← Chapters

အခန်း (၁၂၀-၁၂၂)

Vol. 8 Ch. 120-122

အခန်း (၁၂၀-၁၂၂)

Vol. 8 Ch. 120-122

အခန်း ၁၂၀

- အပိုင်း ၂၃ - စွန့်ပစ်ခံရသော ကမ္ဘာ (၅)

သလင်းကျောက်ထဲတွင် အပေါက်ငယ် ငါးခု အတိအကျ ရှိနေလေသည်။ ထိုအပေါက်နေရာများတွင် မည်သည့်အရာကို ထည့်ရမည်ကို ယူဂျွန်ဟော့နှင့် ကျနော် ကောင်းစွာ သိရှိကြ၏။

ယူဂျွန်ဟော့သည် ကျနော့်ဘေးတွင် ရပ်ကာ ပြောလိုက်သည်။

"မင်း ရောက်လာပြီပဲ"

"ဟုတ်တယ်။ ကံမကောင်းစွာနဲ့ပေါ့"

"မင်း ဒီတစ်ခုမှာ လက်လျှော့ခဲ့ရင်တောင် ဘာမှမဖြစ်ပါဘူး"

မျှော်လင့်မထားသော စကားလုံးများကြောင့် ကျနော်က ယူဂျွန်ဟော့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုလူမှာ ကျနော့်ကို ကြည့်မနေဘဲ စကားပြောနေဆဲပင်။

"မင်းမှာ ချစ်ရတဲ့ အမျိုးသမီး ရှိနေတာပဲ"

"...ဘာဖြစ်တယ်"

"ဒီဇာတ်ဝင်ခန်းက ခက်ခဲလိမ့်မယ်ကွ"

ဖြေရှင်း၍မရသော အရာတစ်ခုကို နားလည်လိုက်ရသလို ခံစားလိုက်ရသည်။ ဖြစ်နိုင်သည်မှာ သူက ကျနော့်အပေါ် ဂရုစိုက်မှုရှိသောကြောင့် ဤဇာတ်ဝင်ခန်းသို့ မခေါ်သွားချင်ခြင်းပေလော။ ရယ်စရာကောင်းလှသည်။

ယူဂျွန်ဟော့က ဂရုစိုက်တယ်တဲ့လား။

"ဒါက မင်းအတွက် နောက်ဆုံးအကြိမ်တောင် ဖြစ်သွားနိုင်တယ်နော်"

ကျနော် ခေါင်းခါလိုက်သည်။ စဉ်းစားကြည့်လျှင် ထိုစကားမှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ ယူဂျွန်ဟော့သည် ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် လီဆောဟွာကို ဆုံးရှုံးခဲ့ဖူးသည်။ ချစ်ရသူကို ဆုံးရှုံးရခြင်းနှင့် ပတ်သက်လာလျှင် ယူဂျွန်ဟော့မှာ ကမ္ဘာပေါ်တွင် အတွေ့အကြုံအရှိဆုံး ပုဂ္ဂိုလ်ဟု ဆိုလျှင်ပင် မမှားနိုင်ချေ။

သူ့ကို ကျနော်ပြောလိုက်သည်။

"အဲ့ဒီလို မဟုတ်ပါဘူး။ ငါ့မျက်နှာက အချစ်တွေနဲ့ ပြည့်နှက်နေတယ်လို့ မင်း ထင်နေတာလား"

ကျနော် ရည်ရွယ်ပြောခြင်း မဟုတ်သော်လည်း ထိုစကားလုံးများက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေသကဲ့သို့ ဖြစ်သွားသည်။ ဦးစွာ ပြောလိုသည်က ကျနော့်တွင် ကြည့်ကောင်းသော မျက်နှာတစ်ခု ရှိပေသည်။

ယူဂျွန်ဟော့က ကျနော့်ကို ငြိမ်သက်စွာ စိုက်ကြည့်ပြီးနောက် ဆိုလိုက်သည်။

"သေချာတာကတော့ မင်းသေသွားရင်လည်း ငါ ဂရုမစိုက်ဘူး"

ချီးပဲလေ။

"မင်းရဲ့ စကားတွေက အရမ်းရက်စက်တာပဲ။ ငါ စိတ်မကောင်းဖြစ်သွားပြီ"

"ငါ့မှာ မင်းကို ထိုးဖို့ တစ်ချက် ကျန်သေးတာကို မမေ့နဲ့ဦး"

"...အာ… ဟုတ်သားပဲ။ ငါ မေ့တော့မလို့။ သတိပေးတဲ့အတွက် ကျေးဇူးပဲနော်"

ဒီကောင်က ငါကို ရှင်စေချင်တာလား၊ သေစေချင်တာလား။ ငါမသိတော့ဘူး။

Group Chatမှတစ်ဆင့် အပေါင်းအဖော်များကို ကျနော်တိုက်ရိုက် အကြောင်းကြားလိုက်သည်။

— အခု ကြိုတင်သတိပေးချက်တွေကို ပြောပြမယ်။

Group Chatကို အသုံးပြုခြင်းမှာ ကိစ္စများကို လျှို့ဝှက်ထားရှိရန် ဖြစ်သည်။ အဖွဲ့ဝင်များက တိတ်ဆိတ်နေဟန်ဆောင်ရင်း ကျနော့်စကားကို အာရုံစိုက်လိုက်ကြသည်။

— ကူပြောင်း သလင်းကျောက် က လူနှစ်ယောက်ကို အတူတူ ပို့ဆောင်ပေးတာ။ ဒါကြောင့် ကျနော် အရင်က ပြောခဲ့သလိုပဲ နှစ်ယောက်တွဲပြီး သွားကြမယ်။

— ယူဆောင်းက ကျနော်နဲ့အတူ အဖွဲ့ ၁ အနေနဲ့ သွားမယ်၊ ဟီဝန်နဲ့ ဟန်းဆောင်က အဖွဲ့ ၂၊ ယူဆန်းအာနဲ့ အကျဉ်းသားနံပါတ် ၄၀၆ က အဖွဲ့ ၃ ဖြစ်မယ်။ ဂီယောင်မှာ အပေါင်းအဖော်မရှိတော့ သူက ယူဂျွန်ဟော့ရဲ့ အဖွဲ့နဲ့ လိုက်သွားလိမ့်မယ်။ အဲ့ဒီ ယူဂျွန်ဟော့ကတော့... သူ့ဘာသာသူ ဂရုစိုက်နိုင်မှာပါ။

— သလင်းကျောက်ကနေတစ်ဆင့် ရွေ့လျားတဲ့အခါ ခေါင်းမူးနိုင်တယ်။ ကျေးဇူးပြုပြီး မထိတ်လန့်ပါနဲ့။ ရောက်တာနဲ့ ဇာတ်ဝင်ခန်းက ချက်ချင်း စတင်လိမ့်မယ်။ ဇာတ်ဝင်ခန်း အစစ်အမှန် စတင်ပြီဆိုတာနဲ့...

ကျနော်က ညွှန်ကြားချက်များကို အလျင်အမြန် ပြောကြားနေစဉ် ကူပြောင်း သလင်းကျောက် ၏ အပေါ်တွင် ဒိုကဲဘီ ပေါ်လာခဲ့သည်။

[ ခဏလေးပါ။ ကျနော် တကယ်ပဲ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကျနော့်မှာ အရေးပေါ် ကြေညာချက်တစ်ခု ရှိလို့ပါ ]

အရေးပေါ် ကြေညာချက်ဟုတ်လား။

[ ဆိုးလ်ဒေသကနေ ပါဝင်နိုင်တဲ့ လူဦးရေက ၁၀ ယောက် မဟုတ်ဘဲ ၈ ယောက်ပဲ ဖြစ်မယ်ဆိုတာကို ပြောဖို့ ကျနော် မေ့သွားလို့ပါ ]

"မင်း ရုတ်တရက်ကြီး ဘာတွေ ပြောနေတာလဲ"

ပါဝင်မည့်သူအားလုံးကို သတ်မှတ်ပြီးသား ဖြစ်သည်။

သေချာ ကြည့်လိုက်တော့ ဤဒိုကဲဘီမှာ အောက်ကမ္ဘာတွင် ဇာတ်ဝင်ခန်းကို မည်သို့ Update လုပ်ရမလဲဟု ကျနော့်ကို မေးမြန်းခဲ့သော ဒိုကဲဘီပင် ဖြစ်၏။

ဒီကောင်က ယောင်ကီလို့ ခေါ်တဲ့ကောင် မလား။

[ ဒီဇာတ်ဝင်ခန်းမှာ... ပဉ္စမမြောက် ဇာတ်ဝင်ခန်းထဲက နယ်ပယ်ကူးပြောင်းမှု လွဲချော်သွားတာကြောင့် ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းကို ရောက်ရှိသွားတဲ့သူတွေ ရှိနေပါတယ် ]

"...တစ်စုံတစ်ယောက်က အဲ့ဒီမှာ ရောက်နေပြီလား"

[ ဟုတ်ကဲ့။ ဆိုးလ်ဒေသကနေ လူနှစ်ယောက်က ဇာတ်ဝင်ခန်းထဲကို ရောက်ရှိနေပါပြီ ]

ထိုအခါမှ ကျနော် သတိရသွားသည်။ ဟန်ဆိုယောင်းနှင့် ဂုံဖီဒူတို့မှာ ဇာတ်ဝင်ခန်းထဲတွင် ရောက်နှင့်နေပြီ ဖြစ်၏။ အောက်ကမ္ဘာရှိ ဖန်သားပြင်ပေါ်တွင် သူတို့ကို ကျနော် မြင်တွေ့ခဲ့သော်လည်း ခေတ္တမျှ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဒိုင်မေးရှင်း၏ အစိတ်အပိုင်းတစ်ခု ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။ အလယ်အလတ်အဆင့် ဒိုကဲဘီသည် ကျနော့်ကို သတ်ရန်အတွက် ဇာတ်ဝင်ခန်းထဲတွင် အတော်လေး ဝင်ရောက်စွက်ဖက်ခဲ့ပုံရ၏။

[ အဲ့ဒါက ဇာတ်ဝင်ခန်း အမှားတစ်ခု ဖြစ်နိုင်ပေမဲ့ တရားမျှတမှု ရှိစေဖို့အတွက် ကျနော်က ရှိရင်းစွဲ နေရာနှစ်ခုကို ဖယ်ရှားလိုက်ပါမယ် ]

"ဘာလဲကွာ။ မင်း အဲ့ဒီလို လုပ်လို့မရဘူးလေ။ ဒါဆိုရင် ဘယ်သူက သွားရမှာလဲ"

မသွားရမည့်သူများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ အဖွဲ့သားများက ကျနော့်ကို စိတ်ညစ်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ယူဂျွန်ဟော့ပင်လျှင် ကျနော့်ကို ကြည့်နေ၏။ ထိုအမူအယာများမှာ ကျနော့်ကို ဆုံးဖြတ်ချက် ချခိုင်းနေသည့် အမူအရာပင် ဖြစ်သည်။

ချီး...

မျှော်လင့်မထားဘဲ ပထမဆုံး လက်မြှောက်လိုက်သူမှာ ယူဆန်းအာ ဖြစ်သည်။

"ကျမ ဒီမှာပဲ ကျန်ခဲ့ပါမယ်"

ယူဆန်းအာက ကျနော့်၏ တွန့်ဆုတ်မှုကို သတိပြုမိသွားပြီး ကိုယ်တိုင် ရှေ့ထွက်လာကာ ကူညီရန် ဆုံးဖြတ်လိုက်သည်။ ယူဆန်းအာကို လက်လွှတ်ရလျှင်ပင် ကျနော့်အနေဖြင့် အဖွားအိုကို ခေါ်သွားရမည် ဖြစ်၏။

ယောင်ဟီဝန်က နောက်ထပ် လက်မြှောက်လိုက်သည်။

"ငါလည်း ကျန်ခဲ့ပါမယ်။ ဘာပဲဖြစ်ဖြစ် နောက်ထပ် အလှည့်ကျမယ့်သူတွေ ရှိဦးမှာ မဟုတ်လား"

"အဆင်ပြေပါ့မလား"

"ဒေါ့ဂျာက ဒီနေ့ ကြည့်ရတာ စိုးရိမ်နေပုံရတယ်နော်။ ရှင်မသိဘူးလား။ ဒီတစ်ခါတော့ အဲ့ဒီကြောက်စရာကောင်းတဲ့လူက ကျမတို့ဘက်မှာ ရှိနေတာပဲလေ"

အကယ်၍ ယောင်ဟီဝန်နှင့် ယူဆန်းအာတို့ ကျန်ရစ်ခဲ့မည်ဆိုလျှင် စိတ်ချရသည်မှာ အမှန်ပင်။ ပြိုင်ဆိုင်မှု ပြင်းထန်မည် ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ ဒုတိယအသုတ်တွင် ပါဝင်နိုင်စွမ်း ရှိကြသည်။

