← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 17 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 17 Ch. 225-226

‎အခန်း (၂၂၅) - အင်မော်တယ်အစစ် ပေါ်ထွန်းခြင်း၊ လှည့်စားမှုတစ်ခုနှင့် အင်မော်တယ်ဆိုသည်မှာ မည်သူနည်း

‎

‎

‎

‎ဤမြင်ကွင်းသည် အရှင်သခင်များအားလုံးကို ထိတ်လန့်တုန်လှုပ်ကာ ဆွံ့အသွားစေခဲ့သည်။

‎

‎

‎အင်မော်တယ်အစစ်ဟု ယူဆရသော ရုပ်အလောင်းနှစ်ခုသည်... ကုချန်၏ခြေရင်းတွင် လဲလျောင်းနေသည်။ သက်ရှိလက္ခဏာ ကင်းမဲ့နေသော်လည်း... ၎င်းတို့ထံမှ ထွက်ပေါ်နေသော အေးစက်သည့်... အင်မော်တယ်တာအိုချီဓာတ်များသည် အရှင်သခင်များ၏ ကျောရိုးထဲထိ စိမ့်ဝင်သွားစေကာ... ကြက်သီးမွေးညင်းထစေသည်။

‎

‎

‎ထိုအရာများသည် အရှင်အဆင့်ထက် ကျော်လွန်သော အင်မော်တယ်အစစ်များ ဖြစ်တန်ရာ၏။

‎

‎

‎ဤနှစ်ဦးစလုံးအား ကောင်းကင်ဘုံအရှင်သခင်မှ သတ်ဖြတ်လိုက်ခြင်းလော။

‎

‎

‎" မဟုတ်သေးဘူး... ဒီရုပ်အလောင်းတွေက ဒီနေရာမှာ ရှိနေခဲ့တာ အတော်လေး ကြာမြင့်နေပြီ "

‎

‎

‎ဖီးနစ်ဧကရာဇ်၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားကာ... ကုချန်ခြေရင်းမှ အင်မော်တယ်အလောင်းနှစ်လောင်းကို စူးစိုက်ကြည့်ကာ... လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

‎

‎

‎" သေချာကြည့်ကြစမ်းပါ ဒီပုဂ္ဂိုလ်နှစ်ဦးက... ကောင်းကင်ဘုံအရှင်သခင် သတ်ဖြတ်လိုက်တာ မဟုတ်လောက်ဘူး "

‎

‎

‎ဖီးနစ်ဧကရာဇ်၏စကားကြောင့် ကျန်ရှိသော အရှင်ရှစ်ပါး၏အကြည့်များမှာ အင်မော်တယ်ရုပ်အလောင်းများထံသို့ ရောက်ရှိသွားကြသည်။

‎

‎

‎အင်မော်တယ်ရုပ်အလောင်းများမှာ ဖုန်ကင်းစင်နေသော်လည်း... ဒဏ်ရာဟောင်းများသာဖြစ်ပြီး လတ်ဆတ်သော သွေးစသွေးနများ မရှိသည်ကို... တွေ့လိုက်ရသောကြောင့်ပင်။

‎

‎

‎၎င်းကိုကြည့်ခြင်းအားဖြင့်... ဤအင်မော်တယ်အစစ်ဟု ယူဆရသော ပုဂ္ဂိုလ်များသည် လွန်ခဲ့သော... နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြာမြင့်သည့်အချိန်ကတည်းက... သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။ ထို့ကြောင့် ကောင်းကင်ဘုံအရှင်သခင်၏ လက်ချက် မဖြစ်နိုင်ပေ။

‎

‎

‎ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် အရှင်သခင်များသည် မသိစိတ်မှနေ၍ သက်ပြင်းချလိုက်မိကြသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင် သတ်ဖြတ်လိုက်ခြင်း မဟုတ်သရွေ့ ကိစ္စမရှိပေ။

‎

‎

‎အကယ်၍သာ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များကိုပင်... ကောင်းကင်ဘုံအရှင်သခင်မှ သတ်ဖြတ်နိုင်ခဲ့ပါလျှင်... သူတို့ အရာရာကို စတေး၍ ကြိုးပမ်းခဲ့သည့်... အင်မော်တယ်တက်လှမ်းခြင်း လမ်းစဉ်သည် အဓိပ္ပာယ်ရှိပါဦးမည်လော။

‎

‎

‎နောက်ဆုံးတွင် သူတို့သည် ကောင်းကင်ဘုံအရှင်သခင်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ "

‎

‎

‎ရှေးဟောင်းအရှင်တစ်ပါးမှ သတိထားကာ မေးမြန်းလိုက်သည်။

‎

‎

‎စကားဆုံးသည်နှင့် ကျန်ရှိသော အရှင်များ၏ အကြည့်များမှာလည်း ကုချန်ထံသို့ ရောက်ရှိလာကြသည်။ ကုချန် မည်သို့မည်ပုံ ရောက်ရှိလာသည်ကို သူတို့ သိချင်နေကြသည်။

