← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 20 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 20 Ch. 277-278

‎အခန်း ( ၂၇၇ ) - တံခါးပိတ်ကျင့်ကြံရင်း ဆင့်ကဲပြောင်းလဲခြင်း၊ သားအမိတွေ့ဆုံခြင်းနှင့် ဆိုက်ရောက်လာသော အကျပ်အတည်း

‎

‎

‎

‎" ဝီ...! "

‎

‎

‎ကုချန် ကောင်းကင်သတ္တု သုံးမျိုးလုံးကို ပစ်ပေးလိုက်သည်နှင့်... အကန့်အသတ်မဲ့ဓား၏ ကိုယ်ထည်သည် အလွန်အမင်း အရသာရှိသော အစားအစာကို မြင်တွေ့လိုက်ရသကဲ့သို့... တောက်ပစွာ လင်းလက်လာခဲ့သည်။ ဓားထိပ်ဖျား လှုပ်ရှားလိုက်သည်နှင့်... ဓားကိုယ်ထည်ပေါ်တွင် အက်ကြောင်းတစ်ခု ချက်ချင်း ပေါ်လာကာ... ကောင်းကင်သတ္တု သုံးမျိုးလုံးကို တစ်ပြိုင်နက် 'ဝါးမြို' လိုက်လေသည်။

‎

‎

‎ပုံသဏ္ဍာန် မတူညီကြသော်လည်း... မြင့်မြတ်သော ရောင်ဝါအသီးသီး ထုတ်လွှတ်နေသည့် ကောင်းကင်သတ္တု သုံးခုလုံးကို ဝါးမြိုပြီးနောက်... အကန့်အသတ်မဲ့ဓားသည် အစားလွန်သွားသကဲ့သို့ ဖြစ်သွားသည်။

‎

‎

‎လေထဲမှ ကြမ်းပြင်ပေါ်သို့ 'ဂလန်' ခနဲ ပြုတ်ကျသွားကာ... ကြမ်းပြင်ပေါ်တွင် တောင့်တင်းစွာ... လဲကျနေတော့သည်။ ဓား၏ကိုယ်ထည်သည် မကြာခဏဆိုသလို တုန်ခါနေကာ... ကောင်းကင်သတ္တု သုံးမျိုးလုံးကို ချေဖျက်ရန် ကြိုးစားနေကြောင်း... သိသာထင်ရှားလှသည်။

‎

‎

‎ကုချန်သည်... ထိုမြင်ကွင်းကို ကြည့်ကာ... မရယ်ဘဲ မနေနိုင်တော့ပေ။ သူ၏ အကန့်အသတ်မဲ့ဓားသည်... အမှန်တကယ်ပင် စိတ်မြန်လွန်းလှသည်။ ကောင်းကင်သတ္တုများကို... တစ်ခုပြီးတစ်ခု ဝါးမြိုနိုင်သော်လည်း... ယခုကဲ့သို့ စွန်ပလွံသီးတစ်လုံးလုံးကို မြိုချလိုက်သကဲ့သို့... တစ်ပြိုင်နက်တည်း အကုန်ဝါးမြိုပစ်ရန် ဇွတ်အတင်း လုပ်ဆောင်ခဲ့သည်။

‎

‎

‎သို့သော်... ဤသည်မှာ အစပျိုး ဝါးမြိုခြင်းသာ... ဖြစ်သည်။ ကောင်းကင်သတ္တု သုံးမျိုးလုံးကို... အပြည့်အဝ ချေဖျက်၍ ပျော်ဝင်သွားစေရန်...' အချိန်အတိုင်းအတာတစ်ခု လိုအပ်ဦးမည်ဖြစ်သည်။ ထိုကိစ္စအတွက်... ကုချန် စိတ်ပူစရာ မလိုပေ။ အကန့်အသတ်မဲ့ဓားသည် သူ့အလိုလို ကိုင်တွယ်ဖြေရှင်းသွားလိမ့်မည် ဖြစ်သည်။

‎

‎

‎အကန့်အသတ်မဲ့ဓားထံမှ အကြည့်လွှဲလိုက်ပြီးနောက်... ကုချန်သည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ကာ... တရားမှတ်ခြင်းနှင့် ဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်ကို... စတင်လိုက်လေသည်။

‎

‎

‎ဤတစ်ကြိမ် နတ်ဆိုးနယ်မြေသို့ ရောက်လာစဉ်... သူသည် ကျင့်ကြံခြင်းအဆင့်ကို အလျင်စလို တိုးမြှင့်ခဲ့ရသဖြင့်... လက်ရှိအဆင့်ကို ခိုင်မာအောင် မလုပ်ဆောင်ရသေးပေ။

‎

‎

‎ထို့အပြင်... နတ်ဆိုးနယ်မြေ၏ အဆုံးမဲ့တာအိုများသည်... အဆုံးမဲ့ကမ္ဘာနှင့် လုံးဝ ကွာခြားနေသည်။ ထို့ကြောင့်... ဤအခွင့်အရေးကို အသုံးချ၍ နတ်ဆိုးနယ်မြေ၏... အဆုံးမဲ့တာအိုများကို သေချာစွာ လေ့လာကာ... ဉာဏ်အလင်းရယူလိုသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်... အဆုံးမဲ့ကမ္ဘာတွင် ကျန်ရှိနေခဲ့သော သူ့မူလခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအတွက်လည်း... အကျိုးရှိစေမည့် ထိုးထွင်းသိမြင်မှုများ ရရှိနိုင်ပေသည်။

‎

‎

‎ကျင့်ကြံရာနေရာသည် တစ်ခဏအတွင်း တိတ်ဆိတ်သွားကာ... အကန့်အသတ်မဲ့ဓားထံမှ ရံဖန်ရံခါ ထွက်ပေါ်လာသည့်... သက်တောင့်သက်သာ ညည်းတွားသံများသာ... ကြားနေရသည်။

‎

‎

‎...

