← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 20 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 20 Ch. 271-272

‎အခန်း ( ၂၇၁ ) - လွယ်ကူစွာ ဖျက်ဆီးခြင်း၊ ဟန်ယို၏အစီအစဉ်နှင့် ကျရောက်လာတော့မည့် ကပ်ဘေး

‎

‎

‎

‎ရွှမ်ယိုနန်းတော်မှ ဟန်ယိုထျန်းကျွင်းသည် သူ့အား ရန်သူအဖြစ် ဆက်လက် ဆန့်ကျင်လိုသည့် ဆန္ဒရှိနေကြောင်း ချီမုန်ထံမှ ကုချန် သတင်းရရှိထားပြီး ဖြစ်သည်။

‎

‎

‎ယခုအခါ... သူသည် နတ်ဆိုးနယ်မြေသို့ ရောက်ရှိနေပြီး ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၌ ရှိနေပြီဖြစ်ရာ... ဟန်ယိုထျန်းကျွင်း ရောက်လာမည်ကို စောင့်ဆိုင်းနေမည့်အစား... ကိုယ်တိုင်သွားရောက် ဖြေရှင်းပြီး ပြဿနာကို အမြစ်ဖြတ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

‎

‎

‎အကယ်၍... ဟန်ယိုထျန်းကျွင်းသည် အဆုံးမဲ့ကမ္ဘာကိုသာ ပစ်မှတ်ထားလိုပါက... ကုချန်အနေဖြင့် ဝမ်းမြောက်စွာ ကြည့်ရှုနေမည်ဖြစ်ပြီး... တားဆီးရန် အစီအစဉ်မရှိပေ။

‎

‎

‎သို့သော် တစ်ဖက်လူ၏ ပစ်မှတ်မှာ သူကိုယ်တိုင် ဖြစ်နေသဖြင့် ကုချန်သည် သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ချေ။

‎

‎

‎" ရွှမ်ယိုနန်းတော်..... "

‎

‎

‎ကုချန်သည် တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎ဧကရာဇ်ဂိတ်ကို နှစ်ပေါင်းကိုးသောင်းကြာ စောင့်ကြပ်စဉ်အတွင်း... သူနှင့် ရန်ဘက်ပြုခဲ့သော သူများအားလုံးသည် ရွှမ်ယိုနန်းတော်၏ အမိန့်ပေးမှုအောက်ရှိ... နတ်ဆိုးအရှင်များဖြစ်ကြောင်း သူ ယခု နားလည်သွားပြီဖြစ်သည်။

‎

‎

‎ဟန်ယိုထျန်းကျွင်းသည် ရွှမ်ယိုနန်းတော်အတွင်း မြင့်မားသော ရာထူးကို ရယူထားပြီး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

‎

‎

‎အတိတ်က ကုချန်၏မျက်လုံးထဲတွင် ရွှမ်ယိုနန်းတော်သည် ဧရာမ တည်ရှိမှုကြီး တစ်ခုဖြစ်သည်။

‎

‎

‎သို့သော်... လက်ရှိ ကုချန်၏အမြင်တွင်မူ ရွှမ်ယိုနန်းတော်ဆိုသည်မှာ သက်တမ်းရှည်နန်းတော် နှင့်ပင် နှိုင်းယှဉ်၍မရဘဲ... လွယ်ကူစွာ ချေမှုန်းနိုင်သော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

‎

‎

‎သက်တမ်းရှည်နန်းတော်ကို ဖျက်ဆီးစဉ်က ကုချန်သည် အင်မော်တယ်အဆင့်သို့ မတက်လှမ်းရသေးပေ။

‎

‎

‎ယခုအခါ... သူသည် မိမိ၏ တာအိုလမ်းစဉ်ကို အောင်မြင်စွာ သက်သေပြနိုင်ခဲ့ပြီဖြစ်ရာ... ရွှမ်ယိုနန်းတော်ကို ဖျက်ဆီးခြင်းသည် ခဏတာကိစ္စမျှသာ ဖြစ်သည်။

‎

‎

‎ဤအတွေးဝင်လာသည်နှင့် ကုချန်၏စိတ်နှလုံးသည် လှုပ်ရှားသွား၏။

‎

‎

‎နောက်တစ်ခဏတွင် သူ၏ပုံရိပ်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး ရွှမ်ယိုနန်းတော်ရှေ့တွင် ပေါ်လာတော့သည်။

‎

‎

‎နတ်ဆိုးနယ်မြေသို့ ဝင်ရောက်လာကတည်းက... ရွှမ်ယိုနန်းတော်၏ တည်နေရာအတိအကျကို... သူသိရှိပြီးဖြစ်သည်။ ယခုအခါ အဆင့်ချိုးဖျက်မှု အောင်မြင်ပြီးနောက်... ကြီးမားကျယ်ပြန့်သော ရွှမ်ယွမ်နတ်ဆိုးနယ်မြေသည် မျက်တောင်တစ်ခတ်အတွင်း သွားလာနိုင်သော... နေရာတစ်ခုသာ ဖြစ်တော့သည်။

‎

‎

‎ကုချန်သည် ကောင်းကင်ကိုးခုထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး... အောက်ဘက်ရှိ ခမ်းနားထည်ဝါသည့် ရှေးဟောင်းနန်းတော်များကို... ငုံ့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင်... ကစားချင်သည့် အရိပ်အယောင်များ... ဖြတ်သန်းသွား၏။

‎

‎

‎နောက်တစ်ခဏတွင် သူသည် တည်ငြိမ်စွာပင် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရွှမ်ယိုနန်းတော်ဆီသို့ ဦးတည်လိုက်လေသည်။

‎

‎

‎...