နောက်ဆုံးတွင် လူနှစ်ဦး နုတ်ထွက်သွားခဲ့ပြီး လီဟန်းဆောင်က အဖွားအိုနှင့် တွဲလိုက်သည်။ အဖွားအိုက ကျေနပ်နေပုံရသည်။ ကျနော်တို့ မထွက်ခွာမီ ယူဆန်းအာ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျနော် ဒါကို ပြောဖို့ မေ့သွားလို့။ ယောင်အီဒိုကို သတိထားဖို့ လေလွင့်သူများ၏ ဘုရင်ကိုပြောပေးပါ။ ဘာကြောင့်လဲဆိုတာ ယူဆန်းအာ သိပြီးသားလို့ ထင်ပါတယ်"

ယူဆန်းအာက ခေါင်းညိတ်ပြပြီး ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ကျနော့်ကို တိုးတိုးလေး ပြန်ပြောလာသည်။

"မသေပါစေနဲ့"

ကျနော် ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ယောင်ဟီဝန်က မေးလိုက်သည်။

"...အခုထိ မသွားသေးဘူးလား။ ငါက နက္ခတ် တစ်ပါး မဟုတ်ပေမဲ့ သူတို့တွေ စိတ်မရှည်ဖြစ်နေလောက်ပြီ"

ယူဆန်းအာက မျက်နှာနီမြန်းသွားကာ နောက်သို့ ဆုတ်သွားစဉ် ကျနော်နှင့် ကျနော့်အဖွဲ့သားများက ကူပြောင်း သလင်းကျောက် ဆီသို့ ချဉ်းကပ်လိုက်ကြသည်။ ကျနော်က ကပ်ဘေးများထံမှ ရရှိခဲ့သမျှ အရာအားလုံးကို ထုတ်ယူလိုက်သည်။

အီမြွန်တာကာကွယ်ရေးရတနာ။

ကပ်ပါးကောင်များ၏ ကာကွယ်ရေးရတနာ။

ဂျီနိုဘဲ၏ ကာကွယ်ရေးရတနာ။

ထို့နောက် ယူဂျွန်ဟော့နှင့် အကျဉ်းသားနံပါတ် ၄၀၆ တို့က တစ်ခုစီ ထုတ်လိုက်ကြသည်။ သူတို့ထုတ်လိုက်သောပစ္စည်းများမှာ ရေခဲကပ်ဘေးနှင့် ရေကပ်ဘေးတို့ကို အနိုင်ယူရာမှ ရရှိခဲ့သော ကာကွယ်ရေးရတနာများ ဖြစ်သည်။

[ ကာကွယ်ရေးရတနာ ငါးခုကို ထည့်သွင်းပါ။ ]

ကူပြောင်း သလင်းကျောက် ထံမှ မက်ဆေ့ချ်များ ထွက်ပေါ်လာပြီး ကျနော်တို့က ပစ္စည်းတို့ကို အပေါက်ငယ်များထဲသို့ ထည့်လိုက်ကြသည်။

ကာကွယ်ရေးရတနာ ငါးခု ရှိနေလေသည်။ ထိုသို့ရှိနေခြင်းမှာ ဤကမ္ဘာကြီးကို ကပ်ဘေးများ၏ ရန်မှ ကာကွယ်ထားနိုင်ခြင်း၏ သက်သေပင် ဖြစ်၏။ ကပ်ဘေးများမှ အသက်ရှင် လွတ်မြောက်လာသူများသာ အခြားကမ္ဘာများသို့ သွားရန် အရည်အချင်း ပြည့်မီကြသည်။

[ အရည်အချင်း ပြည့်မီသွားပါပြီ။ ]

[ ကူပြောင်း သလင်းကျောက် ကို စတင် အသုံးပြုနိုင်ပါပြီ။ ]

သလင်းကျောက်မှာ လေးပိုင်းကွဲသွားပြီး အပြာရောင်တံခါးတစ်ခု ဖြစ်ပေါ်လာသည်။ နှစ်ယောက်တစ်တွဲစီ ကျနော်တို့ဝင်သွားကြ၏။ ရှင်ယူဆောင်းနှင့် ကျနော်က တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ လက်ချင်းဆုပ်ကိုင်ထားပြီး တံခါးထဲသို့ ဝင်ရောက်သွားလိုက်သည်။

[ အဓိက ဇာတ်ဝင်ခန်းကို အဆင့်မြှင့်တင်မှု လုပ်ပြီးပါပြီ။ ]

…………………………………………………………………………………………….

ကျနော် မျက်လုံးဖွင့်လိုက်သောအခါ ရှင်ယူဆောင်းနှင့် ကျနော်မှာ စိမ်းလန်းစိုပြည်သော တောအုပ်တစ်ခုထဲသို့ ရောက်ရှိနေကြောင်း မြင်လိုက်ရတော့သည်။ ကျနော်တို့တွေ ယိမ်းယိုင်သွားကြပြီး မြေကြီး၏ ရွှံ့စေးဆန်သော အထိအတွေ့ကို ခံစားလိုက်ရ၏။ ကျနော် အော့အန်ချင်လာသည်အထိ ခေါင်းမူးနေခဲ့သည်။ အဖွဲ့သားများကို မထိတ်လန့်ကြရန် ပြောထားခဲ့သော်လည်း ကျနော်တစ်ဦးတည်းသာ ခေါင်းမူးနေသည်မှာ ရယ်စရာပင်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှင်ယူဆောင်းမှာလည်း အော့အန်နေသည်ကို မြင်လိုက်ရသည်။

"အဆင်ပြေရဲ့လား"

"ဝေါ့..."

ရှင်ယူဆောင်း၏ ကျောကို ပုတ်ပေးရင်း ပတ်ဝန်းကျင်ကို ကျနော် ဝေ့ကြည့်လိုက်သည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း ဤသို့ ဝရုန်းသုန်းကား အခြေအနေမျိုးတွင် ဆက်ရှိနေ၍မဖြစ်ချေ။ ကျနော့် ရှေ့၊ နောက်နှင့် ဘေးဘက်များကို ကြည့်လိုက်သော်လည်း တောအုပ်ကိုသာ မြင်တွေ့ရသည်။

တောအုပ်၏ အလယ်ဗဟိုသို့ ကျနော်တို့ရောက်ရှိနေခြင်း ဖြစ်သည်။ ဤရှုခင်းမှာ ကမ္ဘာမြေနှင့် အလွန်ပင် ဆင်တူလှသည်။

[ အဓိက ဇာတ်ဝင်ခန်း ‘စွန့်ပစ်ခံရသော ကမ္ဘာ’ စတင်ပါပြီ။ ]

ဇာတ်ဝင်ခန်း မက်ဆေ့ချ်မှာ ချက်ချင်းပင် တက်လာခဲ့သည်။ သို့သော်လည်း အဓိက ဇာတ်ဝင်ခန်း၏ အသေးစိတ် အချက်အလက်များကို စစ်ဆေးရန် ကျနော့်မှာ အချိန်မရှိသေးပေ။ အနီးနားရှိ ချုံပုတ်များထဲမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ခံစားနေရပြီ ဖြစ်သည်။

"ယူဆောင်း"

ရှင်ယူဆောင်းမှာ သတိပြန်ဝင်လာပြီး ခေါင်းမော့လိုက်သည်။ ချုံပုတ်များထဲမှ တရှပ်ရှပ်အသံများ ထွက်ပေါ်လာ၏။ ဤနေရာမှာ ဇာတ်ဝင်ခန်းသစ်သို့ ဝင်ရောက်လာသူများ နေရာကူးပြောင်းခံရသော နေရာများထဲမှ တစ်ခု ဖြစ်သည်။ အဆိုးဆုံးကို တွေးကြည့်မည်ဆိုလျှင် ထိုချုံပုတ်ထဲတွင် ရှိနေသူများမှာ ကျနော်တို့ထက် အရင်ရောက်နှင့်နေသော အခြားနိုင်ငံများမှ ကိုယ်စားလှယ်များ ဖြစ်နိုင်သည်။

ကျနော်က စာမှတ်စွမ်းရည်ကို အသုံးပြုရန် စိုးရိမ်တကြီး ပြင်ဆင်လိုက်သည်။ ဤကမ္ဘာသို့ နေရာကူးပြောင်းခံရသူများမှာ အတော်ဆုံးသူများထဲမှ ထိပ်သီးများ ဖြစ်ကောင်းဖြစ်နိုင်၏။ အကယ်၍ အစပိုင်းတွင် အစွမ်းကုန် မကြိုးစားပါက မျက်စိတစ်မှိတ်အတွင်း ကျနော့်ခေါင်း လွင့်သွားနိုင်လေသည်။ သို့သော်လည်း ချုံပုတ်ထဲမှ ထွက်လာသောအရာမှာ ကျနော် မျှော်လင့်ထားသလို ဖြစ်မနေခဲ့ပေ။

[သတ္တမအဆင့် သတ္တဝါ ‘သံမဏိဝံပုလွေ’ ပေါ်လာပါပြီ။ ]

ထိုအသံကို ကြားလိုက်ရပြီးနောက် ရှင်ယူဆောင်းနှင့် ကျနော်မှာ တူညီသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရယ်စရာကောင်းလှသည်။ ဤမက်ဆေ့ချ်ကြောင့် စိတ်သက်သာရာရမည့်သူမှာ ကျနော်တို့နှစ်ယောက်သာ ရှိပေလိမ့်မည်။

"သူတို့က တော်တော်လေး သေးတာပဲနော်။ ဦးလေး"

သာမန် သားရဲသတ္တဝါများမှာ အိမ်တစ်လုံးစာမျှ ကြီးမားတတ်သော်လည်း လက်ရှိ သံမဏိဝံပုလွေများမှာ သာမန်ဝံပုလွေများ၏ အရွယ်အစားမျှသာ ရှိသည်။ အရေအတွက် ၁၀ ကောင်ခန့် ရှိနေသော်လည်း ထိုအရေအတွက်မှာ ကိုင်တွယ်ရခက်သော အရေအတွက် မဟုတ်ပေ။

[ ဇာတ်ကောင် ‘ရှင်ယူဆောင်း’ က ‘အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်း အဆင့် ၃’ ကို အသုံးပြုလိုက်ပါသည်။ ]

ရှင်ယူဆောင်းက သားရဲသတ္တဝါများ အချင်းချင်း တိုက်ခိုက်စေရန် အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်းကို အသုံးပြုလိုက်သည်။ ရှင်ယူဆောင်း ယဉ်ပါးအောင် မလုပ်နိုင်ခဲ့သော ကောင်များကိုမူ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးဖြင့် သတ်ဖြတ်လိုက်သည်။ သတ္တမအဆင့် သားရဲသတ္တဝါများမှာ မယုံနိုင်လောက်အောင်ပင် အားနည်းလွန်းလှသည်။ သူတို့၏ အရွယ်အစား သေးငယ်သွားသည်နှင့်အမျှ ခွန်အားများလည်း လျော့နည်းသွားပုံရ၏။

ရှင်ယူဆောင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"...ဟမ်။ ဒင်္ဂါးတွေ မရပါလား"

"ပွဲက ပြီးသွားပြီလေ"

"ပစ္စည်းတွေလည်း မရှိဘူး။ အူတိုင်တွေလည်း မပါဘူး"

"စွမ်းရည်တွေမှာ အများကြီး ကွာခြားချက် ရှိနေလို့ပါ"

"သူတို့က တကယ်ပဲ သတ္တမအဆင့် သားရဲသတ္တဝါတွေ ဟုတ်လို့လား။နဝမအဆင့် တွေနဲ့ ပိုတူနေသလိုပဲ..."

ရှင်ယူဆောင်းမှာ အနည်းငယ် ဇဝေဇဝါဖြစ်နေပုံရသည်။ စိုးရိမ်ပူပန်နေပြီးမှ ပထမဆုံး တွေ့လိုက်ရသော သားရဲသတ္တဝါများက အလွန်အားနည်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။

ထိုအချက်ကို တွေးမိမှ တောအုပ်၏ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေမှန်း သတိပြုမိသည်။ ဤကဲ့သို့သော တောအုပ်မျိုးတွင် ပုံမှန်အားဖြင့် သစ်ပင်များမှာ ကျနော့်ခေါင်းထက် အများကြီး မြင့်မားနေရမည် ဖြစ်သည်။ သို့သော်လည်း ဤသစ်ပင်များမှာ ကျနော့်ခေါင်းထက် အနည်းငယ်သာ မြင့်ကြသည်။

ဇာတ်ဝင်ခန်း၏ အကြောင်းအရာများမှာ လျှို့ဝှက်ချက် ဖြစ်နေဆဲပင်။

‘စွန့်ပစ်ခံရသော ကမ္ဘာ’ ဆိုသည့် ခေါင်းစဉ်သာ ရှိပြီး ကျန်သောအရာအားလုံးမှာ မေးခွန်းထုတ်စရာများဖြင့်သာ ပြည့်နှက်နေသည်။

[ ဇာတ်ဝင်ခန်း စတင်ရန် အခြေအနေများနှင့် မကိုက်ညီသေးပါ။ ]

ကျနော် အနည်းငယ် ခုန်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သစ်ပင်များမှာ မမြင့်သောကြောင့် အနည်းငယ် ခုန်လိုက်ရုံဖြင့် ပတ်ဝန်းကျင် ရှုခင်းများကို မြင်တွေ့နိုင်ခဲ့သည်။

"ဒီနေရာ တစ်ခုလုံးက တောအုပ် မဟုတ်ဘူး။ ဟိုဘက်ကို သွားကြရအောင်"

အမှန်စင်စစ် ဤဇုန်မှ ထွက်သွားလျှင် မည်သည့်အရာနှင့်တွေ့ရမည်ကို ကျနော် သိထားပြီးသား ဖြစ်သည်။ တောလမ်းအတိုင်း ကျနော်တို့ လျှောက်လာခဲ့ကြသည်။ မကြာမီတွင် တောအုပ်မှာ ဆုံးသွားပြီး လွင်ပြင်တစ်ခု ပေါ်လာသည်။ လွင်ပြင်ထက်တွင်မူ...

