← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 18 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 18 Ch. 247-248

‎အခန်း (၂၄၇) ထိတ်လန့်တုန်လှုပ်ခြင်း၊ နားလည်မှုလွဲမှားခြင်းများ၊ မယ်ကူ၏ သေဆုံးခြင်း

‎

‎

‎

‎" ဒီလူငယ်လေးက အရှင့်ကို တကယ်ပဲ မမှတ်မိပါဘူး..... "

‎

‎

‎မယ်ကူထျန်းကျွင်း၏ မျက်နှာပေါ်တွင် အနည်းငယ် အဆင်မပြေသော အပြုံးတစ်ခု ပေါ်လာ၏။

‎

‎

‎သူ၏ရှေ့မှောက်ရှိလူကို တကယ်ပင် တစ်ခါမျှ မမြင်ဖူးကြောင်း သူခံစားမိသော်လည်း တစ်ချိန်တည်းမှာပင် မယ်ကူထျန်းကျွင်းသည် နားမလည်နိုင် ဖြစ်နေရသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာထဲတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုး ဘယ်အချိန်က ပေါ်လာရသနည်း။

‎

‎

‎အဘယ်ကြောင့် သူတစ်ခါမျှ မကြားဖူးရသနည်း။

‎

‎

‎ထို့အပြင် ဤကဲ့သို့သော ဖြစ်တည်မှုမျိုးကို... အဘယ်ကြောင့် ရှောင်ယောက်ထျန်းကျွင်းသည် ယခင်က... သက်တမ်းရှည်နန်းတော်ထဲသို့ ဝင်ရောက်ရန် မကမ်းလှမ်းခဲ့ရသနည်း။

‎

‎

‎" ငါ့ကို မမှတ်မိဘူးပေါ့... စိတ်ဝင်စားစရာပဲ "

‎

‎

‎ကုချန်၏မျက်နှာပေါ်တွင် နက်နဲသော အပြုံးတစ်ခု ပေါ်လာသည်။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း ၉ သောင်းတွင်... သက်တမ်းရှည်နန်းတော်သည် သူ့အား ဒုက္ခပေးရန် ကြံစည်ခဲ့ပြီး... ယခုကျတော့ သူ့ကို မမှတ်မိဘူးဟု ဆိုနေကြသည်လော။

‎

‎

‎ဒီသက်တမ်းရှည်နန်းတော်က တကယ်ပဲ 'မြင့်မြတ်ပြီး အထက်စီးဆန်' နေတာကိုး။

‎

‎

‎သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများသည်... အထက်စီးဆန်ပြီး မောက်မာနေကျဖြစ်ကြောင်း... ကုချန် ကောင်းစွာ သိ၏။ လွန်ခဲ့သော နှစ်ပေါင်း ၉ သောင်းတွင်... သူ့အား ဒုက္ခပေးရန် ကြံစည်ခဲ့စဉ်ကပင်... သူတို့သည် သူ၏နာမည်ကိုသာ သိပြီး... လူချင်းတစ်ခါမျှ တွေ့ဖူးလိမ့်မည် မဟုတ်ပေ။

‎

‎

‎ထိုအချိန်က ထျန်းကျွင်းများ၏ မျက်လုံးထဲတွင်... ကုချန်သည် 'ပုရွက်ဆိတ်' တစ်ကောင်၊ 'နယ်ရုပ်' တစ်ရုပ်မျှသာ ဖြစ်ပြီး... သူ၏ကံကြမ္မာနှင့် အနာဂတ်ကို အချိန်မရွေး စီစဉ်နိုင်သည်ဟု... ယူဆထားကြ၏။ ကုချန်ကို သူတို့ အဘယ်ကြောင့် အာရုံစိုက်နေရမည်နည်း။

‎

‎

‎သူတို့သည် အမြင့်မှနေ၍ အမိန့်ပေးရုံသာ လိုအပ်ပြီး... သက်တမ်းရှည်နန်းတော်၏ ခွေးများဖြစ်သော ယွမ်ကျွင်းကဲ့သို့သော လူများက... ထိုတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပေးကြမည်မှာ... သဘာဝပင် ဖြစ်သည်။

‎

‎

‎ကုချန်အား မသိရှိခြင်း။

‎

‎

‎ဤအချက်သည် သက်တမ်းရှည်နန်းတော်အတွင်းရှိ ထျန်းကျွင်းများမှာ မည်မျှ မောက်မာကြောင်း သက်သေပြနေခြင်းသာ ဖြစ်သည်။

‎

‎

‎" ငါ့နာမည်က ကုချန် "

‎

‎

‎ကုချန်သည် တိုးညှင်းစွာ ပြောဆိုလိုက်ပြီး သူ၏အသံသည် အလွန်တည်ငြိမ်နေ၏။

‎

‎

‎သို့သော်... ထိုအသံသည် မယ်ကူထျန်းကျွင်း၏ နားထဲသို့ ရောက်သွားသောအခါ... မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားတော့သည်။

‎

‎

‎ကု... ကုချန်?

‎

‎

‎ဒီလူက သူ့ကိုယ်သူ ကုချန်လို့ ပြောလိုက်တာလား?!

‎

‎

‎မယ်ကူထျန်းကျွင်းသည် ဦးစွာ မှင်သက်သွားပြီးနောက်... သူ၏မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်မှုတို့ဖြင့်... ပြည့်နှက်သွားတော့သည်။

‎

‎

‎ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ သောင်းတုန်းက ထျန်းကျွင်းတွေ ပူးပေါင်းကြံစည်ခဲ့တဲ့ သူရှာနေတဲ့ ကုချန် ဖြစ်နေမလား?

