← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 16 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 16 Ch. 221-222

‎အခန်း (၂၂၁) - မင်ကူအင်မော်တယ် ကျဆုံးမှုကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီး ချီလင် တုန်လှုပ်သွားခြင်း

‎

‎

‎

‎" ချီမုန်... သမီးက ချီလျန်မျိုးနွယ်ရဲ့ အနာဂတ်အတွက် ထည့်တွက်စဉ်းစားပေးတယ်ဆိုတာ အမေသိပါတယ်... ဒါပေမယ့် လောကြီးရင် အမှားပါတတ်တယ်လေ... ကုကောင်းကင်ဧကရာဇ်က ဘယ်လောက်ပဲ အလားအလာရှိပါစေ... သမီးအနေနဲ့ ဒီလောက် စိတ်မလောသင့်ဘူး... အနည်းဆုံးတော့ အမေ့ဆီပြန်လာပြီး အရင်တိုင်ပင်သင့်တာပေါ့..... "

‎

‎

‎ချီမုန်သည် ကုချန်နှင့် တိတ်တဆိတ် အဆက်အသွယ်လုပ်နေသည်ကို မြင်လိုက်ရသောအခါ ချီလင်သည် ဘေးမှနေ၍ ဆုံးမစကားမပြောဘဲ မနေနိုင်တော့ချေ။

‎

‎

‎သူ၏သမီးသည် ဘက်စုံတော်သော်လည်း စိတ်မြန်လက်မြန်ရှိလွန်းသည်က တစ်ခုတည်းသော အားနည်းချက်ပင်။

‎

‎

‎ချီလျန်မျိုးနွယ်၏ လက်ရှိအခြေအနေမှာ မကောင်းမွန်သော်လည်း တစ်ညတည်းနှင့်တော့ မျိုးသုဉ်းသွားမည်မဟုတ်ပေ။

‎

‎

‎ယခု ချီမုန်မှ... တစ်စုံတစ်ဦးကို သခင်အဖြစ် အသိအမှတ်ပြုရန် အလွန်စိတ်အားထက်သန်နေရာ... နောင်တစ်ချိန်တွင် ကတိပြန်ဖျက်ရန် အလွန်ခက်ခဲသွားလိမ့်မည်။

‎

‎

‎မိခင်တစ်ယောက်အနေဖြင့် ချီလျိုသည် သမီးဖြစ်သူ၏ ကောင်းကျိုးကို မည်သို့လျစ်လျူရှုထားနိုင်မည်နည်း။

‎

‎

‎လျှပ်စီးလက်သကဲ့သို့ပင် ချီလျို၏စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။

‎

‎

‎သူ ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ အကယ်၍ ကုကောင်းကင်ဧကရာဇ်သာ သူ၏ စမ်းသပ်စစ်ဆေးမှုကို မအောင်မြင်ခဲ့လျှင်... သို့မဟုတ် ချီလျန်မျိုးနွယ်တစ်ခုလုံး သစ္စာခံရန် မတန်ခဲ့လျှင်... ကြီးမားသော တန်ရာတန်ကြေး ပေးဆပ်ရပါစေဦးတော့... သူသည် ကုချန်အား စည်းရုံးပြီး ချီမုန်၏ ဝိညာဉ်ချုပ်နှောင်မှုကို ဖြေလျော့ပေးကာ... လွတ်လပ်ခွင့်ပြန်ပေးရန် နည်းလမ်းရှာမည်ဟု တေးမှတ်ထားလိုက်သည်။

‎

‎

‎" အမေ သခင်က သမီးတို့ ဆက်သွယ်တာကို လက်ခံလိုက်ပြီ "

‎

‎

‎ချီလျို တွေးတောနေစဉ်မှာပင်... ချီမုန်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ... သူ၏ လှပသော မျက်ဝန်းများထဲတွင်... စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေ၏။

‎

‎

‎ချိီမုန်သည် လက်ကိုမြှောက်ကာ... ချီလျို၏ ဖြူဖွေးသော လက်ကောက်ဝတ်ကို... ဆုပ်ကိုင်လိုက်သည်။ နောက်တစ်ခဏ၌ ဆန်းကြယ်သော ဆွဲငင်အားတစ်ခုနှင့်အတူ... သားအမိနှစ်ဦး၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည်... အဆုံးမဲ့ကမ္ဘာရှိ ကောင်းကင်ချောက်နက်၏ နက်ရှိုင်းသောနေရာသို့... သက်ဆင်းသွားကြတော့သည်။

‎

‎

‎" အား!!! "

‎

‎

‎နာကျင်စွာ အော်ဟစ်သံတစ်ခုသည်... ချီလျို၏ နားစည်ထဲသို့ ရိုက်ခတ်လာသဖြင့်... သူသည် အလိုအလျောက်ပင် ဘေးဘက်သို့... လှည့်ကြည့်လိုက်မိသည်။

‎

‎

‎ထိုအခိုက်အတန့်တွင်... ချီလျိုသည် သူ၏တစ်ဘဝလုံး မမေ့ပျောက်နိုင်တော့မည့်... မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။

‎

‎

‎ရေတံခွန်ကဲ့သို့ ဆံနွယ်များနှင့် လွှမ်းမိုးထားသော အရှိန်အဝါရှိသည့်... အဖြူရောင်ဝတ်စုံနှင့် လူပုဂ္ဂိုလ်တစ်ဦးသည် သူ့ကို ကျောပေးလျက် ရပ်နေပြီး... လက်နှစ်ဖက်ကိုမြှောက်ကာ ရန်သူကို နှစ်ပိုင်းဆွဲဖြဲလိုက်ခြင်းပင် ဖြစ်သည်။

