အခန်း (၂၆၅-၂၆၆)
Vol. 19 Ch. 265-266
အခန်း (၂၆၅) - ကြောက်မက်ဖွယ် အကျိုးသက်ရောက်မှု၊ အကြောင်းတရားကို ပြောင်းပြန်လှန်၍ ရနံ့ကို ဖြစ်တည်စေခြင်း၊ လုံးဝကုန်ဆုံးသည်အထိ လောင်ကျွမ်းခြင်း
'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' ၏ ဖော်ပြချက်ကို ကြည့်ရှုရင်း ကုချန် မနေနိုင်စွာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
ဤအဆောင်လက်ဖွဲ့သည် အမှန်တကယ်ပင် အထွတ်အထိပ် ရတနာတစ်ပါး ဖြစ်ပေသည်။
မိခင်အဆောင်လက်ဖွဲ့ တစ်ခုနှင့် အဆောင်လက်ဖွဲ့ငယ် သုံးခု ပါရှိသည်။ မိခင်အဆောင်လက်ဖွဲ့သည်... မည်သည့်နေရာသို့မဆို ဆက်သွယ်ကူးပြောင်းနိုင်ပြီး အဆောင်လက်ဖွဲ့ငယ်များမှာမူ... မိခင်အဆောင်လက်ဖွဲ့ ရှိရာနေရာသို့သာ ဆက်သွယ်ကူးပြောင်းနိုင်သည်။
သို့သော် အချက်တစ်ချက် ရှိနေ၏။ မိခင်အဆောင်လက်ဖွဲ့နှင့်... အဆောင်လက်ဖွဲ့ငယ်များ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ... အကွာအဝေး မည်မျှပင်ဝေးကွာစေကာမူ... အချင်းချင်း ဆက်သွယ်နိုင်ခြင်းပင်။
ဤအချက်သည် 'သံသရာခြောက်ပါး ပုံရိပ်မဲ့ တာအိုအဆောင်လက်ဖွဲ့' ၏ ကြောက်မက်ဖွယ်အကောင်းဆုံး အသွင်အပြင်ပင် ဖြစ်သည်။
စဉ်းစားကြည့်ပါ... ကုချန်၏ လက်ရှိစွမ်းအားဖြင့်ပင် အဆုံးမဲ့ကမ္ဘာမှ... နတ်ဆိုးနယ်မြေ နယ်စပ်ရှိ ဧကရာဇ်ဂိတ်သို့ သွားရောက်ရန်... ရက်အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။
သို့သော် ယခုအခါ... 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' ရှိနေပြီဖြစ်ရာ... သူသည် ဧကရာဇ်ဂိတ်တွင် အဆောင်လက်ဖွဲ့ငယ် တစ်ခုကို ထားရှိရုံဖြင့်... မိခင်အဆောင်လက်ဖွဲ့ကို ကိုင်ဆောင်ကာ ဧကရာဇ်ဂိတ်နှင့် အဆုံးမဲ့ကမ္ဘာကြား... ဤဟွမ်သွမ့်ပင်လယ်အတွင်းရှိ မည်သည့်နေရာကိုမဆို... လွတ်လပ်စွာ သွားလာနိုင်တော့မည်ဖြစ်သည်။
ကုချန်သိထားသော ဆက်သွယ်ကူးပြောင်းရေး အစီအရင်များအားလုံး ပေါင်းစပ်လိုက်လျှင်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုမျိုး ရှိမည်မဟုတ်ပေ။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ... 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' သည် တစ်ခါသုံးပစ္စည်းမဟုတ်ဘဲ... ဆက်တိုက် အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။
တစ်ခုတည်းသော ကန့်သတ်ချက်မှာ... 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' ကို အသုံးပြုပြီးတိုင်း... ဆက်သွယ်ကူးပြောင်းရေး အကွာအဝေးအပေါ် မူတည်၍... ၎င်းအတွင်း သိုလှောင်ထားသော စွမ်းအားပမာဏ ကွဲပြားစွာ... ကုန်ဆုံးသွားမည်ဖြစ်သည်။ စွမ်းအားကုန်ဆုံးသွားပါက.. နောက်တစ်ကြိမ် ပြန်မသုံးမီ... စွမ်းအားပြန်လည်ဖြည့်တင်းရန် လိုအပ်၏။
ကုချန်၏အမြင်တွင် ဤကန့်သတ်ချက်သည် လုံးဝ သဘာဝကျပေသည်။
အကယ်၍ ကန့်သတ်ချက်သာ မရှိပါက... 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' သည်... အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။
" နှမြောစရာပဲ..... "
သူ၏လက်ဖဝါးပေါ်တွင်... ငြိမ်သက်စွာ ရှိနေသော အဆောင်လက်ဖွဲ့ အနည်းငယ်ကို ကြည့်ရင်း... ကုချန်သည် အနည်းငယ် နောင်တရစိတ်ဖြင့်... သက်ပြင်းချလိုက်မိ၏။
အဘယ်ကြောင့်ဆိုသော်... 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' ၏ မိခင်အဆောင်လက်ဖွဲ့သည်... အဆုံးမဲ့ကမ္ဘာများအတွင်း မည်သည့်နေရာကိုမဆို ဆက်သွယ်ကူးပြောင်းနိုင်သော်လည်း... ကြိုတင်လိုအပ်ချက် တစ်ခုရှိနေသည်။ ၎င်းမှာ... ထိုနေရာသို့ မိမိကိုယ်တိုင် ရောက်ဖူးရမည် ဟူသော... အချက်ပင်။