‎

‎

‎ရွှမ်ယိုနန်းတော်၏ နက်ရှိုင်းသော အတွင်းပိုင်းတွင်.....

‎

‎

‎နက်ရှိုင်း၍ ကျယ်ပြန့်သော ရှေးဟောင်းကြယ်တာရာ ကောင်းကင်အောက်တွင်... နတ်ဆိုးမျောက်ဝံအရှင်သည် မြေပြင်ပေါ် ဒူးထောက်လျက်... တုန်လှုပ်နေ၏။ ကြယ်တာရာ ကောင်းကင်၏ နက်ရှိုင်းသော နေရာတွင်... ကြယ်များကဲ့သို့ တွဲခိုနေသည့် ကြောက်မက်ဖွယ် မျက်လုံးကြီးနှစ်လုံးကို... သူ မမော့ကြည့်ရဲပေ။

‎

‎

‎" ထျန်းကျွင်းက လက်အောက်ငယ်သားကို ခေါ်ယူတာ ဘာအမိန့်များ ရှိပါသလဲခင်ဗျာ "

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်သည် ရိုသေစွာ မေးမြန်းလိုက်၏။

‎

‎

‎ခဏအကြာတွင် ဟန်ယိုထျန်းကျွင်း၏ ခမ်းနားပြီး အေးစက်သော အသံကြီးသည် ကျယ်ပြန့်သော ကြယ်တာရာ ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်လာလေ၏။

‎

‎

‎" ဒီနေ့ မင်းကို ခေါ်လိုက်တာက ပြင်ဆင်စရာရှိလို့ပဲ.....

‎

‎ရွှမ်ချင်းထျန်းကျွင်း မကြာခင် ပြန်ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ငါက ရွှမ်ချင်းထျန်းကျွင်းနဲ့ ပူးပေါင်းပြီး အဆုံးမဲ့ကမ္ဘာကို ကျူးကျော်တိုက်ခိုက်မယ်... သူတို့ရဲ့ ကမ္ဘာကို အမြစ်ဖြတ် ဖျက်ဆီးပစ်မယ်... တစ်ချိန်တည်းမှာပဲ ကုချန်ကို သတ်ပစ်မယ်.....

‎

‎မင်းက မင်းရဲ့ နတ်ဆိုးစစ်သည်တွေနဲ့ နတ်ဆိုးမျိုးနွယ်တွေကို ကောင်းကောင်း လေ့ကျင့်ပေးထားပါ... ပြီးရင် ငါတို့နဲ့အတူ စစ်ချီတက်ပြီး ကုချန်ရဲ့ သေဆုံးခန်းကို မင်းကိုယ်တိုင် မျက်မြင်တွေ့ရစေရမယ် "

‎

‎

‎ဘာ.....

‎

‎

‎ရွှမ်ချင်းထျန်းကျွင်း ပြန်လာတော့မယ်။ ပြီးတော့ ဟန်ယိုထျန်းကျွင်းက ရွှမ်ချင်းထျန်းကျွင်းနဲ့ ပူးပေါင်းပြီး အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ပြီးတော့ ကုကောင်းကင်ဧကရာဇ်ကို ဖျက်ဆီးမလို့တဲ့လား။

‎

‎

‎ဟန်ယိုထျန်းကျွင်း၏အသံကို ကြားလိုက်ရသောအခါ နတ်ဆိုးမျောက်ဝံအရှင်၏ နှလုံးသားသည် မထိန်းချုပ်နိုင်စွာ တုန်လှုပ်သွား၏။

‎

‎

‎ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကာလအတွင်း ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၌ အကြီးမားဆုံးသော ဖြစ်ရပ်ကြီးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

‎

‎

‎အတိတ်ကာလတွင် ရွှမ်ယွမ်နတ်ဆိုးနယ်မြေသည် ကမ္ဘာအသီးသီးကို ချေမှုန်းရာတွင် နတ်ဆိုးအရှင်များကိုသာ အများဆုံး စေလွှတ်လေ့ရှိသည်။

‎

‎

‎ရွှမ်ယိုနန်းတော်အတွင်းရှိ ထျန်းကျွင်းများသည် သာမန်အားဖြင့် ငြိမ်သက်နေလေ့ရှိပြီး ကိုယ်တိုင်ဦးစီးကာ စစ်ချီတက်လေ့ မရှိပေ။

‎

‎

‎ရွှမ်ယိုနန်းတော်၏ ပထမနှင့် ဒုတိယ ကွပ်ကဲသူများဖြစ်ကြသော ရွှမ်ချင်းထျန်းကျွင်းနှင့် ဟန်ယိုထျန်းကျွင်းတို့သည် ကိုယ်တိုင်လှုပ်ရှားရန် ပို၍ပင် ရှားပါးလှသည်။

‎

‎

‎မကြာသေးမီက... ရွှမ်ချင်းထျန်းကျွင်း ကိုယ်တိုင်ဦးစီးပြီး ထျန်းကျွင်းအဆင့်များ စောင့်ကြပ်နေသည့် ကမ္ဘာကြီးတစ်ခုကို... နတ်ဆိုးစစ်သည်များဖြင့် သွားရောက်ချေမှုန်းခဲ့ခြင်းသည်ပင်... နှစ်ပေါင်းသောင်းချီအတွင်း ရှားပါးသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ခဲ့သည်။

‎

‎

‎သို့သော်... ယခု ဟန်ယိုထျန်းကျွင်းက ရွှမ်ချင်းထျန်းကျွင်းနှင့်အတူ... အဆုံးမဲ့ကမ္ဘာကို ချေမှုန်းရန် ထွက်ခွာမည်ဟု ပြောဆိုနေ၏။