‎

‎

‎သွေးမိုးများ ရွာကျလာကာ... ကောင်းကင်တစ်ခွင်ကို စွန်းထင်းသွားစေသော်လည်း... ထိုလူပုဂ္ဂိုလ်ကို တစ်စက်မျှ မထိတွေ့ပေ။

‎

‎

‎သွေးစက်တိုင်းတွင်... ဖော်ပြမပြနိုင်လောက်အောင် ကြီးမားသော စွမ်းအားများ ပါဝင်နေပြီး... အရှင်အဆင့်များ လုပ်ဆောင်နိုင်သည်ထက် အဆပေါင်းများစွာ သာလွန်နေသည်။

‎

‎

‎ထိုအရာသည် စစ်မှန်သော အင်မော်တယ်တစ်ပါး၏ သွေးပင်ဖြစ်သည်။

‎

‎

‎ထိုအင်မော်တယ်သွေး၏ ပိုင်ရှင်သည် ချီလျို၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

‎

‎

‎ချီလျန်မျိုးနွယ်ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏အင်အားသည် မနည်းပါးလှဘဲ စစ်မှန်သော အင်မော်တယ်အဆင့် တစ်ဦးဖြစ်သည်။

‎

‎

‎သူသည် ဝိညာဉ်အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ဆင်းသက်လာခြင်းဖြစ်သော်လည်း... ရက်ရက်စက်စက် ဆွဲဖြဲခံလိုက်ရသော ခန္ဓာကိုယ်ပိုင်ရှင်သည် သူ့ထက်ပင်... ပိုမိုစွမ်းအားကြီးကြောင်း ပြောနိုင်ပေသည်။

‎

‎

‎ထိုကဲ့သို့သော အရှိန်အဝါနှင့် ခံစားချက်မျိုးကို... ချီလျိုသည် အတိတ်က ချီလျန်မျိုးနွယ်၏ ရှေးဘိုးဘေးကြီးထံ၌သာ... အာရုံခံခဲ့ဖူးသည်။

‎

‎

‎ဤသည်မှာ စစ်မှန်သော အင်မော်တယ်အရှင်တစ်ပါး ဖြစ်သည်။

‎

‎

‎အင်မော်တယ်အရှင်တစ်ပါးသည် လူတစ်ယောက်၏ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်တဲ့လော။

‎

‎

‎ထိုအဖြူရောင်ဝတ်စုံနှင့် လူပုဂ္ဂိုလ်ကား မည်သူနည်း။

‎

‎

‎" ငါ့ကို ဒီလိုအရှက်ခွဲတဲ့အတွက် တစ်နေ့ကျရင် မင်း ပြန်ပေးဆပ်စေရမယ် "

‎

‎

‎မင်ကူအင်မော်တယ်သည် ခက်ခက်ခဲခဲဖြင့်... ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပြန်လည်စုစည်းလိုက်ရာ... မျက်နှာအမူအရာမှာ အလွန်အမင်း အုံ့မှိုင်းနေလေသည်။

‎

‎

‎သူသည် ဆုတ်ခွာရန် စဉ်းစားနေပြီဖြစ်သည်။ ဤလူ၏ တိုက်ခိုက်နိုင်စွမ်းအားသည် နတ်ဆိုးဆန်လွန်းလှပြီး မင်ကူအင်မော်တယ်ကိုပင် ကျောချမ်းသွားစေသည်။

‎

‎

‎သူသည် ကုချန်နှင့် ဆက်လက်မတိုက်ခိုက်ရဲတော့ပေ။

‎

‎

‎ဤခန္ဓာကိုယ်သည် မူလအင်မော်တယ်ရွှံ့ဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် ဝိညာဉ်မှာ စစ်မှန်သော ဝိညာဉ်ဖြစ်သည်။

‎

‎

‎အကယ်၍ သူဆက်လက်တိုက်ခိုက်ပြီး... ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ချေမှုန်းခံလိုက်ရပါက... အင်မော်တယ်လောကတွင် ကျန်ရစ်ခဲ့သော သူ၏ပင်မခန္ဓာကိုယ်သည်လည်း... လုံးဝပျက်စီးသွားမည်ဖြစ်ပြီး အခွံလွတ်ကြီးသာ ကျန်ရစ်ပေလိမ့်မည်။

‎

‎

‎" ဒီအင်မော်တယ်အရှင်က မင်းကို မှတ်ထားလိုက်ပြီ "

‎

‎

‎မင်ကူအင်မော်တယ်သည်... ကုချန်၏ ပုံပန်းသဏ္ဍာန်ကို နှလုံးသားထဲတွင် စွဲထင်သွားစေရန် ရည်ရွယ်လျက်... နာကျည်းစွာ စိုက်ကြည့်လိုက်သည်။

‎

‎

‎ထို့နောက်... သူသည် ဝိညာဉ်ပြန်ခေါ်သည့် နည်းလမ်းကို အသုံးပြု၍... မူလအင်မော်တယ်ရွှံ့ထဲမှ သူ၏ဝိညာဉ်ကို ဆွဲထုတ်ကာ အင်မော်တယ်လောကသို့ ပြန်ရန်... ကြံရွယ်လိုက်သည်။

‎

‎

‎သို့သော် ကံဆိုးစွာပင်... ဤအဆင့်ထိ တိုက်ခိုက်ပြီးမှ ကုချန်သည်... သူ့အား ထွက်သွားခွင့်ပေးပါမည်လော။

