← Chapters

တပည့်ခံပွဲ အကြိုနေ့နှင့် ဝေ့မိသားစု သခင်လေး

Vol. 16 Ch. 160

တပည့်ခံပွဲ အကြိုနေ့နှင့် ဝေ့မိသားစု သခင်လေး

Vol. 16 Ch. 160

လုချင်းနှင့် အိမ်တော်ထိန်းကြီးဝေ့တို့ နှလုံးသား ပန်းပဲဖိုမှ ထွက်ခွာလာသောအခါ ဆရာလင်နှင့် သူ၏ တပည့်များက လေးစားစွာဖြင့် လိုက်ပါပို့ဆောင်ပေးကြသည်။ အပြင်မှ စောင့်ကြည့်နေသော လူလတ်ပိုင်း ဆိုင်ရှင်မှာတော့ ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်အမ်းနေတော့သည်။

ပန်းပဲဖိုပိုင်ရှင်က ထိုလူငယ်ကို အဘယ်ကြောင့် ဤမျှ လေးစားသမှု ပြုနေရသနည်းဟု သူ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံစဉ်ကပင် ပန်းပဲဖိုပိုင်ရှင်သည် ဤမျှ ရိုကျိုးခြင်း မရှိခဲ့သည်ကို လူတိုင်း သိကြပါ၏။

"သခင်လေးလု... အဲ့ဒီ အလွှာတစ်ထောင်ဓားကို ဆရာမာကို ပေးဖို့ စီစဉ်ထားတာလား။" နှလုံးသား ပန်းပဲဖိုမှ ထွက်ခွာလာပြီးနောက် အိမ်တော်ထိန်းကြီးဝေ့က မေးလိုက်သည်။

"ဟုတ်ပါတယ်။ နောက်နှစ်ရက်နေရင် ဆရာမာနဲ့ သခင်လေးကျိအန်းတို့ရဲ့ တပည့်ခံပွဲ အခမ်းအနား ရှိတယ်လေ။ ဆရာမာက ဓားသိုင်းရော ဓားရှည်သိုင်းပါ ကျွမ်းကျင်တော့ လက်နက်တွေရဲ့ လူကြီးလူကောင်းလို့ တင်စားကြတဲ့ ဓားကသာ ပြီးပြည့်စုံတဲ့ လက်ဆောင်မလို့လေ။" လုချင်း ပြန်ဖြေလိုက်သည်။

အလွှာတစ်ထောင် ဓားအမြုတေကို ဖန်တီးနိုင်ခဲ့ခြင်းသည် လုချင်းအတွက် ဝမ်းသာစရာကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ရက်အနည်းငယ်အတွင်း ကျင်းပမည့် ဆရာမာ၏ တပည့်ခံပွဲတွင် မည်သည့်လက်ဆောင် ပေးရမည်ကို သူ စဉ်းစားနေခဲ့ရာ ယခုအခါတွင်တော့ အဖြေရှာတွေ့သွားပြီပင်။ အလွှာတစ်ရာ ဓားအမြုတေကိုမူ သူတို့၏ မီးဖိုကို အသုံးပြုခအဖြစ် နှလုံးသား ပန်းပဲဖိုတွင် ထားခဲ့လိုက်သည်။

"သခင်လေးလုရဲ့ လက်ဆောင်က တကယ့်ကို တန်ဖိုးကြီးလွန်းပါတယ်။ အလွှာတစ်ထောင်ဓား ဆိုတာ တန်ဖိုးဖြတ်မရနိုင်တဲ့အရာပါ။ ပြည်နယ်မြို့တော်မှာတောင် ဒါမျိုးက ရှားပါးတယ်လေ။ ဓားဝါသနာအိုးတွေ လိုချင်တပ်မက်ကြတဲ့ အရာလို့ ပြောရမှာပေါ့။" အိမ်တော်ထိန်းကြီးဝေ့က ပြုံး၍ ပြောလိုက်သည်။

