← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 17 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 17 Ch. 233-234

‎အခန်း (၂၃၃) - နယ်မြေငါးခု၏ အာရုံစိုက်မှု၊ နေရပ်ပြန်လိုစိတ် ပြင်းပြခြင်းနှင့် အင်မော်တယ်တက်လှမ်းရန် ပြင်ဆင်ခြင်း

‎

‎

‎

‎ယွမ်ကျွင်း ပြာကျသွားသည့် အချိန်အတိအကျ၌ပင်.....

‎

‎

‎အလယ်ပိုင်းတာအိုနယ်မြေ ကောင်းကင်ထက်ရှိ ကောင်းကင်ချောက်နက် အက်ကွဲကြောင်းသည် ရုတ်တရက် တောက်ပလာခဲ့ပြန်သည်။

‎

‎

‎နယ်မြေငါးခု၏အကြည့်အောက်၌ လူရိပ်ငါးခုသည် ကောင်းကင်ချောက်နက် အက်ကွဲကြောင်းမှ ဆက်တိုက် ထွက်ပေါ်လာကြသည်။

‎

‎

‎ကျန်ရှိနေသော ဖီးနစ်ဧကရာဇ်နှင့် အခြား တားမြစ်နယ်မြေအရှင်သခင် ငါးပါးပင် ဖြစ်လေသည်။

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် အရှင်သခင်ငါးပါး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... နယ်မြေငါးခုရှိ သက်ရှိအားလုံး၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်နိုင်ပြီး... မရေမတွက်နိုင်သော သက်ရှိများမှာ မယုံကြည်နိုင်သော အမူအရာများကို ပြသလိုက်ကြသည်။

‎

‎

‎" အရှင်သခင်ငါးပါး... သူတို့အားလုံး ကောင်းကင်ချောက်နက်ကနေ ပြန်ဆုတ်ခွာလာကြတာပဲ "

‎

‎

‎" အင်မော်တယ်တက်လှမ်းတာ မအောင်မြင်လို့ ရွေးချယ်စရာမရှိဘဲ ပြန်ဆုတ်လာကြတာလား "

‎

‎

‎" ကောင်းကင်ချောက်နက်ထဲ ဝင်သွားတာ အရှင်သခင် ၁၈ ပါး ရှိတယ်လေ... ကျန်တဲ့ ၁၃ ပါး ဘယ်ရောက်သွားလဲ... ကျန်တဲ့ ၁၃ ပါးက အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်သွားပြီး... ဒီအရှင်သခင် ၅ ပါးက ကျရှုံးခဲ့တာလား "

‎

‎

‎ကောင်းကင်ချောက်နက် အက်ကွဲကြောင်းမှ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာနိုင်သော တားမြစ်နယ်မြေအရှင်သခင်များ ရှိနေသည်လော။

‎

‎

‎သူတို့သည် ကောင်းကင်ချောက်နက်ထဲတွင် မည်သည်တို့ကို ကြုံတွေ့ခဲ့ရသနည်း။ သူတို့သည် အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်ခဲ့သသည်လော သို့မဟုတ် ကျရှုံးခဲ့သည်လော။

‎

‎

‎သက်ရှိအားလုံး၏ စိတ်နှလုံးသည် တုန်လှုပ်နေကြကာ အဆုံးမဲ့မေးခွန်းများဖြင့် ပြည့်နှက်နေလေသည်။

‎

‎

‎သို့သော် နောက်ဆုံးတွင်... သူတို့သည် ထိုလူရိပ်ငါးခုတို့... သက်ဆိုင်ရာ တားမြစ်နယ်မြေများဆီသို့ ပြန်လည်ပျံသန်းသွားကြသည်ကိုသာ... ကြည့်ရှုနေနိုင်ကြသည်။

‎

‎

‎အရှေ့ပိုင်းဒေသ... ကုမိသားစုရွာ အပြင်ဘက်.....

‎

‎

‎" ကျွန်ုပ်ရဲ့သခင်ကို မြင်လိုက်ရပြီ..... "

‎

‎

‎နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းသည်... အလယ်ပိုင်းတာအိုနယ်မြေဘက်သို့ ငေးကြည့်ရင်း... ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေကာ... သူ၏အသံတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများ ရောထွေးနေလေသည်။

‎

‎

‎သူ စိတ်လှုပ်ရှားရခြင်းမှာ... ထိုလူရိပ်ငါးခုထဲတွင် သူ၏သခင်... ဖီးနစ်ဧကရာဇ်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

‎

‎

‎စိုးရိမ်ပူပန်ရခြင်းမှာ... ဖီးနစ်ဧကရာဇ် အောင်မြင်ခြင်း ရှိမရှိ... မသိရသေးသောကြောင့် ဖြစ်သည်။

‎

‎

‎အရှင်သခင် ၁၈ ပါး ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့သော်လည်း... အခြား ၁၃ ပါး မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ သူတို့သည် အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်သွားပြီး... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ ကျရှုံးခဲ့ခြင်းလော။

‎

‎

‎မဟုတ်ဘူး... ဖြစ်နိုင်စရာ မရှိဘူး။ ဖီးနစ်ဧကရာဇ်ရဲ့ စွမ်းအားက နက်နဲလွန်းတယ်။ သူ ဘယ်လိုလုပ် ကျရှုံးနိုင်မလဲ။