‎

‎

‎မယ်ကူထျန်းကျွင်း၏ မျက်ဝန်းအိမ်များမှာ ကျဉ်းမြောင်းသွားကြ၏။

‎

‎

‎ကုချန်နှင့် အတည်မပြုရသေးသော်လည်း သူ၏အမြင်အရ ဤအရာမှာ မလွဲမသွေ သေချာသလောက် ဖြစ်နေပြီဖြစ်သည်။

‎

‎

‎ဤအဆုံးမဲ့ကမ္ဘာထဲတွင် ကုချန် အများအပြား ရှိနေနိုင်ပြီး ထိုသူတိုင်းက ဤမျှကြောက်မက်ဖွယ်ကောင်းသော အင်အားကို ပိုင်ဆိုင်ထားနိုင်ပါမည်လော။

‎

‎

‎ဒါပေမယ့် ဒီကုချန်က ဘာလို့ ဒီလောက်သန်မာနေရတာလဲ?

‎

‎

‎နှစ်ပေါင်း ၉ သောင်း ကြာပြီးနောက်... ဆအသက်ရှည်ဒြပ်စင် မရရှိဘဲနှင့် ဒီလူအသက်ရှင်နေလျှင်တောင် အိုမင်းရင့်ရော်နေသင့်ပြီး... ယခင်ကလောက် ဘုန်းတန်ခိုးမကြီးမားတော့ဘဲ... ပို၍ အားနည်းသွားသင့်သည် မဟုတ်ပါလော။ ဘာကြောင့် ပိုပိုပြီး သန်မာလာရသနည်း။

‎

‎

‎မယ်ကူထျန်းကျွင်းသည် တုန်လှုပ်ခြောက်ခြားနေပြီး ဤအရာများကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။

‎

‎

‎" မင်း ကောင်းကင်ချောက်နက်ကိစ္စကို စုံစမ်းဖို့ အဆုံးမဲ့ကမ္ဘာကို ရောက်လာတာမလား? "

‎

‎

‎မယ်ကူထျန်းကျွင်း၏... ထိတ်လန့်နေသော မျက်နှာကို ကြည့်ကာ... ကုချန်သည် သူလာရသည့် ရည်ရွယ်ချက်ကို... ခန့်မှန်းမိပြီးသား ဖြစ်သွားသည်။

‎

‎

‎သက်တမ်းရှည်နန်းတော်၏ ပူးပေါင်းကြံစည်မှုအကြောင်းကို ယွမ်ကျွင်းဆီမှ သူသိရှိပြီး ဖြစ်သည်။

‎

‎

‎ယခုအခါ ကောင်းကင်ချောက်နက်ထဲရှိ... စစ်မှန်သော အင်မော်တယ်များအားလုံးကို ကုချန် သတ်ဖြတ်လိုက်ပြီဖြစ်ရာ... သက်တမ်းရှည်နန်းတော်၏ အစီအစဉ်များကို ပျက်စီးသွားစေခဲ့မည်မှာ... သေချာသည်။ ထို့ကြောင့်... စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ခြင်းမှာ... သဘာဝကျပေသည်။

‎

‎

‎" မင်းကို ပြောပြလိုက်မယ်... ယွမ်ကျွင်းကို ငါကိုယ်တော် သတ်လိုက်ပြီ... ကောင်းကင်ချောက်နက်ထဲက စစ်မှန်တဲ့ အင်မော်တယ်တွေကိုလဲ... ငါကိုယ်တော်ပဲ သတ်လိုက်တာ "

‎

‎

‎ကုချန်သည် အရေးမပါသော ကိစ္စတစ်ခုကို ပြောပြနေသကဲ့သို့ တည်ငြိမ်စွာ ပြောကြားလိုက်၏။

‎

‎

‎မယ်ကူထျန်းကျွင်းမှာမူ အသက်ရှူဖို့ပင် မေ့လျော့လုနီးပါးအထိ တုန်လှုပ်နေပြီ ဖြစ်သည်။

‎

‎

‎ယွမ်ကျွင်းကို ကုချန်သတ်လိုက်သည်ဆိုသော ကိစ္စကို... မယ်ကူထျန်းကျွင်း ယခင်က မတွေးမိခဲ့သော်လည်း... လုံးဝလက်မခံနိုင်စရာတော့ မဟုတ်ပေ။

‎

‎

‎သို့သော်... ဤကုချန်သည် ကောင်းကင်ချောက်နက်ထဲရှိ... စစ်မှန်သော အင်မော်တယ်များကိုပါ... သတ်ဖြတ်ခဲ့သည်ဟု ပြောနေသည်လော။

‎

‎

‎အဲ့ဒါတွေက... စစ်မှန်တဲ့ အင်မော်တယ်တွေလေ... စစ်မှန်တဲ့ အင်မော်တယ်တွေ!

‎

‎

‎မယ်ကူထျန်းကျွင်းသည် မယုံနိုင်အောင် ဖြစ်မိသော်လည်း... အင်မော်တယ်တစ်သောင်းမျှော်စင်သည် ယခုတစ်ကြိမ်တွင်... အသက်ရှည်ဒြပ်စင် မချပေးခဲ့ခြင်းနှင့်... ကုချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်နိုင်စွမ်းသည်... မယ်ကူထျန်းကျွင်းကို လက်ဝါးတစ်ချက်တည်းဖြင့် ဖမ်းချုပ်နိုင်ခဲ့ခြင်း... အစရှိသည်တို့သည် ကုချန်၏စကားများကို အတည်ပြုနေသကဲ့သို့ ရှိ၏။

‎

‎

‎ဒီကုချန်က လိမ်နေတာ မဟုတ်ဘူး!