အလွှာတစ်ထောင်အဆင့်ရှိသော ဓားတစ်လက်သည် စစ်မှန်သော ရတနာဖြစ်ပြီး သံကိုတောင် ရွှံ့အလား ဖြတ်တောက်နိုင်ကာ လေထဲတွင် ဝဲနေသော ဆံပင်ကိုပင် ပိုင်းဖြတ်နိုင်စွမ်း ရှိလေ၏။ ထိုကဲ့သို့သော ဓားမျိုးသည် ချမ်းသာကြွယ်ဝသော ဝေ့မိသားစုတွင်ပင် ရှားပါးလှသည်။ လုချင်းက ဤမျှ လွယ်ကူစွာ ပေးကမ်းလိုက်သည်မှာ အိမ်တော်ထိန်းကြီးဝေ့ကို အံ့အားသင့်စေခဲ့ပါ၏။ အထူးသဖြင့် လုချင်းသည် ဤဓားကို နာရီအနည်းငယ်အတွင်း ဖန်တီးခဲ့ကြောင်း သိလိုက်ရသောအခါ သူ၏ အံ့သြမှုမှာ ပို၍ပင် နက်ရှိုင်းသွားတော့သည်။

လုချင်းကို နှလုံးသား ပန်းပဲဖိုသို့ လိုက်မပို့မီက လုချင်းသည် ထိုကဲ့သို့သော အဆင့်မြင့် လက်နက်များကို လွယ်ကူစွာ ဖန်တီးနိုင်သည့် ပန်းပဲပညာကျွမ်းကျင်မှုမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ တစ်ခါမျှ စိတ်ကူးမယဉ်မိခဲ့ပေ။

ဤကျွမ်းကျင်မှု အဆင့်သည် နာမည်ကျော် ပန်းပဲဆရာကြီးများနှင့် တန်းတူပင် ဖြစ်သည်။

လူငယ် ပန်းပဲဆရာတစ်ဦး၊

ထို့အပြင် ကြောက်မက်ဖွယ် သိုင်းပညာစွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ...

လုချင်းနှင့် ပို၍ ထိတွေ့လေ၊ ဤလူငယ်၏ စွမ်းရည် အတိမ်အနက်ကို ခန့်မှန်း၍ မရနိုင်လေ ဖြစ်ကြောင်း အိမ်တော်ထိန်းကြီးဝေ့ သဘောပေါက်လာတော့၏။ စွမ်းရည်တိုင်းသည် အံ့သြဖွယ်ကောင်းပြီး ထူးကဲစွာ မြင့်မားနေလေသည်။

အိမ်တော်ထိန်းကြီးဝေ့၏ အတွင်းစိတ်ကို မသိသော လုချင်းမှာမူ နှလုံးသား ပန်းပဲဖိုသို့ သွားရောက်ခဲ့သည့် ရလဒ်အပေါ် အတော်လေးကို ကျေနပ်အားရနေသည်။ သာမန်သံမှ အလွှာတစ်ထောင် ဓားအမြုတေကို ဖန်တီးနိုင်ခြင်းက သူ၏ ပန်းပဲပညာသည် မဟာသခင်အဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေလေ၏။

ဝေ့မိသားစုက လိုအပ်သော ပစ္စည်းများ စုဆောင်းပေးပြီးသည်နှင့် သူ၏ ကိုယ်ပိုင် တိုက်ပွဲဝင်ဓားကို စတင် ဖန်တီးနိုင်တော့မည်ပင်။

ဝေ့အိမ်တော်သို့ ပြန်ရောက်သောအခါ အိမ်တော်ထိန်းကြီးဝေ့သည် ဝေ့ရှင်းဟယ်ကို သတင်းပို့ရန် အလျင်အမြန် သွားရောက်လိုက်တော့၏။ လုချင်းသည် မဟာသခင်အဆင့်နှင့် ယှဉ်နိုင်သော ပန်းပဲပညာ ပိုင်ဆိုင်ထားသည် ဆိုသော သတင်းမှာ အရေးကြီးသော သတင်း ဖြစ်သည်။ ဝေ့ရှင်းဟယ်မှာလည်း ထပ်တူထပ်မျှ တုန်လှုပ်သွားသော်ငြား လူသိရှင်ကြားတော့ မထုတ်ပြန်ခဲ့ပေ။ ထိုအစား သူ၏ စိတ်ထဲတွင် လုချင်း၏ အရေးပါမှုကို မြှင့်တင်လိုက်ပြီး လုချင်း လိုအပ်သော ပစ္စည်းများကို အမြန်ဆုံး ရှာဖွေရန် လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်တော့၏။

နောက်ပိုင်းရက်များတွင် လုချင်းသည် ဝေ့အိမ်တော်၌ နေထိုင်ရင်း လေ့ကျင့်ခြင်းနှင့် စာဖတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သူသည် မြို့ထဲတွင် ခေတ္တနေထိုင်ဦးမည် ဖြစ်ကြောင်းနှင့် ပြန်လာရန် မလောကြောင်း ကျိုးလီရွာရှိ အဘိုးကျန်းနှင့် အခြားသူများထံသို့ ဝေ့မိသားစုမှတစ်ဆင့် သတင်းစကား ပါးလိုက်ပြီးပြီပင်။