‎

‎

‎ချီမုန်သည် ပြန်လည် ထွက်ခွာသွားပြီးနောက်... တစ်ခုခု မှားယွင်းနေသည်ဟု... ခံစားနေရသည်။ ထို့အပြင်... သခင် ပြောပြလိုက်သည့် သတင်းကိုလည်း... မိခင်ဖြစ်သူထံ အချိန်မီ တင်ပြရန် လိုအပ်နေသည်။ ထို့ကြောင့်... သူ၏ကျင့်ကြံရာနေရာမှ ထွက်လာပြီးနောက်... ချီမုန်သည် ချီလျိုကို ချက်ချင်း ဆက်သွယ်လိုက်သည်။

‎

‎

‎" အမေ! "

‎

‎

‎သူ၏ ရှေ့တွင် ပေါ်လာသော ပုံရိပ်ယောင်ကို ကြည့်ကာ ချီမုန်သည် အလျင်အမြန် လှမ်းခေါ်လိုက်၏။

‎

‎

‎" သခင် ချီလျန်မျိုးနွယ်ဆီ ရောက်နေပါပြီ။ သမီး နေရာချပေးထားပါတယ် "

‎

‎

‎" သခင်က ချီလျန်မျိုးနွယ်ဆီ ရောက်နေပြီ ဟုတ်လား။ မြန်လှချည်လား "

‎

‎

‎ချီမုန်၏စကားကို ကြားလိုက်ရသောအခါ ချီလျိုသည် အံ့အားသင့်သွား၏။ ကုချန် ဤမျှ လျင်မြန်စွာ ရောက်ရှိလာမည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

‎

‎

‎အမှန်တကယ်တွင်... ကုချန် ကိုယ်တိုင် ကောင်းကင်သတ္တုသုံးမျိုးကို... လာရောက်ယူဆောင်မည်ဟု သတင်းကြားရစဉ်က... ချီလျို၏တုံ့ပြန်မှုသည် ချီမုန်နှင့် အတူတူပင် ဖြစ်သည်။ ထိုလုပ်ရပ်သည်... ပညာမရှိဟု ခံစားခဲ့ရကာ... ကုချန် နတ်ဆိုးနယ်မြေသို့ မည်သို့ ဆင်းသက်လာမည်ကိုလည်း... သူ မစဉ်းစားတတ်ပေ။

‎

‎

‎ရက်အနည်းငယ်သာ ကုန်ဆုံးသွားသေးသော်လည်း... သခင်သည် နတ်ဆိုးနယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း... ချီလျန်မျိုးနွယ်ထဲတွင်ပင် ရှိနေပြီ ဖြစ်ကြောင်း... သမီးဖြစ်သူမှ ပြောလာလိမ့်မည်ဟု ဘယ်သူ ထင်ထားပါ့မည်နည်း။

‎

‎

‎ချီလျို၏ အံ့သြနေသော မျက်နှာကို မြင်သောအခါ ချီမုန်သည် အလျင်အမြန် ရှင်းပြလိုက်၏။

‎

‎

‎" အစတုန်းက သမီးလဲ မယုံပါဘူး။ ဒါပေမယ့် သခင်က အခု ချီလျန်မျိုးနွယ်ထဲမှာ တကယ်ပဲ ကျင့်ကြံနေပါတယ်။ သမီး ကောင်းကင်သတ္တု သုံးမျိုးလုံးကိုလဲ သခင့်ဆီ ဆက်သပြီးပါပြီ "

‎

‎

‎" အင်း "

‎

‎

‎ကနဦး အံ့သြမှု ပြီးဆုံးသွားပြီးနောက် ချီလျိုသည် သတိပြန်ဝင်လာကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။

‎

‎

‎" သမီး လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် အမေက အခု 'လေဟာနယ် အင်မော်တယ် ရွှေ' တစ်တုံးအတွက်... ယမမြစ် နတ်ဆိုးနယ်မြေနဲ့ ယှဉ်ပြိုင်နေရလို့ လောလောဆယ် ပြန်လာလို့ မရသေးဘူး။ အဲ့ဒီ လေဟာနယ် အင်မော်တယ် ရွှေကို ရတာနဲ့... ချီလျန်မျိုးနွယ်ကို ချက်ချင်း ပြန်လာပြီး သခင့်ကို ဆက်သလိုက်မယ် "

‎

‎

‎ယမမြစ် နတ်ဆိုးနယ်မြေ ဟုတ်လား။

‎

‎

‎မိခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ... ချီမုန်၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားကာ... မျက်ဝန်းထဲတွင် စိုးရိမ်မှုအရိပ်အယောင်များ ပေါ်ထွက်လာ၏။

‎

‎

‎ယမမြစ် နတ်ဆိုးနယ်မြေအကြောင်း သူ ကြားဖူးသည်။ ၎င်းသည် ရှီမိုကောင်းကင်ဘုံ လက်အောက်ရှိ... နတ်ဆိုးနယ်မြေများထဲမှ တစ်ခုဖြစ်ပြီး... ယမမြစ် ဘိုးဘေးဆိုသူက အုပ်စိုးသည်။ သူသည် သက်တမ်းရင့် အင်မော်တယ်အဆင့် တည်ရှိမှု တစ်ဦးဖြစ်သည်။

