← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 19 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 19 Ch. 259-260

‎အခန်း (၂၅၉) - ခွေးတစ်ကောင်မျှသာ၊ ကံဆိုးတဲ့ညီအစ်ကို၊ တကယ်ပဲ ထွက်သွားတော့မလို့လား

‎

‎

‎

‎" အင်း..... "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ အာမခံစကားကိုကြားလိုက်ရပြီးနောက် ချုံးဟွာထျန်းကျွင်းသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ဟိန်းသံတစ်ချက်နှင့်အတူ သူ၏ပုံရိပ်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

‎

‎

‎လက်ရှိတွင်... အင်မော်တယ်တစ်သောင်းမျှော်စင်သည် မင်ကူအင်မော်တယ်၏ သေဆုံးမှုကြောင့် ဖရိုဖရဲဖြစ်နေကာ... အောက်ပိုင်းနယ်မြေကို ဂရုစိုက်ရန် အချိန်မရှိချေ။ သူသည် မင်ကူအင်မော်တယ် သေဆုံးရသည့် အကြောင်းရင်းကို... အမြန်ဆုံး စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။

‎

‎

‎ချုံးဟွာထျန်းကျွင်း ထွက်ခွာသွားပြီးနောက်... ရှောင်ယောက်ထျန်းကျွင်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး... ချုံးဟွာထျန်းကျွင်း ရပ်ခဲ့သည့်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် မသိသာသော အမုန်းတရား အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

‎

‎

‎" ဒီထျန်းကျွင်းကို အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ အင်မော်တယ်နယ်မြေ ပြောရေးဆိုခွင့်ရှိသူအဖြစ် ရွေးချယ်တယ်တဲ့လား... ဟက်! ဘာပြောရေးဆိုခွင့်ရှိသူလဲ... အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ မျက်လုံးထဲမှာတော့ ခွေးတစ်ကောင်ထက် မပိုပါဘူး "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် ဂရုမစိုက်သောအသံဖြင့် ရေရွတ်လိုက်သည်။

‎

‎

‎သူ ရှင်းရှင်းလင်းလင်း မြင်နေရ၏။ အင်မော်တယ်တစ်သောင်းမျှော်စင်သည်... သူ့အား သက်တမ်းရှည်ပစ္စည်းများ ပေးသနားထားသော်လည်း... သူတို့၏မျက်လုံးထဲတွင်မူ သူသည် မွေးထားသော... ခွေးတစ်ကောင်သာ ဖြစ်သည်။ အင်မော်တယ်တစ်သောင်းမျှော်စင်သည် သူ့အား သူတို့၏လူရင်းအဖြစ် မည်သည့်အခါမျှ သတ်မှတ်ခဲ့ခြင်း မရှိချေ။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း အလိုချင်ဆုံးအရာမှာ အဘယ်နည်း။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်းပင် ဖြစ်သည်။

‎

‎

‎သက်တမ်းရှည်ပစ္စည်းများကို ဆက်တိုက် စုပ်ယူခြင်းက သူ့အား ထာဝရအသက်ရှင်စေနိုင်သော်လည်း တည်မြဲမှုမရှိပေ။ အကယ်၍... တစ်နေ့တွင် အင်မော်တယ်တစ်သောင်းမျှော်စင်မှ... သက်တမ်းရှည်ပစ္စည်းများ ပေးသနားခြင်းကို ရပ်တန့်လိုက်ပါက... သူသည် သေဆုံးရမည်သာ ဖြစ်သည်။

‎

‎

‎ဤအချက်သည်ပင် အင်မော်တယ်တစ်သောင်းမျှော်စင်မှ သူ့အား ထိန်းချုပ်ထားသည့် 'အားနည်းချက်' ဖြစ်လာခဲ့သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း အင်မော်တယ်အဖြစ် မတက်လှမ်းနိုင်သရွေ့... အင်မော်တယ်တစ်သောင်းမျှော်စင်သည် သက်တမ်းရှည်ပစ္စည်း အနည်းငယ်ကို အသုံးပြုကာ... သူ့အား အမြဲတစေ ထိန်းချုပ်ခိုင်းစေနေမည် ဖြစ်သည်။

‎

‎

‎ယခင်က... ရှောင်ယောက်ထျန်းကျွင်းသည် အင်မော်တယ်နယ်မြေသို့ တက်လှမ်းနိုင်မည့် လမ်းကြောင်းဖွင့်ပေးရန်... အင်မော်တယ်တစ်သောင်းမျှော်စင်အား မတောင်းဆိုခဲ့ဖူးသည်တော့ မဟုတ်ပေ။

‎

‎

‎သို့သော် အကြိမ်တိုင်းတွင် သူ၏တောင်းဆိုမှုသည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရသည်။

‎

‎

‎ပြန်လည်ရရှိသော အဖြေမှာ... အင်မော်တယ်နယ်မြေနှင့် အောက်ပိုင်းနယ်မြေကြားရှိ လမ်းကြောင်းကို... အင်မော်တယ်တံခါးဖြင့် ပိတ်ထားသည်မှာ ကြာပြီဖြစ်၍ ဖွင့်ရန် မဖြစ်နိုင်ကြောင်းနှင့်... ရှောင်ယောက်ထျန်းကျွင်းအနေဖြင့် အင်မော်တယ်နယ်မြေသို့ တက်ရောက်ရန် မဖြစ်နိုင်ကြောင်းပင် ဖြစ်သည်။

