်းနဲ့ တူလိုက်တာ"

လင်းယွမ် ဝမ်းသာသွားသည်။ ဟို ခေါင်းကြီးခလေးသည် လူသားများကို အရုပ်များသဖွယ် စိတ်ကြိုက် ထိန်းချုပ် ကစားနိုင်ခဲ့သည်။ ယခု သူသည်လည်း မိမိ၏ ခန္ဓာကိုယ်ကို ထိုကဲ့သို့ ပြည့်ဝစွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

"တကယ်ကို ဆန်းကြယ်တဲ့ အစွမ်းပဲ... ဒီလိုဆိုရင် ငါ့ခန္ဓာကိုယ်ထဲက သွေးလေ စီးဆင်းပုံတွေ... အားအင် လည်ပတ်ပုံတွေကို အချိန်မရွေး စောင့်ကြည့်နိုင်ပြီပေါ့"

လင်းယွမ် အားရပါးရ လက်သီး ထိုးလိုက်သည်။

စွမ်းရည်ပုလဲ၏ အကူအညီဖြင့် လက်သီးထိုးလိုက်တိုင်း သွေးလေများ မည်သို့ စီးဆင်းသွားသည်၊ ကြွက်သားနှင့် အရွတ်များ မည်သို့ ပြောင်းလဲသွားသည်ကို ရှင်းလင်းစွာ သိမြင်လိုက်ရသည်။

သူ၏ သန်မာလှသော စိတ်စွမ်းအင်ကို အသုံးပြု၍ သွေးလေများကို အတင်းအဓမ္မ စုစည်းကာ ကြွက်သားနှင့် အကြောမကြီးများကို လှုပ်ရှားစေပြီး ခွန်အား ပေါက်ကွဲထုတ်လွှတ်ပုံကို ပြုပြင်ပြောင်းလဲလိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

တစ်ချက်ပြီး တစ်ချက်... လင်းယွမ်သည် အကြိမ်ကြိမ် လက်သီးထိုးကာ မရပ်မနား ပြုပြင်ပြောင်းလဲနေသည်။

တစ်ကြိမ်... ဆယ်ကြိမ်... အကြိမ်တစ်ရာ... အကြိမ်တစ်ထောင်...

နောက်ဆုံးတွင် အကြိမ်တစ်ထောင်မြောက် လက်သီးထိုးလိုက်ချိန်၌ လေကို ခွင်းသွားသော အသံမှာ ပြောင်းလဲသွားတော့သည်။

ယခင်က "ဘုန်း... ဘုန်း" ဟူသော အသံအစ်အစ်အစား "ဝုန်း" ခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။

လင်းယွမ် အံ့သြသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။

"အောင်မြင်ပြီဟေ့... ငါ့ရဲ့ အားတွေ တစ်စုတစ်စည်းတည်း ဖြစ်သွားပြီး လက်သီးအားကို ထုတ်နိုင်ပြီ"

လင်းယွမ် အလျင်အမြန်ပင် ထပ်မံ စမ်းသပ်ကြည့်ကာ ခုနက လက်သီးထိုးလိုက်သည့် အနေအထားကို ပြန်လည် မှတ်သားလိုက်သည်။

ခေါင်းကြီးခလေး ပေးခဲ့သော စွမ်းရည်ပုလဲကို အသုံးပြု၍ ဤသို့ အားထုတ်သည့် နည်းလမ်းကို လျင်မြန်စွာ မှတ်သားလိုက်၏။

ထို့နောက် လက်သီးထိုးလိုက်တိုင်း ပေါက်ကွဲသံများ ညံသွားပြီး လေထုမှာ ပေါက်ကွဲထွက်ကုန်သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များသည် သူ၏ လက်သီးချက်ကြောင့် ပေါက်ကွဲလွင့်စဉ်ကာ ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲကုန်ကြသည်။

လင်းယွမ် အားရပါးရ ရယ်မောလိုက်မိသည်။ သူ၏ မျက်နှာပေါ်တွင် မကြုံစဖူး စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်နေ၏။

သူသည် ရေထဲတွင် ဟိုမှသည်မှ ကူးခတ်လျက် လက်သီးများ ပစ်သွင်းလိုက်ရာ လေထုမှာ တဝုန်းဝုန်း ပေါက်ကွဲပြီး လက်သီးဆုပ် ပတ်ဝန်းကျင်၌ လေလှိုင်းများ ဖြာထွက်လာသည်။

ဤသည်မှာ ဝူမုန့်၏ လက်သီးကွက်များတွင် တွေ့ရသော အရှိန်အဝါမျိုး ဖြစ်သည်။

သတိပြုရမည်မှာ ယခုအချိန်တွင် လင်းယွမ်သည် သူ၏ ကြွက်သားပေါက်ကွဲသိုင်း ကိုပင် ထုတ်မသုံးရသေးပေ။

အချိန်များ ကုန်ဆုံးသွားပြီးနောက်... လက်သီးချက်ပေါင်း ရာချီ ထိုးပြီးချိန်၌ ရုတ်တရက် လင်းယွမ်၏ နှလုံးခုန်သံ မြန်ဆန်လာပြီး ထူးခြားသော စွမ်းအင်များ စီးဆင်းလာပြန်သည်။

လင်းယွမ် ချက်ချင်း သတိပြုမိလိုက်သည်။ ဆင့်ကဲပြောင်းလဲခြင်း အစွမ်း ထပ်မံ အသက်ဝင်လာခြင်း ဖြစ်သည်။

ထိုစွမ်းအင်များသည် သူ၏ ကြွက်သားမျှင်များ၊ အရိုးများနှင့် အကြောများထဲသို့ စီးဝင်သွားသည်။

သူ၏ ကြွက်သားမျှင်များသည် ပိုမို ခိုင်မာ တောင့်တင်းလာပြီး အရိုးများမှာလည်း သံမဏိကဲ့သို့ မာကျောလာသည်။ ပို၍ အံ့သြစရာ ကောင်းသည်မှာ သူ၏ အကြောမျှင်များ ဖြစ်ပြီး အလွှာလိုက် ထူထဲလာခြင်းပင်။

လင်းယွမ် အံ့သြဝမ်းသာ ဖြစ်သွားသည်။ ဤပြောင်းလဲမှုကြောင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ကြွက်သားများလည်း ပိုမို ကြီးထွားလာသော်လည်း ဖောင်းပွပြီး ကြည့်ရဆိုးသည့် ပုံစံမျိုး မဟုတ်ဘဲ ကျစ်လျစ် သန်မာသည့် ပုံစံမျိုး ဖြစ်လာသည်။

ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ့ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးနေသည်ကို လင်းယွမ် ကျေနပ်စွာ ခံစားနေလိုက်သည်။

ပြုပြင်မှုများ ပြီးဆုံးသွားသောအခါ လင်းယွမ် မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဝန်းထဲ၌ စူးရှသော အရောင်များ တောက်ပလာသည်။

သူသည် ကျောက်ပြားပေါ်သို့ ခြေဆောင့်နင်းလိုက်ပြီးနောက် ကျောရိုးမကြီးကို နဂါးတစ်ကောင်ကဲ့သို့ ကွေးညွှတ်ကာ အကြောများကို ဆွဲဆန့်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူ၏ လက်မောင်းသည် လေးညှို့မှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ ပြင်းထန်သော အရှိန်ဖြင့် ရှေ့သို့ ထိုးထွက်သွားသည်။