‎

‎

‎ထို့အပြင်... သူသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာတတ်ကာ... အငြိုးအတေး အလွန်ကြီးသည်။ အခြား အင်မော်တယ်အဆင့် တည်ရှိမှုများပင်... သူ့ကို ရန်စရန် ဝန်လေးကြသည်။ သူသည် အမှန်တကယ်ပင်... နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။

‎

‎

‎ချီလျန်မျိုးနွယ်၏ ဘိုးဘေး ချီရှောင် မကျဆုံးခင်ကဆိုလျှင် ယမမြစ်ဘိုးဘေးကို ရန်စရန် ကြောက်ရွံ့နေမည် မဟုတ်ပေ။

‎

‎

‎သို့သော်... ယခုအခါ ဘိုးဘေးချီရှောင် ကျဆုံးသွားပြီဖြစ်ရာ... မျိုးနွယ်စုအတွင်း အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားမှာ... အင်မော်တယ်အဆင့်ရှိသော မိခင်ဖြစ်သူသာ ရှိတော့သည်။

‎

‎

‎ယခု မိခင်ဖြစ်သူသည် စတုတ္ထမြောက် ကောင်းကင်သတ္တုအတွက် ထိုကဲ့သို့သော ပြိုင်ဘက်မျိုးကို ရန်စခဲ့ပြီလော။

‎

‎

‎ချီမုန်၏ စိုးရိမ်နေသော မျက်နှာကို မြင်သောအခါ ချီလျိုသည် အနည်းငယ် ပြုံးလိုက်ကာ ပြောဆိုလေသည်။

‎

‎

‎" အမေ့အတွက် စိတ်မပူပါနဲ့... ယမမြစ်ဘိုး‌ဘေးက အစွမ်းထက်တယ် ဆိုပေမယ့်... အမေကလဲ လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရမယ့်သူ မဟုတ်ပါဘူး။ တိုက်ပွဲက အဆုံးသတ်ခါနီးနေပါပြီ။ အဲ့ဒီ လေဟာနယ် အင်မော်တယ် ရွှေက အမေ့လက်ထဲပဲ ရောက်လာဖို့ များပါတယ် "

‎

‎

‎" ဒါဆိုရင်တော့ ကောင်းတာပေါ့..... "

‎

‎

‎မိခင်ဖြစ်သူ ယုံကြည်မှု အပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါမှ ချီမုန် သက်ပြင်းချလိုက်နိုင်တော့သည်။ သို့သော် သူ၏မိခင်ကို ဆက်သွယ်ရသည့် အဓိက ရည်ရွယ်ချက်ကို သတိရသွားကာ အလျင်အမြန် ပြောဆိုလိုက်သည်။

‎

‎

‎" ဪ... အမေ... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်..... "

‎

‎

‎ထို့နောက် ချီမုန်သည် ကုချန် ပြောပြခဲ့သော ဟန်ယိုထျန်းကျွင်းအား သတ်ဖြတ်ခဲ့သည့် အကြောင်းအရာ အလုံးစုံကို ချီလျိုအား ပြောပြလိုက်သည်။

‎

‎

‎ထိုအကြောင်းအရာအားလုံးကို နားထောင်ပြီးသောအခါ... ချီလျို၏မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားကာ... မသိလိုက်ဘာသာ ရေရွတ်လိုက်မိသည်။

‎

‎

‎" ဒုက္ခပါပဲ! "

‎

‎

‎" ဘာဖြစ်လို့လဲ အမေ "

‎

‎

‎ချီမုန်သည် နားမလည်နိုင်စွာ မေးမြန်းလိုက်၏။

‎

‎

‎အမှန်တကယ်တွင်... ကုချန် ဟန်ယိုထျန်းကျွင်းကို သတ်ဖြတ်ခဲ့ကြောင်း သိလိုက်ရစဉ်က... တစ်ခုခု လွဲမှားနေသည်ဟု သူ ခံစားခဲ့ရသော်လည်း... မည်သည့်အရာ ဖြစ်ကြောင်း စဉ်းစားမရခဲ့ပေ။ ထို့ကြောင့်... သူ၏မိခင် အမြင်ကို သိလို၍... ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သမီးဖြစ်သူ၏ နားမလည်နိုင်သော မျက်နှာကို မြင်သောအခါ ချီလျိုသည် သက်ပြင်းချလိုက်ကာ ရှင်းပြလေသည်။

‎

‎

‎" သခင်က ဟန်ယိုထျန်းကျွင်းကို သတ်လိုက်တယ်... ဒါပေမယ့် ဘာလို့ သမီးကို ချောက်နက် နတ်ဆိုးနယ်မြေကို ပြန်ခွင့်မပြုတာလဲ... နတ်ဆိုးနယ်မြေ တစ်ခုလုံးမှာ သမီးနဲ့ အမေ ဘယ်သူ့ဆီ သစ္စာခံထားတယ်ဆိုတာ... ဘယ်သူမှ မသိကြဘူးဆိုတာ သမီးလဲ သိတာပဲ... ရွှမ်ယိုနန်းတော်က သမီးနဲ့ သခင်ရဲ့ ပတ်သက်မှုကို... ဘယ်လိုလုပ် သိနိုင်မှာလဲ "

‎

‎

‎" ဒါပေမယ့် သခင်က ဒီကိစ္စ သမီးကို ထိခိုက်နိုင်တယ်လို့ ပြောခဲ့တယ်။ ဘာကြောင့်လဲ "

