← Chapters

အမှောင်ကုန်းမြေဆီ ခရီး

Vol. 20 Ch. 193

အမှောင်ကုန်းမြေဆီ ခရီး

Vol. 20 Ch. 193

ကျင်းလုံတယောက် စိတ်လှုပ်ရှားစွာဖြင့် လှံတံကိုဝေ့ယမ်းနေပြီး တဖက်တွင်မူ စုလဲ့မှာတော့ အနည်းငယ် မနာလိုသလို ခံစားနေရလေသည်။

သခင်လေးမှာ ကျင်းလုံအတွက် လက်ဆောင်ပေးပို့လိုက်သော်လည်း သူမအတွက်တော့ ပါမလာချေ။ ထိုအချက်က အနည်းငယ် မနာလို ဖြစ်စေသည်။

“အရမ်းကောင်းတယ် လှံက ငါနဲ့ကွက်တိ သင့်လျော်တယ်လို့ ခံစားနေရတယ် နောက်ပြီး သူ့အဆင့်က အင်မော်တယ်ရဲ့ အထက်မှာရှိလောက်တယ်”

ကျင်းလုံမှာ လှံတံကို သေချာပြန်သိမ်းလိုက်သော်လည်း ပါးစပ်ကမူ အဆက်မပြတ်ချီးကျူးနေလေသည်။

“ရှင့်အတွက် ထူးခြားတဲ့လက်နက်တစ်ခု ရသွားပြီဆိုတော့ အမှောင်ကုန်းမြေဆီ ခရီးအတွက် အထောက်ပံ့ကောင်း ရလိုက်သလိုပဲပေါ့”

ကျင်းလုံက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြသည်။ ထို့နောက် လူငယ်အား တချက်ကြည့်လိုက်ပြီး

“ကဲ ဒီလက်ဆောင်ကို ယူလာပေးတဲ့အတွက် ငါကိုယ်တော်ကမင်းကို ဆုလာဒ်အချို့ ချီးမြင့်မယ် မင်းစိတ်ထဲ တွေးထားတာမျိုးရှိထားလား”

ကျင်းလုံရဲ့စကားကြောင့် မူလ မှင်သက်နေသည့် လူငယ်မှာ သတိဝင်သွားသည်။

“လက်ဆောင်ကအရေးမကြီးပါဘူး သခင်လေးယန်ပေးအပ်တဲ့ တာဝန်ကိုကျေပွန်တာနဲ့ပဲ ကျတော်ကျေနပ်ပါပြီ”

ကျင်းလုံက လူငယ်ရဲ့စိတ်ဓာတ်ကို သဘောကျစွာဖြင့် ခေါင်းညိတ်ပြသည်။ ကျင့်ကြံသူများမှာ အရင်းအမြစ်နဲ့ပက်သက်၍ လောကကြီးကြသော်လည်း အနှီလူငယ်မှာ ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။

“မင်းအလိုရာပြောလို့ရပါတယ် မစိုးရိမ်ပါနဲ့”

စုလဲ့က ဝင်ရောက်ပြောဆိုသည်။ ထိုသို့ကြားလျင် လူငယ်က အချိန်တစ်ခုကြာ စဥ်စားနေလေသည်။ သူတွေးနေသည်က အမှောင်ကုန်းမြေကို ကျင်းလုံတို့နဲ့အတူ လိုက်ပါခွင့်တောင်းရန် ကောင်းမည်လားဟူ၍ ဖြစ်ပြီး ထိုအမှောင်ကုန်းမြေက ကျင့်ကြံသူများအတွက် ရတနာ နယ်မြေကြီးတစ်ခု ဖြစ်သည်ဟု သူကြားသိထားသည်။

အတန်ကြာစဥ်းစားပြီးနောက် လူငယ်က တွန့်ဆုတ်ဟန်ဖြင့် သူ့ဆန္ဒအား ထုတ်ပြောလိုက်သည်။ တဖက်သူပေးသည့် လက်ဆောင်ကို ယူရန်ဆန္ဒမရှိသော်လည်း ယတိပြတ်ငြင်းဆိုတာကတော့ ဧကရာဇ်အပေါ် မျက်နှာမငဲ့ရာ ကျပေသည်။

“အရှင်မင်းကြီး ဒါဆိုကျတော် အမှောင်ကုန်းမြေဆီ လိုက်ပါလို့ရနိုင်မလား သိချင်ပါတယ်”

“အမေှာင်ကုန်းမြေဆီ လိုက်မယ်ဟုတ်လား”