"ဝုန်းးးးးးးးးးးးးး"

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။

သူ၏ လက်သီးထိပ်၌ မီးခိုးရောင်သမ်းသော လေထုစက်ဝန်း တစ်ခု ဖြစ်ပေါ်လာပြီး ကျည်ဆန်တစ်တောင့်ကဲ့သို့ ပစ်ခတ် ထွက်သွားသည်။

ထိုလေထုစက်ဝန်းသည် (၁၆) ပေခန့် အကွာအဝေးထိ ရောက်ရှိသွားပြီး ကျောက်တုံးတစ်တုံးကို တည့်တည့် ဝင်ဆောင့်လေသည်။

"ဒိုင်း"

ကျယ်လောင်သော အသံကြီးနှင့်အတူ ထိုကျောက်တုံးကြီးမှာ လေဖိအားကြောင့် တစ်စစီ ကွဲကြေသွားပြီး ကျောက်စများ လွင့်စဉ်ကာ ရေထဲသို့ တဘောင်ဘောင် ကျသွားကြသည်။

လင်းယွမ် မိမိ၏ လက်သီးကို ကြည့်ရင်း အံ့သြမှင်သက်နေမိသည်။ ထို့နောက် ဝမ်းသာအားရ အော်ဟစ်လိုက်မိတော့သည်။

"လေဖိအားအမြောက် လက်သီးပဲဟ..."

ဆက်ရန်...

အပိုင်း(၂၁၆) ရေကန်အနီးမှ ဖူးစာဆုံစည်းခြင်း

"လေဖိအားလက်သီး... ငါလည်း လေဖိအားလက်သီး ထုတ်ဖော်နိုင်သွားပြီ"

လင်းယွမ်က အံ့ဩဝမ်းသာဖြစ်ကာ စိတ်လှုပ်ရှားသွားသည်။

လေဖိအားလက်သီး၏ သဘောတရားကို သူ ကောင်းကောင်း နားလည်ထားသည်။

ပထမဆုံးအနေဖြင့် လက်သီးအားက အမြောက်ဆန်ကဲ့သို့ ပေါက်ကွဲအားပြင်းထန်စေရန် လုံလောက်သော အင်အားရှိရမည်။

သို့သော် ထိုအားအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်ရန်ကသာ အဓိက အခက်ခဲဆုံး အချက်ဖြစ်သည်။

တင်းယန်က သူမ၏ အစွမ်းသွင်းခြင်း အစွမ်းကို အသုံးပြုပြီး ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိသွားသော လေဖိအားကို အတင်းအဓမ္မ ထိန်းချုပ်ကာ အဝေးပစ် လေဖိအားလက်သီးအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သို့သော် သာမန်လူတစ်ယောက်အနေဖြင့် မည်သို့မျှ ထိုကဲ့သို့သော လက်သီးမျိုးကို ထိုးနှက်နိုင်မည် မဟုတ်ပေ။

ပထမအချက်မှာ သာမန်လူတစ်ယောက်၏ လက်သီးအားက မလုံလောက်သဖြင့် လက်သီးထိုးလိုက်လျှင် ပေါက်ကွဲမှု အာနိသင် ဖြစ်ပေါ်လာရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဤလေဖိအားလက်သီးအတွက် ပထမဆုံး လိုအပ်ချက်မှာ လုံလောက်သော ခွန်အားရှိရန် လိုအပ်သည်။

ထိုအချက်ကို ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်များသာ လုပ်ဆောင်နိုင်သည်။

သို့သော် ခွန်အားရှိရုံဖြင့် မလုံလောက်သေးဘဲ အားအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်သည့် နည်းစနစ်ကိုလည်း တတ်ကျွမ်းရန် လိုအပ်သေးသည်။

ဤနည်းစနစ်ကို လင်းယွမ် ယခင်က တွေးပင်မတွေးမိခဲ့သလို ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်များ အသုံးပြုသည်ကိုလည်း မမြင်ဖူးခဲ့ပေ။

ဝူမုန့်ကို တွေ့လိုက်ရသည့် အချိန်ကျမှသာ ဝူမုန့်က သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးသားစွမ်းအင်ကို တိကျစွာ ထိန်းချုပ်ပြီး သူ၏ အားအင်များကို မပြန့်ကျဲသွားစေဘဲ တစ်စုတစ်စည်းတည်း ဖြစ်အောင် ပေါင်းစည်းလိုက်ကာ ထိုးနှက်လိုက်ပြီးနောက် အချိန်တိုအတွင်း ပြိုကွဲမသွားစေရန် ထိန်းချုပ်ခြင်းဖြင့် လေဖိအားလက်သီး အာနိသင်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

ဤအရာ၏ အဓိကသော့ချက်မှာ အားအင်ကို တစ်စုတစ်စည်းတည်း ဖြစ်အောင် မည်သို့ ပေါင်းစည်းမလဲ ဆိုသည့်အချက်ပင် ဖြစ်သည်။

လင်းယွမ်က အမြဲတစေ စမ်းသပ်လေ့လာနေခဲ့ရာ ယနေ့ညတွင် မရေမတွက်နိုင်သော လေ့ကျင့်မှုများနှင့် စွမ်းအင်ပုလဲ၏ အကူအညီအပြင် သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်း၏ ပံ့ပိုးမှုကြောင့် နောက်ဆုံးတွင် သူ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

"ဒါပဲကွ... အရမ်းမိုက်သွားပြီ"

"အခု ငါ့ရဲ့ ပေါက်ကွဲအားက ကြွက်သားပေါက်ကွဲသိုင်း ကို မသုံးရင်တောင် ခွန်အားအမှတ် ၂၅ မှတ် အထက်မှာ ရှိနေပြီ"

"ကြွက်သားပေါက်ကွဲသိုင်းကိုသာ အသုံးပြုလိုက်မယ်ဆိုရင် ငါ့ရဲ့ ခွန်အားက ဝူမုန့်ရဲ့ တတိယအဆင့် သွေးသားပုံစံထက် သေချာပေါက် သာသွားလိမ့်မယ်"

လင်းယွမ်က ဝမ်းသာအားရ ရေရွတ်လိုက်ပြီး လက်သီးများကို ဆက်တိုက် ထိုးနှက်လိုက်ရာ သူ၏ လက်သီးများထဲမှ ပေါက်ကွဲသံများနှင့်အတူ လေဖိအားများ ပစ်လွှတ်ထွက်သွားတော့သည်။

ရေတံခွန်မှ ရေများသည် ဗုံးခွဲခံရသကဲ့သို့ လွင့်စင်သွားပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည်လည်း လိမ့်ဆင်းကွဲအက် ကုန်ကြသည်။