ဤအချက်က... ကောင်းကင်ချောက်နက်၏ အဆုံးရှိ အင်မော်တယ်တံခါးပေါက်ကို ဖြတ်ကျော်ပြီး... အင်မော်တယ်နယ်မြေသို့ ဆက်သွယ်ကူးပြောင်းမည့် ကုချန်၏ အကြံအစည်ကို... ပျက်ပြားသွားစေခဲ့သည်။
သူသည် အင်မော်တယ်နယ်မြေသို့ တစ်ခါမျှ မရောက်ဖူးသောကြောင့် မိခင်အဆောင်လက်ဖွဲ့ဖြင့် မည်သို့ ဆက်သွယ်ကူးပြောင်းနိုင်မည်နည်း။
အနာဂတ်တွင်... သူအမှန်တကယ် အင်မော်တယ်နယ်မြေသို့ ရောက်ရှိမှသာ... မိခင်အဆောင်လက်ဖွဲ့ကို အသုံးပြု၍... အင်မော်တယ်နယ်မြေနှင့် အဆုံးမဲ့ကမ္ဘာကြား... လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်သည်။
သို့သော်.....
လောလောဆယ်တွင် အင်မော်တယ်နယ်မြေသို့ မသွားနိုင်သော်လည်း နတ်ဆိုးနယ်မြေသို့ သူ သွားနိုင်သည်။
ဤ 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' ရှိနေပြီဖြစ်ရာ... အနာဂတ်တွင် သူ၏ ဒုတိယခန္ဓာကိုယ်သည် နတ်ဆိုးနယ်မြေနှင့် အဆုံးမဲ့ကမ္ဘာကြား... လွတ်လပ်စွာ သွားလာနိုင်ပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် ကုချန် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
သံသယဖြစ်ဖွယ်မရှိဘဲ... 'အကြွင်းမဲ့အရိပ်ခြောက်ပါး တာအိုအဆောင်လက်ဖွဲ့' သည် ယခုအချိန်တွင်... သူအလိုအပ်ဆုံးအရာ အမှန်ပင်ဖြစ်သည်။
ပထမဆုလာဘ်ကို ကြည့်ပြီးနောက်... ကုချန်သည် ဒုတိယဆုလာဘ်ဆီသို့ မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့်... ကြည့်လိုက်၏။
ဤတစ်ကြိမ်... စနစ်မှ ပေးအပ်သော ဆုလာဘ်များမှာ... မယုံနိုင်လောက်အောင် ရက်ရောလွန်းလှသည်။ ဤဒုတိယဆုလာဘ်ဖြစ်သော... 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' သည်... အမည်ကို ကြားလိုက်ရုံဖြင့် ထူးခြားဆန်းပြားနေပြီဖြစ်ရာ... ကုချန်အား စိတ်ပျက်စေမည် မဟုတ်ကြောင်း သေချာလှသည်။
ကုချန်၏အကြည့်သည် သူ၏ အခြားလက်ဖဝါးတစ်ခုဆီသို့ ကျရောက်သွားသည်။
ရှေးဟောင်းအမွှေးတိုင်တစ်တိုင်သည် ကုချန်၏ လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ ရှိနေ၏။
ဤရှေးဟောင်းအမွှေးတိုင်သည်... လက်မခန့်သာ ရှည်လျားပြီး... လက်မတစ်ချောင်းစာခန့် ထူကာ မသိနိုင်သော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပြီး... တစ်တိုင်လုံး အဝါရောင်ညစ်ညစ်... သမ်းနေသည်။
သူ၏ အကြည့်များကျရောက်သွားသည်နှင့် 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' ၏ သီးခြားအကျိုးသက်ရောက်မှုများ သူ့ရှေ့တွင် ပေါ်လာခဲ့၏။
[ ကံတရားပြောင်းပြန်လှန် အမွှေးတိုင် - အထွတ်အထိပ်ဖြစ်တည်မှု တစ်ဦး၏ နန်းတော်ရှေ့တွင်... ကျန်ရစ်ခဲ့သော အမွှေးတိုင်တစ်တိုင် ဖြစ်သည်။ ထောင့်တစ်နေရာတွင် ကြာမြင့်စွာ မီးမညှိဘဲ ကျန်ရစ်ခဲ့သောကြောင့်... အထွတ်အထိပ် အရှိန်အဝါအချို့ကို စုပ်ယူထားပြီး... စိတ်ကူးမယဉ်နိုင်သော အကျိုးသက်ရောက်မှုများကို ရရှိထားသည်။ ]
[ဤအမွှေးတိုင်ကို ထွန်းညှိလိုက်ပါက... ကံတရားကို ပြောင်းပြန်လှန်နိုင်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ချိတ်ဆက်နိုင်ကာ... အသုံးပြုသူ၏ စွမ်းအားကို အဓိကနယ်ပယ်ကြီး တစ်ခုစာ မြှင့်တင်ပေးနိုင်သည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အထိ ကြာမြင့်မည်ဖြစ်သည်။ ]
အသုံးပြုသူ၏ စွမ်းအားကို... အဓိကနယ်ပယ်ကြီး တစ်ခုစာ မြှင့်တင်ပေးကာ... အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အထိ ကြာမြင့်မည်လော.....
