← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 18 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 18 Ch. 243-244

အခန်း (၂၄၃) - ရှောင်ယောက်ထျန်းကျွင်း၊ အမိန့်သုံးရပ်နှင့် ဒုတိယကိုယ်ပွား ပြီးပြည့်စုံခြင်း

‎

‎

‎

‎အဆုံးမဲ့ကမ္ဘာအတွင်း၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။

‎

‎

‎ဤစကားကို ဆိုလိုက်သည်နှင့် သက်တမ်းရှည်နန်းတော်ကြီးသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

‎

‎

‎ရှေးယခင်ကတည်းကပင်.... အင်မော်တယ်နယ်မြေရှိ အင်အားစုအသီးသီးသည် အောက်ဘုံမှ အရှင်များကို စားသုံးလေ့ရှိပြီး... သက်တမ်းရှည်နန်းတော်မှ အသက်ရှည်ဒြပ်စင်များကို ချီးမြှင့်လေ့ရှိသည်မှာ... ထုံးတမ်းစဉ်လာတစ်ခု ဖြစ်ခဲ့သည်။

‎

‎

‎အနည်းဆုံးတော့... ထျန်းကျွင်းများ၏ မျက်လုံးထဲတွင် ဤအရာသည် နှစ်ပေါင်းသိန်းချီ၊ သန်းချီ ကြာမြင့်သည်အထိ... မပြောင်းလဲခဲ့သော အရာပင်ဖြစ်သည်။

‎

‎

‎သို့သော်... ယခုအခါ အရှင်များကို စားသုံးရမည့်အချိန် ကျော်လွန်သွားပြီဖြစ်သော်လည်း... အင်မော်တယ်တစ်သောင်းမျှော်စင်မှ အသက်ရှည်ဒြပ်စင်များကို... ချီးမြှင့်ခြင်း မရှိသေးချေ။ ဖြစ်နိုင်ခြေတစ်ခုမှာ... အဆုံးမဲ့ကမ္ဘာ၌ "မျှော်လင့်မထားသော အဖြစ်အပျက်များ"... ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ရပေမည်။

‎

‎

‎သို့သော် အဆုံးမဲ့ကမ္ဘာတွင် မည်ကဲ့သို့သော မျှော်လင့်မထားသည့် ကိစ္စရပ်မျိုး ဖြစ်ပျက်နိုင်မည်နည်း။

‎

‎

‎ထျန်းကျွင်းများသည် သက်တမ်းရှည်နန်းတော်အတွင်း၌သာ အမြဲနေထိုင်လေ့ရှိပြီး... လောကီကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း... အရှင်များကို စားသုံးရန် တာဝန်ယူထားသည့် အင်မော်တယ်နယ်မြေမှ တည်ရှိမှုသည်... ပြိုင်ဘက်ကင်း စစ်မှန်သော အင်မော်တယ်တစ်ပါးဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။

‎

‎

‎ကမ္ဘာကြီးနှစ်ခု ခြားနားနေသော်လည်း... စစ်မှန်သော အင်မော်တယ်အဆင့် အရှင်တစ်ပါးအနေဖြင့်... အရှင်တစ်စုအား စားသုံးရာတွင် မည်သည့်ပြဿနာများ ရှိနိုင်မည်နည်း။

‎

‎

‎ထျန်းကျွင်းများသည် အမှန်ပင် ဇဝေဇဝါ ဖြစ်နေကြတော့သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာကို ရိတ်သိမ်းရာတွင်... အင်မော်တယ်တစ်သောင်းမျှော်စင်အား ကူညီရန် တာဝန်ယူထားသူမှာ... မယ်ကူထျန်းကျွင်း၏ လက်အောက်ငယ်သား ယွမ်ကျွင်းပင်ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ဖိအားများသည် မယ်ကူထျန်းကျွင်းအပေါ်သို့ ကျရောက်လာခဲ့သည်။

‎

‎

‎" အဲ့ဒီ ယွမ်ကျွင်းရဲ့ပါရမီက အမြဲတမ်း သာမန်ပါပဲ... ပြီးခဲ့တဲ့နှစ်တွေမှာ သက်တမ်းရှည်နန်းတော်က ချီးမြှင့်တဲ့ အသက်ရှည်ဒြပ်စင်တွေသာ မရှိခဲ့ရင်... သူက စောစောစီးစီးပဲ သေဆုံးပျောက်ကွယ်သွားလောက်ပြီ.....

‎

‎တကယ်လို့... ဒီလို အသုံးမကျတဲ့ကောင်က အဆုံးမဲ့ကမ္ဘာကို ရိတ်သိမ်းတဲ့ကိစ္စမှာ ထပ်ပြီး အမှားလုပ်မယ်ဆိုရင်တော့... အနာဂတ်မှာ အဆုံးမဲ့ကမ္ဘာအတွက် ကိုယ်စားလှယ်နေရာကို လူလဲဖို့ စဉ်းစားရလိမ့်မယ် ထင်တယ် "

‎

‎

‎ရှေးဟောင်းထျန်းကျွင်းတစ်ပါးသည် စူးရှသောစကားလုံးများဖြင့် ပြောဆိုလိုက်၏။

‎

‎

‎" ဟုတ်တယ်... ဒီထျန်းကျွင်းက အစကတည်းက ယွမ်ကျွင်းကို ဒီတာဝန်နဲ့ မတန်ဘူးလို့ ထင်ခဲ့တာ... အခုတော့ တကယ်ပဲ ဖြစ်လာပြီ "

‎

‎

‎" ဟီး... နတ်ဆိုးနယ်မြေကိစ္စသာ အရေးမကြီးခဲ့ရင်... ကုချန်ကို သွေးဆာနေတာတွေ လျော့သွားအောင် လုပ်ပြီး... သက်တမ်းရှည်နန်းတော်ရဲ့ အရန်လူအဖြစ် ပျိုးထောင်တာက... ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်လောက်တယ် "

