← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 17 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 17 Ch. 227-228

အခန်း (၂၂၇) - ဒုတိယလမ်းကြောင်း၊ ဖီးနစ်ဧကရာဇ်၏ လမ်းညွှန်မှုနှင့် အခြားသူတို့၏ ထွက်ခွာခြင်း

‎

‎

‎

‎အရှင်သခင် အများအပြားသည် ခေါင်းကို ခါယမ်းလိုက်ကြကာ... ဖီးနစ်ဧကရာဇ် အကြံပြုသော နည်းလမ်းသည်... စိတ်ချရသည့် နည်းလမ်းမဟုတ်ဟု ခံစားနေကြရသည်။

‎

‎

‎သူတို့သည် တားမြစ်နယ်မြေအတွင်း၌ နှစ်ပေါင်း အဆုံးမရှိစွာ အိပ်စက်ခဲ့ကြပြီးပြီ ဖြစ်သည်။ ဆက်လက် အိပ်စက်နေခြင်းသည် မည်သည့် ကောင်းကျိုးကို ဖြစ်ထွန်းစေမည်နည်း။ အင်မော်တယ်တက်လှမ်းခြင်းသည်လည်း မျှော်လင့်ချက် လုံးဝ ကင်းမဲ့နေပြီဖြစ်သည်။

‎

‎

‎

‎အရှင်လေးပါးစလုံး ကန့်ကွက်နေသည်ကို မြင်သောအခါ... ဖီးနစ်ဧကရာဇ်သည် သူတို့ကို စူးစိုက်ကြည့်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းကာ... ဒုတိယအစီအစဉ်ကို တင်ပြလိုက်သည်။

‎

‎

‎" ဒုတိယလမ်းကတော့ ငါတို့အားလုံး ကောင်းကင်ဘုံကို သွားပြီး... ကောင်းကင်ဘုံအရှင်သခင်ဆီမှာ ခိုလှုံဖို့ တောင်းပန်ကြတာပဲ... ကောင်းကင်ဘုံအရှင်သခင်ကို သစ္စာခံဖို့ ကြိုးစားရမယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်၏ ဤစကားကို ကြားလိုက်သည်နှင့် စုဝေးရောက်ရှိနေသူများအားလုံး ထိတ်လန့်သွားကြသည်။

‎

‎

‎" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

‎

‎

‎ရှေးဟောင်းအရှင်တစ်ပါးက မဆင်မခြင် စကားလုံးများဖြင့် ရေရွတ်လိုက်သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်နဲ့ ငါတို့ကြားမှာ... အမြဲတမ်းရန်ငြိုးတွေ ရှိနေခဲ့တာ... ငါတို့ကို ကောင်းကင်ဘုံကို သစ္စာခံဖို့... ဘယ်လိုလုပ် ခွင့်ပြုမှာလဲ "

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်ကို သစ္စာခံရမည်တဲ့လော။

‎

‎

‎ဤသည်မှာ ကြီးမားသော ဟာသတစ်ခုသာ ဖြစ်သည်။

‎

‎

‎ကုချန်သည် သူတို့အား လက်ခံမည် မဟုတ်ဟု ယုံကြည်ခြင်းအပြင်... ဤအရှင်သခင်များ မပြောချင်သော နောက်ထပ်အကြောင်းရင်း တစ်ခုလည်း... ရှိနေသည်။

‎

‎

‎၎င်းမှာ သူတို့၏စိတ်ထဲတွင် ကုချန်သည် မူလက သူတို့နှင့် တန်းတူသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ အင်အားအနည်းငယ် ပိုကြီးသည်ဆိုလျှင်ပင် သူတို့အားလုံးသည် အဆင့်အတန်း တစ်ခုတည်း၌ ရှိကြသည်။

‎

‎

‎ထို့ကြောင့် ယခု အရှင်သခင်များအား ကုချန်ကို သစ္စာခံခိုင်းခြင်းကို မည်သို့ လွယ်လွယ်ကူကူ လက်ခံနိုင်ကြမည်နည်း။

‎

‎

‎ရှေးဟောင်းအရှင်၏ စိတ်အားထက်သန်သော စကားများကို နားထောင်ပြီးနောက် ကျန်အရှင်သုံးပါးသည် တိတ်ဆိတ်နေကြသော်လည်း သူတို့၏သဘောထားများမှာ မကွဲပြားကြချေ။

‎

‎

‎ဖီးနစ်ဧကရာဇ်၏အကြည့်များသည် ပြောင်းလဲသွားကြကာ... သူတို့၏အတွေးများကို ထိုးထွင်းသိမြင်လိုက်သည့်အလား... သူသည် လှောင်ပြောင်သရော်လိုက်ပြီး ပြောလိုက်သည်။

‎

‎

‎" အရှင်တို့... ကောင်းကင်ဘုံအရှင်သခင်နဲ့ ငါတို့ကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိခဲ့တာလဲ... ရန်ငြိုးရှိခဲ့သူတွေက ကွမ်ဧကရာဇ်တို့ပဲ... ငါတို့နဲ့ ဘာဆိုင်သလဲ.....