ကုချန်သည် အစပိုင်းတွင် အနည်းငယ် ကြောင်အသွားပြီး... ဤ 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' ၏ ကြောက်မက်ဖွယ် သဘောသဘာဝကို... သတိမပြုမိသကဲ့သို့ ဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ... အဆုံးမဲ့ကမ္ဘာတွင် တိုက်ခိုက်နိုင်စွမ်းရည်ကို ခေတ္တမြှင့်တင်ပေးနိုင်သော... နည်းလမ်းများစွာ ရှိသည် မဟုတ်ပါလော။ ဥပမာအားဖြင့်... အသက်သွေးကြောကို လောင်ကျွမ်းစေခြင်း၊ မိမိ၏ အလားအလာကို လှုံ့ဆော်ခြင်း.....
နည်းလမ်းပေါင်းစုံမှာ မရေမတွက်နိုင်အောင် ကွဲပြားကြ၏။ ထိုတားမြစ်နယ်မြေများမှ ရှေးဟောင်းအရှင်သခင်များ၌ပင်... သူတို့၏စွမ်းအားကို ခေတ္တမြှင့်တင်ပြီး အထွတ်အထိပ်သို့ တက်လှမ်းနိုင်သည့်... ကိုယ်ပိုင်ဝှက်ဖဲများ ရှိကြသည်။
ထို့ကြောင့်... ထိုရှုထောင့်မှ ကြည့်လျှင် ဤ 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' သည်... ထူးထူးခြားခြား ဖြစ်ပုံမရပေ။
စွမ်းအားကို အဓိကနယ်ပယ်ကြီး တစ်ခုစာ မြှင့်တင်ပေးခြင်းသည်လည်း သာမန်ကာလျှံကာသာဖြစ်၏။
သို့သော်... ဤအတွေးသည် ကုချန်၏စိတ်ထဲတွင်... ခဏတာမျှသာ ကြာမြင့်ခဲ့သည်။ မကြာမီ... သူသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး... သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာတစ်ခု... မဖြစ်မနေ ပေါ်လာခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော်... ဤ 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' သည်... အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်အတွက် မည်သည့်သတ်မှတ်ချက်မှ မရှိကြောင်း... သူရုတ်တရက် သဘောပေါက်သွားသောကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ... အသုံးပြုသူသည် ကျင့်ကြံခြင်းကို ယခုမှစတင်သော ချီပင်လယ်အဆင့် ကျင့်ကြံသူဖြစ်စေ... မြင့်မြတ်လှသော အရှင်သခင် သို့မဟုတ် ထျန်းကျွင်းအဆင့် ဖြစ်စေကာမူ... ၎င်းကို အသုံးပြုနိုင်သည်ဟူသော အဓိပ္ပါယ်ပင်။
ဆိုလိုသည်မှာ... အရှင်သခင်တစ်ပါးမှ ဤအမွှေးတိုင်ကို ထွန်းညှိလိုက်လျှင်... အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အထိ... ထျန်းကျွင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလော။
အကယ်၍... ထျန်းကျွင်းတစ်ပါးမှ အသုံးပြုလျှင်... စစ်မှန်သော အင်မော်တယ် ကျင့်ကြံခြင်းစွမ်းအားကို... ပိုင်ဆိုင်နိုင်မည်။
အကယ်၍... စစ်မှန်သော အင်မော်တယ်တစ်ပါးမှ အသုံးပြုလျှင်... အင်မော်တယ်ဘုရင် စွမ်းအားကို... ပိုင်ဆိုင်နိုင်မည်လော။
အကယ်၍ သူသာ အသုံးပြုလိုက်လျှင်... မည်ကဲ့သို့သော ကျင့်ကြံခြင်းစွမ်းအားမျိုးကို... ပိုင်ဆိုင်ရမည်နည်း။
ထို့ပြင်... သူသည် နတ်ဆိုးနယ်မြေသို့ သွားရောက်ပြီး... သူ၏ကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်ကာ အဆင့်တက်ပြီးမှ ဤအမွှေးတိုင်ကို ထွန်းညှိလိုက်လျှင်... မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ရမည်နည်း။
အင်မော်တယ်ဘုရင်လား ဒါမှမဟုတ် အင်မော်တယ်ဘုရင်အထက်လား။
ကုချန်သည် ဤအမွှေးတိုင်၏ ကြောက်မက်ဖွယ် သဘောသဘာဝကို ချက်ချင်း နားလည်သွားခဲ့သည်။