‎

‎

‎စစ်မှန်တဲ့ အင်မော်တယ်တွေကို သတ်နိုင်တယ်တဲ့.....

‎

‎

‎မယ်ကူထျန်းကျွင်း၏ ခန္ဓာကိုယ်သည် မသိစိတ်အလျောက် အနည်းငယ် တုန်ယင်သွား၏။

‎

‎

‎သူသည် ကုချန်ကို သက်တမ်းရှည်နန်းတော်၏ လက်အောက်သို့ ဝင်ရောက်လာစေရန် ခေါ်ယူဖို့ စဉ်းစားခဲ့ဖူးသည်။

‎

‎

‎ယခင်က... ကုချန်ကို သက်တမ်းရှည်နန်းတော်က ဒုက္ခပေးရန် ကြံစည်ခဲ့ဖူးလျှင်တောင်... မယ်ကူထျန်းကျွင်း၏ အမြင်တွင်မူ... ၎င်းမှာ ကိစ္စသေးလေးတစ်ခုမျှသာ ဖြစ်သည်။

‎

‎

‎သက်တမ်းရှည်နန်းတော်သို့ ဝင်ရောက်ခြင်းဖြင့် သက်တမ်းရှည်ခြင်းကို တစေ့တစောင်း မြင်တွေ့ခွင့် ရရှိမည်ဖြစ်သည်။

‎

‎

‎သက်တမ်းရှည်ခြင်း၏ ဆွဲဆောင်မှုနှင့် ယှဉ်လိုက်လျှင်... ယခင်က ခံစားခဲ့ရသော နာကျည်းချက်များနှင့် ပူးပေါင်းကြံစည်မှုများသည်... ဘာပြောစရာ ရှိတော့မည်နည်း။

‎

‎

‎ဤကုချန်သာ မတုံးအဘူးဆိုလျှင်... သူ၏ခြေရင်းတွင် ဝပ်ဆင်းပြီး ကျေးဇူးတင်စကားဆိုကာ... မျက်ရည်ကျလိမ့်မည်ဟု သူထင်ခဲ့သည်။

‎

‎

‎သို့သော် သူမှားယွင်းကြောင်း... အကြီးအကျယ် မှားယွင်းကြောင်း... အဖြစ်မှန်က သက်သေပြနေသည်။

‎

‎

‎ကုချန်၏အင်အားဖြင့်ဆိုလျှင်... သက်တမ်းရှည်နန်းတော်တစ်ခုလုံးကိုပင် မှောက်လှန်ပစ်ရန်... လုံလောက်နေသည်။ သူသည် မည်သို့သောဆန္ဒဖြင့်... သက်တမ်းရှည်နန်းတော်၏ လက်အောက်သို့... ဝင်ရောက်မည်နည်း။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းက ဒီကုချန်ကို သက်တမ်းရှည်နန်းတော်ရဲ့ ခွေးတစ်ကောင်အဖြစ် မွေးချင်နေသေးတာလား.....

‎

‎

‎မှားပြီ... လုံးဝမှားပြီ!

‎

‎

‎ဘေးဆိုးကြုံရတော့မည့် နိမိတ်တစ်ခု မယ်ကူထျန်းကျွင်း၏ရင်ထဲတွင် ရုတ်တရက် ကြီးထွားလာတော့သည်။

‎

‎

‎ကုချန်၏အင်အားသည် အလွန်ကြောက်စရာ ကောင်းလှ၏။ အကယ်၍... လွန်ခဲ့သောနှစ်များမှ သက်တမ်းရှည်နန်းတော်၏ ပူးပေါင်းကြံစည်မှုကို သူသိသွားပါက... သေချာပေါက် စာရင်းရှင်းပေလိမ့်မည်။ ထိုအချိန်ကျလျှင်... နန်းတော်တွင်းရှိ သက်တမ်းရှည်ထျန်းကျွင်းတစ်ပါးအနေဖြင့်... သူသည် သေချာပေါက် ထိပ်ဆုံးမှ ခံရပေတော့မည်!

‎

‎

‎ယခုအချိန်တွင်... လွန်ခဲ့သော နှစ်ပေါင်း ၉ သောင်းမှ အဖြစ်အပျက်များကို... ကုချန် မသိရှိပါစေနှင့်ဟုသာ... သူဆုတောင်းရတော့မည်။

‎

‎

‎မယ်ကူထျန်းကျွင်း၏စိတ်နှလုံး မငြိမ်မသက် ဖြစ်နေစဉ်... နောက်တစ်ခဏ၌ ကုချန်ပြောလိုက်သော စကားများသည်... သူ၏စိတ်ကို ချောက်ကမ်းပါးထဲသို့ တွန်းပို့လိုက်သကဲ့သို့... ဖြစ်သွားစေခဲ့သည်။

‎

‎

‎" လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ သောင်းတုန်းက မင်းတို့ ငါ့ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တယ်... ငါကိုယ်တော်က စာရင်းမရှင်းရသေးခင်မှာ... မင်းက ကိုယ့်သဘောနဲ့ကိုယ် တံခါးဝကို ရောက်လာလိမ့်မယ်လို့... ငါမထင်ထားဘူး "