‎

‎ကောင်းကင်ဘုံအရှင်သခင်က ငါတို့ကို ရန်သူအဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့မယ်ဆိုရင်... သူ့ရဲ့ရန်ကြွေးပြန်ဆပ်တတ်တဲ့ သဘောသဘာဝအရ... ငါတို့ ဒီနေ့အထိ အသက်ရှင်နေနိုင်ပါ့မလား "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် ရှင်းရှင်းလင်းလင်း မြင်၏။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် သူတို့ကို ရန်သူအဖြစ် မသတ်မှတ်ခဲ့ဘဲ လုံးဝ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အရှင်ငါးပါးသည် ကောင်းကင်ဘုံအရှင်သခင်နှင့်သာမက ကုမိသားစုနှင့်ပါ မည်သည့် ရန်ငြိုးမျှ မရှိခဲ့ချေ။

‎

‎

‎ရန်သူဟု ပြောနေခြင်းသည် အခြေအမြစ် မရှိပေ။

‎

‎

‎" နောက်ပြီးတော့ "

‎

‎

‎ဖီးနစ်ဧကရာဇ်၏အသံသည် ခေတ္တရပ်သွားပြီး... သူ၏အကြည့်သည် အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိသည့်အလား ဖြစ်သွားကာ... ထပ်မံ ပြောဆိုလိုက်သည်။

‎

‎

‎" မင်းတို့ အားလုံး ကောင်းကင်ဘုံအရှင်သခင်ကို သစ္စာခံရမှာကို စိတ်ထဲမှာ မနှစ်မြို့တာက... သူ့အောက်မှာ မနေချင်လို့ ဖြစ်မယ် မဟုတ်လား.....

‎

‎ဒါပေမယ့်... ခုနက အဖြစ်အပျက် အားလုံးကို မင်းတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြတာပဲ.....

‎

‎ကောင်းကင်ဘုံအရှင်သခင်က အင်မော်တယ်အစစ်ထက် သာလွန်တဲ့ ဖြစ်တည်မှုကိုတောင် သတ်နိုင်တယ်... ကျင့်ကြံခြင်းတာအိုမှာ စွမ်းဆောင်နိုင်သူက ပထမပဲ... ဘယ်သူက ပိုကြာကြာ အသက်ရှင်ခဲ့သလဲဆိုတာ အရေးမကြီးဘူး.....

‎

‎ငါတို့နဲ့ ကောင်းကင်ဘုံအရှင်သခင်က... အဆင့်အတန်း တစ်ခုတည်းမှာ မရှိတော့ဘူးဆိုတာ ရှင်းနေပြီ... ဒါဆို သူ့ကို သစ္စာခံရတာ ရှက်စရာ ဘာရှိဦးမလဲ "

‎

‎

‎ဤစကားကို ပြောလိုက်သည်နှင့် ကျန်အရှင်လေးပါး၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို ထိမှန်သွား‌လေ၏။

‎

‎

‎ဟုတ်ပေသည်။ ဤသည်မှာ သူတို့ ကုချန်ကို သစ္စာမခံချင်သည့် အရေးအကြီးဆုံး အကြောင်းရင်း ဖြစ်သည်။

‎

‎

‎သို့သော် ဖီးနစ်ဧကရာဇ်၏ စကားကို ကြားလိုက်ရသောအခါ အရှင်များ၏ တော်လှန်လိုစိတ်သည် အရင်ကကဲ့သို့ မပြင်းထန်တော့ချေ။

‎

‎

‎ဟုတ်သည်။ ကျင့်ကြံခြင်းတာအိုတွင် စွမ်းဆောင်နိုင်သူသာ ပထမ ဖြစ်သည်။

‎

‎

‎ဥပမာအားဖြင့်... ဤနေရာတွင် ရှိနေသော အရှင်သခင်များကြားတွင်... မွေးဖွားသည့်နှစ် ကွာခြားချက်သည် နှစ်သန်းပေါင်းများစွာ ရှိနိုင်သော်လည်း... သူတို့သည် အချင်းချင်း 'တာအိုရဲဘော်' ဟု ခေါ်ဆိုကြသည် မဟုတ်လော။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် အင်မော်တယ်အစစ်ကို ဦးစွာ သတ်ဖြတ်ပြီးနောက် အင်မော်တယ်အရှင်ကိုပါ သုတ်သင်ခဲ့သည်။ သူသည် အရှင်သခင်အားလုံးထက် များစွာ သာလွန်သော ဖြစ်တည်မှုတစ်ခု ဖြစ်နေလေပြီ။

‎

‎

‎ထိုသို့သော ဖြစ်တည်မှုရှေ့တွင် ဦးညွတ်ရခြင်းကို ရှက်စရာ ဘာရှိတော့မည်နည်း။

‎

‎

‎တစ်ခဏချင်းတွင် အရှင်သခင်များ၏ စိတ်နှလုံးသည် ပိုမို တက်ကြွလာကြ၏။

‎

‎

‎ဤအရာကို မြင်သောအခါ ဖီးနစ်ဧကရာဇ်သည် သံပူတုန်းကို ထုသကဲ့သို့ ချက်ချင်းဆိုသလို ပြောဆိုလိုက်သည်။

‎

‎

‎" ငါတို့ တစ်သက်လုံး ဘာကို ရှာခဲ့ကြတာလဲ... အင်မော်တယ်တက်လှမ်းဖို့ မဟုတ်ဘူးလား.....

‎

‎အခု ကောင်းကင်ဘုံအရှင်သခင်က အင်မော်တယ်အစစ်ကိုတောင် အလွယ်တကူ သတ်နိုင်တယ်... ဒါဆို သူ အင်မော်တယ်အစစ်ဆီ တက်လှမ်းဖို့ နည်းလမ်း ရှိနိုင်တယ်.....

