← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 17 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 17 Ch. 235-236

‎အခန်း (၂၃၅) - ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်း၊ နဂါးက လမ်းပြခြင်းနှင့် အလွန်မိုက်သော ခံစားချက်

‎

‎

‎

‎သက်ရှိသတ္တဝါအပေါင်းသည် ထိတ်လန့်အံ့ဩနေကြပြီး... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် အဘယ်ကြောင့်... ကောင်းကင်ဘုံအရှင်သခင် ကုချန်နှင့် အထက်ကောင်းကင်အပေါ်... ရုတ်တရက် ရိုသေလေးစားသွားရသည်ကို... နားမလည်နိုင် ဖြစ်နေကြသည်။

‎

‎

‎သို့သော်... ဖီးနစ်ဧကရာဇ်နှင့် အခြားသော အရှင်သခင်များသည် အထက်ကောင်းကင်တားမြစ်နယ်မြေ အပြင်ဘက်တွင်... ရပ်လျက်ရှိပြီး သူတို့၏မျက်နှာအမူအရာများမှာ အလွန်ရိုသေလေးစားမှု ရှိနေကာ... မလိုလားဟန် သို့မဟုတ် စိတ်မရှည်ဟန် အနည်းငယ်မျှပင် မရှိချေ။

‎

‎

‎ယခင်က ကုချန်အပေါ် ဝေဖန်ပြစ်တင်ခဲ့ခြင်းမှာ... ကုချန်သည် တားမြစ်နယ်မြေအသီးသီးကို အကြိမ်ကြိမ် ဖိနှိပ်ခဲ့သဖြင့်... သူတို့၏သိက္ခာများ ကျဆင်းစေခဲ့သည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။

‎

‎

‎သို့သော်... ယခုအခါတွင်မူ ကုချန်၏ စစ်မှန်သော တိုက်ခိုက်စွမ်းရည်ကို သိရှိသွားပြီးနောက်... ကျန်ရှိနေသေးသော တားမြစ်နယ်မြေအရှင်သခင်များသည် ဒေါသအလျဉ်း မရှိတော့ချေ။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် စစ်မှန်သော အင်မော်တယ်အဆင့်အထက်ရှိသော သူများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်ပေသည်။

‎

‎

‎ဤမျှ ကြီးမားသော စွမ်းအားကွာခြားချက် ရှိနေသည်ဖြစ်ရာ... သူသည် အဆုံးမဲ့ကမ္ဘာ နယ်ပယ်ငါးခုရှိ... ရှင်သန်ခြင်းတားမြစ်နယ်မြေအရှင် ဆိုသူများကို အလေးမထားခြင်းမှာ... မည်သည့် အမှားအယွင်း ရှိပါမည်နည်း။

‎

‎

‎ဤကမ္ဘာလောကသည် အားကြီးသူက အားနည်းသူကို ဝါးမြိုသည့် နေရာဖြစ်ပြီး... အားကြီးသူ ပြုလုပ်သမျှသည် အမှန်တရားဖြစ်ကာ... အားနည်းသူမှာ အားကြီးသူကို နာခံရုံသာ ရှိသည်။

‎

‎

‎ဤသည်မှာ ဖီးနစ်ဧကရာဇ်နှင့် အခြားသော တားမြစ်နယ်မြေအရှင်သခင်များ၏ ယုတ္တိတရားပင် ဖြစ်သည်။

‎

‎

‎လွန်ခဲ့သောအချိန်များ၌ သူတို့သည် ကမ္ဘာလောကရှိ သက်ရှိအားလုံးကို အားနည်းသူများအဖြစ် သတ်မှတ်ခဲ့ကြခြင်းသာ ဖြစ်သည်။

‎

‎

‎သို့သော် ယခုအခါတွင်မူ သူတို့ကိုယ်တိုင် အားနည်းသူများ ဖြစ်လာခဲ့ကြလေပြီ။

‎

‎

‎အသက်ကယ်တင်ပေးခဲ့သည့် ကျေးဇူးတရားနှင့် ပတ်သက်၍ ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ၏ အယူအဆမှာ မှားယွင်းခြင်း မရှိပေ။

‎

‎

‎အကယ်၍... ကုချန်သာ ရွှယ်ကျန်းနှင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုများကို ဆက်တိုက်သတ်ဖြတ်ခြင်း မပြုခဲ့ပါက... သူတို့သည် ကောင်းကင်ချောက်နက်ကို ဖောက်ထွက်ပြီး ကျယ်ပြောလှသော အင်မော်တယ်နယ်မြေသို့ ရောက်ရှိချိန်တွင်... ရွှယ်ကျန်း၏အစာအဖြစ် ရောက်ရှိသွားနိုင်ပေသည်။

‎

‎

‎ကုချန်သည် ဤအရှင်သခင်များကို တိုက်ရိုက် ကယ်တင်ခဲ့ခြင်း မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းဖြင့် သူတို့၏ အသက်များကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထို့ကြောင့် အသက်ကယ်တင်ပေးခဲ့သည့် ကျေးဇူးတရားအတွက် လာရောက် ကျေးဇူးတင်ခြင်းမှာ မည်သည့်အမှားအယွင်း ရှိပါမည်နည်း။

‎

‎

‎...

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်း၌.....