‎

‎

‎" ငါကိုယ်တော်က မင်းကို ထွက်သွားခွင့်ပြုလိုက်လို့လား "

‎

‎

‎ကုချန်သည် တိုးညှင်းစွာ ပြောလိုက်သော်လည်း... သူ၏လက်လှုပ်ရှားမှုများမှာ ရပ်တန့်ခြင်းမရှိဘဲ... မင်ကူအင်မော်တယ်ကို ပြတ်ပြတ်သားသား ဖိနှိပ်လိုက်သည်။

‎

‎

‎လက်ဝါးတစ်ချက် ရိုက်နှိပ်လိုက်သည်နှင့် လေဟာနယ် ပြိုကွဲသွားပြီး ကောင်းကင်နှင့် မြေကြီး၏ အဆုံးမဲ့တာအိုများ တုန်လှုပ်သွားကြသည်။

‎

‎

‎" ဘုန်း "

‎

‎

‎မင်ကူအင်မော်တယ်သည် အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း... ကုချန်၏ လက်ဝါးရိုက်ချက်က ရင်ဘတ်ကို ထိမှန်သွားဆဲပင်။ သူ၏ဝိညာဉ်ပင် တုန်ခါထိခိုက်သွားပြီး... သူလုပ်ဆောင်နေသော ဝိညာဉ်ပြန်ခေါ်သည့် နည်းလမ်းသည်လည်း... အလိုအလျောက် ပြတ်တောက်သွားတော့သည်။

‎

‎

‎" မင်း ငါ့ကို သတ်ရဲသလား "

‎

‎

‎ဤအခိုက်အတန့်တွင် မင်ကူအင်မော်တယ်သည် အမှန်တကယ် ထိတ်လန့်သွားပြီဖြစ်သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ကုချန်သာ သူ့ကို လွှတ်ပေးရန် ဆန္ဒမရှိပါက... ယနေ့တွင် သူ၏ ဝိညာဉ်သည် အင်မော်တယ်လောကသို့ ပြန်နိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ကြောင်း... နားလည်လိုက်သောကြောင့် ဖြစ်သည်။

‎

‎

‎" မင်းငါ့ကို သတ်မယ်ဆိုရင်... အင်မော်တယ်တစ်သောင်းမျှော်စင်က ဒီအင်မော်တယ်အရှင်အတွက် သေချာပေါက် ကလဲ့စားချေလိမ့်မယ်... ငါတို့ အင်မော်တယ်တစ်သောင်းမျှော်စင်က အင်မော်တယ်လောကကို လွှမ်းမိုးထားတာ... မျှော်စင်ရဲ့ အခြေခံအုတ်မြစ်က မင်းထင်ထားတာထက် အများကြီး ပိုတယ် "

‎

‎

‎သေရေးရှင်ရေး အခိုက်အတန့်တွင်... မင်ကူအင်မော်တယ်သည် ရွှယ်ကျန်းကဲ့သို့ပင် ရွေးချယ်မှုတစ်ခုတည်းကို ပြုလုပ်ခဲ့ပြီး... ကုချန်ကို ခြိမ်းခြောက်ရန် အင်မော်တယ်တစ်သောင်းမျှော်စင် အကြောင်းကို ထုတ်ပြောလာခဲ့သည်။

‎

‎

‎သို့သော်... ရွှယ်ကျန်းသာ အသက်ရှင်နေသေးပါက... သူသည် သေချာပေါက် ခါးသီးစွာ ပြုံးမိပေလိမ့်မည်။

‎

‎

‎သူ... အင်မော်တယ်တစ်သောင်းမျှော်စင်အကြောင်း ပြောစဉ်မှာလည်း အလုပ်မဖြစ်ခဲ့ရာ... ယခု မင်ကူအင်မော်တယ် ပြောသည့်အခါရော... အလုပ်ဖြစ်ပါမည်လော။

‎

‎

‎ကုချန်သည် သေမင်းတမန်တစ်ဦးဖြစ်ရာ ဤခြိမ်းခြောက်မှုများကို လုံးဝဂရုစိုက်မည် မဟုတ်ပေ။

‎

‎

‎အမှန်တကယ်ပင်... မင်ကူအင်မော်တယ် ပြောဆိုသော အင်မော်တယ်တစ်သောင်းမျှော်စင်သည် ကုချန်အား... စိုးရိမ်မှု အနည်းငယ်မျှပင် မဖြစ်ပေါ်စေနိုင်ခဲ့ပေ။ သူသည် မင်ကူအင်မော်တယ်ကို... လျစ်လျူရှုကာ ကြည့်လိုက်ပြီး.....

‎

‎

‎" နောက်ဆုံးစကား မှာလို့ ပြီးပြီလား... ပြီးပြီဆိုရင်လဲ လမ်းဆက်လျှောက်လိုက်တော့..... " ဟု ပြောကြားလိုက်လေသည်။

‎

‎

‎မုန်တိုင်းကဲ့သို့သော တိုက်ခိုက်မှုများ နောက်တစ်ကြိမ် ကျရောက်လာသည်။

‎

‎

‎လက်သီးအလင်းတန်းများသည် ကမ္ဘာမြေကို ဖုံးလွှမ်းသွားပြီး... အဆုံးမဲ့တာအို ရေစီးကြောင်းများ သွန်းချလိုက်သကဲ့သို့... မင်ကူအင်မော်တယ်ကို ချက်ချင်း ဝါးမြိုသွားတော့သည်။