‎

‎

‎သို့သော် သူတို့၏သံသယများကို ဖြေရှင်းပေးရန် ကုချန်တွင် စိတ်ကူးမရှိပေ။

‎

‎

‎သူသည်... ထိုသနားစရာကောင်းသော သတ္တဝါများကို ခပ်တန်းတန်းမျှသာ ကြည့်လိုက်ပြီး... မည်သည့်စကားမျှ မဆိုဘဲ တည်ငြိမ်စွာပင် ထွက်ခွာသွားခဲ့သည်။

‎

‎

‎ကုချန်၏မျက်လုံးထဲတွင် တားမြစ်နယ်မြေအရှင်များသည် သနားစရာကောင်းသော သတ္တဝါများမျှသာ ဖြစ်သည်။

‎

‎

‎ကုချန် ထွက်ခွာသွားသည်ကို မြင်သောအခါ... ဖီးနစ်ဧကရာဇ်နှင့် အခြားအရှင်များသည်... အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။ မည်သူမျှ ပိတ်ဆို့ရဲခြင်း မရှိပေ။

‎

‎

‎ဤသည်မှာ အဆုံးမဲ့ကမ္ဘာတွင် ကုချန် တည်ဆောက်ခဲ့သော ဂုဏ်သတင်းကြီးမားမှုကြောင့်ပင် ဖြစ်သည်။

‎

‎

‎အကယ်၍ ကုချန်သာ သာမန်အရှင်တစ်ပါးဖြစ်ပါက ဤရှေးဟောင်းအရှင်များသည် ဤမျှလွယ်ကူစွာ ထွက်ခွာခွင့်ပြုမည် မဟုတ်ချေ။

‎

‎

‎ဤနေရာရှိ... အင်မော်တယ်တက်လှမ်းခြင်းနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ သို့မဟုတ်... အခွင့်အရေးများ ပါသွားနိုင်သည်မဟုတ်ပါလော။ ကုချန်သည် ဦးစွာရောက်ရှိနေသည့်အတွက်... ထိုလျှို့ဝှက်ချက်များကို ရယူသွားနိုင်သည်။ ထိုအခါ... တားမြစ်နယ်မြေအရှင်များသည် အင်မော်တယ်တက်လှမ်းခွင့်ကို လက်လွတ်မခံဘဲ... အတင်းအကျပ် တိုက်ခိုက်လုယူကြမည်သာ ဖြစ်သည်။

‎

‎

‎သို့သော် ထိုပုဂ္ဂိုလ်မှာ ကုချန်ဖြစ်နေသောကြောင့် အခြေအနေဟာ ကွဲပြားခြားနားသွားသည်။

‎

‎

‎ကုချန်သည် အင်မော်တယ်တက်လှမ်းခြင်း အခွင့်အလမ်းကို ရရှိသွားခဲ့လျှင်ပင်... ဤအရှင်သခင်များသည် မကြားချင်ယောင် မမြင်ချင်ယောင် ဆောင်ကာ... ဘာမျှမဖြစ်ပျက်ခဲ့သကဲ့သို့ နေကြလိမ့်မည်။

‎

‎

‎အကြောင်းရင်းမှာ ရှင်း၏။ သူတို့ အားလုံးပေါင်းတိုက်လျှင်ပင် ကုချန်ကို အနိုင်မတိုက်နိုင်သောကြောင့်တည်း။

‎

‎

‎ထို့ကြောင့် အသက်မသေချင်ပါက... ကုချန်အား ပြဿနာသွားမရှာခြင်းက... အကောင်းဆုံးဖြစ်သည်။

‎

‎

‎ကုချန်၏ပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားပြီးနောက်... တားမြစ်နယ်မြေအရှင်တစ်ပါးမှ အသံနှိမ့်ကာ... ရေရွတ်လိုက်သည်။

‎

‎

‎" သူ မပြောရုံနဲ့ ငါတို့မသိနိုင်တော့ဘူးလို့ ထင်နေလား "

‎

‎

‎ထိုအရှင်သည် လက်ကိုဝှေ့ယမ်းလိုက်ရာ... ကောင်းကင်နှင့်မြေကြီး၏ တာအိုများ လှုပ်ခတ်သွားပြီး... အတိတ်ရိပ်ထင် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။

‎

‎

‎ပုံရိပ်ယောင်မြင်ကွင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော နယ်မြေ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြသနေသည်။

‎

‎

‎ဤသည်မှာ... နေရာလပ်နှင့် အချိန်ကာလ တာအိုကို အသုံးပြုထားသည့် အံ့ဖွယ်နည်းလမ်းတစ်ခုဖြစ်ပြီး... ကောင်းကင်နှင့်မြေကြီးတွင် ကျန်ရစ်သော တာအိုခြေရာများကို ဖမ်းယူကာ... အတိတ်ကို မျက်စိရှေ့တွင် ဖြစ်ပျက်နေသကဲ့သို့ ပြန်လည်ဖန်တီးခြင်းဖြစ်သည်။

‎

‎

‎တစ်ခဏချင်းတွင်ပင် အရှင်များ၏အကြည့်များသည် ထိုပုံရိပ်ယောင်မြင်ကွင်းထံသို့ ရောက်ရှိသွားကြသည်။

‎

‎

‎မြင်ကွင်း စတင်သည်နှင့် ယွမ်ကျွင်းမဟာဧကရာဇ်က ကုချန်အား ဤနေရာသို့ ခေါ်ဆောင်လာသည်ကို တွေ့ရသည်။