လင်းယွမ်က ဟားတိုက် ရယ်မောလိုက်မိသည်။ သူ သဘောပေါက် နားလည်သွားပြီ ဖြစ်သည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ဆင့်ကဲပြောင်းလဲခြင်း အစွမ်း၏ အကူအညီကြောင့် အရိုးအဆစ်များ သန်မာလာရုံသာမက သွေးသားနှင့် ကြွက်သားများပါ ပိုမို ကြံ့ခိုင်လာပြီး အရေးကြီးဆုံးမှာ အားအင် လည်ပတ်စီးဆင်းမှု၏ နက်နဲသော လျှို့ဝှက်ချက်ကိုပါ နားလည်သဘောပေါက်သွားခြင်း ဖြစ်သည်။

"အခုသာ ငါ ဝူမုန့်နဲ့ လက်သီးချင်း ယှဉ်ထိုးမယ်ဆိုရင် သူ့ရဲ့ လက်သီးအားကြောင့် ငါ လွင့်ထွက်သွားတော့မှာ မဟုတ်ဘူး"

"ရေတံခွန်ထဲမှာ သိုင်းကျင့်တာက အာနိသင် ဒီလောက် ထိရောက်မှတော့... နောက်ပိုင်း အချိန်ရတာနဲ့ ဒီနေရာကိုလာပြီး လေ့ကျင့်ရမယ်"

"ငါ့ရဲ့ သွေးသားခန္ဓာကိုယ်နဲ့ အတွင်းအား စီးဆင်းမှုကို အသုံးပြုပြီး... ရေစီးကြောင်းရဲ့ ဖိအားကို ခုခံကာကွယ်ရင်း အရိုးအဆစ်နဲ့ အားအင်တွေကို လေ့ကျင့်ရမယ်"

"ဒါ့အပြင် ရေတံခွန်ကနေ ပြုတ်ကျလာတဲ့ ကြောက်မက်ဖွယ် ရိုက်ခတ်မှု အရှိန်ကို အသုံးပြုပြီး... ငါ့ရဲ့ သွေးသားခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်သလို... ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကိုလည်း ဒီလို ပြင်းထန်တဲ့ ဖိအားတွေနဲ့ လိုက်လျောညီထွေ ဖြစ်လာအောင် တွန်းအားပေးနိုင်တယ်"

"ဒီလိုဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ် ခံနိုင်ရည်... ပြန်လည်ကောင်းမွန်မှုနဲ့ သည်းခံနိုင်စွမ်းတွေက သေချာပေါက် ဆင့်ကဲပြောင်းလဲ လာပြီး ပညာရပ်အသစ် တစ်ခုခုတောင် ရလာနိုင်တယ်"

လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အရောင်များ လက်ခနဲ ဖြစ်သွားပြီး ဆင့်ကဲပြောင်းလဲခြင်း အစွမ်း၏ အလားအလာများကို မည်သို့ ဆက်လက် တူးဖော်ရမည်ကို သိရှိသွားလေသည်။

သူ့စိတ်ထဲတွင် ရုတ်တရက် ယုံကြည်မှုများ ပြင်းထန်လာပြီး စနစ်ကို အားမကိုးလျှင်တောင် အဆင့်မြင့် အစွမ်းပိုင်ရှင် တစ်ယောက်၊ ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်လာနိုင်သည်ဟု ယုံကြည်လိုက်သည်။

လင်းယွမ်က ရေတံခွန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး "နောက်တစ်ခေါက် ထပ်စမ်းမယ်"

"အခု လုပ်ရမှာက... မနားတမ်း လေ့ကျင့်ပြီး ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို ဒီလို အပြင်းအထန်လေ့ကျင့်ခန်းနဲ့ နေသားကျသွားအောင် လုပ်ရမယ်... ပင်ကိုအသိစိတ် တစ်ခုလို ဖြစ်သွားတဲ့အထိပေါ့"

"ဒါမှသာ စွမ်းအင်ပုလဲရဲ့ အကူအညီ မပါဘဲနဲ့လည်း ဒီလို တိကျတဲ့ ထိန်းချုပ်မှုကို ငါ ပိုင်ဆိုင်နိုင်မှာ"

"အခုအချိန်က ကြွက်သားမှတ်ဉာဏ် ရရှိအောင် လေ့ကျင့်ရမယ့်အချိန်ပဲ"

လင်းယွမ်၏ မျက်ဝန်းမှ အလင်းရောင်များ တောက်ပလာကာ ရုတ်တရက် ခုန်တက်လိုက်ပြီး ရေတံခွန် ရေစီးကြောင်းအောက်သို့ တိုးဝင်လိုက်သည်။

ကြီးမားသော ရေတံခွန်မှ ရေများ အရှိန်ဖြင့် ကျဆင်းလာရာ လင်းယွမ်မှာ ယိုင်နဲ့သွားပြီး အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သူက ကျောက်တုံးကို အတင်း ဖက်တွယ်ထားပြီး ကျောက်ပြားပေါ်တွင် ဝပ်လိုက်ကာ တန်ချိန်များစွာ လေးလံသော ရေထုထည်၏ ရိုက်ခတ်မှုကို ကျောပြင်ဖြင့် ခံယူလိုက်သည်။

တစ်စက္ကန့်... ဆယ်စက္ကန့်... စက္ကန့်သုံးဆယ်...

"ဝုန်း"

သူ့ကျောပြင်တစ်ခုလုံး အရေပြားများ စုတ်ပြဲကာ ပေါက်ပြဲဒဏ်ရာများနှင့် ညိုမဲစွဲသွားပြီး ရေကန်ထဲသို့ ပြန်လည် ပြုတ်ကျသွားသည်။

လင်းယွမ်က ဂရုမစိုက်ဘဲ ရေထဲတွင် ပေါလောမျောနေရင်း ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ့ဒဏ်ရာများကို ကုသပေးပြီး ဤအတိုင်းအတာကို ခံနိုင်ရည်ရှိလာစေရန် စောင့်ဆိုင်းနေလိုက်သည်။

ဆက်တိုက် လေ့ကျင့်လာသည်နှင့်အမျှ ရေတံခွန်အောက်တွင် သူ ဝပ်နေနိုင်သည့် အချိန်က ပိုမို ကြာမြင့်လာသည်။

ကျောပြင်မှ ဒဏ်ရာများကလည်း တဖြည်းဖြည်း သက်သာလာသည်။

မိုးလင်းခါနီး အချိန်ရောက်သောအခါ လင်းယွမ်သည် ကျောက်ပြားပေါ်တွင် မတ်တတ်ရပ်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီး တန်ချိန်များစွာ လေးလံသော ရေစီးကြောင်း ရိုက်ခတ်မှုကို ကြံ့ကြံ့ခံကာ မလှုပ်မယှက် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။

သူ၏ ကြွက်သားများနှင့် အရိုးအဆစ်များသည် ရေတံခွန်၏ မရေမတွက်နိုင်သော ရိုက်ခတ်မှုများအောက်တွင် သိပ်သည်းဆနှင့် ကြံ့ခိုင်မှု အလွန်မြင့်မားသော အခြေအနေသို့ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူ၏ ကိုယ်တိုင် ပြန်လည်ကုစားနိုင်စွမ်းသည်လည်း အကြိမ်ကြိမ် အရေပြားစုတ်ပြဲခြင်းနှင့် အတွင်းကလီစာများ တုန်ခါခြင်းတို့မှတဆင့် သိသိသာသာ တိုးတက်လာခဲ့ရာ ဆုန့်ဝမ်၏ ကုစားနိုင်စွမ်းထက်ပင် ပိုမို မြန်ဆန်လာခဲ့သည်။