"...ဦးလေး"

စစ်သည်အုပ်စုတစ်စုနှင့် ကျနော်တို့ရင်ဆိုင်လိုက်ရသည်။

"သူတို့ ပေါ်လာပြီ။ ဒါက တကယ် ဇာတ်ဝင်ခန်းပဲ"

တစ်စုံတစ်ယောက်က ကျနော်တို့ကို အော်ဟစ်လိုက်သည်။ ထိုအော်ပြောလိုက်သောစကားမှာ ဂြိုဟ်သားဘာသာစကား ဖြစ်သော်လည်း ကိုးရီးယားစကားနှင့် ဆင်တူနေသည်။

စိတ်ရှုပ်ထွေးနေသော ရှင်ယူဆောင်းမှာ ကျနော့်ဘက်သို့ တိုးကပ်လာခဲ့သည်။

ကျယ်ပြောသော လွင်ပြင်ထဲတွင် စစ်သည် ရာပေါင်းများစွာ ပြည့်နှက်နေ၏။ မြင်းစီးစစ်သည် ဒါဇင်ပေါင်းများစွာနှင့် လေးသည်တော် ရာချီရှိနေသလို ခြေလျင်တပ်သား ရာပေါင်းများစွာလည်း ရှိနေလေသည်။ ဤနေရာတွင် ကျနော်တို့ကို စောင့်ကြိုနေသော စစ်ပွဲတစ်ခုအတွက် လူအင်အား လုံလောက်စွာ ရှိနေလေသည်။

"အားလုံးပဲ စွမ်းရည်တွေ ပြင်ထားကြ"

"ရှေ့တိုးဖို့ ပြင်တော့"

လူအများအပြားက ကျနော်တို့ဆီသို့ လှံများဖြင့် ချိန်ထားကြသည်။ ကျနော်တို့မှာ ဘာမှမလုပ်ရသေးသော်လည်း ရန်သူများအဖြစ် အမြင်ခံလိုက်ရပြီ ဖြစ်သည်။

"တိုက်ခိုက်ကြဟေ့"

ပုံမှန်ဆိုလျှင် ဤမြင်ကွင်းမှာ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းနေပေလိမ့်မည်။ ထိုသူတို့၏ အရွယ်အစားသာ ပုံမှန်အတိုင်း ဖြစ်မနေခဲ့လျှင်ပေါ့။

"ကျားးး"

လွင်ပြင်ကို ဖြတ်ကျော်ကာ ပြေးလာနေသော စစ်သည်များမှာ ကျနော့်လက်သီးဆုပ်ခန့်သာ ရှိသော လူသေးသေးလေးများ ဖြစ်နေကြသည်။

ရှင်ယူဆောင်းက အော်ပြောလိုက်၏။

"သူတို့က သေးသေးလေးတွေပါလား"

"သူတို့က ဒီနေရာက ဒေသခံတွေပဲ"

"သမီးတို့ သူတို့နဲ့ တကယ်ပဲ တိုက်ဖို့ လိုလို့လား"

ရှင်ယူဆောင်းမှာ ပြေးလာနေသော လူသေးသေးလေးများထံမှ နောက်သို့ ဆုတ်လိုက်သည်။

"...သူတို့က သေးသေးလေးတွေမို့လို့ သနားမိတယ်"

[ သင်သည် ဤကမ္ဘာ၏ လူသားများနှင့် တွေ့ဆုံခဲ့ပြီ ဖြစ်သည်။ ဇာတ်ဝင်ခန်း အကြောင်းအရာကို စစ်ဆေးပါ။ ]

ထိုစဉ် အဝေးတစ်နေရာမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဟို... ဟိုဘက်မှာ ကပ်ဘေးတစ်ခု ပေါ်လာပြီ"

"အား"

"ပြေး... ပြေးကြတော့။ အမြန်ဆုတ်ကြ"

ကျနော်တို့ဘက်သို့ ပြေးလာနေသော လူသေးသေးလေးများမှာ ပြန်လည် ထွက်ပြေးသွားကြသည်။ အဝေးမှ ကိုယ်စားလှယ်များက လူသေးသေးလေးများကို သတ်ဖြတ်နေသောကြောင့် ဖြစ်၏။

"ဟားဟားဟား"

"ဒါက ဘာကြီးလဲ။ တကယ့်ကို လွယ်ကူတဲ့ ဇာတ်ဝင်ခန်းပဲ!"

ထိုဘာသာစကားမှာ အခြားဘာသာစကားတစ်ခုကို စနစ်က ဘာသာပြန်ပေးနေခြင်း ဖြစ်ပေလိမ့်မည်။ ဓါးများကို ကိုင်ဆောင်ထားသော ဆာမူရိုင်းနှစ်ဦးကို မြင်လိုက်ရ၏။ သူတို့တွေသည် ဂျပန်များ ဖြစ်ကြပြီး လူသေးသေးလေးများကို ပိုးကောင်များသဖွယ် ပေါ့ပေါ့ပါးပါးပင် ခုတ်ထစ်နေကြပြီး ကစားနေသကဲ့သို့ ဖြစ်နေလေသည်။

ရှင်ယူဆောင်းမှာ ထိုသို့ ရက်ရက်စက်စက် သတ်ဖြတ်နေမှုကို ကြည့်ရင်း တုန်လှုပ်ချောက်ချားစွာဖြင့် အော်ပြောလိုက်သည်။

"...ဦးလေး။ ဒါက ဘာဇာတ်ဝင်ခန်းကြီးလဲ။ သမီးတို့ ဘာလုပ်သင့်သလဲ"

ယူဂျွန်ဟော့က ရှင်ယူဆောင်းကို အဘယ်ကြောင့် ခေါ်မလာချင်ခဲ့မှန်း ကျနော် သိလိုက်ရသည်။ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် သူက ကျနော့်ထက် ပိုပြီး လူသားဆန်နေလေ၏။

"ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲမှာ ဇာတ်ဝင်ခန်းတွေကို ငါတို့ဂြိုဟ်တစ်ခုတည်းက လုပ်ဆောင်နေရတာ မဟုတ်ဘူး"

လွင်ပြင်ထဲမှ ထွက်ပြေးနေကြသော လူသေးသေးလေးများကို ကျနော် လက်ညှိုးညွှန်ပြလိုက်သည်။

"ဒီဇာတ်ဝင်ခန်းက သူတို့နဲ့ ငါတို့ အတူတူ မျှဝေပြီး လုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းပဲ"

[ နက္ခတ်အများအပြားမှာ အကြမ်းဖက်မှုနှင့် သွေးဆာမှုတို့ကို ငတ်မွတ်နေကြပါသည်။ ]

[ နက္ခတ်အမြောက်အမြားက သင့်ကို ရဲရင့်သော ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် တိုက်တွန်းနေကြပါသည်။ ]

[ အဓိက ဇာတ်ဝင်ခန်းကို စတင်လိုက်ပါပြီ။ ]

[ အဓိက ဇာတ်ဝင်ခန်း # ၆ - စွန့်ပစ်ခံရသော ကမ္ဘာ ]

အမျိုးအစား

အဓိက

ခက်ခဲမှု

S

ပြီးမြောက်ရန် အခြေအနေ

ဂြိုဟ်အမှတ်စဉ် ၉၈၇၁ ဖြစ်သော ‘ငြိမ်းချမ်းမြေ’ ဟု ခေါ်သည့်

ဂြိုဟ်ပေါ်ရှိ အဓိကမျိုးစိတ်အားလုံးကို သုတ်သင်ဖျက်ဆီးပါ။

အချိန်ကန့်သတ်ချက်

ရက်ပေါင်း ၄၀

ဆုလာဘ်

ဒင်္ဂါး ၂၀၀,၀၀၀၊ ???

ကျရှုံးမှု

သေဆုံးခြင်း

ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းတွင် ကျနော်တို့မှာ ကပ်ဘေးကို တားဆီးရမည့် အခန်းကဏ္ဍတွင် မရှိတော့ပေ။

[ သင်သည် ငြိမ်းချမ်းမြေ ဂြိုဟ်၏ ကပ်ဘေးတစ်ခု ဖြစ်လာပါပြီ။ ]

ဤနေရာတွင် ကျနော်တို့မှာ ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်ရမည့် ကပ်ဘေးများ ဖြစ်ကြတော့၏။

အခန်း ၁၂၁

- အပိုင်း ၂၄ - ပြောင်းလဲနိုင်သော အရာများ (၁)

မကြာမီပင် လွင်ပြင်တစ်ခုလုံးတွင် တိုက်ပွဲမှ စီးကျလာသော သွေးများဖြင့် စွန်းထင်းသွားလေတော့သည်။ မဟုတ်သေးပေ။ ဤအခြေအနေကို တိုက်ပွဲဟုပင် ခေါ်ဆို၍ မရနိုင်ချေ။

လူသေးသေးလေးများ၏ စုတ်ပြဲနေသော အသားစများကြားမှ ကလီစာများ ထွက်ကျလာသည်။ ဂျပန်များ လှုပ်ရှားလိုက်တိုင်း လူသေးသေးလေးများမှာ နင်းခြေခံကြရ၏။

"အားးးးး"

"က-ကယ်ကြပါ။ ကယ်ကြပါဦး"

သေးငယ်သော အော်ဟစ်သံများ ဖြစ်နိုင်သော်လည်း အသက်ဟူသည့် တန်ဖိုးမှာမူ အတူတူပင် ဖြစ်သည်။ သူတို့မှာ အရွယ်အစား သေးငယ်ကြသော်လည်း ဇာတ်ဝင်ခန်းများ မရောက်လာခင်အထိ ကမ္ဘာပေါ်ရှိ လူသားများကဲ့သို့ပင် ပုံမှန်ဘဝဖြင့် နေထိုင်ခဲ့ကြသူများ ဖြစ်လေသည်။ လူများမှာ စားသောက်ကြသည်။ အလုပ်လုပ်ကြသည်။ မိသားစုနှင့်အတူ သာမန်ဘဝကို ဖြတ်သန်းခဲ့ကြသည်...။

ကမ္ဘာမှ ရင်းနှီးပြီးသား မြင်ကွင်းများမှာ လဲကျသေဆုံးနေသော လူသေးသေးလေးများ၏ ရုပ်အလောင်းများနှင့် ထပ်တူကျနေပေသည်။

ဂျပန် ကိုယ်စားလှယ်များမှာ အော်ဟစ်လိုက်ကြသည်။

"ဟားဟားဟား။ အရသာရှိချက်ကွာ"

ရှင်းကွမ် သာ ဤခေတ်တွင် မွေးဖွားခဲ့ပါက ပိုကောင်းပေလိမ့်မည်။ လူ့သဘာဝသည် အခြေခံအားဖြင့် ယုတ်မာကောက်ကျစ်ကြောင်း သက်သေအထောက်အထားများမှာ နေရာအနှံ့တွင် ရှိနေသည့် ခေတ်ကာလပင် ဖြစ်သည်။

တစ်စုံတစ်ယောက်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သားကောင်များမှာ စွမ်းအားနှင့် ဆုလာဘ်များ ရရှိလာသည့်အခါတွင် ချက်ချင်းပင် ကျူးလွန်သူများအဖြစ် ပြောင်းလဲသွားကြ၏။ သူတို့မှာ တစ်ကြိမ်တစ်ခါ ခံခဲ့ရဖူးသည့်အတွက် တူဖြစ်တုန်း နာနာနှက်မည်ဟူသော အတွေးဖြင့် ပို၍ပင် ဆိုးရွားနေနိုင်ခြင်း ဖြစ်လောက်သည်။

ရှင်ယူဆောင်းက ကျနော့်ကို မေးလိုက်သည်။

"...သူတို့တွေ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်ရတာလဲ"

ထိုမေးခွန်းမှာ ရှင်ယူဆောင်း တကယ် သိချင်၍ မေးသော မေးခွန်း မဟုတ်ပေ။ ရှင်ယူဆောင်းသည် ထိုမေးခွန်း၏ အဖြေကို သိနှင့်ပြီးသား ဖြစ်၏။ ကျနော် ဘာစကားမှ မဆိုဘဲ ရှင်ယူဆောင်း၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ ရှင်ယူဆောင်း၏ ပုခုံးများမှာ လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသူတစ်ဦးကဲ့သို့ တုန်ရီနေ၏။

"ဒါက အရမ်းလွန်လွန်းတယ်..."