‎

‎အင်မော်တယ်တံခါးကို ဖွင့်ဖို့ ခက်ခဲနေပြီမလို့... အင်မော်တယ်တက်လှမ်းခြင်းကလဲ မျှော်လင့်ချက် ကင်းမဲ့နေပြီ... ဒါပေမယ့် ငါတို့ ကောင်းကင်ဘုံအရှင်သခင်ကို သစ္စာခံမယ်ဆိုရင်... လောကီနယ်မြေမှာ အင်မော်တယ်တက်လှမ်းဖို့ မျှော်လင့်ချက် နည်းနည်းတော့ ရှိနေသေးတယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်၏ စည်းရုံးမှုသည် ကျန်အရှင်လေးပါးကို ချက်ချင်း လှုပ်ရှားစေခဲ့သည်။

‎

‎

‎ဟုတ်၏။

‎

‎

‎သူတို့ တစ်သက်လုံး ကြိုးစားပမ်းစား ရှာဖွေခဲ့သည်မှာ အင်မော်တယ်တက်လှမ်းခြင်း မဟုတ်ပါလော။

‎

‎

‎ယခု ကောင်းကင်ဘုံအရှင်သခင်သည် အင်မော်တယ်အစစ်များကိုပင် ပေါ့ပေါ့ပါးပါး နှိမ်နင်းပြီး သတ်ဖြတ်နိုင်နေသည်။

‎

‎

‎သူ့၌ အင်မော်တယ်အစစ်ဆီသို့ တက်လှမ်းရန် နည်းလမ်း သို့မဟုတ် နည်းစနစ်များ ရှိသည်ဆိုလျှင် အရှင်များသည် အနည်းငယ်မျှပင် အံ့ဩမည် မဟုတ်ချေ။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်း... အင်မော်တယ်တက်လှမ်းခြင်း.....

‎

‎

‎သူတို့သာ အင်မော်တယ်တက်လှမ်းနိုင်ရင် အင်မော်တယ်နယ်မြေကို သွားဖို့ ဘာလို့ လိုက်ရှာနေရမှာလဲ။

‎

‎

‎ဤအချက်ကို စဉ်းစားမိသောအခါ အရှင်သခင်များ၏ စိတ်နှလုံးသည် ချက်ချင်း တက်ကြွလာကြ၏။

‎

‎

‎သူတို့သည် သူတို့ရှေ့မှ အင်မော်တယ်တံခါးကို လုံးဝ လှုပ်ခါနိုင်ခြင်း မရှိသည့်အပြင်... သူတို့၏ ကိုယ်ပိုင်အင်အားဖြင့် အင်မော်တယ်နယ်မြေထဲသို့ ဝင်ရောက်ရန်မှာ... အချည်းနှီးသော တွေးတောမှုသာ ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်ကို သစ္စာခံရန် ရွေးချယ်ခြင်းသည် သူတို့၏ တစ်ခုတည်းသော ရှင်သန်နိုင်သည့် မျှော်လင့်ချက် ဖြစ်ကောင်း ဖြစ်နိုင်သည်။

‎

‎

‎" တာအိုရဲဘော် ဖီးနစ်ဧကရာဇ်ရဲ့ အစီအစဉ်က တကယ်ကောင်းပါတယ်... ဒါပေမယ့် ဖြေရှင်းဖို့ လိုအပ်တဲ့ အချက်တစ်ချက် ရှိနေသေးတယ် "

‎

‎

‎ရှေးဟောင်းအရှင်တစ်ပါးမှ တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် အနည်းငယ် တွေဝေစွာ ပြောဆိုလိုက်သည်။

‎

‎

‎" ငါတို့ ကောင်းကင်ဘုံအရှင်သခင်ကို သစ္စာခံချင်ရင်တောင်... သူက ငါတို့ကို လက်ခံဖို့ ရွေးချယ်ပါ့မလား "

‎

‎

‎ဤစကားကို ပြောပြီးလိုက်သည်နှင့် အရှင်သခင်များအားလုံး တိတ်ဆိတ်သွားကြလေသည်။

‎

‎

‎ဟုတ်သည်။ သူတို့၏ ယခင် စိတ်ထဲမှ ပုံရိပ်တွင်... ကုချန်၏ပုံရိပ်သည် အမြဲတစေ ခပ်တန်းတန်းနှင့်... လွှမ်းမိုးချုပ်ကိုင်သော ပုံစံမျိုး ဖြစ်သည်။

‎

‎

‎သူ၏မျက်လုံးထဲတွင်... ကုမိသားစုကိုသာ ဂရုစိုက်သင့်သည်ဟု ထင်ရပြီး... အခြားအရာအားလုံးသည် သူ၏ဓမ္မမျက်လုံးထဲသို့... ဝင်ရောက်နိုင်စွမ်း မရှိချေ။

‎

‎

‎ထို့ကြောင့် လူတိုင်း သစ္စာခံချင်သော်ငြား သူသာ လက်မခံရန် ငြင်းဆိုပါက မည်သို့လုပ်ရမည်နည်း။

‎

‎

‎" ဒါကတော့ မင်းတို့အားလုံး ဘယ်လောက်အထိ ရိုးသားဖြောင့်မတ်မှုကို ပြသနိုင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် တည်ငြိမ်စွာ ပြောလိုက်ပြီး... သူ၏ စကားလုံးများ၏ အဓိပ္ပာယ်မှာ မရှင်းမလင်း ဖြစ်နေကာ... တိုက်ရိုက် မပြောပြချေ။

‎

‎

‎ဤမျှလောက် အရိပ်အမြွက် ပြောပြီးနောက်... ဖီးနစ်ဧကရာဇ်သည် သူ အစွမ်းကုန် လုပ်ဆောင်ပြီးပြီဟု... ခံစားလိုက်ရသည်။