ဝူမုန့်၏ ကြွက်သားကြီးထွားခြင်း အစွမ်းနှင့် မယှဉ်နိုင်သေးသော်လည်း အန္တရာယ်များစွာကို ရင်ဆိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

"ဒီနေ့တော့ ဒီလောက်ပဲ လုပ်ထားလိုက်မယ်... နေ့ခင်းကျ နားပြီး ညကျမှ ပြန်လာမယ်"

လင်းယွမ်က ရေတံခွန် ရိုက်ချမှုကြောင့် ပြန်ပြုတ်ကျသွားသော်လည်း ဒီတစ်ကြိမ်တွင် ကျောက်ပြားပေါ်သို့ ပြန်မတက်တော့ပေ။

မိုးလင်းနေပြီ ဖြစ်သဖြင့် ခဏနေလျှင် ဝါးအိမ်မှ လူများ အိပ်ရာထကြတော့မည်။ လူမြင်ကွင်းတွင် သူ၏ အစွမ်းကို ထုတ်မပြချင်သေးပေ။

ခေတ္တမျှ အနားယူပြီးနောက် လင်းယွမ်က ပြန်ရန် ပြင်ဆင်လိုက်သည်။

ထရပ်လိုက်စဉ်မှာပင် သူ၏ စိတ်အာရုံခံစားမှုက အဝေးတစ်နေရာမှ လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

သူ ကြောင်အမ်းသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ "မိုးလင်းခါစ ရှိသေးတာကို... ဒီအချိန်ကြီး ဘယ်သူက ရေတံခွန်နား လာတာလဲ"

သူ့စိတ်ထဲတွင် တွေးတောလိုက်ပြီး ချက်ချင်း သတိကပ်လိုက်သည်။

ရေတံခွန်က ဝါးအိမ်စခန်းနှင့် သိပ်မဝေးလှပေ။ ဖုန်းဟွမ်ဘုရားကျောင်းက လူများများ လာတာလား။

ထိုသို့ တွေးမိသည်နှင့် သူ့မျက်နှာထား တည်သွားပြီး ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖုံးကွယ်ကာ အနီးနားရှိ ရေကန် အနက်ပိုင်းထဲသို့ ဝင်ရောက် ပုန်းအောင်းလိုက်သည်။

သူ့နားရွက်နောက်မှ အရေပြားများ ပွင့်ဟလာပြီး ဆင့်ကဲပြောင်းလဲခြင်း အစွမ်း၏ လှုံ့ဆော်မှုကြောင့် ငါးပါးဟက်နှင့် တူသော အင်္ဂါရပ်တစ်ခု ဖြစ်ပေါ်လာကာ ရေအောက်တွင် အချိန်ကြာမြင့်စွာ နေနိုင်စေသည်။

ရေတံခွန်မှ ရေကျသံက ဆူညံနေပြီး အလင်းရောင်လည်း သိပ်မကောင်းသေးသဖြင့် ဤနေရာတွင် လူရှိနေသည်ကို မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

လင်းယွမ်က ရေအောက်တွင် ပုန်းနေသော်လည်း သူ၏ စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းကို ဖြန့်ကျက်ထားသဖြင့် ပတ်ဝန်းကျင်ကို သိရှိရန် အနှောင့်အယှက် မဖြစ်ပေ။

ပေ ၁၀၀ ပတ်လည် အတွင်းတွင် စိတ်စွမ်းအင် လွှမ်းခြုံထားသဖြင့် အရာအားလုံးကို ထင်ရှားစွာ သိမြင်နေရသည်။

မကြာမီမှာပင် ကောက်ကြောင်းအလှ ပေါ်လွင်နေသော အမျိုးသမီး နှစ်ဦး သူ၏ စိတ်စွမ်းအင် နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။

"အမဆုန့်... ကျွန်မတို့ ဘာလို့ ဒီလောက်ဝေးတဲ့နေရာထိလာပြီး ရေချိုးကြတာလဲ... ဂူထဲမှာ ချိုးလို့ရတာပဲကို"

လင်းယွမ် အံ့ဩသွားသည်။ ဒါ တုံယန်ရဲ့ အသံပဲ။

ထို့နောက် ဆုန့်ဝမ်၏ အသံ ထွက်ပေါ်လာသည်။ "အို... တို့ဂူက လင်းယွမ်တို့အိမ်လို ရေချိုးကန်တို့ အိမ်သာတို့ သီးသန့်ပါတာမှ မဟုတ်တာ"

"ပြီးတော့ တို့ဂူထဲမှာ ရေဆင်းမြောင်းလည်း သေချာ မလုပ်ထားဘူး... ရေချိုးရင်လည်း ရေပုံးထဲမှာပဲ ချိုးရတာဆိုတော့ အရမ်း နေရထိုင်ရခက်တယ်... ပြီးခဲ့တဲ့တစ်ခေါက် ဖိန်ဖိန်နဲ့ ဒီဘက်လာတုန်းက ဒီရေတံခွန်နေရာလေးကို တွေ့ထားတာ... ဒီမှာ ရေချိုးရတာက အဆင်လည်းပြေတယ်... နေလို့လည်း ကောင်းတယ်"

"လူတော့ မလာလောက်ပါဘူးနော်" တုံယန်က စိုးရိမ်တကြီး မေးလိုက်ပြီး အဝတ်အစားများ စတင် ချွတ်နေပြီဖြစ်သော ဆုန့်ဝမ်ကို ကြည့်ကာ မျက်နှာရဲရဲလေးဖြင့် သတိပေးလိုက်သည်။

ဆုန့်ဝမ်က သူမ၏ သွယ်လျဖြူဖွေးသော ခြေတံရှည်များကို ရေကန်ထဲသို့ ဆင်းလိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။ "ဒီလောက် စောစောစီးစီး ဘယ်သူလာမှာလဲ... ပြီးတော့ နင်ပါလာတာပဲဟာ... နင့်ရဲ့ စိတ်အာရုံ ကွန်ရက်နဲ့ ပေ ၁၅၀ ပတ်လည်ကို ခဏလောက် အာရုံခံကြည့်လိုက်ရင် လူရှိမရှိ အကုန်သိရတာပဲ မဟုတ်လား"

တုံယန်လည်း မတတ်သာတော့ဘဲ "ကောင်းပါပြီရှင်... အမက ကျွန်မကို ခေါ်လာတာ ကင်းစောင့်ခိုင်းချင်လို့ကိုး"

ဆုန့်ဝမ်က ခစ်ခနဲ ရယ်လိုက်ပြီး ရုတ်တရက် ရေတစ်ခွက်ကို လက်ခုပ်ဖြင့် ခပ်ကာ တုံယန်၏ ကိုယ်ပေါ်သို့ ပက်လိုက်ပြီး ရယ်မောလေသည်။ "မြန်မြန် ဆင်းချိုး... ခဏနေ မိုးလင်းသွားရင် တကယ် လူမြင်ခံရလိမ့်မယ်"