ဒင်္ဂါးများကို ရယူရန်၊ ပစ္စည်းအသစ်များကို ရယူရန်၊ စွမ်းရည်များကို ရယူပြီး ပိုမိုသန်မာလာရန်။ လူတို့သည် ဤကမ္ဘာတွင် အနည်းငယ် ပိုမိုကြာရှည်စွာ ရှင်သန်နိုင်မည့် နည်းလမ်းကို မသိကြချေ။ ထို့ကြောင့် ရှင်သန်သူအားလုံးမှာ အခြားသော ရှင်သန်သူများကို နားလည်ပေး၍ရကြသည်။ အချို့သော ရှင်သန်သူများမှာမူ ထိုသို့ နားလည်ပေးမိသည့်အတွက်ကြောင့်ပင် အရှက်ရစိတ်ဖြင့် ရှင်သန်နေကြရ၏။

"က-ကပ်ဘေးကြီး..."

လူသေးသေးလေးတစ်ဦးမှာ ကျနော်တို့ ခြေဖဝါးနားသို့ တွားသွားလာသည်။

"ကျေ-ကျေးဇူးပြုပြီး... သနားညှာတာပေးပါ..."

သာမန်အသိထက် ကျော်လွန်သော စွမ်းအားမှာ ကြောက်ရွံ့မှုနှင့် ရိုသေခန့်ညားမှုကို ဖြစ်ပေါ်စေသည်။ ငြိမ်းချမ်းမြေ ၏ နေထိုင်သူများအတွက် လူသားများမှာ နတ်ဘုရားများ ဖြစ်သလို ကပ်ဘေးများလည်း ဖြစ်ကြသည်။

ကျနော် ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး လူသေးသေးလေးထံသို့ လက်ညှိုးတစ်ချောင်း ကမ်းပေးလိုက်သည်။ သူ၏လက်မှာ ကျနော့်လက်ညှိုးဆီသို့ လှမ်းတက်လာ၏။ လူသေးသေးလေးသည် ကျနော့်လက်ချောင်းထိပ်နှင့် ထိတွေ့မိသည့်အခါ အသက်ရှူသံများမှာ ပြင်းထန်လာသည်။

လူသေးသေးလေး၏ နောက်ဆုံးထွက်သက် အချိန်တွင် သူ၏မျက်နှာပေါ်၌ ထူးဆန်းသော ပျော်ရွှင်မှုတစ်ခု ယှက်သန်းသွားသည်။ ၎င်းမှာ နတ်ဘုရားတစ်ပါးကို ထိတွေ့လိုက်ရပြီး ကယ်တင်ခြင်း ခံလိုက်ရသည့်အလားပင်။

[ ကပ်ဘေးတစ်ခု၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပါ။ ]

ယခုမူ ကျနော်တို့မှာ ဤလူသေးသေးလေးများကို သတ်ဖြတ်ရပေတော့မည်။ ရှင်ယူဆောင်းမှာ ကျနော့်ဘေးတွင် ဆူပွက်နေသော မှော်စွမ်းအင်များကို ထုတ်လွှတ်နေသည်အား ကျနော် ခံစားလိုက်ရသည်။ ရှင်ယူဆောင်းမှာ ဂျပန်များထံသို့ ချက်ချင်း ပြေးဝင်သွားမည်ကို ကျနော် စိုးရိမ်မိသော်လည်း ရှင်ယူဆောင်း၏ သတ်ဖြတ်လိုစိတ်မှာ သတ်သင့်သောသူ ဘက်သို့ ဦးတည်နေပေသည်။

"အဲဒီ... အဲဒီကောင်က ဒီဇာတ်ဝင်ခန်းကို ဖန်တီးခဲ့တာလား"

ရှင်ယူဆောင်းညွှန်ပြလိုက်သူမှာ အလယ်အလတ်အဆင့် ဒိုကဲဘီပင် ဖြစ်သည်။ အဆင့်နိမ့် ဒိုကဲဘီများနှင့် မတူဘဲ ကြည့်ကောင်းသော ဒိုကဲဘီတစ်ဦးမှာ လက်ပိုက်လျက် လေထဲတွင် အားစိုက်စရာမလိုဘဲ ပျံဝဲနေ၏။ ထိုဒိုကဲဘီမှာ ဌာနသို့ အဖမ်းခံခဲ့ရသော ပေါလ် မဟုတ်ပေ။ ပေါလ်သည် ယခုအချိန်တွင် ငရဲ၏ အပူရှိန်အောက်၌ အရည်ပျော်နေပေလိမ့်မည်။

ကျနော် ကြိုတင်ဖတ်ထားခဲ့သော Ways of Survival ထဲမှ စာသားကို သတိရလိုက်မိသည်။

「 စွန့်ပစ်ခံရသော ကမ္ဘာ ဇာတ်ဝင်ခန်း၏ အလယ်အလတ်အဆင့် ဒိုကဲဘီ။ သူ၏ အမည်မှာ ဂါနူးလ် ဖြစ်သည်။ 」

အလယ်အလတ်အဆင့် ဒိုကဲဘီ ဂါနူးလ်က ပြောလိုက်သည်။

[ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဂျပန်ဒေသရဲ့ တတိယအသုတ် ကစားသမားတွေက အစကတည်းက အားတက်သရော ရှိနေကြတာပဲ။ ငြိမ်းချမ်းမြေ မှာ ဒင်္ဂါးတွေ အများကြီး ရှာနိုင်ကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ် ]

တတိယအသုတ် ဆိုပါလား...။

မျှော်လင့်ထားသည့်အတိုင်းပင် ဂျပန်ဒေသ၏ ဇာတ်ဝင်ခန်းမှာ အလွန်ပင် ခက်ခဲလှပေသည်။

"ဟားဟား။ ဒါက တကယ့်ကို အမိုက်စားပဲ။ ဒါကြောင့်မို့လည်း ပထမနဲ့ ဒုတိယအသုတ် လူတွေက အမြန်ပြေးဝင်လာကြတာကိုး"

"အခုဝင်လာနေတဲ့ ဒင်္ဂါးတွေကို မြင်လား။ ဒီဇာတ်ဝင်ခန်းက ငွေစက္ကူရိုက်စက်လိုပဲကွ"

[ နက္ခတ်အများအပြားမှာ စိတ်လှုပ်ရှားနေကြပါသည်။ ]

[ အချို့သော နက္ခတ်များမှာ လူသေးသေးလေး ၁၀ ဦးကို တစ်ပြိုင်နက် သတ်ဖြတ်သည်ကို မြင်တွေ့လိုကြပါသည်။ ]

မကြာမီပင် ရှင်ယူဆောင်း၏ မျက်နှာပေါ်၌ ဒေါသရိပ်များ ပြည့်နှက်သွားလေတော့သည်။

"ဒီကောင်တွေကြောင့်..."

သို့သော်လည်း ရှင်ယူဆောင်း၏ ဒေါသများမှာ ထွက်စရာ နေရာမရှိချေ။ နက္ခတ်များမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ အထက်တွင် ရှိနေကြသည်။ သူတို့မှာ ရှင်ယူဆောင်းကဲ့သို့ သာမန် ကိုယ်စားလှယ်တစ်ဦး ရင်ဆိုင်နိုင်မည့် သူများ မဟုတ်ကြချေ။ ထို့ကြောင့် ကျနော်တို့ လုပ်နိုင်သမျှမှာ ဤဒေါသများကို လွှဲချရန် အစားထိုးတစ်ဦးကို ရှာဖွေရုံသာ ရှိပေသည်။

"ဟားဟားဟား။ တစ်ခါတည်းနဲ့ ၁၀ ယောက်ဆိုပဲ။ မင်းတို့ကို အရင်ဆုံး သတ်ပစ်မယ်"

ပျော်ရွှင်စွာဖြင့် ဓါးများကို ဝင့်ယမ်းနေကြသော ဂျပန်များ၏ မျက်လုံးထဲတွင် အသိစိတ်ကိုပင် ကျနော် ရှာမတွေ့တော့ချေ။ သူတို့၏ မျက်လုံးထဲတွင် ထိုလူသေးသေးလေးများမှာ အသက်ရှင်နေသော ဒင်္ဂါးများအဖြစ်သာ ရှိနေကြ၏။

"ဦးလေး၊ ဒါက..."

ထိုစဉ် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် လူသေးသေးလေးတစ်ဦးမှာ စစ်သည်များကြားမှ ထွက်လာသည်။ သူသည် ဤတပ်မတော်၏ တပ်မှူးဖြစ်ပုံရ၏။

"ကယ်ဆေးဗီးယားအတွက် ဂုဏ်ယူဝင့်ကြွားစွာတိုက်ကြစမ်း"

တပ်မှူးသည် ဓါးကိုဝင့်ကာ ကပ်ဘေးကြီးထံသို့ သတ္တိရှိရှိ ပြေးဝင်သွားသည်။ ဂျပန်များမှာ စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပြီး သူတို့၏ဓါးများကို ဝှေ့ယမ်းလိုက်ကြ၏။

အံ့ဩစရာကောင်းသည်မှာ ထိုလူသေးသေးလေးသည် လျင်မြန်သော လှုပ်ရှားမှုများဖြင့် ရှောင်တိမ်းသွားခြင်းပင်။ အံ့အားသင့်သွားသော ဂျပန် ကိုယ်စားလှယ်မှာ အော်ဟစ်လိုက်သည်။

"ဘာ-ဘာလဲဟ"

တပ်မှူးသည် ဓါးသွားပေါ်တွင် ပြေးလွှားရင်း ဂျပန်၏ လက်ဖမိုးကို ပထမဆုံးအကြိမ်အဖြစ် ဓါးဖြင့် ထိုးနှက်နိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းရည်ပင် ဖြစ်၏။ လန့်ဖျပ်သွားသော ဂျပန်ကောင်မှာ ထိုလူသေးသေးလေးကို ခါချရန် လက်များကို ဝှေ့ယမ်းလိုက်တော့သည်။

"ချီးပဲ။ နာလိုက်တာ"

လူသေးသေးလေးမှာ လွင်ပြင်ပေါ်သို့ လွှင့်စင်ကျသွားစဉ် အော်ဟစ်လိုက်ရ၏။ အခြားဂျပန်များမှာ သဘောကျစွာဖြင့် ရယ်မောကြသည်။

"တကယ့်ကို သတ္တိခဲလေးပဲ မဟုတ်လား"

အောင်မြင်သော တိုက်ခိုက်မှုမျိုး မဟုတ်ခဲ့သော်လည်း အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သည့် လူသေးသေးလေး၏ မျက်နှာပေါ်တွင် မှေးမှိန်သော အပြုံးတစ်ခု ရှိနေပေသည်။ ဂျပန်ကောင်၏ လက်ဖမိုးပေါ်တွင် အပ်ဖြင့် ထိုးထားသကဲ့သို့ သေးငယ်သော အစင်းရာလေးတစ်ခု ထင်ကျန်ခဲ့၏။

"ကြည့်-ကြည့်ကြစမ်း။ ကပ်ဘေးကြီးမှာ သွေးထွက်နေပြီ"

"ကျားးး"

၎င်းမှာ သွေးတစ်စက်မျှသာ ဖြစ်သည်။ သို့သော် ထိုသွေးတစ်စက်မှာ လူသေးသေးလေးများအတွက်မူ အံ့ဖွယ်နိမိတ်ပင်။ သူတို့သည်လည်း ကပ်ဘေးကို သတ်ဖြတ်နိုင်ကြောင်းသိလိုက်ရပေသည်။ နတ်ဘုရားများ သွေးထွက်နေလေပြီ။ တစ်စက်တည်း ဖြစ်သော်လည်း လူသေးသေးလေးများကို သင်ခန်းစာ ပေးလိုက်ခြင်းပင်။

"ငါတို့ လုပ်နိုင်တယ်။ တိုက်ကြ။ နောက်ထပ် နည်းနည်းလောက် တောင့်ခံကြ"

လူသေးသေးလေးများမှာ ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ပြီး ကပ်ဘေးကြီးထံသို့ ဦးတည်ကာ ပြေးထွက်လာကြသည်။

"ဘာတွေ ဖြစ်နေတာလဲ"

"ထွက်သွားစမ်း။ ပိုးကောင်တွေ"

လူသေးသေးလေးများသည် သွားကြားထိုးတံထက်ပင် သေးငယ်သော ဓါးများကို ဂျပန်များထံသို့ ဝှေ့ယမ်းကြသည်။ အသုံးမဝင်သော မြားများမှာ လေထုထဲတွင် ပြည့်နှက်နေပြီး မြင်းတပ်သည်လည်း လက်မလျှော့ဘဲ စစ်ကြောင်းကို ထိန်းသိမ်းကာ လှံများကို ဂျပန်များ၏ ခြေဖဝါးဆီသို့ ဦးတည်ကာ ထိုးထည့်ကြ၏။ ထိရောက်မှု မရှိသေးသော်လည်း လူသေးသေးလေးများမှာ အရှုံးမပေးကြချေ။