‎

‎

‎မင်ကူအင်မော်တယ်သည် ကုချန်၏ ပြိုင်ဘက်အဆင့်နှင့် အလှမ်းဝေးကွာလှသော်လည်း... သူသည် အရည်အချင်းပြည့်မီသော... 'သဲအိတ်' တစ်လုံး ဖြစ်သည်။ ယခင်က... ကုချန် ကြုံတွေ့ခဲ့ရသော အထိမခံသည့် ပြိုင်ဘက်များနှင့် မတူဘဲ... ကုချန်ကို အနည်းငယ် ကျေနပ်စေနိုင်သူဖြစ်သည်။

‎

‎

‎" ဘုန်း! "

‎

‎

‎အင်မော်တယ်သွေးများ မပြတ်တမ်း လွင့်စဉ်ထွက်လာပြီး... မင်ကူအင်မော်တယ်၏ ခန္ဓာကိုယ်သည် အကြိမ်ကြိမ် ပြိုကွဲကာ... အကြိမ်ကြိမ် ခက်ခက်ခဲခဲ ပြန်လည်စုစည်းနေရသည်။

‎

‎

‎နောက်ဆုံးအချိန်တွင်... သူ၏ ဝိညာဉ်၌ပင် အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားပြီး... ရုပ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် မထောက်ပံ့နိုင်တော့ပေ။

‎

‎

‎" မလုပ်နဲ့!!! "

‎

‎

‎ကုချန်၏လက်က ရက်စက်စွာ ဆန့်ထွက်လာသည်ကို မြင်လိုက်ရသောအခါ မင်းကူအင်မော်တယ်သည် နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်တော့သည်။

‎

‎

‎သို့သော်... ရလဒ်အားလုံးမှာ သတ်မှတ်ပြီးဖြစ်၍... မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်ခြင်း... မရှိတော့ပေ။

‎

‎

‎ကုချန်၏လက်ဝါးသည် သက်ညှာမှုကင်းမဲ့စွာ ကျဆင်းလာပြီး... မင်ကူအင်မော်တယ်၏ ခန္ဓာကိုယ်ကို... နောက်တစ်ကြိမ် နှစ်ပိုင်းဆွဲဖြဲလိုက်ပြန်သည်။

‎

‎

‎ဤတစ်ကြိမ်တွင်... ကုချန်၏ပြိုင်ဘက်ကင်း ဝိညာဉ်စွမ်းအားသည် အခွင့်ကောင်းယူ၍... မူလအင်မော်တယ်ရွှံ့ဖြင့် ပြုလုပ်ထားသော ရုပ်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ... မင်ကူအင်မော်တယ်၏ဝိညာဉ်ကို ချက်ချင်း အပြီးတိုင် ချေမှုန်းပစ်လိုက်တော့သည်။

‎

‎

‎" ဝူး... ဝူး..... "

‎

‎

‎ကောင်းကင်ဘုံကိုးခုအထက်တွင် လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားလေသည်။

‎

‎

‎မိုင်သန်းပေါင်းများစွာကျယ်ဝန်းသော ကောင်းကင်ကြီးသည်... သွေးနီရောင် ပြောင်းလဲသွားကာ... အဆုံးမဲ့သွေးမိုးများ ရွာသွန်းကျလာ၏။

‎

‎

‎မင်ကူအင်မော်တယ် ကျဆုံးသွားပြီဖြစ်သည်။

‎

‎

‎မင်ကူအင်မော်တယ် သေဆုံးသွားသည်နှင့်အမျှ... သူ၏ ဝိညာဉ်ထိန်းချုပ်မှုအောက်တွင် မရှိတော့သော မူလအင်မော်တယ်ရွှံ့သည်... တဖြည်းဖြည်းနှင့် ယခင် ဟွမ်သွမ့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

‎

‎

‎အင်မော်တယ်ဓားသည်လည်း လက်မအရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ 'ချွမ်' ခနဲ ကျသွားတော့သည်။

‎

‎

‎ကုချန်သည် ရှေ့သို့လှမ်းကာ... မူလအင်မော်တယ်ရွှံ့နှင့် အင်မော်တယ်ဓားသေးလေးကို... သိမ်းဆည်းလိုက်သည်။

‎

‎

‎မင်ကူအင်မော်တယ်၏ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ဆွဲဖြဲနေရခြင်းမှာ... ကုချန်သည် ရက်စက်စွာ ပျော်ရွှင်လို၍ မဟုတ်ဘဲ... မူလအင်မော်တယ်ရွှံ့၏ ပြည့်စုံမှုကို ကာကွယ်ရန်အတွက် ဖြစ်သည်။

‎

‎

‎အကယ်၍... ကုချန်သာ တန်ကြေးကို ဂရုမစိုက်ဘဲ အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင်... မင်ကူအင်မော်တယ်ကို စောစီးစွာကပင် သတ်ဖြတ်နိုင်ခဲ့မည် ဖြစ်သော်လည်း... ၎င်း၏ တန်ဖိုးမှာ မူလအင်မော်တယ်ရွှံ့ မပြည့်မစုံ ဖြစ်သွားခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤရလဒ်သည်... ကုချန် မြင်တွေ့လိုသော... အရာမဟုတ်ပေ။

‎

‎

‎ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက်... ကုချန်သည် ချီမုန်ရှိရာဘက်သို့ အကြည့်ပို့လိုက်ပြီး... အေးစက်စွာ မေးမြန်းလိုက်သည်။

‎

‎

‎" ဘာကိစ္စလဲ "