‎

‎

‎နတ်ဆိုးစစ်သည် သန်းပေါင်းများစွာကို ဦးဆောင်ပြီး... အဆုံးမဲ့ကမ္ဘာသို့ ဝင်ရောက်ခဲ့ဖူးသော နတ်ဆိုးအရှင်တစ်ပါးအနေဖြင့်... အဆုံးမဲ့ကမ္ဘာသည် ဤမျှ ခမ်းနားထည်ဝါသော စစ်အင်အားနှင့် မထိုက်တန်ကြောင်း... နတ်ဆိုးမျောက်ဝံအရှင် ကောင်းကောင်းသိသည်။

‎

‎

‎အများဆုံးအနေဖြင့် ရွှမ်ယိုနန်းတော်မှ ထျန်းကျွင်းတစ်ပါး စေလွှတ်လိုက်ခြင်းကပင် အဆုံးမဲ့ကမ္ဘာကို များစွာ အထင်ကြီးလေးစားရာ ရောက်နေပြီဖြစ်သည်။

‎

‎

‎ယခု ရွှမ်ချင်းထျန်းကျွင်းနှင့် ဟန်ယိုထျန်းကျွင်း နှစ်ပါးစလုံး လှုပ်ရှားမည်ဆိုလျှင် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။ ဤထျန်းကျွင်းနှစ်ပါးစလုံးသည် ကုကောင်းကင်ဧကရာဇ်ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။

‎

‎

‎ကုကောင်းကင်ဧကရာဇ်တစ်ဦးတည်းသာလျှင် ရွှမ်ယိုနန်းတော်၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်သုံးရန် ထိုက်တန်ပေသည်။

‎

‎

‎သို့သော်.....

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်သည် သက်ပြင်းချမိရင်း ဟန်ယိုထျန်းကျွင်းကို သတိပေးသင့်မသင့် တွန့်ဆုတ်နေမိသည်။

‎

‎

‎ကုချန်၏အနေအထားကို ကြည့်ရသည်မှာ အဆုံးမဲ့ကမ္ဘာကို ကာကွယ်ရန် ဆန္ဒမရှိတော့ပုံရသည်။

‎

‎

‎ထိုသို့ဆိုလျှင် သူ့ကို ရန်စပြီး ပစ်မှတ်ထားနေရန် လိုအပ်သေးသလော။

‎

‎

‎ညီနောင်ချီလျန်မှ လက်နက်ချဖို့ စည်းရုံးရာတွင် မအောင်မြင်ခဲ့လျှင်တောင် သူ့ကို ဘေးဖယ်ထားပြီး လစ်လျူရှုကာ အဆုံးမဲ့ကမ္ဘာကိုသာ ဖျက်ဆီးလိုက်လျှင် လုံလောက်ပြီ မဟုတ်ပါလော။

‎

‎

‎အဘယ်ကြောင့် ကုကောင်းကင်ဧကရာဇ်ကို မဖြစ်မနေ ပစ်မှတ်ထားနေရသနည်း။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်၏ စိတ်ထဲတွင် သိမ်မွေ့သော စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားလိုက်ရသည်။

‎

‎

‎အကြောင်းမှာ... ကုကောင်းကင်ဧကရာဇ်၏ လက်ရှိတိုက်ခိုက်စွမ်းရည်သည် တကယ်ကို ခန့်မှန်းရခက်ခဲပြီး... အချိန်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် စွမ်းအားကြီးလာပြီကို... ပြောပြရန် ခက်ခဲသောကြောင့်ဖြစ်သည်။

‎

‎

‎သို့သော် ဤတစ်ကြိမ်တွင် ရွှမ်ချင်းထျန်းကျွင်းက ဟန်ယိုထျန်းကျွင်းနှင့် ပူးပေါင်းတိုက်ခိုက်မည်ဖြစ်သည်။

‎

‎

‎နှစ်ပေါင်းသောင်းချီကာလအတွင်း ထျန်းကျွင်းနှစ်ပါး အတူတကွ လှုပ်ရှားပြီး ကျရှုံးဖူးသည်ဟူ၍ မရှိခဲ့ပေ။

‎

‎

‎ကုကောင်းကင်ဧကရာဇ်၏ ဒဏ္ဍာရီသည် ဤနေရာ၌ပင် အမှန်တကယ် အဆုံးသတ်သွားနိုင်ပေသည်။

‎

‎

‎ကြယ်တာရာ ကောင်းကင်ထက်ရှိ ဟန်ယိုထျန်းကျွင်း၏ ကြီးမားသော မျက်လုံးနှစ်လုံးသည် အေးစက်မှုများ ပြည့်နှက်နေသည်။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်၏ စိတ်ထဲမှ ရှုပ်ထွေးသော အတွေးများကို သူသတိမထားမိပေ။

‎

‎

‎ရွှမ်ချင်းထျန်းကျွင်း ပြန်လာပြီးနောက်... ကုချန်ကို သတ်ဖြတ်ရန် အတူတကွ စစ်ချီခြင်းသည်... ဟန်ယိုထျန်းကျွင်း ကြိုတင်စီစဉ်ထားပြီးသော မဟာဗျူဟာတစ်ခု ဖြစ်သည်။

‎

‎

‎ဤသည်မှာ ကပ်ဘေးစကြာဝဠာကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည့် ကုချန်အပေါ်ထားရှိသော ဟန်ယိုထျန်းကျွင်း၏ 'လေးစားမှု' လည်း ဖြစ်သည်။