ရှင်ယူဆောင်းသည် ထိုမြင်ကွင်းကို လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ကြည့်နေသည်။ ထို့နောက် သွယ်ဝိုက်သော မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာ၏။

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် ‘ဂီလီမီယမ်’ (Gillemium) ကိုယ်စားလှယ်ကို ထောက်ပံ့နေပါသည်။ ]

ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် သေးငယ်သော ဂြိုဟ်တစ်ခုပေါ်တွင် မွေးဖွားခဲ့ပြီး လူသေးသေးလေးများ၏ ယုံကြည်ကိုးကွယ်မှုအပေါ်တွင် ကြီးထွားလာခဲ့သော နက္ခတ်တစ်ခုပင် ဖြစ်သည်။

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် ‘ဂီလီမီယမ်’ ကိုယ်စားလှယ်ထံသို့ ၁၀ ဒင်္ဂါး ထောက်ပံ့လိုက်ပါသည်။ ]

‘ဂီလီမီယမ်’ ဟု ခေါ်သော ကိုယ်စားလှယ်မှာ ဂျပန်ကောင်ကို ပထမဆုံးအကြိမ် ထိခိုက်အောင် လုပ်နိုင်ခဲ့သည့် လူသေးသေးလေး၏ အမည် ဖြစ်ဟန်တူ၏။

"ကယ်ဆေးဗီးယားးးး"

လူသေးသေးလေးအားလုံးမှာ နောက်ထပ် အနည်းငယ်မျှ ထပ်မံတိုက်ခိုက်ပါက အနိုင်ရနိုင်တော့မည့်အလား စိတ်လှုပ်ရှားနေကြသည်။ အနည်းဆုံးတော့ အလယ်အလတ်အဆင့် ဒိုကဲဘီ၏ အသံကို မကြားရခင်အထိပင်။

[ ဒီအခြေအနေက ပျော်စရာကောင်းသားပဲ။ ခုခံမှုတွေရှိတော့ ပိုပြီး စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား ]

ဒိုကဲဘီ ဂါနူးလ်သည် လူသေးသေးလေးများ၏ ခုခံမှုကို လှောင်ပြောင်သကဲ့သို့ ရယ်မောလိုက်သည်။ သူ၏ရယ်သံမှာ ထူးဆန်းသော ရယ်မောသံပင်။

[ စိတ်ပျက်အားငယ်မှုက ပိုကြီးမားလေလေ၊ ဇာတ်လမ်းက ပိုပြီး အမှောင်ဖုံးလေလေပဲ ]

ဂျပန် ကိုယ်စားလှယ်များ၏ ခန္ဓာကိုယ်မှ မဟူရာ အငွေ့အသက်များ ထွက်ပေါ်လာသည်။ လူသေးသေးလေးများသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြ၏။

[ အခု ကပ်ဘေးတွေအတွက် ပေးထားတဲ့ ဒဏ်ခတ်ချက်တချို့ကို ဖယ်ရှားပေးလိုက်ပြီ။ တကယ်လို့ မင်းတို့က ‘မိစ္ဆာ’ လမ်းစဉ်ကို ရွေးချယ်မယ်ဆိုရင် အပိုဆောင်း အစွမ်းတိုးမြှင့်မှုတွေကိုပါ ရရှိနိုင်လိမ့်မယ် ]

ဂျပန်များသည် သူတို့၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။

"မိစ္ဆာလမ်းစဉ်ကိုရွေးချယ်ဖို့ ဘာအတွက် လိုတာလဲ"

"ဒီကစားပွဲက လွယ်လွန်းနေပြီသားပဲ... အလွယ်လမ်းကိုလိုက်တာက ပျော်စရာတွေကို ပျောက်ဆုံးသွားစေမှာပဲလေ"

[ ဒါက လွယ်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့အတွက် ကစားနည်းတစ်ခုလို့ပဲ သဘောထားလိုက်ပေါ့]

"ကောင်းပြီလေ။ မင်းက ဒီလိုပြောနေမှတော့လည်း..."

ဂျပန်များသည် တဟားဟား ရယ်မောလိုက်ကြပြီး ဝေခွဲမနေတော့ချေ။ ပြင်းထန်သော မှော်စွမ်းအင်များသည် ဂျပန်များထံတွင် ပြည့်နှက်သွားသည်။ သူတို့၏ အထူးစွမ်းရည်ကို ကြည့်ခြင်းအားဖြင့် သူတို့တွင် ဆာမူရိုင်း ထောက်ပံ့သူ ရှိပုံရ၏။ ထိုဆာမူရိုင်းမှာ အလွန်ကျော်ကြားသူတစ်ဦး ဖြစ်လိမ့်မည်ဟုတော့ ကျနော် မထင်မိချေ...။

[ ကပ်ဘေးအပေါ်တွင် ထားရှိသော ဖြစ်နိုင်စွမ်း ကန့်သတ်ချက်အချို့ကို ဖယ်ရှားပေးလိုက်ပါပြီ။ ]

[ ကပ်ဘေးများနှင့် ထောက်ပံ့သူများအကြား တစ်သားတည်းဖြစ်မှုမှာ အချိန်ကာလတစ်ခုအထိ တိုးမြင့်လာမည် ဖြစ်သည်။ ]

[ လိုအပ်သော ဖြစ်နိုင်စွမ်းများကို ကြယ်တာရာ စီမံခန့်ခွဲရေးဌာနမှ ပေးချေမည် ဖြစ်သည်။ ]

မြေပြင်မှာ ပြိုပျက်သွားပြီး လူသေးသေးလေး တစ်ရာကျော်ထံမှ သွေးများမှာ ပန်းထွက်သွားသည်။ ၎င်းမှာ သိသာသည့် ပြင်းထန်သော ဖျက်ဆီးအားပင်။ သို့သော် လူသေးသေးလေးများ၏ ရှုထောင့်မှ ကြည့်လျှင်မူ.....

သေးငယ်သော ကလေးများအတွက်မူ အလွန်အံ့ဩထိတ်လန့်စရာ ကောင်းပေလိမ့်မည်ဟုသာ ပြောရမည်ထင်သည်။ ကပ်ဘေးကြီးများ၏ ရှေ့တွင် လူသေးသေးလေးအချို့မှာ သေးတွေထွက်ကျကုန်ကြပြီး အချို့မှာမူ သတိလစ်သွားကြသည်။ လူသေးသေးလေးများသည် အော်ဟစ်ရန်ပင် မေ့လျော့နေသကဲ့သို့ ကပ်ဘေးကြီးကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိကြ၏။

"အာ။။။။ အား... ဝါးးး..."

လက်နက်များ ကိုင်ဆောင်ထားသော လူသေးသေးလေးများသည် ဒူးထောက်ကျသွားကြသည်။ ဂျပန်တွေကို ပထမဆုံး ထိခိုက်အောင် လုပ်ခဲ့သော တပ်မှူးပင်လျှင် သူ၏ဓါးကို မြေပြင်ပေါ်သို့ ချပစ်လိုက်တော့သည်။ သတ္တိများဖြင့် ပြည့်နှက်နေသော မျက်လုံးများမှာ ယခုအခါ လုံးဝ ဥဿုံ ပျက်စီးသွားလေပြီ။

「 ငါတို့ မနိုင်နိုင်ဘူး 」

「 ငါတို့ရဲ့ ဂြိုဟ်က ဘာဖြစ်သွားတော့မှာလဲ... 」

ဤသို့သော စိတ်ပျက်အားငယ်မှုမျိုးသည် ကျနော်နှင့် ရင်းနှီးပြီးသားဖြစ်သောကြောင့် မြင်ရသည်မှာ ပို၍ပင် နာကျင်ရ၏။

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် သင့်အား ရှာဖွေတွေ့ရှိသွားပါသည်။ ]

ထို့နောက်တွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာ၏။

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် သင့်အား အသနားခံသောအကြည့်ဖြင့် ကြည့်နေပါသည်။ ]

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် သေးငယ်သော ဂြိုဟ်လေးတစ်ခုအပေါ် ဂရုဏာတရားထားပေးရန် သင့်ထံမှ မျှော်လင့်နေပါသည်။ ]

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် သင့်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေပါသည်။ ]

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် သင့်ထံသို့ ၁၀ ဒင်္ဂါး ထောက်ပံ့လိုက်ပါသည်။ ]

ကျနော် မျက်မှောင်ကြုတ်လျက် ကောင်းကင်သို့ မော့ကြည့်လိုက်၏။

[ သင်သည် ထောက်ပံ့ထားသော ဒင်္ဂါး ၁၀ ပြားကို ပြန်လည် ပေးအပ်လိုက်ပါသည်။ ]

ထို့နောက် မက်ဆေ့ချ်များမှာ ဆက်တိုက် ထွက်ပေါ်လာပြန်သည်။

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် အနေရခက်သွားပါသည်။]

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် အရှက်ရမှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားပါသည်။ ]

၎င်းမှာ အထင်လွဲမှုတစ်ခုပင် ဖြစ်လေသည်။ ထိုနက္ခတ်သည် ၁၀ ဒင်္ဂါးမှာ နည်းလွန်းနေသောကြောင့် ကျနော် မလှုပ်မယှက် ရှိနေသည်ဟု ထင်မှတ်နေ၏။ သို့ပေသိ ထိုအတွေးမှာ မှားယွင်းလှသည်။

ကျနော် လေထဲသို့ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

'တကယ်လို့ ခင်ဗျားက ခင်ဗျားရဲ့ ဂြိုဟ်အကြောင်းကို တကယ် စဉ်းစားနေတာဆိုရင် အဲဒီလို မလုပ်နဲ့'

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် အနေရခက်သွားပါသည်။]

'ခင်ဗျားရဲ့ ဂြိုဟ်ကို ပိုက်ဆံနဲ့ ရောင်းစားတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် မဖန်တီးလိုက်နဲ့'

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် တိတ်ဆိတ်သွားပါသည်။ ]

အဝေးတစ်နေရာတွင် ဂျပန်များ၏ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ရောက်ရှိလာတော့မည် ဖြစ်၏။ ထိုတိုက်ခိုက်မှုသည် ကျန်ရှိနေသော လူသေးသေးလေးများကို ဧကန်မုချ အကုန်အစင် သုတ်သင်ပစ်ပေလိမ့်မည်။

ရှင်ယူဆောင်းက "ဦးလေး၊ ကျမ နောက်ထပ် မကြည့်ရက်တော့ဘူး" ဟု ကြေညာလိုက်သည်။

ဂျပန် ကိုယ်စားလှယ်များ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော မဟူရာ အငွေ့အသက်များသည် တဖြည်းဖြည်း ပါးလျလာပေသည်။ ဖြစ်နိုင်စွမ်းအစွမ်းတိုးမြှင့်မှုမှာ တဖြည်းဖြည်း လျော့ပါးလာခြင်းပင်။

လှုပ်ရှားရမည့်အချိန် ရောက်လာပြီဖြစ်သည်။ ရှင်ယူဆောင်းကို ကျနော်ပြောလိုက်သည်။

"ငါတို့ ကပ်ဘေးတွေ မဖြစ်လာရင်တောင် ဒီဇာတ်ဝင်ခန်းကို အောင်မြင်အောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်"

"...ဦးလေး"

"ဒါပေမဲ့ အဲဒါက တကယ်ကို ခက်ခဲပြီး ကြောက်စရာကောင်းလိမ့်မယ်"

ရှင်ယူဆောင်း၏ မျက်လုံးများ တုန်ယင်သွား၏။

"နင် လက်လျှော့ချင်စိတ်တောင် ပေါက်သွားနိုင်တယ်။ အဲ့လိုဆိုရင်တောင် လုပ်ချင်သေးရဲ့လား"

အမှန်စင်စစ် ဤအရာကို အစကတည်းက လုပ်ဆောင်ရန် ကျနော် ကြံရွယ်ထားခြင်း ဖြစ်၏။ အခွင့်အလမ်း ပိုမိုများပြားလာစေရန် စောင့်ဆိုင်းနေခဲ့ရခြင်းသာ ဖြစ်သည်။ ထိုဂြိုဟ်၏ နေထိုင်သူများမှာ မည်မျှပင် သနားစဖွယ် ကောင်းနေပါစေကာမူ၊ သူတို့သည် မျိုးစိတ်မတူသော သတ္တဝါများသာ ဖြစ်ကြသည်။ ကျနော့်အတွက် ယခုလက်ရှိ အရေးကြီးဆုံးအရာမှာ ရှင်ယူဆောင်း၏ အသက်ပင် ဖြစ်၏။

[ ကပ်ဘေးများ၏ ဖြစ်နိုင်စွမ်း ကန့်သတ်ချက်များကို ပြန်လည် သတ်မှတ်လိုက်ပါသည်။ ]

ဆာမူရိုင်းနှစ်ဦးကို ဝန်းရံထားသော မဟူရာ အငွေ့အသက်များသည် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ ရှင်ယူဆောင်းက ခေါင်းညိတ်ပြ၏။