‎

‎

‎" အမှန်ပါပဲ... အဲ့ဒီတုန်းက ကုချန်သာ အရမ်း ထက်မြက်မနေခဲ့ရင်... သူ့ကို ငါတို့လက်အောက် ခေါ်သွင်းလိုက်တာက... ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်နိုင်တယ် "

‎

‎

‎" ကံဆိုးတာကတော့ တောင့်တင်းလွန်းတဲ့အရာက ကျိုးလွယ်တယ်လေ... အဲ့ဒီကုချန်က အရမ်း မောက်မာလွန်းပြီး ထိန်းချုပ်ဖို့ ခက်ခဲတယ်... ငါတို့ မထိန်းချုပ်နိုင်တဲ့ အင်အားကတော့ ပျက်စီးသွားတာပဲ ကောင်းပါတယ် "

‎

‎

‎ရှေးဟောင်းနန်းဆောင်အတွင်း၌ ထျန်းကျွင်းအများအပြားသည် တစ်ဦးပြီးတစ်ဦး ပြောဆိုနေကြလေသည်။ သူတို့၏အသံများမှာ လုံးဝ ပေါ့ပါးနေပြီး... မောက်မာသည့် လေသံ၊ လမ်းညွှန်ပြသသည့် လေသံနှင့် အထက်စီးဆန်သည့် လေသံများပင်... ပါဝင်နေလေသည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းခန့်က... ထျန်းကျွင်းများသည် နတ်ဆိုးနယ်မြေကို တမင်သက်သက် ရန်စခဲ့ပြီး... ကုချန်ကို စစ်ပွဲအတွင်းသို့ ဆွဲခေါ်ကာ... နတ်ဆိုးနယ်မြေအား စောင့်ကြပ်စေခဲ့သည်။ ဤသည်မှာ... ထျန်းကျွင်းများအတွက် ဂုဏ်ယူစရာအကောင်းဆုံး... အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။

‎

‎

‎ဤနည်းဗျူဟာသည် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုကို ဟန့်တားနိုင်ရုံသာမက... ကုချန်၏အင်အားကိုပါ အဆင်ပြေပြေ ဖိနှိပ်နိုင်ခဲ့သဖြင့်... ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်အများအပြားကို ပစ်သတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

‎

‎

‎သို့သော်... နှစ်ပေါင်းကိုးသောင်းကြာပြီးနောက်တွင် ကုချန်သည် အသက်ရှင်နေဆဲ ဖြစ်ရုံသာမက... နတ်ဆိုးနယ်မြေနယ်စပ်မှ ပြန်လည်ရောက်ရှိလာပြီး သက်တမ်းရှည်နန်းတော်၏ အဆုံးမဲ့ကမ္ဘာကို သိမ်းပိုက်မည့် စီမံကိန်းကြီးကို... ခြိမ်းခြောက်လာခဲ့သည်။ ထိုအချိန်ကျမှသာ... ထျန်းကျွင်းများသည် ကုချန်ကို ရင်ဆိုင်ရန်... ယွမ်ကျွင်းကို အားကိုးလာရခြင်း ဖြစ်သည်။

‎

‎

‎ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုများနှင့် မောက်မာမှုများ ပြည့်နှက်နေသော ထျန်းကျွင်းများ၏ စကားကို နားထောင်ရင်း... မယ်ကူထျန်းကျွင်းသည် စိတ်ထဲမှ မထီမဲ့မြင် ပြုလိုက်သည်။

‎

‎

‎ကုချန်ကို သူတို့လက်အောက် ခေါ်သွင်းမယ်တဲ့လား။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းတုန်းက ကုချန်ရဲ့ ထက်မြက်မှုတွေ လွန်ကဲလွန်းလို့သာ ဒီအဘိုးကြီးတွေ သတိထားခဲ့ရတာ မဟုတ်ဘူးလား။ မဟုတ်ရင် သူတို့က ဘာကိစ္စ နတ်ဆိုးနယ်မြေ လမ်းကြောင်းကို စောစောစီးစီးဖွင့်ပြီး သူ့ကို အကွက်ထဲ ဆွဲထည့်ရမှာလဲ။

‎

‎

‎အခုမှ ကုချန်ကို သူတို့လက်အောက် ခေါ်သွင်းချင်တယ်လို့ သတိရကြတာလား။ ဘာလို့ စောစောက မပြောကြတာလဲ။

‎

‎

‎" မယ်ကူ ရေ... အဆုံးမဲ့ကမ္ဘာမှာ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာ... မင်းသွားပြီး မစစ်ဆေးသင့်ဘူးလား "

‎

‎

‎ရွှေရောင်ဆံပင်နှင့် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော နဂါးနွေအရှင်မှ မေးခွန်းထုတ်သည့် လေသံဖြင့် ပြောကြားလိုက်သည်။

‎

‎

‎ငါက ဘာလို့ သွားစစ်ဆေးရမှာလဲ။ မင်းတို့ကော ဘာလို့ မသွားကြတာလဲ။

‎

‎

‎မယ်ကူထျန်းကျွင်းသည် ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်လိုက်စဉ် နဂါးနွေအရှင်က ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။

‎

‎

‎" ဒါက ဒီထျန်းကျွင်းရဲ့ သဘောထားတင် မဟုတ်ဘူး... ရှောင်ယောက်ထျန်းကျွင်းရဲ့ သဘောထားလဲ ပါတယ် "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းရဲ့ သဘောထား.....