‎

‎

‎ကုချန်သည် လျစ်လျူရှုထားသောလေသံဖြင့် ပြောလိုက်ပြီး... သူ့၏ တည်ငြိမ်၍ နက်ရှိုင်းသော အကြည့်များသည်... မယ်ကူထျန်းကျွင်း၏ အတွေးများနှင့် လျှို့ဝှက်ချက်များ အားလုံးကို... ဖောက်ထွင်းမြင်နိုင်စွမ်းရှိပုံရနေသည်။

‎

‎

‎" ဒါ... နားလည်မှုလွဲတာပါ... အကုန်လုံးက နားလည်မှုလွဲတာပါ "

‎

‎

‎မယ်ကူထျန်းကျွင်းမှာ ချက်ချင်းဆိုသလို ချွေးစေးများ ပြန်လာတော့သည်။ ကုချန်မှ အရာအားလုံးကို သိပြီးနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

‎

‎

‎တစ်ချိန်တည်းမှာပင် သူသည် စိတ်ထဲ၌ ကျိန်ဆဲလိုက်မိသည်။ သောက်ကျိုးနည်း ယွမ်ကျွင်း... ဒီကောင် အကုန်လျှောက်ပြောလိုက်တာ နေမှာ!

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်း ၉ သောင်းမှ ကိစ္စကို... သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများအပြင်... လက်တွေ့လုပ်ဆောင်ခဲ့သူ ယွမ်ကျွင်းသာ သိရှိသည်။

‎

‎

‎ယခု ကုချန်မှ အမှန်တရားကို သိနေပြီဆိုတော့... သတင်းပေါက်ကြားသူသည် ယွမ်ကျွင်း မဟုတ်လျှင်... ဘယ်သူဖြစ်နိုင်ဦးမည်နည်း။

‎

‎

‎သို့သော် ယခုအချိန်သည် ဤကိစ္စများကို စဉ်းစားနေရမည့်အချိန် မဟုတ်သည်မှာ ထင်ရှား၏။

‎

‎

‎ကုချန်၏ လျစ်လျူရှုထားသော အမူအရာသည် မယ်ကူထျန်းကျွင်း၏နှလုံးကို တဒိန်းဒိန်း ခုန်စေ၏။ သူသည် အချိန်မဆွဲဘဲ အလျင်အမြန်ပင် ရှင်းပြလိုက်တော့သည်။

‎

‎

‎" လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ သောင်းတုန်းက... ကျွန်တော်က သက်တမ်းရှည်နန်းတော်ထဲကို အသစ်ရောက်ခါစပါ... နန်းတော်ထဲမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး.....

‎

‎အရှင့်ကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တဲ့ကိစ္စကို... နန်းတော်ထဲက တခြားထျန်းကျွင်းတွေက ဦးဆောင်ခဲ့တာဖြစ်ပြီး... နောက်ဆုံးမှာ ရှောင်ယောက်ထျန်းကျွင်းက အတည်ပြုခဲ့တာပါ.....

‎

‎ကျွန်တော်က ထောက်ခံမဲ တစ်မဲပဲ ပေးခဲ့ရရုံပါ... ကျွန်တော့်အခန်းကဏ္ဍက ပြောပလောက်တာ မဟုတ်ပါဘူး... တကယ်ကို ပြောပလောက်တာ မဟုတ်ပါဘူး "

‎

‎

‎ဤအချက်နှင့် ပတ်သက်၍ မယ်ကူထျန်းကျွင်း လိမ်ညာနေခြင်း မရှိပေ။

‎

‎

‎ထိုစဉ်က... ကုချန်နှင့် ပတ်သက်သည့် ကိစ္စတွင်... သူသည် ထောက်ခံမဲတစ်မဲသာ ပေးခဲ့သည်မှာ... 'အမှန်' ပင် ဖြစ်သည်။

‎

‎

‎ပြောပလောက်တာ မဟုတ်ဘူးတဲ့လား?

‎

‎

‎မယ်ကူထျန်းကျွင်း၏... ဖျော့တော့ပြီး အားနည်းသော ရှင်းပြချက်ကို နားထောင်ရင်း... ကုချန်သည် မဲ့ပြုံး ပြုံးလိုက်၏။

‎

‎

‎သက်တမ်းရှည်နန်းတော်မှ ဤအဖိုးကြီးများသည်... မိမိတို့ကိုယ်ကို အရာရာကို စိတ်တိုင်းကျ စီစဉ်ထိန်းချုပ်နိုင်သော... မြင့်မြတ်သည့် ဘုရားသခင်များဟု... ထင်မှတ်နေကြသည်။ မဲတစ်မဲပေးလိုက်ရုံဖြင့်... သူ၏ကံကြမ္မာကို ယိမ်းယိုင်စေရန် ဆုံးဖြတ်နိုင်သည်ဟု... သူတို့ တကယ်ထင်နေကြသည်လော။

‎

‎

‎" စိတ်မပူပါနဲ့... ငါကိုယ်တော်က ဒီစာရင်းတွေ အကုန်လုံးကို... သေချာပေါက် ရှင်းမှာပါ "

‎

‎

‎ကုချန်သည် လျစ်လျူရှုထားသောလေသံဖြင့် ပြောကြားလိုက်၏။ ထို့နောက်... မယ်ကူထျန်းကျွင်း၏ လုံးဝထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်၌ပင်... လက်ဝါးတစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ကာ... မယ်ကူထျန်းကျွင်း၏ နှလုံးနေရာသို့... ဖိချလိုက်လေတော့သည်။

‎

‎

‎" ဘုန်း! "

