← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 20 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 20 Ch. 269-270

‎အခန်း ( ၂၆၉ ) - အဆင့်တက်ခြင်းစတင်ပြီ၊ နတ်ဆိုးမီးတောက်များ သောင်းကျန်းခြင်း၊ ရှီမိုနတ်ဆိုးအရှင်

‎

‎

‎

‎နတ်ဆိုးနယ်မြေ အတွင်းသို့... ခြေချလိုက်သည်နှင့်တစ်ပြိုင်နက်... ကုချန်သည် ကြီးမြတ်သော နတ်ဆိုးနယ်မြေ၏ ကောင်းကင်တာအိုကို... ချက်ချင်း ခံစားလိုက်ရသည်။

‎

‎

‎ထို့အပြင်... ကြီးမားသော အလိုဆန္ဒတစ်ခုသည် ကောင်းကင်ယံမှ သက်ဆင်းလာကာ... သူ့အား 'စောင့်ကြည့်' နေသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎ထိုအရာသည်... သက်ရှိတစ်ဦးမဟုတ်ဘဲ နတ်ဆိုးနယ်မြေ၏... ကောင်းကင်နှင့်မြေကြီး အလိုဆန္ဒတော်သာ ဖြစ်သည်။ ကုချန်သည်... နတ်ဆိုးနယ်မြေမှ ဟုတ်မဟုတ်... စမ်းသပ်နေခြင်းဖြစ်သည်။

‎

‎

‎အကယ်၍... သူသာ နတ်ဆိုးနယ်မြေမှ မဟုတ်ပါက... ထိုအလိုဆန္ဒတော်၏ ဖိနှိပ်မှုကို ခံရမည်ဖြစ်သည်။ နတ်ဆိုးနယ်မြေ၏ အင်မော်တယ်ဘုရင်နှင့် ညီမျှသော... စစ်မှန်သည့် အင်မော်တယ်တစ်ပါးဖြစ်လျှင်ပင် ဤဖိနှိပ်မှုအောက်၌... အရှင်အဆင့်အောက်သို့ ချက်ချင်း ကျဆင်းသွားပေလိမ့်မည်။

‎

‎

‎သို့သော်... ထိုကြီးမားသော အလိုဆန္ဒတော်သည်... ကုချန်၏ခန္ဓာကိုယ်ပေါ်တွင် အကြိမ်အနည်းငယ် ဖြတ်သန်းသွားပြီးနောက်... တိတ်ဆိတ်စွာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

‎

‎

‎အကြောင်းမှာ... ကုချန်၏ခန္ဓာကိုယ်သည် နတ်ဆိုးနယ်မြေ၏ ချီဓာတ်များ စွဲကပ်ခြင်း မရှိသေးသော်လည်း... အခြားကမ္ဘာမှ ချီဓာတ်များနှင့်လည်း ကင်းစင်နေသောကြောင့်ပင်။ ထို့ကြောင့်... နတ်ဆိုးနယ်မြေ၏ ကောင်းကင်တာအိုမှ သူ့အား 'မိမိလူ' ဟု မှတ်ယူကာ... မည်သည့် ဖိနှိပ်မှုကိုမျှ မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကုချန်၏အခြေအနေကို နတ်ဆိုးနယ်မြေ၏ အလိုဆန္ဒတော်ကပင် ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။ ဤသည်မှာ အဆုံးမဲ့ကမ္ဘာများအတွင်း တစ်မူထူးခြားသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

‎

‎

‎စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်ပြီးနောက်... ကုချန်သည် ကျေနပ်စွာ ပြုံးလိုက်၏။ အရာအားလုံးသည်... သူမျှော်လင့်ထားသည့်အတိုင်းပင်။ သူ၏လက်ရှိရုပ်ခန္ဓာသည်... ကမ္ဘာနှစ်ခုကြားရှိ နယ်စပ်ကို... အခက်အခဲမရှိ ဖြတ်ကျော်နိုင်ရုံသာမက... နတ်ဆိုးနယ်မြေတွင်လည်း ဒေသခံတစ်ဦးကဲ့သို့ လွတ်လပ်စွာ နေနိုင်ပေသည်။

‎

‎

‎နယ်ခြားတဖက်တွင် တပ်စွဲထားဆဲဖြစ်သော... သန်းနှင့်ချီသည့် နတ်ဆိုးစစ်တပ်ကြီးကို တစ်ချက်ကြည့်လိုက်သော်လည်း... ကုချန်သည် ထိုပုရွက်ဆိတ်များကို တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။ ထို့အစား... သူသည် သူ၏ချီအရှိန်အဝါကို ဖုံးကွယ်ကာ... တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့လိုက်၏။