‎

‎

‎ကုချန်၏ အကြည့်နှင့် ဆုံတွေ့လိုက်ရသောအခါ... ချီမုန်သာမက ချီလင်၏ခန္ဓာကိုယ်ပင်လျှင်... နေရာမှာပင် တောင့်တင်းသွားရသည်။

‎

‎

‎ဤသည်မှာ အင်မော်တယ်အရှင်တစ်ပါးကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်သော ဖြစ်တည်မှုတစ်ခုပင်။

‎

‎

‎သူ၏ဘေးနားမှ ထွက်ပေါ်လာသော တိုးညှင်းသည့် အသံလေးကြောင့် ချီလျိုမှာ အသက်ရှူရန်ပင် မေ့လျော့သွားလုနီးပါး ဖြစ်သွားရသည်။

‎

‎

‎" အမေ... သူက သမီးရဲ့ သခင်... ကုကောင်းကင်ဧကရာဇ်လေ "

‎

‎အခန်း (၂၂၂) - မျိုးနွယ်စုတစ်ခုလုံး သစ္စာဆိုခြင်း၊ အပြန်အလှန် သတိထားစောင့်ကြည့်မှုနှင့် ချီလင်၏ အညံ့ခံခြင်း

‎

‎

‎

‎" ဒီလူက ငါ့သမီး အသိအမှတ်ပြုထားတဲ့ သခင် အဆုံးမဲ့ကမ္ဘာက ကုကောင်းကင်ဧကရာဇ်လား "

‎

‎

‎နားထဲတွင် ချီမုန်၏အသံကို ကြားလိုက်ရသော်လည်း ချီလျိုသည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎ဧကရာဇ်အဆင့်... ဤလူသည် တကယ်ပင် ဧကရာဇ်အဆင့်လော။

‎

‎

‎ဧကရာဇ်အဆင့်ဖြစ်တည်မှုမှ အင်မော်တယ်အရှင်တစ်ပါးကို လက်ဗလာနှင့် ဆွဲဖြဲပစ်လိုက်ခြင်းလော။ ဧကရာဇ်အဆင့်ဖြစ်တည်မှုသည် ဤမျှ... အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဆိုသော အချက်မှာ... ချီလျန်မျိုးနွယ်၏ ရှေးဟောင်းမှတ်တမ်းများတွင်ပင် မရှိခဲ့ဖူးပေ။

‎

‎

‎ချီလျို၏မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားကာ ကုချန်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် အလွန်အမင်း ထိတ်လန့်သွားရသည်။

‎

‎

‎ဟုတ်ပါသည်... သူ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

‎

‎

‎သူသည် စစ်မှန်သော အင်မော်တယ်တစ်ပါးဖြစ်၍... မင်ကူအင်မော်တယ်၏ ကျင့်ကြံခြင်းအဆင့်မှာ... အင်မော်တယ်အရှင်အဆင့်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

‎

‎

‎ထို့အတူ ဤကုကောင်းကင်ဧကရာဇ်သည် စစ်မှန်သော အင်မော်တယ်အဆင့်သို့ မရောက်သေးဘဲ လူသားတာအိုအဆင့်၌သာ ရှိနေသေးကြောင်းကိုလည်း သူ သိမြင်နိုင်သည်။

‎

‎

‎ဧကရာဇ်အဆင့်ခန္ဓာကိုယ်ဖြင့် စစ်မှန်သော အင်မော်တယ်တစ်ပါးကို ယှဉ်ပြိုင်တိုက်ခိုက်ခြင်း.....

‎

‎

‎ထိုကဲ့သို့သော မှတ်တမ်းမျိုးကို သူ၏ဘိုးဘေးများ ချန်ရစ်ခဲ့သော ရှေးဟောင်းမှတ်တမ်းများတွင် တွေ့ဖူးသည်။

‎

‎

‎သို့သော် ဧကရာဇ်အဆင့် ခန္ဓာကိုယ်ဖြင့် အင်မော်တယ်အရှင်တစ်ပါးကို ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလော။

‎

‎

‎ချီလျန်မျိုးနွယ်၏ မှတ်တမ်းများတွင် မပါရှိသည်ကို ထားလိုက်ပါဉီး... ကြီးမားကျယ်ပြန့်သော အင်မော်တယ်လောက၏ ရှေးပဝေသဏီကတည်းက ယနေ့အထိ... ထိုကဲ့သို့သော ဖြစ်တည်မှုမျိုး တစ်ခါမျှ မွေးဖွားခဲ့ဖူးခြင်းမရှိခဲ့ဘူးလို့ ချီလျို ထင်နေမိသည်။

‎

‎

‎ဤသည်မှာ အဆင့်ကြီးနှစ်ခုကို ကျော်ဖြတ်ပြီး... ရန်သူကို သတ်ဖြတ်ခြင်းသက်သက် မဟုတ်ဘဲ... လူသားတာအိုနှင့် အင်မော်တယ်တာအိုကြားမှ ကွာဟချက်ကြီးကို... ကျော်ဖြတ်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။

‎

‎

‎ဧကရာဇ်အဆင့်မှ စစ်မှန်သော အင်မော်တယ်ကို ယှဉ်ပြိုင်နိုင်လျှင်... အင်မော်တယ်ဘုရင်မျိုးစေ့ဟု ခေါ်ဆိုနိုင်ပြီး... အနာဂတ်တွင် မသေဆုံးသရွေ့... အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိရန် ကံပါလာပြီးဖြစ်သည်။

‎

‎

‎သို့ဆိုလျှင် ဧကရာဇ်အဆင့်မှ အင်မော်တယ်အရှင်တစ်ပါးအား ဖိနှိပ်သတ်ဖြတ်လိုက်ခြင်းကရော.....