‎

‎

‎အရှင်သခင် ၅ ပါး၏ ကျေးဇူးတင်စကားသံများသည်... အဆုံးမဲ့ကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ... အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာများအထိ... ရောက်ရှိလာခဲ့လေသည်။

‎

‎

‎ဤအချိန်၌ ကုမိသားစုဝင်များ၏ မျက်နှာအမူအရာသည် နယ်ပယ်ငါးခုမှ သက်ရှိများနှင့် မခြားနားပေ။ အားလုံးမှာ မျက်လုံးပြူးကာ အံ့အားသင့်နေကြတော့၏။

‎

‎

‎သူတို့၏ဘိုးဘေးသည် ကောင်းကင်ချောက်နက်သို့ တစ်ခေါက်သွားရုံမျှဖြင့်... မည်သို့သော အကြောင်းကြောင့်... ဤတားမြစ်နယ်မြေအရှင်သခင်များ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်လာရသနည်းဟု... နားမလည်နိုင် ဖြစ်နေကြသည်။

‎

‎

‎ထို့အပြင်... ဤအရှင်သခင်များ၏ စကားကို နားထောင်ကြည့်လျှင် သူတို့၏သဘောထားသည် လုံးဝ ပြောင်းလဲသွားကြောင်း... သူတို့၏ လေသံတွင် ရိုသေလေးစားမှုများ ပါဝင်နေကြောင်းကိုပင်... ကြားသိနေရသည်။

‎

‎

‎" ဘိုးဘေးက အဲ့ဒီကောင်းကင်ချောက်နက်ထဲမှာ တကယ်ပဲ ဘာတွေလုပ်ခဲ့တာလဲ "

‎

‎

‎ကုတောက်လင်းသည် မုတ်ဆိတ်မွေးကို သပ်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

‎

‎

‎" ဒီရှေးဟောင်းတားမြစ်နယ်မြေအရှင်သခင်တွေကို... စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံသွားအောင် လုပ်နိုင်တယ်ဆိုတော့... ကမ္ဘာမြေကို တုန်လှုပ်စေမယ့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့တာ ဖြစ်ရမယ် "

‎

‎

‎ကုဝူရှန့်သည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်၏။

‎

‎

‎ဤတားမြစ်နယ်မြေအရှင်သခင်များသည် အမြဲတစေ မာန်မာနကြီးသူများ ဖြစ်ကြပြီး... သာမန် အဆုံးမဲ့ကမ္ဘာဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင်... သူတို့ထံမှ ယဉ်ကျေးပျူငှာမှုကို မျှော်လင့်၍ မရနိုင်ပေ။

‎

‎

‎သူတို့၏ဘိုးဘေးသည် တားမြစ်နယ်မြေအသီးသီးကို အကြိမ်ကြိမ် ဖိအားပေးခဲ့စဉ်ကပင်... ထိုတားမြစ်နယ်မြေများအတွင်းရှိ ရှေးဟောင်းအရှင်သခင် အများစုသည် ဒေါသထွက်ရုံသာ တတ်နိုင်ပြီး... စကားမပြောရဲကြသော်လည်း စိတ်ရင်းမှန်ဖြင့် ယုံကြည်လက်ခံခြင်း မရှိခဲ့ကြပေ။

‎

‎

‎သို့သော်... ယခုအခါ ဤအရှင်သခင်များကို ကြည့်ရသည်မှာ... ဘိုးဘေးအပေါ် လုံးဝယုံကြည်လက်ခံသွားပြီး သူတို့အထက်ရှိ ဖြစ်တည်မှုတစ်ခုအဖြစ်... အပြည့်အဝ သတ်မှတ်လိုက်သည်မှာ ထင်ရှားသည်။

‎

‎

‎ထို့ကြောင့် သံသယဖြစ်စရာမလိုဘဲ... ကောင်းကင်ချောက်နက် အတွင်း၌ တွေးတော၍ပင် မရနိုင်သော... 'ကိစ္စကြီး' တစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သေချာပေသည်။

‎

‎

‎အထက်ကောင်းကင်ပင်မခန်းမဆောင် အတွင်း၌.....

‎

‎

‎ကုချန်သည် မူလက မျက်လုံးများကို မှိတ်ထားပြီး... အဆုံးမဲ့ဓား ဆင့်ကဲပြောင်းလဲမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစဉ်... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ၏ အသံများမှာ... သူ၏နားထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့လေသည်။

‎

‎

‎ဒီကောင်တွေ သူ့ဆီကို ဘာလာလုပ်ကြတာလဲ။

‎

‎

‎ကုချန်၏မျက်လုံးများတွင် တွေးတောရိပ်တစ်ခု ပေါ်လာလေသည်။

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည်... အသက်ကယ်တင်ပေးခဲ့သည့် ကျေးဇူးတရားအတွက်... သက်သက် လာရောက်ကျေးဇူးတင်သည်ဟု... သူ မယုံကြည်ပေ။ သို့သော်... သူတို့၏ တိကျသော ရည်ရွယ်ချက်ကို... သူ မသိရှိသေးချေ။

‎

‎

‎" ဝင်ခဲ့ကြ "

‎

‎

‎ကုချန်သည် လျစ်လျူရှုစွာ လက်ဝှေ့ယမ်းလိုက်ပြီး... အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အပြင်ဘက်အကာအကွယ်ကို အနည်းငယ် ဟပေးလိုက်ကာ... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ ဝင်ရောက်လာရန် အချက်ပြလိုက်သည်။

‎

‎

‎သူတို့သည် အရှင်သခင်အနည်းငယ်မျှသာ ဖြစ်ရာ သူ့ရှေ့တွင် မည်သည့်ပြဿနာမျှ ရှာနိုင်မည် မဟုတ်ပေ။

‎

‎

‎...