‎

‎

‎ယခင်ကသာဆိုလျှင်... နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ခွင့်ရသည်နှင့် ကုချန်သည်... သတ်ဖြတ်ပွဲ ကျင်းပမည်မှာ အသေအချာပင်။ အဆုံးမဲ့ကမ္ဘာ ရှိ... သက်ရှိများကို ကာကွယ်ရန်နှင့် ဖိအားလျော့ပါးစေရန်... နတ်ဆိုးအရှင်များမှစ၍ စစ်သည်များအဆုံး... အားလုံးကို သတ်ဖြတ်ပစ်မည် ဖြစ်သည်။

‎

‎

‎သို့သော်... ယခုအခါတွင် ကုချန်သည် ဤနတ်ဆိုးများကို တိုက်ခိုက်ရန်... စိတ်ဝင်စားမှု မရှိတော့ချေ။ အကယ်၍... သူသာ သတ်ဖြတ်လိုက်လျှင်... အနာဂတ်တွင် အဆုံးမဲ့ကမ္ဘာကို... မည်သူက လာရောက်ကျူးကျော်တော့မည်နည်း။

‎

‎

‎အကယ်၍ လှုပ်ရှားရမည်ဆိုလျှင်... သူပစ်မှတ်ထားမည့်သူမှာ သူ့ကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ဖူးသည့်... ရွှမ်ယိုနန်းတော်မှ ဟန်ယိုထျန်းကျွင်းသာ ဖြစ်လိမ့်မည်။ ဤပုရွက်ဆိတ်များကိုမူ သူစိတ်မဝင်စားပေ။

‎

‎

‎ယခု... သူ၏အဓိကဦးစားပေးမှာ လူသူကင်းမဲ့သော နေရာတစ်ခုကို အမြန်ရှာဖွေပြီး... လက်ရှိအဆင့်ကို ချိုးဖျက်ရန် ကြိုးစားဖို့ပင် ဖြစ်သည်။

‎

‎

‎နတ်ဆိုးနယ်မြေ ကောင်းကင်တာအို၏ လွှမ်းမိုးမှုအောက်တွင်... သူ၏အသွေးအသားတိုင်းနှင့် ဝိညာဉ်ကအစ ပျော်ရွှင်စွာ အော်ဟစ်နေကြပြီး... အဆင့်တက်ရန် ဆန္ဒပြင်းပြနေသည်ကို သူခံစားနေရသည်။

‎

‎

‎ကုချန်၏ နတ်ဘုရားအာရုံသည် ချက်ချင်းပင် ပျံ့နှံ့သွားကာ... ရွှမ်ယွမ်နတ်ဆိုးနယ်မြေ အတွင်းပိုင်းရှိ မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော... လူသူမဲ့ဒေသတစ်ခုကို ရှာ‌ဖွေလိုက်၏။ ထို့နောက် တိတ်ဆိတ်စွာပင် ထိုနေရာသို့ ဦးတည်လိုက်လေသည်။

‎

‎

‎ကျောက်တုံးကျောက်ဆောင်များသာ ရှိသော လူသူမဲ့မြေရိုင်းပေါ်တွင်... ကုချန်သည် မျက်လုံးများကို အနည်းငယ်မှိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး... ဤကမ္ဘာ၏ အဆုံးမဲ့တာအို များကို တိတ်ဆိတ်စွာ ဆင်ခြင်သုံးသပ်နေလိုက်သည်။

‎

‎

‎သိသာထင်ရှားသည်မှာ နတ်ဆိုးနယ်မြေ၏ အဆုံးမဲ့တာအို အနှစ်သာရသည် အဆုံးမဲ့ကမ္ဘာ၏ တာအိုများနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် မြင့်မားနေခြင်းပင်။

‎

‎

‎ယခုသူလုပ်ဆောင်ရမည်မှာ... သူ၏ ကိုယ်ပိုင်တာအိုကို အသုံးပြု၍ နတ်ဆိုးနယ်မြေ၏ ကောင်းကင်မြေကြီးနှင့် ဆက်သွယ်ကာ... ကြီးမားလှသော နတ်ဆိုးနယ်မြေ အဆုံးမဲ့တာအိုများကြားတွင် သူ၏တာအိုကို အပ်နှံပြီး... အဆင့်ချိုးဖျက်မှုနှင့် ဘဝအဆင့်အတန်း မြင့်တက်မှုကို ရယူရန်ဖြစ်သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏... ကောင်းကင်တာအို အနှစ်သာရမှာ မလုံလောက်ဘဲ အဆင့်နိမ့်နေသဖြင့်... ကုချန်၏တာအိုကို လက်ခံနိုင်စွမ်းမရှိသလို ဤကဲ့သို့သော အဆင့်မြှင့်တင်မှုကိုလည်း... မလုပ်ဆောင်ပေးနိုင်ခဲ့ချေ။

‎

‎

‎သို့သော် နတ်ဆိုးနယ်မြေ၏ တာအိုမှာမူ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