ပိုမိုစွမ်းအားကြီးမားသော ဖြစ်တည်မှုတစ်ခု၏ လက်ထဲတွင် ဤအမွှေးတိုင်သည် ပိုမိုကြီးမားသော အကျိုးသက်ရောက်မှုကို ပြသနိုင်ပေလိမ့်မည်။
ကျင့်ကြံခြင်းအဆင့် နိမ့်လေလေ... စွမ်းအားကို ခေတ္တမြှင့်တင်ရန် နည်းလမ်းများလေလေ... ဖြစ်၏။
သို့သော်... ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ... ထိုကဲ့သို့သော နည်းလမ်းများမှာ... ရှားပါးသထက် ရှားပါးလာပေသည်။
လက်ရှိ ကုချန်ကဲ့သို့ပင်... သူသည် လူသားတာအို၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီး... ရှေ့ဆက်တိုးရန် လမ်းမရှိတော့သည့်အတွက်... သူ၏ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန် နည်းလမ်းမရှိတော့သည်မှာ... သဘာဝပင်။
သို့သော်... သူသာ ဤအမွှေးတိုင်ကို ထွန်းညှိလိုက်လျှင်... အင်မော်တယ်အရှင်ကို ကျော်လွန်သော စွမ်းအား... ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်ကိုပင် ယှဉ်နိုင်သော စွမ်းအားကို... ချက်ချင်း ပိုင်ဆိုင်သွားနိုင်ပေသည်။
ထို့ပြင်... ဤအမွှေးတိုင်သည် အင်မော်တယ်ဘုရင်တစ်ပါး၏ လက်ထဲသို့ ရောက်ရှိသွားပါက... မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်မည်နည်း။
သံသယဖြစ်ဖွယ်မရှိ... ဤ 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' ရှိနေကြောင်းကို... အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဘုရင်များ သိရှိသွားပါက... ထိုအင်မော်တယ်ဘုရင်များကို အရူးအမူး ဖြစ်သွားစေလိမ့်မည်မှာ... သေချာလှသည်။
အမွှေးတိုင်တစ်တိုင်စာ အချိန်တိုလေးသာ ကြာမြင့်မည် ဆိုစေကာမူ ကိစ္စများစွာကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပေသည်။
ဤသည်မှာ 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' ၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင်။
" အထွတ်အထိပ် ဖြစ်တည်မှုတစ်ခုရဲ့ အရှိန်အဝါနည်းနည်း စွန်းထင်းရုံနဲ့တင်... ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တာပဲ... တကယ်ပဲ လူစွမ်းလူစ ကောင်းကင်ထက်မြင့်တဲ့ နေရာဆိုတာ ရှိနေတာပါလား "
'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' ၏ ဖော်ပြချက်ကို တွေးမိရင်း ကုချန် မနေနိုင်စွာ သက်ပြင်းချလိုက်မိသည်။
သူ၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းသည်... အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို ကြည့်လျှင် ပြိုင်ဘက်ကင်းကာ... နှိုင်းယှဉ်စရာမရှိဟု ပြောနိုင်ပေသည်။
သို့သော်... အဆုံးမဲ့ကမ္ဘာများ၏ ကြီးမားသော အတိုင်းအတာဖြင့် ကြည့်လျှင်... ကောင်းကင်ဧကရာဇ်အဆင့်သည် ကျင့်ကြံခြင်း၏... အစပြုခြင်းမျှသာ ဖြစ်ပေသည်။
တာအိုခရီးလမ်းသည် ရှည်လျားပြီး... ကြိုးပမ်းရမှုမှာ ခက်ခဲကြမ်းတမ်းလှသောကြောင့်... ကျင့်ကြံသူများသည် မမောမပန်း... ကြိုးစားအားထုတ်ရပေမည်။
တစ်ခဏအတွင်းမှာပင် ကုချန်၏ စိတ်အခြေအနေသည် တည်ငြိမ်သွားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းခရီးလမ်းသည် ယခုမှ စတင်ခြင်းဖြစ်ပြီး ကောင်းကင်ဧကရာဇ်အဆင့်လောက်ဖြင့် ဂုဏ်ယူစရာ မရှိသေးပေ။