‎

‎

‎ရွှမ်ယိုနန်းတော်၏ သခင်နှင့် ဒုတိယသခင်တို့ ပူးပေါင်းလှုပ်ရှားမှတော့ ကုချန် သေဆုံးသွားလျှင်တောင် ထိုက်တန်စွာ သေဆုံးရခြင်း ဖြစ်ပေလိမ့်မည်။

‎

‎

‎ဟန်ယိုထျန်းကျွင်းမှ ကုချန်အား ပစ်မှတ်ထားရသည့် အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။

‎

‎

‎အကြောင်းမှာ... နယ်မြေနှစ်ခုကြားရှိ နယ်ခြားစွမ်းအား မလျော့နည်းမီက... ကုချန်သည် ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၏ နယ်စပ်ကို နှစ်ပေါင်းကိုးသောင်းကြာ စောင့်ကြပ်ခဲ့ကာ... နတ်ဆိုးစစ်သည်များ၏ စိတ်နှလုံးထဲတွင် ကုချန်အပေါ်... အဆုံးမဲ့ ကြောက်ရွံ့ရိုသေမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့်ဖြစ်သည်။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်ကဲ့သို့သော နတ်ဆိုးအရှင်များအတွက်ပင် ဤအချက်မှာ မှန်ကန်နေသည်။

‎

‎

‎ဤသည်မှာ ရွှမ်ယိုနန်းတော်တစ်ခုလုံးအတွက် အလွန်အမင်း အရှက်ရစေသော ကိစ္စတစ်ခု ဖြစ်သည်။

‎

‎

‎ယခုတစ်ကြိမ်တွင်... မိုးကြိုးပစ်ချသကဲ့သို့ ပြင်းထန်သော အရှိန်အဝါဖြင့် ကုချန်ကို မဖယ်ရှားနိုင်ပါက... ရွှမ်ယိုနန်းတော်၏ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မည်နည်း။

‎

‎

‎အနာဂတ်တွင် သူတို့၏တပ်ဖွဲ့များကို မည်သို့ ဦးဆောင်မည်နည်း။ အရပ်မျက်နှာအသီးသီးကို မည်သို့ လွှမ်းမိုးကာ ရွှမ်ယိုနန်းတော်၏ ကြီးမြတ်ခမ်းနားမှုကို ပြသနိုင်တော့မည်နည်း။

‎

‎

‎အကယ်၍... ကုချန်သာ အလိုက်သိပြီး ရွှမ်ယိုနန်းတော်ထံ နာခံစွာ လက်နက်ချလိုပါက... ရွှမ်ယိုနန်းတော်၏မျက်နှာကို များစွာ အဖတ်ဆယ်ရာ ရောက်မည်ဖြစ်ပြီး... ဟန်ယိုထျန်းကျွင်းမှလည်း သူ့အား အခက်တွေ့စေမည် မဟုတ်ပေ။

‎

‎

‎သို့သော်... ယခု တစ်ဖက်လူက အလိုက်အကင်းမဲ့နေသဖြင့်... မည်သို့ပင်ဖြစ်စေ ဟန်ယိုထျန်းကျွင်းသည်... ကုချန်ကို သတ်ပစ်ရမည်သာ ဖြစ်သည်။

‎

‎

‎ဟန်ယိုထျန်းကျွင်းသည် ဤကိစ္စများကို နတ်ဆိုးမျောက်ဝံအရှင်အား ရှင်းပြနေရန် မလိုအပ်ဟု ယူဆသည်။

‎

‎

‎ရွှမ်ယိုနန်းတော်အောက်ရှိ စစ်ဗိုလ်ချုပ်တစ်ဦးအနေဖြင့် အမိန့်ကို နာခံရန်သာ လိုအပ်သည်။ ထိုမျှဆိုလျှင် လုံလောက်ပြီဖြစ်သည်။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်ကို ညွှန်ကြားပြီးနောက် ဟန်ယိုထျန်းကျွင်းသည် သူ့အား ထွက်ခွာခိုင်းရန် ပြင်လိုက်သည်။

‎

‎

‎သို့သော်... ထိုအခိုက်အတန့်တွင် အရိုးထဲထိ အေးစက်သွားစေသော အန္တရာယ်သတိပေးချက်တစ်ခုသည်... ဟန်ယိုထျန်းကျွင်း၏ စိတ်နှလုံးထဲတွင် ရုတ်တရက် ပြင်းထန်စွာ... မြင့်တက်လာတော့သည်။

‎

‎အခန်း ( ၂၇၂ ) - အလွယ်တကူ ဖိချေခံလိုက်ရခြင်း၊ သူ့လောက် မကောင်းပါဘူးဟု သက်ပြင်းချမိခြင်း၊ ပေါ့ပေါ့ပါးပါးသာ လုပ်ဆောင်ခြင်း

‎

‎

‎

‎ဤထိတ်လန့်ဖွယ် အာရုံခံစားမှုသည် မည်သည့်အရင်းအမြစ်မျှ မရှိသလို ကြိုတင်သတိပေးချက်လည်း မရှိချေ။

‎

‎

‎၎င်းသည်... ဟန်ယိုထျန်းကျွင်း၏ စိတ်ထဲတွင်... ရုတ်တရက် ရိုင်းစိုင်းစွာ တိုးဝင်လာလျက်... သူ့အား ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။ ကံတရားမှ သူ၏လည်ပင်းကို ညှစ်ထားသကဲ့သို့ ဖြစ်ပြီး... အသက်ရှူရန် နေရာလပ်ပင် မကျန်တော့သကဲ့သို့... ခံစားလိုက်ရသည်။

‎

‎

‎ဘာဖြစ်တာလဲ?