‎

‎

‎ဖီးနစ်ဧကရာဇ်သည်... ကောင်းကင်ချောက်နက်၏ အင်မော်တယ်လမ်းကြောင်းကို ချိုးဖျက်နိုင်ခဲ့ပြီး... ယခုအခါ သူတို့ကို အင်မော်တယ်တက်လှမ်းရန်... လာရောက်ခေါ်ဆောင်ခြင်း ဖြစ်ပေလိမ့်မည်။

‎

‎

‎ဤအကြောင်းကို တွေးမိသောအခါ... နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းသည် ဂနာမငြိမ် ဖြစ်လာပြီး... ဆက်လက်စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပေ။

‎

‎

‎သူသည် နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ... အားကောင်းသော ပုဂ္ဂိုလ်နှစ်ဦးကို ဆင့်ခေါ်လိုက်ပြီး... တင်းမာစွာ ညွှန်ကြားလိုက်သည်။

‎

‎

‎" မင်းတို့နှစ်ကောင် ဒီနေရာကို ဆက်စောင့်ကြပ်ထား... ယင်ကောင်တစ်ကောင်တောင် ကုမိသားစုရွာထဲ ဝင်ခွင့်မပြုရဘူး... အမှားအယွင်း နည်းနည်းရှိတာနဲ့ ငါအရှင်သခင်က မင်းတို့မျိုးနွယ်နှစ်ခုစလုံးကို မြက်တစ်ပင်‌တောင် မကျန်အောင် မြေလှန်ပစ်မယ်... နားလည်လား "

‎

‎

‎" ဟုတ်... ဟုတ်ကဲ့ပါ "

‎

‎

‎နတ်နဂါးမျိုးနွယ်နှင့် ရွှေခြင်္သေ့မျိုးနွယ်မှ အားကောင်းသူနှစ်ဦးသည် မည်သို့ ပြန်ပြောရဲမည်နည်း။ ထပ်ခါတလဲလဲသာ ဝန်ခံကတိပေးလိုက်ရသည်။

‎

‎

‎အစီအစဉ်ချပြီးနောက်... မျှော်လင့်ချက်များဖြင့် ဂနာမငြိမ် ဖြစ်နေသော နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းသည် ပြတ်သားစွာ ထွက်ခွာသွားပြီး... မူလရှေးဟောင်းတွင်းနက်ဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။

‎

‎

‎သူ တားမြစ်နယ်မြေသို့ အမြန်ပြန်ပြီး ဖီးနစ်ဧကရာဇ်နှင့် တွေ့ဆုံရန် လိုအပ်သည်။

‎

‎

‎နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်း အလောတကြီး ထွက်ခွာသွားသည်ကို မြင်သောအခါ... အခြား တားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်းများ အချင်းချင်း... ကြည့်လိုက်မိကြသည်။

‎

‎

‎နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းနှင့် မတူသည်မှာ... သူတို့သည် အရှင်သခင်ပုံရိပ် ငါးခုကြားတွင်... မိမိတို့၏သခင်များကို မတွေ့ခဲ့ရခြင်းပင်။

‎

‎

‎" ငါတို့ရဲ့ သခင်တွေ ဘာများဖြစ်သွားကြလဲ... မကောင်းတဲ့ ကိစ္စ မဖြစ်ဖို့ မျှော်လင့်ပါတယ်..... "

‎

‎

‎အခြားတားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်းတစ်ပါးမှ စိုးရိမ်ပူပန်သံဖြင့် ပြောဆိုလိုက်သည်။

‎

‎

‎" မဖြစ်နိုင်ဘူး... ငါတို့ရဲ့ သခင်တွေက ခေတ်တစ်ခေတ်ကို ဖိနှိပ်ထားနိုင်တဲ့ အရှင်သခင်တွေလေ... အဲဒီ ဖီးနစ်ဧကရာဇ်ထက် ဘယ်လောက်များ နိမ့်ကျနေလို့လဲ... ဖီးနစ်ဧကရာဇ် အသက်ရှင်နေသေးလျှင် ငါတို့၏ သခင်တွေက ဘာလို့ ကျဆုံးရမှာလဲ "

‎

‎

‎ဤစကားကို အခြား တားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်းတစ်ပါးက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

‎

‎

‎" ဒါပေမယ့်..... "

‎

‎

‎ဦးစွာ စကားပြောခဲ့သော တားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်း၏အသံသည် တွန့်ဆုတ်နေ၏။ ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ အသက်ရှင်လျက် ပြန်ထွက်လာသော်လည်း... သူ၏သခင် အပါအဝင် အခြားအရှင်သခင် ၁၃ ပါးမှာ အရိပ်အယောင်မျှပင် မတွေ့ရချေ။

‎

‎

‎" ငါတို့ရဲ့ သခင်တွေ အားလုံး အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်သွားတာ နေမှာပါ "

‎

‎

‎နောက်မှ စကားပြောသော တားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်းသည် အလေးအနက် ပြောဆိုလိုက်သည်။

‎

‎

‎" ဖီးနစ်ဧကရာဇ်လို အရှင်သခင်တွေက မအောင်မြင်ခဲ့တာ ဖြစ်လောက်တယ်... ကောင်းကင်ချောက်နက်က ထွက်လာပြီးတော့... သူတို့ရဲ့ တားမြစ်နယ်မြေတွေဆီ 'ခိုးကြောင်ခိုးဝှက်' ပြန်သွားကြတာ မင်းမမြင်ဘူးလား... တကယ်လို့ အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်ခဲ့ရင်... အနည်းဆုံးတော့ အရင်ကနဲ့ မတူတဲ့ ကွဲပြားခြားနားမှုတချို့ ပြသပြီး... အင်မော်တယ်တာအိုရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ထုတ်ဖော်ပြသသင့်တယ်လေ "