‎

‎

‎ဤစကားကို ကြားလိုက်ရသည်နှင့်... မယ်ကူထျန်းကျွင်းသည် အလယ်ဗဟိုရှိ လစ်လပ်နေသော ပလ္လင်ကို အသိစိတ်မဲ့စွာ ကြည့်လိုက်မိပြီး... သူ၏မျက်လုံးများတွင်လည်း ကြောက်ရွံ့မှုများ ပေါ်လာခဲ့၏။

‎

‎

‎" ရှောင်ယောက်ထျန်းကျွင်းရဲ့ သဘောထားဖြစ်နေမှတော့ ဒီထျန်းကျွင်းကလည်း လိုက်နာရမှာပေါ့ "

‎

‎

‎မယ်ကူထျန်းကျွင်းက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် သက်တမ်းရှည်နန်းတော်တွင် ရှေးအကျဆုံး ထျန်းကျွင်းတစ်ပါး ဖြစ်သကဲ့သို့ ဤနန်းဆောင်ကြီးကို အမှန်တကယ် ထိန်းချုပ်ထားသူလည်း ဖြစ်သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ဆန္ဒသည် သက်တမ်းရှည်နန်းတော်၏ အထွတ်အထိပ် အမိန့်တော်ပင် ဖြစ်သည်။

‎

‎

‎သို့သော် မကြာသေးမီ နှစ်များအတွင်း... ရှောင်ယောက်ထျန်းကျွင်းသည် သက်တမ်းရှည်နန်းတော်တွင် ပေါ်လာခဲ့ကာ... ကိစ္စရပ်များကို အခြား ထျန်းကျွင်းရှစ်ပါးနှင့် ပူးပေါင်း ဆုံးဖြတ်လေ့ရှိသည်။

‎

‎

‎သို့သော်... ရှောင်ယောက်ထျန်းကျွင်း ဆုံးဖြတ်ချက် ချလိုက်သည်နှင့် တပြိုင်နက်... ကျန်ထျန်းကျွင်းရှစ်ပါးသည် နာခံပြီး လုပ်ဆောင်ရန်မှတပါး... အခြားမရှိချေ။

‎

‎

‎" ရှောင်ယောက်ထျန်းကျွင်းရဲ့ သဘောကတော့ အဆုံးမဲ့ကမ္ဘာကို သွားမယ့် ဒီခရီးစဉ်မှာ... အသက်ရှည်ဒြပ်စင်တွေ ဘာလို့ မချီးမြှင့်ရတာလဲဆိုတာကို စစ်ဆေးမယ့်အပြင်... ကုချန်ကိုပါ ရှင်းလင်းဖို့ပဲ "

‎

‎

‎နဂါးနွေအရှင်မှ ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

‎

‎

‎" အဲ့ဒီကုချန်က နှစ်ပေါင်းကိုးသောင်း ကြာပြီးတာတောင် အသက်ရှင်နေတုန်းပဲ... ပြီးတော့ အရှင်အဆင့်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ... ဒီကိစ္စမှာ အကြောင်းပြချက် တစ်ခုခု ရှိနိုင်တယ်... မိတ်ဆွေမယ်ကူ အနေနဲ့ သေချာ စုံစမ်းရမယ်.....

‎

‎ဒါ့အပြင်... ကုချန်က နတ်ဆိုးနယ်မြေရဲ့ နယ်စပ်ကို စောင့်ကြပ်ရတာ မကျေနပ်ဘဲ... အဆုံးမဲ့ကမ္ဘာကို ပြန်လာခဲ့တာဆိုတော့ သူက မနာခံတတ်တဲ့သူ မဟုတ်ဘူးလို့ အာမခံဖို့ ခက်တယ်... ဒီလို လူမျိုး မရှိသင့်ဘူး... မိတ်ဆွေမယ်ကူ... ဒီခရီးစဉ်မှာ ကုချန်ကို ဖိနှိပ်ပြီး ငါတို့ အသက်ရှည်နန်းဆောင်ရဲ့ အစေခံအဖြစ် ခေါ်သွင်းရမယ်... တကယ်လို့ သူငြင်းဆန်ခဲ့ရင်တော့ ဖယ်ရှားပစ်လိုက်ပါ.....

‎

‎ဒီလောကကြီးမှာ ငါတို့ သက်တမ်းရှည်နန်းတော် မထိန်းချုပ်နိုင်တဲ့ သူဆိုတာ မရှိသင့်ဘူး "

‎

‎

‎နဂါးနွေအရှင် ပြောနေသည်ကို နားထောင်ရင်း မယ်ကူထျန်းကျွင်း၏ အကြည့်များသည် လေးနက်လာခဲ့၏။

‎

‎

‎အသက်ရှည်ဒြပ်စင်များ အဘယ်ကြောင့် မချီးမြှင့်သည်ကို စုံစမ်းရန်မှာ ပြောစရာပင် မလိုချေ။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် ကုချန်ကို စိတ်ဝင်စားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

‎

‎

‎ကုချန်ကို ဖိနှိပ်ပြီး သက်တမ်းရှည်နန်းဆောင် လက်အောက် ခေါ်သွင်းမယ်တဲ့လား.....