"သမီး လုပ်နိုင်ပါတယ်"

ရှင်ယူဆောင်းအား ကျနော် အချက်ပြလိုက်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။

[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် သင်၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသွားပါသည်။ ]

[ သတိပေးချက်။ အခြားကပ်ဘေးများနှင့် ရန်လိုသော အပြုအမူမျိုး မဖြစ်အောင် သတိထားပါ။ ]

မကြာမီတွင် ရှင်ယူဆောင်းသည် သူ၏ ဆုံးဖြတ်ချက်ကို နောင်တရကောင်း ရနိုင်ပေသည်။ လွယ်ကူသော ဇာတ်ဝင်ခန်းတစ်ခုတွင် 'သက်သောင့်သက်သာရှိမှု' ကို စွန့်လွှတ်လိုက်သူများမှာ မည်သို့ ဖြစ်သွားမည်နည်းဆိုသည်ကို မကြာမီ ရှင်းလင်းသွားပေလိမ့်မည်။

သို့သော် တစ်ခါတစ်ရံတွင် လူသားတစ်ဦးသည် မိမိ၏ ယုံကြည်ချက်ကို ကာကွယ်ရန်အတွက် သက်သောင့်သက်သာရှိမှုကို စွန့်လွှတ်ရတတ်ပေသည်။

[ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို အသက်သွင်းလိုက်ပါသည်။ ]

အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး လွင်ပြင်တစ်ခုလုံးတွင် ဟိန်းဟောက်သံများ ပြည့်နှက်သွားလေပြီ။

အခန်း ၁၂၂

- အပိုင်း ၂၄ - ပြောင်းလဲနိုင်သောအရာများ (၂)

ခပ်တိုတိုပြောရသော် ထိုလူသေးသေးလေးများသည် 'လူသားများ'ပင်ဖြစ်ကြသော်လည်း ကျနော့်ကဲ့သို့ ကမ္ဘာမြေမှ လာသူများတော့ မဟုတ်ပေ။ အခြားဂြိုဟ်တစ်ခုမှ လူသားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းတွင် ရှင်းလင်းသော ဝိရောဓိတစ်ခု ရှိနေလေသည်။

ထို့ကြောင့် ယခုလက်ရှိ ကျနော့်လုပ်ဆောင်ချက်များသည် 'လူသားဆန်မှု' သို့မဟုတ် 'တရားမျှတမှု' ဟူသော ကြီးမားသည့် ကျင့်ဝတ်များကြောင့် မဟုတ်ပေ။ အကယ်၍ ကျနော်သာ ဤနေရာတွင် လူသေးသေးလေးများကို ဆန့်ကျင်လိုက်မည်ဆိုပါက ဇာတ်သိမ်းပိုင်းအတွက် လိုအပ်သည့် အောင်မြင်မှုတစ်ခုကို လက်လွှတ်ရပေလိမ့်မည်။

ဤသည်မှာ 'မကျိုးပဲ့နိုင်သောယုံကြည်မှု'ဓါးကို မြေပြင်ထဲသို့ ကျနော် ထိုးစိုက်လိုက်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်ပင် ဖြစ်သည်။

[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် သင်၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသွားပါသည်။ ]

[ သတိပေးချက်။ အခြားကပ်ဘေးများနှင့် ရန်လိုသော အပြုအမူမျိုး မဖြစ်အောင် သတိထားပါ။ ]

[ အကယ်၍ ရန်လိုသော လုပ်ရပ်များ ထပ်တလဲလဲ စုပုံလာပါက... ]

ဖုန်မှုန့်များ လွင့်ပျံလာပြီး ဂျပန်များသည် ဖုန်လုံးကြီးများအတွင်း အမြင်အာရုံများ ပျောက်ဆုံးကာ အော်ဟစ်လိုက်ကြ၏။

"အား….. ဘာတွေ ဖြစ်နေတာလဲ"

"အဟွတ်။ အဟွတ်"

တော်တော်လေး အားကောင်းသည့် တိုက်ခိုက်မှုဖြစ်သောကြောင့် ဖုန်မှုန့်များမှာ လွယ်လွယ်နှင့် ငြိမ်သက်မသွားပေ။

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် သူ၏ ရင်ဘတ်ကို ဖိထားပါသည်။ ]

ကျနော် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။ အကယ်၍ ကျနော့်လက်နှင့်သာ သူတို့ကို သတ်ပစ်မည်ဆိုလျှင် ဇာတ်ဝင်ခန်းအသစ်ကို ချက်ချင်း ရရှိနိုင်မည် ဖြစ်၏။

သို့ပေသိ ထိုသို့လုပ်ခြင်းအတွက် ရရှိမည့် အပြစ်ဒဏ်မှာ ကြီးမားလွန်းလှပေသည်။ ကျနော် ထိုအချိန်ကို တတ်နိုင်သမျှ နောက်ဆုတ်ထားချင်မိသည်။ ထို့ကြောင့် အနည်းဆုံးတော့...

"ဦးလေး။ ဒီတစ်ခါတော့ သမီး လုပ်လိုက်ပါ့မယ်"

ရှင်ယူဆောင်းသည် ယူဆန်းအာထံမှ ရရှိထားသည့် ဓါးမြှောင်ကို ဆွဲထုတ်လိုက်ပြီး ရှေ့သို့ တက်လာသည်။

"သူတို့နှစ်ယောက်လုံးကို သမီး ကိုင်တွယ်လိုက်ပါ့မယ်"

"နင် လုပ်နိုင်ပါ့မလား"

"ပြဿနာမရှိပါဘူး"

ရှင်ယူဆောင်းသည် လီဂီယောင်နှင့်ပင် တူလှသည်။ ယခုခေတ် ကလေးများသည် အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေကြသည်ကို ကျနော် မသိတော့ပေ။ ယူဆန်းအာသာဆိုလျှင် ရှင်ယူဆောင်းကို တားဆီးလောက်ပေလိမ့်မည်။ သို့သော် ကျနော်က ယူဆန်းအာ မဟုတ်ချေ။

ရှင်ယူဆောင်းကို ကျနော်အားပေးလိုက်သည်။

"နင် အကြာကြီး တိုက်မနေနဲ့။ ခုနက အပြစ်ဒဏ် မက်ဆေ့ချ်ကို ကြားလိုက်တယ်မလား။ တတ်နိုင်သမျှ မြန်မြန် ရှင်းပစ်ရမယ်"

အကယ်၍ ရှင်ယူဆောင်းသာ ဤလူနှစ်ဦးကို ကိုင်တွယ်နိုင်မည်ဆိုပါက ဤဇာတ်ဝင်ခန်းအတွင်း ကျနော့်၏ ရွေးချယ်စရာများမှာ ပိုမိုကျယ်ပြန့်လာပေလိမ့်မည်။

ကျနော့်တွင် ငြိမ်းချမ်းမြေ ၌ လုပ်ဆောင်စရာများစွာ ရှိနေသည်။ ထိုအထဲတွင် အရေးကြီးဆုံး ပန်းတိုင်တစ်ခုမှာ ပါစီဖုန်း ပြောခဲ့သည့် 'မြွေ' ကို ဖမ်းရန် ဖြစ်၏။ အကယ်၍ ကျနော့်တွင် အပြစ်ဒဏ်များ မရှိနေပါက ထိုမြွေကို ထင်ထားသည်ထက် ပိုစောပြီး ဖမ်းမိနိုင်ကောင်း ဖမ်းမိနိုင်ပေသည်။

"ဘယ်ကောင် ဒါကို လုပ်တာလဲ"

ရှင်ယူဆောင်းသည် အသံကြားရာ ဖုန်လုံးကြီးများထဲသို့ ပြေးဝင်သွား၏။ ထိုအချိန်မှာပဲ 'တစ်ကိုယ်တည်းနေသူ၏ ဝတ်ရုံ' ကို အသုံးပြု၍ ကျနော်ကိုယ်ရောင်ဖျောက်လိုက်သည်။

အကယ်၍ သူတို့တွင် အဆင့်မြင့် ထောက်လှမ်းရေး စွမ်းရည်များ ရှိပါက အသုံးမဝင်နိုင်သော်လည်း ဤလူများတွင် ထိုသို့သော စွမ်းရည်ရှိပုံမရချေ။

ရှင်ယူဆောင်း၏ ဓါးမြှောင်မှ ထက်မြက်သော မှော်စွမ်းအင်များ ထွက်ပေါ်လာပြီး လမင်းတစ်ခြမ်းပုံစံ ဝိုက်ကာ ထွက်ပေါ်သွားသည်။

"အား"

ဂျပန်များသည် ဖုန်လုံးများထဲမှ ဆုတ်ခွာသွားကြ၏။ အစောပိုင်းက ဖုန်မှုန့်များ ဖန်တီးလိုက်ခြင်းမှာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခွင့်အရေးကောင်းတစ်ခုကို ကျနော် လက်လွှတ်ခဲ့ရသော်လည်း ကျနော်ကိုယ်တိုင် တိုက်ခိုက်စရာမလိုဘဲ သူတို့ကို အနိုင်ယူနိုင်သည့် နည်းလမ်း ရှိပေသည်။

ဖုန်မှုန့်များထဲမှ ကလေးငယ်တစ်ဦး ထွက်ပေါ်လာသည်ကို မြင်သောအခါ ဂျပန်များမှာ အံ့အားသင့်သွားကြ၏။

"ဘာလဲဟ... ဒီချာတိတ်က"

ဂျပန် ကိုယ်စားလှယ်များက ရှင်ယူဆောင်းကို စကားပြောလိုက်သည်။

"ချာတိတ်။ နင်က ငါတို့ကို ဘာလို့ တားနေတာလဲ"

"နင် ဒီလိုလုပ်ရင် ဘာဖြစ်မယ်ဆိုတာ မသိဘူးလား"

ကံမကောင်းစွာပင် 'အခြားကမ္ဘာသုံး ဘာသာပြန်စွမ်းရည်' မရှိသည့် ရှင်ယူဆောင်းအတွက်မူ သူတို့၏စကားများကို နိုင်ငံခြားဘာသာစကားတစ်ခုကဲ့သို့သာ ကြားနေရပေသည်။

"...ဘာတွေ ပြောနေတာလဲ"

ယခုတော့ ဂျပန်များလည်း အခြေအနေကို သတိပြုမိသွားကြပြီ ဖြစ်သည်။

"နင်က တောင်ကိုရီးယားကလား"

"အာ... ဟုတ်သားပဲ။ ဒီတစ်ခါ ကိုရီးယားရဲ့ ပထမဆုံးအဖွဲ့ ဝင်လာတာမလား..."

"ချီး... ပထမဆုံးအဖွဲ့က အင်အားကြီးတယ်မလား..."

သူတို့၏ မျက်နှာများမှာ ရုတ်ချည်း ပျက်ယွင်းသွား၏။

"Kid, Get out. We don’t need to fight each other

(ချာတိတ်။ ထွက်သွားစမ်း။ ငါတို့ အချင်းချင်း တိုက်နေဖို့ မလိုဘူး)"

"No fight! No fight! Good?

(တိုက်ခိုက်ဖို့မလိုဘူး။ တိုက်ခိုက်ဖို့မလိုဘူး။ အဆင်ပြေလား)"

"We need kill them. Small people go kill. Yes?

(သူတို့ကို ငါတို့တွေ သတ်ဖို့လိုတယ်။ လူသေးသေးလေးတွေကို သွားသတ်။ ဟုတ်ပြီလား)"

ဂျပန်များသည် မပီကလာ ပီကလာ အင်္ဂလိပ်စကားဖြင့် တိုက်ခိုက်ရန် ဆန္ဒမရှိကြောင်း ပြောဆိုနေကြသော်လည်း ရှင်ယူဆောင်းကမူ ခေါင်းခါပြလိုက်သည်။ ရှင်ယူဆောင်း၏ ထက်မြသော ဓါးမြှောင်က သူတို့ထံသို့ ချိန်ရွယ်ထားသောကြောင့် ဂျပန်များသည် ပခုံးတွန့်လိုက်ကြလေသည်။

"ထွက်သွားမလား။ သေမလား။ ဒီရွေးချယ်စရာ နှစ်ခုထဲက တစ်ခုပဲ ရှိတယ်"

ဂျပန်များသည် ရှင်ယူဆောင်းထံမှ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြ၏။

"ချီး... ဒါက အဓိပ္ပာယ်မရှိလိုက်တာ။ ဆုကြေးပေးတဲ့ ဇာတ်ဝင်ခန်းလည်း မဟုတ်ဘဲနဲ့"

"ငါ့ရဲ့ ထောက်ပံ့သူက ဒီကလေးမလေးကို သတ်စေချင်တာလား"

"ငါတို့က နှစ်ယောက်ရှိတာလေ မဟုတ်ဘူးလား"

"ငါတို့ ပထမအဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မင်း မေ့နေတာလား"

"အင်း..."