‎

‎

‎ဤစကားကြောင့် တားမြစ်နယ်မြေ ဧကရာဇ်တစ်ပိုင်းအချို့၏ စိတ်နှလုံးမှာ အနည်းငယ် ငြိမ်သက်သွားသကဲ့သို့ ရှိ၏။

‎

‎

‎သူတို့၏စိတ်ထဲ၌ လွမ်းဆွတ်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ဖြစ်ပေါ်လာသည်။

‎

‎

‎သူတို့၏သခင်များ အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်ခဲ့လျှင် ဘာကြောင့် သူတို့ကို ခေါ်ဆောင်ရန် ပြန်မလာခဲ့သနည်း။

‎

‎

‎သူတို့၏သခင်များသည် အောင်မြင်လျှင်... သူတို့ကို သေချာပေါက် ခေါ်ဆောင်သွားမည်ဟု... ကတိပေးခဲ့ကြသည် မဟုတ်ပါလော။

‎

‎

‎... ... ... ...

‎

‎

‎မူလရှေးဟောင်းတွင်းနက်.....

‎

‎

‎နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းသည် 'နေရပ်ပြန်လိုစိတ် ပြင်းပြ' နေခဲ့ရာ... မကြာမီမှာပင် မူလရှေးဟောင်းတွင်းနက်သို့... ပြန်လည်ရောက်ရှိလာခဲ့လေသည်။

‎

‎

‎သို့သော်... သူ တားမြစ်နယ်မြေထဲသို့ မဝင်ရောက်မီမှာပင်... ဖီးနစ်နားခိုရာတောင်ကုန်းသခင်နှင့် ဖီးနစ်မျိုးနွယ်ဝင် အများအပြားလည်း... အလျင်အမြန် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

‎

‎

‎ဖီးနစ်မျိုးနွယ်ဝင်များ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာများကို ကြည့်ကာ... နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းသည် သူတို့ ဘာအတွက် လာသည်ကို သိရှိသဖြင့်... စကားများများမပြောဘဲ သူနှင့်အတူ တားမြစ်နယ်မြေထဲ ဝင်ရောက်ရန် လက်ယပ်ခေါ်လိုက်သည်။

‎

‎

‎" နတ်မျောက်ဝံ... ငါတို့ရဲ့ ဘိုးဘေး အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်တယ်လို့... မင်းထင်လား "

‎

‎

‎လမ်းခရီးတွင် ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် အသံနှိမ့်ကာ စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းလျက် မေးမြန်းလိုက်သည်။

‎

‎

‎" ဖီးနစ်ဧကရာဇ်ရဲ့ အောင်မြင်မှုတွေက ပြိုင်ဘက်ကင်းတာပဲ... သူ အင်မော်တယ်တက်လှမ်းခြင်းကို အောင်မြင်ခဲ့ပါလိမ့်မယ် "

‎

‎

‎နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းသည် အလေးအနက် ပြောကြားလိုက်၏။ ဖီးနစ်ဧကရာဇ်နောက်သို့ အကြာဆုံး လိုက်ပါခဲ့သော လက်အောက်ငယ်သားအနေဖြင့်... သူသည် ဖီးနစ်ဧကရာဇ်ကို အကိုးကွယ်ဆုံးဖြစ်ပြီး... ဤလောကတွင် သူ၏သခင် မလုပ်ဆောင်နိုင်သော အရာဟူ၍ မရှိကြောင်း... ယုံကြည်ထားသည်။

‎

‎

‎" ဖီးနစ်ဧကရာဇ် ပြန်လာတာက ငါတို့အားလုံးကို အင်မော်တယ်တက်လှမ်းဖို့ ဦးဆောင်ခေါ်ယူဖို့ပဲ ဖြစ်မှာပါ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းသခင်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် ရှိနေသေးသည်ကို မြင်သောအခါ... နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းသည် နှစ်သိမ့်စကားတစ်ခွန်း... ထပ်ဖြည့်ပြောလိုက်လေသည်။

‎

‎

‎" ဒါပေါ့ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းသခင်က ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း အထက်ကောင်းကင်တားမြစ်နယ်မြေ ရှိရာဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

‎

‎

‎" ဘိုးဘေးသာ အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်ခဲ့ရင် ကောင်းကင်ဘုံအရှင်သခင်က ပြောပလောက်စရာ မဟုတ်တော့ဘူး "

‎

‎

‎ဤအခိုက်အတန့်တွင်... ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် ကောင်းကင်ဘုံအရှင်သခင်အား ရန်စခြင်းမပြုရန် ရွေးချယ်ခဲ့သော... ဘိုးဘေး၏ ယခင်အစီအစဉ်များသည် အမြော်အမြင် ကြီးမားကြောင်း ခံစားလိုက်ရသည်။

‎

‎

‎ခေတ္တခဏ သည်းခံခြင်းက ဘာအရေးကြီးသနည်း။

‎

‎

‎ယခု... ဖီးနစ်ဧကရာဇ် အင်မော်တယ်တက်လှမ်းခြင်း အောင်မြင်ပြီဖြစ်ရာ... ကောင်းကင်ဘုံအရှင်သခင်ကို ချက်ချင်း သာလွန်သွားနိုင်ပြီဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင် မည်မျှပင် သန်မာစေကာမူ သေမျိုးလောကတွင်သာ ကျန်ရစ်နေဦးမည်ဖြစ်သည်။