‎

‎

‎ဇာတ်လမ်း ဆက်သွားသည်နှင့်အမျှ ဖီးနစ်ဧကရာဇ်နှင့် အခြားအရှင်များ၏ မျက်နှာအမူအရာများမှာ ပိုမို၍ ကြွပ်ဆတ်လာသည်။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းဆိုသည်မှာ... လှည့်စားမှုတစ်ခု သက်သက်သာဖြစ်ပြီး... အရှင်သခင်များမှာ ယဇ်ကောင်များသာ ဖြစ်နေခဲ့သည်။

‎

‎

‎ကောင်းကင်ချောက်နက်၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သည့် ရွှယ်ကျန်းအရှင် ဖြစ်နေသည်။

‎

‎

‎ထို့ပြင် ရွှယ်ကျန်းသည် အင်မော်တယ်နယ်မြေ၏အမိန့်ကို နာခံသူသာ ဖြစ်သည်။

‎

‎

‎ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ.....

‎

‎

‎ထိုခံစားချက်များသည် ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ၏ စိတ်နှလုံးထဲတွင် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည်။

‎

‎

‎" အတု... ဒီအရာအားလုံးက အတုတွေပဲ... "

‎

‎

‎အရှင်တစ်ပါးသည် လက်ခံနိုင်ရန် ခဲယဉ်းစွာဖြင့် ပြောဆိုလိုက်သည်။

‎

‎

‎ခေတ်ကာလများစွာ စောင့်ဆိုင်းခဲ့ပြီးနောက် ရရှိလိုက်သည်က ဗလာသက်သက် လှည့်စားမှုတစ်ခုသာလော။

‎

‎

‎သူတို့သည် အထက်တန်းစား အင်မော်တယ်များ၏ မျက်လုံးထဲတွင် 'ဆေးဖက်ဝင်ပစ္စည်း' အဆင့်သာ ရှိသည်တဲ့လော။

‎

‎

‎ရယ်စရာကောင်းလိုက်သည့် ကံကြမ္မာပင်။

‎

‎

‎" ငါတို့က သက်ရှိတွေကို စားသုံးတယ်... အထက်တန်းစား အင်မော်တယ်တွေက ငါတို့ကို ပြန်စားသုံးကြတယ်... သံသရာဆိုတာ လည်တတ်စမြဲပဲ... ကောင်းတယ်... ကောင်းတယ်... ဟားဟားဟား! "

‎

‎

‎အရှင်တစ်ပါးသည် သွေးမျက်ရည်များကျသည်အထိ အရူးအမူး ရယ်မောလိုက်လေ၏။

‎

‎

‎နောက်ဆုံး၌ သူတို့အားလုံးသည် ဟာသတစ်ခုသာ ဖြစ်ခဲ့ရသည်။

‎

‎

‎" လူသားဧကရာဇ်က အရာအားလုံးကို တစ်ဦးတည်း ရင်ဆိုင်ခဲ့တာပဲ..... "

‎

‎

‎ပုံရိပ်ယောင်မြင်ကွင်းထဲမှ... လူသားဧကရာဇ် ပြောသော စကားများကို နားထောင်ပြီးနောက်... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာတွင်... ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာခဲ့လေသည်။

‎

‎

‎အကယ်၍သာ... လူသားဧကရာဇ်သည် အင်မော်တယ်အစစ် နှစ်ပါးကို သတ်ဖြတ်ပြီး... ရွှယ်ကျန်းကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ခြင်း မရှိပါက... သူတို့သည် ဤမျှကာလပတ်လုံး အဆုံးမဲ့ကမ္ဘာတွင်... အေးချမ်းစွာ နေထိုင်နိုင်ခဲ့မည် မဟုတ်ချေ။

‎

‎

‎အတိုင်းအတာတစ်ခုထိ ပြောရလျှင် သူတို့အားလုံးသည် လူသားဧကရာဇ်ကို အကြွေးတင်နေခြင်း ဖြစ်သည်။

‎

‎

‎တစ်ချိန်တည်းမှာပင် အရှင်များသည် လူသားဧကရာဇ်၏ တိုက်ခိုက်နိုင်စွမ်းကို အံ့ဩနေမိကြသည်။

‎

‎

‎အင်မော်တယ်အစစ်နှစ်ပါးကို သတ်ဖြတ်ကာ ရွှယ်ကျန်းကို ဒဏ်ရာရစေခဲ့ခြင်း။

‎

‎

‎ထိုသို့သော တိုက်ခိုက်နိုင်စွမ်းသည် သူတို့ မှန်းဆ၍ပင် မရနိုင်သော အဆင့်တစ်ခုဖြစ်သည်။

‎

‎

‎လူသားဧကရာဇ်သည် အဆုံးမဲ့ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် ပြိုင်ဘက်ကင်း ပထမဆုံးလူသားပင် ဖြစ်သည်။

‎

‎

‎" လူသားဧကရာဇ် အထွတ်အထိပ်ရောက်နေတဲ့အချိန်ဆိုရင် ကောင်းကင်ဘုံအရှင်သခင်တောင် သူ့ပြိုင်ဘက် မဟုတ်လောက်ဘူး "