‎

‎

‎ဘာကြောင့် သူဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ရုတ်တရက် ခံစားလိုက်ရတာလဲ?

‎

‎

‎ဟန်ယိုထျန်းကျွင်း၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။

‎

‎

‎သူ၏ အခြေစိုက်စခန်းဖြစ်သော ရွှမ်ယိုနန်းတော် ၏ အလယ်ဗဟိုတွင် ရှိနေပါလျက်နှင့်... ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နိမိတ်ခံစားချက်မျိုး... အဘယ်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသည်ကို... သူနားမလည်နိုင်ဖြစ်နေရသည်။

‎

‎

‎တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်ရဲတာလား? ဒါပေမယ့် ဒီနေရာက ရွှမ်ယိုနတ်ဆိုးနယ်မြေရဲ့ အကာအကွယ်အရှိဆုံး ဗဟိုချက်လေ။ ဘယ်သူက ဒီလောက် သတ္တိရှိရမှာလဲ?

‎

‎

‎ဟန်ယိုထျန်းကျွင်းသည် ခေတ္တမျှ ဗျာများသွားကာ နတ်ဆိုးမျောက်ဝံအရှင်အား အမိန့်ပေးရန်ပင် မေ့လျော့သွားခဲ့သည်။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်သည် မည်သည့်အမိန့်မျှ မရရှိသည့်အတွက် သတိထားကာ ခေါင်းမော့လိုက်ပြီး ဟန်ယိုထျန်းကျွင်းအား အလိုအလျောက် ကြည့်လိုက်မိသည်။

‎

‎

‎ထိုသို့ကြည့်လိုက်သည့် တစ်ခဏ၌ပင် နတ်ဆိုးမျောက်ဝံအရှင်၏ မျက်ဆံများမှာ ချက်ချင်း ကျုံ့သွားပြီး အလန့်တကြား အော်ဟစ်လိုက်မိတော့သည်။

‎

‎

‎" ထျန်းကျွင်း... သတိထား! "

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်မှာ မည်သည့်အရာကို မြင်လိုက်ရသနည်း။

‎

‎

‎ဟွမ်သွမ့်ချီများဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးတစ်ခုသည်... ကြယ်တာရာ ကောင်းကင်ယံ၏ ထိပ်ဖျားတွင်... မည်သည့်အချိန်ကတည်းက ပေါ်လာခဲ့သည်ကို မသိရကာ... ယခုအခါ၌ ပေါ့ပေါ့ပါးပါးပင် ဆင်းသက်လာလျက်... ဟန်ယိုထျန်းကျွင်းကို ဖမ်းယူရန် လက်လှမ်းလိုက်သည်ကို သူမြင်လိုက်ရခြင်း ဖြစ်သည်။

‎

‎

‎ထိုလှုပ်ရှားမှု၏ ပေါ့ပါးမှုနှင့် အလေးအနက်မရှိမှုသည်... ကြက်ကလေးတစ်ကောင် သို့မဟုတ် ပုရွက်ဆိတ်တစ်ကောင်ကို ဖမ်းယူနေသကဲ့သို့ပင် ဖြစ်ပြီး... ဟန်ယိုထျန်းကျွင်းအား ဂရုစိုက်ရန် ထိုက်တန်သော ပြိုင်ဘက်တစ်ဦးအဖြစ်ပင် သဘောမထားပေ။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်၏ သတိပေးသံကြောင့်... ဟန်ယိုထျန်းကျွင်းသည် အလိုအလျောက် မော့ကြည့်လိုက်မိရာ... အရိုးထဲထိ အေးစက်သွားစေသော အန္တရာယ်၏ အရင်းအမြစ်ကို... တွေ့ရှိလိုက်ရလေသည်။

‎

‎

‎" ဘယ်သူလဲ! "

‎

‎

‎ဟန်ယိုထျန်းကျွင်းသည် ထိတ်လန့်တကြား ဟစ်အော်လိုက်ကာ သူ၏အသံတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေ၏။

‎

‎

‎သူ့ကို မည်သူမှ တိုက်ခိုက်နေသည်ကို သူနားမလည်နိုင်ပေ။

‎

‎

‎ဤနေရာမှာ ရွှမ်ယိုနန်းတော်ဖြစ်၏!

‎

‎

‎သို့သော်... ယခုအချိန်သည် ထိုကိစ္စများကို တွေးတောနေရမည့်အချိန် မဟုတ်သည်မှာ... ထင်ရှားလှသည်။ ကောင်းကင်မှ ဆင်းသက်လာသော... ထိုဧရာမ ဟွမ်သွမ့်လက်ဝါးကြီးဆီမှတဆင့်... ဟန်ယိုထျန်းကျွင်းသည် နတ်ဆိုးနယ်မြေ၏ ကောင်းကင်တစ်ခုလုံး ပြိုကျလာသကဲ့သို့... ခံစားလိုက်ရသည်။ ထိုကြီးမားလှသော စွမ်းအားသည် သူ၏ခုခံနိုင်စွမ်းထက် ကျော်လွန်နေ၏။

‎

‎

‎" ဝေါင်း! "

‎

‎

‎သေခြင်းနှင့် ရှင်ခြင်းကြားတွင် ဟန်ယိုထျန်းကျွင်းသည်... ဒေါသတကြီး ဟစ်အော်လိုက်ပြီး ထိုကြယ်တာရာကောင်းကင်ယံထက်တွင်... သူ၏ မူလခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်လိုက်တော့သည်။