‎

‎

‎ပြိုင်ဘက်ကင်းသော စွမ်းအားများ ထွက်ပေါ်လာကာ... မယ်ကူထျန်းကျွင်း၏ ခန္ဓာကိုယ်သည် ချက်ချင်း ပေါက်ကွဲထွက်သွားတော့၏။ သူ၏ဝိညာဉ်သည်ပင်... အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး ပြာကျသွားကာ... လုံးဝပျက်စီးသွားတော့လေသည်။

‎

‎အခန်း (၂၄၈) - ချီမုန် အစည်းအဝေးတက်ခြင်း၊ အင်မော်တယ်ရွှေသုံးတုံးနှင့် ခရီးစဉ်မွမ်းမံခြင်း

‎

‎

‎

‎ကုချန်သည် သူ၏ရှေ့မှောက်တွင် လေထဲပျောက်ကွယ်သွားသော မယ်ကူထျန်းကျွင်းကို ကြည့်ရင်း တည်ငြိမ်နေလေသည်။

‎

‎

‎ကုချန်သည် သက်တမ်းရှည်နန်းတော်၏ တည်နေရာကို အတိအကျသိရှိထားပြီးဖြစ်ရာ... မယ်ကူထျန်းကျွင်းထံမှ မည်သည့်အရာကိုမျှ သိရှိရန်... မလိုအပ်တော့ချေ။ ထို့ကြောင့်... သူ့အား တိုက်ရိုက်သတ်ဖြတ်လိုက်ခြင်းက... ပို၍ ရိုးရှင်းပေသည်။

‎

‎

‎ထို့အပြင်... မကြာသေးမီက မယ်ကူထျန်းကျွင်း၏ အပြုအမူအရ... သက်တမ်းရှည်နန်းတော်အတွင်း သူ၏အဆင့်အတန်းမှာ မမြင့်မားလှကြောင်း သိသာထင်ရှားရာ... အဓိကလျှို့ဝှက်ချက်များကို သိရှိထားနိုင်မည် မဟုတ်ပေ။

‎

‎

‎ယွမ်ကျွင်း၏ နတ်ဘုရားအာရုံ၌ပင် အင်မော်တယ်အစစ်အမှန် တားမြစ်ချက် ထားရှိထားသေးသည်။

‎

‎

‎မယ်ကူထျန်းကျွင်း၏နှုတ်မှ... သက်တမ်းရှည်နန်းတော်အကြောင်း သတင်းအချက်အလက်များကို... နှိုက်ထုတ်ရန် ကြိုးစားခြင်းသည်... ပို၍ ခက်ခဲပေလိမ့်မည်။

‎

‎

‎ထို့ကြောင့် ကုချန်သည် အချည်းနှီးသော ကိစ္စရပ်များအတွက် အချိန်ဖြုန်းမနေလိုဘဲ သူ့အား သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎" သက်တမ်းရှည်နန်းတော်... ရှောင်ယောက်ထျန်းကျွင်း..... "

‎

‎

‎ကုချန်သည် တီးတိုးရေရွတ်လိုက်၏။

‎

‎

‎မယ်ကူထျန်းကျွင်း၏ စကားများမှတစ်ဆင့်... သက်တမ်းရှည်နန်းတော်၏ အရှင်သခင်အစစ်အမှန်မှာ... မည်သူဖြစ်ကြောင်း သူသိရှိလိုက်ရသည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း.....

‎

‎

‎ဤအမည်ကို သူတစ်ခါမျှ မကြားဖူးခဲ့ချေ။ ဤသူသည် လူသားဧကရာဇ်ကို သစ္စာဖောက်ကာ အင်မော်တယ်နယ်မြေ အင်အားစုများနှင့် ပူးပေါင်းခဲ့သည့် ပထမဆုံး သစ္စာဖောက်လော။

‎

‎

‎ကုချန်သည် စိတ်ကို တည်ငြိမ်အောင်ထားကာ... သက်တမ်းရှည်နန်းတော်ကို သုတ်သင်ရှင်းလင်းရန်... ဟွမ်သွမ့်ပင်လယ်သို့ ထွက်ခွာမည့်အစီအစဉ်ကို စတင်လိုက်သည်။

‎

‎

‎သို့သော် ထိုအချိန်၌ပင် သူ၏အကြည့်များသည် အနည်းငယ် လှုပ်ခတ်သွား၏။

‎

‎

‎အကြောင်းမှာ... နတ်ဆိုးနယ်မြေ၌ ရှိနေသော ချီမုန်သည်... သူနှင့် နတ်ဘုရားဝိညာဉ်ချင်း ဆက်သွယ်ရန် တောင်းဆိုနေသည်ကို... သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

‎

‎

‎ကုချန်၏စိတ်အာရုံသည် လှုပ်ရှားသွားကာ ဆက်သွယ်မှုကို လက်ခံလိုက်သည်။

‎

‎

‎နောက်တစ်ခဏတွင် ချီမုန်၏ တင့်တယ်လှပသော ပုံရိပ်သည် ကုချန်ရှေ့၌ ပေါ်လာလေ၏။

‎

‎

‎" ချီမုန်က သခင့်ကို ဂါရဝပြုပါတယ် "

‎

‎

‎ချီမုန်သည် ပေါ်လာသည်နှင့် ကုချန်အား ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

‎

‎

‎" ပြောပါ... ဘာကိစ္စရှိလို့လဲ "