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်က သဘောတူလိုက်ပြီ "

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ အပြင်ဘက်တွင်... ကုချန်၏အဖြေစကားကို ကြားလိုက်ရသောအခါ... ဖီးနစ်ဧကရာဇ်နှင့် အခြား ၅ ဦးတို့၏ ခန္ဓာကိုယ်များမှာ... မထိန်းချုပ်နိုင်ဘဲ တုန်ယင်သွားကြသည်။

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းရာသို့ ဦးတည်နေသော လမ်းကြောင်းကို ကြည့်ရင်း... ဖီးနစ်ဧကရာဇ်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများ... ရောယှက် ထွက်ပေါ်လာ၏။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်က သူ့ကို တွေ့ဆုံရန် ဆန္ဒရှိခြင်းသည် အကောင်းဆုံးသတင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူ၏ ရည်မှန်းချက် တစ်ဝက် ပြီးမြောက်သွားပြီဟု ဆိုနိုင်သည်။

‎

‎

‎" အားလုံးပဲ... ကြွပါ "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် ရင်ထဲမှ စိတ်လှုပ်ရှားမှုလှိုင်းလုံးများကို ဖိနှိပ်လိုက်ပြီး အခြားသော တားမြစ်နယ်မြေအရှင်သခင် ၄ ဦးကို လက်ဟန်ပြလိုက်သည်။

‎

‎

‎" ကြွပါ "

‎

‎

‎လူအနည်းငယ်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး... တုံ့ဆိုင်းခြင်းမရှိ အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့... ဝင်ရောက်လာကြလေသည်။

‎

‎

‎" ဂါး..... "

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အစွန်အဖျားတွင်... မူလရှေးဟောင်းတွင်းနက်မှ ခွဲထွက်ပြီး ကုချန်နောက်သို့ လိုက်ပါရန် ရွေးချယ်ခဲ့သော ရေနဂါးအိုကြီးသည်... ပျော်ရွှင်စွာဖြင့် ကိုယ်လက်ဆန့်တန်းနေသော်ငြား နောက်တစ်ခဏတွင်... အရှင်သခင် ၅ ပါး အတူတကွ ရောက်ရှိလာသည်ကို မြင်လိုက်ရလေသည်။

‎

‎

‎" ..... "

‎

‎

‎ဖီးနစ်ဧကရာဇ်ကို မြင်လိုက်ရသောအခါ ရေနဂါးအိုကြီး၏ မျက်လုံးများတွင် နေရခက်သော အရိပ်အယောင်တစ်ခု ချက်ချင်း ဖြတ်ပြေးသွား၏။

‎

‎

‎သူသည် မူလက မူလရှေးဟောင်းတွင်းနက်မှ ဖြစ်ပြီး... နောက်ပိုင်းတွင် မူလရှေးဟောင်းတွင်းနက်မှ ခွဲထွက်လာခဲ့ရာ... ယခုအခါ သူ၏ ယခင် 'ဆရာသမားဟောင်း' ကို ပြန်လည်တွေ့ဆုံရသောအခါ... မည်သို့ နေရခက်ခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

‎

‎

‎စောစောက... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ၏ အသံကို ကြားလိုက်ရကတည်းက... မျက်နှာပူစရာ အခြေအနေကို ရှောင်ရှားရန်... ပုန်းအောင်းနေဖို့ ရည်ရွယ်ခဲ့သည်။

‎

‎

‎သို့သော်... မထင်မှတ်ထားစွာပင် ကုချန်သည် ဤအရှင်သခင်များကို... အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းရာသို့ လမ်းပြခေါ်ဆောင်သွားရန်... သူ့ကို တိုက်ရိုက် အမိန့်ပေးခဲ့သည်။

‎

‎

‎ရေနဂါးအိုကြီးသည် မတတ်သာသဖြင့်... ကုချန်၏အမိန့်ကို နာခံပြီး... လက်ရှိအခြေအနေသို့ ရောက်ရှိလာရခြင်း ဖြစ်သည်။

‎

‎

‎" ကျွန်တော့်အရှင်သခင်က ခင်ဗျားတို့ကို ခေါ်ဆောင်သွားဖို့ အမိန့်ပေးလိုက်ပါတယ် "

‎

‎

‎ရေနဂါးအိုကြီးသည် ကြီးမားသော ဦးခေါင်းကို ခါယမ်းလိုက်ပြီး ဟိန်းသံပါသော အသံဖြင့် ပြောဆိုလိုက်သည်။

‎

‎

‎တားမြစ်နယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော အတွေ့အကြုံကြောင့်... ရေနဂါးအိုကြီးသည် ဤတားမြစ်နယ်မြေအရှင်သခင်များအပေါ်... သဘာဝအလျောက် ကြောက်ရွံ့ရိုသေစိတ် ရှိနေသည်။

‎

‎

‎ထို့ကြောင့်... သူသည် အလိုအလျောက်ပင် ခေါင်းငုံ့ပေးကာ... ဤအရှင်သခင်များကို သူ့အပေါ် စီးနင်းလိုက်ပါစေရန်... ခွင့်ပြုလုပ်လိုက်မိသည်။

‎

‎

‎သို့သော် သူ၏ဦးခေါင်း မငုံ့မီတွင်ပင်... ဖီးနစ်ဧကရာဇ်သည် လက်ကာပြကာ... အလျင်အမြန် တားဆီးလိုက်၏။