သူတို့သည် ပါးနပ်သူများ ဖြစ်ကြသည်။

ကမ္ဘာအနှံ့အပြားတွင် ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းအတွက် ရွေးချယ်ခံရသူများသည် ၎င်းတို့နိုင်ငံ၏ ထိပ်သီးလူရည်ချွန်များ ဖြစ်ကြသည်။ ဂျပန်တွင်လည်း ပထမအုပ်စုနှင့် နောက်မှရောက်လာသူများအကြား ကွာဟချက်မှာ အတော်အတန် ကြီးမားနိုင်ပေသည်။ ဂျပန် နှစ်ဦးစလုံး၏ မျက်နှာတွင် အလားတူ ခံစားချက်မျိုး ပေါ်ပေါက်လာ၏။

「 ...ငါတို့ ထွက်ပြေးကြမလား 」

အခြားတစ်ဖက်တွင်မူ ရှင်ယူဆောင်းနှင့် ဂျပန်များ၏ ရင်ဆိုင်မှုကို ကြည့်နေသည့် လူသေးသေးလေးများစိတ်တွင် ထူးဆန်းသော ဝမ်းမြောက်မှုများ ဖြစ်ပေါ်လာတော့သည်။

"ဟာ..."

"ဘာလို့လဲ..."

သူတို့ ထိတ်လန့်သွားကြ၏။ သေးငယ်သော ကပ်ဘေးတစ်ခုက ပိုမိုကြီးမားသော ကပ်ဘေးတစ်ခုကို ရုတ်တရက် ပြန်လည်တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။

"ဒါက သေးငယ်တဲ့ ကယ်တင်ရှင်များလား"

"ဟုတ်တယ်။ ဟောကိန်းက မှန်နေတာပဲ"

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် ကိုယ်စားလှယ် 'ရှင်ယူဆောင်း' ကို ထောက်ခံနေပါသည်။ ]

[ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်သည် ကိုယ်စားလှယ် 'ရှင်ယူဆောင်း' ထံသို့ ၁၀ ဒင်္ဂါး ထောက်ပံ့လိုက်ပါသည်။ ]

[ ကိုယ်စားလှယ် 'ရှင်ယူဆောင်း' သည် ဇာတ်ဝင်ခန်းအသစ်တစ်ခုအတွက် ဖြစ်နိုင်စွမ်းကို ရရှိခဲ့ပါသည်။ ]

ကျနော်သည် ဓါးရိုးကို ဆုပ်ကိုင်ထားရင်း ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။ ကျနော့်လုပ်ရပ်မှာ အနည်းငယ် မရိုးသားသော်လည်း သူတို့သာ ထွက်ပြေးမည်ဆိုလျှင် လိုက်လံတိုက်ခိုက်ရန် နည်းလမ်းတစ်ခုပင် ဖြစ်၏။

ကျနော် ထင်ထားသည့်အတိုင်းပင် ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ပေ။ အလယ်အလတ် ဒိုကဲဘီသည် ဝေဟင်မှနေ၍ စောင့်ကြည့်ကာ တဟားဟား ရယ်မောလိုက်သည်။

[ ဂျပန် ကိုယ်စားလှယ်တို့။ မင်းတို့က အားနည်းချက်ရှိနေတယ်လို့ ထင်နေတာလား။ တကယ်ရော ဟုတ်လို့လား ]

အတော်ကို ယုတ်မာသော ဒိုကဲဘီပင်။ ဂျပန်များသည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ ရေရွတ်လိုက်ကြ၏။

"အာ... ဟုတ်သားပဲ။ အခုမှစဉ်းစားမိတယ်။ ပထမဆုံးအုပ်စုက..."

"အာဆုခါက မျိုးရိုးဗီဇပြောင်းလဲမှုဒဏ်ကို ခံခဲ့ရတာ မဟုတ်လား။ ကိုရီးယားလူမျိုးတွေလည်း အဲ့ဒီဒဏ်ကို ခံရမှာပဲ။ ငါ ပြောတာကကွာ..."

"ငါ့ကို ပြောပြနေဖို့ မလိုဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးမက ကိုရီးယား ကလေးတစ်ယောက်ပဲလေ"

ဂျပန်များသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးနောက် သူတို့၏ အကြည့်များမှာ ပြောင်းလဲသွားကြ၏။ သူတို့နှစ်ဦးစလုံးသည် ရှင်ယူဆောင်းကို သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် စိုက်ကြည့်လိုက်ကြသည်။

"ကောင်းပြီလေ။ တစ်ခါလောက် တိုက်ကြည့်ကြတာပေါ့"

"ငါ ကလေးတွေကို သိပ်သဘောကျတာမဟုတ်ဘူး..."

ဂျပန်နှစ်ယောက်သည် မနှစ်မြို့ဖွယ် ရယ်မောသံများဖြင့် ရယ်လိုက်ကြသည်။ ရှင်ယူဆောင်းသည် ထိုစကားလုံးများကို နားမလည်သော်လည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။ ဂျပန်နှစ်ဦးက ရှင်ယူဆောင်းကို ဖြည်းဖြည်းချင်း ဝိုင်းရံထားစဉ် သူတို့၏ ဓါးသွားများ လှုပ်ရှားလာတော့သည်။

လူသုံးဦးစလုံး၏ ပတ်ဝန်းကျင်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ မြင့်တက်လာပြီး ဂျပန်နှစ်ဦးမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။

ရှင်ယူဆောင်းသည် လျှင်မြန်မှုကို အမြင့်ဆုံးအထိ မြှင့်တင်ထားပြီး ဂျပန်တွေ၏ ဓါးများကို အခက်အခဲမရှိ ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း ကွာဟချက်မှာ အလွန်ကျဉ်းမြောင်းလှပေသည်။

ဂျပန်များသည် ဂျပန်၏ အတော်ဆုံး လူရည်ချွန်များ မဟုတ်နိုင်သော်လည်း ထိပ်တန်း ကိုယ်စားလှယ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကြ၏။ သူတို့၏ ဓါးရေးကို ကျနော် မြင်လိုက်ရသောအခါ Ways of Survival ထဲမှ ဖော်ပြချက်တစ်ခုကို သတိရသွားတော့သည်။

သူတို့သည် ဓါးနှစ်လက်အစား တစ်လက်တည်းကိုသာ အသုံးပြုကြသည့်အပြင် ကိုင်ဆောင်ထားသည့်ဓါးမှာ ဓါးရှည်လည်း မဟုတ်ပေ။ ဆိုလိုသည်မှာ ဂျပန်၏ ထိပ်တန်းဓါးသမားများဖြစ်သော မီယာမိုတိုမူဆာရှီ နှင့် ဆာဆာခိ ခိုဂျိရို တို့ ဖြစ်မည်ကို ကျနော် စိုးရိမ်နေရန် မလိုတော့ချေ။

ရှင်ယူဆောင်း၏ ပွဲဦးထွက်အတွက်မူ အခြေအနေက မဆိုးလှပေ။

"နင် ဆက်ပြီး ထွက်ပြေးနေဖို့ ခက်လိမ့်မယ် ကလေးမ"

သူတို့၏ ထောက်ပံ့သူများက စွမ်းအားများ ငှားရမ်းပေးလိုက်သောအခါ သူတို့၏ အရှိန်အဝါမှာ ပိုမိုထက်မြက်လာသည်။ ခြေထောက်ကို ဖြတ်ချလိုသော ဓါးသွားက ခြေထောက်ကို ပစ်မှတ်ထားပြီး လက်မောင်းကို ဖြတ်လိုသော ဓါးသွားက လည်ပင်းကို ဦးတည်လာသည်။ ထိုတိုက်ခိုက်မှုတွင် နောက်သို့ ဆုတ်လိုက်ခြင်းမှာ သဘာဝပင် ဖြစ်၏။

ရှင်ယူဆောင်း၏ လှုပ်ရှားမှုများကို ဓါးသမားများက လိုက်မီသွားကြသည်။ ရှင်ယူဆောင်း၏ စွမ်းရည်အလုံးစုံမှာ မည်မျှပင် မြင့်မားစေကာမူ ဓါးသမားများ၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုများက သိသိသာသာ သာလွန်နေပေသည်။ ရှင်ယူဆောင်း၏ ကော်လံစမှာ ပြတ်တောက်သွားပြီး လက်မောင်းတွင်လည်း အစင်းရာလေးတစ်ခု ထင်ကျန်ရစ်လေ၏။

ကျနော်သည် ဓါးရိုးကို မြဲမြဲဆုပ်ကိုင်ထားကာ အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ဆင်လိုက်သည်။ ရှင်ယူဆောင်း၏ ထောက်ပံ့သူတစ်ဦးအနေဖြင့် ကျနော် ကောင်းကောင်းမွန်မွန် မကူညီနိုင်ခြင်းက ဝမ်းနည်းစရာပင်။

"သေလိုက်တော့"

ဂျပန်များသည် ဟန်ကြီးပန်ကြီး အော်ဟစ်လိုက်ကြပြီး ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှ အခြားအစိတ်အပိုင်းများကို ပစ်မှတ်ထားလိုက်ကြ၏။ ဤတစ်ကြိမ်တွင်မူ ရှင်ယူဆောင်းသည် ထွက်ပြေးရန် မကြိုးစားတော့ပေ။

ရှင်ယူဆောင်းသည် ခွန်အားပိုင်းတွင် အားနည်းသောကြောင့် ဓါးမြှောင်ကို လွှတ်ချလိုက်ရသည်။ ဂျပန်များသည် ထိုအခွင့်အရေးကို အသုံးချ၍ ဟာကွက်ကို ထိုးဖောက်ရန် ကြိုးစားလိုက်ကြ၏။

သို့ပေသိ ရှင်ယူဆောင်းသည် ထိတ်လန့်မသွားပေ။

[ ဇာတ်ကောင် 'ရှင်ယူဆောင်း' သည် 'အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်း အဆင့် ၃' ကို အသုံးပြုလိုက်ပါသည်။ ]

ထိုအစား ရှင်ယူဆောင်းသည် နောက်သို့ လှည့်လိုက်ပြီး သူမကို စောင့်ကြိုနေသည့် သတ္တဝါကြီး၏ ကျောပေါ်တွင် အခြေချလိုက်သည်။ ထိုသတ္တဝါမှာ သံမဏိဝံပုလွေတစ်ကောင် ဖြစ်ပေသည်။

"...ဘာလဲဟ"

မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်၏။ တိုက်ခိုက်ခြင်း၏ အခြေခံမှာ ပြိုင်ဘက်၏ အားသာချက်ကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး မိမိ၏ အားသာချက်များကို အမြင့်ဆုံးအထိ မြှင့်တင်ရန် ဖြစ်လေသည်။

ဝူးးးးးးး

တောအုပ်ထဲမှ ဒါဇင်နှင့်ချီသော သံမဏိဝံပုလွေများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာချိန်တွင် ဝံပုလွေများ၏ ဟိန်းဟောက်သံများ ပျံ့လွင့်လာသည်။ ရှင်ယူဆောင်းသည် အချိန်တိုအတွင်းတွင် ဝံပုလွေ အများအပြားကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့သည်။ ရှင်ယူဆောင်းသည် အမှန်တကယ်ပင် အနာဂတ်၏ 'သားရဲသခင်' ဖြစ်တော့၏။

"ချီး"

အံ့အားသင့်သွားသော ဂျပန်များသည် ဝံပုလွေများကို ဓါးဖြင့် ခုတ်လိုက်ကြသော်လည်း ဝံပုလွေများက သူတို့၏ လက်မောင်းနှင့် ခြေထောက်များကို ကိုက်ခဲထားပြီး ဖြစ်သည်။

"မအေဘေးတွေ။ ဒီကောင်တွေကတော့ကွာ"

ဝံပုလွေတို့သည် သတ္တမအဆင့်အားနည်းသော မျိုးစိတ်များ ဖြစ်နိုင်သော်လည်း ထိုဝံပုလွေတွေကို ရင်ဆိုင်ရန် ဂျပန်နှစ်ဦးမှာ မှော်စွမ်းအင်များစွာ အသုံးပြုရမည် ဖြစ်ပေသည်။

အမှန်တကယ်ကို ကျေနပ်စရာကောင်းသော မြင်ကွင်းတစ်ခုပင်။ သို့သော်လည်း ရှင်ယူဆောင်းသည် တစ်စုံတစ်ခုကို သတိမထားမိသေးပေ။ ထို့ကြောင့်ပင် ရှင်ယူဆောင်းကို အချိန်မဖြုန်းရန် ကျနော် သတိပေးခဲ့ခြင်း ဖြစ်သည်။

[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက ကိုယ်စားလှယ် 'ရှင်ယူဆောင်း' ထံမှ ပုံမှန်မဟုတ်သော အပြုအမူကို ထောက်လှမ်းမိပါသည်။ ]

[ ကပ်ဘေးတစ်ခုအပေါ် ရန်လိုသော လုပ်ရပ်များကို ထောက်လှမ်းမိပါသည်။ ]

[ ကိုယ်စားလှယ် 'ရှင်ယူဆောင်း' သည် ပထမအဆင့် ဇာတ်ဝင်ခန်း ပြစ်ဒဏ်ကို ရရှိပါသည်။ ]

ပြစ်ဒဏ်မှာ နောက်ဆုံးတွင် စတင်လေပြီ။

"ဟမ်..."