တုံယန်မှာ ရှောင်ချိန်မရလိုက်ဘဲ အဝတ်အစားများ ရေစိုကုန်သဖြင့် အော်ဟစ်လိုက်ပြီးနောက် ရှက်ရမ်းရမ်းကာ အဝတ်အစားများကို ချွတ်ချလိုက်ပြီး ဗွမ်းခနဲမြည်အောင် ရေထဲသို့ ငါးတစ်ကောင်လို ခုန်ဆင်းလိုက်သည်။

ဆုန့်ဝမ်က သူမကို လိုက်ရှာနေစဉ် ရုတ်တရက် ပေါင်ကို ဆွဲဆိတ်ခံလိုက်ရသဖြင့် လန့်ဖျပ်သွားပြီး အော်လိုက်မိသည်။ "ဘယ်သူလဲ"

ကြည့်လိုက်တော့ တုံယန်က ရေအောက်မှ ပြန်ပေါ်လာပြီး သဘောကျစွာ ရယ်မောနေသည်။ "မထင်မှတ်ထားဘူး မဟုတ်လား အမဆုန့်... ကျွန်မက ကျောင်းရေကူးအသင်းဝင် ဖြစ်ခဲ့ဖူးတာနော်... အမ ကျွန်မကို အနိုင်ကျင့်လို့ မရဘူး"

ဆုန့်ဝမ်က ရှက်ကိုးရှက်ကန်းဖြင့် ဒေါသထွက်သွားကာ "ကောင်းပြီလေ... ကောင်မစုတ်လေး... ငါ့ကိုတောင် စနောက်ရဲတယ်ပေါ့လေ... နင့်အမဆုန့် ဘယ်လောက်ကြမ်းလဲ ပြရသေးတာပေါ့"

သူမက ချက်ချင်း တုံယန်ဆီသို့ ခုန်အုပ်လိုက်ရာ မိန်းကလေးနှစ်ယောက် ရေကန်ထဲတွင် အပြန်အလှန် ရေပက် ကစားကြတော့သည်။

အော်ဟစ် ရယ်မောသံများ ထွက်ပေါ်လာပြီး ရေပက်ကစားနေကြသော သူမတို့၏ နုပျိုလှပသော ခန္ဓာကိုယ် ကောက်ကြောင်းများသည် ရေမှုန်ရေမွှားများကြားတွင် ဝိုးတဝါး ပေါ်လွင်နေသည်။

လင်းယွမ်က ကျောက်တုံးအနောက် ရေအောက်တွင် ပုန်းနေရင်း စိတ်စွမ်းအင်ဖြင့် အရာအားလုံးကို ကွင်းကွင်းကွင်းကွက် မြင်နေရရာ သွေးကြောများ ပေါက်ကွဲမတတ် ဖြစ်လာပြီး နားရွက်နောက်မှ ပါးဟက်များ ပွင့်လိုက်ပိတ်လိုက်နှင့် အသက်ရှူ မြန်လာသည်။

ဤမျှ ဆွဲဆောင်မှုရှိသော မြင်ကွင်းမျိုးကို ဘယ်ယောကျ်ားသားက သည်းခံနိုင်မည်နည်း။

သူ့စိတ်ထဲတွင် ဘုရားစာ ရွတ်နေရသော်လည်း စိတ်စွမ်းအင် အာရုံကမူ မိန်းကလေးနှစ်ယောက်ထံတွင်သာ စုပြုံရောက်ရှိနေသည်။

ဆုန့်ဝမ်၏ ကိုယ်လုံးကိုယ်ပေါက်က အလွန် ဆွဲဆောင်မှုရှိပြီး ဒီ+ အရွယ်အစား ရှိသော ရွှေရင်အစုံက ရေလှိုင်းများ လှုပ်ရှားမှုနှင့်အတူ တုန်ခါနေကာ ဝိုးတဝါး မြင်ကွင်းက လူကို ချက်ချင်း ပြေးဖက်ချင်စိတ် ပေါက်လာစေသည်။

သူမက အရပ်မြင့်ပြီး ခြေတံရှည်ကြီးများဖြင့် ရေထဲတွင် ကူးခတ်နေသည်မှာ တောက်ပနေသော ငါးရှဉ့်မလေး တစ်ကောင်အလား ဖြူဖွေးဝင်းပနေပြီး တံတွေးမြိုချချင်စရာ ကောင်းလှသည်။

သူမနှင့် အတူကစားနေသော တုံယန်ကလည်း ရေထဲတွင် ပေါ့ပါးသွက်လက်သော ငါးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူမက တကယ်ကို ရေကူးကျွမ်းကျင်ပြီး ရေထဲတွင် လွတ်လပ်စွာ ကူးခတ် လှုပ်ရှားနေသည်။

တစ်ကိုယ်လုံးတွင် နုပျိုသွက်လက်သော အငွေ့အသက်များ ပြည့်နှက်နေသည်။

သူမ၏ ကိုယ်လုံးက ဆုန့်ဝမ်လောက် မထွားကျိုင်းသော်လည်း ရင်သားပုံစံက လှပပြီး ပန်းကန်လုံး မှောက်ထားသကဲ့သို့ မို့မောက်ကာ စီ+ အရွယ်အစား ရှိသဖြင့် ရွယ်တူများထက် သာလွန်နေသည်။

လင်းယွမ်မှာ ကြည့်ရင်း ရေငတ်လာသည်။ ပါးဟက်များ ဆင့်ကဲပြောင်းလဲထား၍သာ တော်တော့သည်။ ရေအောက်တွင် အသက်ရှူလို့ရနေ၍သာ၊ မဟုတ်လျှင် မည်သူက အောင့်ထားနိုင်မည်နည်း။

ခဏကြာတော့ တုံယန် မောပန်းလာပုံရသည်။ သူမက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်သဖြင့် ကာယခွန်အား သိပ်မသန်ပေ။

ဆုန့်ဝမ်က ကိုယ်တိုင် ကုစားနိုင်စွမ်း ရှိသူမို့ ခွန်အား အနည်းငယ် ပိုကောင်းသည်။

တုံယန်ကို ဆုန့်ဝမ်က အနောက်မှ သိုင်းဖက်လိုက်ပြီး ချိုင်းကြားကို ကလိထိုးလိုက်ရာ တုံယန်မှာ တခစ်ခစ် ရယ်မောရင်း အသနားခံတော့သည်။

"အမဆုန့်... တော်ပါတော့... ကျွန်မ အရှုံးပေးပါပြီ... လွှတ်ပေးပါတော့နော်"

ဆုန့်ဝမ်က သဘောကျစွာ ရယ်မောလိုက်ပြီး လက်ကို လွှတ်ပေးလိုက်ကာ "ကောင်မစုတ်လေး... ငါနဲ့ ယှဉ်ရဲဦးမလား" ဟု ပြောလိုက်သည်။

တုံယန်က ဟီးခနဲရယ်ပြီး ခပ်လှမ်းလှမ်းသို့ ကူးသွားကာ "အမဆုန့်... အမက ဒီလောက် တော်နေတာကို ဘာလို့ အမတင်းယန်နဲ့ မယှဉ်ပြိုင်တာလဲ" ဟု လှမ်းမေးလိုက်သည်။

ဆုန့်ဝမ် ဒေါသထွက်သွားပြီး "ကောင်မစုတ်... နင်ဘာပြောလိုက်တာလဲ... နင့်ကို မိအောင်ဖမ်းပြီး မှတ်လောက်အောင် လုပ်ပစ်မယ်"