‎

‎

‎ကုချန် ပြုံးလိုက်သည်... သူ၏ မျက်ဝန်းနက်များထဲတွင်... အဆုံးမဲ့တာအိုမီးဖိုကြီးသည် ပြင်းထန်စွာ တောက်လောင်လာပြီး... လေဟာနယ် ဆီသို့ ဦးတည်ကာ... ကျယ်ပြန့်သော ကောင်းကင်တာအိုနှင့် ဖြည်းညင်းစွာ ပေါင်းစည်းသွားတော့သည်။

‎

‎

‎" ဝုန်း! "

‎

‎

‎ထိုအခိုက်အတန့်တွင်... ကုချန်၏ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်သော တာအိုချည်နှောင်ခြင်း ကြိုးမျှင်များ ဖြာထွက်လာပြီး... နဂါးများကဲ့သို့ ကောင်းကင်ကိုးခုထက်သို့ တိုးဝင် ပျောက်ကွယ်သွားသည်ကို... ဝိုးတဝါး မြင်တွေ့နေရသည်။

‎

‎

‎ထို့အပြင်... ကြီးမားလှသော ကောင်းကင်နှင့်မြေကြီး စွမ်းအားများသည် ကောင်းကင်ကိုးခုထက်မှ သက်ဆင်းလာပြီး... ကုချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော တာအိုကြိုးမျှင်များနှင့် ဆက်သွယ်ကာ... ချက်ချင်းပင် တောက်လောင်နေသော တာအိုမီးတောက်များအဖြစ်... ပြောင်းလဲသွား၏။

‎

‎

‎ထိုမီးတောက်များသည် တာအိုကြိုးမျှင်များမှတစ်ဆင့် ကုချန်၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း လောင်ကျွမ်းစီးဆင်းသွားသည်။

‎

‎

‎ဤအချိန်တွင် ကုချန်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ ချည်နှောင်မှုများ ပြတ်တောက်သွားသည့်အသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎သူ့အား ချုပ်နှောင်ထားသော အဆင့်အတားအဆီး မရှိတော့ကာ... ကြာမြင့်စွာ ရပ်တန့်နေခဲ့သော သူ၏စွမ်းအားများသည်... ချက်ချင်းပင် တိုးတက်မြင့်မားလာခဲ့၏။

‎

‎

‎ဧကရာဇ်အဆင့် ချည်နှောင်မှုများ ပြတ်တောက်သွားပြီ။ ငါ ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။

‎

‎

‎ကုချန်၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

‎

‎

‎ကောင်းကင်ဧကရာဇ်အဆင့်တွင် အဆင့်ထပ်တက်ခြင်းသည် သမိုင်းတစ်လျှောက် တစ်ခါမျှ မရှိဖူးသော ဖြစ်ရပ်တစ်ခုပင်။

‎

‎

‎ပြင်းထန်စွာ တောက်လောင်နေသော... အဆုံးမဲ့တာအိုမီးတောက်များသည် ကုချန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး... သူ၏ ရုပ်ခန္ဓာနှင့် နတ်ဘုရားဝိညာဉ်ကို သန့်စင်ပေးနေသည်မှာ... ပိုးတုံးလုံးမှ လိပ်ပြာအဖြစ် ပြောင်းလဲသွားစေသကဲ့သို့ပင်။

‎

‎

‎ယခုအချိန်တွင်... သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သော နတ်ဆိုးမီးတောက်များ လောင်ကျွမ်းနေပြီး... အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေ၏။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်နှင့် အခြားသူများသာ... ယခုအချိန်တွင် ကုချန်ကို မြင်တွေ့ခဲ့လျှင်... သူ့အား ကြောက်ရွံ့သွားကြမည်ဖြစ်ပြီး နတ်ဆိုးနယ်မြေမှ... အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ဦးဟုသာ ထင်မှတ်ကြပေမည်။ ဤသူသည် ကုချန်ဖြစ်သည်ဟု မည်သို့မျှ တွေးမိကြမည် မဟုတ်ပေ။

‎

‎

‎ကုကောင်းကင်ဧကရာဇ်နှင့်... ကြောက်မက်ဖွယ် နတ်ဆိုးမီးတောက်များ... ဤအရာနှစ်ခုကို မည်သူက ဆက်စပ်တွေးတောနိုင်မည်နည်း။

‎

‎

‎.....

‎

‎

‎ကုချန် အဆင့်တက်ရန် ကြိုးပမ်းနေစဉ်.....

‎

‎

‎ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၏ အထက် ကောင်းကင်ယံတွင်.....