‎

‎

‎ဒါဆို ယွမ်ကျွင်းကို စွန့်ပစ်လိုက်ပြီဆိုတဲ့ သဘောပေါ့။

‎

‎

‎မယ်ကူထျန်းကျွင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

‎

‎

‎သက်တမ်းရှည်နန်းဆောင်၏ အရန်လူနေရာသည် ကုချန်လက်ထဲ ရောက်တော့မည့်ပုံပင်။

‎

‎

‎ကုချန်ကို... သက်တမ်းရှည်နန်းဆောင် လက်အောက် ခေါ်သွင်းမည်ဟု ပြောလိုက်ချိန်တွင်... ကုချန်၏ ဝမ်းသာအားရ ဖြစ်သွားမည့် မျက်နှာကို... မယ်ကူထျန်းကျွင်း မြင်ယောင်နေမိသည်။

‎

‎

‎ကုချန် ငြင်းဆန်မည့် ကိစ္စကိုမူ မယ်ကူထျန်းကျွင်း ထည့်ပင် မစဉ်းစားမိချေ။

‎

‎

‎နောက်နေတာလား။ ဒါက သက်တမ်းရှည်နန်းတော်ရဲ့ ဖိတ်ကြားမှုလေ။

‎

‎

‎သက်တမ်းရှည်နန်းတော်၏ ခွေးတစ်ကောင် ဖြစ်ရခြင်းသည် မည်သူမဆို ဖြစ်ခွင့်ရသည့် အခွင့်အရေးမျိုး မဟုတ်ပေ။

‎

‎

‎သက်တမ်းရှည်နန်းတော်၏ ခွေးတစ်ကောင် ဖြစ်ခွင့်ရခြင်းသည် ကုချန်အတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းတုန်းက... ကုချန်၏ထက်မြက်မှုသည် လွန်ကဲလွန်းသဖြင့်... နန်းဆောင်ထဲရှိ အရှင်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သောကြောင့်သာ... ယွမ်ကျွင်းမှ ထိုအခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုအခါ... နှစ်ပေါင်းကိုးသောင်း ကြာအောင် ပွတ်တိုက် ချောမွေ့ခံလိုက်ရပြီးနောက်... ကုချန်သည် ယခင်က ထက်မြက်မှုမျိုး ရှိတော့မည် မဟုတ်ပေ။ သက်တမ်းရှည်နန်းဆောင် လက်အောက် ဝင်ရောက်နိုင်ပြီး... အသက်ရှည်ရန် မျှော်လင့်ချက်ရှိသည်ကို ကြားလိုက်ရပါက... သူ မည်သို့ ဝမ်းမသာဘဲ နေမည်နည်း။

‎

‎

‎" ယွမ်ကျွင်း... မင်းအသုံးမကျတာကိုပဲ အပြစ်တင်လိုက်တော့ "

‎

‎

‎မယ်ကူထျန်းကျွင်းသည် နှာခေါင်းရှုံ့လိုက်ပြီး ယွမ်ကျွင်းအား စွန့်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎" ရှောင်ယောက်ထျန်းကျွင်းရဲ့ သဘောထား ဖြစ်နေမှတော့ ငါတို့ ပြောစရာ မရှိတော့ပါဘူး "

‎

‎

‎နဂါးနွေအရှင်မှ... ရှောင်ယောက်ထျန်းကျွင်း၏ဆန္ဒကို ပြောပြလိုက်သည်ကို မြင်သောအခါ... အခြားသော ထျန်းကျွင်းများသည်လည်း မေးခွန်းထုတ်ခြင်းကို ရပ်တန့်လိုက်ကြသည်။

‎

‎

‎တစ်ခဏအတွင်း ရှေးဟောင်းနန်းဆောင် အတွင်းရှိ ထျန်းကျွင်းများ၏ ပုံရိပ်များသည် ပျောက်ကွယ်သွားကြပြီး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

‎

‎

‎... ... ... ...

‎

‎

‎အဆုံးမဲ့ကမ္ဘာ... အထက်ကောင်းကင် တားမြစ်နယ်မြေရှိ ပင်မနန်းဆောင်ကြီး အတွင်း၌.....

‎

‎

‎ကုချန်သည် တင်ပျဉ်ခွေ ထိုင်နေကာ သူ၏မျက်လုံးများမှာ ရုတ်တရက် လှုပ်ရှားသွား၏။

‎

‎

‎အဆုံးမဲ့တာအို အရိပ်များသည် သူ၏ရှေ့တွင် ပုံဖော်ယက်လုပ်လာကြပြီး သူနှင့် ထပ်တူညီသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့မှောက်တွင် ထင်ရှားစွာ ပေါ်လာ၏။

‎

‎

‎" ဒုတိယကိုယ်ပွား ပြီးပြည့်စုံပြီ! "

‎

‎

‎ကုချန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး... ရှေ့တွင် ရပ်နေသော ဒုတိယကိုယ်ပွားကို ကြည့်ကာ... မျက်လုံးများထဲတွင် ဝမ်းမြောက်မှု အရိပ်အယောင်များ ပေါ်လာခဲ့လေသည်။

‎

‎

‎ဤ 'ချီတစ်မျှင်မှ သန့်စင်ခြင်းသုံးပါး ခွဲထွက်ခြင်း' နည်းလမ်းသည် ဒုတိယကိုယ်ပွားကို သန့်စင်ရာတွင် ဤမျှ ရိုးရှင်းစေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပြီးပြည့်စုံအောင် သန့်စင်ရန် အချိန်များစွာပင် မယူလိုက်ရချေ။

‎

‎အခန်း (၂၄၄) - ကြောက်ခမန်းလိလိ အာနိသင်၊ စာရွက်အလွတ်တစ်ရွက်ပမာနှင့် နတ်ဆိုးနယ်မြေတွင် အင်မော်တယ်ဖြစ်ခြင်း

‎

‎

‎

‎ကုချန်၏စိတ်အာရုံ အနည်းငယ် လှုပ်ရှားသွားပြီး... သူ၏ဝိညာဉ်အစိတ်အပိုင်း တစ်ခုသည် ရှေ့ရှိ ဒုတိယကိုယ်ပွားထဲသို့... တိတ်တဆိတ် ဝင်ရောက်သွား၏။