‎

‎

‎အရှင်တစ်ပါးမှ အံ့ဩစွာ ရေရွတ်လိုက်လေသည်။

‎

‎

‎ထို့နောက် ပုံရိပ်ယောင်တွင် ရွှယ်ကျန်းနှင့် ကုချန်တို့၏ တိုက်ပွဲကို ပြသလိုက်သည်။

‎

‎

‎ထို့နောက်တွင် မင်ကူအင်မော်တယ် ဆင်းသက်လာကာ သူလည်း ကုချန်၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

‎

‎

‎မင်ကူအင်မော်တယ် သေဆုံးချိန်တွင်... ကမ္ဘာမြေကို တုန်လှုပ်စေသော စွမ်းအင်များကြောင့်... ကောင်းကင်နှင့်မြေကြီးရှိ တာအိုခြေရာများ ပျက်စီးသွားပြီး... ပုံရိပ်ယောင်မြင်ကွင်းလည်း ရုတ်တရက် ရပ်တန့်သွားသည်။

‎

‎

‎သို့သော် ဤမျှလောက်နှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

‎

‎

‎ပုံရိပ်ယောင်မြင်ကွင်းထဲတွင်... မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကြောင့်... အရှင်သခင်များ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။

‎

‎

‎ရွှယ်ကျန်းကို သတ်ဖြတ်ပြီးနောက် အင်မော်တယ်တစ်ပါးကိုပါ ထပ်မံသတ်ဖြတ်ခဲ့သည်။

‎

‎

‎ပုံရိပ်ယောင်မှတဆင့် ကြည့်ရှုရုံမျှဖြင့်ပင်... ရွှယ်ကျန်းနှင့် မင်ကူအင်မော်တယ်တို့၏စွမ်းအားကို... သူတို့ ခံစားမိနေသည်။

‎

‎

‎အထူးသဖြင့်... ပိုမိုထူးခြားဆန်းကြယ်ပြီး နက်ရှိုင်းလှသော မင်ကူအင်မော်တယ်ကို... သူတို့ မျှော်ကြည့်ရန်ပင် စွမ်းနိုင်မည် မဟုတ်ချေ။

‎

‎

‎သို့သော် ထိုမျှကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုသည် ကောင်းကင်ဘုံအရှင်သခင်၏ လက်ချက်ဖြင့် လွယ်ကူစွာ သေဆုံးခဲ့ရသည်။

‎

‎

‎ဤအချက်က အရှင်များကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားစေသည်။

‎

‎

‎သူတို့ တစ်သက်လုံး... ရှာဖွေခဲ့သော သာမန်အင်မော်တယ်အစစ်ထက်ပင်... ပိုမိုစွမ်းအားကြီးမားသော ဖြစ်တည်မှုများသည်... ကောင်းကင်ဘုံအရှင်သခင်၏ ပြိုင်ဘက် မဖြစ်ခဲ့ဘဲ... လွယ်ကူစွာပင် ဖိနှိပ်သတ်ဖြတ် ခံလိုက်ရသည်။

‎

‎

‎တကယ်တမ်းတော့... ဘယ်သူက အင်မော်တယ်လဲ။

‎

‎အခန်း (၂၂၆) - အင်မော်တယ်ဂိတ်တံခါး၏ လွမ်းချင်း၊ ဘယ်ကိုသွားမည်နည်း၊ ယခု ဘာလုပ်ကြမည်နည်း

‎

‎

‎

‎အရှင်သခင်များအားလုံး တိတ်ဆိတ်သွားကြပြီး... ကောင်းကင်နှင့်မြေကြီးကြားရှိ လေထုမှာ လေးလံပိပြားလျက်... ဖိစီးမှုများ ပြည့်နှက်နေသည်။

‎

‎

‎သူတို့သည် အင်မော်တယ်တက်လှမ်းခြင်းနှင့်ပတ်သက်သည့် အမှန်တရားကြောင့်... စိတ်ပျက်အားငယ်နေကြသလို ကုချန်၏ ကြောက်မက်ဖွယ်ရာ အင်အားကြောင့်လည်း... တုန်လှုပ်နေကြသည်။

‎

‎

‎သူတို့ တစ်သက်လုံး... ပင်ပန်းကြီးစွာ ရှာဖွေခဲ့ရသော အင်မော်တယ်အစစ်များပင်လျှင်... ဤမျှ အားနည်းနေပါက... သူတို့ကရော မည်သို့သော အရာများ ဖြစ်နေကြသနည်း။

‎

‎

‎" အစကနေ အဆုံးထိ ငါတို့က ဟာသတစ်ခုပဲ ဖြစ်နေခဲ့တာ "

‎

‎

‎ဆံပင်ဖြူများနှင့် အရှင်အိုကြီးတစ်ပါးသည် လည်ချောင်းသံဖြင့် ရယ်မောလိုက်ပြီး... ခမ်းနားထည်ဝါသော အင်မော်တယ်တံခါးမကြီးဆီသို့... ယိုင်နဲ့နဲ့ လမ်းလျှောက်သွားလေသည်။