‎

‎

‎" အဲ့လိုလုပ်ဖို့ မလိုပါဘူး... ရေနဂါးညီနောင်က လမ်းပြပေးရုံနဲ့ လုံလောက်ပါတယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်၏ စကားလုံးများသည် အလွန်ယဉ်ကျေးလှ၏။ သာမန်အချိန်များတွင်ဆိုလျှင်... ဧကရာဇ်တစ်ပိုင်းအဆင့် ရေနဂါးတစ်ကောင်အနေဖြင့်... သူ၏စီးနင်းခြင်းကို ခံရသည်မှာ ကံကောင်းခြင်းနှင့် ကုသိုလ်ကံထူးခြင်းပင် ဖြစ်သည်။

‎

‎

‎သို့သော် ဤနေရာသည် အထက်ကောင်းကင်တားမြစ်နယ်မြေ ဖြစ်နေ၏။

‎

‎

‎ဤရေနဂါးသည်လည်း သူတို့ကို ကြိုဆိုရန် ကောင်းကင်ဘုံအရှင်သခင်၏အမိန့်ကို ရရှိထားသူ ဖြစ်သည်။

‎

‎

‎အကယ်၍ သူတို့သာ ရေနဂါး၏ခေါင်းပေါ်သို့ တကယ် တက်စီးလိုက်လျှင် ကောင်းကင်ဘုံအရှင်သခင်ကို ဗြောင်ကျကျ မလေးမစား ပြုရာ မရောက်ပေဘူးလော။

‎

‎

‎တစ်ချိန်တည်းမှာပင် ဖီးနစ်ဧကရာဇ်သည် စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

‎

‎

‎ဤရေနဂါးအိုကြီးသည် သခင်ကို မည်သို့ ရွေးချယ်ရမည်ကို တကယ်ပင် သိရှိပေသည်။ ယခင် မူလရှေးဟောင်းတွင်းနက်တွင် ရှိစဉ်က... ဤရေနဂါးအိုကြီးသည် မူလရှေးဟောင်းတွင်းနက်၏ နက်ရှိုင်းရာသို့ ဝင်ရောက်ရန် အရည်အချင်းပင် မရှိဘဲ... အပြင်ဘက်နယ်မြေများတွင်သာ လှည့်လည်သွားလာနိုင်ခဲ့သည်။

‎

‎

‎သို့သော်... ယခုအခါ ဤရေနဂါးအိုကြီးသည် ကောင်းကင်ဘုံအရှင်သခင်ကို မှီခိုအားထားလိုက်နိုင်ပြီဖြစ်ရာ... သူပင်လျှင် ရေနဂါးအိုကြီးအပေါ် အနည်းငယ်မျှ မလေးမစား မပြုရဲတော့ပေ။

‎

‎

‎ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်လျှင် ယခင်က သူတို့သည် ဤရေနဂါးအိုကြီးလောက် မတော်ခဲ့ကြပေ။

‎

‎

‎" ဗျာ "

‎

‎

‎ရေနဂါးအိုကြီးသည် အစပိုင်းတွင် လန့်သွားပြီး... ဖီးနစ်ဧကရာဇ်မှ သူ့အပေါ် အဘယ်ကြောင့် ဤမျှ ယဉ်ကျေးနေသနည်း... သူ့ကို 'ရေနဂါးညီနောင်' ဟုပင် နှိမ့်ချခေါ်ဝေါ်နေသနည်းဟူသည်ကို... နားမလည်နိုင် ဖြစ်နေရလေသည်။

‎

‎

‎သို့သော် ထို့နောက်တွင်... သူ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားပြီး... ကြီးမားသော ဦးခေါင်းကို တဆက်ဆက် ညိတ်ကာ ပြောလိုက်သည်။

‎

‎

‎" ကောင်းပြီလေ "

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် တားမြစ်နယ်မြေအရှင်သခင် ၅ ဦးတို့... သူ့နောက်မှ ငြိမ်သက်စွာ လိုက်ပါလာသည်ကို ကြည့်ရင်း... ရေနဂါးအိုကြီးသည် စိတ်ထဲ၌ ကျေနပ်အားရနေမိသည်။

‎

‎

‎ဟုတ်ပါသည်... သူ မေ့လုနီးပါး ဖြစ်နေခဲ့သည်။

‎

‎

‎ယခုအခါ သူသည်... မူလရှေးဟောင်းတွင်းနက်မှ မည်သူမျှ သတိမထားမိသော ရေနဂါးအိုကြီး မဟုတ်တော့ဘဲ... အထက်ကောင်းကင်တားမြစ်နယ်မြေပိုင် ဖြစ်နေပြီ။ သူသည် ကောင်းကင်ဘုံအရှင်သခင်၏ 'နဂါး' ဖြစ်နေပြီ။

‎

‎

‎ကောင်းကင်ဘုံအပြင်ဘက်တွင် အရှင်သခင်တစ်ပါးသည် သူ့ကို တစ်ချက်ပင် ကြည့်ချင်မှ ကြည့်မည် ဖြစ်သည်။

‎

‎

‎သို့သော် ကောင်းကင်ဘုံအတွင်း၌မူ အရှင်သခင်တစ်ပါးပင်လျှင် သူ့ကို 'ရေနဂါးညီနောင်' ဟု ခေါ်ဝေါ်ရပေသည်။

‎

‎

‎အားကိုးစရာ နောက်ခံအင်အားကြီးမားသည် ဆိုသည်မှာ ဤကဲ့သို့ ခံစားရခြင်းလော။

‎

‎

‎တကယ်ပင် ခံစား၍ ကောင်းလွန်းလှပေသည်။

‎

‎အခန်း (၂၃၆) - ကုချန်နှင့် တွေ့ဆုံခြင်း၊ အင်မော်တယ်ဖြစ်လာရန် ခက်ခဲခြင်းနှင့် ကျန်းထျန်း၏ လက်အောက်ခံပြုခြင်း