‎

‎

‎ဖီးနစ်ဧကရာဇ်ကမူ သူတို့ကိုဦးဆောင်၍ အင်မော်တယ်နယ်မြေသို့ တက်လှမ်းပေလိမ့်မည်။

‎

‎

‎နှစ်သန်းပေါင်းများစွာ ကြာပြီးနောက်တွင်... ဖီးနစ်မျိုးနွယ်သည် အင်မော်တယ်နယ်မြေ၌ ထာဝရ တည်ရှိနေဦးမည်ဖြစ်သော်လည်း... ကောင်းကင်ဘုံအရှင်သခင်နှင့် သူ၏မျိုးဆက် ကုမိသားစုတို့မှာမူ... မြေမှုန်အဖြစ်သာ ပြောင်းလဲသွားပေလိမ့်မည်။

‎

‎

‎ဤအရာကို စိတ်ကူးယဉ်ကြည့်ရင်း... ဖီးနစ်နားခိုရာတောင်ကုန်းသခင်နှင့် ဖီးနစ်မျိုးနွယ်ဝင် အများအပြားသည်... နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းနှင့်အတူ... မူလရှေးဟောင်းတွင်းနက်ထဲသို့ ဝင်ရောက်လာကြသည်။

‎

‎

‎သူတို့ တားမြစ်နယ်မြေထဲသို့ ခြေချလိုက်သည်နှင့်... ဖီးနစ်ဧကရာဇ်၏ ဂရုမစိုက်ဟန်ရှိသော်ငြား... ခံ့ညားဟန်အပြည့်ရှိသည့် အသံကို... ကြားလိုက်ရလေသည်။

‎

‎

‎" မင်းတို့ ရောက်လာတာ အချိန်ကိုက်ပဲ... နှစ်သန်းပေါင်းများစွာ စုဆောင်းထားတဲ့ ဖီးနစ်မျိုးနွယ်ရဲ့ မြင့်မြတ်ရတနာတွေနဲ့ အထွတ်အထိပ်လက်နက်တွေကို... ယူဆောင်လာခဲ့ကြပြီလား "

‎

‎

‎ဤစကားကို ကြားသောအခါ... ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး... လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

‎

‎

‎" တင်ပြပါတယ် ဘိုးဘေး... မျိုးနွယ်စုရဲ့ ရတနာအားလုံးကို ကျွန်တော် ယူဆောင်လာခဲ့ပါပြီ... တစ်ခုမှ ချန်မထားခဲ့ပါဘူး "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် အတိုင်းထက်အလွန် ပျော်ရွှင်နေ၏။

‎

‎

‎ဖီးနစ်ဧကရာဇ်၏မေးခွန်းမှာ ဘာအဓိပ္ပာယ်နည်း။ ရှင်းနေသည်မှာ... ဖီးနစ်မျိုးနွယ်တစ်ခုလုံးကို အင်မော်တယ်တက်လှမ်းရန် ခေါ်ဆောင်တော့မည်ဖြစ်၍... ဘာမျှမချန်ခဲ့ရန် မှာကြားခဲ့ခြင်း ဖြစ်ပေသည်။

‎

‎

‎ယနေ့ပြီးနောက်... ဖီးနစ်မျိုးနွယ်သည် အင်မော်တယ်နယ်မြေသို့ ဝင်ရောက်တော့မည်ဖြစ်ပြီး... အဆုံးမဲ့ကမ္ဘာကို ထာဝရ စွန့်ခွာတော့မည် မဟုတ်ပါလော။

‎

‎

‎ဖီးနစ်ဧကရာဇ်၏ နောက်ထပ်လုပ်ရပ်သည် ဖီးနစ်နားခိုရာတောင်ကုန်းသခင်၏ ထင်မြင်ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

‎

‎

‎ဖီးနစ်ဧကရာဇ်သည် ကြီးမားသော လက်အရိပ်များစွာကို ဖန်တီးလိုက်ပြီး... မူလရှေးဟောင်းလိုဏ်ဂူ အသီးသီးထဲသို့ နှိုက်ယူကာ... အခြား အရှင်သခင်များ ပိုင်ဆိုင်ခဲ့သော ရတနာများကို ဆွဲထုတ်၍... သိမ်းဆည်းလိုက်လေသည်။

‎

‎

‎ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ... ဖီးနစ်နားခိုရာတောင်ကုန်းသခင်နှင့် နတ်မျောက်ဝံ ဧကရာဇ်တစ်ပိုင်းတို့သည် အကြည့်ချင်း ဖလှယ်လိုက်မိကြပြီး... နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်တွေ့နေရသည်။

‎

‎

‎ဖီးနစ်ဧကရာဇ်သည် အခြားအရှင်သခင်များ၏ ရတနာများကို တွန့်ဆုတ်ခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ရယူနေခြင်းက ဘာအဓိပ္ပာယ်နည်း။

‎

‎

‎အခြား အရှင်သခင် ၁၃ ပါးစလုံး ကောင်းကင်အနက်ကမ်းပါးထဲတွင် ကျဆုံးသွားခဲ့ကြခြင်းသာ ဖြစ်နိုင်ခြေ များသည်။