‎

‎

‎ကောင်းကင်ချောက်နက်အတွင်းမှ စမ်းသပ်မှုအမျိုးမျိုးကြောင့်... သူ၏စွမ်းအားများ ကုန်ခန်းလုနီးပါး ဖြစ်နေပြီး ယခုအခါ... သူ၏ပုံရိပ်ယောင်ကိုပင် မထိန်းသိမ်းနိုင်တော့ဘဲ... ဤသို့သော အိုမင်းရင့်ရော်သည့် ပုံစံကို ထုတ်ဖော်ပြသနေရသည်။

‎

‎

‎အခြားသော အရှင်သခင်များသည် ဤအဖြစ်အပျက်အားလုံးကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်နေကြ၏။

‎

‎

‎အင်မော်တယ်တံခါးကို ဖွင့်၍မရနိုင်ချေ။ ဤအချက်ကို ကောင်းကင်ဘုံအရှင်သခင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်တောင် မဖွင့်နိုင်သော အင်မော်တယ်တံခါးကို သူတို့က မည်သို့ လှုပ်ခတ်နိုင်မည်နည်း။

‎

‎

‎ထို့ကြောင့်ပင်... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် အင်မော်တယ်တံခါးကို စူးစမ်းရန်... အလောမကြီးကြခြင်း ဖြစ်သည်။ ရလဒ်ကို သိပြီးသားဖြစ်သည့်အတွက်... စူးစမ်းခြင်းသည် အဓိပ္ပာယ်မရှိကြောင်း... အရှင်သခင်များအားလုံး နားလည်ထားကြသည်။

‎

‎

‎" ရာသီပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပြီ... အင်မော်တယ်နဲ့ တာအိုလမ်းစဉ်ကို ရှာဖွေရာမှာ... ဝမ်းနည်းစရာတွေက ဘယ်လောက်တောင် များလိုက်မလဲ.....

‎

‎ငါ့ရဲ့တာအို၊ ငါ့ရဲ့နည်းလမ်းတွေက ဒီကမ္ဘာမှာ မရှိဘူး... အင်မော်တယ်တက်လှမ်းဖို့အတွက် ငါအရာအားလုံးကို စွန့်လွှတ်ခဲ့ရတာ... ဒီနေ့ အင်မော်တယ်ကို မတွေ့ရရင် ငါကျေနပ်မှာ မဟုတ်ဘူး "

‎

‎

‎ဆံပင်ဖြူနှင့် အရှင်အိုကြီးသည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး... သူ၏ခြေလှမ်းများမှာ ယိမ်းယိုင်ခြင်းမရှိတော့ဘဲ.... ခမ်းနားသော အင်မော်တယ်တံခါးဆီသို့ ပြတ်သားစွာ လျှောက်သွားလေသည်။

‎

‎

‎လမ်းလျှောက်နေရင်း... သူ၏ဆံပင်ဖြူများသည် တဖြည်းဖြည်း မည်းနက်လာပြီး... ကိုင်းညွတ်နေသော ခန္ဓာကိုယ်သည်လည်း... ဖြောင့်မတ်လာသည်။ ဤအရှင်အိုကြီးသည် သူ၏အထွတ်အထိပ်အခြေအနေကို ပြန်လည်ရရှိလာခြင်း ဖြစ်သည်။

‎

‎

‎" သြော်..... "

‎

‎

‎ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖီးနစ်ဧကရာဇ်၏ မျက်ဝန်းများ အနည်းငယ် မှိန်ဖျော့သွား၏။

‎

‎

‎ဤအရှင်အိုကြီးသည် သူနှင့် တားမြစ်နယ်မြေတစ်ခုတည်းမှ လာသူဖြစ်သည်။ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိခြင်းသည်... ကန့်သတ်ချက်ရှိနေပြီဖြစ်သော သူ၏သက်တမ်းကို လောင်ကျွမ်းစေခြင်း၏... ရလဒ်သာဖြစ်သည်။

‎

‎

‎လက်ဖက်ရည်တစ်အိုးခန့် ကြာပြီးနောက်... ရလဒ်မည်သို့ပင်ရှိစေကာမူ ဤအရှင်သခင်သည်... သေဆုံးရမည်ဖြစ်သည်။ ဤသည်မှာ သူ၏နောက်ဆုံးနိဂုံးပင် ဖြစ်သည်။

‎

‎

‎" အင်မော်တယ်... အင်မော်တယ်... အင်မော်တယ် "

‎

‎

‎အရှင်အိုကြီးသည် ဟစ်ကြွေးလိုက်ပြီး... ပြိုကျနေသော ကောင်းကင်ကို ထောက်ပင့်သကဲ့သို့... သူ၏လက်ဝါးများကို ဖြည်းညှင်းစွာ တွန်းထုတ်လိုက်သည်။ သူသည်... အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားများကို ချက်ချင်းပင် ထုတ်ဖော်လိုက်ပြီး... ထိုခမ်းနားသော အင်မော်တယ်တံခါးကို... အပြီးအပိုင် တွန်းဖွင့်ရန် ရည်ရွယ်လိုက်သည်။