‎

‎

‎

‎ရေနဂါးအိုကြီး၏လမ်းပြမှုဖြင့် မကြာမီတွင်ပင် ဖီးနစ်ဧကရာဇ်နှင့် အခြားသူများသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းရာသို့ ရောက်ရှိလာကြသည်။

‎

‎

‎ကုမိသားစုဝင်များအားလုံးသည် ဖီးနစ်ဧကရာဇ်နှင့် အခြားသူများကို ကြည့်ရင်း သူတို့၏မျက်လုံးများတွင် ခံစားချက်မျိုးစုံ ပေါ်လာလေ၏။

‎

‎

‎တစ်ချိန်က ဤတားမြစ်နယ်မြေအရှင်သခင်များသည် ကုမိသားစုဝင်များအတွက် လက်လှမ်းမမီနိုင်သော အရှင်သခင်များ ဖြစ်ခဲ့ကြသည်။

‎

‎

‎သို့သော်... ယခုအခါ သူတို့သည် အရှင်သခင်များ ဖြစ်နေလင့်ကစား... သူတို့၏စွမ်းအားချီကို ထိန်းချုပ်ထားကြကာ ကုမိသားစုထံသို့ ခေါင်းငုံ့၍... အလွန်ရိုသေလေးစားစွာ လာရောက်ဂါရဝပြုနေကြရသည်။ ဤမျှကြီးမားသော ကွာခြားချက်မှာ တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

‎

‎

‎ဤအပြောင်းအလဲအားလုံးကို ဖန်တီးခဲ့သူမှာ သူတို့၏ဘိုးဘေးပင် ဖြစ်သည်။

‎

‎

‎ခဏတာအတွင်း... ကုမိသားစုဝင်များအားလုံးသည်... အထက်ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေသော ရှေးဟောင်းခန်းမဆောင်ကြီးဆီသို့... အလိုအလျောက် လှမ်းကြည့်လိုက်မိကြပြီး... သူတို့၏မျက်ဝန်းများတွင် ရိုသေလေးစားမှုများ ပြည့်နှက်နေကြ၏။

‎

‎

‎" အားလုံးပဲ ကြွပါ... ဘိုးဘေးက ခန်းမဆောင်ထဲမှာ စောင့်နေပါတယ် "

‎

‎

‎ကုတောက်လင်းသည် ရှေ့သို့ တက်လာပြီး... အရှင်သခင်များကို နှုတ်ဆက်ကာ... အထက်ကောင်းကင်ပင်မခန်းမဆောင်ရှေ့သို့ ခေါ်ဆောင်သွားပြီးနောက်... ရိုသေလေးစားစွာ သတင်းပို့လိုက်သည်။

‎

‎

‎" ဘိုးဘေး... ဧည့်သည်တွေကို ခေါ်ဆောင်လာပါပြီ "

‎

‎

‎" ဝင်ခဲ့ကြ "

‎

‎

‎အထက်ကောင်းကင်ပင်မခန်းမဆောင် အတွင်းမှ လျစ်လျူရှုသော အသံတစ်ခု ထွက်ပေါ်လာကာ ခန်းမဆောင်တံခါးများသည်လည တစ်ပြိုင်နက်တည်း ပွင့်သွား၏။

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် ရွှမ်အရှင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခြေလှမ်းလှမ်းကာ အထက်ကောင်းကင်ပင်မခန်းမဆောင် အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

‎

‎

‎အရှင်သခင်များ ပင်မခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်... ပြိုင်ဘက်ကင်းသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး လက်ကို နောက်ပစ်ကာ ရပ်နေသော ပုံရိပ်ကို... ချက်ချင်း မြင်တွေ့လိုက်ကြရသည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်ကို ဂါရဝပြုပါတယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် အခြားသူများအားလုံးသည် ခေါင်းငုံ့ကာ ကုချန်ကို သဘာဝကျကျ နှုတ်ဆက်လိုက်ကြသည်။

‎

‎

‎ကုချန်သည် စကားမပြောဘဲ ဖီးနစ်ဧကရာဇ်နှင့် အခြားသူများကိုသာ ကြည့်နေလိုက်သည်။ သူ၏ နက်နဲသောအကြည့်သည်... ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ၏ကျောပြင်တွင်... ဆူးများ စိုက်နေသကဲ့သို့ ခံစားရစေပြီး... သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကိုပင်... ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ဖြစ်စေသည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်က... ကောင်းကင်ချောက်နက်ထဲမှာ မကောင်းဆိုးဝါးအင်မော်တယ်ကို သတ်ဖြတ်ပြီး... ကျွန်တော်တို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့ပါတယ်... ဒါကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားဖို့... အထူးတလည် လာရောက်ခဲ့တာပါ "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် အားတင်းလျက် ဦးစွာ ပြောဆိုလိုက်သည်။

‎

‎

‎တစ်ချိန်တည်းမှာပင်... သူသည် လက်ဖဝါးကို အနည်းငယ် မြှောက်လိုက်ကာ... ကုချန်ရှေ့တွင် သိုလှောင်လက်စွပ် ဒါဇင်ပေါင်းများစွာကို တင်ပြလိုက်ကာ... ရိုသေလေးစားစွာ ထပ်မံ ပြောဆိုလိုက်သည်။