‎

‎

‎" ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်... သခင်က ဟန်ယိုထျန်းကျွင်းကို သတ်ပြီးတဲ့နောက်... သူ့ရဲ့ ခြေရာလက်ရာတွေကို တမင် ဖုံးကွယ်မထားဘဲ... ချီလျန်နတ်ဆိုးနယ်မြေကို တိုက်ရိုက် လာခဲ့တာ ဖြစ်မယ် "

‎

‎

‎" ဒီလိုဆိုရင် ရွှမ်ယိုနန်းတော်က ဒီကိစ္စကို အမြန်ဆုံး စုံစမ်းတော့မယ်။ ပြီးရင် သခင်က ငါတို့ ချီလျန်မျိုးနွယ်ဆီ ရောက်နေတာကိုလဲ သိသွားလိမ့်မယ် "

‎

‎

‎" အဲ့ဒါကြောင့် သခင်က သမီးပါ ရောပါသွားမှာ စိုးလို့... ချောက်နက် နတ်ဆိုးနယ်မြေကို ပြန်ခွင့်မပြုခဲ့တာပေါ့ "

‎

‎

‎" ဪ... အဲ့ဒီလိုကိုး..... "

‎

‎

‎မိခင်ဖြစ်သူ၏ ရှင်းပြချက်ကို ကြားပြီးနောက်... ချီမုန်သည် နောက်ဆုံးတွင်... သဘောပေါက်သွားတော့သည်။ သို့သော်... မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်ရသောအခါ... မိခင်ဖြစ်သူ အစိုးရိမ်လွန်နေသည်ဟု သူ ခံစားလိုက်ရသည်။

‎

‎

‎" အမေက ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ။ သမီးက အခု ချီလျန်မျိုးနွယ်ထဲမှာပဲ ရှိနေတာလေ။ ချောက်နက်နတ်ဆိုးနယ်မြေကို ပြန်ဖို့လဲ အစီအစဉ် မရှိပါဘူး.....

‎

‎သမီး ဘေးကင်းပါတယ်။ ရွှမ်ယိုနန်းတော်က သမီးတို့ ချီလျန်မျိုးနွယ်အတွက် အဲ့ဒီလောက်ကြီး ခြိမ်းခြောက်မှု မဟုတ်ပါဘူးနော် "

‎

‎

‎ရွှမ်ယိုနန်းတော်၏ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားများမှာ ဟန်ယိုထျန်းကျွင်းနှင့် ရွှမ်ယိုနန်းတော် သခင် ရွှမ်ချင်းထျန်းကျွင်း သာ ရှိသည်။

‎

‎

‎ယခု ဟန်ယိုထျန်းကျွင်း သေဆုံးသွားပြီ ဖြစ်ရာ... ရွှမ်ချင်းထျန်းကျွင်း တစ်ယောက်တည်းသာ... ကျန်ရစ်တော့သည်။ စစ်မှန်သော အင်မော်တယ်တစ်ပါး... စောင့်ကြပ်နေသည့်. ချီလျန်မျိုးနွယ်ကို... သူသည် မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။

‎

‎

‎" ရွှမ်ယိုနန်းတော်က ငါတို့ ချီလျန်မျိုးနွယ်အတွက် သိပ်ပြီး ခြိမ်းခြောက်မှု မရှိတာ မှန်ပါတယ် "

‎

‎

‎ချီလျိုသည် သက်ပြင်းချကာ ပြောဆိုလိုက်သည်။

‎

‎

‎" ဒါပေမယ့် သမီး... မမေ့ပါနဲ့... ရွှမ်ယိုနန်းတော်ရဲ့ နောက်ကွယ်မှာ... ရှီမိုကောင်းကင်ဘုံ ရှိနေတယ်ဆိုတာကိုလေ "

‎

‎

‎" အခု ဟန်ယိုထျန်းကျွင်းက ရွှမ်ယိုနန်းတော်ထဲမှာ သေဆုံးသွားပြီ။ ရွှမ်ချင်း ပြန်ရောက်လာရင် ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး။ ရှီမိုကောင်းကင်ဘုံကို သေချာပေါက် တိုင်ကြားလိမ့်မယ် "

‎

‎

‎" ထျန်းကျွင်းတစ်ပါး သေဆုံးတာက ဘာမှ မဟုတ်ပေမယ့်... ဟန်ယိုထျန်းကျွင်းက ရွှမ်ယိုနန်းတော်ရဲ့ ဒုတိယ သခင်လေ။ အခု သူ့နယ်မြေထဲမှာတင်... အကြောင်းပြချက်မရှိဘဲ သေဆုံးသွားတာဆိုတော့... ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ဖြစ် ရှီမိုကောင်းကင်ဘုံက... ဒီကိစ္စကို အဆုံးထိ စုံစမ်းမှာပဲ "

‎

‎

‎" တကယ်လို့ ရှီမိုကောင်းကင်ဘုံက... အရာအားလုံး ငါတို့ ချီလျန်မျိုးနွယ်နဲ့ ပတ်သက်နေတယ်ဆိုတာ သိသွားခဲ့ရင်... နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာ သမီး စဉ်းစားကြည့်ပါဦး "

‎

‎

‎မိခင်ဖြစ်သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်... ချီမုန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ... သူ၏ရင်ထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

‎

‎

‎စောစောက သူ ခံစားခဲ့ရသည့်... ဖော်ပြမတတ်နိုင်သော စိုးရိမ်စိတ်၏ အကြောင်းရင်းကို... နောက်ဆုံးတွင် သူ နားလည်သွားပြီ ဖြစ်သည်။

‎

‎အခန်း ( ၂၇၈ ) - မျိုးနွယ်စုအစည်းအဝေး၊ ချီလျို၏ အစီအစဉ်နှင့် ဆုံးဖြတ်ချက်ချရမည့်အချိန်