‎

‎

‎သို့သော်... ကြီးမားကျယ်ပြန့်ပြီး ကမ္ဘာများကို ပိုင်းခြားထားသကဲ့သို့ အေးစက်နေသော အင်မော်တယ်တံခါးရှေ့တွင်... ဤရှေးဟောင်းအရှင်၏လုပ်ရပ်သည် စစ်ရထားကို တားဆီးမည့် ပုရစ်ကောင်ပမာ... ရယ်စရာကောင်းနေသည်။ သူ၏ အစွမ်းကုန် တိုက်ခိုက်မှုသည် အင်မော်တယ်တံခါးကို အနည်းငယ်မျှပင် မလှုပ်ခတ်စေနိုင်ခဲ့ချေ။

‎

‎

‎အင်မော်တယ်တံခါးထက်တွင်... အင်မော်တယ်တာအို သင်္ကေတများ လည်ပတ်နေပြီး... အရှင်သခင်၏ တိုက်ခိုက်မှုကို ရက်စက်အေးစက်စွာဖြင့်... ပိတ်ဆို့လိုက်သည်။ ဂယက်ထခြင်းမျှပင် မရှိခဲ့ပေ။

‎

‎

‎" ပွင့်စမ်းကွာ..... "

‎

‎

‎သို့သော် ဤရှေးဟောင်းအရှင်သည် သတိမမူမိသကဲ့သို့ပင်... ရူးသွပ်စွာ ဆက်လက်တိုက်ခိုက်နေ၏။ ကောင်းကင်နှင့်မြေကြီး၏ တာအိုကို လှုပ်ခတ်စေပြီး... သူ၏တစ်သက်တာ စွမ်းအားနှင့် အကောင်းဆုံး နည်းစနစ်များကို... ထုတ်ဖော်နေလေသည်။

‎

‎

‎အကယ်၍... သူ၏အထွတ်အထိပ်အချိန်တွင် အင်မော်တယ် မတက်လှမ်းနိုင်လျှင်ဈ... သူ၏အထွတ်အထိပ်အချိန်၌ပင် အဆုံးသတ်လိုက်မည် ဖြစ်သည်။

‎

‎

‎ဤအချိန်၌ အဆုံးမဲ့တာအိုများ ဟစ်ကြွေးကြပြီး... ကျယ်ပြန့်သော လေဟာနယ်သည် တစ်လက်မချင်းစီ ကွဲအက်သွားကာ... ဤရှေးဟောင်းအရှင်၏ အရှင်သခင်စွမ်းအားများအောက်တွင် နစ်မြုပ်သွားတော့သည်။

‎

‎

‎သို့သော် ထိုအင်မော်တယ်တံခါးသည် ကမ္ဘာကြီး၏ အဆုံးသတ်ပမာ ဖြစ်နေလေသည်။ တိုက်ခိုက်မှုအားလုံးသည် ၎င်း၏ရှေ့တွင် လေပြည်လေညင်းကဲ့သို့ ဖြစ်နေပြီး မည်သည့် သက်ရောက်မှုမျှ မရှိချေ။

‎

‎

‎အင်မော်တယ်တံခါးကို ဖွင့်ရန် ခက်ခဲလှပေသည်။

‎

‎

‎လက်ဖက်ရည်တစ်အိုးခန့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားလေ၏။

‎

‎

‎ဤအရှင်အိုကြီးသည် နောက်ဆုံးတွင် ရပ်တန့်သွားပြီး သူ၏ဆံပင်မည်းများသည် ပြန်လည်ဖြူဖွေးသွားကာ ခါးကိုင်းသွားပြန်သည်။

‎

‎

‎" အင်မော်တယ်တက်လှမ်းခြင်း... အင်မော်တယ်တက်လှမ်းခြင်း... ဟားဟားဟား "

‎

‎

‎အရှင်အိုကြီးသည် ဝမ်းနည်းကြေကွဲစွာ ရယ်မောလိုက်ပြီးနောက်... ရုတ်တရက် သူ၏ခေါင်းဖြင့် အင်မော်တယ်တံခါးကို... ဆောင့်တိုက်လိုက်သည်။ သွေးများ ပတ်ဖျန်းသွားကာ... သူ၏မြင့်မြတ်သောဝိညာဉ်သည်လည်း... လုံးဝပျက်စီးသွားလေတော့သည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎အင်မော်တယ်တံခါးထက်တွင်ဈ... မရေမတွက်နိုင်သော အင်မော်တယ်တာအို သင်္ကေတများ လည်ပတ်သွားပြီး... သွေးစသွေးန အားလုံးကို ချက်ချင်း သုတ်သင်လိုက်ကာ... ဘာမျှမဖြစ်ပျက်ခဲ့သကဲ့သို့ ဖြစ်သွား၏။

‎

‎

‎အခြားသော အရှင်သခင်အားလုံးသည် ဤမြင်ကွင်းကို မြင်သောအခါ ဝမ်းနည်းပူဆွေးမှုကို မပြသဘဲ မနေနိုင်ခဲ့ကြပေ။

‎

‎

‎အင်မော်တယ်တံခါးကို ဖွင့်ရန် ခက်ခဲလှသည်။ သူတို့သည် အင်မော်တယ် တက်လှမ်းနိုင်ရန် ကံမပါလာကြသူများ ဖြစ်သည်။