‎

‎

‎၎င်းသည် မိုင်ပေါင်းသိန်းချီ ရှည်လျားသော... ဧရာမ ရွှေရောင် စပါးအုံးမြွေကြီးတစ်ကောင်ဖြစ်ပြီး... အတိုင်းအဆမရှိ ကြီးမားသော ခန္ဓာကိုယ်ဖြင့်... အဆုံးမဲ့ ကြယ်တာရာကောင်းကင်အတွင်းတွင် ရစ်ခွေနေလေ၏။

‎

‎

‎ဟန်ယိုထျန်းကျွင်းသည် ခေါင်းမော့လိုက်ကာ... ပါးစပ်မှ အဆုံးမဲ့ တာအိုမီးတောက်များကို မှုတ်ထုတ်လိုက်လျက်... သူ၏ခေါင်းထက်တွင် ကောင်းကင်ကို ပင့်မထားနိုင်သော အကာအကွယ်အတားအဆီးတစ်ခုကို... ဖန်တီးလိုက်၏။

‎

‎

‎သို့သော်... ထိုဧရာမ ဟွမ်သွမ့်လက်ဝါးကြီးသည် ကောင်းကင်ဘုံ၏ ကောင်းချီးရထားသကဲ့သို့... အကာအကွယ်အတားအဆီးကို မထိရသေးသည့် အခြေအနေ၌ပင်... အတားအဆီးမှာ ပတ်ဝန်းကျင်မှ စွမ်းအားမျှဖြင့်ပင်... တစ်စစီ ခြေမွခံလိုက်ရလေ၏။

‎

‎

‎နောက်တစ်ခဏတွင်... နတ်ဆိုးမျောက်ဝံအရှင်၏ အလွန်အမင်း အံ့အားသင့်နေသော အကြည့်အောက်၌ပင်... ထိုဧရာမ ဟွမ်သွမ့်လက်ဝါးကြီးသည် မည်သည့် အားစိုက်ထုတ်မှုမျှ မရှိဘဲ... ဟန်ယိုထျန်းကျွင်းကို ဖမ်းဆုပ်လိုက်လေသည်။

‎

‎

‎ဧရာမလက်ဝါးကြီး ပိတ်သွားသည်နှင့်... ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းလိုက်သကဲ့သို့... ဟန်ယိုထျန်းကျွင်းကို ချက်ချင်းပင် ဖိချေလိုက်တော့၏။ ဟန်ယိုထျန်းကျွင်းမှာ ရုပ်ခန္ဓာနှင့် နတ်ဘုရားဝိညာဉ် နှစ်ခုစလုံး ပျက်စီးသွားရကာ... ကြယ်တာရာကောင်းကင်ယံ၏ ထိပ်ဖျားမှ ကျဆင်းလာသော သွေးမိုးများအဖြစ်... ပြောင်းလဲသွားရလေသည်။

‎

‎

‎ဟန်ယိုထျန်းကျွင်း သေဆုံးသွားလေပြီ!

‎

‎

‎အဆုံးမဲ့ သွေးမိုးများအောက်တွင် ရေချိုး‌နေသကဲ့သို့ ရပ်နေရင်း... နတ်ဆိုးမျောက်ဝံအရှင်၏ ခန္ဓာကိုယ်သည် တုန်ယင်နေကာ... သူမြင်နေရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေလေ၏။

‎

‎

‎မည်သည့် ခုခံမှုမျှ မရှိဘဲ... ရုန်းကန်ရသည့် ပုံစံပင် မရှိဘဲ... အရပ်မျက်နှာအပေါင်းကို လွှမ်းမိုးထားခဲ့သော... ရွှမ်ယိုနန်းတော်၏ ဒုတိယနန်းတော်သခင်သည်... ဤအတိုင်းပင် ကျဆုံးသွားခဲ့ရသည်။

‎

‎

‎ဤသည်မှာ လမ်းဘေးရှိ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်ရသကဲ့ကိုပင်။

‎

‎

‎မည်သည့် အထွတ်အထိပ် အရှင်သခင်မှ လက်စွမ်းပြလိုက်ခြင်းနည်း။

‎

‎

‎ဟန်ယိုထျန်းကျွင်းသည် ဤမျှ အစွမ်းထက်သော ရန်သူကို မည်သည့်အချိန်က ရန်စမိခဲ့သနည်း။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်၏ ခန္ဓာကိုယ်သည် မရပ်မနား တုန်ယင်နေမိသည်။

‎

‎

‎ဤအချိန်တွင် ရွှမ်ယိုနန်းတော်၏အထက်၌ လူရိပ်တစ်ခု တိတ်ဆိတ်စွာ ရပ်နေသည်ကို သူမြင်လိုက်ရသည်။

‎

‎

‎ထိုပုံရိပ်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများကို ထုတ်လွှတ်နေပြီး... သူ၏ ပတ်ဝန်းကျင်မှ နတ်ဆိုးချီများကြောင့် လေဟာနယ်ပင်လျှင်... အက်ကွဲကာ ပြိုကျလုနီးပါး ဖြစ်နေ၏။ ထိုလူသည် နတ်ဆိုးနယ်မြေမှ... အထွတ်အထိပ် ဖြစ်တည်မှုတစ်ခု ဖြစ်သည်မှာ... ထင်ရှားလှသည်။

‎

‎

‎ဤသည်ကို မြင်လိုက်ရသောအခါ... နတ်ဆိုးမျောက်ဝံအရှင်သည်... ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်ကာ... မော့ကြည့်ရဲခြင်းပင် မရှိတော့ပေ။