‎

‎

‎ကုချန်သည် လက်ကိုဝှေ့ယမ်းကာ ချီမုန်အား ထရပ်ရန် အချက်ပြရင်း မေးမြန်းလိုက်သည်။

‎

‎

‎" သခင်... ချီလျန်မျိုးနွယ်ကို ရှာဖွေခိုင်းထားတဲ့ အင်မော်တယ်ရွှေနဲ့ ပတ်သက်ပြီး... သဲလွန်စရထားပါပြီ "

‎

‎

‎ချီမုန်သည် ရိုသေစွာဖြင့် လျှောက်တင်လေ၏။

‎

‎

‎" ဒီကာလအတွင်းမှာ ချီလျန်မျိုးနွယ်က သခင့်အမိန့်အတိုင်း... အင်မော်တယ်ရွှေကို ကြိုးစားပမ်းစား ရှာဖွေခဲ့ပြီး... အခု သုံးတုံး တွေ့ရှိထားပါတယ်... သခင် ကျေးဇူးပြုပြီး ကြည့်ရှုပေးပါဦး "

‎

‎

‎စကားပြောရင်း... ချီမုန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ... သူ၏ရှေ့တွင် လူခေါင်းအရွယ်အစားခန့်ရှိသော... အင်မော်တယ်ရွှေ သုံးတုံး ပေါ်လာ၏။

‎

‎

‎အင်မော်တယ်ရွှေ သုံးတုံးအနက်... ပထမတစ်တုံးမှာ စီးဆင်းနေသော မီးတောင်ချော်ရည်ကဲ့သို့... မီးလျှံပမာ တောက်လောင်နေသည်။ ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း... အရာအားလုံးကို ပြာကျစေနိုင်သော... ကြောက်မက်ဖွယ် အပူရှိန်ကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။

‎

‎

‎ဒုတိယမြောက် အင်မော်တယ်ရွှေမှာမူ... နှစ်တစ်သောင်း ရေခဲအိုင်ကဲ့သို့ အေးစက်လွန်းလှပြီး... လူတစ်ဦး၏ ဝိညာဉ်ကိုပင် ခဲသွားစေနိုင်မည့်အလား... ထင်မှတ်ရသည်။

‎

‎

‎တတိယမြောက် အင်မော်တယ်ရွှေသည်ကား... အိပ်မက်ဆန်သော ကြယ်တာရာ ကောင်းကင်နှင့် တူပြီး... ကြယ်ရောင်များ တဖျပ်ဖျပ် လက်ကာ... နက်ရှိုင်း၍ ဆန်းကြယ်လှသည်။

‎

‎

‎အင်မော်တယ်ရွှေ သုံးတုံးစလုံးသည် မတူညီကြသော်လည်း... အထွတ်အထိပ် နတ်ဘုရားသတ္တုထက်... သာလွန်သော အရှိန်အဝါကို ထုတ်လွှတ်နေကြပြီး... ဟွမ်သွမ့်ပင်လယ်၏ သေမင်းနယ်မြေတွင် ကုချန်ရရှိခဲ့သော... ရွှေဓာတ်သဘာဝ အင်မော်တယ်ရွှေနှင့် နှိုင်းယှဉ်လျှင်... လျော့နည်းခြင်း မရှိပေ။

‎

‎

‎အင်မော်တယ်ရွှေ သုံးတုံးကို ဒီလောက်မြန်မြန် ရှာတွေ့ခဲ့တာလား?

‎

‎

‎ချီမုန်ရှေ့ရှိ ကွဲပြားသော အင်မော်တယ်ရွှေ သုံးတုံးကို ကြည့်ရင်း ကုချန် အံ့ဩသွားမိ၏။ ထို့နောက် သူသည် ချီမုန်ကို နက်နက်နဲနဲ ကြည့်ကာ ပြုံး၍ ပြောဆိုလိုက်သည်။

‎

‎

‎" ချီလျန်မျိုးနွယ်က တကယ်ပဲ ကြိုးစားအားထုတ်တာပဲ "

‎

‎

‎" သခင့်အတွက် အလုပ်အကျွေးပြုရတာ ကျွန်မတို့ ချီလျန်မျိုးနွယ်အတွက် ဂုဏ်ယူစရာပါ "

‎

‎

‎ချီမုန်သည် လျင်မြန်စွာ ပြောဆိုလိုက်ပြီး တိတ်တဆိတ် ဝမ်းသာနေမိသည်။ ချီလျန်မျိုးနွယ်၏ ကြိုးပမ်းမှုများသည် သခင့်ကို များစွာ ကျေနပ်စေခဲ့ကြောင်း သူ ခံစားမိလိုက်၏။

‎

‎

‎ဤသည်မှာ ကောင်းသည့်အရာပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့၏ ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီး မဖြစ်ခဲ့ပေ။

‎

‎

‎ကုချန် အမိန့်ပေးခဲ့ချိန်မှစ၍... ချီမုန်နှင့် ချီလျိုတို့သည် ချီလျန်မျိုးနွယ်သို့ ပြန်သွားပြီး... ဤကိစ္စကို အဓိကလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့ကြသည်။

‎

‎

‎အင်မော်တယ်ရွှေ တစ်တုံးကို ချီလျန်မျိုးနွယ်၏ အဓိက ဘိုးဘေးနယ်မြေအတွင်းတွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎နောက်ပိုင်းတွင်... ချီလျိုသည် သတင်းအချက်အလက်များ စုဆောင်းကာ... အခြားနယ်မြေမှ နတ်ဆိုးနယ်မြေ အင်အားစုများနှင့်... အခြားသော အထွတ်အထိပ် ရတနာများကို လဲလှယ်ပြီး... နောက်ထပ် အင်မော်တယ်ရွှေ တစ်တုံးကို ရယူခဲ့သည်။