‎

‎

‎တခဏချင်းမှာပင် ဒုတိယကိုယ်ပွား နိုးထလာပြီး မူလခန္ဓာကိုယ်နှင့် မခြားနားသော စွမ်းအားအရှိန်အဝါကို ထုတ်လွှတ်လိုက်လေသည်။

‎

‎

‎ကုချန်သည် ဒုတိယကိုယ်ပွား၏အင်အားကို တိတ်တဆိတ် ခံစားကြည့်ပြီးနောက် ကျေနပ်သည့် အပြုံးတစ်ခု သူ၏နှုတ်ခမ်းတွင် ပေါ်လာခဲ့၏။

‎

‎

‎ဤ 'ချီတစ်မျှင်မှ သန့်စင်ခြင်းသုံးပါး ခွဲထွက်ခြင်း' နည်းလမ်းသည် အမှန်တကယ်ပင် ကြောက်ခမန်းလိလိ ကောင်းမွန်လှသည်။

‎

‎

‎၎င်းသည် ဒုတိယကိုယ်ပွား ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် မူလခန္ဓာကိုယ်ထက် လုံးဝ လျော့နည်းခြင်း မရှိချေ။

‎

‎

‎

‎ထို့အပြင် ဤဒုတိယကိုယ်ပွားသည် ကုချန်၏ ဒုတိယအသက်ကဲ့သို့ပင် ဖြစ်သည်။ သူ၏ဝိညာဉ်အစိတ်အပိုင်း တစ်ခု ဝင်ရောက်ထိန်းချုပ်လိုက်ရုံဖြင့် ကိုယ်ပိုင်လက်မောင်းသဖွယ် မည်သည့် အနှောင့်အယှက်မှ မရှိဘဲ လှုပ်ရှားနိုင်၏။

‎

‎

‎ထို့ပြင် ကုချန်သည် ဤဒုတိယကိုယ်ပွား၏ နောက်ထပ် အံ့ဖွယ်အသုံးပြုပုံ တစ်ခုကိုလည်း ရှာဖွေတွေ့ရှိလိုက်သည်။

‎

‎

‎ထိုအရာမှာ... မူလခန္ဓာကိုယ်နှင့် ဒုတိယကိုယ်ပွားတို့ မည်မျှပင် ဝေးကွာနေပါစေ... အမြဲတမ်း ဆက်သွယ်နိုင်ပြီး သတင်းအချက်အလက်များကို... မျှဝေနိုင်ခြင်းပင် ဖြစ်သည်။

‎

‎

‎ကုချန်၏မူလခန္ဓာကိုယ်သည် အဆုံးမဲ့ကမ္ဘာတွင် ရှိနေပြီး... ဤကိုယ်ပွား နတ်ဆိုးနယ်မြေသို့ ဝင်ရောက်သွားလျှင်ပင် ကုချန်၏မူလခန္ဓာကိုယ်သည်... နတ်ဆိုးနယ်မြေ၌ ဖြစ်ပျက်သမျှကို အချိန်နှင့်တပြေးညီ သိရှိနေနိုင်မည် ဖြစ်သည်။

‎

‎

‎ဤအချက်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

‎

‎

‎သာမန် ကိုယ်ပွားများဆိုလျှင် ဝေးကွာလွန်းပါက... မူလခန္ဓာကိုယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားမည်ဖြစ်ပြီး... သတင်းအချက်အလက် ဖလှယ်ရန် ခက်ခဲမည် ဖြစ်သည်။

‎

‎

‎ယခင်က ချီမုန်သည် ထိုကဲ့သို့ပင် ဖြစ်ခဲ့သည်။ ကုချန်နှင့် ပတ်သက်သော သတင်းများရယူရန်... ကိုယ်ပွားတစ်ခုကို အဆုံးမဲ့ကမ္ဘာသို့ စေလွှတ်ခဲ့ရာ... ကိုယ်ပွား ကြုံတွေ့ခဲ့ရသမျှကို သိရှိနိုင်ရန် ဟွမ်သွမ့်ပင်လယ်ကို ဖြတ်ကျော်ပြီး... ပြန်လာသည်အထိ စောင့်ဆိုင်းခဲ့ရသည်။

‎

‎

‎သို့သော် ကုချန်၏ဒုတိယကိုယ်ပွားမှာမူ ထိုသို့ လုပ်ဆောင်ရန် မလိုအပ်ချေ။

‎

‎

‎ဒုတိယကိုယ်ပွား ဘယ်နေရာရောက်ရောက်... ဘာတွေပဲ ကြုံတွေ့ရပါစေ... ကုချန်သည် သတင်းအချက်အလက် အားလုံးကို... ချက်ချင်း သိရှိနိုင်ပေသည်။

‎

‎

‎" ဒီလောက် စွမ်းအားကြီးတဲ့ နည်းလမ်းမျိုးကို အင်မော်တယ်ဘုရင်အဆင့် ဆိုသူတွေတောင် ဖန်တီးနိုင်မှာ မဟုတ်ဘူး "

‎

‎

‎ကုချန်သည် ဖြေးညင်းစွာ သက်ပြင်းချလိုက်လေသည်။

‎

‎

‎ဒုတိယကိုယ်ပွားကို ဖွဲ့စည်းနိုင်ခြင်းသည် မူလခန္ဓာကိုယ်၏ နှစ်ဆသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။

‎

‎

‎အကယ်၍... တတိယကိုယ်ပွားကိုပါ ထပ်မံ ဖွဲ့စည်းနိုင်ပါက... မူလခန္ဓာကိုယ်၏ သုံးဆသော တိုက်ခိုက်ရေးစွမ်းရည်ကို... ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