‎

‎

‎

‎မှန်ပေသည်... ထိုရွှမ်ယိုနန်းတော်မှာ အမှန်တကယ်ပင် ဘာမှမဟုတ်ချေ။

‎

‎

‎သို့သော်... ရွှမ်ယိုနန်းတော်၏ နောက်ကွယ်တွင် ရှိနေသော... ရှီမိုကောင်းကင်ဘုံမှာမူ ချီလျန်မျိုးနွယ်တစ်ခုလုံးအား စိုးရိမ်တုန်လှုပ်စေသည့်... ဧရာမအင်အားစုကြီး ဖြစ်ပေသည်။

‎

‎

‎အဆင့်မြင့်လှသော အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည့် ရှီမိုအရှင်အဖို့... ချီလျန်မျိုးနွယ်ကို ဖျက်ဆီးပစ်ရန်မှာ... လက်ဖျစ်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလှ၏။ သူသည် ချီလျန်မျိုးနွယ်အပေါ် မကျေနပ်မှုများ ရှိနေသော်လည်း... ထိုအကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။ သူ၏... နယ်ပယ်အသီးသီးရှိ အစွမ်းထက် ကျင့်ကြံသူများကိုသာ... ချီလျန်မျိုးနွယ်အား ရံဖန်ရံခါ ပြဿနာရှာရန်... ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အဘယ်ကြောင့်နည်း။

‎

‎

‎အကြောင်းမှာ... ချီလျန်မျိုးနွယ်သည် အင်မော်တယ်နယ်မြေဘက်မှ ကူးပြောင်းလာပြီး... သစ္စာခံထားခြင်းကြောင့်ပင် မဟုတ်ပါလော။ ကမ္ဘာ့အပြင်ဘက်သို့ ဟန်ပြပြသထားခြင်းပင် ဖြစ်စေကာမူ... ချီလျန်မျိုးနွယ်ကိုယ်တိုင်က မိမိကိုယ်ကိုယ် သေတွင်းတူးသည့် လုပ်ရပ်မျိုး မလုပ်သရွေ့... နတ်ဆိုးနယ်မြေအနေဖြင့် ၎င်းတို့အပေါ် လွယ်လွယ်နှင့် အရေးယူ၍ မရနိုင်ချေ။

‎

‎

‎သို့မဟုတ်ပါက... နောင်တွင် မည်သည့်ပြင်ပအင်အားစုမှ နတ်ဆိုးနယ်မြေထံ... သစ္စာခံဝံ့တော့မည်နည်း။ ချီလျန်မျိုးနွယ်သည် အခြားသူများအတွက်... သင်ခန်းစာတစ်ခု ဖြစ်သွားပေလိမ့်မည်။

‎

‎

‎ထိုအကြောင်းပြချက်ကြောင့်ပင်... မြင့်မြတ်လှသော ရှီမိုထျန်းကျွင်းသည် မကျေမနပ်ဖြစ်နေသော်လည်း... ချီလျန်မျိုးနွယ်ကို အမြဲတစေ ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

‎

‎

‎သို့သော် ယခုမူ အခြေအနေမှာ ပြောင်းလဲသွားခဲ့လေပြီ။

‎

‎

‎ရွှမ်ယိုနန်းတော်မှာ မည်မျှပင် အားနည်းပါစေ... ရှီမိုကောင်းကင်ဘုံ၏ လက်အောက်ခံ အင်အားစုတစ်ခုဖြစ်ပြီး... ရှီမိုကောင်းကင်ဘုံ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေဆဲပင်။

‎

‎

‎အကယ်၍ ဟန်ယိုထျန်းကျွင်းအား သတ်ဖြတ်သူမှာ... ချီလျန်မျိုးနွယ်နှင့် ဆက်နွှယ်နေကြောင်း အတည်ပြုနိုင်ပါက... ရှီမိုကောင်းကင်ဘုံအတွက် ချီလျန်မျိုးနွယ်အပေါ် အရေးယူရန်... တရားဝင် အကြောင်းပြချက်တစ်ခု ရရှိသွားမည် မဟုတ်ပါသလော။

‎

‎

‎ထို့အပြင်... ထိုအကြောင်းပြချက်မှာ ပြင်ပကမ္ဘာမှ မည်သူမျှ မေးခွန်းထုတ်နိုင်မည်မဟုတ်သော... ခိုင်လုံသည့် အကြောင်းပြချက်လည်း ဖြစ်ပေလိမ့်မည်။

‎

‎

‎အဆုံးတွင်မူ... ဤသည်မှာ တစ်စုံတစ်ယောက်မှ ချီလျန်မျိုးနွယ်အား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း မဟုတ်ဘဲ... ချီလျန်မျိုးနွယ်ကိုယ်တိုင်က မိမိတို့၏ ပျက်စီးရာပျက်စီးကြောင်းကို ဖန်တီးခဲ့ခြင်းဖြစ်၍... အခြားသူကို အပြစ်တင်၍ မရနိုင်တော့ချေ။

‎

‎

‎ယခုနှစ်များအတွင်း... ချီလျန်မျိုးနွယ်သည် အဘယ်ကြောင့်... အောက်ကျနောက်ကျ ခံနေခဲ့ရသနည်း။ ချီမုန် အပါအဝင်... မျိုးနွယ်စုဝင်များအားလုံး အခြားနတ်ဆိုးနယ်မြေများတွင်... အဘယ်ကြောင့် အမှုထမ်းနေကြရသနည်း။ ၎င်းမှာ... ရှီမိုကောင်းကင်ဘုံမှ ချီလျန်မျိုးနွယ်အား ပစ်မှတ်ထားရန်... အကြောင်းပြချက် မရှာနိုင်စေရန် မဟုတ်ပါလော။