"အား... မပြောရဲတော့ပါဘူး... မလုပ်ပါနဲ့"

တုံယန်က အဝေးသို့ အလျင်အမြန် ကူးခတ်သွားပြီး ကျောက်တုံးများကို ပတ်ကာ ထွက်ပြေးနေသည်။

ခဏကြာတော့ နှစ်ယောက်စလုံး မောသွားကြသည်။ ဆုန့်ဝမ်လည်း ဆက်မလိုက်တော့ဘဲ ကျောက်တုံးပေါ် မှီကာ "တော်ပြီ တော်ပြီ... ဆက်မလိုက်နိုင်တော့ဘူး... မောလိုက်တာ" ဟု ပြောလိုက်သည်။

တုံယန်လည်း တော်တော် မောနေပြီဖြစ်၍ "အမဆုန့်... ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာ ပါလား" ဟု မေးလိုက်သည်။

ဆုန့်ဝမ်က "ပါတယ်... ကမ်းစပ်မှာ တင်ထားတယ်" ဟု ပြောသည်။

တုံယန်က ကမ်းစပ်ဘက်သို့ ကူးသွားရင်း "အစ်ကိုလင်းယွမ် ပေးထားတာ မဟုတ်လား... ဟီး... ပြီးခဲ့တဲ့ တစ်ခေါက် အမတင်းယန်ဆီမှာလည်း တစ်စုံ တွေ့ခဲ့တယ်... သူက တကယ့်ကို တစ်ဖက်စောင်းနင်း မဖြစ်စေဘဲ မျှမျှတတ ဆက်ဆံတာပဲနော်" ဟု ပြောလိုက်သည်။

ဆုန့်ဝမ်က မကျေမနပ်ဖြင့် "နင် သုံးမှာလား မသုံးဘူးလား... မသုံးရင် နေတော့... သူ နင့်ကို မပေးဘူးလား" ဟု ပြန်ပြောလိုက်သည်။

တုံယန်က ပြုံးစစဖြင့် "ပေးပါတယ်... ဒါပေမဲ့ ကျွန်မက နှမြောလို့ မသုံးရက်ဘဲ သိမ်းထားတာ... အမဆုန့်ဟာကိုပဲ အရင်သုံးမယ်"

"ကပ်စေးနှဲမလေး" ဆုန့်ဝမ်က မျက်စောင်းထိုးလိုက်သည်။

တုံယန်က ခေါင်းလျှော်ရည် အနည်းငယ် ညှစ်ယူပြီး ခေါင်းပေါ်တင်ကာ ဖြည်းဖြည်းချင်း လျှော်နေသည်။

သူမက "အမ ထင်တာ ပြောပြပါဦး... အစ်ကိုလင်းယွမ်က အမဆုန့်ကို ပိုကြိုက်တာလား... အမတင်းယန်ကို ပိုကြိုက်တာလား" ဟု မေးလိုက်သည်။

ဆုန့်ဝမ်က သက်ပြင်းချလိုက်ပြီး ရေကို ပုတ်လိုက်ကာ "ငါက သူ့စိတ်ကို ဘယ်လိုလုပ် သိမှာလဲဟယ်... ဒါပေမဲ့ ငါရော တင်းယန်ရော ဘယ်သူကမှ သူ့စိတ်ထဲက အမမေလောက် အရေးမပါပါဘူး" ဟု ပြောလိုက်သည်။

တုံယန်က ရယ်မောကာ "ဒါကတော့ ပြောနေစရာ လိုသေးလို့လား... အမမေနဲ့ အစ်ကိုလင်းယွမ်က တကယ့်ကို အောက်ဆုံးအဆင့်ကနေ အတူတူ ရုန်းကန်လာခဲ့ကြတာလေ... နှစ်ယောက်သား လျှိုအားလုံကိုတောင် အတူတူ တိုက်ခိုက်ခဲ့ကြတာ"

ထိုစကား ကြားသောအခါ ဆုန့်ဝမ် မျက်နှာ ညှိုးသွားပြီး "နင်အဲဒီလို ပြောမယ်ဆိုရင် တင်းယန်လည်း သူနဲ့အတူ လျှိုအားလုံကို တိုက်ခိုက်ခဲ့တာပဲ... သူတို့ကလည်း တိုက်ပွဲဝင် ရဲဘော်ရဲဘက်တွေပဲလေ... ဟင်း"

သူမ နောင်တရမိသည်။ လင်းယွမ်တို့နှင့် စတင် သိကျွမ်းခဲ့စဉ်က လျှိုအားလုံကို လင်းယွမ်တို့ ဖြုတ်ချပြီးခါစ အချိန်ဖြစ်သည်။

ကံကောင်း၍ ထိုအချိန်က လင်းယွမ်ကို ဒရုန်းငှားပေးခဲ့မိသဖြင့် ရေစက်ဆုံခဲ့ခြင်း ဖြစ်သည်။

သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိစွာဖြင့် "တင်းယန်က သူ့စိတ်ထဲမှာ ပိုအရေးပါမယ် ထင်ပါတယ်... သူတို့က ပိုစောစော သိခဲ့ကြတာကိုး... အတူတူ ဖြတ်သန်းခဲ့တဲ့ ဒုက္ခတွေကလည်း ပိုများတာကိုး" ဟု ပြောလိုက်သည်။

တုံယန်ကလည်း လိုက်ပါ သက်ပြင်းချရင်း "အမ အဲဒီလို ပြောနေရင်... ကျွန်မကရော ဘယ်လိုလုပ်မလဲ" ဟု ညည်းတွားလိုက်သည်။

ဆုန့်ဝမ် မော့ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောကာ "နင်လား... နင်ကတော့ နင့်အစ်ကိုလင်းယွမ်ရဲ့ အရန်လူပဲ ဆက်လုပ်နေလိုက်လေ... ဟားဟားဟား"

တုံယန်က နှာခေါင်းရှုံ့လိုက်ပြီး ဂရုမစိုက်သလိုဖြင့် "ဘာပဲဖြစ်ဖြစ်လေ... အစ်ကိုလင်းယွမ်က ကျွန်မကို ကယ်တင်ပြီးကတည်းက ကျွန်မက သူ့ကို ရွေးချယ်ပြီးသားပါ... အရန်လူ ဖြစ်ရလည်း ကျေနပ်ပါတယ်"

ဆုန့်ဝမ်က မျက်စောင်းထိုးလိုက်ပြီး ရေပြင်ကို ဒေါသတကြီး ရိုက်ခတ်လိုက်ရာ ရေများ လွင့်စင်သွားသည်။ သူမက "ဒီလူဆိုးကတော့... လိပ်ပြာတွေကို ဆွဲဆောင်နေတာပဲ" ဟု ရေရွတ်လိုက်သည်။

သူမ ပြောပြီးသည်နှင့် ရေအောက်မှ လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ သေးသွယ်သော ခါးလေးကို ဖက်လိုက်လေသည်။

ဆုန့်ဝမ် ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်သွားပြီး လန့်ဖျပ်ကာ အော်လိုက်မိသည်။ "အ"