သူသည်... လက်ဖဝါးပေါ်ရှိ ရှေးဟောင်းအမွှေးတိုင်ကို တစ်ဖန်ပြန်ကြည့်လိုက်ရာ... ရုတ်တရက် အတွေးတစ်ခု ကုချန်၏ စိတ်ထဲသို့... ဝင်ရောက်လာ၏။ သို့သော်... သူ စနစ်ကို မမေးမြန်းရသေးမီမှာပင်... စနစ်သည် ကုချန်၏ အတွေးများကို ကြိုသိနေသကဲ့သို့... သာယာသော အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
[ 'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' ကို မီးထွန်းညှိပြီးပါက မည်သည့်နည်းလမ်းဖြင့်မျှ ငြိမ်းသတ်၍ မရနိုင်ပါ။ လုံးဝ ကုန်ဆုံးသည်အထိ လောင်ကျွမ်းနေမည် ဖြစ်သည်။ ]
အခန်း (၂၆၆) - ပြီးပြည့်စုံသွားခြင်းနှင့် နောက်တစ်ဆင့်
" ဒီအမွှေးတိုင်ကို မီးညှိပြီးတာနဲ့ ဘာနဲ့မှ ငြှိမ်းသတ်လို့မရဘဲ လောင်ကျွမ်းလို့ ကုန်သွားမှပဲ ရပ်တန့်သွားမှာလား "
စနစ်၏အသိပေးစကားကို ကြားလိုက်ရသောအခါ ကုချန်တစ်ယောက် တိတ်ဆိတ်သွားမိသည်။
သူသည် လိုအပ်ချိန်တွင် မီးညှိပြီး မလိုအပ်တော့သည့်အခါ မီးငြှိမ်းသတ်ကာ ချွေတာသုံးစွဲရန် စဉ်းစားခဲ့ဖူးသည်။
ထိုသို့သာပြုလုပ်နိုင်ပါက... တိုက်ခိုက်စွမ်းရည် မြှင့်တင်ပေးသည့်အချိန်မှာ... အမွှေးတိုင်တစ်တိုင်စာသာ ရှိသော်လည်း... သူကြာကြာ အသုံးပြုနိုင်မည်ဟု တွေးတောနေမိခြင်း ဖြစ်သည်။
အဆင့်တူချင်း တိုက်ခိုက်ရာတွင်... အချိန်ကြာမြင့်နိုင်သော်လည်း... တစ်ဖက်လူ၏ အင်အားသာ ရုတ်တရက် အဆင့်ကြီးတစ်ခုစာ မြင့်တက်သွားပါက... တိုက်ပွဲမှာ ခဏချင်း ပြီးဆုံးသွားနိုင်သည်။
'ကံတရားပြောင်းပြန်လှန် အမွှေးတိုင်' ကို လျင်မြန်စွာ ငြှိမ်းသတ်လိုက်နိုင်လျှင်... သူသည် ပိုမြင့်မားသော အဆင့်တစ်ခု၏ တိုက်ခိုက်စွမ်းရည်ကို... အကန့်အသတ်မရှိ ပိုင်ဆိုင်ထားနိုင်မည် ဖြစ်သည်။
ဤသည်မှာ ကုချန် ယခုလေးတင် တွေးမိသော နည်းလမ်းဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ 'ဟာကွက်' ရှာသည့် ဤနည်းလမ်းက မဖြစ်နိုင်ကြောင်း ထင်ရှားနေလေပြီ။
အမွှေးတိုင်ကို မီးညှိပြီးသည်နှင့် ငြှိမ်းသတ်၍ မရနိုင်တော့ပေ။ ဆိုလိုသည်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ထပ်ခါတလဲလဲ သုံးစွဲ၍ မရနိုင်ခြင်းဖြစ်သည်။
'နှမြောစရာပဲ' ကုချန်မှ သက်ပြင်းချလိုက်သော်လည်း အမွှေးတိုင်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း... ဤအရာသည် ကုချန်၏ လက်ရှိ အားအကောင်းဆုံး ဝှက်ဖဲပင် ဖြစ်သဖြင့်... လျှော့တွက်၍ မရပေ။
စနစ်၏ဆုလာဘ်နှစ်ခုကို စစ်ဆေးပြီးနောက်... ကုချန်၏အကြည့်သည် ခမ်းနားထည်ဝါသော ကောင်းကင်ကျောက်တိုင်ကြီးဆီသို့... ရောက်သွားပြန်သည်။
သူ၏လက်ရှိအဆင့်ဖြင့်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို ဆက်လက် မလေ့လာနိုင်တော့သော်လည်း... ဤကျောက်တိုင်ကြီး ပျောက်ကွယ်ရန် အချိန်အနည်းငယ် လိုသေးကြောင်း... ကုချန် ခံစားမိနေသည်။
ဤအချိန်ကို အလဟဿ မဖြစ်စေသင့်ပေ။
'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို ဆက်လက် မလေ့လာနိုင်သော်လည်း အခြားနည်းလမ်းများကို လေ့လာနိုင်သေးသည် မဟုတ်ပါလော။