ကျင်းလုံတယောက် လေးနက်သွားသည်။ ၎င်းတို့သွားရောက်မည့်ကိစ္စမှာ အင်မော်တယ်လမ်းစဥ်အတွက် အထောက်ပံ့တခုခုများ ရလိုရငြား ရှာဖွေရန်ဖြစ်ပြီး အရင်းအမြစ်ရှာရန် မဟုတ်ချေ။

စုလဲ့မှာလည်း အတန်ကြာစဥ်းစားနေပြီး လူငယ်အား ခေါ်သွားရန်သင့်မသင့် တွေးနေသည်။ ထိုလူငယ်မှာ ယန်ချန်ရဲ့ယုံကြည်မှုကြောင့် လက်နက်ကိုပင် ပို့ဆောင်ရန် အခွင့်အရေးရခဲ့သည် မဟုတ်လား။ အကျင့်စရိုက်ပိုင်းအရ ယုံကြည်သူဖြစ်မှန်း သိသာပေသည်။

အတန်ကြာလျင် စုလဲ့က

“ငါတို့က အခြားကိစ္စတခုနဲ့သွားဖို့ရှိတာတော့ အမှန်ပဲ မင်းလိုက်ဖို့ဆန္ဒရှိတာ သေချာရဲ့လား”

စုလဲ့ရဲ့အမေးကို လူငယ်က ပြတ်သားသည့်အမူရာဖြင့် တုန့်ပြန်သည်။

“ကျတော် သေချာပါတယ် ဂိုဏ်းချုပ်စု”

ထိုစကားကြားလျင် ကျင်းလုံမှာ ခေါင်းညိတ်လိုက်သည်။ သူသည်လည်း စုလဲ့ကဲ့သို့ပင် တွေးနေခဲ့ပြီး အကျင့်စရိုက်အရဖြစ်စေ ပါရမီအရဖြစ်စေ လူငယ်မှာ ထူးချွန်သည်ဟု ဆိုနိုင်ပြီး အပိုတယောက် ခေါ်ဆောင်သွားခြင်းက သူတို့အတွက် အပန်းမကြီးပါချေ။

နောက်တခုက လူငယ်ကိုခေါ်ဆောင်သွားခြင်းဖြင့် ယန်ချန့်ဆီမှ အမြင်ကောင်းအချို့လည်း ထပ်မံရဦးမည်ဖြစ်သည်။

“ကောင်းပြီလေ ဒါဆို မင်းကျေးရွာကိုပြန်ပြီး လိုအပ်တာပြင်ဆင်ထားလိုက် နောက်ရက်အနည်းငယ်အတွင်း ကိုယ်တော်တို့နဲ့အတူ လိုက်ခဲ့ပေါ့ တလက်စ လက်ဆောင်အတွက်လည်း သခင်လေးကို ကျေးဇူးတင်စကားပြောပေးပါဦး”

“စိတ်ချပါခင်ဗျာ ကျတော်ပြောပေးပါ့မယ်”

ထိုစဥ် စုလဲ့က သိုလှောင်လက်စွပ်ထဲမှ စားပွဲခုံကြီးတစ်ခု ထုတ်ယုလိုက်သည်။ စားပွဲခုံမှာ အမျိုးသမီးသုံး မှန်တင်စားပွဲခုံတစ်ခု ဖြစ်ပြီး ကြီးမားတဲ့ ကြေးမုံကြီးတစ်ချပ်ကို တပ်ဆင်ထားလေသည်။

“ဒါကို လမ်းကြုံယူသွားပြီး အစ်မရှုဆီ ပေးပေးပါ”

လူငယ်က သိုလှောင်လက်စွပ်ထဲ သိမ်းယူလိုက်သည်။ ထိုစားပွဲမှာ တန်ဖိုးကြီးမားသည့် သစ်တမျိုးဖြင့် ပြုလုပ်ထားပြီး နှစ်ပေါင်းများစွာ အထားခံနိုင်ပြီး လှပအသက်ဝင်သည့် လက်ရာမြောက် အမျိုးသမီးသုံး ရတနာတမျိုးဖြစ်လေသည်။

မူလက သူမကိုယ်တိုင်ပေးလိုသော်လည်း အမှောင်ကုန်းမြေဆီ ခရီးစဥ်ပေါ်လာသည့်အတွက် ထာဝရကျေးရွာကို ရောက်ဖို့မရှိတော့ချေ။ ထိုအတွက် လူကြုံထည့်ပေးလိုက်တာက ပိုကောင်းမည်ဟု တွေးမိသွားခြင်း ဖြစ်သည်။