သို့သော် ချက်ချင်းပင် သူမအနောက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါက နင်ဆိုတဲ့ လိပ်ပြာလေး တစ်ကောင်တည်းကိုပဲ ဖမ်းစားထားတာပါ... လူကို မစွပ်စွဲပါနဲ့"

ဆုန့်ဝမ် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး မျက်လုံးပြူးကာ လှည့်ကြည့်လိုက်သည်။

ရေမျက်နှာပြင်ပေါ်တွင် လင်းယွမ်က ခေါင်းပြူထွက်လာပြီး အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် သူမကို ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် ဆုန့်ဝမ်၏ ဖြူဖွေးသော မျက်နှာလေးမှာ ချက်ချင်း နီမြန်းသွားတော့သည်။

"ဟင်... ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ အမဆုန့်... ဘာဖြစ်သွားတာလဲ"

ဆုန့်ဝမ် အော်သံကြားသဖြင့် တုံယန်က မော့ကြည့်ပြီး မေးလိုက်သည်။

ဆုန့်ဝမ် အသိပြန်ဝင်လာပြီး မျက်နှာရဲရဲဖြင့် လင်းယွမ်၏ ခေါင်းကို ရေထဲသို့ အတင်း ဖိချလိုက်ကာ တုန်တုန်ယင်ယင်ဖြင့် "ဘာ... ဘာမှ မဖြစ်ဘူး... သန္ဓေပြောင်းငါးတစ်ကောင် ဖြတ်သွားသလားလို့" ဟု ပြောလိုက်သည်။

တုံယန် လန့်သွားပြီး "ဟင်... သန္ဓေပြောင်းငါး ဟုတ်လား... အန္တရာယ် မရှိဘူးမလား" ဟု မေးရင်း အနားသို့ လာရန် ပြင်လိုက်သည်။

ဆုန့်ဝမ်က အလျင်အမြန် လှမ်းတားလိုက်သည်။ "မဟုတ်ဘူး... ငါ အမြင်မှားတာပါ... ငါးမဟုတ်လောက်ပါဘူး... ဒီရေတံခွန်က ရေစီးသန်တာပဲဟာ... ဘယ်လိုလုပ် ငါးရှိမှာလဲ... ဟိုလေ... နင့်ခေါင်းလျှော်ရည်လေး ပစ်ပေးပါဦး... ငါလည်း ခေါင်းလျှော်ချင်လို့"

တုံယန်လည်း သက်ပြင်းချလိုက်ပြီး "ကျွန်မ ပြောသားပဲ... ဒီလောက်ကြီးတဲ့ ရေတံခွန်မှာ ဘယ်လိုလုပ် သန္ဓေပြောင်းငါး ရှိမှာလဲလို့"

သူမ ကမ်းစပ်သို့ ပြန်လှည့်သွားပြီး ခေါင်းလျှော်ရည်ဘူးကို ဆုန့်ဝမ်ထံ ပစ်ပေးလိုက်သည်။

ဆုန့်ဝမ်က လှမ်းဖမ်းလိုက်သော်လည်း တစ်ခုခုကို သတိရသွားပြီး လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို အုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည်။

သို့သော် စိတ်လှုပ်ရှားနေသဖြင့် မမိလိုက်ပေ။

တုံယန်က မြင်တော့ အံ့ဩသွားပြီး "အမဆုန့်... ကျွန်မတို့နှစ်ယောက်တည်း ရှိတာကို ဘာတွေ ဖုံးဖိနေတာလဲ" ဟု မေးလိုက်သည်။

ဆုန့်ဝမ် မျက်နှာ ရဲခနဲ ဖြစ်သွားပြီး ဗလုံးဗထွေး ပြောလိုက်သော်လည်း ရှင်းပြ၍ မရပေ။

ရေပေါ်တွင် ပေါလောမျောနေသော ခေါင်းလျှော်ရည်ဘူးကို ကောက်ယူလိုက်ပြီး "ကဲပါ... ငါ ခေါင်းအရင်လျှော်နှင့်မယ်" ဟု ပြောလိုက်သည်။

သူမ နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

လင်းယွမ်က ရေထဲတွင် ခေါင်းမြှုပ်ထားပြီး သူမ၏ တင်ပါးဆုံကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဆုန့်ဝမ် မျက်နှာ တစ်ခုလုံး နီရဲသွားပြီး ချက်ချင်း ထိုင်ချလိုက်ကာ တိုးတိုးလေး မေးလိုက်သည်။ "အစ်ကိုလင်းယွမ်... ရှင် ဒီမှာ ဘာလုပ်နေတာလဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "ငါ ဒီမှာ ရောက်နေတာ တစ်ညလုံး ရှိပြီ" ဟု ပြောလိုက်သည်။

"ဟင်... ဒါဆို... ဒါဆို... ရှင် အကုန်မြင်သွားပြီပေါ့" ဆုန့်ဝမ် မျက်နှာ ပို၍ နီရဲလာသည်။

လင်းယွမ်က ပြုံးစစဖြင့် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးနှင့် သူမ အတင်းဖုံးအုပ်ထားသော ရွှေရင်အစုံကို တစ်ချက်ကြည့်လိုက်ပြီး "တော်တော်များများတော့ မြင်လိုက်ရပါတယ်" ဟု ပြောသည်။

ဆုန့်ဝမ်မှာ ရှက်လွန်းသဖြင့် ရေအောက်သို့ ငုပ်လျှိုးသွားချင်စိတ် ပေါက်သွားပြီး လက်ရှိ အခြေအနေကို ဘယ်လို ရင်ဆိုင်ရမှန်း မသိတော့ပေ။

လင်းယွမ်က အနားသို့ တိုးကပ်လာပြီး ကျောက်တုံးအနောက်တွင် ခေါင်းဖော်ကာ "မြန်မြန် ထရပ်လိုက်... တုံယန် မြင်သွားရင် မျက်နှာပူစရာ ဖြစ်နေမယ်" ဟု ပြောလိုက်သည်။

ဆုန့်ဝမ် လန့်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။

သို့သော် ထရပ်လိုက်သည်နှင့် ခန္ဓာကိုယ်အောက်ပိုင်းက အကာအကွယ်မဲ့သွားပြီး လင်းယွမ် အကုန်မြင်သွားတော့မည် ဖြစ်သည်။

မထပြန်ရင်လည်း တုံယန် သံသယ ဝင်တော့မည်။

သူမမှာ ရှေ့တိုးမရ ဆုတ်မရ ဖြစ်နေသည်။

လင်းယွမ်က ရုတ်တရက် လက်မြှောက်လိုက်ပြီး သူမ၏ တင်ပါးကို ဖွဖွလေး ရိုက်လိုက်ကာ "မကြာခင် ငါတို့အတူတူ ဖြစ်လာမယ့်ဥစ္စာကို... ဘာတွေ စိတ်ပူနေတာလဲ" ဟု ပြောလိုက်သည်။

ဆုန့်ဝမ်၏ နှလုံးသားမှာ ထိုရိုက်ချက်ကြောင့် ခုန်ထွက်မတတ် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