‎

‎

‎သို့မဟုတ်ပါက... ထျန်းကျွင်းတစ်ပါးသာ စောင့်ကြပ်နေသည့် ရွှမ်ယိုနန်းတော်သည်... အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ သမီးဖြစ်သူအား... မည်သို့ဝံ့ဝံ့စားစား အမိန့်ပေးစေခိုင်းရဲပါမည်နည်း။

‎

‎

‎ချီလျန်မျိုးနွယ်၏ နှစ်ရှည်လများ သည်းခံလျှော့ပေးမှုများကြောင့်... ရှီမိုထျန်းကျွင်းသည် အပြစ်ရှာ၍မရဘဲ ပေါ်ပေါ်တင်တင် ရန်မပြုဝံ့ခဲ့ခြင်းဖြစ်ကာ... တိတ်တဆိတ်သာ ပြဿနာရှာနိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုမူ... သခင်မှ ဟန်ယိုထျန်းကျွင်းကို ဦးစွာ သတ်ပြီးနောက်... ချီလျန်မျိုးနွယ်ထံသို့ ရောက်လာခဲ့လေပြီ။ ဤသတင်းမှာ... ကြာရှည်စွာ ဖုံးကွယ်ထားနိုင်မည်... မဟုတ်ချေ။

‎

‎

‎ရှီမိုကောင်းကင်ဘုံမှ ဤအကြောင်းများကို သိရှိသွားသည့်အခါ.....

‎

‎

‎ချီမုန်၏ သွယ်လျသော ကိုယ်လုံးလေးမှာ တုန်ရင်သွားကာ ဆက်၍ မတွေးဝံ့တော့ပေ။

‎

‎

‎အကြောင်းမှာ... သူ့အနေဖြင့် ရလဒ်ကို... မြင်ယောင်နေသောကြောင့် ဖြစ်သည်။ ရှီမိုကောင်းကင်ဘုံသည် သွေးနံ့ရသည့် ငါးမန်းတစ်ကောင်ကဲ့သို့... အတင်းအဓမ္မ ခုန်အုပ်လာမည်မှာ သေချာပြီး... ချီလျန်မျိုးနွယ်ကို လွယ်လွယ်နှင့်... လွှတ်ပေးမည် မဟုတ်ပေ။

‎

‎

‎" နင် ချက်ချင်းသွားပြီး ချီလျန်မျိုးနွယ်ရဲ့ အကြီးအကဲတွေအားလုံးကို အစည်းအဝေးခန်းမမှာ စုခိုင်းလိုက်။ ငါတို့ရဲ့ ရပ်တည်ချက်ကို ချက်ချင်း တစ်သံတည်းဖြစ်အောင် လုပ်ပြီး တုံ့ပြန်ဖို့ ပြင်ဆင်ရမယ် "

‎

‎

‎ချီမုန် ထိတ်လန့်နေစဉ်မှာပင် ချီလျို၏ ခိုင်မာသောအသံသည် သူ့အား သတိပြန်ဝင်လာစေခဲ့သည်။

‎

‎

‎" အမေ့ရဲ့ သဘောက..... "

‎

‎

‎ချီမုန်သည် ဝေခွဲမရဖြစ်သွား၏။

‎

‎

‎မိခင်ဖြစ်သူ၏ လုပ်ရပ်မှာ ချီလျန်မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်၍ ကုချန်နှင့် လမ်းခွဲရန် ပြင်ဆင်ခြင်း ဖြစ်မည်လားဟု သူ စိုးရိမ်မိသည်။

‎

‎

‎အဆုံးတွင်မူ... သခင်ဖြစ်သူကြောင့် ချီလျန်မျိုးနွယ်တစ်ခုလုံးမှာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး... သခင်မှာလည်း ချီလျန်မျိုးနွယ်တစ်ခုလုံးကို ကာကွယ်ပေးနိုင်လောက်အောင်... အစွမ်းမထက်သေးပေ။

‎

‎

‎ယခုအချိန်တွင်... ချီလျန်မျိုးနွယ်ကို ထိန်းသိမ်းရန်မှာ... သခင်နှင့် အဆက်အသွယ်ဖြတ်ပြီး ဆုံးရှုံးမှုများကို... အချိန်မီ လျှော့ချရန်သာ ရှိတော့သည်ဟု... ထင်မှတ်ရပေသည်။

‎

‎

‎ချီမုန်၏ တွေဝေနေသော အမူအရာကို ကြည့်ကာ... မိခင်နှင့် သမီးကြားရှိ နက်ရှိုင်းသော ဆက်နွှယ်မှုအရ... ချီလျိုသည် သမီးဖြစ်သူ ဘာတွေးနေသည်ကို... မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

‎

‎

‎သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက်... လေးနက်သော အသံကို ခပ်တိုးတိုး ပြောင်းလဲလိုက်ကာ.....

‎

‎

‎" စိတ်မပူပါနဲ့... အမေ သခင့်ကို သစ္စာဖောက်မှာ မဟုတ်ဘူး... အမေ့အနေနဲ့ ချီလျန်မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်ပြီး... သခင့်ဆီမှာ သစ္စာခံဖို့ ဆုံးဖြတ်ခဲ့ပြီးကတည်းက... အမေ့စကားကို ငါ ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး.....