‎

‎

‎ဟင်းဟင်း... ဒါတွေအားလုံးက ဆင်ခြေတွေပါပဲ။

‎

‎

‎အကယ်၍ အင်မော်တယ်တံခါးကို အမှန်တကယ် ဖွင့်မရပါက... ရွှယ်ကျန်းနှင့် အင်မော်တယ်တစ်သောင်းမျှော်စင်မှ... စစ်မှန်သော အင်မော်တယ်များသည် အင်မော်တယ်နယ်မြေမှ အောက်ပိုင်းနယ်မြေသို့... မည်သို့ ဆင်းသက်လာနိုင်မည်နည်း။

‎

‎

‎အဆုံးစွန်ထိ ပြောရလျှင်... အင်မော်တယ်တစ်သောင်းမျှော်စင်သည် သူ့အား လူရင်းအဖြစ်... တစ်ခါမျှ သဘောမထားခဲ့ဖူးသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ကြီးမားသော တန်ဖိုးပေးဆပ်ရန် မလိုလားကြပေ။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် ဤအချက်ကို သိရှိပြီး ဒေါသထွက်မိသော်လည်း သူတတ်နိုင်သည်မှာ ဘာမျှမရှိချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... သူ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းသည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ လက်ထဲတွင်... ရှိနေသောကြောင့်ပင်။ အကယ်၍... အင်မော်တယ်တစ်သောင်းမျှော်စင်မှ သက်တမ်းရှည်ပစ္စည်းများ ပေးသနားခြင်းကို ရပ်ဆိုင်းလိုက်ပါက... သူ့ကို စောင့်ကြိုနေသည်မှာ သက်တမ်းကုန်ဆုံးခြင်းနှင့် ဝမ်းနည်းဖွယ်ရာ သေဆုံးခြင်းသာ ဖြစ်သည်။

‎

‎

‎" ကံကောင်းတာက... ဒီထျန်းကျွင်းက အင်မော်တယ်တစ်သောင်းမျှော်စင်အပေါ် ဘယ်တုန်းကမှ မျှော်လင့်ချက်မထားခဲ့ဘူး... အင်မော်တယ်တက်လှမ်းဖို့ဆိုတာ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမှာ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ မျက်လုံးများထဲတွင် စူးရှသော အရောင်တစ်ချက် လက်သွားခဲ့သည်။ သူသည် မျက်လုံးများကို အသာအယာမှိတ်ကာ အာရုံခံလိုက်၏။

‎

‎

‎နောက်တစ်ခဏတွင်... ဝိုးတဝါးပုံရိပ်တစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ကွဲထွက်သွားပြီး ...ကျယ်ပြောလှသော ဟွမ်သွမ့်နယ်မြေ၏ နက်ရှိုင်းရာအရပ်ဆီသို့... ပျံသန်းသွားတော့သည်။

‎

‎

‎.........

‎

‎

‎" အစ်ကိုကြီး... ငါတို့ နောက်ဘယ်သွားကြမလဲ "

‎

‎

‎သက်တမ်းရှည်နန်းတော် တည်ရှိရာနေရာမှ အလျင်အမြန် ထွက်ခွာလာပြီးနောက် လုယီသည် ထိုဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ သက်ပြင်းချလိုက်မိသည်။

‎

‎

‎သို့သော် ချက်ချင်းဆိုသလိုပင် တွေဝေမှုနှင့် ဆုံးရှုံးမှု ခံစားချက်တို့က လုယီ၏ စိတ်နှလုံးကို လွှမ်းမိုးသွား၏။

‎

‎

‎သက်တမ်းရှည်နန်းတော် ပျက်စီးသွားခြင်းနှင့်အတူ ညီအစ်ကိုနှစ်ဦး၏ သက်တမ်းရှည်ရန် မျှော်လင့်ချက်သည်လည်း ပျက်သုဉ်းသွားခဲ့ရပြီ ဖြစ်သည်။

‎

‎

‎ယခု သူတို့နှစ်ဦး မည်သည့်နေရာသို့ သွားရမည်နည်း။

‎

‎

‎" တစ်ဆင့်ချင်းပဲ စဉ်းစားကြတာပေါ့။ အရင်ဆုံး လုနယ်မြေကို ပြန်ကြမယ် "

‎

‎

‎လုကျားသည် မှိုင်တွေသော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

‎

‎

‎ဟွမ်သွမ့်ပင်လယ်သည် တကယ်ပင် အန္တရာယ်များလွန်းလှသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုများမှာ အဆုံးမရှိ ထွက်ပေါ်လျက်ရှိသည်။

‎

‎

‎မူလက... သက်တမ်းရှည်နန်းတော်သည် အရာအားလုံးကို လွှမ်းမိုးထားနိုင်သော အထွတ်အထိပ် အင်အားစုတစ်ခုဟု... သူ ထင်မှတ်ခဲ့သော်လည်း လူတစ်ယောက်တည်း၏ လက်ချက်ဖြင့်... တခဏအတွင်း အလုံးစုံ ပျက်စီးသွားလိမ့်မည်ဟု... လုံးဝ မျှော်လင့်မထားခဲ့မိပေ။