‎

‎

‎ဤတစ်ကြိမ်တွင်... ကောင်းကင်ချောက်နက်ထဲသို့ အရှင်သခင် စုစုပေါင်း တစ်ဆယ့်ရှစ်ပါး ဝင်ရောက်ခဲ့သော်လည်း... ငါးပါးသာ အသက်ရှင်ခဲ့သည်။ တားမြစ်နယ်မြေအမျိုးမျိုးမှ အရှင်သခင် အများစုသည်... သေဆုံးခဲ့ကြပြီ ဖြစ်သည်။

‎

‎

‎သို့သော်... ထိုအရှင်သခင်များ သူတို့၏တစ်သက်တာလုံး စုဆောင်းခဲ့သည့်... မြင့်မြတ်ဘဏ္ဍာများနှင့် အဆင့်မြင့် ဘဏ္ဍာများသည်... တားမြစ်နယ်မြေအမျိုးမျိုးတွင် ဝှက်ထားကြဆဲ ဖြစ်သည်။

‎

‎

‎ယခု ထိုတာအိုရဲဘော်များ သေဆုံးသွားခဲ့ပြီဖြစ်ရာ... ဤကျန်ရှိနေသော မြင့်မြတ်ဘဏ္ဍာများနှင့် အဆင့်မြင့်ဘဏ္ဍာများသည်... ဗုဒ္ဓအား ပန်းလှူရန်အတွက် ပန်းများကို ချေးယူသည့်ပမာ... အကောင်းဆုံး ဖြစ်သည် မဟုတ်ပါလော။

‎

‎

‎ဤမြင့်မြတ်ဘဏ္ဍာများနှင့် အဆင့်မြင့်ဘဏ္ဍာများသည် ကောင်းကင်ဘုံအရှင်သခင်အတွက် အသုံးမဝင်နိုင်သော်လည်း ကုမိသားစုအတွက် အလွန် အသုံးဝင်ပေလိမ့်မည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည်... သူ၏မျိုးဆက်များကို အလေးပေးသည်ကို ထောက်ရှုလျှင်... ဤကြီးမားသော လက်ဆောင်ကို သူ ငြင်းပယ်မည် မဟုတ်ပေ။

‎

‎

‎ဤမြင့်မြတ်ဘဏ္ဍာများကို အတင်းအဓမ္မ ယူဆောင်ခြင်းနှင့်... ကိုယ့်ဘာသာ ဆန္ဒအလျောက် ဆက်ကပ်ခြင်းတို့သည်... လုံးဝ ကွဲပြားသော အယူအဆ နှစ်ခု ဖြစ်သည်။

‎

‎

‎ထို့ပြင်... ဤမြင့်မြတ်ဘဏ္ဍာများနှင့် အဆင့်မြင့်ဘဏ္ဍာများသည် ကောင်းကင်ဘုံအရှင်သခင်ကို မလှုပ်ရှားနိုင်ခဲ့လျှင်ပင်... နှစ်သန်းပေါင်းများစွာ ကြာပြီးနောက် အရှင်သခင်များထဲမှ မည်သူက လျှို့ဝှက်ချက်အချို့ မရှိဘဲ... နေပါမည်နည်း။

‎

‎

‎ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ သို့မဟုတ် သဲလွန်စအချို့သည်... ကောင်းကင်ဘုံအရှင်သခင်ကို လှုပ်ရှားစေနိုင်ပြီး... သူ၏စိတ်ကို ပြောင်းလဲစေနိုင်သည်။

‎

‎

‎သို့သော် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်မှာ... သူတို့ တစ်ဦးစီ ကောင်းကင်ဘုံအရှင်သခင်ကို လှုပ်ရှားစေရန်... မည်မျှ ရိုးသားဖြောင့်မတ်မှုကို ပေးနိုင်သည်ဆိုသည့်အပေါ်... မူတည်မည် ဖြစ်သည်။

‎

‎

‎ဤနေရာတွင် ရှိနေသူတိုင်းသည် အချိန်ကာလ တစ်ခုအထိ အသက်ရှင်ခဲ့ကြသူများ ဖြစ်သည်။ ဖီးနစ်ဧကရာဇ်မှ ရှင်းရှင်းလင်းလင်း မပြောသော်လည်း... သူ၏ အရိပ်အမြွက်များကြောင့် ကျန်အရှင်လေးပါးစလုံးသည် အတွေးများ ဝင်လာကြကာ... တစ်ခုခုကို နားလည်သွားဟန်ဖြင့် စဉ်းစားနေသည့် ပုံစံများကို ပြသလာကြသည်။

‎

‎

‎" ဒီလိုဆိုရင် ဒီဧကရာဇ်က အရင် သွားနှင့်ပါဦးမယ် "

‎

‎

‎အရှင်သခင်များ သဘောပေါက်သွားဟန် ရှိသည်ကို မြင်သောအခါ... ဖီးနစ်ဧကရာဇ်သည် ထပ်မံ မပြောတော့ဘဲ ကောင်းကင်နှင့်မြေကြီး၏ အဆုံး၌ တည်ရှိနေသော... ခမ်းနားထည်ဝါသည့် အင်မော်တယ်တံခါးကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီးနောက်... နှမြောတသခြင်း အလျဉ်းမရှိဘဲ နောက်သို့ တစ်ချက်မျှပင် လှည့်ကြည့်ခြင်းမပြုဘဲ... ထွက်ခွာသွားလေသည်။

‎

‎

‎ကျန်ရှိနေသော အရှင်လေးပါးလည်း မကြာမီပင် ထွက်ခွာသွားကြ၏။

‎

‎

‎ဤကြီးမားခမ်းနားသော အင်မော်တယ်နယ်မြေသည်.... ယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းမှုဆီသို့... တစ်ဖန် ပြန်လည်ရောက်ရှိသွားလေတော့သည်။

‎

‎အခန်း (၂၂၈) - ကုချန် ပြန်လာခြင်း၊ ယွမ်ကျွင်း၏ဝိညာဉ်ကို ရှာဖွေခြင်းနှင့် အမှန်တရားကို စူးစမ်းခြင်း

‎

‎

‎

‎ကျယ်ပြန့်သော ကမ္ဘာ.....