‎

‎

‎ဒါကို ဘယ်လိုသတ်မှတ်ရမလဲ...ဒီ ကုကောင်းကင်ဧကရာဇ်က အနာဂတ်မှာ အင်မော်တယ်ဘုရင်အဆင့်ထက် ကျော်လွန်သွားနိုင်မလား။

‎

‎

‎ချီမုန်သည် အရှင်အဆင့်သာရှိသေးပြီး စစ်မှန်သော အင်မော်တယ် မဟုတ်သေးသဖြင့်... မင်ကူအင်မော်တယ်၏ စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းကို... ချီလျိုကဲ့သို့ ခွဲခြားမသိမြင်နိုင်ပေ။ အင်အားကြီးမားသော ရန်သူတစ်ယောက်ဟုသာ သိထားသည်။

‎

‎

‎ထို့ကြောင့် မိခင်ဖြစ်သူ မည်မျှတုန်လှုပ်နေသည်ကို သူ မသိရှိပေ။

‎

‎

‎မိခင်ဖြစ်သူ ဘာကြောင့် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို နားမလည်သော်လည်း... ကုချန်၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ချီမုန်သည် လျစ်လျူမရှုရဲဘဲ... ကုချန်ကို လေးလေးစားစား ဦးညွှတ်လိုက်သည်။

‎

‎

‎" ချီမုန်က သခင့်ကို ဂါရဝပြုပါတယ် "

‎

‎

‎စကားဆုံးသည်နှင့် ချီမုန်သည် ဘေးတွင် ငူငူငိုင်ငိုင် ရပ်နေသော မိခင်ဖြစ်သူကို ခိုးကြည့်လိုက်ရာ စိတ်ထဲတွင် ပို၍ စိုးရိမ်လာ၏။

‎

‎

‎အမေ ဘာဖြစ်သွားတာလဲ...ဒီကို ရောက်ကတည်းက ဘာလို့ ပုံမှန်မဟုတ်သလို ဖြစ်နေရတာလဲ။

‎

‎

‎ချီမုန်သည် အနည်းငယ် စိတ်ပူလာပြီး... မိခင်ဖြစ်သူ၏ အပြုအမူကြောင့် သခင် စိတ်ဆိုးသွားမည်ကို စိုးရိမ်သဖြင့်... ဘေးဘက်သို့ အကြည့်လွှဲကာ ချီလျိုကို မျက်စိဖြင့် အချက်ပြလိုက်သည်။

‎

‎

‎ချီမုန် ခေါင်းလှည့်လိုက်သည်နှင့် မှင်သက်သွားစေမည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

‎

‎

‎ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်... ဂုဏ်ကျက်သရေရှိသော စစ်မှန်သော အင်မော်တယ်တစ်ပါးဖြစ်သည့် မိခင်သည်... ဒူးထောက်ချလိုက်ကာ သူ၏ ကျက်သရေရှိသော ခန္ဓာကိုယ်ဖြင့်... မြေပြင်ပေါ်တွင် ဝပ်ဆင်းလိုက်လေသည်။ သူ၏ ဒူးထောက်ထားပုံသည် ချီမုန်ထက်ပင် ပို၍ ရိုသေကိုင်းရှိုင်းနေသေး၏။

‎

‎

‎ချီလျိုသည် မြေပြင်ပေါ်တွင် လေးလေးစားစား ဒူးထောက်လျက်... သူ၏ ဖြူဖွေးသော နဖူးကို မြေကြီးနှင့် ထိကာ... ရိုသေစွာ ပြောလိုက်သည်။

‎

‎

‎" ချီလျန်မျိုးနွယ်ခေါင်းဆောင် ချီလျိုက သမီးဖြစ်သူ ချီမုန်နဲ့အတူ သခင့်ကို ဂါရဝပြုပါတယ် "

‎

‎

‎ဒါက... အမေ... ဒါက.....

‎

‎

‎ချီလျို၏လုပ်ရပ်များကို ကြည့်ရင်း ချီမုန်မှာ ကြောင်အမ်းသွားရသည်။

‎

‎

‎ဘာတွေဖြစ်ကုန်တာလဲ... အမေက သခင်နဲ့ လူကိုယ်တိုင်တွေ့ပြီး သေသေချာချာ အကဲဖြတ်ပြီးမှ... ဆုံးဖြတ်ချက်ချမယ်လို့ ပြောခဲ့တာ မဟုတ်လား.....

‎

‎

‎အခုကျမှ ဘာလို့ ဒီလောက် ပြတ်ပြတ်သားသား ပြောင်းလဲသွားတာလဲ။ ပြီးတော့ အမေ့ပုံစံကို ကြည့်ရတာ လုံးဝကို အညံ့ခံလိုစိတ် အပြည့်ရှိနေတဲ့ ပုံစံပဲ။ ဘာတွေဖြစ်ကုန်တာလဲ။

‎

‎

‎" ကြောင်တောင်တောင် ရပ်မနေနဲ့ ... သေချာ ဒူးထောက်စမ်း "

‎

‎

‎ချီမုန် ငေးငိုင်နေဆဲဖြစ်သည်ကို မြင်သောအခါ... ချီလျိုသည် တိုးညှင်းသော အသံဖြင့်... သတိပေးလိုက်၏။ ချီမုန်၏သံသယများကိုမူ ဤအချိန်တွင် ရှင်းပြမနေနိုင်ပေ။

‎

‎

‎အကဲဖြတ်ခြင်းနဲ့ စဉ်းစားချင့်ချိန်ခြင်းတဲ့လား.....