‎

‎

‎ဤအချက်က လုကျားအား... ဤဟွမ်သွမ့်ပင်လယ်တွင် သူတို့ညီအစ်ကို၏ အင်အားမှာ လုံလောက်မှု မရှိကြောင်း... နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားစေခဲ့သည်။

‎

‎

‎ကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်သည်... အဆုံးမဲ့ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ... လုနယ်မြေသို့ ဦးစွာပြန်ပြီးမှ ရေရှည်အတွက် စီစဉ်ခြင်းက... ပိုကောင်းပေလိမ့်မည်။

‎

‎

‎" ဟူး... ဒီလိုပဲ လုပ်ရတော့မှာပေါ့ "

‎

‎

‎လုယီသည် သက်ပြင်းချလိုက်၏။ မလိုလားအပ်သော်လည်း လုကျား၏ အကြံပြုချက်ကို သဘောတူရုံမှတပါး အခြားမရှိတော့ချေ။

‎

‎

‎ခဏတာမျှကြာလျှင်... လုညီအစ်ကိုနှစ်ဦးစလုံးသည် စကားပြောရန် စိတ်မပါတော့ဘဲ... လုနယ်မြေသို့ အမြန်ပြန်ရန်သာ အာရုံစိုက်နေကြသည်။

‎

‎

‎" နေပါဦး... မင်းတို့နှစ်ယောက် "

‎

‎

‎သူတို့နှစ်ဦး အလျင်အမြန် သွားနေစဉ်မှာပင်... ဝိုးတဝါးပုံရိပ်တစ်ခုသည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး... သူတို့၏ လမ်းကို ပိတ်ဆို့လိုက်၏။

‎

‎

‎" ရှောင်ယောက်ထျန်းကျွင်း? "

‎

‎

‎ရှေးဟောင်းတာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး... ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ကြည့်ရင်း..

‎ လုကျားနှင့် လုယီတို့၏ မျက်လုံးများတွင်... သတိထားမှုများ ချက်ချင်း ပြည့်နှက်သွား၏။

‎

‎

‎" ရှောင်ယောက်ထျန်းကျွင်း... သက်တမ်းရှည်နန်းတော်က ပျက်စီးသွားပြီ "

‎

‎

‎လုကျားသည် ရှောင်ယောက်ထျန်းကျွင်းကို သတိကြီးစွာကြည့်ရင်း... "အရင်က ထျန်းကျွင်း ပေးခဲ့တဲ့ ကတိတွေကတော့ ဖြစ်လာတော့မယ် မထင်ဘူး" ဟု... ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

‎

‎

‎လုကျား၏အသံထဲတွင် ဖိနှိပ်ထားသော ဒေါသအရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။

‎

‎

‎အကယ်၍သာ သူတို့ နောက်ကျမရောက်ခဲ့လျှင်... ခဏလေး စောရောက်ခဲ့လျှင်ပင် ထိုဘေးဆိုးကြီး၏ လက်ချက်ဖြင့်... အသာလေး အသတ်ခံလိုက်ရနိုင်ပေသည်။

‎

‎

‎ထိုအရာအားလုံး၏ တရားခံမှာ... သူတို့အား သက်တမ်းရှည်နန်းတော်သို့ ဖိတ်ခေါ်ခဲ့သော... ရှောင်ယောက်ထျန်းကျွင်းပင် ဖြစ်သည်။ လုကျား မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

‎

‎

‎သို့သော်... ရှောင်ယောက်ထျန်းကျွင်း၏ အင်အားမှာ သူ့ထက် များစွာ သာလွန်ကြောင်း သိထားသောကြောင့်သာ... လုကျားသည် ဒေါသကို ထုတ်မပြရဲခြင်း ဖြစ်သည်။

‎

‎

‎" သက်တမ်းရှည်နန်းတော် ပျက်စီးသွားတဲ့အကြောင်း... ဒီထျန်းကျွင်း သိပြီးသားပါ... ဒီလို အပြောင်းအလဲ ဖြစ်လာမယ်လို့... ဒီထျန်းကျွင်း မမျှော်လင့်ထားခဲ့မိဘူး "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း.....

‎

‎

‎" ဒီထျန်းကျွင်း ရောက်သွားတဲ့အချိန်မှာ အဲ့ဒီအရူးက ထွက်ပြေးသွားပြီ " ဟု ပြောကြားလေသည်။

‎

‎

‎ထွက်ပြေးသွားသည်?

‎

‎

‎လုကျားနှင့် လုယီတို့သည် ရှောင်ယောက်ထျန်းကျွင်းအား မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် သက်တမ်းရှည်နန်းတော်ကို ဖျက်ဆီးခဲ့သော ထိုဘေးဆိုးကြီးကို တကယ်ပင် မကြောက်ရွံ့ခြင်းလော သို့မဟုတ် ဖြစ်ပြီးမှ မျက်နှာမပျက်အောင် ဟန်ဆောင်နေခြင်းလော ဆိုသည်ကို သူတို့ မသေချာပေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ... အခြေအနေများ ဤသို့ဖြစ်လာပြီဖြစ်ရာ... လုကျားသည် ရှောင်ယောက်ထျန်းကျွင်းနှင့် ယဉ်ကျေးဟန်ဆောင်နေရန်... ရည်ရွယ်ချက် မရှိတော့ချေ။