‎

‎

‎နယ်ပယ်ငါးခု၏လေထုမှာ... အလွန် ဖိစီးနေလေသည်။ အရှင်သခင်များမှ သက်ရှိသတ္တဝါများအား ပေးခဲ့သော နာကျင်မှုသည်... မှေးမှိန်ခြင်း မရှိသေးသဖြင့် ကမ္ဘာလောက၌ ဝမ်းနည်းပူဆွေးမှုများ... ဆက်လက် ပျံ့နှံ့နေဆဲပင်။

‎

‎

‎သို့သော်... မျိုးနွယ်အသီးသီးမှ အစွမ်းထက် ကျင့်ကြံသူများ၏ အကြည့်များမှာ... အလယ်ပိုင်း နယ်မြေဒေသရှိ ကြီးမားသော ကောင်းကင်ချောက်နက်ကြီးဆီသို့... စူးစိုက်ရောက်ရှိနေကြ၏။

‎

‎

‎သူတို့အားလုံး သိချင်နေသည်မှာ... ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားသော အရှင်သခင်တို့... အောင်မြင်ခဲ့သလား သို့မဟုတ် ကျရှုံးခဲ့သလား ဟူ၍ပင်။

‎

‎

‎သူ အင်မော်တယ်တက်လှမ်းခဲ့သလား... သို့တည်းမဟုတ် စိတ်ပျက်အားငယ်စွာဖြင့် ကျဆုံးခဲ့သလား... အရာအားလုံးသည် ယနေ့တွင် နိဂုံးချုပ်ပေတော့မည်။

‎

‎

‎ကုမိသားစုရွာရှေ့တွင် နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းနှင့် အခြားသော တားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်းတို့သည်လည်း ကောင်းကင်ချောက်နက်၏ ဦးတည်ရာကို စူးစိုက်ကြည့်နေကြသည်။

‎

‎

‎သူတို့၏မျှော်လင့်ချက်သည် နယ်ပယ်ငါးခုမှ ကျင့်ကြံသူများထက်ပင် ပိုမို ပြင်းပြနေသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... တားမြစ်နယ်မြေ အရှင်သခင်၏ လက်အောက်ငယ်သားများဖြစ်သည့်အတွက်... ဖီးနစ်ဧကရာဇ်တို့ အင်မော်တယ်တက်လှမ်းခြင်းသည်... သူတို့၏အနာဂတ်ကို တိုက်ရိုက် သတ်မှတ်ပေးသောကြောင့်ပင်။

‎

‎

‎အားလုံး အချည်းနှီး ဖြစ်သွားမည်လော... သို့တည်းမဟုတ် ဖီးနစ်ဧကရာဇ်တို့၏ နောက်သို့ လိုက်ကာ... အင်မော်တယ်နယ်မြေသို့ တက်လှမ်းပြီး တာအိုကို ရရှိနိုင်မည်လော။ အမှန်တရား ပေါ်ထွက်မည့်အချိန်သည် နီးကပ်လာပြီ ဖြစ်သည်။

‎

‎

‎" တစ်ယောက်ယောက် ထွက်လာပြီ "

‎

‎

‎ရုတ်တရက်... နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး... မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်လိုက်ရသည့်အလား ဖြစ်သွားသည်။

‎

‎

‎" အဲဒါ ကောင်းကင်ဘုံအရှင်သခင်ပဲ "

‎

‎

‎အခြားသော တားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်းများကလည်း အံ့ဩတုန်လှုပ်သော အသံများဖြင့် ပြောလိုက်ကြသည်။

‎

‎

‎ကောင်းကင်ချောက်နက်ကြီး၏ အက်ကွဲကြောင်း နေရာ၌ ပုံရိပ်တစ်ခုသည် အတွင်းမှနေ၍ ပေါ့ပေါ့ပါးပါး ထွက်ခွာလာသည်ကို သူတို့ မြင်လိုက်ရသည်။

‎

‎

‎ထိုပုံရိပ်သည်... ကုမိသားစု၏ ဘိုးဘေးအိုကြီး... ကောင်းကင်ဘုံအရှင်သခင်ပင် ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်က ကောင်းကင်ချောက်နက်ကနေ ထွက်လာခဲ့တယ်တဲ့လား။ ဘာတွေ ဖြစ်ပျက်နေတာလဲ။

‎

‎

‎နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းတို့သာမက... နယ်ပယ်ငါးခုမှ မျိုးနွယ်အသီးသီးမှ အစွမ်းထက် ကျင့်ကြံသူများပင်... အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြသည်။

‎

‎

‎ယခင်က ယွမ်ကျွင်းမဟာဧကရာဇ်သည် ကောင်းကင်ဘုံအရှင်သခင်ကို အကြံအဖန် လုပ်ခဲ့သော်လည်း ကုချန်ချန်ထားခဲ့သော အဆုံးမဲ့ဓားသည် သူ၏အကြံအဖန်ကို ဖျက်ဆီးပစ်ခဲ့၏။

‎

‎

‎မျိုးနွယ်အသီးသီးမှ အစွမ်းထက် ကျင့်ကြံသူများသည်... ကုချန် ဤအခွင့်အရေးကို အသုံးပြု၍ ကောင်းကင်ချောက်နက်ကို ဖောက်ထွက်ကာ... အင်မော်တယ်နယ်မြေသို့ တိုက်ရိုက် တက်လှမ်းလိမ့်မည်ဟုပင် ထင်ခဲ့ကြသည်။