‎

‎

‎နောက်ဆုံး အင်မော်တယ်ရွှေ တစ်တုံးကိုမူ... သဲလွန်စများအပေါ် အခြေခံ၍ ချီလျိုသည် သူ၏မျိုးနွယ်မှ... အင်အားကြီးသူများကို ဦးဆောင်ကာ... လျှို့ဝှက်၍ အန္တရာယ်များသော နယ်မြေတစ်ခုမှ... ရယူခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဤအင်မော်တယ်ရွှေ သုံးတုံးအတွက် ချီလျန်မျိုးနွယ်သည် ကြီးမားသော တန်ကြေးတစ်ခု ပေးဆပ်ခဲ့ရသည်ဟု ဆိုနိုင်သည်။

‎

‎

‎" နောက်ထပ် အင်မော်တယ်ရွှေ တစ်တုံးအတွက်... သဲလွန်စရထားတယ်လို့ မေမေ ပြောပါတယ်... ဒါပေမယ့် ရယူဖို့ အချိန်နည်းနည်း လိုကောင်းလိုပါလိမ့်မယ် "

‎

‎

‎ချီမုန်သည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ အလျင်အမြန် တင်ပြလေသည်။

‎

‎

‎" ချီမုန်က ဒီအင်မော်တယ်ရွှေ သုံးတုံးကို သခင့်ဆီ အရင် ယူလာပေးရမလား... ကျန်တဲ့ အင်မော်တယ်ရွှေကိုတော့ ရရှိတဲ့အခါကျမှ သခင့်ဆီ ယူလာခဲ့ပါ့မယ် "

‎

‎

‎" မလိုပါဘူး "

‎

‎

‎ပုံရိပ်ယောင် အင်မော်တယ်ရွှေ သုံးတုံးကို ကြည့်ရင်း ကုချန်သည် ချီမုန် မျှော်လင့်မထားသော အဖြေတစ်ခုကို ပေးလိုက်သည်။

‎

‎

‎" ဒီအင်မော်တယ်ရွှေ သုံးတုံးကို... မင်းတို့ ချီလျန်မျိုးနွယ်ဆီမှာပဲ ယာယီ ထားလိုက်ပါ... နောက်ရက်အနည်းငယ်ကြာရင်... ငါကိုယ်တော် ကိုယ်တိုင် လာယူမယ် "

‎

‎

‎ကိုယ်တိုင် လာယူမယ်?

‎

‎

‎ကုချန်၏စကားကြောင့် ချီမုန်သည် ခေတ္တမျှ ကြောင်အသွားပြီး... သူ၏ လှပသော မျက်နှာလေးပေါ်တွင်... အံ့ဩထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

‎

‎

‎သခင်သည် နတ်ဆိုးနယ်မြေထဲသို့ ဝင်၍... ချီလျန်မျိုးနွယ်ဆီ လာကာ... အင်မော်တယ်ရွှေကို ကိုယ်တိုင် လာယူမည်ကု ဆိုလိုခြင်းဆလာ။

‎

‎

‎ဒါပေမယ့်.....

‎

‎

‎ချီမုန်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိကာ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြီး သတိပေးလိုက်သည်။

‎

‎

‎" သခင်... နတ်ဆိုးနယ်မြေရဲ့ ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းတွေက အဆုံးမဲ့ကမ္ဘာနဲ့ လုံးဝ မတူပါဘူး... တကယ်လို့ သခင်က နတ်ဆိုးနယ်မြေကို လာမယ်ဆိုရင်... သခင့်ရဲ့ အင်အားကို အကြီးအကျယ် ဖိနှိပ်ခံရနိုင်ပါတယ်... ပြီးတော့ ကမ္ဘာနှစ်ခုကြားက ချောက်နက် အတားအဆီးလဲ ရှိနေပါသေးတယ်... သခင့်ရဲ့ အင်အားက ကြီးမားလွန်းတဲ့အတွက် ဖြတ်သန်းဖို့ ခက်ခဲပါလိမ့်မယ် "

‎

‎

‎လက်ရှိအချိန်တွင်... နတ်ဆိုးနယ်မြေ နယ်စပ်ရှိ ကမ္ဘာနှစ်ခုကြား ချောက်နက်သည်... ထျန်းကျွင်းအဆင့်ရှိသော သက်ရှိများကိုသာ ဖြတ်သန်းခွင့်ပြု၏။

‎

‎

‎ချီမုန်၏မိခင်ဖြစ်သူ ချီလျိုပင်လျှင်... ယခုအချိန်၌ ထိုကောင်းကင်ချောက်နက်ကြီးကို... ဖြတ်ကျော်နိုင်ခြင်း မရှိသေးပေ။

‎

‎

‎ကုချန်၏အင်အားသည် ချီလျိုထက် အဆပေါင်းများစွာ သာလွန်နေသဖြင့်... သူသည် ကမ္ဘာနှစ်ခုကြား ချောက်နက်ကို ဖြတ်ကျော်ကာ... နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

‎

‎

‎ထို့အပြင်... ကုချန် နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင်... အလွန် အန္တရာယ်များလှ၏။