‎

‎ဘိုးဘေးကြီး ချီရှောင်က... အမေ့ကို မိသားစုခေါင်းဆောင်အဖြစ် တာဝန်ပေးတုန်းက မှာကြားခဲ့တာ ရှိတယ်... အမေတို့ ချီလျန်မျိုးနွယ်ဟာ အင်မော်တယ်နယ်မြေကို တစ်ကြိမ် သစ္စာဖောက်ခဲ့ဖူးတယ်.....

‎

‎အဲဒါက အမေတို့မျိုးနွယ်စုရဲ့ အပြစ်မဟုတ်ခဲ့ပေမယ့်... နောက်ဆုံးမှာတော့ အမေတို့က သစ္စာဖောက်ခဲ့တာပဲ... ဒါကြောင့် အမေတို့မျိုးနွယ်စုဟာ နောက်ထပ် ဘယ်တော့မှ သစ္စာဖောက်လို့မရဘူး... မဟုတ်ရင် ကောင်းကင်ဘုံအားလုံးရဲ့ စွန့်ပစ်တာကို ခံရလိမ့်မယ်.....

‎

‎အမေ သခင့်အပေါ်မှာ အရာအားလုံး ပုံအောပြီးကတည်းက... ဒါဟာ လောင်းကြေးထပ်လိုက်တာပဲ... လမ်းခုလတ်ကနေ နောက်ဆုတ်ဖို့ အကြောင်းမရှိဘူး "

‎

‎

‎ချီလျိုသည် ချီလျန်မျိုးနွယ်မှာ ယခုအခါ ချောက်ကမ်းပါး အစွန်းတွင် ရောက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

‎

‎

‎ဘိုးဘေးကြီး ချီရှောင် ကွယ်လွန်သွားသည့် သတင်းမှာ... ရှီမိုကောင်းကင်ဘုံ၏ နယ်ပယ်အသီးသီးသို့... တဖြည်းဖြည်း ပျံ့နှံ့နေပြီဖြစ်သည်။ နောက်ဆုံးတွင်... ရှီမိုကောင်းကင်ဘုံ လက်အောက်ခံ နယ်ပယ်များ၏ ပစ်မှတ်ထားမှုမှာ... ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး ချီလျန်မျိုးနွယ် လုံးဝ ပျက်စီးသွားသည်အထိ... ဖြစ်လာပေလိမ့်မည်။

‎

‎

‎ကုချန်၏အစွမ်းကသာ ချီလျန်မျိုးနွယ်ကို ဤအခက်အခဲမှ လွတ်မြောက်ရန် ကူညီပေးနိုင်မည်ဟု ချီလျို မျှော်လင့်ချက် ထားနေခြင်းဖြစ်သည်။

‎

‎

‎သခင်သည်... အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိသွားသည်နှင့်... ချီလျန်မျိုးနွယ်တစ်ခုလုံးကို ကာကွယ်ပေးနိုင်လောက်အောင်... အစွမ်းထက်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင်... နတ်ဆိုးနယ်မြေမှ ထွက်ခွာသွားလျှင်ပင်... သခင်၏ကာကွယ်မှုဖြင့် နတ်ဆိုးနယ်မြေသည်... အလွန်အကျွံ လက်စားချေရဲမည် မဟုတ်ပေ။

‎

‎

‎ထိုအကြောင်းကြောင့်ပင် ချီလျိုသည် သူ၏ မျှော်လင့်ချက်အားလုံးကို ကုချန်အပေါ်တွင် ပုံအောထားခြင်း ဖြစ်၏။

‎

‎

‎ထို့ကြောင့်လည်း... သူသည် ကုချန်၏ ညွှန်ကြားချက်များကို... အပတ်တကုတ် ကြိုးစားဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

‎

‎

‎ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားသည့် ယခုအချိန်တွင်ပင်... ချီလျိုသည် ချီလျန်မျိုးနွယ်နှင့် ကုချန်ကြားရှိ ဆက်ဆံရေးကို... ဖြတ်တောက်ရန် အလျဉ်း စိတ်မကူးခဲ့ချေ။

‎

‎

‎အမှန်စင်စစ် သူသည် ချီလျန်မျိုးနွယ်တစ်ခုလုံး စတေးခံရရန်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်။

‎

‎

‎ကုချန် ဘေးကင်းမည်ဆိုလျှင် ချီလျန်မျိုးနွယ်၏ ထက်ဝက် သို့မဟုတ် အများစု စတေးခံရလျှင်ပင် တန်သည်ဟု သူ ယူဆထားသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ချီလျန်မျိုးနွယ်မှ ပေးဆပ်ရသည့် တန်ဖိုးမှာ... ကုချန်နှင့် မျိုးနွယ်စုကို ပိုမိုနက်ရှိုင်းစွာ... ချည်နှောင်ပေးမည် ဖြစ်သောကြောင့်ပင်။ ချီလျန်မျိုးနွယ်၏ စတေးမှု ကြီးမားလေလေ... ဤနှောင်ကြိုးမှာ ပိုမိုခိုင်မာလေလေ ဖြစ်ပေလိမ့်မည်။

‎

‎

‎ဤသည်မှာ မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် ချီလျို၏ ပြတ်သားသော အရည်အချင်းပင် ဖြစ်သည်။

‎

‎

‎သူ သိသည်မှာ... ကုချန်အတွက်သာ အလုပ်လုပ်ပေးမည်ဆိုလျှင်... အဆုံးတွင် ကုချန်သည် ကတိအတိုင်း ကာကွယ်ပေးမည်ဖြစ်သော်လည်း... ထိုကာကွယ်မှုမှာ အပေးအယူတစ်ခုသဖွယ်သာ ဖြစ်နေပေလိမ့်မည်။