‎

‎

‎ကုချန်သည် ကောင်းကင်ချောက်နက်မှ အမှန်တကယ် ပြန်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြချေ။

‎

‎

‎ထိုအရာသည် အင်မော်တယ်တက်လှမ်းခြင်း ဖြစ်၏။ ဤကောင်းကင်ဘုံအရှင်သခင်သည် အင်မော်တယ်တက်လှမ်းခြင်းကို လုံးဝ စိတ်မဝင်စားတော့ဘူးလော။

‎

‎

‎ထို ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားသော တားမြစ်နယ်မြေ အရှင်သခင်များသည်ရော အခြေအနေ မည်သို့ ရှိနေကြသနည်း။

‎

‎

‎လူတိုင်း၏ရင်ထဲတွင် အဆက်မပြတ် ကုတ်ခြစ်နေသကဲ့သို့ ခံစားနေကြရပြီး... ကောင်းကင်ချောက်နက်အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို... အပြင်းအထန် သိချင်နေကြသည်။

‎

‎

‎သို့သော်... သူတို့ မည်မျှပင် သိချင်စိတ် ပြင်းပြနေပါစေ... လူတိုင်းသည် ဤသံသယကို သူတို့၏ရင်ထဲ၌သာ နက်ရှိုင်းစွာ မြှုပ်နှံထားဝံ့ကြပြီး... ကုချန်၏ ပုံရိပ် ကောင်းကင်ချောက်နက်မှ ထွက်ခွာကာ ကောင်းကင်ဘုံတားမြစ်နယ်မြေထဲသို့ ပြန်လည် ဝင်ရောက်သွားသည်ကိုသာ... ကြည့်နေခဲ့ကြသည်။

‎

‎

‎" ဘိုးဘေးကြီး ပြန်လာပြီ "

‎

‎

‎ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်းတွင် ကုတောက်လင်းနှင့် အခြားသူများသည် ကုချန် ပြန်လာသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ကြ၏။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ် ဖမ်းဆီးခံရခြင်းသည်... ကုချန်မှာ ဤအရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း သက်သေပြရန် လုံလောက်သော်လည်း... ကောင်းကင်ချောက်နက်အတွင်းမှ အန္တရာယ်များသည် အမည်မသိ ဖြစ်နေပြီး... ကုချန် အတွင်း၌ မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည်ကို မည်သူမျှ မသိကြပေ။

‎

‎

‎ယခု ဘိုးဘေးကြီး ဘေးကင်းစွာ ပြန်လာသည်ကို မြင်ရခြင်းသည် သဘာဝအတိုင်းပင် အလွန် ကံကောင်းသည့် အရာ ဖြစ်သည်။

‎

‎

‎" ပြန်လာတာ ကောင်းပါတယ်... ပြန်လာတာ ကောင်းပါတယ် "

‎

‎

‎ကုချင်းရွဲ့သည်လည်း စိတ်သက်သာရာ ရသွားပြီး ဆိုင်းငံ့ထားရသော သူ၏နှလုံးသားမှာလည်း နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ဘိုးဘေးကြီးအပြင် သူ၏ ဆရာသခင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့ သည်လည်း... ဤတစ်ကြိမ် ကောင်းကင်ချောက်နက်သို့ လိုက်ပါသွားခဲ့သောကြောင့်ပင်။

‎

‎

‎ယခု ဘိုးဘေးကြီး အောင်မြင်စွာ ပြန်လာခဲ့ပြီဖြစ်ရာ... သူ၏ ဆရာသခင်သည်လည်း ဘေးကင်းလုံခြုံနေရမည်ဟု... သူ ယူဆလိုက်သည်။

‎

‎

‎သူ၏ ဆရာသခင် ဆန္ဒအတိုင်း... ကိုယ်ခန္ဓာကို ပြန်လည် ပုံဖော်ရန် ကောင်းကင်သတ္တု ရရှိခဲ့ပါရဲ့လားဟူ၍သာ... သူ တွေးတောနေမိသည်။

‎

‎

‎ကုချင်းရွဲ့ အတွေးများ လွင့်မျောနေစဉ်တွင်ပင် ကုချန်၏နူးညံ့သောအသံက ကုချင်းရွဲ့၏ အနားတွင် ထွက်ပေါ်လာခဲ့သည်။

‎

‎

‎" မင်းရဲ့ ဆရာသခင်က ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ဖို့ တံခါးပိတ် ကျင့်ကြံမှု လုပ်ဖို့ လိုတယ်... ဒီကြားထဲ မင်း ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မေးစရာရှိရင်... မင်းရဲ့ဆရာသခင်အစား ဝူရှန့်ကို အရင် ဖြေခိုင်းလိုက် "

‎

‎

‎ကိုယ်ခန္ဓာကို ပြန်လည် ပုံဖော်မည်တဲ့လော။

‎

‎

‎ကုချန်၏အသံကို ကြားလိုက်သောအခါ ကုချင်းရွဲ့သည် ဦးစွာ အံ့အားသင့်သွားပြီးနောက် ပျော်ရွှင်မှုကို မပြသဘဲ မနေနိုင်တော့ချေ။

‎

‎

‎ဘိုးဘေးအိုကြီးမှ ဤသို့ ပြောသောကြောင့်... သူ၏ ဆရာသခင်သည် ဆန္ဒအတိုင်း... ပြည့်မြောက်ခဲ့ပြီ ဖြစ်ရမည်။

‎

‎

‎ကောင်းကင်ဘုံတားမြစ်နယ်မြေရှိ ပင်မ ခန်းမဆောင်အတွင်း.....