‎

‎

‎သူသည် ရှောင်ယောက်ထျန်းကျွင်းကို ကြည့်ကာ တစ်လုံးချင်း ပြောဆိုလိုက်၏။

‎

‎

‎" ထျန်းကျွင်း... ကျွန်တော်တို့ ညီအစ်ကိုတွေ ထပ်ခါထပ်ခါ စဉ်းစားပြီးပြီ... ဟွမ်သွမ့်ပင်လယ်က အရမ်း အန္တရာယ်များလွန်းတယ်... လုနယ်မြေကိုပြန်ပြီး ကြိုးကြိုးစားစား ကျင့်ကြံတာက ပိုစိတ်ချရတယ်... ထျန်းကျွင်းမှာ တခြားကိစ္စ မရှိတော့ရင် ကျွန်တော်တို့ သွားခွင့်ပြုပါဦး "

‎

‎

‎ဤအခြေအနေတွင်... ရှောင်ယောက်ထျန်းကျွင်း ငြင်းပယ်မည်ကို ကြောက်ရွံ့သကဲ့သို့... လုကျားနှင့် လုယီတို့သည် တိတ်တဆိတ် သတိထားလိုက်ကာ... တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။

‎

‎

‎သို့သော် ရှောင်ယောက်ထျန်းကျွင်း၏ နောက်ဆက်တွဲ တုံ့ပြန်မှုသည် လုကျားနှင့် လုယီတို့၏ စိတ်ကို သက်သာရာရသွားစေခဲ့သည်။

‎

‎

‎" ကြည့်ရတာ မင်းတို့နှစ်ယောက်က ဒီထျန်းကျွင်းနဲ့အတူ သက်တမ်းရှည်နန်းတော်ကို ပြန်လည်တည်ဆောက်ဖို့ အစီအစဉ် မရှိကြဘူးပေါ့ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းမှ.....

‎

‎

‎" ကောင်းပြီလေ... လူတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေ ရှိကြတာပဲ... မင်းတို့နှစ်ယောက် ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီထျန်းကျွင်းကလဲ အတင်းအကျပ် မလုပ်ပါဘူး... မင်းတို့ သွားလို့ရပါပြီ " ဟု ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

‎

‎

‎ဤရှောင်ယောက်ထျန်းကျွင်းသည် တကယ်ပင် သူတို့အား အခက်တွေ့အောင် လုပ်မည့်ပုံမပေါ်ချေ။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ သဘောတူညီသော အမူအရာကို မြင်လိုက်ရသဖြင့်... လုကျားနှင့် လုယီတို့သည် တိတ်တဆိတ် စိတ်သက်သာရာရသွားပြီး... လက်သီးဆုပ်ကာ အရိုအသေပြုရင်း ပြောဆိုလိုက်ကြသည်။

‎

‎

‎" ဒါဆိုရင် ကျွန်တော်တို့ သွားပါရစေ "

‎

‎

‎ထိုသို့ပြောပြီးနောက်... ညီအစ်ကိုနှစ်ဦးစလုံးသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ... ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်ကြလေသည်။

‎

‎

‎သို့သော်... လုကျားနှင့် လုယီတို့ ထွက်ခွာတော့မည့် ဆဲဆဲတွင်... ရှောင်ယောက်ထျန်းကျွင်း၏ မူလက နူးညံ့သိမ်မွေ့သော အကြည့်သည်... ရုတ်တရက် အေးစက်သွားခဲ့လေသည်။

‎

‎

‎" ငါက သွားဆိုတာနဲ့ မင်းတို့က တကယ် ထွက်သွားကြတာလား "

‎

‎

‎ထိုအေးစက်သော အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်... လုကျားနှင့် လုယီတို့၏ ရင်ထဲတွင်... ရုတ်တရက် စိမ့်ခနဲ ခံစားလိုက်ကြရသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... သူတို့၏ နောက်ကျောဘက်တွင် မရေမတွက်နိုင်သော အမိန့်သင်္ကေတများ ဝန်းရံထားသည့် ဟွမ်သွမ့်လက်ဝါးကြီးတစ်ခု ပေါ်လာပြီး... သူတို့ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အပြည့်အဝ ပိတ်ဆို့ကာ... အတွင်းဘက်သို့ ကျုံ့ဝင်လာသောကြောင့်ပင်။

‎

‎

‎ထိုလုပ်ရပ်သည် လုကျားနှင့် လုယီတို့၏အသက်ကို ယူရန် ရည်ရွယ်ထားပုံပင်။

‎

‎အခန်း (၂၆၀) - လျှို့ဝှက်ဆန်းကြယ်သော ပစ္စည်း၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် သံလိုက်အိမ်မြှောင်အား ရှာဖွေခြင်း

‎

‎

‎

‎" ရှောင်ယောက်ထျန်းကျွင်း! ခင်ဗျား ဘာလုပ်တာလဲ "

‎

‎

‎လုကျားသည် ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေလေသည်။

‎

‎

‎သူတို့ညီအစ်ကိုနှစ်ယောက်အား... ထွက်ခွာခွင့်ပြုရန် ရည်ရွယ်ထားပြီးဖြစ်သော ရှောင်ယောက်ထျန်းကျွင်းသည်... အဘယ်ကြောင့် ယခုအချိန်ကျမှ ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ရသနည်းဆိုသည်ကို... သူနားမလည်နိုင်ချေ။