‎

‎

‎" ဒီအထဲမှာ... မူလရှေးဟောင်းတွင်းနက်ကနေ ကျွန်တော် စုဆောင်းခဲ့တဲ့... မြင့်မြတ်ရတနာ အမျိုးမျိုးနဲ့ အရှင်သခင်အဆင့် လက်နက်တွေ ပါဝင်ပါတယ်... အခု ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက်... ကျေးဇူးတင်တဲ့အနေနဲ့ ကောင်းကင်ဘုံအရှင်သခင်ကို ဆက်သလိုက်ပါတယ် "

‎

‎

‎" တားမြစ်နယ်မြေထဲမှာ... လက်စွပ်ထဲ ထည့်လို့မရတဲ့ အင်မော်တယ်မြင့်မြတ်ဆေးပင် အနည်းငယ်လဲ ကျန်ပါသေးတယ်... နောက်မှ လူလွှတ်ပြီး လာပို့ခိုင်းပါ့မယ် "

‎

‎

‎သက်မဲ့ပစ္စည်းများကိုသာ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းနိုင်ပေသည်။

‎

‎

‎အသိဉာဏ် ရှိပြီးဖြစ်သော အင်မော်တယ်မြင့်မြတ်ဆေးပင်များကိုမူ လက်စွပ်အထဲတွင် ထည့်သွင်း၍ မရနိုင်ပေ။

‎

‎

‎ဖီးနစ်ဧကရာဇ်မှ ထိုစကားကို ပြောလိုက်သည်နှင့်... ရွှမ်အရှင်နှင့် အခြားသူများသည် "ဒီမြေခွေးအိုကြီး" ဟု... ချက်ချင်းပင် တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။

‎

‎

‎မူလက... ကောင်းကင်ဘုံအရှင်သခင်အား သူတို့၏ရည်ရွယ်ချက်ကို ရှင်းပြပြီးမှ... ဤတားမြစ်နယ်မြေရတနာများကို အသုံးပြုကာ... ကောင်းကင်ဘုံအရှင်သခင်၏ အကူအညီဖြင့် အင်မော်တယ်တက်လှမ်းနိုင်ရေးအတွက်... အပေးအယူလုပ်ရန် စဉ်းစားထားခဲ့ကြသည်။

‎

‎

‎သို့သော်... ဖီးနစ်ဧကရာဇ်သည် ရောက်သည်နှင့် မည်သည့် အပေးအယူမျှမပြောဘဲ... ဤမြင့်မြတ်ရတနာများ အားလုံးကို တိုက်ရိုက် ဆက်သလိုက်မည်ဟု... မည်သူက ထင်ထားပါမည်နည်း။

‎

‎

‎ထို့ကြောင့် အကယ်၍... သူတို့သာ ဤမြင့်မြတ်ရတနာများကို နောက်မှ ထုတ်ပေးမည်ဆိုလျှင်... ကောင်းကင်ဘုံအရှင်သခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေသကဲ့သို့... ဖြစ်သွားပေလိမ့်မည်။

‎

‎

‎ရွှမ်အရှင်နှင့် အခြားသူများသည် မတတ်သာသဖြင့်... သူတို့ စုဆောင်းထားသော တားမြစ်နယ်မြေမြင့်မြတ်ရတနာများကို ချက်ချင်း ထုတ်ယူကာ... ဖီးနစ်ဧကရာဇ်နှင့်အတူ ဆက်သလိုက်ကြသည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်အနေနဲ့ ကျွန်တော်တို့ရဲ့စေတနာကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ် "

‎

‎

‎ရွှမ်အရှင်နှင့် အခြားသူများသည်လည်း... ရတနာများ ဆက်သရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့သည်ကို မြင်သောအခါ... ဖီးနစ်ဧကရာဇ်သည် စိတ်ထဲ၌ လှောင်ပြုံးပြုံးလိုက်မိ၏။ ဤလူအများသည် ပူးပေါင်းကြံစည်ရန် မထိုက်တန်သော သူများသာ ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်ကို သစ္စာခံရန် ဆုံးဖြတ်ပြီးမှတော့ အကြီးမားဆုံးသော ရိုးသားမှုကို ပြသသင့်ပေသည်။ အရာရာကို ဖုံးကွယ်ထားခြင်းဖြင့် ဘာအကျိုးရှိမည်နည်း။ ကောင်းကင်ဘုံအရှင်သခင်နှင့် စည်းကမ်းချက်များ ညှိနှိုင်းချင်နေကြသေးသည်လား။

‎

‎

‎ထိုသို့ပြုလုပ်ခြင်းသည် တစ်ဖက်လူကို မနှစ်မြို့စေရုံသာဖြစ်စေပြီး မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမည် မဟုတ်ပေ။

‎

‎

‎ဖီးနစ်ဧကရာဇ်နှင့် အခြားသူများ တားမြစ်နယ်မြေအသီးသီးမှ ရတနာများအားလုံးကို သူ၏ရှေ့တွင် ချထားသည်ကိုကြည့်ပြီးသည့်တိုင် ကုချန်၏အကြည့်သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

‎

‎

‎ဤအရာများသည် အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်အဆင့် အပါအဝင်... မည်သည့် သက်ရှိကိုမဆို ရူးသွပ်သွားစေနိုင်သော စည်းစိမ်ဥစ္စာများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း... ကုချန်၏မျက်လုံးထဲတွင်မူ သာမန်မျှသာ ဖြစ်သည်။