‎

‎

‎" ငါ အရာအားလုံးကို စွန့်လွှတ်ခဲ့တယ်... ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေကို ကိုယ်တိုင် မြှုပ်နှံခဲ့တယ်... ငါ့ရဲ့အချိန်တွေကို မြှုပ်နှံခဲ့တယ်... နောက်ဆုံးတော့ ဒီလိုရလဒ်မျိုးနဲ့ အဆုံးသတ်ရတာပဲ... ဟက်! "

‎

‎

‎နောက်ထပ် အရှင်တစ်ပါး ထွက်လာပြီး ခမ်းနားသော အင်မော်တယ်တံခါးကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။

‎

‎

‎သို့သော်.။ သူသည် ယခင်အရှင်ကဲ့သို့ အင်မော်တယ်တံခါးကို... ရူးသွပ်စွာ တိုက်ခိုက်ခြင်း မပြုပေ။ ထိုအစား... သူသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ... သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင်... လှောင်ပြောင်မှုတို့ ရောယှက်နေသော အပြုံးတစ်ခု ပေါ်လာ၏။

‎

‎

‎" ပြန်သွားတာက ပိုကောင်းပါတယ်... ပြန်တာကပဲ ပိုကောင်းပါတယ်..... "

‎

‎

‎တောက်ပသော အလင်းမိုးစက်များဖြင့်... ဤအရှင်သည် မည်သည့် တွန့်ဆုတ်ခြင်း၊ တွယ်တာခြင်းမျှ မရှိဘဲ... တာအိုထဲသို့ တိုက်ရိုက်ပျော်ဝင် ပျက်စီးသွားတော့သည်။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းသည်... လှည့်စားမှုတစ်ခုဖြစ်ကြောင်း သိလိုက်ရကတည်းက... သူ၏နှလုံးသားသည် သေဆုံးခဲ့ပြီးဖြစ်သည်။ ဤအဆုံးမဲ့ကမ္ဘာ လူသားမျိုးနွယ်လောကသည် သူ့အတွက် တွယ်တာစရာ မရှိတော့ပေ။

‎

‎

‎တစ်ပါးက သေဆုံးသွားပြီး တစ်ပါးက တာအိုထဲသို့ ပျော်ဝင်သွားသည်။

‎

‎

‎ကျန်ရှိနေသော ရှေးဟောင်းအရှင် ခြောက်ပါးသည် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာ ရပ်နေကြလေသည်။

‎

‎

‎အချိန်အတော်ကြာပြီးနောက် ဖီးနစ်ဧကရာဇ်က ဦးစွာ စကားစပြောလိုက်သည်။

‎

‎

‎" တာအိုရဲဘော်တို့... ငါတို့ ဒီကနေ ဘယ်ကို ဆက်သွားကြမလဲ... တားမြစ်နယ်မြေကို ပြန်ချင်သေးလား "

‎

‎

‎ဤစကားကို ကြားသောအခါ ကျန်ရှိသော တားမြစ်နယ်မြေအရှင်များအားလုံးမှာ တွေဝေသွားကြသည်။

‎

‎

‎လက်ရှိအခြေအနေအရ အင်မော်တယ်တက်လှမ်းခြင်း ကိစ္စသည် ဟာသတစ်ခု ဖြစ်လာခဲ့ပြီ။

‎

‎

‎အင်မော်တယ်အစစ်များမှ သူတို့အား စားသုံးကြရုံသာဖြစ်ပြီး... အင်မော်တယ်နယ်မြေတံခါးသည် သူတို့အတွက်... ဘယ်သောအခါမျှ ပွင့်ခဲ့ခြင်း မရှိချေ။ အရာအားလုံးသည် အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည်။

‎

‎

‎" ငါ အဆုံးမဲ့ကမ္ဘာကို ပြန်ပြီး... ဒီကမ္ဘာကြီးကို နောက်ဆုံးတစ်ခေါက်လောက် ကြည့်ချင်သေးတယ်... ပြီးရင်တော့ ငါထွက်သွားတော့မယ် "

‎

‎

‎ရှေးဟောင်းအရှင်တစ်ပါးသည် လှည့်ထွက်သွား၏။ သူ၏အသံတွင် အထီးကျန်ဆန်မှုများ ပြည့်နှက်နေလေသည်။

‎

‎

‎" တားမြစ်နယ်မြေကို ပြန်ရမယ် ဟုတ်လား... ဘာအဓိပ္ပာယ်ရှိဦးမှာလဲ... ဆက်ပြီး စောင့်နေတာက အချည်းနှီးပဲ ဖြစ်မှာ "

‎

‎

‎နောက်ထပ် အရှင်တစ်ပါးသည်... လှောင်ပြောင်သရော်လိုက်လျက် နှမြောတသခြင်း အလျဉ်းမရှိဘဲ... လှည့်ထွက်သွား၏။

‎

‎

‎နောက်ဆုံးတွင် ဖီးနစ်ဧကရာဇ် အပါအဝင် အရှင်ငါးပါးသာ ကျန်ရှိတော့သည်။

‎

‎

‎" မင်းတို့ ဘာအစီအစဉ်ရှိလဲ "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် ကျန်ရှိသော အရှင်လေးပါးကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