‎

‎

‎" ဝုန်း...! "

‎

‎

‎ကုချန် ပြန်လာသည်ကို မြင်သောအခါ... အဆုံးမဲ့ဓားသည် ဘဏ္ဍာကို ဆက်သသည့်အလား ချက်ချင်း ပျံသန်းလာပြီး... ကုချန်အား ရင်းနှီးစွာ လှည့်ပတ်နေရင်း... ပြင်းထန်သော စိတ်ခံစားမှုများကို ထုတ်လွှတ်နေလေသည်။

‎

‎

‎အဆုံးမဲ့ဓားမှ ထွက်ပေါ်လာသော စိတ်ခံစားမှုများကို ခံစားမိသောအခါ ကုချန်သည် မပြုံးဘဲ မနေနိုင်စွာ ထုတ်ပြောလိုက်သည်။

‎

‎

‎" စိတ်မပူပါနဲ့... နောက်တစ်ခါ တိုက်ပွဲ ဖြစ်လာရင်... မင်းကို သေချာပေါက် ခေါ်သွားပါမယ် "

‎

‎

‎အဆုံးမဲ့ဓားမှ သူ့အား 'တိုင်ကြား' နေခြင်းဖြစ်သည်။ ယွမ်ကျွင်းမဟာဧကရာဇ်သည် အလွန် အားနည်းလွန်းသဖြင့် အထူး ကြားဝင်ရန် မလိုအပ်ဘဲ 'ကျေနပ်လောက်အောင်' တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ဟု ခံစားနေရခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ကုချန် ကတိပေးပြီးနောက်... ကောင်းကင်သတ္တု ဓားငယ်လေး ကို ထုတ်လိုက်သောအခါ... အဆုံးမဲ့ဓားသည် ချက်ချင်းဆိုသလို စိတ်မကျေနပ်မှုများ ပျောက်ကွယ်သွားပြီး... ကောင်းကင်သတ္တု ဓားငယ်လေး ကို စိတ်လှုပ်ရှားစွာ သယ်ဆောင်သွားတော့သည်။

‎

‎

‎၎င်းသည်... ယခုအခါ ကုချန်၏လက်ဖြင့် အင်မော်တယ်လက်နက် အဖြစ် သန့်စင်ပြီးဖြစ်ရာ ကိုယ်ပိုင် အသိဉာဏ်ရှိနေပြီး... ကုချန်၏အကူအညီမပါဘဲ ကောင်းကင်သတ္တု ဓားငယ်လေးကို... သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းနိုင်၏။

‎

‎

‎မိမိကိုယ်ကို အားကောင်းစေမည့် ဤအခွင့်အရေးကြောင့်... အဆုံးမဲ့ဓားသည် အလွန် စိတ်လှုပ်ရှားကာ... အင်မော်တယ်ဓားကို ပျော်ရွှင်စွာဖြင့် သတ္တုရည်ကျိုရန် ထွက်ခွာသွားခဲ့သည်။

‎

‎

‎အဆုံးမဲ့ဓား ထွက်ခွာသွားပြီးနောက် ကုချန်၏အကြည့်သည် ခန်းမဆောင်အတွင်းရှိ နေရာတစ်ခုဆီသို့ ရောက်ရှိသွားလေသည်။

‎

‎

‎ထိုနေရာ၌ ယွမ်ကျွင်းမဟာဧကရာဇ်၏ ကျန်ရှိသော ဝိညာဉ်သည် အဆုံးမဲ့ဓားချီများဖြင့် အကျဉ်းချခံထားရပြီး အဆုံးမရှိသော စိတ်ပျက်အားငယ်မှု၏ ရနံ့ကို ထုတ်လွှတ်နေသည်။

‎

‎

‎" ယွမ်ကျွင်း... ငါတို့ ပြန်ဆုံကြပြီ "

‎

‎

‎ကုချန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်၍... အဆုံးမဲ့ ဓားချီများကို ပယ်ဖျက်လိုက်ကာ... မျက်နှာတွင် မကောင်းဆိုးဝါးစိတ်များ ပြည့်နှက်နေသော... ယွမ်ကျွင်းမဟာဧကရာဇ်၏ ကျန်ရှိသော ဝိညာဉ်ကို ကြည့်ပြီး... ခပ်ပေါ့ပေါ့ ပြောလိုက်၏။

‎

‎

‎" ကုချန်... မင်း တကယ် မသေသေးဘူးလား..... "

‎

‎ယွမ်ကျွင်း၏ ကျန်ရှိသော ဝိညာဉ်သည် ကုချန်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သွားများကို ကြိတ်လိုက်ကာ သူ၏အသံတွင်လည်း ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။

‎

‎

‎ကုချန် အသက်ရှင်နေခြင်းသည် ရွှယ်ကျန်းအရှင် ကျဆုံးသွားခဲ့ပြီဟု ဆိုလိုသည်။

‎

‎

‎ဤရလဒ်သည် ယွမ်ကျွင်း၏မျှော်လင့်ချက်များထက် တကယ်ပင် ကျော်လွန်သွားခဲ့သည်။

‎

‎

‎မူလက... သက်တမ်းရှည် ခန်းမဆောင်မှ သူ့အား ကောင်းကင်ချောက်နက် ပေါ်လာခြင်းနှင့်... အရှင်သခင်များအား စားသုံးခြင်းကို ရင်ဆိုင်ရာတွင်... ရွှယ်ကျန်းအရှင်ကို ကူညီရန် တာဝန် ပေးအပ်ခဲ့သည်။