ဥပမာအားဖြင့် ယွမ်ကျွင်း မတတ်မြောက်သေးသည့် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ပညာရပ်၏ ဒုတိယပိုင်း ဖြစ်သည်။
ကုချန်၏မျက်လုံးများသည် မီးတောက်များကဲ့သို့ တောက်ပနေပြီး ရှေးဟောင်းကျောက်တိုင်ကြီးကို စိုက်ကြည့်နေ၏။ တစ်ချိန်တည်းမှာပင်... သူ၏စိတ်အာရုံသည် တုန်ခါသွားပြီး... 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ပညာရပ်၏ ပထမပိုင်းကို... လည်ပတ်လိုက်လေသည်။
သူသည်... ဤပညာရပ်ကို အသုံးပြုပြီး ကောင်းကင်ကျောက်တိုင်ကို တုန်ခါစေကာ... ကျန်ရှိနေသော ဒုတိယပိုင်းကို ဖော်ထုတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အဆုံးစွန်အားဖြင့် တောက်ပနေသော လက်ဖဝါးဖြူကြီးတွင် ထွင်းထုထားသည့် တာအိုတရားများမှာ ထောင်ပေါင်းများစွာမက ရှိနေသည် မဟုတ်ပါလော။
အကယ်၍ ကျပန်းပေါ်လာပါက သူလိုအပ်သည်ကို နားလည်သဘောပေါက်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ကုချန်သည် ဤနည်းလမ်း အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။
" သန့်စင်သူသုံးပါး နည်းစနစ်... ကောင်းကင်ဘုံ အားလုံးရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်..... "
ကျောက်တိုင်ပေါ်တွင် ရင်းနှီးနေသော အဓိပတိဆောင်ပုဒ်များ ပေါ်လာသောအခါ ကုချန်၏ မျက်နှာတွင် အံ့ဩဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာ၏။
သူ၏လောင်းကြေး မှန်ကန်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသောကြောင့်... ဤ'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ပညာရပ်ကို တိတ်တဆိတ် လည်ပတ်ခြင်းမှာ... ကျောက်တိုင်ကို တုန်ခါစေပြီး... ဆက်စပ်သော နည်းစနစ်များကို ဖော်ပြလာစေခဲ့သည်။
ကျောက်တိုင်ပေါ်တွင် ပညာရပ် ပေါ်လာသည်ကို မြင်သည်နှင့်... ကုချန်သည် အချိန်မဆွဲရဲတော့ဘဲ ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ... ဂရုတစိုက် စတင် လေ့လာတော့သည်။
'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ပညာရပ်တွင် 'အသွင်ပြောင်းခြင်း' ကဏ္ဍနှင့် 'ပေါင်းစည်းခြင်း' ကဏ္ဍဟူ၍ အပိုင်းနှစ်ပိုင်း ရှိသည်။
ယွမ်ကျွင်းသည် ယခင်က အသွင်ပြောင်းခြင်း ကဏ္ဍကို တတ်မြောက်ခဲ့သော်လည်း ပေါင်းစည်းခြင်း ကဏ္ဍကို မတတ်မြောက်ခဲ့ပေ။
ထို့ကြောင့် ယခု ကုချန် လုပ်ဆောင်ရမည်မှာ... ဤပေါင်းစည်းခြင်း ကဏ္ဍကို အလွတ်ကျက်မှတ်ပြီး... ပြီးပြည့်စုံစွာ တတ်မြောက်ရန်ဖြစ်သည်။
" ချီတစ်မျှင်က သန့်စင်သူသုံးပါးအဖြစ် ပြောင်းလဲခြင်း... ရွှမ်တုနဲ့ ပေါင်းစည်းခြင်း... မဟာသန့်စင် ဝိညာဉ်ရတနာ၊ ကျောက်စိမ်းသန့်စင်တဲ့ မူလဇစ်မြစ်..... "
နက်နဲ၍ အထွတ်အထိပ် ရောက်သော ပညာရပ်ဆိုင်ရာ စာသားများသည် စမ်းချောင်းရေစီးကဲ့သို့ ကုချန်၏စိတ်ပင်လယ်ထဲတွင် ကိန်းအောင်းသွား၏။
အချိန်များ ကုန်ဆုံးသွားပြီးနောက်... သူသည် နောက်ဆုံး၌ ဤပေါင်းစည်းခြင်း ကဏ္ဍကို နားလည်သဘောပေါက်သွားပြီး... 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ပညာရပ်တစ်ခုလုံးကို... ပြီးပြည့်စုံစွာ တတ်မြောက်သွားခဲ့သည်။
" ခွဲထွက်ခြင်းနဲ့ ပေါင်းစည်းခြင်း... ဒါက တကယ့်ကို အထွတ်အထိပ် ပညာရပ်တစ်ခုပဲ "