‎

‎

‎ကျယ်ပြန့်ပြီး ရှေးကျသော ကောင်းကင်နှင့်မြေကြီးကြားတွင်... အဆုံးမဲ့နတ်ဆိုးချီများ ပြည့်နှက်နေပြီး... အရာအားလုံးကို ဝါးမြိုထားသကဲ့သို့ ရှိနေသည်။

‎

‎

‎လှုပ်ရှားနေသော နတ်ဆိုးချီများကြားတွင်... ရွှေရောင်ဆံပင်နှင့် ရှေးဟောင်းအနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော... ခမ်းနားထည်ဝါသည့် ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်တွေ့ရသည်။ ထိုပုံရိပ်သည်... မျက်လုံးများကို မှိတ်ထားကာ ရွှံ့ရုပ်တုတစ်ခုကဲ့သို့... မလှုပ်မယှက် ရှိနေ၏။

‎

‎

‎ထိုပုံရိပ်၏ ဘေးပတ်လည်ရှိ လေဟာနယ်သည် အက်ကွဲနေပြီး... နတ်ဘုရားများနှင့် နတ်ဆိုးသုံးထောင်၏ ငိုကြွေးသံ၊ ရွတ်ဆိုသံများကို သဲ့သဲ့ကြားနေရသဖြင့်... အလွန်ထူးဆန်းကာ ကျောချမ်းဖွယ်ကောင်းလှသည်။

‎

‎

‎အကယ်၍... ရွှမ်ယိုနန်းတော်မှ ဟန်ယိုထျန်းကျွင်းသာ ဤနေရာ၌ ရှိနေပြီး... ဤပုံရိပ်ကို မြင်တွေ့ခဲ့လျှင် မြေပြင်ပေါ် ဒူးထောက်ကာ... ခေါင်းပင်မော့ရဲမည် မဟုတ်ချေ။

‎

‎

‎အကြောင်းမှာ... ရှေးဟောင်းဝတ်ရုံကို ဝတ်ဆင်ထားသော ဤပုဂ္ဂိုလ်သည်... ကျယ်ပြန့်သော နတ်ဆိုးနယ်မြေ ရာပေါင်းများစွာကို အုပ်စိုးသည့်... အထွတ်အထိပ် အင်မော်တယ်ဘုရင်... ရှီမိုကောင်းကင်အရှင်ပင် ဖြစ်သောကြောင့်တည်း။

‎

‎

‎ရွှမ်ယွမ်နတ်ဆိုးနယ်မြေသည် သူပိုင်ဆိုင်သော အားနည်းသည့် နယ်မြေများထဲမှ တစ်ခုသာ ဖြစ်သည်။

‎

‎

‎ရွှမ်ယွမ်နတ်ဆိုးနယ်မြေတွင်... မြင့်မားသောနေရာ၌ ရှိနေသည့် ဟန်ယိုထျန်းကျွင်းပင်လျှင်... အခြားနတ်ဆိုးနယ်မြေများမှ အစွမ်းထက်ပုဂ္ဂိုလ်များ စုပေါင်းဂါရဝပြုကြသည့်... ရှီမိုကောင်းကင်အရှင်ကို အဝေးမှသာ ဖူးမြော်ခွင့်ရခဲ့ဖူးပြီး... အနားသို့ ကပ်ခွင့်ပင် မရှိခဲ့ချေ။

‎

‎

‎ဤရှီမိုကောင်းကင်အရှင်သည် နှစ်ပေါင်းများစွာ ကြာမြင့်အောင် တိတ်ဆိတ်စွာ အနားယူနေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ရုတ်တရက်... ရှီမိုကောင်းကင်အရှင်သည် အကြောင်းရင်းတစ်စုံတစ်ရာရှိသကဲ့သို့... ခေါင်းကို ဆက်ကနဲ မော့လိုက်၏။ ပိတ်ထားသော မျက်လုံးများ ပွင့်လာပြီး... အရာအားလုံးကို ဆုတ်ဖြဲနိုင်သော စူးရှသည့် အကြည့်နှစ်ခုသည်... အဆုံးမဲ့နတ်ဆိုးချီများကို ဖြတ်သန်းကာ... အောက်ဘက်ရှိ ကျယ်ပြောလှသော နတ်ဆိုးနယ်မြေဆီသို့... ထိုးဖောက်သွားလေတော့သည်။

‎

‎အခန်း ( ၂၇၀ ) - ရှီမိုနတ်ဆိုးအရှင်၏ သံသယ၊ အောင်မြင်စွာ အဆင့်တက်ခြင်း၊ အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်စွမ်း

‎

‎

‎

‎" ဒီအရှိန်အဝါက... "

‎

‎

‎သတ္တုချင်းပွတ်တိုက်သံကဲ့သို့ စူးရှသောအသံသည် ကျယ်ပြန့်သော ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွား၏။

‎

‎

‎ရှီမိုကောင်းကင်အရှင်၏ မျက်လုံးများထဲတွင်... ကမ္ဘာလောက ဖန်တီးခြင်းနှင့် နယ်ပယ်အသီးသီး ပျက်စီးခြင်းတို့၏... ကြောက်မက်ဖွယ်ရာ ပုံရိပ်များ လှည့်ပတ်နေသည်ကို ဝိုးတဝါး မြင်တွေ့နေရသည်။