‎

‎

‎ကိုယ်ပွားသုံးခုစလုံးသည် သီးခြားစီ စွန့်စားသွားလာနိုင်ပြီး စွမ်းအားကို မြှင့်တင်နိုင်သည်။ သစ္စာဖောက်မည်ကိုလည်း စိုးရိမ်စရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော်... ဒုတိယနှင့် တတိယကိုယ်ပွား နှစ်ခုစလုံးကို မူလခန္ဓာကိုယ်၏ ဝိညာဉ်အစိတ်အပိုင်းမှ... ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။

‎

‎

‎မူလခန္ဓာကိုယ် ကံဆိုးစွာ ပျက်စီးသွားလျှင်ပင်... ဒုတိယနှင့် တတိယကိုယ်ပွားများသည် မူလခန္ဓာကိုယ်၏ဝိညာဉ်ကို... အချိန်မရွေး ပြန်လည် စုစည်းနိုင်ပြီး ပြန်လည် မွေးဖွားနိုင်ပေသည်။

‎

‎

‎" နေဦး..... "

‎

‎

‎ရုတ်တရက်... ကုချန်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့... သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

‎

‎

‎‌စော‌စောက... သူသည် ဒုတိယကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးရန်သာ အာရုံစိုက်နေခဲ့သဖြင့်... ပိုမို အရေးကြီးသော အချက်တစ်ချက်ကို မေ့လျော့နေခဲ့သည်။

‎

‎

‎ထိုအချက်မှာ... ဤဒုတိယကိုယ်ပွား၏ 'တာအိုအခြေခံ' သည် လုံးဝ စာရွက်အလွတ်တစ်ရွက်ပမာ ဖြစ်နေပြီး... ဤအဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအိုများနှင့် မည်သည့် ဆက်နွယ်မှု၊ ချည်နှောင်မှုမျှ... မရှိခြင်းပင် ဖြစ်သည်။

‎

‎

‎ဤအချက်သည် အလွန် လွန်ကဲလွန်းလှသည်။

‎

‎

‎သက်ရှိတစ်ဦး မွေးဖွားလာသည်နှင့် ကျင့်ကြံခြင်း မပြုလုပ်ရသေးလျှင်ပင်... ၎င်း၏တာအိုအခြေခံသည် မွေးဖွားရာ ကမ္ဘာ၏ ကောင်းကင်တာအိုနှင့်... နက်ရှိုင်းစွာ ရစ်ပတ် ဆက်နွယ်ပြီးနှင့်နေလေ့ ရှိသည်။

‎

‎

‎ကျင့်ကြံမှု မြင့်မားလေလေ ဤအမှတ်အသားနှင့် ချည်နှောင်မှုမှာ ပိုမို နက်ရှိုင်းလေလေ ဖြစ်သည်။

‎

‎

‎ကုချန်ကဲ့သို့ အဆုံးမဲ့ကမ္ဘာတွင် မွေးဖွားပြီး... အဆုံးမဲ့ကမ္ဘာတွင် တာအိုလမ်းစဉ်ကို သက်သေပြခဲ့သူ တစ်ဦးအနေဖြင့်... သူ၏တာအိုအခြေခံသည် အဆုံးမဲ့ကမ္ဘာ၏ တာအိုနှင့် ခွဲခြား၍ မရနိုင်ပေ။

‎

‎

‎နတ်ဆိုးနယ်မြေမှ အရှင်များကဲ့သို့ပင်... သူတို့၏တာအိုသည် နတ်ဆိုးနယ်မြေ၏ ကောင်းကင်တာအို၌ အမှတ်အသား ပြုထားပြီးဖြစ်ရာ... နတ်ဆိုးနယ်မြေ၏ အဆုံးမဲ့တာအိုများမှ သူတို့အား သဘာဝကျစွာပင် ချစ်ခင်မြတ်နိုးကြ၏။

‎

‎

‎ယခင်က ဧကရာဇ်ဂိတ်ကို စောင့်ကြပ်စဉ်... ကုချန်သည် အဘယ်ကြောင့် နတ်ဆိုးနယ်မြေသို့... တစ်ခါမျှ မကူးခဲ့သနည်း။

‎

‎

‎အကြောင်းရင်းမှာ... ကမ္ဘာနှစ်ခုခြားနားရာ ချောက်နက်ကို ကျော်ဖြတ်လိုက်သည်နှင့်... သူ၏ တာအိုသည် နတ်ဆိုးနယ်မြေ၏ ကောင်းကင်ဆန္ဒတော်နှင့် အဆုံးမဲ့တာအိုများ၏ စွမ်းအားဖြင့်... ဖိနှိပ်ခြင်း ခံရမည်ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို... အပြည့်အဝ ထုတ်ဖော်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

‎

‎

‎ထို့အတူပင်... ဤဖိနှိပ်သော စွမ်းအားရှိနေခြင်းကြောင့်... ကုချန် နတ်ဆိုးနယ်မြေ နယ်စပ်ကို စောင့်ကြပ်ခဲ့သော နှစ်ပေါင်း သောင်းချီကာလအတွင်း၌... နတ်ဆိုးနယ်မြေမှ အရှင်အဆင့် ရှိသူများသာ တစ်ဖက်ကမ္ဘာသို့ ကူးလာနိုင်ခဲ့ကြခြင်းဖြစ်သည်။

‎

‎

‎နောက်ပိုင်းတွင်မှ... အကြောင်းရင်း မသိရဘဲ ကမ္ဘာနှစ်ခုခြားနားရာ ချောက်နက်ရှိ ဖိနှိပ်မှုစွမ်းအားသည် တဖြည်းဖြည်း အားနည်းလာခဲ့သဖြင့်... ထျန်းကျွင်းအဆင့်အရှင်သည် နယ်မြေကျော်ဖြတ်ကာ အရှင်များစွာကို ဦးဆောင်ပြီး... အဆုံးမဲ့ကမ္ဘာကို တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုအခါ ကုချန်၏ဒုတိယကိုယ်ပွားသည် အဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအိုများနှင့် 'ချည်နှောင်' ထားခြင်း မရှိပေ။