‎

‎

‎တစ်ကြိမ်၊ နှစ်ကြိမ် ကာကွယ်ပေးလျှင် အဆင်ပြေနိုင်သော်လည်း... သုံးကြိမ်၊ လေးကြိမ်နှင့် ထို့ထက်မက ဖြစ်လာလျှင်မူ... မည်သို့ဖြစ်မည်နည်း။

‎

‎

‎အပေးအယူတစ်ခု ဖြစ်နေသရွေ့ ၎င်းသည် တစ်နေ့နေ့တွင် ကုန်ဆုံးသွားမည်သာ။

‎

‎

‎ထိုနေ့ရောက်လျှင် ချီလျန်မျိုးနွယ်သည် ကျရှုံးပျက်စီးရမည့် ကံကြမ္မာမှ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။

‎

‎

‎၎င်းကို ရှောင်ရှားရန်အတွက်... ချီလျိုသည် ယခုအကြိမ်တွင် ချီလျန်မျိုးနွယ်တစ်ခုလုံးကို... ကုချန်နှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်စေရန်... ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မျိုးနွယ်စုဝင်များစွာ၏ အသက်ကို စတေးရမည်ဆိုလျှင်ပင် သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။

‎

‎

‎မျိုးနွယ်စုဝင်များ၏ စတေးမှုနှင့်အတူ... သခင်နှင့် ချီလျန်မျိုးနွယ်ကြားရှိ ဆက်ဆံရေးမှာ... အပေးအယူသက်သက် မဟုတ်တော့ပေ။

‎

‎

‎ဤသည်မှာ... ချီလျန်မျိုးနွယ်၏ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းနိုင်မည့်... ရေရှည်တည်တံ့သော တာအိုပင် ဖြစ်ပေသည်။

‎

‎

‎ချီမုန်မှာမူ ချီလျို၏ အစီအစဉ်များကို မသိရှိရှာပေ။

‎

‎

‎သို့သော်... မိခင်ဖြစ်သူ၏ လှပသော မျက်ဝန်းများအတွင်းရှိ ပြတ်သားမှုကို မြင်လိုက်ရသောအခါ... ချီမုန်၏စိတ်နှလုံးမှာ မသိစိတ်အရ တည်ငြိမ်သွားပြီး... ချက်ချင်းပင် ပြန်လည် ထူးလိုက်လေသည်။

‎

‎

‎" အမေ စိတ်ချပါ... သမီး အခုပဲ မျိုးနွယ်စု အကြီးအကဲတွေကို သွားပြောပြီး... အစည်းအဝေးခန်းမမှာ စုခိုင်းလိုက်ပါ့မယ် "

‎

‎

‎" အင်း... သွားတော့... အမေလဲ ခဏနေရင် လာခဲ့မယ် "

‎

‎

‎ချီလျိုသည် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ပြီးနောက် သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။

‎

‎

‎...

‎

‎

‎ချီလျန်မျိုးနွယ်၏ နက်ရှိုင်းရာအရပ်ရှိ ကျင့်ကြံခြင်း စခန်းအတွင်း.....

‎

‎

‎ကုချန်၏ အနည်းငယ် မှိတ်ထားသော မျက်လုံးများမှာ ရုတ်တရက် ပွင့်လာကာ သူ၏မျက်ဝန်းထဲတွင် စဉ်းစားဆင်ခြင်နေဟန်များ ပေါ်လွင်နေ၏။

‎

‎

‎သူ၏ အစွမ်းဖြင့်ဆိုလျှင် ချီလျန်ဘိုးဘေးနယ်မြေအတွင်းရှိ လှုပ်ရှားမှုမှန်သမျှမှာ သူ၏ မျက်စိအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိချေ။

‎

‎

‎ချီလျန်မျိုးနွယ်အတွင်းရှိ အစွမ်းထက် ကျင့်ကြံသူအားလုံး ဗဟိုချက်ဆီသို့ စုရုံးသွားကြသည်ကိုလည်း သူ ခံစားသိရှိနေသည်။

‎

‎

‎ထိုသို့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ ဖြစ်ပေါ်နေရသည့် အကြောင်းအရင်းကိုလည်း ကုချန် ကောင်းစွာ သိရှိနေပေသည်။

‎

‎

‎" ဒါဆို... မင်းတို့ နောက်ဆုံးမှာ ဘယ်လို ရွေးချယ်မလဲ... ကြည့်ကြသေးတာပေါ့ "

‎

‎

‎ကုချန်သည် လှောင်ပြုံးကလေးဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

‎

‎

‎အကယ်၍... ဤချီလျန်မျိုးနွယ်သည် သစ္စာရှိပြီး သူ၏ဘက်၌ အမြဲရပ်တည်မည်ဆိုလျှင်... သူသည်လည်း ချီလျန်မျိုးနွယ်ကို... မည်သည့်ဆုံးရှုံးမှုမျိုးမျှ ခံရစေမည်မဟုတ်ပေ။ ရှီမိုထျန်းကျွင်း... ကိုယ်တိုင် ဆင်းသက်လာလျှင်ပင်... ကုချန်အနေဖြင့် ခုခံနိုင်စွမ်း ရှိပေသည်။

‎

‎

‎သို့သော်... အကယ်၍ ဤချီလျန်မျိုးနွယ်သည် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေမည်ဆိုပါက... ကုချန်သည်လည်း ငြိမ်နေမည် မဟုတ်သလို... မည်သည့်အကူအညီမျှလည်း ပေးလိမ့်မည် မဟုတ်ပေ။

All Chapters