‎

‎

‎" ဘာလုပ်တာလဲ ဟုတ်လား... ငါ ထျန်းကျွင်းက မင်းတို့နှစ်ယောက်ကို အခွင့်အရေးပေးခဲ့တယ်လေ... ဒါပေမယ့် မင်းတို့က အမိအရ မဆုပ်ကိုင်နိုင်ခဲ့ဘူး မဟုတ်လား... ဒီလိုမှတော့ လိမ်လိမ်မ္မာမ္မာနဲ့ပဲ... သေလမ်းကို ရွေးလိုက်ကြတော့ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ အကြည့်များမှာ အေးစက်နေသော်လည်း... သူ၏လုပ်ရပ်များမှာမူ အနည်းငယ်မျှ ရပ်တန့်သွားခြင်း... မရှိပေ။ ဧရာမဟွမ်သွမ့်လက်ဝါးကြီးသည် ရုတ်တရက် ပိတ်ကျသွားပြီး... လုကျားနှင့် လုယီတို့အား လုံးဝချေမှုန်းပစ်ရန်... ရည်ရွယ်လိုက်သည်။

‎

‎

‎သူတို့သည် ပုရွက်ဆိတ်နှစ်ကောင်မျှသာ ဖြစ်သည်။ မူလက... သူတို့ကို အချိန်အနည်းငယ်ကြာအောင် 'ပြုစုပျိုးထောင်' ထားရန် စိတ်ကူးခဲ့သော်လည်း... ဤနှစ်ယောက်သည် မိမိတို့၏အခြေအနေကို နားမလည်ကြသဖြင့်... ဆက်လက်အသက်ရှင်နေစေရန် အကြောင်းပြချက် မရှိတော့ချေ။

‎

‎

‎" ပူးပေါင်းလိုက်ကြစို့ "

‎

‎

‎အထက်မှ ကျဆင်းလာသော ဧရာမဟွမ်သွမ့်လက်ဝါးကြီးကို မြင်လိုက်ရသောအခါ လုကျားသည် ဒေါသတကြီး ဟစ်အော်လိုက်၏။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည်... မည်သို့ပင်ဆိုစေကာမူ ထျန်းကျွင်းအဆင့် ကျင့်ကြံခြင်းပိုင်ဆိုင်ထားသူဖြစ်ရာ... သူတို့နှင့် နှိုင်းယှဉ်၍မရအောင် သန်မာသူဖြစ်သည်။ အသက်ရှင်ရပ်တည်နိုင်ရန်အတွက်... သူတို့ ပူးပေါင်းမှသာ ဖြစ်ပေမည်။

‎

‎

‎လုယီသည်လည်း ဤအချက်ကို သိရှိထားပုံရသည်။ လုကျား ပြောစရာမလိုဘဲ... သူသည် လုကျားနှင့် တိတ်တဆိတ် ပူးပေါင်းလိုက်ကာ... လွှမ်းမိုးဖိစီးလာသော ဧရာမဟွမ်သွမ့်လက်ဝါးကြီးကို... အတူတကွ ခုခံလိုက်ကြသည်။

‎

‎

‎လုနယ်မြေမှ လာကြသော လုညီအစ်ကိုများသည် သွေးမျိုးဆက် ဆက်နွယ်မှုရှိကြသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်တိတ်ဆိတ်သိမ်မွေ့ပြီး... အတူတကွ လက်တွဲလိုက်သောအခါ တစ်ဦးချင်းစီ လှုပ်ရှားသည်ထက်... ပိုမိုအစွမ်းထက်သော အကျိုးသက်ရောက်မှုကို ပြသနိုင်ခဲ့သည်။

‎

‎

‎သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို အထွတ်အထိပ်အရှင်အဆင့်ရှိသူများပင် တောင့်ခံနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

‎

‎

‎သို့သော်... လုကျားနှင့် လုယီတို့၏ ခုခံမှုကို ကြည့်ရင်း... ရှောင်ယောက်ထျန်းကျွင်း၏ မျက်နှာအမူအရာမှာ... အေးစက်တည်ငြိမ်နေဆဲဖြစ်သည်။

‎

‎

‎သူတို့ကို အစကတည်းက ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ... သမိုင်းတစ်လျှောက် သူမြင်ဖူးသမျှသော ဧကရာဇ်အဆင့် ကျင့်ကြံသူများထဲတွင်ပင်... လုညီအစ်ကိုများ၏ မွေးရာပါပါရမီသည် ထိပ်တန်းအဆင့်ဖြစ်သောကြောင့်ပင်။

‎

‎

‎သို့မဟုတ်ပါက... အဆုံးမဲ့ကမ္ဘာတစ်ခုတည်းတွင်ပင် မွေးဖွားလာသော ဧကရာဇ်အဆင့်ကျင့်ကြံသူများစွာ ရှိနေပါလျက်... သူသည် အဘယ်ကြောင့် ဤနှစ်ယောက်ကိုမှ... အထူးတလည် ရွေးချယ်ရမည်နည်း။