‎

‎

‎ထိုအခါ သူ၏မျက်နှာပေါ်တွင် လေးနက်မှုနှင့် အံ့သြမှု အရိပ်အယောင်များ ပေါ်ထွက်လာ၏။

‎

‎

‎အကယ်၍ ရှီမိုကောင်းကင်ဘုံမှ နတ်ဆိုးအရှင်များသာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့လျှင် အလွန်အမင်း တုန်လှုပ်သွားကြပေလိမ့်မည်။

‎

‎

‎ဤပုဂ္ဂိုလ်ကား နတ်ဆိုးနယ်မြေ၏ အထွတ်အထိပ် တည်ရှိမှုများထဲမှ တစ်ပါးဖြစ်သော ကြီးမြတ်လှသည့် ရှီမိုကောင်းကင်အရှင် ဖြစ်ပေသည်။

‎

‎

‎ဤလောကတွင် မည်သည့်အရာက ကြီးမြတ်သော ရှီမိုကောင်းကင်အရှင်အား လေးနက်သွားစေနိုင်သနည်း။

‎

‎

‎" ချီရှောင် သေဆုံးသွားပြီးတာတောင် အခု နောက်ထပ်တစ်ယောက် ထပ်ပေါ်လာပြန်ပြီလား... ငါ့ရဲ့ ရှီမိုကောင်းကင်ဘုံက ဘာလို့ ဒီလောက်တောင် ဂဏှာမငြိမ် ဖြစ်နေရတာလဲ "

‎

‎

‎ရှီမိုကောင်းကင်အရှင်၏ မျက်နှာထားမှာ အနည်းငယ် မဲမှောင်နေသည်။

‎

‎

‎ရှီမိုကောင်းကင်ဘုံအောက်ရှိ... ကျယ်ပြန့်သော နတ်ဆိုးနယ်မြေအတွင်းမှ နတ်ဆိုးတစ်ကောင်သည်... အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်ကို ဝင်ရောက်ရန် ဝင်ရောက်စီးနင်းတိုက်ခိုက်နေသည်ကို... သူအာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

‎

‎

‎ဘယ်သူက အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာလဲ။

‎

‎

‎ချီရှောင်သည်တော့ သေဆုံးသွားခဲ့ပြီဖြစ်၏။ ကျန်သည့် နတ်ဆိုးအရှင်များကို သူကောင်းကောင်းသိသည်။ သူတို့ထဲတွင် ယခုအချိန်၌ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်စွမ်းရှိသူ တစ်ဦးမျှမရှိပေ။

‎

‎

‎အခြား နတ်ဆိုးကောင်းကင်ဘုံများမှ ပုဂ္ဂိုလ်များ ဖြစ်နေမည်လော။

‎

‎

‎ရှီမိုကောင်းကင်အရှင်၏ မျက်လုံးများမှာ တောက်ပလာပြီး... သူ၏နတ်ဘုရားအာရုံကို ချက်ချင်း စေလွှတ်ကာ... ကျယ်ပြန့်သော နတ်ဆိုးနယ်မြေများအတွင်း ထိုးဖောက်ဝင်ရောက်၍... အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသော... ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်ကို ရှာဖွေလိုက်သည်။

‎

‎

‎သို့သော်... သူ၏နတ်ဘုရားအာရုံ အပြည့်အဝ မရောက်ရှိမီမှာပင်... အင်မော်တယ်ဘုရင်အဆင့်၏ သဲ့သဲ့မျှသော အရှိန်အဝါသည်... ချက်ချင်းဆိုသလို ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့်... အံ့အားသင့်သွားရသည်။

‎

‎

‎" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

‎

‎

‎ရှီမိုကောင်းကင်အရှင်၏ မျက်နှာတွင်... ဇဝေဇဝါဖြစ်နေသော အမူအရာများ ပေါ်လာကာ... နားလည်ရန် ခက်ခဲနေပုံရသည်။

‎

‎

‎သက်ရှိတစ်ဦး အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းခြင်းသည် နေ့ချင်းညချင်း ပြီးမြောက်နိုင်သော ကိစ္စမဟုတ်ပေ။

‎

‎

‎သို့သော်... စောစောက ပေါ်ထွက်လာသော အင်မော်တယ်ဘုရင်အဆင့် အရှိန်အဝါသည်... အသက်ရှူချိန် အနည်းငယ်မျှသာ ကြာမြင့်ကာ... လုံးဝ ပျောက်ကွယ်သွား၏။ ဤသည်မှာ... အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းခြင်း၏... ပုံမှန်လုပ်ငန်းစဉ်နှင့် လုံးဝ ကွဲပြားနေလေသည်။

‎

‎

‎အဆင့်တက်ဖို့ ကြိုးစားရင်း ကျရှုံးသွားတာများလား။

‎

‎

‎ရှီမိုကောင်းကင်အရှင်သည် သံသယဖြစ်မိသော်လည်း ဤသည်မှာ အဖြစ်နိုင်ဆုံးသော ဖြေရှင်းချက်တစ်ခုပင်။