နှစ်ရက်အကြာ၊ တပည့်ခံပွဲ အကြိုနေ့တွင် နှလုံးသား ပန်းပဲဖိုမှ အလွှာတစ်ထောင်ဓားကို ဝေ့အိမ်တော်သို့ လာရောက် ပို့ဆောင်ပေးလေသည်။ ဆရာလင် ကိုယ်တိုင် လာရောက် ပို့ဆောင်ခြင်း ဖြစ်ပြီး လှပစွာ အလှဆင်ထားသော သစ်သားသေတ္တာတစ်လုံးကို လုချင်းထံ လေးစားစွာ ပေးအပ်လိုက်သည်။

"သခင်လေးလု... ဒီဓားက သခင်လေး လိုချင်တဲ့ အနေအထားနဲ့ ကိုက်ညီမှု ရှိ ၊ မရှိ စစ်ဆေးပေးပါဦး။"

ဆရာလင်က သေတ္တာကို လုချင်းထံ ကမ်းပေးရင်း ပြောလိုက်သည်။ ဘေးတွင် ရှိနေသော ဝေ့ရှင်းဟယ် ပင်လျှင် ဆရာလင်၏ ရိုသေလေးစားမှုကို မြင်ပြီး အံ့သြနေမိသည်။ လက်ရာမြောက်ပြီး မာန်ကြီးသည်ဟု နာမည်ကြီးသော ဆရာလင်သည် ယခုအခါ လုချင်း၏ ရှေ့တွင် အလွန် နှိမ့်ချနေသည်ကို ကြည့်ခြင်းအားဖြင့် ဤလူငယ်အပေါ် မည်မျှ အထင်ကြီးလေးစားနေကြောင်း ထင်ရှားလှပေသည်။

လုချင်းလည်း သေတ္တာကို ဖွင့်လိုက်ရာ အတွင်းရှိ ဓားရှည်ကို တွေ့လိုက်ရတော့၏။ သူသည် ဓားကို ထုတ်ယူလိုက်ပြီး လက်ချောင်းဖြင့် တစ်ချက် ပုတ်လိုက်ရာ ဓားသွားသည် အေးစက်သော အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး အခန်းတစ်ခုလုံးတွင် ထက်ရှသော အငွေ့အသက်များဖြင့် ချက်ချင်း ပြည့်နှက်သွားလေသည်။ ဓားသွားသည် ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး ဓားပြားပေါ်တွင် ရှုပ်ထွေးသော အကွက်များဖြင့် တန်ဆာဆင်ထားသဖြင့် အလွန် လှပနေလေသည်။

ထို့နောက် လုချင်းသည် သူ၏ ခေါင်းမှ ဆံပင်တစ်ချောင်းကို ဆွဲနှုတ်လိုက်ပြီး လေထဲသို့ မြှောက်တင်လိုက်ကာ သူ၏ လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ရှားလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ၏ ရှေ့ရှိ နေရာလွတ်သည် အလင်းတန်းများနှင့် ဓားရိပ်များဖြင့် ပြည့်နှက်သွားပြီး ဓားချက်ပေါင်းများစွာ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် ပြသလိုက်သော ဤဓားသိုင်းကြောင့် ရှိနေသူအားလုံးမှာ မှင်သက်သွားကြပြီး ဝေ့ရှင်းဟယ်၏ မျက်လုံးများပင် လှုပ်ခတ်သွားရသည်။

လုချင်း၏ လျင်မြန်သော ဓားချက်များကို ကာကွယ်ရန် သူ့အတွက်ပင် ခက်ခဲလိမ့်မည်ဟု သူ သဘောပေါက်လိုက်သည်။

လုချင်း ဓားကို ပြန်သိမ်းလိုက်သောအခါ၌ မြေပြင်ပေါ်တွင် အပိုင်းပိုင်း ပြတ်နေသော ဆံပင်စများကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဓား၏ ထက်ရှမှုမှာ ထင်ရှားလှပေသည်၊ လေထဲတွင် ရှိနေသော ဆံပင်ကိုပင် အလွယ်တကူ ပိုင်းဖြတ်နိုင်ခဲ့ပါ၏။