‎

‎

‎သို့သော်... ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးသည် မည်မျှပင် သန်မာပါစေ... ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသေးသည်။ ရှေးဟောင်းထျန်းကျွင်းတစ်ပါးဖြစ်သော သူ၏ရှေ့တွင်မူ... ဤနှစ်ယောက်၏ ခုခံမှုသည် အချည်းနှီးသာဖြစ်ပြီး... ရယ်စရာကောင်းလှပေသည်။

‎

‎

‎" ဝုန်း! "

‎

‎

‎လုညီအစ်ကိုများ ပူးပေါင်းလိုက်ပြီး... သူတို့၏ ဆက်တိုက်ထွက်ပေါ်လာသော ဧကရာဇ်အဆင့်စွမ်းအားများသည်... ဧရာမဟွမ်သွမ့်လက်ဝါးကြီးကို ရိုက်ခတ်သွားလေသည်။

‎

‎

‎သို့သော်... ညီအစ်ကိုနှစ်ဦး စိတ်ပျက်အားငယ်ရသည်မှာ... သူတို့ မည်သို့သော တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်သည်ဖြစ်စေ... ဧရာမဟွမ်သွမ့်လက်ဝါးကြီးသည် တုတ်တုတ်မျှ မလှုပ်ရှားပေ။

‎

‎

‎နောက်ဆုံးတွင်... ညီအစ်ကိုနှစ်ဦး၏ မျှော်လင့်ချက်မဲ့နေသော အကြည့်များအောက်၌... ဧရာမဟွမ်သွမ့်လက်ဝါးကြီးသည် ရုတ်တရက် ပိတ်ကျသွားပြီး... ညီအစ်ကိုနှစ်ဦး၏ ခန္ဓာကိုယ်များကို လုံးဝကြေမွသွားစေကာ... သူတို့၏ဝိညာဉ်များကိုပင် ဖုန်မှုန့်အဖြစ် ကြေပျက်သွားစေတော့သည်။

‎

‎

‎လုညီအစ်ကိုများ သေဆုံးသွားပြီးနောက်... ပိုင်ရှင်မဲ့နေသော အသားနှင့် တာအိုအစုအဝေးနှစ်ခုကို... လေဟာနယ်ထဲတွင် ချန်ထားရစ်ခဲ့၏။ ထိုအသားနှင့် တာအိုအစုအဝေးနှစ်ခုအတွင်း၌... ထာဝရချီများ လည်ပတ်နေသည်ကို... မှိန်ဖျဖျ မြင်တွေ့နိုင်သည်။

‎

‎

‎ဤအသားနှင့် တာအိုအစုအဝေးနှစ်ခုစလုံးသည်... လုညီအစ်ကိုများ သေဆုံးပြီးနောက် ပြောင်းလဲသွားသော အရာများဖြစ်ပြီး... ရှောင်ယောက်ထျန်းကျွင်းမှ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ခြင်းဖြစ်သည်။

‎

‎

‎" မင်းတို့ ငါ့ဆီက ယူသွားတဲ့အရာတွေကို ငါ့ဆီ ပြန်အန်ထုတ်ပေးရမှာ သဘာဝပဲ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပါးစပ်ဟကာ ရှူသွင်းလိုက်လေသည်။ ကြီးမားသော တာအိုစွမ်းအားများ ကိန်းအောင်းနေသည့် အသားနှင့် တာအိုအစုအဝေးနှစ်ခုသည် သူ၏ဝမ်းဗိုက်ထဲသို့ သန့်စင်ဝင်ရောက်သွားတော့သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ ရင်ဘတ်ထဲတွင်... နှလုံးသားပုံသဏ္ဍာန်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အရာဝတ္ထုတစ်ခု ရှိနေပြီး... ၎င်း၏မျက်နှာပြင်တွင် မှိန်ဖျော့သော တာအိုချည်နှောင်မှုအလွှာများ ရစ်ပတ်ထားကာ... စည်းချက်ကျကျ ခုန်လှုပ်နေသည်ကို မှိန်ဖျဖျ မြင်တွေ့ရသည်။

‎

‎

‎လုကျားနှင့် လုယီတို့၏ အသားနှင့် တာအိုများ မျိုချခံရပြီးနောက်... ၎င်းတို့သည် မမြင်နိုင်သော ဆွဲအားတစ်ခု၏ ဆွဲယူခြင်းခံရသကဲ့သို့... ထိုလျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုထဲသို့ ချက်ချင်း ဝင်ရောက်သွားကာ... မျက်နှာပြင်ပေါ်တွင် ရစ်ပတ်ထားသော တာအိုချည်နှောင်မှုအနည်းငယ်ကို... လင်းလက်သွားစေ၏။

‎

‎

‎ဤလျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုကို ဝန်းရံထားသော... တာအိုချည်နှောင်မှု အနည်းငယ် လင်းလက်သွားသည်ကို... မှိန်ဖျဖျ တွေ့မြင်ရသည်။

‎

‎

‎ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက်... ရှောင်ယောက်ထျန်းကျွင်းသည် နှစ်ခြိုက်စွာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး... ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