‎

‎

‎ဖီးနစ်ဧကရာဇ်၏လုပ်ရပ်မှာ... ကျဆုံးသွားသော အရှင်သခင်များထံမှ ရတနာများကို သိမ်းယူပြီးနောက်... သူတို့ကို ဦးဆောင်ကာ အင်မော်တယ်နယ်မြေသို့ တက်လှမ်းရန်ပင်... ဖြစ်တော့သည်။

‎

‎အခန်း (၂၃၄) - မထင်မှတ်ထားစွာပင်၊ ကောင်းကင်ဘုံသခင်အား ဂါရဝပြုရန် ငါးဦးသား စုဝေးရောက်ရှိလာခြင်း

‎

‎

‎

‎" အင်မော်တယ်နယ်မြေသို့ တက်လှမ်းခြင်း... ဒီနေ့ရက်ကို ငါစောင့်မျှော်နေခဲ့တာ ကြာပြီ..... "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

‎

‎

‎ဤမျှကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပြီးနောက် ဤနေ့ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

‎

‎

‎ဖီးနစ်မျိုးနွယ်စုသည် ဖီးနစ်ဧကရာဇ်နောက်လိုက်ကာ... နှစ်သန်းပေါင်းများစွာ ဤကမ္ဘာ၌... အဘယ်ကြောင့် အိပ်စက်နေခဲ့သနည်း။ ဖီးနစ်ဧကရာဇ် အင်မော်တယ်လမ်းကြောင်းကို ဖောက်ထွက်ပြီး... ဖီးနစ်မျိုးနွယ်စုအားလုံးကို ဦးဆောင်ကာ... အင်မော်တယ်တက်လှမ်းခြင်းဆီသို့ ခေါ်ဆောင်သွားမည့် ဤနေ့ရက်ကို... စောင့်မျှော်ရန်အတွက် မဟုတ်ပါလော။

‎

‎

‎ယခုအခါ... တိမ်တိုက်များကင်းစင်ပြီး ကြည်လင်သော ကောင်းကင်ပြာကို မြင်တွေ့ရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ... ဖီးနစ်နားခိုရာတောင်ကုန်းသခင်အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

‎

‎

‎" အင်မော်တယ်နယ်မြေ..... "

‎

‎

‎နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ခါနေ၏။

‎

‎

‎သူသည် သခင်ကို မှားရွေးချယ်မိခဲ့ခြင်း မဟုတ်ပေ။

‎

‎

‎အခြားသော အရှင်သခင် ၁၃ ပါးလုံး ကျရှုံးခဲ့ကြပြီး... အရှင်သခင် ၅ ပါးသာ အောင်မြင်ခဲ့ရာ... ထိုအထဲတွင် ဖီးနစ်ဧကရာဇ် ပါဝင်နေခဲ့သည်။

‎

‎

‎အခြားအချိန်သာဆိုလျှင်... ဤအင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးမျိုးသည်... သူ့ထံသို့ မည်သို့ ရောက်လာနိုင်မည်နည်း။ ဧကရာဇ်အဆင့်ရှိသူများပင်လျှင်... သက်ပြင်းချကာ လက်မှိုင်ချရုံသာ ရှိပေမည်။

‎

‎

‎သို့သော် ယခုအခါ... သူသည် ဤအင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးတွင်... ဝေစုတစ်ခု ရရှိထားလေပြီ။

‎

‎

‎" ဟီး... ညီအစ်ကိုတို့... တောင်းပန်ပါတယ်ကွာ... ငါ နတ်မျောက်ဝံကတော့ အရင်သွားနှင့်တော့မယ် "

‎

‎

‎နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းသည်... အခြားတားမြစ်နယ်မြေများမှ ဧကရာဇ်တစ်ပိုင်းများကို တွေးတောမိလိုက်ပြီး... သူ၏မျက်နှာပေါ်တွင် ဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

‎

‎

‎သူတို့အားလုံးသည် တားမြစ်နယ်မြေမှ ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသော်လည်း... သူက အင်မော်တယ်နယ်မြေသို့ တက်လှမ်းတော့မည်ဖြစ်ရာ... ထိုဧကရာဇ်တစ်ပိုင်းများမှာမူ ဝမ်းနည်းပူဆွေးစွာဖြင့် သာမန်ကမ္ဘာတွင်သာ အိုမင်းရင့်ရော်ပြီး... သေဆုံးသွားကြရမည်ဖြစ်သည်။

‎

‎

‎ကွာခြားချက်မှာ အလွန်ကြီးမားလှသဖြင့် စိတ်လှုပ်ရှားမှုကို မည်သို့ တားဆီးနိုင်မည်နည်း။

‎

‎

‎သို့သော် အပြစ်တင်ရမည်ဆိုလျှင်... သခင်ကောင်းကို မရွေးချယ်တတ်သော ထိုကောင်များကိုသာ... အပြစ်တင်ရပေမည်။

‎

‎

‎နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းနှင့် ဖီးနစ်မျိုးနွယ်ဝင်များသည် မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေကြသည်။

‎

‎

‎နောက်ဆုံးတွင်... ဖီးနစ်ဧကရာဇ်သည် မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးရှိ မြင့်မြတ်ရတနာများအားလုံးကို... ရှာဖွေစုဆောင်းပြီးသွားခဲ့ပြီဖြစ်သည်။