‎

‎

‎သာမန်အသိအရဆိုလျှင်... အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းရန် ရည်ရွယ်ထားပါက... သေချာပေါက် ပြည့်စုံစွာ ပြင်ဆင်ထားရမည်။ ကြိုးစားလိုက်သည်နှင့် ချက်ချင်း မည်သို့ ကျရှုံးနိုင်မည်နည်း။

‎

‎

‎ဤသည်မှာ စဉ်းစား၍ပင် မရနိုင်သော ကိစ္စဖြစ်သည်။

‎

‎

‎အတင်းအဓမ္မ အဆင့်တက်ရန် ကြိုးစားခဲ့သော ချီရှောင်ပင်လျှင် နောက်ဆုံးမကျရှုံးမီ တစ်ရက်နီးပါး ကြံ့ကြံ့ခံနိုင်ခဲ့သည် မဟုတ်ပါလော။

‎

‎

‎ဒါမှမဟုတ် ငါ့ရဲ့တုံ့ပြန်မှုကို စမ်းသပ်ဖို့ တမင်လုပ်လိုက်တာလား။

‎

‎

‎ဤအတွေးဝင်လာသောအခါ... ရှီမိုကောင်းကင်အရှင်၏ မျက်နှာထားသည် လေးနက်သွားကာ... သံသယများ ဖြစ်ပေါ်လာ၏။ ဤအရာများ မည်သည့်အတွက်ကြောင့် ဖြစ်ပျက်နေရသည်ကို သူနားမလည်နိုင် ဖြစ်နေသည်။

‎

‎

‎" တကယ့်ကို ထူးဆန်းတဲ့ ဖြစ်ရပ်ပဲ..... "

‎

‎

‎ကျယ်ပြန့်သော ကောင်းကင်နှင့်မြေကြီးတစ်လျှောက်တွင်... သံသယများနှင့် နားမလည်နိုင်ခြင်းများ ပြည့်နှက်နေသော... ရှီမိုကောင်းကင်အရှင်၏ ရှေးဟောင်းအသံကြီးသာ ပဲ့တင်ထပ်နေတော့သည်။

‎

‎

‎.........

‎

‎

‎ရွှမ်ယွမ်နတ်ဆိုးနယ်မြေ အတွင်းတွင် ဖြစ်သည်.....

‎

‎

‎ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသော... မရေမတွက်နိုင်သည့် တာအိုကြိုးမျှင်များ လောင်ကျွမ်းသွားသည်နှင့်အမျှ... ကုချန်၏ စွမ်းအားများသည် ကောင်းကင်ဧကရာဇ်အဆင့်မှ... အင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

‎

‎

‎စစ်မှန်သော အင်မော်တယ် အစောပိုင်းအဆင့်၊ စစ်မှန်သော အင်မော်တယ် အထွတ်အထိပ်၊ အင်မော်တယ်အရှင် အစောပိုင်းအဆင့်၊ အင်မော်တယ်အရှင် အထွတ်အထိပ်.....

‎

‎

‎ကုချန်၏ ကိုယ်တွင်းချီအရှိန်အဝါသည် အဆင့်များစွာကို ချက်ချင်းဆိုသလို ခုန်ကျော်တက်လှမ်းသွား၏။

‎

‎

‎ကျယ်ပြောလှသော ကောင်းကင်ဘုံများကို ကြည့်လိုက်လျှင် ဤသည်မှာ အံ့မခန်းဖွယ်ရာ စွမ်းဆောင်မှုတစ်ခုပင်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ကျင့်ကြံခြင်းအဆင့်တက်ခြင်းသည် အဆင့်တစ်ခုတက်ရန်ပင် အလွန်ခက်ခဲလှပြီး... အချိန်ကြာမြင့်စွာ ကျင့်ကြံအားထုတ်မှုနှင့် စုဆောင်းမှုများ လိုအပ်သောကြောင့်ဖြစ်သည်။

‎

‎

‎ကုချန်ကဲ့သို့ အသက်ရှူချိန်အနည်းငယ်အတွင်း အဆင့်များစွာ ခုန်ကျော်တက်လှမ်းနိုင်သော သက်ရှိမျိုး မည်သို့ ရှိနိုင်မည်နည်း။

‎

‎

‎သို့သော် ကုချန်မှာမူ တည်ငြိမ်နေဆဲပင်...သူ ဤမျှ လျင်မြန်စွာနှင့် သဘာဝလွန် အဆင့်တက်နိုင်ခြင်းမှာ... သူ၏စုဆောင်းထားရှိမှုသည် သာမန်လူများထက်... သန်းပေါင်းများစွာ ပိုမိုနက်ရှိုင်းသည်ကြောင့် ဖြစ်‌ကြောင်းကို သူသိသည်။

‎

‎

‎နောက်ဆုံးတွင် ကုချန်၏အဆင့်သည် အင်မော်တယ်အရှင် အထွတ်အထိပ်ကို ကျော်လွန်ပြီးမှသာ ရပ်တန့်သွားလေသည်။