‎

‎

‎သို့သော်... ဤအချိန်တွင် ဟွမ်သွမ့်ပင်လယ်၏ အဝေးတစ်နေရာမှ ပစ်ခတ်လိုက်သကဲ့သို့... ပြိုင်ဘက်ကင်းသော ထက်မြက်မှုများကို သယ်ဆောင်လာသည့်... စူးရှအေးစက်သော အလင်းတန်းတစ်ခု ရောက်ရှိလာခဲ့၏။ ၎င်း မရောက်လာမီကပင်... ရှောင်ယောက်ထျန်းကျွင်း၏ ဝိညာဉ်ထဲတွင်... ရုတ်တရက် ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။

‎

‎

‎" မကောင်းတော့ဘူး "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း လွန်စွာ ထိတ်လန့်သွားရ၏။ သူ၏ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည့် ဤစူးရှသော စိတ်ဆန္ဒသည်... ကုချန်၏လက်ထဲရှိ အတိုင်းအဆမဲ့ဓား၏ ချီဖြစ်ကြောင်း... သူအာရုံခံမိလိုက်သောကြောင့်ပင်။

‎

‎

‎သူသည်... လုညီအစ်ကိုများကို အရေးယူလိုက်ရုံသာ ရှိသေးသော်ငြား... ကုချန်မှာ တုံ့ပြန်ပြီးဖြစ်ကာ... ဤဓားချက်ကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။

‎

‎

‎လုညီအစ်ကိုများ၏ လှုပ်ရှားမှုတိုင်းသည် ကုချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ထင်ရှားလှပေသည်။

‎

‎

‎" ဟွန်း... တကယ့် ကောက်ကျစ်တဲ့ကောင်စုတ်လေးပဲ... ကံကောင်းလို့ ငါထျန်းကျွင်းက စောစောစီးစီး ပြင်ဆင်ထားခဲ့တာ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ကနဦး ထိတ်လန့်မှု ဖြစ်ပြီးနောက် သူ လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွား၏။

‎

‎

‎ကုချန်၏ အတိုင်းအဆမဲ့ဓားဖြင့် ပစ်မှတ်ထားခံရပြီဆိုလျှင်... ကမ္ဘာမြေအဆုံးထိ ထွက်ပြေးလည်း အချည်းနှီးသာဖြစ်ကြောင်း... သူသိသည်။ အရိုးတွင် တွယ်ကပ်နေသော လောက်ကောင်ကဲ့သို့... ဤဓားအလင်းသည် သူ့ကို မီအောင်... လိုက်လာလိမ့်မည်ဖြစ်သည်။

‎

‎

‎သို့သော် ကံမကောင်းစွာဖြင့် သူ ထွက်ပြေးရန် လုံးဝမလိုအပ်ချေ။

‎

‎

‎" ကုချန်... ငါထျန်းကျွင်းက မင်းနဲ့ ဒီစာရင်းကို... နောက်ကျရင် ကိုယ်တိုင်ကိုယ်ကျ ရှင်းမယ် "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည်... အတိုင်းအဆမဲ့ဓား လာရာလမ်းကြောင်းကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက်... မည်သည့် တုံ့ဆိုင်းမှုမှမရှိဘဲ သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ဖြိုခွဲလိုက်ရာ... လုံးဝပျောက်ကွယ်သွားတော့သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် တကယ်ပင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး တစ်ခဏအကြာတွင်... မျက်စိကျိန်းမတတ် ဓားအလင်းတန်းများ သယ်ဆောင်လာသော အတိုင်းအဆမဲ့ဓားသည်... ဤလေဟာနယ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။

‎

‎

‎" ဝုန်း! "

‎

‎

‎အတိုင်းအဆမဲ့ဓားသည်... ၎င်း၏ပစ်မှတ်ကို မရှာတွေ့နိုင်သောကြောင့် လမ်းပျောက်နေသကဲ့သို့... ဓားသွားကို ရည်ရွယ်ချက်မဲ့ ယမ်းခါနေလေသည်။

‎

‎

‎နောက်ဆုံးတွင်... လှည့်စားခံလိုက်ရသည်ဟု ခံစားလိုက်ရသဖြင့်... အတိုင်းအဆမဲ့ဓားသည် ဤနေရာရှိ လေဟာနယ်အားလုံးကို ရိုက်ခွဲပစ်လိုက်ပြီးမှ... မလိုလားစွာဖြင့် လှည့်ပြန်သွားတော့သည်။

‎

‎

‎" ရွှမ်း! "

‎

‎

‎အချိန်အနည်းငယ် ကြာပြီးနောက်... အဆုံးမဲ့ဝေးကွာသော နေရာတစ်ခုတွင်... ကုချန်သည် အတိုင်းအဆမဲ့ဓားကို သူ၏လက်ဖဝါးထဲ၌... ပြန်လည်ဆုပ်ကိုင်လိုက်သည်။

‎

‎

‎အတိုင်းအဆမဲ့ဓား၏ မပျော်ရွှင်သော ခံစားချက်များကို အာရုံခံမိပုံရသဖြင့် ကုချန်သည် ဓားကိုယ်ထည်ကို ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်သည်။

‎

‎

‎" အဲ့ဒီ ရှောင်ယောက်ထျန်းကျွင်းကို သတ်ဖို့ အခွင့်အရေးက နောက်ကျရင် မင်းအပိုင် ဖြစ်လာမှာပါ "