သို့သော် အပြင်ဘက်မှ တုံယန်က သူမကို လှမ်းခေါ်နေပြန်သည်။

မတတ်သာတော့ဘဲ ဆုန့်ဝမ်မှာ ခြေထောက်နှစ်ချောင်းကို စေ့ထားရင်း မတ်တတ်ရပ်လိုက်ရသည်။

"အမဆုန့်... အမဆုန့်"

"အင်း... အင်း... ရှိတယ်... ဘာလဲ"

"ခေါင်းလျှော်ရည် နည်းနည်းလောက် ပြန်ပေးပါဦး... ဒီရက်ပိုင်း မလျှော်ဖြစ်တာ ဆံပင်တွေ စေးကပ်နေလို့"

"အော်... အေးအေး... ငါ ပစ်ပေးမယ်"

ဆုန့်ဝမ်က ခေါင်းလျှော်ရည် အနည်းငယ်ကို ကပျာကယာ ညှစ်ယူပြီး ခေါင်းပေါ်တင်ကာ ဘူးကို ပြန်ပစ်ပေးလိုက်သည်။

တုံယန်က ခေါင်းလျှော်ရင်း "အမ ဆပ်ပြာ လိုသေးလား" ဟု မေးလိုက်သည်။

"ငါ... ငါ လောလောဆယ် မလိုသေးဘူး"

"ဒါဆို ကျွန်မ အရင်တိုက်နှင့်မယ်... ပြီးရင် အမကို ဆပ်ပြာတိုက်ပေးမယ်"

"အမ်... ကောင်း... ကောင်းပြီလေ"

နှစ်ယောက်သား ဟိုဟိုဒီဒီ စကားပြောနေကြသည်။

ဆုန့်ဝမ်မှာမူ ခါးအောက်ပိုင်းတွင် ပူနွေးသော အသက်ရှူငွေ့တစ်ခုကို ခံစားနေရသည်။ မီးတောက်တစ်ခုက သူမ၏ ခါးကို လာရောက် ဟပ်နေသကဲ့သို့ နီးကပ်လွန်းလှသည်။

သူမ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာပြီး တဆတ်ဆတ် တုန်ယင်လာသည်။

အသိစိတ် လှုံ့ဆော်မှုကြောင့် လင်းယွမ်၏ ခေါင်းကို တွန်းဖယ်ရန် လက်လှမ်းလိုက်မိသည်။

လင်းယွမ်က သူမလက်ကို ဖယ်ရှားလိုက်ပြီး သူမ၏ တင်ပါးကြားတွင် မျက်နှာအပ်လိုက်သည်။

ဆုန့်ဝမ် တစ်ကိုယ်လုံး တုန်တက်သွားပြီး ခြေမခိုင်တော့ဘဲ ဖင်ထိုင်ကျလုမတတ် ဖြစ်သွားသည်။

သူမအနောက်မှ လူဆိုးကောင်ကို ဘာမှ လုပ်မရသဖြင့် အရေးပေါ်အနေဖြင့် ခြေထောက်နှစ်ချောင်းဖြင့် သူ့ကို ညှပ်ကာ အနောက်သို့ အတင်းကန်ထုတ်လိုက်သည်။

လင်းယွမ် အနည်းငယ် ငြိမ်သွားပြီး "နင် ရေမြန်မြန်ချိုးပြီး ဒီကနေ ထွက်သွားတော့... ကောင်မလေး သံသယ ဝင်နေဦးမယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ဆုန့်ဝမ်က အားမရှိတော့သလို ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ရေငွေ့များနှင့် ရှက်သွေးများ လွှမ်းခြုံနေသည်။

လင်းယွမ်က "ညကျရင် ငါ နင့်ဆီ လာခဲ့မယ်" ဟု တိုးတိုး ပြောလိုက်သည်။

ဆုန့်ဝမ် ရင်ခုန်သွားပြီး သူ့ကို မကြည့်ရဲသလို အသံလည်း မထွက်ရဲပေ။

လင်းယွမ်က သူမကို ဆက်မစတော့ဘဲ ရေအောက်သို့ လျင်မြန်စွာ ငုပ်လျှိုးပြီး ရေတံခွန်အောက်ဘက်သို့ ကူးခတ်သွားတော့သည်။

ရေမျက်နှာပြင်အောက် ပျောက်ကွယ်သွားသော လင်းယွမ်ကို ကြည့်ရင်း ဆုန့်ဝမ် သက်ပြင်းချလိုက်မိသည်။

ထို့နောက် တစ်ခုခုကို သတိရသွားပြီး သူမ၏ တင်ပါးကို စမ်းကြည့်လိုက်ရာ မျက်နှာ နီရဲသွားသည်။

ထိုနေရာတွင် သွားရာတစ်ခု ထင်ကျန်နေသဖြင့် ရင်တုန်ပြီး ခြေမခိုင် ဖြစ်သွားရသည်။

"အမဆုန့်... အမဆုန့်... ဘာလုပ်နေတာလဲ"

ထိုအချိန်တွင် တုံယန်က မည်သည့်အချိန်က အနားရောက်လာမှန်း မသိဘဲ ဆုန့်ဝမ်ကို ထူးဆန်းသလို ကြည့်နေသည်။

ဆုန့်ဝမ်က ခေါင်းလျှော်နေဟန်ဆောင်ပြီး ဆံပင်များဖြင့် မျက်နှာကို ကွယ်ကာ "ဟင်... ခေါင်းလျှော်နေတာလေ... နင် ပြီးပြီလား" ဟု မေးလိုက်သည်။

"အင်း... ကျွန်မ ပြီးပြီ... အမ ကျောကို ဆပ်ပြာတိုက်ပေးမယ်"

"အမ်... အေး... ကျေးဇူးပါပဲ... နင့်ကျောကိုလည်း ငါ ပြန်တိုက်ပေးမယ်"

တုံယန်က သူမ ပုံစံ တစ်မျိုးဖြစ်နေသည်ဟု ခံစားနေရသဖြင့် ဟိုဟိုဒီဒီ ကြည့်ရှုလိုက်သော်လည်း ဘာမှ မတွေ့ရသဖြင့် စိတ်ထဲတွင် ထူးဆန်းနေမိသည်။

ရေတံခွန် အနောက်ဘက်တွင် လင်းယွမ်က ခြေသံလုံလုံဖြင့် ရေကန်မှ အလျင်အမြန် ထွက်ခွာသွားသည်။

ဝါးအိမ်သို့ ပြန်ရောက်သောအခါ မိုးလင်းနေပြီ ဖြစ်သည်။

ကောင်းကင်က အုံ့မှိုင်းနေဆဲ ဖြစ်သော်လည်း ယခင်ကလို အမှောင်ထု မဟုတ်တော့ဘဲ တိမ်လွှာများကြားမှ အလင်းရောင်များ စိမ့်ထွက်လာနေသည်။

မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သော်လည်း ခိုလှုံရာစခန်းတွင် ကင်းလှည့်အဖွဲ့များ လူချိန်းနေကြပြီး ကင်းမျှော်စင်ပေါ်မှ တာဝန်ကျသူများလည်း ပင်ပန်းနွမ်းနယ်စွာဖြင့် ဂူဘက်သို့ လျှောက်သွားနေကြသည်။

နေ့ရက်သစ် တစ်ခု စတင်လေပြီ။

ဆက်ရန်...

All Chapters