‎

‎

‎" အင်မော်တယ်မြင့်မြတ်ဆေးပင် လေးပင်၊ ကျိတောက်မြင့်မြတ်သတ္တု ငါးတုံး၊ ဧကရာဇ်လက်နက် သုံးခုနဲ့ နှစ်တစ်သောင်းသက်တမ်းရှိ ဆေးပင်အမြောက်အမြား..... "

‎

‎

‎ဖီးနစ်ဧကရာဇ်သည်... မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးရှိ အရင်းအမြစ်များကို စစ်ဆေးလိုက်ရာ... မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာလေသည်။

‎

‎

‎ဤအရင်းအမြစ်များထဲတွင်... အချို့မှာ အရှင်သခင်များ မူလရှေးဟောင်းတွင်းနက်၌ ချန်ထားရစ်ခဲ့သော ပစ္စည်းများဖြစ်ပြီး... အချို့မှာ ကောင်းကင်အသူရာချောက်၌ ကျဆုံးသွားသော တာအိုရောင်းရင်းများထံမှ... ဖီးနစ်ဧကရာဇ် သိမ်းဆည်းခဲ့သော ပစ္စည်းများဖြစ်သည်။

‎

‎

‎ဤအရာများသည် ဧကရာဇ်အဆင့်ရှိသူ မည်သူ့ကိုမဆို... စိတ်လှုပ်ရှားရူးသွပ်သွားစေနိုင်လောက်သည့် ကြီးမားသော စည်းစိမ်ဥစ္စာများဖြစ်ကြောင်း... ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

‎

‎

‎သို့သော်... ဤအရာများသည် ကောင်းကင်ဘုံအရှင်သခင်၏ မျက်စိကျစရာ ဖြစ်ပါမည်လော... ဖီးနစ်ဧကရာဇ်ပင်လျှင် ယုံကြည်မှုမရှိချေ။

‎

‎

‎ကောင်းကင်အသူရာချောက်အတွင်း... ကုချန်၏ စစ်မှန်သော စွမ်းအားကို မြင်တွေ့ခဲ့ရပြီးနောက်... ဤမြင့်မြတ်ရတနာများသည် ကုချန်အတွက် အသုံးမဝင်တော့ကြောင်း... ကုမိသားစုဝင်များသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း... ဖီးနစ်ဧကရာဇ် သိရှိထားသည်။

‎

‎

‎" ကောင်းပြီ... မင်းတို့အားလုံး ပြန်လို့ရပြီ "

‎

‎

‎ဖီးနစ်နားခိုရာတောင်ကုန်းသခင် ယူဆောင်လာသော မျိုးနွယ်စုအရင်းအမြစ်အားလုံးကို သိမ်းဆည်းပြီးနောက် ဖီးနစ်ဧကရာဇ်သည် လျစ်လျူရှုစွာဖြင့် အမိန့်ပေးလိုက်သည်။

‎

‎

‎ဖီးနစ်ဧကရာဇ်၏အမိန့်ကို ကြားလိုက်ရသောအခါ... နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းနှင့် ဖီးနစ်မျိုးနွယ်ဝင်များအားလုံး မျှော်လင့်မထားသည့်အတိုင်း... မှင်သက်သွားကြသည်။

‎

‎

‎ဖီးနစ်ဧကရာဇ်သည် သူတို့ကို ပြန်ခိုင်းနေသည်လော။

‎

‎

‎ဒါ ဘာသဘောလဲ။ သူတို့က ဖီးနစ်ဧကရာဇ်နဲ့အတူ အင်မော်တယ်နယ်မြေကို တက်လှမ်းရမှာ မဟုတ်ဘူးလား။ ဘာအတွက်ကြောင့် ပြန်ရမှာလဲ။

‎

‎

‎" အရှင်... ကျွန်တော်တို့ အင်မော်တယ်နယ်မြေကို သွားမှာမဟုတ်ဘူးလား..... "

‎

‎

‎နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းသည် အားတင်းကာ တိုးတိုးလေး မေးလိုက်သည်။

‎

‎

‎" အင်မော်တယ်နယ်မြေကို သွားမယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်၏အကြည့်သည် နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းထံသို့ ကျရောက်လာရာ... တစ်ချက်ကြည့်လိုက်ရုံဖြင့် နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်း၏နဖူးမှ... ချွေးစေးများ စိမ့်ထွက်လာသည်။

‎

‎

‎"နောင်ကို အင်မော်တယ်တက်လှမ်းတဲ့အကြောင်း ထပ်မပြောနဲ့တော့... အင်မော်တယ်တက်လှမ်းတယ်ဆိုတာ လှည့်စားမှုတစ်ခုပဲ... တာအိုရောင်းရင်း အရှင်သခင် ၁၃ ပါးလုံး သေဆုံးခဲ့ရပြီး ငါတို့ ၅ ယောက်ပဲ အသက်ရှင်လျက် လွတ်မြောက်လာခဲ့တာ... ကောင်းကင်ဘုံအရှင်သခင်သာ မရှိခဲ့ရင်... ဒီနေ့ မင်းတို့ ငါ့ကို မြင်တွေ့ရမှာတောင် မဟုတ်ဘူး "

‎

‎

‎ဖီးနစ်ဧကရာဇ်၏အသံမှာ အေးစက်နေသော်လည်း... အမှန်တရား၏ တစ်စိတ်တစ်ပိုင်းကို... ထုတ်ဖော်ပြောကြားလိုက်သည်။