"ဒီဓားက သိပ်ကောင်းတာပဲ။ ကျေးဇူးတင်ပါတယ် ဆရာလင်။" လုချင်း ပြောလိုက်သည်။

လုချင်း၏ ဓားသိုင်းကြောင့် အံ့သြနေဆဲ ဖြစ်သော ဆရာလင်က အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။ "သခင်လေးလုရယ်... ဒီလို ရတနာမျိုး ဖန်တီးရာမှာ ပါဝင်ခွင့်ရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ကသာ သခင်လေးကို ကျေးဇူးတင်ရမှာပါ။"

သူ၏ မိတ်ဆွေ အဘိုးကြီးဝမ် လာလည်စဉ်က ဓားကို ကြည့်ပြီး အံ့သြသွားပုံကို ပြန်တွေးမိရင်း ဆရာလင်မှာ အလွန်ပင် ကျေနပ်ဂုဏ်ယူနေမိလေ၏။

ဆရာလင် ပြန်သွားပြီးနောက် လုချင်းသည် ဓားကို သေတ္တာထဲသို့ ပြန်ထည့်ကာ အိမ်တော်ထိန်းကြီးဝေ့ထံ ပေးလိုက်ပြီး နောက်နေ့အတွက် လက်ဆောင်စာရင်းထဲတွင် ထည့်သွင်းပေးရန် ပြောလိုက်သည်။

ထိုအချိန်တွင် ခရိုင်တစ်ခုလုံး၌ အင်အားစုအသီးသီးသည် ဝေ့အိမ်တော်မှ တပည့်ခံပွဲအတွက် ပြင်ဆင်နေကြသည်။ ဝေ့မိသားစုက ဖိတ်စာများ ပေးပို့လိုက်သဖြင့် ဝေ့မိသားစု သခင်လေးသည် မာမိသားစုမှ မာကူးထံတွင် တပည့်ခံမည်ဟူသော သတင်းကလည်း မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့လေ၏။ အစပိုင်းတွင် မာကူးဆိုသည်မှာ မည်သူနည်းဟု ဇဝေဇဝါ ဖြစ်ခဲ့ကြပြီး အချို့က မြို့တံခါးဝ ဖြစ်ရပ်မှ ဆန်းကြယ်သော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် စုံစမ်းကြည့်သောအခါ မာကူးသည် ကြွက်သားနှင့်အရိုးအဆင့် ကျင့်ကြံမှုသာ ရှိသော မာမိသားစုမှ သိပ်ပြီးနာမည်မကြီးသည မိသားစုဝင်တစ်ဦး ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

ဝေ့မိသားစုသည် သူတို့၏ သခင်လေးကို ဤကဲ့သို့ သာမန်ကျင့်ကြံမှုသာ ရှိသော သူတစ်ယောက်ထံတွင် တပည့်ခံခိုင်းမည်ဟူသော အချက်က မြို့ထဲရှိ အင်အားစုများကို တုန်လှုပ်သွားစေသည်။

မာကူးတွင် ထူးခြားသော အရည်အသွေးများ ရှိနေသလား၊ ဒါမှမဟုတ် ယခင်က တွေ့ခဲ့ရသော ဆန်းကြယ်သည့် လူငယ်ကဲ့သို့ပင် သူ၏ နယ်ပယ်ထက် များစွာ သာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားသလားဟု သူတို့ တွေးတောလာကြသည်။

စူးစမ်းလိုစိတ်များ မြင့်တက်လာသည်နှင့်အမျှ အင်အားစုများသည် လက်ဆောင်များ ပြင်ဆင်ကြပြီး အခမ်းအနားကို စောင့်မျှော်နေကြသည်။ ခရိုင်တစ်ခုလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြလေ၏။

ထိုလေထုအခြေအနေအောက်တွင် နေ့လယ်ပိုင်း၌ ဆူညံသော မြင်းရထားတန်းကြီးတစ်ခုသည် မြို့ထဲသို့ ဝင်ရောက်လာပြီး ဝေ့အိမ်တော်သို့ ဦးတည်သွားကြသည်။ တစ်ပြိုင်နက်တည်းမှာပင် အိမ်တော်ထိန်းကြီးဝေ့က သတင်းရရှိလိုက်ပြီး ဝမ်းသာအားရဖြင့် အိမ်တော်ဆီသို့ အပြေးအလွှား သွားလိုက်တော့သည်။

"သခင်ကြီး... သခင်လေး ပြန်ရောက်လာပါပြီဗျ။"

…

All Chapters