‎

‎

‎ယွမ်ကျွင်းသည် ဤအခွင့်အရေးကို အသုံးပြု၍ ကုချန်ကို ချောင်ပိတ်ပြီး သတ်ရန် ရည်ရွယ်ခဲ့သည်။

‎

‎

‎သို့သော် ကံမကောင်းစွာဖြင့် ကုချန်သည် ကောင်းကင်ချောက်နက်ထဲသို့ လုံးဝ ဝင်ရောက်ရန် ရည်ရွယ်ခြင်း မရှိခဲ့ပေ။

‎

‎

‎စိတ်အားငယ်စွာဖြင့် ယွမ်ကျွင်းသည် မိမိကိုယ်ကို ထုတ်ဖော်ရန် ရွေးချယ်ခဲ့ပြီး... ကုချန်ကို ထောင်ချောက်ထဲသို့ ဆွဲဆောင်ရန်အတွက်... လှည့်ကွက်များကို အသုံးပြုခဲ့သည်။ ရွှယ်ကျန်း၏လက်ကို အသုံးပြု၍ ကုချန်ကိုသတ်ပြီး... အနာဂတ် ပြဿနာများကို ဖယ်ရှားရန် မျှော်လင့်ခဲ့သည်။

‎

‎

‎သို့သော် ကုချန်သည် အမှန်တကယ်ပင် အန္တရာယ်ကင်းစွာ အသက်ရှင် လွတ်မြောက်ခဲ့မည်ဟု မည်သူက ထင်ခဲ့မည်နည်း။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် ရွှယ်ကျန်းအရှင်၏ ကံကြမ္မာကို စဉ်းစားရန် ဂရုမစိုက်တော့ပါ.....

‎

‎

‎ယခု သူ့ကိုယ်တိုင်ပင် ကုချန်၏လက်ထဲသို့ ကျရောက်ခဲ့ပြီဖြစ်ရာ ထိုအရာများအတွက် စဉ်းစားနေခြင်းသည် အဓိပ္ပာယ်ရှိပါဦးမည်လော။

‎

‎

‎ခပ်ပေါ့ပေါ့ ရပ်နေသော ကုချန်ကို ကြည့်ရင်း... ယွမ်ကျွင်းသည် သူ၏သွားများကို ကြိတ်လိုက်ပြီး... သူ သေသည်အထိပင် ကုချန်ကို မည်သည့်အရာမျှ မသိစေလိုဘဲ... ဤကျန်ရှိသော ဝိညာဉ်အစအနကိုပင် ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည်။

‎

‎

‎သို့သော် ယခင်အတွေ့အကြုံများ ရှိခဲ့ပြီးဖြစ်ရာ ကုချန်သည် မည်သို့ ထပ်မံ လှည့်စားခံရမည်နည်း။

‎

‎

‎သူသည် ယွမ်ကျွင်းကို ချည်နှောင်ထားသော ဓားချီများကို လွှတ်ပေးခဲ့သော်လည်း သူ၏ ထိန်းချုပ်မှုကို လျှော့ချခြင်း မရှိခဲ့ချေ။

‎

‎

‎ယွမ်ကျွင်း မိမိကိုယ်ကို ဖျက်ဆီးရန် ကြိုးစားသောအခါ... ကုချန်သည် သူ၏လက်ညှိုးကို ခပ်ဖွဖွ ပုတ်လိုက်ရာ... ကောင်းကင်၏ အင်အားနှင့်တူသော အရှင်စွမ်းအား တစ်ခုသည် ချက်ချင်းဆိုသလို ဆင်းသက်လာပြီး... ယွမ်ကျွင်းမဟာဧကရာဇ်ကို ချက်ချင်း နှိမ်နင်းလိုက်သည်။ မိမိကိုယ်ကို ဖျက်ဆီးလိုသော သူ၏ဆန္ဒသည် သက်သာရာရခြင်း တစ်မျိုးသာ ဖြစ်လာတော့သည်။

‎

‎

‎" မင်း သေချင်တယ်ဆိုရင် ငါကိုယ်တော်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ် "

‎

‎

‎ကုချန်သည် ခပ်ပေါ့ပေါ့ ပြောလိုက်ကာ ထပ်မံ မေးမြန်းရန် ရည်ရွယ်ခြင်း မရှိခဲ့ချေ။ သူသည် တည်ငြိမ်စွာ လက်ဖဝါးကို ဆန့်တန်းလိုက်ပြီး... ယွမ်ကျွင်းမဟာဧကရာဇ်၏ အဆိပ်ပြင်းသော ကျိန်ဆဲသံများကြားတွင်... ကျန်ရှိသော ဝိညာဉ်အစအနကို ကြိတ်ချေလိုက်လေသည်။

‎

‎

‎သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်လှသော စွမ်းအားသည်... သူ၏လက်ဖဝါးအတွင်း၌ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာပြီး... ယွမ်ကျွင်း၏ ဝိညာဉ်ထဲသို့ အတင်းအကြပ် စီးဝင်သွားလေတော့သည်။

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည်... ဒေါသတကြီး မကျေနပ်စွာ ဟစ်အော်သော်လည်း... မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။

‎

‎

‎ကုချန်၏စွမ်းအားသည် ယွမ်ကျွင်း၏ အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ပျံ့နှံ့သွားပြီး သူ၏ဘဝမှတ်ဉာဏ်များကို ရှာဖွေရန် စတင်လိုက်လေတော့သည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းခန့်က... အတိတ်မှ အမှန်တရားအားလုံးသည် သူ၏ မှတ်ဉာဏ်များ ရှာဖွေခံရသည်နှင့်အမျှ... ကုချန်၏ရှေ့တွင် ထုတ်ဖော်ပြသခံခဲ့ရလေသည်။

All Chapters