‎

‎

‎အင်မော်တယ်နယ်မြေသို့ တက်လှမ်းခြင်းမှာ မျှော်လင့်ချက် မရှိတော့ပြီဖြစ်ရာ... ဖီးနစ်မျိုးနွယ်စုအနေဖြင့် အနာဂတ်တွင် စိုးရိမ်ပူပန်မှုများဖြင့် မနေထိုင်စေလိုသောကြောင့်... တည့်တိုးပင် ပြောလိုက်ခြင်းဖြစ်သည်။

‎

‎

‎ဖီးနစ်ဧကရာဇ်သည် စကားအနည်းငယ်သာ ပြောလိုက်သော်လည်း... ထိုစကားများက ချက်ချင်းပင် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို... ဖြစ်ပေါ်စေခဲ့သည်။

‎

‎

‎နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်း၊ ဖီးနစ်နားခိုရာတောင်ကုန်းသခင်နှင့် ဖီးနစ်မျိုးနွယ်ဝင်များအားလုံး၏ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းက လှည့်စားမှုတစ်ခုလား.....

‎

‎

‎ကျန်တဲ့ အရှင်သခင် ၁၃ ပါးလုံး သေဆုံးသွားပြီလား.....

‎

‎

‎ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....

‎

‎

‎ထိုကောင်းကင်အသူရာချောက်ထဲတွင် ဘာများဖြစ်ပျက်ခဲ့သနည်း။ ကောင်းကင်ဘုံအရှင်သခင်သာ မရှိလျှင်... အရှင်သခင် ၅ ပါးလုံး အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ဟု... ဖီးနစ်ဧကရာဇ်က အဘယ်ကြောင့် ပြောရသနည်း။

‎

‎

‎နတ်မျောက်ဝံဧကရာဇ်တစ်ပိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး... စကားမပြောနိုင်တော့ဘဲ... ခေတ္တမျှ တုန်လှုပ်ချောက်ချားနေမိသည်။

‎

‎

‎သို့သော်... ဖီးနစ်ဧကရာဇ်သည် ထွက်ခွာသွားပြီဖြစ်ကာ... သူသိမ်းယူခဲ့သော များပြားလှသည့် မြင့်မြတ်ရတနာပစ္စည်းများကို သယ်ဆောင်လျက်... အထက်ကောင်းကင်တားမြစ်နယ်မြေဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင်... အခြားသော တားမြစ်နယ်မြေများ အတွင်း၌လည်း... ထိုကဲ့သို့ ဖြစ်ပျက်နေသည်။

‎

‎

‎ကျန်ရှိသော အရှင်သခင် ၄ ပါးသည်လည်း... နားလည်မှုရှိစွာဖြင့် သက်ဆိုင်ရာ တားမြစ်နယ်မြေများမှ ပျံသန်းထွက်ခွာလာပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေရှေ့တွင် စုဝေးလိုက်ကြသည်။

‎

‎

‎ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ... နယ်ပယ်ငါးခုမှ မျိုးနွယ်စုအသီးသီးရှိ စွမ်းအားရှင်များအားလုံး... အံ့အားသင့်သွားကြလေသည်။

‎

‎

‎" ဒီတားမြစ်နယ်မြေအရှင်သခင်တွေက... အထက်ကောင်းကင် တားမြစ်နယ်မြေမှာ ဘာလုပ်နေကြတာလဲ... သူတို့က အထက်ကောင်းကင်နဲ့ အမြဲတမ်း ခပ်ကင်းကင်း နေကြတာ မဟုတ်ဘူးလား "

‎

‎

‎" သူတို့က ကောင်းကင်ဘုံအရှင်သခင်နဲ့ စာရင်းရှင်းမလို့များလား "

‎

‎

‎" ပြောရခက်တယ်... ဒီအရှင်သခင် ၅ ပါးက ကောင်းကင်ချောက်နက်ကို ဖောက်ထွက်ပြီး အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့... သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်တွေ တိုးတက်လာပြီး... အခု ကောင်းကင်ဘုံအရှင်သခင်နဲ့ စာရင်းလာရှင်းတာများလား "

‎

‎

‎သက်ရှိများအားလုံးသည် တီးတိုးပြောဆိုနေကြကာ... အရှင်သခင် ၅ ပါး အထက်ကောင်းကင်၌ စုဝေးရခြင်း၏ ရည်ရွယ်ချက်ကို... ခန့်မှန်းနေကြသည်။

‎

‎

‎လူအများစုကမူ ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် ကုချန်ကို လက်စားချေရန် လာခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။

‎

‎

‎အကြောင်းမှာ... ကုချန် ကမ္ဘာလောကကို အုပ်စိုးစဉ်က... ဤတားမြစ်နယ်မြေအရှင်သခင်များကို တစ်ကြိမ်မက အရှက်ခွဲခဲ့ဖူးသောကြောင့်... ဖြစ်သည်။ ယခုအခါ... ဤတားမြစ်နယ်မြေအရှင်သခင်များသည် အင်မော်တယ်အဆင့်သို့ တကယ်တမ်း တက်လှမ်းနိုင်ခဲ့ပြီဆိုလျှင်... အတိတ်ကအငြိုးများကို လက်စားချေရန် လာခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်။

‎

‎

‎ခဏတာအတွင်း... မရေမတွက်နိုင်သော အကြည့်များသည် အထက်ကောင်းကင်တားမြစ်နယ်မြေရှိရာ အရပ်ဆီသို့... စုပြုံရောက်ရှိလာကြလေသည်။