ကုချန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး လေးစားအားကျသော အရိပ်အယောင်များကို ပြသလိုက်သည်။
'ပေါင်းစည်းခြင်း' ကဏ္ဍကို တတ်မြောက်ပြီးမှသာ... ဤပညာရပ် မည်မျှ အစွမ်းထက်ကြောင်း... သူအပြည့်အဝ နားလည်သွားခြင်း ဖြစ်သည်။
ရိုးရှင်းစွာ ပြောရလျှင် 'အသွင်ပြောင်းခြင်း' ကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်ရပ်တည်ရေးကို အဓိကထားသည်။
'ပေါင်းစည်းခြင်း' ကဏ္ဍမူကား ပြီးပြည့်စုံသော တိုက်ခိုက်ရေး နည်းလမ်းဖြစ်သည်။
ပေါင်းစည်းခြင်း ကဏ္ဍသည်... ခန္ဓာနှစ်ခု သို့မဟုတ် ခန္ဓာသုံးခုလုံးကို ချက်ချင်း ပေါင်းစည်းနိုင်ပြီး... တစ်ကိုယ်တည်း စွမ်းအားထက် များစွာ သာလွန်သော စွမ်းအားကို... ပေါက်ကွဲထွက်စေနိုင်သည်။
ထို့အပြင်... ခန္ဓာများ ပေါင်းစည်းခြင်းသည် တိုက်ခိုက်စွမ်းရည်များကို... ရိုးရှင်းစွာ ပေါင်းစပ်ခြင်း သက်သက် မဟုတ်ပေ။
ခန္ဓာအသီးသီး တတ်မြောက်ထားသော တာအိုနှင့် နည်းစနစ်များသည်လည်း... အပြစ်အနာအဆာမရှိ ပေါင်းစည်းသွားမည် ဖြစ်ပြီး... ယခင်ထက် များစွာသာလွန်သော ရလဒ်ကို ထုတ်ပေးနိုင်၏။
ဥပမာအားဖြင့်... ကုချန်၏ မူလခန္ဓာသည် 'ရှေးဟောင်းနေမင်းကျမ်း' ကို တတ်မြောက်ထားပြီး... ကုချန်၏ ပထမကိုယ်ပွားခန္ဓာမှာ 'ရှေးဟောင်းလမင်းကျမ်း' ကို တတ်မြောက်ထားသည် ဆိုပါစို့။
မူလခန္ဓာနှင့် ပထမကိုယ်ပွားခန္ဓာ ပေါင်းစည်းလိုက်သည့်အခါ... သူတို့ ထိန်းချုပ်ထားသော ကျမ်းနှစ်စောင်သည်လည်း ပေါင်းစည်းသွားပြီး... အဆင့်ပိုမြင့်သော 'နေလဧကရာဇ်ကျမ်း' အဖြစ်... ပြောင်းလဲသွားမည် ဖြစ်သည်။
ဤသည်မှာ... အရှင်သခင်အဆင့် နှစ်ဦး ပေါင်းစည်းလိုက်ပါက... ဧကရာဇ်အဆင့်သို့ တိုက်ရိုက် ပြောင်းလဲသွားခြင်းနှင့်... အတူတူပင် ဖြစ်သည်။
ထို့ကြောင့်... ခန္ဓာများ ပေါင်းစည်းခြင်းဖြင့် ထွက်ပေါ်လာမည့် စစ်မှန်သော တိုက်ခိုက်စွမ်းရည်မှာ ခန့်မှန်းရန် ခက်ခဲပြီး... ၎င်းသည် ပေါင်းစည်းခြင်း ကဏ္ဍ၏ ကြောက်မက်ဖွယ် အကောင်းဆုံး... အချက်ပင် ဖြစ်သည်။
ယာယီပေါင်းစည်းခြင်းအပြင် ပေါင်းစည်းခြင်းကဏ္ဍတွင်... 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း'၏ အဆုံးစွန် နည်းလမ်းကိုလည်း... မှတ်တမ်းတင်ထား၏။
၎င်းမှာ မူလခန္ဓာ အပါအဝင် ခန္ဓာသုံးခုလုံးကို တစ်ခုတည်းအဖြစ် လုံးဝပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။
ပေါင်းစည်းပြီးနောက်... ခန္ဓာသုံးခုလုံးမှာ တစ်ခုတည်း ဖြစ်သွားပြီး... တိုက်ခိုက်စွမ်းရည်နှင့် ကျင့်ကြံမှုအဆင့်တို့လည်း... ပြီးပြည့်စုံစွာ ပေါင်းစပ်သွားမည် ဖြစ်သည်။
သို့သော် လုံးဝပေါင်းစည်းပြီးပါက... ကိုယ်ပွားဖန်တီးနိုင်စွမ်း ရှိတော့မည် မဟုတ်သဖြင့်... ဤနည်းလမ်းကို ရွေးချယ်ရာတွင်... အလွန်သတိထားရပေမည်။ ဤသည်မှာ... 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ၏... နောက်ဆုံး အခန်းကဏ္ဍ ဖြစ်သည်။
ပေါင်းစည်းခြင်း ကဏ္ဍကို အပြည့်အဝ နားလည်သဘောပေါက်ပြီးနောက် ကုချန်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။