‎

‎

‎" နောက်ဆုံးတော့ ပြီးသွားပြီ "

‎

‎

‎ကုချန်သည် မတ်တတ်ရပ်လိုက်လျက် သက်ပြင်းရှည်တစ်ချက်ချကာ သူ၏လက်ရှိအဆင့်ကို သေချာအာရုံခံကြည့်လိုက်လေသည်။

‎

‎

‎အတားအဆီးကို ချိုးဖျက်ပြီးနောက်... သူသည် ဆက်တိုက်မြင့်တက်လာခဲ့ပြီး... အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်တွင်... တည်ငြိမ်စွာ ရပ်တန့်သွား၏။

‎

‎

‎အင်မော်တယ်အရှင် အထွတ်အထိပ်ဟု ပြောလျှင် လုံးဝမမှန်ကန်သေးပေ။ အကြောင်းမှာ... သူ၏လက်ရှိအဆင့်သည် ထိုအဆင့်ထက် များစွာကျော်လွန်နေကြောင်း... ကုချန် ရှင်းလင်းစွာ ခံစားနေရသောကြောင့်ဖြစ်သည်။

‎

‎

‎တစ်ကြိမ်တည်းနှင့် အဆင့်တက်လိုက်ချိန်တွင်... အင်မော်တယ်ဘုရင်အဆင့်၏ တံခါးပေါက်ဝကို ထိတွေ့မိနေပြီဖြစ်ကာ... ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သည်။

‎

‎

‎ထို့ကြောင့် သူ၏လက်ရှိအဆင့်ကို 'အင်မော်တယ်ဘုရင်တစ်ပိုင်း' ဟု ခေါ်ဆိုခြင်းက ပိုမိုသင့်လျော်ပေလိမ့်မည်။

‎

‎

‎ထို့အပြင် ဤသည်မှာ သူ၏ အပြင်ပန်းအဆင့်သာ ဖြစ်သည်။

‎

‎

‎အမှန်တကယ်တွင်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ၏ မြှင့်တင်ပေးမှုအောက်တွင်... ကုချန်၏ တာအိုနိယာမများအပေါ် နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံမှုသည်... အင်မော်တယ်ဘုရင်တစ်ပါးနှင့် တန်းတူဖြစ်နေပြီဟု ဆိုလျှင်လည်း မမှားပေ။

‎

‎

‎" အခု ငါ့အဆင့်က အင်မော်တယ်ဘုရင်တစ်ပိုင်း ဖြစ်ပေမယ့်... 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ရယ် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' နဲ့.....

‎

‎လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားအဖုံးကနေ ရရှိခဲ့တဲ့... ဓားသိုင်းပညာရပ်တွေကို ထည့်ပေါင်းလိုက်ရင်... ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အင်မော်တယ်ဘုရင်တစ်ပါးနဲ့ ယှဉ်နိုင်လောက်တယ် "

‎

‎

‎ကုချန်သည် စိတ်ထဲတွင် တွက်ဆလိုက်၏။

‎

‎

‎အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်စမှာပင် အင်မော်တယ်ဘုရင်နှင့် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။

‎

‎

‎ဤအကြောင်းကို ပြောပြလျှင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။

‎

‎

‎အင်မော်တယ်နယ်ပယ်နှင့် နတ်ဆိုးနယ်မြေမှ အင်မော်တယ်ဘုရင်များပင်လျှင် ဤသည်ကို စိတ်ကူးယဉ်ပုံပြင်ဟုသာ ထင်ကြပေလိမ့်မည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် ယုံနိုင်စရာမရှိလောက်အောင် ဖြစ်နေသောကြောင့်တည်း။

‎

‎

‎လူသားနယ်ပယ်မှ အဆင့်တက်လာကာ တိုက်ခိုက်စွမ်းရည်မှာ အင်မော်တယ်ဘုရင်နှင့် တန်းတူဖြစ်နေသည်လော။

‎

‎

‎သို့ဆိုလျှင်... သေမတက် ကြိုးစားကျင့်ကြံနေကြရသော စစ်မှန်သော အင်မော်တယ်များနှင့်... အင်မော်တယ်အရှင်များကို ဘယ်နားသွားထားရမည်နည်း။

‎

‎

‎" အံ့ဩစရာမရှိပါဘူး... ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တွေက... အင်မော်တယ်နယ်ပယ်မှာတောင် ဒဏ္ဍာရီတွေအဖြစ် မြင့်မားတဲ့နေရာမှာ ရှိနေကြတာပဲ.....