‎

‎

‎" မင်းတို့ရဲ့ရည်ရွယ်ချက်ကို ပြော "

‎

‎

‎ကုချန်သည် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

‎

‎

‎ဤတားမြစ်နယ်မြေအရှင်သခင်များ လာရောက်ရခြင်း၏ ရည်ရွယ်ချက်သည် သူ့ကို ကျေးဇူးတင်ရုံ သက်သက် မဟုတ်ကြောင်း သူ သိရှိထားသည်။

‎

‎

‎ဤသည်ကို ဖီးနစ်ဧကရာဇ်နှင့် အခြားသူများမှ ကြီးမားသော တန်ဖိုးပေးဆပ်ပြီး ကြိုးစားပမ်းစား လုပ်ဆောင်နေပုံကို ကြည့်ခြင်းအားဖြင့် သိသာထင်ရှားလှသည်။

‎

‎

‎" အရှင်က တကယ်ပဲ ထိုးထွင်းသိမြင်တဲ့ ဉာဏ်မျက်စိ ရှိပါပေတယ် "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ... ကုချန် တစ်စုံတစ်ရာကို ရိပ်စားမိနေပြီဖြစ်ကြောင်း သိလိုက်သဖြင့်... ထပ်မံဖုံးကွယ်မနေတော့ဘဲ အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တော့၏။

‎

‎

‎" ကျွန်တော့် ဘဝတစ်လျှောက်လုံး ရှာဖွေခဲ့တာက အင်မော်တယ်တက်လှမ်းခြင်းပါပဲ "

‎

‎

‎" အခုမှပဲ ကျွန်တော် နားလည်လိုက်ပါပြီ... အင်မော်တယ်တက်လှမ်းခြင်းဆိုတာ လှည့်စားမှုတစ်ခုပါပဲ... အဲဒီ အင်မော်တယ်တံခါးပေါက်က ကျွန်တော် ဖွင့်နိုင်တဲ့အရာ မဟုတ်ပါဘူး... အင်မော်တယ်တက်လှမ်းခြင်းက အခု မျှော်လင့်ချက် မရှိတော့ပါဘူး "

‎

‎

‎" ဒါပေမယ့်... အရှင်ရဲ့ အောင်မြင်မှုတွေက နက်နဲလှပြီး စစ်မှန်တဲ့ အင်မော်တယ်တွေကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်... ဒီလို မြင့်မြတ်တဲ့ စွမ်းအားမျိုးကို ကျွန်တော် အရမ်းကို လေးစားအားကျမိပါတယ် "

‎

‎

‎" တကယ်လို့ ကောင်းကင်ဘုံအရှင်သခင်က ကျွန်တော့်ကို အထင်မသေးဘူးဆိုရင်... ကျွန်တော် အရှင့်ရဲ့ လက်အောက်ခံအဖြစ် အမှုထမ်းပြီး အမိန့်နာခံလိုပါတယ်... အနာဂတ်မှာ အင်မော်တယ်တက်လှမ်းဖို့ အခွင့်အရေး ရှိလာခဲ့ရင်... အရှင့်အနေနဲ့ လက်တွန့်မနေဘဲ ကူညီပေးဖို့လောက်ပဲ တောင်းဆိုချင်ပါတယ် "

‎

‎

‎အင်မော်တယ်တက်လှမ်းဖို့အတွက်လား.....

‎

‎

‎ဖီးနစ်ဧကရာဇ်၏ပြောပြချက်ကို နားထောင်ပြီးနောက် ကုချန်သည် အရာအားလုံးကို နားလည်သွား၏။

‎

‎

‎ဤတားမြစ်နယ်မြေအရှင်သခင်များသည် တစ်ချိန်က မာန်မာနကြီးသော ခေါင်းများကိုနှိမ့်ချကာ... အထက်ကောင်းကင်သို့ ရိုသေလေးစားစွာ လာရောက်ဂါရဝပြုကြခြင်းမှာ... အံ့သြစရာ မဟုတ်တော့ပေ။ ထိုသူတို့သည် အင်မော်တယ်တက်လှမ်းခြင်းမှာ လှည့်စားမှုတစ်ခု ဖြစ်ကြောင်း တွေ့ရှိသွားပြီး... သူသည် စစ်မှန်သော အင်မော်တယ်များကို သတ်ဖြတ်နိုင်သော စွမ်းအား ပိုင်ဆိုင်ထားသဖြင့်... စစ်မှန်သော အင်မော်တယ်အဆင့်သို့ ရောက်ရှိနိုင်မည့် နည်းလမ်း ရှိသည်ဟု ယုံကြည်ကာ... သစ္စာခံလိုကြခြင်း ဖြစ်သည်။

‎

‎

‎" ငါ မင်းတို့ကို အင်မော်တယ် ဖြစ်အောင် မကူညီနိုင်ဘူး "

‎

‎

‎ကုချန်သည် တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်၏။

‎

‎

‎သူ လိမ်ပြောခြင်း မဟုတ်ပေ။ အင်မော်တယ်တက်လှမ်းခြင်းကို အဆုံးမဲ့တာအိုများ သဟဇာတ ဖြစ်နေသော အင်မော်တယ်နယ်မြေတွင်သာ ရရှိနိုင်မည် ဖြစ်သည်။ အောက်ပိုင်းနယ်မြေရှိ အဆုံးမဲ့တာအို စွမ်းအားများသည် စစ်မှန်သော အင်မော်တယ်တာအိုအသီး ပေါ်ပေါက်လာစေရန် မလုံလောက်ပေ။