‎

‎

‎ဤတစ်ကြိမ်တွင်... အတိုင်းအဆမဲ့ဓား အောင်မြင်မှုမရှိဘဲ ပြန်ရောက်လာခြင်းသည်... ကုချန်၏ မျှော်လင့်ချက်ထက် မကျော်လွန်သကဲ့သို့... သူ့ကို အလွန်အမင်း စိတ်ပျက်စေခြင်းလည်း မရှိခဲ့ပေ။

‎

‎

‎လုကျားနှင့် လုယီတို့အပေါ် သူထားရှိခဲ့သော အမှတ်အသားမျှင်လေးသည် အရေးမပါသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်သည်။

‎

‎

‎အကယ်၍... ရှောင်ယောက်ထျန်းကျွင်းသာ ငါးစာဟပ်ခဲ့လျှင် အံ့အားသင့်စရာ ကောင်းသော်လည်း... ငါးစာမဟပ်လျှင်လည်း နောင်တရစရာ အကြောင်းမရှိပေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကုချန်၏အမြင်တွင် ရှောင်ယောက်ထျန်းကျွင်း ငါးစာဟပ်နိုင်ချေမှာ အလွန်နည်းပါးသောကြောင့်ပင်။

‎

‎

‎ဤလူသည် အလွန်ကောက်ကျစ်စဉ်းလဲသူဖြစ်သည်။ ထိုစဉ်က လူသားဧကရာဇ်၏ အစီအစဉ်များကိုပင် မှောက်လှန်နိုင်ခဲ့ပြီး... နှစ်သန်းပေါင်းများစွာအတွင်း သူ၏လှုပ်ရှားမှုများမှာ... အပြစ်အနာအဆာကင်းခဲ့သည်။ သူသည် မည်သို့များ ဤမျှကြီးလေးသော အမှားမျိုးကို ကျူးလွန်နိုင်ပါမည်နည်း။

‎

‎

‎ယခုလေးတင်... ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားခဲ့သည်မှာ... ရှောင်ယောက်ထျန်းကျွင်း စေလွှတ်လိုက်သော ကိုယ်ပွားတစ်ခုမျှသာဖြစ်ကြောင်း... ကုချန်သိ၏။

‎

‎

‎ထိုကိုယ်ပွားသည် အတိုင်းအဆမဲ့ဓား၏ ပစ်မှတ်ထားခြင်းခံရကြောင်း သိရှိလိုက်သည်နှင့်... တပြိုင်နက် မူလခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းခြင်း မပြုနိုင်တော့ဘဲ... ပြတ်ပြတ်သားသားပင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

‎

‎

‎ကုချန်ကို အမှန်တကယ် စိတ်ဝင်စားစေခဲ့သည့်အရာမှာ... ရှောင်ယောက်ထျန်းကျွင်း၏ ရင်ဘတ်ထဲတွင် နှလုံးသားကဲ့သို့ ခုန်လှုပ်နေပြီး... မျက်နှာပြင်တွင် တာအိုမြင့်မြတ်ချည်နှောင်မှုများ ဖုံးအုပ်ထားသည့်... လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုပင်ဖြစ်သည်။

‎

‎

‎အဲ့ဒီဟာက ဘာများလဲ?

‎

‎

‎ကိုယ်ပွားတစ်ခုမှ လုညီအစ်ကိုများကို မျိုချလိုက်ခြင်းသည်... ဤအရာဝတ္ထုမှတစ်ဆင့် မူလခန္ဓာကိုယ်ကို အကျိုးပြုနိုင်ပုံရသည်မှာ... စိတ်ဝင်စားစရာပင်။

‎

‎

‎သူ ယခုလေးတင် ရရှိခဲ့သော... တာအိုအသွင်ပြောင်းကောင်းကင်ရေကန်နှင့် ချိတ်ဆက်စဉ်းစားကြည့်လိုက်ရာ... ဤရှောင်ယောက်ထျန်းကျွင်းသည် လုံးဝရိုးရှင်းသူမဟုတ်ဘဲ... ဟွမ်သွမ့်ပင်လယ်ထဲတွင် နှစ်သန်းပေါင်းများစွာအတွင်း ကံကောင်းမှုများစွာ ရရှိခဲ့ပုံရကြောင်း... ကုချန် နားလည်လိုက်သည်။

‎

‎

‎အတန်ကြာ စဉ်းစားပြီးနောက်... အတိုင်းအဆမဲ့ဓားကို နှစ်သိမ့်လိုက်ပြီး ကုချန်သည် လက်ဖဝါးကို ဖြန့်လိုက်ရာ... လူသားဧကရာဇ် ပေးအပ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် သံလိုက်အိမ်မြှောင်သည်... သူ၏လက်ဖဝါးထဲတွင် ပေါ်လာခဲ့လေသည်။

‎

‎

‎သက်တမ်းရှည်နန်းတော်၏ ကိစ္စရပ်သည် ယာယီအားဖြင့် ပြီးဆုံးသွားပြီဖြစ်သည်။

‎

‎

‎နောက်တစ်ဆင့်အနေဖြင့်... သူသည် ဤသံလိုက်အိမ်မြှောင်ပေါ်တွင် မှတ်တမ်းတင်ထားသော... ဟွမ်သွမ့်ပင်လယ်ထဲရှိ တည်နေရာအတွင်း... မည်သည့်အရာများ ဝှက်ထားသည်ကို... စူးစမ်းရှာဖွေရမည်ဖြစ်သည်။

All Chapters