← Chapters

ဆောင်းဦးရာသီ

Vol. 20 Ch. 191

ဆောင်းဦးရာသီ

Vol. 20 Ch. 191

ယန်ချန်တစ်ယောက် အေးစက်စပြုလာသည့် လေထုကို သတိပြုမိသွားသည်။ အချိန်အခါက ဆောင်းရာသီကို စတင်ဝင်ရောက်လာလေပြီ။

ကျင့်ကြံရေးလောက၏ ဆောင်းရာသီက တခြားရာသီများထက် ရှည်လျားပြီး ဆောင်းဦး ဆောင်းလယ် ဆောင်းနှောင်းဟူ၍ ဥတုသုံးခုဖြင့် ပိုင်းခြားထားသည်။

ပြတင်းပေါက်မှနေ၍ ခြံဝန်းဆီ ကြည့်လိုက်ချိန်မှာတော့ ယန်ပိုင်နဲ့ရှေးဦးဝက်ဝံကြီးများက ခြံဝန်းအနှံ့ သွားလာနေကြပြီး သူတို့ရဲ့ ဖြူဖွေးသည့်အမွှေးမျှင်က ဆောင်းရာသီအေးစက်တဲ့ လေထုအောက်၌ ပို၍ ဖြူဖွေးသန့်စင်နေသည်ဟု ထင်ရစေသည်။

ယန်ပိုင်က ရှုယင်ကိုကူညီ၍ အသီးနှံစိုက်ခင်းများကို စစ်ဆေးပေးနေခဲ့ပြီး မြေခွေးမလေးများကမူ အသင့်ခူးဆွတ်၍ ရနိုင်သည့် အရာများအား စတင်ခူးဆွတ်နေကြလေသည်။

ယန်ချန်ရဲ့အကြည့်က ရွာဘက်ဆီ ရောက်သွားပြန်သည်။ ရွာလမ်းမများပေါ်၌ ဖြူဖွေးသည့် နှင်းပွင့်အချို့ ကျဆင်းနေပြီး ရွာသားအချို့ သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့နေရသည်။

ထိုမြင်ကွင်းက တကယ့် ကျေးလက်မြင်ကွင်း တစ်ခုကို မြင်သာစေပြီး သက်တောင့်သက်သာ ရှိသည့် ခံစားမှုကို ရစေသည်။

“မနက်စာအတွက် မှိုနဲ့ ဆန်ပြုတ် ပြင်ဆင်ထားတယ် သခင်လေး”

ရှုယင် မှိုပွင့်ကြီးအချို့ ပိုက်ထားရင်း အိမ်ထဲဝင်ရောက်လာသည်။ သူမပုံစံက ပွင့်သစ်စမနက်ခင်း၌ အလှတရားနိုးထလာသည့် ဖူးပွင့်စ ပန်းကလေးတပွင့်နှယ် လန်းဆန်းနေသည်။

“အစ်မရှု အဆင်ပြေမယ်ထင်တာ ချက်ပါ”

ယန်ချန်က ပြုံး၍ တုန့်ပြန်လိုက်သည်။ ထာဝရကျေးရွာ အခြေတကျ ဖြစ်ပြီးနောက် အလုပ်အများစုကို ရှုယင်ကလုပ်ဆောင်ပေးခဲ့ပြီး သူမက အိမ်အလုပ်ကိုလည်း မလစ်ဟင်းစေခဲ့ချေ။

“ဒါနဲ့ အဆင်ပြေမယ်ဆိုရင် ယင်ယင့်ကိုနိုးပြီး ကိုယ်လက်သန့်စင်ပေးလို့ရမလား”

“ရပါတယ်”