‎

‎

‎ထျန်းကျွင်းအဆင့်အရှင်မှ နတ်ဆိုးနယ်မြေ အရှင်များကို... အဆုံးမဲ့ကမ္ဘာထဲသို့ ဗြောင်ကျကျ ခေါ်ဆောင်ရဲခဲ့ခြင်းမှာ ...အဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအိုများသည် နတ်ဆိုးနယ်မြေနှင့်ယှဉ်လျှင်... များစွာ နိမ့်ကျနေသောကြောင့်ဖြစ်ပြီး... ၎င်းတို့အပေါ် မည်သည့် ဖိအားမှ မသက်ရောက်နိုင်ပေ။

‎

‎

‎သို့သော်... နတ်ဆိုးနယ်မြေ၏ ကောင်းကင်နှင့်မြေကြီးတာအိုမှာမူ အလွန် အစွမ်းထက်လှရာ... ပြင်ပသက်ရှိများ ဝင်ရောက်လာပါက... ပြင်းထန်သော ဖိနှိပ်မှုကို ခံရမည်မှာ အမှန်ပင် ဖြစ်သည်။

‎

‎

‎အကယ်၍... ကုချန်သည် နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်လာပြီး... သူ၏အင်အားကို အကြီးအကျယ် ဖိနှိပ်ခံလိုက်ရပါက... နောက်ပိုင်း အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့ရလျှင်... ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်လာပေလိမ့်မည်။

‎

‎

‎ချီလျန်မျိုးနွယ်၏... အနာဂတ်အတွက် ကြည့်လျှင်ပင်... ချီမုန်သည် ကုချန်အား နတ်ဆိုးနယ်မြေသို့ မလာစေလိုပေ။ အကြောင်းမှာ ၎င်းသည် အန္တရာယ်များလွန်းလှသောကြောင့်ပင်။

‎

‎

‎သို့သော် ကုချန်သည် ချီမုန်၏စိုးရိမ်ပူပန်မှုများကို တည်ငြိမ်လွန်းစွာ တုံ့ပြန်ခဲ့သည်။

‎

‎

‎" ကိစ္စမရှိဘူး... ငါကိုယ်တော်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ် "

‎

‎

‎ကုချန်သည် တည်ငြိမ်စွာဖြင့် လက်ကိုဝှေ့ယမ်းကာ ချီမုန်အား စကားဆက်မပြောရန် အချက်ပြလိုက်သည်။

‎

‎

‎ကမ္ဘာနှစ်ခုကြား ချောက်နက်ကို ဖြတ်ကျော်ခြင်းသည် ကုချန်အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။

‎

‎

‎အကြောင်းမှာ... သူ၏လက်ရှိအဆင့်သည် လူသားတာအို ဧကရာဇ်အဆင့်တွင်သာ ရှိနေသေးပြီး... အင်မော်တယ်တက်လှမ်းခြင်းအဆင့်သို့... မရောက်ရှိသေးသောကြောင့် ဖြစ်သည်။ ကမ္ဘာနှစ်ခုကြား ချောက်နက်သည်... ကျင့်ကြံမှုအဆင့်ကိုသာ ဖိနှိပ်ပြီး... တိုက်ခိုက်ရေးစွမ်းအားကို ဖိနှိပ်ခြင်း မရှိပေ။ ထို့ကြောင့်... ကုချန်၏ အင်အားဖြင့်... ကမ္ဘာနှစ်ခုကြား ချောက်နက်ကို ပြီးပြည့်စုံစွာ ဖြတ်ကျော်ကာ... နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

‎

‎

‎နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်ပြီးသည်နှင့်... သူ၏ဒုတိယခန္ဓာကိုယ်သည် နတ်ဆိုးနယ်မြေ၏... ကောင်းကင်နှင့်မြေကြီးတာအိုကို ချက်ချင်း ချည်နှောင်၍... တံဆိပ်ခတ်နှိပ်လိုက်မည် ဖြစ်ရာ... အစစ်အမှန်နှင့် မခြားနားသော နတ်ဆိုးနယ်မြေ သက်ရှိတစ်ဦး ဖြစ်လာပေလိမ့်မည်။

‎

‎

‎ထိုအခါ နတ်ဆိုးနယ်မြေ၏ ကောင်းကင်နှင့်မြေကြီးထံမှ... မည်သည့် ဖိနှိပ်မှုကိုမျှ ခံရတော့မည် မဟုတ်ဘဲ... သူ၏တိုက်ခိုက်ရေးစွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ချီမုန် စိုးရိမ်နေသမျှ အရာအားလုံးသည် ကုချန်အတွက်မူ ဖြစ်နိုင်ခြေ မရှိပေ။

‎

‎

‎သို့သော် ကုချန်သည် ဤအသေးစိတ်အချက်အလက်များကို ချီမုန်အား ရှင်းပြနေမည် မဟုတ်ချေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... နတ်ဆိုးနယ်မြေသို့ ခရီးထွက်ရန်မှာ... ကုချန် ဟိုးအရင်ကတည်းက ဆုံးဖြတ်ထားပြီးသော... မဟာဗျူဟာတစ်ခု ဖြစ်သည်။

‎

‎

‎ယခုအခါတွင်မူ... သူ၏ နတ်ဆိုးနယ်မြေ ခရီးစဉ်တွင်... နောက်ထပ် ဦးတည်ရာနေရာတစ်ခုကို ထပ်မံဖြည့်စွက်လိုက်ခြင်းသာ ဖြစ်ပြီး... သူ၏ ခရီးစဉ်ကို မွမ်းမံကာ... ချီလျန်မျိုးနွယ်ထံသို့ တစ်ခေါက်သွားရောက်ရမည်သာ ဖြစ်သည်။

All Chapters