‎

‎

‎ဆိုလိုသည်မှာ... သူ၏ဒုတိယကိုယ်ပွားသည် ဖိနှိပ်ခံရခြင်း မရှိဘဲ... အချိန်မရွေး နတ်ဆိုးနယ်မြေသို့ ဝင်ရောက်နိုင်ပြီး... နတ်ဆိုးနယ်မြေ အတွင်း၌ပင် ထိုကမ္ဘာ၏ ကောင်းကင်အဆုံးမဲ့တာအိုများနှင့် 'ချည်နှောင်' ရန် ရွေးချယ်နိုင်ကာ... စစ်မှန်သော 'နတ်ဆိုးနယ်မြေ သက်ရှိ' တစ်ဦး ဖြစ်လာနိုင်ပေသည်။

‎

‎

‎ဒါက.....

‎

‎

‎ဒီအချက်ကို တွေးမိလိုက်သည်နှင့် ကုချန်၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့၏။

‎

‎

‎ဖြစ်နိုင်ခြေတစ်ခုကို သူ ရုတ်တရက် တွေးမိလိုက်သောကြောင့် ဖြစ်သည်။

‎

‎

‎သူသည် လက်ရှိတွင်... ကောင်းကင်ဧကရာဇ်အဆင့်၌ ရှိနေပြီး... စစ်မှန်သော အင်မော်တယ်အဆင့်သို့ မတက်လှမ်းနိုင်သေးခြင်းမှာ တိုက်ခိုက်ရေးစွမ်းရည် သို့မဟုတ် ကျင့်ကြံမှုအဆင့် မလုံလောက်ခြင်းကြောင့် မဟုတ်ဘဲ... ဤအဆုံးမဲ့ကမ္ဘာ ကောင်းကင်တာအိုမှ အင်မော်တယ်တက်လှမ်းခြင်းကို... မထောက်ပံ့နိုင်သောကြောင့် ဖြစ်သည်။

‎

‎

‎စစ်မှန်သော အင်မော်တယ် ဖြစ်လာရန်အတွက်... အင်မော်တယ်နယ်မြေသို့ ဝင်ရောက်ပြီး ပိုမို ပြီးပြည့်စုံသော ကောင်းကင်တာအို၌... တာအိုလမ်းစဉ်ကို သက်သေပြရန် လိုအပ်သည်။

‎

‎

‎ဤအချက်သည် ယခင်က ကုချန်ကို အခက်တွေ့စေဆုံး အချက်ဖြစ်သည်။

‎

‎

‎ထိုအင်မော်တယ်တံခါး ရှိနေခြင်းကြောင့် သူသည် အင်မော်တယ်နယ်မြေသို့ လုံးဝ မဝင်ရောက်နိုင်ခဲ့ပေ။

‎

‎

‎အင်မော်တယ်နယ်မြေသို့ မဝင်ရောက်နိုင်လျှင် ဧကရာဇ်အဆင့်ကိုလည်း ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။

‎

‎

‎ထိုအင်မော်တယ်တံခါးကို ဖွင့်ရန်အတွက်... ကောင်းကင်ဧကရာဇ်အဆင့်ထက် ကျော်လွန်သော တိုက်ခိုက်ရေးစွမ်းရည်ရှိရန် လိုအပ်နေပြန်ရာ... ဤအရာသည် သံသရာလည်နေသော ပြဿနာဆိုးကြီး ဖြစ်နေခဲ့သည်။

‎

‎

‎ကောင်းကင်ဧကရာဇ်အဆင့်ကို မကျော်ဖြတ်နိုင်သောကြောင့်... အင်မော်တယ်နယ်မြေသို့ မသွားနိုင်... အင်မော်တယ်နယ်မြေသို့ မသွားနိုင်သောကြောင့်... ကောင်းကင်ဧကရာဇ်အဆင့်ကို မကျော်ဖြတ်နိုင် ဖြစ်နေခြင်းပင်။

‎

‎

‎ရွှယ်ကျန်းသည်... အင်မော်တယ်တံခါး နောက်ကွယ်တွင် အဘယ်ကြောင့် ပေါ်လာသနည်း ဆိုသည်နှင့် ပတ်သက်၍... ကုချန် ခန့်မှန်းမိသည်မှာ... အင်မော်တယ်တံခါး မပိတ်မီကတည်းက ရွှယ်ကျန်းသည် အဆုံးမဲ့ကမ္ဘာသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်နိုင်သလို... သူ၏ နောက်ကွယ်ရှိ အင်မော်တယ်တစ်သောင်းမျှော်စင်တွင်... သူ့အား 'ခိုးဝင်' ရန် ကူညီပေးမည့် နည်းလမ်း ရှိနေခြင်းကြောင့်လည်း... ဖြစ်နိုင်သည်။ ထိုနည်းလမ်းဖြင့် အင်မော်တယ်တံခါး၏ဖိနှိပ်မှုကို ရှောင်ကွင်းပြီး... ကမ္ဘာနှစ်ခုကြား တိတ်တဆိတ် သွားလာနေခြင်း ဖြစ်နိုင်သည်။

‎

‎

‎ဤခိုးဝင်သည့် နည်းလမ်းသည် အနည်းဆုံး စစ်မှန်သော အင်မော်တယ်အဆင့် ရှိသူများကိုသာ ဖြတ်သန်းခွင့် ပြုနိုင်သည်။