‎

‎

‎ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည်... ဟန်ယိုထျန်းကျွင်းကို ပုရွက်ဆိတ်တစ်ကောင်အား ချေမှုန်းသကဲ့သို့... လွယ်ကူစွာ သတ်ဖြတ်ခဲ့ရာ သူ့ကိုသတ်ရန်မှာ... ပုရွက်ဆိတ်တစ်ကောင်ကို သတ်သည်ထက်ပင် ပိုမိုလွယ်ကူပေလိမ့်မည်။

‎

‎

‎ထိုပုဂ္ဂိုလ်သည်... ဟန်ယိုထျန်းကျွင်းကိုသာ ပစ်မှတ်ထားခြင်းလော သို့မဟုတ် ရွှမ်ယိုနန်းတော်တစ်ခုလုံးကို... ဖျက်ဆီးရန် ရည်ရွယ်ထားခြင်းလော ဆိုသည်ကိုလည်း... နတ်ဆိုးမျောက်ဝံအရှင် မသိရှိပေ။

‎

‎

‎သူသိသည်မှာ... ဤနေရာတွင် ဒူးထောက်ပြီး နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းခြင်းမှလွဲ၍... ဘာမျှ မတတ်နိုင်ခြင်းပင် ဖြစ်သည်။

‎

‎

‎အသက်ရှူချိန် အနည်းငယ်မျှသာ ကြာသော်လည်း... နတ်ဆိုးမျောက်ဝံအရှင်အတွက်မူ ရာစုနှစ်ပေါင်းများစွာထက်... ပိုကြာညောင်းသကဲ့သို့ ခံစားရသည်။

‎

‎

‎ကောင်းကင်မှ... အထွတ်အထိပ် နတ်ဆိုးစွမ်းအားတစ်ခု ဆင်းသက်လာကာ... ရွှမ်ယိုနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်ကိုသာ... သူခံစားလိုက်ရသည်။ နောက်တစ်ခဏတွင်... သူ့အား ထိတ်လန့်စေခဲ့သော ထိုနတ်ဆိုးစွမ်းအားသည်... ဘယ်သောအခါမျှ မပေါ်လာခဲ့ဖူးသကဲ့သို့... ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေသည်။

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်သည်... မနေနိုင်စွာ မော့ကြည့်လိုက်သောအခါ... ထိုပုံရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း... တွေ့လိုက်ရသည်။

‎

‎

‎ဟန်ယိုထျန်းကျွင်း၏ သွေးများ... သူ့အပေါ်သို့ စီးကျနေခြင်းသာ မရှိလျှင်... ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည်... သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်ဟု... နတ်ဆိုးမျောက်ဝံအရှင် ထင်မှတ်မိပေလိမ့်မည်။

‎

‎

‎" သူ ထွက်သွားပြီ..... "

‎

‎

‎နတ်ဆိုးမျောက်ဝံအရှင်၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေ၏။

‎

‎

‎ဤကြောက်မက်ဖွယ် ဖြစ်တည်မှုသည် ဟန်ယိုထျန်းကျွင်းကိုသာ သတ်ဖြတ်ခဲ့ကာ ရွှမ်ယိုနန်းတော်ကို ဘာမျှမလုပ်ခဲ့ချေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့်... ထိုလူသည် ဟန်ယိုထျန်းကျွင်းကိုသာ ပစ်မှတ်ထားပြီး... ရွှမ်ယိုနန်းတော်တစ်ခုလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက် မရှိကြောင်း... ပြသနေသည်။

‎

‎

‎ဒါပေမဲ့... ဟန်ယိုထျန်းကျွင်းမှာ ဘယ်လိုအရည်အချင်းမျိုး ရှိလို့... ဒီလောက် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုမျိုးကို... ရန်စနိုင်ခဲ့ရတာလဲ?

‎

‎

‎‌‌ခဏမျှ‌ ကြောက်လန့်ပြီးနောက်တွင်... အနည်းငယ် ရယ်စရာကောင်းသော 'လေးစားမှု' တစ်ခုသည်... နတ်ဆိုးမျောက်ဝံအရှင်၏ စိတ်ထဲ၌... အလိုအလျောက် မြင့်တက်လာခဲ့၏။

‎

‎

‎ဟန်ယိုထျန်းကျွင်းသည် တကယ့်ကို 'အံ့မခန်း'လူဟုပင် သူခံစားလိုက်ရသည်။

‎

‎

‎ဤမျှ အစွမ်းထက်ပြီး... ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုးကို ရန်စနိုင်စွမ်း ရှိသည်ဖြစ်ရာ... ဟန်ယိုထျန်းကျွင်း၏ ပြဿနာရှာနိုင်စွမ်းနှင့် ပတ်သက်ပြီး... သူ့အနေဖြင့် သက်ပြင်းချကာ လေးစားရုံမှတစ်ပါး... အခြားမရှိတော့ပေ။

‎

‎

‎ဒါပေမယ့်... ခုနက ပုံရိပ်က.....