ရှင်ယူဆောင်းသည် သူ၏ မှော်စွမ်းအင်များ ရုတ်တရက် လျော့နည်းသွားသည်ကို ခံစားလိုက်ရသဖြင့် ညည်းတွားလိုက်မိသည်။ အချို့သော ဝံပုလွေများသည် ရှင်ယူဆောင်း၏ ထိန်းချုပ်မှုအောက်မှ ရုတ်တရက် ထွက်ခွာသွားပြီး တောအုပ်ထဲသို့ ပြန်ဝင်သွားကြ၏။

[ ဇာတ်ကောင် ရှင်ယူဆောင်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ သေးငယ်သွားပါသည်။ ]

[ ဇာတ်ကောင် ရှင်ယူဆောင်း၏ စွမ်းရည်အလုံးစုံမှာ လျော့နည်းသွားပါသည်။ ]

ဂျပန်များကလည်း အခြေအနေကို သတိပြုမိသွားကြသည်။

"ဒါ-ဒါပဲ။ ဒီလိုဖြစ်လာမယ်ဆိုတာ ငါ သိပြီးသားကွ"

"ခဏလေးပဲ ထပ်စောင့်ဖို့လိုတော့တယ်"

…အဆုံးတွင် ဤသို့ ဖြစ်သွားခဲ့သည်။ ရှင်ယူဆောင်းသည် စိုးရိမ်သော မျက်လုံးများဖြင့် ကျနော့်ကို လှမ်းကြည့်လိုက်၏။ ကျနော်သည် 'တစ်ကိုယ်တည်းနေသူ၏ ဝတ်ရုံ' ကို အသုံးပြု၍ ရှင်ယူဆောင်း၏ နောက်မှ ချဉ်းကပ်ကာ ရှင်ယူဆောင်း၏ ပုခုံးကို ထိလိုက်သည်။

ရှင်ယူဆောင်း၏ တုန်ရင်မှုမှာ လျော့ပါးသွား၏။

"...ကျေးဇူးတင်ပါတယ်။ ဦးလေး"

ရှင်ယူဆောင်းသည် တစ်စုံတစ်ခုကို နားလည်သွားကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

[ ကိုယ်စားလှယ် 'ရှင်ယူဆောင်း' သည် ဒုတိယအဆင့် ဇာတ်ဝင်ခန်း ပြစ်ဒဏ်ကို ရရှိပါသည်။ ]

ရှင်ယူဆောင်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပို၍ သေးငယ်လာသည်။ မှန်ပေသည်။ ၎င်းမှာ ကပ်ဘေးတစ်ခုက သူတို့၏ အခွင့်အာဏာကို စွန့်လွှတ်ခြင်း၏ ရလဒ်ပင် ဖြစ်၏။ သို့သော်လည်း ရှင်ယူဆောင်းတွင် ဂျပန်များ၏ အသက်ကို နုတ်ယူရန် လုံလောက်သော စွမ်းအားများ ကျန်ရှိနေသေးသည်။

ရှင်ယူဆောင်းသည် မြင့်မားသော လျှင်မြန်မှုအဆင့်ကို အသုံးချကာ သားရဲကို စီးနင်းရင်း ဂျပန်တွေ၏ နောက်ကျောသို့ ချဉ်းကပ်လိုက်သည်။

"အားးးးးးး"

ရှင်ယူဆောင်းသည် ယူဆန်းအာကို ကြည့်၍ သင်ယူထားခြင်းလော။ ရှင်ယူဆောင်းသည် ဓါးမြှောင်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ရှင်ယူဆောင်း၏ ဓါးမြှောင်မှာ လှုပ်ရှားသွားပြီး ဂျပန်တစ်ယောက်၏ လည်ပင်းသွေးကြောမှာ ပြတ်တောက်သွား၏။

"ဟ-ဟမ်။ မ-မဖြစ်နိုင်တာ..."

ထိုဂျပန်ထံမှ သွေးများ ပန်းထွက်လာကာ မျက်နှာမှာ ဖြူလျော့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

[ ဇာတ်ကောင် 'ရှင်ယူဆောင်း' သည် 'အမည်မရှိသော ကပ်ဘေး' ကို အနိုင်ယူလိုက်ပါသည်။ ]

[ အဓိက ပါဝင်ကူညီသူ - ရှင်ယူဆောင်း ]

ရှင်ယူဆောင်းသည် ပါးပြင်ပေါ်သို့ စင်လာသော သွေးများကို သုတ်လိုက်ပြီး နောက်ထပ် ပစ်မှတ်ထံသို့ ရွေ့လျားလိုက်သည်။ ကျန်ရှိသော ဂျပန်ကောင်မှာ ထိတ်လန့်သွားကာ နောက်သို့ ဆုတ်လိုက်၏။ သံမဏိဝံပုလွေများက ဝိုင်းအုံလာပြီး သူ၏ လက်မောင်းနှင့် ခြေထောက်များကို ကိုက်ခဲလိုက်ကြသည်။

"အားးးးးးး"

ရှင်ယူဆောင်းသည် ထိုဂျပန်ကောင်၏ အသက်ကို အဆုံးသတ်ရန် ချဉ်းကပ်လိုက်၏။ ထိုအရာအားလုံးမှာ ခဏချင်းအတွင်း ဖြစ်ပျက်သွားခြင်းပင်။

[ ကိုယ်စားလှယ် 'ရှင်ယူဆောင်း' သည် ကပ်ဘေးတစ်ခု၏ အခွင့်အရေးများကို လုံးဝ ဆုံးရှုံးသွားပါသည်။ ]

[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ဒိုကဲဘီသည် ရှင်ယူဆောင်း၏ အပြုအမူကို ဇာတ်ဝင်ခန်းအား ဆန့်ကျင်သည့် လုပ်ရပ်အဖြစ် ရှုမြင်ပါသည်။ ]

[ ကိုယ်စားလှယ် 'ရှင်ယူဆောင်း' သည် တတိယအဆင့် ဇာတ်ဝင်ခန်း ပြစ်ဒဏ်ကို ရရှိပါသည်။ ]

[ လူသေးသေးလေးအသွင်ပြောင်းလဲခြင်း စတင်ပါလိမ့်မည်။ ]

ဤဇာတ်ဝင်ခန်းတွင် သားရဲမျိုးစိတ် ဖြစ်ခွင့်ကို စွန့်လွှတ်သူသည် သားကောင် ဖြစ်လာလိမ့်မည်။ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှာ နှိုင်းယှဉ်၍ မရလောက်အောင် မြန်ဆန်သော နှုန်းထားဖြင့် သေးငယ်သွားသည်။

"အာ..."

ရှင်ယူဆောင်း၏ အဝတ်အစားများမှာ အလွန်ကြီးမားသွားပြီး ရှင်ယူဆောင်း၏ ဓါးမြှောင်မှာ မြေပြင်ပေါ်သို့ ကျသွားချိန်တွင် ညည်းသံသဲ့သဲ့လေး ထွက်ပေါ်လာသည်။ ရှင်ယူဆောင်း၏ အရပ်မှာ ကျနော့် ခါးအဆင့်မှ ဒူးအဆင့်အထိ၊ နောက်ဆုံးတွင် ခြေသလုံးအဆင့်အထိ ကျုံ့သွား၏။ ထို့နောက် ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှာ သူမ၏ အဝတ်အစားများထဲတွင် မြုပ်သွားလေတော့သည်။

ရှင်ယူဆောင်း၏ စွမ်းရည်များမှာ လျော့နည်းသွားပြီး သူမ၏ ထိန်းချုပ်မှုမှာ အားနည်းသွားသဖြင့် သံမဏိဝံပုလွေများမှာ တောအုပ်ထဲသို့ ပြန်သွားလေတော့သည်။ သေးငယ်သွားသော ရှင်ယူဆောင်းမှာ အဝတ်အစားများထဲမှ ထွက်လာပြီး ဂျပန်ကြီးထံသို့ ခဲရာခဲဆစ် လျှောက်သွား၏။

"ယူဆောင်း၊ ရပ်လို့ ရပြီ"

ရှင်ယူဆောင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ရှင်ယူဆောင်း၏ မျက်လုံးထဲတွင် အဆိပ်ပြင်းသော ဒေါသနှင့် ဝမ်းနည်းမှုများ ရောယှက်နေ၏။ သားရဲများနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်တွင်တော့ ရှင်ယူဆောင်းအတွက် အလေးအနက် သတ်ဖြတ်ခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်နိုင်ပေသည်။

"သူက သတိလစ်သွားပြီ"

ရှင်ယူဆောင်းသည် လဲကျနေသော ဂျပန်အမျိုးသားကို စိုက်ကြည့်လိုက်သည်။ သူသည် ပါးစပ်မှ အမြှုပ်များ ထွက်လျက် မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။ ကျနော့် အဝတ်အစားအချို့ကို ဆုတ်ဖြဲကာ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ကို ကျနော်ဖုံးအုပ်ပေးလိုက်သည်။

ရှင်ယူဆောင်းမှာ ကျနော့် လက်သီးဆုပ်ခန့်သာ ရှိတော့ပြီး ကိုယ့်ခန္ဓာကိုယ်ကို ခေတ္တမျှ ကြည့်ရှုနေလေသည်။ ရှင်ယူဆောင်းသည် သူကိုယ်တိုင် ဘာဖြစ်သွားသည်ကို သိရှိသွားပုံရ၏။

"သမီးတို့က ဒီအခြေအနေနဲ့ သူတို့ကို တိုက်ရမှာလား"

"ဟုတ်တယ်"

"...ဘယ်နှစ်ယောက် ကျန်သေးလဲ"

"အများကြီးပဲ"

ရှင်ယူဆောင်းသည် ရှုပ်ထွေးသော အကြည့်ဖြင့် ကျနော့်ကို မော့ကြည့်လာသည်။

"ဦးလေး၊ ဒါကို ကြိုသိနေတာလား။ ကပ်ဘေးတွေကို ရန်လိုရင် လူသေးသေးလေးအဖြစ် ပြောင်းလဲသွားမယ်ဆိုတာကိုလေ"

ကျနော် ခေါင်းငြိမ့်ပြလိုက်ပြီး လဲကျနေသော ဂျပန်အမျိုးသားထံသို့ ချဉ်းကပ်လိုက်သည်။ ကျနော် စစ်ဆေးကြည့်လိုက်ရာ ထိုဂျပန်ကောင်မှာ အသက် ၂၀ကျော်ကျော်သာ ရှိလောက်ဦးပေမည်။ ထိုဂျပန်ကောင်သည် အသက်ရှူနေဆဲပင် ဖြစ်၏။

"ဒီလူကို အသုံးချမှာလား"

ရှင်ယူဆောင်းက ကျနော့်ကို မေးသည်။

"ငါ မပြောင်းလဲခင် သတ်ရမယ့် လူတစ်ယောက် ရှိသေးတယ်"

ကျနော် ထိုသို့ ပြောလိုက်သည်နှင့် မက်ဆေ့ချ်အသစ်များ ပေါ်လာသည်။

[ အခြားသော ကပ်ဘေးများကို ရန်လိုခြင်းမှ ရှောင်ကြဉ်ရန် သတိပြုပါ။ ]

[ ကပ်ဘေးများကို ရန်လိုသူများသည် ကပ်ဘေးဖြစ်ပိုင်ခွင့်ကို ဆုံးရှုံးရပါမည်။ ]

ကောင်းကင်တွင် ပျော်ရွှင်နေဆဲ ဖြစ်သော ဒိုကဲဘီ တစ်ကောင် ရှိနေသေးသည်။

အေး... မင်း ရယ်နိုင်တုန်း ရယ်ထားလိုက်။

[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက မင်းရဲ့ ကပ်ဘေးတာဝန်ကို ကောင်းကောင်းမွန်မွန် မထမ်းဆောင်ဘူးလို့ ယူဆတယ် ]

[ နောက်ထပ် တစ်နာရီအတွင်း ငြိမ်းချမ်းမြေ ရဲ့ အုပ်စိုးသူကို မသတ်ဘူးဆိုရင် မင်းကို ကပ်ဘေးတစ်ခုအနေနဲ့ လုပ်ဆောင်လိုစိတ် မရှိဘူးလို့ သတ်မှတ်ပြီး 'ကပ်ဘေး' အဆင့်အတန်းကို ရုပ်သိမ်းရလိမ့်မယ် ]

ဂျပန်အမျိုးသားကို ငုံ့ကြည့်လိုက်ပြီး ကျနော့် ဝတ်ရုံကို ဖြည်းဖြည်းချင်း ကျနော်ချွတ်လိုက်သည်။ နောက်ထပ် တစ်နာရီသာ ကျန်တော့သည်။ ဤတစ်နာရီအတွင်း ကျနော် သူတို့၏ 'ဘုရင်' ကို ဖမ်းရမည် ဖြစ်ပေသည်။

All Chapters