‎

‎

‎ဤအချက်ကို... မင်ကူအင်မော်တယ်မှ ရှေးဟောင်းအင်မော်တယ်ရွှံ့၏ အကူအညီဖြင့်... ဝိညာဉ်အသွင်ဖြင့်သာ အဆုံးမဲ့ကမ္ဘာသို့ ဆင်းသက်လာနိုင်ခြင်းကို ကြည့်၍... သိနိုင်သည်။

‎

‎

‎အကယ်၍... မင်ကူအင်မော်တယ်၏ မူလခန္ဓာကိုယ်သာ အောက်ဘုံသို့ အလွယ်တကူ ဆင်းသက်နိုင်ပါက... ဤမျှ လက်ဝင်သော နည်းလမ်းများကို အဘယ်ကြောင့် အသုံးပြုနေမည်နည်း။

‎

‎

‎ယခုအခါ... သူ၏ဒုတိယကိုယ်ပွားသည် ကောင်းကင်ဧကရာဇ်အဆင့်တွင် ရှိနေပြီး... အဆုံးမဲ့ကမ္ဘာနှင့် နက်ရှိုင်းစွာ ချည်နှောင်ထားခြင်း မရှိပေ။ အင်မော်တယ်တက်လှမ်းခြင်းကို ပြုလုပ်နိုင်မည့် ပတ်ဝန်းကျင် တစ်ခုသာ လိုအပ်သည်။

‎

‎

‎အကယ်၍ သူသာ အင်မော်တယ်နယ်မြေကို မရွေးချယ်ဘဲ နည်းလမ်းပြောင်းလိုက်မည် ဆိုလျှင်ကော.....

‎

‎

‎ကုချန်၏မျက်လုံးများတွင် အလင်းတစ်ချက် ဖြတ်ကနဲ လက်သွားခဲ့၏။

‎

‎

‎သူ၏ဒုတိယကိုယ်ပွားသည် နတ်ဆိုးနယ်မြေတွင် တာအိုလမ်းစဉ်ကို သက်သေပြပြီး 'အင်မော်တယ်' ဖြစ်လာနိုင်သည် မဟုတ်ပါလော။

‎

‎

‎ဟုတ်ပေသည်... နတ်ဆိုးနယ်မြေ ဖြစ်သည်။

‎

‎

‎ဤဒုတိယကိုယ်ပွားသည် မည်သည့်ကမ္ဘာ၏ တာအိုနှင့်မျှ ရစ်ပတ်ချည်နှောင်ထားခြင်း မရှိသဖြင့်... ကမ္ဘာနှစ်ခုခြားနားရာ ချောက်နက်ကို ဖြတ်ကျော်ပြီး နတ်ဆိုးနယ်မြေသို့... အားစိုက်ထုတ်စရာမလိုဘဲ ဝင်ရောက်နိုင်မည် ဖြစ်သည်။

‎

‎

‎ကုချန် ခန့်မှန်းရသလောက် နတ်ဆိုးနယ်မြေ ကမ္ဘာ၏မူလဇစ်မြစ်သည် အင်မော်တယ်နယ်မြေနှင့် ကွာခြားမည် မဟုတ်ချေ။

‎

‎

‎သူ၏ဒုတိယကိုယ်ပွားသည် နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ပြီး... နတ်ဆိုးနယ်မြေ ကောင်းကင်တာအို၏ အဆုံးမဲ့တာအိုများကို အမှတ်အသား ပြုလိုက်ရုံဖြင့်... နတ်ဆိုးနယ်မြေ၏ ကောင်းကင်ဆန္ဒတော်မှ အသိအမှတ်ပြုလာမည်ဖြစ်ပြီး... သဘာဝကျစွာပင် စစ်မှန်သော နတ်ဆိုးနယ်မြေ သက်ရှိတစ်ဦး ဖြစ်လာပေလိမ့်မည်။

‎

‎

‎ထိုနည်းအားဖြင့်... သူ၏ဒုတိယကိုယ်ပွားသည် မူလခန္ဓာကိုယ်ထက် ဦးစွာ နတ်ဆိုးနယ်မြေ၌... တာအိုလမ်းစဉ်ကို သက်သေပြပြီး အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ပေမည်။

‎

‎

‎ဤလမ်းစဉ်သည် လုံးဝ ဖြစ်နိုင်ချေ ရှိ၏။

‎

‎

‎" ဒါဆိုရင်တော့ သက်တမ်းရှည်နန်းတော်နဲ့ စာရင်းရှင်းမယ့် အစီအစဉ်ကို ပြန်ပြင်ရတော့မယ် "

‎

‎

‎ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်၏။

‎

‎

‎မူလအစီအစဉ်တွင် ဒုတိယကိုယ်ပွား ဖွဲ့စည်းပြီးနောက်... အထက်ကောင်းကင်ကို စောင့်ကြပ်စေပြီး မူလခန္ဓာကိုယ်ဖြင့် ဟွမ်သွမ့်ပင်လယ်ထဲသို့ ဝင်ရောက်ကာ... သက်တမ်းရှည်နန်းတော်နှင့် စာရင်းရှင်းရန် ဖြစ်သည်။

‎

‎

‎ယခုအခါ အနည်းငယ် ပြောင်းလဲလိုက်ရုံပင်။ မူလခန္ဓာကိုယ်ဖြင့် အထက်ကောင်းကင်ကို စောင့်ကြပ်ပြီး... ဒုတိယကိုယ်ပွားဖြင့် ဟွမ်သွမ့်ပင်လယ်ထဲသို့ ဝင်ရောက်ကာ... သက်တမ်းရှည်နန်းတော်နှင့် စာရင်းရှင်းမည်။ ထို့နောက်... နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ပြီး တာအိုလမ်းစဉ်ကို သက်သေပြကာ... အင်မော်တယ်အဆင့်သို့ တက်လှမ်းမည် ဖြစ်သည်။

All Chapters