‎

‎

‎ရွှမ်ယိုနန်းတော်အထက်တွင်... ရပ်နေခဲ့သော ကြောက်မက်ဖွယ် ပုံရိပ်ကို ပြန်လည်အမှတ်ရမိကာ... နတ်ဆိုးမျောက်ဝံအရှင်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။

‎

‎

‎ဘာကြောင့်မှန်း သူ မသိပေ။ သူ၏စိတ်တွင်... ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်နိုင်သော်လည်း... ထိုပုံရိပ်သည် ကုကောင်းကင်ဧကရာဇ်နှင့် အနည်းငယ် တူညီသည်ဟု... သူခံစားမိလိုက်၏။

‎

‎

‎သို့သော်... ဤရယ်စရာကောင်းသော အတွေးသည် တစ်ခဏသာ ပေါ်လာခဲ့ခြင်းဖြစ်ကာ... နတ်ဆိုးမျောက်ဝံအရှင်မှ ချက်ချင်းပင် ပယ်ဖျက်လိုက်သည်။

‎

‎

‎ကုကောင်းကင်ဧကရာဇ်သည်... ဤဖြစ်တည်မှုလောက် စွမ်းအားကြီးမကြီး ဆိုသည်ကို မဆိုထားနှင့်... သူတို့နှစ်ဦး၏ အရှိန်အဝါများမှာပင် လုံးဝ ကွဲပြားနေခြင်းဖြစ်သည်။

‎

‎

‎ဒီလူရဲ့ နတ်ဆိုးချီစွမ်းအားက အံ့မခန်းပဲ။ သူက နတ်ဆိုးနယ်မြေရဲ့ ထိပ်သီးတစ်ယောက်ဆိုတာ ထင်ရှားတယ်။ သူက ဘယ်လိုလုပ် ကုကောင်းကင်ဧကရာဇ် ဖြစ်နိုင်မှာလဲ?

‎

‎

‎ဒါက လုံးဝ မဖြစ်နိုင်ဘူး!

‎

‎

‎...

‎

‎

‎ထိုအချိန်တွင် ရွှမ်ယိုနတ်ဆိုးနယ်မြေ၏ နယ်စပ်၌.....

‎

‎

‎" ဒီရွှမ်ယိုနန်းတော်က တကယ့်ကို မွဲတေတာပဲ "

‎

‎

‎ကုချန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဟန်ယိုထျန်းကျွင်းကို ပေါ့ပေါ့ပါးပါး ချေမှုန်းပြီးနောက်... သူသည် ရွှမ်ယိုနန်းတော်တစ်ခုလုံးကို သူ၏ နတ်ဘုရားအာရုံဖြင့်... ဖြန့်ကျက်စစ်ဆေးခဲ့၏။

‎

‎

‎ရွှမ်ယိုနန်းတော်ထဲတွင်... ကောင်းမွန်သော အထွတ်အထိပ်ရတနာများ မရှိသလောက်ဖြစ်နေပြီး... ကောင်းကင်သတ္တုဆိုလျှင် လုံးဝမရှိကြောင်း... သူတွေ့ရှိခဲ့ရသည်။

‎

‎

‎ဤအချက်သည် အကန့်အသတ်မဲ့ဓားအတွက်... အခြားကောင်းကင်သတ္တုတစ်မျိုး ရှာဖွေမည့်... ကုချန်၏စိတ်ကူးကို ပျက်ပြားသွားစေခဲ့သည်။

‎

‎

‎" ဒီရွှမ်ယိုနန်းတော်က ကမ္ဘာပေါင်းများစွာကို ဖျက်ဆီးခဲ့တာတောင် ကောင်းမွန်တဲ့ ရတနာတစ်ခုမှ မရှိဘူးလား... ဒါမှမဟုတ် ဒီနှစ်တွေအတွင်း ရွှမ်ယိုနန်းတော်က... ရသမျှ အရာအားလုံးကို လက်လွှဲပေးလိုက်ရတာလား? "

‎

‎

‎ကုချန်သည် လေးနက်စွာ တွေးတောနေမိ၏။

‎

‎

‎ချီမုန်၏ ယခင်မှ မိတ်ဆက်စကားအရ... နှစ်သောင်းပေါင်းများစွာအတွင်း ရွှမ်ယိုနန်းတော် ဖျက်ဆီးခဲ့သော ကမ္ဘာအရေအတွက်သည်... လက်ချောင်းများနှင့် ရေတွက်၍ပင် မရနိုင်တော့ပေ။

‎

‎

‎ကမ္ဘာပေါင်းများစွာကို ဖျက်ဆီးခဲ့ပါလျက်နှင့်... ရွှမ်ယိုနန်းတော်တွင် ကောင်းမွန်သော... ရတနာပစ္စည်း အနည်းငယ်မျှပင် မရှိခြင်းမှာ... ယုတ္တိမရှိပေ။

‎

‎

‎စစ်ပွဲမှရသော... တိုက်ရာပါပစ္စည်းအားလုံးကို ရွှမ်ယိုနန်းတော်မှ... ရှီမိုကောင်းကင်ထံသို့ လွှဲပြောင်းပေးခဲ့သည်ဆိုလျှင်တော့... ဖြစ်နိုင်ခြေရှိ၏။

‎

‎

‎" နှမြောစရာပဲ "

‎

‎

‎ကုချန်သည် တိုးတိတ်စွာ သက်ပြင်းချလိုက်သော်လည်း စိတ်ထဲမထားတော့ပေ။ မည်သို့ပင်ဆိုစေကာမူ... သူသည် ဟန်ယိုထျန်းကျွင်းကို သတ်ရန်သာ လာခဲ့ခြင်းဖြစ်ပြီး... တိုက်ရာပါပစ္စည်းများမှာ အပိုကိစ္စသာ ဖြစ်သည်။ ဘာမှ မရခြင်းသည် ဂရုစိုက်စရာ မဟုတ်ပေ။

‎

‎

‎ယခု... ဟန်ယို သေဆုံးပြီဖြစ်သောကြောင့်... နောက်ဆက်သွားရမည့် နေရာသည်... ချီလျန်နတ်ဆိုးနယ်မြေပင် ဖြစ်တော့သည်။

All Chapters