‎

‎ငါက... ကောင်းကင်ဧကရာဇ်အဆင့်ကနေ အင်မော်တယ်နယ်ပယ်ကို တက်လှမ်းလိုက်တာဆိုတော့... အင်မော်တယ်ဘုရင်နဲ့ ယှဉ်နိုင်တာပေါ့... သာမန် ဧကရာဇ်အဆင့် ကျင့်ကြံသူတွေဆိုရင်တောင်... အင်မော်တယ်နယ်ပယ်ကို ရောက်ရင် အင်မော်တယ်အရှင်နဲ့ ယှဉ်နိုင်လောက်တယ် "

‎

‎

‎" အဲ့ဒီလို ပုဂ္ဂိုလ်တွေကို စစ်မှန်တဲ့ အင်မော်တယ်တွေက ကြောက်ရွံ့လေးစားကြတာ ပုံမှန်ပါပဲ "

‎

‎

‎ကုချန်သည် တိုးတိတ်စွာ ရေရွတ်လိုက်၏။

‎

‎

‎စင်စစ်တွင်... သူကိုယ်တိုင်ပင် အင်မော်တယ်နယ်ပယ်သို့ အဆင့်တက်လိုက်ခြင်းက... သူ၏ တိုက်ခိုက်စွမ်းရည်ကို ဤမျှအထိ တိုးတက်စေလိမ့်မည်ဟု... မမျှော်လင့်ခဲ့မိပေ။

‎

‎

‎မူလက သူ၏တိုက်ခိုက်စွမ်းရည်သည် သာမန် အင်မော်တယ်အရှင်များကိုသာ ချေမှုန်းနိုင်ခဲ့သည်။

‎

‎

‎ယခု ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖျက်ပြီးနောက်... သူ၏အဆင့်သည် အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်သေးသော်လည်း... သူ၏ စစ်မှန်သော တိုက်ခိုက်စွမ်းရည်မှာမူ... အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

‎

‎

‎အကယ်၍... သူသာ နောက်တစ်ကြိမ် အဆင့်ထပ်တက်ပြီး... အင်မော်တယ်ဘုရင်အဆင့်တွင် အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့လျှင်... သူ၏ စစ်မှန်သော တိုက်ခိုက်စွမ်းရည်သည် အင်မော်တယ်ဘုရင်အဆင့်ရှိ တည်ရှိမှုအားလုံးကို... ချေမှုန်းနိုင်မည် မဟုတ်ပါလော။

‎

‎

‎ကုချန်သည် မတွေးဘဲ မနေနိုင်တော့ပေ။

‎

‎

‎" ဝုန်း! "

‎

‎

‎အချိန်တစ်ခုအကြာတွင်... အဆုံးမဲ့ဓားသည် အလိုအလျောက် ပျံသန်းထွက်ပေါ်လာကာ... ကုချန်၏ ဘေးပတ်လည်တွင် လှည့်ပတ်နေ၏။ ဓားသွားအဖျားသည် တုန်ခါနေကာ... ကုချန် အဆင့်တက်သွားသည့်အတွက်... စိတ်လှုပ်ရှား ပျော်ရွှင်နေပုံရသည်။

‎

‎

‎မရပ်မနား ပျံသန်းနေသော အဆုံးမဲ့ဓားကို ကြည့်ရင်း ကုချန်သည် ကျေနပ်စွာ ရယ်မောလိုက်၏။

‎

‎

‎" မပူပါနဲ့ မင်းအဆင့်တက်ဖို့အတွက် ကောင်းကင်သတ္တုတွေကို ငါမကြာခင် ရှာပေးပါ့မယ် "

‎

‎

‎ယခု... ကုချန်၏ တိုက်ခိုက်စွမ်းရည်သည် အလွန်အမင်း တိုးတက်လာသဖြင့်... ယခင်က အလွန်အသုံးတည့်ခဲ့သော အဆုံးမဲ့ဓားသည်... ယခုအခါ အနည်းငယ် အားနည်းနေပြီဖြစ်သည်။

‎

‎

‎ချီလျန်မျိုးနွယ် ထံသွားရောက်ကာ... ကောင်းကင်သတ္တုများ ရယူ၍ အဆုံးမဲ့ဓားကို အဆင့်မြှင့်တင်ရန်မှာ... အရေးကြီးလာပြီဖြစ်သည်။

‎

‎

‎အဆုံးမဲ့ဓားကဲ့သို့... အဆင်ပြေသော အင်မော်တယ်လက်နက် ရှိမှသာ... ကုချန်သည် သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်စွမ်းရည်ကို... အပြည့်အဝ ထုတ်သုံးနိုင်မည် ဖြစ်သည်။

‎

‎

‎သို့သော် ချီလျန်မျိုးနွယ်ထံ မသွားရောက်မီ သူလုပ်စရာ ကိစ္စတစ်ခု ကျန်သေး၏။

‎

‎

‎ဤအကြောင်းကို တွေးမိသောအခါ ကုချန်၏ အကြည့်များသည် ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၏ အတွင်းပိုင်းသို့ ရောက်ရှိသွားလေသည်။

‎

‎

‎ထိုအကြည့်၏ ဉီးတည်ရာသည်... ရွှမ်ယိုနန်းတော် တည်ရှိရာ... နေရာပင် ဖြစ်သည်။

All Chapters