ယန်ချန်လည်း ရှုယင်ကိုတုန့်ပြန်လိုက်ပြီးနောက် ယင်ယင့်ကိုနိုးရန် ရှုယင်တို့သားအမိ နေထိုင်သည့် အခန်းတွင်း ဝင်ရောက်သွားသည်။ အခန်းထဲမှာတော့ စနစ်ကျသည့် အိမ်ထောင်ရှင်မ ပီသစွာပဲ သန့်ရှင်းသပ်ရပ်နေပြီး ကြီးမားသည့် ကုတင်ကြီးပေါ်မှာတော့ ယင်ယင်က ခြေကားယား လက်ကားယားဖြင့် အိပ်ပျော်နေသည့်ပုံစံမှာ အသည်းယားစရာပင် ကောင်းလေသည်။

ယန်ချန်က ယင်ယင်၏ နှာဖူးကို ညင်သာစွာ တချက်ငုံ့နမ်းလိုက်သည်။ အထိတွေ့က နူးညံ့ကာ ညင်သာသော်လည်း ယင်ယင်ကမူ ဆတ်ခနဲ လှုပ်ရှားသွားပြီး မျက်ခွံများ ပွင့်ဟလာသည်။

“ဦးဦးလား..”

သူမလေးက အိပ်ရေးမဝသေးဟန်ဖြင့် မျက်လုံးအစုံကို လက်နှစ်ဖက်ဖြင့် အဆက်မပြတ် ပွတ်သပ်နေသည်။

“ထတော့ အိပ်ပုတ်လေး မနက်စာစားမယ် ပြီးရင် ချောင်းထဲမှာ ငါးသွှားများကြမယ်”

ယင်ယင့်ရဲ့ မျက်လုံးအစုံက ပြူးကျယ်သွားသည်။ သူမလေးက ယန်ချန်နဲ့အတူ ချောင်းထဲ၌ ငါးမျှားရန် အကြိမ်များစွာ လိုက်ပါခဲ့ဖူးပြီး ချောင်းထဲရောက်ချိန်၌ ယန်ချန်က ရေကူးနည်းသင်ပေးသည်။ ထို့အတွက် ကလေးမလေးမှာ ပျော်ရွှင်နေပြီး ရေကစားရမည့်ဆိုတဲ့အတွေးက သူမရဲ့ အိပ်ချင်စိတ်များကို အနိုင်ယူသွားလေသည်။

“ဟုတ်ကဲ့ဦးဦး”

ယန်ချန်က ညင်သာစွာပြုံးလိုက်ပြီး အသာပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်ဆောင်သွားသည်။ မကြာခင် ကိုယ်လက်သန့်စင်ပြီးချိန်မှာတော့ ရှုယင်ကလည်း မနက်စာအသင့် ဖြစ်နေပြီးဖြစ်ကြောင်း လာရောက်အသိပေးလေသည်။

ရှုယင်တို့သားအမိနဲ့အတူ မနက်စာစားရင်း ယန်ချန်က မေးသည်။

“အစ်ကိုလုံ ရွာထဲမှာ ရှိနေသေးလား”

ရှုယင်က တခဏစဥ်းစားဟန်ပြုကာ ပြန်ဖြေသည်။

“မရှိဘူးထင်တယ် သခင်လေး ဘာကိစ္စများ ရှိလို့လဲ ကျွန်မလူကြုံနဲ့ မှာလိုက်မယ်”

ယန်ချန်က ခေါင်းညိတ်ပြသည်။

“ဒါဆို ခဏနေ ရွာထဲက တယောက်ယောက်ကို ခေါ်ပေးပါဦး အစ်ကိုလုံအတွက် လက်နက်တစ်ခု လုပ်ထားတာလေး ပို့ပေးချင်လို့ စိတ်ချရတဲ့သူဖြစ်ရင် ရပြီ”

ဤတကြိမ်တွင်တော့ ရှုယင်က ခေါင်းညိတ်ပြလာပြီး လက်ခံလိုက်သည်။ ယန်ချန်ကိုယ်တိုင် လုပ်ထားသည့် လက်နက်များက တန်ဖိုးကြီးပြီး ထိပ်သီးကျင့်ကြံသူများပင် လောဘတက်လေ့ရှိသည့်အတွက် စိတ်ချရသူကိုသာ ပေးပို့စေခြင်းက ကောင်းမွန်သည့် ဆုံးဖြတ်ချက်ပင်။