‎

‎

‎ဟာသပဲ... ဒါက ဧကရာဇ်အဆင့် ခန္ဓာကိုယ်နဲ့ အင်မော်တယ်အရှင်ကို ဖိနှိပ်သတ်ဖြတ်နိုင်တဲ့... ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခုဖြစ်သည်။

‎

‎

‎ဤကဲ့သို့ ပါရမီရှင်မျိုးဆိုလျှင်... ကြီးကျယ်ခမ်းနားသည့် အင်မော်တယ်လောက၌ပင်... အင်မော်တယ်ဘုရင်အသီးသီး၏ မျက်နှာသာပေးမှုနှင့် စည်းရုံးမှုကို... ခံရနိုင်သည်။ သာမန် အင်မော်တယ်အစစ်များဆိုလျှင်... မိတ်ဖွဲ့ရန် အရည်အချင်းပင် ရှိမည် မဟုတ်ပေ။

‎

‎

‎ဤကဲ့သို့ ဖြစ်တည်မှုမျိုးကို ချီလျန်မျိုးနွယ်မှ သခင်အဖြစ် အမှုထမ်းရခြင်းသည် အမြင့်ကို တွယ်တက်ခွင့်ရနိုင်မည့် အခွင့်အရေးဖြစ်သည်။

‎

‎

‎အကယ်၍ ချီလျိုသာ ဤအခွင့်အရေးကို အရမယူနိုင်လျှင် မျိုးနွယ်ခေါင်းဆောင်တစ်ယောက် အဖြစ်နှင့် မထိုက်တန်တော့ပေ။

‎

‎

‎တစ်စက္ကန့်မျှ တွန့်ဆုတ်နေလျှင်ပင် ချီလျန်မျိုးနွယ်၏ အနာဂတ်သခင်အပေါ် မလေးစားရာ ရောက်လိမ့်မည်။

‎

‎

‎ချီလျန်မျိုးနွယ်ခေါင်းဆောင်လော.....

‎

‎

‎ချီမုန်နှင့် ရုပ်ချင်းဆင်တူကာ.... သူ၏ရှေ့တွင် လေးလေးစားစား ဒူးထောက်နေသော ကျက်သရေရှိသည့် အမျိုးသမီးကို ကြည့်ရင်း... ကုချန် တွေးတောလိုက်သည်။ ချီမုန်၏ လုပ်ဆောင်ချက်များမှာ ဤမျှ မြန်ဆန်ပြီး... မိခင်ဖြစ်သူကိုပါ ယခုပင် သစ္စာဆိုခိုင်းလိမ့်မည်ဟု... မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎" ဟွန်း "

‎

‎

‎ကုချန်၏ဆံနွယ်ကြားတွင် ချိတ်ဆွဲထားသော... သိုလှောင်လက်စွပ်သည် အနည်းငယ် တောက်ပလာပြီး... ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ပုံရိပ်သည် ကုချန်ဘေးတွင် ပေါ်လာကာ... သူတစ်ဦးတည်းသာ ကြားနိုင်သော ညည်းသံသဲ့သဲ့ကို ပြုလုပ်လိုက်သည်။

‎

‎

‎ကုချန်ရှေ့တွင် ဒူးထောက်နေသော လှပသည့် သားအမိနှစ်ဦးကို ကြည့်ရင်း... ရှောင်းယွဲ့၏ လှပသော မျက်ဝန်းများထဲတွင် သတိထားစောင့်ကြည့်မှု အရိပ်အယောင်များ... ပေါ်လာ၏။

‎

‎

‎ချီမုန်သည် အရှင်အဆင့်သာ ရှိသေးသဖြင့် မသိနိုင်ပေ။

‎

‎

‎သို့သော် သူသည် တစ်ချိန်က စစ်မှန်သော အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးရာ... ဤချီလျန်မျိုးနွယ်ခေါင်းဆောင်၏ စိတ်ထဲတွင် အမှန်တကယ် ဘာကြံစည်နေသည်ကို... မည်သို့ မမြင်ဘဲ နေမည်နည်း။

‎

‎

‎‌စော‌စောက... ကုချန် အင်မော်တယ်အရှင်တစ်ပါးကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို... ဤချီလျန်မျိုးနွယ်ခေါင်းဆောင် အစအဆုံး မြင်တွေ့ခဲ့ရသည်။ တစ်ဖက်လူမှာ အူကြောင်ကြောင် မဟုတ်သရွေ့... ဤမျှ အင်အားကြီးသည့် ပုဂ္ဂိုလ်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရန် ရွေးချယ်မည်မှာ... အသေအချာပင်။

‎

‎

‎ဧကရာဇ်အဆင့် ခန္ဓာကိုယ်ဖြင့် အင်မော်တယ်အရှင်ကို ဖိနှိပ်သတ်ဖြတ်ခြင်း.....