သို့သော် သူမျက်လုံး ပြန်ဖွင့်လိုက်သောအခါ... ရှေးကတည်းက တည်ရှိခဲ့ပုံရသော ရှေးဟောင်းကျောက်တိုင်ကြီးမှာ... မည်သည့်အချိန်တွင် ပျောက်ကွယ်သွားမှန်း မသိဘဲ... ခြေရာလက်ရာမကျန် ပျောက်ဆုံးနေပြီ ဖြစ်သည်။
ဤ ဟွမ်သွမ့်နယ်မြေသည် နေရာရွှေ့ပြောင်းသွားခဲ့ပြန်ပြီ။
" ဒီကျောက်တိုင်ကြီးကို ဘယ်သူ ထားခဲ့တာပါလိမ့် "
ကုချန်သည် သက်ပြင်းချလိုက်မိ၏။
တောက်ပသော လက်ဖဝါးဖြူကြီး၏ အနှစ်သာရကို ထွင်းထုရန်မှာ... လူသားတစ်ဦးအတွက် မဖြစ်နိုင်သလောက် ဖြစ်သောကြောင့်... ဤအရာသည် ဟွမ်သွမ့်ပင်လယ်မှသာ ဖြစ်လိမ့်မည်ဟု... သူပိုယုံကြည်သည်။
ထိုလက်ဖဝါးဖြူတွင် ပါဝင်သော 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း'၊ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' နှင့် အခြားအရာအားလုံးကို ဖွဲ့စည်းတည်ဆောက်နိုင်မှသာ ၎င်း၏အနှစ်သာရကို ထွင်းထုနိုင်မည် ဖြစ်သည်။
ကျောက်တိုင်ပျောက်ကွယ်သွားသည်နှင့်... ကုချန်သည် သူ၏လက်ဖဝါးထဲမှ လျှို့ဝှက်ဆန်းကြယ်သော သံလိုက်အိမ်မြှောင်ကို... ကြည့်လိုက်မိ၏။
အဆက်မပြတ် လည်ပတ်နေသော နဂါးပုံသဏ္ဍာန် လက်တံသည်... ယခုအခါ ထာဝရ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားသကဲ့သို့... အနည်းငယ်မျှပင် မလှုပ်ရှားတော့သည်ကို တွေ့လိုက်ရသည်။
သံလိုက်အိမ်မြှောင်တစ်ခုလုံးသည်... ၎င်း၏ ဝိညာဉ်စွမ်းအင်များ လုံးဝဆုံးရှုံးသွားပုံရပြီး... သံလိုက်အိမ်မြှောင်ပေါ်တွင် အောက်ခြေမမြင်ရသော အက်ကွဲကြောင်းတစ်ခုကိုပင်... ဝိုးတဝါး မြင်တွေ့နေရသည်။
ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သံလိုက်အိမ်မြှောင်က တစ်ကြိမ်ပဲ သုံးလို့ရတာလား။
ဤသည်ကိုမြင်သည့်အခါ ကုချန်၏စိတ်ထဲတွင် အဖြေပေါ်သွားလေ၏။
သူ၏အင်အား ပိုမိုကြီးမားလာသောအခါ... ဤသံလိုက်အိမ်မြှောင်ကို အားကိုးပြီး ကျောက်တိုင်ကို ပြန်ရှာကာ... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း'၏ နောက်ဆက်တွဲ အကြောင်းအရာများကို... ဆက်လက်လေ့လာရန် သူယခင်က တွေးခဲ့ဖူးသည်။
သို့သော်... ယခု သံလိုက်အိမ်မြှောင် ပျက်စီးသွားပြီ ဖြစ်သဖြင့်... ဤလမ်းကြောင်းမှာ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းပြီးနောက် ကုချန်သည် ခေတ္တမျှ စဉ်းစားပြီး ခရီးဆက်ခဲ့သည်။
သို့သော်... ယခုတစ်ကြိမ် သူဦးတည်သွားနေသော နေရာမှာ... နတ်ဆိုးနယ်မြေ မဟုတ်ဘဲ... အဆုံးမဲ့ကမ္ဘာ ဖြစ်သည်။
ဟွမ်သွမ့်ပင်လယ် ခရီးစဉ်မှ... သူအကျိုးအမြတ်များစွာ ရရှိခဲ့ပြီး... နတ်ဆိုးနယ်မြေသို့ မဝင်ရောက်မီ... ဤအရာများကို သေချာစွာ စီမံခန့်ခွဲရပေမည်။
'သက်တမ်းရှည်နန်းတော်' ကို ချေမှုန်းရာမှ ရရှိခဲ့သော... 'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' နှင့် 'အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်' ကဲ့သို့သော အရာများကို... အထက်ဘုံရှိ ပင်မစခန်းတွင် ထားရှိခဲ့ပြီး... မူလခန္ဓာမှ စောင့်ကြပ်ရမည် ဖြစ်သည်။
နတ်ဆိုးနယ်မြေသို့ သွားရောက်မည့် ပထမခန္ဓာအတွက်မူ... စနစ်မှရရှိသည့် ဒုတိယ ဝှက်ဖဲဖြစ်သော "ကံတရားပြောင်းပြန်လှန် အမွှေးတိုင်" သာ ပါရှိလျှင်... လုံလောက်ပေသည်။