မနက်စာစားပြီးနောက် ရှုယင်တစ်ယောက် ရွာထဲ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာမှာတော့ လူငယ်တစ်ယောက်နဲ့အတူ ပြန်ရောက်လာသည်။

“တေွ့ရတာဝမ်းသာပါတယ် သခင်လေး”

ယန်ချန်က သူ့ကိုလေးလေးစားစား ဦးညွတ်နေသည့် လူငယ်အား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ စိတ်ထဲ ရင်းနီးနေသလို ခံစားနေရသော်လည်း မမှတ်မိချေ။

“အင်း.. ကိစ္စလေးတစ်ခု အကူညီတောင်းစရာ ရှိလို့ပါ”

“ပြောပါ သခင်လေး ကျတော်အစွမ်းကုန် ကူညီပါ့မယ်”

ထိုသို့ကြားလျင် ယန်ချန်က လက်နက်ခန်းထဲမှ ပေအနည်းငယ်ရှည်လျားသည့် အထုပ်ကြီးတစ်ခုအား ထုတ်ယူကာ ထိုလူငယ်ဆီ ကမ်းပေးလိုက်သည်။ ရှုယင်က ရွေးချယ်လာသူမို့ ယုံကြည်ရသည်ဟု ယန်ချန်သက်မှတ်လိုက်သည်။

“ဒါကို ဧကရာဇ်ကျင်းလုံဆီ ပို့ပေးပါ”

“ဟုတ်ကဲ့.”

လူငယ်က ခေါင်းညိတ်ပြလာပြီး အထုပ်ကြီးအား လက်နှစ်ဖက်ဖြင့် ညင်သာစွာယူလိုက်ပြီး အိမ်ထဲမှ ပြန်ထွက်သွားသည်။ ထိုအချိန် ဘေး၌ရှိနေသည့် ရှုယင်က စကားစသည်။

“သခင်လေးသူ့ကို မမှတ်မိဘူးထင်တယ် သူကပြိုင်ပွဲမှာတုန်းက အစ်မလုလင်းယွဲ့ရဲ့ ပထမဆုံး ဓားတစ်ချောင်းလက်ဆောင်ပေးတာကို ရထားတာလေ”

ဓားတစ်ချောင်း..။ လုလင်းယွဲ့ကပေးတာ..။ ယန်ချန်အနည်းငယ် မှတ်မိသွားသည်။ ထိုလူငယ်မှာ သန်မာတဲ့စိတ်ဆန္ဒကိုပြသပြီး စင်မြင်ပေါ်၌ လူအများသတိပြုမိစေခဲ့သည့် ပါရမီရှင်လူငယ်လေးဖြစ်ကာ လုလင်းယွဲ့သာမက သူပင်ချီးကျူးခဲ့သေးသည်။

“အာ့ဆို စိတ်ချပါပြီ ကောင်လေးက စိတ်ဓာတ်ကောင်းတယ် ဒါလည်း ကံတရားပဲတူပါရဲ့ အစ်ကိုကျင်းလုံက သူ့ကိုတန်ဖိုးရှိတာအချို့ ထပ်ပေးကောင်းပေးနိုင်တယ်”

ယန်ချန်တယောက် အနည်းငယ်ခပ်ဟဟ ရယ်လိုက်ပြီး စကားဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ကျင်းလုံအတွက် နတ်ဘုရားသတ်လှံက တကယ့်ရတနာကြီးဖြစ်ကာ ထိုလက်နက်ကို လာရောက်ပို့ဆောင်သူအတွက် ထိုက်သင့်သည့် ဆုလာဒ်အချို့ တုန့်ပြန်မှာတော့ သေချာပေသည်။

…………………………………………

All Chapters