‎

‎

‎ရှောင်းယွဲ့ အစွမ်း ရှိစဉ်ကတောင် ဒီလိုဖြစ်တည်မှုမျိုးကို မော့ကြည့်ရုံပဲ တတ်နိုင်မှာ။

‎

‎

‎" မြေခွေးမ နှစ်ကောင်..... "

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် တီးတိုးရေရွတ်လိုက်ပြီး... 'မျက်နှာသာပေးမှုကို အလုခံရတော့မလို' ခံစားလိုက်ရသဖြင့်... သူ၏စိတ်ထဲတွင် သတိထားစောင့်ကြည့်မှုများ မြင့်တက်လာ၏။

‎

‎

‎သို့သော် သူ အနည်းငယ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

‎

‎

‎ဘာပဲဖြစ်ဖြစ် ချီလျန်မျိုးနွယ်က နောက်မှရောက်လာပြီး သစ္စာခံသူတွေပဲလေ။

‎

‎

‎ယခင်က သူသည် ကုချန်နှင့် ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့သော်လည်း... ကုချင်းရွဲ့၏ ဆရာဖြစ်လာခဲ့သည်မှာ... ကြာပြီဖြစ်သည်။ ဤပတ်သက်မှု ရှိနေသရွေ့... သူ့အနေဖြင့် အခွင့်အရေးကို ကောင်းစွာ ဆုပ်ကိုင်ထားနိုင်ပါက... အနာဂတ်တွင် ကုချန်၏မျက်လုံးထဲ၌ သူ၏ အဆင့်အတန်းနှင့် အရေးပါမှုသည်... လွယ်လွယ်ကူကူ လှုပ်ခတ်သွားမည် မဟုတ်ပေ။

‎

‎

‎ချီလျိုသည် ကုချန်ဘေးတွင် ရပ်နေသော... ကောင်းကင်နတ်သမီး ရှောင်းယွဲ့ကို မြင်လိုက်ရသောအခါ… သူ၏ စတ်ထဲတွင်လည်း အလားတူ သတိထားမှုနှင့် အရေးတကြီး ခံစားချက်များ... ပေါ်ပေါက်လာလေသည်။

‎

‎

‎ဒီကုကောင်းကင်ဧကရာဇ်မှာ သစ္စာဆိုထားတဲ့ စစ်မှန်တဲ့ အင်မော်တယ်တစ်ပါး ရှိပြီးသား ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ ဒီကုကောင်းကင်ဧကရာဇ်ရဲ့ အကြိုက်က ဘာလဲ... မျက်နှာသာရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလဲ သူ မသိသေးတာကြောင့်... သူ ပိုပြီး ကြိုးစားရမယ်.....

‎

‎

‎ချီလျိုနှင့် ကောင်းကင်နတ်သမီး ရှောင်းယွဲ့ဟူသော... စစ်မှန်သည့် အင်မော်တယ်နှစ်ပါးသည် တွေ့ဆုံသည့် အခိုက်အတန့်ကစပြီး... အချင်းချင်း သတိထားနေကြသည်ကို ကုချန် မသိရှိပေ။

‎

‎

‎သူသည် ချီလျိုကို လျစ်လျူရှုကာ တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎" သစ္စာခံမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ချီမုန်က ငါဧကရာဇ်ကို ပြောပြပြီးသားပါ... မင်းတို့ ချီလျန်မျိုးနွယ်က ဝီရိယရှိရှိ အမှုထမ်းသရွေ့... အနာဂတ်မှာ အခက်အခဲတွေ ရှိလာရင် ငါကိုယ်တော်က မင်းတို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးမှာပါ "

‎

‎

‎" ကျေးဇူးတင်ပါတယ် သခင် "

‎

‎

‎ကုချန်၏ကတိကို ရရှိလိုက်သဖြင့် ချီလျို၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွား၏။

‎

‎

‎ထို့နောက် သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား... ချီမုန်ကဲ့သို့ပင် သူ၏ ဝိညာဉ်အမှတ်အသားကို... လေးလေးစားစား ဆက်သလိုက်သည်။

‎

‎

‎" ဒီနေ့ကစပြီး ချီလျန်မျိုးနွယ်က သခင့်ရဲ့ အမိန့်ကို နာခံပါ့မယ် "

‎

‎

‎ချီလျန်မျိုးနွယ်တစ်ခုလုံး၏ အနာဂတ်ကို... ကုချန်အပေါ် လောင်းကြေးထပ်ရန် ဆုံးဖြတ်ပြီးဖြစ်၍... ချီလျိုသည် ဘာကိုမှ ချန်လှပ်ထားခြင်း... မရှိတော့ပေ။ စိတ်နှလုံး မပြတ်မသားဖြစ်နေခြင်းသည် လုံးဝမလုပ်သင့်သော အရာဖြစ်သည်။ ဤ ကုကောင်းကင်ဧကရာဇ်၏ ယုံကြည်မှုကို အပြည့်အဝရရှိရန်... သူသည် စစ်မှန်သော အင်မော်တယ် ဝိညာဉ်အမှတ်အသားကို ဆက်သလိုက်ခြင်းဖြင့်... သူ၏ သေရေးရှင်ရေးကို ကုချန်လက်ထဲသို့ ထည့်အပ်လိုက်သည်အထိ ပြုလုပ်ခဲ့သည်။

‎

‎

‎မလုပ်ရင်မလုပ်... လုပ်ရင် အဆုံးထိ လုပ်ရမည်။

‎

‎

‎သစ္စာဆိုရန် ရည်ရွယ်ပြီးဖြစ်၍ သူသည် ခြွင်းချက်မရှိ သစ္စာစောင့်သိပြီး ရိုးသားမှုရှိသမျှ အကုန်ပေးဆပ်မည်ဖြစ်သည်။

‎

‎

‎ဤနည်းဖြင့်သာ ကုကောင်းကင်ဧကရာဇ် စိတ်ချရပြီး ချီလျန်မျိုးနွယ်၏ သစ္စာခံယူမှုကို အမှန်တကယ် လက်ခံလာမည်ဖြစ်သည်။

‎

‎

‎ချီလျို၏ ရှင်သန်ရပ်တည်ရေး ဉာဏ်ပညာပင်ဖြစ်သည်။

All Chapters