‎

‎

‎ကုချန် ကိုယ်တိုင်ပင် ဤကိစ္စနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်ခြင်း မရှိရာ အခြားသူများကို ကူညီရန်မှာ ဝေးစွ။

‎

‎

‎သို့သော်... ကုချန်သည် အခြားသူများကို အင်မော်တယ်ဖြစ်အောင် မကူညီနိုင်သော်လည်း... သူ၏ကိုယ်ပိုင်စွမ်းအားသည် စစ်မှန်သော အင်မော်တယ်ထက် ကျော်လွန်နေသောကြောင့်... သာမန်ကမ္ဘာတွင် အင်မော်တယ်ဒြပ်စင်များကို စုစည်းပြီး... ထာဝရအသက်ရှင်သန်မှုကို ရရှိစေရန် ကူညီပေးနိုင်သည်။

‎

‎

‎သို့သော် ကုချန်သည် ဤအရှင်သခင်များကို ဤအကြောင်း ပြောပြရန် ရည်ရွယ်ချက် မရှိပေ။

‎

‎

‎အင်မော်တယ်ဖြစ်အောင် မကူညီနိုင်ဘူးလား.....

‎

‎

‎ကုချန်၏အဖြေစကားကို ကြားလိုက်ရသောအခါ... အရှင်သခင်များ၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ... ပေါ်လာလေသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် ကတိတည်သောသူ ဖြစ်သည်။

‎

‎

‎သူ အင်မော်တယ်ဖြစ်အောင် မကူညီနိုင်ဘူးဟု ပြောမှတော့ ဒါဟာ အမှန်တရားပင် ဖြစ်ပြီး သူတို့ကို လိမ်ညာနေစရာ အကြောင်းမရှိပေ။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်က သူတို့ကို အင်မော်တယ်ဖြစ်အောင် မကူညီနိုင်မှတော့ သစ္စာခံစရာ လိုသေးသလား။

‎

‎

‎ခဏတာအတွင်း ရွှမ်အရှင်နှင့် အခြားသူများသည် သူတို့၏ဆုံးဖြတ်ချက်အပေါ် တုံ့ဆိုင်းသွားကြ၏။

‎

‎

‎" ဒါ့အပြင် ငါ့ကို သစ္စာခံမယ်ဆိုရင် မင်းတို့ရဲ့ ဝိညာဉ်တံဆိပ်တွေကို ပေးအပ်ရမယ် "

‎

‎

‎ကုချန်က လျစ်လျူရှုစွာ ထပ်မံပြောကြားလိုက်သည်။

‎

‎

‎အင်မော်တယ် မဖြစ်နိုင်ရုံသာမက... ဝိညာဉ်တံဆိပ်များကိုပါ ပေးအပ်ရမည်လော။ ဆိုလိုသည်မှာ... အနာဂတ်တွင် သူတို့သည် တစ်သက်လုံး ကျွန်ဖြစ်သွားမည် ဖြစ်ပြီး... သူတို့၏ အသက်နှင့် သေခြင်းသည် ကုချန်၏ သဘောဆန္ဒအပေါ်တွင်သာ... မူတည်တော့မည် မဟုတ်ပါလော။

‎

‎

‎ရွှမ်အရှင်၏မျက်လုံးများတွင် တုံ့ဆိုင်းမှုများ ပိုမိုများပြားလာလေသည်။

‎

‎

‎အရှင်သခင်များသည် တုံ့ဆိုင်းသွားကြကာ တိတ်ဆိတ်နေကြသည်ကို ကြည့်ရင်း... ကုချန် စိတ်ထဲ၌ လှောင်ပြုံးပြုံးလိုက်သည်။

‎

‎

‎ချီလျန်မျိုးနွယ်စု သူ့ကို သစ္စာခံလိုစဉ်က... သူတို့၏ စစ်မှန်သော အင်မော်တယ်အဆင့် မျိုးနွယ်စုခေါင်းဆောင်သည်ပင်... ဝိညာဉ်တံဆိပ်ကို နာခံမှုရှိစွာ ပေးအပ်ခဲ့သည်။ ယခုကဲ့သို့ အရှင်သခင် အနည်းငယ်မျှက... မည်သို့ ခြွင်းချက် ဖြစ်နိုင်ပါမည်နည်း။

‎

‎

‎ကုချန်သည် ဤစကားကို ပြောလိုက်ခြင်းမှာ... ဤအရှင်သခင်များ မည်မျှ ရိုးသားမှု ရှိသည်ကို... သိလို၍သာ ဖြစ်သည်။ အကယ်၍ သူတို့ မရိုးသားလျှင်... သူတို့ကို ပြန်လွှတ်လိုက်ရုံသာ ရှိသည်။

‎

‎

‎သို့သော် ကုချန် မထင်မှတ်ထားသည်မှာ... သူ စကားပြောပြီးသည်နှင့် ဖီးနစ်ဧကရာဇ်ပင် တုံ့ဆိုင်းနေဆဲအချိန်တွင်... သာမန်ရုပ်ရည်နှင့် ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည့် အရှင်သခင်တစ်ပါးသည် ရှေ့သို့ ဦးစွာ ထွက်လာပြီး... သူ၏ ဝိညာဉ်တံဆိပ်ကို ရိုသေလေးစားစွာ ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။

‎

‎

‎" ကျွန်တော် ကျန်းထျန်း... ကောင်းကင်ဘုံအရှင်သခင်ကို သခင်အဖြစ် အမှုထမ်းပြီး... အမိန့်နာခံပါ့မယ် "

All Chapters