‎

‎

‎နယ်ပယ်ငါးခုမှ လူသားမျိုးနွယ်များစွာသည်... တစ်စုံတစ်ခုကို မျှော်လင့်နေသကဲ့သို့... စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းမြောက်နေကြသည်။

‎

‎

‎ဤတားမြစ်နယ်မြေအရှင်သခင်များ ဖြစ်စေ... ကုချန် ဖြစ်စေ... ယနေ့ခေတ် နယ်ပယ်ငါးခုရှိ လူသားမျိုးနွယ်များ၏ စိတ်ထဲတွင်မူ... နှစ်ဖက်စလုံးသည် အရိုးထဲထိ မုန်းတီးရသော အရာများသာ ဖြစ်သည်။

‎

‎

‎သူတို့သည် ဤတားမြစ်နယ်မြေအရှင်သခင်များနှင့် အထက်ကောင်းကင်တို့ "တိုက်ပွဲဖြစ်ပွား" ရန် ဆန္ဒရှိနေကြသည်။

‎

‎

‎မည်သည့်ဘက်က ထိခိုက်သည်ဖြစ်စေ... တိုက်ပွဲတွင် ကျဆုံးသည်ဖြစ်စေ... နယ်ပယ်ငါးခုမှ လူသားမျိုးနွယ်များအတွက်... ဝမ်းသာစရာ ရလဒ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

‎

‎

‎သို့သော် လူအားလုံး စောင့်ကြည့်နေကြစဉ်၌ပင်.....

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ... အထက်ကောင်းကင်တားမြစ်နယ်မြေ အပြင်ဘက်တွင် စုဝေးလိုက်ကြသောအခါ... ဆက်လက်ဖြစ်ပေါ်လာသော မြင်ကွင်းသည် အဆုံးမဲ့ကမ္ဘာရှိ လူသားမျိုးနွယ်အပါအဝင်... သက်ရှိအားလုံးကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။

‎

‎

‎" မူလရှေးဟောင်းတွင်းနက်က ဖီးနစ်ဧကရာဇ်... ကောင်းကင်ဘုံအရှင်သခင်ကို ဂါရဝပြုပြီး... အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားအတွက်... ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ် "

‎

‎

‎" နတ်ဘုရားဝိညာဉ်သင်္ချိုင်းက ရွှမ်အရှင်... ကောင်းကင်ဘုံအရှင်သခင်ကို ဂါရဝပြုပြီး... အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားအတွက်... ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ် "

‎

‎

‎" ရှေးဟောင်းဧကရာဇ်တောင်က ကျန်းထျန်းရှေးဟောင်းဧကရာဇ်... ကောင်းကင်ဘုံအရှင်သခင်ကို ဂါရဝပြုပြီး... အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားအတွက်... ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ် "

‎

‎

‎" ကွေရွှီတာအိုပင်လယ်က ဝိညာဉ်ဧကရာဇ်... ကောင်းကင်ဘုံအရှင်သခင်ကို ဂါရဝပြုပြီး... အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားအတွက်... ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ် "

‎

‎

‎" ဝမ်ရွှီတောင်..... "

‎

‎

‎ဖီးနစ်ဧကရာဇ် အပါအဝင်... ရှေးဟောင်းအရှင်သခင် ၅ ပါးစလုံးသည် မာန်မာန အရိပ်အယောင်တစ်ခုမျှ မပြသရုံသာမက... အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့ ရိုသေလေးစားစွာ ဦးညွှတ်နေကြပြီး... သူတို့၏ စကားလုံးများနှင့် မျက်နှာအမူအရာများတွင်... လေးစားမှုနှင့် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေလေ၏။

‎

‎

‎အရှင်သခင် ၅ ပါး စုဝေးကာ အထက်ကောင်းကင်ဘက်သို့ ဦးညွှတ်နေကြသည်။

‎

‎

‎ဤသည်မှာ.....

‎

‎

‎ဤကဲ့သို့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော မြင်ကွင်းကြောင့်... မြင်တွေ့လိုက်ရသော သက်ရှိများအားလုံး ဦးနှောက်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားကာ... ဘာဖြစ်နေမှန်း နားမလည်နိုင် ဖြစ်ကုန်ကြသည်။

‎

‎

‎ဒါတွေက သက်ရှိတွေကို အထင်သေးတတ်တဲ့ အေးစက်ရက်စက်သော ရှေးဟောင်းအရှင်သခင်တွေ ဟုတ်ပါသေးရဲ့လား။

‎

‎

‎ဘာကြောင့် ဒီတားမြစ်နယ်မြေအရှင်သခင်တွေက ရုတ်တရက်ကြီး ကောင်းကင်ဘုံအရှင်သခင်အပေါ် ဒီလောက် ရိုသေလေးစားနေကြတာလဲ။

‎

‎

‎ပြီးတော့ "အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားအတွက် ကောင်းကင်ဘုံအရှင်သခင်ကို ကျေးဇူးတင်ပါတယ်" ဆိုတာ ဘာစကားလဲ။

‎

‎

‎သူတို့အချင်းချင်း မုန်းတီးပြီး ဆန့်ကျင်ဘက် ဖြစ်နေရမှာ မဟုတ်ဘူးလား။

‎

‎

‎ဘာတွေ... ဘာတွေ ဖြစ်ကုန်တာလဲ.....

All Chapters