‎

‎

‎" ဖီးနစ်ဧကရာဇ်... ငါတို့ ကျန်နေခဲ့တယ်ဆိုကတည်းက ငါတို့အားလုံး မကျေနပ်ကြလို့ပဲ... ပြောပါဦး... ငါတို့ ဘာလုပ်သင့်လဲ "

‎

‎

‎ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး... တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိသည့် ရှေးဟောင်းအရှင်တစ်ပါးမှ... ဖီးနစ်ဧကရာဇ်၏ အမြင်ကို မေးမြန်းလိုက်သည်။

‎

‎

‎သူတို့ အမှန်တကယ်ပင် မကျေနပ်ကြပေ။

‎

‎

‎ပထမအချက်မှာ... အင်မော်တယ် မတက်လှမ်းနိုင်ခြင်းကြောင့်ဖြစ်ပြီး... ဒုတိယအချက်မှာ... တစ်စုံတစ်ဦး၏ လှည့်ကွက်အောက်တွင် ပိတ်မိပြီး... အသတ်ခံရတော့မည့် အခြေအနေကြောင့် ဖြစ်သည်။

‎

‎

‎ခုနက ပုံရိပ်ယောင်မြင်ကွင်းထဲတွင်... လူသားမျိုးနွယ်မှ ယွမ်ကျွင်းသည်... ဤနေရာမှ အင်မော်တယ်အစစ် ရွှယ်ကျန်းနှင့် ပူးပေါင်းကြံစည်နေသည်ကို... သူတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

‎

‎

‎ရွှယ်ကျန်း၏နောက်ကွယ်တွင် ကြံရာပါအဖြစ် ပါဝင်နေသော လျှို့ဝှက်အင်အားစုတစ်ခု ရှိနေနိုင်သည်။ နှစ်ပေါင်းသန်းချီ စုပုံနေသော အရှင်သခင် အရိုးခေါင်းတောင်ပုံရာများသည် ဤအရာအားလုံးအတွက် ခိုင်လုံသော သက်သေပင်ဖြစ်သည်။

‎

‎

‎သူတို့သည် ကမ္ဘာလောကကို လွှမ်းမိုးခဲ့သော ရှေးဟောင်းအရှင်များ ဖြစ်ကြသည်။ သူတို့သာလျှင် အခြားသူများကို အမြဲ ကြံစည်ခဲ့သူများဖြစ်သည်။ ယခုကဲ့သို့ ကစားစရာအရုပ်သဖွယ် အပြုမူခံရပြီး ထိခိုက်နစ်နာအောင် လုပ်ဆောင်ခံရခြင်းမျိုး မည်သည့်အခါက ကြုံဖူးသနည်း။

‎

‎

‎ဤကြိုးကိုင်သူများနှင့် စာရင်းမရှင်းရပါက သေသွားလျှင်ပင် သူတို့ ကျေနပ်မည် မဟုတ်ချေ။

‎

‎

‎" လောလောဆယ်တော့ လမ်းနှစ်လမ်း ရှိတယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် အရှင်လေးပါးကို ကြည့်ကာ တည်ငြိမ်စွာ ပြောကြားလိုက်သည်။

‎

‎

‎" ပထမလမ်းကတော့ ငါတို့ သက်ဆိုင်ရာ တားမြစ်နယ်မြေတွေကို ပြန်ပြီး ဆက်လက်အိပ်စက်နေဖို့ပဲ... အနာဂတ်မှာ ကောင်းကင်အချိန်အခါ ပြောင်းလဲမယ့်အချိန်ကို စောင့်ရင်း... အင်မော်တယ်တံခါးပွင့်မယ့်နေ့ကို မျှော်လင့်ရမယ် "

‎

‎

‎" မဖြစ်ဘူး "

‎

‎

‎ဖီးနစ်ဧကရာဇ် စကားမဆုံးခင်မှာပင် အခြားအရှင်များထံမှ ကန့်ကွက်သံများ ထွက်ပေါ်လာသည်။

‎

‎

‎တားမြစ်နယ်မြေကို ပြန်ပြီး ဆက်အိပ်နေရမယ် ဟုတ်လား။

‎

‎

‎အင်မော်တယ်တံခါး ဘယ်တော့ပွင့်မလဲဆိုတာ သူတို့ လုံးဝမသိနိုင်ဘူး။ အဲ့ဒီနေ့ရက် မရောက်ခင်မှာပဲ သူတို့ တားမြစ်နယ်မြေထဲမှည သေဆုံးသွားနိုင်တယ်။

‎

‎

‎ထိုနေ့ရက်အထိ စောင့်နိုင်ခဲ့လျှင်ရော ဘာထူးမည်နည်း။

‎

‎

‎အင်မော်တယ်တံခါးပွင့်လာသည့်အခါ... နောက်ကွယ်ရှိ ဖြစ်တည်မှုများသည် သူတို့ကို... ချောချောမွေ့မွေ့ ဖြတ်သန်းခွင့် ပေးပါ့မည်လော။

‎

‎

‎အင်မော်တယ်အစစ်ဟု ခေါ်ဝေါ်ကြသူများ၏ မျက်လုံးထဲတွင်... သူတို့သည် လမ်းလျှောက်နေသော ဆေးဖက်ဝင်ပစ္စည်းများသာ ဖြစ်ကြောင်း... သိထားရမည်။

All Chapters