ထာဝရကျေးရွာ၏ ချောင်းအစပ်မှာတော့ယန်ချန်တစ်ယောက် သက်တောင့်သက်သာအမူရာဖြင့် ငါးမျှားနေလေသည်။ ယင်ယင်လေးမှာမူ ယန်ပိုင်နဲ့အခြားဝက်ဝံများက အဖော်ပြုပေးနေပြီး သူမလေးက မျောက်လွှဲကျော်လေးအလား ဆော့ကစားနေလေသည်။

ယန်ချန်တယောက် ငါးမျှားတံအား ဆတ်ခနဲ ဆွဲယူလိုက်သည်။ တပေါင်သာသာအလေးချိန်ရှိ ငါးကြင်းတကောင်ပါလာပြီး ငါးကြင်းမှာ အဆုံးသတ်ကို သိနေသည့်နှယ် ကြောက်လန့်တကြား ရုန်းကန်နေလေသည်။

ယန်ချန်က ငါးကိုဆွဲတင်လိုက်ပြီး ငါးမျှားချိတ်အား ကျွမ်းကျင်စွာဖြုတ်ယူလိုက်ပြီး ငါးကိုတော့ အနီးရှိ သစ်သားစည်ပိုင်းထဲ အသာပစ်ထည့်လိုက်သည်။ ဤအကောင်က တတိယမြောက်မိတဲ့အကောင်ဖြစ်ပြီး ဒီမနက်မှာတော့ ထူးခြားသည့်အခြေနေတခုဖြစ်ကာ ငါးကြင်းများကိုသာ မိနေလေသည်။

ယန်ပိုင်က ဆော့ကစားနေရင်း သစ်သားစည်ပိုင်းကြီးအား တချက်လှမ်းကြည့်လိုက်သည်။

“ဝိဉာဥ်ငါးတွေလား ဘယ်တုန်းက ဒီလောက်ပေါများသွားတာလဲ”

သူ့စိတ်ထဲ သာမန်ချောင်းလေးမှ ဝိဉာဥ်ငါးများ မိနေခြင်းကို မယုံနိုင်ဟန်ဖြစ်နေသော်လည်း ယန်ချန်၏ အမာခံပရိတ်သက်ပီသစွာပင် မကြာခင်၌ ပြန်လည်တည်ငြိမ်သွားသည်။ သခင်လေးမှာ ကြီးမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သာမန်ငါးများကိုပင် ဝိဉာဥ်ငါးတကောင်အဖြစ် ပြောင်းလဲသွားစေသည်မှာ သေချာပေသည်။

ယန်ချန်က ငါးမျှားတံထိပ်မှချိတ်၌ အစာတပ်ကာ ချောင်းထဲအသာ ပြန်ပစ်လိုက်သည်။ ငါးမျှားကြိုးမှာ တည့်မတ်စွာပင် လိုရာကိုရောက်သွားပြီး တည်ငြိမ်တဲ့ရေပြင်၌ ပေါလောပေါ်နေလေသည်။

မိနစ်အနည်းငယ် အကြာမှာပဲ ငါးမျှားတံကြိုးထိပ်မှ ဖော့တံကလေးမှာ လှုပ်ယမ်းသွားပြီး နောက်ထပ်စက္ကန့်အနည်းငယ် အကြာမှာတော့ ယန်ချန်က စိတ်ကျေနပ်စွာဖြင့် ပြန်လည်ဆွဲယူလိုက်တော့သည်။

“လာခဲ့စမ်း ငါးကြင်းကြီးပဲမိနေတာ မဟုတ်သေးဘူး”

ယန်ချန့်ရဲ့အတွေးက ထပ်မံ၍ တိကျသွားပြန်သည်။ ပါလာသည်က ငါးကြင်းကြီးတကောင်ဖြစ်နေကာ ထိုငါးကြင်းကြီးက ၄ပေါင်ခန့် အလေးချိန်ရှိပေသည်။

“ငါးကြင်းပဲလားကွာ တခြားငါးတွေ ချောင်းထဲမရှိတော့ဘူးလား”

ယန်ချန်တယောက် အနည်းငယ် စိတ်ပျက်စွာဖြင့် ငါးကိုဖြုတ်ယူပြီး သစ်သားစည်ပိုင်းထဲ ပစ်ထည့်လိုက်တော့သည်။

……………………………………

All Chapters